菜單

မူလစာမျက်နှာ သတင်းအချက်အလက် အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ စွဲကိုင်ထားသူ လွတ်လပ်မှန်ကန်တဲ့လူ့အခွင့်အရေး ကယ်တင်ရှင်ပြန်ကြွလာပြီ ဧဝံဂေလိတရားတော် ကောင်းကင်နိုင်ငံတော်သီချင်း အမှန်တရားကို ဖေါ်ထုတ်ခြင်း နိုင်ငံတော် ချီးမွမ်းခြင်း တေးဂီတ ဘုရားသခင်၏ နှုတ်ကပတ်တော်များ ဖတ်ကြားခြင်းများ

9/16/2019

လူသားမျိုးနွယ်ကို စီမံခြင်းအမှုမှာ မည်သည့်အမှုဖြစ်သနည်း။


ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

လူသားမျိုးနွယ်အား စီမံခန့်ခွဲခြင်းအမှုကို အဆင့်သုံးဆင့်ခွဲထား၏။ ဆိုလိုသည်မှာ လူသားမျိုးနွယ်အား ကယ်တင်ခြင်းအမှုကို အဆင့်သုံးဆင့် ခွဲထားခြင်းဖြစ်သည်။ ဤအဆင့်သုံးဆင့်တွင် ကမ္ဘာမြေကြီးကို ဖန်ဆင်းခြင်းအမှု မပါဘဲ၊ ထိုအဆင့်တို့မှာ ပညတ်တော်ခေတ်၊ ကျေးဇူးတော်ခေတ်နှင့် နိုင်ငံတော်ခေတ်အမှု၏ အဆင့်သုံးဆင့်တို့ဖြစ်ကြ၏။ ကမ္ဘာမြေကြီးကို ဖန်ဆင်းခြင်းအမှုသည် လူသားမျိုးနွယ်တစ်ရပ်လုံးကို ထုတ်လုပ်ခြင်းအမှုဖြစ်၏။ ထိုအမှုမှာ လူသားမျိုးနွယ်ကို ကယ်တင်ခြင်းအမှု မဟုတ်ဘဲ လူသားမျိုးနွယ်ကို ကယ်တင်ခြင်းအမှုနှင့် လုံးဝဆက်စပ်ခြင်း မရှိပေ။ အဘယ်ကြောင့်ဆိုသော် ကမ္ဘာမြေကြီးကို ဖန်ဆင်းချိန်၌ လူသားသည် စာတန်၏ ဖျက်ဆီးခြင်းကို မခံရသေးသဖြင့် လူသားမျိုးနွယ်အား ကယ်တင်ခြင်းအမှုကို ဆောင်ရွက်ရန် မလိုအပ်ခဲ့ပေ။ လူသားမျိုးနွယ်သည် စာတန်၏ ဖျက်ဆီးခံရသည့်အခါတွင်မှ လူသားမျိုးနွယ်ကို ကယ်တင်ခြင်းအမှု စတင်ခဲ့သည်။ ထို့ကြောင့် လူသားမျိုးနွယ်ကို စီမံခန့်ခွဲခြင်း အမှုသည်လည်း လူသားမျိုးနွယ်အနေနှင့် ဖျက်ဆီးခံရပြီးသည့်အခါတွင်မှ စတင်ခဲ့သည်။ တစ်နည်းအားဖြင့်ဆိုလျှင် ဘုရားသခင်၏ လူသားအပေါ်စီမံခန့်ခွဲခြင်းသည် လူသားမျိုးနွယ်ကို ကယ်တင်ခြင်းအမှု၏ ရလဒ်အဖြစ် စတင်ခဲ့ခြင်းဖြစ်ပြီး၊ ကမ္ဘာမြေကြီးကို ဖန်ဆင်းခြင်းအမှုမှ ပေါ်ပေါက်လာခြင်း မဟုတ်ပေ။ လူသားမျိုးနွယ်က ဖောက်ပြန်သည့် စိတ်နေသဘောထားကို ရရှိခဲ့ပြီးနောက်မှသာ စီမံခန့်ခွဲသည့်အမှု ဖြစ်ပေါ်လာသည်။ ထို့ကြောင့် လူသားမျိုးနွယ်ကို စီမံခန့်ခွဲခြင်းအမှုတွင် အဆင့်လေးဆင့်၊ သို့မဟုတ် ခေတ်လေးခေတ်အစား အပိုင်းသုံးပိုင်း ပါရှိသည်။ ဤသည်သာလျှင် ဘုရားသခင်၏ လူသားအပေါ် စီမံခန့်ခွဲခြင်းအမှုကို မှန်ကန်စွာ ရည်ညွှန်းသည့်နည်းဖြစ်သည်။ နောက်ဆုံးသောခေတ်ပြီးဆုံးချိန်တွင် လူသားမျိုးနွယ်အပေါ် စီမံခန့်ခွဲခြင်းအမှုသည် ပြည့်စုံစွာ ပြီးဆုံးခဲ့ပြီး ဖြစ်လိမ့်မည်။ စီမံခန့်ခွဲခြင်းအမှု ပြီးဆုံးခြင်းသည် လူသားမျိုးနွယ်အားလုံးကို ကယ်တင်သည့်အမှု လုံးဝပြီးဆုံးသွားကာ လူသားမျိုးနွယ်သည် ၎င်း၏ခရီးလမ်းဆုံးသို့ ရောက်ခဲ့ပြီးဖြစ်သည်ဟု ဆိုလို၏။ လူသားမျိုးနွယ်အားလုံးကို ကယ်တင်သည့်အမှု မရှိပါက လူသားမျိုးနွယ်ကို စီမံခန့်ခွဲသည့်အမှု ရှိမည်မဟုတ်ပါ။ အမှု၏ အဆင့်သုံးဆင့်သည်လည်း ရှိမည်မဟုတ်ပါ။ အတိအကျအားဖြင့် ဤသည်မှာ လူသားမျိုးနွယ်၏ စာရိတ္တပျက်ပြားမှုကြောင့်နှင့် လူသားမျိုးနွယ်သည် ကယ်တင်ခြင်းကို အရေးတကြီး လိုအပ်နေသောကြောင့် ယေဟောဝါသည် ကမ္ဘာမြေကြီးအား ဖန်ဆင်းခြင်းကို အဆုံးသတ်ခဲ့ကာ ပညတ်တော်ခေတ်၏ အမှုကို စတင်ခဲ့၏။ ထိုအခါတွင်မှ လူသားမျိုးနွယ်ကို စီမံခန့်ခွဲသည့်အမှု စတင်ခဲ့၏။ ထိုအခါတွင်မှ လူသားမျိုးနွယ်ကို ကယ်တင်ခြင်းအမှု စတင်ခဲ့၏ဟု ဆိုလိုခြင်းဖြစ်သည်။ “လူသားမျိုးနွယ်ကို စီမံခန့်ခွဲခြင်း” ဟူသည်မှာ ကမ္ဘာမြေကြီးပေါ်တွင် အသစ်ဖန်ဆင်းထားသည့် လူသားမျိုးနွယ် (ဆိုလိုသည်မှာ ဖျက်ဆီးမခံရသေးသည့် လူသားမျိုးနွယ်) ၏အသက်တာကို လမ်းပြခြင်းဟု မဆိုလိုပါ။ စင်စစ်အားဖြင့် ယင်းမှာ စာတန်၏ ဖျက်ဆီးခြင်းကို ခံခဲ့ရသော လူသားမျိုးနွယ်ကို ကယ်တင်ခြင်းဖြစ်၏။ တစ်နည်းအားဖြင့်ဆိုသော် ဖောက်ပြန်နေသော ဤလူသားမျိုးနွယ်ကို ပြောင်းလဲရန်ဖြစ်၏။ ဤသည်မှာ လူသားမျိုးနွယ်ကို စီမံခန့်ခွဲခြင်း၏ အဓိပ္ပာယ်ဖြစ်သည်။ လူသားမျိုးနွယ်ကို ကယ်တင်ခြင်းအမှုတွင် ကမ္ဘာမြေကြီးကို ဖန်ဆင်းသည့်အမှုမပါပေ။ ထို့ကြောင့် လူသားမျိုးနွယ်ကို စီမံခန့်ခွဲသည့်အမှုတွင် ကမ္ဘာမြေကြီးကို ဖန်ဆင်းသည့်အမှု မပါဝင်ဘဲ ကမ္ဘာမြေကြီးကို ဖန်ဆင်းခြင်းအမှုမှ သီးခြားဖြစ်သော အမှုအဆင့်သုံးဆင့်သာ ပါဝင်၏။ လူသားမျိုးနွယ်အား စီမံခန့်ခွဲခြင်းအမှုကို နားလည်ရန် အမှု၏အဆင့်သုံးဆင့်နှင့်ဆိုင်သည့် နောက်ခံသမိုင်းကို သိရှိရန်လိုအပ်သည်၊ ဤသည်မှာ ကယ်တင်ခံရရန် လူတိုင်းသိရမည့်အရာဖြစ်၏။



နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ အမှုအဆင့် သုံးဆင့်ကို သိခြင်းသည် ဘုရားသခင်ကို သိခြင်း၏ လမ်းကြောင်းဖြစ်သည်” မှ

လူသားမျိုးနွယ်ကြောင့်သာ စီမံခန့်ခွဲမှုအလုပ် ဖြစ်လာခြင်းဖြစ်သည်၊ လူသား၏ဖြစ်တည်ခြင်းအားဖြင့်သာ ထိုအလုပ် ထွက်ပေါ်လာခြင်းဖြစ်သည်ဟု ဆိုလိုသည်။ လူသားမျိုးနွယ်မရှိခင်က၊ သို့မဟုတ် ကောင်းကင်၊ မြေကြီးနှင့် အရာအားလုံးကို ဖန်ဆင်းခဲ့သည့် အစအဦးတွင် စီမံခန့်ခွဲမှု မရှိခဲ့ပေ။ ဘုရားသခင်၏ အလုပ်အားလုံးတွင်၊ လူအတွက် အကျိုးရှိသည့် လက်တွေ့လုပ်ဆောင်မှု မရှိပါက၊ တစ်နည်းအားဖြင့်၊ ဖောက်ပြန်ပျက်စီးနေသည့် လူသားမျိုးနွယ်အတွက် သင့်လျော်သည့် သတ်မှတ်ချက်များကို ဘုရားသခင်က မပြုလုပ်ခဲ့လျှင် (ဘုရားသခင် လုပ်ဆောင်သည့် အလုပ်ထဲတွင်၊ လူ့အနေဖြင့် လက်တွေ့လုပ်ဆောင်ရန် သင့်တော်သည့် လမ်းကြောင်းများ မရှိခဲ့လျှင်)၊ ဤအလုပ်ကို ဘုရားသခင်၏ စီမံခံခန့်ခွဲမှုဟု မခေါ်ဆိုနိုင်ပါ။ ဘုရားသခင်၏ အလုပ်တစ်ခုလုံး၌ ဖောက်ပြန်ပျက်စီးနေသည့် လူသားမျိုးနွယ်အား သူတို့၏ လက်တွေ့လုပ်ဆောင်မှုကို မည်ကဲ့သို့လုပ်ဆောင်ရမည်ကို ပြောပြခြင်းသာ ပါဝင်မည်ဆိုပါက၊ ဘုရားသခင်သည် သူ၏ကိုယ်ပိုင် လုပ်ငန်းတစ်ခုကိုမျှ မလုပ်ဆောင်ခဲ့ပါက၊ သူ၏အတိုင်းအဆမရှိသည့် တန်ခိုးနှင့် ဉာဏ်ပညာကိုလည်း စိုးစဉ်းမျှ မထုတ်ဖော် မပြသခဲ့ပါက၊ ဘုရားသခင်၏ လူသားအပေါ်ထားရှိသော သတ်မှတ်ချက်များသည် မည်မျှပင် မြင့်မားပါစေ၊ ဘုရားသခင်သည် လူသားများအကြား မည်မျှကြာအောင် နေထိုင်ခဲ့ပါစေ၊ လူသားအနေဖြင့် ဘုရားသခင်၏ စိတ်သဘောထားကို လုံးဝသိရှိမည် မဟုတ်ပေ။ ထိုသို့သာဆိုလျှင်၊ ထိုသို့သောအလုပ်မျိုးသည် ဘုရားသခင်၏ စီမံခန့်ခွဲမှုဟု အခေါ်ခံရရန်ပင် မထိုက်တန်ပါ။ ရိုးရှင်းစွာပြောရလျှင် ဘုရားသခင်၏ စီမံခန့်ခွဲမှု အလုပ်သည် ဘုရားသခင်က လုပ်သည့်အလုပ်ဖြစ်ပြီး၊ ဘုရားသခင်၏ ရယူခြင်းကို ခံထားရသည့် ထိုသူများက ဘုရားသခင်၏ လမ်းညွှန်မှုအောက်တွင် လုပ်ဆောင်သော အလုပ်များအားလုံးပင်ဖြစ်သည်။ ထိုသို့သောအလုပ်ကို စီမံခန့်ခွဲမှုအဖြစ် အတိုချုံးနိုင်ပြီး၊ လူသားများအကြားရှိ ဘုရားသခင်၏ အလုပ်ကိုလည်းကောင်း၊ သူ့နောက်လိုက်သူများ အားလုံးနှင့် ပူးပေါင်းလုပ်ဆောင်ခြင်းကိုလည်းကောင်း ရည်ညွှန်းသည်။ ယင်းတို့အားလုံးကို စုပေါင်းပြီး စီမံခန့်ခွဲမှုဟု ခေါ်နိုင်သည်။ ဤတွင် ဘုရားသခင်၏အလုပ်ကို ရူပါရုံများဟု ခေါ်ပြီး၊ လူ၏ပူးပေါင်းဆောင်ရွက်မှုကို လက်တွေ့လုပ်ဆောင်ခြင်းဟု ခေါ်သည်။ ဘုရားသခင်အလုပ်က မြင့်မားလေ (ဆိုလိုသည်မှာ၊ ရူပါရုံများက မြင့်မားလေ)၊ ဘုရားသခင်၏ စိတ်သဘောထားက လူသားများအတွက် ပို၍ပေါ်လွင်လေဖြစ်ကာ၊ ထိုစိတ်သဘောထားသည် လူသား၏အယူအဆများနှင့် ပို၍ကွဲလွဲလေ၊ လူသား၏ လက်တွေ့လုပ်ဆောင်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုသည်လည်း ပို၍မြင့်မားလေဖြစ်သည်။ လူသား၏ လိုအပ်ချက်များက မြင့်မားလေ၊ ဘုရားသခင်၏အလုပ်က လူ့အယူအဆများနှင့် ပို၍ကွဲလွဲလေဖြစ်ရကား၊ ရလဒ်အနေနှင့် လူကို စမ်းသပ်မှုများနှင့် လူ့ဘက်မှ ပြည့်မီရန် လိုအပ်သည့် စံနှုန်းများက ပို၍မြင့်မားလာသည်။ ဤအလုပ်၏ အဆုံးသတ်တွင်၊ ရူပါရုံများအားလုံး ပြီးမြောက်သွားမည်ဖြစ်ပြီး၊ လူသားအနေဖြင့် လက်တွေ့လုပ်ဆောင်ရန် လိုအပ်သည်များကလည်း စုံလင်ခြင်း၏ အထွတ်အထိပ်သို့ ရောက်ရှိပြီးဖြစ်လိမ့်မည်။ ထိုအချိန်သည် လူအသီးသီးကို အမျိုးအစားအလိုက် ခွဲခြားမည့်အချိန်လည်း ဖြစ်သည်။ အကြောင်းမှာ လူသားက သိသင့်သည်ကို လူသားအား ပြသပြီးဖြစ်မည် ဖြစ်သောကြောင့် ဖြစ်သည်။ ထို့အတွက်ကြောင့်၊ ရူပါရုံများက ၎င်းတို့၏အထွတ်အထိပ်သို့ ရောက်ချိန်တွင်၊ အလုပ်သည်လည်း ယင်းနှင့်အညီ အဆုံးသတ်သို့ ချဉ်းကပ်လာမည်ဖြစ်ကာ၊ လူသား၏ လက်တွေ့လုပ်ဆောင်မှုသည်လည်း အထွတ်အထိပ်သို့ ရောက်ရှိပြီးဖြစ်လိမ့်မည် ဖြစ်သည်။ လူ၏လက်တွေ့လုပ်ဆောင်မှုက ဘုရားသခင်၏ အလုပ်အပေါ်တွင် အခြေခံထားပြီး၊ ဘုရားသခင်၏ စီမံခန့်ခွဲမှုက လူ၏လက်တွေ့လုပ်ဆောင်မှုနှင့် လူ၏ပူးပေါင်းဆောင်ရွက်မှုတို့ကြောင့်သာ အပြည့်အဝ ဖော်ပြခြင်းကို ခံရသည်။ လူသည် ဘုရားသခင်အလုပ်၏ ပြရုပ်ဖြစ်ပြီး၊ ဘုရားသခင်အလုပ်နှင့်ဆိုင်သည့် စီမံခန့်ခွဲမှုအားလုံး၏ အပြုခံအရာနှင့် ဘုရားသခင်၏ စီမံခန့်ခွဲမှုတစ်ခုလုံးဆိုင်ရာ ထုတ်ကုန်လည်းဖြစ်သည်။ အကယ်၍ ဘုရားသခင်သည် လူ၏ပူးပေါင်းဆောင်ရွက်မှု မပါဝင်ဘဲ တစ်ပါးတည်း လုပ်ဆောင်ခဲ့ပါက၊ သူ့အလုပ်တစ်ခုလုံး၏ အကောင်အထည်ပေါ်လာသည့်အရာအဖြစ် အစေခံမည့်အရာ ဘာမျှရှိလိမ့်မည် မဟုတ်ပေ။ ဤနည်းလမ်းအားဖြင့် ဘုရားသခင်၏ စီမံခန့်ခွဲမှုသည် အနည်းငယ်မျှပင် အရေးပါမှု ရှိမည်မဟုတ်ပေ။ ဘုရားသခင်၏ အလုပ်ပြင်ပမှ အံကိုက်ဖြစ်မည့် အပြုခံအရာ၊ ဤအလုပ်ကို ဖော်ပြနိုင်ပြီး၊ အလုပ်၏ အတိုင်းအဆမရှိသည့် တန်ခိုးနှင့် ဉာဏ်ပညာကို သက်သေပြနိုင်သည့် အပြုခံအရာကို ရွေးချယ်ခြင်းအားဖြင့်သာ ဘုရားသခင်၏ စီမံခန့်ခွဲမှုနှင့်ဆိုင်သည့် ရည်မှန်းချက်ကို စွမ်းဆောင်ရရှိရန် ဖြစ်နိုင်မည်ဖြစ်ပြီး၊ ဤအလုပ်အားလုံးကို အသုံးပြုခြင်းဖြင့် စာတန်ကို အပြည့်အဝ အနိုင်ယူရန် ရည်မှန်းချက်ကို စွမ်းဆောင်ရရှိနိုင်သည်။ ထို့ကြောင့် လူသည် ဘုရားသခင်၏ စီမံခန့်ခွဲမှုအလုပ်နှင့်ဆိုင်သည့် မရှိမဖြစ်သော အစိတ်အပိုင်းဖြစ်ပြီး၊ လူသားတစ်ဦးတည်းကသာလျှင် ဘုရားသခင်၏ စီမံခန့်ခွဲမှုကို အသီးသီးစေရန်နှင့် ယင်း၏အဆုံးစွန်သော ရည်မှန်းချက်ကို စွမ်းဆောင်ရရှိရန် ပြုလုပ်ပေးနိုင်သည်။ လူသားကလွဲ၍ အခြားမည်သည့်သက်ရှိအမျိုးအစားကမျှ ထိုကဲ့သို့သော အခန်းကဏ္ဍကို တာဝန်မယူနိုင်ပါ။ လူသားသည် စီမံခန့်ခွဲမှုအလုပ်၏ စစ်မှန်သည့် အကောင်အထည် ပေါ်လာသည့်အရာ ဖြစ်လာဖို့ဆိုလျှင်၊ ဖောက်ပြန်ပျက်စီးနေသည့် လူသားမျိုးနွယ်၏ မနာခံမှု အလုံးစုံသည် ပပျောက်သွားရမည်ဖြစ်သည်။ ထိုအတွက် လိုအပ်သည်များမှာ မတူညီသည့် အချိန်များအတွက် လူကို သင့်တော်သည့် လက်တွေ့လုပ်ဆောင်မှုပေးရန်နှင့်၊ ဘုရားသခင်က လူသားများအကြား ကိုက်ညီသည့်အလုပ်ကို လုပ်ဆောင်သွားရန်ဖြစ်သည်။ ဤနည်းလမ်းအားဖြင့်သာ စီမံခန့်ခွဲမှုအလုပ်၏ အကောင်အထည်ပေါ်လာသည့် အရာဖြစ်သော လူတစ်စုသည် နောက်ဆုံးတွင် ရယူခြင်းခံရမည် ဖြစ်သည်။ လူများအကြားရှိ ဘုရားသခင်၏အလုပ်ကို ဘုရားသခင်တစ်ပါးတည်းလုပ်သော အလုပ်ဖြင့်သာ ဘုရားသခင်ကိုယ်တိုင်က သက်သေခံပေး၍ မရနိုင်ပါ။ အောင်မြင်မှု ရရှိရန်အတွက် ထိုကဲ့သို့သော သက်သေခံချက်က ဘုရားသခင်၏ အလုပ်အတွက် သင့်တော်သည့် သက်ရှိလူသားများကို လိုအပ်သည်။ ပထမဦးစွာ ဘုရားသခင်က ထိုသူများအပေါ် လုပ်ဆောင်ပြီး၊ ထိုသူများအားဖြင့် သူ့အလုပ်ကို ဖော်ပြလိမ့်မည်၊ ဤနည်းအားဖြင့် ဘုရားသခင်၏ ထိုသို့သော သက်သေခံချက်သည် သတ္တဝါများအကြားတွင် ပြုခြင်းခံရလိမ့်မည်။ ဤတွင် ဘုရားသခင်က သူ့အလုပ်၏ ရည်မှန်းချက်ကို ရရှိအောင်မြင်ပြီး ဖြစ်ပေလိမ့်မည်။ ဘုရားသခင်သည် သတ္တဝါများအကြားတွင် သူ့ကိုယ်သူ တိုက်ရိုက်သက်သေခံ၍ မရသောကြောင့်၊ သူသည် စာတန်ကို အောင်နိုင်ရန်အတွက် တစ်ပါးတည်း မလုပ်ဆောင်ပေ။ သူသာ ထိုသို့လုပ်ဆောင်မည်ဆိုလျှင်၊ လူသားကို အကြွင်းမဲ့ လက်ခံယုံကြည်လာစေရန် ပြုနိုင်မည် မဟုတ်ပေ။ ထို့ကြောင့် လူကို သိမ်းပိုက်ရန်အတွက် ဘုရားသခင်က လူ့အပေါ် လုပ်ဆောင်ရမည်ဖြစ်ပြီး၊ သို့မှသာလျှင် သူသည် သတ္တဝါများ အားလုံးအကြားတွင် သက်သေခံမှုကို ရရှိနိုင်မည်ဖြစ်သည်။ ဘုရားသခင်တစ်ပါးတည်းကသာ လုပ်ဆောင်မည်ဆိုလျှင်၊ လူ၏ပူးပေါင်းလုပ်ဆောင်မှု မရှိဘူးဆိုလျှင်၊ သို့မဟုတ် လူ့ဘက်မှ ပူးပေါင်းလုပ်ဆောင်ရန် မလိုဘူးဆိုလျှင်၊ လူ့အနေဖြင့် ဘုရားသခင်၏ စိတ်သဘောထားကို ဘယ်သောအခါမျှ သိနိုင်မည်မဟုတ်ဘဲ ဘုရားသခင်၏ အလိုတော်ကိုလည်း ထာဝစဉ် သတိပြုမိလိမ့်မည် မဟုတ်ပေ။ ဤနည်းလမ်းနှင့်ဆိုလျှင်၊ ယင်းကို ဘုရားသခင်အလုပ်၏ စီမံခန့်ခွဲမှုဟုခေါ်ဆို၍ မရနိုင်ပါ။ လူကပင် သူကိုယ်တိုင် ရုန်းကန်ရ၊ ရှာဖွေရပြီး ကြိုးစားလုပ်ကိုင်ရပါသော်လည်း၊ ဘုရားသခင်၏ အလုပ်ကို နားမလည်ခဲ့ပါက၊ လူအနေဖြင့် နောက်ပြောင်ကျီစယ်နေသကဲ့သို့ ဖြစ်ချေမည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်မပါဝင်ပါက၊ လူလုပ်ဆောင်သည့် အလုပ်မှာ စာတန်၏အလုပ်ပင်ဖြစ်ပြီး၊ လူသည် ပုန်ကန်သူဖြစ်ကာ မကောင်းမှုကို လုပ်ဆောင်သူ တစ်ဦးဖြစ်သည်။ ဖောက်ပြန်ပျက်စီးနေသည့် လူသားမျိုးနွယ်၏ လုပ်ဆောင်မှု အားလုံးတွင် စာတန်က ထုတ်ဖော်ပြသခြင်း ခံရသည်။ ထိုအထဲတွင် ဘုရားသခင်နှင့် သဟဇာတဖြစ်သောအရာ တစ်ခုမျှမရှိဘဲ၊ အားလုံးက စာတန်၏ သရုပ်သကန်ပင် ဖြစ်သည်။ ရူပါရုံများနှင့် လက်တွေ့လုပ်ဆောင်မှုမပါသည့် မည်သည့်အရာကိုမျှ မပြောခဲ့ပေ။ ရူပါရုံများ၏ အခြေခံပေါ်တွင် လူ့အနေဖြင့် လက်တွေ့လုပ်ဆောင်မှုနှင့် နာခံခြင်း လမ်းကြောင်းကို ရှာတွေ့သည်၊ ထိုသို့အားဖြင့် လူသည် သူ၏ အယူအဆများကို ဘေးဖယ်ထားပြီး ယခင်က သူမပိုင်ဆိုင်ဖူးသည့် အရာများကို ရရှိစိမ့်သောငှာဖြစ်သည်။ လူသားက သူနှင့် ပူးပေါင်းဆောင်ရွက်ရန်၊ သူ၏သတ်မှတ်ချက်များကို လူသားက အပြည့်အဝနာခံရန်နှင့် ဘုရားသခင်ကိုယ်တိုင် လုပ်ဆောင်သည့်အလုပ်ကို ရှုမြင်ခြင်းငှာ လူသားက တောင်းဆိုရန်၊ အနန္တတန်ခိုးရှင် ဘုရားသခင်၏တန်ခိုးကို ကြုံတွေ့ရန်နှင့် ဘုရားသခင်၏ စိတ်သဘောထားကိုသိရန် ဘုရားသခင်အလိုရှိသည်။ အချုပ်အားဖြင့် ထိုအရာများသည် ဘုရားသခင်၏ စီမံခန့်ခွဲမှု ဖြစ်သည်။ ဘုရားသခင်၏ လူသားနှင့် ပေါင်းစည်းခြင်းက စီမံခန့်ခွဲမှုဖြစ်သည်၊ အကြီးမြတ်ဆုံးသော စီမံခန့်ခွဲမှုဖြစ်သည်။


နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ အလုပ်နှင့် လူ၏လက်တွေ့လုပ်ဆောင်မှု” မှ

ဘုရားသခင်ဟူသည်ကိုမသိသော၊ ဖန်ဆင်းရှင်ဟူသည်ကို မသိသော၊ ဘုရားသခင်ကို မည်သို့ကိုးကွယ်ရမည်ကို မသိသော၊ ဘုရားသခင်ကို အဘယ်ကြောင့် ကျိုးနွံနာခံရန်လိုအပ်သည်ကို မသိသော လူသားတို့ကို စာတန်လက်ထဲ လွှဲအပ်ပြီး စာတန်၏ဖောက်ပြန်ပျက်စီးမှုကို လွှတ်ထားပေးရန်မှာ ဘုရားသခင်၏ စီမံခန့်ခွဲမှုဖြစ်သည်။ ထို့နောက် လူသားသည် ဘုရားသခင်ကို လုံးဝကိုးကွယ်၍ စာတန်ကို ငြင်းပယ်သည်အထိ ဘုရားသခင်သည် တစ်ဆင့်ပြီးတစ်ဆင့် လူသားကို စာတန်လက်မှ ကယ်နုတ်သည်။ ဤသည်မှာ ဘုရားသခင်၏ စီမံခန့်ခွဲမှုဖြစ်သည်။ ဤအရာအားလုံးမှာ ဒဏ္ဍာရီပုံပြင်ဆန်ပြီး စိတ်ရှုပ်ဖွယ်ဖြစ်သည်။ ၎င်းတို့သည် ဤစကြဝဠာအနှံ့တွင် အဖြစ်အပျက်ပေါင်း မည်မျှဖြစ်ခဲ့သည်ကို သိရန်မဆိုထားနှင့် လွန်ခဲ့သည့် နှစ်ထောင်ပေါင်း အချို့အတွင်း လူသားအပေါ် မည်မျှဖြစ်ခဲ့သည်ကို လုံးဝမသိသဖြင့် ဤသည်ကို ဒဏ္ဍာရီကဲ့သို့ ထင်ရခြင်းဖြစ်သည်။ ထို့အပြင် ၎င်းတို့၏တာရှည်မခံသော မျက်လုံးများမှ မမြင်နိုင်အောင် တားဆီးထားသည့်အတွက် ၎င်းတို့သည် ရုပ်ပိုင်းဆိုင်ရာလောကထက် ကျော်လွန်၍တည်ရှိပြီး ပို၍ပင်အံ့သြစရာကောင်းကာ ပို၍ကြောက်စရာကောင်းသည့် ကမ္ဘာလောကကို ပြည့်စုံစွာ နားမလည်နိုင်ခြင်းကြောင့်ဖြစ်သည်။ လူသားအတွက် ဤသည်မှာ နားမလည်နိုင်စရာဟု ထင်ရသည်။ ဤသည်မှာလည်း လူသားသည် လူသားတို့ကို ဘုရားသခင်ကယ်တင်ခြင်း၏ အရေးပါပုံနှင့် ဘုရားသခင်၏စီမံခန့်ခွဲမှုအမှုတော်ဆိုင်ရာ အရေးပါပုံတို့ကို နားမလည်ခြင်း၊ ဘုရားသခင်သည် လူသားတို့ကို အဆုံးတွင် မည်သို့ဖြစ်စေချင်သည်ကို နားမလည်ခြင်းတို့ကြောင့်ဖြစ်သည်။ လူသားတို့သည် အာဒံနှင့် ဧဝတို့နှင့် အမျိုးတော်ကာ စာတန်၏ ဖျက်ဆီးမှု မခံရသူများလော။ မဟုတ်ပါ။ ဘုရားသခင်၏စီမံခန့်ခွဲမှုသည် ဘုရားသခင်ကို ကိုးကွယ်ကာ ကျိုးနွံနာခံသည့်လူတစ်စုကို ရရှိရန်အတွက်ဖြစ်သည်။ ဤလူသားတို့သည် စာတန်၏ ဖျက်ဆီးခြင်းကို ခံထားရသော်လည်း စာတန်ကို ၎င်း၏ဖခင်ဟု မမြင်တော့ပါ။ စာတန်၏ အကျည်းတန်သည့် မျက်နှာကိုသိကာ သူ့ကိုငြင်းပယ်ပြီး တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမမှုတို့ကို နာခံရန် ဘုရားသခင်၏ရှေ့တော်သို့ လာရောက်သည်။ မည်သည်က အကျည်းတန်ကြောင်း၊ ၎င်းသည် သန့်ရှင်းသည့်အရာနှင့် မည်သို့ကွာကြောင်းကို သူသိပြီး ဘုရားသခင်၏ ကြီးမြတ်မှုနှင့် စာတန်၏ဆိုးယုတ်မှုတို့ကို သူသိသည်။ ဤသို့သော လူသားတို့သည် စာတန်အတွက် အလုပ်မလုပ်တော့ပါ၊ သို့မဟုတ် စာတန်ကို မကိုးကွယ်တော့ပါ၊ သို့တည်းမဟုတ် စာတန်ကို အမြတ်တနိုး တန်ဖိုးမထားတော့ပါ။ ဤသည်မှာ ၎င်းတို့သည် ဘုရားသခင်က အမှန်တကယ် ရရှိလိုက်သည့် လူတစ်စုဖြစ်သောကြောင့် ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ လူသားများကို စီမံခန့်ခွဲမှုနှင့်ဆိုင်သော အရေးပါမှုဖြစ်သည်။


နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ စီမံခန့်ခွဲမှုအထဲ၌သာ လူသားသည် ကယ်တင်ခြင်း ခံရနိုင်သည်” မှ

အကြံပြုစာမျာ:

ဘုရားသခင်၏ ကျေးဇူးတော်ကို သက်သေခံချက်များ

No comments:

Post a Comment