လူသားထံသို့ ငါပြောချင်သည့် အရာများနှင့် ငါပြောရမည့် အရာများစွာ ရှိပါသည်။ သို့သော်လည်း လူသား၏ လက်ခံနိုင်သော စွမ်းရည်သည် အလွန်ပင် နည်းပါးလွန်းလှ ပါသည်။ လူသားသည် ငါပြောသည့် စကားများကို ပြည့်ပြည့်ဝ၀ နားမလည်နိုင်သောသူဖြစ်ပြီး၊ သူသည် ရှုထောင့် တစ်ခုတည်းကိုသာ နားလည် သောသူဖြစ်ပြီး၊ အခြားသောအရာကိုမူ လျစ်လျုရှုတတ်သည်။ သို့သော် သူ၏ အစွမ်းအစမဲ့ခြင်း၊ သူ၏ အားနည်းခြင်းကြောင့် ငါ့ကို စိတ်ထိခိုက်ခြင်းအားဖြင့် လူသားကို သေခြင်းသို့ မပို့ဆောင်ခဲ့ပါ။ ငါ၏ဆန္ဒကို လူသားသည် နားမလည်သော်လည်း ငါ့အလုပ်ကို ငါလုပ်ဆောင်ခဲ့ပြီး၊ ငါအမြဲ လုပ်ခဲ့သည့်အတိုင်းလည်း ငါပြောခဲ့သည်။ နေ့ရက်အချိန် ကျရောက်လာသည့်အခါ လူသားတို့၏ နက်ရှိုင်းသော နှလုံးသားထဲ၌ ငါ့ကို သိရှိလိမ့်မည်ဖြစ်ပြီး၊ သူတို့၏ အတွေးများထဲ၌လည်း ငါ့ကို သတိရကြပါလိမ့်မည်။ ဤကမ္ဘာမြေကြီးမှ ငါထွက်ခွါသွားသည့် အချိန်သည် လူသား၏ နှလုံးသားပလ္လင်ထက်၌ နေရာရသောအချိန် ဖြစ်လိမ့်မည်။ ဆိုလိုသည်မှာ လူသားအားလုံး ငါ့ကို သိကျွမ်းသောအချိန်၌ ဖြစ်လိမ့်မည်။ ထိုနည်းတူစွာပင် ငါ၏သားများနှင့် ငါ့လူများသည် ကမ္ဘာမြေကြီးကို အုပ်ချုပ်သောအချိန်၌ ဖြစ်လိမ့်မည်။ ငါ့ကိုသိသော သူတို့သည် ငါ့နိုင်ငံတော်၌ အဓိကကျသောသူများ ဖြစ်လာကြလိမ့်မည်။ သူတို့သည် မပြည့်စုံသော်လည်း ငါ့နိုင်ငံတော်ထဲ၌ အုပ်ချုပ်ရန်နှင့် တန်ခိုးအာဏာကို စွဲကိုင်ဖို့ရန် အခွင့်အရေး ရရှိကြပါလိမ့်မည်။ ငါ့ကိုသိသော သူအားလုံး တို့သည် ငါ၏ဖြစ်ခြင်းကို ပိုင်ဆိုင်ကြရမည်ဖြစ်ပြီး၊ လူတို့ကြား၌ ကောင်းမွန်စွာ ရှင်သန်ကြလိမ့်မည်။ ငါ့အား လူများ မည်သည့် အတိုင်းအတာထိ သိရှိသည်ဆိုခြင်းနှင့် ပတ်သက်၍ ငါဂရုမပြုပေ။ ငါ၏အလုပ်ကို မည်သူ တစ်ဦးတစ်ယောက်ကမျှ ဟန့်တားမထားနိုင်ပေ။ လူသားသည် ငါ့အတွက် အထောက်အကူပြုခြင်း၊ လုပ်ဆောင်ပေးနိုင်ခြင်း မရှိချေ။ လူသားသည် ငါ၏အလင်းထဲ၌ ငါ၏လမ်းပြမှုနှင့်သာ လျှောက်လှမ်းနိုင်ပြီး၊ အလင်းထဲ၌ ငါ၏အလိုကို ရှာဖွေနိုင်ပါသည်။ ယနေ့ လူတို့သည် ထိုကဲ့သို့သော အရည်အချင်းနှင့် ပြည့်စုံလျှက် ရှိကြပြီး၊ ငါ၏ရှေ့မှောက်၌ ဝင့်ဝင့်ကြွားကြွား လျှောက်လှမ်းနိုင်သော သူများဖြစ်ကြောင်း ယုံကြည်လျက် ရှိကြသည်။ သူတို့သည် ရှက်ကြောက်ခြင်း မရှိဘဲ ငါနှင့်အတူ ရယ်မောခြင်း၊ ပြက်လုံးများကို ပြောခြင်းနှင့် ငါအား တန်းတူဆက်ဆံ ကြသည်။ လူသားသည် ငါ့ကို မသိရှိသေးပါ။ ငါနှင့်သူတို့သည် အနှစ်သာရအားဖြင့် တူညီသောသူများ၊ အသွေး၊ အသားရှိပြီး၊ လူသား ကမ္ဘာထဲ၌ နေထိုင်သောသူများ ဖြစ်သည်ဟု ယုံကြည်နေ ပါသေးသည်။ ငါ့အပေါ်၌ ထားသော သူ၏ ကြည်ညိုမှုသည် သာမာန်ကာ လျှံကာမျှပင်ဖြစ်ပြီး၊ သူသည် ငါ့ရှေ့မှောက်၌ ရှိသောအခါမှသာ ငါ့ကို ကြည်ညိုကြကာ၊ ဝိညာဉ်တော်၏ ရှေ့မှောက်၌ ငါ့ကိုအစေခံခြင်းငှာ မတတ်စွမ်းနိုင်ကြ။ လူသားအတွက်မူ ဝိညာဉ်တော်သည် ရှိမနေသကဲ့သို့ပင် ဖြစ်သည်။ ရလဒ်အရ မည်သူ တစ်ဦးတစ်ယောက်မှ ဝိညာဉ်တော်ကို သိရှိခဲ့ကြခြင်း မရှိပေ၊ ငါ၏ လူ့ဇာတိခံယူခြင်းတွင် လူများသည် ကိုယ်ခန္ဓာ၏ အသွေးနှင့် အသားကိုသာ မြင်တွေ့လျှက်ရှိကြပြီး၊ ဘုရားသခင်၏ ဝိညာဉ်တော်ကို သတိပြုမိခြင်း မရှိကြချေ။ ထိုကဲ့သို့သော နည်းလမ်းအားဖြင့် ငါ့အလိုဆန္ဒ အမှန်တကယ် ပြည့်စုံနိုင်ပါမည်လား။ လူတို့သည် ငါ့ကို လှည့်စားနိုင်ဖို့ရန် အတွက် စာတန်၏ အထူးသင်ကြားခြင်းကို ခံနေရသော သူများသဖွယ် ငါ့ကို လိမ်လည် လှည့်ဖြားရာ၌ ထူးချွန်သူများ ဖြစ်ကြသည်။ သို့သော် ငါသည် စာတန်ကြောင့် ဒုက္ခကို မခံစားရပေ။ ငါသည် လူသားတစ်မျိုးနွယ်လုံးကို သိမ်းပိုက်အောင်မြင်ဖို့ရန်နှင့် လူသားမျိုးနွယ် အားလုံး၏ ပျက်စီးနေမှုများကို အနိုင်ယူဖို့ရန်အတွက် ငါ့ဉာဏ်ပညာကို ငါအသုံးပြုမည်ဖြစ်ပြီး၊ ထိုသို့အားဖြင့် မြေကြီးပေါ်၌ ငါ၏ နိုင်ငံတော်သည် တည်ထောင်လိမ့်မည် ဖြစ်သည်။
လူသားများကြား ကြယ်များ၏ အရွယ်အစားကို လေ့လာသောသူများ (သို့) အာကာသ၏ အရွယ် အစားကို သိရှိဖို့ရန်အတွက် ကြိုးစားခဲ့သောသူများ ရှိကြပါသည်။ သို့သော်လည်း သူတို့၏ ရှာဖွေမှုများကို အောင်မြင် ဖြစ်ထွန်းအောင် သက်သေ မပြနိုင်ခဲ့ကြချေ။ တုန်လှုပ် ခြောက်ခြားမှုထဲ သူတို့၏ ဦးခေါင်းကို ချိတ်ဆွဲထားကြပြီး ရှုံးနိမ့်ခြင်းထဲသို့ မိမိတို့ကိုယ်မိမိ ကြိတ်မှိတ် လက်ခံထားတတ်ကြသည်။ လူသားများ အားလုံးထံသို့ ကြည့်ရှုပြီး၊ သူ၏ကျရှုံးများထဲ၌ လူသား၏ လှုပ်ရှားမှုကို လေ့လာရာ၌ လုံးလုံးလျားလျား ငါ့ကိုလက်ခံ ယုံကြည်သောသူ တစ်ယောက်မျှ မရှိကြချေ။ ငါ့စကားကိုနာခံပြီး၊ ငါ့ထံသို့ အပ်နှံသောသူ ဟူ၍လည်းမရှိချေ။ လူသား၏ ရည်မှန်းချက်များသည် အဘယ့်မျှထိ ရိုင်းစိုင်းပါသနည်း။ နက်နဲရာအရပ် တစ်ခုလုံးသည် မှုန်ဝါးနေသောအခါ၊ လူသားများကြားထဲ၌ ငါသည် ကမ္ဘာကြီး၏ ခါးသည်းမှုကို စတင် ခံစားရပါတော့သည်။ ငါ့ဝိညာဉ်သည် ကမ္ဘာတခွင် လှည့်လည်ပြီး၊ လူသားများ အားလုံး၏ နှလုံးသားများကို ကြည့်ရှုခဲ့သည်။ ငါ၏ ခံယူထားသော ဇာတိပကတိထဲ၌ လူသားကို သိမ်းပိုက် အောင်နိုင်ခဲ့ပါသည်။ လူသည် မျက်စိကန်းနေသောကြောင့် ငါ့ကိုမမြင်တွေ့ပေ။ သူသည် ထုံထိုင်းမှုတွင် ကြီးထွားလာသောကြောင့် လူသည် ငါ့ကိုမသိရှိပေ။ သူသည် မနာခံသောကြောင့် ငါ့ကိုဆန့်ကျင်ဘက်၏။ ငါသည် လူသားချစ်မေတ္တာကို ပင်ကိုယ် အားဖြင့် ထိုက်တန်သောသူ ဖြစ်သောကြောင့် လူသားသည် ငါ့ကိုချစ်လာရသည်။ လူသားသည် ငါ့အတွက် အသက်ရှင်ပြီး၊ ငါ့အတွက် သိသာထင်ရှားသူ ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ငါ့တန်ခိုးနှင့် ငါ့ဉာဏ်ပညာ သည် သူ့အား တို့ထိသောကြောင့် ဖြစ်သည်။ လူသား၏ နှလုံးထဲ၌ ငါ့အတွက် နေရာရှိသော်လည်း သူ၏ စိတ်ဝိညာဉ်ထဲ၌ လူသား၏ ချစ်ခြင်းမေတ္တာကို ငါမရရှိခဲ့ပေ။ အရာအားလုံးထက် လူသား ချစ်မြတ်နိုးသော အရာများ သူ၏ စိတ်ဝိညာဉ်ထဲ၌ ရှိနေပါသည်။ သို့သော် ငါသည် ထိုအရာများထဲတွင် ပါရှိမနေပါ။ လူသား၏ ချစ်ခြင်းမေတ္တာသည် ဆပ်ပြာ ပူဖောင်းကဲ့သို့ပင် ဖြစ်သည်။ ထိုပူဖောင်းများသည် လေတိုက်သောအခါ ပျောက်ပျက်သွားပြီး၊ နောက်တဖန် တွေ့မြင်ရခြင်း မရှိတော့ပေ။ ငါသည် လူသားအပေါ်၌ ထားသော ငါ၏ စိတ်သဘောထားကို အမြဲတမ်း၊ မပြောင်းမလဲ ထားခဲ့သည်။ ထိုကဲ့သို့ လူသား တစ်ဦးတစ်ယောက် လုပ်ဆောင် နိုင်ပါရဲ့လား။ လူသား၏ မျက်စိထဲ၌ ငါသည် လေကဲ့သို့ မျက်မြင်မရသောသူ ဖြစ်သည်။ ထိုအကြောင်းကြောင့် လူသားအများစုသည် အဆုံးအစမဲ့သော ကောင်းကင် (သို့) တလိပ်လိပ်လှိမ့်နေသော ပင်လယ် (သို့) တည်ငြိမ်သော ရေကန် (သို့) အဓိပ္ပါယ်ကင်းမဲ့သော စာစောင်များနှင့် သြဝါဒများအပေါ်တွင်သာ အာရုံ စိုက်လျှက် ရှိကြပါသည်။ ငါ့အထဲ၌ရှိသော ထူးဆန်းအံ့သြဖွယ်ရာများကို ပြောနိုင်သည့်သူ ရှိရန်ပင် မဆို ထားနှင့်၊ လူသားမျိုးနွယ်၏ အနှစ်ချုပ်ကို သိသောသူ တစ်စုံတစ်ယောက်မျှပင် မရှိပေ။ ထို့ကြောင့် သူ့အား ငါတောင်းဆိုသည်ဟု သူစိတ်ကူးသည့် အမြင့်မားဆုံးသော အဆင့်အတန်း ရရှိဖို့ရန် ငါမတောင်းဆိုပေ။
ငါ့စကားများအကြား၊ တောင်များပြိုလဲခြင်း၊ မြစ်ရေများ နောက်ပြန်စီးဆင်းခြင်း၊ လူသားသည် နှိမ့်ချသူ ဖြစ်လာခြင်းနှင့် မြစ်ရေသည် ရပ်တန့်ခြင်းမရှိဘဲ စတင်စီးဆင်းလာပါသည်။ ပင်လယ်များသည် ကြမ်းတမ်းစွာဖြင့် ကောင်းကင်ဆီသို့ တလိပ်လိပ် တစ်ရှိန်ထိုး စီးဆင်းနေသော်လည်း ငါ့စကားများအကြား ထိုပင်လယ်များသည် ရေကန်၏ မျက်နှာပြင်ကဲ့သို့ ငြိမ်သက်သွားကြပါသည်။ ငါ့လက်ကို အနည်းငယ်မျှ ဝှေ့ယမ်းလိုက်သည်နှင့်၊ ပြင်းထန်သည့် လေပြင်းမုန်တိုင်းသည် ချက်ခြင်းပင် ကွယ်ပျောက်သွားပြီး၊ ငါ့ထံမှ ထွက်ခွါသွားကြသည်။ လူသားကမ္ဘာသည်လည်း ချက်ခြင်းပင် တည်ငြိမ်အေးချမ်းခြင်းသို့ ပြောင်းလဲသွား ခဲ့သည်။ သို့သော် ငါ့အမျက်ကို ထုတ်လွတ်သောအခါ တောင်တို့သည် ချက်ခြင်း အစိပ်စိပ် အမြွာမြွာကွဲခြင်း၊ မြေကြီးတို့သည် အပြင်းအထန် လှုပ်ရှားခြင်း၊ ရေတို့သည် ချက်ခြင်း ခမ်းခြောက်ခြင်းနှင့် လူတို့သည် သဘာဝ ဘေးဒဏ်၏ ဒုက္ခကိုချက်ခြင်း ခံစားကြရသည်။ ငါ့ဒေါသအမျက်ကြောင့် လူသား၏ ဟစ်ကြွေးသံကို ဂရုစိုက်ခြင်း၊ သူ၏ငိုကြွေးနေမှုကို ကြား၍ ထောက်ပံ့ပေးခြင်းမျိုးမရှိဘဲ ငါ၏ဒေါသအမျက်သည် ပေါ်ထွက် လာခဲ့ပြီ။ ငါသည် ကောင်းကင်ဘဝဂ် အလယ်၌ရှိစဉ်အခါ ငါ့မျက်မှောက်ကြောင့် ကြယ်တို့သည် တုန်လှုပ် ခြောက်ခြားခြင်း ဘယ်သောအခါမျှ မရှိခဲ့ကြ။ ထိုအစား၊ ကြယ်တို့သည် ငါ့အတွက် သူတို့၏ လုပ်ဆောင် နေသော အရာထဲ၌ သူတို့၏ နှလုံးသားကို ထည့်ထားကြသောကြောင့် ငါသည် သူတို့၏ အပေါ်သို့ အလင်းကို သာ၍အပ်နှင်းကာ၊ ပိုမိုတောက်ပအောင် ဖြစ်စေပါသည်။ ထိုသို့အားဖြင့် သူတို့သည် ငါ့အတွက်ကြီးမားသော ဘုန်းတော်ကို ဖြစ်ပေါ်စေကြပါသည်။ ကောင်းကင် ထွန်းလင်းနေသည်နှင့်အမျှ မြေကြီးသည် မှောင်မိုက်အတိ ဖြစ်လေသည်။ ငါ၏အစီအစဉ်များသည် အကျိုးမရှိသော အရာများအဖြစ် လူများစွာ ကဲ့ရဲ့ပြစ်တင်လျှက် ရှိကြပြီး၊ ငါ့ကိုသစ္စာဖောက်ရန်အတွက် မှောင်မိုက်နယ်ပယ်ကို ပြောင်းလဲခြင်းနှင့် မိမိတို့၏နိုင်ငံကို တည်ထောင်ရန် ငါ့ကို စွန့်ခွါသွားခဲ့ကြသည်။ မိမိတို့၏ ဆုံးဖြတ်ချက်အားဖြင့် ဤအရာကို မည်သူအောင်မြင်ခဲ့ ပါသနည်း။ မိမိတို့၏ ဖြေရှင်းချက်များထဲ၌ မည်သူ အောင်မြင်ခဲ့ပါသနည်း။ ငါ၏လက်အားဖြင့် စီရင်ပြုပြင် ထားခြင်းကို မည်သူပြောင်းလဲ နိုင်ပါသနည်း။ နွေဦးရာသီ မြေတပြင်လုံးသို့ ပျံ့နှံ့လာသည့်အခါ ငါသည်ကမ္ဘာကြီးထဲသို့ အလင်းကို လျှို့ဝှက်စွာနှင့် တိုးညှင်းစွာ စေလွှတ်ခဲ့သည်။ ထိုသို့အားဖြင့် မြေကြီးပေါ်၌ ရှိသော လူသားသည် လေထဲ၌ လန်းဆန်းသော ခံစားမှုကို တခဏခံစားရသည်။ ထိုအချိန် ခဏတာလေး၌ လူသားမျက်စိကို ငါကာဆီးထားသည်။ ထိုသို့အားဖြင့် သူသည် မြေပြင်တခုလုံး မြူမှိုင်းနေသည်ကိုသာ မြင်တွေ့ရမည် ဖြစ်သည်။ လူအားလုံးနှင့် အရာဝထ္ထုများသည် မရေရာ၊ မပီပြင်ဝိုးတဝါး ဖြစ်လျက်ရှိသည်။ အလင်းသည် အဘယ့်ကြောင့် ခဏတာလေးသာ တည်ရပါသနည်း၊ ဘုရားသခင်သည် လူသားအား အဘယ့်ကြောင့် မြူမှိုင်းနှင့် ဝိုးတိုးဝါးတားဖြစ်မှုကိုသာ ပေးပါသနည်းဟု လူတို့သာ မိမိတို့ဘာသာ သက်ပြင်းချ ငြီးတွားကြလိမ့်မည်။ လူသားတို့၏ စိတ်ပျက်ခြင်း အလယ်၌ မြူမှိုင်းသည် ချက်ခြင်းလွှင့်ပြယ်သွား သော်လည်း မှုန်ဝါးဝါးအလင်းကို သူတို့စူးစမ်းမိကြ သောအခါ၌ သူတို့အပေါ်သို့ ငါသည် မိုးများဒလဟော ကျဆင်းလာစေပြီး၊ သူတို့အိပ်ပျော်နေစဥ်တွင် သူတို့၏ နားစည်များသည် မိုးသက်မုန်တိုင်းကြောင့် ကွဲပျက် သွားကြသည်။ တုန်လှုပ်ခြောက်ခြားခြင်းတွင် ဖမ်းစားသွားမိခြင်းကြောင့် သူတို့သည် ခိုနားစရာနေရာ ရှာဖွေဖို့ရန် အချိန်မရကြတော့ဘဲ၊ ရုတ်တရက် သည်းထန်စွာရွာသော မိုး၏ ဝါးမျိုခြင်း ခံရကြတော့သည်။ ထိုရုတ်တရက် ဖြစ်ပေါ်လာသော အချိန်၌ ကောင်းကင်အောက်တွင်ရှိသော အရာအားလုံးသည် ငါ၏ အမျက်ဒေါသများ အလယ်၌ ဆေးကြောခြင်း ခံရကြသည်။ လူတို့သည် မိုးသည်းထန်စွာရွာသော ဘေးဒုက္ခနှင့် ပတ်သက်၍ ညည်းညူခြင်း မရှိတော့ဘဲ သူတို့အထဲ၌ ကြည်ညိုလေးစားခြင်းများ ဖြစ်ပေါ်လာသည်။ ရုတ်တရက် ပြင်းထန်စွာ ရွာသွန်းသော မိုးကြောင့်ကြီးမားသော လူအများစုသည် ကောင်းကင်မှ ကျဆင်း လာသော မိုးရေကြောင့် ရေနှစ်သေဆုံးကြကာ၊ ရေထဲတွင် လူသေအလောင်းများ ဖြစ်ပေါ်လာပါသည်။ မြေကြီးတစ်ပြင်လုံးကို ကြည့်လိုက်သည့်အခါ လူများစွာသည် သတိပြုမိခြင်း၊ နောင်တရခြင်း၊ လှေငယ်များ ထဲ၌ ရေ၏ အရင်းအမြစ်များကို ရှာဖွေခြင်း၊ ငါ၏ခွင့်လွတ်မှုကို ငါ့ထံမှရရှိရန် ဒူးထောက်နေကြခြင်း၊ အလင်းကို မြင်တွေ့ရခြင်း၊ ငါ၏ မျက်နှာကို မြင်တွေ့ရခြင်း၊ အသက်ရှင်ဖို့ရန် ခွန်အားများရရှိကြခြင်း စသောအရာများ ဖြစ်ပျက်လျှက်ရှိပြီး ကမ္ဘာကြီးတစ်ခုလုံး ပြောင်းလဲသည်ကို ငါတွေ့ရ၏။ ဤပြင်းထန်သော မိုးရွာခြင်း၏ နောက်၌ အရာအားလုံးသည် ငါ့စိတ်နှလုံးသားထဲ၌ရှိသော ရုပ်ပုံအတိုင်းသို့ ပြန်လည်ရရှိလာခဲ့ပြီး၊ နာခံခြင်း ရှိလာပါတော့သည်။ များမကြာမီတွင် မြေကြီးတပြင်လုံးသည် ရယ်မောပျော်ရွှင်သော အသံများနှင့် ပြည့်နေပြီး၊ မြေကြီး၏ နေရာအရပ်ရပ်တို့၌ ချီးမွမ်းခြင်း၏ နယ်ပယ်တစ်ခုအဖြစ် တည်ရှိလာကာ ငါ၏ ဘုန်းတော်သည် နေရာတိုင်းတွင် လွှမ်းခြုံလျှက် ရှိနေပါသည်။ ငါ၏ဉာဏ်ပညာသည် မြေတပြင်လုံးနှင့် စကြာဝဠာတစ်ဝှမ်းလုံးတွင် တည်ရှိနေသည်။ အရာအားလုံးအပေါ်တွင် ငါ၏ဉာဏ်ပညာ အသီးအပွင့် တည်ရှိနေပြီး၊ လူအားလုံးတို့၏ ကြားတွင် ငါ့ဉာဏ်ပညာ၏ အပြောင်မြောက်ဆုံးသော အရာများ များပြားလှ ပါသည်။ အရာအားလုံးသည် ငါ၏နိုင်ငံတော်ထဲ၌ ရှိနေသကဲ့သို့ ဖြစ်ပြီး၊ ငါ၏ ကောင်းကင်အောက်၌ ငြိမ်းချမ်းစွာဖြင့် နေထိုင်ကြသော လူအားလုံးသည် ငါ၏စားကျက်၌ရှိသော သိုးကဲ့သို့ဖြစ်ကြသည်။ လူသားအားလုံး အပေါ်သို့ ငါသည်ခြေလှမ်းပြီး၊ နေရာအားလုံးကို စောင့်ကြည့်နေပါသည်။ မည်သည့်အရာမှ ဟောင်းနွမ်းသော ပုံမပေါက်၊ လူတို့သည် အရင်လို မဟုတ်ကြတော့ပေ။ ငါသည် ပလ္လင်ထက်၌ စိုးစံပြီး၊ စကြာဝဠာတစ်ခုလုံးကို ကျောခင်းလျက် ရှိသည်။ ငါသည် လုံးလုံးဝ၀ စိတ်ကျေနပ်ပါသည်။ အကြောင်းမှာ အရာအားလုံးကို မိမိတို့၏ သန့်ရှင်းခြင်းကို ပြန်လည်ရရှိခဲ့ကြကာ၊ ငါသည် ဇိအုန်အထဲတွင် အသစ်တဖန် ငြိမ်သက်စွာဖြင့် နေထိုင်နိုင်ပြီး၊ မြေကြီးပေါ်၌ရှိသော လူတို့သည် ငါ၏ လမ်းပြမှုအောက်၌ ငြိမ်ချမ်းစွာ နေထိုင်ခြင်း၊ ကျေနပ်ရောင့်ရဲမှုနှင့် အသက်ရှင်ကြသောကြောင့်ပင် ဖြစ်သည်။ လူသားအားလုံးသည် ငါ၏လက်ထဲ၌ အရာအားလုံးကို စီမံနေကြခြင်း၊ သူတို့၌ အရင်ကရှိခဲ့သော အသိဉာဏ်နှင့် မူလပုံပန်း သဏ္ဍာန်ကို ပြန်လည်ရရှိ ခံစားရကြသည်။ သူတို့သည် မြေမှုန့်အားဖြင့် ဖုံးအုပ်ခြင်း မခံရတော့ဘဲ ငါ၏ နိုင်ငံတော်ထဲ၌ သူတို့သည် ကျောက်စိမ်းကဲ့သို့ သန့်စင်ခဲ့ကြသည်။ တစ်ယောက်စီတို့၏ မျက်နှာသည် လူသား၏နှလုံးထဲ၌ ရှိနေသော သန့်ရှင်းသောသူနှင့် တူကြသည်။ အကြောင်းမှာ ငါ၏နိုင်ငံတော်သည် လူသားတို့၏ကြား၌ တည်ထောင်ခဲ့ပြီး ဖြစ်သောကြောင့် ဖြစ်သည်။
မေလ ၁၄၊ ၁၉၉၂
(နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏)မှ
No comments:
Post a Comment