菜單

မူလစာမျက်နှာ သတင်းအချက်အလက် အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ စွဲကိုင်ထားသူ လွတ်လပ်မှန်ကန်တဲ့လူ့အခွင့်အရေး ကယ်တင်ရှင်ပြန်ကြွလာပြီ ဧဝံဂေလိတရားတော် ကောင်းကင်နိုင်ငံတော်သီချင်း အမှန်တရားကို ဖေါ်ထုတ်ခြင်း နိုင်ငံတော် ချီးမွမ်းခြင်း တေးဂီတ ဘုရားသခင်၏ နှုတ်ကပတ်တော်များ ဖတ်ကြားခြင်းများ

4/04/2019

ဘုရားသခင်၏ စကားတော် | သိမ်းပိုက်ခြင်း အမှုတော်၏ ဒုတိယခြေလှမ်း အသီးသီးပုံ

ခရစ်တော်၏ ပြောကြားချက်များ, သက်သေခံချက်, အသက်,

အစေခံသူများ အလုပ်၏ ခြေလှမ်းသည် သိမ်းပိုက်ခြင်းအလုပ်၏ ပထမခြေလှမ်းဖြစ်သည်၊ ဤသည်မှာ လက်ရှိတွင် သိမ်းပိုက်ခြင်းအလုပ်၏ ဒုတိယခြေလှမ်း ဖြစ်သည်။ သိမ်းပိုက်ခြင်း အလုပ်တွင် အဘယ်ကြောင့် ပြီးပြည့်စုံလင်ခြင်းကို ဆွေးနွေးရသနည်း။ ယင်းမှာ အနာဂတ်အတွက် အခြေခံအုတ်မြစ် တည်ဆောက်ခြင်း ဖြစ်သည်၊ ဤအရာသည် လက်ရှိတွင် သိမ်းပိုက်ခြင်း အလုပ်၏ နောက်ဆုံးသော ခြေလှမ်း ဖြစ်ပြီး၊ ယင်းနောက်တွင် လူတို့သည် ကြီးစွာသော ဒုက္ခဆင်းရဲကို ကြုံတွေ့ရမည်ဖြစ်ကာ၊ ထိုအချိန်တွင် လူတို့အား ပြီးပြည့်စုံလင်စေခြင်းသည် တရားဝင် စတင်လိမ့်မည်။ ယခုတွင် အဓိကကျသော အရာမှာ သိမ်းပိုက်ခြင်း ဖြစ်သည်၊ သို့သော်လည်း ဤအရာသည် လူတို့၏ နားလည်မှုနှင့် နာခံမှုကို ပြီးပြည့်စုံလင် စေသည့် ပြီးပြည့်စုံလင်ခြင်း၏ ပထမခြေလှမ်းလည်းဖြစ်ပြီး၊ ယင်းတို့မှာ သိမ်းပိုက်ခြင်း၏ အလုပ်အတွက် အခြေခံအုတ်မြစ်ကို တည်ဆောက်လျက်ရှိနေခြင်း ဖြစ်နေပေသေးသည်။ အကယ်၍ သင်သည် ပြီးပြည့် စုံလင်လိုပါက၊ သင်သည် အနာဂတ်ရှိ ကြီးစွာသော ဒုက္ခဆင်းရဲ၏ အလယ်တွင် ခိုင်ခံ့စွာ ရပ်တည်နိုင်ရမည် ဖြစ်ပြီး၊ သင်၏ ခွန်အား အလုံးစုံကို အလုပ်၏ နောက်ခြေလှမ်းအား တိုးချဲ့ခြင်းထဲသို့ ထည့်ဝင်သင့်သည်။ ဤသည်မှာ ပြီးပြည့် စုံလင်ခံရခြင်း ဖြစ်ပြီး ယင်းမှာ လူတို့သည် ဘုရားသခင်၏ အကြွင်းမဲ့ ရယူခြင်းကို ခံရသောအချိန်လည်း ဖြစ်သည်။ ယခုဆွေးနွေးနေသည့် အကြောင်းအရာမှာ သိမ်းပိုက်ခံရခြင်းဖြစ်ပြီး၊ ယင်းမှာ ပြီးပြည့်စုံလင်အောင် ပြုခံရခြင်းလည်း ဖြစ်သည်၊ သို့သော်လည်း ယခု လုပ်ဆောင်ပြီးစီးသော အရာသည် အနာဂတ်တွင် ပြီးပြည့်စုံလင်အောင် ပြုခံရခြင်းအတွက် အခြေခံအုတ်မြစ်ပင် ဖြစ်သည်။ ပြီးပြည့်စုံလင်အောင် ပြုခံရခြင်း အလို့ငှာ၊ လူတို့သည် ဒုက္ခအခက်အခဲကို ကိုယ်တွေ့ ကြုံရမည် ဖြစ်ပြီး၊ သူတို့သည် ယင်းဒုက္ခအခက်အခဲကို ပြီးပြည့် စုံလင်အောင် ပြုခံရခြင်း၏ အခြေခံအုတ်မြစ်အပေါ်တွင် ကိုယ်တွေ့ ကြုံရပေမည်။ အကယ်၍ လူတို့သည် ဤလက်ရှိ အခြေခံအုတ်မြစ် မရှိပါလျှင်မူ၊ အကယ်၍ သူတို့သည် စေ့စေ့စပ်စပ် သိမ်းပိုက်ခြင်း မခံရသေးလျှင်မူ၊ သူတို့အတွက် အလုပ်၏နောက်တစ်ဆင့်တွင် ခိုင်မြဲစွာရပ်တည်နိုင်ရန် ခက်ခဲပေလိမ့်မည်။ သိမ်းပိုက်ခြင်းကိုသာလျှင် ခံရခြင်းသည် နောက်ဆုံးပန်းတိုင်ကို စွမ်းဆောင်ရရှိခြင်း မဟုတ်ပါ၊ ယင်းမှာ စာတန်၏ ရှေ့မှောက်တွင် ဘုရားသခင်အတွက် သက်သေခံခြင်းသာ ဖြစ်သည်။ ပြီးပြည့် စုံလင်အောင် ပြုခံရခြင်းသာလျှင် နောက်ဆုံး ပန်းတိုင်ဖြစ်ပြီး အကယ်၍ သင်သည် ပြီးပြည့်စုံလင်အောင် ပြုခြင်း မခံရသေးပါက၊ သင်သည် တန်ဖိုးမရှိသော သူအဖြစ် ရေတွက်ခြင်း ခံရပေလိမ့်မည်။ အနာဂတ်တွင် ဒုက္ခအခက်အခဲကို တွေ့ကြုံရသောအခါ၊ ထို့နောက်တွင်သာ လူတို့၏ ဝိညာဥ်အသက်တာ အမှန်သည် မြင်ရလာမည် ဖြစ်သည်၊ ဆိုလိုသည်မှာ ဘုရားသခင် အတွက်ထားရှိသော သင့်ချစ်ခြင်း၏ စင်ကြယ်ခြင်း အစစ်သည် မြင်တွေ့ခြင်း ခံရမည်။ ယခုတွင် လူအားလုံးတို့သည် “ဘုရားသခင်သည် အဘယ်အရာကို ပြုတော်မူသည်ဖြစ်စေ ကျွန်ုပ်တို့သည် နာခံမည်ဖြစ်ပြီး ဘုရားသခင်၏ စိတ်သဘောထား၊ ဘုရားသခင်၏ တန်ခိုးကြီးမှုကို ထင်ရှားပေါ်လွင်စေရန် ကျွန်ုပ်တို့သည် အဖြည့်ခံများဖြစ်ရန် လိုလိုလားလား ရှိကြပါသည်။ ကိုယ်တော်သည် သူ၏ ကျေးဇူးတော်အား ကျွန်ုပ်တို့အပေါ်သို့ အပ်နှင်းသည်ဖြစ်စေ၊ မအပ်နှင်းသည်ဖြစ်စေ၊ ကိုယ်တော်သည် ကျွန်ုပ်တို့ကို ကျိန်ဆိုသည်ဖြစ်စေ၊ သို့မဟုတ် ကျွန်ုပ်တို့ကို တရားစီရင်သည် ဖြစ်စေ၊ ကျွန်ုပ်တို့သည် ကိုယ်တော်ကို ကျေးဇူးတင်ပါမည်”ဟု ပြောကြသည်။ ယခုတွင် သင်ဤအရာကို ပြောနေခြင်းမှာ နားလည်မှု အနည်းငယ်မျှလောက်သာ ဖြစ်သည်၊ သို့သော်လည်း ယင်းကို လက်တွေ့ အသုံးချ၍ရ၊ မရဆိုသည်မှာကား သင်၏ နားလည်ခြင်းသည် ဧကန်အမှန်ပင် လက်တွေ့ကျ၊ မကျဆိုခြင်း အပေါ် မူတည်သည်။ လူတို့သည် ဤအရာများကို ယခုတွင် သိမြင်ပြီး နားလည်ခဲ့ကြခြင်းမှာ သိမ်းပိုက်ခြင်း အလုပ်၏ အောင်မြင်ဖြစ်ထွန်းမှု ဖြစ်သည်၊ သင်သည် ပြီးပြည့်စုံလင်အောင်ပြုခြင်း ခံရနိုင်၊ မခံရနိုင် ဆိုသည်မှာကား သင့်အပေါ်သို့ ဒုက္ခအခက်အခဲ ကျရောက်လာသောအခါတွင် အများအားဖြင့် မြင်တွေ့ ရလိမ့်မည်။ သင်၏ နှလုံးသားထဲတွင် ဘုရားသခင်အတွက် စစ်မှန်သော ချစ်ခြင်းရှိ၊ မရှိဆိုသည်ကို ထိုအချိန်၌ မြင်တွေ့ရလိမ့်မည်ဖြစ်ပြီး အကယ်၍ သင့်တွင် သူ့အတွက် စင်ကြယ်သော ချစ်ခြင်း အမှန်တကယ် ရှိပါက သင်သည် “ကျွန်ုပ်တို့မှာ အဖြည့်ခံများသာ ဖြစ်ပါသည်၊ ကျွန်ုပ်တို့သည် ဘုရားသခင်၏ လက်တော်ထဲ၌ရှိသော ဖန်ဆင်းခံ သတ္တဝါများသာ ဖြစ်ပါသည်”ဟု ပြောလိမ့်မည်။ ပြီးလျှင် သင်သည် တစ်ပါးသော တိုင်းနိုင်ငံများသို့ သတင်းကောင်းကို ဖြန့်ဝေသောအခါ “ကျွန်ုပ်သည် အစေခံသူမျှသာဖြစ်ပြီး ဘုရားသခင်မှ အလွန်များစွာ ပြောကြားတော်မူသော ကျွန်ုပ်တို့၏ ယိုယွင်းပျက်စီးသော စိတ်သဘောထားများကြောင့် ကျွန်ုပ်တို့သည် ကိုယ်တော်၏ ဖြောင့်မတ်သော စိတ်သဘောထားကို မြင်ခဲ့ရခြင်း ဖြစ်ပါ၏။ အကယ်၍ ဘုရားသခင်သည် ထိုအရာများကို မပြောကြားခဲ့ပါက ကျွန်ုပ်တို့သည် ကိုယ်တော်ကို မြင်တွေ့နိုင်ခဲ့လိမ့်မည် မဟုတ်၊ ကိုယ်တော့် ဉာဏ်ပညာကို မြည်းစမ်းနိုင်ခဲ့မည် မဟုတ်ဘဲ ထိုကဲ့သို့သော ကြီးမားလှသည့် ကယ်တင်ခြင်း၊ ထိုကဲ့သို့သော ကြီးမားလှသည့် ကောင်းချီးကိုလည်း ရယူခြင်းငှာ တတ်စွမ်းနိုင်မည် မဟုတ်ခဲ့ပါ”ဟု သင်ပြောပေလိမ့်မည်။ အကယ်၍ သင်သည် ထိုအမြင်ကို စွဲကိုင်ထားပါလျှင် သင်သည် အဆင်ပြေနေခြင်း ဖြစ်သည်။ ယခု၌ သင်သည် များစွာသောအမှုအရာများကို လက်တန်းပင်ပြောနေခဲ့ပြီး “ကျွန်ုပ်တို့သည် အဖြည့်ခံများနှင့် အစေခံ သူများ ဖြစ်ကြပါ၏၊ ကျွန်ုပ်တို့သည် သိမ်းပိုက်ခံရခြင်းနှင့် ဘုရားသခင်အတွက် ခမ်းနားကြီးကျယ်သော သက်သေခံချက်များ ဖြစ်ခြင်းငှာ လိုလားနေကြပါ၏…”စသည့် ဆောင်ပုဒ်များကို အစဥ်အမြဲ ကြွေးကြော် ကြသည်။ သင်သည် ထိုအရာကို ဤနည်းအတိုင်း ကြွေးကြော်လိုက်ပြီး ပြီးဆုံးသွား၍ မရနိုင်ပါ၊ ယင်းမှာ သင်သည် ဝိညာဥ်အသက်တာနှင့် ပုဂ္ဂိုလ်တစ်ဦးဖြစ်သည် ဆိုခြင်းအား သက်သေမပြပါ။ သင်၌ စစ်မှန်သော နားလည်ခြင်း ရှိရမည်ဖြစ်ပြီး၊ သင်၏ နားလည်ခြင်းသည် အစမ်းသပ်ခံနိုင်ရပါမည်။


ဤအချိန်အတိုင်းအတာတစ်လျှောက် အတွေ့အကြုံများကို ပြန်လည်တွေးတောကြည့်ပြီး၊ များမကြာမီက ငါပြောခဲ့ သော ဤအရာများကို ပြန်လည်ဆင်ခြင်ကြည့်ပါ၊ ပြီးနောက် ယင်းတို့ကို သင်ပြုသော အရာနှင့် နှိုင်းယှဥ် ကြည့်ပါ။ သင်သည် ခြွင်းချက်မရှိ အဖြည့်ခံတစ်ဦး ဖြစ်သည်မှာ လုံး၀မှန်ကန်သည်တကား။ သင်၌ ယခုတွင် နားလည်မှု မည်သည့်အတိုင်းအတာမျှ ရှိသနည်း။ သင်၏ စိတ်ကူးများ၊ အတွေးများ၊ အပြုအမူ၊ သင်၏ စကားများနှင့် လုပ်ရပ်များ၊ သင်အသက်ရှင်သော အရာခပ်သိမ်း—ထိုအရာအားလုံးတို့မှာ ဘုရားသခင်၏ ဖြောင့်မတ်ခြင်းနှင့် သန့်ရှင်းခြင်းတို့အတွက် အဖြည့်ခံမျှသာလျှင် မဟုတ်လေသလော။ ဘုရားသခင်၏ လက်ရှိ နှုတ်ကပတ်တော်များထဲတွင် ဖော်ပြခြင်းခံရသည့် အရာခပ်သိမ်းသည် လူသားမျိုးနွယ်၏ ယိုယွင်း ပျက်စီးသော စိတ်သဘောထားအကြောင်းပင် မဟုတ်လေသလော။ ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားနှင့် သန့်ရှင်းခြင်းတို့သည် သင်၏ စိတ်ကူးများနှင့် သင်၏ အရင်းခံအကြောင်းတရားများမှ တစ်ဆင့်နှင့် သင်ဖော်ပြသော အရာများမှတစ်ဆင့် ပြသခြင်းခံရသည်။ ဘုရားသခင်သည်လည်း ညစ်ညူး သည့် မြေတွင် နေထိုင်နေသော်လည်း ညစ်ညူးခြင်းနှင့် စွန်းထင်းနေခြင်း စိုးစဥ်းမျှမရှိချေ။ သူသည် သင်ကဲ့သို့ တူညီသည့် ညစ်ညူးသော လောကကြီးထဲတွင် နေထိုင်သော်လည်း သူသည် ဆင်ခြင်တုံတရားနှင့် ထိုးထွင်း သိမြင်သောဉာဏ်ကို ပိုင်ဆိုင်သည်၊ သူသည် ညစ်ညူးခြင်းကို ရွံရှာမုန်းတီးသည်။ သင်ကိုယ်တိုင်သည် မိမိ ကိုယ်တိုင်၏ စကားလုံးများနှင့် လုပ်ရပ်များထဲရှိ ညစ်ညူးသော အရာများကို မမြင်နိုင်သော်လည်း သူသည် မြင်နိုင်၏၊ သူသည် ယင်းအရာတို့ကို သင့်အား ပြသနိုင်သည်။ သင်၏ ပြုစုပျိုးထောင်ခြင်း ကင်းမဲ့မှု၊ ထိုးထွင်း သိမြင်သောဉာဏ် ကင်းမဲ့မှုနှင့် အသိစိတ် ကင်းမဲ့မှု၊ သင်၏ ခေတ်နောက်ကျော့သော နေထိုင်မှုပုံစံဖြစ်သည့် ထိုဟောင်းနွမ်းသော အရာများသည် သူ၏ ယင်းအရာများကို ဖော်ထုတ်ခြင်းမှတစ်ဆင့် အားလုံးပင် ယခုတွင် ဟောင်းလောင်းပွင့်ခြင်း ခံရသည်။ ဘုရားသခင်သည် ဤနည်းလမ်းကို လုပ်ဆောင်ရန် ကမ္ဘာကြီးထဲ ကြွဆင်း လာခဲ့သည်၊ သို့မှသာ လူတို့သည် သူ၏ သန့်ရှင်းခြင်းနှင့် ဖြောင့်မတ်သော စိတ်သဘောထားကို မြင်တွေ့နိုင်ရန် ဖြစ်သည်။ သူသည် သင့်ကို တရားစီရင်၍ ပြစ်တင်ဆုံးမကာ သင့်အား မိမိကိုယ်ကိုယ် နားလည်ရန် ပြုလုပ် ပေးသည်။ တစ်ခါတစ်ရံတွင် သင်၏ မာရ်နတ်နှင့်ဆိုင်သော သဘာဝသည် ပေါ်လာပြီး ဘုရားသခင်သည် သင့်အား ထိုအရာကို ပြသနိုင်သည်။ သူသည် လူသားမျိုးနွယ်၏ အနှစ်သာရကို သူ၏ လက်ဖမိုးကဲ့သို့ သိလေသည်။ သူသည် သင်နေထိုင်သကဲ့သို့ နေထိုင်သည်၊ သင်ကဲ့သို့ တူညီသည့်အစာကို စားသည်၊ သင်ကဲ့သို့ပင် တူညီသည့် အိမ်မျိုးတွင် နေသည်၊ သို့သော်လည်း သူသည် သင့်ထက် သာ၍များစွာ ပိုသိ လေသည်။ သို့သော် သူအမုန်းဆုံးသော အရာမှာ လူသားမျိုးနွယ်၏ ဘဝဒဿနများနှင့် သူတို့၏ လိမ်လည်မှုနှင့် ကောက်ကျစ်မှုတို့ ဖြစ်သည်။ သူသည် ဤအရာများကို မုန်း၍ သူတို့ကို ဂရုပြုရန် အလိုမရှိပေ။ သူသည် လူသားမျိုးနွယ်၏ ဇာတိပကတိဆိုင်ရာ အတုံ့အပြန်ဆက်သွယ်မှုများကို အထူးသဖြင့် မုန်းတီးသည်။ သူသည် လူသား အတုံ့အပြန်ဆက်သွယ်မှုများ၏ အချို့သော ယေဘူယျအသိပညာများကို အလျှင်း နားမလည်သော်လည်း၊ လူတို့သည် သူတို့၏ ယိုယွင်းပျက်စီးသော စိတ်သဘောထား အချို့ကို ထုတ်ဖော်ကြသောအခါ၊ သူသည် အပြည့်အဝ နားလည်သဘောပေါက်သည်။ သူ၏ လုပ်ဆောင်မှုထဲတွင် သူသည် လူတို့အား သူတို့အထဲရှိ ဤအရာများမှတစ်ဆင့် သင်ကြား၍ ပြောဆိုပြီး ဤအရာများမှတစ်ဆင့် သူသည် လူတို့ကို တရားစီရင်ကာ သူ၏ ဖြောင့်မတ်၍ သန့်ရှင်းသော စိတ်သဘောထားကို ဖော်ပြသည်။ ဤသည်မှာ လူတို့သည် ဘုရားသခင်၏ အလုပ်အတွက် အဖြည့်ခံများ ဖြစ်လာကြပုံ ဖြစ်သည်။ လူသား မျိုးနွယ်၏ ယိုယွင်းပျက်စီးသော စိတ်သဘောထား အမျိုးမျိုးနှင့် စာတန်၏ အကျည်းတန်သော မျက်နှာများကို ဖော်ပြနိုင်သည်မှာ လူ့ဇာတိခံယူသော ဘုရားသခင်တစ်ပါးတည်းသာ ဖြစ်သည်။ သူသည် သင့်ကို အပြစ်ဒဏ် မပေး၊ သူသည် သင့်အား ဘုရားသခင်၏ သန့်ရှင်းမှုအတွက် အဖြည့်ခံအနေနှင့်သာ ထားရှိလိမ့်မည် ဖြစ်ကာ သင်သည် အလွန်အမင်း ညစ်ညူးလှသည့် အတွက်ကြောင့် သင်ကိုယ်တိုင် ခိုင်ခံ့စွာ ရပ်တည်နိုင်မည် မဟုတ်။ သူသည် လူတို့မှ ဖော်ပြသော ထိုအရာများမှတစ်ဆင့် စကားပြောပြီး ဘုရားသခင်သည် မည်သို့သန့်ရှင်း သည်ကို လူတို့ သိရန်အလို့ငှာ သူသည် လူတို့ကို ဖော်ထုတ်လေသည်။ သူသည် လူသားတို့ထဲရှိ ညစ်ညူးခြင်း အနည်းငယ်မျှကိုပင် အလွတ်ပေးမည်မဟုတ်၊ သူတို့၏နှလုံးသားများထဲတွင် ရှိကြသည့် အသေးငယ်ဆုံးသော ညစ်ညူးသည့် စိတ်ကူး သို့မဟုတ် သူ၏ အလိုတော်နှင့် မညီသည့် လုပ်ရပ်များနှင့် စကားလုံးများကိုပင်လျှင် အလွတ်ပေးမည် မဟုတ်ပေ။ သူ၏ နှုတ်ကပတ်တော်များမှတစ်ဆင့် မည်သည့်လူ သို့မဟုတ် မည်သည့်အရာ တို့အထဲတွင်မှ ညစ်ညူးခြင်း ရှိရစ်နေမည် မဟုတ်၊ ယင်းတို့အားလုံးသည် ထုတ်ဖော်ခြင်း ခံရလိမ့်မည်။ ထို့နောက်မှသာ သင်သည် ဘုရားသခင်မှာ လူနှင့် အမှန်တကယ်ပင် ကွဲပြားခြားနားကြောင်းကို တွေ့မြင်မည်။ သူသည် လူသားမျိုးနွယ်ထဲရှိ အနည်းငယ်သော ညစ်ညူးခြင်းကိုပင် လုံး၀ စက်ဆုပ်ရွံရှာသည်။ တစ်ခါတစ်ရံတွင် လူတို့သည် နားပင်မလည်ကြဘဲနှင့် “ဘုရားသခင်၊ အဘယ်ကြောင့် ကိုယ်တော်သည် အစဥ်အမြဲ ဒေါသထွက်နေရသနည်း။ အဘယ်ကြောင့် ကိုယ်တော်သည် လူသားမျိုးနွယ်၏ အားနည်းချက်ကို မထောက်ထားရသနည်း။ အဘယ်ကြောင့် ကိုယ်တော်သည် လူသားမျိုးနွယ်အတွက် အနည်းငယ်သော ခွင့်လွှတ်ခြင်းပင် မရှိရသနည်း။ လူသားအား အဘယ်ကြောင့် ကိုယ်တော်သည် အလွန်အမင်း မထောက်ထားရသနည်း။ လူတို့သည် မည်သို့ ယိုယွင်းပျက်စီးကြကြောင်းကို ကိုယ်တော်သိတော်မူသည်၊ သို့အတွက်လျှင် အဘယ်ကြောင့် ကိုယ်တော်သည် လူတို့အား ဤနည်းလမ်းနှင့် ဆက်ဆံနေဆဲရှိသနည်း”ဟု ပြောကြသည်။ ဘုရားသခင်သည် အပြစ်တရားကို စက်ဆုပ်ရွံရှာသည်၊ သူသည် အပြစ်တရားကို မုန်းသည်။ သင့်အထဲ၌ ရှိနေနိုင်သော မည်သည့် ပုန်ကန်မှုကိုမဆို သူသည် အထူးသဖြင့် စက်ဆုပ်ရွံရှာသည်။ သင်သည် ပုန်ကန်တတ်သော စိတ်သဘောထားကို ထုတ်ဖော်သော အခါ သူသည် အတိုင်းထက်အလွန် စက်ဆုပ်ရွံရှာသည်။ ဤအရာများမှတစ်ဆင့် သူ၏ စိတ်သဘောထားနှင့် ဖြစ်ခြင်းတို့ကို ဖော်ပြနိုင်လေသည်။ သင်သည် မိမိကိုယ်ကိုယ် ထိုအရာနှင့် နှိုင်းယှဥ်ကြည့်သောအခါ သူသည် လူတို့ကဲ့သို့ပင် တူညီသောအစာကိုစား၍ တူညီသော အဝတ်အစားကို ဝတ်ဆင်ကာ တူညီသော ပျော်ရွှင်မှုများ ရှိသော်ငြားလည်း၊ သူသည် လူသားမျိုးနွယ်နှင့် ယှဥ်လျက်ပင် နေထိုင်သော်ငြားလည်း သူသည် မတူညီပါ။ ဤသည်မှာ အဖြည့်ခံတစ်ဦး ဖြစ်ခြင်း၏ ပကတိအနက်အဓိပ္ပာယ်ပင် မဟုတ်လော။ ဘုရားသခင်၏ ကြီးမြတ်သော တန်ခိုးကို သိသာထင်ရှားစေရန် ပြုခြင်းမှာ ဤအရာများမှတစ်ဆင့် မဟုတ်၊ အလင်း၏ အဖိုးထိုက်သော တည်ရှိခြင်းကို ထင်ရှားပေါ်လွင်စေသော အရာမှာ အမှောင်ထုပင် ဖြစ်သည်။

မှန်ပေသည်၊ သူသည် သင်တို့ကို အဖြည့်ခံတစ်ဦးအနေနှင့် တမင်တကာ အသုံးပြုနေခြင်း မဟုတ်ဘဲ၊ ဤအလုပ်သည် ရလဒ်များကို ပြသလာသောအခါ ယင်းမှာ လူသားမျိုးနွယ်၏ ပုန်ကန်မှုသည် ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားအတွက် အဖြည့်ခံပင် ဖြစ်ကြောင်းကို ပြသသည်။ သင်တို့သည် အဖြည့်ခံ သူများအနေဖြင့် လုပ်ဆောင်ခဲ့ကြသောကြောင့် ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထား၏ ပင်ကို ဖော်ပြချက်ကို သိခြင်းငှာ အခွင့်အရေး ရှိခြင်းဖြစ်သည်။ သင်တို့၏ ကိုယ်ပိုင် ပုန်ကန်မှုကြောင့် သင်တို့သည် တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း ခံခဲ့ရခြင်းဖြစ်သည်၊ သို့သော် သင်တို့၏ ပုန်ကန်ခြင်းကြောင့်လည်း သင်တို့သည် ဘုရားသခင်၏ အဖြည့်ခံများအဖြစ် လုပ်ဆောင်ခဲ့ကြခြင်း ဖြစ်ပြီး ဘုရားသခင်မှ သင်တို့အပေါ် အပ်နှင်းခဲ့သော အလွန်ကြီးမားသည့် ကျေးဇူးတော်ကို ရရှိခဲ့ကြခြင်းဖြစ်သည်။ ဘုရားသခင်၏ အနန္တတန်ခိုးနှင့် ဉာဏ်ပညာအတွက် အဖြည့်ခံမှာ သင်တို့၏ ပုန်ကန်မှုပင် ဖြစ်ပြီး၊ ယင်းကြောင့်သာလျှင် သင်တို့သည် ထိုကဲ့သို့ သော ကြီးမားလှသည့် ကယ်တင်ခြင်း၊ ထိုကဲ့သို့သော ကြီးမားလှသည့် ကောင်းချီးကို ရရှိခဲ့ခြင်းဖြစ်သည်။ သင်တို့သည် ငါ၏ တရားစီရင်မှုကို ထပ်ဖန်တလဲလဲ လက်ခံရရှိခဲ့သည် ဆိုသော်လည်း သင်တို့ရှေ့ကသူများ မည်သည့်အခါမျှ မရရှိခဲ့သော ကြီးမားလှသည့် ကယ်တင်ခြင်းကိုလည်း ရရှိခဲ့ကြပေသည်။ ဤအလုပ်မှာ သင်တို့အတွက် မယုံနိုင်ဖွယ်ရာပင် အနက်အဓိပ္ပာယ်နှင့် ပြည့်ဝ၏။ ဤ”အဖြည့်ခံ”ဆိုသည်မှာ သင်တို့အတွက် ဧကန်အမှန်ပင် အလွန်တရာမှ အဖိုးထိုက်တန်သည်၊ အဖြည့်ခံများအဖြစ် လုပ်ဆောင်သောကြောင့် သင်တို့ သည် ကယ်တင်ခြင်းနှင့် ကျေးဇူးတော်ကို ရရှိခဲ့ကြခြင်းဖြစ်သည်။ ဤသို့သော အဖြည့်ခံမျိုး ဖြစ်ရခြင်းမှာ အလွန်တရာမှပင် အဖိုးမထိုက်လေသလော။ ယင်းသည် အလွန်တရာမှပင် အနက်အဓိပ္ပာယ်နှင့် မပြည့်ဝလေ သလော။ သင်တို့သည် ဘုရားသခင်ကဲ့သို့ပင် တူညီသည့်နယ်ပယ်ထဲတွင် နေထိုင်သောကြောင့်၊ သင်တို့သည် သူနှင့်အတူ ဤညစ်ညူးသည့်မြေတွင် နေထိုင်သောကြောင့် သင်တို့သည် သူ၏ အဖြည့်ခံများ ဖြစ်လာကြပြီး ယင်းကဲ့သို့သော မယုံနိုင်ဖွယ်ရာ ကယ်တင်ခြင်းကို ရရှိခဲ့ကြခြင်းဖြစ်သည်။ အကယ်၍ သူသာ လူ့ဇာတိကို မခံယူခဲ့ပါက၊ သင်တို့အပေါ် မည်သူသည် သနားကြင်နာခြင်း ရှိလိမ့်မည်နည်း၊ မည်သူသည် သင်တို့ကဲ့သို့ နိမ့်ကျသော လူတို့ကို ကြည့်ရှုစောင့်ရှောက်လိမ့်မည်နည်း။ သင်တို့အား မည်သူက ဂရုစိုက်လိမ့်မည်နည်း။ အကယ်၍သာ လူ့ဇာတိခံယူသော ဘုရားသခင်သည် သင်တို့အကြားတွင် လုပ်ဆောင်နေခဲ့ခြင်း မရှိခဲ့ပါက သင်တို့သည် အဘယ်မည်သော အချိန်တွင် ယခင်က မည်သူမျှ မရှိခဲ့ဖူးသော ဤကယ်တင်ခြင်းကို ရရှိလိမ့် မည်နည်း။ အကယ်၍သာ ငါသည် သင်တို့ကို ပြုစုစောင့်ရှောက်ရန်နှင့် သင်တို့၏ အပြစ်များကို တရားစီရင်ရန် လူ့ဇာတိမခံယူခဲ့ပါလျှင် သင်တို့သည် ကြာမြင့်စွာကတည်းကပင် မရဏာနိုင်ငံထဲသို့ ကျဆင်းပြီးဖြစ်ခဲ့လိမ့်မည် မဟုတ်လော။ သင်တို့အကြားတွင် ငါ့ကိုယ်ငါ နှိမ့်ချရန် ဇာတိပကတိကို မခံယူခဲ့လျှင်၊ ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားတွင် အဖြည့်ခံများအဖြစ် ဘယ်အခွင့်အရေးကို သင်တို့ရရှိမည်နည်း။ သင်တို့သည် ထိုကဲ့သို့သော ကြီးမားလှသည့် ကယ်တင်ခြင်းကို ရရှိရန်အလို့ငှာ သင်တို့ အကြားတွင် ငါသည် လူ့ဇာတိကို ခံယူခဲ့သောကြောင့် သင်တို့သည် အဖြည့်ခံများအဖြစ် လုပ်ဆောင်နေခြင်း မဟုတ်လော။ ယင်း တခုလုံးမှာ ငါလူ့ဇာတိ ခံယူခဲ့ခြင်းကြောင့်ပင် ဖြစ်သည် မဟုတ်လော။ သင်တို့ အကြားတွင် နေထိုင်နေသော လူ့ဇာတိခံယူသည့် ဘုရားသခင်ကြောင့်သာ မဟုတ်ခဲ့ပါလျှင်မူ သင်တို့သည် ကမ္ဘာမြေကြီး ပေါ်ရှိ ငရဲထဲတွင် နေနေရခြင်း ဖြစ်ကြောင်း၊ ယင်းသည် ဝက်တစ်ကောင် သို့မဟုတ် ခွေးတစ်ကောင်ထက်ပင် ဆိုးကြ သည်ကို ရှာသိရန် တတ်နိုင်ပါမည်လော။ သင်တို့သည် တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကို ရရှိခဲ့ကြခြင်းမှာ သင်တို့သည် ဇာတိပကတိထဲရှိ ငါ၏ အလုပ်အတွက် အဖြည့်ခံများဖြစ်နေ၍ မဟုတ်လော။ အဖြည့်ခံများဖြစ်ခြင်း၏ အလုပ်သည် သင်တို့အတွက် အလွန်ပင် သင့်တော်လှသည်၊ အဘယ်ကြောင့်ဆိုသော် သင်တို့သည် ဘုရားသခင် တရားစီရင်ခြင်း၏ ကယ်တင်ခြင်းကို ဤအတွက်ကြောင့်နှင့် ရရှိခဲ့ခြင်း ကြောင့်ဖြစ်သည်။ အရည်အချင်းပြည့်မီသော အဖြည့်ခံတစ်ဦးနေနှင့် လုပ်ဆောင်နိုင်ခြင်းကို သင်တို့ အသက် တာ၏ အကြီးမားဆုံးသော ကောင်းချီးဖြစ်သည်ဟု မခံစားရသလော။ သင်တို့ လုပ်ဆာင်ပြီးစီးခဲ့သမျှမှာ အဖြည့်ခံများဖြစ်ခြင်း၏ အလုပ်သာလျှင် ဖြစ်သော်လည်း၊ သင်တို့သည် ယခင်ကတစ်ခါမျှ စိတ်မကူးခဲ့ဖူးသော သို့မဟုတ် မရှိခဲ့ဖူးသော ကယ်တင်ခြင်းကို ရရှိခဲ့သည်။ အဖြည့်ခံတစ်ဦး ဖြစ်ခြင်းသည် ယခုတွင် သင်တို့၏ တာဝန်ဖြစ်ပြီး သင်တို့ အနာဂတ်တွင် ခံစားရမည့် အဆုံးမရှိသော ကောင်းချီးများဖြစ်သည့် သင်တို့ခံထိုက်သော ဆုလာဘ်ဖြစ်လိမ့်မည်။ ယနေ့ သင်တို့ ရရှိသော ကယ်တင်ခြင်းသည် တဒင်္ဂမျှသာဖြစ်သော ထိုးထွင်းသိမြင် သောဉာဏ် သို့မဟုတ် အသိပညာမဟုတ်ဘဲ၊ သာ၍ ကြီးမားသော ကောင်းချီး၊ အသက်၏ အဆုံးမရှိသော ဆက်လက်ရှင်သန်ခြင်း ဖြစ်သည်။ သင်သိမ်းပိုက်ခံရခြင်းမှာ အဖြည့်ခံတစ်ဦး ဖြစ်ခြင်းမှတစ်ဆင့် ဖြစ်သော်လည်း၊ ဤကယ်တင်ခြင်း၊ ဤကောင်းချီးသည် သင့်ကို လုံးလုံး လျားလျား ရရှိရန်အတွက်သာ ဖြစ်သည်ကို သင်တို့သည် သိရှိရမည်၊ ယင်းသည် သိမ်းပိုက်ခြင်းဖြစ်ပြီး သင်တို့ကို သာ၍ကောင်းမွန်စွာ ကယ်တင်ရန်အလို့ငှာလည်း ဖြစ်သည်။ အဖြည့်ခံတစ်ဦး ဖြစ်ခြင်းမှာ အမှန်တရားဖြစ်သည်၊ သို့သော်လည်း သင်တို့၏ ပုန်ကန်ခြင်းကြောင့် သင်တို့သည် အဖြည့်ခံများ ဖြစ်နေခြင်းဖြစ်ပြီး မည်သူကမျှ တစ်ခါမှ မရရှိခဲ့ဖူးသော ကောင်းချီးများကို ရရှိခဲ့ခြင်း ဖြစ်သည်။ ယနေ့တွင် သင်တို့သည် မြင်တွေ့ပြီး ကြားရသည်၊ နံနက်ဖြန်တွင် သင်တို့သည် ရရှိလိမ့်မည် ဖြစ်ပြီး၊ သာ၍ပင် ကြီးမားလှသော ကောင်းချီးများကို လက်ခံရရှိလိမ့်မည်။ ထို့ကြောင့် ဤကဲ့သို့သော အဖြည့်ခံ ဖြစ်ရခြင်းသည် အဖိုးအထိုက်တန်ဆုံးသော အရာဖြစ်သည် မဟုတ်လော။ သင်တို့၏ ပုန်ကန်တတ်သော စိတ်သဘောထားများ၏ အဖြည့်ခံခြင်းမှတစ်ဆင့် သိမ်းပိုက်ခြင်း၏ မျက်မှောက် အလုပ်သည် အသီး သီးခြင်းဖြစ်သည်၊ ဆိုလိုသည်မှာ ဒုတိယကြိမ် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်း၏ အထွတ်အထိပ်သည် သင်တို့၏ ညစ်ညူးခြင်းနှင့် ပုန်ကန်မှုတို့ကို အဖြည့်ခံအဖြစ်သို့ ပြုလုပ်ပေးရန်ဖြစ်ပြီး ထိုသို့အားဖြင့် သင်တို့သည် ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားကို မြင်တွေ့နိုင်ရန် ဖြစ်သည်။ သင်တို့သည် ဒုတိယကြိမ် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်း၌ နာခံမှု တစ်ဖန် ရှိလာသောအခါ သူ၏ ဖြောင့်မတ်သော စိတ်သဘောထား တစ်ရပ်လုံးကို သင်တို့ထံသို့ ပွင့်လင်းစွာပင် ဖွင့်ပြတော်မူလိမ့်မည်။ ဆိုလိုသည်မှာ သင်တို့သည် သိမ်းပိုက်ခြင်းအလုပ်ကို ကြုံတွေ့နေရခြင်း ပြီးဆုံးသွားသည့် အချိန်သည် အဖြည့်ခံတစ်ဦး ဖြစ်ခြင်း၏ သင်တို့၏ တာဝန်ကို သင်တို့ ဖြည့်ဆည်းပြီးသည့် အချိန်ပင် ဖြစ်လိမ့်မည် ဖြစ်သည်။ ယင်းမှာ သင်တို့ကို ရည်ရွယ်ချက်ရှိရှိနှင့် တံဆိပ်ကပ်နေခြင်း မဟုတ်ဘဲ သင်တို့သည် အစေခံသူများ အခန်းကဏ္ဍမှတစ်ဆင့် သိမ်းပိုက်ခြင်း၏ ပထမအလုပ်ကို ပြီးမြောက်ခြင်း ဖြစ်ပြီး ဘုရားသခင်၏ ဖြောင့်မတ်ကာ အပြစ်မကျူးလွန်သည့်စိတ်သဘောထားကို ဖော်ပြခြင်းဖြစ်သည်။ သင်တို့၏ အဖြည့်ခံ တစ်ဦးအဖြစ် ပြုမူခြင်းမှတစ်ဆင့်၊ အဖြည့်ခံအနေနှင့် သင်တို့၏ ပုန်ကန်မှုမှတစ်ဆင့် သိမ်းပိုက်ခြင်း ဒုတိယ အလုပ်၏ အသီးကို စွမ်းဆောင်ရရှိခဲ့ခြင်းဖြစ်သည်။ ပထမအကြိမ်တွင် သင်တို့ကိုအပြည့်အဝ မဖော်ပြခဲ့သည့် ကိုယ်တော်၏ ဖြောင့်မတ်သော စိတ်သဘောထားကို ယခုတွင် အားလုံးကို သင်တို့ထံ ဖွင့်ပြပေးခဲ့ပြီး ထိုသို့အားဖြင့် သင်တို့သည် သူ၏ ဖြောင့်မတ်သော စိတ်သဘောထား တစ်ရပ်လုံးကို မြင်တွ့နိုင်ရန်၊ ကိုယ်တော်၏အလုပ်၊ ကိုယ်တော်၏ သန့်ရှင်းခြင်းနှင့် စင်ကြယ်ခြင်းတို့၏ အံ့သြဖယ်နှင့် ဉာဏ်ပညာတို့ဖြစ်သည့် သူ၏ ဖြစ်ခြင်းအလုံးစုံတို့ကို မြင်တွေ့နိုင်ရန်ဖြစ်သည်။ သူ့အလုပ်၏ ဤအသီးများသည် သိမ်းပိုက်ခြင်း၏ ကွဲပြားခြားနားသော ကာလ အပိုင်းအခြားများမှတစ်ဆင့် စွမ်းဆောင်ရရှိခဲ့ခြင်း ဖြစ်ပြီး တရားစီရင်မှု၏ အမျိုးမျိုးသော အတိုင်းအတာများ မှတစ်ဆင့်လည်း စွမ်းဆောင်ရရှိခဲ့သည်။ သူ၏ တရားစီရင်ခြင်းသည် ၎င်း၏ အထွတ်အထိပ်သို့ သာ၍ ရောက် လေလေ၊ လူတို့၏ ပုန်ကန်တတ်သော စိတ်သဘောထားကို ဖော်ထုတ်ရန် သာ၍ တတ်စွမ်းနိုင်လေလေနှင့် သိမ်းပိုက်ခြင်း၏ ရလဒ်ကို စွမ်းဆောင်ရရှိရန် သာ၍ တတ်စွမ်းနိုင်လေလေ ဖြစ်သည်။ သူ၏ ဖြောင့်မတ်သော စိတ်သဘောထား အားလုံးသည် ဤကဲ့သို့သော သိမ်းပိုက်ခြင်း၏ ရလဒ်မှတစ်ဆင့် ဖော်ပြခြင်း ခံရသည်။ သိမ်းပိုက်ခြင်း၏ အလုပ်ကို ကွဲပြားခြားနားသည့် အချိန်များနှင့် ကွဲပြားခြားနားသည့် အဆင့်များ၌ ဆောင်ရွက် သည့် အဆင့်နှစ်ဆင့်အဖြစ် ခွဲခြားထားသည်။ ရရှိလာသော ရလဒ်များသည်လည်း ကွဲပြားခြားနားသည်မှာ မှန်ပေသည်၊ ဆိုလိုသည်မှာ လူတို့၏ နာခံမှုအတိုင်းအတာသည် နက်ရှိုင်းသည်ထက် နက်ရှိုင်းလာခြင်း ဖြစ်သည်။ ဤအချိန်မှစ၍ လူတို့ကို ပြီးပြည့်စုံလင်စေခြင်း၏ မှန်ကန်သော လမ်းကြောင်းပေါ်သို့ ခေါ်ဆောင် လာရန် နောက်ဆုံးတွင် ဖြစ်နိုင်ပေလိမ့်မည်။ သိမ်းပိုက်ခြင်း၏ အလုပ်အားလုံးတို့သည် ပြီးစီးသွားပြီး သည့်နောက် (ဒုတိယအကြိမ် တရားစီရင်ခြင်းသည် ၎င်း၏ အဆုံးသတ် ရလဒ်များကို စွမ်းဆောင်ရရှိခဲ့ပြီး သောအခါ) နောက်ဆုံးတွင် ဘုရားသခင်သည် လူတို့ကို တရားစီရင်တော့မည် မဟုတ်ဘဲ သူတို့အား အသက်တာကို ကိုယ်တိုင် ကြုံတွေ့ခြင်း၏ မှန်ကန်သော လမ်းကြောင်းထဲသို့ ဝင်ရောက်စေလိမ့်မည်။ ယင်းသို့ဖြစ်ရခြင်းမှာ တရားစီရင်မှုသည် သိမ်းပိုက်ခြင်းကို ကိုယ်စားပြု၍၊ သိမ်းပိုက်ခြင်း၏ အသွင် သဏ္ဌာန်သည် တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း ဖြစ်သောကြောင့် ဖြစ်သည်။

ခေတ်နောက် အကျဆုံးနှင့် အညစ်ညူးဆုံးသော နေရာတွင် ဘုရားသခင်၏ လူ့ဇာတိခံယူခြင်း အားဖြင့်သာလျှင် သူသည် မိမိ၏ သန့်ရှင်းပြီး ဖြောင့်မတ်သော စိတ်သဘောထား တစ်ရပ်လုံးကို ဖော်ပြနိုင်သည်။ အဘယ်အရာမှတစ်ဆင့် သူ၏ ဖြောင့်မတ်သော စိတ်သဘောထားသည် ဖော်ပြခြင်း ခံရသနည်း။ လူတို့၏ အပြစ်များကို တရားစီရင်ခြင်း၊ စာတန်ကို တရားစီရင်ခြင်း၊ အပြစ်များကို စက်ဆုပ်ရွံရှာခြင်းနှင့် သူ့အား ခုခံကာ ဆန့်ကျင်ပုန်ကန်သော သူများဖြစ်သည့် သူ၏ ရန်သူများကို မုန်းတီးခြင်းမှတစ်ဆင့် ဖြစ်သည်။ ယနေ့တွင် ငါပြောနေသော အရာမှာ လူတို့၏ အပြစ်များနှင့် သူတို့၏ မဖြောင့်မတ်မှုတို့ကို တရားစီရင်ရန် ဖြစ်သည်၊ လူတို့၏ ပုန်ကန်မှုကို ကျိန်ဆိုရန်ဖြစ်သည်။ သူတို့၏ လှည့်ဖြားမှုနှင့် ကောက်ကျစ်မှု၊ သူတို့၏ စကားလုံးများနှင့် လုပ်ရပ်များ၊ ဘုရားသခင်၏ အလိုတော်နှင့် မညီသော အရာခပ်သိမ်းတို့သည် တရား စီရင်ခြင်းကို ခံရပြီး လူတို့၏ ပုန်ကန်မှုသည် အပြစ်ရှိသည်ဟု သတ်မှတ်ရှုတ်ချခံရသည်။ ဘုရားသခင် သည် တရားစီရင်ခြင်း၏ အခြေခံသဘောတရားများအတိုင်း ပြောဆိုပြီး၊ သူတို့၏ ပုန်ကန်မှုကို ကျိန်ဆိုလျက်၊ သူတို့၏ အကျည်းတန်သော မျက်နှာများကို ထုတ်ဖော်လျက်၊ လူတို့၏ မဖြောင့်မတ်မှုကို တရားစီရင်ခြင်းမှတစ်ဆင့် သူ၏ ဖြောင့်မတ်သော စိတ်သဘောထားကို ဖော်ပြလေသည်။ သန့်ရှင်းခြင်းသည် သူ၏ ဖြောင့်မတ်သော စိတ်သဘောထားကို ကိုယ်စားပြုသည်၊ သူ၏ သန့်ရှင်းခြင်းသည် စင်စစ်တွင်မူ သူ၏ ဖြောင့််မတ်သော စိတ်သဘောထား ဖြစ်သည်။ ယနေ့ ငါ့ နှုတ်ကပတ်တော်များ၏ နောက်ခံအကြောင်းမှာ စကားပြောဆိုခြင်း၊ တရားစီရင်ခြင်းနှင့် သင်တို့၏ ယိုယွင်း ပျက်စီးသော စိတ်သဘောထားများကို ထောက်ရှု၍ သိမ်းပိုက်ခြင်းအလုပ်ကို လုပ်ဆောင်ခြင်းတို့ ဖြစ်သည်။ ဤသည်သာလျှင် စစ်မှန်သော အလုပ်ဖြစ်ပြီး ဤသည်သာလျှင် ဘုရားသခင်၏ သန့်ရှင်းခြင်းကို လုံး၀ပင် သိသာထင်ရှားစေနိုင်သည်။ အကယ်၍ သင့်တွင် ယိုယွင်းပျက်စီးသော စိတ်သဘောထား လုံး၀ မရှိခဲ့ပါက ဘုရား သခင်သည် သင့်ကို တရားစီရင်ခဲ့လိမ့်မည် မဟုတ်၊ သင်သည်လည်း သူ၏ ဖြောင့်မတ်သော စိတ် သဘောထားကို မြင်တွေ့ခြင်းငှာ တတ်စွမ်းနိုင်ခဲ့လိမ့်မည် မဟုတ်ပေ။ သင့်တွင် ယိုယွင်းပျက်စီးသော စိတ် သဘောထား ရှိသည့်အတွက် ဘုရားသခင်သည် သင့်အား အလွတ်ပေးလိမ့်မည် မဟုတ်။ ဤအရာမှတစ်ဆင့် သူ၏ ဖြောင့်မတ်ခြင်းသည် ဖော်ပြခံရခြင်း ဖြစ်သည်။ အကယ်၍ လူသား၏ ညစ်ညူးခြင်းနှင့် ပုန်ကန်ခြင်း သည် အလွန်အမင်းပင် ကြီးမားလှပြီး၊ ဤသည်ကို သူမြင်သော်လည်း၊ စကားတစ်ခွန်းမျှပင် မဟဘဲ သင်၏ မဖြောင့်မတ်ခြင်းအတွက် သင့်ကို ပြစ်တင်ဆုံးမခြင်းလည်း မပြု၊ သို့မဟုတ် တရားစီရင်ခြင်းလည်း မပြုခဲ့ပါက သူသည် အပြစ်တရားကို မုန်းတီးခြင်း မရှိမည် ဖြစ်သည့်အတွက်၊ ယင်းမှာ သူသည် ဘုရားသခင် လုံးဝပင် မဟုတ် ဆိုခြင်းကို ပြလိမ့်မည် ဖြစ်ပြီး သူသည် လူသားမျိုးနွယ်ကဲ့သို့ပင် ညစ်ညူးလိမ့်မည် ဖြစ်သည်။ ယနေ့ သင့်အား ငါ၏ တရားစီရင်ခြင်းသည် သင်၏ ညစ်ညူးခြင်းကြောင့် ဖြစ်သည်၊ ယနေ့ သင့်အား ငါ၏ ပြစ်တင် ဆုံးမခြင်းသည် သင်၏ ယိုယွင်းပျက်စီးခြင်းနှင့် ပုန်ကန်ခြင်းတို့ကြောင့် ဖြစ်သည်။ ယင်းမှာ သင်တို့အကြား၌ သြဇာအာဏာနှင့် ဂုဏ်သိက္ခာတို့ကို ပြရန်မဟုတ် သို့မဟုတ် သင်တို့ကို တမင်တကာ အနိုင်ကျင့်ရန်လည်း မဟုတ်ဘဲ ညစ်ညူးသော မြေတွင်နေထိုင်သော သင်တို့သည် အလွန်အမင်း များပြားလှသော ညစ်ညူးခြင်းနှင့် စွန်းထင်းပေကျံနေခဲ့ကြ၍ ဖြစ်သည်။ သင်တို့သည် သင်တို့၏ သမာဓိ၊ သင်တို့၏ လူ့သဘာဝတို့ကို တကယ်ပင် ဆုံးရှုံးခဲ့ကြပြီး အဆိုးညစ်ဆုံးသော နေရာများတွင် နေကြသည့် ဝက်နှင့် ဘာမျှမခြားပေ။ သင်တို့ အထဲတွင်ရှိသော ဤအရာများကြောင့်၊ သင်တို့သည် တရားစီရင်ခြင်း ခံရပြီး သူ၏ အမျက်ဒေါသသည် သင်တို့ အပေါ်သို့ သက်ရောက်ခြင်း ဖြစ်သည်။ ဤတရားစီရင်ခြင်းများကြောင့် ဘုရားသခင်သည် ဖြောင့်မတ်သော ဘုရားသခင်ဖြစ်သည်၊ ဘုရားသခင်သည် သန့်ရှင်းသော ဘုရားသခင် ဖြစ်သည်ကို သင်တို့ တွေ့မြင်ခြင်းငှာ တတ်စွမ်းနိုင်ခဲ့ကြခြင်း ဖြစ်သည်။ သူ၏ သန့်ရှင်းခြင်းနှင့် ဖြောင့်မတ်ခြင်းတို့ကြောင့် သူသည် သင်တို့ကို တရား စီရင်ခဲ့ပြီး၊ သူ၏ အမျက်ဒေါသကို သင်တို့အပေါ်သို့ သက်ရောက်စေခဲ့ခြင်း ဖြစ်သည်။ လူသားမျိုးနွယ်၏ ပုန်ကန်မှုကို တွေ့မြင်ရသောအခါ သူ၏ ဖြောင့်မတ်သော စိတ်သဘောထားကို သူသည် ဖော်ပြနိုင်သည့် အတွက်ကြောင့်နှင့် လူသားမျိုးနွယ်၏ ညစ်ညူးခြင်းကို တွေ့မြင်ရသောအခါ သူ၏သန့်ရှင်းခြင်းကို သူဖော်ပြနိုင်သည့်အတွက်ကြောင့်၊ သူသည် သန့်ရှင်း၍ စွန်းထင်းခြင်းမရှိသော်လည်း ညစ်ညူးခြင်း၏ တိုင်းပြည်တွင် မွေးဖွားလာခဲ့သည့် ဘုရားသခင်ကိုယ်တော်တိုင်လည်း ဖြစ်ကြောင်းကို သက်သေပြရန် ထိုအရာက လုံလောက်ပေသည်။ ကိုယ်တော်သည် အခြားသူများနှင့်အတူ မိမိကိုယ်ကိုယ် စွန်းထင်းပေကျံစေသော လူသားတစ်ဦး ဖြစ်ခဲ့မည်ဆိုပါက၊ သူသည် ဖြောင့်မတ်သော စိတ်သဘောထား သို့မဟုတ် သန့်ရှင်းခြင်း၏ အခြေခံသဘောတရားများ ဘာမျှ မရှိခဲ့ပါက ကိုယ်တော်သည် လူသားမျိုးနွယ်၏ မဖြောင့်မတ်မှုများကို တရားစီရင်ရန် သို့မဟုတ် လူသားမျိုးနွယ်၏ တရားစီရင်သူ ဖြစ်ရန် အရည်အချင်းပြည့်မီခဲ့လိမ့်မည် မဟုတ်ချေ။ အကယ်၍ လူသည် လူကိုပြန်၍ တရားစီရင်မည် ဆိုပါက ယင်းမှာ ကိုယ့်ပါးကိုယ် ကိုယ်ပြန်ရိုက်ခြင်းပင် ဖြစ်လိမ့်မည် မဟုတ်လော။ တစ်စုံတစ်ယောက်သော သူသည် မိမိတို့နှင့် ထပ်တူညီသော ပုဂ္ဂိုလ်မျိုး၊ မိမိတို့ကဲ့သို့ပင် ညစ်ညူးသော ပုဂ္ဂိုလ်မျိုးကို တရားစီရင်ပိုင်ခွင့် မည်သို့ ရှိနိုင်မည်နည်း။ ညစ်ညူးသော လူသားမျိုးနွယ် အားလုံးကို တရားစီရင်နိုင်သည့် တစ်ဦးတည်းသော သူမှာ သန့်ရှင်းသော ဘုရားသခင် ကိုယ်တော်တိုင်ပင် ဖြစ်သည်၊ လူသည် အဘယ်သို့လျှင် လူ၏ အပြစ်များကို တရားစီရင်နိုင်မည်နည်း။ လူသည် အဘယ်သို့လျှင် လူ၏ အပြစ်များကို မြင်တွေ့ခြင်းငှာ တတ်နိုင်မည်နည်း၊ သူတို့သည် လူကို ပြစ်တင်ရှုတ်ချရန် အဘယ်သို့လျှင် အရည်အချင်း ပြည့်မီနိုင်မည်နည်း။ အကယ်၍ ဘုရား သခင်၌ လူ၏ အပြစ်များကို တရားစီရင်ပိုင်ခွင့် မရှိခဲ့ပါက သူသည် အဘယ်သို့လျှင် ဖြောင့်မတ်သော ဘုရားသခင် ကိုယ်တော်တိုင် ဖြစ်နိုင်မည်နည်း။ လူတို့၏ ယိုယွင်းပျက်စီးသော စိတ်သဘောထားများသည် ဖော်ပြခြင်း ခံရသောအခါ ဘုရားသခင်သည် လူတို့ကို တရားစီရင်ရန် ထုတ်ဖော်ပြောဆိုပြီး၊ ထိုအခါမှသာလျှင် သူတို့သည် ဘုရားသခင်မှာ သန့်ရှင်းကြောင်းကို တွေ့မြင်နိုင်ကြသည်။ တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်းနှင့် လူသားမျိုးနွယ်၏ အပြစ်များကို ထုတ်ဖော်ခြင်း—မည်သည့် ပုဂ္ဂိုလ်တစ်ဦးတစ်ယောက် သို့မဟုတ် အမှုအရာ တစ်ခုကမျှ ဤတရားစီရင်မှုမှ လွတ်မြောက်ခြင်းငှာ မတတ်နိုင်ကြ။ ညစ်ညူးသမျှသော အရာအားလုံးသည် သူ့အားဖြင့် တရားစီရင်ခြင်းကို ခံရသည်။ ဤအရာမှတစ်ဆင့်သာလျှင် ဘုရားသခင်၏ စိတ်သဘောထားသည် ဖြောင့်မတ်သည်ဟု ဆိုနိုင်သည်။ သို့မဟုတ်ပါက သင်တို့သည် အဖြည့်ခံများဟု ခေါ်ဆိုခံရခြင်းမှာ ထိုက်တန် သည်ဟု အဘယ်သို့လျှင် ဆိုနိုင်ပါမည်နည်း။

ဣသရေလပြည်၌ လုပ်ခဲ့သော အလုပ်သည် ယနေ့၏ အလုပ်နှင့် အလွန့်အလွန် ကွဲပြားခြားနားသည်။ ယေဟောဝါသည် သူတို့၏ အသက်တာများကို လမ်းပြခဲ့သော်လည်း တရားစီရင်ခြင်း သို့မဟုတ် ပြစ်တင် ဆုံးမခြင်းတို့ကို ယခုတွင် လုပ်ဆောင်သလောက် မလုပ်ခဲ့ချေ၊ အဘယ်ကြောင့်ဆိုသော် ထိုအချိန်က လူတို့ သည် လောကကြီး၏ အမှုအရာများနှင့် ပတ်သက်၍ အလွန်နည်းပါးစွာပင် နားလည်ထားကြ ပြီး ယိုယွင်းပျက်စီးသော စိတ်သဘောထားများ အနည်းငယ်သာ ရှိခဲ့သောကြောင့် ဖြစ်သည်။ ထိုအချိန်က ဣသရေလလူမျိုးတို့သည် ယေဟောဝါကို အဘက်ဘက်တွင် နာခံခဲ့ကြသည်။ ယေဟောဝါသည် သူတို့ကို ယဇ်ပလ္လင်များ တည်ခိုင်းသောအခါ သူတို့သည် အလျင်စလို လုပ်ဆောင်ကြပြီး သူသည် သူတို့ကို ယဇ်ပုရောဟိတ် တို့၏ ဝတ်လုံများကို ဝတ်ဆင်ခိုင်းသောအခါ သူတို့သည် နာခံခဲ့ကြသည်။ ထိုအချိန်က ယေဟောဝါသည် ကမ္ဘာမြေကြီးပေါ်တွင် သိုးအုပ်တစ်အုပ်ကို ထိန်းကျောင်းနေသော သူတို့၏ သိုးထိန်းကဲ့သို့ ဖြစ်ပြီး သိုးများ အားလုံးသည် စားကျက်၌ မြက်ကို စားရန်အလို့ငှာ သိုးထိန်း၏ ဦးဆောင်ရာနောက်သို့ လိုက်ခဲ့ကြသည်။ ယေဟောဝါသည် သူတို့၏ အသက်တာများကို လမ်းပြခဲ့သည်၊ သူတို့၏အစာ၊ အဝတ်အစား၊ နေရာထိုင်ခင်းနှင့် သယ်ယူပို့ဆောင်ရေးတို့အတွက် သူသည် လမ်းပြဖြစ်ခဲ့သည်။ ယင်းသည် ဘုရားသခင်၏ စိတ်သဘောထား ကို ဖော်ပြခြင်း၏ အချိန် မဟုတ်ခဲ့ပေ၊ အဘယ်ကြောင့်ဆိုသော် ထိုအချိန်က လူများသည် မွေးကင်းစများသာ ဖြစ်ကြပြီး၊ ပုန်ကန်သော သို့မဟုတ် ခုခံသော လူများမှာလည်း အနည်းငယ်သာ ရှိခဲ့ကြကာ၊ လူတို့သည် အလွန် စွန်းထင်းပေကျံခြင်း မရှိခဲ့ကြသောကြောင့် ဖြစ်သည်။ ထို့ကြောင့် သူတို့သည် ဘုရားသခင်၏ စိတ်သဘော ထားအတွက် အဖြည့်ခံများ မဖြစ်နိုင်ခဲ့ကြချေ။ ဘုရားသခင်၏ သန့်ရှင်းခြင်းသည် ညစ်ညူးခြင်းမြေတွင် ရှိသော လူများထဲတွင် ဖော်ပြခြင်း ခံရသည်။ ယခုတွင် ဤညစ်ညူးခြင်း မြေတွင် ရှိသော လူများမှ ၎င်းတို့၏ ညစ်ညူးခြင်းကို ဖော်ပြပြီး နောင်တွင် ဘုရားသခင်မှ တရားစီရင်မည် ဖြစ်သည်။ ဤနည်းဖြင့် သူ၏ ဖြစ်ခြင်း အလုံးစုံသည် သူ၏ တရားစီရင်ခြင်းတွင် ဖွင့်ပြခြင်းခံရသည်။ သူသည် အဘယ်ကြောင့် တရားစီရင်သနည်း။ ယင်းမှာ သူသည် အပြစ်ကို စက်ဆုပ်ရွံရှာသောကြောင့် ဖြစ်ပြီး၊ ထို့ကြောင့်ပင် သူသည် တရားစီရင်ခြင်း၏ နှုတ်ကပတ် တော်များကို ထုတ်ပြန်နိုင်ခြင်း ဖြစ်သည်။ အကယ်၍ သူသည် လူသားမျိုးနွယ်၏ ပုန်ကန်မှုကို စက်ဆုပ်ရွံရှာမှု မရှိပါက သူသည် အလွန်အမင်း ဒေါသထွက်လိမ့်မည်လော။ အကယ်၍ သူ့အထဲတွင် စက်ဆုပ်ရွံရှာခြင်း၊ မနှစ်မြို့ခြင်း မရှိခဲ့ပါက၊ အကယ်၍ လူတို့သည် ပုန်ကန်တတ်သော်လည်း သူသည် အမှုမထားပါက ယင်းမှာ သူသည် လူသားမျိုးနွယ်ကဲ့သို့ပင် ညစ်ညူးကြောင်းကို ပြသနေပေလိမ့်မည်။ လူသားမျိုးနွယ်ကို သူသည် တရားစီရင်နိုင်၍ ပြစ်တင်ဆုံးမနိုင်ခြင်း၏ အကြောင်းရင်းမှာ သူသည် ညစ်ညူးခြင်းကို စက်ဆုပ်ရွံရှာ၍ပင် ဖြစ်သည်။ သူစက်ဆုပ်ရွံရှာသော အရာခပ်သိမ်းသည် သူကိုယ်တော်တိုင် မပိုင်ဆိုင်သောအရာပင် ဖြစ်သည်။ အကယ်၍ သူ့အထဲတွင်လည်း ခုခံခြင်းနှင့် ပုန်ကန်ခြင်းတို့ ရှိခဲ့ပါက သူသည် လူတို့၏ ပုန်ကန်ခြင်းနှင့် ခုခံခြင်း တို့ကို စက်ဆုပ်ရွံရှာခဲ့လိမ့်မည် မဟုတ်ပေ။ နောက်ဆုံးသောကာလရှိ သူ၏ အလုပ်သည် ဣသရေလပြည်တွင် လုပ်ဆောင်ပြီးစီးဆဲ ဖြစ်မည်ဆိုပါက ၎င်းတွင် ထင်ရှားအရေးပါခြင်း လုံးဝရှိလိမ့်မည် မဟုတ်ချေ။ နောက်ဆုံး သော ကာလ၏ အလုပ်ကို အဘယ်ကြောင့် နေရာများထဲတွင် အမိုက်မှောင်ဆုံးနှင့် ခေတ်နောက်အကျော့ဆုံး နေရာဖြစ်သော တရုတ်ပြည်တွင် လုပ်ဆောင်ပြီးစီးရသနည်း။ ယင်းမှာ ဘုရားသခင်၏ သန့်ရှင်းခြင်းနှင့် ဖြောင့်မတ်ခြင်းတို့ကို ဖော်ပြရန် ဖြစ်သည်။ အချုပ်ဆိုရလျှင် နေရာတစ်ခုသည် သာ၍မိုက်မှောင်လေလေ သူ၏ သန့်ရှင်းခြင်းသည် သာ၍ ဖော်ပြနိုင်လေလေ ဖြစ်သည်။ ဤအရာများအားလုံးကို လုပ်ဆောင်ခြင်းသည် ဘုရားသခင်၏ အလုပ်အတွက်ဖြစ်သည်မှာ မှန်ကန်လှပါသည်။ ကောင်းကင်ဘုံရှိ ဘုရားသခင်သည် ယခုတွင် ကမ္ဘာမြေကြီးသို့ ကြွဆင်းလာခဲ့ကာ သင့်အလယ်တွင် ရပ်တည်လျက်ရှိပြီး သင့်တွင် ဘုရားသခင်နှင့် ပတ်သက်၍ နားလည်ခြင်း စတင်ရှိလာရန် အလို့ငှာ သူသည် သင်၏ ညစ်ညူးခြင်းနှင့် ပုန်ကန်ခြင်းတို့ကို ပေါ်လွင်စေခဲ့သည်ကိုသာ သင်သိသည်—ဤအရာသည် ကြီးစွာ စိတ်အားတက်ခြင်းပင် မဟုတ်လော။ အမှန် တရားမှာ သင်တို့သည် ရွေးချယ်ခြင်း ခံခဲ့ရသော တရုတ်ပြည်မှ လူတစ်စု ဖြစ်ပြီး သင်တို့သည် ရွေးချယ်ခြင်း ခံခဲ့ရပြီး ဘုရားသခင်၏ ကျေးဇူးတော်ကို ခံစားခဲ့ရသော သူများ ဖြစ်သောကြောင့်၊ သင်တို့သည် သူ၏ ကျေးဇူးတော် များစွာကို ခံစားရန် မထိုက်တန်ကြသည့် အတွက်ကြောင့် ဤအရာများ အားလုံးသည် သင်တို့ အတွက် ကြီးစွာ စိတ်အားတက်ခြင်း ဖြစ်ကြောင်းကို ပြသနေသည်။ ဘုရားသခင်သည် ကိုယ့်ကိုယ်ကိုယ်နှင့် သူ၏ သန့်ရှင်းသော စိတ်သဘောထား တစ်ရပ်လုံးကို သင့်ထံ ဖော်ပြခဲ့ပြီး လုံလောက်သော ကောင်းချီးများကို ခံစားရန် သင့်အား အခွင့်ပြုလျှက် သူသည် ထိုအရာ အားလုံးကို သင့်အပေါ်သို့ အပ်နှင်းပေးခဲ့သည်။ သင်သည် သူ၏ ဖြောင့်မတ်သော စိတ်သဘောထားကို မြည်းစမ်းခဲ့ရသည်သာ မကဘဲ၊ သာ၍ အရေးကြီးသည်မှာ သူ၏ ကယ်တင်ခြင်းအပြင် သူ၏ ရွေးနှုတ်ခြင်းနှင့် အကန့်အသတ်မဲ့သော ချစ်ခြင်းမေတ္တာကိုလည်း မြည်းစမ်းခဲ့ရ သည်၊ လူတို့အထဲတွင် အညစ်ညူးဆုံးသော သင်တို့သည် ထိုကဲ့သို့သော ကြီးမားလှသည့် ကျေးဇူးတော်ကို လက်ခံရရှိခဲ့သည်—ဤသည်မှာ ကောင်းချီးခံစားရခြင်း မဟုတ်သလော။ ဤသည်မှာ ဘုရားသခင်၏ ချီမခြင်းကို ခံရခြင်း မဟုတ်သလော။ သင်တို့သည် အနိမ့်ဆုံးသော အဆင့်အတန်းရှိသူ ဖြစ်ပြီး ထိုကဲ့သို့သော ကြီးမားလှသည့် ကောင်းချီးအတွက် သင်တို့သည် ထိုက်တန်ခြင်း မရှိသော်လည်း ဘုရားသခင် သည် သင်တို့ကို ချီမပေးခဲ့သည်။ သင်သည် မရှက်လေသလော။ အကယ်၍ သင်သည် သင်၏ တာဝန်ကို မဖြည့်ဆည်းနိုင်ပါက အဆုံးတွင် သင်သည် သင့်ကိုယ်သင် အလွန်အမင်း ရှက်ပေလိမ့်မည်။ သင်သည် သင့်ကိုယ်သင် ပြစ်တင်ဆုံးမလိမ့်မည်။ သူသည် သင့်ကို လက်ရှိတွင် ဆုံးမပဲ့ပြင်နေခြင်း သို့မဟုတ် အပြစ်ဒဏ်ပေးနေခြင်း မရှိပေ၊ သင်၏ ဇာတိပကတိသည် ဘေးကင်းလုံခြုံနေသည်၊ သို့သော်လည်း အဆုံးတွင် သူ၏ နှုတ်ကပတ် တော်များသည် သင့်ကို မိမိကိုယ်မိမိ အရှက်ရစေလိမ့်မည်။ ယခုအထိမူ ငါသည် မည်သူ့ကိုမျှ လူသိထင်ရှား ပြစ်တင်ဆုံးမခဲ့ခြင်း မရှိခဲ့ပေ။ ငါသည် ပြင်းထန်စွာ ပြောဆိုခဲ့သော်လည်း လူတို့ကို ငါသည် မည်သို့ ဆက်ဆံခဲ့ သနည်း။ ငါသည် နှစ်သိမ့်ပေးခဲ့သည်၊ ငါသည် သူတို့ကို တိုက်တွန်းနှိုးဆော်ခဲ့သည်၊ ငါသည် သူတို့ကို သတိ လည်း ပေးခဲ့သည်။ ဤသည်မှာ သင်တို့ကို ကယ်တင်ရန်မှလွဲ၍ အခြားမည်သည့် ရည်ရွယ်ချက်မျှ မရှိခဲ့ပေ။ သင်တို့သည် ငါ၏ ရည်ရွယ်ချက်ကို ဧကန်အမှန်ပင် နားလည်မှု မရှိခြင်း ဖြစ်နိုင်သလော။ ငါသည် ဤအရာကို ပြောသောအခါ သင်တို့အားလုံးသည် နားလည်သင့်ပြီး သင်တို့သည် ဤနှုတ်ကပတ်တော်များအားဖြင့် လှုံ့ဆော်ခြင်းကို ခံရသင့်သည်။ နောက်ဆုံးတွင် ဤအချက်ကို ရှင်းလာသော လူများ များစွာရှိကြသည်—ဤ ကောင်းချီးသည် အဖြည့်ခံအဖြစ် လုပ်ဆောင်ခြင်းမှ ရရှိလာသောအရာ မဟုတ်သလော။ အဖြည့်ခံဖြစ်ရခြင်း သည် အမှုအရာများထဲတွင် မင်္ဂလာအရှိဆုံးပင် ဖြစ်သည် မဟုတ်လော။ အဆုံးတွင် သင်တို့သည် သတင်းကောင်းကို ဖြန့်ဝေသောအခါ- “ကျွန်ုပ်တို့သည် အဖြည့်ခံစစ်စစ်များ ဖြစ်ကြသည်။” ဟုပြောလိမ့်မည်။ သူတို့သည် သင့်ကို “ပုံစံကျ အဖြည့်ခံများဆိုသည်မှာ အဘယ်အရာကို ဆိုလိုသနည်း”ဟု မေးမြန်းကြလိမ့်မည်။ ထို့နောက် သင်က “သူတို့ဆိုသည်မှာ ဘုရားသခင်၏ အလုပ်နှင့် ဘုရားသခင်၏ တန်ခိုးကြီးမားမှုအတွက် အဖြည့်ခံ အနေနှင့် အစေခံသော ကျွန်ုပ်တို့ကို ရည်ညွှန်းသည်။ ကျွန်ုပ်တို့၏ ပုန်ကန်ခြင်းမှတစ်ဆင့် ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထား အလုံးစုံ၏ အဖြည့်ခံအဖြစ် ကျွန်ုပ်တို့ အစေခံကြခြင်း ဖြစ်သည်။ ကျွန်ုပ် တို့သည် ဘုရားသခင်၏ နောက်ဆုံးသော အလုပ်အတွက် အစေခံရာ ဝတ္ထုများနှင့် အသုံးခံများ ဖြစ်ကြသည်၊ “ကျွန်ုပ်တို့သည် တန်ဆာပလာများ ဖြစ်သည်”ဟု ပြောပေလိမ့်မည်။ သူတို့သည် ထိုအရာကို ကြားသောအခါ စိတ်ဝင်စားကြလိမ့်မည်။ ပြီးနောက် သင်သည် “ကျွန်ုပ်တို့သည် စကြဝဠာတစ်ခုလုံး၏ အလုပ် ကိုယ်တော်ပြီးဆုံးခြင်းအတွက်နှင့် လူသားမျိုးနွယ် အားလုံးကို သိမ်းပိုက်ခြင်း၏ နမူနာများနှင့် စံပြများ ဖြစ်ကြသည်။ ကျွန်ုပ်တို့သည် သန့်ရှင်းသည် ဖြစ်စေ သို့မဟုတ် ညစ်ညူးသည်ဖြစ်စေ၊ ကျွန်ုပ်တို့သည် သင်တို့ထက် ကောင်းချီးခံစားရသည် အဘယ် ကြောင့် ဆိုသော် ကျွန်ုပ်တို့သည် ဘုရားသခင်ကို မြင်တွေ့ခဲ့ရပြီး ဖြစ်သောကြောင့် ဖြစ်သည်။ ဘုရားသခင်၏ တန်ခိုးကြီးမားမှုသည် သူ၏ ကျွန်ုပ်တို့ကို သိမ်းပိုက်ခြင်း အခွင့်မှတစ်ဆင့် ထင်ရှားပေါ်လွင်ခဲ့ပြီး ကျွန်ုပ်တို့၏ ညစ်ညူးခြင်းကြောင့်နှင့် ဖောက်ပြန်ပျက်စီးမှုတို့ကြောင့် သူ၏ ဖြောင့်မတ်သော စိတ်သဘောထားသည် ထင်ရှားပေါ်လွင်ခဲ့ရခြင်း ဖြစ်သည်။ သင်တို့သည် ထိုအရာကို တတ်စွမ်းနိုင်သလော။ သင်တို့တွင် ဘာအခွင့်မျှ မရှိ။ ဤသည်မှာ သူ့အားဖြင့်သာ ချီမခံရခြင်း ဖြစ်သည်။ ကျွန်ုပ်တို့သည် ထောင်လွှားခြင်း မရှိသော်လည်း၊ ဘုရားသခင်ကို ချီးမွမ်းရန် ဂုဏ်ယူ၏၊ အဘယ်ကြောင့်ဆိုသော် အခြားမည်သူကမျှ ထိုကဲ့သို့သော ကြီးမားသည့် ကတိတော်ကို မခံယူနိုင်ကြသော ကြောင့်ဖြစ်ပြီး အခြားမည်သူကမျှ ထိုကဲ့သို့သော ကြီးမားသည့် ကောင်းချီးကို မခံစားနိုင်သောကြောင့် ဖြစ်သည်။ ထိုကဲ့သို့သော ညစ်ညူးသည့် လူများသည် ဘုရားသခင်၏ စီမံခန့်ခွဲခြင်း၌ အဖြည့်ခံများ ဖြစ်ရခြင်း၏ အလုပ်ကို အမှန်တကယ် လုပ်နိုင်ကြသည်မှာ အံ့သြဖွယ်ဖြစ်ပြီး ကျွန်ုပ်တို့သည် နှုတ်ဖြင့်မြွက်ဆို မမီနိုင်အောင်ပင် ဧကန်အမှန် ကျေးဇူးတင်ကြသည်” ဟု ပြောပေလိမ့်မည်။ သူတို့က “ဤသို့ဆိုလျှင် နမူနာနှင့် စံပုံစံ ဆိုသည်မှာ အဘယ်နည်း”ဟု မေးလိမ့်မည်။ ထိုအခါ သင်က “ကျွန်ုပ်တို့သည် လူသားမျိုးနွယ် အားလုံး အကြားတွင် အပုန်ကန်ဆုံးနှင့် အညစ်ညူးဆုံးသောသူများ ဖြစ်ကြသည်။ ကျွန်ုပ်တို့သည် စာတန်၏ အနက်ရှိုင်းဆုံး ဖျက်ဆီထားခြင်း ခံရသူများ ဖြစ်ကြပြီး ဇာတိပကတိနှင့် သက်ဆိုင်သော လူသားများထဲတွင် ခေတ်နောက်အကျော့ဆုံးနှင့် အနိမ့်ကျဆုံးဖြစ်သည်။ ကျွန်ုပ်တို့သည် စာတန်၏ အသုံးချမှု ခံရခြင်း၏ ပုံစံကျ ကိုယ်စားပြုခြင်းများ ဖြစ်ကြသည်။ ယခုတွင် ကျွန်ုပ်တို့သည် လူသားမျိုးနွယ်အကြားတွင် ပထမဆုံးသော သိမ်းပိုက်ခြင်း ခံရသူများဖြစ်ရန် ဘုရားသခင်၏ ရွေးကောက်ခြင်းကို ခံခဲ့ရသည်။ ကျွန်ုပ်တို့သည် ဘုရား သခင်၏ ဖြောင့်မတ်သော စိတ်သဘောထားကို တွေ့မြင်ခဲ့သည်၊ သူ၏ ကတိတော်ကို ဆက်ခံခဲ့ပြီး သူသည် ကျွန်ုပ်တို့မှတစ်ဆင့် သာ၍များသော လူတို့ကို သိမ်းပိုက်မည် ဖြစ်သည်။ ဤသည်ကြောင့်ပင် ကျွန်ုပ်တို့သည် လူသားမျိုးနွယ်အကြားတွင် သိမ်းပိုက်ခြင်း ခံရပြီးသော သူများအတွက် နမူနာများနှင့် ခံရပြီးသေ ဖြစ်ကြသည်” ဟု ပြောလိမ့်မည်။ ဤသည်မှာ သင်၏ အကောင်းဆုံးသော သက်သေခံချက်ဖြစ်ပြီး ဤသည်မှာ သင်၏ အကောင်းဆုံးသော ကိုယ်တိုင် တွေ့ကြုံခြင်းပင် ဖြစ်သည်။


နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ မှ

အကြံပြုစာများဖတ်ရှုလေ့လာရန်: ဘာသာရေး စာအုပ်များ

No comments:

Post a Comment