ဖီလာဒဲဖီးယားအသင်းတော်သည် ရုပ်လုံးပေါ်လာခဲ့သည်မှာ ဘုရားသခင်၏ကျေးဇူးနှင့် ကရုဏာတော်ကြောင့်လုံးလုံးဖြစ်၏။ သန့်ရှင်းသူတို့မှာ ဘုရားသခင်အတွက် ၎င်းတို့၏မေတ္တာကို ရှေ့တော်သို့ဆောင်ယူခဲ့ကြပြီး ၎င်းတို့၏ ဝိညာဉ်ရေးလမ်းကြောင်းမှ ဘယ်သောအခါမျှ မယိမ်းယိုင်ခဲ့ကြ။ ၎င်းတို့သည် တစ်ပါးတည်းသော စစ်မှန်သောဘုရားသခင်မှ လူသားအဖြစ်ကို ခံယူခဲ့သည့်အကြောင်းကို ခိုင်မြဲစွာယုံကြည်ကြကာ ကိုယ်တော်သည် စကြဝဠာ၏ ဦးဆောင်သူ ဖြစ်ပြီး၊ အရာရာတိုင်းကို အုပ်ချုပ် လျက်ရှိ၏။ ယင်းအကြောင်းကို သန့်ရှင်းသောဝိညာဉ်တော်ကလည်း အတည်ပြု၍ ယင်းအတွက် အလွန်တရာခိုင်မာသော သက်သေပြချက်၏ ပံ့ပိုးမှု လည်းရှိပေ၏။ ၎င်းသည် ဘယ်သောအခါမျှ မပြောင်းလဲနိုင်ပေ။
အိုး၊ အနန္တတန်ခိုးရှင်ဘုရားသခင်၊ ယနေ့တွင် ကျွန်ုပ်တို့၏ဝိညာဉ်ရေးရာမျက်စိတို့ကို ကိုယ်တော်သည် ဖွင့်တော်မူလျက်၊ မျက်မမြင်များကို မြင်ခွင့်ပြုတော်မူခြင်း၊ ခြေမသန်သောသူများကို လမ်းလျှောက်စေခြင်းနှင့် နူနာရှိသူများကို အနာငြိမ်းစေခြင်းများပြုတော်မူ၏။ ကိုယ်တော်သည် မိုးကောင်းကင် ပြတင်းပေါက်ကို ဖွင့်လှစ်ပေးတော်မူခြင်းကြောင့် ကျွန်ုပ်တို့သည် ဝိညာဉ်ရေးရာလောက၏ နက်နဲမှုများကို မြင်ခဲ့ကြရပါ၏။ ကိုယ်တော်၏သန့်ရှင်းသောနှုတ်ကပတ်တော်များသည် ကျွန်ုပ်တို့ကို စိမ့်ဝင်ပျံ့နှံ့ကာ ကိုယ်တော်သည် ကျွန်ုပ်တို့အား စာတန်မှဖြစ်ပေါ်စေသော ဖောက်ပြန်ပျက်စီးသည့် လူ့သဘာဝမှ ကယ်တင်တော်မူခဲ့၏။ ၎င်းမှာ ကိုယ်တော်၏မဟာအမှုတော်နှင့် အံ့မခန်းသော ကရုဏာတော်ပင် ဖြစ်တော်မူ၏။ ကျွန်ုပ်တို့သည် ကိုယ်တော့်အတွက် သက်သေဖြစ်ကြပါ၏။
ကိုယ်တော်သည် နှိမ့်ချကာ တိတ်ဆိတ်မှု၌ ကွယ်ဝှက်၍နေလာခဲ့သည်မှာ အတန်ကြာခဲ့ချေပြီ။ ကိုယ်တော်သည် ကားတင်ခံရခြင်းဒုက္ခနှင့် ရှင်ပြန်ထမြောက်ခြင်းတို့ကို ကြုံခဲ့ရပါ၏။ ကိုယ်တော်သည် လူသားဘဝ၏ဝမ်းမြောက်မှုနှင့်ဝမ်းနည်းမှုအပြင် ညှဉ်းဆဲခံရခြင်းနှင့် ဘေးဒုက္ခတို့ကိုလည်း သိခဲ့ပြီးဖြစ်၏။ ကိုယ်တော်သည် လူ့လောက၏ နာကျင်မှုကို မြည်းစမ်းခဲ့ရပြီး ခေတ်ကာလ၏ ပစ်ပယ်မှုကို ခံခဲ့ရပါ၏။ လူ့ဇာတိကိုခံယူသော ဘုရားသခင်သည် ဘုရားသခင် ကိုယ်တော်တိုင်ပင်ဖြစ်တော်မူ၏။ ဘုရားသခင်၏ အလိုတော်အဖို့ ကိုယ်တော်သည် ကျွန်ုပ်တို့ကို နွားချေးပုံမှ ကယ်တင်တော်မူခဲ့၍ ကိုယ်တော်၏ လက်ျာလက်တော်နှင့် ကျွန်ုပ်တို့အား ချီပင့်တော်မူ၏၊ ကိုယ်တော်၏ ကျေးဇူးတော်ကို ကျွန်ုပ်တို့အား အခမဲ့ ပေးအပ်တော်မူခဲ့၏။ ကိုယ်တော်၏အသက်ကို ကျွန်ုပ်တို့အတွင်း ပုံဖော်ရန် မတွန့်မဆုတ် ကြိုးပမ်း၏၊ ကိုယ်တော်၏ သွေး၊ ချွေးနှင့် မျက်ရည်တို့ဖြင့် ပေးဆပ်ခဲ့သော အဖိုးအခသည် သန့်ရှင်းသူတို့အထဲတွင် ရှိနေပြီးဖြစ်သည်။ ကျွန်ုပ်တို့သည် ကိုယ်တော်မှ အပင်ပန်းခံထားသောအားထုတ်မှုများ ပြုလုပ်ခံရာဖြစ်၏။ ကျွန်ုပ်တို့သည် ကိုယ်တော်ပေးဆပ်သည့် အဖိုးအခဖြစ်သည်။
အို၊ အနန္တတန်ခိုးရှင် ဘုရားသခင်၊ ကိုယ်တော်၏ချစ်ခြင်းမေတ္တာနှင့် ကရုဏာတော်၊ ကိုယ်တော်၏ ဖြောင့်မတ်ခြင်းနှင့် ဘုန်းအာနုဘော်၊ ကိုယ်တော်၏ သန့်ရှင်းခြင်းနှင့် နှိမ့်ချခြင်းတို့ကြောင့် လူအားလုံးသည် ကိုယ်တော်ရှင်၏ ရှေ့၌ ထာဝရ ပျပ်ဝပ်၍ ကိုးကွယ်ကြလိမ့်မည်။
ယနေ့၊ ကိုယ်တော်သည် အလုံးစုံသော အသင်းတော်တို့ကို ပြည့်စုံစေရာတွင်၊ ဖီလာဒဲဖီးယား အသင်းတော်သည် ကိုယ်တော်၏ အနှစ် ၆၀၀၀ စီမံခန့်ခွဲမှုအစီအစဉ် ၏ အကောင်အထည်ဖော်မှုဖြစ်၏။ ယခု၊ ကိုယ်တော်၏ရှေ့တွင် သန့်ရှင်းသူတို့သည် နှိမ့်ချစွာဖြင့်နာခံနိုင်ကြ၏၊ ထိုသူတို့သည် တစ်ဦးနှင့်တစ်ဦး ဝိညာဉ်တော်၌ ဆက်သွယ်လျက်ရှိကြပြီး၊ ချစ်ခြင်းမေတ္တာဖြင့် တစ်ဦးနှင့်တစ်ဦး အတူပါရှိကြ၏။ ထိုသူတို့သည် စမ်းရေ၏မူလအရင်းအမြစ်နှင့် ဆက်သွယ်လျက်ရှိကြ၏။ ဘဝ၏ အသက်စမ်းရေသည် မရပ်မနား စီးဆင်းနေလျက် အသင်းတော် အတွင်းရှိ ညစ်ညမ်းမှုများနှင့် အနည်အနှစ်များအားလုံးကို သန့်စင်ဖယ်ရှား၍ ဆေးကြောလျက် ကိုယ်တော်၏ဗိမာန်တော်ကို တစ်ဖန်ထပ်၍ သန့်စင်၏။ ကျွန်ုပ်တို့သည် လက်တွေ့၊ စစ်မှန်သော ဘုရားသခင်ကို သိရှိခဲ့ကြရာ ကိုယ်တော်၏နှုတ်ကပတ်တော်အတိုင်း လျှောက်လှမ်းခဲ့ခြင်းနှင့်၊ ကျွန်ုပ်တို့၏ တာဝန်နှင့် ကိုယ်ပိုင်လုပ်ဆောင်မှုများကို သိရှိနားလည်လျက်၊ ကျွန်ုပ်တို့သည် တတ်နိုင်သမျှ အသင်းတော်အတွက် မိမိကိုယ်ကိုယ် အသုံးချခဲ့ပြီးဖြစ်သည်။ ကိုယ်တော်၏ အလိုတော်သည် ကျွန်ုပ်တို့အထဲပိတ်ဆို့မနေရန်၊ ကျွန်ုပ်တို့သည် အချိန်တိုင်း ရယူ၍ ကိုယ်တော်၏ ရှေ့တော်မှောက်တွင် ငြိမ်သက်၍ သန့်ရှင်းသောဝိညာဉ်တော်၏ အမှုတော်ကို သတိပြုသင့်၏။ သန့်ရှင်းသူများအကြားတွင် ချစ်ခြင်းမေတ္တာများ အပြန်အလှန်ထားရှိကြပြီး၊ အချို့သူတို့၏ အားသာချက်တို့သည် အခြားသူတို့၏အားနည်းချက်တို့အတွက် အစားထိုး ပေးလိမ့်မည်။ ထိုသူတို့သည် အချိန်တိုင်းပင် ဝိညာဉ်တော်၌ လျှောက်လှမ်းနိုင်ကြပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်ပွင့်ခြင်းနှင့် အလင်းပေးခြင်းတို့ကိုရနိုင်ကြ၏။ ၎င်းတို့သည် ထိုအကြောင်းကို သိရှိနားလည်ပြီးနောက် သမ္မာတရား၌ လက်တွေ့ပြုကြ၍၊ အသစ်သောအလင်းကို အမီလိုက်လျက် ဘုရားသခင်၏ ခြေလှမ်းများကို လိုက်လျှောက်ကြပါသည်။
ဘုရားသခင်နှင့်အတူ တက်ကြွစွာပူးပေါင်းဆောင်ရွက်ကြလော့၊ ကိုယ်တော်၏ထိန်းချုပ်မှုကို ခွင့်ပြု ခြင်းသည် ကိုယ်တော်နှင့်အတူလျှောက်လှမ်းခြင်းမည်၏။ ကျွန်ုပ်တို့၏ ကိုယ်ပိုင်အကြံအစည်များ၊ အယူအဆများနှင့် သဘောထားများ၊ ကျွန်ုပ်တို့၏ လောကီရေးရာရှုပ်ထွေးမှု အားလုံးတို့သည် မီးခိုးငွေ့ကဲ့သို့ ပါးလွှာသောလေထုထဲတွင် ပျောက်ကွယ်သွားသည်။ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ဝိညာဉ်များအတွင်းတွင် ဘုရားသခင်ကို အုပ်စိုးခွင့်ပြုပြီး ကိုယ်တော်နှင့်အတူ လျှောက်လှမ်းကြ၍၊ လူ့သဘာဝကိုကျော်လွန်သော အစွမ်းကိုရရှိပြီး၊ လောကကိုအောင်နိုင်ကာ၊ ကျွန်ုပ်တို့၏ဝိညာဉ်များသည် လွတ်လပ်စွာ ပျံသန်းလျက် လွတ်ခြင်းအခွင့်ကိုရရှိ၏၊ ၎င်းတို့သည် အနန္တတန်ခိုးရှင်ဘုရားသခင်သည် ရှင်ဘုရင်ဖြစ်ခြင်း၏ အကျိုးရလဒ်ပင် ဖြစ်ပေ၏။ ကျွန်ုပ်တို့သည် ကခုန်ခြင်း၊ ချီးမွမ်းသီချင်းဆိုခြင်း၊ ချီးမွမ်းမှုများအား ပူဇော်ခြင်း၊ အသစ်သောဓမ္မတေးများ ပူဇော်ခြင်းတို့အား မပြုဘဲ အဘယ်သို့ နေနိုင်ကြမည်နည်း။
ဘုရားသခင်ကိုချီးမွမ်းရန် နည်းလမ်းများစွာ အမှန်ရှိပေရာ၊ ကိုယ်တော့်နာမတော်ကို ဟစ်ခေါ်ခြင်း၊ ကိုယ်တော့်အနီးသို့ ချဉ်းကပ်ခြင်း၊ ကိုယ်တော့်အကြောင်းကိုတွေးတောခြင်း၊ ဆုတောင်း-ဖတ်ရှုခြင်း၊ မိတ်သဟာယရှိခြင်း၊ အလေးအနက်တွေးတောခြင်း၊ စဉ်းစားသုံးသပ်ခြင်း၊ ဆုတောင်းခြင်းနှင့် သီချင်းများဖြင့် ချီးမွမ်းခြင်းတို့ ရှိကြပေ၏။ ထိုချီးမွမ်းခြင်းမျိုးများတွင် ပျော်မွေ့ခြင်းရှိသည့်အပြင် ဘိသိက်အမှုရှိ၏၊ ချီးမွမ်းခြင်း၌ တန်ခိုးရှိ၍ ဝန်ထုပ်ဝန်ပိုးလည်း ရှိ၏။ ချီးမွမ်းခြင်း၌ ယုံကြည်ခြင်းရှိ၍ အသစ်သော ထိုးထွင်းသိမြင်ခြင်းလည်း ရှိပေ၏။
ဘုရားသခင်နှင့်တက်ကြွစွာပူးပေါင်းဆောင်ရွက်လော့၊ ပူးပေါင်းဆောင်ရွက်မှုဖြင့် အစေခံ၍ တစ်လုံးတစ်ဝတည်း ဖြစ်လော့၊ ဘုရားသခင်၏ အလိုတော်ကို ဖြည့်ဆည်းလော့၊ သန့်ရှင်းသောဝိညာဉ်တော်ဆိုင်ရာ ကိုယ်ခန္ဓာဖြစ်ရန် လျင်မြန်စွာဆောင်ရွက်လော့၊ စာတန်အား နင်းခြေ၍ ၎င်း၏ခရီးပန်းတိုင်ကို အဆုံးသတ်လော့။ ဖီလာဒဲဖီးယားအသင်းတော်သည် ဘုရားသခင်၏ မျက်မှောက်တော်တွင် ချီဆောင်ခံခဲ့ရပြီး ဘုရားသခင်၏ ဘုန်းတော်၌ ၎င်းကိုယ်ကိုယ် ဖော်ပြလျက် ရှိသတည်း။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏မှ
အကြံပြုစာမျာ:
Myanmar Gospel Song | ဘုရား၏စစ်မှန်သောမေတ္တ
No comments:
Post a Comment