菜單

မူလစာမျက်နှာ သတင်းအချက်အလက် အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ စွဲကိုင်ထားသူ လွတ်လပ်မှန်ကန်တဲ့လူ့အခွင့်အရေး ကယ်တင်ရှင်ပြန်ကြွလာပြီ ဧဝံဂေလိတရားတော် ကောင်းကင်နိုင်ငံတော်သီချင်း အမှန်တရားကို ဖေါ်ထုတ်ခြင်း နိုင်ငံတော် ချီးမွမ်းခြင်း တေးဂီတ ဘုရားသခင်၏ နှုတ်ကပတ်တော်များ ဖတ်ကြားခြင်းများ

9/02/2018

အရာအားလုံးကို ဘုရားသခင်၏ နှုတ်ကပတ်တော်ဖြင့် စွမ်းဆောင်ရရှိသည်

ယုံကြည်ခြင်း, ဆုတောင်း, ယေရှု, အသင်းတော်, ဘုရားသခင်၏ နှုတ်ကပတ်တော်

မတူညီသော ခေတ်အမျိုးမျိုးတွင် ဘုရားသခင်သည် ခေတ်အပေါ်မူတည်ပြီး သူ၏ နှုတ်ကပတ်တော်များကို ပြောသည်၊ သူ့အလုပ်ကို လုပ်ဆောင်သည်။ ခေတ်အမျိုးမျိုးတွင် ဘုရားသခင်ပြောသည့် နှုတ်ကပတ်တော်များသည် မတူပေ။ ဘုရားသခင်သည် စည်းမျဉ်းများအတိုင်း မလုပ်ပေ၊ သို့မဟုတ် လုပ်ပြီးသား အလုပ်ကို နောက်တစ်ခါ ထပ်မလုပ်ပေ သို့မဟုတ် အတိတ်မှ အကြောင်းအရာများကို တသသ လွမ်းဆွတ်မနေပေ။ ဘုရားသခင်သည် အစဉ်ပင် သစ်လွင်သော ဘုရားဖြစ်ပြီး မည်သည့်အခါမျှလည်း မဟောင်းနွမ်းပေ။ နေ့တိုင်း နှုတ်ကပတ်တော်အသစ်များကို ပြောပါသည်။ သင်သည် ယနေ့ လိုက်နာသင့်သည့် စည်းမျဉ်းများကို လိုက်နာသင့်သည်။ ထိုသို့လုပ်ဖို့သည် လူ၏ တာဝန်နှင့် ဝတ္တရားလည်း ဖြစ်သည်။ ထို့အပြင် အလွန်အရေးကြီးသောအချက်မှာ ယနေ့ သင်၏ လက်တွေ့လုပ်ဆောင်မှုသည် ဘုရားသခင်၏ အလင်းနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဗဟိုပြုသော လုပ်ဆောင်မှု ဖြစ်သင့်သည်။ ဘုရားသခင်သည် စည်းမျဉ်းများအတိုင်း လုပ်ဆောင်တတ်သူ မဟုတ်။ သူ၏ ဉာဏ်ပညာနှင့် အနန္တတန်ခိုးကို ရှင်းရှင်းလင်းလင်း မြင်နိုင်စေရန်အတွက် ရှုထောင့်မျိုးစုံမှ စကားပြောနိုင်စွမ်း ရှိသူဖြစ်သည်။ ဝိညာဉ်တော်၏ ရှုထောင့်မှ စကားပြောသည် ဖြစ်စေ၊ လူ့ရှုထောင့်မှ စကားပြောသည်ဖြစ်စေ၊ ဘေးလူတစ်ယောက်၏ ရှုထောင့်မှ စကားပြောသည်ဖြစ်စေ ဘုရားသခင်သည် အစဉ်သဖြင့် ဘုရားသခင်ဖြစ်သည်။ လူ့ရှုထောင့်မှ စကားပြောသောကြောင့် သူ့ကို ဘုရားသခင် မဟုတ်ဟု သင်ပြော၍ မရပေ။ ဘုရားသခင်သည် ရှုထောင့်မျိုးစုံမှ စကားပြောသောကြောင့် အချို့လူများ၌ ဘုရားသခင်နှင့် ပတ်သက်သော အယူအဆများ ရှိလာကြသည်။ ထိုသို့သော လူများ၌ ဘုရားသခင်၏ အကြောင်းကို သိသော အသိမရှိ၊ သူတို့သည် ဘုရားသခင်၏ အလုပ်ကိုလည်း မသိပေ။ ဘုရားသခင်သည် ရှုထောင့် တစ်ခုတည်းမှ အမြဲစကားပြောလျှင် လူသည် ဘုရားသခင်နှင့် ပတ်သက်သော စည်းမျဉ်းများ ချမှတ်လာကြမည် မဟုတ်လော။ ဘုရားသခင်သည် လူကို ထိုသို့စည်းမျဉ်းများ ချမှတ်နိုင်အောင် အခွင့်ပေးနိုင် ပါသလား။ မည်သည့် ရှုထောင့်မှ စကားပြောသည်ဖြစ်စေ၊ ဘုရားသခင်၌ တစ်ခုစီအတွက် ရည်ရွယ်ချက် ရှိသည်။ ဘုရားသခင်သည် အမြဲတမ်း ဝိညာဉ်တော်၏ ရှုထောင့်မှ စကားပြောနေလျှင် သင်သည် ဘုရားသခင်နှင့် အကျွမ်းဝင်နိုင်မည်ဟု သင်ထင်ပါသလား။ ထို့ကြောင့် တစ်ခါတစ်ရံ၌ သင့်အား သူ၏ နှုတ်ကပတ်တော်ကို ပေးရန် လက်တွေ့အရှိသဘောထဲသို့ သင့်ကိုလမ်းပြရန် ဘုရားသခင်သည် ဘေးလူ တစ်ယောက်၏ ရှုထောင့်မှ သင့်ကို စကားပြောလေ့ရှိသည်။ ဘုရားသခင် လုပ်သမျှသည် လျော်ကန်သည်။ အတိုချုပ် ပြောရလျှင် ဘုရားသခင်လုပ်သမျှသည် လျော်ကန်ပြီး သင်သည် သူလုပ်သောအရာကို သံသယ မဝင်သင့်ပေ။ သူသည် ဘုရားသခင်ဖြစ်သည်ဆိုလျှင် မည်သည့် ရှုထောင့်မှ သူစကားပြောသည်ဖြစ်စေ သူသည် ဘုရားသခင် ဆက်ဖြစ်နေသေးသည်။ ထိုအရာသည် ပြောင်းလဲခြင်းမရှိသော သမ္မာတရားဖြစ်သည်။ သူမည်ကဲ့သို့ အလုပ်လုပ်သည် ဖြစ်စေ၊ သူသည် ဘုရားသခင် ဆက်ဖြစ်နေသေးသည်၊ သူ၏ အနှစ်သာရက ပြောင်းလဲမည်မဟုတ်။ ပေတရုသည် ဘုရားသခင်ကို အလွန်ချစ်ပြီး ဘုရားသခင်၏ စိတ်နှလုံးနှင့်တွေ့သူ ဖြစ်သည်။ သို့သော် ဘုရားသခင်သည် ပေတရုကို သခင်အဖြစ် သို့မဟုတ် ခရစ်တော်အဖြစ် မမြင်ခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် တစ်စုံတစ်ယောက်၏ အနှစ်သာရသည် အမြဲတမ်း မူလအတိုင်းဖြစ်ပြီး မည်သည့်အခါမျှ မပြောင်းလဲနိုင်သောကြောင့် ဖြစ်သည်။ ဘုရားသခင်သည် အလုပ်လုပ်သောအခါ၌ စည်းမျဉ်းများအတိုင်း မလုပ်သော်လည်း သူ့အလုပ် ထိရောက်စေရန်နှင့် သူ့ကိုသိသောအသိ လူသား၌ တိုးပွားလာစေရန် နည်းလမ်းမျိုးစုံကို အသုံးပြုလေ့ရှိသည်။ လူသားက ဘုရားသခင်ကို ပိုမို သိကျွမ်းလာစေရန် ဘုရားသခင် အလုပ်လုပ်သည့် နည်းလမ်းတိုင်းက အထောက်အကူပြုသည်။ ထိုနည်းလမ်းများသည် လူသားကို စုံလင်အောင် ပြုလုပ်ပေးရန်အတွက် ဘုရားသခင် အသုံးပြုသည့် နည်းလမ်းများဖြစ်သည်။ မည်သည့် နည်းလမ်းကို ဘုရားသခင် အသုံးပြုသည်ဖြစ်စေ နည်းလမ်းတစ်ခုစီတိုင်းသည် လူသားကို ပိုပြီး ကြံ့ခိုင်စေရန်နှင့် လူသားကို စုံလင်စေရန် အသုံးပြုသော နည်းလမ်းများ ဖြစ်သည်။ ဘုရားသခင်သည် နည်းလမ်းတစ်ခုကို အချိန် အလွန်ကြာမြင့်စွာ အသုံးပြုကောင်း အသုံးပြုနိုင်သည်။ ထိုသို့ လုပ်ဆောင်ခြင်းသည် ဘုရားသခင် အပေါ်၌ ထားသော လူသား၏ ယုံကြည်ခြင်းကို ပုံသွင်းဖို့အတွက်ဖြစ်သည်။ သို့ဖြစ်၍ သင်တို့၌ သံသယစိတ် မရှိသင့်ပါ။ အထက်တွင် ဖော်ပြထားသော အရာများ အားလုံးသည် အလုပ်လုပ်သောအခါ၌ ဘုရားသခင် လုပ်ဆောင်သော အဆင့်များဖြစ်ပြီး သင်တို့ နာခံရမည့်အရာများ ဖြစ်သည်။

ယနေ့ ဘုရားသခင်ပြောသော စကားများသည် လက်တွေ့အရှိသဘောသို့ ဝင်ရောက်နိုင်သော စကားများ ဖြစ်သည်။ ကောင်းကင်နိုင်ငံသို့တက်သည့် အကြောင်းကိုလည်း မပြောပါ၊ ရှင်ဘုရင်များအဖြစ် အုပ်ချုပ်သည့် အကြောင်းလည်းမပြောပါ၊ ပြောပြီးသော အရာအားလုံးမှာ လက်တွေ့အရှိသဘောထဲသို့ ဝင်ရောက်မှု၏ ကြိုးပမ်းမှုအကြောင်းသာ ဖြစ်သည်။ ဤကြိုးပမ်းမှုထက် ပို၍လက်တွေ့ကျသော အရာ မရှိပါ၊ ရှင်ဘုရင်များကဲ့သို့ အုပ်ချုပ်ခြင်းအကြောင်း ပြောရန်မှာလည်း လက်တွေ့မကျပါ။ လူသား၌ အလွန် ပြင်းပြသော သိလိုစိတ်ရှိသည်။ လူသားသည် ယနေ့အထိ ဘုရားသခင်၏ အလုပ်ကို မိမိ၏ ဘာသာရေးဆိုင်ရာ အယူအဆများဖြင့် တိုင်းတာနေသေးသည်။ ဘုရားသခင် အလုပ်လုပ်သည့် နည်းလမ်းမျိုးစုံကို ကိုယ်တိုင် ကြုံတွေ့ပြီးသည့်တိုင် လူသားသည် ဘုရားသခင်၏ အလုပ်ကို မသိသေးပေ၊ နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို ဆက်ရှာနေသေးသည်၊ ဘုရားသခင်ပြောသည့် နှုတ်ကပတ်တော်များ ပြည့်စုံပြီလား၊ မပြည့်စုံသေးဘူးလားဆိုသည်ကို ဆက်ကြည့်နေသေးသည်။ ထိုသို့ပြုမူခြင်းသည် အလွန်အမင်း မမြင်မကန်း ဖြစ်နေခြင်း မဟုတ်လော။ ဘုရားသခင်ပြောသည့် နှုတ်ကပတ်တော်များ ပြည့်စုံခြင်းမရှိလျှင် သူသည် ဘုရားသခင်ဖြစ်သည်ဟု သင်ဆက်ယုံနေမည်လော။ ယနေ့အသင်းတော်၌ ထိုသို့သော လူတော်တော်များများသည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို ဆက်လက် စောင့်စားနေသေးသည်။ သူတို့က သူပြောသည့် နှုတ်ကပတ်တော်များ ပြည့်စုံလျှင် သူသည် ဘုရားသခင်ဖြစ်သည်ဟု ပြောကြပြီး သူပြောသည့် စကားများ မပြည့်စုံလျှင်တော့ သူသည် ဘုရားသခင် မဟုတ်ဟု ပြောကြသည်။ ထိုသို့ဆိုလျှင် သင်သည် ဘုရားသခင် ပြောသည့်စကားများ ပြည့်စုံသောကြောင့် ဘုရားသခင်ကို ယုံခြင်းလော၊ သို့မဟုတ် ဘုရားသခင်သည် ဘုရားသခင် ဖြစ်သောကြောင့် ယုံခြင်းလော။ ဘုရားသခင်ကို ယုံကြည်ခြင်းနှင့် ပတ်သက်သော လူသား၏ အမြင်ကို တည့်မတ်ပေးရမည်။ ဘုရားသခင်ပြောသည့် နှုတ်ကပတ်တော်များ ပြည့်စုံခြင်း မရှိကြောင်းကို တွေ့သောအခါ သင်သည် အဝေးသို့ ထွက်ပြေးသည်။ ယုံကြည်ခြင်းဆိုသည်မှာ ထိုသို့ လုပ်ဆောင်ခြင်းလော။ သင်သည် ဘုရားသခင်ကို ယုံကြည်သောအခါ၌ အရာအားလုံးကို ဘုရားသခင်၏ ကရုဏာထံ အပ်နှံ၍ ဘုရားသခင်၏ အလုပ်အားလုံးကို နာခံရမည်။ ဓမ္မဟောင်းကျမ်း၌ ဘုရားသခင်သည် စကားများစွာ ပြောခဲ့သည်။ ထိုအရာများထဲမှ မည်သည်တို့ ပြည့်စုံသည်ကို သင်၏မျက်စိနှင့် ကိုယ်တိုင် မြင်ဖူးသလော။ ယေဟောဝါကို သင်မမြင်ဖူးသောကြောင့် ယေဟောဝါသည် ဘုရားမဟုတ်ဟု သင်ပြောလို့ ရပါသလော။ ဘုရားသခင် ပြောသည့်စကားများ မပြည့်စုံကြောင်း မြင်သောအခါ အချို့က ထွက်ပြေးသွား လိုကြသည်။ ထွက်သွားလိုသူတိုင်း ထွက်သွားသင့်သည်၊ သူတို့ကို မည်သူမျှ မတားပါ။ သင်ထွက်ပြေး သွားနိုင်လား၊ မသွားနိုင်ဘူးလား စမ်းကြည့်ပါ။ ထွက်ပြေးသွားပြီးလျှင်တောင်မှ သင်ပြန်လာဦးမည် ဖြစ်သည်။ ဘုရားသခင်က သင့်ကို သူ၏နှုတ်ကပတ်တော်ဖြင့် ထိန်းချုပ်သည်။ သင်သည် အသင်းတော်နှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို စွန့်လျှင် အသက်ရှင်နိုင်မည် မဟုတ်။ သင်မယုံလျှင် ကိုယ်တိုင် စမ်းကြည့်ပါ၊ ဤအတိုင်း စွန့်ထွက်သွား၍ ရမည်ဟု သင်ထင်ပါသလား။ ဘုရားသခင်၏ ဝိညာဉ်တော်က သင့်ကို ထိန်းချုပ်ထားသည်၊ သင်သည် စွန့်ထွက်သွားနိုင်မည် မဟုတ်။ ယင်းသည် ဘုရားသခင်၏ အုပ်ချုပ်မှုနှင့်ဆိုင်သော အမိန့်ဖြစ်သည်။ စမ်းကြည့်လိုသူ အချို့ရှိပါက စမ်းကြည့်နိုင်ပါသည်။ ဤသူသည် ဘုရားသခင်မဟုတ်ဟု သင်တို့ပြောကြသည်၊ ဤသို့ဆိုလျှင် ထိုသူတစ်ဘက် ဆန့်ကျင်၍ အပြစ်ပြုကြည့်ပါ၊ သူမည်သို့ ပြုမည်ကို ကြည့်ပါ။ သင်၏ ဇာတိခန္ဓာသည် ဆက်ပြီး အသက်ရှင်ကောင်း ရှင်မည်ဖြစ်သည်၊ ထို့အပြင် သင်အစာဆက်စား၊ အဝတ်ဆက်ဝတ်နိုင်စွမ်း ရှိကောင်းရှိမည် ဖြစ်သော်လည်း စိတ်ပိုင်းဆိုင်ရာအရ သင်သည် မခံမရပ်နိုင်လောက်အောင် ဖြစ်လိမ့်မည်၊ စိတ်ဖိစီးမှုကို ခံစားရပြီး အလွန်အမင်း စိတ်ဒုက္ခရောက်နေလိမ့်မည်၊ ထို့ထက် ဆိုးသောနာကျင်မှု ရှိမည်မဟုတ်။ စိတ်ပိုင်းဆိုင်ရာ အလွန်အမင်း စိတ်ဒုက္ခရောက်ခြင်း၊ ဖျက်ဆီးခြင်းကို လူသည်မခံနိုင်ပါ၊ ဇာတိခန္ဓာ၌ ခံစားရသောဒုက္ခကို သင်ခံနိုင်စွမ်း ရှိကောင်းရှိမည် ဖြစ်သော်လည်း စိတ်ဖိစီးမှုနှင့် အချိန်အကြာကြီး စိတ်ဒုက္ခရောက်သည်ကို ခံနိုင်စွမ်း သင့်မှာ လုံးဝမရှိပါ။ ယနေ့တွင် သင်သည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို မမြင်နိုင်ပေ။ သို့သော် မည်သူ့မှာမှ အဝေးသို့ ထွက်ပြေးသွားနိုင်စွမ်း ရှိသည်မဟုတ်၊ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် လူသားကို ထိန်းချုပ်ရန်အတွက် သူ၏ နှုတ်ကပတ်တော်ကို အသုံးပြုသောကြောင့် ဖြစ်သည်။ မထိနိုင်၊ မမြင်နိုင်သော်လည်း၊ အချက်အလက်များ အသုံးပြုခြင်း မရှိသော်လည်း လူသည် ထွက်ပြေးနိုင်စွမ်း ရှိဦးမည် မဟုတ်။ ဤအရာများသည် ဘုရားသခင်၏ လုပ်ရပ်များပင် မဟုတ်လော။ ယနေ့လူသားကို အသက်နှင့် ထောက်ပံ့ပေးရန်အတွက် ဘုရားသခင်သည် လောကသို့ လာခဲ့ပြီးဖြစ်သည်။ လူသားများ တွေးထင်သကဲ့သို့ သင်တို့ကို ဘုရားသခင်က နိမိတ်လက္ခဏာများ၊ အံ့သြဖွယ်ရာများပြပြီး ဘုရားသခင်နှင့် လူသားအကြား ငြိမ်းချမ်းသော ဆက်ဆံရေး ရှိစေရန်အတွက် ချော့မော့တိုက်တွန်းခြင်း မပြုပေ။ အသက်ရဖို့ အာရုံမစိုက်ဘဲ နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို ဘုရားသခင် ပြအောင် လုပ်ဖို့သာ အာရုံစိုက်နေသောသူ အားလုံးသည် ဖာရိရှဲများ ဖြစ်သည်။ တစ်ချိန်က ယေရှုကို လက်ဝါးကပ်တိုင်ပေါ်၌ သံဖြင့် ရိုက်ခဲ့ကြသူများမှာ ဖာရိရှဲများ ဖြစ်သည်၊ ဘုရားသခင်၌ ယုံကြည်ခြင်းနှင့် ပတ်သက်သော သင်၏အမြင်အပေါ်၌ အခြေခံပြီး သင်သည် ဘုရားသခင်ကို တိုင်းတာလျှင် ဘုရားသခင်ပြောသည့် နှုတ်ကပတ်တော်များ ပြည့်စုံလျှင် ဘုရားသခင်ကို ယုံပြီး ဘုရားသခင်ပြောသည့် နှုတ်ကပတ်တော်များ မပြည့်စုံသောအခါ၌ သံသယဝင်လာပြီး ဘုရားသခင်ကိုပင် စော်ကားပြောဆိုကြလျှင် သင်သည် သူ့ကို လက်ဝါးကပ်တိုင်ပေါ်၌ သံနှင့် ရိုက်နေခြင်း မဟုတ်ပါလော။ ထိုသို့သော လူများသည် မိမိတို့၏ တာဝန်များကို လျစ်လျူရှုပြီး သက်သောင့် သက်သာ နေရသည်ကို ပျော်မွေ့နေသူများ ဖြစ်သည်။

တစ်ဖက်မှ ကြည့်လျှင် လူသားနှင့်ပတ်သက်သော အကြီးမားဆုံး ပြဿနာမှာ ဘုရားသခင်၏ အလုပ်ကို မသိခြင်းဖြစ်သည်။ လူသား၌ ငြင်းဆန်တတ်သည့် သဘောထား မရှိသော်လည်း သံသယတော့ ရှိသည်။ လူသားသည် မငြင်းဆန်သော်လည်း အပြည့်အဝတော့ အသိအမှတ်မပြုပေ။ လူတို့သည် ဘုရားသခင်၏ အလုပ်ကို သေသေချာချာ နှံ့နှံ့စပ်စပ်သိလျှင် အဝေးသို့ ထွက်ပြေးသွားလိမ့်မည် မဟုတ်ပေ။ အခြားတစ်ဖက်မှ ကြည့်လျှင်မူ လူသားသည် လက်တွေ့အရှိသဘောကို မသိသောကြောင့် ထိုသို့ပြုခြင်း ဖြစ်သည်။ ယနေ့ခေတ်တွင် အယောက်စီတိုင်း ရင်းနှီးကျွမ်းဝင်သည့်အရာမှာ ဘုရားသခင်၏ နှုတ်ကပတ်တော် ဖြစ်သည်၊ အနာဂတ်တွင် သင်သည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို မြင်တွေ့ဖို့ မစဉ်းစားသင့်ပါ။ သင့်ကိုငါ ရှင်းရှင်းလင်းလင်းပြောမည်၊ လက်ရှိလုပ်ငန်းအဆင့်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်ကိုသာ သင်မြင်နိုင်သည်။ အချက်အလက်များ မရှိသော်လည်း ဘုရားသခင်ထံမှ အသက်ကို လူသား၏အထဲသို့ ဝင်နိုင်စေသေးသည်။ ထိုသို့ လုပ်ဆောင်ခြင်းသည် အနှစ်တစ်ထောင် နိုင်ငံတော်၏ အဓိက အလုပ်ဖြစ်ပြီး သင်သည် ထိုအလုပ်ကို နားမလည်နိုင်လျှင် အားနည်းလာပြီး လဲလိမ့်မည်၊ စမ်းသပ်မှုများနှင့် ကြုံသောအခါ၌ အနိမ့်သို့ ကျလိမ့်မည်။ ပို၍ ဝမ်းနည်းဖွယ် ကောင်းသည်မှာ သင်သည် စာတန်၏ ဖမ်းဆီး ချုပ်နှောင်မှုကို ခံရလိမ့်မည်။ ဘုရားသခင် လောကသို့ လာသည်မှာ အဓိကအားဖြင့် သူ၏နှုတ်ကပတ်တော်များကို ပြောဖို့ ဖြစ်သည်။ သင်ကျွမ်းဝင်သောအရာ၊ သင်မြင်သောအရာ၊ သင်ကြားသောအရာ၊ သင်လိုက်နာ စောင့်ရှောက်သော အရာနှင့် သင်ကိုယ်တိုင် ကြုံတွေ့ခံစားသော အရာများသည် ဘုရားသခင်၏ နှုတ်ကပတ်တော် ဖြစ်သည်။ လူ့ဇာတိခံယူထားသော ထိုဘုရားသခင်သည် လူသားကို စုံလင်အောင် ပြုလုပ်ပေးရန်အတွက် နှုတ်ကပတ်တော်ကို အဓိက အသုံးပြုသည်။ သူသည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို မပြပါ၊ အထူးသဖြင့် ယေရှုအတိတ်က လုပ်ခဲ့သည့် အလုပ်ကို ပြန်မလုပ်ပါ။ ထိုသူတို့ နှစ်ဦးစလုံးသည် ဘုရားသခင် ဖြစ်သော်လည်း၊ လူ့ဇာတိ ဖြစ်သော်လည်း သူတို့၏ သာသနာအလုပ်ချင်း မတူပေ။ ယေရှု လောကသို့ လာသောအခါ၌ သူသည် ဘုရားသခင် အလုပ်၏ တစ်စိတ်တစ်ပိုင်းကို လုပ်ခဲ့သည်၊ နှုတ်ကပတ်တော်အချို့ ပြောခဲ့သည်၊ သို့သော် သူအထမြောက်အောင် လုပ်ခဲ့သည့် အဓိကအလုပ်မှာ မည်သည့်အလုပ် ဖြစ်သနည်း။ သူအထမြောက်အောင် လုပ်ခဲ့သည့် အဓိကအလုပ်မှာ လက်ဝါးကပ်တိုင်၌ အသေခံခြင်းဖြစ်သည်။ သူသည် လက်ဝါးကပ်တိုင်၌ အသေခံသည့်အလုပ်ကို ပြီးမြောက်အောင် လုပ်ရန်နှင့် လူသားမျိုးနွယ် အားလုံးကို ရွေးနုတ်ဖို့ရန်အတွက် အပြစ်ရှိသော ဇာတိပကတိလူ ဖြစ်လာခဲ့သည်။ ထိုသို့ ဖြစ်သည်မှာ လူသားမျိုးနွယ် အားလုံး၏ အပြစ်အတွက်ဖြစ်ပြီး အပြစ်ဖြေရာယဇ်အဖြစ် ထမ်းဆောင်ခဲ့သည်။ ထိုသို့ လုပ်ဆောင်ခြင်းသည် ယေရှု အထမြောက်အောင် လုပ်ဆောင်ခဲ့သည့် အဓိက အလုပ်ဖြစ်သည်။ အဆုံးတွင် ယေရှုသည် သူ့ထံသို့ နောက်မှလာကြသူများကို လမ်းပြရန်အတွက် ကားတိုင်လမ်းကို ထောက်ပံ့ပေးခဲ့သည်။ ယေရှုလောကသို့ လာသောအခါ၌ ရွေးနုတ်ခြင်းအမှုကို ပြီးမြောက်အောင် အဓိကလုပ်ဆောင်ရန် ဖြစ်ခဲ့သည်။ လူသားမျိုးနွယ်အားလုံးကို ရွေးနုတ်ခဲ့သည်၊ ကောင်းကင်နိုင်ငံ အကြောင်း သတင်းကောင်းကို လူထံ ယူဆောင်လာရုံသာမက ကောင်းကင်နိုင်ငံသို့ သွားရာလမ်းကြောင်းကိုလည်း ညွှန်ပြခဲ့သည်။ ရလဒ်အနေနှင့် ထင်မထားသော်လည်း ရောက်လာကြသူများက "ငါတို့ ကားတိုင်လမ်းကို လျှောက်ပြီး ကားတိုင်အတွက် ကိုယ့်ကိုယ်ကိုယ် ပေးဆပ်သင့်တယ်"ဟု ပြောကြသည်။ မှန်ပါသည်၊ အစတွင် ယေရှုသည် တခြားအလုပ် အချို့ကိုလည်း လုပ်ခဲ့သည်၊ လူသားကို နောင်တရစေရန်၊ အပြစ်များကို ဝန်ခံစေရန် စကားအချို့ကိုလည်း ပြောခဲ့ပါသည်။ သို့သော် သူ၏ သာသနာလုပ်ငန်းမှာ လက်ဝါးကပ်တိုင်၌ အသေခံဖို့ပင်ဖြစ်ခဲ့ပြီး လမ်းခရီးအကြောင်း သုံးနှစ်ခွဲ တရားဟောခဲ့သည်မှာလည်း နောက်ပိုင်းတွင် ကြုံရမည့် လက်ဝါးကပ်တိုင်၌ အသေသတ်ခြင်းကိုခံဖို့ ကြိုတင်ပြင်ဆင်ခြင်းဖြစ်သည်။ ယေရှု ဆုတောင်းခဲ့သည့် အကြိမ် တော်တော် များများသည်လည်း လက်ဝါးကပ်တိုင်၌ အသေခံခြင်းအတွက် ဖြစ်သည်။ သူရှင်သန် နေထိုင်ခဲ့သည့် သာမန်လူတစ်ယောက်၏ အသက်တာနှင့် လောက၌နေခဲ့သည် သုံးဆယ့်သုံးနှစ်ခွဲ ကာလသည် အဓိကအားဖြင့် လက်ဝါးကပ်တိုင်၌ အသေခံသည့် အလုပ်ကို ပြီးမြောက်အောင် လုပ်ဖို့ဖြစ်သည်။ ထိုသို့ အသက်ရှင်ခြင်းက ယေရှုကို ခွန်အားပေးရန်၊ လက်ဝါးကပ်တိုင်၌ အသေခံသည့်အလုပ်ကို လုပ်ရန် ဖြစ်ပြီး၊ အကျိုးဆက်အနေနှင့် ဘုရားသခင်သည် လက်ဝါးကပ်တိုင်၌ အသေခံသည့် အလုပ်ကို ယေရှု၌ အပ်နှံခဲ့သည်။ ယနေ့ လူ့ဇာတိခံထားသော ဘုရားသခင်သည် မည်သည့်အလုပ်ကို အထမြောက်အောင် လုပ်ဆောင်မည်နည်း။ ယနေ့ခေတ်တွင် ဘုရားသခင်သည် လူ့ဇာတိခံသည်မှာ အဓိကအားဖြင့် "လူ့ဇာတိ၌ နှုတ်ကပတ်တော် ပေါ်လာခြင်း"၏အလုပ်ကို ပြီးမြောက်အောင် လုပ်ဆောင်ရန်၊ နှုတ်ကပတ်တော်ကို အသုံးပြုပြီး လူသားကို စုံလင်အောင် ပြုလုပ်ပေးရန်နှင့် နှုတ်ကပတ်တော်၏ ဆုံးမမှုနှင့် စစ်ဆေးမှုကို လူလက်ခံအောင် ပြုလုပ်ရန်ဖြစ်သည်။ သူပြောသည့် နှုတ်ကပတ်တော်များဖြင့် သူ့ထံမှ ထောက်ပံ့မှုနှင့် အသက်ကို သင့်အား ရစေခဲ့သည်။ သူ၏ နှုတ်ကပတ်တော်များအားဖြင့် သင်သည် သူ၏အလုပ်နှင့် သူ၏လုပ်ရပ်ကို မြင်တွေ့သည်။ ဘုရားသခင်သည် သင့်ကို ပြစ်တင်ဆုံးမရန်နှင့် သန့်စင်ရန်အတွက် နှုတ်ကပတ်တော်ကို အသုံးပြုသည်။ သင်အခက်အခဲနှင့် ကြုံလျှင်လည်း ဘုရားသခင်၏ နှုတ်ကပတ်တော်ကြောင့်သာ ဖြစ်သည်။ ယနေ့ခေတ်၌ ဘုရားသခင်သည် အချက်အလက်များကို အသုံးပြုပြီး အလုပ်မလုပ်ပါ၊ သူ၏ နှုတ်ကပတ်တော်များကိုသာ အသုံးပြုပြီး အလုပ်လုပ်သည်။ သူ၏ နှုတ်ကပတ်တော် သင့်အပေါ်၌တည်မှသာ သန့်ရှင်းသော ဝိညာဉ်တော်က သင့်အထဲ၌ အလုပ်လုပ်နိုင်သည်၊ ဝေဒနာ သို့မဟုတ် ချိုမြိန်မှုကို ခံစားစေနိုင်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကသာလျှင် သင့်အား လက်တွေ့အရှိသဘောထဲသို့ ခေါ်ဆောင်နိုင်သည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်မှသာလျှင် သင့်ကို စုံလင်အောင် လုပ်ပေးနိုင်စွမ်းရှိသည်။ ထို့ကြောင့် အနည်းဆုံး သင်နားလည်ရမည်မှာ- နောက်ဆုံးသောကာလ၌ ဘုရားသခင်လုပ်သည့် အလုပ်သည် မူအားဖြင့် သူ၏ နှုတ်ကပတ်တော်ကို အသုံးပြုပြီး လူတိုင်းကို စုံလင်အောင် ပြုလုပ်ပေးဖို့နှင့် လူကို လမ်းပြဖို့ ဖြစ်သည်ဟူသည့် အချက်ဖြစ်သည်။ ဘုရားသခင်လုပ်သမျှ အလုပ် အားလုံးသည် နှုတ်ကပတ်တော်အားဖြင့် လုပ်သော အလုပ်များဖြစ်သည်။ သင့်ကို ပြစ်တင်ဆုံးမရန် ဘုရားသခင်သည် အချက်အလက်များကို အသုံးမပြုပါ။ အချို့လူများက ဘုရားသခင်ကို မနာခံသည့် အချိန်များရှိသည်။ ဘုရားသခင်က သင့်ကို အလွန်အမင်း စိတ်ဆင်းရဲအောင်မလုပ်ပေ။ သင်၏ ဇာတိခန္ဓာသည်လည်း ပြစ်တင်ဆုံးမခြင်းမခံရ၊ သင်သည်လည်း ဆင်းရဲဒုက္ခ မရောက်ပေ။ သို့သော် ဘုရားသခင်၏ နှုတ်ကပတ်တော် သင့်အပေါ်၌ တည်စေပြီး သင့်ကို သန့်စင်သည်နှင့် တစ်ပြိုင်နက် သင်လုံးဝ ခံနိုင်မည် မဟုတ်။ ထိုသို့ ဖြစ်သည် မဟုတ်လော။ အစေကျွန်ခံသူတို့၏ ခေတ်အချိန်အခါက ဘုရားသခင်သည် လူသားကို အောက်ခြေ မရှိသော တွင်းနက်ထဲသို့ ပစ်ချဖို့ ပြောခဲ့သည်။ လူသားသည် အမှန်တကယ်ပင် အောက်ခြေမရှိသော တွင်းနက်ထဲသို့ ရောက်နေသလော။ ဘုရားသခင်သည် လူသားကို စစ်ဆေးဖို့အတွက် ရိုးရိုးလေးပင် နှုတ်ကပတ်တော်များကို အသုံးပြုခဲ့သည်။ အကျိုးဆက်အနေနှင့် လူသည် အောက်ခြေမရှိသော တွင်းနက်ထဲသို့ ရောက်သွားခဲ့သည်။ ထို့ကြောင့် နောက်ဆုံးသောကာလ၌ ဘုရားသခင်သည် လူ့ဇာတိ ခံသောအခါ အရာအားလုံးကို အထမြောက်စေဖို့နှင့် အရာအားလုံးကို ရှင်းလင်းအောင် ပြုလုပ်ဖို့အတွက် နှုတ်ကပတ်တော်ကို အဓိက အသုံးပြုသည်။ သူမည်သူနည်း ဆိုသည်ကို သူ၏ နှုတ်ကပတ်တော်များ အားဖြင့်သာ သင်သိနိုင်သည်။ သူသည် ဘုရားသခင်ကိုယ်တိုင် ဖြစ်ကြောင်းကို သူ၏နှုတ်ကပတ်တော်များ အားဖြင့်သာ သင်သိနိုင်သည်။ လူ့ဇာတိခံယူသော ဘုရားသခင်သည် လောကသို့လာသောအခါ တစ်ခြားအလုပ်ကို မလုပ်၊ နှုတ်ကပတ်တော်များသာ ပြောသည်။ ထို့ကြောင့် အချက်အလက်များ အသုံးပြုဖို့ မလိုပါ၊ သူပြောသည့် နှုတ်ကပတ်တော်များက လုံလောက်သည်။ အဘယ်ကြောင့်ဆိုသော် သူသည် လောကသို့လာသည်မှာ အဓိကအားဖြင့် ထိုသို့လုပ်ဆောင်ဖို့၊ သူ၏နှုတ်ကပတ်တော်အတွင်း သူ၏တန်ခိုးနှင့် သာလွန်မှုကို လူသားအား မြင်ခွင့်ပေးဖို့၊ သူသည် နှိမ့်ချစွာဖြင့် ကိုယ့်ကိုယ်ကိုယ် မည်သို့ ကွယ်ဝှက် ထားကြောင်းကို သူ့နှုတ်ကပတ်တော်များအားဖြင့် လူသားအား သိခွင့်ပေးဖို့၊ သူနှင့်ပတ်သက်သော အကြောင်းအရာ အလုံးစုံကို သူ့နှုတ်ကပတ်တော်အားဖြင့် လူသားအား သိခွင့်ပေးဖို့အတွက်ဖြစ်သည်။ သူ၏ အရာအားလုံးနှင့် သူ၏ဖြစ်ခြင်း အလုံးစုံသည် သူ့စကားများထဲတွင်ရှိပြီး သူ့ဉာဏ်ပညာနှင့် သူ၏ အံ့သြဖွယ်ကောင်းမှုသည်လည်း သူ၏ နှုတ်ကပတ်တော်များထဲတွင် ရှိသည်။ ဤသို့အားဖြင့် ဘုရားသခင်သည် သူ၏နှုတ်ကပတ်တော်များ ပြောသည့် နည်းလမ်းမျိုးစုံကို သင်မြင်နိုင်အောင် လုပ်ပေးထားသည်။ ဤကာလ၌ ဘုရားသခင် လုပ်ဆောင်သော အလုပ်အများစုသည် လူကို ပံ့ပိုးကူညီခြင်း၊ ဗျာဒိတ်ပေးခြင်းနှင့် ဆုံးမခြင်းတို့ဖြစ်သည်။ ဘုရားသခင်သည် လူတစ်ယောက်ကို အကြောင်းပြချက် ကောင်းကောင်းမရှိဘဲ မကျိန်ပေ၊ ကျိန်ခဲ့လျှင်ပင် နှုတ်ကပတ်တော်ကို သုံးပြီးကျိန်သည်။ ထို့ကြောင့် ဘုရားသခင် လူဇာတိခံသည့် ဤခေတ်ကာလ၌ မကျန်းမာသူများကို ကျန်းမာစေခြင်း၊ နတ်ဆိုးများကို နှင်ထုတ်ခြင်းတို့ကို ဘုရားသခင် ထပ်လုပ်သည်ကို မြင်ရဖို့ မကြိုးစားပါနှင့်၊ နိမိတ်လက္ခဏာများ မြင်ရဖို့လည်း အမြဲတမ်း ကြိုးစား မနေပါနှင့်၊ ထိုသို့ ကြိုးစားခြင်းသည် အဓိပ္ပါယ်မရှိပေ။ နိမိတ်လက္ခဏာများသည် လူသားကို စုံလင်အောင် ပြုလုပ်မပေးနိုင်ပေ။ ရှင်းရှင်းပြောရလျှင် ဘုရားသခင် ကိုယ်တိုင်ဖြစ်သော လူဇာတိကိုခံထားသည့် ဘုရားသခင်အစစ်သည် ယနေ့ခေတ်တွင် နှုတ်ကပတ်တော် ပြောဆိုခြင်းကိုသာ လုပ်သည်၊ ထိုသို့သော အရာများကို မလုပ်ပေ။ ထိုအချက်သည် အမှန်တရား ဖြစ်သည်။ သူသည် သင့်ကို စုံလင်စေရန်အတွက်၊ သင့်ကို ကျွေးမွေးရန်၊ ရေလောင်းပေးရန်အတွက် နှုတ်ကပတ်တော်များကို အသုံးပြုသည်။ အလုပ်လုပ်ရန်အတွက်လည်း သူသည် နှုတ်ကပတ်တော်များကို အသုံးပြုသည့်အပြင်၊ သူ၏ လက်တွေ့အရှိသဘောကို သင်သိစေဖို့ရန် အတွက် အချက်အလက်များအစား နှုတ်ကပတ်တော်များကို အသုံးပြုသည်။ ဘုရားသခင် ၏ ဤအလုပ်မျိုးကို သင်နားလည်နိုင်စွမ်းရှိလျှင် မလှုပ်မယှက်နှင့် ဘာကိုမှ စမလုပ်ဘဲနေဖို့ သင့်အတွက် ခက်ပေလိမ့်မည်။ အပျက်သဘောဆောင်သည့် အရာများအပေါ်၌ အာရုံမစိုက်ဘဲ သင်တို့သည် အပြုသဘောဆောင်သော အရာများအပေါ်၌သာ အာရုံစိုက်သင့်သည်။ ဆိုလိုသည်မှာ ဘုရားသခင်ပြောသည့် နှုတ်ကပတ်တော်များ ပြည့်စုံသည်ဖြစ်စေ၊ မပြည့်စုံသည်ဖြစ်စေ သို့မဟုတ် အချက်အလက်များကို အသုံးပြုသည်ဖြစ်စေ၊ အသုံးမပြုသည်ဖြစ်စေ၊ ဘုရားသခင်သည် လူသားကို သူ၏ စကားများမှ အသက်ကိုရစေသည်၊ ထိုသို့ ရစေခြင်းသည် ရှိရှိသမျှ နိမိတ်လက္ခဏာ အားလုံးထက် ကောင်းမွန်သည့်အပြင် ထိုအချက်သည် အငြင်းပွားစရာ အကြောင်းမရှိသော အချက်ဖြစ်သည်။ ဤအချက်သည် ဘုရားသခင်ကိုသိသော အသိကို ရဖို့အတွက် အကောင်းဆုံးသက်သေ ဖြစ်ပြီး နိမိတ်လက္ခဏာများ ထက်ပင် သာ၍ကောင်းသော နိမိတ် လက္ခဏာ ဖြစ်သည်။ ဘုရားသခင်ပြောသည့် စကားများသာလျှင် လူကို စုံလင်စေနိုင်သည်။

နိုင်ငံတော်ခေတ် အစပြုသည်နှင့် တစ်ပြိုင်နက် ဘုရားသခင်သည် နှုတ်ကပတ်တော်များကို စပြောခဲ့သည်။ အနာဂတ်တွင် ထိုနှုတ်ကပတ်တော်များ တဖြည်းဖြည်း ပြည့်စုံလာမည်ဖြစ်ပြီး ထိုအချိန်၌ လူသားသည် အသက်ထဲသို့ ကြီးထွားလိမ့်မည်။ နှုတ်ကပတ်တော်ကို အသုံးပြု၍ လူသား၏ အကျင့်ပျက်သော စိတ်သဘောထားကို ဘုရားသခင် ထုတ်ဖော်ခြင်းသည် သာ၍ စစ်မှန်ပြီး၊ သာ၍ လိုအပ်သောအရာဖြစ်သည်။ ဘုရားသခင်သည် လူ၏ ယုံကြည်ခြင်းအား စုံလင်အောင် ပြုလုပ်ပေးသည့် အလုပ်ကို လုပ်ဖို့ရန်အတွက် သူ၏ နှုတ်ကပတ်တော်မှလွဲ၍ တခြားဘာကိုမျှ အသုံးမပြုပေ။ အဘယ်ကြောင့်ဆိုသော် ယနေ့ခေတ်သည် နှုတ်ကပတ်တော် ခေတ်ဖြစ်ပြီး လူ၏ယုံကြည်ခြင်း၊ ဆုံးဖြတ်ချက်နှင့် ပူးပေါင်းလုပ်ဆောင်မှုတို့ လိုသောခေတ် ဖြစ်သောကြောင့် ဖြစ်သည်။ နောက်ဆုံးသောကာလ၌ လူ့ဇာတိခံသော ဘုရားသခင်၏ အလုပ်သည် လူကို အစေခံရန်နှင့် ပံ့ပိုးကူညီရန် သူ၏နှုတ်ကပတ်တော်ကို အသုံးပြုခြင်းဖြစ်သည်။ လူ့ဇာတိခံယူထားသော ဘုရားသခင်သည် နှုတ်ကပတ်တော်များ ပြောပြီးမှသာ ၎င်းတို့ စပြည့်စုံလာမည်ဖြစ်သည်။ ဘုရားသခင် ပြောနေသော အချိန်၌ သူ၏ နှုတ်ကပတ်တော်များ မပြည့်စုံသေးပေ။ အဘယ်ကြောင့်ဆိုသော် လူ့ဇာတိအဆင့်၌ သူပြောသည့် နှုတ်ကပတ်တော်များ မပြည့်စုံနိုင်သောကြောင့် ဖြစ်သည်။ ထိုသို့ဖြစ်သည်မှာလည်း ဘုရားသခင်သည် လူ့ဇာတိ ဖြစ်ပြီး၊ နာမ်ဝိညာဉ်မဟုတ်ဟူသည့် အချက်ကို လူသားမြင်နိုင်စေရန် အတွက်ဖြစ်သည်၊ ဘုရားသခင်၏ လက်တွေ့အရှိသဘောကို မျက်စိနှင့် ကိုယ်တိုင် မြင်နိုင်စေရန်အတွက် ဖြစ်သည်။ တစ်နေ့ ဘုရားသခင်၏ အလုပ် ပြီးမြောက်သောအခါ၊ လောက၌ ပြောသင့်သည့် နှုတ်ကပတ်တော် အားလုံးကို ပြောပြီးသောအခါ၊ ထိုနှုတ်ကပတ်တော်များ စတင်ပြည့်စုံလာမည် ဖြစ်သည်။ ယခုအချိန်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ ပြည့်စုံသည့်ခေတ် မဟုတ်ပါ၊ အကြောင်းမှာ ဘုရားသခင် ပြောဆို၍ မပြီးသေးသောကြောင့် ဖြစ်သည်။ ထို့ကြောင့် လောက၌ ဘုရားသခင်သည် နှုတ်ကပတ်တော်များ ဆက်ပြောနေသည်ကို သင်တွေ့သောအခါ သူပြောသည့် နှုတ်ကပတ်တော်များ ပြည့်စုံလာမည့် အချိန်ကို မစောင့်နှင့်။ ဘုရားသခင် နှုတ်ကပတ်တော် ပြောကြားခြင်းကို ရပ်လိုက်သည့်အချိန်နှင့် လောက၌ သူ၏ အလုပ်ပြီးသွားသော အချိန်သည် သူပြောသည့် နှုတ်ကပတ်တော်များ စတင်ပြည့်စုံမည့် အချိန်ဖြစ်သည်။ လောက၌ ဘုရားသခင် ပြောသော စကားများတွင် တစ်ဖက်ကကြည့်လျှင် အသက်အား ထောက်ပံ့ခြင်းရှိပြီး၊ တစ်ဖက်မှ ကြည့်လျှင် ပရောဖက်ပြုချက် ဆိုသည်မှာ ဖြစ်လာမည့် အရာများ၊ လုပ်ဆောင်မည့် အရာများ၊ အထမြောက်ရန် လိုသေးသည့် အရာများကို ဆိုလိုသည်။ ယေရှုပြောခဲ့သော စကားများတွင်လည်း ပရောဖက်ပြုချက်ရှိသည်။ တစ်ဖက်တွင် ယေရှုသည် အသက်ကို ထောက်ပံ့ပေးခဲ့သည်၊ အခြား တစ်ဖက်တွင်တော့ ပရောဖက်ပြုချက်ကို ဟောခဲ့သည်။ ယနေ့ခေတ်တွင် မည်သူကမျှ ဘုရားသခင်၏ စကားများနှင့် အချက်အလက်များကို တစ်ချိန်တည်းတွင် အကောင်အထည်ဖော်သည့် အကြောင်းကို မပြောဆိုကြ၊ အဘယ်ကြောင့်ဆိုသော် လူ့မျက်စိနှင့် မြင်နိုင်သောအရာနှင့် ဘုရားသခင် လုပ်ဆောင်ပြီး အရာတို့အကြားရှိ ခြားနားချက်သည် အလွန်ပင် ကြီးမားလှသောကြောင့် ဖြစ်သည်။ ဘုရားသခင်၏အလုပ် ပြီးမြောက်သည့် နောက်ပိုင်းတွင် ဘုရားသခင်ပြောသည့် နှုတ်ကပတ်တော်များ ပြည့်စုံမည် ဖြစ်ပြီး၊ နှုတ်ကပတ်တော်များ နောက်တွင်မှ အချက်အလက်များ လာမည်ဖြစ်သည်။ နောက်ဆုံးသောကာလ၌ လူ့ဇာတိ ခံယူထားသော ဘုရားသခင်သည် လောက၌ နှုတ်ကပတ်တော်၏ သာသနာကို လုပ်နေပြီး၊ ထိုသို့ နှုတ်ကပတ်တော်၏ သာသနာကို လုပ်ဆောင်နေသောအခါ၌ သူသည် နှုတ်ကပတ်တော်များသာ ပြောသည်၊ အခြားအရာများကို ဂရုမစိုက်ပေ။ ဘုရားသခင်လုပ်သည့် အလုပ် စပြောင်းလျှင် သူပြောသည့် နှုတ်ကပတ်တော်များ စတင် ပြည့်စုံလာမည် ဖြစ်သည်။ ယနေ့ခေတ်တွင် ဘုရားသခင်သည် သင့်ကို စုံလင်စေရန်အတွက် အရင်ဦးဆုံး နှုတ်ကပတ်တော်များကို အသုံးပြုသည်။ စကြဝဠာတစ်ခုလုံး၌ ဘုရားသခင်၏ ဘုန်းထင်ရှားသော အချိန်သည် သူ၏အလုပ် ပြီးမြောက်သည့်အချိန်၊ ပြောသင့်သည့် နှုတ်ကပတ်တော်များအားလုံး ပြောပြီးသည့်အချိန်၊ ပြောခဲ့သော နှုတ်ကပတ်တော်များအားလုံး အချက်အလက်များ ဖြစ်လာမည့် အချိန်ဖြစ်သည်။ နောက်ဆုံးသော ကာလ၌ ဘုရားသခင်သည် နှုတ်ကပတ်တော်နှင့် ဆိုင်သော သာသနာကို လုပ်ဆောင်ရန်အတွက် လောကသို့ လာခဲ့သည်။ ထိုသို့ လုပ်ဆောင်သည်မှာ လူသားက သူ့ကို သိနိုင်စေဖို့၊ သူ၏ ဖြစ်ခြင်းကို လူမြင်နိုင်စေဖို့၊ သူ၏ ဉာဏ်ပညာနှင့် သူ၏နှုတ်ကပတ်တော်မှ အံ့သြဖွယ်လုပ်ရပ်များ အားလုံးကို လူသားမြင်နိုင်စေဖို့ဖြစ်သည်။ နိုင်ငံတော်ခေတ်တွင် ဘုရားသခင်သည် လူအားလုံးကို သိမ်းပိုက်ဖို့ရန်အတွက် အဓိကအားဖြင့် နှုတ်ကပတ်တော်ကို အသုံးပြုသည်။ အနာဂတ်တွင် ဘုရားသခင်၏ နှုတ်ကပတ်တော်သည် ဘာသာတရားတိုင်း၊ ကဏ္ဍတိုင်း၊ နိုင်ငံတိုင်း၊ ဂိုဏ်းဂဏတိုင်း ထံသို့လည်း လာလိမ့်မည်။ သိမ်းပိုက်ဖို့နှင့် သူ၏ နှုတ်ကပတ်တော်၌ အာဏာနှင့် တန်ခိုးရှိကြောင်းကို လူတို့မြင်စေဖို့အတွက် ဘုရားသခင်သည် နှုတ်ကပတ်တော်ကို အသုံးပြုသည်။ ထို့ကြောင့် ယနေ့ခေတ်တွင် သင်တို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့်သာ ကြုံခြင်း ဖြစ်သည်။

လက်ရှိခေတ်ကာလတွင် ဘုရားသခင်ပြောသော နှုတ်ကပတ်တော်များသည် ပညတ်တော်ခေတ်က ပြောခဲ့သော နှုတ်ကပတ်တော်များနှင့် မတူပေ၊ ထို့အပြင် ကျေးဇူးတော်ခေတ်က ပြောခဲ့သော နှုတ်ကပတ်တော်များနှင့်လည်း မတူပေ။ ကျေးဇူးတော်ခေတ်၌ ဘုရားသခင်သည် နှုတ်ကပတ်တော်နှင့် ဆိုင်သောအလုပ်ကို မလုပ်၊ လူသားအားလုံးကို ရွေးနုတ်ရန်အတွက် လက်ဝါးကပ်တိုင်၌ အသေခံသည့် အကြောင်းကိုသာ ဖော်ပြခဲ့သည်။ ကျမ်းစာက ယေရှုအဘယ်ကြောင့် လက်ဝါးကပ်တိုင်၌ အသေခံဖို့လိုသည့်အကြောင်း၊ လက်ဝါးကပ်တိုင်ပေါ်၌ မည်သို့သော ဒုက္ခကို ခံရမည်ဖြစ်ကြောင်းနှင့် လူသားသည် ဘုရားသခင်အတွက် လက်ဝါးကပ်တိုင်ပေါ်၌ မည်သို့ အသေခံသင့်သည့် အကြောင်းတို့ကိုသာ ဖော်ပြထားသည်။ ထိုခေတ်၌ ဘုရားသခင် လုပ်ခဲ့သမျှ အလုပ်အားလုံးသည် လက်ဝါးကပ်တိုင်ပေါ်၌ အသေခံခြင်းအပေါ် ဗဟိုပြုထားသော အလုပ်များဖြစ်သည်။ နိုင်ငံတော်ခေတ်၌ လူ့ဇာတိခံယူထားသော ဘုရားသခင်သည် သူ့ကို ယုံကြည်သူများ အားလုံးကို သိမ်းပိုက်ရန်အတွက် နှုတ်ကပတ်တော်များ ပြောနေသည်။ ဤအရာမှာ "နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာခြင်း" ပင်ဖြစ်သည်။ ဘုရားသခင်သည် နောက်ဆုံးသောကာလ၌ ဤအလုပ်အား လုပ်ဆောင်ရန် ရောက်လာခြင်း ဖြစ်သည်။ ဆိုလိုသည်မှာ ဘုရားသခင်မှာ နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာခြင်း၏ အမှန်တကယ် ထူးခြားမှုကို ဖြစ်မြောက်စေဖို့ ရောက်လာခြင်းဖြစ်သည်။ ဘုရားသခင်သည် နှုတ်ကပတ်တော်များကိုသာ ပြောသည်၊ အချက်အလက်များကို တော်ရုံတန်ရုံ အသုံးပြုခဲ့သည်။ ဤအရာသည်ပင် နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာခြင်း၏ အနှစ်သာရဖြစ်သည်။ လူ့ဇာတိခံယူထားသော ဘုရားသခင် နှုတ်ကပတ်တော်များပြောခြင်းသည် လူ့ဇာတိထဲ၌ နှုတ်ကပတ်တော် ပေါ်လာခြင်းဖြစ်ပြီး၊ နှုတ်ကပတ်တော်က လူ့ဇာတိထဲ ကြွဆင်းလာခြင်း ဖြစ်သည်။ "အစအဦး၌ နှုတ်ကပတ်တော်ရှိ၏။ နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့် အတူရှိ၏။ နှုတ်ကပတ်တော် သည်လည်း ဘုရားသခင် ဖြစ်တော်မူ၏။ ထိုနှုတ်ကပတ်တော်သည် အစအဦး၌ ဘုရားသခင်နှင့်အတူရှိ၏။ နှုတ်ကပတ်တော်သည်လည်း လူ့ဇာတိအဖြစ်ကို ခံယူ၍..."။ ဤအရာ (လူ့ဇာတိထဲ၌ နှုတ်ကပတ်တော် ပေါ်လာခြင်း၏ အလုပ်)သည် နောက်ဆုံးသော ကာလ၌ ဘုရားသခင် ပြီးမြောက်အောင်လုပ်မည့် အလုပ်ဖြစ်သည်၊ ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ် တစ်ခုလုံး၏ နောက်ဆုံးအခန်းလည်း ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်သည် လောကသို့လာပြီး သူ၏ နှုတ်ကပတ်တော်ကို လူ့ဇာတိထဲတွင် ထင်ရှားပြခြင်း ဖြစ်သည်။ ယနေ့လုပ်ပြီးသောအရာ၊ အနာဂတ်တွင် လုပ်မည့်အရာ၊ ဘုရားသခင် အထမြောက်အောင် လုပ်မည့်အရာ၊ လူ၏ နောက်ဆုံး ပန်းတိုင်၊ ကယ်တင်ခြင်း ခံရမည့်သူများ၊ ဖျက်ဆီးခြင်း ခံရမည့်သူများ စသည်တို့နှင့် ပတ်သက်သော အလုပ်သည် အဆုံး၌ ပြီးမြောက်အောင် လုပ်သင့်သည့် အလုပ်ဖြစ်ပြီး ထိုအလုပ်နှင့် ပတ်သက်သော အကြောင်းအရာအားလုံးကို ရှင်းရှင်းလင်းလင်း ဖော်ပြထားပြီး ဖြစ်သည်၊ ထို့အပြင် ထိုအရာများ အားလုံးသည် လူဇာတိခံယူသော နှုတ်ကပတ်တော်၏ အမှန်တကယ် ထူးခြားမှုကို ဖြစ်စေသည့် အရာများဖြစ်သည်။ ယခင်က ထုတ်ပြန်ခဲ့သည့် စီမံခန့်ခွဲမှုဆိုင်ရာ အမိန့်များနှင့် ဥပဒေသများ၊ ဖျက်ဆီးခြင်း ခံရမည့်သူများ၊ အနားယူကြမည့် သူများ စသည်တို့နှင့် ပတ်သက်သော နှုတ်ကပတ်တော်များ အားလုံးသည် ပြည့်စုံရမည် ဖြစ်သည်။ ထိုအလုပ်သည် နောက်ဆုံးသော ကာလ၌ လူ့ဇာတိ ခံယူထားသော ဘုရားသခင်က ပြီးမြောက်အောင်လုပ်မည့် အဓိက အလုပ်ဖြစ်သည်။ ဘုရားသခင် ရှေးမဆွက ခွဲခန့်မှတ်သားထားသော သူများသည် မည်သည့်နေရာနှင့် ဆိုင်ကြောင်း၊ ဘုရားသခင် ရှေးမဆွက ခွဲခန့်မှတ်သားထားခြင်း မရှိသောသူများသည် မည်သည့်နေရာနှင့် ဆိုင်ကြောင်း၊ ဘုရားသခင်၏ လူများနှင့် ဘုရားသခင်၏သားများကို မည်သို့ အမျိုးအစား ခွဲခြားသတ်မှတ်မည် ဖြစ်ကြောင်း၊ ဣသရေလ၌ မည်သို့ ဖြစ်မည်၊ အဲဂုတ္တု၌ မည်သို့ဖြစ်မည် စသည်တို့ကို ဘုရားသခင်သည် လူတို့အား နားလည်စေသည်။ အနာဂတ်တွင် ထိုအရာများအကြောင်း ပြောထားသော နှုတ်ကပတ်တော်တိုင်းသည် ပြည့်စုံလိမ့်မည်။ ဘုရားသခင် အလုပ်လုပ်သည့် နှုန်းသည် အရှိန်မြင့်လာလျက် ရှိသည်။ ခေတ်တိုင်း ခေတ်တိုင်းတွင် ဘာလုပ်ရမည်နည်း ဆိုသည်အား လူသားကို ထုတ်ဖော်ပြသဖို့၊ နောက်ဆုံးသော ကာလ၌ လူ့ဇာတိခံယူထားသော ဘုရားသခင် ဘာလုပ်ရမည်နည်း ဆိုသည်ကို ထုတ်ဖော်ပြသဖို့၊ လုပ်ဆောင်ရမည့် သူ၏သာသနာကို ထုတ်ဖော်ပြသဖို့အတွက် ဘုရားသခင်သည် နှုတ်ကပတ်တော်ကို အသုံးပြုသည်။ ဤနှုတ်ကပတ်တော်များ အားလုံးသည် လူ့ဇာတိတွင် ပေါ်လာသော နှုတ်ကပတ်တော် အမှန်တကယ် ထင်ရှားစေဖို့ ပြောသောစကားများဖြစ်သည်။

"နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို မြင်တွေ့ရဖို့ အာရုံစိုက်သူများအားလုံးသည် စွန့်ပစ်ခြင်းကို ခံရလိမ့်မည်၊ သူတို့သည် စုံလင်အောင် ပြုလုပ်ပေးခြင်းခံရမည့် သူများမဟုတ်"ဟု အရင်က ငါပြောပြီးဖြစ်သည်။ ငါသည် စကားများစွာ ပြောခဲ့ပြီးဖြစ်သည်။ သို့သော် ငါ၏အလုပ်အကြောင်းကို လူသည် နည်းနည်းလေးမျှ မသိ၊ ဤအခြေအနေအထိ ရောက်သည့်တိုင် လူသည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို တောင်းဆိုနေသေးသည်။ သင်၏ ဘုရားသခင်ကို ယုံကြည်ခြင်းမှာ နိမိတ်လက္ခဏာများ၊ အံ့သြဖွယ်ရာများကို မြင်ရဖို့လော၊ သို့မဟုတ် အသက်ကို ရဖို့လော။ ယေရှုသည်လည်း နှုတ်ကပတ်တော်များစွာကို ပြောခဲ့ပြီး အချို့သည် ယနေ့တိုင် ပြည့်စုံခြင်း မရှိသေးပေ။ မပြည့်စုံသေးသော နှုတ်ကပတ်တော်များကြောင့် ယေရှုကို ဘုရားသခင် မဟုတ်ဟု သင်ပြောမည်လော။ သူသည် ခရစ်တော် ဖြစ်သည်၊ ဘုရားသခင် ချစ်သောသားဖြစ်သည်ဟု ဘုရားသခင်က သက်သေခံခဲ့သည်။ ထိုအချက်ကို သင်ငြင်းနိုင်ပါသလား။ ယနေ့ခေတ်တွင် ဘုရားသခင်သည် နှုတ်ကပတ်တော်များသာ ပြောသည်။ အကယ်၍ သင့်မှာ ထိုစကားများကို စေ့စေ့ စပ်စပ် နားလည်နိုင်စွမ်းမရှိလျှင် သင်သည် ယုံကြည်ခြင်း၌ ခိုင်မြဲစွာ ရပ်တည် နိုင်မည်မဟုတ်။ သင်သူ့ကို ယုံခြင်းမှာ သူသည် ဘုရားသခင်ဖြစ်၍လော၊ သို့မဟုတ် သူပြောသည့် နှုတ်ကပတ်တော်များ ပြည့်စုံသလား၊ မပြည့်စုံဘူးလားဆိုသည့် အချက်အပေါ်မူတည်ပြီး ယုံသလော။ နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို သင်ယုံသည်လော၊ သို့မဟုတ် ဘုရားသခင်ကို သင်ယုံသည်လော။ ယနေ့ခေတ်၌ သူသည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို မပြပေ။ ထိုသို့မပြသောသူသည် အမှန်တကယ် ဘုရားသခင် ဖြစ်ပါသလား။ အကယ်၍ သူပြောသည့် စကားများ မပြည့်စုံလျှင် သူသည် အမှန်တကယ် ဘုရားသခင် ဖြစ်ပါသလား။ ဘုရားသခင်၏ အနှစ်သာရက မည်သို့နည်း ဟူသည့်အချက်ကို ဆုံးဖြတ်သောအခါ၌ သူပြောသည့် နှုတ်ကပတ်တော်များ ပြည့်စုံသလား၊ မပြည့်စုံဘူးလားဟူသည့် အချက်အပေါ် မူတည်ပြီး ဆုံးဖြတ်ပါသလား။ လူအချို့သည် အဘယ်ကြောင့် ဘုရားသခင်ကို မယုံခင် သူပြောသည့် နှုတ်ကပတ်တော်များ ပြည့်စုံဖို့ အမြဲစောင့်နေကြသနည်း။ ထိုအချက်က ဘုရားသခင်ကို သူတို့ မသိကြောင်း ပြသည် မဟုတ်လော။ ထိုသို့သော အယူအဆများရှိသူ အားလုံးသည် ဘုရားသခင်ကို ငြင်းဆန်သူများဖြစ်သည်။ သူတို့သည် သူတို့၏ အယူအဆများကို အသုံးပြုပြီး ဘုရားသခင်ကို တိုင်းထွာကြသည်။ ဘုရားသခင် ပြောသည့် နှုတ်ကပတ်တော်များ ပြည့်စုံလျှင် သူတို့သည် ဘုရားသခင်ကို ယုံကြပြီး ဘုရားသခင် ပြောသည့် နှုတ်ကပတ်တော်များ မပြည့်စုံလျှင်တော့ သူတို့သည် ဘုရားသခင်ကို မယုံကြ။ သူတို့သည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို တွေ့မြင်ရန် နောက်သို့ အမြဲလိုက်နေကြသည်။ ထိုသူတို့သည် ခေတ်သစ် ဖာရိရှဲများ မဟုတ်လော။ သင်တို့ ခိုင်မြဲစွာ ရပ်တည်နိုင်လား၊ မရပ်တည်နိုင်ဘူးလား ဟူသည့်အချက်သည် သင်တို့ ဘုရားသခင်အစစ်ကို သိ၊ မသိ ဟူသည့် အချက်အပေါ် မူတည်သည်။ ထိုအချက်သည် အလွန် အရေးကြီးသည်။ သင့်အသက်တာ၌ ဘုရားသခင် နှုတ်ကပတ်တော်၏ လက်တွေ့အရှိသဘော သာ၍ ကြီးမားလေလေ၊ ဘုရားသခင်၏ လက်တွေ့အရှိသဘောကို သိသောအသိ သင့်မှာ တိုးလေလေဖြစ်ပြီး၊ စမ်းသပ်မှုများနှင့် ကြုံရသောအခါ၌ သင်သည် သာ၍ ခိုင်မြဲစွာ ရပ်တည်နိုင်လေလေဖြစ်သည်။ နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို မြင်ရဖို့ သင်ပိုပြီး အာရုံစိုက်လေလေ၊ ခိုင်မာစွာ ရပ်တည်နိုင်စွမ်း သင့်မှာ လျော့နည်း လေလေဖြစ်ပြီး စမ်းသပ်မှု များနှင့် ကြုံရသောအခါ၌ သင်ပြိုလဲလိမ့်မည်။ နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများသည် အခြေခံ အုတ်မြစ် မဟုတ်ပေ။ ဘုရားသခင်၏ လက်တွေ့အရှိသဘောသည်သာ အသက်ဖြစ်သည်။ အချို့လူများ သည် ဘုရားသခင်၏ အလုပ်အားဖြင့် ပြီးမြောက်မည့် အကျိုးသက်ရောက်မှုများကို မသိကြ။ သူတို့သည် စိတ်ရှုပ်ထွေးမှုနှင့် သူတို့၏နေ့ရက်များကို ကုန်လွန်စေကြသည်၊ ဘုရားသခင်၏ အလုပ်အကြောင်းကို သိဖို့ မကြိုးစားကြ။ သူတို့ ကြိုးစားလုပ်ဆောင်သမျှသည် အမြဲတမ်းပင် သူတို့၏ အလိုဆန္ဒများကို ဘုရားသခင် ဖြည့်ဆည်းပေးအောင် လုပ်ဖို့ဖြစ်သည်၊ ထိုသို့ ကြိုးစားလုပ်ဆောင်ဖို့ အတွက်သာ သူတို့သည် ဘုရားသခင်ကို အလေးအနက်ထားပြီး ယုံကြည်ကြသည်။ ဘုရားသခင် ပြောသည့် နှုတ်ကပတ်တော်များပြည့်စုံလျှင် အသက်ကိုရှာမည်ဟု သူတို့က ပြောကြသည်။ သို့သော် ဘုရားသခင် ပြောသည့် နှုတ်ကပတ်တော်များ မပြည့်စုံလျှင် သူတို့အသက်ကို ရှာဖို့ဆိုသည်မှာ ဖြစ်နိုင်ခြေမရှိသောအရာဖြစ်သည်။ ဘုရားသခင်ကို ယုံကြည်ခြင်းသည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို မြင်ရဖို့ ကြိုးစားခြင်း၊ ကောင်းကင်နိုင်ငံနှင့် တတိယ ကောင်းကင်နိုင်ငံသို့ တက်နိုင်ဖို့ ကြိုးစားခြင်း ဖြစ်သည်ဟု သူတို့ထင်ကြသည်။ ဘုရားသခင်ကို ယုံကြည်ခြင်းမှာ လက်တွေ့အရှိသဘောထဲသို့ ဝင်နိုင်အောင် ကြိုးစားဖို့၊ အသက်ကို ရအောင် ကြိုးစားဖို့၊ ဘုရားသခင်၏ ရယူခြင်းကိုခံရဖို့ဟု မည်သူကမျှ မပြောကြပေ။ ထိုသို့သော ကြိုးစားမှုသည် ဘာတန်ဖိုး ရှိသနည်း။ ဘုရားသခင်ကိုသိသော အသိကိုရအောင် မကြိုးစားသောသူများ၊ ဘုရားသခင်၏ ကျေနပ်မှုကို ရအောင် မကြိုးစားသောသူများသည် ဘုရားသခင်ကို မယုံသူများဖြစ်သည်၊ သူတို့သည် ဘုရားသခင်ကို စော်ကားပြောဆိုသူများ ဖြစ်သည်။

ဘုရားသခင်ကို ယုံကြည်ခြင်းဆိုသည်မှာ အဘယ်အရာဖြစ်ကြောင်းကို သင်တို့ ယခု နားလည် ကြပြီလား။ ဘုရားသခင်ကို ယုံကြည်ခြင်းဆိုသည်မှာ နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို မြင်ခြင်းလား။ ကောင်းကင်နိုင်ငံသို့ တက်ခြင်းကို ပြောခြင်းလော။ ဘုရားသခင်ကို ယုံကြည်ရခြင်းမှာ လုံးဝမလွယ်ပါ။ ထိုဘာသာရေးဓလေ့များကို ဖယ်ရှားသင့်သည်။ နေထိုင်မကောင်းသူများ၏ အနာရောဂါများကို ငြိမ်းစေခြင်း၊ နတ်ဆိုးများကို နှင်ထုတ်ခြင်း၊ နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို အာရုံစိုက်ခြင်း၊ ဘုရားသခင်၏ ကျေးဇူးတော်၊ ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်းတို့ကို အငမ်းမရ ပို၍လိုချင်ခြင်းတို့ကို ကြိုးစားရှာဖွေခြင်း၊ ဇာတိပကတိ၏ ဇိမ်ခံစရာများနှင့် အလားအလာများကို ကြိုးစားရှာဖွေခြင်း စသည့် အရာများသည် ဘာသာရေးဓလေ့များဖြစ်သည်။ ထိုသို့သော ဘာသာရေး ဓလေ့များသည် မရေရာသော ယုံကြည်ခြင်းမျိုးဖြစ်သည်။ ယနေ့ခေတ်၌ စစ်မှန်သော ယုံကြည်ခြင်းဆိုသည်မှာ အဘယ်နည်း။ စစ်မှန်သော ယုံကြည်ခြင်းဆိုသည်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သင့်အသက်တာ၏ လက်တွေ့အရှိသဘောအဖြစ် လက်ခံခြင်း၊ ဘုရားသခင်ကို အမှန်တကယ် ချစ်နိုင်စေရန်အတွက် နှုတ်ကပတ်တော်အားဖြင့် ဘုရားသခင်ကို သိခြင်းဖြစ်သည်။ ရှင်းရှင်းပြောရလျှင် စစ်မှန်သော ယုံကြည်ခြင်းဖြစ်သည်။ ဘုရားသခင်ကို သင်နာခံနိုင်ရန်၊ ဘုရားသခင်အား သင်ချစ်နိုင်ရန်၊ ဘုရားသခင် ဖန်ဆင်းထားသော သတ္တဝါတစ်ဦး အနေနှင့် လုပ်ဆောင်သင့်သော တာဝန်ကို သင်လုပ်ဆောင်နိုင်ဖို့ရန်အတွက် ဘုရားသခင်ကို ယုံကြည်ခြင်းဖြစ်သည်။ ထိုသို့ လုပ်ဆောင်ခြင်းသည် ဘုရားသခင်ကို ယုံကြည်သည့် ရည်ရွယ်ချက် ဖြစ်သည်။ ဘုရားသခင်၏ ချစ်ဖွယ်ကောင်းမှုကို သိသော အသိ၊ ဘုရားသခင်သည် ကြောက်ရွံ့ထိုက်သူ ဖြစ်ကြောင်းကို သိသောအသိ၊ ဘုရားသခင်သည် သူဖန်ဆင်းထားသော သက်ရှိသတ္တဝါများအကြား၌ ကယ်တင်ခြင်းအမှုနှင့် စုံလင်အောင် ပြုလုပ်ပေးသည့် အမှုကို မည်သို့ ပြုလုပ်ပေးသည်ကို သိသောအသိတို့ သင့်မှာ ရှိရမည်။ ဘုရားသခင်ကိုယုံလျှင် သင့်မှာ အနည်းဆုံး ထိုသို့သော အသိများ ရှိရမည်။ ဘုရားသခင်ကို ယုံကြည်ခြင်း ဆိုသည်မှာ အဓိကအားဖြင့် ဇာတိပကတိ၌ ရှင်နေသော အသက်တာမှ ဘုရားသခင်ကို ချစ်သည့်အသက်တာသို့ ပြောင်းလဲခြင်း၊ သဘာဝအတိုင်းနေသည့် အသက်တာမှ ဘုရားသခင်၌တည်သည့် အသက်တာသို့ ပြောင်းလဲခြင်း၊ စာတန်၏ ပိုင်နက်ထဲမှ ထွက်ပြီး ဘုရားသခင်၏ စောင့်ရှောက် ကာကွယ်မှုအောက်၌ အသက်ရှင်ခြင်း၊ ဘုရားသခင်ကို နာခံနိုင်စွမ်း ရှိခြင်း၊ ဇာတိပကတိကို မနာခံခြင်း၊ ဘုရားသခင်အား သင့်နှလုံးသား တစ်ခုလုံးကို ပိုင်ဆိုင်ခွင့်ပေးခြင်း၊ ဘုရားသခင်က သင့်ကို စုံလင်အောင် လုပ်ပေးနိုင်ဖို့ အခွင့်ပေးခြင်း၊ အကျင့်ပျက်သော စာတန်၏ စိတ်သဘောထား မရှိအောင် ကိုယ်တိုင် ရုန်းထွက်ခြင်းတို့ဖြစ်သည်။ ဘုရားသခင်ကို ယုံကြည်ခြင်းသည် ဘုရားသခင်၏ ဘုန်းနှင့်တန်ခိုးကို သင့်အသက်တာမှာ ထင်ရှားနိုင်စေဖို့၊ ဘုရားသခင်၏ အလိုအတိုင်း သင်ဆောင်ရွက်နိုင်စေဖို့၊ ဘုရားသခင်၏ အကြံအစည် အထမြောက်အောင် လုပ်ဆောင်နိုင်ဖို့၊ စာတန်၏ ရှေ့၌ ဘုရားသခင်အကြောင်း သက်သေခံနိုင်စွမ်း ရှိစေဖို့ ဖြစ်သည်။ ဘုရားသခင်ကို ယုံကြည်ခြင်းသည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို မြင်တွေ့ရဖို့၊ သင်၏ ဇာတိပကတိ အကျိုးရှိဖို့ မဖြစ်သင့်ပေ။ ဘုရားသခင်ကို ယုံကြည်ခြင်းသည် ဘုရားသခင်ကိုသိအောင် ကြိုးစားရှာဖွေဖို့၊ ဘုရားသခင်ကို နာခံနိုင်စွမ်း ရှိဖို့၊ ပေတရုကဲ့သို့ သေသည်အထိ ဘုရားသခင်ကို နာခံဖို့ ဖြစ်သင့်သည်။ ထိုသို့ လုပ်ဆောင်ခြင်း အောင်မြင်ဖို့အတွက်လိုသည့် ယုံကြည်ခြင်း ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို စားသုံးခြင်းသည် ဘုရားသခင်ကို သိဖို့၊ ဘုရားသခင် ကျေနပ်စေဖို့အတွက်ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို စားသုံးခြင်းက သင့်အား ဘုရားသခင်အကြောင်း ပိုသိစေသည်၊ ထိုသို့ သိမှသာ သင်သည် ဘုရားသခင်ကို နာခံနိုင်သည်။ ဘုရားသခင်ကိုသိမှ သင်ဘုရားသခင်ကို ချစ်နိုင်သည်။ လူသားက ဘုရားသခင်ကို ယုံကြည်သည့် ရည်ရွယ်ချက်သည် ဘုရားသခင်ကို ချစ်ဖို့သာ ဖြစ်သင့်သည်။ သင်၏ ယုံကြည်ခြင်းသည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများမြင်ရဖို့ အမြဲတမ်း ကြိုးစားခြင်းသာဖြစ်နေလျှင် ဘုရားသခင်ကို ယုံကြည်ခြင်းနှင့် ပတ်သက်သော သင်၏အမြင်သည် လွဲမှားနေသည်။ ဘုရားသခင်ကို ယုံကြည်ခြင်း ဆိုသည်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို အသက်တာ၏ လက်တွေ့အရှိသဘောအဖြစ် လက်ခံခြင်း ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ထွက်စကားများအတိုင်း လက်တွေ့လုပ်ဆောင်ခြင်း၊ သင့်အထဲ၌ ဘုရားသခင်၏ နှုတ်ထွက်စကားများကို အကောင်အထည် ဖော်ခြင်းတို့အားဖြင့်သာ ဘုရားသခင်နှင့် ဆိုင်သော ရည်ရွယ်ချက်ကို ရရှိခြင်းဖြစ်သည်။ လူသားသည် ဘုရားသခင်ကို ယုံသောအခါ ဘုရားသခင်က စုံလင်အောင် ပြုလုပ်ပေးသည်ကိုခံရဖို့၊ ဘုရားသခင်ကို နာခံနိုင်စွမ်းရှိဖို့၊ ဘုရားသခင်ကို အပြည့်အဝ နာခံတတ်ဖို့ ကြိုးစားသင့်သည်။ သင်သည် ဘုရားသခင်ကို မြည်တွန်တောက်တီးခြင်း မရှိဘဲ နာခံနိုင်လျှင်၊ ဘုရားသခင်၏ အလိုဆန္ဒများကို ဂရုစိုက်လျှင်၊ ပေတရု၏ ဝိညာဉ်အသက်တာကို ပိုင်ဆိုင်လျှင်၊ ဘုရားသခင် ပြောသည့် ပေတရု၏ပုံစံအတိုင်း အသက်ရှင်လျှင်၊ သင်သည် ယုံကြည်ခြင်း၌ အောင်မြင်မှုကို ရရှိပြီးသော အချိန်ဖြစ်သည်။ ထိုသို့ အသက်ရှင်ခြင်းက ဘုရားသခင်က သင့်ကို ရယူပြီးပြီ ဖြစ်ကြောင်းကို ဖော်ပြသည်။

ဘုရားသခင်သည် သူ့အလုပ်ကို စကြဝဠာတစ်ခုလုံး၌ လုပ်ဆောင်သည်။ သူ့ကို ယုံကြည်သူတိုင်းသည် သူ၏ နှုတ်ကပတ်တော်ကို လက်ခံရမည်၊ သူ၏ နှုတ်ကပတ်တော်ကို မှီဝဲ၊ သုံးဆောင်ရမည်။ ဘုရားသခင် ပြသော နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို မြင်သည်ဟူသည့် အချက်ကြောင့် တစ်ဦးတစ်ယောက်ကမျှ ဘုရားသခင်၏ ရယူခြင်းကို ခံရမည် မဟုတ်။ ခေတ်အဆက်ဆက်တွင် ဘုရားသခင်သည် လူသားကို စုံလင်အောင် ပြုလုပ်ပေးဖို့အတွက် နှုတ်ကပတ်တော်ကို အမြဲ အသုံးပြုခဲ့သည်။ ထို့ကြောင့် သင်တို့သည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများ၌သာ သင်တို့၏အာရုံကို မထားသင့်၊ ဘုရားသခင်က စုံလင်အောင် ပြုလုပ်ပေးသည်ကိုခံရဖို့ အာရုံထားသင့်သည်။ ဓမ္မဟောင်းခေတ်၊ ပညတ်တော်ခေတ်တွင် ဘုရားသခင်သည် နှုတ်ကပတ်တော်အချို့ပြောခဲ့သည်၊ ကျေးဇူးတော်ခေတ်၌ ယေရှုသည်လည်း နှုတ်ကပတ်တော်များစွာ ပြောခဲ့သည်။ ယေရှု နှုတ်ကပတ်တော်များစွာ ပြောပြီးနောက်၊ နောက်ပိုင်းတွင် တမန်တော်များနှင့် ပရောဖက်များသည် လူတို့ကို ယေရှုချမှတ်ခဲ့သည့် ဥပဒေသများ၊ ပညတ်ချက်များအတိုင်း လက်တွေ့လုပ်ဆောင် စေခဲ့သည်၊ ယေရှုပြောသည့် အခြေခံမူများအတိုင်း တွေ့ကြုံစေခဲ့သည်။ နောက်ဆုံးသောကာလတွင် ဘုရားသခင်သည် လူသားကို စုံလင်စေရန်အတွက် နှုတ်ကပတ်တော်ကို အဓိကအားဖြင့် အသုံးပြုနေသည်။ ဘုရားသခင်သည် လူသားကို ဖိနှိပ်ဖို့အတွက် သို့မဟုတ် လူသားလက်ခံအောင် လုပ်ဖို့အတွက် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို အသုံးမပြုပေ။ ထိုသို့ လုပ်ဆောင်ခြင်းသည် ဘုရားသခင်၏ တန်ခိုးကို မထင်ရှားစေနိုင်ပါ။ နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကိုသာ ဘုရားသခင်ပြနေလျှင် ဘုရားသခင်၏ လက်တွေ့ အရှိသဘောကို ပြဖို့ခက်မည်ဖြစ်ပြီး ထိုသို့ခက်သောကြောင့် လူသားကို စုံလင်အောင် ပြုလုပ်ပေးဖို့ ဖြစ်နိုင်မည် မဟုတ်ပေ။ ဘုရားသခင်သည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများအားဖြင့် လူသားကို စုံလင်အောင် မလုပ်ပေးပါ။ လူသားကို ရေလောင်းပေးရန်နှင့် ထိန်းကျောင်းရန်အတွက် ဘုရားသခင်သည် နှုတ်ကပတ်တော်ကို အသုံးပြုသည်။ နှုတ်ကပတ်တော်ကို အသုံးပြုပြီးနောက် လူသားက ဘုရားသခင်ကို အပြည့်အဝ နာခံနိုင်အောင်၊ ဘုရားသခင်ကို သိသောအသိ ပြည့်စုံအောင် လုပ်ပေးသည်။ ဘုရားသခင်လုပ်သည့် အလုပ်နှင့် ဘုရားသခင် ပြောသည့် နှုတ်ကပတ်တော်များ၏ ရည်ရွယ်ချက်သည် ထိုသို့ လုပ်ဆောင်ဖို့ဖြစ်သည်။ ဘုရားသခင်သည် လူသားကို စုံလင်အောင် ပြုလုပ်ပေးဖို့အတွက် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို အသုံးပြုသည့် နည်းလမ်းကို မသုံးပါ၊ လူသားကို စုံလင်အောင် ပြုလုပ်ပေးဖို့အတွက် သူပြောသည့် နှုတ်ကပတ်တော်များနှင့် အလုပ်လုပ်နည်း မျိုးစုံကို အသုံးပြုသည်။ စစ်ဆေးသည့် အလုပ်ဖြစ်စေ၊ ဆုံးမသည့် အလုပ်ဖြစ်စေ၊ ပြုပြင်သည့် အလုပ်ဖြစ်စေ၊ နှုတ်ကပတ်တော်များပြောသည့် အလုပ်ဖြစ်စေ၊ ဘုရားသခင်သည် ရှုထောင့်အမျိုးမျိုးမှ ပြောဆိုပြီး လူသားကို စုံလင်အောင်၊ ဘုရားသခင်၏ အလုပ်၊ ဉာဏ်ပညာနှင့် အထူးတလည် ကောင်းမြတ်မှုကို သိသောအသိ လူသား၌ ပိုများလာအောင် ပြုလုပ်ပေးသည်။ နောက်ဆုံးသောကာလ၌ ဘုရားသခင်သည် ခေတ်ကို အဆုံးသတ်ပြီး လူသားကို ပြည့်စုံစေသောအခါ လူသားသည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို မျှော်လင့်ဖို့အတွက် အရည်အချင်း ပြည့်မီနေလိမ့်မည်။ သင့်မှာ ဘုရားသခင်ကို သိသောအသိရှိပြီး ဘုရားသခင် ဘာလုပ်လုပ် သင်နာခံနိုင်စွမ်း ရှိသောအခါ သင်သည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို မြင်လိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်၏ လက်တွေ့အရှိသဘောနှင့် ပတ်သက်ပြီး သင့်မှာ မည်သည့် အယူအဆမျှ ရှိနေမည် မဟုတ်သောကြောင့် ဖြစ်သည်။ သင်သည် အကျင့်ပျက်ပြီး ဘုရားသခင်ကို အပြည့်အဝ နာခံနိုင်စွမ်း မရှိသည့် လက်ရှိအချိန်၌ သင်သည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို မြင်တွေ့နိုင်ရန် အရည်အချင်းနှင့် ပြည့်မီသူ ဖြစ်ပါ၏လော။ နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို ဘုရားသခင် ပြသည့်အချိန်သည် လူသားကို အပြစ်ပေးသည့်အချိန်၊ ခေတ်ပြောင်းလဲသည့် အချိန်၊ ခေတ်အဆုံးသတ်သည့် အချိန်ဖြစ်သည်။ ဘုရားသခင်၏ အလုပ်ကို ပုံမှန်လုပ်ဆောင်နေသော အချိန်၌ သူသည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို မပြပါ။ နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို ပြသခြင်းသည် အလွန့်အလွန် လွယ်ကူသည်။ သို့သော် ထိုသို့ လုပ်ဆောင်ခြင်းသည် ဘုရားသခင် အလုပ်လုပ်သည့် မူမဟုတ်၊ လူသားကို စီမံခန့်ခွဲသည့် ဘုရားသခင်၏ ရည်ရွယ်ချက်လည်း မဟုတ်ပါ။ လူသားက နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို မြင်လျှင်၊ ဘုရားသခင်၏ ဝိညာဉ်တော်က လူသားကို ကိုယ်ထင်ပြလျှင် လူအားလုံးက ဘုရားသခင်ကို ယုံကြည်ကြမည် မဟုတ်လော။ ကြီးစွာသော ဆင်းရဲခြင်းဘေးမှလာသော အောင်မြင်သောသူ တစ်စုကို အရှေ့အရပ်မှ ရယူခဲ့ပြီး ဖြစ်သည်ဟု အရင်က ငါပြောခဲ့ပြီး ဖြစ်သည်။ ထိုစကားများ၏ အဓိပ္ပာယ်က အဘယ်နည်း။ ဘုရားသခင်၏ ရယူခြင်းကို ခံရပြီးသော ထိုသူတို့သည် တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမမှု၊ ရိုက်နှက်ဆုံးမမှု၊ ပြုပြင်မှုနှင့် စစ်ဆေးမှုမျိုးစုံကို ခံပြီးမှ အမှန်တကယ် နာခံကြသည်ဟု အဓိပ္ပာယ်ရသည်။ ထိုသို့သော လူများ၏ ယုံကြည်ခြင်းသည် မရေရာသော ယုံကြည်ခြင်း မဟုတ်၊ စိတ်ကူးသက်သက်ဖြစ်သော ယုံကြည်ခြင်းမဟုတ်၊ စစ်မှန်သော ယုံကြည်ခြင်း ဖြစ်သည်။ သူတို့သည် မည်သည့် နိမိတ်လက္ခဏာ၊ အံ့သြဖွယ်ရာနှင့် သဘာဝလွန်ဖြစ်ရပ်ကိုမျှ မမြင်ရသေးပေ။ သူတို့သည် နက်နဲသော အက္ခရာများ၊ အယူဝါဒများ သို့မဟုတ် အလွန်လေးနက်သော ထိုးထွင်း နားလည်မှုများ အကြောင်းကို မပြောကြပေ။ သူတို့၌ လက်တွေ့အရှိသဘော၊ ဘုရားသခင်၏ စကားများနှင့် ဘုရားသခင်၏ လက်တွေ့အရှိသဘောနှင့် ပတ်သက်သည့် စစ်မှန်သော အသိတို့သာ ရှိကြသည်။ ထိုသို့သော လူစု၌ ဘုရားသခင်၏ တန်ခိုးကို သာ၍မြင်သာအောင် လုပ်နိုင်စွမ်း ပိုရှိသည် မဟုတ်လော။ နောက်ဆုံးသော ကာလ၌ ဘုရားသခင်၏ အလုပ်သည် စစ်မှန်သော အလုပ်ဖြစ်သည်။ ယေရှုခေတ်၌ ယေရှုသည် လူသားကို စုံလင်အောင် ပြုလုပ်ပေးဖို့ လာခဲ့သည်မဟုတ်၊ လူသားကို ရွေးနုတ်ဖို့ လာခြင်းဖြစ်သည်။ ထို့ကြောင့် သူ့နောက်ကို လူများလိုက်အောင် အံ့သြဖွယ် အမှုအချို့ကို လုပ်ပြခြင်းဖြစ်သည်။ ယေရှုသည် အဓိကအားဖြင့် လက်ဝါးကပ်တိုင်၌ အသေခံသည့် အလုပ်ကို ပြီးမြောက်အောင် လုပ်ဖို့ လောကသို့ လာခြင်းဖြစ်သည်၊ နိမိတ်လက္ခဏာများ ပြခြင်းသည် သူ၏သာသနာ၌ ပါဝင်သော အစိတ်အပိုင်းတစ်ခု မဟုတ်ပေ။ နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများ ပြခြင်းသည် သူ့အလုပ် ထိရောက်စေရန် လုပ်သည့် အရာများ ဖြစ်သည်။ ထိုအလုပ်များသည် အပိုဆောင်းလျက် လုပ်ဆောင်သောအလုပ် ဖြစ်သည်၊ ခေတ်တစ်ခေတ်လုံး၌ လုပ်မည့်အလုပ်ကို ကိုယ်စားမပြုပေ။ ဓမ္မဟောင်းခေတ်၊ ပညတ်တော်ခေတ်၌ ဘုရားသခင်သည်လည်း နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများ ပြခဲ့သည်။ သို့သော် ဘုရားသခင် ယနေ့ခေတ်၌ လုပ်ဆောင်သော အလုပ်သည် စစ်မှန်သောအလုပ်ဖြစ်ပြီး ယနေ့ခေတ်၌ ဘုရားသခင်သည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို မုချပြမည်မဟုတ်။ အကယ်၍ နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို ဘုရားသခင် ပြသပါလျှင် သူ၏ တကယ့်အလုပ်သည် ဖရိုဖရဲ ဖြစ်သွားမည်ဖြစ်ပြီး မည်သည့်အလုပ်ကိုမျှ သူထပ်လုပ်နိုင်တော့မည် မဟုတ်ပေ။ ဘုရားသခင်သည် လူသားကို စုံလင်အောင် ပြုလုပ်ပေးဖို့ နှုတ်ကပတ်တော်ကို အသုံးပြုမည်ဟုပြောပြီး နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကိုလည်းပြလျှင် လူသားက ဘုရားသခင်ကို အမှန်တကယ် ယုံကြည်လား၊ မယုံကြည်ဘူးလားဆိုသည်ကို ရှင်းအောင် ပြုလုပ်၍ ရနိုင်ဦးမည်လော။ ထို့ကြောင့် ဘုရားသခင်က ထိုသို့ မလုပ်ခြင်း ဖြစ်သည်။ လူသား၏အထဲ၌ ဘာသာတရား အလွန်များနေသည်။ နောက်ဆုံးသော ကာလ၌ ဘုရားသခင်သည် လူသား၏ အထဲ၌ရှိသည့် ဘာသာတရားနှင့်ဆိုင်သော အယူအဆများ၊ သဘာဝလွန် ဖြစ်ရပ်များကို ဖယ်ထုတ်ဖို့၊ ဘုရားသခင်၏ လက်တွေ့အရှိသဘောကို လူသားသိစေဖို့အတွက် လောကသို့ လာခြင်းဖြစ်သည်။ မမြင်နိုင်သော၊ စိတ်ကူးသက်သက်ဖြစ်သော ဘုရားသခင်၏ ပုံရိပ်ကို၊ တစ်နည်းအားဖြင့် အမှန်တကယ် လုံးဝ မရှိသောပုံရိပ်ကို ဖယ်ရှားဖို့အတွက် ဘုရားသခင် ရောက်လာခြင်းဖြစ်သည်။ ထို့ကြောင့် သင့်အတွက် တန်ဖိုးရှိသည့် တစ်ခုတည်းသော အရာသည် လက်တွေ့အရှိသဘောကိုသိသော အသိကိုရရှိဖို့ ဖြစ်သည်။ သမ္မာတရားသည် အရာရာကို အနိုင်ယူပါသည်။ ယနေ့ သင့်မှာ သမ္မာတရား မည်မျှရှိသနည်း။ နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို ပြသောသူအားလုံးသည် ဘုရားသခင် ဖြစ်ပါ၏လော။ ဝိညာဉ်ဆိုးများသည်လည်း နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို ပြနိုင်ကြသည်၊ ထိုနတ်ဆိုးများ အားလုံးသည် ဘုရားသခင် ဖြစ်ပါ၏လော။ ဘုရားသခင်ကို လူသားက ယုံကြည်သောအခါ လူသားရှာဖွေသော အရာသည် သမ္မာတရားနှင့် အသက်ဖြစ်သည်၊ နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများ မဟုတ်ပေ။ ဘုရားသခင်ကို ယုံကြည်သော သူအားလုံး၏ ပန်းတိုင်သည် ထိုအရာများကို ရှာဖွေဖို့ ဖြစ်သင့်ပေသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ မှ

No comments:

Post a Comment