ဘာသာရေးလောကရှိ လူအများစုတို့က သမ္မာကျမ်းစာသည် ခရစ်ယာန်ဘာသာ၏ နိယာမပြဌာန်းချက်ဖြစ်သည်ဟု လည်းကောင်း၊ သခင့်ကို ယုံကြည်သူသည် သမ္မာကျမ်းစာကို ဖတ်တွယ်၍ သခင့်အပေါ် ၎င်း၏ယုံကြည်မှုသည် သမ္မာကျမ်းစာကို လုံးဝဥဿုံ မှီငြမ်းရမည်ဟုလည်းကောင်း၊ သမ္မာကျမ်းစာမှ သွေဖည်သွားလျှင် ယုံကြည်သူဟူ၍ ခေါ်ဆိုမရနိုင်ဟုလည်းကောင်း ယုံကြည်ထားကြသည်။ ထို့ကြောင့် သခင့်ကိုယုံကြည်ခြင်း နှင့် သမ္မာကျမ်းစာကို ယုံကြည်ခြင်းတို့သည် တူညီလေမည်လား။ သမ္မာကျမ်းစာနှင့် သခင်တို့ကြားဆက်နွယ်မှုသည် တိတိကျကျမည်သို့ဖြစ်သနည်း။ သခင်ယေရှုသည် ဖာရိရှဲတို့အား ၎င်းစကားတို့ဖြင့် တစ်ခါဆုံးမဖူးလေသည် "ကျမ်းစာအားဖြင့် ထာဝရအသက်ကိုရမည်ဟု စိတ်ထင်နှင့် သင်တို့သည် ကျမ်းစာကို စေ့စေ့ကြည့်ရှုကြ၏။ ထိုကျမ်းစာပင် ငါ၏သက်သေဖြစ်၏။ သင်တို့သည် အသက်ကိုရအောင် ငါ့ထံသို့ လာခြင်းငှါအလိုမရှိကြ။" (ရှင်ယောဟန်ခရစ်ဝင် ၅:၃၉ - ၄၀) သမ္မာကျမ်းစာသည် ဘုရားသခင်၏ သက်သေခံမျှသာဖြစ်သော်လည်း ယင်းထဲတွင် ထာဝရအသက် မပါဝင်ပေ။ ဘုရားသခင်သာလျှင် သမ္မာတရားဖြစ်သည်။ လမ်းခရီးဖြစ်သည်။ အသက်ဖြစ်သည်။ ယင်းကိစ္စတွင် သမ္မာကျမ်းစာကို ဘုရားသခင်၏ အလိုတော်နှင့် ကိုက်ညီစွာ မည်သို့ကြည့်ကြမည်နည်း။
သမ္မာကျမ်းစာ၏ နက်နဲမှုများအကြောင်းကို ပို၍ လေ့လာပါ
Myanmar Gospel Movie (ကျွန်တော့်သခင် ဘယ်သူလဲ) | Clarifying the Connection Between the Bible and God
No comments:
Post a Comment