菜單

မူလစာမျက်နှာ သတင်းအချက်အလက် အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ စွဲကိုင်ထားသူ လွတ်လပ်မှန်ကန်တဲ့လူ့အခွင့်အရေး ကယ်တင်ရှင်ပြန်ကြွလာပြီ ဧဝံဂေလိတရားတော် ကောင်းကင်နိုင်ငံတော်သီချင်း အမှန်တရားကို ဖေါ်ထုတ်ခြင်း နိုင်ငံတော် ချီးမွမ်းခြင်း တေးဂီတ ဘုရားသခင်၏ နှုတ်ကပတ်တော်များ ဖတ်ကြားခြင်းများ
Showing posts with label ကောင်းကင်ဘုံ. Show all posts
Showing posts with label ကောင်းကင်ဘုံ. Show all posts

2/12/2019

ကောင်းကင်နိုင်ငံတော်သီချင်း (၃) လူအပေါင်းတို့… ဝမ်းမြောက်ခြင်းရှိကြလော့



ဘုရားအလင်း၌ လူတွေ အလင်းပြန်မြင်ရ
နှုတ်ကပတ်တော်၌ လူတွေ ကြည်နူးစရာများ တွေ့
ဘုရားသည် အရှေ့ဘက်ကလာ၍ ထိုအရပ်ဇာတိ ဖြစ်သည်
ဘုရားဘုန်းတော်ထွန်းတောက်လျှင်၊ တိုင်းနိုင်ငံအားလုံး ထွန်းလင်း
အားလုံးကို အလင်းဆီခေါ်ဆောင်၊ မှောင်မိုက်၌ ကျန်ရစ်တာမရှိ
ဘုရားနိုင်ငံတော်၌ ဘုရားလူမျိုးတို့ဘဝ အနှိုင်းဆမဲ့ ပျော်ရွှင်
ရေသည် လူတို့၏မင်္ဂလာရှိသောအသက်တာများအတွက် ကခုန်
တောင်တွေဟာ ဘုရားရဲ့ကြွယ်ဝပြည့်စုံခြင်းကို
လူတွေနဲ့အတူ အကျိုးခံစား
လူအားလုံး အလုပ်ကြိုးပမ်းလုပ်ဆောင်လျက်ရှိ
ဘုရားရဲ့နိုင်ငံတော်မှာ သူတို့ရဲ့သစ္စာတရားကို ပြသ
ဘုရားနိုင်ငံတော်တွင် ပုန်ကန်မှုမရှိ၊ အတိုက်အခံလည်း မရှိတော့ပေ
ကောင်းကင်နဲ့မြေကြီး အချင်းချင်းအမှီသဟဲပြု
လူနဲ့ဘုရား နီးကပ်ပြီး နက်ရှိုင်းစွာသိရှိ
ဘဝရဲ့ပျော်ရွှင်မှုတွေကြောင့်အတူတကွ မှီခိုတွယ်တာနေ….
ဒီချိန်မှာ ကောင်းကင်နဲ့ဆိုင်သောအသက်တာကို ဘုရားသခင် စတင်
စာတန်ရဲ့နှောင့်ယှက်မှု မရှိတော့
လူတို့ ဘုရားရဲ့ငြိမ်သက်ခြင်းရရှိကြ

2/11/2019

ဝတ်ပြုကိုးကွယ်ခြင်း ဓမ္မသီချင်း | ကောင်းကင်နိုင်ငံတော်သီချင်း (၂) ဘုရားသခင် လာရောက်စိုးစံပြီ


လှပတဲ့ဒီလိုချိန်၊ ရင်ခုန်စရာအချိန်လေးမှာ
မိုးကောင်းကင်ထက်နဲ့ မိုးကောင်းကင်အောက် အကုန် ချီးမွမ်း
ဒီ့အတွက် စိတ်မလူပ်ရှားသူရှိမလား
ဒီ့အတွက် မဝမ်းမြောက်သူရှိမလား
ဒီအခိုက်တန့် မငိုကြေွးသူရှိမလား
ဒီအခိုက်တန့် မငိုကြေွးသူရှိမလား
ရေ…
ကောင်းကင်ဟာ အရင်လိုမဟုတ်
ဘုရားနိုင်ငံတော်ရဲ့ကောင်းကင်ဖြစ်ပြီ
မြေကြီးဟာ အရင်မြေကြီးမဟုတ်
သန့်ရှင်းသော မြေကြီးဖြစ်ပြီ
သည်းထန်တဲ့မိုး လာရောက်အပြီး
ညစ်ညမ်းသောကမ္ဘာကြီး လုံးဝအသွင်ပြောင်းလဲ
သည်းထန်တဲ့မိုး လာရောက်အပြီး
ညစ်ညမ်းသောကမ္ဘာကြီး လုံးဝအသွင်ပြောင်းလဲ

12/31/2018

Myanmar Christian Movie ကောင်းကင်နိုင်ငံတော်ဝင်ခွင့်ရရန် - မည်သို့လျှောက်လှမ်းမည်နည်း(၁)

Myanmar Christian Movie ကောင်းကင်နိုင်ငံတော်ဝင်ခွင့်ရရန် - မည်သို့လျှောက်လှမ်းမည်နည်း(၁)


ကိုယ်တော့်ကို ယုံကြည်သူအများစုသည် “ကျွနု်ပ်တို့ဟာ ကိုယ်တော့်၏နှုတ်ကပတ်တော်ကိုလိုက်နာပြီး ကိုယ့်ကိုကိုယ်နှိမ့်ချသည်းခံလျှက် ရှင်ပေါလုရဲ့ စံနမူနာအတိုင်း ကိုယ်တော့်အတွက် စွန့်လွှတ်ပေးဆပ်အမှုတော်ဆောင်မယ်ဆိုလျှင် ဒါဟာ ကိုယ်တော့်ရဲ့အလိုတော်ကို ကျေနပ်အောင်ဖြည့်ဆည်းပေးတာပဲ”ဟု ခံစားကြသည်။ ထို့နောက်ကိုယ်တော်ပြန်ကြွလာတဲ့အခါ ကောင်းကင်နိုင်ငံတော်သို့ အခေါ်ခံရလိမ့်မည်ဟု ထင်ခဲ့ကြသည်။ သို့သော် တို့တွေသည် ကိုယ်တော့်၏ချီးမြှောက်ခံရမှုရစေရန် နှင့် ကောင်းကင်ဘုံဝင်ခွင့်ရစေရန် နည်းလမ်းများကို အမှန်တကယ် ရှာဖွေရန် ဆုံးဖြတ်ခဲ့ကြပါသလား။ ထိုသို့မဟုတ်လျှင် ကိုယ်တော့်၏ချီးမြှောက်ခံရမှုရစေရန် နှင့် ကောင်းကင်ဘုံဝင်ခွင့်ရစေရန် မည်သည့်နည်းလမ်းကို ကျွနု်ပ်တို့လိုက်လျှောက်ကြမည်နည်း။

ဆက်သွယ်မှုများ ကယ်တင်ရှင်သည်

11/09/2018

ခရစ်ယာန်ဓမ္မသီချင်း (ဘုရားသခင် လူသားကို ကယ်တင်ရန် ရည်ရွယ်)


I

လူသားတို့ နတ်ဆိုး နင်းခြေခြင်းခံရ၊ တက်နင်းခြင်းခံရ
သူတို့သည် ဖန်ဆင်းစက အာဒံနှင့်ဧဝမဟုတ်ကြတော့ပါ
သူတို့သည် ဘုရားကိုဆန့်ကျင်သော အယူအဆ၊ အသိ၊
စိတ်ကူးအတွေးစသည်တို့နှင့် ပြည့်နှက်ပြီး
ဖောက်ပြန်သောစိတ်သဘောထားအပြည့်ရှိကြ၏
သို့သော် ဘုရားအမြင်မှာ
လူသည် သူဖန်ဆင်းထားသောအရာသာ ဖြစ်၏
သို့သော် ဘုရားအမြင်မှာ
လူသည် သူဖန်ဆင်းထားသောအရာသာ ဖြစ်၏

11/04/2018

ခရစ်ယာန် ဓမ္မသီချင်း (လူ့ဇာတိ၌ လုပ််ဆောင်ခြင်းဖြင့်သာ လူသားတို့ကို ဘုရားသခင် ပိုင်ဆိုင်နိုင်)



I

လက်တွေ့ကျသောဘုရားသခင်၏နှုတ်ကပတ်တော်အားဖြင့်
လူသား၏အားနည်းချက်နှင့်ပုန်ကန်မှုတွေကို စီရင် ထုတ်ဖော်သည်
ထိုအခါ လူတို့သည် သူတို့လိုအပ်သောအရာကို လက်ခံရရှိကြ၏
ဒီလူ့လောကသို့ ဘုရားရောက်ရှိကြောင်းကို သူတို့ တွေ့မြင်ကြသည်
လက်တွေ့ကျသော ဘုရားသခင်၏အမှုတော်ဟာ
လူသားအားလုံးကို စာတန်အုပ်စိုးမှုမှ ကယ်တင်ရန်၊
ညစ်ညမ်းမှု၊
စာတန်ဖျက်ဆီးခဲ့သောစိတ်ထားများမှ ကယ်တင်ရန် ရည်ရွယ်သည်
ဘုရားသခင်၏လက်ထဲရောက်ရှိခြင်းဆိုသည်မှာ သူ့ကို လူ၏
စံနမူနာအဖြစ် မှတ်ယူလိုက်လျှောက်ခြင်းပင်
လက်တွေ့ကျသော ဘုရားသခင်၏နောက်ကို လိုက်၊
သာမန်လူ့သဘာဝအတိုင်း ရှင်သန်၊
ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့်အမိန့်တော်ကို စောင့်ထိန်း၊
သူပြောသောအရာကို အပြည့်အဝလိုက်နာပြီး
ဘုရားသခင် တောင်းဆိုသောအရာကို စွမ်းဆောင်လျှင်
ဘုရားသခင် ပိုင်ဆိုင်ခြင်း ခံရမည်

11/01/2018

ခရစ်တော်သည် တရားစီရင်ခြင်း အမှုကို သမ္မာတရားဖြင့် ဆောင်ရွက်၏

ကယ်တင်ခြင်း, ကောင်းကင်ဘုံ, ခရစ်တော်၏ ပြောကြားချက်များ, ဘုရားသခင်, အသက်,

နောက်ဆုံးသောကာလ၏ အမှုသည် အရာအားလုံးတို့ကို ၎င်းတို့၏ အမျိုးအစားအလိုက် ပိုင်းခြားရန်နှင့် ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ်ကို အပြီးသတ်ရန်ဖြစ်သည်၊ အကြောင်းမှာ အချိန်သည် နီးလာပြီး  ဘုရားသခင်၏နေ့ရက်သည် ရောက်လာခဲ့ပြီ ဖြစ်သောကြောင့်ဖြစ်သည်။ ဘုရားသခင်သည် သူ့နိုင်ငံတော်သို့ ဝင်လာသူအားလုံးကို၊ အဆုံးတိုင်အောင် သူ့ကို သစ္စာရှိသူများအားလုံးကို ဘုရားသခင်ကိုယ်တိုင်၏ ခေတ်အတွင်းသို့ ဆောင်ယူ၏။ သို့သော် ဘုရားသခင်ကိုယ်တိုင်၏ခေတ် မရောက်လာမီတွင် ဘုရားသခင်၏အမှုသည် လူသား၏လုပ်ဆောင်ချက်များကို စောင့်ကြည့်ရန်၊ သို့မဟုတ် လူသား၏ အသက်တာကို စုံစမ်းမှုပြုရန် မဟုတ်ဘဲ၊ လူသား၏မနာခံမှုကို တရားစီရင်ရန်ဖြစ်၏၊ အကြောင်းမှာ ဘုရားသခင်သည် သူ၏ပလ္လင်ရှေ့သို့ ရောက်လာသူတိုင်းကို သန့်စင်ပေးလိမ့်မည် ဖြစ်သောကြောင့်တည်း။ ယနေ့ချိန်ထိ ဘုရားသခင်၏ ခြေလှမ်းများနောက် လိုက်လျှောက်ခဲ့သူ အားလုံးတို့သည် ဘုရားသခင်၏ ပလ္လင်ရှေ့သို့ လာရောက်ကြသူများ ဖြစ်ကြသည့်အတွက် ဘုရားသခင့်အမှု၏ နောက်ဆုံးအဆင့်ကို လက်ခံသောလူအယောက်စီတိုင်းသည် ဘုရားသခင်၏ သန့်စင်စေခြင်းကို ခံရသည့်သူများ ဖြစ်ကြသည်။ တစ်နည်းအားဖြင့် ဘုရားသခင့်အမှု၏ နောက်ဆုံးအဆင့်ကို လက်ခံသောသူတိုင်းသည် ဘုရားသခင်၏ တရားစီရင်ခြင်းကို ခံရသည့်သူများဖြစ်ကြ၏။

10/08/2018

ခရစ်ယာန် အတွေ့အကြုံ ဓမ္မတေး (ဘုရားသခင်၏ ချစ်ခြင်းမေတ္တာသည် ကျွန်ုပ်တို့အား နီးစေပြီ) Myanmar Subtitles


မရေမတွက်နိုင်သော ပင်လယ်များနှင့် တောင်များ ခြားပါစေ၊
ကျွန်ုပ်တို့အကြားတွင် နယ်နိမိတ်များ မရှိ၊
အသားအရောင် ကွဲပြားပါစေ မတူညီသော ဘာသာစကားကို ပြောပါစေ
ကျွန်ုပ်တို့သည် လူမျိုးတော် တစ်မျိုးတည်း ဖြစ်ကြပါသည်။
အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်သည်
ကျွန်ုပ်တို့အား ခေါ်တော်မူခြင်းကြောင့်၊
ကျွန်ုပ်တို့သည် ဘုရားသခင်၏ ပလ္လင်တော်
ရှေ့သို့ ချီးမြှောက်ခြင်းကို ခံရပါပြီ။


မရေမတွက်နိုင်သော ပင်လယ်များနှင့် တောင်များ ခြားပါစေ၊
ကျွန်ုပ်တို့အကြားတွင် နယ်နိမိတ်များ မရှိ၊
အသားအရောင် ကွဲပြားပါစေ မတူညီသော ဘာသာစကားကို ပြောပါစေ
ကျွန်ုပ်တို့သည် လူမျိုးတော် တစ်မျိုးတည်း ဖြစ်ကြပါသည်။
အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်သည်
ကျွန်ုပ်တို့အား ခေါ်တော်မူခြင်းကြောင့်၊
ကျွန်ုပ်တို့သည် ဘုရားသခင်၏ ပလ္လင်တော်
ရှေ့သို့ ချီးမြှောက်ခြင်းကို ခံရပါပြီ။
ဦးခေါင်းတစ်ခုလုံး ဖြူသော ဆံပင် ရှိသည့် အသက်ကြီးသူ တစ်ဦးနှင့်
ရောင်ခြည် တောက်ပ ဖြာထွက်သော
အသက်ငယ်ရွယ်သူ တစ်ဦး ရှိပါသည်။
လက်ချင်းတွဲ၊ ပုခုံးချင်းယှဉ်လျက်
အခက်အခဲဘေးဒုက္ခအကြား၌ တစ်ဦးနှင့်တစ်ဦး အားပေးကာ
မိုးထဲလေထဲတွင် ကျွန်ုပ်တို့ အတူတကွ လျှောက်ကြမည်။
တစ်စိတ်တစ်ဝမ်းတည်း ကျွန်ုပ်တို့၏
တာဝန်ကို ကျေပွန်အောင် ထမ်းရွက်ကြမည်။
ကျွန်ုပ်တို့၏ စိတ်နှလုံး အချင်းချင်း ဆက်လျက်
ဘဝထဲတွင် ကျွန်ုပ်တို့ အဆွေခင်ပွန်း ဖြစ်လာပါပြီ။
ဘုရားသခင်၏ ချစ်ခြင်းမေတ္တာသည် ကျွန်ုပ်တို့အား နီးစေပြီ။

10/04/2018

Myanmar Song (ကောင်းကင်နိုင်ငံတော်သီချင်း ဘုရားသခင်ရဲ့နိုင်ငံတော် မြေကြီးပေါ် ရောက်လာ) God Has Come


ကောင်းကင်ဘုံ, ဆုတောင်း, ဘုရားသခင်, ထာဝရအသက်, Myanmar Christian Music

ကောင်းကင်နိုင်ငံတော်သီချင်း
တစ်, ဘုရားသခင်ရဲ့နိုင်ငံတော် မြေကြီးပေါ် ရောက်လာ
နှစ်, ဘုရားသခင် လာရောက်စိုးစံပြီ
သုံး, လူအပေါင်းတို့… ဝမ်းမြောက်ခြင်းရှိကြလော့


ကောင်းကင်နိုင်ငံတော်သီချင်း
ဘုရားသခင်ရဲ့နိုင်ငံတော် မြေကြီးပေါ် ရောက်လာ
လူတွေ ဘုရားကို ကျယ်လောင်စွာချီးမွမ်းကြသည်
နှုတ်ရှိသမျှ စစ်မှန်တဲ့တစ်ပါးတည်းသော
ဘုရားရဲ့နာမတော်ကို ကြေွးကြော်
ဘုရားရဲ့နိုင်ငံတော် လောကကို ရောက်လာ

8/24/2018

လူ့ဇာတိခံယူထားသော ဘုရားသခင်နှင့် ဘုရားအသုံးပြုသောလူတို့ကြား ပဓာနကျသည့် ကွာခြားချက်

ကောင်းကင်ဘုံ, ဝိညာဉ်တော်, အသက်, ယေရှု, အသင်းတော်,

ဘုရားသခင်၏ ဝိညာဉ်တော်သည် ကမ္ဘာမြေပေါ်၌ အလုပ်လုပ်နေသည်နှင့်အညီ နှစ်ပေါင်းများစွာ မရပ်မနား ရှာဖွေနေခဲ့၏။ ခေတ်ကာလများတစ်လျှောက်လုံးတွင် ဘုရားသခင်သည် သူ၏အမှုတော်ကို လုပ်ဆောင်ဖို့ လူများစွာတို့ကို အသုံးပြုခဲ့သည်။ သို့သော် ဘုရားသခင်၏ဝိညာဉ်တော်သည် သင့်လျော်သောကျိန်းဝပ်ရာ မရှိသေးပါ။ ထို့ကြောင့် ဘုရားသခင်သည် မတူကွဲပြားသောလူတို့၌ မရပ်မနား လှုပ်ရှားကာ သူ၏အမှုတော်ကို လုပ်ဆောင်၏၊ ခြုံကြည့်သော် သူသည် ဤအရာကိုလုပ်ဆောင်ရန် လူတို့ကို အသုံးပြုတော်မူသည်။ တစ်နည်းအားဖြင့်ဆိုရလျှင်၊ များစွာသော ဤနှစ်များတစ်လျှောက်၌ ဘုရားသခင်၏အမှုတော်မှာ လုံးဝရပ်တန့်ခဲ့ခြင်း မရှိဘဲ ယနေ့တိုင်အောင် တစ်လျှောက်လုံး လူ့အထဲ၌ ဆက်လက်ရှေ့ဆက် လုပ်ဆောင်နေခဲ့ခြင်း ဖြစ်ပေသည်။ ဘုရားသခင်က နှုတ်ကပတ်တော်များစွာ ပြောကြားခဲ့ပြီး အမှုများစွာ ပြုခဲ့ပြီးသော်ငြား၊ လူသည် ဘုရားသခင်ကို မသိသေးပေ၊ အားလုံးမှာ ဘုရားသခင်သည် လူသားထံ ဘယ်သောအခါမျှ မပေါ်ထွန်းခဲ့သောကြောင့်ဖြစ်ပြီး ထိတွေ့နိုင်သော သဏ္ဌာန်မရှိခြင်းကြောင့်လည်း ဖြစ်သည်။ ထို့ကြောင့် လက်တွေ့ကျသောဘုရားသခင်၏ လက်တွေ့ကျသောအရေးပါမှုကို လူအပေါင်းတို့အားသိစေလျက် ဘုရားသခင်သည် ဤအမှုတော်ကို အပြီးသတ်ခြင်းသို့ ရောက်စေရမည်ဖြစ်သည်။ ဤအဆုံးသတ်ကို ရရှိဖို့အတွက်၊ ဘုရားသခင်သည် လူသားမျိုးနွယ်ထံ သူ၏သန့်ရှင်းသော ဝိညာဉ်တော်အား လက်ဆုပ်လက်ကိုင်ပြနိုင်သည့် သဘောနှင့် ဖော်ပြရမည်ဖြစ်ပြီး၊ ၎င်းတို့အလယ်တွင် သူ၏အမှုတော်ကို လုပ်ဆောင်ရမည်ဖြစ်သည်။ ဤသည်မှာ၊ ဘုရားသခင်၏ ဝိညာဉ်တော်မှ ရုပ်ခန္ဓာပုံသဏ္ဌာန် အသွင်ဆောင်ပြီး၊ အသားနှင့် အရိုးတို့ကို ယူတင်ဝတ်ဆင်ကာ၊ လူတို့ကြားတွင် ထင်ထင်ရှားရှား သွားလာပြီး၊ မိမိကိုယ်ကို တစ်ခါတစ်ရံဖော်ပြကာ တစ်ခါတစ်ရံ ဖုံးကွယ်ရင်း၊ ၎င်းတို့ဘဝအသက်တာများ၌ ၎င်းတို့ကို အဖော်ပြုသောအခါမှသာ လူတို့သည် သူ့ကို ပိုမိုနက်ရှိုင်းစွာ သိမြင်နားလည်ခြင်းသို့ ရောက်နိုင်မည်ဖြစ်သည်။ ဘုရားသခင်သည် ဇာတိခန္ဓာ၌သာ ဆက်လက်တည်ရှိနေလျှင် သူ၏အလုပ်ကို အပြည့်အဝ အပြီးသတ်နိုင်လိမ့်မည် မဟုတ်ပါ။ ယေရှုက သာမန်လူ့သဘာဝထဲ၌ အချိန်ကာလအပိုင်းအခြားတစ်ခုကြာ လုပ်ဆောင်ပြီး ပြီးစီးရန်လိုအပ်သည့် အမှုတော်အားလုံးကို အပြီးသတ်ခဲ့သည့်နည်းတူပင် ဘုရားသခင်သည် ဇာတိခန္ဓာ၌ ပြီးမြောက်ဖို့လိုအပ်သည့် အမှုတော်မြတ်ကို ဖြည့်ဆည်းရင်း၊ အချိန်ကာလအပိုင်းအခြားတစ်ခုစာ ဇာတိ ပကတိ၌ အလုပ်လုပ်ပြီးနောက်၊ ဇာတိခန္ဓာကို စွန့်ခွာကာ ဇာတိခန္ဓာ၏ ပုံရိပ်အသွင်ဖြင့် ဝိညာဉ်ရေးရာထဲ၌ အလုပ်လုပ်မည်ဖြစ်သည်။ “လမ်းစဉ်… (၅)” မှ ဤကျမ်းပိုဒ်ကို သင်တို့မှတ်မိကောင်း မှတ်မိကြပေမည်၊ “ကမ္ဘာမြေပေါ်တွင်၊ သင့်အဖ၏ အလိုတော်ကိုသာ ဆောင်ရွက်ပြီး၊ သူစေခိုင်းသည့်တာဝန်ကို အဆုံးသတ်ပါ၊ အခြားမည်သည့်အရာမျှ သင်နှင့် သက်ဆိုင်ခြင်းမရှိပါ” ဟု ငါ့ခမည်းတော် ငါ့အား မိန့်ကြားတော်မူသည်ကို ငါအမှတ်ရမိသည်။ ဤကျမ်းပိုဒ်ထဲ၌ သင်မည်သည့်အရာကို မြင်တွေ့ရသနည်း။ ဤကမ္ဘာမြေပေါ် ဘုရားသခင် ကြွလာသည့်အချိန်တွင် သူသည် ဘုရား၏သဘောသဘာဝအတွင်း၌သာ သူ၏အမှုတော်ကို လုပ်ဆောင်လေသည်။ ဤအရာမှာ ကောင်းကင်ဘုံမှ ဝိညာဉ်တော်က လူ့ဇာတိခံယူထားသော ဘုရားသခင်ကို တာဝန်ပေးစေခိုင်းထားသော အရာဖြစ်သည်။ သူကြွလာသည့်အခါ သူသည် ကွဲပြားခြားနားသော နည်းလမ်းများနှင့် မတူညီသော ရှုထောင့်အမြင်များမှ သူ၏စကားတော်များကို မြွက်ဆိုဖွင့်ဟခြင်းငှာသာ နေရာတိုင်း၌ စကားပြောတော်မူသည်။ လူကိုအထောက်အပံ့ပြုခြင်းနှင့် သွန်သင်တော်မူခြင်းတို့ကို သူ၏ပန်းတိုင်များနှင့် အလုပ်လုပ်ဆောင်ရာ နိယာမအဖြစ် အဓိက မှတ်ယူသည်။ သူသည် လူလူချင်း ဆက်ဆံရေးများနှင့် လူတို့ဘဝများ၏ အသေးစိတ်အကြောင်းအရာများကဲ့သို့သော အမှုကိစ္စများကို စိတ်မဝင်စားပါ။ သူ၏အဓိက အမှုတော်မှာ ဝိညာဉ်တော်အတွက် စကားပြောရန်ဖြစ်သည်။ ဘုရားသခင်၏ ဝိညာဉ်တော်သည် ဇာတိခန္ဓာ၌ လက်ဆုပ်လက်ကိုင် ပြနိုင်သည့်သဘောဖြင့် ပေါ်လာသောအခါ၊ သူသည် လူသားအသက်တာအတွက် ထောက်ပံ့ပေးခြင်းနှင့် သမ္မာတရားကို ထုတ်ပြန်ခြင်းတို့ကိုသာ ပြုသည်။ သူသည် လူ့အလုပ်ထဲ ပါဝင်ပတ်သက်ခြင်းမရှိပါ၊ ဆိုလိုသည်မှာ သူသည် လူသားမျိုးနွယ်၏အလုပ်ထဲ၌ မပါဝင်ဟု ဆိုရမည်ဖြစ်သည်။ လူသားများသည် ဘုရားသဘောသဘာဝ၏ အလုပ်ကို မလုပ်နိုင်ကြသလို၊ ဘုရားသခင်သည်လည်း လူသားအလုပ်ထဲ၌ မပါဝင်ပါ။ ဘုရားသခင်သည် သူ၏အမှုတော်ကို လုပ်ဆောင်ရန် ဤကမ္ဘာမြေပေါ် ကြွလာခဲ့သည့်အချိန်မှစ၍ နှစ်များအားလုံးတစ်လျှောက် သူသည် လူတို့မှတစ်ဆင့် ထိုအလုပ်ကို အမြဲလုပ်ဆောင်တော်မူခဲ့၏။ သို့သော်၊ ဤလူတို့ကို လူ့ဇာတိခံယူထားသော ဘုရားသခင်ဟု သတ်မှတ်၍မရဘဲ၊ ဘုရားသခင်၏ အသုံးပြုခြင်းခံရသော လူများအဖြစ်သာ သတ်မှတ်ရပေမည်။ သို့သော်၊ ယနေ့၏ ဘုရားသခင်သည် ဝိညာဉ်တော်၏အသံတော်ကို စေလွှတ်ပြီး၊ ဝိညာဉ်တော်ကိုယ်စား အလုပ်လုပ်ကာ၊ ဘုရားသဘောသဘာဝ၏ ရှုထောင့်မှ တိုက်ရိုက်စကားပြောနိုင်ပေသည်။ ထိုနည်းတူစွာ၊ ခေတ်ကာလများတစ်လျှောက် ဘုရားသခင်အသုံးပြုခဲ့သော ထိုသူအပေါင်းတို့သည် သွေးသားကိုယ်ခန္ခာအတွင်း၌ ဘုရားသခင်၏ ဝိညာဉ်တော် အလုပ်လုပ်တော်မူခြင်း၏ သာဓကများ ဖြစ်ကြသည်။ ထို့ကြောင့်၊ ၎င်းတို့ကို ဘုရားသခင်ဟု အဘယ့်ကြောင့် ခေါ်ဝေါ်၍ မရသနည်း။ သို့သော်၊ ယနေ့၏ ဘုရားသခင်သည်လည်း ဇာတိခန္ဓာ၌ ဘုရားဝိညာဉ်တော်၏ တိုက်ရိုက် အလုပ်လုပ်တော်မူခြင်းဖြစ်သလို၊ ယေရှုမှာလည်း ဇာတိခန္ဓာ၌ ဘုရားဝိညာဉ်တော်၏ အလုပ်လုပ်တော်မူခြင်းဖြစ်၏၊ ဤသူနှစ်ဦးလုံးကို ဘုရားသခင်ဟု ခေါ်ဝေါ်ကြသည်။ ထို့ကြောင့် ခြားနားချက်မှာ အဘယ်အရာ ဖြစ်သနည်း။ ခေတ်ကာလများ တစ်လျှောက်တွင်၊ ဘုရားသခင်အသုံးပြုခဲ့သော လူအပေါင်းတို့သည် သာမန်အတွေးအခေါ်နှင့် အသိစိတ်တို့ကို လုပ်ဆောင်နိုင်သူများဖြစ်ကြသည်။ လူ့အမူအကျင့်၏ အခြေခံသဘောတရားကို ၎င်းတို့အားလုံး သိကြသည်။ ၎င်းတို့သည် သာမန်လူ့အတွေးအခေါ်များကို စွဲကိုင်ထားကြပြီး၊ ပုံမှန်လူတို့ ရှိထားသင့်သည့် အရာများအားလုံး ဆင်ယင်ထားကြသူများဖြစ်သည်။ ၎င်းတို့ထဲမှာ အများစုမှာ ထူးခြားသော ပါရမီနှင့် မွေးရာပါ ဉာဏ်ရည်ဉာဏ်သွေး ရှိကြ၏။ ဤလူတို့အပေါ် အလုပ်လုပ်ရာတွင်၊ ဘုရားသခင်၏ ဝိညာဉ်တော်သည် ဘုရားပေးထားသည့် ဆုကျေးဇူးများဖြစ်သော ၎င်းတို့၏ ပါရမီများကို ထိန်းချုပ်အသုံးပြုတော်မူလေသည်။ ဘုရားသခင်၏ အမှုတော်မြတ်၌ ၎င်းတို့၏ စွမ်းပကားများကို အသုံးပြုရင်း ဘုရားသခင်၏ ဝိညာဉ်တော်သည် ၎င်းတို့၏ပါရမီများကို ဆောင်ယူအသုံးပြုတော်မူသည်။ သို့သော်၊ ဘုရားသခင်၏ အနှစ်သာရမှာ စိတ်ကူးနှင့် အတွေးအခေါ်များ ကင်းလွတ်ပြီး၊ လူသား၏ရည်ရွယ်ချက်များနှင့် ရောနှောခြင်းမရှိဘဲ၊ ပုံမှန်လူတို့ ဆင်ယင်ထားသည့် အရာပင်လျှင် မရှိပါ။ တစ်နည်းဆိုရလျှင် လူ့အမူအကျင့်၏ အခြေခံသဘောတရားများဖြင့်ပင်လျှင် သူအကျွမ်းဝင်မှုမရှိဟု ဆိုရမည်ဖြစ်သည်။ ဤသည်မှာ ယနေ့၏ဘုရားသခင် ကမ္ဘာမြေပေါ်ကြွလာသောအခါ ဖြစ်သောပုံစံဖြစ်သည်။ သူ၏အမှုတော်နှင့် နှုတ်ကပတ်တော်များမှာ လူ့ရည်ရွယ်ချက်များ သို့မဟုတ် လူ့ထင်မြင်ချက်နှင့် ရောနှောခြင်း မရှိဘဲ ၎င်းတို့သည် ဝိညာဉ်တော်၏ ရည်ရွယ်ချက်များ၏ တိုက်ရိုက်သရုပ်သကန်တစ်ခု ဖြစ်ပြီး သူသည် ဘုရားသခင်ကိုယ်စား တိုက်ရိုက်အလုပ်လုပ်လေသည်။ ဤသည်မှာ ဝိညာဉ်တော်သည် တိုက်ရိုက်ပြောဆိုသည်ဟု အဓိပ္ပာယ်ရသည်၊ အတိအကျဆိုရလျှင် ဘုရားသဘောသဘာဝသည် လူသား၏ ရည်ရွယ်ချက်များထဲ၌ တစ်စက်လေးမျှပင် ရောစပ်ခြင်းမရှိဘဲ အမှုကို တိုက်ရိုက်ပြုသည်။ တစ်နည်းဆိုရလျှင် ဘုရား၏သဘောသဘာဝကို တိုက်ရိုက်သရုပ်ထင်စေသော လူ့ဇာတိခံယူထားသည့် ဘုရားသခင်သည် လူ့အတွေးအခေါ် သို့မဟုတ် စိတ်ကူးများမရှိသလို လူ့အမူအကျင့်၏ အခြေခံသဘောတရားများကိုလည်း နားလည်သဘောပေါက်မှုမရှိခြင်း ဖြစ်သည်။ ဘုရား၏ သဘောသဘာဝ တစ်ခုတည်းကသာ အမှုပြုခဲ့သည်ဆိုလျှင် (အဓိပ္ပာယ်မှာ ဘုရားသခင် ကိုယ်တော်တိုင်ကသာ အမှုပြုခဲ့သည်ဆိုလျှင်)၊ ကမ္ဘာမြေပေါ်၌ ဘုရားအမှုတော်ကို လုပ်ဆောင်ဖို့ရန်အတွက် နည်းလမ်းရှိခဲ့လိမ့်မည် မဟုတ်ပေ။ ထို့ကြောင့်၊ ဘုရားသခင် ကမ္ဘာမြေပေါ်ကြွလာသောအချိန်တွင် ဘုရား၏သဘောသဘာဝထဲ၌ ဘုရားသခင်ပြုသောအမှုနှင့် ယှဉ်လျက် လူ့သဘာဝအတွင်း အလုပ်လုပ်ဖို့ရန် သူအသုံးပြုလေ့ရှိသည့် အရေအတွက်နည်းပါးသော လူများရှိရမည် ဖြစ်သည်။ တစ်နည်းအားဖြင့်၊ ဘုရားသခင်သည် မိမိ၏ ဘုရားသဘောသဘာဝအလုပ်ကို ထောက်မဖို့ရန်အတွက် လူသားအလုပ်ကို အသုံးပြုခြင်းဖြစ်သည်။ သို့မဟုတ်လျှင်၊ လူအတွက် ဘုရားသဘောသဘာဝ၏ အလုပ်နှင့် တိုက်ရိုက်ထိတွေ့လာနိုင်ရန် နည်းလမ်းရှိလိမ့်မည်မဟုတ်ပေ။ ဤသည်မှာ ယေရှုနှင့် သူ၏တပည့်များ ဖြစ်ခဲ့သည့် ပုံစံဖြစ်သည်။ ကမ္ဘာပေါ်၌ သူရှိခဲ့သည့်အချိန်အတွင်းတွင်၊ ယေရှုသည် ပညတ်ချက်ဟောင်းများကို ဖျက်ပယ်ခဲ့ပြီး ပညတ်တရား အသစ်များကို ချမှတ်ခဲ့သည်။ များစွာသော နှုတ်ကပတ်တော်များကိုလည်း သူမိန့်မြွက်တော်မူခဲ့၏။ ဤအမှုအားလုံးကို ဘုရား၏သဘောသဘာဝထဲ၌ လုပ်ဆောင်တော်မူခဲ့ခြင်းဖြစ်သည်။ ပေတရု၊ ပေါလုနှင့် ယောဟန်ကဲ့သို့ အခြားသောသူအားလုံးတို့သည် ၎င်းတို့၏နောက်ဆက်တွဲအလုပ်ကို ယေရှု၏နှုတ်ကပတ်တော်များ၏ အခြေခံအုတ်မြစ်ပေါ်တွင် မှီထားခဲ့ကြသည်။ ဆိုလိုသည်မှာ ဘုရားသခင်သည် ကျေးဇူးတော်ခေတ်၏ အစပြုခြင်းကို ဖွင့်ပေးရင်း သူ၏အလုပ်ကို ယင်းခေတ်ထဲ၌ စတင်ဆောင်ရွက်နေခဲ့ခြင်းဖြစ်သည်၊ တစ်နည်းအားဖြင့်ဆိုလျှင် ဘုရားသခင်သည် အဟောင်းကို ပယ်ဖျက်ပြီး “ဘုရားသခင်သည် အစအဦးနှင့် နောက်ဆုံးဖြစ်တော်မူသည်” ဟူသော စကားများကိုလည်း ပြည့်စုံစေရင်း ခေတ်ကာလသစ်ကို ယူဆောင်လာခဲ့ခြင်းဖြစ်သည်။ တစ်နည်းအားဖြင့်၊ လူသည် ဘုရားသဘောသဘာဝအမှုတော်၏ အခြေခံအုတ်မြစ်အပေါ်တွင် လူသားအလုပ်ကို လုပ်ဆောင်ရမည်ဖြစ်သည်။ ယေရှုသည် သူပြောရန် လိုအပ်သည်များအားလုံးကို မိန့်မြွက်ပြီး ကမ္ဘာမြေပေါ်၌ သူ၏အမှုတော်ကို လက်စသတ်ပြီးနောက် လူကိုစွန့်ခွာခဲ့လေသည်။ ဤအရာပြီးနောက်၊ အလုပ်လုပ်ခြင်း၌ လူအားလုံးတို့သည် သူ၏ နှုတ်ကပတ်တော်များထဲတွင် ဖော်ပြထားသော နည်းဥပဒေသများအတိုင်း လုပ်ဆောင်ခဲ့ကြပြီး၊ သူမိန့်မြွက်ခဲ့သည့် သမ္မာတရားများနှင့်အညီ ကျင့်သုံးခဲ့ကြသည်။ ဤသူတို့မှာ ယေရှုအတွက် အလုပ်လုပ်ဆောင်ကြသော လူအားလုံးဖြစ်သည်။ ယေရှုတစ်ဦးတည်း အမှုတော်လုပ်ဆောင်နေခဲ့ပါလျှင်၊ နှုတ်ကပတ်တော်များ အဘယ်မျှလောက် သူမိန့်မြွက်ခဲ့ပါစေ၊ လူတို့သည် သူ၏ နှုတ်ကပတ်တော်များနှင့် ထိတွေ့လာနိုင်ခဲ့ကြလိမ့်ဦးမည်မဟုတ်၊ အဘယ့်ကြောင့်ဆိုသော် သူသည် ဘုရား၏ သဘောသဘာဝထဲ၌ အလုပ်လုပ်ကာ ဘုရားသဘောသဘာဝ၏ နှုတ်ကပတ်တော်များကိုသာ မိန့်မြွက်နိုင်ပြီး သူ၏ နှုတ်ကပတ်တော်များကို သာမန်လူတို့ နားလည်နိုင်သည်အထိ အမှုအရာတို့ကို သူရှင်းပြနိုင်ခဲ့မည် မဟုတ်ခြင်းကြောင့် ဖြစ်သည်။ ထို့ကြောင့် သူ၏အမှုတော်ကို ဖြည့်စွက်ဖို့ရန်အတွက် သူ့နောက်တွင် ရောက်လာခဲ့ကြသည့် တမန်တော်များနှင့် ပရောဖက်တို့ ရှိထားဖို့ရန် သူလိုအပ်ခဲ့ခြင်းဖြစ်သည်။ ဤသည်မှာ လူ့ဇာတိခံယူထားသော ဘုရားသခင်က သူ၏အမှုတော်ကို လုပ်ဆောင်ပုံနှင့်ဆိုင်သည့် နည်းဥပဒေသဖြစ်သည်၊ ဘုရားဖြစ်တော်မူခြင်း၏ အမှုတော်ကို ပြည့်စုံစေရန်အတွက်အလို့ငှာ လူ့ဇာတိခံယူထားသော ဇာတိခန္ဓာကို အသုံးပြုခြင်းနှင့် သူ၏အမှုတော်ကို ဖြည့်စွက်ဖို့ရန် ဘုရားသခင်၏ စိတ်နှလုံးနှင့် ညီသော လူအနည်းငယ် သို့မဟုတ် ပိုများနိုင်သော လူတို့ကို အသုံးပြုခြင်းဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုရလျှင် ခပ်သိမ်းသောလူတို့ သမ္မာတရားကို ရရှိနိုင်စေဖို့အလို့ငှာ ဘုရားသခင်သည် ထိန်းကျောင်းခြင်းနှင့် ရေလောင်းပေးခြင်းအလုပ်ကို လုပ်ဆောင်ရန်အတွက် သူ၏စိတ်နှလုံးနှင့် ညီသောလူတို့ကို အသုံးပြုတော်မူခြင်းဖြစ်သည်။