菜單

မူလစာမျက်နှာ သတင်းအချက်အလက် အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ စွဲကိုင်ထားသူ လွတ်လပ်မှန်ကန်တဲ့လူ့အခွင့်အရေး ကယ်တင်ရှင်ပြန်ကြွလာပြီ ဧဝံဂေလိတရားတော် ကောင်းကင်နိုင်ငံတော်သီချင်း အမှန်တရားကို ဖေါ်ထုတ်ခြင်း နိုင်ငံတော် ချီးမွမ်းခြင်း တေးဂီတ ဘုရားသခင်၏ နှုတ်ကပတ်တော်များ ဖတ်ကြားခြင်းများ
Showing posts with label ဘုရားသခင် သမ္မာတရား ခရစ်တော်၏ ပြောကြားချက်များ. Show all posts
Showing posts with label ဘုရားသခင် သမ္မာတရား ခရစ်တော်၏ ပြောကြားချက်များ. Show all posts

7/25/2018

၁၆ခုမြောက် မြွက်ဆိုချက်

    
ဘုရားသခင်  သမ္မာတရား  အသက်စမ်းရေ   အောင်မြင်သောသူ  ဘုရားသခင်ကို သိခြင်း


    လူသားထံသို့ ငါပြောချင်သည့် အရာများနှင့် ငါပြောရမည့် အရာများစွာ ရှိပါသည်။ သို့သော်လည်း လူသား၏ လက်ခံနိုင်သော စွမ်းရည်သည် အလွန်ပင် နည်းပါးလွန်းလှ ပါသည်။ လူသားသည် ငါပြောသည့် စကားများကို ပြည့်ပြည့်ဝ၀ နားမလည်နိုင်သောသူဖြစ်ပြီး၊ သူသည် ရှုထောင့် တစ်ခုတည်းကိုသာ နားလည် သောသူဖြစ်ပြီး၊ အခြားသောအရာကိုမူ လျစ်လျုရှုတတ်သည်။ သို့သော် သူ၏ အစွမ်းအစမဲ့ခြင်း၊ သူ၏ အားနည်းခြင်းကြောင့် ငါ့ကို စိတ်ထိခိုက်ခြင်းအားဖြင့် လူသားကို သေခြင်းသို့ မပို့ဆောင်ခဲ့ပါ။ ငါ၏ဆန္ဒကို လူသားသည် နားမလည်သော်လည်း ငါ့အလုပ်ကို ငါလုပ်ဆောင်ခဲ့ပြီး၊ ငါအမြဲ လုပ်ခဲ့သည့်အတိုင်းလည်း ငါပြောခဲ့သည်။ နေ့ရက်အချိန် ကျရောက်လာသည့်အခါ လူသားတို့၏ နက်ရှိုင်းသော နှလုံးသားထဲ၌ ငါ့ကို သိရှိလိမ့်မည်ဖြစ်ပြီး၊ သူတို့၏ အတွေးများထဲ၌လည်း ငါ့ကို သတိရကြပါလိမ့်မည်။ ဤကမ္ဘာမြေကြီးမှ ငါထွက်ခွါသွားသည့် အချိန်သည် လူသား၏ နှလုံးသားပလ္လင်ထက်၌ နေရာရသောအချိန် ဖြစ်လိမ့်မည်။ ဆိုလိုသည်မှာ လူသားအားလုံး ငါ့ကို သိကျွမ်းသောအချိန်၌ ဖြစ်လိမ့်မည်။ ထိုနည်းတူစွာပင် ငါ၏သားများနှင့် ငါ့လူများသည် ကမ္ဘာမြေကြီးကို အုပ်ချုပ်သောအချိန်၌ ဖြစ်လိမ့်မည်။ ငါ့ကိုသိသော သူတို့သည် ငါ့နိုင်ငံတော်၌ အဓိကကျသောသူများ ဖြစ်လာကြလိမ့်မည်။ သူတို့သည် မပြည့်စုံသော်လည်း ငါ့နိုင်ငံတော်ထဲ၌ အုပ်ချုပ်ရန်နှင့် တန်ခိုးအာဏာကို စွဲကိုင်ဖို့ရန် အခွင့်အရေး ရရှိကြပါလိမ့်မည်။ ငါ့ကိုသိသော သူအားလုံး တို့သည် ငါ၏ဖြစ်ခြင်းကို ပိုင်ဆိုင်ကြရမည်ဖြစ်ပြီး၊ လူတို့ကြား၌ ကောင်းမွန်စွာ ရှင်သန်ကြလိမ့်မည်။ ငါ့အား လူများ မည်သည့် အတိုင်းအတာထိ သိရှိသည်ဆိုခြင်းနှင့် ပတ်သက်၍ ငါဂရုမပြုပေ။ ငါ၏အလုပ်ကို မည်သူ တစ်ဦးတစ်ယောက်ကမျှ ဟန့်တားမထားနိုင်ပေ။ လူသားသည် ငါ့အတွက် အထောက်အကူပြုခြင်း၊ လုပ်ဆောင်ပေးနိုင်ခြင်း မရှိချေ။ လူသားသည် ငါ၏အလင်းထဲ၌ ငါ၏လမ်းပြမှုနှင့်သာ လျှောက်လှမ်းနိုင်ပြီး၊ အလင်းထဲ၌ ငါ၏အလိုကို ရှာဖွေနိုင်ပါသည်။ ယနေ့ လူတို့သည် ထိုကဲ့သို့သော အရည်အချင်းနှင့် ပြည့်စုံလျှက် ရှိကြပြီး၊ ငါ၏ရှေ့မှောက်၌ ဝင့်ဝင့်ကြွားကြွား လျှောက်လှမ်းနိုင်သော သူများဖြစ်ကြောင်း ယုံကြည်လျက် ရှိကြသည်။ သူတို့သည် ရှက်ကြောက်ခြင်း မရှိဘဲ ငါနှင့်အတူ ရယ်မောခြင်း၊ ပြက်လုံးများကို ပြောခြင်းနှင့် ငါအား တန်းတူဆက်ဆံ ကြသည်။ လူသားသည် ငါ့ကို မသိရှိသေးပါ။ ငါနှင့်သူတို့သည် အနှစ်သာရအားဖြင့် တူညီသောသူများ၊ အသွေး၊ အသားရှိပြီး၊ လူသား ကမ္ဘာထဲ၌ နေထိုင်သောသူများ ဖြစ်သည်ဟု ယုံကြည်နေ ပါသေးသည်။ ငါ့အပေါ်၌ ထားသော သူ၏ ကြည်ညိုမှုသည် သာမာန်ကာ လျှံကာမျှပင်ဖြစ်ပြီး၊ သူသည် ငါ့ရှေ့မှောက်၌ ရှိသောအခါမှသာ ငါ့ကို ကြည်ညိုကြကာ၊ ဝိညာဉ်တော်၏ ရှေ့မှောက်၌ ငါ့ကိုအစေခံခြင်းငှာ မတတ်စွမ်းနိုင်ကြ။ လူသားအတွက်မူ ဝိညာဉ်တော်သည် ရှိမနေသကဲ့သို့ပင် ဖြစ်သည်။ ရလဒ်အရ  မည်သူ တစ်ဦးတစ်ယောက်မှ ဝိညာဉ်တော်ကို သိရှိခဲ့ကြခြင်း မရှိပေ၊ ငါ၏ လူ့ဇာတိခံယူခြင်းတွင် လူများသည် ကိုယ်ခန္ဓာ၏ အသွေးနှင့် အသားကိုသာ မြင်တွေ့လျှက်ရှိကြပြီး၊ ဘုရားသခင်၏ ဝိညာဉ်တော်ကို သတိပြုမိခြင်း မရှိကြချေ။ ထိုကဲ့သို့သော နည်းလမ်းအားဖြင့် ငါ့အလိုဆန္ဒ အမှန်တကယ် ပြည့်စုံနိုင်ပါမည်လား။ လူတို့သည် ငါ့ကို လှည့်စားနိုင်ဖို့ရန် အတွက် စာတန်၏ အထူးသင်ကြားခြင်းကို ခံနေရသော သူများသဖွယ် ငါ့ကို လိမ်လည် လှည့်ဖြားရာ၌ ထူးချွန်သူများ ဖြစ်ကြသည်။ သို့သော် ငါသည် စာတန်ကြောင့် ဒုက္ခကို မခံစားရပေ။ ငါသည် လူသားတစ်မျိုးနွယ်လုံးကို သိမ်းပိုက်အောင်မြင်ဖို့ရန်နှင့် လူသားမျိုးနွယ် အားလုံး၏ ပျက်စီးနေမှုများကို အနိုင်ယူဖို့ရန်အတွက် ငါ့ဉာဏ်ပညာကို ငါအသုံးပြုမည်ဖြစ်ပြီး၊ ထိုသို့အားဖြင့် မြေကြီးပေါ်၌ ငါ၏ နိုင်ငံတော်သည် တည်ထောင်လိမ့်မည် ဖြစ်သည်။