菜單

မူလစာမျက်နှာ သတင်းအချက်အလက် အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ စွဲကိုင်ထားသူ လွတ်လပ်မှန်ကန်တဲ့လူ့အခွင့်အရေး ကယ်တင်ရှင်ပြန်ကြွလာပြီ ဧဝံဂေလိတရားတော် ကောင်းကင်နိုင်ငံတော်သီချင်း အမှန်တရားကို ဖေါ်ထုတ်ခြင်း နိုင်ငံတော် ချီးမွမ်းခြင်း တေးဂီတ ဘုရားသခင်၏ နှုတ်ကပတ်တော်များ ဖတ်ကြားခြင်းများ

4/17/2019

ကိုယ်စွမ်းကိုယ်စ တိုးတက်ကောင်းမွန် စေခြင်းသည် ဘုရားသခင်၏ ကယ်တင်ခြင်း ရရှိရေးအတွက် ဖြစ်သည်

ကယ်တင်ခြင်း, ခရစ်တော်၏ ပြောကြားချက်များ, သက်သေခံချက်, အသက်,

ဘုရားသခင်၏ စကားတော် | ကိုယ်စွမ်းကိုယ်စ တိုးတက်ကောင်းမွန် စေခြင်းသည် ဘုရားသခင်၏ ကယ်တင်ခြင်း ရရှိရေးအတွက် ဖြစ်သည်

လူတွေ၏ ကိုယ်စွမ်းကိုယ်စ တိုးတက်ကောင်းမွန် စေခြင်းဆိုသည်မှာ သင့်တို့၌ရှိသော အရည်အသွေး များအား တိုးတက်စေရန် သင်တို့လက်ခံဖို့ တောင်းဆိုခြင်းပင် ဖြစ်၏။ သင်တို့အား ပြောသော စကားများကို ရှင်းလင်းစွာ သင်တို့ခံယူခြင်းသည် သင်တို့ဆီသို့ အခြေခံကျဆုံး တောင်းဆိုမှု ဖြစ်သည်။ ငါပြောသည့် စကားများကို နားမလည်ဘဲ ငါ့နောက်သို့ လိုက်သည်ဆိုခြင်းမှာ ယောင်ချာချာယုံကြည်ခြင်း မဟုတ်သလော။ သင်တို့၏ ကိုယ်စွမ်းကိုယ်စသည် အလွန်နိမ့်ကျသည်။ ထိုသို့ဖြစ်ရခြင်းမှာ ပြောထားသောအရာ ဘာဆိုသည်ကို နားလည်မှု အနည်းငယ်မျှ သင်တို့၌မရှိ၊ လက်ခံနိုင်ရန် စွမ်းအားများ သင်တို့၌ မရှိသောကြောင့်ဖြစ်၏။ ထိုသို့ ဖြစ်သောကြောင့် လိုချင်တောင့်တသော ရလဒ်များ ရရှိရန်ဆိုသည်မှာ အလွန်ခဲယဉ်းလှ၏။ သင့်တို့ကို စကားများစွာ တိုက်ရိုက် ပြော၍မရ။ မူလအကျိုး သက်ရောက်မှုမရှိနိုင်။ ထို့ကြောင့်၊ ငါ၏ အလုပ်ကို နောက်ထပ် ဖြည့်လုပ်စရာရှိ၏။ “လူတွေ၏ ကိုယ်စွမ်းကိုယ်စ မြှင့်တင်ခြင်း” ဆိုသည့်အလုပ်ကို သင်တို့တွင် စတင်လုပ်ဆောင်ရန် လိုအပ်သည့် အကြောင်းမှာ သင်တို့ လက်ခံနိုင်ခြင်း၏ အရည်အချင်းများ၊ မြင်နိုင်သော အရည်အချင်းများနှင့် သင်တို့၏ အသက်တာ အဆင့်တန်းများသည် အလွန်အမင်း ဆင်းရဲသောကြောင့် ဖြစ်သည်။ ဤအရာသည် လိုအပ်သော လမ်းညွန်မှု ဖြစ်၏၊ အခြားနည်းလမ်းမရှိ။ ရလဒ်များ၏ တစ်စိတ် တစ်ပိုင်း ဖြစ်မြောက်ဖို့ရန် ယင်းနည်းလမ်းသာ ဖြစ်ရမည်။ သို့မဟုတ်လျှင်၊ ငါပြောသမျှသော စကားများသည် အချည်းနှီး ဖြစ်လျက်၊ အပြစ်သားများအဖြစ် သင်တို့သည် သမိုင်းတွင် သွားလိမ့်မည် မဟုတ်လော။ သင်တို့သည် ကိုယ်စွမ်းကိုယ်စ ယိုယွင်းလာမည် မဟုတ်လော။ သင်တို့အပေါ်တွင် ပြုနေပြီးဖြစ်သော ဤအလုပ်သည် အဘယ်အလုပ် ဖြစ်သနည်း။ သင်တို့ လိုအပ်နေသော အရာမှာ အဘယ်နည်း။ သင်တို့ မသိသလော။ သင်တို့၏ ပင်ကိုယ် ကိုယ်စွမ်းကိုယ်စကို သင်တို့ သိသင့်သည်။ ထိုအကျင့်သည် ငါတောင်းဆို သည်အတိုင်း လုံးဝမဖြစ်နိုင်။ ၎င်းက အလုပ်ကို နှောင့်နှေးစေသည် မဟုတ်လော။ လက်ရှိ သင်တို့၏ ကိုယ်စွမ်း ကိုယ်စနှင့် အကျင့်စာရိတ္တအရ၊ ငါ၏သက်သေ ဖြစ်ထိုက်သောသူ သင်တို့တွင် တစ်ယောက်မျှ မရှိ။ ငါ့အနာဂါတ် အလုပ်၏ ကြီးလေးသော ဝတ္တရားကို လုပ်ဆောင်နိုင်သူ သင်တို့တွင် တစ်ယောက်မျှ မရှိ။ ယင်းအကြောင်းကြောင့် သင်တို့သည် အလွန်ရှက်ကြောက်ခြင်း မရှိသလော။ ဤအတိုင်းသာ ဆက်ဖြစ် နေလျှင် ငါ၏ လိုအင်ဆန္ဒများ အားလုံးကို အဘယ်နည်းနှင့် ကျေနပ်စေနိုင်မည်နည်း။ သင်သည် ကိုယ့်အသက်တာကို ကြွယ်ဝပြီး လုပ်ရကျိုးရှိအောင် ပြုသင့်သည်။ အချိန်ကို အလဟဿ မကုန်စေနှင့်။ ထိုသို့ အချိန်ကုန်စေခြင်းသည် တန်ဖိုးမရှိပါ။ သင်က အဘယ်အရာများနှင့် တန်ဆာဆင်သင့်ကြောင်းကို သိသင့် ပေ၏။ မိမိကိုယ်ကို ဟိုစပ်စပ် ဒီစပ်စပ် လုပ်တတ်သူကဲ့သို့ မထင်မှတ်ပါနှင့်။ ထိုသို့ နီးပါးလည်း မဖြစ်စေနှင့်။ လူသားသဘော သဘာဝအကြောင်း အခြေခံလေးတောင် သင်မသိလျှင် အဘယ်ပြောစရာ ရှိသနည်း။ ဤအရာအားလုံးက အဓိပ္ပါယ်ကင်းမဲ့ခြင်းသို့ ဖြစ်သွားသည် မဟုတ်လော။ လူ့ကိုယ်စွမ်းကိုယ်စအပေါ် ငါတောင်းဆိုသည့် အရာနှင့် ပတ်သက်လျှင် သင်တို့ထဲတွင် အရည်အချင်း အလျှင်းပြည့်ဝသူ တစ်ယောက် တစ်လေမျှပင် မရှိကြချေ။ အသုံးတည့်မည့် လူတစ်ဦး ရှာတွေ့ရန် ဆိုသည်မှာ အလွန်ခက်ခဲပါသည်။ သင်တို့က ငါ့အတွက် သာ၍ကြီးမားသော အလုပ်ကို လုပ်ဆောင်နိုင်သော လူများဖြစ်သည်ဟု သင်တို့ယုံကြည်လျက်၊ ငါ့ထံမှ သာ၍ကြီးမားသော တာဝန်ပေးအပ်ခြင်း တစ်ခုကို လုပ်ဆောင်နိုင်သည်ဟု သင်တို့ ယုံကြည်ကြ၏။ အကယ်စင်စစ်၊ သင်တို့ရှေ့က သင်ခန်းစာများကို မည်ကဲ့သို့ ခံယူရသည်ကိုပင် သင်တို့မသိကြ။ ထို့ကြောင့် သာ၍ နက်နဲသော သမ္မာတရားများဆီသို့ ဝင်ရောက်ရန် မည်ကဲ့သို့ ဖြစ်နိုင်မည်နည်း။ သင်တို့ ဝင်ရောက်ခြင်းသည် နည်းစနစ်ကျကျ ဖြစ်ရမည်။ ပေါက်တတ်ကရ မလုပ်နှင့်။ ယင်းသည် ကောင်းသောအရာ ဖြစ်လိမ့်မည် မဟုတ်။ ရေတိမ်ရာ အစပ်မှသာ ဝင်ရောက်ပါ၊ နားလည်မှုနှင့် ရှင်းလင်းမှု သင်တို့ရသည့်တိုင် ဤစကားများကို တစ်ကြောင်းပြီး တစ်ကြောင်းဖတ်ရှုပါ။ ညီအစ်ကို၊ မောင်နှမ အယောက်စီတိုင်းသည် အနည်းဆုံး စာဖတ်တတ်သင့်ပါသည်။ အလျင်စလို ကြည့်ရုံမျှ မဖြစ်စေနှင့်။ ဟန်ဆောင် လုပ်ပြခြင်းလည်း မပြုနှင့်။ သာမန်အားဖြင့်၊ ရည်ညွှန်းစာအုပ်များကိုလည်း (သဒ္ဒါ/နှုတ်မှုစာအုပ်များ ကဲ့သို့သော) သင်ဖတ်ရှု နိုင်သည်။ သင့်စိတ်အား အလွန်အကျွံ လှုံ့ဆော်ပေးသည့် စာအုပ်များကို (အချစ်ဝတ္ထုများ၊ အပြာစာအုပ်၊ မဂ္ဂဇင်းများ၊ သို့မဟုတ် ကြီးမြတ်သော လူများ၏ အတ္ထုပတ္တိများ) ဖတ်စရာမလိုပါ။ ထိုအရာက အကောင်းထက် အဆိုးသာ ဖြစ်စေ၏။ သင်ဝင်ရောက်ရမည့်အရာ၊ နားလည်ရမည့် အရာဟူသမျှကို သင်က ပိုင်နိုင်ရမည်။ ကိုယ်စွမ်းကိုယ်စ တိုးတက်ကောင်းမွန် စေခြင်း၏ ရည်ရွယ်ချက်သည် လူတွေမှ မိမိတို့၏ အနှစ်သာရ၊ ဖြစ်ခြင်း၊ ဂုဏ်ဒြပ် သို့မဟုတ် တန်ဖိုးကို နားလည်လာစေခြင်းပင် ဖြစ်၏။ အသင်းတော်များ အဓိကထား ဝင်ရောက်သင့်သည့် အရာက အဘယ်နည်း။ ယနေ့လူတွေက မိမိတို့၏ ကိုယ်စွမ်းကိုယ်စ မြင့်မားစေခြင်း မဟုတ်လော။ ပညာတတ် ဖြစ်လာရေးအတွက် ဆွဲကိုင်ရမည့် အရာဖြစ်သည်။ လက်လွှတ်၍ မရပါ။ လူတွေ၏ ကိုယ်ကျင့်တရားကို အဘယ်ကြောင့် တိုးမြှင့်စေရမည့်အကြောင်း၊ မည်ကဲ့သို့ တိုးမြှင့်မည့် အကြောင်းနှင့် ဘယ်လိုကဏ္ဍဖြင့် ဝင်ရောက်ရမည်ကို သင်တို့နားလည်ရမည့် ကဏ္ဍတစ်ခုဖြစ်သည်။ သာမန်လူသား သဘောသဘာဝဆိုသော အဓိပ္ပါယ်ကို သင်တို့နားလည်ရမည်။ ဘာကြောင့် ၎င်းအလုပ်ကို လုပ်ရမည့်အကြောင်း၊ မည်ကဲ့သို့ ပူးပေါင်းဆောင်ရွက်ရမည့် အကြောင်းကို သင်တို့ နားလည်ရမည်။ ပညာတတ်တစ်ဦး ဖြစ်လာရေး၌ အဘယ်မည်သော ကဏ္ဍကို သင်ယူရမည်နည်း။ ဘယ်လို စတင်ရမည်နည်း။ ပညာတတ် ဖြစ်လာခြင်း၏ ရည်ရွယ်ချက်က အဘယ်ဖြစ်သည်ကို သင်တို့အားလုံး သိသင့်သည်။ ယင်းမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များ နားလည်ခြင်း မဟုတ်လော၊ သမ္မာတရားသို့ ဝင်ရောက်ခြင်း မဟုတ်လော။ ယခု အသင်းတော်များ၌ နေရာတကာ ပြည့်နှက်နေသည့် အရာက အဘယ်အခြေအနေ ဖြစ်သနည်း။ လူတစ်ဦးအား ပညာတတ် ဖြစ်လာရန် သင်တို့ ပြောဆိုလျှင် ဘုရားသခင်၏ စကားတော်များ၌ မွေ့လျော်ခြင်းအကြောင်းကို သူတို့က မေ့လျော့သည်။ သင်တို့က သာမန်လူသား သဘောသဘာဝ အကြောင်းကို ပြောဆိုလျှင်၊ သူတို့က ကိုယ့်အိမ်အား ရှင်းလင်းမည့်အရေး၊ ကြမ်းပြင်အား တံမြက်လှည်းခြင်း သို့မဟုတ် ချက်ပြုတ်ခြင်း၊ မီးဖိုဆောင် သန့်ရှင်းရေး လုပ်ခြင်းနှင့် ချက်ပြုတ်ရေး အသုံးအဆောင်များ ဝယ်ခြင်း အကြောင်းများကိုသာ အာရုံစိုက်ကြသည်။ ယင်းကိစ္စများကိုသာ အရေးတကြီးထားပြီး၊ အသင်းတော် အသက်တာကို သာမန်အားဖြင့် မည်ကဲ့သို့ ဦးဆောင်ရမည်ကို သူတို့မသိကြ။ သို့မဟုတ်လျှင် အဘိဓာန်ထဲမှ စကားလုံး အသစ်တွေကို သင်ယူကြကာ၊ တစ်နေကုန် ဘာမျှမလုပ်ဘဲ နေကြ၏။ သင်က လက်ရှိ အခြေအနေ ထဲသို့ ကျန်နေခဲ့လျှင် လမ်းလွဲသွားပြီ။ ထို့ကြောင့် ဝိညာဉ်ရေး အသက်တာထဲ ဝင်ရောက်ရန် သင့်အား အဘယ့်ကြောင့် တောင်းဆိုရသနည်း။ သင် သင်ယူသမျှက သင့်ကိုတောင်းဆိုသော အရာကို မဖြည့်ဆည်း နိုင်သည့် အရာများဖြစ်သည်။ အသက်တာ ဝင်ရောက်ခြင်းသည် အရေးကြီးဆုံးသော အရာဖြစ်နေမြဲပါ။ ဤအလုပ် လုပ်ရခြင်းက လူတွေ ကြုံတွေ့နေသော ခက်ခဲမှုများအား ဖြေရှင်းပေးရန်ဖြစ်၏။ ကိုယ်ကျင့်တရား တိုးတက် ကောင်းမွန်စေခြင်းက သင့်အား လူ့သဘာဝနှင့် လူ၏အနှစ်သာရကို သိစေသည်။ ယင်းကို သိခြင်း၏ ရည်ရွယ်ချက်သည် လူတွေ ဝိညာဉ်ရေး အသက်တာ ကြီးထွား၍ မိမိတို့ စိတ်နေသဘောထား ပြောင်းလဲစေရန် ဖြစ်သည်။ မည်ကဲ့သို့ ဝတ်ဆင်ပြီး ကြည့်ကောင်းမည်ကို သင်သိကောင်း သိနိုင်သည်၊ သင်၌ ဉာဏ်ပညာနှင့် ထိုးထွင်းသိမြင်မှုတို့ ရှိကောင်းရှိနိုင်သည်၊ သို့သော် နောက်ဆုံး သွား၍လုပ်ဆာင်ရန် အချိန်ကျလာသည့် အခါတွင်မူ၊ သင်မလုပ်ဆောင်နိုင်ချေ။ ထို့ကြောင့် သင်သည် ကိုယ်ကျင့်တရားကို မြှင့်တင်သည့်အခါ လုပ်ဆောင်ရမည့် အရာကို သိသင့်ပါသည်။ သင့်အား ပြောင်းလဲစေခြင်းသည် ပန်းတိုင်ဖြစ်၏။ ကိုယ်စွမ်း ကိုယ်စ မြှင့်တင်ခြင်းသည် နောက်ဆက်တွဲ ဖြစ်သည်။ သင့်ကိုယ်စွမ်းကိုယ်စ တိုးတက်မှု မရှိလျှင် ဘာမျှ ထူးခြားလာမည် မဟုတ်သကဲ့သို့၊ သင့်စိတ်နေသဘောထား မပြောင်းလဲနိုင်ပါက ပို၍ ဆိုးဝါးစေလိမ့်မည်။ အခြားတစ်ခု မရှိပဲ တစ်ခုတည်းနှင့် လုံလောက်လိမ့်မည် မဟုတ်ပါ။ ထူးကဲလှသော သက်သေခံချက်နှင့်အတူ မွေးဖွားခဲ့ပြီး ဆိုသည့်အရာက သင်သည် သာမန်လူသား သဘောသဘာဝ ရှိခြင်းကို ဆိုလိုသည်မဟုတ်။ သင့်အား တောင်းဆိုသောအရာမှာ ရိုးစင်းသော အရာမဟုတ်ပါ။

လူတစ်ဦး၏ ကိုယ်စွမ်းကိုယ်စ တိုးတက်ကောင်းမွန်ပြီးသည့် အချိန်တွင် သာမန်လူသား သဘော သဘာဝ၏ အသိတရားနှင့် အသက်ရှင်ပုံ ပိုင်ဆိုင်လာပြီး အသက်တာသို့ ဝင်ရောက်ခြင်းလည်း ရှိလာသည်။ သို့ပြီးမှသာ သူတို့သည် ပြောင်းလဲခြင်းသို့ ရောက်နိုင်ကြပြီး သက်သေခံနိုင်မည်။ သက်သေခံသည့် နေ့ရက် ရောက်လာချိန်တွင် လူ့အသက်တာထဲက ပြောင်းလဲခြင်းအကြောင်း ပြောဖို့လိုအပ်လာလျက်၊ လူ့အထဲက ဘုရားသခင်အကြောင်း သိခြင်းတရားကိုလည်း ပြောဖို့လိုလာသည်။ ယင်းကဏ္ဍနှစ်ခု ပေါင်းစပ်ခြင်းသာလျှင် စစ်မှန်သော သက်သေခံချက်ဖြစ်ပြီး၊ သင်ရရှိသော အကျိုးအမြတ် စစ်စစ်ဖြစ်၏။ အပြင်ပန်းကသာ လူသား သဘောသဘာဝ ပြောင်းလဲပြီး အတွင်းက နားလည်မှု ဘာမျှမရှိဘဲနေလျှင် ဘာမှ ထူးခြားလာမည်မဟုတ်။ အတွင်းက နားလည်မှုရှိ၍ သမ္မာတရား ရှိစေကာမူ၊ သာမန်လူသား သဘောသဘာဝ အသက်ရှင်ခြင်းကို လစ်လျူရှုလျှင်လည်း ဘာမှဖြစ်လာမည် မဟုတ်ပေ။ သင့်အပေါ် ယနေ့လုပ်ဆောင်ခြင်းသည် သူတပါး များအား ပြသခြင်းငှါမဟုတ်၊ သင်ပြောင်းလဲခြင်း အတွက်ဖြစ်သည်။ မိမိကိုယ်ကို ပြောင်းလဲခြင်း အမှု အရာတွင် သင်က ရိုးစင်းစွာ အာရုံစိုက်ရန်သာ လိုအပ်သည်။ နေ့စဉ် သင်သည် စာရေးသားခြင်းနှင့် ကြားနာခြင်း ပြုကောင်းပြုလိမ့်မည်။ သို့သော် သင့်အသက်တာ၏ အခြားသော နေရာများတွင် အာရုံမစိုက်ဘဲနေလျှင် ဘာအကျိုးမျှ မရှိလာနိုင်ပါ။ ကဏ္ဍတိုင်း၌ သင်ဝင်ရောက်သင့်သည်။ သန့်ရှင်းသူတစ်ဦး၌ ရှိသော သာမန် အသက်တာ သင်၌ရှိသင့်သည်။ သန့်ရှင်းသူများ၏ ယဉ်ကျေးဖွယ်ရာ ရှိခြင်းကို လုံးဝပျောက်ကွယ် စေသည့်တိုင်၊ ညီအစ်မများစွာက ချမ်းသာကြွယ်ဝသော အမျိုးသမီးများကဲ့သို့ ဝတ်ဆင်ကာ၊ ညီအစ်ကို များစွာက ချမ်းသာကြွယ်ဝသော လူကြီးမင်း သို့မဟုတ် သူကောင်းမျိုးများကဲ့သို့ ဝတ်ဆင်ကြသည်။ မတော် တဆ ရရှိနိုင်သည့်အရာမှာ ကဏ္ဍတစ်ခုက လူတစ်ဦး၏ ကိုယ်ကျင့်တရားကို မြှင့်တင်စေခြင်း ဖြစ်သည်။ အရေးကြီးသော အခြားကဏ္ဍ သော့ချက်တစ်ခုမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသုံးခြင်း၊ သောက်သုံးခြင်းဖြစ်သည်။ သင်၏ ကိုယ်စွမ်းကိုယ်စက တိုးမြှင့်ခြင်းရှိပြီး၊ ဘုရားသခင်၏ နှုတ်ကပတ်တော် များအား စားသုံးခြင်း၊ သောက်သုံးခြင်း မရှိသောကြောင့် အသုံးမချဘဲနေလျှင်၊ သင်၏ သင်ယူခြင်းသည် အချိန်ဖြုန်းတီးခြင်း မဟုတ်လော။ ကဏ္ဍနှစ်ခုလုံး ပေါင်းစည်းရမည်။ သင့်အား တောင်းဆိုသောအရာကို ဆွေးနွေးခြင်း၌ ဘုရားသခင်အား သိကျွမ်းခြင်းကို အဘယ့်ကြောင့် ပြောဆိုရသနည်း။ အနာဂါတ်ဆိုင်ရာ အလုပ်၏ ရလဒ်များအတွက် မဟုတ်လော။ သင်သည် သိမ်းပိုက်ခြင်း ခံရပြီးသည့် နောက်တွင် သင်ကိုယ်တိုင် အတွေ့အကြုံများမှ သက်သေခံနိုင်ရမည်။ သင်၏ အပေါ်ယံ ပုံပန်းသဏ္ဍာန်က သာမန်လူသား သဘောသဘာဝ တစ်ခုဖြစ်သည့်တိုင်၊ သင်သည် နှုတ်အားဖြင့် မိမိအတွေ့အကြုံများကို မဖော်ပြနိုင်လျှင် ဘာအကျိုးမှမရှိ။ သာမန်ဝိညာဉ်ရေး အသက်တာ သင်၌ ရှိသည့်အချိန်တွင် သာမန်လူသား သဘောသဘာဝကို ရရှိသင့်သည်။ ထိုသို့ပြီးမှ သာမန်လူသား သဘောသဘာဝ၏ ကဏ္ဍများစွာကို အမှတ်တမဲ့ သင်ယူ၍ ရလာလိမ့်မည်။ ကြမ်းပြင်အား တံမြက်လှည်းဖို့ရန် အထူးသင်တန်း တက်စရာ လိုအပ်မည်ဟု သင်ဆိုမည်လော။ အကယ်၍ အစာစားရန် တူများအား မည်ကဲ့သို့ ကိုင်တွယ်ရမည်ကို လေ့ကျင့်ရန် အချိန်တစ်နာရီသုံးပါလျှင်၊ ၎င်းသည် သာ၍ လက်မခံနိုင်စရာ ဖြစ်သွားသည်။ သာမန်လူသား သဘောသဘာဝတွင် အောက်ပါကဏ္ဍများ ပါဝင်သည်။ ထိုးထွင်းသိမြင်သောဉာဏ်၊ အသိတရား၊ အကောင်းအဆိုး ပိုင်းခြားတတ်သည့်စိတ်နှင့် အကျင့်စာရိတ္တတို့ ဖြစ်၏။ အကယ်၍ ယင်းကဏ္ဍတိုင်းတွင် ပုံမှန်သဘောကို သင်ရရှိနိုင်လျှင် သင်၏ လူသားသဘော သဘာဝသည် စံပြဖြစ်သည်။ သာမန် သက်ရှိလူသားတစ်ဦး၏ ပုံသဏ္ဍာန် သင်၌ရှိသင့်ပြီး ဘုရားသခင်ကို ယုံကြည်သော သူတစ်ဦးကဲ့သို့ ကျင့်ကြံသင့်သည်။ သင်၌ ကြီးကြီးမားမား အထွတ်အထိပ်နှင့် သံခင်းတမန်ခင်း ပညာရှိစရာလည်း မလိုအပ်ပါ။ သင်သည် သာမန်လူသားတစ်ဦးဖြစ်ပြီး၊ သာမန်ပုဂ္ဂိုလ်တစ်ဦး၏ အသိတရား ရှိသူ၊ ဖြစ်ရပ်များအား ထိုးထွင်းမြင်နိုင်သူ၊ အနည်းဆုံး သာမန် သက်ရှိလူသားတစ်ဦးနှင့် တူညီသောသူ ဖြစ်ဖို့ရန်သာ လိုအပ်သည်။ ယင်းသည် လုံလောက်လိမ့်မည်။ ယနေ့သင့်အား တောင်းဆိုသည့်အရာ ဟူသမျှသည် သင်တတ်စွမ်းနိုင်သည့် အရာများဖြစ်ကာ၊ သင်မတတ်နိုင်သော အရာကို အတင်းအဓ္ဓမ လုပ်ခိုင်းခြင်း မဟုတ်ပါ။ သင့်အပေါ်တွင် ပြုလေသမျှသည် အကျိုးမဲ့သောစကားများ သို့မဟုတ် အကျိုး မရှိသော လုပ်ဆောင်မှု ဘာတစ်ခုမှမရှိ။ သင့်အသက်တာထဲက ဖွင့်ပြထားသည့်အရာနှင့် ဖော်ပြသည့် အကျည်းတန်ခြင်းတို့ကို စွန့်ပစ်ရမည်။ စာတန်က သင်တို့ကို ပျက်စီးစေခဲ့ပြီး၊ စာတန်၏ အဆိပ်အတောက် များစွာ သင်တို့တွင်ရှိ၏။ သင့်အား တောင်းဆိုသည့် အရာဟူသမျှက စာတန်၏ ပျက်စီးယိုယွင်းသည့် ဤစိတ် သဘောထားကို ဖြေရှင်းဖို့ဖြစ်၍၊ သင့်ကို ရာထူးမြင့်စေရန်မဟုတ်၊ သို့မဟုတ် ထင်ပေါ်ကျော်ကြားသူ သို့မဟုတ် မဟာပုဂ္ဂိုလ်တစ်ဦး ဖြစ်စေရန် မဟုတ်ပါ။ ယင်းသည် အသုံးမဝင်ပါ။ သင်တို့အပေါ်တွင် လုပ်ဆောင်သည့် အရာသည် သင်တို့၏ မွေးရာပါအရာနှင့် ညီမျှသည်။ လူတွေကို ငါတောင်းဆိုရာတွင် အကန့်အသတ်များရှိ၏။ အကယ်၍ ယနေ့လူအပေါင်းတို့ကို တရုတ် ကေဒါများနည်းတူ ကျင့်ရန်သော် လည်းကောင်း၊ တရုတ်ကေဒါများ၏ အသံနေ အသံထားအတိုင်း ကျင့်သုံးရန်သော် လည်းကောင်း၊ အစိုးရ ဝန်ထမ်းအကြီးအကဲများကဲ့သို့ စကားပြောဖို့ရန် တောင်းဆို၍ သော်လည်းကောင်း၊ သို့မဟုတ်၊ စာတမ်းရှင်များနှင့် ဝတ္ထုရေးဆရာများနည်းတူ စကားအသံနေ အသံထားနှင့် အပြုအမူနည်းတူ လုပ်ရန် သင်ပေးလျှင် လည်းကောင်း ဘာမှ ထူးခြားမည် မဟုတ်ပါ။ ၎င်းသည် ရယူနိုင်သောအရာ ဖြစ်လိမ့်မည်မဟုတ်။ ဤလူတွေ၏ ကိုယ်စွမ်းကိုယ်စ ရှိသည့်အလျောက်၊ အနည်းဆုံး သူတို့သည် ဉာဏ်ပညာနှင့် လိမ်လိမ်မာမာ စကားပြောတတ်သင့်လျက်၊ ဖြစ်ရပ်များကို ရှင်းလင်းစွာ ရှင်းပြတတ်သင့်သည်။ ထိုအရာသည် တောင်းဆိုချက်များအား ဖြည့်ဆည်းပေးခြင်း ဖြစ်ပေ၏။ အနည်းဆုံး ထိုးထွင်းအမြင်နှင့် အသိတရား ရယူသင့်သည်။ လက်ရှိအချိန်တွင် အဓိကအကျဆုံး အရာသည် စာတန်၏ ယိုယွင်းပျက်စီးသော စိတ်သဘောထားကို စွန့်ပစ်ဖို့ဖြစ်၏။ သင်ဖော်ပြသည့် အကျည်းတန်ခြင်းကို သင်စွန့်ပစ်ရမည်။ ဤအရာများကို သင်မစွန့်ပစ်လျှင်၊ အမြင့်ဆုံးသော အသိတရားနှင့် ထိုးထွင်းအမြင်ကို သင်မည်ကဲ့သို့ ထိတို့နိုင်မည်နည်း။ လူများစွာက ခေတ်ကာလ ပြောင်းလဲသည်ကို မြင်သဖြင့်၊ နှိမ့်ချခြင်း သို့မဟုတ် သည်းခံခြင်း တစ်ခုမှ မကျင့်သုံးတော့ဘဲ၊ မေတ္တာတရား သို့မဟုတ် သန့်ရှင်းသူကဲ့သို့ ယဉ်ကျေးမှုလည်း မရှိခြင်းလည်း ဖြစ်ကောင်း ဖြစ်နိုင်သည်။ ဤလူများသည် အဓိပ္ပာယ်မရှိသော သူများပင်။ သူတို့၌ သာမန်လူသား သဘောသဘာဝ တစ်မူးမျှပင် ရှိသလော။ သက်သေခံ ပြောစရာသူတို့၌ ရှိသလော။ သူတို့၌ အဘယ်မည်သော ထိုးထွင်းအမြင်နှင့် အသိတရား မရှိကြ။ လူတို့ကျင့်ဆောင်မှု၏ အချို့ကဏ္ဍများက စံသွေ၍ မှားယွင်းနေပြီး ၎င်းအရာများကို ပြုပြင်ဖို့လိုအပ်သည်မှာ မှန်ပါသည်။ လူတွေ၏ တင်းမာသော ဝိညာဉ်အသက်တာ သို့မဟုတ် စိတ်တက်ကြွမှု မရှိသည့် ပြင်ပန်းသဏ္ဍာန်နှင့် အတိတ်မိုက်မဲမှု စသည့် အရာအားလုံး ပြောင်းလဲပစ်ဖို့ လိုသည်။ ပြောင်းလဲခြင်းဆိုသည်မှာ သင့်ကို အသောက်အစား အပျော်ပါး၌ မွေ့လျော်ခွင့်ပေးခြင်း သို့မဟုတ် ဇာတိပကတိအား လိုက်လျောဖို့ ခွင့်ပေးခြင်း မဟုတ်ပါ။ သင်ပြောချင်သမျှ ပြောခွင့်ပေးခြင်း မဟုတ်။ သတိမမူ စကားပြောခြင်းက မဖြစ်ပါ။ သာမန် သက်ရှိလူသား တစ်ဦးအဖြစ် စကားပြောခြင်း ဆိုသည်မှာ ယုတ္တိရှိရှိ လွယ်ကူရှင်းလင်းအောင် စကားပြောခြင်းဖြစ်သည်။ ဟုတ်သည်ကို အဟုတ်၊ မဟုတ်သည်ကို မဟုတ်ဖြစ်၏။ ဆီလျော်သောစကားနှင့် မှန်ကန်သော အကြောင်းအရာများကို ပြော၏။ မလှည့်စား၊ မုသားမပြော။ စိတ်နေသဘောထား ပြောင်းလဲခြင်းနှင့် ပတ်သက်၍ သာမန်လူတစ်ဦး ရောက်ရှိနိုင်သည့် အတိုင်းအတာမှာ ဘာဆိုတာသိရမည်။ အကယ်၍ မသိလျှင်၊ သင်က လက်တွေ့ အဖြစ်မှန်ထဲသို့ ဝင်ရောက်လာနိုင်မည် မဟုတ်ပါ။


နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ မှ


No comments:

Post a Comment