菜單

မူလစာမျက်နှာ သတင်းအချက်အလက် အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ စွဲကိုင်ထားသူ လွတ်လပ်မှန်ကန်တဲ့လူ့အခွင့်အရေး ကယ်တင်ရှင်ပြန်ကြွလာပြီ ဧဝံဂေလိတရားတော် ကောင်းကင်နိုင်ငံတော်သီချင်း အမှန်တရားကို ဖေါ်ထုတ်ခြင်း နိုင်ငံတော် ချီးမွမ်းခြင်း တေးဂီတ ဘုရားသခင်၏ နှုတ်ကပတ်တော်များ ဖတ်ကြားခြင်းများ
Showing posts with label myanmar christian music. Show all posts
Showing posts with label myanmar christian music. Show all posts

12/06/2018

Myanmar Gospel Song 2018 လူသားများ အစဉ်မပြတ်အသက်ရှင်နိုင်ဖို့ ဘုရားမျှော်လင့်

I
လူဟာ ညစ်ညမ်းမှုနဲ့ပြည့်နှက်၍ နာခံမှုကင်းမဲ့သောအခါ
ဘုရား သူ၏ပညတ်ချက်နှင့်အနှစ်သာရအတိုင်း
လူတို့ကို ဖျက်ဆီးခဲ့ရသည်
လူတို့ သူ့ကို ဆန့်ကျင်ကြသဖြင့် ဘုရား လူကို စက်ဆုပ်ရွံရှာ
သို့သော် သူသည် (လူတို့ကို) ဖျက်ဆီးခဲ့ချိန်
သူ၏ စိတ်နှလုံးသား မပြောင်းလဲဘဲ၊
ကရုဏာတော် ဆက်လက်ရှိနေခဲ့
ဘုရား လူသားကို သနားတော်မူ၍
နည်းလမ်းမျိုးစုံဖြင့် ရွေးနုတ်ကယ်တင်လို
သို့ပေမဲ့ ဘုရားရဲ့ကယ်တင်ခြင်းကို ငြင်းပယ်ကာ
လူသားများ မနာခံဘဲနေခဲ့
ဘုရား မည်သို့ ကြေညာသတိပေးခဲ့ပါစေ
မည်သို့ ထောက်ပံ့ကူညီခဲ့ပါစေ
လူသားတွေ နားမလည်၊ တန်ဖိုးမထားခဲ့ကြ
ထို့ကြောင့် ဘုရားသခင် အလွန်သည်းခံလျက်
လူသားတွေ လှည့်လာဖို့ နာကျင်စွာ စောင့်မျှော်နေခဲ့
သူ၏သတ်မှတ်ချိန်စေ့သော် ပြုမူမည့်အမှုကို ပြုခဲ့
ဖျက်စီးရန် ဘုရားသခင်ကြံစည်ခဲ့ချိန်မှ သူ့အစီအ စဉ်စတင်ချိန်ထိ
လူသားများ ပြန်လှည့်လာရတော့မည့်ကာလ ဖြစ်ခဲ့
ဒါ ဘုရား ပေးအပ်တော်မူသော နောက်ဆုံးအခွင့်အရေးဖြစ်ခဲ့
ဒါ ဘုရား ပေးအပ်တော်မူသော နောက်ဆုံးအခွင့်အရေးပင်၊
ဒါ ဘုရား လူကို ပေးအပ်တော်မူသော နောက်ဆုံးအခွင့်အရေးဖြစ်ခဲ့

ခရစ်ယာန်သီချင်း (ဘုရား လူ့အဖြစ်ခံယူမှသာ လူသားများ ဘုရားနှင့်ရင်းနှီးသူဖြစ်နိုင်)


ခရစ်ယာန်သီချင်း (ဘုရား လူ့အဖြစ်ခံယူမှသာ လူသားများ ဘုရားနှင့်ရင်းနှီးသူဖြစ်နိုင်)


I

ဘုရားသခင် မိမိကိုယ်ကို နိမ့်ချလာတော့မ
ဆိုရသော် လူ့အဖြစ်ခံယူကာ လူသားတို့နဲ့ နေထိုင်
ထိုအခါ လူသားများ ဘုရားနှင့်ရင်းနှီးသူဖြစ်နိုင်
ထိုအခါ လူသားများ ဘုရားရဲ့ရင်းနှီးသောမိတ်ဆွေဖြစ်လာနိုင်
လူဟာ ဘုရားနှင့်ရင်းနှီးသူဖြစ်ခွင့် ဘယ်လိုရှိမလဲ
ချီးမြောက်ခြင်းခံရ၍ နားလည်ရခက်သော
ဘုရားသခင်ဟာ နံဝိညာဉ်ဖြစ်သောချိန်
ဖန်ဆင်းခံလူသားအသွင် လူ့ဇာတိဖြင့်သာ
လူသားများ အလိုတော် သိနားလည်ပြီး
ဘုရားသခင်ရဲ့သိမ်းယူခြင်းခံရ
လူ့ဇာတိဖြင့် ဘုရားသခင် စကားပြော၍ အမှုတော်ဆောင်ရွက်နေ
လူသားရဲ့ဝမ်းမြောက်ခြင်း၊ ပူဆွေးခြင်းနဲ့ ဆင်းရဲဒုက္ခ မျှဝေခံစား
လောကမှာ အသက်ရှင်ရင်း လူသားတို့ကို ကွယ်ကာ လမ်းပြပေးနေ
ဘုရားရဲ့ကောင်းချီးနဲ့ကယ်တင်ခြင်းရဖို့ လူသားများကို သန့်ရှင်းပါစေ
လူဟာ ဘုရားနှင့်ရင်းနှီးသူ ဖြစ်ခွင့် ဘယ်လိုရှိမလဲ
ချီးမြောက်ခြင်းခံရ၍ နားလည်ရခက်သော
ဘုရားသခင်ဟာ နံဝိညာဉ်ဖြစ်သောချိန်
ဖန်ဆင်းခံလူသားအသွင် လူ့ဇာတိဖြင့်သာ
လူသားများ အလိုတော် သိနားလည်ပြီး ဘုရားသခင်ရဲ့သိမ်းယူခြင်းခံရ

12/05/2018

Myanmar Christian Song 2018 (ဘုရားသခင်ကို သိကျွမ်းခြင်း အကျိုးရလဒ်)


I

ဖန်ဆင်းရှင်ဟာ ပဟေဠိတစ်ပုဒ် မဟုတ်တော့တာ
(တစ်နေ့ သင်သိလာမယ်)
်ဖန်ဆင်းရှင်ဟာ ဘယ်တော့မှ မပုန်းကွယ်၊
(မျက်နှာတော်လည်း ဘယ်တော့မှ သင့်ဆီက မဖုံးကွယ်)
သင်နဲ့ လုံးဝ ဝေးတော်မမူ
သင် နေ့ညမပြတ် တမ်းတရမယ့်သူ၊ ခံစားချက်များနဲ့
သူ့ဆီ မရောက်ရှိနိုင်သူ မဟုတ်တော့ပါ
်သူဟာ သင့်အနားမှာ အမှန်ပင် စောင့်ရှောက်ရပ်တည်ကာ
သင့်ဘဝကို ထောက်မလို့ ကံကြမ္မာကို ပဲ့ပင်ထိန်းကျောင်းနေတာ
သူသည် မိုးကုပ်စက်ဝိုင်းထိ မဝေးကွာ၊ မိုးတိမ်ကြားထဲ ပုန်း၍မနေ
သူသည် သင့်အနားမှာ ရှိတယ်၊ သင့်ရဲ့အရာအားလုံး အုပ်စိုးနေ
သူဟာ သင့်ရဲ့အရာခပ်သိမ်း၊ တစ်ပါးတည်းသော အရှင်

12/02/2018

Myanmar Gospel Crosstalk 2018 (စကားစမြည်ပြောဆိုခြင်း − "ငါးဖမ်း"သွားရန်အစီအစ) မြန်မာ အပြန်အလှန်


ကျိုးကျိယုန်သည် ဧဝံဂေလိတရားကို ဝေမျှသည့်အတွက် တရုတ်ကူမြူနစ်ပါတီရဲဌာနမှ ဖမ်းဆီးခြင်းခံရသည့် ခရစ်ယာန်ဘာသာဝင်တစ်ဉီးဖြစ်သည်။ လဝက်နီးပါးခန့် ရက်စက်စွာညှင်းပန်းနှိပ်စက်ခြင်းခံရပြီးနောက်၊ ၎င်းတို့၏ စစ်ကြောမေးမြန်းမှုများမှ ၊ မည့်သည့်ရလဒ်မျှ မရရှိခဲ့သောအခါ ၊ တရုတ်ကူမြူနစ်ပါတီအစိုးရက သူ့အားရုတ်တရက်လွှတ်ပေးလိုက်သည်။ ထိုနေရာဆိုးမှ ထွက်ခွာရသည်ကို ကျိုးကျိယုန် တိတ်တဆိတ် ဝမ်းမြောက်နေခဲ့သည်။ သို့သော်လည်း၊ သူ၏ ညီအစ်ကို ညီအစ်များနှင့်တွေ့ဆုံရန် အသင့်ပြင်ဆင်နေစဉ် အခိုက်မှာပင် ၊ ထူးဆန်းသောအဖြစ်အပျက် တစ်ခုပြီးတစ်ခုဖြစ်လာခဲ့သည်… နောက်ဆုံးတစ်နေ့၌၊ သူ့အားရဲဌာနမှ ထပ်မံဖမ်းဆီးခဲ့သည့်အခါမှသာ၊ အဖြစ်မှန်ကို အပြည့်အစုံ သိရှိသွားတော့သည်။ ထိုကာလအတောအတွင်း တရုတ်ကူမြူနစ်ပါတီရဲဌာနက၊ ငါးကြီးတစ်ကောင်ကို ဖမ်းရန်အတွက် ၊ သူ့အားငါးစာအဖြစ်သုံး၍ ငါးမျှားတံရှည်ဖြင့် တစ်ချိန်လုံးမျှားခေါ်ခဲ့ခြင်းဖြစ်သည်။ တရုတ်ကူမြူနစ်ပါတီ၏ ဘုရားသခင်ကို ဆန့်ကျင်တွန်းလှန်သည့် ဆိုးယုတ်သော သဘောသဘာဝကို ကျိုးကျိယုန်သည် ထောင်သုံးနှစ်စီရင်ချက်ကျခဲ့ခြင်းဖြင့် ပိုမိုနက်နဲစွာသဘောပေါက်သွားခဲ့သည့်အပြင်၊ ၎င်းတို့အား လွန်စွာမုန်းတီးစပြုလာခဲ့သည်။ သမ္မာတရားကိုဆာလောင်မွတ်သိပ်လျက် အလင်းရောင်ကိုပို၍ပင် တမ်းတလာခဲ့ပြီး၊ ရှေ့လမ်းခရီးတွင် အခက်အခဲမည်မျှရှိစေကာမူ ၊ ဘုရားသခင်နောက်သို့လမ်းဆုံးတိုင်လိုက်သွားမည်ဟု စိတ်ပိုင်းဖြတ်ခဲ့သည်။

များပြားသောအကြံပြုချက်များ

Myanmar Christian Music (အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ စွဲကိုင်ထားသူ) Power of God [Documentary]


11/27/2018

ကိုယ်တော်ရှင် ပြန်လည်ကြွရောက်ပြီးမိန့်ဆိုသည်ကို ကြားရတဲ့အတွက် ခရစ်ယာန်ဘာသာဝင်တွေဟာ နိုးထလာကြပါပြီ


သခင်ယေရှုက "နား​ထောင်​လော့။ ငါသည်တံခါးရှေ့မှာရပ်၍ ခေါက်လျက်နေ၏။ အကြင်သူသည် ငါ၏အသံကို ကြား၍တံခါးကိုဖွင့်အံ့၊ ထိုသူရှိရာသို့ငါဝင်၍ သူနှင့်အတူ စားသောက်မည်။ သူသည်လည်းငါနှင့်အတူ စားသောက်ရလိမ့်မည်။” (ဗျာဒိတ်ကျမ်း ၃:၂၀) ယခုနှစ်များအတွင်းမှာ အနန္တတန်ခိုးရှင်ဘုရားသခင်အသင်းတော်ဟာ သခင်ယေရှု ပြန်လည်ကြွရောက်နေပြီဖြစ်ကြောင်းနဲ့ နောက်ဆုံးသောကာလ တရားစီရင်ခြင်းအမှုကို ဆောင်ရွက်ဖို့အတွက် ကိုယ်တော်ဟာ နှုတ်ကပတ်တော်တွေကို မိန့်ဆိုထားကြောင်း မပြတ်တမ်း သက်သေခံထားပါတယ်။ ဘာသာရေးအသိုင်းအဝိုင်းက သင်းအုပ်ဆရာတွေ၊ သင်းထောက်တွေကတော့ ဘုရားရဲ့သိုးတွေကို ကာကွယ်ဟန်ပြုပြီး၊ ယုံကြည်သူတွေကို စစ်မှန်သောလမ်းကို မစူးစမ်းမရှာဖွေအောင်၊ ဘုရားရဲ့အသံတော်ကို မကြားအောင် ပိတ်ဆို့ဖို့ အစွမ်းကုန်ကြိုးစားကြတယ်။ ဒီကိစ္စကို ချဉ်းကပ်ရာမှာ ခရစ်ယာန်ဘာသာဝင်တွေအနေနဲ့ ဘယ်လိုရွေးချယ်မှုကို ပြုကြမှာလဲ။

များပြားသောအကြံပြုချက်များ

Myanmar Christian Music (အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ စွဲကိုင်ထားသူ) Power of God [Documentary]

11/24/2018

ခရစ်ယာန် နှုတ်ကပတ်တော် ဓမ္မသီချင်း (လူအပေါ် ဘုရားအချစ် ကြီးမြတ်တော်မူ)


ခရစ်ယာန် နှုတ်ကပတ်တော် ဓမ္မသီချင်း (လူအပေါ် ဘုရားအချစ် ကြီးမြတ်တော်မူ)


I

သမ္မာကျမ်းစာထဲက ဖော်ပြချက် “အာဒံသို့ ဘုရား၏ပညတ်”

စိတ်လှုပ်ရှား ကြည်နူးဖွယ်လည်းဖြစ်ပေ

ဖော်ပြရေးသားချက်တွင် ပါဝင်တဲ့ လူနဲ့ဘုရားတို့ရဲ့

အလွန်ပြေပြစ်နက်ရှိုင်းလွန်းတဲ့ ဤနှစ်ကိုယ်ကြား

ဆက်ဆံရေးတို့လည်း

လေးစားအံ့ဖွယ် ကျွန်ုပ်တို့စတင်ခံစားစေတယ်…

11/16/2018

အနန္တတန်ခိုးရှင် သက်ပြင်းချတော်မူခြင်း

Myanmar Christian Music, ဆုတောင်း, သမ္မာတရား, ဘုရားသခင်, ဆုတောင်း


သင်၏စိတ်နှလုံးထဲ၌ အလွန်ကြီးမားသောလျှို့ဝှက်ချက်တစ်ခုရှိ၍ သင်သည် အလင်းကင်းမဲ့သောလောကထဲ၌ အသက်ရှင်နေထိုင်နေသည့်အတွက်ကြောင့် ၎င်းကို မည်သည့်အခါမျှ သတိမမူမိခဲ့ချေ။ သင်၏စိတ်နှလုံးနှင့် ဝိညာဉ်သည် ဆိုးယုတ်သောသူ၏ ဆွဲလုခြင်းကို ခံခဲ့ရ၏။ သင်၏မျက်လုံးများသည် မှောင်မိုက်၏ဖုံးကွယ်ခြင်းကို ခံရပြီး သင်သည် ကောင်းကင်မှနေလုံးကိုသာမက ညအခါ မှိတ်တုတ်မှိတ်တုတ်လင်းသောကြယ်ကိုလည်း မြင်နိုင်ခြင်း မရှိပေ။ သင်၏နားများမှာ လိမ်လည်လှည့်ဖြားသောစကားများဖြင့် ပိတ်ဆို့ခြင်းကိုခံရပြီး သင်သည် ယေဟောဝါ၏မြည်ဟည်းသောအသံကိုသာမက ပလ္လင်တော်မှ စီးဆင်းသောရေတို့၏အသံကိုလည်း မကြားရချေ။ သင်သည် တရားသဖြင့်ပိုင်ဆိုင်သမျှ၊ သင့်အပေါ် အနန္တတန်ခိုးရှင် ပေးအပ်သောအရာမှန်သမျှကို ဆုံးရှုံးခဲ့လေပြီ။ ကယ်မရန် တန်ခိုးမရှိ၊ ဆက်လက်ရှင်သန်ရန် မျှော်လင့်ချက်မရှိဘဲ အဆုံးမဲ့ဒုက္ခပင်လယ်တစ်ခုသို့ သင်ဝင်ရောက်ခဲ့ပြီး သင်ပြုသမျှမှာ ရုန်းကန်ခြင်းနှင့် အလောတကြီးလုပ်ဆောင်ခြင်းသာ ဖြစ်၏။ ယင်းအခိုက်အတန့်မှအစပြု၍ သင်သည် ဆိုးယုတ်သောသူ၏ဖိစီးနှိပ်စက်ခြင်းကိုခံရန်၊ အနန္တတန်ခိုးရှင်၏ကောင်းချီးမင်္ဂလာများနှင့် ဝေးကွာစေရန်၊ အနန္တတန်ခိုးရှင်၏ထောက်ပံ့မှုများနှင့် အလှမ်းဝေးစေရန်၊ ပြန်လမ်းမရှိသောလမ်းမတစ်ခု၌ လျှောက်လှမ်းစေရန် ပျက်စီးကိန်းသို့ရောက်ခဲ့၏။ အကြိမ်တစ်သန်း ခေါ်တော်မူခြင်းမှာ သင်၏စိတ်နှလုံးနှင့်ဝိညာဉ်ကို အနည်းငယ်မျှနှိုးဆွနိုင်ခြင်းမရှိပေ။ သင်သည် လမ်းညွှန် သို့မဟုတ် လမ်းပြအမှတ်အသားများမရှိသော အကန့်အသတ်မဲ့နယ်ပယ်တစ်ခုထဲသို့ သင့်အား သွေးဆောင်ခဲ့သည့် ဆိုးယုတ်သောသူ၏လက်ထဲ၌ နှစ်ခြိုက်စွာအိပ်စက်လေ၏။ ထိုအချိန်မှစ၍နောင်တွင် သင်သည် သင်၏မူလအပြစ်ကင်းစင်ခြင်းနှင့် သန့်ရှင်းခြင်းကို ဆုံးရှုံးခဲ့ရပြီး အနန္တတန်ခိုးရှင်၏စောင့်ရှောက်ခြင်းကို စတင်ရှောင်ရှားခဲ့၏။ သင်၏စိတ်နှလုံးအတွင်း၌ ဆိုးယုတ်သောသူသည် ကိစ္စအားလုံး၌ သင့်ကို ပဲ့ကိုင်ပြီး သင်၏အသက်ဖြစ်လာခဲ့သည်။ သင်သည် သူ့ကို ကြောက်ရွံ့ခြင်း၊ ရှောင်တိမ်းခြင်း သို့မဟုတ် သံသယဖြစ်ခြင်း မရှိတော့ဘဲ သင်၏စိတ်နှလုံးထဲ၌ သူ့ကို ဘုရားသခင်အဖြစ် သဘောထားသည်။ သင်သည် သူ့ကို စတင်ကာ ရိုသေကိုင်းရှိုင်းခြင်း၊ ကိုးကွယ်ခြင်းပြု၍ သင်တို့နှစ်ဦးသည် သေခြင်းတရား၌ စိတ်နှစ်မြှုပ်သကဲ့သို့ အသက်ရှင်ခြင်း၌လည်း စိတ်နှစ်မြှုပ်ကာ ခန္ဓာကိုယ်နှင့် အရိပ်ကဲ့သို့ တစ်ပူးတွဲတွဲ ဖြစ်လာလေ၏။ သင်သည် မည်သည့်နေရာမှလာခဲ့ကြောင်း၊ အဘယ်ကြောင့် မွေးဖွားလာခဲ့ကြောင်း သို့မဟုတ် အဘယ်ကြောင့် သေဆုံးမည်ဖြစ်ကြောင်းကို လုံးဝမသိချေ။ သင်သည် အနန္တတန်ခိုးရှင်ကို သူစိမ်းတစ်ဦးကဲ့သို့ သဘောထား၏၊ သင့်အတွက် သူလုပ်ပေးခဲ့သည့်အရာအားလုံးကို သိရန်မဆိုထားနှင့် သူ၏ဇာစ်မြစ်များကိုပင် သင်မသိပေ။ သူ့ထံမှ လာသမျှသည် သင့်အတွက် မုန်းတီးဖွယ် ဖြစ်လာ၏၊ သင်သည် ၎င်းကို ချစ်ခင်မြတ်နိုးခြင်း မရှိသကဲ့သို့ ၎င်း၏တန်ဖိုးကိုလည်း မသိချေ။ သင်သည် အနန္တတန်ခိုးရှင်၏ထောက်ပံ့ခြင်းကို လက်ခံရရှိခဲ့သည့်နေ့မှအစပြု၍ ဆိုးယုတ်သောသူနှင့်တွဲဖက်၍ လျှောက်လှမ်းလေ၏။ သင်သည် ဆိုးယုတ်သောသူနှင့်အတူ မိုးသက်လေပြင်းများနှင့် မုန်တိုင်းများကို နှစ်ထောင်ပေါင်းများစွာ ကြံ့ကြံ့ခံခဲ့ပြီး သင်၏အသက်အရင်းအမြစ်ဖြစ်သော ဘုရားသခင်ကို သူနှင့်အတူ တစ်စိတ်တစ်ဝမ်းတည်း ဆန့်ကျင်၏။ သင်သည် ပျက်စီးခြင်းချောက်ကမ်းပါး၌ ရောက်ရှိနေပြီဖြစ်ကြောင်း သိရန်မဆိုထားနှင့်၊ နောင်တတရားအကြောင်း ဘာမျှမသိချေ။ ဆိုးယုတ်သောသူသည် သင့်ကို သွေးဆောင်ဖြားယောင်းပြီး ဖိစီးနှိပ်စက်ကြောင်း သင်မေ့လျော့လေပြီ၊ သင်သည် သင်၏ဇာစ်မြစ်များကို မေ့လျော့ခဲ့ခြင်းဖြစ်လေတကား။ ဆိုးယုတ်သောသူသည် လမ်းခရီးအဆင့်တိုင်း၌ သင့်အား ယနေ့တိုင် ဤနည်းအတိုင်း ဖိစီးနှိပ်စက်ခဲ့ခြင်းဖြစ်၏။ သင်၏စိတ်နှလုံးနှင့် ဝိညာဉ်တို့သည် ထုံထိုင်းပြီး ယိုယွင်းပျက်စီးစေခြင်းခံရ၏။ သင်သည် လူ့လောကကြီးထဲမှ စိတ်အနှောင့်အယှက်များအကြောင်း ညည်းတွားခြင်းကို ရပ်စဲခဲ့သည်၊ လောကကြီးမှာ တရားမျှတမှုမရှိဟူ၍ သင်ထင်မြင်ယူဆခြင်း မရှိတော့ပေ။ သင်သည် အနန္တတန်ခိုးရှင် တည်ရှိသည်၊ မတည်ရှိသည်ကို သာ၍ပင် ဂရုမစိုက်ချေ။ ဤအရာမှာ အဘယ်ကြောင့်နည်းဟူမူကား ဆိုးယုတ်သောသူသည် သင်၏စစ်မှန်သောဖခင် ဖြစ်သည်ဟု ကာလအတန်ကြာက သင်ယူဆခဲ့၍ သူ့ထံမှ မခွဲခွာနိုင်ခြင်းကြောင့်ဖြစ်၏။ ဤသည်မှာ သင်၏စိတ်နှလုံးအတွင်းမှ လျှို့ဝှက်ချက်ပေတည်း။

10/25/2018

ဘုရားသခင်နှင့် လူသားသည် အနားယူခြင်းထဲသို့ အတူတကွ ဝင်ရောက်ကြလိမ့်မည်

ယေရှု, ဆုတောင်း, Myanmar Christian Music, ဘုရားသခင်, ခရစ်တော်
အစအဦး၌ ဘုရားသခင်သည် အနားယူလျက် ရှိနေခဲ့သည်။ ထိုအချိန်က ကမ္ဘာမြေကြီးပေါ်တွင် လူသားများ သို့မဟုတ် အခြားမည်သည့်အရာမျှ မရှိခဲ့ပေ၊ ထို့ပြင် ဘုရားသခင်သည် မည်သည့်အလုပ်ကိုမျှ မလုပ်ဘဲ ရှိနေခဲ့သည်။ ဘုရားသခင်သည် သူ၏စီမံခန့်ခွဲမှုအလုပ်ကို လူသားတည်ရှိလာပြီး လူသားဖောက်ပြန်ပျက်စီးလာခဲ့ချိန်မှသာ စတင်ခဲ့သည်။ ထိုအချိန်မှစ၍ ဘုရားသခင်သည် မည်သည့်အခါမျှ အနားမယူတော့ဘဲ လူသားများအကြားတွင် သူကိုယ်တိုင် စတင်၍ အလုပ်များနေခဲ့သည်။ လူသား၏ ဖောက်ပြန်ပျက်စီးမှုကြောင့် ဘုရားသခင်သည် အနားမယူတော့ခြင်းဖြစ်ပြီး၊ ကောင်းကင်တမန်မင်း၏ ပုန်ကန်မှုကြောင့်လည်း ဘုရားသခင်သည် အနားမယူတော့ခြင်း ဖြစ်သည်။ အကယ်၍ ဘုရားသခင်သည် စာတန်ကို နှိမ်နင်းပြီး ဖျက်ဆီးခြင်းခံရသည့် လူသားကို မကယ်တင်ပါက ဘုရားသခင်သည် အနားယူခြင်းထဲသို့ မည်သည့်အခါမျှ နောက်တစ်ကြိမ် ဝင်ရောက်နိုင်မည်မဟုတ်ပေ။ လူသားသည် အနားယူခြင်း ကင်းမဲ့သကဲ့သို့ ဘုရားသခင်သည်လည်း အလားတူပင်ဖြစ်သည်။ ဘုရားသခင်သည် အနားယူခြင်းထဲသို့ နောက်တစ်ကြိမ် ဝင်ရောက်သည့်အခါ လူသားသည်လည်း အနားယူခြင်းထဲသို့ ဝင်ရောက်လိမ့်မည်။ အနားယူနေသည့် အသက်တာတွင် စစ်ပွဲမရှိ၊ ညစ်ညမ်းမှုမရှိ၊ မဆုတ်မနစ်သော မဖြောင့်မတ်မှုတို့ မရှိချေ။ စာတန်၏ နှောင့်ယှက်ခြင်း (ဤနေရာတွင် "စာတန်" သည် ရန်လိုသော အင်အားစုများကိုရည်ညွှန်းသည်)၊ စာတန်၏ ဖောက်ပြန်ပျက်စီးခြင်းသာမက ဘုရားသခင်ကို ဆန့်ကျင်သော အင်အားစုတစ်ခုခု၏ ကျူးကျော်ခြင်းတစ်ခုမျှ မရှိကြောင်းဆိုလိုသည်။ အရာအားလုံးသည် ကိုယ့်အမျိုးအစားနောက်ကိုယ်လိုက်ကြပြီး ဖန်ဆင်းခြင်း၏သခင်ကို ကိုးကွယ်ကြသည်။ ကောင်းကင်နှင့်မြေကြီးသည် အကြွင်းမဲ့ ငြိမ်သက်အေးချမ်းလျက်ရှိသည်။ ယင်းမှာ လူသားတို့၏ အနားယူခြင်းနှင့်ပြည့်သော အသက်တာဖြစ်သည်။ ဘုရားသခင်သည် အနားယူခြင်းထဲသို့ ဝင်ရောက်သည့်အခါ မဖြောင့်မတ်မှုသည် ကမ္ဘာမြေကြီးပေါ်တွင် ဆက်လက်တည်ရှိမည်မဟုတ်ဘဲ ရန်လိုသော အင်အားစုတို့၏ ကျူးကျော်မှုလည်း ရှိတော့မည်မဟုတ်ချေ။ လူသားတို့သည်လည်း နယ်ပယ်သစ်သို့ ဝင်ရောက်ကြလိမ့်မည်။ သူတို့သည် စာတန်၏ ဖျက်ဆီးခြင်းခံထားရသော လူသားများ ဖြစ်ကြတော့မည်မဟုတ်ဘဲ စာတန်၏ ဖျက်ဆီးခြင်းခံရပြီးနောက် ကယ်တင်ခြင်းခံရသော လူသားများ ဖြစ်ကြလိမ့်မည်။ လူသားတို့ အနားယူသောရက်သည် ဘုရားသခင်၏ အနားယူသောရက်လည်း ဖြစ်သည်။ လူသား၏ အနားယူခြင်းထဲသို့ ဝင်ရောက်နိုင်စွမ်းမရှိခြင်းကြောင့် ဘုရားသခင်သည် သူ၏အနားယူခြင်းကို ဆုံးရှုံးခဲ့သည်။ သူသည် မူလကတည်းက အနားမယူနိုင်ခဲ့ခြင်းမျိုး မဟုတ်ပေ။ အနားယူခြင်းထဲသို့ ဝင်ရောက်မှုဆိုသည်မှာ အလုံးစုံသော အရာတို့ ရပ်တန့်သွားခြင်း သို့မဟုတ် အလုံးစုံသော အရာတို့ ဖွံ့ဖြိုးမှု မရှိတော့ခြင်းကို မဆိုလိုသကဲ့သို့ ဘုရားသခင်က အလုပ်လုပ်မှု ရပ်တန့်သွားခြင်း သို့မဟုတ် လူသားများ အသက်ရှင်မှု မရှိတော့ခြင်းကိုလည်း မဆိုလိုပေ။ အနားယူခြင်းထဲသို့ ဝင်ရောက်သည့် လက္ခဏာမှာ ဤသို့ဖြစ်သည်၊ စာတန်သည် ဖျက်ဆီးခြင်းခံခဲ့ရသည်၊ စာတန်၏ မကောင်းမှုပြုခြင်းတွင် ၎င်းနှင့် ပါဝင်ကြသော ထိုကောက်ကျစ်စဉ်းလဲသူများသည် အပြစ်ဒဏ်ပေးခြင်းခံရကာ ဖယ်ရှားခံခဲ့ရသည်၊ ဘုရားသခင်ကို ရန်လိုသည့် အင်အားစုအားလုံးသည် တည်ရှိခြင်း မရှိကြတော့။ အနားယူခြင်းထဲသို့ ဘုရားသခင်ဝင်ရောက်ခြင်း ဆိုသည်မှာ လူသားများအား ကယ်တင်ခြင်းအမှုကို သူမလုပ်ဆောင်တော့ခြင်းကို ဆိုလိုသည်။ အနားယူခြင်းထဲသို့ လူသားတို့ ဝင်ရောက်ခြင်းဆိုသည်မှာ လူသားအားလုံးတို့သည် ဘုရားသခင်၏အလင်းအတွင်းနှင့် သူ၏ကောင်းချီးမင်္ဂလာအောက်တွင် နေထိုင်ခြင်းကို ဆိုလိုသည်။ စာတန်၏ ဖျက်ဆီးခြင်းတို့ ရှိတော့မည်မဟုတ်သကဲ့သို့ မဖြောင့်မတ်သော အရာများလည်း ဖြစ်ပေါ်တော့မည်မဟုတ်ချေ။ လူသားတို့သည် ကမ္ဘာမြေကြီးပေါ်တွင် ပုံမှန်နေထိုင်ကြလိမ့်မည်ဖြစ်ပြီး၊ သူတို့သည် ဘုရားသခင်၏ စောင့်ရှောက်မှုအောက်တွင် နေထိုင်ကြလိမ့်မည်။ ဘုရားသခင်နှင့် လူသားသည် အနားယူခြင်းထဲသို့ အတူတကွ ဝင်ရောက်သည့်အခါ လူသားတို့သည် ကယ်တင်ခြင်းခံရပြီးဖြစ်ပြီး စာတန်သည်လည်း ဖျက်ဆီးခြင်းခံရပြီး ဖြစ်ကာ လူသားတို့အကြား ဘုရားသခင်၏အမှု လုံးဝဥဿုံပြီးဆုံးသွားပြီဟု အဓိပ္ပာယ်ရလိမ့်မည်။ ဘုရားသခင်သည် လူတို့အကြားတွင် အလုပ်ဆက်လုပ်တော့မည် မဟုတ်ဘဲ၊ လူသားတို့သည်လည်း စာတန်၏ အုပ်စိုးမှုအောက်တွင် နေထိုင်ကြတော့မည်မဟုတ်ပေ။ သို့ဖြစ်ရာ ဘုရားသခင်သည် ဆက်လက်အလုပ်မများတော့ဘဲ လူသားသည်လည်း ဟိုဟိုသည်သည် ပြေးလွှားလှုပ်ရှားတော့မည် မဟုတ်ပေ။ ဘုရားသခင်နှင့် လူသားသည် အနားယူခြင်းထဲသို့ တစ်ပြိုင်နက် ဝင်ရောက်ကြလိမ့်မည်။ ဘုရားသခင်သည် သူ၏မူလအနေအထားသို့ ပြန်သွားလိမ့်မည်ဖြစ်ပြီး လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်စီတိုင်းသည်လည်း မိမိတို့၏ သက်ဆိုင်ရာနေရာများသို့ ပြန်သွားကြလိမ့်မည်။ ယင်းတို့မှာ ဘုရားသခင်၏ စီမံခန့်ခွဲမှုတစ်ခုလုံး ပြီးဆုံးပြီးသည့်နောက်တွင် ဘုရားသခင်နှင့် လူသားတို့အနေဖြင့် အသီးသီး နေထိုင်သွားကြမည့် ခရီးပန်းတိုင်များဖြစ်သည်။ ဘုရားသခင်၌ ဘုရားသခင်၏ ခရီးပန်းတိုင်ရှိပြီး လူသား၌ လူသား၏ ခရီးပန်းတိုင်ရှိသည်။ အနားယူနေစဉ်အတွင်း ဘုရားသခင်သည် ကမ္ဘာမြေပေါ်မှ လူသားအားလုံးတို့၏ အသက်တာကို ဆက်လက်လမ်းပြမည် ဖြစ်သည်။ ဘုရားသခင်၏ အလင်းအတွင်းရှိနေစဉ် လူသားသည် ကောင်းကင်ဘုံရှိ တစ်ဆူတည်းသော စစ်မှန်သည့် ဘုရားသခင်ကို ကိုးကွယ်လိမ့်မည်။ ဘုရားသခင်သည် လူသားများအကြားတွင် ဆက်လက်နေထိုင်တော့မည်မဟုတ်ဘဲ လူသားသည်လည်း ဘုရားသခင်၏ ခရီးပန်းတိုင်တွင် ဘုရားသခင်နှင့်အတူ နေထိုင်နိုင်မည်မဟုတ်ပေ။ ဘုရားသခင်နှင့် လူသားတို့သည် နယ်ပယ်တစ်ခုထဲတွင် အတူတကွ မနေနိုင်ချေ။ ယင်းအစား နှစ်ဦးစလုံး၌ မိမိတို့၏ သက်ဆိုင်ရာ ကိုယ်ပိုင်နေထိုင်ပုံနည်းဟန်များ ရှိကြသည်။ ဘုရားသခင်သည် လူသားအားလုံးကို လမ်းပြသောသူဖြစ်သော်လည်း လူသားအားလုံးတို့မှာမူ ဘုရားသခင့်စီမံခန့်ခွဲမှုအလုပ်၏ ပုံဆောင်ခဲဖြစ်သည်။ ဦးဆောင်ခြင်းခံရသည်မှာ လူသားဖြစ်သည်၊ အနှစ်သာရအားဖြင့် လူသားသည် ဘုရားသခင်နှင့် မတူပေ။ အနားယူခြင်း၏ အဓိပ္ပာယ်မှာ တစ်ဦးတစ်ယောက်၏ မူလနေရာသို့ ပြန်သွားခြင်းဖြစ်သည်။ သို့ဖြစ်ရာ ဘုရားသခင်က အနားယူခြင်းထဲသို့ ဝင်ရောက်သည့်အခါ၊ ယင်းမှာ ဘုရားသခင်သည် မိမိ၏မူလနေရာသို့ ပြန်သွားခြင်းကို ဆိုလိုသည်။ ဘုရားသခင်သည် ကမ္ဘာမြေကြီးပေါ်တွင် ဆက်လက်နေထိုင်တော့မည်မဟုတ်၊ သို့မဟုတ် လူသားတို့အကြားရှိနေစဉ် လူသားတို့၏ ပျော်ရွှင်မှုနှင့် နာကျင်မှုများကို ဝေမျှခံစားတော့မည် မဟုတ်ပေ။ လူသားသည် အနားယူခြင်းထဲသို့ ဝင်ရောက်သည်ဆိုခြင်းမှာ လူသားသည် စစ်မှန်သည့် ဖန်ဆင်းခြင်းတစ်ခုဖြစ်လာခြင်းကို ဆိုလိုသည်၊ လူသားတို့သည် ဘုရားသခင်ကို ကမ္ဘာမြေပေါ်မှ ကိုးကွယ်ကြလိမ့်မည်ဖြစ်ပြီး ပုံမှန်လူသားအသက်တာများ ရှိကြလိမ့်မည်။ လူတို့သည် ဘုရားသခင်ကို နာမခံခြင်း သို့မဟုတ် ဘုရားသခင်ကို ဆန့်ကျင်ခြင်းတို့ ရှိတော့မည် မဟုတ်ပေ။ သူတို့သည် အာဒံနှင့် ဧဝတို့၏ မူလဘဝသို့ ပြန်သွားကြလိမ့်မည်။ ယင်းတို့မှာ အနားယူခြင်းထဲသို့ ဝင်ရောက်ပြီးနောက်တွင် ဘုရားသခင်နှင့် လူသားတို့၏ သက်ဆိုင်ရာ ဘဝများနှင့် ခရီးပန်းတိုင်များ ဖြစ်ကြသည်။ ဘုရားသခင်နှင့် စာတန်တို့အကြား စစ်ပွဲတွင် စာတန်၏ ရှုံးနိမ့်မှုမှာ မလွဲမရှောင်သာသည့် လားရာပင်ဖြစ်သည်။ ဤနည်းအားဖြင့် သူ၏စီမံခန့်ခွဲမှုအလုပ် ပြီးပြည့်စုံပြီးနောက် ဘုရားသခင်သည် အနားယူခြင်းထဲသို့ ဝင်ရောက်ခြင်း၊ လူသား၏ ပြည့်စုံသော ကယ်တင်ခြင်းနှင့် အနားယူခြင်းထဲသို့ ဝင်ရောက်ခြင်းတို့သည်လည်း အလားတူပင် ရှောင်လွဲ၍မရသော လားရာများဖြစ်သည်။ လူသား၏ အနားယူရာအရပ်မှာ ကမ္ဘာမြေကြီးဖြစ်ပြီး၊ ဘုရားသခင်၏ အနားယူရာအရပ်မှာ ကောင်းကင်ဘုံဖြစ်သည်။ လူသားသည် အနားယူလျက် ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်စဉ်၊ သူသည်ကမ္ဘာမြေပေါ်တွင် နေထိုင်လိမ့်မည်ဖြစ်ကာ၊ ဘုရားသခင်သည် အနားယူလျက် ကျန်ရှိနေသော လူသားတစ်စိတ်တစ်ပိုင်းကို ဦးဆောင်နေစဉ်၊ သူသည်မြေကြီးပေါ်မှ မဟုတ်ဘဲ ကောင်းကင်ဘုံမှ ထိုသူတို့ကို ဦးဆောင်လိမ့်မည်။ ဘုရားသခင်သည် ဝိညာဉ်အဖြစ် ဆက်လက်ရှိလိမ့်မည်ဖြစ်ပြီး လူသားသည် အသွေးအသားဖြင့် ဆက်လက်ရှိနေလိမ့်မည်။ ဘုရားသခင်နှင့် လူသားတို့ နှစ်ဦးနှစ်ဖက်လုံး၌ သူတို့၏ မတူညီသော သက်ဆိုင်ရာ အနားယူခြင်းနည်းဟန်များ ရှိကြလိမ့်မည်။ ဘုရားသခင် အနားယူနေစဉ် သူသည် လူသားများအကြား လာရောက်၍ ကိုယ်ထင်ပြလိမ့်မည်၊ လူသားအနားယူနေစဉ် လူသားသည် ကောင်းကင်ဘုံသို့ လည်ပတ်ရန်နှင့် ကောင်းကင်ဘုံရှိ အသက်တာကို စံစားရန် ဘုရားသခင်၏ ဦးဆောင်မှုကို ခံရမည်။ ဘုရားသခင်နှင့် လူသားတို့သည် အနားယူခြင်းထဲသို့ ဝင်ရောက်ပြီးသည့်အခါ၊ စာတန်သည် ဆက်လက်တည်ရှိနေတော့မည်မဟုတ်ဘဲ စာတန်ကဲ့သို့ပင် ကောက်ကျစ်စဉ်းလဲသော ထိုလူတို့သည်လည်း ဆက်လက်တည်ရှိတော့မည်မဟုတ်ပေ။ ဘုရားသခင်နှင့် လူသားတို့သည် အနားယူခြင်းထဲသို့ မဝင်ရောက်မီတွင် ကမ္ဘာမြေကြီးပေါ်တွင် ဘုရားသခင်ကို တစ်ချိန်က နှိပ်စက်ညှဉ်းပန်းခဲ့ကြသည့် ကောက်ကျစ်စဉ်းလဲသော ထိုလူပုဂ္ဂိုလ်များတို့နှင့် ဘုရားသခင်ကို မနာခံသော ကမ္ဘာမြေကြီးပေါ်ရှိ ရန်သူတို့သည် ဖျက်ဆီးခံကြရပြီး ဖြစ်လိမ့်မည်။ သူတို့သည် နောက်ဆုံးသောကာလ၏ ကြီးမားသည့် ဘေးအန္တရာယ်တို့၏ ဖျက်ဆီးခြင်းကို ခံကြရပြီးဖြစ်လိမ့်မည်။ ကောက်ကျစ်စဉ်းလဲသော ထိုပုဂ္ဂိုလ်များ လုံးဝဖျက်ဆီးခံရပြီးသည့်နောက်တွင် ကမ္ဘာမြေကြီးသည် စာတန်၏ နှောင့်ယှက်ခြင်းကို မည်သည့်အခါမျှ ထပ်မံကြုံရတော့မည်မဟုတ်ပေ။ လူသားသည် ပြီးပြည့်စုံသော ကယ်တင်ခြင်းကို ရရှိလိမ့်မည်ဖြစ်ပြီး ထိုအခါမှသာလျှင် ဘုရားသခင်၏အမှုသည် အလုံးစုံပြီးဆုံးသွားလိမ့်မည်။ ယင်းတို့မှာ အနားယူခြင်းထဲသို့ ဝင်ရောက်ရန်အတွက် ဘုရားသခင်နှင့် လူသားတို့အနေဖြင့် မရှိမဖြစ်ရှိထားရမည့် လိုအပ်ချက်များ ဖြစ်ကြသည်။

10/20/2018

အားလုံးအတွက် ဘုရားသခင်ရဲ့ ပြည့်စုံသော စောင့်ရှောက်မှု

ဝိညာဉ်, Myanmar Christian Music, ဓမ္မသီချင်းများ, ဘုရားသခင်, သမ္မာတရား




I
ကြီးမြတ်ခြင်း၊ သန့်ရှင်းခြင်း၊ အာဏာနှင့်မေတ္တာ
ဘုရားသခင်ရဲ့အနှစ်သာရနှင့် ပင်ကိုစိတ်အလုံးစုံကို
အမှုတော်ဆောင်ရွက်ချိန်တိုင်း ထင်ရှားသည်
လူသားတို့ဘဝတွင် ပြည့်စုံစေသော
လူသားတို့အတွက် သူ့အလိုတော်တွင် မြင်ရသည်
ကိုယ်တိုင်ခံစားရသည်ဖြစ်စေ မခံစားရသည်ဖြစ်စေ
ဘုရားသခင်သည် လူတိုင်းကို အဘက်ဘက်မှစောင့်ရှောက်သည်
စစ်မှန်မှု၊ ဉာဏ်ပညာ၊ နည်းမျိုးစုံဖြင့်
နှလုံးသားကို နွေးထွေးစေကာ ဝိညာဉ်ကိုနိုးကြားစေသည်
ဒီနေ့အတွက် ထာဝရအတွက် အမှန်ပင်ဖြစ်သည်

10/18/2018

မူလလူသားသည် ဝိညာဉ်ပိုင်ဆိုင်သော သက်ရှိသတ္တဝါများဖြစ်ကြ

အသက်, Myanmar Christian Music, ဆုတောင်း, သမ္မာတရား, ဘုရားသခင်





I
အစအဦး၌ ဘုရားသခင် လူကို ဖန်ဆင်းတော်မူ
ဘုရားက ဘဝရဲ့အခရာ လူသားတွေရဲ့ ဘိုး၊ ဘင်
ရုပ်သွင်အပြည့်နဲ့ အာဒံကို ဖန်ဆင်း
ဘုရားသခင် ဘုန်းတော်ဝန်းရံလျက် အာဒံနိုးထလာ
ဧဝဟာ ဘုရားဖန်ဆင်းတဲ့ အာဒံ နံရိုးမှ
ပထမဦးဆုံး လူမိန်းမပါ
သူမလည်း လူသားတို့ရဲ့ ဘိုး၊ ဘင်
ဘုရား၏ အသက်မှုတ်သွင်းခြင်းနှင့် ဘုန်းတန်ခိုးမှ
အာဒံနဲ့ ဧဝ နိုးထလာ
အို…ဘုရားသခင် အာဒံကို ဖန်ဆင်းတဲ့နေ့ အို...ကျက်သရေရှိတဲ့နေ့
အို…ဘုရား ဧဝကိုဖန်ဆင်းတဲ့နေ့ အို...ကျက်သရေရှိတဲ့နေ့
သူတို့ဟာ ဘုရားရဲ့ရတနာ အစစ် လူသားတွေရဲ့ ဘိုး၊ ဘင်
သူတို့ဟာ ယောကျ်ား နဲ့ မိန်းမ စိတ်ဝိညာဉ်နဲ့ သက်ရှိဘဝတွေပါ

10/16/2018

ဘုရားသခင်၏အမှုတော် ဆက်လက်တိုးပွား

ဘုရားသခင်, Myanmar Christian Music, ဓမ္မသီချင်း, သမ္မာတရား, ထာဝရအသက်




I
ဘုရားသခင်၏အမှုတော် ဆက်လက်တိုးပွားလို့နေ
ရည်ရွယ်ချက် မပြောင်းမလဲမရှိလည်း
ဘုရားသခင်၏ စီမံလုပ်ကိုင်မှုပုံစံ အစဉ်မပြတ် ပြောင်းလဲ
ဘုရားသခင် နောက်လိုက်သူများလည်း ထိုသို့ပင်
ဘုရားသခင်လုပ်ဆောင်သောအမှု များပြားလာလေ
လူတွေ သူ့အကြောင်း ပိုမိုသိမြင်လာကာ
ဘုရား၏အမှုတော်နှင့်တကွ
လူ့စိတ်သဘောထား ပိုမိုပြောင်းလဲလာလေ
အမှုတစ်ခုတည်းကို ထပ်ခါတလဲ ဘုရားမလုပ်
အမှုတေ်ာသည် အစဉ်ပြောင်းလဲ၍ အမြဲဆန်းသစ်
အသစ်သောစကားများ မိန့်ဆိုပြီး
သင့်အပေါ်နေ့စဉ် အမှုတော်သစ် လုပ်ဆောင်သကဲ့သို့ဖြစ်သည်
ထိုသည် ဘုရားသခင် ဆောင်ရွက်သော အမှုဖြစ်သည်
ထိုအမှုသည် အံ့သြဖွယ်အသစ်အဆန်းဖြစ်သည်
ဘုရားသခင်သည် ပြောင်းလဲခြင်းမရှိ၊
ထာဝစဉ်ဘုရားသခင်ဖြစ်မူမည်
ဒါဟာ ဧကန်အမှန်ဖြစ်သော အဆိုပေတည်း
ဘုရားသခင်၏အမှုတော် ဆက်လက်တိုးပွားလို့နေ
ဘုရားသခင်၏အမှုတော် ဘယ်တော့မှ
မဟောင်းနွမ်း၊ အမြဲဆန်းသစ်
အမှုဟောင်းများကို သူဘယ်တော့မှ ထပ်မလုပ်ဆောင်
ယခင်က မပြုဖူးသည့်အမှုများသာ သူလုပ်ဆောင်မူမည်

10/10/2018

Myanmar Gospel Movie (နားခိုရာအိမ် ဘယ်မှာလဲ ) God Gave Me a Happy Family


ဝမ်းရာ အသက် (၂) နှစ်ခန့်အရွယ်မှာ မိဘတွေက ကွာရှင်းခဲ့ကြပြီးနောက် သူမရဲ့ အဖေနှင့် မိထွေးဖြစ်သူတို့နှင့်အတူ နေထိုင်ခဲ့ပါတယ်။ သူမရဲ့ မိထွေးက သူမအပေါ် သည်းမခံခဲ့တာကြောင့် အဖေဖြစ်သူနဲ့ အမြဲ စကားများလေ့ရှိပါတယ်။ အဖေဖြစ်သူမှာ ရွေးချယ်စရာသိပ်မရှိခဲ့ဘူး။ ဝမ်းရာကို သူမရဲ့ အမေအိမ်ကို ပို့ခဲ့ပေမယ့်လည်း အမေက စီးပွားရေးနှင့်အလုပ်ရှုပ်နေပြီး ဝမ်းရာကို ဂရုစိုက်ဖို့အချိန်မပေးနိုင်ခဲ့ပါ။ ဒါကြောင့် မကြာခဏဆိုသလို သူမရဲ့ ဆွေမျိုး၊ သူငယ်ချင်းတွေ အိမ်ကို မကြာခဏ သွားပို့လေ့ရှိပါတယ်။ တခြားသူရဲ့ အိမ်မှာမွေးစားခံ ဘဝနဲ့ နှစ်ပေါင်းများစွာ နေလာခဲ့ပြီးနောက် ဝမ်းရာလေးတစ်ယောက် အထီးကျန်၊ မျှော်လင့်ချက်မဲ့လာခဲ့ကာ နွေးထွေးသော ခိုနားရာအိမ်လေး တစ်လုံးကို တောင့်တလာခဲ့ပါတယ်။ အဖေဖြစ်သူနှင့် မိထွေးဖြစ်သူတို့ ကွာရှင်ပြီးနောက် အဖေဘေးမှာ ပြန်လည်နေထိုင်ခဲ့ပြီး ကောင်းကောင်းဆိုးဆိုး နားခိုရာအိမ်တစ်လုံး ရလာခဲ့ပါတယ်။

9/28/2018

Myanmar Praise and Worship Song (ဘဝ သက်သေ) Christians Love God Unswervingly



ဟုတ် ဆရာ။
မင်းတို့ ဘာလုပ်နေတာလဲ။
အစည်းအဝေးထိုင်နေတယ်ပေါ့။
လူ နှစ်ယောက် သုံးယောက် စုဝေးတာ မှန်သမျှ တရားမဝင်ဘူး၊
လူထု ငြိမ်ဝပ်ပိပြားရေးကို အနှောင့်အယှက် ဖြစ်စေတယ်လို့
နိုင်ငံတော်က အမိန့်ထုတ်ထားတယ်။
သူတို့ကို ခေါ်သွားစမ်း။
လာခဲ့ကြစမ်း။

နောက်ဆုံးသော ကာလ၏ ခရစ်တော်သည် အသက်ယူဆောင်လာ၍
အဓွန့်ရှည်စွာ တည်တံ့ကာ ထာဝရ တည်ရှိသော
သမ္မာတရား၏ လမ်းခရီးကို ယူဆောင်လာ၏။
ဤသမ္မာတရားသည် လူသား အသက်ရရှိမည့် လမ်းကြောင်းဖြစ်၍
လူသားက ဘုရားသခင်ကို သိမည့် တစ်ခုတည်းသော လမ်းကြောင်းနှင့်
ဘုရားသခင်က ခွင့်ပြုမည့် တစ်ခုတည်းသော လမ်းကြောင်းဖြစ်၏။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ မှ
မလှုပ်နဲ့။ ရဲတပ်ဖွဲ့။
သေစမ်း မသာ။
ဒီတစ်ကြိမ်တော့ မင်းကို ရှစ်နှစ် ဒါမှမဟုတ်
ဆယ်နှစ် အထဲ ထည့်ပစ်ရမယ်။
မင်း အဲ့ဒီ ဘုရားကို ဆက်ယုံကြည်ဦးမလားဆိုတာ
ငါတို့ ကြည့်ရသေးတာပေါ့။
CCP အစိုးရ၏ ဖမ်းဆီးမှုနှင့် နှိပ်စက်ညှဉ်းပန်းမှုကို
တစ်နေ့တစ်ချိန်တွင် ကျွန်ုပ် ခံရကောင်းခံရနိုင်ပါသည်၊
ဤ ဒုက္ခဆင်းရဲမှာ ကျွန်ုပ်၏ စိတ်နှလုံးထဲမှ ကျွန်ုပ်သိသော
ဖြောင့်မတ်ခြင်းတရားအတွက် ဖြစ်ပါသည်။
အကယ်၍ ကျွန်ုပ်၏ဘဝသည် မီးစတစ်စကဲ့သို့
မျက်စိတစ်မှိတ်အတွင်းကွယ်ပျောက်ခဲ့လျှင်လည်း၊
ကျွန်ုပ်သည် နောက်ဆုံးသောကာလ၏ ခရစ်တော်အား
လက်ခံခဲ့ပြီးကြောင်း ကျွန်ုပ် ဝင့်ကြွားစွာ ဆက်၍ဆိုပါမည်။
အကယ်၍ ကျွန်ုပ်သည် ကြီးမားသောဖြစ်ရပ် ဖြစ်သော နိုင်ငံတော်
ဧဝံဂလိတရားတော် ပြန့်ပွားမှုကို မမြင်နိုင်လျှင်လည်း၊
နှစ်သက်ဖွယ်အကောင်းဆုံး ဆုတောင်းချက်များကို
ကျွန်ုပ် ဆက်၍ ဆက်ကပ်ပါမည်။
အကယ်၍ ကျွန်ုပ်သည် နိုင်ငံတော်
တည်သည့် နေ့ကို မမြင်နိုင်ခဲ့လျှင်လည်း၊
စာတန်ကို ယနေ့ ကျွန်ုပ် အရှက်ရစေနိုင်ပြီး၊
ကျွန်ုပ်၏ စိတ်နှလုံးသည် ဝမ်းမြောက်ခြင်း နှင့်
ငြိမ်သက်ခြင်းဖြင့် ပြည့်ဝပါလိမ့်မည်။
ဘုရားသခင်၏ နှုတ်ကပတ်တော်သည် ကမ်ဘာတစ်ဝှမ်း ပြန့်နှံ့ရောက်ရှိပြီး
လူတို့အကြားတွင် အလင်း ပေါ်ပေါက်ခဲ့ပါပြီ။
ခရစ်တော်၏ နိုင်ငံတော် ပေါ်ပေါက်ပြီး
အခက်အခဲဘေးဒုက္ခအတွင်း တည်ထောင်ခဲ့ပါပြီ။
မှောက်မိုက်သည် ကုန်လွန်လုပြီး ဖြောင့်မတ်ခြင်း
မိုးသောက်အလင်း ရောက်လာခဲ့ပါပြီ။
ကာလအချိန်အခါ နှင့် လက်တွေ့ဘဝသည်
ဘုရားသခင်အား သက်သေခံခဲ့ပါသည်။

9/22/2018

ဘုရားသခင် လူသားကို ကယ်တင် လို့သူလုံး၀ ကယ်တင်မယ်

ဘုရားသခင်ကို သိခြင်း, Myanmar Christian Music, ဆုတောင်း, သမ္မာတရား, အသက်



ဘုရားသခင် လူသားကို ကယ်တင် လို့သူလုံး၀ ကယ်တင်မယ်


I
ဘုရား လူသားကို ဖန်ဆင်းလို့ သူ ဦးဆောင်လမ်းပြကာ
လူတွေကို ကယ်တင်လို့ သူ့ကို လုံးဝကယ်တင် ရရှိမယ်
ဘုရား ဦးဆောင်လို့ လူသားတို့ပန်းတိုင်မှန်ကို တာဝန်သူခံလိမ့်မယ်
ဘုရားကပဲ လူကို ဖန်ဆင်း၊ စီမံ လို့
လူသားတို့ဘဝရှေ့ရေးနှင့်ကံကြမ္မာကို တာဝန်သူခံလိမ့်မယ်
ဒါ ဖန်ဆင်းရှင်ဆောင်ရွက်သော အမှုသာ
လူသားမျိုးနွယ်၏ အလားအလာကို ဖယ်ရှားရင်
အောင်မြင်ခြင်း ရနိုင်သော်လည်း
အဆုံးသတ်မှာ ဘုရားပြင်ဆင်တဲ့ ပန်းတိုင်
အမှန် လူသားတွေ ရောက်ရမယ်အမှန်
ဘုရားက လူကိုလုပ်တဲ့အတွက် လူမှာ ပန်းတိုင်တစ်ခုရှိတယ်။
ဒါကြောင့် လူ့ကံကြမ္မာ စိတ်ချရ

9/20/2018

ဘုရားနှင့်လူအတွက် ခြားနားသောခိုနားရာ

ကျေးဇူးတော်, Myanmar Christian Music, ဘုရားသခင်, ဓမ္မသီချင်းများ, သမ္မာတရား



I
ဘုရားမှာ သူ့ရည်မှန်းချက်ရှိပြီး
လူမှာလည်း ကိုယ်ပိုင်ရည်မှန်းချက်ရှိသည်
အနားယူလျက်ရှိသော ဘုရားသခင်သည် လူကို အစဉ်လမ်းပြလိမ့်မည်
လူသည် ထိုစစ်မှန်သောဘုရားကို ကိုးကွယ်လိမ့်မည်
ဘုရားသခင် လူတွေကြားထဲ နေမည်မဟုတ်၊
ဘုရား၏ရည်မှန်းချက်အတိုင်း လူသည် အသက်မရှင်နိုင်
ဘဝနေထိုင်မှုပုံစံအသီးသီးကြောင့်
ဘုရားနှင့်လူ လောကတစ်ခုတည်း၌ အတူနေ၍ မရ လူဟာ
ဘုရားရဲ့စီမံခန့်ခွဲမှုအသီးအပွင့်နှင့်
သူပုံဖော်ထားသည့်အရာဖြစ်သည်
ဘုရားဟာ သူတို့ကို ရှေ့ဆောင်လမ်းပြသူလည်းဖြစ်
ဘုရားနှင့်လူသည် သဘောသဘာဝချင်းကွဲပြားခြားနား
လူတို့ခိုနားရာသည် ကမ္ဘာလောက၊
ဘုရားသခင်ခိုနားရာသည် ကောင်းကင်ဘုံ၌ ဖြစ်သည်
လူသည် နားခိုရင်း ဘုရားကို ကိုးကွယ်၍
လောက၌ အသက်ရှင်လိမ့်မည်
လူသားအားလုံးကို အနားယူနေသော ဘုရားသခင် လမ်းပြတော်မူမည်

9/12/2018

Myanmar Documentary Trailer (အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ စွဲကိုင်ထားသူ) Exploring the Universe

ဘုရားသခင်, ဓမ္မသီချင်းများ, myanmar christian music, ဧဝံဂေလိတရား, အသက်

