စာတန်အားဖြင့် အလွန်နက်ရှိုင်းစွာ ပျက်ဆီးခဲ့သော လူသားမျိူးနွယ်သည် ဘုရားတစ်ပါး ရှိသည်ကို မသိပဲ ဘုရားကို ကိုးကွယ်ခြင်းအား ရပ်ဆိုင်းခဲ့သည်။ ကနဦးအစ၊ အာဒံနှင့် ဧဝတို့ ဖန်ဆင်းခံရချိန်တွင် ယေဟောဝါ၏ ဘုန်းအသရေနှင့် ယေဟောဝါ၏ သက်သေတို့သည် အမြဲတည်နေခဲ့၏။ သို့သော် ဖျက်ဆီးခြင်းခံရပြီးနောက် အယောက်တိုင်းက ဘုရားကို ဆန့်ကျင်ပုန်ကန်ပြီး သူ့ကို ကြည်ညိုလုံးလုံးလျားလျား ရပ်တန့်ခဲ့ခြင်းကြောင့် လူသားသည် ဘုန်းအသရေနှင့် သက်သေကို ဆုံးရှုံးခဲ့လေသည်။ ယနေ့ သိမ်းပိုက်ခြင်းအလုပ်မှာ သက်သေအားလုံးနှင့် ဘုန်းအသရေအားလုံးကို ပြန်လည်ရယူရန် ဖြစ်ပြီး လူအားလုံး ဘုရားကို ကိုးကွယ်စေဖို့ဖြစ်သည်။ ထိုသို့အားဖြင့် ဖန်ဆင်းခံများကြားတွင် သက်သေရှိလိမ့်မည်။ ဤအရာမှာ ဤလုပ်ငန်းအဆင့်တွင် ပြီးမြောက်ရန် လိုအပ်သည့်အရာ ဖြစ်သည်။ လူသားတို့သည် မည်သို့ အတိအကျ သိမ်းပိုက်ခံရဖို့ဖြစ်သနည်း။ လူသားကို အပြည့်အဝလက်ခံယုံကြည်စေဖို့ ဤစကားလုံးများ၏ လုပ်ဆောင်ချက်ကို အသုံးပြုခြင်းဖြင့် ထိုအရာပြီးမြောက်မည်ဖြစ်သည်။ သူ့အားလုံးဝချိုးနှိမ်ရန်အလို့ငှာ ထုတ်ဖော်ခြင်း၊ တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်း နှင့် မငဲ့ညာပဲ ကျိန်ဆိုခြင်းတို့ကို အသုံးပြုခြင်းလိမ့်မည်။ လူ၏ ပုန်ကန်ခြင်းကို ဖွင့်ပြခြင်းနှင့် သူ၏ အတိုက်အခံလုပ်ခြင်းကို တရားစီရင်ခြင်းအားဖြင့် သူသည် ဘရားသခင်၏ ဖြောင့်မတ်သော သဘောသဘာဝကို မီးမှောင်းထိုးပြဖို့ အသုံးပြုလိမ့်မည်။ ထိုသို့အားဖြင့်လူသားမျိုးနွယ်၏ မတရားသောအမှုနှင့် အညစ်အကြေးများကို သိရှိနိုင်မည်ဖြစ်သည်။ အဓိကအားဖြင့် ဤစကားလုံးများကို အသုံးပြုခြင်းဖြင့် လူကိုသိမ်းပိုက်ပြီး သူ့ကို အပြည့်အဝ လက်ခံယုံကြည်စေ မည်။ စကားလုံးများသည် လူသားမျိုးနွယ်ကို အဆုံးစွန်သိမ်းပိုက်ရန်အတွက် လမ်းစဉ်များဖြစ်ပြီး သိမ်းပိုက်ခြင်းကို လက်ခံသောသူအားလုံးက စကားလုံးများ၏ ဒဏ်ခတ်မှုနှင့် တရားစီရင်မှုတို့ကို လက်ခံရမည်ဖြစ်သည်။ လက်ရှိဟောပြောခြင်းလုပ်ငန်းစဉ်သည် သိမ်းပိုက်ခြင်းလုပ်ငန်းစဉ်ဖြစ်သည်။ လူတို့သည် မည်သို့အတိအကျ ပူးပေါင်းလုပ်ဆောင်သင့်သနည်း။ ဤစကားလုံးများကို ထိရောက်စွာ စားသောက်ခြင်းနှင့် ၎င်းတို့ကို နားလည်သဘောပေါက်ခြင်းတို့အားဖြင့် ဖြစ်သည်။ လူတို့သည် သူတို့ကိုယ်သူတို့ သိမ်းပိုက်ရန်မဖြစ်နိုင်ပါ။ သင်တို့သည် ဤစကားလုံးများကို စားသောက်ခြင်းအားဖြင့် သင်တို့၏ ပျက်ဆီးခြင်းနှင့် ဆိုးညစ်မှု၊ သင်တို့၏ ပုန်ကန်ခြင်းနှင့် မဖြောင့်မတ်ခြင်းတို့ကို သိရှိလာကာ ဘုရားရှေ့မှောက်တွင် လဲကျကြမည်ဖြစ်သည်။ အကယ်၍ သင်သည် ဘုရားသခင်၏ အလိုတော်ကို နားလည်သဘောပေါက်ပြီးနောက် လက်တွေ့လုပ်ဆောင်နိုင်ကာ ထပ်တိုး၍ ရူပါရုံရှိလျှင်၊ သင့်အနေဖြင့် ဤစကားလုံးများကို လုံးဝနာခံနိုင်ပြီး သင်၏ ကိုယ်ပိုင် မည်သည့်ရွေးချယ်မှုကိုမျှ မကျင့်သုံးလျှင် သင်သည် သိမ်းပိုက်ခြင်း ခံရမည်။ ပြီးလျှင် သင့်ကို သိမ်းပိုက်ခဲ့ပြီးသောအရာမှာ ဤစကားလုံးများ ဖြစ်လိမ့်မည်။ လူသားမျိူးနွယ်က သက်သေကို အဘယ်ကြောင့် ဆုံးရှုံးခဲ့သနည်း။ အဘယ်ကြောင့်ဆိုသော် မည်သူမျှ ဘုရား၌ ယုံကြည်ချက်မရှိ သို့မဟုတ် စိတ်နှလုံး၌ ဘုရားကို နောက်ထပ် လုံးဝ မဆုပ် ကိုင်တော့ခြင်းကြောင့်ဖြစ်သည်။ လူသားတို့ကို သိမ်းပိုက်ခြင်းဆိုသည်မှာ လူသားတို့ကို ဤယုံကြည်ချက် ပြန်လည်ထားရှိစေခြင်းဖြစ်သည်။ လူတို့သည် အလွန်များပြားလှသော မျှော်လင့်ချက်များ ထားသိုရင်း သူတို့အနာဂတ်အတွက် အလွန်များပြားစွာ လိုချင်ကြရင်း အလွန်များလှသော လွန်ကဲသည့်တောင်းဆိုချက်များ ရှိရင်းဖြင့် လောကဘက်သို့ ယိမ်းလေ့ရှိကြသည်။ သူတို့သည် သူတို့၏ဇာတိပကတိအတွက် အမြဲစဉ်းစားကာ စီစဉ်နေကြပြီး ဘုရားသခင်၌ ယုံကြည်မှုနည်းလမ်းအား ရှာဖွေခြင်း၌ လုံးဝ စိတ်မဝင်စားကြ။ သူတို့စိတ်နှလုံးများသည် စာတန်၏ ဖမ်းဆီးခြင်းကို ခံကြရပြီးဖြစ်သည်။ ဘုရားအဘို့ သူတို့၏ ကြည်ညိုခြင်းကို သူတို့ ဆုံးရှုံးခဲ့ကြပြီ ဖြစ်ပြီး သူတို့စိတ်နှလုံးများကို စာတန်အား ပေးအပ်ထားကြသည်။ သို့သော် လူကို ဘုရားသခင်ကဖန်ဆင်းထားခြင်း ဖြစ်သည်။ သို့အတွက်ကြောင့် လူက သက်သေကို ဆုံးရှုံးခဲ့ပြီဆိုသည်မှာ ဘုရားသခင်၏ ဘုန်းအသရေကို သူဆုံးရှုံးခဲ့ပြီဟု ဆိုလိုခြင်းဖြစ်သည်။ လူသားမျိုးနွယ်ကို သိမ်းပိုက်ခြင်း၏ ရည်ရွယ်ချက်မှာ ဘုရားသခင်အဘို့ လူ၏ ကြည်ညိုခြင်းနှင့်ဆိုင်သော ဘုန်းအသရေကို ပြန်လည် သိမ်းယူဖို့ဖြစ်သည်။ ဤသို႔ဆို၍ ရသည္- ဘဝကို မလိုက် လျှောက် သောသူများစွာရှိသည်။ လိုက်လျှောက် သူအချို့ ရှိမည်ဆိုလျှင်ပင် အရေအတွက်က တစ်ဦးတည်း၏ လက်ချောင်းများဖြင့် ရေတွက်နိုင်လောက်သည်။ လူတို့သည် သူတို့၏အနာဂတ်အကြောင်းကိုသာ အများဆုံး စိုးရိမ်ပူပန်ကြပြီး ဘဝကို မည်သို့မျှ အာရုံစိုက်တတ်ကြသည်မဟုတ်ပေ။ လူအချို့တို့သည် ဘုရားသခင်ကို ဆန့်ကျင်ပုန်ကန်ကာ အတိုက်အခံလုပ်ကြပြီး သူ၏နောက်ကျောတွင် သူ့ကို စီရင်ကြကာ သမ္မာတရားကို လက်တွေ့ မကျင့်ဆောင်ကြပါ။ ယခုတွင် ငါသည် ဤလူတို့ကို လစ်လျူရှုပြီး ပုန်ကန်ခြင်း၏ သားများဖြစ်သည့် ဤအတန်းအစားကို ကိုင်တွယ်ခြင်းမှ ငါရှောင်ကြဉ်သည်။ အနာဂတ်၌ သင်သည် ငိုကြွေရင်းနဲ့ အံကြိတ် ရင်း မှောင်မိုက်၌ အသက်ရှင်ရလိမ့်မည်။ ထိုအထဲ၌ အသက်ရှင်ချိန်တွင် အလင်း၏ အဖိုးတန်မှုကို သင်တို့မခံစားရကြ၊ သို့သော် အမှောင်ည၌ သင်တို့ရှင်သန်ရသည်နှင့် တပြိုင်နက် ၎င်း၏ အဖိုးတန်မှုကို သိမြင်ရကြမည်ဖြစ်သည်။ ထို့နောက် သင်တို့ ဝမ်းနည်းကြလိမ့်မည်။ သင်သည် ယခုအဆင်ပြေနေသော်လည်း သင်ဝမ်းနည်းရမည့် နေ့ရက်ရောက်လာလိမ့်မည်။ ထိုနေ့ရက်ရောက်လာပြီး မှောင်မိုက်သက်ဆင်းကာ အလင်းနောက်ထပ်မရှိတော့သည့်အချိန် သင်၏နောင်တ သိပ်နောက်ကျလိမ့်မည်။ ထိုသို့ဖြစ်ရသည့် အကြောင်းမှာ ယခုသင့်အချိန်ကို မြတ်နိုးတန်ဖိုးထားဖို့ ပျက်ကွက်သည့် ပစ္စုပ္ပန်အမှုကို သင်နားမလည်သေးပဲ ရှိခြင်းကြောင့်ဖြစ်သည်။ စင်္ကြဝဠာတစ်ခုလုံးနှင့်ဆိုင်သော အလုပ် စတင်သည်နှင့် တပြိုင်နက်၊ ဆိုလိုသည်မှာ ယနေ့ ငါမိန့်ဆိုနေသောအရာအားလုံး အမှန်ဖြစ်လာသောအခါ လူများစွာတို့သည် မိမိတို့၏ဦးခေါင်းများကို ကိုင်ကာ ခါးသီးစွာ ငိုကြွေးကြလိမ့်မည်။ ယင်းမှာ ငိုကြွေးခြင်းနှင့် အံကြိတ် ခြင်းတို့ဖြင့် မှောင်မိုက်ထဲသို့ လဲကျခြင်း မဟုတ်ပါလား။ အသုံးပြုရန် မသင့်လျော်သော ပုန်ကန်ခြင်း၏ သားအားလုံး သည်သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်ကို မည်သို့မျှ မရရှိပဲ မည်သည့်အရာကိုမျှ အဓိပ္ပါယ်ရှိအောင် မလုပ်နိုင်ပဲရှိနေရင်း မှောင်မိုက်ထဲသို့ ကျစဉ်တွင်၊ ဘဝကို အမှန်ပင်လိုက်လျှောက် ပြီး စုံလင်ခြင်းခံရသောသူတို့အားလုံးသည် အသုံးဝင်ကြလိမ့်မည်။ သို့အတွက်ကြောင့် သူတို့သည် မြည်တမ်းကာ ငိုကြွေးဖို့ ပြစ်ဒဏ်ပေးခြင်းထဲသို့ ကျရောက်ကြလိမ့်မည်။ သင်သည် အလုပ်၏ ဤအဆင့်၌ အဆင်သင့်ဖြစ်ပြီး သင့်အသက်တာ ရင့်ကျက်ပြီဆိုလျှင် အသုံးပြုခံရရန် သင့်လျော်သောသူ ဖြစ်ပေသည်။ အကယ်၍ သင်သည် အဆင်သင့်မရှိလျှင် အလုပ်၏နောက်တစ်ဆင့်အတွက် သင့်ကိုပြင်ဆင်ထားလျှင်ပင် သင်သည် သင့်လျော်မည်မဟုတ်ပါ။ ထိုအခြေအနေတွင် သင်ကိုယ်သင် ပြင်ဆင်ချင်လျှင်ပင် အခွင့်အလမ်း ကုန်လွန်သွားပါလိမ့်မည်။ ဘုရားက ထွက်ခွာသွားပြီး ဖြစ်လိမ့်မည်၊ ယခု သင့်ရှေ့၌ ရှိသော အခွင့်အလမ်းမျိုးကို သင်အဘယ်မှာ သွားပြီး ရှာဖွေမည်နည်း၊ သို့ဖြစ်လျှင် ဘုရားသခင်က ကိုယ်တိုင်ကိုယ်ကျ စီစဉ်ပေးသော စွမ်းဆောင်မှုကို သင်အဘယ်မှာ သွားပြီး လက်ခံရရှိမည်နည်း။ ထိုအခြေအနေတွင် ကိုယ်တိုင်ကိုယ်ကျ စကားပြောနေသူမှာ ဘုရားဖြစ်လိမ့်မည်မဟုတ်၊ သို့မဟုတ် သူ့အသံကို ပေးမည်မဟုတ်ပါ။ သင်သည် ယနေ့ ပြောလျက်ရှိသည့်အရာကိုသာ ဖတ်ရှုနိုင်ပါလိမ့်မည်။ သင်မည်သို့ အလွယ်တကူ နားလည်သဘောပေါက်နိုင်ပါမည်နည်း။ နောက်ဘဝက ယနေ့ဘဝနှင့် မည်သို့ တူညီနိုင်ပါလိမ့်မည်နည်း။ ထိုအခြေအနေတွင် သင်သည် ငိုကြွေးခြင်းနှင့် အံကြိတ် ခြင်းဖြင့် သေခြင်းတရားကို ခံစားနေရမည် မဟုတ်ပါလား။ ကောင်းကြီးမင်္ဂလာကို သင်တို့အား ယခု ပေးအပ်လျက်ရှိသော်လည်း မည်သို့ပျော်မွေ့ရမည်ကို သင်မသိ၊ ကောင်းကြီးထဲ သင်ရှင်သန်နေသော်လည်း သင်က ထိုအရာကို နားလည်သဘောပေါက်ခြင်းမရှိပါ။ ဤအရာက သင်သည် ဝေဒနာခံစားရကိန်း ကြုံသည်ကို သက်သေထူသည်။ လက်ရှိတွင် လူအချို့က အတိုက်အခံလုပ်ကြပြီး၊ အချို့က ပုန်ကန်ကြကာ၊ အချို့က တစ်ခု မဟုတ် တစ်ခု လုပ်ကြသည်။ ငါသည် သင့်ကို ယတိပြတ် လစ်လျူရှုသည်၊ သင်တို့၏ထိုအမှုကိစ္စများကို ငါ သတိမထားမိဘူးဟု မထင်နှင့်။ သင်တို့၏ အနှစ်သာရကို ငါသည် နားမလည်သလော။ အဘယ်ကြောင့် ငါ့ကို ဆန့်ကျင်မြဲ ဆန့်ကျင်ကြသနည်း။ သင့်အဘို့အလို့ငှာ အသက်နှင့် ကောင်းကြီး မင်္ဂလာနောက်သို့ လိုက်လျှောက်ရန် ဘုရားသခင်ကို သင်မယုံကြည်သလော။ သင်ယုံကြည်ခြင်းရှိသည်မှာ သင့်အဘို့လိုငှာ မဟုတ်လော။ ယခုအချိန်မှာ ငါသည် ငါ့စကားများဖြင့် သိမ်းပိုက်ခြင်းအလုပ်ကို လုပ်ဆောင်နေသည်။ ဤသိမ်းပိုက်ခြင်းအလုပ် အဆုံးသတ်သည်နှင့် သင်၏အဆုံးသတ်လည်း သိသာလိမ့်မည်။ ငါ ပို၍ ရှင်းရှင်းလင်းလုပ်ဖို့ လိုအပ်ပါသလား။
လက်ရှိသိမ်းပိုက်ခြင်းအလုပ်က လူသား၏အဆုံးသတ် အဘယ်အရာဖြစ်လိမ့်မည်ကို ထင်ရှားစေရန် ရည်ရွယ်သည့်အလုပ်ဖြစ်သည်။ ယနေ့ ပြစ်တင်ဆုံးမခြင်း နှင့် တရားစီရင်ခြင်းတို့သည် နောက်ဆုံးသောကာလ၏ ကြီးမြတ်သော ပလ္လင်ဖြူရှေ့ တရားစီရင်ခြင်းဖြစ်သည်ဟု အဘယ်ကြောင့် ငါ ပြောသနည်း။ သင် ဤအရာကို မမြင်သလော။ သိမ်းပိုက်ခြင်းအလုပ်က အဘယ်ကြောင့် နောက်ဆုံးအဆင့် ဖြစ်သနည်း။ ထိုအရာမှာ လူတန်းစားအသီးသီး မည်သို့အဆုံးသတ်မည်ကို အတိအကျ ထင်ရှားစေဖို့ မဟုတ်လော။ ထိုအရာမှာ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့နှင့်သက်ဆိုင်သော သိမ်းပိုက်ခြင်း လုပ်ငန်းစဉ်အတွင်း၊ လူတိုင်းကို မိမိအဆင်းအရောင်အား ပြသခွင့်မပြုပဲ၊ နောက်ပိုင်းတွင် အမျိုးအစားအတိုင်း ခွဲခြားခြင်း မခံရစေဖို့ မဟုတ်လော။ ဤအရာက လူသားမျိုးနွယ်ကို သိမ်းပိုက်ခြင်းဖြစ်သည်ဟု ဆိုသည်ထက် လူအဆင့်အတန်း အသီးသီး အဘယ်သို့ အဆုံးသတ်မည်ကို ပြသည်ဟုဆိုလျှင် ပိုကောင်းလိမ့်မည်။ မှန်သည်၊ ဤအရာမှာ သူတို့၏အပြစ်များကို တရားစီရင်ခြင်းဖြစ်သည်၊ ထို့နောက် လူ့အဆင့်အတန်းအမျိုးမျိုးကို ဖော်ပြရင်းဖြင့် ၎င်းတို့ ဆိုးယုတ်သည် သို့မဟုတ် ဖြောင့်မတ်သည်ကို ဆုံးဖြတ်ပေးသည်။ သိမ်းပိုက်ခြင်းအလုပ်ပြီးနောက်တွင် ဖြောင့်မတ်သောသူတို့ကို ဆုလာဘ်ပေးခြင်းနှင့် ဆိုးညစ်သောသူတို့ကို ပြစ်ဒဏ်ပေးခြင်းအလုပ် လာသည်။ လုံး၀နာခံသောသူများ၊ ဆိုလိုသည်မှာ လုံးလုံးလျားလျား သိမ်းပိုက်ခံရသူများသည် စကြဝဠာတစ်ခုလုံးသို့ ဖြန့်ဝေခြင်းနှင့်ဆိုင်သော အလုပ်၏ နောက်တစ်ဆင့်၌ နေရာချခြင်း ခံရကြမည်၊ သိမ်းပိုက်ခြင်း မခံရသောသူတို့သည် မှောင်မိုက်၌ နေရာကျကြမည်ဖြစ်ပြီး ဘေးဒုက္ခနှင့် တွေ့ကြုံကြရမည်ဖြစ်သည်။ ထို့ကြောင့် လူသည် အမျိုးအစားအလိုက် ခွဲခြားခံရမည်၊ ဆိုးညစ်သော အလုပ်လုပ်သူတို့သည် နေရောင်ကို နောက်တစ်ဖန် လုံးဝ မမြင်ရဖို့ ဆိုးညစ်သောသူတို့နှင့် စုဖွဲ့ရကြမည်၊ ဖြောင့်မတ်သူတို့သည် အလင်းကို လက်ခံရရှိကာ အလင်း၌ ထာဝရ နေထိုင်သွားဖို့ ကောင်းမြတ်သောသူတို့နှင့် စုဖွဲ့ကြရမည်။ အရာအားလုံးအတွက် အဆုံးသတ်သည် နီးလာပြီ၊ လူ့အဆုံးကို သူ၏မျက်လုံးများဖြင့် ရှင်းရှင်းလင်းလင်း မြင်နေရပြီဖြစ်ပြီး၊ အရာအားလုံးက အမျိုးအစားအတိုင်း ခွဲခြားခံရလိမ့်မည်။ ထိုသို့ဖြစ်လျှင် လူတို့သည် ဤခွဲခြားခြင်း ဝေဒနာခံစားရသည့်အဖြစ်မှ အဘယ်သို့ လွတ်နိုင်မည်နည်း။ အရာအားလုံးအတွက် အဆုံးသတ် နီးကပ်လာချိန်တွင် လူ့အဆင့်အတန်းအသီးသီး၏ အဆုံးကို ဖွင့်ပြခြင်းအလုပ် ပြီးဆုံးပြီး၊ ထိုအရာမှာ စင်္ကြဝဠာတစ်ခွင်လုံးအား သိမ်းပိုက်ခြင်းအလုပ်အတွင်း (လက်ရှိအလုပ်နှင့် အစပြုသော သိမ်းပိုက်ခြင်းအလုပ်အားလုံး အပါအဝင်) ပြီးမြောက်သော အမှုဖြစ်သည်။ လူသားအားလုံး၏အဆုံးသတ်ကို ဖွင့်ပြခြင်းသည် ကြီးမြတ်သော ပလ္လင်ဖြူရှေ့မှောက် ပြစ်တင်ဆုံးမခြင်း လုပ်ငန်းစဉ်အတွင်းနှင့် နောက်ဆုံးသောကာလ သိမ်းပိုက်ခြင်း လုပ်ငန်းစဉ်အတွင်းတွင် ပြီးမြောက်ပေသည်။ လူတို့အား သူတို့၏အမျိုးအစားအလိုက် ခွဲခြားခြင်းသည် လူတို့ကို သူတို့၏ မူလအဆင့်အတန်းသို့ ပြန်ပို့ခြင်း မဟုတ်ပါ။ ဤသို့ဖြစ်ရသည်မှာ ကမ္ဘာကြီးကို ဖန်ဆင်းသည့်အချိန်တွင် လူကို ဖန်ဆင်းခဲ့ခြင်းကြောင့်ဖြစ်ပြီး လူတစ်မျိူးတည်းသာ ရှိခဲ့ကာ ယောက်ျားနှင့် မိန်းမဟု အမည်ရသည်။ ကွဲပြားသော အမျိုးအစားများစွာ မရှိခဲ့ပါ။ ပျက်ဆီးခြင်းသည် နှစ်ထောင်ပေါင်းများစွာ ကြာပြီးနောက်တွင်သာ လူသား၏ မတူကွဲပြားသော အဆင့်အတန်းများ ပေါ်ထွက်လာကြခြင်း ဖြစ်ပြီး၊ အချို့က ညစ်ညမ်းသော နတ်ဆိုးတို့၏ အုပ်စိုးမှုအောက် ပေါ်လာကြပြီး အချို့မှာ ဆိုးယုတ်သော နတ်ဆိုးများ၏ အုပ်စိုးမှုအောက်၊ ဘဝလမ်းစဉ်ကို လိုက်လျှောက်သူ အချို့မှာ အနန္တတန်ခိုးရှင်၏ အုပ်စိုးမှုအောက်တွင် လာကြသည်။ ဤသို့နည်းလမ်းအားဖြင့် အဆင့်အတန်းများက တဖြည်းဖြည်း လူတို့ကြားတွင် ဖြစ်တည်လာကြပြီး၊ ကြီးမားသော လူ့မိသားစုအတွင်း၌ လူတို့သည် အဆင့်အတန်းများထဲ ခွဲထွက်လာကြသည်။ လူအားလုံးက ကွဲပြားခြားနားသော ဘိုးဘေးများ ရှိဖို့ ဖြစ်လာကြသည်၊ လူတို့၏ ပုန်ကန်မှုက များပြားလွန်းသောကြောင့် အနန္တတန်ခိုးရှင်၏ အုပ်စိုးမှုအောက် လူတိုင်း လုံးလုံးလျားလျားရှိခြင်းမှာ အကြောင်းကိစ္စမဟုတ်ပါ။ ဖြောင့်မတ်သော တရားစီရင်ခြင်းက လူပုဂ္ဂိုလ်အမျိုးအစားတစ်ခုစီ၏ စစ်မှန်သော အတ္တကို ဖွင့်ပြပြီး မည်သည့်အရာမျှ ကွယ်ဝှက်မထားပါ။ လူတိုင်း အလင်း၌ မိမိ၏စစ်မှန်သော မျက်နှာကို ပြရသည်။ ဤအခြေအနေတွင် လူသည် နဂိုမူလအတိုင်း နောက်ထပ်မဟုတ်တော့ပဲ သူ၏ဘိုးဘေးများနှင့် သဏ္ဍာန်တူညီမှု ပျောက်ကွယ်ခဲ့သည်မှာ ရှည်ကြာခဲ့ပြီဖြစ်သည်၊ အဘယ့်ကြောင့်ဆိုသော် အာဒံနှင့် ဧဝတို့၏ မရေတွက်နိုင်သော သားစဉ်မြေးဆက်တို့သည် ကောင်းကင်နေကို နောက်တဖန် မသိဖို့ရန် စာတန်၏ ဖမ်းဆီးခြင်းကို ခံခဲ့ကြရပြီး၊ လူတို့သည် စာတန်၏ အဆိပ်များနှင့်ဆိုင်သော ဟန်ပန်အမူအရာများနှင့် ပြည့်နေခဲ့ကြသောကြောင့် ဖြစ်သည်။ ထို့ကြောင့် လူတို့သည် မိမိတို့၏ သင့်လျော်သော ခရီးပန်းတိုင်များရှိကြသည်။ ထို့ပြင် ၎င်းတို့၏ မတူညီသော အဆိပ်များပေါ် အခြေခံပြီး ၎င်းတို့ကို အမျိုးအစားအလိုက် ခွဲခြားထားခြင်း ဖြစ်သည်၊ ဆိုလိုသည်မှာ သူတို့ကို ယနေ့ သိမ်းပိုက်ထားသော အတိုင်းအတာဖြင့် ခွဲခြားထားသည့် သဘောဖြစ်သည်။ လူသား၏ အဆုံးသတ်သည် ကမ္ဘာ၏ဖန်ဆင်းခြင်းကတည်းက ခွဲခန့်မှတ်သားထားခဲ့သည့် အရာတစ်ခု မဟုတ်ပါ။ အဘယ်ကြောင့် ဤသို့ဖြစ်ရသည်မှာ အစအဦးတွင် လူသားမျိုးနွယ်ဟု စုပေါင်းခေါ်ဝေါ်သော အတန်းအစားတစ်ခုသာ ရှိသောကြောင့် ဖြစ်သည်။ ထို့ပြင် အစ၌ လူသည် စာတန်အားဖြင့် ပျက်ဆီးခဲ့ခြင်းမဟုတ်ပါ၊ သူတို့အပေါ် မည်သည့် မှောင်မိုက်မျှ ကျရောက်ခြင်း မရှိပဲ ဘုရားသခင်၏ အလင်း၌ သူတို့အားလုံး အသက်ရှင်နေထိုင်ခဲ့ကြသည်။ သို့သော် လူသည် စာတန်အားဖြင့် ပျက်စီးခဲ့ပြီးနောက် လူတို့၏ အတန်းအစား နှင့် အမျိုးအစားအားလုံး မြေတစ်ပြင်လုံးသို့ ပျံ့နှံ့ခဲ့သည်—ယောက်ျား နှင့် မိန်းမတို့ဖြင့် ပြုလုပ်ထားသော လူသားမျိုးနွယ်ဟု စုပေါင်းခေါ်ဝေါ်သည့် မိသားစုမှလာသော လူတို့၏ အတန်းအစား နှင့် အမျိုးအစားများအားလုံး ဖြစ်သည်။ သူတို့ကို သူတို့၏ အကြီးရင့်ဆုံး ဘိုးဘေးများ—ယောက်ျား နှင့် မိန်းမ ပါဝင်သည့် လူသားမျိုးနွယ် (၎င်းမှာ မူရင်း အာဒံ နှင့် ဧဝ တို့ ဖြစ်ကြသည်၊ သူတို့၏ အကြီးရင့်ဆုံး ဘိုးဘေးများ)- မှ လွဲသွားဖို့ သူတို့၏ ဘိုးဘေးဘီဘင်များက ဦးဆောင်ခဲ့ကြသည်။ ထိုအချိန် မြေကြီးပေါ် အသက်ရှင်ဖို့ ယေဟောဝါက ဦးဆောင်ခဲ့သည့် တစ်ခုတည်းသော လူမျိုးမှာ ဣသရေလလူမျိုးများသာ ရှိခဲ့သည်။ ဣသရေလတစ်မျိူးလုံးမှ (မူရင်း မိသားစုအမျိူးအနွယ်မှဟု အဓိပ္ပါယ်ရ) ထက်ပေါ်လာသော လူတန်းစားအမျိုးမျိုးတို့က နောက်ပိုင်းတွင် ယေဟောဝါ၏ ခေါင်းဆောင်မှုကို ဆုံးရှုံးခဲ့ရသည်။ အစောပိုင်း လူမျိုးများသည် လူ့ကမ္ဘာ၏ ကိစ္စရပ်များကို လုံးဝမသိပဲ နောက်ပိုင်းတွင် သူတို့၏ဘိုးဘေးများနှင့်အတူ သွားလာခဲ့ကြပြီး သူတို့အခိုင်အမာရယူခဲ့ကြသည့် နယ်မြေများတွင် နေထိုင်ခဲ့ကြသည်မှာ ယနေ့တိုင်ဖြစ်သည်။ ထို့ကြောင့် သူတို့သည် ယေဟောဝါထံမှ မည်သို့လမ်းလွဲခဲ့ကြပြီး ညစ်ညူးသော နတ်ဆိုးများနှင့် ဆိုးယုတ်သော ဝိညာဉ်တို့အားဖြင့် မည်သို့ပျက်ဆီးခဲ့ကြသည်ကို မသိပဲ အမှောင်၌ ရှိနေကြဆဲဖြစ်၏။ အနက်ရှိုင်းဆုံး ပျက်ဆီးပြီး ယခုတိုင် အဆိပ်သင့်သောသူတို့၊ အတိအကျပြောရသော် အဆုံးစွန် ကယ်တင်၍မရနိုင်သောသူတို့သည်၊ သူတို့ကို ဖျက်ဆီးခဲ့သော ညစ်ညူးသည့် နတ်ဆိုးများဖြစ်သည့် သူတို့၏ဘိုးဘေးတို့နှင့် သွားကြရုံမှလွဲ၍ အခြားရွေးချယ်စရာမရှိပါ။ အဆုံးစွန် ကယ်တင်ခံရနိုင်သော သူတို့သည် လူသားမျိုးနွယ်၏ သင့်လျော်သော ခရီးပန်းတိုင်သို့ သွားရလိမ့်မည်၊ အဓိပ္ပါယ်မှာ ကယ်တင်ခံရသူနှင့် သိမ်းပိုက်ခံရသူတို့အတွက် ထိန်းသိမ်းထားသော အဆုံးသတ်ကို ဖြစ်သည်။ ကယ်တင်ခြင်းသို့ရောက်နိုင်သော သူတို့ကို ကယ်တင်ရန်အတွက် အရာအားလုံးသည် ပြီးမြောက်လိမ့်မည်၊ သို့သော် ထိုအာရုံမခံစားတတ်သော၊ ကုသ၍မရနိုင်သောသူတို့အဘို့ သူတို့၏ ဘိုးဘေးများနောက် ဖြစ်သည့်- အနက်ဆုံးသော ဆုံးမပြစ်တင်ခြင်း၏ အောက်ခြေမရှိ တွင်းထဲသို့ လိုက်ကြဖို့သာ တစ်ခုတည်းသော ရွေးချယ်စရာဖြစ်လိမ့်မည်။ သင်၏အဆုံးသတ်ကို အစအဦးကတည်းက ခွဲခန့်မှတ်သားထားခဲ့ပြီး ယခုတွင်သာ ဖွင့်ပြခံရခြင်းဖြစ်သည်ဟု မထင်လေနှင့်။ ထိုသို့ ထင်လျှင် လူသားမျိုးနွယ်၏ ကနဦးဖန်ဆင်းခြင်းအတွင်း ကွဲပြားသော စာတန်လူတန်းစား မဖန်ဆင်းခဲ့သည်ကို သင်တို့ မေ့လျော့ကြသလော။ အာဒံ နှင့် ဧဝတို့မှ တစ်ခုတည်းသော လူသားမျိုးနွယ်အား ဖန်ဆင်းခဲ့သည်ကို မေ့လျာ့ကြသလော (ယောက်ျား နှင့် မိန်းမတို့ နှစ်ဦးသာ ဖန်ဆင်းခံခဲ့ရသည်ဟု အဓိပ္ပါယ်ရ)။ သင်တို့သညိ အစအဦး၌ စာတန်မှ ဆင်းသက်လာသူဖြစ်ခဲ့ လျှင် ယင်းမှာ ယေဟာဝါက လူကို ဖန်ဆင်းတော်မူသောအခါ စာတန်အုပ်စုပါဝင်ခဲ့သည်ဟု ဆိုလိုလိမ့်မည်မဟုတ်လော။ ထိုသို့သောအရာတစ်ခုခုကို သူလုပ်ဆောင်နိုင်ခဲ့မည်လော။ လူကို သူ၏သက်သေခံချက်ဘို့အလို့ငှာ ဖန်ဆင်းခဲ့ခြင်းဖြစ်သည်၊ မိမိဘုန်းအသရေဘို့အလို့ငှာ လူကို သူဖန်ဆင်းခဲ့ခြင်းဖြစ်သည်။ အဘယ်ကြောင့် သူ့ကို တမင်တကာ အတိုက်အခံလုပ်ရန် စာတန်၏သားစဉ်မြေးဆက် လူတန်းစားတစ်ခုကို သူဖန်ဆင်းမည်နည်း။ ယေဟောဝါသည် ဤအမှုကို လုပ်ဆောင်နိုင်မည်လော။ အကယ်၍ ဟုတ်မှန်လျှင် သူသည် ဖြောင့်မတ်သော ဘုရားဖြစ်သည်ဟု ဆိုနိုင်ပါလိမ့်မည်လော။ ငါသည် သင်တို့အချို့ကို အဆုံး၌ စာတန်နှင့်အတူ သွားရလိမ့်မည်ဟု ဆိုသောအခါ၊ သင်တို့သည် အစအဦး၌ စာတန်နှင့် ရှိခဲ့ကြသည်ဟု မဆိုလိုပါ၊ ထို့ထက် သင်တို့သည် အလွန်နှိမ့်စွာ နှစ်မြုပ်ခဲ့ကြပြီး၊ ဘုရားက သင်တို့ကို ကယ်တင်ဖို့ ကြိုးစား လျှင် သော်မှ ထိုကယ်တင်ခြင်းကို သင်တို့မရယူနိုင်ကြဟု ဆိုလိုခြင်းဖြစ်သည်။ စာတန်နှင့်အတူ သင်တို့ကို ခွဲခြားထားဖို့မှလွဲ၍ ရွေးချယ်စရာ မရှိပါ။ ဤသို့ဖြစ်ရသည်မှာ သင်သည် ကယ်တင်၍ မရနိုင်သောကြောင့်ဖြစ်ပြီး ဘုရားက သင့်အပေါ်မတရားခြင်းမဟုတ်ပါ၊ အဓိပ္ပါယ်မှာ ဘုရားသခင်က သင်၏ ကံကြမ္မာကို ရည်ရွယ်ချက်ရှိရှိနှင့် စာတန်၏ ပြယုဂ်တစ်ခုအဖြစ် သတ်မှတ်ပြီးနောက် စာတန်နှင့်အတူ သင့်ကို ခွဲခြားကာ ရည်ရွယ်ချက်ရှိရှိ သင့်ကို ဝေဒနာ ခံစားစေလိုသည်ဟု ဆိုလိုခြင်းမဟုတ်ပါ။ ထိုအရာသည် သိမ်းပိုက်ခြင်းအလုပ်၏ အတွင်းသမ္မာတရားမဟုတ်ပါ။ သင်ယုံလျှင် သင်၏နားလည်သဘောပေါက်မှုက အလွန်တစ်ဖက်သတ် ဆန်လှ၏။ သိမ်းပိုက်ခြင်း၏ နောက်ဆုံးအဆင့်မှာ လူတို့ကို ကယ်တင်ရန်နှင့် လူတို့၏ အဆုံးသတ်များကိုလည်း ထုတ်ဖော်ရန် ရည်ရွယ်ထားခြင်းဖြစ်သည်။ ထိုအရာမှာ တရားသဖြင့် စီရင်ခြင်းအားဖြင့် လူတို့၏ မျိူးဆက်များကို ထုတ်ဖော်ပြီး ထိုသို့ဖြင့် သူတို့ကို နောင်တရစေကာ ထစေပြီး ဘဝ နှင့် လူ့အသက်၏ မှန်ကန်သောလမ်းကို လိုက်စေခြင်းဖြစ်သည်။ ထိုအရာမှာ ထုံထိုင်းပြီး ထူအသော လူတို့၏ စိတ်နှလုံးကို နိုးဖို့ရန်နှင့် တရားစီရင်ခြင်းမှတဆင့် သူတို့၏ အတွင်းပိုင်းပုန်ကန်မှုကို ပြသရန်ဖြစ်သည်။ သို့သော် လူတို့အနေဖြင့် နောင်တမရနိုင်သေးပဲ၊ လူ့အသက်၏ မှန်ကန်သောလမ်းကို မလိုက်နိုင်သေးပဲ ဤယိုယွင်းပျက်ဆီးခြင်းများကို မချွတ်ချနိုင်သေးလျှင် သူတို့သည် စာတန်မျိူဖို့အတွက် ကယ်တင်၍ မရနိုင်သောအရာများ ဖြစ်လိမ့်မည်ဖြစ်သည်။ ဤသည်မှာ သိမ်းပိုက်ခြင်း—လူတို့ကို ကယ်တင်ရန် နှင့် သူတို့၏ အဆုံးသတ်များကိုလည်း ပြသရန်- ၏ အရေးပါမှု ဖြစ်သည်။ ကောင်းသော အဆုံးသတ်များ၊ မကောင်းသော အဆုံးသတ်များ—သူတို့အားလုံးကို သိမ်းပိုက်ခြင်းအလုပ်အားဖြင့် ထုတ်ဖော်ပြသသည်။ လူတို့ ကယ်တင်ခြင်းရောက်မည် သို့မဟုတ် အမင်္ဂလာဖြစ်လိမ့်မည် ဆိုသည့်အရာအားလုံးသည် သိမ်းပိုက်ခြင်းအလုပ်အတွင်း ထွက်ပေါ်သည်။
ခပ်သိမ်းသောအရာအားလုံး သိမ်းပိုက်ခြင်းအားဖြင့် အမျိုးအစားအလိုက် ခွဲခြားခံရမည့်အချိန်သည် နောက်ဆုံးသောကာလ ဖြစ်သည်။ သိမ်းပိုက်ခြင်းသည် နောက်ဆုံးသောကာလ၏ လုပ်ငန်းဖြစ်သည်၊ တနည်းအားဖြင့် လူတစ်ဦးချင်းစီ၏ အပြစ်များကို စီရင်ခြင်းသည် နောက်ဆုံးသောကာလ၏ လုပ်ငန်းဖြစ်သည်။ ထိုသို့မဟုတ်လျှင် လူများကို မည်သို့ ခွဲခြားနိုင်မည်နည်း။ သင်တို့ကြား ပြီးမြောက်လျက်ရှိသော ခွဲခြားခြင်းအလုပ်သည် စင်္ကြာဝဠာတစ်ခွင်လုံး၌ ထိုသို့သောအလုပ်၏ အစဖြစ်သည်။ ဒီ့နောက်တွင် နေရာတိုင်းက လူမျိုးအားလုံး၏ လူတို့သည် သိမ်းပိုက်ခြင်းအလုပ်ကို ခံရကြလိမ့်မည်။ ဤသည်မှာ ဖန်ဆင်းခြင်း၌ ရှိသော လူပုဂ္ဂိုလ်တိုင်း တရားစီရင်ခံရဖို့ တရားပလ္လင်တော်ရှေ့သို့ လာကြပြီး အမျိုးအစားအလိုက် ခွဲခြားခံရမည်ဟု ဆိုလိုသည်။ အပြစ်တင်ဆုံးမခြင်း နှင့် တရားစီရင်ခြင်းကို ခံစားရခြင်းမှ အဘယ်ပုဂ္ဂိုလ်၊ အဘယ်အရာမျှ မလွတ်မြောက်နိုင်၊ အဘယ်ပုဂ္ဂိုလ် အဘယ်အရာမျှ ဤအမျိုးအစားအလိုက် ခွဲခြားခြင်းကို ရှောင်ကွင်းမသွားနိုင်၊ အယောက်တိုင်း အဆင့်အတန်းများထဲ ခွဲခြားခံရမည်ဖြစ်သည်။ အဘယ်ကြောင့် ဤသို့ဖြစ်ရသည်မှာ အရာခပ်သိမ်းတို့အတွက် အဆုံးသတ်နီးလာပြီး ခပ်သိမ်းသောကောင်းကင်နှင့် မြေကြီးတို့သည် သူတို့၏ နိဂုံးသို့ ရောက်ရှိလာကြပြီဖြစ်ခြင်းကြောင့်ပင်။ လူသည် သူ၏တည်ရှိမှုအဆုံးသတ်မှ အဘယ်သို့ လွတ်မြောက်နိုင်မည်နည်း။ ထို့ကြောင့် သင်တို့သည် သင်တို့၏ မနာခံမှုလုပ်ရပ်များကို မည်မျှကြာကြာ ဆက်လက်လုပ်နေနိုင်မည်နည်း။ သင်တို့၏ နောက်ဆုံးကာလ ရောက်အံ့ဆဲဆဲ ဖြစ်သည်ကို သင် တို့ မမြင်သလော။ ဘုရားသခင်ကို ကြောက်ရွံ့ပြီး သူပေါ်ထွန်းလာဖို့ တောင့်တသူတို့အနေဖြင့် ဘုရားသခင်၏ ဖြောင့်မတ်သော ပေါ်ထွန်းလာခြင်း နေ့ရက်ကို မည်သို့ မမြင်နိုင်သနည်း။ ကောင်းမြတ်မှုအတွက် နောက်ဆုံးဆုလာဘ်ကို သူတို့ မည်သို့ မခံယူနိုင်သနည်း။ သင်သည်ကောင်းသောအမှုကို ပြုသောသူတစ်ဦးလော သို့မဟုတ် မကောင်းသောအမှုကို ပြုသောသူတစ်ဦးလော။ သင်သည် ဖြောင့်မတ်သော တရားစီရင်ခြင်းကို လက်ခံပြီးနောက် နာခံသောသူတစ်ဦးလော သို့မဟုတ် နောက်တွင် ကျိန်ခြင်းခံရသောသူလော။ သင်သည် တရားစီရင်ရာ ပလ္လင်တော်ရှေ့ အလင်း၌ အသက်ရှင်ခဲ့သောသူလော သို့မဟုတ် မရဏာနိုင်ငံထဲ မှောင်မိုက်၌ အသက်ရှင်ခဲ့သူလော။ သင်ကိုယ်တိုင် သင်၏အဆုံးသတ်က ဆုလာဘ်ရသောသူတစ်ဦး သို့မဟုတ် ပြစ်ဒဏ်ပေးခြင်းခံရသူတစ်ဦးဟု အရှင်းလင်းဆုံး သိထားသူတစ်ဦးမဟုတ်သလော။ သင်သည် ဘုရားသခင်ဖြောင့်မတ်သည်ဟု အရှင်းလင်းဆုံးသိပြီး အနက်ရှိုင်းဆုံး နားလည်သဘောပေါက်သောသူ မဟုတ်လော။ ထို့ကြောင့် အမှန်တကယ်အားဖြင့်၊ သင်၏အမူအကျင့်က အဘယ်သို့နည်း၊ သင်၏ စိတ်နှလုံး ကအဘယ်မှာနည်း။ သင့်ကို သိမ်းပိုက်ခြင်းအကြောင်း ယနေ့ငါပြောသည်နှင့်အညီ၊ သင်၏ အပြုအမူက ဆိုးညစ်သောအရာ သို့မဟုတ် ကောင်းမြတ်သောအရာနှင့်ဆိုင်သည်ဟု သင့်အတွက် ရှင်းလင်းဖော်ပြဖို့ ငါ့ကို အမှန်တကယ် သင်လိုအပ်သလော။ ငါ့အတွက် အဘယ်မျှလောက် သင်စွန့်လွှတ်ခဲ့ပြီးသနည်း။ အဘယ်မျှလောက် နက်နက်ရှိုင်းရှိုင်း ငါ့ကို သင်ကိုးကွယ်သနည်း။ သင် ငါ့အပေါ် အဘယ်သို့ရှိသည်ကို သင်ကိုယ်တိုင် အရှင်းလင်းဆုံးသိသည်—ဆိုသည်မှာ မမှန်သလော။ အဆုံးစွန် သင်မည်သို့ အဆုံးသတ်လိမ့်မည်ကို မည်သူမဆိုထက် သင်ပို၍ကောင်းကောင်း သိသင့်သည်။ ငါအမှန်ဆိုသည်ကား ငါသာ လူသားတို့ကို ဖန်ဆင်းခဲ့ပြီး သင့်ကို ဖန်ဆင်းခဲ့သည်၊ သို့သော် သင်တို့ကို ငါ စာတန်လက်သို့ မအပ်ခဲ့၊ သင်တို့ ငါ့ကို ပုန်ကန် သို့မဟုတ် အတိုက်အခံလုပ်သောကြောင့် ငါ့အားဖြင့် ပြစ်ဒဏ်ပေးခံရရန်လည်း ရည်ရွယ်ချက်ရှိရှိ ငါသင်တို့ကို မလုပ်ခဲ့။ သင်တို့ စိတ်နှလုံးများ အလွန်အမင်း မာကြောပြီး သင်တို့ အမူအကျင့်က အလွန်အမင်း စက်ဆုပ်ရွံ့ရှာဖွယ်ကောင်းသောကြောင့် ဤဘေးဒုက္ခများကို သင်တို့ ရရှိခဲ့ကြသည်မဟုတ်လော။ ထို့ကြောင့် သင်တို့၏ကိုယ်ပိုင်အဆုံးသတ်ကို သင်တို့ဆုံးဖြတ်နိုင်သည်ဆိုသည်မှာ အမှန်မဟုတ်လော။ မည်သို့ သင်တို့ အဆုံးသတ်မည်ကို မည်သူမဆိုထက် သင်တို့စိတ်နှလုံးများထဲ၌ သင်တို့ပိုသိကြသည်မှာ အမှန်မဟုတ်လော။ လူတို့ကို ငါ သိမ်းပိုက်နေခြင်းအကြောင်းရင်းမှာ သူတို့ကို ဖော်ထုတ်ရန်နှင့် သင်၏ ကယ်တင်ခြင်းကို ပို၍ သေချာစေရန်လည်း ဖြစ်သည်။ သင် မကောင်းသောအရာကို လုပ်ဖို့ သို့မဟုတ် ပျက်ဆီးခြင်းငရဲထဲသို့ သင့်ကို တမင်တကာ လျှောက်စေဖို့ မဟုတ်ပါ။ အချိန်ကျရောက်လာသောအခါ သင်၏ ဒုက္ခဝေဒနာ၊ သင်၏ ငိုကြွေးခြင်း နှင့် အံကြိတ်ခြင်းအားလုံး—ထိုအရာအားလုံးသည် သင်၏ အပြစ်များကြောင့် ဖြစ်လိမ့်မည် မဟုတ်လော။ ထို့ကြောင့် သင့်ကိုယ်ပိုင် ကောင်းမြတ်ခြင်း သို့မဟုတ် သင့်ကိုယ်ပိုင် ဆိုးညစ်ခြင်းက အကောင်းဆုံးသော သင်၏တရားစီရင်ခြင်း မဟုတ်လော။ ထိုအရာသည် သင်၏ အဆုံးသတ်မည်သည့်အရာဖြစ်မည် ဆိုသည့် အကောင်းဆုံးသက်သေအထောက်အထား မဟုတ်လော။
ယခုအချိန်တွင် သူတို့၏ ပုန်ကန်သော စိတ်သဘောထားအားလုံးကို ဖွင့်ချရန် နှင့် သူတို့၏ အကျည်းတန်မှုကို ဖော်ထုတ်ရန် တရုတ်ပြည်၌ရှိသော ဤလူတို့အပေါ်မှ အလုပ်ကို ငါ အသုံးပြုနေသည်။ ဤအရာကား ငါပြောရန်လိုအပ်သမျှကို ပြောနေခြင်းအတွက် နောက်ခံအကြောင်းအရာ ဖြစ်သည်။ ထို့နောက်မှ စင်္ကြာဝဠာတစ်ခုလုံးကို သိမ်းပိုက်ခြင်းနှင့်ဆိုင်သော အလုပ်၏ နောက်တစ်ဆင့်ကို ငါပြုမည်။ လူသားမျိူးနွယ်ကြားတွင် အသင် လူတို့သည် ပုန်ကန်တတ်သောသူတို့၏ ကိုယ်စားလှယ်များဖြစ်ကြခြင်းကြောင့် စင်္ကြာဝဠာတစ်ခုလုံးရှိ လူတိုင်း၏ မတရားသောအမှုကို စစ်ကြောစီရင်ရန် သင်တို့အား ငါ၏တရားစီရင်ခြင်းအမှုကို ငါအသုံးပြုမည်။ မတက်လှမ်းနိုင်သောသူတို့သည် အဖြည့်ခံများသာသာ ဖြစ်ကြလိမ့်မည်ဖြစ်ပြီး အသုံးတော်ခံများဖြစ်မည်၊ တက်လှမ်းနိုင်သော သူတို့မူကား အသုံးပြုခြင်း ခံရကြမည်။ အဘယ်ကြောင့် မတက်လှမ်းနိုင်သောသူတို့သည် အဖြည့်ခံများအနေနဲ့သာ အသုံးတော်ခံမည်ဟု ငါပြောသနည်း။ အဘယ်ကြောင့်ဆိုသော် ငါ၏ လက်ရှိစကားလုံးများနှင့် အလုပ်များအားလုံးသည် သင်တို့၏နောက်ခံကို ညွှန်ကြပြီး သင်တို့သည် လူသားမျိုးနွယ်အားလုံးတို့တွင် ပုန်ကန်တတ်သောသူတို့၏ ကိုယ်စားလှယ်များနှင့် သရုပ်သကန် ဖြစ်လာခဲ့ကြခြင်းကြောင့်ဖြစ်သည်။ နောက်ပိုင်းတွင် ငါသည် သင်တို့ကို သိမ်းပိုက်သော ဤစကားလုံးများကို ပြည်ပနိုင်ငံများသို့ ယူဆောင်သွားပြီး ထိုအရပ်၌ရှိသော လူတို့ကို သိမ်းပိုက်ရန် အသုံးပြုမည်ဖြစ်သော်လည်း သင်သည် သူတို့ကို ရရှိလိမ်မည်မဟုတ်။ ယင်းက သင်တို့ကို အဖြည့်ခံတစ်ခုအဖြစ် ရောက်စေသည် မဟုတ်လော။ လူသားထုအားလုံး၏ ပျက်ဆီးသော သဘောသဘာဝများ၊ လူသား၏ ပုန်ကန်သော လုပ်ရပ်များ၊ လူသား၏ အကျည်းတန်သော ပုံရိပ်များနှင့် မျက်နှာများ၊ အားလုံးတို့သည် သင်တို့ကို သိမ်းပိုက်ရန် အသုံးပြုသော စကားလုံးများထဲ၌ မှတ်တမ်းတင်ထားသည်။ သင်တို့သည် စံနမူနာ နှင့် သာဓက ဖြစ်ကြခြင်းကြောင့် တိုင်းနိုင်ငံတိုင်း၏ လူများ နှင့် ဘာသာရေးဂိုဏ်းတိုင်းကို သိမ်းပိုက်ဖို့ ငါအသုံးပြုမည်။ သို့သော်လည်း ငါသည် ရည်ရွည်ချက်ရှိရှိ သင်တို့ကို စွန့်ပစ်ဖို့ အစမပြုခဲ့၊ သင်၏ လိုက်လျှောက်မှုတွင် ကောင်းကောင်းသင်မလုပ်နိုင်သောကြောင့် ကုသ၍မရနိုင်သူအဖြစ် သင်သက်သေပြလျှင် သင်သည် အသုံးတော်ခံ တစ်ခု နှင့် အဖြည့်ခံတစ်ခု ဖြစ်ရုံမျှ ဖြစ်လိမ့်မည် မဟုတ်လော။ ငါ့ဉာဏ်ပညာသည် စာတန်၏ အကြံအစည်များပေါ် အခြေခံပြီး ကျင့်သုံးသည်ဟု တစ်ချိန်က ငါဆိုခဲ့၏။ အဘယ်ကြောင့် ထိုသို့ ငါဆိုသနည်း။ ယင်းက ယခု ငါပြောနေ၊ လုပ်နေသောအရာ၏ နောက်ကွယ်က အမှန်တရား မဟုတ်လော။ သင်သည် မတက်လှမ်းနိုင်လျှင်၊ စုံလင်ခြင်းမခံရလျှင်၊ သို့သော် ထို့အစား အပြစ်ပေးခံရလျှင် သင်သည် အဖြည့်ခံတစ်ခု ဖြစ်လာလိမ့်မည် မဟုတ်လော။ သင့်အနေဖြင့် ဝေဒနာများစွာ ခံစားခဲ့ပြီးဖြစ်နိုင်သည်၊ သို့သော် ယခု ဘာကိုမျှ သင်နားမလည်သေး၊ အသက်အကြောင်း အရာခပ်သိမ်းကို သင်မသိပဲ ဖြစ်နေသည်။ သင်သည် ပြစ်တင်ဆုံးမမှုနှင့် တရားစီရင်ခြင်းကို ခံရပြီးဖြစ်သော်လည်း သင်ဘာကိုမျှ မပြောင်းလဲသလို သင်၏အတွင်းနက်နဲရာတွင် အသက်ကိုမရရှိပါ။ သင်၏အလုပ်ကို စမ်းသပ်ဖို့ အချိန်ကျရောက်လာသောအခါ မီးတမျှ ပြင်းထန်သော စမ်းသပ်ခြင်းနှင့် ပိုကြီးမားသော ဆင်းရဲဒုက္ခကိုပင်လျှင် သင်ခံစားရမည်။ ဤမီးက သင်၏ဖြစ်တည်ခြင်း တစ်ခုလုံးကို ပြာမှုံများအဖြစ်သို့ ပြောင်းသွားစေလိမ့်မည်။ အသက်တာမပိုင်သော သူတစ်ဦး၊ အတွင်း၌ ရွှေစင်တစ်အောင်စမျှ မရှိသော သူတစ်ဦး၊ အိုဟောင်းပျက်စီးသော စိတ်သဘောထားနှင့် ကပ်ငြိဆဲသူတစ်ဦး နှင့် အဖြည့်ခံအဖြစ်၌ ကောင်းမြတ်သောအလုပ်တစ်ခုကိုပင် မလုပ်နိုင်သောသူတစ်ဦးဖြစ်သည်နှင့်အညီ အဘယ်သို့ သင်သည် ဖယ်ရှားခြင်း မခံရနိုင်မည်နည်း။ တစ်ပြားထက် တန်ဖိုးနည်းပြီး အသက်မရှိသော တစ်စုံတစ်ဦးအတွက် သိမ်းပိုက်ခြင်းအလုပ်က ဘာအသုံးဝင်သနည်း။ အချိန်တန်သောအခါ သင်တို့၏ နေ့ရက်ကာလများသည် နောဧ နှင့် သောဒုံတို့၏ နေ့ရက်ကာလများထက် ပိုခက်ခဲလိမ့်မည်ဖြစ်သည်။ သင်၏ ဆုတောင်းချက်များသည် ထို့နောက်တွင် သင့်ကို ကောင်းကျိုးပြုလိမ့်မည်မဟုတ်။ ကယ်တင်ခြင်းအလုပ် အဆုံးသတ်သည်နှင့် နောင်တရရန် သင်သည် အစမှ မည်သို့ ပြန်စနိုင်မည်နည်း။ ကယ်တင်ခြင်းအလုပ်အားလုံး ပြီးမြောက်သည်နှင့်တပြိုင်နက် နောက်ထပ် ကယ်တင်ခြင်းအလုပ် ရှိတော့မည်မဟုတ်။ ရှိမည့်အရာမှာ ဆိုးယုတ်သောသူကို တရားစီရင်ခြင်းအလုပ် စတင်ခြင်းဖြစ်သည်။ သင် အတိုက်အခံလုပ်သည်၊ ပုန်ကန်သည်၊ ပြီးလျှင် ဆိုးညစ်မှန်းသိသောအရာများကို သင်လုပ်သည်။ သင်သည် ပြင်းထန်သော ပြစ်ဒဏ်စီရင်ခြင်း၏ ပစ်မှတ် မဟုတ်လော။ ယနေ့ ဤအရာကို သင့်အတွက် ငါရှင်းအောင်ပြောနေသည်။ နားမထောင်ဖို့ သင်ရွေးချယ်လျှင်၊ နောက်ပိုင်းတွင် သင့်အပေါ်သို့ ဘေးဒုက္ခ ကျရောက်သည့်အခါ၊ နောက်ပိုင်းမှ သင်နောင်တရခံစားပြီး ယုံကြည်ဖို့ စတင်လျှင် အလွန်နောက်ကျသွားလိမ့်မည် မဟုတ်လော။ ငါသည် သင့်ကို ယနေ့ နောင်တရဖို့ အခွင့်အရေးပေးနေသော်လည်း သင်သည် ဆန္ဒမရှိ။ သင် အဘယ်မျှကာလပတ်လုံး စောင့်ဆိုင်းချင်သနည်း။ ပြစ်တင်ဆုံးမခြင်း နေ့ရက်တိုင်အောင်လော။ ယနေ့ ငါသည် သင်၏ အတိတ်က လွန်ကျူးခြင်းများကို မအောက်မေ့ပါ။ ငါသည် သင်၏ အပြုသဘော ဘက်သို့သာ ကြည့်ဖို့ရန် အအပျက်သဘောကို အဝေးသို့လှည့်ရင်း သင့်ကို အဖန်ဖန် ငါ ခွင့်လွှတ်၏၊ အဘယ့်ကြောင့်ဆိုသော် ငါ၏ လက်ရှိ စကားလုံးအားလုံးနှင့် အလုပ်အားလုံးတို့သည် သင့်ကို ကယ်တင်ဖို့ရန်ဖြစ်ပြီး သင့်အပေါ်မကောင်းသော ရည်ရွယ်ချက် ငါမရှိပါ။ သို့သော် ဝင်လာဖို့ သင် ငြင်းဆန်၏၊ မကောင်းသောအရာမှ ကောင်းသောအရာကို သင်မပြောနိုင်သလို ကြင်နာမှုကို မည်သို့အသိအမှတ်ပြုရမည်ကို သင်မသိ။ ယင်းသို့ ပြစ်ဒဏ်ပေးခြင်းနှင့် ဖြောင့်မတ်သော ဒဏ်ခတ်ခြင်းကို ရိုးရှင်းစွာ တိမ်းညွှတ် စောင့် ဆိုင်းနေသည်မှာ ဤပုဂ္ဂိုလ်မျိူးမဟုတ်လော။
ငါ၏ ကြမ်းတမ်းသော စကားလုံးများဖြင့် ရိုက်ခတ်ခံရသော်လည်း သူတို့အားဖြင့် နှစ်သိမ့်မှုခံရသောသူတို့နှင့် ကယ်တင်ခံရသောသူတို့အားလုံး- ၎င်းတို့အားလုံး မိမိတို့၏ ယုံကြည်ချက်ကြောင့် ပြုခဲ့ကြပြီ မဟုတ်လော။ လူတို့သည် ယုံကြည်ခြင်းအားဖြင့် အမှုအရာများ ရရှိခဲ့ကြသည်။ သူတို့ ရရှိခဲ့ကြသောအရာသည် အမြဲကောင်းကြီးမင်္ဂလာမဟုတ်ပါ- ဒါဝိဒ် ခံစားခဲ့ရသော ပျော်ရွှင်မှုနှင့် ဝမ်းမြောက်ခြင်းမျိုးကို ခံစားရန်၊ သို့မဟုတ် မောရှေပြုသကဲ့သို့ ယေဟောဝါအားဖြင့် ရေရရှိဖို့ဖြစ်သည်။ ဥပမာအားဖြင့်၊ ယောဘ၏အမှု၌ သူသည် ယေဟောဝါ၏ကောင်းကြီးမင်္ဂလာ ရရှိသလို ယုံကြည်ခြင်းအားဖြင့် ကပ်ဆိုက်မှုကိုလည်း လက်ခံရရှိခဲ့သည်။ သင့်အနေဖြင့် ကောင်းကြီးမင်္ဂလာတစ်ခု ရရှိသည်ဖြစ်စေ ကပ်ဆိုက်မှု ခံစားရသည်ဖြစ်စေ၊ နှစ်ခုလုံးသည် မင်္ဂလာရှိသော ဖြစ်ရပ်များ ဖြစ်ကြသည်။ ယုံကြည်ခြင်းမရှိလျှင် သင်တို့သည် ဤသိမ်းပိုက်ခြင်းအလုပ်ကို လက်ခံရရှိနိုင်လိမ့်မည်မဟုတ်၊ ယနေ့ သင်တို့မျက်မှောက်၌ ပြသသော ယေဟောဝါ၏ လုပ်ဆောင်ချက်များကို သာ၍ပင်မမြင်နိုင်ပေ။ သင်တို့ မြင်တွေ့နိုင်လိမ့်မည် မဟုတ်သလို သာ၍ပင် မရရှိနိုင်ပေ။။ ဤကပ်ဆိုက်မှုများ၊ ဤဘေးဒုက္ခများ နှင့် တရားစီရင်ခြင်းအားလုံး- ဤအရာများ သင်တို့အပေါ်သို့ မကျရောက်လျှင် ယနေ့ ယေဟောဝါ၏ လုပ်ဆောင်မှုများကို သင်တို့ မြင်နိုင်ကြလိမ့်မည်လော။ ယနေ့ သင်တို့ အသိမ်းပိုက်ခံရဖို့ အခွင့်ပေးသည်မှာ ယုံကြည်ခြင်း ဖြစ်ပြီး၊ သိမ်းပိုက်ခံရခြင်းအဖြစ်က ယေဟောဝါ၏ လုပ်ဆောင်မှုတိုင်းကို ယုံကြည်ရန် သင့်ကို အခွင့်ပေးခြင်းဖြစ်သည်။ ဤပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းမျိုးကို ယုံကြည်ခြင်းအားဖြင့်သာ သင်လက်ခံရရှိခြင်းဖြစ်သည်။ ဤပြစ်တင်ဆုံးမခြင်းများနှင့် တရားစီရင်ခြင်းများအားဖြင့် သင်သည် သိမ်းပိုက်ခံရပြီး စုံလင်ခြင်းသို့ရောက်ရှိသည်။ ယနေ့ သင်လက်ခံရရှိသော ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းမျိုး မရှိလျှင် သင်၏ယုံကြည်ခြင်းသည် အချည်းနှီးဖြစ်လိမ့်မည်၊ သင်သည် ဘုရားသခင်ကို မသိသောကြောင့် သူ့ကို အဘယ်မျှလောက် သင်ယုံကြည်ပါစေ သင့်ယုံကြည်ခြင်းသည် စစ်မှန်မှု၌ အခြေမကျသော အနှစ်မဲ့ဖော်ပြချက်သာ ဖြစ်နေဦးမည်ဖြစ်သည်။ သင့်ကို လုံးလုံးလျားလျားနာခံစေသော ဤသိမ်းပိုက်ခြင်းအလုပ်ကို သင်လက်ခံရရှိပြီးမှသာလျှင် သင်၏ ယုံကြည်ခြင်း စစ်မှန်လာပြီး ယုံကြည်စိတ်ချရလာကာ သင်၏ စိတ်နှလုံး ဘုရားသခင်ဘက်သို့ လှည့်ခြင်းဖြစ်သည်။ ဤ "ယုံကြည်ခြင်း" ဟူသော စကားလုံးကြောင့် သင်တရားစီရင်ခံရလျှင် သို့မဟုတ် ကျိန်ဆဲခံရလျှင်သော်မှ သင့်မှာ စစ်မှန်သော ယုံကြည်ချက်ရှိပြီး အမှန်ကန်ဆုံး၊ အစစ်မှန်ဆုံး နှင့် အဖိုးတန်ဆုံးသောအရာကို သင်လက်ခံရရှိပေသည်။ ဤသို့ဖြစ်ရသည်မှာ ဘုရားသခင့် ဖန်ဆင်းခြင်းများ၏ နောက်ဆုံးဦးတည်ရာကို သင်မြင်ရသည်မှာ တရားစီရင်ခြင်းဖြစ်စဉ်အထဲ၌သာ ဖြစ်ခြင်းကြောင့်ဖြစ်သည်။ ဖန်ဆင်းရှင်က အချစ်ခံရဖို့ဖြစ်သည်ကို သင်မြင်ရသည်မှာ ဤတရားစီရင်ခြင်းထဲ၌ ဖြစ်သည်၊ သင်သည် ဘုရားသခင်၏ လက်တော်ကိုမြင်ရသည်မှာ ထို့သို့သော သိမ်းပိုက်ခြင်းအလုပ်ထဲ၌ ဖြစ်သည်၊ လူ့အသက်တာကို သင်အပြည့်အဝ နားလည်သဘောပေါက်လာသည်မှာ ဤသိမ်းပိုက်ခြင်းထဲ၌ ဖြစ်သည်၊ သင်သည် လူ့အသက်၏ မှန်ကန်သောလမ်းကို ရပြီး "လူ"၏ စစ်မှန်သော အဓိပ္ပါယ်ကို နားလည်သဘောပေါက်လာသည်မှာ ဤသိမ်းပိုက်ခြင်းထဲ၌ ဖြစ်သည်။ သင်သည် အနန္တတန်ခိုးရှင်နှင့် သူ၏ လှပပြီး ဘုန်းအသရေရှိသော မျက်နှာတော်၏ ဖြောင့်မတ်သော စိတ်သဘောထားကို ဖူးတွေ့ရသည်မှာ ဤသိမ်းပိုက်ခြင်းထဲ၌သာ ဖြစ်သည်၊ သင်သည် လူသား၏ ဇစ်မြစ်ကို လေ့လာပြီး လူသားမျိုးနွယ်အားလုံး၏ "ထာဝရရှင်သန်သော သမိုင်း" ကို နားလည်ရသည်မှာ ဤသိမ်းပိုက်ခြင်းအလုပ်၌ ဖြစ်သည်။ လူသားမျိုးနွယ်၏ ဘိုးဘေးများနှင့် လူသားမျိုးနွယ်၏ ပျက်စီးခြင်း ဇစ်မြစ်ကို သင်နားလည်လာရသည်မှာ ဤသိမ်းပိုက်ခြင်းအလုပ်ထဲ၌ ဖြစ်သည်။ သင်သည် ဝမ်းမြောက်ခြင်းနှင့် နှစ်သိမ့်ခြင်း သာမက အဆုံးမဲ့ ပြစ်တင်ဆုံးမမှု၊ ပြစ်ဒဏ်ပေးခြင်းနှင့် ဖန်ဆင်းရှင်မှ အဖန်ဆင်းခံလူသားတို့အား အပြစ်ဖော်ဆုံးမခြင်း စကားလုံးများကို လက်ခံရရှိသည်မှာ ဤသိမ်းပိုက်ခြင်းထဲ၌ ဖြစ်သည်၊ ဤသိမ်းပိုက်ခြင်းထဲ၌ ကောင်းကြီးမင်္ဂလာများကို သင်ရရှိပြီး လူရရှိသင့်သည့် ဘေးဒုက္ခများကိုလည်း သင်လက်ခံရရှိသည်။ ဤအရာအားလုံးသည် သင်၏ ထိုယုံကြည်ခြင်းအနည်းငယ်ကြောင့် ဖြစ်သည်မဟုတ်လော။ ဤအရာများ ရရှိပြီးနောက် သင်၏ ယုံကြည်ခြင်း ကြီးထွားခဲ့သည် မဟုတ်လော။ ကြီးမားသည့် ပမာဏတစ်ခု သင်ရရှိခဲ့သည် မဟုတ်လော။ သင့်အနေဖြင့် ဘုရား၏ စကားတော်ကို ကြားပြီး ဘုရား၏ ဉာဏ်ပညာကို မြင်တွေ့ခဲ့သည်သာမက အလုပ်၏ အဆင့်တစ်ခုစီကိုလည်း ကိုယ်တိုင်ကိုယ်ကျ သင်တွေ့ကြုံခံစားခဲ့ရပြီ ဖြစ်သည်။ သင့်အနေဖြင့် ယုံကြည်ခြင်းမရှိလျှင် ဤပြစ်တင်ဆုံးမမှုမျိုး သို့မဟုတ် ဤတရားစီရင်ခြင်းမျိုးကို သင်ခံစားရမည်မဟုတ်ဟု သင်ပြောကောင်း ပြောပါလိမ့်မည်။ သို့သော် သင်သိသင့်သည်မှာ ယုံကြည်ခြင်းမရှိလျှင် အနန္တတန်ခိုးရှင်ထံမှ ဤပြစ်တင်ဆုံးမမှုမျိုး သို့မဟုတ် ဤပြုစုစောင့်ရှောက်မှုမျိုးကို သင်လက်ခံရရှိနိုင်လိမ့်မည် မဟုတ်သည်သာမက ဖန်ဆင်းရှင်ကို မြင်တွေ့ဖို့ အခွင့်အလမ်းအား သင်ထာဝရ ဆုံးရှုံးလိမ့်မည် ဖြစ်သည်။ သင်သည် လူသားမျိုးနွယ်၏ မူလအစကို ဘယ်သောအခါမျှ သိလိမ့်မည်မဟုတ်သလို သူ့အသက်တာ၏ အရေးပါမှုကိုလည်း လုံးဝ နားလည်လိမ့်မည်မဟုတ်။ သင့်ကိုယ်ခန္ဓာ သေဆုံးပြီး သင်၏ဝိညာဉ်ထွက်ခွာလျှင်ပင် ဖန်ဆင်းရှင်၏ လုပ်ဆောင်မှုအားလုံးကို သင် နားလည်လိမ့်ဦးမည်မဟုတ်ပါ။ လူသားမျိုးနွယ်ကို ဖန်ဆင်းပြီးနောက် ဖန်ဆင်းရှင်သည် ကမ္ဘာမြေကြီးပေါ် ဤမျှ ကြီးမားသော အလုပ်ကို လုပ်ဆောင်တော်မူခဲ့သည်ကို နည်းနည်းသာ သင်သိရလိမ့်မည်။ သူဖန်ဆင်းသော လူသားမျိုးနွယ်၏ အဖွဲ့ဝင်တစ်ဦးအဖြစ် သင်သည် ဤသို့ နားမလည်စွာဖြင့် မှောင်မိုက်ထဲသို့ လဲကျပြီး ထာဝရ ပြစ်ဒဏ်စီရင်ခြင်းကို ခံစားလိုပါသလား။ သင်သည် ယနေ့ပြစ်တင်ဆုံးမှုနှင့် တရားစီရင်ခြင်းတို့မှ သင့်ကိုယ်သင် ခွဲခြားမည်ဆိုပါက၊ သင်ဆုံတွေ့ရမည့်အရာမှာ အဘယ်အရာနည်း။ လက်ရှိတရားစီရင်ခြင်းမှ ကွဲကွာသည်နှင့်တပြိုင်နက် ဤခက်ခဲသောဘဝမှ သင်လွတ်မြောက်နိုင်လိမ့်မည်ဟု ထင်သလော။ "ဤအရပ်"ကို သင်စွန့်ခွာလျှင် သင်ကြုံတွေ့ရမည့်အရာမှာ ညှဉ်းဆဲခြင်း သို့မဟုတ် နတ်ဆိုးအားဖြင့် ဒဏ်ခံစားရသည့် ရက်စက်သော ဒဏ်ရာ ဒဏ်ချက်များဖြစ်သည်မှာ အမှန်မဟုတ်လော။ သည်းမခံနိုင်သော နေ့နှင့်ညများကို သင် ရင်ဆိုင်နိုင်သလော။ ယနေ့ ဤတရားစီရင်ခြင်းနှင့် သင်လွတ်သောကြောင့် အနာဂတ်ညှဉ်းပန်းနှိပ်စက်ခြင်းကို သင်ထာဝရ ရှောင်လွှဲနိုင်သည်ဟု သင်ထင်သလော။ သင့်လမ်း၌ အဘယ်အရာ လာလိမ့်မည်နည်း။ သင်မျှော်လင့်သောအရာမှာ အမှန်ပင် ရှန်ဂရီလာဖြစ်နိုင်သလော။ သင်လုပ်ဆောင်နေသော နည်းလမ်း အစစ်အမှန်မှ အဝေးသို့ ပြေးခြင်းအားဖြင့် နောက်နောင် ထိုထာဝရ ပြစ်တင်ဆုံးမမှုကို သင် လွတ်မြောက်နိုင်သည်ဟု ထင်သလော။ ယနေ့ပြီးနောက် ဤအခွင့်အလမ်းမျိုးနှင့် ဤကောင်းကြီးမင်္ဂလာမျိုး နောက်တဖန် သင်အမြဲရှာတွေ့နိုင်လိမ့်မည်လော။ ဘေးဥပဒ် သင့်အပေါ်ကျရောက်သောအခါ ၎င်းတို့ကို သင်ရှာတွေ့နိုင်လမ့်မည်လော။ လူသားမျိုးနွယ်အားလုံး ချမ်းသာထဲသို့ ဝင်ရောက်သောအခါ ၎င်းတို့ကို သင်ရှာတွေ့နိုင်လိမ့်မည်လော။ သင်၏ လက်ရှိပျော်ရွှင်သောဘဝနှင့် သဟဇတဖြစ်သော သင့်မိသားစုငယ်လေး—၎င်းတို့က သင်၏အနာဂတ် ထာဝရ ခရီးပန်းတိုင်ကို အစားထိုးနိုင်သလော။ သင့်အနေဖြင့် စစ်မှန်သော ယုံကြည်ခြင်း ရှိလျှင်၊ သင်၏ ယုံကြည်ခြင်းအားဖြင့် ကြီးစွာ ရရှိလျှင် ထိုအရာအားလုံးသည်—အဖန်ဆင်းခံ ဖြစ်တည်မှုတစ်ခု—သင်ရရှိသင့်သောအရာဖြစ်ပြီး သင်ပိုင်ဆိုင်ခဲ့သင့်သော အရာလည်း ဖြစ်သည်။ ဤသိမ်းပိုက်ခြင်းမျိုးသည် သင်၏ ယုံကြည်ခြင်းအတွက် အကျိုးအပြုဆုံးဖြစ်ပြီး သင်၏ အသက်တာအတွက် အကျိူးပြုဆုံးသော အရာဖြစ်သည်။
လက်ရှိအချိန်တွင် သိမ်းပိုက်ခြင်းခံနေရသူတို့အား ဘုရားသခင် တောင်းဆိုသောအရာ မည်သည့်အရာဖြစ်သည်၊ သိမ်းပိုက်ခြင်းခံရသူတို့အပေါ် သူ၏ စိတ်သဘောထား မည်သို့ရှိသည်နှင့် သင်အဘယ်သို့ ချက်ချင်း ဝင်ရောက်ရမည် ဆိုသည်တို့ကို သင်နားလည်ရန် လိုအပ်သည်။ အချို့အရာများကို သင်အနည်းငယ်သာ နားလည်ရန် လိုအပ်သည်။ နက်နဲမှုများအပေါ် ဟောပြောထားသော အချို့ကို သင်သဘာပေါက်ဖို့ စိတ်အနှောက်အယှက်ဖြစ်စရာ မလိုအပ်ပါ။ ဘဝမှာ ၎င်းတို့က များစွာ အကူအညီ မဖြစ်ပဲ ၎င်းတို့အား တစ်ချက် ကြည့်ယူဖို့ရန် လုံလောက်၏။ ဥပမာအားဖြင့် အာဒံနှင့် ဧဝတို့အကြောင်း ကဲ့သို့သော နက်နဲသောအရာများကို တစ်ချက်ကြည့်ဖို့ရန်သာ လိုအပ်သည်။ ပြီးခဲ့သည့် အာဒံနှင့် ဧဝတို့၏ အကြောင်းအရာအားလုံးနှင့် ယနေ့ ဘုရားသခင် ပြုလုပ်လိုသည့်အလုပ်—ဤအကြောင်းများကို သင်သိရန် လိုအပ်သည်။[က] လူကို သိမ်းပိုက်ခြင်းနှင့် စုံလင်စေခြင်းတို့ထဲတွင် ဘုရားသခင်က လူကို အာဒံနှင့် ဧဝတို့ ရှိခဲ့ကြသည့် လမ်းသို့ ပြန်လာစေချင်ကြောင်း သင်နားလည်ရန် လိုအပ်သည်။ စုံလင်သောသူတစ်ဦးသည် ဘုရားသခင်၏ စံကို အဘယ်သို့ မှီရမည်နည်း—ယင်းနှင့်ပတ်သက်၍ သင်သည် အသိစိတ်ကောင်းကောင်း ရှိသင့်ပြီး ထိုအရာအတွက် အရောက်လှမ်းလိုစိတ် ပြင်းပြရမည်။ ထိုအရာမှာ သင်၏ အလေ့အထအကြောင်းနှင့် သင် နားလည်သဘောပေါက်သင့်သည့် အရာဖြစ်သည်။ ဤကိစ္စရပ်များနှင့် သက်ဆိုင်သော စကားလုံးများအရ ဝင်ရောက်ရန် ကြိုးပမ်းဖို့ရန်သာ သင်လိုအပ်သည်။ "လူသားမျိုးနွယ်၏ သမိုင်းတိုးတက်မှုက နှစ်ပေါင်း သောင်းနှင့် ချီပြီး နောက်ပြန်သွားသည်" ဟု သင်ဖတ်ရသောအခါ သင် စူးစမ်းချင်နေသည်၊ ထို့ကြောင့် ညီအစ်ကို မောင်နှမများနှင့်အတူ ထိုအရာကို သဘောပေါက်နားလည်ဖို့ သင်ကြိုးစားသည်။ "လူသားမျိုးနွယ်၏ တိုးတက်မှုက နှစ်ခြောက်ထောင်ကို နောက်ပြန်လှည့်သည်ဟု ဘုရားက ပြောသည်မှာ မှန်သလား။ ဤနှစ်သောင်းချီဆိုသည့် အကြောင်းက ဘာလဲ။" ဤအရာကို နားလည်ဖို့ ကြိုးစားခြင်း၏ အသုံးဝင်မှုမှာ အဘယ်နည်း။ ဘုရားသခင် ကိုယ်တော်တိုင် နှစ်သောင်းချီ သို့မဟုတ် နှစ်သန်းပေါင်းရာချီပြီး အလုပ်လုပ်နေခဲ့သည်ဖြစ်ဖြစ်—ဤအရာကို သင်တွက်ဆပေးဖို့ သူလိုအပ်မည်လော။ ဤအရာသည် အဖန်ဆင်းခံ ဖြစ်သည်နှင့်အညီ သင်သိဖို့ လိုအပ်သောအရာ မဟုတ်ပါ။ ဤဆွေးနွေးမှုမျိုးကို သင်တစ်ချက်သာ ကြည့်ဖို့ လိုအပ်သည်၊ ရူပါရုံတစ်ခုလို ထိုအရာကို နားလည်ဖို့ မကြိုးစားနှင့်။ သင်သိဖို့လိုအပ်သည့်အရာမှာ အဘယ်သို့ သင်ဝင်ရောက်သင့်သည် ဆိုသည့်အရာနှင့် ယခုချက်ချင်း ရှင်းလင်းပြတ်သားမှု ရရှိခြင်းတို့ ဖြစ်သည်။ အကြိမ်ကြိမ် တွေးဆချင့်ချိန်ပြီး ဤအကြောင်းများကို ရှင်းရှင်းလင်းလင်း ဖြစ်စေပါ။ ထို့နောက်မှ သင်သည် သိမ်းပိုက်ခံရလိမ့်မည်။ အထက်ပါအကြောင်းအရာကို ဖတ်ရှုပြီးနောက်တွင် သင်သည် သာမန် တုန့်ပြန်မှုရှိလိမ့်မည်၊ ဘုရားသခင်သည် စိုးရိမ်ပူပန်မှုဖြင့် တောက်လောင် နေ၏။ သူသည် ကျွန်ုပ်တို့အား သိမ်းပိုက်ချင်ပြီး ဘုန်းအသရေနှင့် သက်သေကို ရလိုသည်။ ကျွနုပ်တို့သည် သူနှင့်အတူ မည်သို့ ပူပေါင်းလုပ်ဆောင်သင့်သနည်း။ သူ့အားဖြင့် လုံးလုံးသိမ်းပိုက်ခံရပြီး သူ၏ သက်သေဖြစ်လာဖို့ရန် ကျွနုပ်တို့ မည်သည့်အရာကို လုပ်ရမည်နည်း။ ဘုရားသခင်ကို ဘုန်းအသရေရစေရန် ကျွနုပ်တို့ မည်သည့်အရာ လုပ်ရမည်နည်း။ ကျွနုပ်တို့သည် မိမိကိုယ်ကို ဘုရားသခင်၏ အုပ်စိုးမှုအောက်၌ အသက်ရှင်ပြီး စာတန်၏ အုပ်စိုးမှုအောက် အသက်မရှင်စေဖို့ရန် မည်သည့်အရာ လုပ်ဆောင်ရမည်နည်း။ ဤအရာမှာ လူတို့ စဉ်းစားသင့်သော အကြောင်းအရာဖြစ်သည်။ သင်တို့တစ်ဦးစီတိုင်း သိမ်းပိုက်ခြင်း၏ အရေးပါမှုအပေါ် ရှင်းရှင်းလင်းလင်း ဖြစ်သင့်သည်။ ယင်းမှာ သင်တို့၏ တာဝန်ဝတ္တရားဖြစ်၏။ ဤရှင်းလင်းပြတ်သားမှုကို ရရှိပြီးနောက်မှသာ သင်တို့ဝင်လမ်းရမည်၊ အလုပ်၏ ဤအဆင့်ကို သင်တို့သိမည်ဖြစ်ပြီး သင်တို့သည် လုံးလုံးနာခံမှု ရှိလာပါလိမ့်မည်။ သို့မဟုတ်လျှင်၊ စစ်မှန်သော နာခံမှုကို သင်တို့ ရရှိမည်မဟုတ်ပါ။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ မှ
အောက်ခြေမှတ်စုများ-
က။ မူရင်းစာသားတွင် "ဤအကြောင်းများကို သင်သိရန် လိုအပ်သည်" ဟူသော စကားရပ် မပါဝင်ပါ။
ဆက်လက်ကြည့်ရှုရန် ဘာသာရေး စာအုပ်များ
No comments:
Post a Comment