ကမ္ဘာဦးကျမ်း ၂၂:၁၇-၁၈ ကို ကြည့်ကြစို့။ ယေဟောဝါ ဘုရားသခင်က အာဗြဟံကိုပြောသည့် နောက်ထပ် ကျမ်းပိုဒ်တစ်ခုဖြစ်သည်။ “ကောင်းကြီးမင်္ဂလာဖြင့် သင့်ကို ငါကောင်းကြီးပေးမည်၊ တိုးပွားများပြားခြင်း၌ သင်၏ အမျိုးအနွယ်ကို မိုးကောင်းကင် ကြယ်များကဲ့သို့လည်းကောင်း၊ ပင်လယ်ကမ်းခြေပေါ်မှ သဲလုံးနှင့်အမျှလည်းကောင်း ငါတိုးပွားများပြားစေမည်။ သင်၏ အမျိုးအနွယ်သည် သူ့ရန်သူတို့၏ တံခါးတို့ကို အပိုင်ရလိမ့်မည်၊ မြေကြီးပေါ်ရှိ တိုင်းနိုင်ငံတို့သည် သင်၏အမျိုးအနွယ်အားဖြင့် ကောင်းကြီးမင်္ဂလာကို ခံရကြလိမ့်မည်။ သင်သည် ငါ၏စကားသံကို နာခံသောကြောင့် ငါသည် ကိုယ့်ကိုယ်ကိုယ် ကျိန်ဆိုပြီဟု ယေဟောဝါ မိန့်တော်မူ၏” ယေဟောဝါ ဘုရားသခင်က အာဗြဟံကို အကြိမ်ပေါင်းများစွာ သူ၏ သားသမီးများက ပွားများလာအောင် ကောင်းချီးချပေးခဲ့သည်။ မည်သည့်အတိုင်းအတာအထိ ပွားများစေခဲ့သနည်း။ ကျမ်းပိုဒ်တွင်ပြောထားသည့် အတိုင်းအတာအထိဖြစ်သည်။ “မိုးကောင်းကင် ကြယ်များကဲ့သို့လည်းကောင်း၊ ပင်လယ်ကမ်းခြေပေါ်မှ သဲလုံးနှင့်အမျှလည်းကောင်း” တစ်နည်းအားဖြင့် ဘုရားသခင်သည် အာဗြဟံ၏ သားသမီးများကို မိုးကောင်းကင်က ကြယ်များကဲ့သို့ပေါများပြီး ပင်လယ်ကမ်းခြေက သဲများကဲ့သို့ များပြားအောင် ချပေးသနားရန် ဆန္ဒရှိခဲ့သည်။ ဘုရားသခင်သည် နိမိတ်ပုံကို အသုံးပြုပြီး စကားပြောသည်။ ဤနိမိတ်ပုံမှတစ်ဆင့် ဘုရားသခင်သည် အာဗြဟံကို မျိုးဆက် တစ်ယောက်၊ နှစ်ယောက် သို့မဟုတ် ထောင်ပေါင်းများစွာတင်မကဘဲ လူမျိုးစုများ အများကြီးဖြစ်သည့်အထိ လုံလောက်အောင် မရေမတွက်နိုင်သည့် ပမာဏကို ချပေးသနားသည်ဆိုခြင်းကို မြင်ရန် မခက်ခဲပေ။ ဘုရားသခင်သည် အာဗြဟံက လူမျိုးစုအများအပြား၏ ဖခင်ဖြစ်လိမ့်မည်ဟု သူ့ကို ကတိပေးခဲ့သည့်အတွက်ဖြစ်သည်။ ထိုအရေအတွက်ကို လူက ဆုံးဖြတ်ခဲ့ခြင်းဖြစ်သလော၊ ဘုရားသခင်က ဆုံးဖြတ်ခဲ့ခြင်းလော။ လူသားက သူ့တွင် မျိုးဆက်မည်မျှရှိမည်ဆိုသည်ကို ထိန်းချုပ်၍ရသလော။ သူ့အပေါ်တွင် မူတည်သလော။ “မိုးကောင်းကင် ကြယ်များကဲ့သို့လည်းကောင်း၊ ပင်လယ်ကမ်းခြေပေါ်မှ သဲလုံးနှင့်အမျှလည်းကောင်း” ဆိုသကဲ့သို့ များရန်မဆိုနှင့် နည်းနည်းပါးပါးရှိမရှိပင်လျှင် လူသားအပေါ်တွင် မူတည်ခြင်း မရှိပေ။ သူတို့၏ သားသမီးများ ကြယ်များကဲ့သို့ များပြားရန်ဆိုသည်ကို မည်သူက မလိုချင်ဘဲနေမည်နည်း။ အကြောင်းအပေါင်းမသင့်၍ အကြောင်းကိစ္စများက သင်ဖြစ်ချင်သကဲ့သို့ အမြဲတမ်း မဖြစ်ပေ။ လူသားက မည်မျှကျွမ်းကျင်ပါစေ၊ တတ်စွမ်းပါစေ၊ သူ့အပေါ်တွင် မမူတည်ပေ။ ဘုရားသခင် ချမှတ်ဆုံးဖြတ်ထားသည့်အရာ၏ အပြင်ဘက်တွင် မည်သူမျှ မရပ်တည်နိုင်ပေ။ သူက သင့်ကို မည်မျှပင် ခွင့်ပြုသည်ဖြစ်စေ ထိုပမာဏမှာ သင်ရရှိမည့်အရာသာဖြစ်သည်။ ဘုရားသခင်က သင့်ကို အနည်းငယ်ပေးလျှင် သင်သည် မည်သည့်အခါမျှ အများကြီးရမည် မဟုတ်ပေ။ ဘုရားသခင်က သင့်ကို အများကြီးပေးရင် သင်မည်မျှရှိသည် ဆိုသည့်အပေါ်တွင် မကျေမနပ်ဖြစ်နေလည်း အလကားပင်ဖြစ်သည်။ ဤသို့ဖြစ်သည် မဟုတ်လော။ ဤအရာအားလုံးက ဘုရားသခင်အပေါ်မူတည်သည်။ လူသားပေါ် မမူတည်ပေ။ လူသားကို ဘုရားသခင်က အုပ်စိုးသည်။ မည်သူမျှ မလွတ်ကင်းပေ။
Showing posts with label ဘုရားသခင်၏ နှုတ်ကပတ်တော်. Show all posts
Showing posts with label ဘုရားသခင်၏ နှုတ်ကပတ်တော်. Show all posts
12/24/2019
12/11/2019
ဘုရားသခင်က လူသားနှင့် ပဋိညာဉ်တစ်ခု တည်ဆောက်ရန်အတွက် သူ၏ နှုတ်ကပတ်တော်တို့ကို အသုံးပြုသည်
ကမ္ဘာဦးကျမ်း ၉:၁၁-၁၃ သင်တို့နှင့် ငါပြုသောပဋိညာဉ်ဟူမူကား၊ ရေလွှမ်းမိုးခြင်းအားဖြင့်၊ ခပ်သိမ်းသော သတ္တဝါတို့သည် နောက်တဖန် မဆုံးရကြ။ မြေကြီးကို ဖျက်ဆီးဘို့ရာ နောက်တဖန် ရေလွှမ်းမိုးခြင်း မရှိရ။ ထိုမှတပါး ငါတဘက်၊ သင်တို့နှင့် သင်တို့ထံတွင် အသက်ရှင်သမျှသော တိရစ္ဆာန်တို့ တဘက်၌ သားမြေး အစဉ်အဆက်မပြတ်၊ ငါပြုသော ပဋိညာဉ်၏ လက္ခဏာ သက်သေဟူမူကား၊ ငါ၏ သက်တံ့ကို မိုဃ်းတိမ်၌ ငါထား၏။ ထိုသက်တံ့သည် မြေကြီးနှင့် ငါပြုသော ပဋိညာဉ်၏ သက်သေဖြစ်လိမ့်မည်။
12/07/2019
ဘုရားသခင်၏ ယနေ့ကာလ အမှုကို သိခြင်း
ယနေ့ခေတ်၌ ဘုရားသခင်၏အမှုကို သိဖို့ဆိုသည်မှာ အဓိကအားဖြင့် နောက်ဆုံးသောကာလ၌ လူ့ဇာတိခံယူသော ဘုရားသခင်၏ အဓိကအမှုတော်ကို သိခြင်းနှင့် ဘုရားသခင်သည် မည်သည့်အမှုကိုလုပ်ရန် ကမ္ဘာမြေကြီးသို့ ရောက်လာသနည်းဟူသည့် အချက်တို့ကို သိဖို့ပင်ဖြစ်သည်။ (နောက်ဆုံးသော ကာလ၌) ဘုရားသခင် ကမ္ဘာမြေကြီးသို့ လာသည်မှာ လောကမှ မထွက်ခွာမီ စံနမူနာကောင်းပြရန် ဖြစ်ကြောင်းကို ငါ၏နှုတ်ကပတ်တော်များထဲ၌ ဖော်ပြခဲ့ပြီးဖြစ်သည်။ ဘုရားသခင်က စံနမူနာကောင်း မည်သို့ပြသနည်း။ နှုတ်ကပတ်တော်များပြောခြင်း၊ အမှုပြုခြင်း၊ နေရာအနှံ့ ပြောဆိုခြင်းတို့အားဖြင့် ပြသည်။ ဤသည်မှာ နောက်ဆုံးသောကာလ၌ ဘုရားသခင်လုပ်ဆောင်သည့် အမှုဖြစ်သည်၊ ဤကမ္ဘာမြေကြီးသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များဖြင့် ပြည့်နေသော လောကကြီးဖြစ်လာစေရန်၊ လူတိုင်းကို ဖြည့်ဆည်းပေးရန်၊ လူတိုင်း ဘုရားသခင်၏ နှုတ်ကပတ်တော်များအားဖြင့် ဉာဏ်အလင်းရစေရန်နှင့် လူ၏ဝိညာဉ် နိုးထပြီး ရူပါရုံများကို ရှင်းရှင်းလင်းလင်း သိစေရန်အတွက် ဘုရားသခင်သည် ပြောဆိုခြင်းသာပြုသည်။ နောက်ဆုံးသောကာလ၌ လူ့ဇာတိခံယူသော ဘုရားသခင်သည် ကမ္ဘာမြေကြီးသို့ လာသည်မှာ အဓိကအားဖြင့် နှုတ်ကပတ်တော်များပြောဆိုရန် လာခြင်းဖြစ်သည်။ ယေရှုလောကသို့လာသောအခါ၌ သူသည် ကောင်းကင်နိုင်ငံတော်အကြောင်း သတင်းကောင်းကို ဖြန့်ဝေပြီး လက်ဝါးကပ်တိုင်ပေါ်၌ အသေခံသည့် ရွေးနုတ်ခြင်းအမှုကို ပြုခဲ့ပြီးဖြစ်သည်။ ပညတ်တရားခေတ်ကို အဆုံးသတ်ပြီး အဟောင်းများအားလုံးကို ဖျက်သိမ်းခဲ့ပြီးဖြစ်သည်။ ယေရှု၏ ရောက်ရှိလာခြင်းသည် ပညတ်တရားခေတ်ကို အဆုံးသတ်ပြီး ကျေးဇူးတော်ခေတ်ကို ရောက်စေခဲ့သည်။ နောက်ဆုံးသောကာလ၌ လူ့ဇာတိခံယူသော ဘုရားသခင်၏ ရောက်ရှိလာခြင်းကမူ ကျေးဇူးတော်ခေတ်ကို အဆုံးသတ်စေခဲ့သည်။ ဘုရားသခင် လောကသို့ ကြွလာခြင်းသည် အဓိကအားဖြင့် သူ၏နှုတ်ကပတ်တော်များကို ပြောဆိုရန်၊ လူသားကို စုံလင်အောင်ပြုရန်အတွက် နှုတ်ကပတ်တော်များကို အသုံးပြုရန်၊ လူသားကို အလင်းပေးရန်နှင့် ဉာဏ်အလင်းပွင့်စေရန်၊ လူသား၏နှလုံးသားထဲ၌ နေရာယူထားသည့် မရေရာသော ဘုရားသခင်ကို ဖယ်ရှားရန်အတွက် ဖြစ်သည်။ ဤသို့လုပ်ဆောင်ခြင်းသည် ယေရှုလောကသို့ ကြွလာသောအခါ၌ လုပ်ဆောင်ခဲ့သည့် အမှုအဆင့် မဟုတ်ပါ။ ယေရှုကြွလာခဲ့သောအခါက အံ့သြဖွယ်အမှုများကို များစွာပြုခဲ့သည်၊ မကျန်းမာသောသူများကို ကျန်းမာစေခဲ့သည်၊ နတ်ဆိုးများကို နှင်ထုတ်ခဲ့သည်၊ လက်ဝါးကပ်တိုင်ပေါ်၌ ရွေးနုတ်သည့် အမှုကို လုပ်ဆောင်ခဲ့သည်။ အကျိုးဆက်အနေဖြင့် ဘုရားသခင်သည် ထိုသို့ဖြစ်သင့်သည်ဟု လူသားသည် မိမိ၏ အတွေးများထဲ၌ ယုံကြည်နေသည်။ အကြောင်းမှာ ယေရှုကြွလာခဲ့သောအခါက သူသည် လူသား၏နှလုံးသားထဲမှ မရေရာသော ဘုရားသခင်၏ပုံရိပ်အား ဖယ်ရှားသည့် အလုပ်ကို မလုပ်ခဲ့ပါ၊ သူကြွလာခဲ့သော အခါက လက်ဝါးကပ်တိုင်၌ တင်သတ်ခြင်းကို ခံခဲ့ရသည်၊ မကျန်းမာသောသူများကို ကျန်းမာစေခဲ့သည်၊ နတ်ဆိုးများကို နှင်ထုတ်ခဲ့သည်၊ ကောင်းကင်နိုင်ငံတော်အကြောင်း သတင်းကောင်းကို ဖြန့်ဝေခဲ့သည်။ တစ်ဖက်တွင် နောက်ဆုံးသောကာလ၌ ဘုရားသခင်၏ လူ့ဇာတိခံယူခြင်းသည် လူသား၏အတွေးများထဲ၌ရှိသော မရေရာသည့် ဘုရားသခင်ကို ဖယ်ရှားနေသည်။ လူသား၏နှလုံးသားထဲ၌ မရေရာသော ဘုရားသခင်၏ပုံရိပ် မရှိတော့စေရန် ထိုသို့လုပ်ဆောင်နေခြင်းဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်အစစ်များနှင့် အမှုအစစ်အားဖြင့်၊ နေရာအနှံ့သွားလာလှုပ်ရှားမှု၊ လူသားတို့အကြား၌ သူလုပ်ဆောင်ခဲ့သည့် အထူးစစ်မှန်ပြီး သာမန်ဖြစ်သော အလုပ်တို့အားဖြင့် လူသားကို ဘုရားသခင်သည် သူ၏စစ်မှန်မှုကို သိစေပြီး လူသား၏နှလုံးသားထဲမှ မရေရာသည့် ဘုရားသခင်ကိုလည်း ဖယ်ရှားနေသည်။ အခြားတစ်ဖက်တွင်မူ ဘုရားသခင်သည် လူသားကို စုံလင်စေရန်နှင့် အရာအားလုံးကို အထမြောက်အောင် ဆောင်ရွက်ရန်အတွက် သူ၏နှုတ်ကပတ်တော်များကို အသုံးပြုသည်။ ဤအမှုသည် နောက်ဆုံးသောကာလ၌ ဘုရားသခင်က ပြီးပြည့်စုံအောင် လုပ်ဆောင်မည့် အမှုဖြစ်သည်။
8/31/2019
ဖောက်ပြန်ပျက်ဆီးသည့် လူသားမျိုးနွယ်သည် လူ့ဇာတိခံ ဘုရားသခင်၏ ကယ်တယ်ခြင်းကို ပို၍လိုအပ်သည်ဟု အဘယ်ကြောင့်ဆိုသနည်း။
(ဘုရားသခင်၏ နှုတ်ကပတ်တော်ထဲမှ လက်ရွေးစင် ကျမ်းပိုဒ်)
ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံယူသည့် ဘုရားသခင်၏ကယ်တင်မှုကို ပို၍လိုအပ်သည်
ဘုရားသခင် လူ့ဇာတိခံယူခဲ့သည့် အကြောင်းမှာ သူ့အမှု၏အပြုခံအရာသည် စာတန်၏ဝိညာဉ် သို့မဟုတ် လက်ဆုပ်လက်ကိုင်မပြနိုင်သော အရာမဟုတ်ဘဲ စာတန်၏ဖျက်ဆီးခြင်းကို ခံရသော ဇာတိခန္ဓာနှင့်လူ ဖြစ်သောကြောင့်ဖြစ်သည်။ လူ့ဇာတိခန္ဓာသည် ဖျက်ဆီးခြင်းကိုခံခဲ့ရသည့်အတွက် ဘုရားသခင်သည် ဇာတိခန္ဓာနှင့် လူသားကို သူ့အမှု၏ အပြုခံအရာဖြစ်စေခဲ့ခြင်းပင် ဖြစ်တော့သည်။ ထို့အပြင် လူသားသည် ဖျက်ဆီးခြင်းခံရသည့် အရာဖြစ်သဖြင့် ဘုရားသခင်သည်လူသားကို သူ့ကယ်တင်ခြင်း၏ အဆင့်အားလုံးတောက်လျှောက်တွင် သူ့အမှု၏ တစ်ခုတည်းသော အပြုခံအရာဖြစ်စေခဲ့သည်။ လူသားသည် အသွေးနှင့်အသားနှင့် သေမျိုးဖြစ်ပြီး ဘုရားသခင်သည် လူသားကို ကယ်တင်နိုင်သော တစ်ဦးတည်းသောသူဖြစ်သည်။ ဤနည်းဖြင့် ဘုရားသခင်သည် သူ၏အမှုကို ဆောင်ရွက်ရန်အတွက် လူကဲ့သို့တူညီသော ဂုဏ်ဒြပ်များကို ပိုင်ဆိုင်သည့် လူ့ဇာတိကိုခံယူရန်ဖြစ်လာသည်။ သို့မှသာ သူ၏အမှုတွင် ပို၍ကောင်းသော အကျိုးသက်ရောက်မှုများကို ရနိုင်ပေလိမ့်မည်။ ဘုရားသခင်သည် သူ၏အမှုကို တိကျစွာဆောင်ရွက်ရန် လူ့ဇာတိခံယူရမည်၊ အကြောင်းမှာ လူသားသည် ဇာတိခန္ဓာနှင့်ဖြစ်ကာ အပြစ်ကို အောင်နိုင်ရန် သို့မဟုတ် ဇာတိပကတိမှ မိမိကိုယ်ကို ရုပ်သိမ်းရန် မစွမ်းသောကြောင့်ဖြစ်သည်။ လူ့ဇာတိခံယူသော ဘုရားသခင်၏ အနှစ်သာရနှင့် သွင်ပြင်လက္ခဏာသည် လူသား၏အနှစ်သာရ၊ သွင်ပြင်လက္ခဏာတို့နှင့် ကြီးမားသော ကွာခြားမှု ရှိသော်လည်း သူ၏အဆင်းသဏ္ဌာန်သည် လူနှင့်ဆင်တူပြီး၊ သာမန်လူတစ်ယောက်၏ အဆင်းသဏ္ဌာန်၊ သာမန်လူတစ်ယောက်၏ ဘဝကိုနေထိုင်၍ သူ့ကိုမြင်သောသူများသည် သာမန်လူတစ်ယောက်နှင့် သူ၏ ကွဲပြားမှုကို သိနိုင်မည်မဟုတ်ပေ။ ဤသာမန်အဆင်းသဏ္ဌာန်နှင့် သာမန်လူ့သဘာဝတို့သည် သာမန်လူတို့အကြားတွင် သူ၏ ဘုရားသဘာဝအမှုကို လုပ်ဆောင်ရန် လုံလောက်ပါသည်။ သူ၏ဇာတိခန္ဓာသည် သူ့အား သာမန်လူ့သဘာဝတွင် သူ၏အမှုကို ဆောင်ရွက်နိုင်စေပြီး၊ လူတို့ကြားတွင် သူ၏ အမှုလုပ်ဆောင်ခြင်းကို ကူညီပေးသည်။ ထို့အပြင် သူ၏ သာမန်လူ့သဘာဝသည် လူသားတို့အကြား ကယ်တင်ခြင်းအမှုကို ဆောင်ရွက်နိုင်ရန်လည်း အကူအညီပေးသည်။ သူ၏သာမန်လူ့သဘာဝသည် လူတို့ကြား များစွာသော အုတ်အော်သောင်းနင်းကို ဖြစ်စေခဲ့သော်လည်း ထိုအုတ်အော်သောင်းနင်းဖြစ်မှုသည် သူ့အမှု၏ ပုံမှန် အကျိုးသက်ရောက်မှုများအပေါ် ထိခိုက်ခြင်းမရှိပေ။ အကျဉ်းချုပ်ဆိုရသော် သူ့သာမန်ဇာတိခန္ဓာ၏ အမှုသည် လူသားအတွက် အကြီးမြတ်ဆုံးသော အကျိုးအမြတ်ကို ပေးသည်။ လူအများစုသည် သူ၏သာမန်လူ့သဘာဝကို လက်မခံသော်လည်း သူ၏အမှုသည် အကျိုးသက်ရောက်နိုင်ဆဲဖြစ်ပြီး၊ သူ၏သာမန်လူ့သဘာဝကြောင့် ဤအကျိုးသက်ရောက်မှုများကို ရရှိခြင်းဖြစ်သည်။ ဤအတွက် ယုံမှားဖွယ်ရာမရှိ။ ဇာတိခန္ဓာရှိ သူ၏အမှုမှတဆင့် ဘုရားသခင်၏ သာမန်လူ့သဘာဝနှင့်ပတ်သက်၍ လူသားတို့ကြား၌ရှိနေသော အယူအဆများထက် လူသားတို့သည် ဆယ်ဆ၊ သို့မဟုတ် အဆတစ်ရာ ပိုသောအရာတို့ကို လက်ခံရရှိပါသည်။ ထိုအယူအဆများအားလုံးသည်လည်း နောက်ဆုံး၌ ဘုရားသခင့် အမှုတော်၏ ၀ါးမြိုခြင်းကို ခံရလိမ့်မည်။ သူ့အမှုကရရှိသော အကျိုးသက်ရောက်မှုများ၊ ဆိုလိုသည်မှာ ဘုရားသခင်နှင့်ပတ်သက်၍ လူ၏အသိပညာသည် ဘုရားသခင်နှင့် ပတ်သက်သော လူသား၏အယူအဆများထက် သာလွန် များပြားလာမည်။ ဇာတိခန္ဓာနှင့် သူလုပ်ဆောင်ခဲ့သောအမှုတို့ကို စိတ်ကူးရန် သို့မဟုတ် တိုင်းတာရန် နည်းလမ်းမရှိပေ။ အကြောင်းမှာ သူ၏ဇာတိခန္ဓာသည် လူသား၏ဇာတိခန္ဓာနှင့် တူညီမှုမရှိခြင်းကြောင့်ဖြစ်သည်။ အပြင်ဘက် ပုံပန်းသဏ္ဌာန်သည် ဆင်တူသော်လည်း၊ အနှစ်သာရခြင်း မတူညီပေ။ ဘုရားသခင်၏ ဇာတိခန္ဓာသည် လူတို့ကြားတွင် ဘုရားသခင်နှင့်ပတ်သက်သော အယူအဆများစွာကို ဖြစ်ပေါ်စေသည်။ သို့ရာတွင် သူ၏ဇာတိခန္ဓာသည် လူသားကို အသိပညာများစွာ ရရှိလာစေရန်လည်း ခွင့်ပြုနိုင်ပြီး၊ ထိုသို့တူညီသော အပြင်ပန်းသဏ္ဌာန် ပိုင်ဆိုင်ထားသည့် လူတို့ကိုပင် သိမ်းပိုက်နိုင်သည်။ အကြောင်းမှာ သူသည် သာမန်လူသားတစ်ယောက်သာမဟုတ်ဘဲ၊ လူသား၏အပြင်ပန်းသဏ္ဌာန်ရှိသော ဘုရားသခင်ဖြစ်ပြီး၊ မည်သူမျှ သူ့ကို အပြည့်အဝသဘောပေါက်ခြင်း သို့မဟုတ် နားလည်နိုင်ခြင်း ရှိနိုင်မည် မဟုတ်သောကြောင့် ဖြစ်သည်။ မျက်စိဖြင့်မမြင်ရ၊ လက်ဆုပ်လက်ကိုင်လည်းမပြနိုင်သော ဘုရားသခင်ကို အားလုံးက ချစ်ပြီး ကြိုဆိုကြသည်။ အကယ်၍ ဘုရားသခင်သည် လူတို့မမြင်နိုင်သော ဝိညာဉ်တော်တစ်ပါးသာဖြစ်ပါက လူသားတို့အနေဖြင့် ဘုရားသခင်ကို ယုံကြည်ရန် အလွန်လွယ်ကူပါသည်။ လူသားသည် မိမိ၏စိတ်ကူးစိတ်သန်းကို ဇက်ကုန်လွှတ်နိုင်ပြီး၊ မိမိကိုယ်ကို ကျေနပ်စေရန်နှင့် ပျော်ရွှင်အောင်ပြုရန် မိမိနှစ်သက်သည့် မည်သည့်ပုံရိပ်ကိုမဆို ဘုရားသခင်၏ ပုံရိပ်အဖြစ် ရွေးချယ်နိုင်သည်။ ဤနည်းအားဖြင့် ဤဘုရားသခင်က ပြုလုပ်ရန် အလိုအရှိဆုံး အရာဖြစ်သော မိမိ၏ ကိုယ်ပိုင်ဘုရားသခင်ကို စိတ်အကျေနပ်ဆုံးဖြစ်စေသည့် မည်သည့်အရာကိုမဆို လူသည် သိက္ခာစောင့်စည်းမှု မရှိဘဲနှင့် ပြုလုပ်ကောင်း ပြုလုပ်နိုင်လိမ့်မည်။ ထို့အပြင် လူသားသည် သူ့ထက်ပို၍ ဘုရားသခင်ကို ပို၍သစ္စာရှိသူ၊ ပို၍ဆပ်ကပ်နိုင်သူ တစ်ဦးမျှမရှိ၊ အခြားသူအားလုံးသည် တစ်ပါးအမျိုးသား ခွေးများဖြစ်ပြီး၊ ဘုရားသခင်အပေါ် သစ္စာမရှိသောသူများဖြစ်သည်ဟု ယုံကြည်သည်။ ဤအရာသည် မိမိတို့၏ ဘုရားသခင်ကို ယုံကြည်မှုမှာ မရေမရာ ဖြစ်ပြီး အယူဝါဒအပေါ် အခြေခံထားသည့်သူများက ရှာဖွေသည့်အရာဟု ဆိုနိုင်သည်။ သူတို့ရှာဖွေသောအရာသည် အားလုံးအတူတူသာဖြစ်ပြီး ကွာခြားမှု အနည်းငယ်သာရှိသည်။ သူတို့၏ စိတ်ကူးများထဲမှ ဘုရားသခင်၏ ပုံရိပ်များသည် မတူညီကြခြင်းသာဖြစ်ပြီး သူတို့၏ အနှစ်သာရမှာမူ အကယ်စင်စစ် အတူတူပင်ဖြစ်သည်။
8/10/2019
လူ့ဇာတိခံ ဘုရားသခင်နှင့် ဘုရားသခင်အသုံးပြုခဲ့သည့် လူတို့အကြား ပဓာနကျသောံကွဲပြားမှုများမှာ အဘယ်နည်း။
ကိုးကားရန် သမ္မာကျမ်းပိုဒ်များ -
"ငါသည်နောင်တအဘို့အလိုငှါ သင်တို့ကို ရေနှင့်ဗတ္တိဇံပေး၏။ ငါ့နောက်ကြွလာသောသူသည် ငါ့ထက် တတ်စွမ်းနိုင်၏။ ထိုသူ၏ခြေနင်းတော်ကိုမျှဆောင်ခြင်းငှာ ငါမထိုက်။ ထိုသူသည် သန့်ရှင်းသောဝိညာဉ်တော် နှင့်၎င်း၊ မီးနှင့်၎င်း၊ သင်တို့ကို ဗတ္တိဇံပေးမည်။" (ရှင်မဿဲခရစ်ဝင် ၃:၁၁)
8/15/2018
နှစ်တစ်ထောင်နိုင်ငံတော် ရောက်ရှိလာခဲ့ပြီ
ဘုရားသခင်က ဤလူစုများအထဲ၌ မည်သည့်အမှုကို ပြီးမြောက်အောင် ဆောင်ရွက်လိမ့်မည် ဟူသည့်အကြောင်းကို သင်တို့ တွေ့မြင်ခဲ့ပြီးပြီလော။ ဘုရားသခင်က အနှစ်တစ်ထောင် နိုင်ငံတော်ထဲ၌ပင်လျှင် လူများသည် သူ၏ ရှေ့ဆက်ဖွင့်ဆိုချက်များကို လိုက်လျှောက်ရမည်၊ အနာဂတ်တွင် ဘုရားသခင်၏ဖွင့်ဆိုချက်များသည် ကောင်းသော ခါနန်ပြည်၌ရှိသည့် လူများ၏အသက်တာကို တိုက်ရိုက် လမ်းညွှန်မည်ဟု မိန့်ခဲ့ပါသည်။ မောရှေသည် တောထဲ၌ ရှိနေစဉ်အခါ ဘုရားသခင်က သူ့ကို တိုက်ရိုက်လမ်းညွှန်ပြီး စကားပြောခဲ့သည်။ ဘုရားသခင်သည် လူများ သာယာဝပြောဖို့ အစားအစာ၊ ရေနှင့် မန္နမုန့်များကို ကောင်းကင်ဘုံမှ ချပေးခဲ့သကဲ့သို့ ယနေ့တွင်လည်း ဘုရားသခင်သည် လူများ ၀၀လင်လင် စားဖို့၊ သောက်ဖို့အတွက် အရာများကို ကိုယ်တိုင်ကိုယ်ကျ ချပေးသကဲ့သို့၊ လူများကို ပြစ်တင်ဆုံးမရန် အတွက်လည်း ကျိန်ဆိုခြင်းများကို ကိုယ်တိုင်ကိုယ်ကျ ပေးနေတုန်းပင် ဖြစ်သည်။ ထို့ကြောင့် သူ့အမှု၏ အဆင့်တိုင်းသည် ဘုရားသခင်၏ ကိုယ်တိုင်ကိုယ်ကျ ဖော်ဆောင်မှုပင် ဖြစ်သည်။ ယနေ့ လူများက ဖြစ်ရပ်မှန်များ၏ အဖြစ်အပျက်ကို မျှော်လင့်တောင့်တကြသည်၊ နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်သော အမှုများကို မြင်ချင်ကြသည်၊ ဘုရားသခင်၏အမှုသည် တိုး၍တိုး၍ စစ်မှန်လာသည့်အတွက်ကြောင့် ထိုသို့သောလူများ အားလုံးသည် ပစ်ပယ်ခြင်း ခံရနိုင်ပါသည်။ ဘုရားသခင်သည် ကောင်းကင်ဘုံမှ ဆင်းသက်လာခဲ့ပြီး ဖြစ်သည် ဆိုခြင်းကို မည်သူမျှ မသိကြပါ။ ဘုရားသခင်သည် သူတို့အတွက် အစားအစာများနှင့် အာဟာရဖြစ်စေသော အရာများကို ကောင်းကင်ပေါ်မှ ချပေးနေသည် ဆိုခြင်းအား သူတို့ ယခုထိ သတိမမူမိကြသေးပါ။ တကယ်တမ်းတွင် ဘုရားသခင်သည် အမှန်တကယ် တည်ရှိပါသည်၊ ထို့အပြင် လူများ မြင်ယောင်နေသော အနှစ်တစ်ထောင် နိုင်ငံတော်နှင့် ပတ်သက်သည့် နွေးထွေးသော မြင်ကွင်းများသည်လည်း ဘုရားသခင်၏ ကိုယ်တိုင်ကိုယ်ကျ ဖွင့်ဆိုချက်များ ဖြစ်သည်။ ဤအရာသည် အမှန်တရားဖြစ်ပြီး ဤအရာသာလျှင် ကမ္ဘာမြေကြီးပေါ်၌ ဘုရားသခင်နှင့်အတူ အုပ်စိုးခြင်းဖြစ်သည်။ လောကပေါ်တွင် ဘုရားသခင်နှင့် အတူအုပ်စိုးခြင်း ဆိုသည်မှာ လူ့ဇာတိကို ရည်ညွှန်းခြင်း ဖြစ်သည်။ လူ့ဇာတိနှင့် မဟုတ်သော သူများသည် ကမ္ဘာကြီးပေါ်ကသူများ မဟုတ်သည့်အတွက် တတိယကောင်းကင်ဘုံကို တက်ရန် အာရုံထားနေသော ထိုလူများသည် အကျိုးမဲ့သက်သက် ဤကဲ့သို့ ပြုနေကြခြင်းဖြစ်သည်။ တစ်နေ့ စကြဝဠာတစ်ဝှမ်းလုံး ဘုရားသခင်ထံ ပြန်လာသောအခါ အာကာသ အနှံ့အပြားမှ ဘုရားသခင်အမှု၏ ဗဟိုချက်သည် ဘုရားသခင်၏ မိန့်မြွက်ချက် နောက်ကို လိုက်လာမည်၊ အခြားတစ်နေရာရာတွင်တော့ ဘုရားသခင်၏ ဖွင့်ဆိုချက်များကို ရရှိဖို့ အချို့လူများက ဖုန်းခေါ်ကြမည်၊ အချို့ လူများက လေယာဉ်ပျံ စီးနင်းကြမည်၊ အချို့က လှေကိုစီးပြီး ပင်လယ်ကို ဖြတ်ကူးကြမည်၊ အချို့သည် လေဆာကို အသုံးပြုကြမည်။ လူတိုင်းသည် ချစ်ခင်ကြင်နာ ကြလိမ့်မည်၊ တမ်းတခြင်းနှင့် ပြည့်ကြလိမ့်မည်၊ လူတိုင်းသည် ဘုရားသခင် အနားကို ချဉ်းကပ်လာကြမည်။ ပြီးလျှင် ဘုရားသခင်ထံ စုရုံးလာကြမည်။ ပြီးလျှင် အားလုံးသည် ဘုရားသခင်ကို ၀တ်ပြုကြမည်။ ထိုအရာများ အားလုံးသည် ဘုရားသခင်၏ လုပ်ဆောင်ချက်များ ဖြစ်မည်။ ဤအရာကို သတိရပါ။ ဘုရားသခင်သည် အခြား တစ်နေရာရာ၌ နောက်တစ်ကြိမ် မည်သည့်အခါမျှ စတင်တော့မည် မဟုတ်ပေ။ ဘုရားသခင်သည် ဤအချက်အား ပြည့်စုံစေမည် ဖြစ်သည်၊ စကြဝဠာ တစ်လျှောက်လုံး၌ ရှိသော လူများကို သူ့ရှေ့မှောက်သို့ ပြန်လာစေမည်။ ပြီးလျှင် ကမ္ဘာကြီးပေါ်၌ ဘုရားသခင်ကို ကိုးကွယ်စေမည်။ အခြားနေရာများ၌ ရှိသော သူ၏ အမှုသည် ရပ်တန့်သွားမည်ဖြစ်ပြီး လူများသည် မှန်ကန်သော လမ်းခရီးကို ရှာဖွေရန် တွန်းအားပေးခြင်း ခံရမည်။ ဤအရာသည် ယောသပ်ကဲ့သို့ပင် ဖြစ်လိမ့်မည်။ လူတိုင်းသည် အစားအစာကိုရဖို့ သူ့ထံလာကြသည်၊ ပြီးလျှင် သူ့ရှေ့၌ ဦးညွှတ်ကြသည်၊ အဘယ့်ကြောင့်ဆိုလျှင် သူ၌ အစားအစာရှိသောကြောင့် ဖြစ်သည်။ ငတ်မွတ်ခေါင်းပါးခြင်းမှ ကင်းလွတ်ဖို့ လူများသည် မှန်သော လမ်းခရီးကို ရှာဖွေရန် တွန်းအားပေးခြင်း ခံရမည်။ ဘာသာရေးအသိုင်းအဝိုင်း တစ်ခုလုံးသည် ပြင်းထန်သော ငတ်မွတ်ခေါင်းပါးခြင်းကို ခံရလိမ့်မည်ဖြစ်ပြီး ယနေ့ကာလ၏ ဘုရားသခင် တစ်ပါးတည်းသာလျှင် အသက်စမ်းရေတွင်း ဖြစ်ကာ လူများကို ဝမ်းမြောက်ခြင်းများ ထောက်ပံ့ပေးနေပြီး ရေမပြတ်သော စမ်းရေတွင်းကိုလည်း ပိုင်ဆိုင်ထားသည်။ လူများသည် သူ့ထံလာပြီး သူ့ကို မှီခိုကြလိမ့်မည်။ ထိုအချိန်သည် ဘုရားသခင်မှ သူ၏ လုပ်ဆောင်ချက်များကို ဖော်ပြမည့် အချိန်မှာ ဖြစ်လိမ့်မည်။ ဘုရားသခင်သည် ဘုန်းထင်ရှားခြင်း ရှိလိမ့်မည်၊ စကြဝဠာ တစ်လျှောက်မှ လူများအားလုံးသည် ဤသာမည "လူသား"ကို ၀တ်ပြုကိုးကွယ် ကြလိမ့်မည်။ ဤအရာသည် ဘုရားသခင် ဘုန်းတော်၏ နေ့ရက်ပင် မဟုတ်ပေလော။ တစ်နေ့ အသက်ကြီးသော သင်းအုပ်ဆရာများက အသက်စမ်းရေတွင်းမှ ရေကိုရှာဖွေဖို့ ကြေးနန်းများ ပို့ကြမည်။ သူတို့သည် အသက်အရွယ်ကြီးရင့် လာကြလိမ့်မည်၊ သို့သော် သူတို့ အထင်အမြင်သေးခဲ့သော လူသားကို ၀တ်ပြုကိုးကွယ်ဖို့ လာကြလိမ့်မည်။ သူတို့ နှုတ်များက ဝန်ခံကြလိမ့်မည်၊ သူတို့ နှလုံးသားများသည် ယုံကြည်လာကြမည်။ ထိုသို့ဆိုသော် ဤအရာသည် နိမိတ်လက္ခဏာ၊ အံ့သြဖွယ်ရာပင် မဟုတ်ပေလော။ နိုင်ငံတော်တစ်ဝှမ်းလုံး ၀မ်းမြောက်သည့် အချိန်သည် ဘုရားသခင် ဘုန်းတော်၏နေ့ရက် ဖြစ်သည်။ သင်တို့ထံလာပြီး ဘုရားသခင်၏ သတင်းကောင်းများကို ခံယူသောသူတိုင်းသည် ဘုရားသခင်၏ ကောင်းချီးပေးခြင်းကို ခံရမည်။ ဤတိုင်းနိုင်ငံများနှင့် ဤလူများသည် ဘုရားသခင်၏ ကောင်းချီးနှင့် ဂရုစိုက်ခြင်းကို ခံရလိမ့်မည်။ အနာဂတ်၏ ဦးတည်ချက်များက ဤအရာများ ဖြစ်လိမ့်မည်။ ဘုရားသခင်၏ နှုတ်မှ မိန့်မြွက်ချက်များကို ရရှိသူများသည် လောက၌ လျှောက်လမ်းဖို့ လမ်းကို ရရှိလိမ့်မည်။ စီးပွားရေးသမားများဖြစ်စေ၊ သို့မဟုတ် သိပ္ပံပညာရှင်များဖြစ်စေ၊ သို့မဟုတ် ပညာသင်ကြားပေးသူများဖြစ်စေ၊ သို့မဟုတ် စက်ရုံအလုပ်ရုံ ပိုင်ရှင်များဖြစ်စေ ဘုရားသခင်၏ နှုတ်ကပတ်တော်များ မရှိသောသူသည် ခြေလှမ်းတစ်လှမ်း လှမ်းဖို့ပင် အခက်အခဲများ ဖြစ်မည်ဖြစ်ပြီး မှန်ကန်သော လမ်းခရီးကို ရှာဖွေဖို့ တွန်းအားပေးခြင်းခံရမည်။ "သမ္မာတရားနှင့်အတူဆိုပါက လောကတစ်ခွင်လုံးကို လျှောက်လှမ်းနိုင်မည်ဖြစ်ပြီး သမ္မာတရား မပါဘူးဆိုလျှင် မည်သည့်နေရာကိုမျှ ရောက်မည်မဟုတ် ဟူသည့်အရာမှာ ထိုအရာကို ဆိုလိုခြင်း ဖြစ်သည်။" အမှန်တရားများမှာ ဤသို့ဖြစ်သည်။ ဘုရားသခင်မှာ စကြဝဠာ တစ်ဝှမ်းလုံးကို အမိန့်ပေးဖို့နှင့် လူသားမျိုးနွယ်ကို သိမ်းပိုက်အုပ်စိုး ဖို့ရန်အတွက် လမ်းခရီး (ဆိုလိုသည်မှာ သူ၏ နှုတ်ကပတ်တော်အားလုံး ဖြစ်သည်)ကို အသုံးပြုမည် ဖြစ်သည်။ လူသားများသည် ဘုရားသခင်၏ အမှုပြုခြင်းထဲမှ ကြီးမားသော အလှည့်အပြောင်းများကိုသာ အမြဲမျှော်လင့်ကြသည်။ ပွင့်ပွင့်လင်းလင်း ပြောရလျှင် ဘုရားသခင်သည် နှုတ်ကပတ်တော်များမှတစ်ဆင့် လူများကို ထိန်းချုပ်ခြင်း ဖြစ်ပြီး သင်ဆန္ဒရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ သူပြောသည့်အရာကို သင်လုပ်ဆောင်ရမည် ဖြစ်သည်။ ဤသည်မှာ ဓမ္မဓိဌာန်ကျသော အချက်တစ်ချက်ဖြစ်ပြီး ဤအရာကို အားလုံး နာခံရမည်။ ထို့ကြောင့် ဤအရာသည် ရှောင်လွဲ၍မရသော အရာလည်းဖြစ်သည်၊ အားလုံးမှ သိရှိပြီးသားလည်း ဖြစ်သည်။
8/08/2018
ဘာသာရေး ဓလေ့နည်းနာများကို ပိတ်ပင်တားမြစ်ရမည်
ဘုရားသခင်သည် စကြဝဋ္ဌာတစ်ဝှမ်းလုံးထဲတွင် အလုပ်စတင် ဆောင်ရွက်ကတည်းက အတန်းအစား အားလုံးမှ လူများအပါအဝင် များစွာသော သူများကို သူ့အား အစေခံဖို့ရန် ခွဲခန့်မှတ်သားထားပြီး ဖြစ်ပါသည်။ ဘုရားသခင်၏ အကြံအစည်တော်သည် မိမိကိုယ်တိုင်၏ အလိုတော် ပြည့်စုံစေရန်နှင့် ဤကမ္ဘာမြေကြီးပေါ်၌ သူပြုလုပ်သမျှ ချောမွေ့စွာ အသီးသီးစေရန်ဖြစ်သည်။ လူတွေကို သူ့အား အစေခံရန် ရွေးချယ်ရာ၌ ဘုရားသခင်၏ ရည်ရွယ်ချက်မှာ ဤအရာပင်ဖြစ်သည်။ ဘုရာသခင်အား အစေခံသောသူတိုင်း ဘုရားသခင်၏ ဤအလိုတော်ကို နားလည်ထားရမည် ဖြစ်သည်။ ဘုရားသခင်၏ ဤအလုပ်တစ်လျှောက် လူသားတို့သည် ဘုရားသခင်၏ ဉာဏ်ပညာတော်နှင့် အနန္တတန်ခိုးတော်ကို ပိုမိုကောင်းမွန်စွာ သိရှိလာကြကာ ကမ္ဘာပေါ်ရှိ သူ့အလုပ်၏ နိယာမများကို ပိုမိုကောင်းမွန်စွာ မြင်တွေ့လာကြသည်။ ဘုရားသခင်သည် ဤကမ္ဘာမြေကြီးသို့ သူ့အလုပ်လုပ်ဆောင်ရန် ဧကန်အမှန် ကြွဆင်းလာပြီး လူများနှင့် ထိတွေ့ ဆက်ဆံခြင်းအားဖြင့် ၎င်းတို့သည် သူ့လုပ်ဆောင်မှုများအကြောင်း ပိုမိုရှင်းလင်းစွာ သိလာကြရန်ဖြစ်ပါသည်။ ယနေ့တွင် လက်တွေ့ကျသည့် ဘုရားသခင်ကို အစေခံနိုင်ရခြင်းသည် သင်တို့အုပ်စုအတွက် ကံကောင်းခြင်းဖြစ်သည်။ ဤသည်မှာ သင်တို့ အတွက် မရေတွက်နိုင်သော ကောင်းချီးဖြစ်သည်။ အမှန်တကယ်ပင် ဘုရားသခင်သည် သင့်ကို မစနေခြင်း ဖြစ်သည်။ သူ့အား အစေခံမည့်သူများကို ရွေးချယ်ရာတွင် ဘုရားသခင်၌ အစဉ်အမြဲ မိမိကိုယ်တိုင်၏ နိယာမများရှိသည်။ ဘုရားသခင်အား အစေခံခြင်းမှာ လူများစိတ်ကူးသကဲ့သို့ စိတ်အားထက်သန် တက်ကြွမှုဖြင့် လုပ်ဆောင်နိုင်သည့်အရာ မဟုတ်ပေ။ ယနေ့ ဘုရားသခင်၏ မျက်မှောက်တော်တွင် သူ့အား အစေခံသော မည်သူမဆို ထိုသို့ ဆောင်ရွက်ကြသည်မှာ သင်တို့မျက်မြင်ဖြစ်သည်၊ အကြောင်းမှာ သူတို့တွင် ဘုရားသခင်၏ စောင့်မမှုနှင့် သန့်ရှင်းသော ဝိညာဉ်တော်၏ လမ်းပြမှုတို့ ရှိပြီး သူတို့သည် သမ္မာတရားနောက်သို့ လိုက်သောသူများ ဖြစ်ကြသောကြောင့်ပင် ဖြစ်သည်။ ထိုအရာများသည် ဘုရားသခင်အား အစေခံသောသူတိုင်းတွင် ရှိရမည့် အနိမ့်ပါးဆုံးသော သတ်မှတ်ချက်များ ဖြစ်ပေသည်။
7/24/2018
တစ်ဆယ့်ငါးခုမြောက် မိန့်မြွက်ချက်
ဘုရားသခင် ၏ ပေါ်ထွန်းခြင်းသည် အသင်းတော်အားလုံးတို့ထဲတွင် ပေါ်ထွက်လာခဲ့ပြီး ဖြစ်သည်။ စကားပြောသည်မှာ ဝိညာဉ်တော်ဖြစ်၍ သူသည် အရှိန်နှင့်တောက်လောင်နေသော မီးတစ်ခုဖြစ် သည်။ သူသည် ဘုန်းအာနုဘော် ကိုဆောင်ယူကာ တရား စီရင်နေသည်။ သူသည် လူသားဖြစ်၍ ခြေသို့တိုင်အောင်ဝတ်ခြုံလျက်၊ ရင်တော်၌ရွှေခါးပန်းကို စည်းလျက်ဖြစ်၏။ ခေါင်းတော်နှင့်ဆံပင်တော်သည် ဖြူသောသိုးမွေးကဲ့သို့၄င်း၊ မျက်စိတော်သည်လည်း မီးလျှံကဲ့သို့၄င်း၊ ခြေတော်တို့ သည်လည်း မီး၌ချွတ်ပြီးသောကြေးဝါစစ်နှင့်၄င်း တူ၏။ အသံတော်သည်လည်း သမုဒ္ဒရာသံကဲ့သို့ဖြစ်၏။ လကျာ် လက်တော်သည်လည်း ကြယ်ခုနစ်လုံးကိုကိုင်၏။ ခံတွင်းတော်ထဲကလည်း အသွားနှစ်ဘက်ထက်သောသန်လျက် ထွက်၏။ မျက်နှာတော်သည် အရှိန်တန်ခိုးနှင့် ထွန်းတောက်သော နေ ကဲ့သို့ဖြစ်၏။
Subscribe to:
Posts (Atom)