菜單

မူလစာမျက်နှာ သတင်းအချက်အလက် အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ စွဲကိုင်ထားသူ လွတ်လပ်မှန်ကန်တဲ့လူ့အခွင့်အရေး ကယ်တင်ရှင်ပြန်ကြွလာပြီ ဧဝံဂေလိတရားတော် ကောင်းကင်နိုင်ငံတော်သီချင်း အမှန်တရားကို ဖေါ်ထုတ်ခြင်း နိုင်ငံတော် ချီးမွမ်းခြင်း တေးဂီတ ဘုရားသခင်၏ နှုတ်ကပတ်တော်များ ဖတ်ကြားခြင်းများ

7/24/2018

တစ်ဆယ့်ငါးခုမြောက် မိန့်မြွက်ချက်

ဘုရားသခင်, ဘုရားသခင်၏ နှုတ်ကပတ်တော်, ဘုရားသခင်၏ အသံတော်, နောက်ဆုံးသောကာလ, ကောင်းကင်နိုင်ငံတော်

ဘုရားသခင် ၏ ပေါ်ထွန်းခြင်းသည် အသင်းတော်အားလုံးတို့ထဲတွင် ပေါ်ထွက်လာခဲ့ပြီး ဖြစ်သည်။ စကားပြောသည်မှာ ဝိညာဉ်တော်ဖြစ်၍ သူသည် အရှိန်နှင့်တောက်လောင်နေသော မီးတစ်ခုဖြစ် သည်။ သူသည် ဘုန်းအာနုဘော် ကိုဆောင်ယူကာ တရား စီရင်နေသည်။ သူသည် လူသားဖြစ်၍ ခြေသို့တိုင်အောင်ဝတ်ခြုံလျက်၊ ရင်တော်၌ရွှေခါးပန်းကို စည်းလျက်ဖြစ်၏။ ခေါင်းတော်နှင့်ဆံပင်တော်သည် ဖြူသောသိုးမွေးကဲ့သို့၄င်း၊ မျက်စိတော်သည်လည်း မီးလျှံကဲ့သို့၄င်း၊ ခြေတော်တို့ သည်လည်း မီး၌ချွတ်ပြီးသောကြေးဝါစစ်နှင့်၄င်း တူ၏။ အသံတော်သည်လည်း သမုဒ္ဒရာသံကဲ့သို့ဖြစ်၏။ လကျာ် လက်တော်သည်လည်း ကြယ်ခုနစ်လုံးကိုကိုင်၏။ ခံတွင်းတော်ထဲကလည်း အသွားနှစ်ဘက်ထက်သောသန်လျက် ထွက်၏။ မျက်နှာတော်သည် အရှိန်တန်ခိုးနှင့် ထွန်းတောက်သော နေ ကဲ့သို့ဖြစ်၏။


လူသားသည် သက်သေခံခဲ့ရပြီးဖြစ်သည်။ ဘုရားသခင်ကိုယ်တော်တိုင်သည်လည်း ပွင့်လင်းစွာ ထုတ်ဖော်ခံရပြီး ဖြစ်သည်။ အရှိန်တန်ခိုးနှင့်ထွန်းတောက်သော နေ ကဲ့သို့ ဘုရားသခင်၏ ဘုန်းတော်သည် ရှေ့သို့ ထုတ်လွှတ်နေသည်။ ဘုန်းတော်ကြီးမားသော ဘုရားသခင် ၏ မျက်နှာထားသည် အလွန်တောက်ပ ထွန်းလင်းနေ၏၊ ဤသည်ကို မည်သူ၏ မျက်လုံးများသည့် ဆန့်ကျင်ဝံ့ သနည်း။ ဆန့်ကျင်ခြင်းသည် သေခြင်းပင်ဖြစ်သည်။ သင်၏နှလုံးထဲမှ အကြံအစည်များ၊ သင်ပြောသော စကားနှင့် လုပ်သောအရာများအတွက် သနားညှာတာ ခြင်း စိုးစဉ်းမျှပင်ရှိမည်မဟုတ်။ သင်တို့အားလုံးသည် ငါ၏တရားစီရင်ခြင်းမှအပ ဘာကိုမျှ ရရှိမည်မဟုတ် ကြောင်းကို သင်တို့သိမြင်၍ နားလည်လာကြလိမ့်မည်။ သင်တို့သည် ငါ၏နှုတ်ကပတ် တော်တို့ကို စားသုံးရာ၌ ကြိုးစားအားထုတ်ခြင်းမရှိဘဲ အခြေအမြစ်မရှိ ဝင်ရောက်နှောင့်ယှက်ပြီး ငါ၏တည်ဆောက်ခြင်းအမှုကို ဖျက်ဆီးနေသောအခါ ငါသည်သည်းခံနိုင်မည်လော။ ဤသို့သောသူကို ငါသည် သက်ညှာမည် မဟုတ်။ ဤထက်သာ၍ အလေးအနက်ထားပါက သင်သည် မီးလျှံထဲတွင် လောင်ကျွမ်းခြင်းကို ခံရလိမ့်မည်။ အနန္တတန်ခိုးရှင်ဘုရားသခင်သည် ခေါင်းမှခြေဖျားထိတိုင် အသွေး သို့မဟုတ် အသား စိုးစဉ်းမျှ ဆက်စပ်မှုမရှိသော ဝိညာဉ်ခန္ဓာထဲ၌ ဖော်ပြသည်။ သူသည် စကြဝဠာလောကကို ကျော်လွန်၍ တတိယကောင်းကင် ဘုန်းတော်ကြီးမားသော ပလ္လင် တော်ပေါ်တွင်ထိုင်လျက် အရာအားလုံးတို့ကို စီမံခန့်ခွဲလျက်ရှိသည်။ စကြဝဠာထဲရှိ အရာအားလုံးတို့သည် ငါ၏လက်ထဲတွင် ရှိသည်။ ငါပြောလျှင် ပြောသည့်အတိုင်းဖြစ်လိမ့်မည်။ ငါဘိသိက်ပေးလျှင် ပေးသည့်အတိုင်းဖြစ်လိမ့်မည်။ စာတန်သည် ငါ၏ခြေ ်အောက်တွင်ရှိကာ သူသည် အနက်ဆုံးသောတွင်း ထဲတွင် ရှိသည်။ ငါ၏အသံကို ထုတ်လွှတ် သောအခါ ကောင်းကင်နှင့်မြေကြီးတို့ လွန်မြောက်သွားပြီး ဘာမျှ မကျန်ဘဲရှိလိမ့်မည်။ အရာအားလုံးတို့သည် အသစ်ပြန်ဖြစ်လိမ့်မည် ဖြစ်၍၊ ဤအရာသည် လွန်စွာ မှန်သော၊ ပြောင်းလဲ၍မရသည့် အမှန်တရားပင် ဖြစ်သည်။ ငါသည် လောကကိုအောင်ခဲ့ပြီ။ မကောင်းသော အရာအားလုံးတို့ကို အောင်ခဲ့ပြီ။ ငါသည် ဤနေရာတွင် ထိုင်လျက် သင်တို့ကိုစကားပြောလျက် ရှိသည်။ နားရှိ သောသူတို့အားလုံး နားထောင်၍ အသက်ရှိသောသူ အပေါင်းတို့ လက်ခံသင့်သည်။

နေ့ရက်တို့သည် အဆုံးသို့ ရောက်လာလိမ့်မည်၊ ကမ္ဘာပေါ်ရှိအရာအားလုံးတို့သည် အနတ္တအဖြစ်သို့ ရောက၍ အားလုံးတို့သည် အသစ်ပြန်လည် မွေးဖွားခြင်းခံရ လိမ့်မည်။ ဤအရာကိုမှတ်သားလော့။ ဤအရာကို မှတ်သားလော့။ ဒွိဟဖြစ်စရာ မရှိပေ။ ကောင်းကင်နှင့်မြေကြီးမတည်သော်လည်း ငါ့စကားတည်လိမ့်မည်။ သင်တို့ကို ထပ်မံ၍ တိုက်တွန်းခွင့်ပြုလော့။ အချည်းနှီးသက်သက် မပြေးကြနှင့်။ နိုးထကြလော့။ နောင်တရ ကြလော့။ ကယ်တင်ခြင်းသည် လက်တစ်ကမ်း်၌ ပင်ရှိသည်။ ငါသည်သင်တို့ကြားတွင် ပေါ်ထွန်းခဲ့ပြီးဖြစ်၍ ငါ၏အသံသည်လည်း ပေါ်ထွက်ပြီး ဖြစ်သည်။ နေ့စဉ်နေ့တိုင်း သင်တို့နှင့် မျက်နှာချင်းဆိုင်လျက် လန်းဆန်း သစ်လွင်စွာဖြင့် ငါ၏အသံသည်ု သင်တို့ရှေ့တွင် ပေါ်ထွက်ပြီး ဖြစ်သည်။ သင့်သည ် ငါ့ကိုမြင်၍ ငါသည်လည်း သင့်ကို မြင်သည်။ ငါသည် သင်နှင့် အဆက်မပြတ် မျက်နှာချင်းဆိုင်၍ စကားပြောသည်။ သို့သော်လည်း သင်သည် ငါ့ကို ငြင်းပယ်သေးသည်။ ငါ့ကို သင်သည် မသိ။ ငါ့သိုးတို့သည် ငါ့စကားကို ကြားနိုင် သော်လည်း သင်တို့သည် ဆိုင်းငံ့ နေကြသေး သည်။ သင်တို့ ဆိုင်းငံ့နေကြသည်။ သင်တို့စိတ်နှလုံး သည်မိုက်လျက်၊ မျက်စိတို့သည် စာတန်အားဖြင့် ကန်းလျက်ရှိပြီး ငါ၏ ဘုန်းနှင့်ပြည့်စုံသော မျက်နှာတော်ကို မမြင်နိုင်ကြ။ သနားဘွယ်ကောင်း လှစွာတကား။ သနားဘွယ်ကောင်းလှစွာတကား။

ငါ၏ပလ္လင်တော်ရှေ့ရှိ ဝိညာဉ်ခုနစ်ပါးတို့ကို ကမ္ဘာ မြေကြီး၏ ထောင့်စွန်းနေရာအားလုံးတို့ဆီသို့ စေလွှတ် ထားပြီး အသင်းတော်များထံသို့ ငါ၏တမန်ကို စကား ပြောရန် ငါစေလွှတ်မည်။ ငါသည် ဖြောင့်မတ်၍ သစ္စာရှိသော သူဖြစ်သည်။ ငါသည် လူ၏စိတ်နှလုံး အနက်နဲဆုံး အပိုင်းတို့ကို စစ်ကြောစုံစမ်းသော ဘုရားသခင်ဖြစ်သည်။ ဝိညာဉ်တော်သည် အသင်းတော်တို့အား မိန့်တော်မူ၍၊ ငါ၏သားတော်ထံမှ ထွက်ပေါ်လာသည်တို့သည် ငါ၏ နှုတ်ကပတ်တော် များပင်ဖြစ်သည်။ နားရှိသောသူ အပေါင်းတို့ နားထောင်သင့်သည်။ အသက်ရှိသော သူအပေါင်းတို့ လက်ခံသင့်သည်။ ၎င်းတို့ကို စားသောက်ရုံသာ စားသောက် လိုက်ပါ၊ သံသယမရှိနှင့်။ ငါ၏ နှုတ်ကပတ်တော်တို့ကို နားထောင်၍ လိုက်နာသောသူအားလုံးတို့သည် ကြီးမြတ်သော ကောင်းကြီးတို့ကို ခံရလိမ့်မည်။ ငါ၏ မျက်နှကို ရိုးသားစွာ ရှာသောသူအပေါင်းတို့သည် အသစ်သော အလင်း၊ အသစ်သော ဉာဏ်ပွင့်ခြင်းနှင့် အသစ်သော ထိုးထွင်းအမြင် တို့ကို ဧကန်အမှန်ရကြလိမ့်မည်။ အရာ အားလုံးတို့သည် လန်းဆန်းသစ်လွင်ခြင်း ရှိကြလိမ့်မည်။ ငါ၏နှုတ်ကပတ်တော်တို့သည် သင့်ထံ အချိန်မရွေး ပေါ်ထွန်း၍ သင်သည် ဝိညာဉ်လောက၏ လျှို့ဝှက်ဆန်းကြယ်သော အရာအားလုံးတို့ကို မြင်နိုင်ရန်နှင့် နိုင်ငံတော်သည် လူသားတို့အကြားတွင်ရှိသည်ကို ့မြင်တွေ့စေရန် သင်၏ ဝိညာဉ်မျက်စိကို ဖွင့်ပေးလိမ့်မည်။ ခိုလှုံရာနေရာသို့ ဝင်လော့၊ ထိုသို့ပြုလျှင် ကျေးဇူးတော်နှင့်ကောင်းကြီးအလုံးစုံတို့သည် သင့်အပေါ် ကျရောက်လိမ့်မည် ဖြစ်၍၊ အစာငတ် ခြင်းနှင့် ရောဂါဘေးဆိုးတို့သည် သင့်အား ထိနိုင်စွမ်း ရှိမည် မဟုတ်ပေ။ မြေခွေး၊ မြွေဆိုး၊ ကျားနှင့် ကျားသစ်တို့သည် သင့်ကို အန္တရာယ်မပြုနိုင်ရာ။ သင်သည် ငါနှင့်အတူရှိပြီး ဘုန်းတော်အတွင်း ငါနှင့်အတူတကွ လျှောက်သွားရကြလိမ့်မည်။

အနန္တတန်ခိုးရှင်ဘုရားသခင်။ သူ၏ဘုန်းအာနုဘော်နှင့်ပြည့်စုံသော ကိုယ်ခန္ဓာသည် ပွင့်လင်းစွာပင်ပေါ်ထွန်းကာ သန့်ရှင်း သော ဝိညာဉ်ခန္ဓာသည် ထမြောက်ပြီး သူသည် စုံလင်သော ဘုရားသခင် ကိုယ်တိုင်ပင် ဖြစ်သည်။ လောကီနှင့် ဇာတိပကတိ နှစ်မျိုးစလုံးတို့သည် ပြောင်းလဲခြင်းခံရကာ တောင်ပေါ်တွင် သူ၏ပုံသဏ္ဌာန်တော် ပြောင်းလဲခြင်းသည် ဘုရားသခင်၏ပုဂ္ဂိုလ်တော်ပင် ဖြစ်သည်။ သူ၏ဦးခေါင်းတော်ပေါ်တွင် ရွှေသရဖူကို ဆောင်း၍၊ သူ၏အဝတ်သည်ဖြူစင်လျက်၊ ရင်တော်၌ရွှေ ခါးပန်းကိုစည်းလျက်၊ ကမ္ဘာပေါ်ရှိအရာအားလုံး သည်သူ၏ခြေ တင်ရာခုံဖြစူ်သည်။ သူ၏မျက်စိတော်တို့သည် မီးလျှံကဲ့သို့ ဖြစ်၍ အသွားနှစ်ဖက်ထက်သော သံလျက် သည် ခံတွင်းတော်ထဲတွင်ရှိကာ၊ သူ၏လကျာ်လက်ထဲ၌ ကြယ်ခုနစ်လုံးတို့ ရှိကြသည်။ နိုင်ငံတော်ဆီသို့သွား သောလမ်းသည် အတိုင်းအဆမဲ့ လင်းလက်၍ သူ၏ဘုန်းတော်သည် ပေါ်ထွန်း၍တောက်ပ၏၊ တောင်တို့သည် ဝမ်းမြောက်လျက်၊ ရေတို့သည် ရယ်မောလျက်၊ နေ၊ လ၊ ကြယ်တို့သည် ၎င်းတို့၏ စနစ်ကျသောအစီအစဉ်ထဲတွင် လည်ပတ်လျက်၊ အတုမဲ့၍ စစ်မှန်သောဘုရားသခင်ကို ကြိုဆိုလျက် ထိုဘုရား၏ အောင်မြင်ခြင်းနှင့် ပြန်လည် ကြွလာခြင်းသည် သူ၏ နှစ်ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ် အောင်မြင်ပြီးစီးခြင်းကို ကြေညာ သည်။ အားလုံး ဝမ်းမြောက်ခြင်းနှင့် ကခုန်ကြလော့။ ဝမ်းမြောက်ကြလော့။ အနန္တတန်ခိုးရှင်ဘုရားသခင်သည် သူ၏ ဘုန်းနှင့်ပြည့်ဝ သော ပလ္လင်တော်ပေါ်တွင်ထိုင်သည်။ သီချင်းဆို ကြလော့။ အနန္တတန်ခိုးရှင်၏ အောင်မြင်ခြင်းအလံကို ခမ်းနား ကြီးကျယ်သော ဇိအုန်တောငေ် ပါ်တွင် မြင့်မားစွာ လွှင့်ထူထား၏။ တိုင်းနိုင်ငံအားလုံးတို့သည် ဝမ်းမြောက်နေကြ၏်၊ လူအပေါင်းတို့သည် သီချင်းသီဆိုနေကြ၏၊ ဇိအုန်တောင်သည် ဝမ်းမြောက်စွာ ရယ်မောနေ၏၊ ဘုရားသခင်၏ ဘုန်းတော်သည် ပေါ်ထွန်းလာခဲ့ပြီ။ အိပ်မက်များထဲ၌ပင် ဘုရားသခင်၏ မျက်နှာတော်ကို ဖူးမြင်ရလိမ့်မည်ဟု မထင်ထားသော်လည်း ယနေ့ ကျွန်ုပ်မြင်တွေ့ခဲ့ရပြီ။ နေ့စဉ်နေ့တိုင်း ဘုရားသခင်နှင့် မျက်နှာချင်းဆိုင်၍ ကျွန်ုပ်၏နှလုံးသားကို သူ့အား ဖော်ထုတ်ပြ၏။ စားသောက်သမျှ သော အရာအားလုံးတို့ကို သူသည် ရက်ရော စွာ ပံ့ပိုးပေးသည်။ အသက်၊ စကားလုံးများ၊ အပြုအမူများ၊ အကြံအစည်များ နှင့် အတွေးအခေါ်များ အားလုံးတို့ကို သူ၏ ဘုန်းနှင့်ပြည့်စုံသော အလင်းက အလင်းုပေးသည်။ သွားသည့်လမ်း ခြေလှမ်းတစ်လှမ်းစီကို သူကဦးဆောင်၍၊ ပုန်ကန်တတ်သော နှလုံးသား တစ်စုံတစ်ရာ ရှိပါက သူ၏ တရားစီရင်ခြင်းသည် ချက် ချင်းပင် ကျရောက်လာမည်ဖြစ်သည်။

ဘုရားသခင်နှင့် အတူစားသောက်ခြင်း၊ အတူနေထိုင်ခြင်း၊ အတူအသက်ရှင်ခြင်း၊ သူနှင့်အတူရှိခြင်း၊ အတူလမ်းလျှောက် ခြင်း၊ အတူဝမ်းမြောက်ခြင်း၊ အတူဘုန်းစည်းစိမ်နှင့် ကောင်းချီးများ ခံစားခြင်း၊ ဘုရားသခင်နှင့် ဘုရင်ဖြစ်ခြင်းကို မျှဝေခံစားခြင်းနှင့် နိုင်ငံတော်ထဲတွင် အတူတကွရှိခြင်း တို့သည် မည်မျှကြည်နူးစရာ ကောင်းလိုက်သနည်း ။ ချိုမြိန်လှစွာတကား။ ကျွန်ုပ်တို့သည် သူနှင့်နေ့စဉ် နေ့တိုင်း မျက်နှာချင်းဆိုင်လျက်၊ နေ့တိုင်း စကားပြော လျက်၊ အဆက်မပြတ်စကားပြောလျက်၊ အသစ်သော ဉာဏ်ပွင့်ခြင်းကို ရရှိလျက်၊ နေ့စဉ် အသစ်သော ထိုးထွင်းမြင်နိုင်စွမ်း ကို ရရှိလျက်နေမည်။ ကျွန်ုပ်တို့၏ ဝိညာဉ်မျက်စိတို့ပွင့်ပြီး အရာခပ်သိမ်းကို ကျွန်ုပ်တို့မြင်ကာ ဝိညာဉ်တော်၏ လျှို့ဝှက် ဆန်းကြယ်သောအရာများအားလုံးတို့ကို ကျွန်ုပ်တို့အား ထုတ်ဖော်ပြသည်။ သန့်ရှင်းသောအသက်တာသည် အမှန်ပင်သက်သာလှပါသည်။ မရပ်မနားဘဲ မြန်မြန် ပြေး ကာ ရှေ့သို့ တရစပ်ချီတက်ပါ။ ရှေ့တွင် ပိုမိုအံ့သြဘွယ်ကောင်းသော အသက်တာ ရှိသည်။ ချိုမြိန်သောအရသာတွင်သာ ကျေနပ်၍မနေဘဲ ဘုရားသခင်ထံတော်သို့ ဝင်ရောက်ရန် အမြဲကြိုးစား ရှာဖွေပါ။ သူသည် အားလုံးကု လွှမ်းခြုံန ိုင်ပြီး ရက်ရော သောသူ ဖြစ်ပြီး ကျွန်ုပ်တှို့၌မရှိသော အရာ မျိုးစုံတို့သည် သူ၌ရှိသည်။ မိမိဘက်မှစ၍ တက်ကြွစွာ ပူးပေါင်းပါဝင်ပါ။ သူ့ထံသို့ ဝင်ပါ။ မည်သည့်အရာမျှ ရှေ့ကနှင့်တူတော့မည်မဟုတ်။ ကျွန်ုပ်တို့၏ အသက်တာသည် သာမန်ထက် သာလွန်ကောင်းမြတ်ခြင်းသို့ရောက်ပြီး မည့်သူမျှ၊ မည်သည့်ကိစ္စနှင့် မည်သည့်အရာကမျှ ကျွန်ုပ်တို့အား နှောင့်ယှက်နိုင်မည်မဟုတ်ပါ။

သာမန်ထက်သာလွန်ကောင်းမြတ်ခြင်း။ သာမန်ထက်သာလွန်ကောင်းမြတ်ခြင်း။ စစ်မှန်သော သာမန်ထက် သာလွန်ကောင်းမြတ်ခြင်း။ ဘုရားသခင်၏ သာမန်ထက်သာလွန်ကောင်းမြတ်သော အသက်တာသည် အတွင်း၌ရှိပြီး အရာအားလုံးတို့သည် သက်သာခြင်း သို့အမှန်ပင် ရောက်ရှိလာသည်။ ကျွန်ုပ်တို့သည် လောကနှင့် လောကီနှင့်ဆိုင်သောအရာများကို ကျော်လွန်ပြီး ခင်ပွန်းတို့ သို့မဟုတ် သားသမီးတို့၏ သံယောဇဉ် တို့ မခံစားရပါ။ ကျွန်ုပ်တို့သည် နာဖျားခြင်းနှင့် ပတ်ဝန်းကျင်တို့၏ ထိန်းချုပ်မှုတို့ကိုလည်း ကျော်လွန် သည်။ စာတန်သည် ကျွန်ုပ်တို့ကို မနှောင့်ယှက်ဝံ့ပါ။ ဒုက္ခအားလုံးကို လုံးဝကျော်လွန်ခြင်း- ဤအရာသည် ဘုရား သခင်အား ဘုရင်နေရာကိုယူရန် အခွင့်ပေးခြင်းပင် ဖြစ်သည်။ စာတန်အား ကျွန်ုပ်တို့၏ခြေဖြင့် နင်းချေပြီး အသင်းတော်အတွက် သက်သေအဖြစ် ရပ်တည်ကာ စာတန်၏အကျည်းတန်သော မျက်နှာကို လုံးလုံးလျားလျား ဖော်ထုတ်ကြသည်။ အသင်းတော်ကို တည်ဆောက်ခြင်းအမှုသည် ခရစ်တော်၌ရှိ၏၊ ဘုန်းနှင့်ပြည့်စုံသော ကိုယ်ခန္ဓာသည်ထမြောက်ပြီ။ ဤအရာသည် ချီဆောင်ခြင်းထဲတွင် အသက်ရှင်ခြင်းပင် ဖြစ်သည်။


နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ မှ


No comments:

Post a Comment