ကိုးကားရန် သမ္မာကျမ်းပိုဒ်များ -
"ငါသည်နောင်တအဘို့အလိုငှါ သင်တို့ကို ရေနှင့်ဗတ္တိဇံပေး၏။ ငါ့နောက်ကြွလာသောသူသည် ငါ့ထက် တတ်စွမ်းနိုင်၏။ ထိုသူ၏ခြေနင်းတော်ကိုမျှဆောင်ခြင်းငှာ ငါမထိုက်။ ထိုသူသည် သန့်ရှင်းသောဝိညာဉ်တော် နှင့်၎င်း၊ မီးနှင့်၎င်း၊ သင်တို့ကို ဗတ္တိဇံပေးမည်။" (ရှင်မဿဲခရစ်ဝင် ၃:၁၁)
ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ -
ခရစ်တော်သည် ဘုရားသခင်၏ ဝိညာဉ်တော်အားဖြင့် ဖုံးလွှမ်းထားသည့် ဇာတိခန္ဓာပင်ဖြစ်သည်။ ယင်းဇာတိခန္ဓာမှာ အသွေးအသားတို့ဖြင့် တည်ဆောက်ထားသည့် မည်သည့် လူသားတစ်ဦးတစ်ယောက်နှင့်မျှ မတူညီပေ။ ဤသို့ ကွဲပြားခြားနားရခြင်းမှာ ခရစ်တော်သည် လူ့ခန္ဓာကိုယ်နှင့် အသွေးအသားဖြင့် မဟုတ်ဘဲ ဝိညာဉ်တော်အားဖြင့် လူ့ဇာတိခံယူခြင်းကြောင့် ဖြစ်သည်။ သူ၌ သာမန်လူ့သဘာဝနှင့် ပြီးပြည့်စုံသော ဘုရားသဘောသဘာဝ နှစ်မျိုးလုံးရှိသည်။ သူ၏ ဘုရားသဘောသဘာဝကို မည်သည့် လူသားမျှ ပိုင်ဆိုင်ထားခြင်းမရှိ။ ဘုရားသဘောသဘာဝအားဖြင့်လည်း ဘုရားသခင်ကိုယ်တော်တိုင်၏ အလုပ်ကို လုပ်ဆောင်နေသည့် အတောအတွင်း သာမန် လူ့သဘာဝအတိုင်း အသွေးအသားဖြင့် သာမန် လှုပ်ရှားမှု အားလုံးတို့ကို ဆက်လက် လုပ်ဆောင်နေသည်။ လူ့သဘာဝဖြစ်စေ သို့မဟုတ် ဘုရားသဘောသဘာဝဖြစ်စေ နှစ်မျိုးစလုံးသည် ကောင်းကင်ဘုံ၌ ရှိတော်မူသောအဖ၏ အလိုတော်အတိုင်း နာခံလုပ်ဆောင်သည်။ ခရစ်တော်၏ ဂုဏ်ဒြပ်မှာ ဝိညာဉ်တော်ဖြစ်သည်၊ ဆိုလိုသည်မှာ ဘုရားသဘောသဘာဝ ဖြစ်သည်။ ထို့ကြောင့်၊ သူ၏ ဂုဏ်ဒြပ်မှာ ဘုရားသခင် ကိုယ်တော်တိုင်ပင် ဖြစ်သည်၊ ယင်းဂုဏ်ဒြပ်မှာ သူ၏ အလုပ်ကို နှောင့်ယှက်လိမ့်မည်မဟုတ်၊ သူ၏အလုပ်ကို ဖျက်ဆီးမည့် မည်သည့် အမှုမျိုးကိုမျှ လုပ်ဆောင်လိမ့်မည် မဟုတ်၊ ထို့ပြင် သူ၏အလိုတော်ကို ဆန့်ကျင်ဖက်ပြုမည့် မည်သည့် စကားလုံးမျှ သူ၏ နှုတ်တော်ထဲမှ ပြောထွက်လိမ့်မည် မဟုတ်ပါ။…
… ဘုရားသခင်ကို မနာခံသည့်အရာ အားလုံးမှာ စာတန်ထံမှ လာသည်၊ စာတန်သည် ရုပ်ဆိုး အကျည်းတန်မှုနှင့် ဆိုးသွမ်းမိုက်မဲမှု အားလုံးတို့၏ အရင်းအမြစ် ဖြစ်သည်။ လူသားတို့သည် စာတန်ကဲ့သို့သော အရည်အချင်းများ ရှိနေရခြင်းမှာ လူသားသည် စာတန်၏ ယိုယွင်းဖျက်ဆီးခြင်းနှင့် ပြုပြင်ခြင်းကို ခံခဲ့ရသောကြောင့်ဖြစ်သည်။ ခရစ်တော်သည် စာတန်၏ ယိုယွင်းဖျက်ဆီးခြင်း မခံခဲ့ရပါ၊ ထိုအကြောင်းကြောင့် သူ၌ ဘုရားသခင်၏ ပင်ကိုလက္ခဏာများသာလျှင် ရှိပြီး စာတန်၏ပင်ကိုလက္ခဏာ တစ်ခုမျှ မရှိပါ။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ "ခရစ်တော်၏ဂုဏ်ဒြပ်မှာ ကောင်းကင်ဘုံ၌ ရှိတော်မူသော အဖဘုရားသခင်၏ အလိုတော်ကိုဆောင်ခြင်း ဖြစ်သည်" မှ
သူသည် ဘုရားသခင်၏ အနှစ်သာရနှင့် လူသားတစ်ယောက် ဖြစ်သည့်အတွက် ဖန်ဆင်းခံ မည်သည့်လူသားထက်မဆို ကြီးမြတ်ပြီး၊ ဘုရားသခင်၏ အလုပ်ကို ထမ်းဆောင်နိုင်သည့် မည်သည့် လူသားထက်မဆိုလည်း ကြီးမြတ်သည်။ ထို့ကြောင့် သူကဲ့သို့ပင် လူ့ခန္ဓာအပြင်ပန်း ရှိကြသည့် သူများထဲတွင်၊ လူ့သဘာဝကို ပိုင်ဆိုင်ကြသည့် သူများထဲတွင်၊ သူတစ်ပါးတည်း သာလျှင် လူ့ဇာတိခံယူသည့် ဘုရားသခင် ကိုယ်တိုင်ဖြစ်ပြီး အခြားသူ အားလုံးမှာမူ ဖန်ဆင်းခံ လူသားများသာ ဖြစ်သည်။ ထိုသူအားလုံးတို့တွင် လူ့သဘာဝ ရှိကြသော်လည်း ဖန်ဆင်းခံ လူသားများသည် လူသားသာ ဖြစ်သည်၊ လူ့ဇာတိခံယူသော ဘုရားသခင်ကမူ ကွဲပြားခြားနားသည်၊ သူ၏ ဇာတိခန္ဓာထဲတွင် သူသည် လူ့သဘာဝ ရှိရုံသာမက ပိုအရေးကြီးသည်မှာ ဘုရား၏သဘောသဘာဝ ရှိနေခြင်း ဖြစ်သည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ "ဘုရားသခင် ကိန်းဝပ်သော ဇာတိခန္ဓာ၏ အနှစ်သာရ" မှ
ခရစ်တော်၏ ဘုရားသဘောသဘာဝမှာ လူသားအားလုံးတို့ အထက်၌ရှိသည်၊ ထို့ကြောင့် သူသည် ဖန်ဆင်းခံ အရာအားလုံးအထဲ၌ သြဇာအာဏာ အမြင့်ဆုံး ဖြစ်သည်။ ယင်းသြဇာအာဏာမှာ သူ၏ ဘုရားသဘောသဘာဝဖြစ်ပြီး ယင်းမှာ သူ၏ကိုယ်ပိုင်လက္ခဏာကို ဆုံးဖြတ်ပေးသည့် ဘုရားကိုယ်တိုင်၏ စိတ်သဘောထားနှင့် ဖြစ်ခြင်းပင် ဖြစ်သည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ "ခရစ်တော်၏ဂုဏ်ဒြပ်မှာ ကောင်းကင်ဘုံ၌ ရှိတော်မူသော အဖဘုရားသခင်၏ အလိုတော်ကိုဆောင်ခြင်း ဖြစ်သည်" မှ
ဘုရားသခင်သည် သန့်ရှင်း၍ စင်ကြယ်ပြီး စစ်မှန်၍ အမှန်တကယ် ဖြစ်သောကြောင့် သူ၏ ဇာတိခန္ဓာသည် ဝိညာဉ်မှ လာသည်။ ဤသည်မှာ တိကျသေချာပြီး သံသယဖြစ်စရာမရှိ။ ဘုရားသခင်ကို သက်သေခံနိုင်ရုံသာမကဘဲ ဘုရားသခင်၏ အလိုတော်ကိုလည်း လုံးလုံး ထမ်းဆောင်နိုင်သည်၊ ဤသည်မှာ ဘုရားသခင့် အနှစ်သာရ၏ ရှုထောင့်တစ်ရပ်ဖြစ်သည်။ လူ့ဇာတိသည် ဝိညာဉ်ထံမှ ပုံရိပ်တစ်ခုနှင့် လာသည်ဆိုခြင်းမှာ ဝိညာဉ်သည် မိမိကိုယ်မိမိ လွှမ်းခြုံထားသော ဇာတိခန္ဓာသည် လူသား၏ ဇာတိခန္ဓာ နှင့် အခြေခံအားဖြင့် ကွဲပြားခြားနားသည်ဟု ဆိုလိုပြီး ဤကွဲပြားခြားနားချက်သည် ၎င်းတို့၏ ဝိညာဉ်ထဲတွင် အဓိကအားဖြင့် တည်ရှိသည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ "အခန်း ၉" စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်သက်ဆိုင်သော နက်နဲမှုများ၏ အနက်ဖွင့်ဆိုချက် မှ
ဘုရား၏ ၀ိညာဉ်တော်က ဝတ်ဆင်သော ဇာတိသည် ဘုရား၏ ဇာတိပကတိဖြစ်သည်။ ဘုရား၏ ၀ိညာဉ်သည် အကြီးမြတ်ဆုံးဖြစ်သည်။ တန်ခိုး အလွန်ကြီးသည်။ သန့်ရှင်းမြင့်မြတ်သည်။ ဖြောင့်မတ်သည်။ ထိုနည်းတူစွာ သူ၏သွေးသားသည်လည်း အကြီးမြတ်ဆုံး ဖြစ်သည်။ တန်ခိုးအလွန်ကြီးသည်။ သန့်ရှင်းမြင့်မြတ်သည်။ ထိုသွေးသားသည် အမှန်တရား၊ လူသား အတွက် ကောင်းချီးမင်္ဂလာ ဖြစ်စေသောအရာ၊ သန့်ရှင်းသောအရာ၊ ဂုဏ်ရှိသောအရာနှင့် တန်ခိုး ကြီးသော အရာများကိုသာ ဆောင်ရွက်သည်။ အမှန်တရား၊ ကောင်းသောအကျင့်သီလနှင့် ဖြောင့်မတ် ခြင်းကို ချိုးဖေါက်သောအရာများကို မဆောင်ရွက်တတ်သည့်အပြင် ဘုရား၏ ၀ိညာဉ်တော်ကို သစ္စာဖောက်သည့် မည်သည့် အရာကိုမဆို မဆောင်ရွက်တတ်ပေ။ ဘုရား၏ ၀ိညာဉ်တော်သည် သန့်ရှင်းမြင့်မြတ်သောကြောင့် သူ၏သွေးသားစာရိတ္တပျက်ပြားအောင် စာတန် မစွမ်းဆောင်နိုင်ပေ။ ၀ိညာဉ်တော်၏ သွေးသားသည် လူ့သွေးသား နှင့် အတွင်းသဘာဝ မတူပေ။ စာတန်သည် ဘုရာ၏ သွေးသား စာရိတ္တပျက်ပြားအောင် ပြုလုပ်ရန် မစွမ်းချေ။ လူနှင့်ခရစ်တော်သည် တစ်နေရာတည်းတွ င် ရှိနေကြသည်မှန်သော်လည်း၊ လူသာလျှင် စာတန်၏ လွှမ်းမိုးခြင်း၊ အသုံးပြုခြင်းနှင့် ထောင်ချောက် ဆင်ဖမ်းခြင်းကို ခံရသည်။ ဆန့်ကျင်ဖက်အားဖြင့်၊ ခရစ်တော်မှာမူ စာတန်၏ စာရိတ္တဖျက်ဆီးခြင်းမှ ထာဝရ ကင်းလွတ်သည်။ အဘယ်ကြောင့်ဆိုသော် စာတန်သည် အမြင့်ဆုံးသောဘုရား စံမြန်းရာသို့ရောက်အောင် ဆန်တက် နိုင်စွမ်း မရှိသည့်အပြင် ဘုရားအပါးသို့ ချဉ်းကပ်နိုင်စွမ်းလည်း ဘယ်တော့မှရှိပေ။ ယနေ့သင်တို့အားလုံးနားလည် ရမည်မှာ ငါ့ကိုသစ္စာဖောက်သူများ ဖြစ်ကြသော လူသားများကသာ စာတန်၏စာရိတ္တဖျက်ဆီးခြင်းကို ခံရသည်။ ထိုပြဿနာသည် ခရစ်တော်အတွက် အကျုံးမဝင်ပေ။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ "ဆိုးရွားလှသော ပြဿနာ—သစ္စာဖေါက်ခြင်း (၂)" မှ
ဘာကြောင့်လဲဆိုရင် လူသားတွေဟာ တကယ်တော့ လူသားတွေပါပဲ။ လူတစ်ယောက်ရဲ့ အမြင့်နဲ့ ရှုထောင့်ကနေသာ အရာရာတိုင်းကို သူတို့ ကြည့်ရှုနိုင်တယ်။ ဒါပေမဲ့ လူ့ဇာတိခံယူထားတဲ့ ဘုရားသခင်က ဖောက်ပြန်ပျက်စီးတဲ့လူနဲ့ လုံးဝ မတူဘူး။ ဘုရားသခင်ရဲ့ လူ့ဇာတိက ဘယ်လောက်ပဲ သာမန်ဖြစ်ပါစေ၊ ပုံမှန်ဖြစ်ပါစေ၊ ဘယ်လောက်ပဲ နိမ့်ကျပါစေ ဒါမှမဟုတ် လူတွေက သူ့ကို ဘယ်လောက်တောင် အထင်သေးပါစေ၊ လူသားမျိုးနွယ်အပေါ် သူ့ရဲ့ အတွေးတွေနဲ့ သဘောထားတွေက ဘယ်လူမှ မပိုင်ဆိုင်နိုင်တဲ့ ဘယ်လူမှ မတုပနိုင်တဲ့ အရာတွေဖြစ်ပါတယ်။ လူသားမျိုးနွယ်ကို ဘုရားသဘောသဘာဝရဲ့ ရှုထောင့်ကနေ၊ ဖန်ဆင်းရှင်အနေနဲ့ သူ့ရဲ့နေရာရဲ့ အမြင့်ကနေ သူအမြဲတမ်း ကြည့်ရှုလေ့လာပါလိမ့်မယ်။ လူသားမျိုးနွယ်ကို ဘုရားသခင်ရဲ့ အနှစ်သာရနဲ့ တွေးတောပုံကနေတစ်ဆင့် သူအမြဲတမ်း ကြည့်ပါလိမ့်မယ်။ လူသားမျိုးနွယ်ကို သာမန်လူတစ်ယောက်ရဲ့အမြင့်၊ ဖောက်ပြန်ပျက်စီးတဲ့လူတစ်ယောက်ရဲ့ အမြင့်ကနေ သူလုံးဝ မကြည့်နိုင်ဘူး။ လူတွေက လူသားမျိုးနွယ်ကို ကြည့်တဲ့အခါမှာ လူသားရဲ့အမြင်နဲ့ သူတို့ကြည့်ကြတယ်။ အတိုင်းအတာတစ်ခုအနေနဲ့ လူသားရဲ့ အသိပညာ၊ လူသားရဲ့ စည်းမျဉ်းနဲ့ သီအိုရီလိုမျိုး အရာတွေကို အသုံးပြုကြတယ်။ ဒါဟာ လူတွေ သူတို့ရဲ့မျက်လုံးမှာ မြင်နိုင်တဲ့ နယ်ပယ်အတွင်းမှာဖြစ်ပါတယ်။ ဖောက်ပြန်ပျက်စီးတဲ့ လူတွေ ရရှိနိုင်တဲ့ နယ်ပယ်အတွင်းမှာဖြစ်တယ်။ ဘုရားသခင်က လူသားမျိုးနွယ်ကို ကြည့်တဲ့အခါမှာ ဘုရားရဲ့အမြင်နဲ့ သူကြည့်တယ်။ အတိုင်းအတာတစ်ခုအနေနဲ့ သူ့ရဲ့အနှစ်သာရနဲ့ သူ့ရဲ့ အရာအားလုံးနဲ့ဖြစ်ခြင်းကို အသုံးပြုတယ်။ ဒီနယ်ပယ်မှာ လူတွေ မမြင်နိုင်တဲ့အရာတွေ ပါဝင်တယ်။ ဒီနေရာမှာ လူ့ဇာတိခံယူတဲ့ ဘုရားသခင်နဲ့ ဖောက်ပြန်ပျက်စီးတဲ့လူသားတွေ လုံးဝ ကွဲပြားသွားပါတယ်။ ဒီကွဲပြားမှုက လူသားနဲ့ ဘုရားသခင်ရဲ့ မတူညီတဲ့ အနှစ်သာရအားဖြင့် ပိုင်းခြားသတ်မှတ်ပြီး သူတို့ရဲ့ ဝိသေသ လက္ခဏာတွေနဲ့ နေရာတွေ၊ အကြောင်းအရာတွေကို သူတို့မြင်တဲ့ အမြင်နဲ့ အမြင့်တို့ကို ပိုင်းခြားသတ်မှတ်တာက ဒီမတူညီတဲ့ အနှစ်သာရတွေပဲဖြစ်တယ်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ "ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် ၃" မှ
လူ့သဘာဝအတွင်း အလုပ်လုပ်သော သူတို့သည် ဘုရားသခင်၏ အသုံးပြုခြင်းခံရသော လူများဖြစ်သော်လည်း၊ ဘုရား၏ သဘောသဘာဝအတွင်း အလုပ်လုပ်သောသူမှာ ဘုရားသခင်ကို ကိုယ်စားပြု၏။ ဆိုလိုသည်မှာ၊ လူ့ဇာတိခံယူထားသော ဘုရားသခင်သည် ဘုရားသခင်၏ အသုံးပြုခြင်းခံရသော လူတို့နှင့် ခိုင်ခိုင်မာမာ ကွာခြားပေသည်။ လူ့ဇာတိခံယူထားသော ဘုရားသခင်သည် ဘုရားသဘောသဘာဝ၏အမှုကို လုပ်ဆောင်နိုင်ပြီး ဘုရားသခင်၏ အသုံးပြုခြင်းခံရသော လူတို့ကမူ မလုပ်ဆောင်နိုင်ကြပါ။ ခေတ်ကာလအသီးသီး၏အစတွင်၊ ဘုရားသခင်၏ဝိညာဉ်တော်သည် ခေတ်သစ်ကို အစပြုဖို့ရန်နှင့် လူကို အသစ်သောအစပြုရာအတွင်းသို့ ရောက်စေဖို့ ကိုယ်တိုင်ကိုယ်ကျ မိန့်မြွက်သည်။ သူ၏မိန့်မြွက်ခြင်း ပြီးဆုံးသောအခါ၊ ဤသည်မှာ သူ၏ဘုရားသဘောသဘာဝအတွင်းရှိ အမှုတော်ပြီးမြောက်ပြီဟူသည့် လက္ခဏာဖြစ်သည်။ ယင်းနောက်တွင်၊ လူအားလုံးတို့သည် မိမိတို့၏ အသက်တာအတွေ့အကြုံများအတွင်းသို့ ဝင်ရောက်ရန် ဘုရားသခင်၏ အသုံးပြုခြင်းခံရသောသူတို့၏ ဦးဆောင်မှုကို လိုက်နာကြလေသည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ "လူ့ဇာတိခံယူထားသော ဘုရားသခင်နှင့် ဘုရားအသုံးပြုသောလူတို့ကြား ပဓာနကျသည့် ကွာခြားချက်" မှ
လူ့ဇာတိခံယူသော ဘုရားသခင်သည် သာမန်လူသား စိတ်ကို ပိုင်ဆိုင်သော်ငြားလည်း၊ သူ၏ အလုပ်သည် လူသားအတွေးအခေါ်နှင့် ညစ်ညူးရောနှောနေခြင်း မရှိပါ၊ သူသည် စိတ်ရှိသော လူ့သဘာဝကို ပိုင်ဆိုင်ဖို့ လိုအပ်သောကြောင့်၊ သူသည် လူ့သဘာဝထဲမှ အလုပ်ကို သာမန်လူသား အတွေးအခေါ်များကို အသုံးချခြင်းဖြင့် မဟုတ်ဘဲ သာမန်စိတ်နှင့် လုပ်ဆောင်သည်။ သူ့ဇာတိခန္ဓာ၏ အတွေးအခေါ်များ မည်မျှပင် မြင့်မားနေပါစေ၊ သူ၏ အလုပ်၌ ယုတ္တိဗေဒ သို့မဟုတ် အတွေးအခေါ်၏ လက္ခဏာမရှိပါ။ တစ်နည်းဆိုရလျှင်၊ သူ၏ အလုပ်သည် သူ့ဇာတိခန္ဓာ၏ စိတ်အားဖြင့် သန္ဓေတည်လာခြင်း မဟုတ်ဘဲ၊ သူ၏ လူ့သဘာဝထဲရှိ ဘုရားသဘောသဘာဝ အလုပ်၏ တိုက်ရိုက် ဖော်ပြချက်ပင် ဖြစ်သည်။ သူ၏ အလုပ်အားလုံးသည် သူကျေပွန်အောင် ဆောင်ရွက်ရန် လိုအပ်သည့် သာသနာပင်ဖြစ်ပြီး၊ ထိုအရာတစ်ခုကမျှ သူ၏ဦးနှောက်အားဖြင့် သန္ဓေတည်လာခြင်း မဟုတ်ပါ။ ဥပမာအားဖြင့် နာမကျန်းသူကို ကျန်းမာစေခြင်း၊ နတ်ဆိုးများကို နှင်ထုတ်ခြင်းနှင့် ကားတိုင်တွင် အသေခံခြင်းတို့မှာ သူ၏ လူ့စိတ်နှင့်တွေးပြီး လုပ်သည့်အလုပ်များ မဟုတ်ပါ၊ ၎င်းအရာများကို လူသားစိတ်ရှိသည့် မည်သည့် လူသားမျှ ဖြစ်မြောက်အောင်မြင်အောင် လုပ်နိုင်မည် မဟုတ်ပေ။ ထိုနည်းတူစွာပင်၊ ယနေ့ကာလ၏ သိမ်းပိုက်ခြင်း အလုပ်သည် လူ့ဇာတိခံယူသော ဘုရားသခင်က ထမ်းဆောင်ရမည့် သာသနာဖြစ်ပြီး၊ ၎င်းမှာ လူသားဆန္ဒမှဖြစ်လာသော အလုပ် မဟုတ်ပါ၊ ၎င်းသည် သူ၏ဘုရားသဘောသဘာဝက လုပ်ဆောင်သင့်သည့် အလုပ်ဖြစ်ပြီး၊ မည်သည့် ဇာတိပကတိ လူသားများက မစွမ်းဆောင်နိုင်သည့် အလုပ်ဖြစ်သည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ "ဘုရားသခင် ကိန်းဝပ်သော ဇာတိခန္ဓာ၏ အနှစ်သာရ" မှ
ခေတ်ကာလများ တစ်လျှောက်တွင်၊ ဘုရားသခင်အသုံးပြုခဲ့သော လူအပေါင်းတို့သည် သာမန်အတွေးအခေါ်နှင့် အသိစိတ်တို့ကို လုပ်ဆောင်နိုင်သူများဖြစ်ကြသည်။ လူ့အမူအကျင့်၏ အခြေခံသဘောတရားကို ၎င်းတို့အားလုံး သိကြသည်။ ၎င်းတို့သည် သာမန်လူ့အတွေးအခေါ်များကို စွဲကိုင်ထားကြပြီး၊ ပုံမှန်လူတို့ ရှိထားသင့်သည့် အရာများအားလုံး ဆင်ယင်ထားကြသူများဖြစ်သည်။ ၎င်းတို့ထဲမှာ အများစုမှာ ထူးခြားသော ပါရမီနှင့် မွေးရာပါ ဉာဏ်ရည်ဉာဏ်သွေး ရှိကြ၏။ ဤလူတို့အပေါ် အလုပ်လုပ်ရာတွင်၊ ဘုရားသခင်၏ ဝိညာဉ်တော်သည် ဘုရားပေးထားသည့် ဆုကျေးဇူးများဖြစ်သော ၎င်းတို့၏ ပါရမီများကို ထိန်းချုပ်အသုံးပြုတော်မူလေသည်။ ဘုရားသခင်၏ အမှုတော်မြတ်၌ ၎င်းတို့၏ စွမ်းပကားများကို အသုံးပြုရင်း ဘုရားသခင်၏ ဝိညာဉ်တော်သည် ၎င်းတို့၏ပါရမီများကို ဆောင်ယူအသုံးပြုတော်မူသည်။ သို့သော်၊ ဘုရားသခင်၏ အနှစ်သာရမှာ စိတ်ကူးနှင့် အတွေးအခေါ်များ ကင်းလွတ်ပြီး၊ လူ့သား၏ရည်ရွယ်ချက်များနှင့် ရောနှောခြင်းမရှိဘဲ၊ ပုံမှန်လူတို့ ဆင်ယင်ထားသည့် အရာပင်လျှင် မရှိပါ။ တစ်နည်းဆိုရလျှင် လူ့အမူအကျင့်၏ အခြေခံသဘောတရားများဖြင့်ပင်လျှင် သူအကျွမ်းဝင်မှုမရှိဟု ဆိုရမည်ဖြစ်သည်။ ဤသည်မှာ ယနေ့၏ဘုရားသခင် ကမ္ဘာမြေပေါ်ကြွလာသောအခါ ဖြစ်သောပုံစံဖြစ်သည်။ သူ၏အမှုတော်နှင့် နှုတ်ကပတ်တော်များမှာ လူ့ရည်ရွယ်ချက်များ သို့မဟုတ် လူ့ထင်မြင်ချက်နှင့် ရောနှောခြင်း မရှိဘဲ ၎င်းတို့သည် ဝိညာဉ်တော်၏ ရည်ရွယ်ချက်များ၏ တိုက်ရိုက်သရုပ်သကန်တစ်ခု ဖြစ်ပြီး သူသည် ဘုရားသခင်ကိုယ်စား တိုက်ရိုက်အလုပ်လုပ်လေသည်။ ဤသည်မှာ ဝိညာဉ်တော်သည် တိုက်ရိုက်ပြောဆိုသည်ဟု အဓိပ္ပာယ်ရသည်၊ ဘုရားသဘောသဘာဝသည် အမှုကို တိုက်ရိုက်ပြုသောကြောင့် ထိုအရာသည် လူသား၏ ရည်ရွယ်ချက်များနှင့် အနည်းငယ်မျှပင် ရောစပ်ခြင်းမရှိဟု ဆိုလိုသည်။ တစ်နည်းဆိုရလျှင် ဘုရား၏သဘောသဘာဝကို တိုက်ရိုက်သရုပ်ထင်စေသော လူ့ဇာတိခံယူထားသည့် ဘုရားသခင်သည် လူ့အတွေးအခေါ် သို့မဟုတ် စိတ်ကူးများမရှိသလို လူ့အမူအကျင့်၏ အခြေခံသဘောတရားများကိုလည်း နားလည်သဘောပေါက်မှုမရှိခြင်း ဖြစ်သည်။ ဘုရား၏သဘာသဘာဝ တစ်ခုတည်းကသာ အမှုပြုခဲ့သည်ဆိုလျှင် (အဓိပ္ပာယ်မှာ ဘုရားသခင် ကိုယ်တော်တိုင်ကသာ အမှုပြုခဲ့သည်ဆိုလျှင်)၊ ကမ္ဘာမြေပေါ်၌ ဘုရားအမှုတော်ကို လုပ်ဆောင်ဖို့ရန်အတွက် နည်းလမ်းရှိခဲ့လိမ့်မည် မဟုတ်ပေ။ ထို့ကြောင့်၊ ဘုရားသခင် ကမ္ဘာမြေပေါ်ကြွလာသောအချိန်တွင် ဘုရား၏သဘောသဘာဝထဲ၌ ဘုရားသခင်ပြုသောအမှုနှင့် ယှဉ်လျက် လူ့သဘာဝအတွင်း အလုပ်လုပ်ဖို့ရန် သူအသုံးပြုလေ့ရှိသည့် အရေအတွက်နည်းပါးသော လူများရှိရမည် ဖြစ်သည်။ တစ်နည်းအားဖြင့်၊ ဘုရားသခင်သည် မိမိ၏ ဘုရားသဘောသဘာဝအလုပ်ကို ထောက်မဖို့ရန်အတွက် လူသားအလုပ်ကို အသုံးပြုခြင်းဖြစ်သည်။ သို့မဟုတ်လျှင်၊ လူအတွက် ဘုရားသဘောသဘာဝ၏ အလုပ်နှင့် တိုက်ရိုက်ထိတွေ့လာနိုင်ရန် နည်းလမ်းရှိလိမ့်မည်မဟုတ်ပေ။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ "လူ့ဇာတိခံယူထားသော ဘုရားသခင်နှင့် ဘုရားအသုံးပြုသောလူတို့ကြား ပဓာနကျသည့် ကွာခြားချက်" မှ
အသုံးပြုခြင်း ခံရသော လူသားတို့၏ အလုပ်သည်လည်း သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်ပင်ဖြစ်သည်။ ဘုရားသခင်၏ အလုပ်သည် သန့်ရှင်းသော ဝိညာဉ်တော်၏ ပြီးပြည့်စုံသော ဖော်ပြချက်သာဖြစ်ပြီး ကွဲပြားခြားနားမှု မရှိပေ။ တစ်ဖက်တွင် အသုံးပြုခြင်းခံရသော လူသားတို့၏အလုပ်သည် လူ့အမှုအရာများစွာနှင့် ရောနှောနေပြီး ပြီးပြည့်စုံသော ဖော်ပြချက်ကို မဆိုထားနှင့် သန့်ရှင်းသော ဝိညာဉ်တော်၏ တိုက်ရိုက်ဖော်ပြချက်ပင် မဟုတ်ပေ။… သန့်ရှင်းသောဝိညာဉ်တော်သည် အသုံးပြုခြင်းခံရသော လူတို့အပေါ် အလုပ်လုပ်စဉ်တွင် သူတို့၏ပါရမီများနှင့် သူတို့၏ အရည်အချင်းအစစ်အမှန် နှစ်ခုစလုံးသည် ချန်လှပ်ထားခြင်းမခံရဘဲ ပေါ်လွင်လာသည်။ သူတို့၏ အရည်အချင်း အစစ်အမှန်အားလုံးသည် အလုပ်ကို ထောက်မစိမ့်သောငှာ အသုံးပြုခြင်းခံရသည်။ လက်တွေ့ကျသော ရလဒ်များကိုရရှိရန်အလို့ငှာ လူသားတွင်ရှိသော သုံးနိုင်သည့် အစိတ်အပိုင်းများအားလုံးကို အသုံးပြုခြင်းဖြင့် သူအလုပ်လုပ်သည်ဟုဆိုနိုင်ပါသည်။ ဆန့်ကျင်ဘက်အနေဖြင့် ခံယူထားသော လူ့ဇာတိထဲတွင် ပြုလုပ်သောအလုပ်သည် ဝိညာဉ်တော်၏အလုပ်ကို တိုက်ရိုက်ဖော်ပြရန် ဖြစ်ပြီး၊ ထိုအလုပ်သည် လူသား၏စိတ်၊ အတွေးများနှင့် ရောနှောခြင်းမရှိ၊ လူသား၏ပါရမီများ၊ လူသား၏ အတွေ့အကြုံ သို့မဟုတ် လူသား၏ မွေးရာပါအခြေအနေများဖြင့် လက်လှမ်းမီနိုင်ခြင်း မရှိပေ။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ "ဘုရားသခင်၏ အလုပ်နှင့် လူသား၏အလုပ်" မှ
သန့်ရှင်းသော ဝိညာဉ်တော်က အသုံးပြုသူ မဟုတ်လျှင် ဇာတိပကတိ၌ နေထိုင်သူ အဘယ်သူမျှ ဘုရားသခင်ကို တိုက်ရိုက် ကိုယ်စားမပြုနိုင်။ သို့သော် သန့်ရှင်းသော ဝိညာဉ်တော်က အသုံးပြုသောသူ ပင်လျှင် ၎င်း၏စိတ်သဘောထားနှင့် အသက်ရှင်နေထိုင်မှုတို့သည် ဘုရားသခင်ကို လုံးဝ ကိုယ်စားပြုသည်ဟု မဆိုနိုင်။ ၎င်း၏ အသက်ရှင်နေထိုင်မှုကို သန့်ရှင်းသော ဝိညာဉ်တော်က လမ်းပြသည်ဟုသာ ဆိုနိုင်သည်။ ထိုသို့သော လူသား၏ စိတ်နေသဘောထားသည် ဘုရားသခင်ကို ကိုယ်စားမပြုနိုင်ပါ။
…
… လူသားသည် စာတန်၏ ပြယုဂ်ဖြစ်ပြီး လူသား၏ စိတ်နေသဘောထားသည် ဘုရားသခင်၏ စိတ်နေ သဘောထားကို ကိုယ်စားမပြုနိုင်ပါ။ လူအချို့သည် အကျင့်ကောင်းကြ၏။ ထိုသူတို့၏ အကျင့်စာရိတ္တမှ တစ်ဆင့် ဘုရားသခင်သည် အမှုအချို့ ဆောင်ရွက်ကောင်း ဆောင်ရွက်နိုင်ပြီး၊ ထိုသူတို့ ပြုသောအမှုကို သန့်ရှင်းသော ဝိညာဉ်တော်က လမ်းပြခြင်းဖြစ်သည်။ သို့သော် ထိုသူတို့၏ စိတ်နေသဘောထားသည် ဘုရားသခင်ကို ကိုယ်စားမပြုနိုင်ပါ။ ထိုသူတို့အပေါ် ဘုရားသခင်၏ အမှုသည် အတွင်းတွင် ရှိပြီးသား အရာနှင့်သာ လုပ်ကိုင်၍ ချဲ့ထွင်ခြင်းဖြစ်သည်။ ပရောဖက်များဖြစ်စေ၊ အတိတ်ကာလများက ဘုရားသခင် အသုံးပြုခဲ့သော လူသားများဖြစ်စေ၊ မည်သူမျှ သူ့ကို တိုက်ရိုက်ကိုယ်စားမပြုနိုင်။… အပြစ်သဘောရှိသော လူသားသည် ဘုရားသခင်ကို ကိုယ်စား မပြုနိုင်ကြောင်းနှင့် လူသား၏အပြစ်သည် စာတန်ကို ကိုယ်စားပြုကြောင်း သက်သေပြရန်။ အပြစ်သည် ဘုရားသခင်ကို ကိုယ်စားပြုခြင်းမရှိ၊ ဘုရားသခင်သည် အပြစ်မဲ့သည်ဟု ဆိုလိုသည်။ သန့်ရှင်းသော ဝိညာဉ်တော်က လူသား၌ ဆောင်ရွက်ခဲ့သည့် အမှုပင်လျှင် သန့်ရှင်းသော ဝိညာဉ်တော်၏ လမ်းပြမှုကြောင့်ဟုသာ ယူဆနိုင်ပြီး လူသားက ဘုရားသခင်ကိုယ်စား ဆောင်ရွက်ခဲ့ခြင်းဟု မဆိုနိုင်ပါ။ သို့သော် လူသားနှင့်ပတ်သက်၍ ၎င်း၏အပြစ်သော်လည်းကောင်း၊ ၎င်း၏ စိတ်နေသဘောထားသော် လည်းကောင်း၊ ဘုရားသခင်ကို ကိုယ်စားပြုခြင်းမရှိ။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ "ဖောက်ပြန်ပျက်ဆီးသော လူသားသည် ဘုရားသခင်ကို ကိုယ်စားပြုခြင်းငှာ မတတ်စွမ်းနိုင်" မှ
များပြားသောအကြံပြုချက်များ အနန္တတန်ခိုးရှင် ဘုရားသခင်- မေရှိယ၏ ကြွလာခြင်း
No comments:
Post a Comment