နိုဗို ဖိလစ်ပိုင်
၂၀၁၁ ခုနှစ်တွင် ကျွန်တော်က ထိုင်ဝမ်ရှိ စက်ရုံတစ်ခုတွင် ဂဟေဆော်သူတစ်ယောက်အဖြစ် လုပ်ကိုင်ခဲ့သည်။ ၂၀၁၂ ခုနှစ် တစ်ရက်တွင် ထိုင်ဝမ်မှ လုပ်ဖော်ကိုင်ဖက်တစ်ယောက်က ကျွန်တော် ကတ်သလစ်တစ်ယောက် ဖြစ်ကြောင်း သိခဲ့သောကြောင့် ကျွန်တော့်ကို သူမအသင်းတော်မှ ပွဲတော်သို့ ဖိတ်ခေါ်ခဲ့သည်။ တနင်္ဂနွေတစ်မနက်တွင် သူမက ကျွန်တော့်ကို စက်ရုံမှ လာခေါ်ကာ၊ သူမမိတ်ဆွေ၏ နေအိမ်သို့ ခေါ်ဆောင်သွားခဲ့သည်။ ထိုနေရာတွင် ကျွန်တော်က အစ်ကို ဂျိုးဆက်ကို တွေ့ကြုံခဲ့ရခြင်းဖြစ်သည်။ သူက ကျွန်တော့်ကို "အစ်ကို၊ သခင်ယေရှုရဲ့ ဒုတိယအကြိမ် ပြန်ကြွခြင်းကို ယုံကြည်သလား" ဟု မေးခဲ့သည်။ ကျွန်တော်က ယုံကြည်သည်ဟု ပြောခဲ့ပါသည်။ ထို့နောက်တွင် သူက ကျွန်တော့်အား "သခင်ယေရှုက ပြန်ကြွလာတဲ့အချိန်မှာ ဘာအမှုပြုမလဲဆိုတာ သိလား" ဟု မေးခဲ့သည်။ ကျွန်တော်က "သခင်ယေရှု ပြန်ကြွလာတဲ့အချိန်မှာ၊ ကိုယ်တော်ဟာ ပလ္လင်ဖြူကြီးမှာ ထိုင်တော်မူပြီး၊ လူသားမျိုးနွယ်ကို တရားစီရင်မယ်လို့ ယုံကြည်တယ်။ လူတိုင်းက တရားစီရင်ခြင်းပလ္လင်တော်ရှေ့မှာ ဒူးထောက်ပြီး သူတို့အပြစ်တွေအတွက် ရှင်းပြရမယ်၊ ပြီးတော့ သခင်က သူတို့က ကောင်းကင်ဘုံတက်မလား ဒါမှမဟုတ် ငရဲကိုဆင်းမလား ဆိုတာကို သူတို့ လုပ်ရပ်တွေနဲ့ လုပ်ဆောင်ချက်တွေကို အခြေခံပြီး ဆုံးဖြတ်တော်မူမှာ ဖြစ်တယ်။" ဟု ဖြေလိုက်သည်။ အစ်ကိုဂျိုးဆက်က ကျွန်တော့်ကို ဆက်ပြီး "သခင်ယေရှုက ပြန်ကြွလာပြီး ဖြစ်တဲ့အပြင်၊ လက်ရှိမှာ နောက်ဆုံးသော ကာလက ကိုယ်တော်ရဲ့ တရားစီရင်ခြင်းအမှုတော်ကို ပြုနေလို့၊ 'ဘုရားသခင်၏ အိမ်တော်သားတို့ကို ရှေ့ဦးစွာ စစ်ကြောစီရင်ရသော'ဆိုတဲ့ ပရောဖက်ပြုခြင်းက ပြည့်စုံလျက်ရှိပြီလို့ ကျွန်တော်တို့က အစ်ကို့ကို ပြောခဲ့ရင်၊ အစ်ကိုက ဒါကို ယုံမှာလား" ဟု မေးခဲ့သည်။ သူက ဤသို့ပြောသည်ကို ကျွန်တော်ကြားသည့်အချိန်တွင် ကျွန်တော် အတော်ကို အံ့အားသင်သွားခဲ့သည်။ ကျွန်တော်က "သခင်ယေရှုပြန်ကြွခဲ့ပြီးပြီလား။ ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ။ ငါလဲ ကောင်းကင်ပေါ်မှာ ပလ္လင်ဖြူကြီး ပေါ်လာတာကို မတွေ့လိုက်ရပါဘူး၊ ပြီးတော့ သခင်က တိမ်ဖြူနဲ့ ဆင်းသက်လာတာကိုလည်း မတွေ့ရသေးပါဘူး။ ဒါပေမဲ့ သူက သခင်က သူ့တရားစီရင်ခြင်း အမှုပြုဖို့ ပြန်ကြွလာခဲ့ပြီးဖြစ်လို့ 'ဘုရားသခင်၏အိမ်တော်သားတို့ကို ရှေ့ဦးစွာစစ်ကြောစီရင် ရသော'ဆိုတဲ့ ပရောဖက်ပြုခြင်းကလည်း ပြည့်စုံလျက်ရှိပြီ လို့ပြောနေတယ်။ အဲဒါ အဓိပ္ပါယ်ရှိတယ်။ ဘုရားသခင်ရဲ့ ဉာဏ်ပညာက လူသားတွေအတွက် ဉာဏ်မမီနိုင်အောင်ပဲ ဖြစ်တာကြောင့် ငါလည်း ရှာဖနေမှပဲ ဖြစ်တော့မယ်" ဟု တွေးမိပါသည်။ ထို့နောက် ကျွန်တော်က "အစ်ကို၊ သခင်က ပြန်ကြွပြီး မကြွပြီးဆိုတာကို ကျွန်တော်တော့ ပြောရဲမှာ မဟုတ်ဘူး။ ဒါ့ကြောင့် ကျေးဇူးပြုပြီး ဒါကို ကျွန်တော်နဲ့ ဆွေးနွေးပေးပါဦး" ဟု ဖြေလိုက်သည်။ ထို့နောက် သူတို့က သခင့်ပြန်ကြွလာခြင်းနှင့် ကိုယ်တော်၏ တရားစီရင်ခြင်းအမှုတော်ကို ပြုနေခြင်းတို့ဆိုင်ရာ ပရောဖက်ပြုခြင်းများနှင့် သက်ဆိုင်သည့် သမ္မာကျမ်းစာတွင်းမှာ ကျမ်းချက်များစွာတို့ကို ရှာဖွေတွေ့ရှိကာ ကျွန်တော်ကို ဖတ်ပြကြသည်။ ဥပမာအားဖြင့် ရှင်ပေတရုသြဝါဒစာ ပဌမစောင် အခန်းကြီး ၄ အငယ် ၁၇ တွင် "ဘုရားသခင်၏အိမ်တော်သားတို့ကို ရှေ့ဦးစွာစစ်ကြောစီရင်ရသော အချိန်ရှိပြီ။"ဟု ပြောထားပြီး၊ ရှင်ယောဟန်ခရစ်ဝင် အခန်းကြီး ၁၆ အငယ် ၁၂-၁၃ တို့တွင် "သင်တို့အား ငါပြောစရာစကားအများရှိသော်လည်း၊ သင်တို့သည် ယခုမခံနိုင်ကြ။ သမ္မာတရားနှင့်ပြည့်စုံသော ထိုဝိညာဉ်တော်သည် ရောက်လာသောအခါ၊ သမ္မာတရားကို သင်တို့အား အကြွင်းမဲ့ သွန်သင်ပြလိမ့်မည်။ ထိုဝိညာဉ်တော်သည် ကိုယ်အလိုအလျောက်ဟောပြောမည်အဟုတ်။ ကြား သမျှတို့ကို ဟောပြောလိမ့်မည်။ နောင်လာလတံ့သောအရာတို့ကိုလည်း သင်တို့အား ဘော်ပြလိမ့်မည်။" တို့ဖြစ်ပါသည်။ အစ်ကိုဂျိုးဆက်က ဤ "သမ္မာတရားနှင့်ပြည့်စုံသော ဝိညာဉ်တော်"ဆိုသည်မှာ သခင်ပြန်ကြွလာခြင်းနှင့် ကိုယ်တော်၏ သမ္မာတရားကို ဖော်ထုတ်ခြင်းအပြင်၊ ကိုယ်တော်၏ တရားစီရင်ခြင်းအမှုကို ပြုခြင်းတို့ကို ညွှန်းဆိုထားသည်ဟု ပြောခဲ့သည်။ နောက်ဆုံးသာ ကာလ၏ဘုရားသခင်သည် လူသားအနေဖြင့် ဇာတိပကတိ၌ ပြန်ကြွလာခဲ့ပြီးဖြစ်သည်။ ကျေးဇူးတော်ခေတ်၌ ကိုယ်တော်၏ ရွေးနှုတ်ခြင်းအမှုတော်ဆိုင်ရာ အခြေခံအုတ်မြစ်ပေါ်တွင် ကိုယ်တော်သည် သမ္မာတရားကို ဖော်ထုတ်ပြီး၊ ဘုရားသခင်၏ အိမ်တော်မှ စတင်သည့် သူ၏ တရားစီရင်ခြင်းမှုတော်ဆိုင်ရာ အဆင့်ကို ပြုတော်မူသည်။ လက်တွေ့တွင် ဤတရားစီရင်ခြင်းအမှုတော်သည် လူသားများကို လုံးလုံးလျားလျား သန့်စင်ရန် နှင့် ကယ်တင်ရန် အမှုတော် ဖြစ်သည်။ ဤသည်မှာ သခင်ယေရှု၏ ပရောဖက်ပြုခြင်းများဖြစ်သည့် "ငါ့စကားကိုကြားသောသူသည် မယုံကြည်ဘဲနေလျှင် ထိုသူကို ငါသည်အပြစ်မစီရင်။ လောကီသား တို့ကို အပြစ်စီရင်အံ့သောငှါ ငါလာသည်မဟုတ်၊ လောကီသားတို့ကို ကယ်တင်အံ့သောငှါငါလာ၏။ ငါ့ကိုပယ်၍ငါ့စကားကို နာမခံသောသူအားအပြစ်စီရင်သော သူရှိသေး၏။ ငါဟောပြောသော စကား ပင် နောက်ဆုံးသောနေ့၌ ထိုသူအားအပြစ်စီရင်လိမ့်မည်။" (ရှင်ယောဟန် ၁၂:၄၇-၄၈) "ခမည်းတော်သည် အဘယ်သူကိုမျှ မတရားစီရင်တော်မမူ။ တရားစီရင်ခြင်းအခွင့်ရှိသမျှကို သားတော်အား အပ်ပေးတော်မူ၏။" (ရှင်ယောဟန် ၅:၂၃) "သားတော်သည် လူသားဖြစ်သောကြောင့် တရားစီရင်ခြင်းအခွင့်ကိုလည်း အပ်ပေးတော်မူ၏။" (ရှင်ယောဟန် ၅:၂၇) တို့ကို တိတိကျကျ ပြည့်စုံလျက်ရှိသည်။ ကျွန်တော်က ထိုအစ်ကို၏ ဆွေးနွေးချက်ကို အာရုံစူးစိုက်စွာ နားထောင်ခဲ့ပြီး၊ ကျွန်တော်က သခင့်ပရောဖက်ပြုခြင်းများအားလုံး သည် ပြည့်စုံရမည်ဖြစ်ပြီး၊ ၎င်းတို့သည် တကယ်ဖြစ်လာရမည်ကို ယုံကြည်သောကြောင့် သူ ကျွန်တော့်ကို ဝေငှပြောပြခဲ့သည့် သတင်းစကားများအားလုံးသည် မှန်ကန်သည်ဟု ယုံကြည်ခဲ့ပါသည်။
ထို့နောက်တွင် အစ်ကိုဂျိုးဆက်က အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော် ကျမ်းပိုဒ်နှစ်ပိုဒ်ကို ကျွန်တော့်ကို ဖတ်ပြခဲ့သည်။ "တရားစီရင်ခြင်းအမှုသည် ဘုရားသခင်၏ ကိုယ်ပိုင်အမှုဖြစ်၏။ ထို့ကြောင့် ယင်းအား ဘုရားသခင် ကိုယ်တိုင် သဘာဝအတိုင်းပင် ဆောင်ရွက်ပြီးသင့်ပေသည်။ သူ့အစား၊ လူသားက အစားထိုး၍ ဆောင်ရွက် မပေးနိုင်။ အကြောင်းမှာ တရားစီရင်ခြင်းသည် သမ္မာတရားအားဖြင့် လူသားမျိုးနွယ်ကို သိမ်းပိုက်အောင်နိုင်ခြင်း အကြောင်းဖြစ်သည်။ လူသားတို့အကြား ထိုအလုပ်ကို လုပ်ရန် ဘုရားသခင်သည် လူ့ဇာတိခံ ပုံသဏ္ဍာန်ဖြင့် ပေါ်နေဆဲဖြစ်သည်မှာ မေးစရာမလိုချေ။ ဆိုလိုသည်မှာ၊ နောက်ဆုံးသောကာလတွင် ခရစ်တော်သည် သမ္မာတရားကို အသုံးပြု၍ ကမ္ဘာတဝှမ်းရှိ လူတို့ကို သွန်သင်ကာ သမ္မာတရား အလုံးစုံကို သူတို့အား သိစေလိမ့်မည်။ ယင်းကား ဘုရားသခင်၏ တရားစီရင်ခြင်းအမှုတည်း။" "နောက်ဆုံးသော ကာလတွင် ခရစ်တော်သည် လူသားကို သွန်သင်ရန်၊ လူသား၏အနှစ်သာရကို ဖော်ထုတ်ရန်နှင့် လူသား၏ အပြုအမူများနှင့် စကားလုံးများကို ခွဲခြမ်းစိတ်ဖြာရန် အမျိုးမျိုးသော သမ္မာတရားများကို အသုံးပြု၏။ ထိုနှုတ်ကပတ်တော်များတွင် အမျိုးမျိုးသော သမ္မာတရားများ ပါရှိသည်။ လူသား၏တာဝန်၊ လူသားသည် ဘုရားသခင်ကို မည်သို့ နာခံသင့်သည့် အကြောင်း၊ လူသားသည် ဘုရားသခင်ကို မည်သို့သစ္စာရှိသင့်ကြောင်း၊ လူသားသည် ပုံမှန်လူ့သဘောသဘာဝဖြင့် မည်သို့နေထိုင်ရမည့်အကြောင်း၊ ထို့အပြင် ဘုရားသခင်၏ ဉာဏ်ပညာနှင့် စိတ်သဘာထားကဲ့သို့သော အရာများ ပါဝင်သည်။ ထိုနှုတ်ကပတ်တော်များအားလုံးသည် လူသား၏အနှစ်သာရနှင့် သူ၏ ဖောက်ပြန်ပျက်ဆီးနေသော စိတ်သဘောထားတို့ကို ဦးတည်သည်။ အထူးသဖြင့် ဘုရားသခင်ကို လူသားက မည်ကဲ့သို့ ပစ်ပယ်သည့်အကြောင်း ဖော်ထုတ်ပြသည့် ထိုနှုတ်ကပတ်တော်များမှာ လူသည် စာတန်၏ပြယုဂ် မည်ကဲ့သို့ ဖြစ်ကြောင်း၊ ဘုရားသခင်ကို ဆန့်ကျင်သော ရန်သူ့အင်အား မည်ကဲ့သို့ဖြစ်ကြောင်းနှင့် စပ်လျဉ်း၍ ပြောထားခြင်းဖြစ်သည်။ သူ၏ တရားစီရင်ခြင်း အမှုကို ဆောင်ရွက်ရာတွင် ဘုရားသခင်သည် လူသား၏ သဘာဝကို စကားလုံး အနည်းငယ်မျှသာဖြင့် ရှင်းလင်းရန် ရိုးရှင်းစွာ မပြုပေ။ သူသည် ရေရှည်အတွက် ဖွင့်ပြခြင်း၊ ရိုက်နှက်ဆုံးမခြင်းနှင့် ပြုပြင်ပေး၏။ ထိုဖွင့်ပြခြင်း၊ ရိုက်နှက်ဆုံးမခြင်းနှင့် ပြုပြင်ပေးခြင်း နည်းလမ်းတို့ကို သာမန်စကားလုံးဖြင့် အစားမထိုးနိုင်ပဲ၊ လူသားများ လုံးဝ မပိုင်ဆိုင်သော သမ္မာတရားအားဖြင့်သာ အစားထိုးနိုင်သည်။ ဤအမျိုးအစားပါ နည်းလမ်းများကသာ၊ တရားစီရင်မှုဟု စဉ်းစားယူဆရသည်။ ဤတရားစီရင်မှု အမျိုးအစားအားဖြင့်သာ လူသားကို သိမ်းပိုက်ရရှိနိုင်ပြီး ဘုရားသခင်ထံသို့ လုံးဝပါဝင်ဆက်ကပ်လာနိုင်ကာ ဆက်၍ ဘုရားသခင်နှင့် ပတ်သက်သည့် မှန်သော အသိတရားကို ရရှိလာပေမည်။ ဘုရားသခင်၏ မှန်သောမျက်နှာကို လူက သိနားလည်ခြင်း အကြောင်းနှင့် သူကိုယ်တိုင်၏ ပုန်ကန်မှုအကြောင်း သမ္မာတရားတို့ကို တရားစီရင်ခြင်း အမှုက ယူဆောင်လာပါသည်။ တရားစီရင်ခြင်းအမှုသည် ဘုရားသခင်၏ အလိုတော်၊ ဘုရားသခင်အမှု၏ ရည်ရွယ်ချက်နှင့် သူ့အတွက် နားမလည်နိုင်သော နက်နဲရာများတို့ကို အလွန်များပြားလှစွာဖြင့် သဘောပေါက် နားလည်မှု ရရှိလာစေရန် လူသားကို အခွင့်ပေးသည်။ ယင်းသည် လူသားကို သူ၏ ဖောက်ပြန်ပျက်ဆီးသောအနှစ်သာရနှင့် ဖောက်ပြန်ပျက်ဆီးမှု၏ ဇစ်မြစ်ကို သိနားလည်စေရန် အခွင့်ပေးလေ၏။ ထို့ပြင် လူသား၏ အကျည်းတန်မှုကိုပါ ရှာဖွေတွေ့ရှိ စေလေသည်။ ဤအကျိုးသက်ရောက်မှု အားလုံးတို့မှာ တရားစီရင်ခြင်း အမှုနှင့် ပတ်သက်၍ ဆောင်ယူရရှိခဲ့လေ၏။ အကြောင်းမှာ ဤအမှု၏ အခြင်းအရာသည် အမှန်တွင်တော့ ဘုရားသခင်အား ယုံကြည်သူများ အားလုံးထံသို့ ဘုရားသခင်၏ သမ္မာတရား၊ လမ်းခရီးနှင့် အသက်တို့ကို ဖွင့်ပြပေးရန်ပင်ဖြစ်သည်။ ဤအမှုသည် ဘုရားသခင်ပြုသော တရားစီရင်ခြင်းအမှုပင် ဖြစ်ပေ၏။" (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ "ခရစ်တော်သည် တရားစီရင်ခြင်း အမှုကို သမ္မာတရားဖြင့် ဆောင်ရွက်၏" မှ)
ဤနှုတ်ကပတ်တော်များကို ဖတ်ရှုပြီးနောက်တွင် အစ်ကိုဂျိုးဆက်သည် နောက်ဆုံးသောကာလမှ ဘုရားသခင်၏ တရားစီရင်ခြင်းအမှုတော်နှင့် သက်ဆိုင်သည့် သမ္မာတရားများစွာကို ကျွန်တော်နှင့် ဆွေးနွေးခဲ့ပါသည်။ ကျွန်တော်က ဘုရားသခင်၏ အမှုတော်မှာ အလွန်လက်တွေ့ကျကြောင်းနှင့် ၎င်းသည် သဘာဝလွန်ဖြစ်ရပ် လုံးဝမဟုတ်ကြောင်း၊ နောက်ဆုံးသောကာလမှ ဘုရားသခင်၏ စီရင်ခြင်းအမှုတော်သည် ကျွန်တော်စိတ်ကူးထားသကဲ့သို့ လုံးဝမဟုတ်ကြောင်းတို့ကို ကျွန်တော်နားလည်သဘောပေါက် လာခဲ့ပါသည်။ ဘုရားသခင်က ဧရာမစားပွဲကြီးကို လေထဲတွင် ထားရှိတော်မူကာ၊ ဘုရားသခင်က ပလ္လင်ဖြူကြီးတစ်ခုပေါ်တွင် ထိုင်လျက်၊ လူသားမျိုးနွယ်တစ်ခုလုံးက ကိုယ်တော့်ရှေ့တော်မှောက်တွင် ဒူးထောက်လျက် ရှိသည်။ ထို့နောက်တွင် ဘုရားသခင်သည် ကျွန်တော်တို့ကို ကောင်းမြတ်လား သို့မဟုတ် ဆိုးယုတ်လား သတ်မှတ်တော်မူရန် ကျွန်တော်တို့ အပြစ်များကို တစ်ခုပြီးတစ်ခု စာရင်းပြုစုသည့်အပြင်၊ ကျွန်တော်တို့ ကောင်းကင်ဘုံတက်မလား သို့မဟုတ် ငရဲသို့ဆင်းမလား ဆိုသည်ကို ဆုံးဖြတ်မည် ဖြစ်သည်ဟု ကျွန်တော်က စိတ်ကူးခဲ့သည်။ ထိုအစား ဘုရားသခင်က လူ့ဇာတိပကတိဖြစ်လာပြီး၊ သမ္မာတရားကို လက်တွေ့ကျသည့်နည်းလမ်းဖြင့် ဖော်ပြရန်၊ လူသားတို့၏ အပြစ်များကို တရားစီရင်ရန် နှင့် လူသား၏ ဖောက်ပြန်ပျက်စီးခြင်းအပြင်၊ သူ့သဘာဝ နှင့် အနှစ်သာရတို့ဆိုင်ရာ သမ္မာတရားကိုလည်း ဖော်ထုတ်ရန် ကမ္ဘာကို ကြွလာတော်မူခဲ့သည်။ ကျွန်တော်တို့၏ ဆိုးယုတ်သောစိတ်သဘောထားများဖြစ်သည့် ကျွန်တော်တို့၏ မာနထောင်လွှားခြင်း၊ မိမိကိုယ်ကိုဂုဏ်ဖော်လွန်းခြင်း၊ ကျွန်တော်တို့၏ ကောက်ကျစ်မှု နှင့် ကလိမ်ကကျစ်ပြုမူခြင်းအပြင်၊ ကျွန်တော်တို့၏ တစ်ကိုယ်ကောင်းဆန်ခြင်းနှင့် ယုတ်ညံ့ခြင်း တို့အားလုံးသည် ကျွန်တော်တို့ သန့်စင်ခြင်းမခံရမီတွင် ဘုရားသခင်၏ တရားစီရင်မှုကို ကြုံရမည် ဖြစ်ကြောင်းပြောရန် အစ်ကိုဂျိုးဆက်က ဆွေးနွေးမှုကို ဆက်ခဲ့ပါသည်။ ဘုရားသခင်၏ တရားစီရင်ခြင်းအမှုတော် အဆုံးသတ်ရလဒ်မှာ ကျွန်တော်တို့က မိမိကိုယ်ပိုင် အညစ်အကြေးနှင့် ဖောက်ပြန်ပျက်စီးခြင်း၊ ကျွန်တော်တို့၏ အကျည်းတန်မှုနှင့် ယုတ်မာမှု တို့ကို တွေ့မြင်စေရန်၊ ပြီးနောက် ဘုရားသခင်ကို အာခံပြီး သစ္စာဖောက်သည့် ကျွန်တော်တို့၏ အနှစ်သာရကို တွေ့မြင်စေရန်၊ ကျွန်တော်တို့သည် စာတန်၏ နက်ရှိုင်းစွာ ဖောက်ပြန်ပျက်စီးစေခြင်းကို ခံရကြောင်း၊ ကျွန်တော်တို့သည် ဆိုးယုတ်သောစိတ်သဘောထားများဖြင့် ပြည့်နှက်နေကြောင်း၊ ကျွန်တော်တို့သည် စာတန်၏ပြယုဂ်ဖြစ်ပြီး၊ ကျွန်တော်တို့သည် သေဆုံးသင့်ကြောင်းတို့ကို သိရှိစေရန်တို့အတွက် ဖြစ်ပါသည်။ ဤနည်းဖြင့်သာလျှင် ကျွန်တော်တို့သည် မိမိကိုယ်ကို မုန်းတီးကာ၊ ကျိန်ဆဲ်ကြမည် ဖြစ်ပြီး၊ စာတန်ကိုလည်း အပြီးသတ် ပစ်ပယ်နိုင်မည် ဖြစ်သည်။ ထို့အပြင် ဘုရားသခင့် နှုတ်ကပတ်တော်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကြားတွင် ကျွန်တော်တို့သည် ဘုရားသခင်၏ ဖြောင့်မတ်၊ သန့်ရှင်းပြီး ပုန်ကန်ပြစ်မှား၍ မရနိုင်သည့် စိတ်သဘောထားတို့ကို သိရှိလာစေနိုင်ရန်အတွက်လည်း ဖြစ်ပါသည်။ ထို့နောက်တွင် ကျွန်တော်တို့သည် ဘုရားသခင်ကို ကြောက်သည့်နှလုံးသားတစ်ခုကို မရည်ရွယ်ပဲ ရရှိလာကာ၊ ဘုရားသခင်ကို အဆင်အခြင်မဲ့စွာ မနာခံရန် နှင့် အာခံရန်တို့ကို လုံးဝတစ်ဖန် ပြုရဲတော့မည် မဟုတ်သည့်အပြင်၊ ကျွန်တော်တို့ ဇာတိပကတိကို စွန့်ပယ်နိုင်လာပြီး၊ သမ္မာတရားကိုလည်း လက်တွေ့လုပ်ဆောင်လာနိုင်မည် ဖြစ်ပါသည်။ ကျွန်တော်တို့ အသက်တာ စိတ်သဘောထားသည် ပြောင်းလဲမှုကြုံရ သည်နှင့် တပြိုင်နက် ကျွန်တော်တို့သည် ဘုရားသခင်ကို အမှန်တကယ် နာခံပြီး၊ ဝတ်ပြုကိုးကွယ်နိုင်မည် ဖြစ်သည်။ ထို့အပြင် တစ်ဖန် ကျွန်တော်တို့သည် နောက်ဆုံးသောကာလ၌ဘုရားသခင် ဖော်ပြသည့် သမ္မာတရားဆိုင်ရာ ရှုထောင့်မျိုးစုံကို ရရှိကာ၊ ထို့နောက်တွင် ကျွန်တော်တို့သည် ဘုရားသခင်၏ လုံးလုံးလျားလျား သန့်စင်ခြင်းနှင့် ကယ်တင်ခြင်းကို ခံရမည့်အပြင်၊ ဘုရားသခင်၏နိုင်ငံတော်သို့ ဘုရားသခင် အားဖြင့် ယူဆောင်ခံရန်အတွက် အရည်အချင်းရှိလာမည် ဖြစ်သည်။ နောက်ဆုံးသောကာလမှ ဘုရားသခင်၏ တရားစီရင်ခြင်းအမှုတော်ကို လက်ခံရန် ငြင်းဆန်သူများသည် ဘုရားသခင်၏ သန့်စင်ခြင်းကို ရရှိနိုင်စွမ်းမရှိပါ၊ အဆုံးသတ်တွင် သူတို့သည် ဘုရားသခင်၏ အမှုတော်အားဖြင့်သာ သုတ်သင်ဖယ်ရှင်းခံရပြီးလျှင်၊ ကယ်တင်ခံရရန် နှင့် ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက်ရန် အခွင့်အလမ်းကို ဆုံးရှုံးမည် ဖြစ်ပါသည်။ အစ်ကိုဂျိုးဆက်၏ ဆွေးနွေးချက်ကို ကြားရင်းဖြင့် လူသားများကို ကယ်တင်ရန် ဘုရားသခင်၏ အမှုတော်သည် အလွန်မှန်ကန်ပြီး၊ လက်တွေ့ကျသည်ဟု ကျွန်တော်ခံစားခဲ့ရပါသည်။
ကျွန်တော်သည် သခင့်ကို နှစ်ပေါင်းများစွာ ယုံကြည်ခဲ့ပုံ၊ ကျွန်တော်သည် သခင့်ထံတွင် ကျွန်တော့်အပြစ်များကို ဝန်ခံပြီး၊ ဝန်ချတောင်းပန်ခဲ့သော်လည်း၊ ထို့နောက်တွင် ကျွန်တော်သည် အပြစ်ကျူးလွန်ခြင်း၊ လိမ်ညာခြင်း၊ လှည့်စားခြင်း၊ ကောက်ကျစ်ခြင်းနှင့် ကလိမ်ကကျစ်ပြုခြင်းတို့ကို ဆက်လက်၍ပြုခဲ့ပုံ အပြင်၊ မိမိ၏ လွန်လွန်ကဲကဲ ကိုယ့်ဂုဏ်ကိုဖော်လွန်းခြင်း၊ မာနထောင်လွှားခြင်းနှင့် မိမိကိုယ်ကို မှန်သည်ဟု မှတ်ယူသော ဆိုးယုတ်သော စိတ်သဘောထားတို့ကို မကြာခဏပင် ထုတ်ဖော်ခဲ့ပုံတို့အကြောင်း တွေးမိပါသည်။ ကျွန်တော်သည် အပြစ်ကျူးလွန်ခြင်း နှင့် ဝန်ခံခြင်း၊ ဝန်ခံခြင်းနှင့် အပြစ်ကျူးလွန်ခြင်း စက်ဝန်းထဲတွင် အဆက်မပြတ် အသက်ရှင်နေထိုင်ခဲ့သည်၊ ကျွန်တော်သည် အင်မတန်နာကျင်မှုဖြင့် အသက်ရှင်နေထိုင်နေခဲ့ပါသည်။ ဘုရားသခင်သည် ယခုအခါတွင် နောက်ဆုံးသောကာလမှ ကိုယ်တော်၏ တရားစီရင်ခြင်းနှင့် သန့်စင်ခြင်းအမှုတော်တို့ကို ပြုရန် ကြွတော်မူလာခဲ့ပြီး၊ ဤသည်မှာ ဖောက်ပြန်ပျက်စီးသည့် လူသားမျိုးနွယ်၏ လုံးဝဥဿုံ လိုအပ်နေသည့် အရာဖြစ်သည်။ သခင့်ကို ယုံကြည်သူများနှင့် အပြစ်မှလွှတ်ခံရသူများသည်လည်း နောက်ဆုံးသာကာလ၌ ဘုရားသခင်၏ တရားစီရင်ခြင်းဆိုင်ရာ အမှုတော်၏ သန့်စင်ခြင်းကို ခံရန် လိုအပ်ဆဲသာ ဖြစ်သည်။ သမ္မာကျမ်းစာတွင် "သန့်ရှင်းခြင်းပါရမီမရှိလျှင်၊ အဘယ်သူမျှ ထာဝရဘုရားကို မဖူးမမြင်ရ။" (ဟေဗြဲ ၁၂:၁၄) ဟု ဆိုထားသည်။ သခင်သည် သန့်ရှင်းတော်မူသည်။ ကျွန်တော်တို့သည် မိမိတို့အပြစ်များကိုသာလွှတ်ခံရသော်လည်း၊ ကျွန်တော်တို့၏ အပြစ်ရှိသောသဘာဝ နှင့် ဆိုးယုတ်သော စိတ်သဘောထားများက သန့်စင်ခံရခြင်းမရှိပါက၊ မည်သည့်အချိန်တွင်မဆို ကျွန်တော်တို့သည် ဘုရားသခင်ကို အပြစ်ကျူးလွန်ခြင်းနှင့် အာခံခြင်းများ၊ မကြာခဏ ညည်းညူခြင်း သို့မဟုတ် ဘုရားသခင်ကို သစ္စာဖောက်ခြင်းကိုပင် ပြုနိုင်ဆဲသာ ဖြစ်သည်။ ထိုသို့သော ညစ်ညမ်းခြင်းနှင့် ဖောက်ပြန်ပျက်စီးခြင်းဖြင့် ပြည့်နှက်နေသည့် ကျွန်တော်တို့သည် သခင့်မျက်နှာတော်ကို မော်ကြည့်ရန် မည်သို့ အရည်အချင်း ရှိနိုင်မည်နည်း။ သို့မှသာလျှင် ကျွန်တော်တို့သည် နောက်ဆုံးသောကာလထဲက ဘုရားသခင်၏ တရားစီရင်ခြင်းအမှုတော်မှာ မည်မျှ လိုအပ်ကြောင်းကို ကျွန်တော်တို့နှလုံးသားတွင် ခံစားလာခဲ့ရသည်။ လူများ၏ အယူအဆများနှင့် စိတ်ကူးများအတိုင်း သခင်က ပြန်ကြွလာပြီး၊ လူတိုင်းကို ကိုယ်တော်နှင့် တွေ့ဆုံရန် လေထဲသို့ ခေါ်သွားပါက၊ အလွန်သဘာဝမကျ၊ အလွန်လက်တွေ့ကျလိမ့်မည် မဟုတ်ပေ။ ထို့နောက်တွင် အစ်ကိုဂျိုးဆက်က ဘုရားသခင်၏တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမခြင်းများကို သူမည်သို့လက်ခံခဲ့ပုံ သူ့အတွေ့အကြုံများ နှင့် သက်သေခံချက်များကို ကျွန်တော်နှင့် ဆွေးနွေးပြောပြခဲ့သည်။ သူ၏ဆွေးနွေးပြောပြချက်သည် သန့်ရှင်းသောဝိညာဉ်တော်၏ ဉာဏ်အလင်းပေးခြင်းနှင့် အလင်းပြခြင်းတို့ ပါဝင်ကြောင်း ကျွန်တော်အမှန်တကယ်ကို ခံစားခဲ့ရသည်။ ၎င်းကို နားထောင်ရခြင်းသည် အလွန် စိတ်ဓါတ်ကိုမြှင့်တင်ခံရပြီး၊ သခင်ယေရှုသည် အမှန်တကယ် ပြန်ကြွလာခဲ့ပြီး ဖြစ်ကြောင်းကို ကျွန်တော် ယုံကြည်ခဲ့ပါသည်။ ထို့ကြောင့် ကျွန်တော်သည် သခင့်ပြန်ကြွခြင်းကို ကြိုဆိုရန် ကျွန်တော့်အခွင့်အရေးကို မဆုံးရှုံးရလေအောင် နောက်ဆုံးသောကာလမှ ဘုရားသခင်၏ အမှုတော်ကို ရှာဖွေပြီး စုံစမ်းရန် ဆုံးဖြတ်ခဲ့သည်။
ထို့နောက်တွင် အစ်ကိုဂျိုးဆက်က နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ မိထ္ထူတစ်အုပ်ကို ကျွန်တော့်ကို ပေးခဲ့၍ ကျွန်တော်က အင်မတန် စိတ်လှုပ်ရှားခဲ့ပါသည်။ ထိုညနေတွင် ကျွန်တော့်အဆောင်သို့ ပြန်ရောက်ချိန်တွင်၊ ကျွန်တော်က ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စတင်ဖတ်ရှုပြီး၊ ထို့နောက် ၎င်းတို့ကို ကျွန်တော် တစ်ညလုံးဖတ်ခဲ့ပါသည်။ ကျွန်မသည် အနန္တတန်ခိုးရှင်ဘုရားသခင်၏ ဤနှုတ်ကပတ်တော်များကို ဖတ်ရှုခဲ့ပါသည်။ "သင်တို့၏ နှုတ်ခမ်းများမှာ လိမ်ညာမှုနှင့် ညစ်ညမ်းရိုင်းစိုင်းသော စကားလုံးများသာမက သစ္စာဖောက်ဖျက်ပြီး မာန်မာနကြီးထွားနေသည့် စကားလုံးများဖြင့်သာ ပြည့်ဝနေကြသည်။ သင်တို့သည် ငါ့အား ရိုးသားသော စကားလုံးများဖြင့် မည်သည့်အခါမျှ မပြောဆိုကြ၊ သန့်ရှင်းစင်ကြယ်သော စကားလုံး တစ်လုံးမျှ မထွက်ကြ၊ ငါ၏ နှုတ်ကပတ်တော်ကို တွေ့ကြုံခံစားပြီးသည့်နောက် ငါ့ကို ကျိုးနွံနာခံသော စကားလုံးတစ်လုံးမျှ မပြောကြပေ။ နောက်ဆုံး၌ သင်တို့၏ ယုံကြည်ခြင်းမှာ အဘယ်ကဲ့သို့နည်း။ သင်တို့၏ စိတ်နှလုံးများမှာ လိုချင်တပ်မက်မှုနှင့် ချမ်းသာကြွယ်ဝမှုများနှင့်သာ ပြည့်နေပြီး သင်တို့၏ စိတ်ထဲ၌ ရုပ်ဝတ္ထုပစ္စည်းများနှင့်သာ ပြည့်နေကြသည်။ ငါ့ထံမှ တစ်စုံတစ်ခု မည်သို့ ရနိုင်မည်၊ ချမ်းသာကြွယ်ဝမှုနှင့် ရုပ်ဝတ္ထုပစ္စည်းများ ငါ့ထံမှ မည်မျှ ရရှိမည် စသဖြင့် သင်တို့ နေ့စဉ်နေ့တိုင်း တွက်ချက်နေကြသည်။ သင်တို့ ခံစားနိုင်ရန်အလို့ငှာ ကောင်းချီးမင်္ဂလာများ သင်တို့အပေါ်သို့ ပိုမိုသက်ရောက်ရန် သင်တို့ နေ့တိုင်း စောင့်မျှော်နေကြသည်။ ခံစားနိုင်မည့် အရာများသည် ပို၍များလေလေ ပို၍ကောင်းလေလေပင် ဖြစ်သည်။ သင်တို့၏ စိတ်ကူးအတွေးထဲ၌ အချိန်တိုင်း စက္ကန့်တိုင်း ရှိနေသည်မှာ ငါမဟုတ်ပေ၊ ငါ့ထံမှလာသည့် သမ္မာတရားလည်းမဟုတ်၊ သို့သော် သင်တို့၏ ခင်ပွန်း (ဇနီး)၊ သားများ၊ သမီးများ အကြောင်း၊ သင်တို့ ဘာစားမည် ဘာဝတ်မည် ဟူသည့်အကြောင်းနှင့် သင်တို့အတွက် ဝမ်းမြောက်ပျော်ရွှင်မှု မည်ကဲ့သို့ ရရှိမည်၊ မည်ကဲ့သို့ ပို၍ကောင်းမွန်လာမည် စသည့် အကြောင်းအရာများသာ သင်တို့ စိတ်ထဲ၌ လွှမ်းမိုးနေသည်။ သင်တို့၏ ဝမ်းဗိုက်ထဲသို့ တင်းကြပ်ပြည့်လျှံစွာ ဖိသိပ်ထည့်သော်လည်း သင်တို့သည် အလောင်းကောင်နှင့်သာ တူကြသည် မဟုတ်သလော။ သင်တို့၏ ရုပ်ပိုင်းဆိုင်ရာ အပြင်ပန်းကို ပိုမိုတောက်ပ ခံ့ညားလာအောင် တန်ဆာဆင်နေကြသော်လည်း သင်တို့သည် အသက်မရှိပဲ လမ်းလျှောက်နေသည့် အသေကောင်သာ ဖြစ်သည်မဟုတ်လော။ သင်တို့၏ဆံပင်များသည် အဖြူရောင် အကွက်များအဖြစ် ပြောင်းသွားသည့်တိုင်အောင် သင်တို့၏ ဝမ်းရေးအတွက် အလုပ်ကို ပင်ပင်ပန်းပန်း အားသွန်ခွန်စိုက် လုပ်နေကြသော်လည်း ငါ့အမှုအတွက်ကိုမူ မည်သူကမှ ဆံပင်တစ်ချောင်းစာမျှပင် ကိုယ်ကျိုးစွန့် မလုပ်ဆောင်ပေးကြချေ။ သင်တို့၏ သွေးသားတပ်မက်မှု၊ သင်တို့၏ သားသမီးများအတွက် ကိုယ်ခန္ဓာ ပင်ပန်းဆင်းရဲခံပြီး ဦးနှောက်ခြောက်အောင် စဉ်းစားကာ အဆက်မပြတ် မနားမနေ ကြိုးစားအားထုတ်ကြသော်လည်း ငါ၏အလိုတော်အတွက် မည်သူ တစ်ဦးတစ်ယောက်ကမျှ စိုးရိမ်ပူပန်သည့် ဟန်ပန်အမူအရာ မဖော်ပြကြပေ။ သင်တို့သည် ငါ့ထံမှ မည်သည့်အရာကို ရနိုင်ရန် မျှော်လင့်နေကြသနည်း။" (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ "ခေါ်ခြင်းခံရသူ များသော်လည်း ရွေးကောက်ခံရသူ နည်းပါး၏" မှ)
ဤနှုတ်ကပတ်တော်များမှ ထုတ်ဖော်သည့်အရာသည် ကျွန်တော့်အသက်တာတွင် ဖြစ်နေသည့် အခြေအနေ အတိအကျပင် ဖြစ်ပြီး၊ ၎င်းတို့က ကျွန်တော့်နှလုံးသားတွင် အမှန်တကယ် ခံစားခဲ့ရသည့် အရာများပင် ဖြစ်သည်။ ထိုနှုတ်ကပတ်တော်များသည် ကျွန်တော့်ခံစားချက်မဲ့သည့် နှလုံးသားကို ထိုးဖောက်သွားသည့် အသွားနှစ်ဖကသွားဓါးကဲ့သို့ပင် ဖြစ်ပါသည်။ ဘုရားသခင်သာလျှင် လူ့အတွင်းအကျဆုံးနှလုံးသားကို စူးစမ်းနိုင်ပြီး၊ ဘုရားသခင်သာလျှင် လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်ဆီးခြင်းဆိုင်ရာ သမ္မာတရားကို ထုတ်ဖော်နိုင်သကဲ့သို့ လူသားများအတွင်း ၌ နက်ရှိုင်းစွာဖုံးကွယ်နေသည့် အရာကိုလည်း ထုတ်ဖော်နိုင်မည်သာ ဖြစ်ပါသည်။ ဤနှုတ်ကပတ်တော်များသည် သန့်ရှင်းသောဝိညာဉ်တော်၏ မိန့်မြွက်ချက်များဖြစ်သည့်အပြင်၊ ၎င်းတို့သည် ဘုရားသခင်၏ အသံတော်ဖြစ်သည်ဟု ကျွန်တော်ခံစားရသည်။ ဘုရားသခင်၏နှုတ်ကပတ်တော်များမှ ကျွန်တော်သည် သခင့်ကို နှစ်ပေါင်းများစွာ ယုံကြည်ခဲ့သော်လည်း၊ ကျွန်တော် မကြာခဏ ဝန်ခံပြီး၊ သခင့်ကို ဝန်ချတောင်းပန်သော်လည်း၊ ကျွန်တော့် အပြစ်ရှိသော သဘာဝနှင့် ဆိုးယုတ်သည့် စိတ်သဘောထားတို့သည် သန့်စင်ခံရခြင်းနှင့် ပြောင်းလဲခြင်း လုံးဝမရှိသည်ကို ကျွန်တော် သိလာခဲ့ရသည်။ ကျွန်တော်က သခင့်နာမတော်ကိုသာ အသိအမှတ်ပြုခဲ့ပြီး၊ ကျွန်တော့်နှလုံးသားတွင် သခင့်အတွက် နေရာမရှိခဲ့သကဲ့သို့၊ သခင့်အတွက် မိမိကိုယ်ကို အသုံးခံခြင်း သို့မဟုတ် အလုပ်လုပ်ခြင်းလည်း မရှိခဲ့ပါ။ ကျွန်တော်သည် မည်သို့ငွေရှာရန်၊ ဇာတိပကတိ၏ ကျွန်တော့် သာယာမှုများကိုမည်သို့ ပိုကောင်းစေရန် နှင့် ကျွန်တော့် မိသားစု ပိုမိုကြီးပွားချမ်းစွာ နေနိုင်အောင် မည်သို့ပြုလုပ်နိုင်ရန်တို့တွင်သာ ပိတ်မိနေခဲ့ပြီး၊ ဘုရားသခင်၏ အလိုတော်ကို ကျွန်တော်တစ်ခါမျှ စိတ်မဝင်စားခဲ့ဖူးပါ။ ကျွန်တော်သည် မကြာခဏ လိမ်လည်ပြီး၊ အပြစ်လုပ်သော်လည်း ဤအရာများအကြောင်း တစ်ခုမျှ မတွေးခဲ့ကြောင်းကိုပင် ကျွန်တော် သိခဲ့ပါသည်။ ဘုရားသခင်သည် ထာဝရချစ်ကြောင်း၊ ထာဝရ သနားကရုဏာနှင့် ပြည့်စုံကြောင်း အပြင်၊ ကျွန်တော် အပြစ်ကျူးလွန်လျှင်ပင် ကိုယ်တော်သည် ကျွန်တော့်အပြစ်များမှ ကျွန်တော့်ကို လွှတ်ပေးကာ၊ ကျွန်တော့်ကို သနားကရုဏာတော်ထားရှိပြီး၊ ကောင်းကြီးမင်္ဂလာပေးမည် ဖြစ်ကြောင်း ကျွန်တော် အမြဲတမ်း ယုံကြည်ခဲ့ပါသည်။ နောက်ဆုံးသောကာလထဲက ဘုရားသခင် ဖော်ပြသည့် ဤမိန့်မြွက်ချက်များကို ဖတ်ရှုပြီးနောက်တွင်သာလျှင် ကျွန်တော်သည် ဘုရားသခင်၏ ဖြောင့်မတပြီးသန့်ရှင်းသော စိတ်သဘောထားတို့ကို တွေ့မြင်ခဲ့ကာ၊ ဘုရားသခင်၏ စိတ်သဘောထားသည် မည်သူတစ်ယောက်မျှ ပုန်ကန်ပြစ်မှား၍မရနိုင်သည့် အရာတစ်ခုဖြစ်ကြောင်း ကျွန်တော်သိရှိခဲ့သည်။ ဘုရားသခင့်နှုတ်ကပတ်တော်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးခြင်းတို့သည် ကျွန်တော်တို့အတွင်း၌ ကိုယ်တော့်ကို ကြောက်ရွံ့ရိုသေမှုများဖြစ်ပေါ်စေကာ၊ မိမိကိုယ်ပိုင် အတိတ်ကိုလည်း ယူကြုံးမရဖြစ်စေပါသည်။ ကျွန်တော်က ဘုရားသခင်ရှေ့တော်မှောက်တွင် လဲပြိုကာ၊ ခါးသီးစွာ ရှိုက်ငိုခဲ့သည်၊ "အိုဘုရားသခင်၊ ကျွန်တော် ကိုယ်တော့်ကို ဆန့်ကျင်ပုန်ကန်ခဲ့မိတယ်၊ ကိုယ်တော့်ကို လှည့်စားခဲ့ပြီး၊ အရာများစွာမှာ ကိုယ်တော့်ကို အာခံခဲ့ပါတယ်၊ ကျွန်တော်က ကိုယ်တော့်ရှေ့တော်မှောက် လာဖို့လည်း မထိုက်တန်ပါဘူး။ ကျွန်တော့် လုပ်သမျှက အပြစ်ဒဏ်ခံဖို့သာ ထိုက်ပါတယ်။ အိုဘုရားသခင် ကျွန်တော့်ကို နောင်တရဖို့နဲ့ ကယ်တင်ခံရဖို့ အတွက် အခွင့်အလမ်းပေးလို့ ကိုယ်တော့်ကို ကျေးဇူးတင်ပါတယ်။ အခုချိန်ကစပြီး သမ္မာတရားကို ရှာဖွေဖို့၊ ကျွန်တော့်တာဝန်ကို ကောင်းကောင်းထမ်းဆောင်ဖို့ နဲ့ ကိုယ်တော့် ချစ်ခြင်းမေတ္တာကို ပြန်လည်ပေးဆပ်ဖို့ ကျွန်တော် တတ်နိုင်သမျှ အစွမ်းကုန် ကြိုးစားပါမယ်" ကျွန်တော် ဆုတောင်းအပြီးမှာ ကျွန်တော် ပြတ်သားစွာ စိတ်ပိုင်းဖြတ်ခဲ့သည်။ ကျွန်တော်သည် ဘုရားသခင်၏ တရားစီရင်မှုကို လက်ခံရမည် ဖြစ်ပြီး၊ ကျွန်တော့် အပြစ်ကျူးလွန်ခြင်းနှင့် ဝန်ခံခြင်း အသက်တာကိုလည်း ပြောင်းလဲရမည်။ ကျွန်တော်က ပို၍များသည့် သမ္မာတရားကို နားလည်သဘောပေါက်နိုင်ရန် နှင့် မိမိ ဇာတိပကတိကို စွန့်ပယ်နိုင်ရန် ခွန်အားရရှိရန်၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး ဘုရားသခင်၏ အလိုတော်ကို ဖြည့်ဆည်းဖို့ရန်တို့အတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ပို၍ဖတ်ရှုပြီး ပို၍ ဆင်ခြင်စဉ်းစားရပါမည်။
ထိုအချိန်မှစပြီး ကျွန်တော်သည် အလုပ်နားချိန်တွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုကာ ဆင်ခြင်နိုင်ရန် နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ ကို ကျွန်တော်နှင့်အတူ အလုပ်သို့ ယူဆောင်သွားခဲ့သည်။ အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်မှနေပြီး ကျွန်တော်က ကျွန်တော့်အမူအကျင့်နှင့် အတွေးတို့သည် မည်မျှ ဖောက်ပြန်ပျက်စီးပြီး ပုန်ကန်လိုခဲ့ကြောင်း ကို ကျွန်တော် တွေ့မြင်ခဲ့ရသည်။ နောက်ပိုင်းတွင် ကျွန်တော်က "သင် ဆုတောင်းတဲ့အခါမှာ သင့်ရဲ့ လက်ရှိ အခြေအနေမှန်အပေါ် မူတည်ပြီး တစ်ဆင့်ပြီး တစ်ဆင့် ဆုတောင်းသင့်တယ်။အဲဒါက သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့် ပြီးမြောက်ရမယ့်အရာ ဖြစ်တယ်။ ပြီးတော့ သင်ဟာ ဘုရားရဲ့ အလိုအတိုင်း၊ လ နဲ့ ပတ်သက်တဲ့ဘုရားရဲ့ သတ်မှတ်ချက်များအတိုင်း ဘုရားနဲ့ ရင်းရင်းနှီးနှီး စကားပြောသင့်တယ်။ ဆုတောင်းတဲ့ အလေ့အကျင့်ကို သင်စတင်တဲ့အခါမှာ ပထမဆုံး သင့်ရဲ့ နှလုံးသားကို ဘုရားထံပေးပါ။ ဘုရားရဲ့ အလိုက ဘာလဲဆိုတာကို နားလည်ဖို့ မကြိုးစားပါနဲ့။ သင့်နှလုံးသားထဲမှာရှိတဲ့ စကားတွေကိုသာ ဘုရားကို ပြောဖို့ကြိုးစားပါ။ သင်ဟာ ဘုရားရှေ့ကို လာတဲ့အခါမှာ ဒီလိုပြောဆိုပါ။ 'အို ဘုရားသခင်၊ ကျွန်ုပ် ကိုယ်တော့်ကို မနာခံခဲ့ဘူးဆိုတာကို ဒီနေ့မှ ကျွန်ုပ် သိပါတယ်။ ကျွန်ုပ်ဟာ တကယ်ပဲ အကျင့်ပျက်ပြီး စက်ဆုပ်ဖွယ်ကောင်းတဲ့သူ ဖြစ်ပါတယ်။ အရင်က ကျွန်ုပ်ဟာ အချိန်တွေဖြုန်းခဲ့တယ်။ ဒီနေ့ကနေစပြီး ကိုယ်တော်အတွက် အသက် ရှင်ပါ့မယ်။ ဘဝကို အဓိပ္ပါယ်ရှိရှိ အသက်ရှင်ပြီး၊ ကိုယ်တော့်ရဲ့ အလိုဆန္ဒ ပြည့်စုံအောင် လုပ်ပါ့မယ်။ ကိုယ်တော့်ရဲ့ ဝိညာဉ်တော်ကို ကျွန်ုပ်ရဲ့ အထဲမှာ အမြဲ အလုပ်လုပ်စေလိုပါတယ်၊ ဝိညာဉ်တော်က ဉာဏ်အလင်းပေးပြီး အလင်းပြစေလိုပါတယ်။ အဲဒါဆို ကျွန်ုပ်က ကိုယ်တော့်ရဲ့ ရှေ့မှာ ခိုင်မာပြီး ထူးကဲလှတဲ့ သက်သေခံချက်ကို ပေးနိုင်မှာဖြစ်တယ်။ ကျွန်ုပ်တို့ အတွင်းမှာ ရှိတဲ့ ကိုယ်တော့်အကြောင်း သက်သေခံချက်၊ ကိုယ်တော့်ရဲ့ ဘုန်းတော်နဲ့ အောင်မြင်မှုသက်သေကို စာတန်ကိုလည်း မြင်စေမှာ ဖြစ်တယ်။' သင် အဲဒီလိုဆုတောင်းရင် သင့်နှလုံးသားဟာ လွတ်မြောက်မှုကို ရရှိလိမ့်မယ်။ အဲဒီလို ဆုတောင်းပြီးတဲ့အခါမှာ သင့်ရဲ့ နှလုံးသားက ဘုရားနဲ့ ပိုမို နီးစပ်လာပါလိမ့်မယ်။" (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ "ဆုတောင်းခြင်းအကျင့်နှင့် ပတ်သက်၍" မှ) ဟု မိန့်တော်မူထားသည့် ဤနှုတ်ကပတ်တော်များကို ဖတ်ရှုခဲ့ရပါသည်။ ဘုရားသခင်၏နှုတ်ကပတ်တော်ထဲတွင် ကျွန်တော့် ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားကို ဖြေရှင်းရန် လက်တွေ့လုပ်ဆောင်ဖို့ လမ်းကြောင်း တစ်ခုကို ရှာဖွေတွေ့ရှိခဲ့ပြီး၊ ကျွန်တော်သည် ဘုရားသခင်ကို ရိုးသားသည့် နှလုံးသားတစ်ခုဖြင့် လေးလေးနက်နက် စတင်ဆုတောင်းခဲ့ပြီး၊ ဘုရားသခင်ကို မိမိ၏ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားအကြောင်း ဖွင့်ပြောကာ၊ ကျွန်တော့်နှလုံးသားတွင်းမှ အောင်မြင်ရရှိရန် မျှော်လင့်သည့်အရာအကြောင်း ပြောပြခဲ့သည်။ ကျွန်တော်က ကိုယ်တော့်နှုတ်ကပတ်တော်များအားဖြင့် အသက်ရှင်နေထိုင်နိုင်ရန် လမ်းပြဖို့ ကိုယ်တော့်ကို တောင်းလျှောက်ခဲ့သည်။ ဤကဲ့သို့ ဆုတောင်းခြင်းမျိုးများအားဖြင့် ဘုရားသခင်သည် ကျွန်တော့်ကို ဦးဆောင်ပြီး၊ ဉာဏ်အလင်းပေးနေ ကြောင်း ကျွန်တော် မကြာခဏ ခံစားခဲ့ရပြီး၊ ကျွန်တော့်နှလုံးသားသည် ယုံကြည်မှုနှင့် ခွန်အားတို့ဖြင့် ပြည့်နှက်လာခဲ့ပါသည်။ ကျွန်တော်သည် ယခင်ကနေထိုင်ခဲ့သည့် နည်းလမ်းအတိုင်း လုံးဝ အသက်ရှင်နေထိုင်ခြင်းမရှိတော့သကဲ့သို့၊ ကျွန်တော်သည် ကျွန်တော့်နှလုံးသားထဲမှ ထိုသို့သော ဖောက်ပြန်ပျက်စီးသည့် အတွေးများနှင့် စိတ်ကူးများအတိုင်း လုံးဝ ပြုမူခြင်း မရှိတော့ပါ။ ကျွန်တော့်အသက်တာသည် ပြောင်းလဲခဲ့ပြီးဖြစ်သည်။ ယင်းသည် အပြစ်ကျူးလွန်ခြင်း နှင့်ဝန်ခံခြင်းတို့ဖြင့် ကျွန်တော်ယခင်က အသက်ရှင်နေထိုင်ခဲ့သည့် အကျင့်ပျက်သည့် အသက်တာတစ်ခု လုံးဝမဟုတ်တော့ပဲနှင့် ကျွန်တော်သည် ဘုရားသခင်ရှေ့တော်မှောက်တွင် အမှန်တကယ် အသက်ရှင်နေထိုင်ကာ၊ ဘုရားသခင်၏ ဂရုစိုက်ခြင်းနှင့် ကွယ်ကာခြင်းတို့ကို ရရှိခဲ့ပါသည်။
၂၀၁၄ ခုနှစ် ဇူလိုင်လတွင် ကျွန်တော် ဖိလစ်ပိုင်နိုင်ငံသို့ ပြန်သွားခဲ့ပြီး၊ ဘုရားသခင်သည် ဖိလစ်ပိုင်နိုင်ငံတွင် ညီအစ်ကိုမောင်နှမများစွာကို ရွေးချယ်ခဲ့ကြောင်း ထိုအချိန်မှာသာ ကျွန်တော် သတိပြုမိလာခဲ့သည်။ ကျွန်တော့်မှာ အလွန်ပျော်ရွှင်ခဲ့ရသည်။ ယခုအခါတွင် ကျွန်တော်သည် ကျွန်တော့် ညီအစ်ကိုမောင်နှမများဖြင့် ဘုရားသခင်၏နှုတ်ကပတ်တော်များကို အသင်းတော်တွင် ဆွေးနွေးပြီး၊ ကျွန်တော်တို့သည် အသင်းတော် ၏ အသက်တာတစ်ခုဖြင့် အသက်ရှင်နေထိုင်ကာ၊ ကျွန်တော်တို့ အချင်းချင်း ကူညီ ထောက်ပံ့ကြသည်။ ကျွန်တော်တို့အားလုံးသည် သမ္မာတရားကို ရှာဖွေကြသည်၊ ကျွန်တော်တို့သည် မိမိတို့ စိတ်သဘောထားများကို ပြောင်းလဲရန်နှင့် ဘုရားသခင်အားဖြင့် ကယ်တင်ခံရရန် ကြိုးပမ်းကြသည်။ သခင်ယေရှုသည် ပြန်ကြွခဲ့ပြီးဖြစ်ကြောင်း သူတို့သိရှိနိုင်ရန် နှင့် သူတို့လည်း ကျွန်တော်တို့ကဲ့သို့ နောက်ဆုံးသာကာလမှ ဘုရားသခင်၏ ကယ်တင်ခြင်းကို ရရှိစေရန် ကျွန်တော်တို့က နောက်ဆုံးသောကာလထဲက အနန္တတန်ခိုးရှင်ဘုရားသခင်၏ အမှုတော်ကို မိမိတို့နိုင်ငံမှ လူများအပြင်၊ အခြားနိုင်ငံများလူများကိုလည်း သက်သေခံသည်။ အနန္တတန်ခိုးရှင်ဘုရားသခင်ကို ကျေးဇူးတင်သည်။ ယခုအခါတွင် ကျွန်တော်သည် အလွန် ကြွယ်ဝချမ်းသာပြီး ပျော်ရွှင်သည့်အသက်တာဖြင့် အသက်ရှင်နေထိုင်နေပြီ ဖြစ်သည်။ ကျွန်တော် မိမိကိုယ်ကို အကျင့်ပျက်သော အသက်တာ၊ ကျွန်တော် ယခင်က ရှိခဲ့သည့် အကျင့်စာရိတ္တပျက်ပြားသည့် အသက်တာမှ အပြည့်အဝ ဖယ်ရှားနိုင်ခဲ့ပြီဖြစ်သည်။ ကျွန်တော့် အသက်တာ၏ ပန်းတိုင်နှင့် ဦးတည်ချက်တို့ကို တွေ့ရှိရန် ဦးဆောင်တော်မူခဲ့သည့်သူမှာ အနန္တတန်ခိုးရှင်ဘုရားသခင် ဖြစ်သည်။ ဤသည်မှာ အဓိပ္ပါယ်ရှိသော အသက်တာတစ်ခုကို အသက်ရှင်နေထိုင်ရန် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်ဟု ကျွန်တော် ခံစားရပါသည်။
No comments:
Post a Comment