菜單

မူလစာမျက်နှာ သတင်းအချက်အလက် အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ စွဲကိုင်ထားသူ လွတ်လပ်မှန်ကန်တဲ့လူ့အခွင့်အရေး ကယ်တင်ရှင်ပြန်ကြွလာပြီ ဧဝံဂေလိတရားတော် ကောင်းကင်နိုင်ငံတော်သီချင်း အမှန်တရားကို ဖေါ်ထုတ်ခြင်း နိုင်ငံတော် ချီးမွမ်းခြင်း တေးဂီတ ဘုရားသခင်၏ နှုတ်ကပတ်တော်များ ဖတ်ကြားခြင်းများ

7/09/2019

ဘုရားသခင်၏ အမှုတော် အဆင့်သုံးဆင့်မှ တစ်ခုစီ၏ အရေးပါမှုနှင့် ရည်ရွယ်ချက်ကို သိရှိခြင်း


(၁) ပညတ်တော်ခေတ်ရှိ ဘုရားသခင်၏အမှု၏ ရည်ရွယ်ချက်နှင့် အဓိပ္ပာယ်

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ -

ဣသရေလလူမျိုးတို့အပေါ် ယေဟောဝါဆောင်ရွက်ခဲ့သောအမှုသည် လောကီနှင့်ဆိုင်သည့် ဘုရားသခင်၏ မူလနေရာဖြစ်သော လူသားမျိုးနွယ်အကြား၌ ဖြစ်ပေါ်ခဲ့ပြီး ယင်းနေရာမှာ သူရှိနေခဲ့သည့် အထွတ်အမြတ်ထားသော နေရာလည်းဖြစ်သည်။ ယေဟောဝါသည် သူ၏အမှုကို ဣသရေလလူမျိုးတို့အတွက် ကန့်သတ်ထားသည်။ ကနဦးတွင် ဣသရေလပြင်ပ၌ သူအမှုမပြုခဲ့ပေ၊ ထိုအစား သူ၏အမှုနယ်ပယ်ကို ကန့်သတ်ရန်အလို့ငှာ သင့်လျော်မည်ဟု သူမြင်သည့် လူမျိုးတစ်မျိုးကို ရွေးချယ်ခဲ့သည်။ ဣသရေလနိုင်ငံမှာ အာဒံနှင့်ဧဝတို့ကို ဘုရားသခင် ဖန်ဆင်းခဲ့သော နေရာဖြစ်ပြီး ထိုနေရာရှိ မြေမှုန့်မှတစ်ဆင့် လူသားကို ယေဟောဝါ ဖန်ဆင်းခဲ့သည်၊ ထိုနေရာမှာ ကမ္ဘာမြေကြီးပေါ်ရှိ သူ့အမှု၏ အရင်းခံနေရာ ဖြစ်လာခဲ့သည်။ နောဧ၏သားစဉ်မြေးဆက်များနှင့် အာဒံ၏သားစဉ်မြေးဆက်များဖြစ်ကြသော ဣသရေလလူမျိုးများသည် ဤကမ္ဘာပေါ်ရှိ ယေဟောဝါအမှု၏ လူသား အခြေခံအုတ်မြစ်ဖြစ်သည်။


ထိုအချိန်ကာလ၌၊ ဣသရေလပြည်ရှိ ယေဟောဝါအမှု၏ အရေးပါမှု၊ ရည်ရွယ်ချက်နှင့် အဆင့်များမှာ ကမ္ဘာတစ်ခုလုံးပေါ်၌ သူ၏အမှုကို အစပျိုးနိုင်ရန်၊ ထိုမှတစ်ဆင့် ဣသရေလပြည်ကို ၎င်း၏ဗဟိုအနေဖြင့် သတ်မှတ်ထားပြီး တစ်ပါးအမျိုးသားတိုင်းနိုင်ငံများတို့ထံသို့ တဖြည်းဖြည်းချင်း ပျံ့နှံ့သွားစေနိုင်ရန်ဖြစ်သည်။ ယင်းမှာ စကြဝဠာတစ်လျှောက် သူအမှုပြုသည့် အခြေခံသဘောတရားဖြစ်ပြီး စံပုံစံတစ်ခုကို တည်ထောင်ကာ စကြဝဠာတစ်ခုလုံး သူ၏ ဧဝံဂေလိသတင်းကောင်းကို လက်ခံရရှိသည့်တိုင်အောင် ထိုစံပုံစံကို ချဲ့ထွင်သွားရန် ဖြစ်သည်။ ပထမဦးဆုံးသော ဣသရေလလူမျိုးများမှာ နောဧ၏ သားစဉ်မြေးဆက်များဖြစ်သည်။ ထိုသူတို့မှာ ယေဟောဝါ၏ ဇီဝအသက်ဖြင့်သာ ပြည့်စုံစေခြင်းခံခဲ့ရပြီး အသက်တာ၏ အခြေခံလိုအပ်ချက်များကို တာဝန်ယူရန် အလုံအလောက် နားလည်သဘောပေါက်ထားသည်၊ သို့သော်လည်း ယေဟောဝါသည် မည်သို့သော ဘုရားသခင် ဖြစ်ကြောင်း၊ သို့မဟုတ် လူသားတို့အတွက် သူ၏အကြံအစည်မှာ အဘယ်အရာဖြစ်ကြောင်း မသိခဲ့ကြသည့်အပြင်၊ ခပ်သိမ်းသော ဖန်ဆင်းခြင်းတို့၏ အရှင်သခင်ကို မည်သို့ရိုသေလေးမြတ်ရမည်ဆိုသည်ကိုပင် သူတို့မသိကြ။ လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းနှင့် ပညတ်တော်များထားရှိခဲ့ခြင်း ရှိမရှိနှင့် ဖန်ဆင်းခံအရာများမှာ ဖန်ဆင်းရှင်အတွက် လုပ်ပေးသင့်သည့် အလုပ်ရှိမရှိ စသည်တို့နှင့်ပတ်သက်၍ အာဒံ၏ သားစဉ်မြေးဆက်များမှာ ဘာမျှမသိခဲ့ကြပေ။ သူတို့သိသမျှမှာ ခင်ပွန်းဖြစ်သူက သူ၏မိသားစုကိုလုပ်ကျွေးရန် ချွေးကျအောင် အလုပ်လုပ်ရမည်၊ ဇနီးသည်က မိမိခင်ပွန်း၏ အုပ်စိုးမှုကိုနာခံသင့်ပြီး ယေဟောဝါဖန်ဆင်းခဲ့သော လူသားမျိုးနွယ် ဆက်လက်တည်တံ့အောင် လုပ်ဆောင်သင့်သည် စသည်တို့သာဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုရလျှင်၊ ယေဟောဝါ၏ ဇီဝအသက်နှင့် သူ၏အသက်သာရှိသည့် ဤလူတို့သည် ဘုရားသခင်၏ ပညတ်တော်များကို မည်သို့လိုက်နာရမည် သို့မဟုတ် ခပ်သိမ်းသော ဖန်ဆင်းခြင်းတို့၏ အရှင်သခင်ကို မည်ကဲ့သို့ ကျေနပ်နှစ်သိမ့်အောင် လုပ်ရမည် စသည်တို့ကို ဘာမျှမသိနားမလည်ကြပေ။ သူတို့သည် အနည်းငယ် စိုးစဉ်းမျှသာ နားလည်ကြသည်။ ထို့ကြောင့် သူတို့၏ နှလုံးသားထဲ၌ ဆိုးညစ်မိုက်မဲမှု သို့မဟုတ် လိမ်လည်လှည့်ဖျားမှု တစ်စုံတစ်ရာ မရှိသော်ငြားလည်း၊ သူတို့အကြား၌ မနာလိုဝန်တိုမှုနှင့် အချေအတင်ငြင်းခုံမှုတို့ ရံဖန်ရံခါသာ ဖြစ်လေ့ရှိတတ်သော်ငြားလည်း၊ ယေဟောဝါတည်းဟူသော ခပ်သိမ်းသောဖန်ဆင်းခြင်းတို့၏ အရှင်သခင်ကို သူတို့ မသိရှိ၊ သဘောမပေါက်ကြပေ။ လူသားတို့၏ ဤဘိုးဘေးဘီဘင်များမှာ ယေဟောဝါ၏ ဥစ္စာများကို စားသုံးရန်နှင့် ယေဟောဝါ၏ ဥစ္စာများကို မွေ့လျော်ရန်သာ သိကြသည်၊ သို့သော်လည်း ယေဟောဝါကို ရိုသေလေးမြတ်ရန် သူတို့မသိခဲ့ကြပေ၊ ယေဟောဝါမှာ သူတို့အနေဖြင့် ဒူးထောက်ပြီး ဝတ်ပြုကိုးကွယ်ထိုက်သူတစ်ဦး ဖြစ်ကြောင်းလည်း မသိခဲ့ကြပေ။ ထို့ကြောင့် သူတို့ကို ဘုရားသခင်၏ဖန်ဆင်းခံများဟု မည်သို့ခေါ်ဆိုနိုင်မည်နည်း။ အကယ်၍ ထိုကဲ့သို့ ဖြစ်နေပါလျှင် "ယေဟောဝါသည် ခပ်သိမ်းသော ဖန်ဆင်းခြင်းတို့၏ အရှင်သခင်ဖြစ်သည်" နှင့် "လူသားတို့အနေဖြင့် သူ့ကိုပေါ်လွင်ထင်ရှားစေရန်၊ သူ့ကို ဘုန်းထင်ရှာစေရန်နှင့် သူ့ကို ကိုယ်စားပြုရန်အလို့ငှာ လူသားများကို သူဖန်ဆင်းခဲ့သည်" ဟူသည့်စကားများမှာ အဘယ်သို့ဖြစ်သွားမည်နည်း။ ၎င်းတို့ကို အချည်းနှီးပြောဆိုခဲ့ခြင်း ဖြစ်သွားလိမ့်မည် မဟုတ်လော။ ယေဟောဝါကို ရိုသေလေးမြတ်ခြင်း မရှိသည့် လူများသည် သူ၏ဘုန်းတော်အတွက် သက်သေခံချက်တစ်ခု မည်သို့ဖြစ်လာနိုင်မည်နည်း။ ထိုသူတို့သည် ဘုရားသခင့်ဘုန်းတော်၏ သရုပ်သကန်များ မည်ကဲ့သို့ ဖြစ်လာနိုင်ကြမည်နည်း။ "ငါ၏ပုံသဏ္ဌာန်နှင့်အညီ လူသားတို့ကို ငါဖန်ဆင်းခဲ့၏" ဟူသည့် ယေဟောဝါ၏ နှုတ်ကပတ်တော်များမှာ ဆိုးယုတ်သောသူတည်းဟူသော စာတန်၏လက်ထဲ၌ လက်နက်တစ်ခု ဖြစ်သွားလိမ့်မည် မဟုတ်လော။ ဤနှုတ်ကပတ်တော်တို့မှာ လူသားတို့ကို ယေဟောဝါဖန်ဆင်းခြင်း၏ အရှက်တကွဲ အကျိုးနည်းဖြစ်ရသည့် အမှတ်လက္ခဏာတစ်ခု ဖြစ်လာလိမ့်မည် မဟုတ်လော။ လူသားမျိုးနွယ်ကို ဖန်ဆင်းပြီးသည့်နောက် အမှု၏ ထိုအဆင့်ကို ပြီးမြောက်ရန်အလို့ငှာ ယေဟောဝါသည် အာဒံလက်ထက်မှ နောဧလက်ထက်တိုင်အောင် လူသားတို့ကို မသွန်သင်ခဲ့ သို့မဟုတ် လမ်းမပြခဲ့ပေ။ ရေလွှမ်းမိုးခြင်းသည် ကမ္ဘာကြီးကို ဖျက်ဆီးခဲ့သည့်အချိန်နောက်ပိုင်းမှသာ နောဧနှင့် အာဒံတို့၏ သားစဉ်မြေးဆက်များဖြစ်သည့် ဣသရေလလူတို့ကို သတ်သတ်မှတ်မှတ် စတင်လမ်းညွှန်ပေးခဲ့ခြင်းဖြစ်သည်။ ဣသရေလနိုင်ငံအတွင်း၌ သူ၏အမှုတော်နှင့် မိန့်မြွက်ချက်များသည် ဣသရေလပြည်တစ်လျှောက်တွင် သူတို့အသက်ရှင်နေထိုင်ခဲ့စဉ်က ဣသရေလရှိ လူအားလုံးတို့ကို လမ်းညွှန်ပေးခဲ့သည်၊ ထိုနည်းလမ်းအားဖြင့် ယေဟောဝါသည် လူသားအနေဖြင့် သူ့ထံမှ အသက်ကိုရရှိကာ မြေမှုန့်ထဲမှထမြောက်ကာ ဖန်ဆင်းခံ လူသတ္တဝါဖြစ်သွားရန် လူသားတို့အထဲသို့ ဇီဝအသက်ကို မှုတ်သွင်းနိုင်သည်သာမကဘဲ သူသည် လူသားမျိုးနွယ်ကို မီးရှို့ဖျက်ဆီးနိုင်ကာ ကျိန်ဆဲနိုင်သည့်အပြင် လူသားမျိုးနွယ်ကိုအုပ်စိုးရန် သူ၏လှံတံကို အသုံးပြုနိုင်သည့်အကြောင်း ပြသခဲ့သည်။ ထို့ကြောင့် ယေဟောဝါသည် ကမ္ဘာမြေကြီးပေါ်၌ လူသားတို့၏ဘဝကို လမ်းညွှန်ပေးနိုင်သည်သာမက နေ့ညအချိန်နာရီစက္ကန့်မလပ် လူသားတို့အကြား၌ စကားပြောနိုင်၊ အမှုပြုနိုင်ကြောင်းကိုလည်း သူတို့တွေ့ခဲ့သည်။ လူသားသည် သူကောက်ယူခဲ့သည့် မြေမှုန့်ထဲမှလာခဲ့ကြောင်း၊ ထိုမျှသာမကသေးဘဲ လူသားကို သူကိုယ်တိုင်ဖန်ဆင်းဖြစ်ခဲ့ကြောင်းကို သူ၏ဖန်ဆင်းခံများ သိကောင်းသိနိုင်ရန် အတွက်သာ ထိုအမှုကိုပြုခဲ့သည်။ ဤမျှသာမက၊ ဣသရေလပြည်၌ သူစတင်ခဲ့သည့် အမှု၏ရည်ရွယ်ချက်မှာ အခြားသောလူမျိုးများနှင့် တိုင်းနိုင်ငံများ (ထိုသူတို့မှာ ဣသရေလထဲမှ သီးခြားခွဲထုတ်ထားခြင်းမဟုတ်ဘဲ ဣသရေလလူမျိုးထဲမှ ခွဲထွက်လာခဲ့ခြင်းဖြစ်ပြီး အာဒံနှင့်ဧဝတို့မှ ဆင်းသက်လာသူများဖြစ်သည်) အနေဖြင့် ယေဟောဝါ၏ ဧဝံဂေလိသတင်းကောင်းကို ဣသရေလပြည်မှ လက်ခံရန်အလို့ငှာဖြစ်သည်၊ ထိုသို့အားဖြင့် စကြဝဠာထဲရှိ ဖန်ဆင်းခံ အရာအားလုံးက ယေဟောဝါကို ရိုသေလေးမြတ်ကြပြီး သူ့ကို ကြီးမြတ်တော်မူသည်ဟု လက်ခံကြစေရန်ဖြစ်သည်။ ယေဟောဝါက ဣသရေလပြည်၌ သူ၏အမှုကို စတင်ဆောင်ရွက်ခြင်းမပြုခဲ့ဘဲ ယင်းအစား လူသားကို ဖန်ဆင်းပြီးနောက် လူသားတို့ကို ကမ္ဘာပေါ်၌ လွတ်လပ်စွာ သက်ရှင်နေထိုင်ခွင့်ပြုခဲ့မည် ဆိုပါက၊ လူသား၏ ရုပ်ပိုင်းဆိုင်ရာ သဘောသဘာဝကြောင့် (သဘောသဘာဝမှာ လူသားသည် သူမမြင်နိုင်သည့် အရာများ၊ တစ်နည်းအားဖြင့် လူသားမျိုးနွယ်ကို ဖန်ဆင်းသူမှာ ယေဟောဝါဖြစ်ကြောင်းကို ဘယ်သောအခါမျှ နားလည်သဘောပေါက်နိုင်မည်မဟုတ်၊ အဘယ်ကြောင့်လူသားကို ဖန်ဆင်းခဲ့ကြောင်းကို သဘောပေါက်ရန်မှာမူ ဝေးလှကြောင်းကို ဆိုလိုသည်) လူသားကို ဖန်ဆင်းခဲ့သူမှာ ယေဟောဝါဖြစ်သည်ကိုလည်းကောင်း၊ သူသည် ခပ်သိမ်းသော ဖန်ဆင်းခြင်းတို့၏ အရှင်သခင်ဖြစ်သည်ကိုလည်းကောင်း လူသားအနေဖြင့် ဘယ်သောအခါမျှ နားလည်နိုင်မည်မဟုတ်ပေ။ အကယ်၍ ယေဟောဝါသည် လူသားကို ဖန်ဆင်းခဲ့ပြီး မိမိကိုယ်တိုင် ပျော်ရွှင်ခံစားရန် ရုပ်ဝတ္ထုအနေဖြင့်သာ ရည်ရွယ်၍ လူသားကို ကမ္ဘာမြေကြီးပေါ်၌ထားခဲ့ကာ အချိန်ကာလတစ်ခုအတွင်း လူသားမျိုးနွယ်ကြား၌ ရှိရစ်နေပြီး သူတို့ကို လမ်းညွှန်ပေးမည့်အစား သူ၏လက်ကို ဖုတ်ဖက်ခါလျက် ထွက်ခွာသွားခဲ့လျှင် လူသားမျိုးနွယ်အားလုံးမှာ နတ္ထိသုညအဖြစ်သို့ ပြန်လည်ရောက်ရှိသွားမည်ဖြစ်သည်၊ ကောင်းကင်နှင့် မြေကြီးအပါအဝင် သူဖန်ဆင်းထားသည့် အသင်္ချေများလှသော အရာများနှင့် လူသားမျိုးနွယ် အားလုံးတို့သည်လည်း နတ္ထိသုညအဖြစ်သို့ ပြန်လည်ရောက်ရှိသွားမည့်အပြင် စာတန်၏နင်းခြေခြင်းကို ခံခဲ့ရပြီး ဖြစ်ပေလိမ့်မည်။ ဤနည်းအားဖြင့် "သူ၏ဖန်ဆင်းခြင်းအလယ်ဟုဆိုလိုသည့် ကမ္ဘာမြေကြီးပေါ်၌ သူ့အတွက် သန့်ရှင်းသောနေရာတစ်ခု၊ သူရပ်တည်ရန်အတွက် နေရာတစ်ခုရှိသင့်သည်" ဟူသည့် ယေဟောဝါ၏ဆန္ဒမှာ တစစီပျက်စီးသွားခဲ့လိမ့်မည်ဖြစ်သည်။ ထို့ကြောင့် လူသားမျိုးနွယ်ကို ဖန်ဆင်းပြီးနောက် လူသားတို့အလယ်၌ ဆက်လက်တည်ရှိနေပြီး သူတို့၏အသက်တာများကို လမ်းညွှန်ပေးကာ သူတို့၏အထဲမှ သူတို့ကို စကားပြောနိုင်ခဲ့သည်မှာ သူ၏လိုအင်ဆန္ဒကို အကောင်အထည်ဖော်ပြီး သူ၏အစီအစဉ်ကို အောင်မြင်စေရန် ဖြစ်သည်။ ဣသရေလပြည်၌ သူပြုခဲ့သည့်အမှုမှာ အရာခပ်သိမ်းတို့ကို မဖန်ဆင်းမီ သူချမှတ်ထားခဲ့သည့် အစီအစဉ်ကို အကောင်အထည်ဖော်ရန်သာဖြစ်သည်၊ ထို့ကြောင့် ဣသရေအမျိုးအထဲ၌ ပထမဦးဆုံး သူလုပ်ဆောင်ခဲ့သည့်အရာနှင့် အရာအားလုံးကို သူ၏ဖန်ဆင်းခြင်းတို့မှာ တစ်ခုနှင့်တစ်ခု ဆန့်ကျင်မနေဘဲ နှစ်မျိုးလုံးမှာ သူ၏စီမံခန့်ခွဲမှု၊ သူ၏အမှု၊ သူ၏ဘုန်းတော်တို့အတွက်ဖြစ်ပြီး လူသားတို့ကို သူဖန်ဆင်းခြင်း၏ အဓိပ္ပာယ်ကို ပို၍နက်နဲစေရန်အတွက်လည်းဖြစ်သည်။ နောဧခေတ်ပြီးနောက် ကမ္ဘာပေါ်ရှိ လူသားတို့၏ အသက်တာကို နှစ်ပေါင်းနှစ်ထောင်တိုင် သူလမ်းညွှန်ပေးခဲ့သည်၊ ထိုအတောအတွင်း လူသားများအနေဖြင့် ယေဟောဝါတည်းဟူသော ခပ်သိမ်းသော ဖန်ဆင်းခြင်းတို့၏ အရှင်သခင်ကို မည်သို့ရိုသေလေးမြတ်ရမည်၊ လူသားတို့က မိမိတို့ အသက်တာကို မည်သို့ထိန်းကျောင်းရမည်၊ မည်ကဲ့သို့ နေထိုင်အသက်ရှင်သွားရမည် စသည်တို့အပြင် အရေးကြီးဆုံးမှာ ယေဟောဝါအတွက် သက်သေတစ်ဦးအဖြစ် မည်သို့ပြုမူရမည်၊ သူ့ကို မည်ကဲ့သို့ နာခံရမည်နှင့် သူ့ကို မည်ကဲ့သို့ ရိုသေလေးမြတ်ခြင်းရှိရမည်တို့အပြင် ဒါဝိဒ်နှင့် သူ၏ယဇ်ပုရောဟိတ်များ ပြုခဲ့ကြသကဲ့သို့ သူ့ကို တေးဂီတအားဖြင့် မည်သို့ချီးမွမ်းကြရမည် စသည်တို့ကို ယေဟောဝါက သွန်သင်ပေးခဲ့သည်။

ယေဟောဝါသည် သူ၏အမှုကိုလုပ်ဆောင်ခဲ့သည့် နှစ်ပေါင်းနှစ်ထောင်ကာလမတိုင်မီက လူသားတို့သည် ဘာတစ်ခုမျှ မသိခဲ့ကြပေ၊ ထို့ပြင် လူသားမျိုးနွယ်အားလုံးနီးပါးတို့မှာ စာရိတ္တများ ပျက်ပြားလာခဲ့ကြပြီး ရေလွှမ်းမိုးခြင်းဖြင့် ကမ္ဘာကြီး ဖျက်ဆီးခံရခြင်း မတိုင်မီအထိ သူတို့၏ နှလုံးသားများ၌ ယေဟောဝါမရှိသည့်အပြင် သူ၏နည်းလမ်းနှင့် သာ၍ပင် ကင်းလွတ်နေကြသော ဖောက်ပြန်ပျက်စီးခြင်းနှင့် ကာမဂုဏ်လွန်ကျူးသည့် အတိုင်းအတာထိ ရောက်သွားခဲ့ကြသည်။ ယေဟောဝါသည် အဘယ်အရာလုပ်မည်ဆိုသည်ကို လူသားတို့ ဘယ်သောအခါမျှ နားမလည်ခဲ့ကြချေ၊ ၎င်းတို့၌ အသိစိတ်မရှိ၊ ထို့ထက်မက လူသားတို့မှာ ဗဟုသုတနည်းပါးပြီး အသက်ရှူတတ်သော စက်နှင့်တူနေသည်၊ လူသား၊ ဘုရားသခင်၊ ကမ္ဘာမြေကြီးနှင့် အသက်တာ စသည့် အကြောင်းအရာတို့ကို လုံးဝမသိနားမလည်ကြပေ။ ကမ္ဘာမြေကြီးပေါ်တွင် လူသားတို့သည် မြွေကဲ့သို့ပင် လိမ်လည်လှည့်ဖြားမှု အမျိုးမျိုးကို ကျူးလွန်ကြသည်၊ ထို့ပြင် ယေဟောဝါကို စော်ကားတိုက်ခိုက်သည့် အကြောင်းအရာ အမြောက်အမြားကိုလည်း ပြောဆိုကြသည်၊ သို့သော်လည်း သူတို့သည် မသိနားမလည်သည့် အတွက်ကြောင့် ယေဟောဝါအနေဖြင့် သူတို့ကို ပြစ်တင်ဆုံးမခြင်း သို့မဟုတ် ပဲ့ပြင်ဆုံးမခြင်းမပြုခဲ့ပေ။ ရေလွှမ်းမိုးခြင်းပြီးသည့်နောက်၊ နောဧ အသက် ၆၀၁ နှစ်ပြည့်သည့်အချိန်မှသာ ယေဟောဝါသည် နောဧထံသို့ တရားဝင်ကိုယ်ထင်ပြခဲ့ပြီး သူနှင့် သူ၏မိသားစုတို့ကို လမ်းညွှန်ပြခဲ့သည်၊ ထို့ပြင် နောဧနှင့် သူ၏သားသမီးများနှင့်အတူ အသက်ရှင်ကျန်ရစ်သော ငှက်များနှင့် သားရဲတိရိစ္ဆာန်များကိုလည်း ပညတ်တော်ခေတ်ကာလ ကုန်ဆုံးသည်အထိ နှစ်ပေါင်း ၂၅၀၀ တိုင်တိုင် ဦးဆောင်ခဲ့သည်။ ဣသရေလနိုင်ငံထဲ၌ ယေဟောဝါအလုပ်လုပ်ခဲ့သည့် အချိန်ကာလ၊ ဆိုလိုသည်မှာ တရားဝင် အလုပ်လုပ်ခဲ့သည့် အချိန်ကာလ စုစုပေါင်းမှာ နှစ်ပေါင်း ၂၀၀၀ ရှိပြီး၊ ဣသရေလနိုင်ငံထဲနှင့် နိုင်ငံပြင်ပ၌ တစ်ဆက်တည်း လုပ်ဆောင်ခဲ့သည်မှာ နှစ်ပေါင်း ၅၀၀ ရှိသည့်အတွက် နှစ်ခုပေါင်းမှာ နှစ်ပေါင်း ၂၅၀၀ ဖြစ်သည်။ ထိုကာလအတောအတွင်း ယေဟောဝါကို အစေခံကြရန် ဣသရေလလူမျိုးတို့ကို သွန်သင်ခဲ့သည်၊ ဗိမာန်တော် တစ်ဆောင်ကို သူတို့ဆောက်လုပ်သင့်ကြောင်း၊ ယဇ်ပုရောဟိတ်ဝတ်ရုံများ ဝတ်ဆင်ထားပြီး အာရုံဦးအချိန်တွင် ဗိမာန်တော်ထဲသို့ ဖိနပ်မပါဘဲ လျှောက်သွားသင့်ကြောင်း သွန်သင်ခဲ့သည်၊ သူတို့စီးသောဖိနပ်များက ဗိမာန်တော်ကို ညစ်ပေစေပြီး ဗိမာန်တော်ထိပ်မှ ၎င်းတို့အပေါ်သို့မီးကျကာ ၎င်းတို့ မီးလောင်၍သေကုန်ကြမည် စိုးသောကြောင့်ဖြစ်သည်။ သူတို့သည် မိမိတို့၏ တာဝန်ဝတ္တရားများကို ထမ်းရွက်ကြပြီး ယေဟောဝါ၏ အစီအစဉ်များကို နာခံခဲ့ကြသည်။ သူတို့သည် ဗိမာန်တော်ထဲ၌ ယေဟောဝါကို ဆုတောင်းခဲ့ကြပြီး ယေဟောဝါ၏ ဗျာဒိတ်တော်ကို ရရှိပြီးသည့်နောက်၊ ဆိုလိုသည်မှာ ယေဟောဝါ စကားပြောပြီးသည့်နောက် သူတို့သည် လူအပေါင်းတို့ကို ဦးဆောင်ခဲ့ပြီး သူတို့၏ဘုရားသခင်ဖြစ်သော ယေဟောဝါကို ရိုသေလေးမြတ်ကြရန် သွန်သင်ပေးခဲ့သည်။ ထို့နောက် ဗိမာန်တော်တစ်ဆောင်နှင့် ယဇ်ပလ္လင်တစ်ခုကို တည်ဆောက်ရန် ယေဟောဝါက သူတို့ကို ပြောခဲ့သည်။ ယေဟောဝါ သတ်မှတ်ထားသည့်အချိန်၌၊ ဆိုလိုသည်မှာ ပသခါပွဲနေ့၌ မွေးကင်းစနွားပေါက်နှင့် သိုးသငယ်တို့ကို ပြင်ဆင်ပြီး ယဇ်ပလ္လင်ပေါ်တွင် ယဇ်ပူဇော်သက္ကာများအဖြစ် တင်ထားကာ ယေဟောဝါကို အစေခံကြရန် မိန့်မှာခဲ့သည်၊ ဤသို့ဖြင့် သူတို့ကို ထိန်းချုပ်ကန့်သတ်ထားပြီး သူတို့၏နှလုံးသားထဲ၌ ယေဟောဝါကို ရိုသေလေးမြတ်ခြင်း ရှိကြစေရန် ဖြစ်သည်။ ဤပညတ်တော်များကို သူတို့နာခံခြင်းရှိမရှိမှာ ယေဟောဝါအပေါ် သူတို့သစ္စာရှိမှု၏ အတိုင်းအတာတစ်ခုဖြစ်လာခဲ့သည်။ ယေဟောဝါသည် သူတို့အတွက် သူ့ဖန်ဆင်းခြင်း၏ သတ္တမနေ့ရက်ဖြစ်သည့် ဥပုသ်နေ့ကိုလည်း သတ်မှတ်ပေးခဲ့သည်။ ဥပုသ်နေ့လွန်ပြီး နောက်တစ်နေ့ကို ပထမနေ့ဟု သတ်မှတ်ကာ ယေဟောဝါကို ချီးမွမ်းရာနေ့၊ ယေဟောဝါကို ယဇ်ပူဇော်ပသရာနေ့ဖြစ်ပြီး ယေဟောဝါအတွက် တေးဂီတဖြင့် ချီးမွမ်းရာနေ့အဖြစ် သတ်မှတ်ခဲ့သည်။ ထိုနေ့၌ ယေဟောဝါသည် လူတို့စားရန်အလို့ငှာ ယဇ်ပလ္လင်ပေါ်ရှိ ယဇ်ကောင်များကို ခွဲခြမ်းစေရန် ယဇ်ပုရောဟိတ်အားလုံးကို စုဝေးစေသည်၊ ထိုသို့အားဖြင့် သူတို့သည် ယေဟောဝါ၏ ပလ္လင်ပေါ်မှ ယဇ်ပူဇော်သက္ကာများကို စားသုံးနိုင်ကြရန်ဖြစ်သည်။ ထို့နောက် သူတို့အနေဖြင့် ကောင်းချီးမင်္ဂလာ ခံစားကြရကြောင်း၊ သူနှင့်အတူ ဝေမျှကြရကြောင်းနှင့် သူတို့သည် သူ၏ ရွေးကောက်ခြင်းခံရသော လူမျိုးဖြစ်ကြောင်း ယေဟောဝါပြောဆိုသည် (ယင်းမှာ ယေဟောဝါနှင့် ဣသရေလလူတို့အကြား ပြုလုပ်ထားသည့် ပဋိညာဉ်ပင်ဖြစ်သည်)။ ဤအကြောင်းကြောင့်ပင် ယနေ့တိုင်အောင် ဣသရေလလူမျိုးတို့က ယေဟောဝါသည် သူတို့၏ ဘုရားသခင်သာဖြစ်ပြီး အခြားလူမျိုးတို့၏ ဘုရားသခင် မဟုတ်ဟု ပြောဆိုကြခြင်းဖြစ်သည်။

အဲဂုတ္တုပြည်ထဲမှထွက်ကာ မောရှေနောက်သို့ လိုက်လာကြသော ဣသရေလလူတို့ကို လက်ဆင့်ကမ်း ပေးအပ်ရန် ပညတ်တော်ခေတ်အတောအတွင်း ယေဟောဝါသည် မောရှေအတွက် ပညတ်တော်အမြောက်အမြားကို ချပေးခဲ့သည်။ ဤပညတ်တော်များမှာ ဣသရေလလူတို့အတွက် ယေဟောဝါပေးအပ်ခဲ့သည့် အရာများဖြစ်ကာ အဲဂုတ္တုလူမျိုးတို့နှင့် ဘာမျှမသက်ဆိုင်ပေ၊ ၎င်းပညတ်တော်များမှာ ဣသရေလလူမျိုးတို့ကို ကန့်သတ်ထိန်းချုပ်ဖို့ အလို့ငှာသာဖြစ်သည်။ ဘုရားသခင်သည် ဣသရေလလူတို့ကို အမိန့်ပေးရန် ပညတ်တော်များကို အသုံးပြုခဲ့သည်။ သူတို့သည် ဥပုသ်နေ့ကို စောင့်ထိန်းကြခြင်းရှိမရှိ၊ သူတို့၏ မိဘများကို ရိုသေကြခြင်းရှိမရှိ၊ ရုပ်တုဆင်းတုများကို ကိုးကွယ်ကြခြင်းရှိမရှိ အစရှိသည်တို့မှာ သူတို့အနေဖြင့် အပြစ်ရှိမရှိ၊ ဖြောင့်မတ်ခြင်းရှိမရှိကို စီရင်ပေးသည့် အခြေခံနိယာမများဖြစ်ကြသည်။ ထိုသူတို့၏အထဲ၌ ယေဟောဝါ၏မီးဖြင့် ဒဏ်ခတ်ခံရသူအချို့ရှိသည်၊ ကျောက်ခဲဖြင့် ပေါက်သတ်ခံရသူအချို့ရှိသည်၊ ထို့ပြင် ယေဟောဝါထံမှ ကောင်းချီးမင်္ဂလာ ခံစားရသူအချို့ရှိပြီး၊ ထိုအရာတို့ကို သူတို့အနေဖြင့် ထိုပညတ်တော်များကို နာခံမှု ရှိမရှိအပေါ်၌သာ မူတည်၍ဆုံးဖြတ်သည်။ ဥပုသ်နေ့ကို မစောင့်ထိန်းသူတို့သည် ကျောက်ခဲဖြင့် ပေါက်သတ်ခံရမည်ဖြစ်သည်။ ဥပုသ်နေ့ကို မစောင့်ထိန်းသည့် ယဇ်ပုရောဟိတ်တို့မှာမူ ယေဟောဝါ၏မီးဖြင့် ဒဏ်ခတ်ခံရလိမ့်မည်။ မိမိတို့၏ မိဘများကို မရိုသေသူတို့မှာလည်း ကျောက်ခဲဖြင့် ပေါက်သတ်ခံရမည်။ ဤအရာအားလုံးကို ယေဟောဝါက ပြစ်တင်ရှုတ်ချခဲ့သည်။ ယေဟောဝါက သူ၏ပညတ်တော်နှင့် သွန်သင်ချက်များကို ချမှတ်ခဲ့သည်မှာ လူတို့၏ အသက်တာများကို သူဦးဆောင်စဉ်တွင် လူတို့အနေဖြင့် သူ၏နှုတ်ကပတ်တော်ကို နားထောင်ပြီး နာခံကြကာ သူ့ကို ဆန့်ကျင်ပုန်ကန်ခြင်း မပြုကြစေရန် ဖြစ်သည်။ မွေးကင်းစ လူသားမျိုးနွယ်တို့ကို ထိန်းချုပ်ထားရန်အတွက် ထိုပညတ်တော်များကို သူအသုံးပြုခဲ့ပြီး သူ၏အနာဂတ်အမှုအတွက် အခြေခံအုတ်မြစ်ကို ပို၍ကောင်းမွန်စွာချမှတ်နိုင်ရန်အလို့ငှာဖြစ်သည်။ ထို့ကြောင့် ယေဟောဝါပြုခဲ့သော အမှုပေါ်မူတည်၍ ပထမခေတ်ကို ပညတ်တော်ခေတ်ဟုခေါ်သည်။ ယေဟောဝါသည် များစွာသော မိန့်မြွက်ချက်များကိုပြုခဲ့ပြီး အမှုအများအပြားကို ပြုခဲ့သော်လည်း၊ သူ့အနေဖြင့် လူသားတို့ကို အပြုသဘောဖက်မှသာ လမ်းပြခဲ့ကာ မသိနားမလည်သော ဤလူများကို မည်သို့လူသားဆန်စေရန်၊ မည်သို့ အသက်ရှင်နေထိုင်ရန်၊ ယေဟောဝါ၏ နည်းလမ်းကို မည်သို့နားလည်နိုင်ရန် စသဖြင့် သွန်သင်ပေးခဲ့သည်။ အများအားဖြင့်ဆိုရလျှင် သူပြုခဲ့သောအမှုမှာ လူသားတို့အနေဖြင့် သူ၏ နည်းလမ်းနှင့် သူ၏ ပညတ်တော်များကို ထိန်းသိမ်းကြစေရန်ဖြစ်သည်။ အနည်းအကျဉ်းသာ ဖောက်ပြန်ပျက်စီးသော လူများအပေါ်တွင် အမှုပြုခဲ့ခြင်း ဖြစ်သည်၊ သူတို့၏ စိတ်သဘောထားကို အသွင်ပြောင်းရန် သို့မဟုတ် သူတို့၏ အသက်တာထဲ၌ တိုးတက်မှုရှိလောက်အောင်ထိ ကျယ်ပြန့်စွာမလုပ်ဆောင်ခဲ့ပေ။ လူတို့ကို ကန့်သတ်ရန်နှင့် ထိန်းချုပ်ရန်အတွက် ပညတ်တော်များကို အသုံးပြုခြင်းကိုသာ သူစိတ်ဝင်စားခဲ့သည်။ ထိုအချိန်တုန်းက ဣသရေလလူမျိုးအတွက် ယေဟောဝါသည် ဗိမာန်တော်ထဲ၌ရှိသော ဘုရားသခင်၊ ကောင်းကင်ဘုံရှိ ဘုရားသခင်မျှသာဖြစ်ခဲ့သည်။ သူသည် မိုးတိမ်တိုင်၊ မီးတိုင်ဖြစ်ခဲ့သည်။ ယေဟောဝါဖက်မှ လူအများလုပ်စေရန် တောင်းဆိုခဲ့သည့်အရာမှာ ယနေ့ခေတ် လူများမှ သူ၏ပညတ်တော်များနှင့် နည်းဥပဒေသများအဖြစ် နားလည်ထားကြသည့်၊ စည်းမျဉ်းစည်းကမ်းများဟုပင် ပြောနိုင်သည့်အရာများကို နာခံခြင်းဖြစ်သည်၊ အဘယ်ကြောင့်ဆိုသော် ယေဟောဝါ ပြုခဲ့သည့်အရာမှာ လူသားတို့ကို အသွင်သဏ္ဌာန်ပြောင်းလဲစေရန်အတွက် ရည်ရွယ်ခဲ့ခြင်းမဟုတ်ဘဲ လူသားတို့၌ ရှိသင့်ရှိထိုက်သော အရာများကို ပို၍ပေးအပ်ရန်၊ ၎င်း၏နှုတ်ဖြင့် လူသားတို့ကို ကိုယ်တိုင်သွန်သင်ပေးရန် ဖြစ်သည်၊ အဘယ်ကြောင့်ဆိုသော် ဖန်ဆင်းခြင်းခံရပြီးနောက် လူသားတို့အနေဖြင့် မိမိတို့၌ရှိထားရမည့်အရာများ တစ်ခုမျှ မရှိကြသောကြောင့်ဖြစ်သည်။ ထို့ကြောင့် ကမ္ဘာပေါ်၌ သူတို့၏ဘဝအတွက် ပိုင်ဆိုင်ထားသင့်သည်များကို ယေဟောဝါက လူတို့ကို ပေးခဲ့သည်၊ ထိုသို့အားဖြင့် သူဦးဆောင်ခဲ့သော လူတို့မှာ သူတို့၏ ဘိုးဘေးများဖြစ်သော အာဒံနှင့် ဧဝတို့ထက် သာလွန်သွားလေသည်၊ အဘယ်ကြောင့်ဆိုသော် သူတို့ကို ယေဟောဝါပေးခဲ့သည့် အရာမှာ အစဦး၌ အာဒံနှင့် ဧဝတို့ကို ယေဟောဝါပေးခဲ့သည်ထက် ပို၍သာလွန်သောကြောင့်ဖြစ်သည်။ မည်သို့ပင်ဆိုစေ၊ ဣသရေလပြည်၌ ယေဟောဝါပြုခဲ့သည့် အမှုသည် လူသားမျိုးနွယ်ကို လမ်းညွှန်ပေးရန်နှင့် လူသားတို့အနေဖြင့် မိမိတို့၏ဖန်ဆင်းရှင်ကို သိမှတ်စေနိုင်ရန်ဖြစ်သည်။ ယေဟောဝါက လူတို့ကို သိမ်းပိုက်ခြင်း သို့မဟုတ် အသွင်သဏ္ဌာန်ပြောင်းလဲခြင်း မပြုခဲ့ပေ၊ သူတို့ကို လမ်းညွှန်ခြင်းသာ ပြုခဲ့သည်။ ဤသည်တို့မှာ ပညတ်တော်ခေတ်၌ ယေဟောဝါပြုခဲ့သည့် အမှုအားလုံး၏အချုပ်ဖြစ်သည်။ ဤသည်မှာ ဣသရေလပြည် တစ်ဝှမ်းလုံး၌ သူပြုခဲ့သောအမှုနှင့်သက်ဆိုင်သည့် အနှစ်သာရ၏ နောက်ခံသမိုင်း၊ ဖြစ်ရပ်မှန်ဇာတ်ကြောင်းဖြစ်ပြီး လူသားမျိုးနွယ်ကို ယေဟောဝါလက်တော်၏ ထိန်းချုပ်မှုအောက်၌ ထိန်းသိမ်းထားရှိရန်ဖြစ်သည့် သူ၏အနှစ်ခြောက်ထောင်အမှုတော် အစလည်းဖြစ်သည်။ ထိုမှတစ်ဆင့် သူ၏အနှစ်ခြောက်ထောင်စီမံခန့်ခွဲမှု အစီအစဉ်အထဲ၌ သာ၍များသော အမှုတို့ ပေါ်ထွက်လာခဲ့သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ "ပညတ်တော်ခေတ်မှ အမှုတော်" မှ

အစဦးတွင် ဓမ္မဟောင်း ပညတ်တော်ခေတ်အတွင်း လူသားအား လမ်းပြမှုသည် ကလေးငယ်၏ ဘဝကို လမ်းပြသည်နှင့် တူသည်။ အစောဆုံး လူသားမျိုးနွယ်သည် ယေဟောဝါ၏ အသစ်သော မွေးဖွားမှု ဖြစ်သည်။ သူတို့သည် ဣသရေလ လူမျိုးများ ဖြစ်သည်။ သူတို့သည် ဘုရားသခင်ကို မည်သို့ ရိုသေလေးမြတ် ရန် သို့မဟုတ် ကမ္ဘာမြေကြီးပေါ်တွင် မည်သို့ နေထိုင်ရန် နားလည်ခြင်း မရှိကြပေ။ ပြောရမည်ဆိုလျှင် ယေဟောဝါသည် လူသားမျိုးနွယ်ကို ဖန်ဆင်းတော်မူခဲ့သည်။ ဆိုလိုသည်မှာ သူသည် အာဒံနှင့် ဧဝကို ဖန်ဆင်း ခဲ့သည်။ သို့သော်လည်း ယေဟောဝါကို မည်သို့ ရိုသေလေးမြတ်ရမည် သို့မဟုတ် ကမ္ဘာမြေကြီးပေါ်တွင် ယေဟောဝါ၏ ပညတ်တော်များကို မည်သို့ လိုက်နာရမည်ကို နားလည်နိုင်သော ပါရမီကို ကိုယ်တော်သည် သူတို့ကို မပေးခဲ့ပေ။ အစဦးတွင် လူသည် ယင်းသို့သော ပါရမီ ပိုင်ဆိုင်ခြင်းမရှိသည့် အတွက် ယေဟောဝါ၏ တိုက်ရိုက်လမ်းပြမှုမရှိဘဲ မည်သူတစ်ဦးတစ်ယောက်မျှ ဤအရာကို တိုက်ရိုက်မသိနိုင်ပေ။ လူမှာယေဟောဝါ သည် ဘုရားသခင်ဖြစ်သည် ဆိုသည်ကိုသာ သိခဲ့သော်လည်း သူ့ကို မည်သို့ ရိုသေလေးမြတ်ရမည်၊ သူ့ကို ရိုသေလေးမြတ်ခြင်း ဆိုသည်မှာ မည်သို့သော လုပ်ရပ်ကို ခေါ်သည်၊ သူ့ကို ရိုသေလေးမြတ်ရာတွင် မည်သို့ သော စိတ်ထား ထားရှိရမည် သို့မဟုတ် သူ့ကို ရိုသေလေးမြတ်သည့် အနေဖြင့် အဘယ်အရာအား ပေးလှူ ရမည်ကို မသိခဲ့ပေ။ လူသည် လုံးဝသိရှိခြင်း မရှိခဲ့ပေ။ လူသည် ယေဟောဝါ ဖန်ဆင်းသော အရာများ အားလုံး အကြားတွင် ပျော်ပါးနိုင်သော အရာကို မည်သို့ပျော်ပါးရမည်ကိုသာ သိသော်လည်း၊ ကမ္ဘာမြေကြီးပေါ်တွင် ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦးနှင့် ကမ္ဘာမြေကြီးပေါ်တွင် အဘယ်ကဲ့သို့သော အသက်တာသည် ထိုက်တန်သည် ဆိုခြင်းနှင့် ပတ်သက်၍မူ သူသည် ဘာဆိုဘာမျှပင် မသိခဲ့ချေ။ သူတို့ကို တစ်စုံတစ်ယောက်က ညွှန်ကြားမှုမရှိပါက၊ သူတို့ကို ကိုယ်တိုင်ကိုယ်ကျ တစ်စုံတစ်ယောက်က လမ်းပြခြင်းမရှိပါက၊ ဤလူသား မျိုးနွယ်သည် လူ့သဘောသဘာဝနှင့် မှန်ကန်ကိုက်ညီသော အသက်တာကို မည်သည့်အခါမျှ နေထိုင်နိုင်ခဲ့မည် မဟုတ်ဘဲ စာတန်၏ လျှို့ဝှက်စွာ ဖမ်းဆီးခြင်းကိုသာ ခံခဲ့ရလိမ့်မည်။ ယေဟောဝါသည် လူသားမျိုးနွယ်ကို ဖန်ဆင်းခဲ့သည်၊ ပြောရမည်ဆိုလျှင်၊ သူသည် လူသားမျိုးနွယ်၏ အစဦးဖြစ်သော အာဒံနှင့် ဧဝကို ဖန်ဆင်းခဲ့ သည်၊ သို့သော်လည်း သူသည် သူတို့အပေါ် မည်သည့် နောက်ထပ် ဉာဏ်ပညာ သို့မဟုတ် အသိဉာဏ်ကို မပေးခဲ့ပေ။ သူတို့သည် ကမ္ဘာမြေကြီးပေါ်တွင် နေထိုင်နေခဲ့ပြီ ဖြစ်သော်လည်း သူတို့သည် မည်သည့်အရာ ကိုမျှ နားမလည်ခဲ့ပေ။ သို့ဖြစ်ရာ ယေဟောဝါ၏ လူသားကို ဖန်ဆင်းခြင်း အလုပ်သည် တစ်ဝက်တစ်ပျက်သာ ပြီးဆုံးပြီး ပြည့်စုံရန် ဝေးသေးသည်။ သူသည် ရွှံ့စေးမှ လူ၏ ပုံသဏ္ဌာန်ကိုသာ ပုံသွင်းခဲ့ပြီး သူ၏ ဇီဝအသက် ကို မှုတ်သွင်းပေးခဲ့သော်လည်း၊ သူ့ကို ရိုသေလေးမြတ်ရန် လုံလောက်သော အလိုဆန္ဒကို လူအပေါ်တွင် ပေးခဲ့ခြင်း မရှိပေ။ အစဦးတွင် လူသည် သူ့ကို ရိုသေလေးမြတ်လိုစိတ် သို့မဟုတ် သူ့ကို ကြောက်ရွံ့စိတ် မရှိခဲ့ပေ။ လူသည် သူ၏ နှုတ်ကပတ်တော်များကို မည်သို့ နားထောင်ရမည်ကိုသာ သိသော်လည်း၊ ကမ္ဘာ မြေကြီးပေါ်တွင်ရှိသော အသက်တာအတွက် အခြေခံ အသိပညာ မရှိခဲ့ဘဲ လူသားအသက်တာ၏ သင့်လျော် သော စည်းမျဉ်းစည်းကမ်းများကို မသိခဲ့ပေ။ သို့ဖြစ်ရာ ယေဟောဝါသည် လူယောကျာ်းနှင့် လူမိန်းမကို ဖန်ဆင်းခဲ့ပြီး ခုနှစ်ရက် စီမံကိန်းကို အပြီးသတ်ခဲ့သော်လည်း၊ လူသားသည် အခွံသာရှိပြီး လူသားဖြစ်မှု၏ အစစ်အမှန်များ နည်းပါးနေခဲ့သောကြောင့် သူသည် လူသားအား ဖန်ဆင်းခြင်းကို မည်သည့်နည်းနှင့်မျှ မပြီးစီးခဲ့ပေ။ လူသည် လူသားမျိုးနွယ်ကို ဖန်ဆင်းခဲ့သည်မှာ ယေဟောဝါဖြစ်သည် ဆိုသည်ကိုသာ သိခဲ့သော်လည်း၊ သူသည် ယေဟောဝါ၏ နှုတ်ကပတ်တော်များ သို့မဟုတ် ပညတ်တော်များအား မည်သို့ လိုက်နာရမည်ကို အရိပ်အခြေမျှပင် မသိခဲ့ပေ။ သို့ဖြစ်ရာ လူသားမျိုးနွယ် တည်ရှိလာပြီးနောက် ယေဟောဝါ ၏ အလုပ်မှာ ပြီးဆုံးရန် များစွာ လိုပေသေးသည်။ လူသားမျိုးနွယ်ကို သူ၏ ရှေ့မှောက် ရောက်လာစေရန် သူသည် အပြည့်အဝ လမ်းညွှန်ရန် လိုအပ်နေဆဲဖြစ်သည်။ သို့မှသာ သူတို့သည် ကမ္ဘာမြေကြီးပေါ်တွင် အတူတကွ နေထိုင်နိုင်ပြီး သူ့အား ရိုသေလေးမြတ်နိုင်မည် ဖြစ်သည်။ ထို့နောက် သူ၏လမ်းညွှန်မှုဖြင့် သူတို့ သည် ကမ္ဘာမြေကြီးပေါ်တွင် ပုံမှန်လူသားဘဝ၏ လမ်းကြောင်းအမှန်ပေါ်သို့ ဝင်ရောက်နိုင်မည်ဖြစ်သည်။ ထိုအချိန်မှသာလျှင် ယေဟောဝါ၏ နာမတော်အောက်တွင် အဓိကအားဖြင့် လုပ်ဆောင်သော အလုပ်သည် အပြည့်အဝ ပြီးစီးခဲ့သည်၊ ဆိုလိုသည်မှာ ထိုအချိန်မှသာလျှင် ယေဟောဝါ၏ ကမ္ဘာမြေကြီးအား ဖန်ဆင်းခြင်း အလုပ်သည် အပြည့်အဝ အပြီးသတ်ပေသည်။ သို့ဖြစ်ရာ လူသားမျိုးနွယ်ကို ဖန်ဆင်းပြီးနောက်တွင် လူသား မျိုးနွယ်သည် သူ၏ အမိန့်များနှင့် ပညတ်တော်များကို လိုက်နာစေရန်နှင့် ကမ္ဘာမြေကြီးပေါ်တွင် ပုံမှန်လူသား အသက်တာ၏ လှုပ်ရှားမှုများအားလုံးတွင် ပါဝင်နိုင်စေရန် သူသည် ကမ္ဘာမြေကြီးပေါ်တွင် လူသားမျိုးနွယ်၏ အသက်တာကို နှစ်ထောင်ပေါင်းအချို့ လမ်းပြခဲ့ရသည်။ ထိုအချိန်မှသာလျှင် ယေဟောဝါ၏ အလုပ်သည် အပြည့်အစုံ ပြီးမြောက်ခဲ့သည်။ သူသည် လူသားမျိုးနွယ်ကို ဖန်ဆင်းပြီးနောက်တွင် ဤအလုပ်ကို လုပ်ဆောင် ခဲ့ပြီး ယာကုပ်၏ ခေတ်ရောက်သည်အထိ ယင်းကို ဆက်လက်လုပ်ဆောင်ခဲ့သည်။ ထိုအချိန်တွင် သူသည် ယာကုပ်၏ သားဆယ့်နှစ်ယောက်ကို ဣသရေလမျိုးနွယ်စု ဆယ့်နှစ်ခုအဖြစ် ဖြစ်ပေါ်စေခဲ့သည်။ ထိုအချိန် နောက်ပိုင်းတွင် ဣသရေလ လူမျိုးအားလုံးတို့သည် ကမ္ဘာမြေကြီးပေါ်တွင် သူ၏ တရားဝင် လမ်းပြမှုကို ခံခဲ့ရသည့် လူသားမျိုးနွယ်စု ဖြစ်လာပြီး၊ ဣသရေလသည် သူ၏ အလုပ်များကို လုပ်ဆောင်သည့် ကမ္ဘာ မြေကြီးပေါ်ရှိ အထူးနေရာ ဖြစ်လာခဲ့သည်။ ထိုသူတို့ကို ယေဟောဝါသည် ကမ္ဘာပေါ်တွင် ပထမဆုံး သူ၏ အလုပ်များကို တရားဝင် လုပ်ဆောင်သော လူအုပ်စု ဖြစ်လာစေခဲ့ပြီး၊ ဣသရေလ နယ်မြေ တစ်ခုလုံးကို သူ့အလုပ်၏ မူလအမှတ်အဖြစ် ဖြစ်စေခဲ့သည်။ သူတို့ကို အသုံးပြု၍ ပိုမိုကြီးမြတ်သော အလုပ်ကို စတင် ခဲ့ခြင်းအားဖြင့် ကမ္ဘာမြေကြီးပေါ်တွင် သူမှ မွေးဖွားလာသော လူအားလုံးတို့သည် သူကို မည်သို့ ရိုသေ လေးမြတ်ရမည်နှင့် ကမ္ဘာမြေကြီးပေါ်တွင် မည်သို့ နေထိုင်ရမည်ကို သိစေသည်။ သို့ဖြင့် ဣသရေလ လူတို့၏ လုပ်ဆောင်ချက်များသည် တပါးအမျိုးသား နိုင်ငံများမှ လူများက လိုက်လျှောက်ရသော နမူနာဖြစ်လာခဲ့ပြီး၊ ဣသရေလ လူများအကြား ပြောကြားချက်တို့သည် တပါးအမျိုးသား နိုင်ငံများက လူများ နားထောင်ရသော စကားလုံးများ ဖြစ်လာခဲ့သည်။ သူတို့သည် ယေဟောဝါ၏ ဥပဒေသများနှင့် ပညတ်တော် များကို ပထမဆုံး ရသူများ ဖြစ်ရာ သူတို့သည် ယေဟောဝါကို ရိုသေလေးမြတ်ရမည့် နည်းလမ်းများကို ပထမဆုံး သိသူများ လည်း ဖြစ်လာသည်။ သူတို့သည် ယေဟောဝါ၏ နည်းလမ်းများကို သိသော လူသားမျိုးနွယ်စု၏ အစဦး လူများ ဖြစ်ရုံသာမက ယေဟောဝါက ရွေးချယ်သော လူသားမျိုးနွယ်၏ ကိုယ်စားလှယ်များလည်း ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ "ဘုရားသခင့်အမှုတော်၏ ရူပါရုံ (၃)" မှ

သင်တို့သည် ပညတ်ခေတ်၏ ဤစီရင်ချက်များနှင့် တရားနုများကို ဖတ်ခဲ့ပြီးပြီ၊ မဟုတ်သလော။ စီရင်ချက်များသည် ကျယ်ပြန့်သော အမျိုးအစားကို ခြုံငုံမိသလော။ ပထမဦးစွာ ၎င်းတို့သည် ပညတ်တော်ဆယ်ပါးကို ခြုံငုံထားသည်၊ ထို့နောက်တွင် ယဇ်ပလ္လင်များ တည်ပုံနှင့် အစရှိသည်တို့နှင့်သက်ဆိုင်သော စီရင်ချက်များကို ခြုံငုံထားခြင်း ဖြစ်သည်။ ထို့နောက် ဥပုသ်နေ့ သတ်မှတ်ခြင်းနှင့် သုံးကြိမ်ပွဲလုပ်ခြင်းဆိုင်ရာ စီရင်ချက်များဖြစ်ပြီး၊ ထို့နောက်တွင် ပူဇော်သက္ကာများနှင့်သက်ဆိုင်သော စီရင်ချက်များ ဖြစ်သည်။ ပူဇော်သက္ကာ အမျိုးအစား မည်မျှရှိကြောင်းကို သင်တို့ မြင်ခဲ့သလော။ မီးရှို့ရာယဇ်များ၊ ဘောဇဉ်ပူဇော်သက္ကာများ၊ မိတ်ဿဟာယယဇ်များ၊ အပြစ်ဖြေရာယဇ်များနှင့် အစရှိသည့် ယဇ်များရှိပြီး၊ ၎င်းတို့နောက်တွင် ယဇ်ပုရောဟိတ်များ၏ မီးရှို့ရာယဇ်များနှင့် ဘောဇဉ်ပူဇော်သက္ကာများ အပါအဝင် ယဇ်ပုရောဟိတ်များနှင့်သက်ဆိုင်သော စီရင်ချက်များဖြစ်ပြီး အခြားသော ပူဇော်သက္ကာ အမျိုးအစားများ ရှိသည်။ အဌမမြောက် စီရင်ချက်များမှာ ယဇ်ပုရောဟိတ်များ ပူဇော်သက္ကာများကို စားသုံးခြင်းနှင့်သက်ဆိုင်သော စီရင်ချက်များဖြစ်ပြီး၊ ထို့နောက်တွင် လူတို့၏ အသက်တာများထဲ၌ လိုက်နာသင့်သော စီရင်ချက်များ ရှိသည်။ စားအပ်သော သို့မဟုတ် မစားအပ်သော အရာနှင့်သက်ဆိုင်သော၊ သားဖွားပြီးသော အမျိုးသမီးများကို စင်ကြယ်စေခြင်းနှင့်သက်ဆိုင်သော စီရင်ချက်များနှင့် နူနာပျောက်ကင်းသောသူများနှင့်သက်ဆိုင်သော စီရင်ချက်များ စသဖြင့် လူတို့၏ အသက်တာ ရှုထောင့်များစွာနှင့်သက်ဆိုင်သော ပြဌာန်းချက်များရှိသည်။ ဤစီရင်ချက်များထဲတွင် ဘုရားသခင်သည် အနာရောဂါ အကြောင်းကိုပင် ပြောခဲ့ပြီး သိုးများနှင့် ကျွဲနွားတိရစ္ဆာန်များကို သတ်ဖြတ်ခြင်းနှင့်သက်ဆိုင်သော စီရင်ထုံးဖွဲ့ချက်များနှင့် အစရှိသည်တို့ပင် ရှိသည်။ သိုးများနှင့် ကျွဲနွားများကို ဘုရားသခင် ဖန်ဆင်းခဲ့ခြင်းဖြစ်ပြီး သင်သည် ဘုရားသခင် သင့်အားပြောသည့် မည်သည့်နည်းဖြင့်မဆို ၎င်းတို့အား သတ်ဖြတ်သင့်သည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၌ အကြောင်းရင်း ရှိသည်မှာ သံသယဖြစ်ဖွယ် မရှိပါ၊ ဘုရားသခင် အမိန့်ပေးသည့်အတိုင်း ပြုမူခြင်းမှာ ဧကန်မုချ မှန်ကန်၍ ၎င်းမှာ လူတို့၏ အကျိုးအတွက်ပင် အမှန် ဖြစ်သည်။ ဥပုသ်နေ့၊ ပသခါနှင့် နောက်ထပ် စသဖြင့် လိုက်နာကျင်းပရမည့် ပွဲများနှင့် စီရင်ထုံးဖွဲ့ချက်များလည်း ရှိသည်၊ ဘုရားသခင်သည် ဤအရာအားလုံးကို ပြောခဲ့သည်။ မီးခုံများကို မီးထွန်းခြင်း၊ ယုဘိလနှစ်၊ မြေကို ရွေးနုတ်ခြင်း၊ သစ္စာကတိပြုခြင်း၊ ဆယ်ဖို့တစ်ဖို့ ပေးခြင်းနှင့် စသဖြင့် အခြားသောစီရင်ချက်များဖြစ်သည့် နောက်ဆုံးမှ စီရင်ချက်များကို ကြည့်ကြပါစို့။ ဤစီရင်ချက်များသည် ကျယ်ပြန့်သော အမျိုးအစားကို ခြုံငုံမိသလော။ ပထမဆုံး ပြောရမည့်အရာမှာ လူတို့၏ ပူဇော်သက္ကာအကြောင်းဖြစ်၍ ခိုးမှုနှင့် အလျော်ပေးခြင်းဆိုင်ရာ စီရင်ချက်များနှင့် ဥပုသ်နေ့ ကျင်းပခြင်း … စသဖြင့်၊ အသက်တာ၏ အသေးအဖွဲ တစ်ခုချင်းစီ ပါဝင်သည်။ တစ်နည်းအားဖြင့်ဆိုသော် ဘုရားသခင်သည် သူ၏စီမံခန့်ခွဲမှု အစီအစဉ်၏ တရားဝင် အလုပ်ကို စတင်ခဲ့သည့်အခါ သူသည် လူသားလိုက်နာရမည့် စီရင်ချက်များစွာကို ချမှတ်ခဲ့ခြင်း ဖြစ်သည်။ ဤစီရင်ချက်များမှာ လူသားကို ကမ္ဘာမြေကြီးပေါ်တွင် လူသား၏ သာမန် အသက်တာဖြင့် ဦးဆောင်၍ အသက်ရှင်စေရန်ဖြစ်၍ ယင်းအသက်တာမှာ ဘုရားသခင်နှင့် သူ၏ လမ်းပြမှုအောက်မှ ခွဲထုတ်၍မရသော သာမန် လူသား အသက်တာတစ်ခု ဖြစ်သည်။ ဘုရားသခင်သည် လူသားကို ယဇ်ပလ္လင် ပြုလုပ်ပုံ၊ ယဇ်ပလ္လင် မည်ကဲ့သို့ တည်ပုံကို ဦးစွာ ပြောပြခဲ့သည်။ ထို့နောက်တွင် သူသည် လူသားအား ပူဇော်သက္ကာများကို ပူဇော်ပုံကို ပြောပြခဲ့ပြီး လူသားသည် မိမိ၏အသက်တာထဲ၌ မည်သည်တို့ကို အာရုံစိုက်ရမည်၊ မည်သည်တို့ကို လိုက်နာရမည်၊ မည်သည်တို့ကို ပြုသင့် မပြုသင့်ကြောင်း စသဖြင့် မည်ကဲ့သို့ အသက်ရှင်ပုံကို ပြဌာန်းခဲ့သည်။ လူသားအတွက် ဘုရားသခင် သတ်မှတ်ပေးခဲ့သမျှမှာ လက်ခံယုံကြည်ဖွယ်ကောင်းပြီး ဤထုံးတမ်းများ၊ စီရင်ချက်များနှင့် တရားနုများဖြင့် သူသည် လူတို့၏ အပြုအမူကို စံသတ်မှတ်ခြင်း၊ ၎င်းတို့၏ အသက်တာကို ဦးဆောင်လမ်းပြခြင်း၊ ဘုရားသခင်၏ ပညတ်များအပေါ် ၎င်းတို့၏ အစပျိုးခြင်းကို ဦးဆောင်လမ်းပြခြင်း၊ ဘုရားသခင်၏ ပလ္လင်ရှေ့သို့ လာရန် ၎င်းတို့အား ဦးဆောင်လမ်းပြခြင်း၊ လူသားအတွက် ဘုရားသခင် ပြုလုပ်ပေးခဲ့သော အရာခပ်သိမ်းအလယ်၌ စနစ်တကျဖြစ်ခြင်း၊ ပုံမှန်ဖြစ်ခြင်းနှင့် ထိန်းချုပ်နိုင်ခြင်းကို ပိုင်ဆိုင်သော အသက်တာတစ်ခုရှိစေသည့်အရေးတွင် ၎င်းတို့အား ဦးဆောင်လမ်းပြခြင်းကို ပြုခဲ့သည်။ ဘုရားသခင်သည် ရိုးရှင်းသော ဤစီရင်ချက်များနှင့် တရားနုများကို ဦးစွာအသုံးပြုကာ လူသားအတွက် ကန့်သတ်ချက်များကို ချမှတ်ပေးခဲ့သည်၊ ထိုမှသာ ကမ္ဘာမြေကြီးပေါ်တွင် လူသားသည် ဘုရားသခင်ကို ကိုးကွယ်သည့် သာမန် အသက်တာ တစ်ခုကို ရလိမ့်မည်၊ လူသား၏ သာမန်အသက်တာကို ရကြလိမ့်မည် ဖြစ်သည်၊ ယင်းမှာ သူ၏ နှစ်ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ်ထဲတွင် ပါဝင်သည့် တိကျသော အကြောင်းအရာ၏ အစအဦးပင် ဖြစ်သည်။ စီရင်ချက်များနှင့် စီရင်ထုံးဖွဲ့ချက်များသည် အလွန် ကျယ်ပြန့်သော အကြောင်းအရာ တစ်ခုကို ခြုံငုံထားသည်၊ ၎င်းတို့မှာ ပညတ်တော်ခေတ်အတွင်း လူသားများကို ဘုရားသခင် ဦးဆောင်လမ်းပြသော အသေးစိတ်အချက်အလက်များ ဖြစ်သည်၊ ၎င်းတို့ကို ပညတ်တော်ခေတ်မတိုင်မီ ရောက်လာခဲ့သောလူများလက်ခံ၍ လိုက်နာစောင့်ထိန်းခဲ့ကြခြင်းဖြစ်သည်၊ ၎င်းတို့မှာ ပညတ်တော်ခေတ်အတွင်း ဘုရားသခင်ပြုပြီးသော အမှုမှတ်တမ်း တစ်ခုဖြစ်ပြီး ၎င်းတို့မှာ လူသားမျိုးနွယ် အားလုံးအပေါ် ဘုရားသခင်၏ ခေါင်းဆောင်မှုနှင့် လမ်းပြမှုတို့၏ စစ်မှန်သော သက်သေပင် ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ "ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် ၂" မှ

အစောဆုံး လူသားမျိုးနွယ်သည် မည်သည့်အရာကိုမျှ မသိခဲ့ကြပေ၊ ထို့ကြောင့် ဘုရားသခင်သည် လူသားအား အသက်ရှင်ရန်အတွက် မရှိမဖြစ် လိုအပ်သော ဆက်လက်ရှင်သန်မှုနှင့် စီရင်ချက်များနှင့်သက်ဆိုင်သည့် အပေါ်ယံနှင့် အခြေခံအကျဆုံး တရားနုများကို စတင် သင်ကြားခဲ့ရသည်၊ ဤအရာများကို လူသား၏ စိတ်နှလုံးထဲတွင် နည်းနည်းချင်း စိမ့်ဝင်စေပြီး လူသားအား ဘုရားသခင်ကို တဖြည်းဖြည်းချင်း သိလာသည့်အသိ၊ ဘုရားသခင်၏ ခေါင်းဆောင်မှုအကြောင်း တဖြည်းဖြည်းချင်း အသိအမှတ်ပြုခြင်း၊ သိနားလည်ခြင်းနှင့် ဘုရားသခင်နှင့် လူသားအကြားရှိ ဆက်နွယ်မှု အကြောင်း အခြေခံအယူအဆတစ်ခုကို နှုတ်ဖြင့်ပြောသော စကားများဖြစ်ခဲ့သည့် ဤစီရင်ချက်များနှင့် ဤစီရင်ထုံးဖွဲ့ချက်များမှတစ်ဆင့် ပေးခဲ့ခြင်းဖြစ်သည်။ ဤအကျိုးဆက်ကို ရရှိပြီးမှသာ ဘုရားသခင်သည် နောင်တွင် သူလုပ်မည့် အမှုကို တဖြည်းဖြည်း လုပ်နိုင်ခဲ့ခြင်းဖြစ်သည်၊ ထို့ကြောင့် ဤစီရင်ချက်များနှင့် ပညတ်တော်ခေတ်အတွင်း ဘုရားသခင်လုပ်ခဲ့သော အမှုများမှာ လူသားမျိုးနွယ်ကို သူကယ်တင်သော အမှု၏ အခြေခံအချက်ဖြစ်ပြီး ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ်ထဲမှ ပထမဆုံး လုပ်ငန်းအဆင့် ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ "ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် ၂" မှ

ယေဟောဝါပြုခဲ့သောအမှုမှာ လူသားများ သာမန်အသက်တာဖြင့် အသက်ရှင်နေထိုင်နိုင်ကာ ကမ္ဘာမြေကြီးပေါ်တွင် ယေဟောဝါကို သာမန်ပုံစံအတိုင်း ကိုးကွယ်နိုင်စေရန်အတွက် ပညတ်များချမှတ်ကာ လူသားများကို တိုက်ရိုက်ဦးဆောင် လမ်းပြရန်ဖြစ်သည်။ ပညတ်တော်ခေတ်မှ ဘုရားသခင်သည် လူသားများ တွေ့မြင်နိုင်ခဲ့ခြင်းနှင့် ထိတွေ့နိုင်ခဲ့ခြင်းမရှိသော ဘုရားသခင်ဖြစ်သည်။ သူသည် စာတန်ကြောင့် ဖောက်ပြန်ပျက်စီးခဲ့သော လူသားတို့ကို ဦးဆောင်ရုံမျှသာဖြစ်ပြီး သူသည် ယင်းလူတို့ကို ညွှန်ကြားရန်နှင့် လမ်းပြရန် ဖြစ်သည်၊ ထို့ကြောင့် သူပြောသောနှုတ်ကပတ်တော်သည် ပညတ်ချက်များ၊ အမိန့်ပြန်တမ်းများနှင့် လူသားတစ်ဦးအနေဖြင့် ဘဝတွင်အသက်ရှင်နေထိုင်ရာတွင် သိသင့်သော ဘုံအသိပညာများသာဖြစ်ပြီး လူသားတို့အား အသက်ကိုပေးသော သမ္မာတရားများ လုံးလုံးမဟုတ်ချေ။ သူ၏ ဦးဆောင်မှုအောက်တွင် ရှိခဲ့သော ဣသရေလလူများသည် စာတန် အတွင်းကျကျ ဖောက်ပြန်ပျက်စီးစေခဲ့သောသူများ မဟုတ်ပေ။ ပညတ်တော်အားဖြင့် သူပြုသောအမှုသည် ကယ်တင်ခြင်းအမှု၏ ပထမဦးဆုံး အဆင့်သာဖြစ်သည်၊ ကယ်တင်ခြင်းအမှု၏ အစအဦးဆုံးသာဖြစ်ပြီး ထိုအမှုသည် လူသားတို့၏ အသက်တာထဲမှ စိတ်သဘောထား ပြောင်းလဲမှုများနှင့် အမှန်တကယ် မသက်ဆိုင်ပေ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ "လူဇာတိခံယူသော ဘုရားသခင်၏အမှုတော်နှင့် လူ၏တာဝန် ကွဲပြားခြားနားမှု" မှ

ပညတ်တော်ခေတ်အတွင်း လူသား မျိုးနွယ်အား လမ်းညွှန်သော အလုပ်ကို ယေဟောဝါ နာမတော်အောက်တွင် ပြုလုပ်ပြီး၊ ပထမဆင့် အလုပ်ကို ကမ္ဘာမြေကြီးပေါ်တွင် အစပျိုးလုပ်ဆောင်သည်။ ထိုအဆင့်တွင် အလုပ်သည် ဗိမာန်တော်နှင့် ယဇ်ပလ္လင် ဆောက်လုပ်ခြင်းနှင့် ဣသရေလ လူမျိုးတို့အား လမ်းပြရန်နှင့် သူတို့အတွင်းတွင် အလုပ်လုပ်ရန် ပညတ်တော် များ အသုံးပြုခြင်းတို့ ပါဝင်သည်။ ဣသရေလ လူမျိုးတို့အား လမ်းပြခြင်းဖြင့် သူသည် ကမ္ဘာမြေကြီးပေါ်ရှိ သူ၏ အလုပ်အတွက် အခြေစိုက်ရာကို ဖော်ဆောင်ခဲ့သည်။ ထိုအခြေစိုက်ရာမှနေ၍ သူသည် သူ၏ အလုပ်ကို ဣသရေလ ပြင်ပသို့ တိုးချဲ့ခဲ့သည်။ ဣသရေလမှ စတင်ပြီး သူသည် သူ၏ အလုပ်ကို အပြင်ဖက်သို့ ချဲ့ထွင်ခြင်းအားဖြင့်၊ နောင်လာနောက်သားများသည် ယေဟောဝါသည် ဘုရားသခင်ဖြစ်ကြောင်း တဖြည်း ဖြည်း သိလာစေပြီး ယေဟောဝါသည် ကောင်းကင်၊ မြေကြီးနှင့် အရာခပ်သိမ်းကို ဖန်ဆင်းတော်မူခဲ့ပြီး၊ သတ္တဝါအားလုံး၏ ဖန်ဆင်းရှင်မှာ ယေဟောဝါ ဖြစ်သည်ဟု ပြောရမည်။ ကိုယ်တော်သည် သူ၏ အလုပ်ကို ဣသရေလ လူတို့မှ တစ်ဆင့် သူတို့ကို ကျော်လွန်၍ ပြင်ပသို့ ဖြန့်ကျက်သည်။ ဣသရေလ နယ်မြေသည် ကမ္ဘာမြေကြီးပေါ်တွင် ယေဟောဝါ အလုပ်၏ ပထမဆုံး သန့်ရှင်းသော နေရာ ဖြစ်ခဲ့ပြီး၊ ကမ္ဘာမြေကြီးပေါ်တွင် ဘုရားသခင် ပထမဆုံး သွားရောက် အလုပ်လုပ်သော နေရာမှာ ဣသရေလ နယ်မြေအတွင်း ဖြစ်သည်။ ယင်းမှာ ပညတ်တော်ခေတ်၏ အလုပ်ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ "ဘုရားသခင့်အမှုတော်၏ ရူပါရုံ (၃)" မှ

(၂) ကျေးဇူးတော်ခေတ်ရှိ ဘုရားသခင်၏အမှု၏ ရည်ရွယ်ချက်နှင့် အဓိပ္ပာယ်

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ -

"လောကီသားတို့အားအပြစ်စီရင်ခြင်းငှါ၊ ဘုရားသခင်သည်သားတော်ကို ဤလောကသို့ စေလွှတ်တော် မူသည်မဟုတ်။ လောကီသားတို့သည် ကိုယ်တော်အားဖြင့် ကယ်တင်ခြင်းသို့ရောက်မည်အကြောင်း စေလွှတ် တော်မူ၏။" (ရှင်ယောဟန်ခရစ်ဝင် ၃: ၁၇)

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ -

ယေရှုခရစ်တော်သည် ကျေးဇူးတော်ကာလ၏ လုပ်ငန်းဆောင်တာအားလုံးကို ကိုယ်စားပြုသောသူဖြစ်တော်မူသည်။ သူသည်လူသားခန္ဓာအားဖြင့် လူ့ဇာတိအားခံယူတော်မူခဲ့ပြီး လက်ဝါးကားတိုင်၌အသေခံတော်မူခဲ့ပြီး ကျေးဇူးတော်ကာလကိုလည်း စတင်စေခဲ့သူဖြစ်ပါသည်။ ရွေးနှုတ်ခြင်းအလုပ်အား ပြီးပြည့်စုံစေရန်နှင့် ပညတ်တော်ကာလအား အဆုံးသတ်ကာ ကျေးဇူးတော်ကာလအား စတင်ရန်အတွက် အသေသတ်ခြင်းကိုခံတော်မူခဲ့သည်။ ထို့ကြောင့် သူ့အား "တပ်မှူးချုပ်"၊ "အပြစ်ဖြေရာယဇ်"၊ "ရွေးနှုတ်ရှင်"ဟု ခေါ်ဆိုခြင်းလည်းဖြစ်သည်။ ထို့ကြောင့် ယေရှုခရစ်တော်၏အမှုတော်သည်အကြောင်းအရာအားဖြင့် ယေဟောဝါ၏အမှုတော်နှင့် ခြားနားလျက် ရှိနေသော်လည်း သဘောသဘာဝအားဖြင့်မူထပ်တူညီပါသည်။ ယေဟောဝါက ပညတ်တော် ကာလအားအစပြုခဲ့ပြီး မူလအခြေခံအုတ်မြစ်အားချတော်မူခဲ့သည်။ ယင်းသည် မြေကြီးပေါ်၌ယေရှု လုပ်ဆောင်တော်မူမည့်အရာ၏ မူလအစဖြစ်သည်။ ယေဟောဝါက အမိန့်တော်များအား ထုတ်ပြန် တော်မူခဲ့သည်။ ယင်းအရာတို့သည် ပညတ်တော်ကာလအားကိုယ်စားပြုသည့် သူလုပ်ဆောင် ပြီးမြောက်စေခဲ့သောအရာနှစ်ခုဖြစ်သည်။ ကျေးဇူးတော်ကာလ၌ ယေရှုပြုတော်မူခဲ့သည့်အမှုသည် ပညတ်တော်များအားထုတ်ပြန်ရန်မဟုတ်ပဲ ပြည့်စုံစေရန်အတွက်ဖြစ်သည်။ ထိုနည်းအားဖြင့် ကျေး ဇူးတော်ကာလအား လမ်းညွှန်ပြသခဲ့ပြီးနှစ်ပေါင်းနှစ်ထောင်ကျော်ကြာမြင့်စွာတည်ရှိခဲ့သည့် ပညတ် တော်ကာလအား အဆုံးသတ်စေခဲ့ပါသည်။ သူသည်ကျေးဇူးတော်ကာလကိုအစပြုစေရန် ရောက်ရှိ လာခဲ့သောလမ်းအား ထင်ရှားစွာပြသခဲ့သောသူဖြစ်ပါသည်။ သို့ဖြစ်ပါလျက် သူပြုသောအမှု၏ အဓိကအကျဆုံးသောအပိုင်းသည် ရွေးနှုတ်တော်မူခြင်းကိစ္စရပ်ပေါ်၌ အခြေတည်ခဲ့ရသည်။ သူ အောင်မြင်စွာလုပ်ဆောင်နိုင်ခဲ့သောအရာ၌ အပိုင်းနှစ်ပိုင်းပါဝင်သည်။ ယင်းတို့မှာ အသစ်သော ကာလ အားဖွင့်လှစ်ခြင်းနှင့် အသေခံတော်မူခြင်းအားဖြင့် ရွေးနှုတ်ခြင်းအလုပ်အား ပြီးမြောက်စေခြင်း တို့ဖြစ် ကြသည်။ ထို့နောက် ကောင်းကင်ဘုံသို့ သူတက်ကြွတော်မူခဲ့သည်။ ဤနေရာမှစတင်၍ ပညတ်တော် ကာလသည် အဆုံးသတ်သွားခဲ့ကာ ကျေးဇူးတော်ကာလထဲသို့ လူသားများဝင်ရောက်ခဲ့ကြရပါသည်။

ထိုကာလ၌ရှိခဲ့ကြသည့် လူတို့၏ လိုအပ်ချက်များနှင့်ကိုက်ညီသောအမှုအား ယေရှုခရစ်တော်ပြုတော် မူခဲ့ပါသည်။ သူဆောင်ရွက်ရမည့်အမှုမှာ လူသားများအား ရွေးနှုတ်ကယ်တင်ရန်၊ သူတို့၏အပြစ်များ အားဖြေလွှတ်ရန်ဖြစ်ကာ ထိုသို့အားဖြင့် သူ၏စိတ်နေသဘောထားသည်ကား ကိုယ့်ကိုယ်ကိုနှိမ့်ချခြင်း၊ ချစ်ခြင်း၊ ကြင်နာခြင်း၊ စိတ်ရှည်ခြင်း၊ ကရုဏာရှိခြင်း၊ သည်းညည်းခံခြင်း၊ ချစ်သနားခြင်း ကရုဏာနှင့်ပြည့်စုံတော်မူခြင်းစသည်တို့နှင့်ပြည့်ဝလျက်ရှိပါသည်။ လူသားတို့အား ကြွယ်ဝစွာသော ကောင်းချီးမင်္ဂလာအား သူပေးတော်မူခဲ့ပြီး၊ လူသားများအားပျော်ရွှင်စေသော အရာများအားလုံးကို ကြွယ်ဝစွာဆောင်သွင်းတော်မူခဲ့ပါသည်။ လူသားတို့အတွက် ဝမ်းမြောက်ပျော်ရွှင်ခြင်း၊ ငြိမ်သက် ခြင်းနှင့် ပျော်ရွှင်ခြင်း၊ သူ၏သည်းခံတော်မူခြင်းနှင့်ချစ်ခြင်းမေတ္တာတော်၊ ကရုဏာတော်နှင့် ချစ်သနား ခြင်းတို့ဖြင့် သူကောင်းချီးပေးတော်မူပါသည်။ ထိုနေ့ရက်အချိန်ကာလများက ကြွယ်ဝသောဝမ်း မြောက်ခြင်းအား ထိုသူတို့ကြုံတွေ့ခံစားခဲ့ရသည်။ သူတို့၏နှလုံးသားများသည် ငြိမ်သက်ခြင်း၊ စိတ်ချ မှုတို့နှင့် ပြည့်နှက်လျက်ရှိပြီး၊ သူတို့၏စိတ်ဝိညာဉ်၌ နှစ်သိမ့်ခြင်း၊ ယေရှုခရစ်တော်၏ စောင့်ထိမ်းတော် မူခြင်းအား ခံစားခဲ့ရကြပါသည်။ သူတို့ရရှိခံစားခဲ့ရသောအရာများသည် သူတို့နေထိုင်အသက်ရှင်ခဲ့ သည့် ကျေးဇူးတော်ကာလ၏ နောက်ဆက်တွဲအကျိုးရလဒ်များပင်ဖြစ်သည်။ ကျေးဇူးတော်ကာလ၌ လူတို့သည် စာတန်မာရ်နတ်၏ ဒုစရိုက်မှုအားဖြင့် ကြီးစွာသော ဒုက္ခဆင်းရဲခြင်းအား ခံစားခဲ့ရပြီး ဖြစ်နေခဲ့သည်။ ထိုအကြောင်းကြောင့် လူသားများအား ရွေးနှုတ်ကယ်တင်ရန်အတွက် ကြွယ်၀ သောကျေးဇူးတော်၊ အဆုံးမဲ့သောသည်းခံစိတ်ရှည်မှုနှင့် လူသားများတို့၏ အဆုံးမဲ့အပြစ်များအား ထိထိရောက်ရောက်ဖြေရှင်းပေးနိုင်မည့် လုံလောက်သော ယဇ်ပူဇော်ခြင်းတို့အား လိုအပ်ခဲ့ခြင်း ဖြစ်သည်။ ကျေးဇူးတော်ကာလ၌ လူသားများမြင်တွေ့ခဲ့ရသည့်အရာမှာ လူသားများ၏ အပြစ်အဖို့အလို့ငှာ ငါပေးခဲ့သည့် ယေရှုခရစ်တည်းဟူသော အပြစ်ဖြေရာယဇ်ပင်ဖြစ်သည်။ သူတို့သိနားလည်ခဲ့သောအရာမှာ ဘုရားသခင်သည် ကရုဏာတော်နှင့်ပြည့်စုံလျက်၊ သည်းခံတော်မူသောဘုရားသခင်ဖြစ်တော်မူလိမ့်မည်ဟူသောအရာနှင့် သူတို့မြင်တွေ့ခဲ့ကြသော အရာမှာ ယေရှုခရစ်တော်၏ ချစ်သနားခြင်းနှင့် ကရုဏာတော်သာလျင်ဖြစ်သည်။ ထိုသို့သော အခြေအနေများအလုံးစုံဖြစ်ခဲ့ရခြင်းမှာ ကျေးဇူးတော်ကာလ၌ သူတို့အသက်ရှင်ခဲ့ရသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ရွေးနှုတ်ခြင်းကျေးဇူးတော်အားသူတို့မခံစားရသေးမှီမှာပင်လျင် ယေရှုခရစ်တော် သူတို့အားပေးတော်မူသည့် ကျေးဇူးတော်၌ဖြစ်တည်သော ဝမ်းမြောက်ခြင်းများအား သူတို့ခံစားခဲ့ ကြရသည်။ ထိုအရာကသာလျင် သူတို့ဘဝအတွက်အကျိုးရှိစေသောအရာဖြစ်သည်။ ထိုနည်းအားဖြင့် ကျေးဇူးတော်တရား၌ သူတို့ဝမ်းမြောက်ခြင်းအားဖြင့် သူတို့၏အပြစ်များခွင့်လွှတ်ခြင်းခံခဲ့ရသည်။ ၎င်းအပြင် ယေရှုခရစ်တော်၏စိတ်ရှည်သည်းခံတော်မူခြင်း၌ နှစ်သက်ခံစားခြင်းအားဖြင့်လည်း ရွေးနှုတ်ခြင်းနှင့်ဆိုင်သည့် အခွင့်အရေးအား သူတို့ရရှိခဲ့ကြသည်။ ယေရှုခရစ်တော်၏ ကြာမြင့်စွာ သည်းခံတော်မူခြင်းနှင့်စိတ်ရှည်တော်မူခြင်းတို့ကသာ ယေရှုကြောင့်ပေးအပ်ခံရသော ခွင့်လွှတ်ခြင်းနှင့် ကြွယ်ဝပြည့်စုံသောဝမ်းမြောက်ခြင်းတို့အား ရရှိခံစားပိုင်ခွင့်တို့ကို ရရှိနိုင်စေခဲ့ခြင်း ဖြစ်သည်။ ယေရှုမိန့်မူသကဲ့သို့ "ဖြောင့်မတ်သော သူတို့ကို နောင်တသို့ခေါ်ခြင်းငှါ ငါလာသည်မဟုတ်။ ဆိုးသော သူတို့ကိုခေါ်ခြင်းငှါ ငါလာသည်" ဆိုသည့်အတိုင်းပင်ဖြစ်သည်။ အကယ်၍ ယေရှုသည် တရားစီရင်ခြင်း၊ ကျိန်ဆဲခြင်းနှင့် လူသား၏ ထိုးစစ်ဆင်တတ်ခြင်းကို ချုပ်ချယ်ခြင်းကဲ့သို့သော အစီအစဉ်ဖြင့် လူ့ဇာတိ ခံယူခဲ့လျှင် လူသားသည် ရွေးနှုတ်ခြင်းခံရဖို့ရန် အခွင့်အရေးရရှိလိမ့်မည် မဟုတ်ဘဲ အပြစ်ရှိသော အခြေအနေဖြင့် ထာဝရဖြစ်တည်နေပါလိမ့်မည်။ ထိုသို့ဖြစ်ခဲ့လျှင် နှစ်ပေါင်း ခြောက်ထောင်စီမံခဲ့သောစီမံကိန်းသည် ပညတ်တော်ခေတ်၌ ရပ်တန့်သွားခဲ့လိမ့်မည်ဖြစ်ပြီး၊ ပညတ်တော်ခေတ်သည်လည်း နှစ်ပေါင်းခြောက်ထောင်ကြာရှည်လိမ့်မည်ဖြစ်သည်။ လူသား၏အပြစ် များသည် ပို၍မရေမတွက်နိုင်အောင် ကြီးထွားလာပြီး၊ ပို၍ပြင်းထန်လာ လိမ့်မည်ဖြစ်သည်။ လူသားကို ဖန်ဆင်းခြင်းသည်လည်း အချည်းအနှီးဖြစ်ပါလိမ့်မည်။ လူသားသည် ပညတ်တော်အောက်၌သာ ယေဟောဝါဘုရားသခင်ကို ကောင်းစွာ အစေခံနိုင်မည်ဖြစ်သော်လည်း သူတို့၏ အပြစ်များသည် ပထမဆုံးဖန်ဆင်းခံလူများ၏အပြစ်များထက် ပိုလွန်သွားပါလိမ့်မည်။ ယေရှုသည် လူသားများကိုချစ်ပြီး သူတို့၏အပြစ်များကိုပို၍ခွင့်လွတ်လေလေ၊ သူတို့ထံသို့ လုံလောက်သည့်သနားခြင်းနှင့် ဂရုဏာတော် ကိုပို၍သယ်ဆောင်ပေးလေလေဖြစ်သည်။ လူသားများသည်ကယ်တင်ခြင်းခံရဖို့ရန်လက်ခံရယူနိုင်ခြင်း ရှိလေလေယေရှုပေးဆပ်ခဲ့သည့်အဖိုးအခဖြစ်သော ပျောက်ဆုံးနေသည့်သိုးများအဖြစ် ခေါ်ခြင်းခံရမည် ဖြစ်သည်။ စာတန်သည် ဤလုပ်ဆောင်မှုထဲ၌ ဝင်ရောက် မစွက်ဖက်နိုင်ပေ။ အဘယ့်ကြောင့်ဆိုသော် ယေရှုသည်သူ၏နောက်လိုက်များအား မိမိ၏သားသမီးများကို ရင်ခွင်ထဲ၌ထားသော မိခင်တယောက် ကဲ့သို့ ပြုမူသောကြောင့်ပင်ဖြစ်သည်။ ယေရှုသည် ထိုသူများကို စိတ်ဆိုးခြင်း(သို့)အထင်အမြင် သေးခြင်းများ ကြီးထွားခြင်းမရှိဘဲ နှစ်သိမ့်မှုနှှင့်ပြည့်ဝနေခဲ့သည်။ ယေရှုသည် လူတို့အလယ်၌ ဒေါသကြီးစွာဖြင့်ဝင်ရောက်ခဲ့ခြင်းမရှိဘဲ၊ သူတို့၏အပြစ်များကိုသည်းခံခဲ့ပြီး၊ သူတို့၏မိုက်မဲမှုနှင့် လျှစ်လျူရှုမှုအပေါ် မမြင်ဟန်ဆောင်ကာ ဤသို့ မိန့်မူခဲ့ပါသည်။ "အကြိမ်ခုနှစ်ဆယ်၊ ခုနှစ်လီမြောက် အောင် ခွင့်လွတ်ရမည်ဟုငါဆို၏"။ သူ၏နှလုံးသားသည် အခြားနှလုံးသားများအား ပြောင်းလဲစေခဲ့ပါ သည်။ ထိုနည်းလမ်းအတိုင်း လူတို့သည် ယေရှု၏ စိတ်ရှည်သည်းခံခြင်းအားဖြင့် အပြစ်ခွင့်လွတ်ခြင်း ကိုလက်ခံရရှိကြခြင်းဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ "ရွေးနှုတ်တော်မူခြင်းအမှုတော်နောက်ကွယ်မှ အဖြစ်မှန်" မှ

လူဇာတိထဲ၌ရှိသောယေရှုသည် ထင်ပေါ်စွာဖြင့်စိတ်လှုပ်ရှားမှုမရှိသော်လည်း သူသည်တပည့် တော်များကို နှစ်သိမ့်ပေးခြင်း၊ ထောက်ပံ့ပေးခြင်း၊ ကူညီပေးခြင်းနှင့် အားပေးခြင်းများကို ပြုလုပ်ပေး ခဲ့သည်။ သူမည်မျှပင် လုပ်ဆောင်ခဲ့ပါစေ(သို့) မည်မျှပင်ဒုက္ခဆင်းရဲခံခဲ့ရပါစေ သူသည်ကြံ့ကြံ့ ခံခဲ့သည်။ သူသည်မည်သည့်အခါမျှ လူသားတို့ထံမှ လွန်ကဲစွာတောင်းဆိုခြင်းများလည်းမပြုလုပ်ခဲ့ချေ။ သို့သော် သူသည်အစဉ်အမြဲစိတ်ရှည်ခဲ့ပြီး၊ သူတို့၏အပြစ်များကို သည်းခံခဲ့ပါသည်။ ကျေးဇူးတော် ခေတ်၌ ရှိကြသော လူများသည် သူ့အား ကြင်နာယုယစွာဖြင့် "ချစ်ဖွယ်ကောင်းသော ကယ်တင်ရှင် ယေရှု" ဟူ၍ ခေါ်ဆိုကြပါသည်။ ထိုခေတ်ကာလ၌ရှိကြသောလူများအပေါ်သို့လည်းကောင်း၊ လူသားအားလုံး အပေါ်သို့လည်းကောင်း ယေရှုထားရှိသောအရာသည် သနားခြင်းနှင့် ချစ်ခင်ကြင်နာခြင်းပင်ဖြစ်ပါသည်။ သူ သည် လူသားတို့၏အပြစ်များကို မှတ်ထားခြင်းမရှိဘဲ၊ သူတို့အပေါ်၌ထားသော သူ၏အပြုအမူသည် သူတို့တွင်ရှိသောအပြစ်များအပေါ်တွင်အခြေခံထားခြင်းမရှိချေ။ အဘယ့်ကြောင့်ဆိုသော် မတူညီသော ခေတ်ကာလဖြစ်သောကြောင့် လူများထံသို့ များပြားလှသော အစားအစာများနှင့်သောက်စရာများကို မကြာခဏပေးအပ်ခဲ့ခြင်းအားဖြင့် သူတို့စားနိုင်သလောက် စားသောက်နိုင်ခဲ့ကြသည်။ သူသည်သူ၏ နောက်လိုက်များကိုကျေးဇူးတော်နှင့်၎င်း၊ ဖျားနာသောသူများကိုကျန်းမာခြင်း၊ နတ်ဆိုးများကို နှင်ထုတ်ခြင်း၊ သေသောသူများကိုရှင်ပြန်ထမြောက်စေခြင်း စသောအရာများကို လုပ်ဆောင်ခဲ့ပါ သည်။ လူတို့သည်သူကိုယုံကြည်ပြီး၊ သူ၏လုပ်ဆောင်မှုများ၏တည်ကြည်လေးနက်ခြင်းနှင့်ရိုးသားခြင်း မြင်တွေ့နိုင်ဖို့ရန်အတွက် ပုတ်စပ်လျှက်ရှိသောအလောင်းကောင်ကို ရှင်ပြန်ထမြောက်စေကာ သေသောသူပင်လျှင် သေခြင်းမှထမြောက်စေနိုင်သည့်အရာကို သူ့လက်နှင့်ပြသခဲ့ပါသည်။ ထိုသို့ အားဖြင့် သူသည် တိတ်ဆိတ်စွာဖြင့် ကြံ့ကြံ့ခံခဲ့ပြီး သူတို့အလယ်၌ သူ၏အလုပ်ဖြစ်သော ရွေးနှုတ် ကယ်တင်ခြင်းကို လုပ်ဆောင်ခဲ့သည်။ သူသည် ကားတိုင်ပေါ်တွင် သံမှိုနှင့်မရိုက်ခံရမီပင်လျှင် ယေရှုသည် လူသားတို့၏အပြစ်များကိုသူ့အပေါ်သို့ဆောင်ယူခဲ့ပြီး၊ လူသားတို့၏ အပြစ်ဖြေရာ ယဇ်ကောင်ဖြစ်လာခဲ့ပါသည်။ ကားတိုင်တင်ခြင်းမခံရမှီအချိန်တွင်ပင်လျှင် လူသားများကို ရွေးနှုတ်ကယ်တင်ဖို့ရန်အတွက် ကားတိုင်တော်သို့သွားသောလမ်းကို ဖွင့်ခဲ့ပြီးပြီဖြစ်သည်။ နောက် ဆုံး၌ သူသည် ကားတိုင်ထက်တွင်သံမှိုနှင့်ရိုက်နှက်ခြင်း၊ ကားတိုင်တော်အတွက် အဘို့အလို့ငှါ မိမိကိုယ်မိမိစတေးခံ့ပြီး သူ၏သနားကြင်နာခြင်း၊ ချစ်သနားခြင်းဂရုဏာတော်နှင့် သန့်ရှင်းခြင်းကို လူသားအပေါ်သို့ အပ်နှင်းခဲ့သည်။ လူသားများကို သူသည် အမြဲတမ်းသည်းခံခဲ့ပြီး၊ အငြိုးတေးမထားခဲ့ဘဲ သူတို့၏ အပြစ်များကို ခွင့်လွတ်ပေးခြင်း၊ နောင်တရဖို့ရန် သူတို့ကို တိုက်တွန်းပေးခြင်း၊ စိတ်ရှည်ခြင်း၊ သည်းခံခြင်း၊ ချစ်ခြင်းရှိဖို့ရန်နှင့် သူ၏ခြေလှမ်းအတိုင်းလိုက်လျှောက်ရန် သင်ကြားပေးခြင်း၊ ကားတိုင်တော်ပေါ်တွင်ထိုသူတို့အတွက် ပူဇော်ခြင်းခံခဲ့ရပါသည်။ ညီအစ်ကိုများနှင့် ညီမများအတွက် သူ၏ ချစ်ခြင်းမေတ္တာသည် မာရိအတွက်သူချစ်ခြင်းမေတ္တာထက်သာလွန်ခဲ့ပါသည်။ သူလုပ်ဆောင်ခဲ့သော အမှုတော်သည် လူများကို ကျန်းမာစေခြင်း၊ နတ်ဆိုးများကိုနှင်ထုတ်ခြင်း အခြေခံသဘောတရားနှင့် ဆိုင်သောလုပ်ဆောင်မှုဖြစ်ပြီး၊ ထိုအရာအားလုံးသည် သူ၏ရွေးနှုတ်ကယ်တင်ခြင်းပြုလုပ်ရန်အတွက် ပင်ဖြစ်ပါသည်။ သူသည် မည်သည့်နေရာကိုပင်သွားပါစေ သူ့နောက်လိုက်သောသူများကို ကျေးဇူး တော်နှင့် ပြုမူဆက်ဆံပါသည်။ သူသည် ဆင်းရဲသောသူကို ချမ်းသာစေခြင်း၊ ခြေမစွမ်းသောသူကို သန်စွမ်းစေခြင်း၊ မျက်စိမမြင်သောသူများကို မြင်တွေ့စေခြင်းနှင့် နားမကြားသောသူများကို ကြား စေခြင်း စသောအရာများကို ပြုလုပ်ခဲ့ပြီး၊ သူသည် အနိမ့်ဆုံးလူတန်းစားများ၊ ခိုကိုးရာမဲ့များ၊ အပြစ် သားများကို သူနှင့်အတူ စားပွဲတွင် အတူထိုင်ဖို့ရန် ဖိတ်ခေါ်မှုများကိုပင်ပြုလုပ်ခဲ့သည်။ သူတို့ကို မရှက် ကြောက်ဘဲ အမြဲတမ်းစိတ်ရှည်ကာ ဤကဲ့သို့ပင်ပြောဆိုခဲ့သည်။ "သိုးအကောင်တစ်ရာအနက်မှ သိုးတကောင်ပျောက်လျင်၊ ထိုသိုးပျောက်ကိုရှာရန်အတွက် ကိုးဆယ့်ကိုးကောင်သောသိုးတို့ကို တောတွင်ထားခဲ့ပြီး၊ ထိုပျောက်သောသိုးတကောင်ကိုတွေ့မှသာလျှင် သူအထူးဝမ်းမြောက်ပျော်ရွှင် လိမ့်မည်"။ သိုးမသည် မိမိ၏သားငယ်များကိုချစ်သကဲ့သို့ သူသည်သူ၏နောက်လိုက်များကို ချစ်သနားခဲ့သည်။ သူတို့သည်မိုက်မဲသောသူများ၊ လျစ်လျှူရှုသောသူများ၊ သူ၏အမြင်၌ အပြစ်သားများဖြစ်ကြသည်သာမက လူ့အဖွဲ့အစည်း၏အညတရများဖြစ်ကြသော်လည်း သူသည် ထိုအပြစ်သားများ၊ အထင်မြင်သေးခံရသောသူများကို သူ၏အသည်းနှလုံးများသဖွယ် သဘောထား ခဲ့သည်။ သူတို့ကိုမျက်နှာသာပေးခဲ့သည့်အတွက်ကြောင့် ယဇ်ပုလ္လင်ပေါ်၌သိုးကဲ့သို့ ပူဇော်ခြင်းခံရသည်အတိုင်း သူတို့အတွက် သူ၏အသက်ကို ပေးဆပ်ခဲ့သည်။ သူသည် အစေခံသဖွယ် သူတို့ရှိရာသို့သွားပြီး၊ မိမိကိုယ်မိမိအသုံးခံလျက် ခေါင်းခံလျက်ဖြင့် အနှိုင်းမဲ့မေတ္တာနှင့် သူတို့ထံ အပ်နံှခဲ့သည်။ သူ၏နောက်လိုက်များအတွက် သူသည်ချစ်ဖွယ်ရာကောင်းသော ကယ်တင်ရှင်ယေရှု ပင်ဖြစ်ပြီး၊ အမြင့်နေရာမှနေ၍ လူများကိုဟောပြောလေ့ရှိသော ဖာရိရှဲများကိုမူ သူ၏သနားခြင်းနှင့် ချစ်ဂရုဏာတော်ပြသခဲ့ခြင်းမရှိဘဲ စက်ဆုပ်ရွံ့ရှာခြင်းနှင့် မုန်းတီးခြင်းတို့ကိုသာပြသခဲ့သည်။ သူသည် ဖာရိရှဲများအကြား တခါတရံသာလျှင် ဟောပြောခြင်းနှင့်ဆုံးမခြင်းကိုပြုလုပ်ခဲ့ပြီး၊ ၎င်းတို့၏အလယ်၌ လုပ်ဆောင်သောအလုပ်သည်နည်းပါးလွန်းလှသည်။ သူသည်ထိုသူတို့ရှိရာသို့သွား၍ ရွေးနှုတ်ကယ်တင်ခြင်းဖြစ်စေ၊နိမိတ်လက္ခဏာများနှင့်အံ့သြဖွယ်ရာများကိုဖြစ်စေ စသော အမှုကိုမလုပ်ဆောင်ခဲ့ပေ။ သူသည် သူ၏နောက်လိုက်များအပေါ်သို့ သနားခြင်းနှင့်ချစ်ခြင်းဂရုဏာကို သွန်းလောင်းခဲ့ပြီး ကားတိုင်ပေါ်၌ သံမှိုရိုက်ခံရသည့်အချိန်၌ လူသားအားလုံးပြည့်ဝစွာဖြင့် ရွေးနှုတ်ခြင်းခံရသည်ထိတိုင် အရှက်ကွဲခြင်း မျိုးစုံကို အဆုံးထိတိုင် ထိုအပြစ်သားများအတွက်အဖို့အလိုငှါ သည်းခံခဲ့ပါသည်။ ဤအရာသည် သူ၏အမှုတော်အားလုံးကို စုပေါင်း ဖေါ်ပြချက်ပင်ဖြစ်သည်။

ယေရှု၏ ရွေးနှုတ်ကယ်တင်ခြင်းမရှိလျှင် လူသားများသည်အပြစ်ထဲ၌ ထာဝရအသက်ရှင်ရမည်ဖြစ်ပြီး၊ အပြစ်၏သားသမီးများ၊ နတ်ဆိုးများမှဆင်းသက်လာသူများဖြစ်လာကြပါလိမ့်မည်။ ထိုလမ်းစဉ်အတိုင်း သွားပါက မြေကြီးတစ်ခုလုံးသည် စာတန်အတွက်တည်းခိုရာနေရာ၊ သူ၏နေရပ်အဖြစ် ကျဆင်း သွားပါလိမ့်မည်။ သို့သော် ရွေးနှုတ်ခြင်းအလုပ်သည် လူသားများထံသို့ သနားကြင်နာခြင်း နှင့်ချစ်ခြင်းဂရုဏာတော်ကို ပြသရန်လိုအပ်ခဲ့သည်။ ထိုအရာအားဖြင့်သာလျှင် လူသားသည် အပြစ် ခွင့်လွတ်ခြင်းနှင့် နောက်ဆုံးတွင်ပြီးပြည့်စုံစွာဖြင့် အကျိုးအမြတ်ကိုခံစားရမည်ဖြစ်သည်။ အမှုတော်၏ ဤအဆင့်သာမရှိလျှင် နှစ်ပေါင်းခြောက်ထောင်စီစဉ်ထားသောစီမံကိန်းသည် ရှေ့ဆက်သွားနိုင် ခဲ့လိမ့်မည် မဟုတ်ချေ။ အကယ်၍ယေရှုသည် လူနာများကိုကျန်းမာစေခြင်းနှင့် သူတို့၏ နတ်ဆိုးများကိုနှင်ထုတ်ပေးခြင်းတစ်ခုကိုသာ ပြုလုပ်ပေးခဲ့ပြီး ကားတိုင်ပေါ်၌ အသေသတ်ခြင်း မခံရခဲ့လျှင် လူတို့သည် မိမိတို့အပြစ်များမှပြီးပြည့်စုံစွာဖြင့်ခွင့်လွတ်ခြင်း ရရှိနိုင်ကြလိမ့်မည်မဟုတ်ပေ။ ယေရှုသည် မြေကြီးပေါ်၌သုံးနှစ်ခွဲကြာမိမိ၏အမှုတော်ကို လုပ်ဆောင်နေသောအချိန်၌ သူ၏ရွေး နှုတ်ကယ်တင်ခြင်းအလုပ်သည် တဝက်သာပြီးစီးခဲ့သည်။ ကားတိုင်ပေါ်၌ သံမှိုနှင့်ရိုက်နှက်ခံရခြင်း၊ အပြစ်ရှိသောအသွေးအသားကဲ့သို့ဖြစ်လာခြင်း၊ မကောင်းသောသူတို့၏လက်ထဲသို့အပ်နံှခြင်းခံရသည့် နောက် သူသည် လက်ဝါးကပ်တိုင်ပေါ်တွင် အသေခံခြင်းအမှုပြီးစီးခဲ့ပြီး၊ လူသားတို့၏ ဘဝကြမ္မာကို ဦးစီးခဲ့သည်။ စာတန်၏လက်ထဲသို့ ပေးအပ်ပြီးမှ လူသားများကို ရွေးနှုတ်ခဲ့သည်။ သုံးနှစ်ခွဲကာလတွင် သူသည် မြေပေါ်၌ ဒုက္ခဆင်းရဲခံရခြင်း၊ သရော်လှောင်ပြောင်ခံရခြင်း၊ အသေရေဖျက်ပြောဆိုခံရခြင်း၊ စွန့်ပယ်ခံရခြင်းများကြုံရရုံသာမက သူ့အတွက် ခေါင်းချစရာနေရာ၊ နားခိုစရာနေရာ ပင်မရှိဘဲ သူ၏အပြစ်ဆိုဖွယ်ရာမရှိသောခန္ဓာ၊ အပြစ်ကင်းသောခန္ဓာကိုကားတိုင်ပေါ်တွင်သံမှိုနှင့် ရိုက်နှက် ခံရခြင်းနှင့် ဒုက္ခဝေဒနာမျိုးစုံကိုခံစားခဲ့ရသည်။ လူတို့သည် သူ့ကိုကဲ့ရဲ့ခြင်း၊ ရိုက်နှက်ခြင်းများပြု သည့်အပြင် စစ်သားများသည် သူ၏မျက်နှာကို တံတွေးနှင့်ထွေးခဲ့ကြသော်လည်း သူသည် အဆုံးထိတိုင် ငြိမ်သက်တိတ်ဆိတ်ကာသည်းခံခဲ့သည်။ သေခြင်းထိတိုင် အခြေအနေကိုမကြည့်ဘဲ ဆက်ကပ်အပ်နှံပြီးနောက် လူသားအားလုံးကိုရွေးနှုတ်ကယ်တင်ခဲ့သည်။ ထိုအမှုအရာပြီးဆုံးပြီး နောက်မှသာ အနားယူဖို့ရန်လုပ်ဆောင်ခဲ့သည်။ ယေရှုလုပ်ဆောင်ခဲ့သော အမှုသည်ကျေးဇူးတော် ခေတ်ကာလအတွက်ကိုသာကိုယ်စားပြုပြီး၊ ပညတ်တော် ကာလနှင့် နောက်ဆုံးသောခေတ်ကာလကို အစားထိုးလုပ်ဆောင်ဖို့ရန်မဟုတ်ပေ။ ဤအရာသည် ကျေးဇူးတော်ခေတ်ကာလ၌ ယေရှု၏ အနှစ်သာရရှိသောအလုပ်ဖြစ်ပြီး၊ လူသားများဖြတ်ကျော်ခဲ့ကြသည့်ရွေးနှုတ်ခြင်းခေတ်ကာလဖြစ်သော ဒုတိယခေတ်ကာလပင်ဖြစ်ပါသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ "ရွေးနှုတ်တော်မူခြင်းအမှုတော်နောက်ကွယ်မှ အဖြစ်မှန်" မှ

ထို့နောက် ကျေးဇူးတော်ခေတ်တွင် ယေရှုသည် ကျဆုံးသွားပြီးသော လူသားမျိုးနွယ်အားလုံး (ဣသရေလ လူမျိုးတစ်မျိုးတည်းမဟုတ်) ကိုရွေးနုတ်ရန်အလို့ငှာ ကြွဆင်းလာခဲ့သည်။ သူသည် လူသားများကို သနားခြင်းနှင့် ချစ်ခြင်းကရုဏာကို ပြသခဲ့သည်။ ကျေးဇူးတော်ခေတ်တွင် လူသားများ မြင်တွေ့ခဲ့ရသည့် ယေရှုသည် ချစ်ခြင်းကရုဏာနှင့် ပြည့်နှက်နေပြီး လူသားများအားလုံးကို အစဉ်အမြဲ ချစ်သောသူဖြစ်သည်၊ အဘယ်ကြောင့်ဆိုသော် သူသည် လူသားမျိုးနွယ်ကို အပြစ်မှ ကယ်တင်ရန်အလို့ငှာ ကြွလာသောကြောင့် ဖြစ်သည်။ သူ၏ ကားတိုင်တွင် အသေခံခြင်းသည် လူသားမျိုးနွယ်ကို အပြစ်မှ လုံးလုံးလျားလျား ရွေးနုတ်ခဲ့သည်အထိ လူသားများကို သူခွင့်လွှတ်နိုင်ခဲ့သည်။ ထိုအချိန်ကာလတွင် ဘုရားသခင်သည် လူသားတို့၏ရှေ့တွင် သနားခြင်း၊ ချစ်ခြင်းကရုဏာတို့နှင့် ပေါ်ပေါက်လာခဲ့သည်၊ ဆိုလိုသည်မှာ သူသည် လူသားတို့အတွက် အပြစ်ဖြေရာယစ်ဖြစ်ခဲ့ပြီး လူသားတို့ ထာဝရခွင့်လွှတ်ခြင်းကို ရရှိနိုင်ရန်အတွက် သူတို့၏ အပြစ်အတွက်နှင့် ကားတိုင်ပေါ်တွင် အသေခံခဲ့သည်။ သူသည် သနားခြင်း၊ ကရုဏာ၊ သည်းခံခြင်းနှင့် ချစ်ခြင်းမေတ္တာများ ပြည့်ဝခဲ့သည်။ ကျေးဇူးတော်ခေတ်အတွင်း ယေရှု၏ နောက်တော်သို့ လိုက်လျှောက်သောသူများသည် ထိုနည်းလည်းကောင်းပင် အရာအားလုံးကို သည်းခံနိုင်ပြီး ချစ်နိုင်ရန် ကြိုးစားခဲ့ကြသည်။ သူတို့၌ စိတ်ရှည်ခြင်းရှိပြီး၊ သူတို့ကို ခဲနှင့်ပေါက်ခြင်း၊ သို့မဟုတ် ကျိန်ဆဲခြင်း၊ ရိုက်နှက်ခြင်းများ ပြုလုပ်သော်လည်း တစ်ကြိမ်တစ်ခါမျှ ပြန်လည်တိုက်ခိုက်ခြင်းမျိုး မလုပ်ဆောင်ခဲ့ပေ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ "လူ့ဇာတိခံယူခြင်းနှစ်ကြိမ်သည် လူ့ဇာတိခံယူခြင်း၏ ရည်ရွယ်ချက်ကို ပြည့်စုံစေသည်" မှ

ယေရှု လောကသို့ လာသောအခါ၌ သူသည် ဘုရားသခင် အလုပ်၏ တစ်စိတ်တစ်ပိုင်းကို လုပ်ခဲ့သည်၊ နှုတ်ကပတ်တော်အချို့ ပြောခဲ့သည်၊ သို့သော် သူအထမြောက်အောင် လုပ်ခဲ့သည့် အဓိကအလုပ်မှာ မည်သည့်အလုပ် ဖြစ်သနည်း။ သူအထမြောက်အောင် လုပ်ခဲ့သည့် အဓိကအလုပ်မှာ လက်ဝါးကပ်တိုင်၌ အသေခံခြင်းဖြစ်သည်။ သူသည် လက်ဝါးကပ်တိုင်၌ အသေခံသည့်အလုပ်ကို ပြီးမြောက်အောင် လုပ်ရန်နှင့် လူသားမျိုးနွယ် အားလုံးကို ရွေးနုတ်ဖို့ရန်အတွက် အပြစ်ရှိသော ဇာတိပကတိလူ ဖြစ်လာခဲ့သည်။ ထိုသို့ ဖြစ်သည်မှာ လူသားမျိုးနွယ် အားလုံး၏ အပြစ်အတွက်ဖြစ်ပြီး အပြစ်ဖြေရာယဇ်အဖြစ် ထမ်းဆောင်ခဲ့သည်။ ထိုသို့ လုပ်ဆောင်ခြင်းသည် ယေရှု အထမြောက်အောင် လုပ်ဆောင်ခဲ့သည့် အဓိက အလုပ်ဖြစ်သည်။ အဆုံးတွင် ယေရှုသည် သူ့ထံသို့ နောက်မှလာကြသူများကို လမ်းပြရန်အတွက် ကားတိုင်လမ်းကို ထောက်ပံ့ပေးခဲ့သည်။ ယေရှုလောကသို့ လာသောအခါ၌ ရွေးနုတ်ခြင်းအမှုကို ပြီးမြောက်အောင် အဓိကလုပ်ဆောင်ရန် ဖြစ်ခဲ့သည်။ လူသားမျိုးနွယ်အားလုံးကို ရွေးနုတ်ခဲ့သည်၊ ကောင်းကင်နိုင်ငံ အကြောင်း သတင်းကောင်းကို လူထံ ယူဆောင်လာရုံသာမက ကောင်းကင်နိုင်ငံကိုလည်း ယူဆောင်လာခဲ့သည်။ ရလဒ်အနေနှင့် ထင်မထားသော်လည်း ရောက်လာကြသူများက "ငါတို့ ကားတိုင်လမ်းကို လျှောက်ပြီး ကားတိုင်အတွက် ကိုယ့်ကိုယ်ကိုယ် ပေးဆပ်သင့်တယ်"ဟု ပြောကြသည်။ မှန်ပါသည်၊ အစတွင် ယေရှုသည် တခြားအလုပ် အချို့ကိုလည်း လုပ်ခဲ့သည်၊ လူသားကို နောင်တရစေရန်၊ အပြစ်များကို ဝန်ခံစေရန် စကားအချို့ကိုလည်း ပြောခဲ့ပါသည်။ သို့သော် သူ၏ သာသနာလုပ်ငန်းမှာ လက်ဝါးကပ်တိုင်၌ အသေခံဖို့ပင်ဖြစ်ခဲ့ပြီး လမ်းခရီးအကြောင်း သုံးနှစ်ခွဲ တရားဟောခဲ့သည်မှာလည်း နောက်ပိုင်းတွင် ကြုံရမည့် လက်ဝါးကပ်တိုင်၌ အသေသတ်ခြင်းကိုခံဖို့ ကြိုတင်ပြင်ဆင်ခြင်းဖြစ်သည်။ ယေရှု ဆုတောင်းခဲ့သည့် အကြိမ် တော်တော် များများသည်လည်း လက်ဝါးကပ်တိုင်၌ အသေခံခြင်းအတွက် ဖြစ်သည်။ သူရှင်သန် နေထိုင်ခဲ့သည့် သာမန်လူတစ်ယောက်၏ အသက်တာနှင့် လောက၌နေခဲ့သည် သုံးဆယ့်သုံးနှစ်ခွဲ ကာလသည် အဓိကအားဖြင့် လက်ဝါးကပ်တိုင်၌ အသေခံသည့် အလုပ်ကို ပြီးမြောက်အောင် လုပ်ဖို့ဖြစ်သည်။ ထိုသို့ အသက်ရှင်ခြင်းက ယေရှုကို ခွန်အားပေးရန်၊ လက်ဝါးကပ်တိုင်၌ အသေခံသည့်အလုပ်ကို လုပ်နိုင်စွမ်း ရှိစေရန် ဖြစ်ပြီး၊ အကျိုးဆက်အနေနှင့် ဘုရားသခင်သည် လက်ဝါးကပ်တိုင်၌ အသေခံသည့် အလုပ်ကို ယေရှု၌ အပ်နှံခဲ့သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ "အရာအားလုံးကို ဘုရားသခင်၏ နှုတ်ကပတ်တော်ဖြင့် စွမ်းဆောင်ရရှိသည်" မှ

ကျေးဇူးတော်ခေတ်၏ အလုပ်အတွက်မူ၊ ယေရှုသည် လူကို ကယ်တင်သော ဘုရားသခင်ဖြစ်ခဲ့သည်။ သူ၏ အရာအားလုံးနှင့် ဖြစ်ခြင်းများမှာ ကျေးဇူးတော်၊ ချစ်ခြင်း မေတ္တာ၊ သနားကြင်နာခြင်း၊ စိတ်ရှည်ခြင်း၊ သည်းခံခြင်း၊ နှိမ့်ချခြင်း၊ စောင့်ရှောက်ခြင်းနှင့် သဘောထား ကြီးခြင်းတို့ ဖြစ်ပြီး သူလုပ်ခဲ့သော အလုပ်အများအပြားမှာ လူသားအား ရွေးနှုတ်ခြင်းဖြစ်သည်။ သူ၏ စိတ်သဘောထားအတွက်မူ ယင်းသည် သနားကြင်နာခြင်းနှင့် ချစ်မြတ်နိုးခြင်းအနက်မှ တစ်ခုဖြစ်ပြီး၊ သူသည် သနားကြင်နာတတ်ပြီး ချစ်မြတ်နိုးတတ်သောကြောင့် ဘုရားသခင်သည် သူ့ကိုယ်ကို ချစ်မြတ်နိုးသကဲ့သို့ လူကို ချစ်မြတ်နိုးကြောင်းပြရန် လူသားတို့အတွက် လက်ဝါးကပ်တိုင်တွင် သံမှိုရိုက်ခြင်း ခံရသည်။ သူသည် သူ၏ အလုံးစုံကို ပေးအပ်ခဲ့သည် အထိဖြစ်သည်။ စာတန်က ပြောသည်မှာ "ကိုယ်တော်သည် လူသားကို ချစ်သောကြောင့်၊ ကိုယ်တော်သည် သူ့ကို အလွန်အမင်း အစွန်းရောက်အောင် ချစ်ရမည်။ ကိုယ်တော်သည် လူကို လက်ဝါးကပ်တိုင်မှ၊ အပြစ်မှ၊ ဖယ်ရှားဖို့ရန် လက်ဝါးကပ်တိုင်တွင် သံမှိုဖြင့် ရိုက်ခံရမည်၊ ထို့ပြင် ကိုယ်တော်သည် လူသားအားလုံးအတွက် အလဲအလှယ်အဖြစ် ကိုယ့်ကိုယ်ကိုယ် ပေးလှူရမည်။" စာတန်သည် အောက်ပါ အလောင်းအစားကို လုပ်ခဲ့သည်။ "ကိုယ်တော်သည် ချစ်မြတ်နိုးတတ်ပြီး ကြင်နာသနားတတ်သော ဘုရားသခင် ဖြစ်ရာ၊ ကိုယ်တော်သည် လူသားကို အလွန်အမင်း အဆုံးစွန်အထိ ချစ်ရမည်။ ကိုယ်တော်သည် ကိုယ့်ကိုယ်ကိုယ် လက်ဝါးကပ်တိုင် တင်ခံရသည်အထိ ပေးလှူရမည်။" ယေရှုက ပြန်ပြောသည်မှာ "လူသား အတွက် ဖြစ်နေသမျှ ငါသည် ငါ၏ အရာအားလုံးကို စွန့်လွှတ်ရန် အလိုရှိသည်။" ထို့နောက် သူသည် လက်ဝါး ကပ်တိုင်ပေါ်သို့ အနည်းငယ်မျှ စိုးရွံ့မှုမရှိဘဲ တက်သွားခဲ့ပြီး လူသားအားလုံးကို ရွေးနှုတ်တော်မူခဲ့သည်။ ကျေးဇူးတော်ခေတ်အတွင်း ဘုရားသခင်၏ နာမတော်မှာ ယေရှုဖြစ်သည်၊ ယင်းကို ဘုရားသခင်သည် လူကို ကယ်တင်သော ဘုရားသခင်ဖြစ်ပြီး သူသည် ကြင်နာသနားတတ်သော ချစ်မြတ်နိုးတတ်သော ဘုရားသခင် ဖြစ်သည်ဟု ပြောရမည်။ ဘုရားသခင်သည် လူနှင့်အတူရှိခဲ့သည်။ သူ၏ ချစ်ခြင်းမေတ္တာ၊ သူ၏ ကြင်နာ သနားခြင်းနှင့် သူ၏ ကယ်တင်ခြင်းသည် လူတစ်ဦးချင်းနှင့် လူသားအားလုံးနှင့် တွဲဖက်လျက်ရှိသည်။ သူ၏ ကောင်းချီးမင်္ဂလာ၊ သူ၏ ကြီးမား များပြားသော ကျေးဇူးတော်များနှင့် သူ၏ ကယ်တင်ခြင်းကို ရရှိရန်၊ ယေရှု၏ နာမတော်နှင့် သူ၏ မျက်မှောက်တော်ကို လက်ခံရုံမျှဖြင့် လူသည် ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်း ကိုရသည်။ ယေရှု၏ လက်ဝါးကပ်တိုင်တွင် အသေခံခြင်းအားဖြင့်၊ သူ့ကို လိုက်လျှောက်သူ အားလုံးတို့သည် ကယ်တင်ခြင်းကို ရရှိပြီး သူတို့၏ အပြစ်များကို လွှတ်ခြင်းခံရသည်။ ကျေးဇူးတော် ခေတ်အတွင်းတွင် ယေရှုသည် ဘုရားသခင်၏ နာမတော်ဖြစ်သည်။ တစ်နည်းအားဖြင့် ဆိုသော်၊ ကျေးဇူးတော်ခေတ်၏ အလုပ် ကို အဓိကအားဖြင့် ယေရှု၏ နာမတော်အောက်တွင် လုပ်ဆောင်သည်။ ကျေးဇူးတော်ခေတ်တွင် ဘုရားသခင် ကို ယေရှုဟု ခေါ်သည်။ သူသည် ဓမ္မဟောင်း ကျမ်းစာကို ကျော်လွန်သည့် အသစ်သော အလုပ် အဆင့်ကို လုပ်ဆောင်ပြီး သူ၏ အလုပ်သည် လက်ဝါးကပ်တိုင်တွင် အသေခံခြင်းဖြင့် အဆုံးသတ်သည်။ ယင်းသည် သူ့အလုပ်တစ်ခုလုံး ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ "ဘုရားသခင့်အမှုတော်၏ ရူပါရုံ (၃)" မှ

ထိုအချိန်က ယေရှု၏ ဖွင့်ဆိုချက်များနှင့် အလုပ်သည် အယူဝါဒများကို စွဲကိုင်ထားခြင်းမရှိဘဲ သူသည် သူ၏ အလုပ်ကို ဓမ္မဟောင်း နည်းဥပဒေသ၏ အလုပ်နှင့်အညီ လုပ်ဆောင်ခဲ့ခြင်း မရှိပေ။ ကျေးဇူးတော်ခေတ်တွင် လုပ်ဆောင်သင့်သည့် အလုပ်များအတိုင်းသာ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ သူသည် သူလုပ်ဆောင်လာသည့် အလုပ်အတိုင်း၊ သူ၏ ကိုယ်ပိုင် အစီအစဉ်အတိုင်းနှင့် သူ၏ သာသနာအတိုင်း လုပ်ဆောင်သည်။ သူသည် ဓမ္မဟောင်း ကျမ်းစာ၏ နည်းဥပဒေသအတိုင်း လုပ်ဆောင်ခဲ့ခြင်း မရှိပေ။ သူလုပ်သည့် မည်သည့်အရာမျှ ဓမ္မဟောင်းကျမ်း နည်းဥပဒေသနှင့်အညီ လုပ်ဆောင်ခဲ့ခြင်း မရှိဘဲ သူသည် ပရောဖက်များ၏ စကားများပြည့်စုံအောင် လာခဲ့ခြင်းလည်း မဟုတ်ပေ။ ဘုရားသခင်အလုပ်၏ အဆင့် တစ်ခုစီသည် ရှေးပရောဖက်များ၏ ကြိုတင်ဟောကြားချက်များကို ပြည့်စုံအောင် ဖော်ထုတ်ခြင်းမဟုတ်၊ သူသည် ရှေးပရောဖက်များ ကြိုတင်ဟောကြားချက်များ အကောင်အထည်ပေါ်စေရန် တမင်သက်သက် သို့မဟုတ် အယူဝါဒများကို လိုက်နာရန် လာခဲ့ခြင်းမဟုတ်ပေ။ သို့ရာတွင် သူ၏ လုပ်ဆောင်မှုများသည် ရှေးပရောဖက်များ ဟောကြားချက်များကို နှောင့်ယှက်ဖျက်ဆီးခြင်း မရှိသလို သူယခင်က လုပ်ဆောင်ခဲ့သော အလုပ်များကိုလည်း နှောင့်ယှက်ဖျက်ဆီးခြင်း မရှိပေ။ သူ့အလုပ်၏ သိသာထင်ရှားသော အချက်မှာ မည်သည့် အယူဝါဒကိုမျှ လိုက်နာခြင်းမရှိဘဲ သူကိုယ်တိုင် လုပ်သင့်သော အလုပ်များကို လုပ်ခြင်းဖြစ်သည်။ သူသည် ပရောဖက်မဟုတ်သလို မြင်သောသူလည်း မဟုတ်ပေ။ လုပ်ဆောင်သူသာဖြစ်ပြီး သူလုပ်ဆောင်ရန် လိုအပ်သော အလုပ်များကို အမှန်တကယ်အားဖြင့် လာရောက် လုပ်ဆောင်သူသာဖြစ်ပြီး သူ၏ အသစ်သော ခေတ်ကို ဖွင့်လှစ်ရန် လာရောက်ခဲ့ပြီး သူ၏ အသစ်သော အလုပ်ကို လုပ်ဆောင်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ "အမည်နာမများနှင့် သွင်ပြင်လက္ခဏာနှင့် ပတ်သက်၍" မှ

ယေရှု အလုပ်သစ် လုပ်ဆောင်ရန်၊ ခေတ်သစ်တစ်ခုကို အစပျိုးရန်၊ ဣသရေလ တိုင်းပြည်တွင် အရင်ကလုပ်ခဲ့သည့်အလုပ်ကို ချိုးဖျက်ရန်နှင့် ဣသရေလတိုင်းပြည်တွင် ယေဟောဝါ လုပ်ခဲ့သည့် အလုပ်နှင့် မကိုက်ညီသည့် သို့မဟုတ် သူ၏ စည်းကမ်းဟောင်းများနှင့် မကိုက်ညီသည့် သို့မဟုတ် မည်သည့် စည်းမျဉ်းနှင့်မျှ မကိုက်ညီသော်လည်း၊ သူလုပ်သင့်သည့် အလုပ်သစ်ကိုသာ ဆောင်ရွက်ရန် လာခဲ့သည့်အချိန်တွင်၊ ခေတ်သစ်တစ်ခေတ်သာ ရှိနိုင်သည်။ ဘုရားသခင် ကိုယ်တော်တိုင် ခေတ်တစ်ခုကို ဖွင့်ရန် ကြွလာသည်၊ ထို့နောက် ဘုရားသခင် ကိုယ်တော်တိုင်ပင် ခေတ်ကို အဆုံးသတ်သို့ ဆောင်ယူသည်။ လူသည် ခေတ်ကိုအစပြုရန်နှင့် ခေတ်ကို အဆုံးသတ်ရန် လုပ်နိုင်သည့် အစွမ်းအစမရှိပေ။ ယေရှုသည် ယေဟောဝါ၏အလုပ်ကို အဆုံးမသတ်ခဲ့ပါက၊ သူသည် လူသားတစ်ဦးမျှသာဖြစ်ပြီး ဘုရားသခင်ကို ကိုယ်စား မပြုနိုင်ဟု သက်သေပြသကဲ့သို့ ဖြစ်နေမည်။ ယေရှုကြွလာခဲ့ပြီး ယဟောဝါ၏အလုပ်ကို အဆုံးသတ်ခဲ့သည်၊ ယေဟောဝါ၏ အလုပ်ပြီးနောက် သူ၏ကိုယ်ပိုင်အလုပ်၊ အလုပ်သစ်ကို စတင်သည်မှာ အတိအကျပင် ဖြစ်သောကြောင့် ယင်းသည် ခေတ်သစ်တစ်ခုဖြစ်ပြီး ယေရှုသည် ဘုရားသခင် ကိုယ်တော်တိုင်ပင် ဖြစ် ကြောင်း သက်သေပြနေသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ "ဘုရားသခင့်အမှုတော်၏ ရူပါရုံ (၃)" မှ

တစ်ချိန်တုန်းက ယေရှု၏ အမှုမှာ လူသားတစ်ရပ်လုံးကို ရွေးနုတ်ကယ်တင်ခြင်း ဖြစ်ခဲ့သည်။ သူ့ကို ယုံကြည်သူတို့၏ အပြစ်များအားလုံးသည် ခွင့်လွှတ်ပေးခြင်း ခံရပြီးလျက်၊ သူ့ကို ဆက်လက် ယုံကြည်နေသရွေ့ သူက သင့်ကို ရွေးနုတ်ကယ်တင်ပေးမည် ဖြစ်ပြီး၊ အကယ်၍ သင်သည် သူ့ကို ယုံကြည်ပါက သင်၏အပြစ်များ အားလုံး ဖြေလွှတ်ခြင်း ခံရပြီးလျက် သင်သည် အပြစ်သားတစ်ယောက် မဟုတ်တော့ပေ။ ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်ရာသို့ ရောက်သည်ဆိုခြင်းနှင့် ကယ်တင်ခြင်းခံရသည် ဆိုသည်မှာ ထိုအရာကို ဆိုလိုခြင်း ဖြစ်သည်။ ယုံကြည်ခဲ့ကြသည့် သူများအကြားတွင်ပင်လျှင်၊ ဘုရားသခင်ကို ဆန့်ကျင် ပုန်ကန်လိုသူများ ကျန်နေသေး၍ ၎င်းတို့ကို တဖြည်းဖြည်းချင်းနှင့် ဖယ်ရှားပစ်ရန် လိုခဲ့ပါသေးသည်။ ကယ်တင်ခြင်းသည် လူသားကို ယေရှုက အပြည့်အဝ ပိုင်ဆိုင်ရရှိသွားပြီဟု ဆိုလိုခြင်း မဟုတ်သော်လည်း၊ ထိုသူ၏ အပြစ်များ ခွင့်လွှတ်ခြင်း ခံရကာ အပြစ်တရားနှင့် ဆက်လက် မသက်ဆိုင်တော့ခြင်းကို ဆိုလိုပြီး၊ သင်ယုံကြည်ပြီ ဆိုပါက အပြစ်တရားနှင့် နောက်တစ်ဖန် မည်သည့်အခါမျှ သက်ဆိုင်တော့မည် မဟုတ်ချေ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ "ဘုရားသခင့်အမှုတော်၏ ရူပါရုံ (၂)" မှ

လူသားအဖို့ ဘုရားသခင်၏ ကားစင်တင် အသေခံခြင်းသည် ဘုရားသခင်၏ လူ့ဇာတိခံယူခြင်း အမှုတော်ကို အဆုံးသတ်ခဲ့ခြင်း၊ လူသားမျိုးနွယ် အားလုံးကို ရွေးနုတ်တ်ခဲ့ခြင်းနှင့် မရဏာနိုင်ငံ၏ သော့ကို သိမ်းပိုက်ရန် ကိုယ်တော့်ကို ခွင့်ပြုခဲ့ခြင်းဖြစ်သည်။ အယောက်တိုင်းက ဘုရားသခင်၏ အမှုတော်သည် အပြည့်အ၀ အဆုံးသတ်ခဲ့သည်ဟု တွေးကြသည်။ အမှန်တွင် ဘုရားသခင်အဖို့ သူ့အမှုတော်၏ အနည်းငယ်သော အပိုင်းသာ ပြီးမြောက်ခဲ့ခြင်းဖြစ်သည်။ သူသည် လူသားမျိုးနွယ်ကို ရွေးနုတ်တ်ခဲ့ရုံသာ ရှိသေးသည်၊ လူသားထဲရှိ စာတန်၏ အကျည်းတန်မှုကို ပြောင်းလဲရန် မဆိုထားနှင့်၊ သူသည် လူသားကို သိမ်းပိုက်ခဲ့ခြင်းပင် မရှိသေးပေ။ ထို့ကြောင့်ပင် ဘုရားသခင်မှ "ငါ၏ ခံယူထားသော လူ့ဇာတိသည် သေဆုံးခြင်း၏ နာကျင်မှုကို ဖြတ်သန်းခဲ့ရသော်လည်း ထိုအရာကား ငါ၏ လူ့ဇာတိခံခြင်း ပန်းတိုင်တစ်ခုလုံး မဟုတ်ပေ။ ယေရှုသည် ငါ၏ ချစ်လှစွာသော သားတော်ဖြစ်ကာ ကားတိုင်တွင် ငါ့အဖို့ သံမှိုဆွဲနှက် ခံခဲ့ရသော်လည်း သူသည် ငါ၏ အမှုတော်ကို အပြည့်အ၀ အဆုံးမသတ်ခဲ့ပေ။ သူသည် ယင်းအမှုတော်၏ တစ်ပိုင်းကိုသာ လုပ်ဆောင်ခဲ့သည်" ဟု မိန့်တော်မူခြင်း ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်သည် လူ့ဇာတိခံခြင်း အမှုတော်ကို ဆက်လက် လုပ်ဆောင်ရန် အစီအစဉ်များ၏ ဒုတိယအဆင့်ကို စတင်ခဲ့သည်။ ဘုရားသခင်၏ အဆုံးစွန် ရည်ရွယ်ချက်မှာ စာတန်၏လက်မှ ကယ်တင်ခဲ့သော အယောက်တိုင်းကို စုံလင်စေရန်နှင့် ရရှိရန်ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ "အမှုတော်နှင့် ဝင်ရောက်ခြင်း (၆)" မှ

(၃) နိုင်ငံတော်ခေတ်ရှိ ဘုရားသခင်၏အမှု၏ ရည်ရွယ်ချက်နှင့် အဓိပ္ပာယ်

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ -

ယေရှုက ဤလူ့လောကသို့ လာသောအခါ သူသည် ပညတ်တော်ခေတ်ကို အဆုံးသတ်ပြီး ကျေးဇူးတော်ခေတ်သို့ ရောက်စေခဲ့သည်။ နောက်ဆုံးသော ကာလတွင် ဘုရားသခင်သည် နောက်တစ်ကြိမ် လူ့ဇာတိအဖြစ်ကို ခံယူပြီး ဤတစ်ကြိမ် လူ့ဇာတိအဖြစ် ကြွလာချိန်တွင် ကျေးဇူးတော်ခေတ်ကို ချုပ်ငြိမ်းစေကာ နိုင်ငံတော်ခေတ်သို့ ရောက်စေမည်။ ဘုရားသခင်၏ လူ့ဇာတိအဖြစ် ဒုတိယအကြိမ် ကြွလာခြင်းကို လက်ခံသောသူ အပေါင်းတို့သည် နိုင်ငံတော်ခေတ်သို့ ဦးဆောင်ခေါ်ယူသွားခြင်းကို ခံယူရမည် ဖြစ်ပြီး ဘုရားသခင်၏ ဦးဆောင်မှုကို ကိုယ်တိုင်ကိုယ်ကျ လက်ခံနိုင်လိမ့်မည်။ ယေရှုသည် လူသားတို့ အကြားတွင် အလုပ်များစွာ လုပ်ခဲ့သော်လည်း သူသည် လူသားမျိုးနွယ် အားလုံးအတွက် ရွေးနုတ်ကယ်တင်ခြင်းကိုသာ ပြီးမြောက်စေခဲ့ပြီး လူသားတို့၏ အပြစ်ဖြေရာယဇ် ဖြစ်ခဲ့သည်။ သို့သော် လူသားတို့၏ ယိုယွင်းပျက်စီးသော စိတ်သဘောထားကို ပယ်ရှင်းမပေးခဲ့ပါ။ စာတန်၏ လွှမ်းမိုးမှုမှ လူသားများကို အပြည့်အဝ ကယ်တင်ခြင်းသည် ယေရှုကို အပြစ်ဖြေရာယဇ်အဖြစ် လူသားတို့၏ အပြစ်များကို ယူဆောင်သွားရန် လိုအပ်သည်သာမက စာတန် ယိုယွင်းဖျက်ဆီးခဲ့သော လူသားတို့၏ စိတ်သဘောထားကို လုံးဝပယ်ရှင်းရန် ဘုရားသခင်၏ ပိုကြီးမြတ်သော အမှုလည်း လိုအပ်သည်။ ထို့ကြောင့် လူသားတို့သည် မိမိတို့အပြစ်ကို ခွင့်လွှတ်ခြင်း ခံရပြီးနောက် ဘုရားသခင်သည် လူသားတို့ကို ခေတ်သစ်တစ်ခုဆီသို့ ဦးဆောင်ခေါ်သွားရန် လူ့ဇာတိအဖြစ် ပြန် ကြွလာခဲ့ပြီး ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းအလုပ်ကို စတင်ခဲ့ကာ ထိုအလုပ်သည် လူသားတို့အား ပိုမိုကြီးမြတ်သော နယ်ပယ်တစ်ခုဆီသို့ ဆောင်ကြဉ်းခဲ့သည်။ သူ၏ အုပ်စိုးမှုကို နာခံသူအားလုံးသည် ပိုမြင့်သော သမ္မာတရားနှင့် ပိုကြီးမြတ်သော ကောင်းချီးများကို ခံစားရလိမ့်မည်။ သူတို့သည် အလင်းတွင် အမှန်တကယ် နေထိုင်ရမည်ဖြစ်ပြီး သမ္မာတရား၊ လမ်းခရီးနှင့် အသက်တို့ကိုလည်း ရလိမ့်မည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ ဥယျောဇဉ် မှ

နောက်ဆုံးသောကာလ၏ အမှုသည် အရာအားလုံးတို့ကို ၎င်းတို့၏ အမျိုးအစားအလိုက် ပိုင်းခြားရန်၊ ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ်ကို အပြီးသတ်ရန်ဖြစ်သည်၊ အကြောင်းမှာ အချိန်သည် နီးလာပြီး ဘုရားသခင်၏ နေ့ရက်သည် ရောက်လာခဲ့ပြီ ဖြစ်သောကြောင့် ဖြစ်သည်။ ဘုရားသခင်သည် သူ့နိုင်ငံတော်သို့ ဝင်လာသူ၊ အဆုံးတိုင် သူ့ကို သစ္စာရှိသူများအားလုံးကို ဘုရားသခင် ကိုယ်တိုင်၏ ခေတ်အတွင်းသို့ ဆောင်ယူခဲ့၏။ သို့သော် ဘုရားသခင် ကိုယ်တိုင်၏ ခေတ်သို့ ရောက်လာသည့်တိုင် ဘုရားသခင် ပြုမည့်အမှုသည် လူ၏ လုပ်ဆောင်ချက်များကို စောင့်ကြည့်ရန်၊ သို့မဟုတ် လူ၏ အသက်တာထဲသို့ ဝင်ရောက်၍ စုံစမ်းမှုပြုရန် မဟုတ်ပေ။ သို့သော် သူ၏ ပုန်ကန်မှုကို တရားစီရင်ရန် ဖြစ်ရာ ဘုရားသခင်သည် သူ၏ပလ္လင်ရှေ့သို့ ရောက်လာသူတိုင်းအား သန့်စင်ပေးလိမ့်မည်။ ယနေ့ချိန်ထိ ဘုရားသခင်၏ ခြေလှမ်းများအတိုင်း လိုက်လျှောက်ခဲ့သူ အားလုံးတို့သည် ဘုရားသခင်၏ ပလ္လင်ရှေ့သို့ လာရောက်ကြသူများ ဖြစ်ကြသည့်အတွက် ဘုရားသခင်အမှု၏ နောက်ဆုံးအဆင့်ကို လက်ခံသောလူတိုင်းသည် ဘုရားသခင်၏ သန့်စင်ပေးမှုကို ခံရာဝတ္ထုများ ဖြစ်ကြသည်။ တစ်နည်းအားဖြင့် ဘုရားသခင်အမှု၏ နောက်ဆုံး အဆင့်ကို လက်ခံသောသူတိုင်းသည် ဘုရားသခင် တရားစီရင်ခြင်း ခံရာဝတ္ထုများဖြစ်၏။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ "ခရစ်တော်သည် တရားစီရင်ခြင်း အမှုကို သမ္မာတရားဖြင့် ဆောင်ရွက်၏" မှ

ဤတစ်ကြိမ် ဘုရားသခင် လူ့ဇာတိ ခံယူသောအခါ၊ သူ၏ အမှုမှာ အဓိကအားဖြင့် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းမှ သူ၏ စိတ်နေသဘောထားကို ဖော်ပြရန်ဖြစ်သည်။ ယင်းကို အခြေခံအုတ်မြစ်အဖြစ် အသုံးပြုပြီး သမ္မာတရားကို လူတို့ထံသို့ ပိုမိုဆောင်ကြဉ်းပေးပြီး လက်တွေ့ကျင့်ဆောင်ရန် နည်းလမ်းများ ပိုမိုပြသပေးသည်၊ ဤသို့ဖြင့် လူသားကို သိမ်းပိုက်ရန်နှင့် လူသား၏ ယိုယွင်းပျက်စီးသော စိတ်သဘောထားမှ ကယ်တင်ရန် သူ၏ ရည်မှန်းချက်တို့ကို ဖြစ်မြောက်စေပါသည်။ ဤသည်မှာ နိုင်ငံတော်ခေတ်တွင် ဘုရားသခင့်အမှု၏ နောက်ခံအကြောင်းရင်းများ ဖြစ်ပါသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ ဥယျောဇဉ် မှ

သူ၏ တရားစီရင်ခြင်း အမှုကို ဆောင်ရွက်ရာတွင် ဘုရားသခင်သည် လူသား၏ သဘာဝကို စကားလုံး အနည်းငယ်မျှသာဖြင့် ရှင်းလင်းရန် ရိုးရှင်းစွာ မပြုပေ။ သူသည် ရေရှည်အတွက် ဖွင့်ပြခြင်း၊ ရိုက်နှက်ဆုံးမခြင်းနှင့် ပြုပြင်ပေး၏။ ထိုဖွင့်ပြခြင်း၊ ရိုက်နှက်ဆုံးမခြင်းနှင့် ပြုပြင်ပေးခြင်း နည်းလမ်းတို့ကို သာမန်စကားလုံးဖြင့် အစားမထိုးနိုင်ပဲ၊ လူသားများ လုံးဝ မပိုင်ဆိုင်သော သမ္မာတရားအားဖြင့်သာ အစားထိုးနိုင်သည်။ ဤအမျိုးအစားပါ နည်းလမ်းများကသာ၊ တရားစီရင်မှုဟု စဉ်းစားယူဆရသည်။ ဤတရားစီရင်မှု အမျိုးအစားအားဖြင့်သာ လူသားကို သိမ်းပိုက်ရရှိနိုင်ပြီး ဘုရားသခင်ထံသို့ လုံးဝပါဝင်ဆက်ကပ်လာနိုင်ကာ ဆက်၍ ဘုရားသခင်နှင့် ပတ်သက်သည့် မှန်သော အသိတရားကို ရရှိလာပေမည်။ ဘုရားသခင်၏ မှန်သောမျက်နှာကို လူက သိနားလည်ခြင်း အကြောင်းနှင့် သူကိုယ်တိုင်၏ ပုန်ကန်မှုအကြောင်း သမ္မာတရားတို့ကို တရားစီရင်ခြင်း အမှုက ယူဆောင်လာပါသည်။ တရားစီရင်ခြင်းအမှုသည် ဘုရားသခင်၏ အလိုတော်၊ ဘုရားသခင်အမှု၏ ရည်ရွယ်ချက်နှင့် သူ့အတွက် နားမလည်နိုင်သော နက်နဲရာများတို့ကို အလွန်များပြားလှစွာဖြင့် သဘောပေါက် နားလည်မှု ရရှိလာစေရန် လူသားကို အခွင့်ပေးသည်။ ယင်းသည် လူသားကို သူ၏ ယိုယွင်းပျက်စီးသော အနှစ်သာရနှင့် ယိုယွင်းပျက်စီးမှု၏ ဇစ်မြစ်ကို သိနားလည်စေရန် အခွင့်ပေးလေ၏။ ထို့ပြင် လူသား၏ အကျည်းတန်မှုကိုပါ ရှာဖွေတွေ့ရှိ စေလေသည်။ ဤအကျိုးသက်ရောက်မှု အားလုံးတို့မှာ တရားစီရင်ခြင်း အမှုနှင့် ပတ်သက်၍ ဆောင်ယူရရှိခဲ့လေ၏။ အကြောင်းမှာ ဤအမှု၏ အခြင်းအရာသည် အမှန်တွင်တော့ ဘုရားသခင်အား ယုံကြည်သူများ အားလုံးထံသို့ ဘုရားသခင်၏ သမ္မာတရား၊ လမ်းခရီးနှင့် အသက်တို့ကို ဖွင့်ပြပေးရန်ပင်ဖြစ်သည်။ ဤအမှုသည် ဘုရားသခင်ပြုသော တရားစီရင်ခြင်းအမှုပင် ဖြစ်ပေ၏။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ "ခရစ်တော်သည် တရားစီရင်ခြင်း အမှုကို သမ္မာတရားဖြင့် ဆောင်ရွက်၏" မှ

တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း အလုပ်မှတစ်ဆင့် လူသားသည် သူ့အတွင်းတွင်ရှိသော ညစ်ညူးပြီး ပျက်စီးသော အရာများကို အပြည့်အဝ သိလာလိမ့်မည်ဖြစ်ပြီး သူသည် အလုံးစုံ ပြောင်းလဲလာကာ သန့်စင်ခြင်းသို့ ရောက်နိုင်လိမ့်မည်။ ထိုနည်းလမ်းအားဖြင့်သာ လူသားသည် ဘုရားသခင်၏ ပလ္လင်တော်ရှေ့မှာက်သို့ ပြန်လည်ရောက်ရှိရန် ထိုက်တန်နိုင်ပေသည်။ ယနေ့မျက်မှောက်တွင် ပြီးစီးသော အလုပ်အားလုံးတို့ကြောင့် လူသားသည် သန့်ရှင်းပြီး ပြောင်းလဲမှုကို ရရှိနိုင်သည်၊ နှုတ်ကပတ်တော်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့အားဖြင့် သာမက စစ်ဆေးခြင်းတို့ကြောင့် လူသားသည် သူ၏ ပျက်စီးယိုယွင်းခြင်းကို ဖယ်ထုတ်နိုင်ပြီး သန့်ရှင်းခြင်းကို ရလိမ့်မည်။ ဤအဆင့်ရှိ အလုပ်ကို ကယ်တင်ခြင်းအလုပ်ဟု ထင်မည့်အစား သန့်ရှင်းစင်ကြယ်ခြင်း အလုပ်ဟု ပြောခြင်းက ပိုမိုသင့်တော်သည်။ အမှန်တကယ်အားဖြင့် ဤအဆင့်သည် သိမ်းပိုက်အောင်မြင်ခြင်း သာမက ကယ်တင်ခြင်း၏ ဒုတိယ အဆင့်လည်း ဖြစ်သည်။ လူသည် နှုတ်ကပတ်တော်အားဖြင့် တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းမှတစ်ဆင့် ဘုရားသခင်၏ ရယူခြင်းကို ခံရသည်။ နှုတ်ကပတ်တော်ကို အသုံးပြုလျက် စစ်ဆေးပဲ့ပြင်ခြင်း၊ တရားစီရင်ခြင်းနှင့် ဖော်ထုတ်ခြင်းမှတစ်ဆင့် မသန့်ရှင်း ခြင်း အားလုံး၊ အယူအဆများ၊ ဆန္ဒများနှင့် လူ၏ စိတ်နှလုံးအတွင်းရှိ တစ်ဦးချင်း မျှော်လင့်ချက်များသည် လုံးဝ ဖော်ထုတ်ခံရသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ "လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၄)" မှ

ဘုရားသခင်သည် လူသားကသူ့အား သိကောင်းသိလာစေရန်အတွက်နှင့် သူ့အတွက်သက်သေခံချက်ဖြစ်ရန် တရားစီရင်ခြင်းနှင့် ဆုံးမခြင်းတို့ကို လုပ်ကိုင်ပါသည်။ လူသားတို့၏ ပျက်စီးယိုယွင်းသည့်စိတ်သဘောထားများအပေါ်ဘုရားသခင်၏တရားစီရင်မှုမရှိပါက လူသားသည် မကောင်းမှုကို လက်မခံသည့် ဘုရားသခင်၏ဖြောင့်မတ်သောစိတ်သဘောထားကိုသိနိုင်မည်မဟုတ်ပဲ၊ ဘုရားသခင်နှင့် ပတ်သတ်သော သူ၏အသိတရားဟောင်းကို အသစ်တစ်ခုဆီသို့ ပြောင်းလဲနိုင်မည် မဟုတ်ပေ။ ဘုရားသခင်သည်သူ၏သက်သေခံချက်နှင့် သူ၏စီမံခန့်ခွဲမှုအတွက် သူ၏ အကြောင်းအရာ အလုံးစုံကို အများသိရှိအောင်ပြုလုပ်သည်။ သို့ဖြင့် လူသားကို ဘုရားသခင်နှင့် ပတ်သက်သော အသိဉာဏ်ကိုရရှိစေပြီး၊ လူသားသည် မိမိစိတ်သဘောထားကို ပြောင်းလဲကာ ဘုရားသခင်၏ လူအများသိသည့်ပုံသဏ္ဍာန်မှတဆင့် ထူးကဲလှသောသက်သေခံချက်ကို သက်သေခံနိုင်စေမည်။ လူသားတို့၏စိတ်သဘောထားတွင် ပြောင်းလဲမှုကို ဘုရားသခင်၏ မတူညီသည့်လုပ်ငန်းပုံစံ အမျိုးမျိုးမှတဆင့်ရရှိသည်။ လူသား၏စိတ်သဘောထားတွင်ထိုသို့သော ပြောင်းလဲမှုမျိုးမရှိပဲ၊ လူသားသည် ဘုရားသခင်အတွက် သက်သေခံချက်မပေးနိုင်၊ ဘုရားသခင်၏ စိတ်နှလုံးတော်နောက်သို့မလိုက်နိုင်ပေ။ လူသား၏စိတ်သဘောထားအတွင်း ပြောင်းလဲမှုများ က လူသားသည် စာတန်၏ ချည်နှောင်ခြင်းမှလွတ်မြောက်ကာ၊ အမှောင်၏လွှမ်းမိုးမှု အောက်မှ မိမိကိုယ်ကို လွတ်မြောက်ခြင်းကို ဖော်ပြနေပြီး၊ ဘုရားသခင့်အမှုတော်၏စံပြနှင့် နမူနာအစစ်အမှန်၊ ဘုရားသခင်၏ စိတ်နှလုံးသားနောက်သို့ လိုက်နိုင်သောသူ တစ်စုံတစ်ယောက်၊ ဘုရားသခင်၏ သက်သေခံသူ အစစ်အမှန်ဖြစ်လာပါသည်။ ယနေ့လူ့ဇာတိခံယူထားသည့် ဘုရားသခင်သည် ကမ္ဘာကြီးပေါ်တွင် သူ၏အမှုတော်ကို လုပ်ကိုင်ရန် ရောက်လာခဲ့ခြင်းဖြစ်ပြီး၊ လူသားအနေဖြင့် သူနှင့်ပတ်သက်သော အသိတရားကိုရရှိစေလာစေရန်၊ သူ့ကိုရိုသေစေရန်၊သူ့အတွက် သက်သေခံရန်ကို သူအလိုရှိပါသည်။ သူ၏လက်တွေ့နှင့် သာမန်အလုပ်ကိုသိရန်၊ သူ၏နှုတ်ကပတ်တော်များအားလုံးကို နာခံရန်နှင့် လူသားတို့ တွေးထင်မြင်ချက်နှင့်အညီ အလုပ်မလုပ်ကိုင်ရန်၊ လူသားကိုကယ်တင်ရန် သူ၏ လုပ်ဆောင်ချက်အားလုံးကို သက်သေခံနိုင်ရန်နှင့် လူသားကို အောင်နိုင်စေရန်အတွက် သူပြုလုပ်ခဲ့သော အမှုအားလုံးကို သိရှိစေရန် သူအလိုရှိပါသည်။ ဘုရားသခင်အတွက် သက်သေခံချက်ပေးသောသူသည် ဘုရားသခင်နှင့်ပတ်သက်သော အသိဉာဏ်ရှိရပါသည်။ ဤကဲ့သို့သော သက်သေခံချက်သာလျှင် တိကျပြီးစစ်မှန်သည်။ ဤကဲ့သို့သော သက်သေခံချက်သာလျှင် စာတန်ကိုအရှက်ရစေနိုင်သည်။ ဘုရားသခင်သည် သူ၏စီရင်ဆုံးဖြတ်မှုနှင့် ဆုံးမမှုတို့ကို ဖြတ်သန်းခဲ့ရပြီး၊ သူ့အတွက် သက်သေခံနိုင်ရန်အတွက် ပတ်သက်ဆက်ဆံခြင်းနှင့် စီစစ်ခြင်းတို့ကိုဖြတ်သန်းခဲ့ရပြီးနောက် သူ့ကိုသိရှိ လာသူများကို အသုံးပြုသည်။ ဘုရားသခင်သည်စာတန်မှ ဖျက်ဆီးခဲ့သောသူများကို သူ့အတွက် သက်သေခံရန် အသုံးပြုသည်။ မိမိ၏ ပင်ကိုယ်သဘာထားကို ပြုပြင်ပြောင်းလဲခဲ့သူများနှင့် သူ၏ ကောင်းချီးမင်္ဂလာများ ကို ရယူနိုင်ခဲ့သူများကိုလည်း သူ့အတွက် သက်သေခံပေးရန် အသုံးပြုသည်။ ဘုရားသခင်သည် လူသား၏စကားလုံးများဖြင့်သာ ချီးမွမ်းခြင်းကို မလိုအပ်သလို၊ သူကယ်တင်ခြင်းမပေးခဲ့သော စာတန်ပုံစံဖြင့် ချီးမွမ်းခြင်း နှင့် သက်သေခံခြင်းတို့ကို မလိုအပ်ပါ။ ဘုရားသခင်ကို သိသောသူများသာလျှင် ဘုရားသခင်အတွက် သက်သေခံရန်အရည်အချင်းရှိပြီး၊ စိတ် သဘောထား ပြောင်းလဲသွားသူများသာလျှင် ဘုရားသခင်အတွက် သက်သေခံရန်အရည်အချင်း ရှိကာ၊ ဘုရားသခင်သည် လူသားမှ သူ၏နာမတော်ကို အရှက်ရစေရန် ရည်ရွယ်လုပ်ဆောင်ခြင်းကို ခွင့်ပြုမည် မဟုတ်ပေ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ "ဘုရားသခင်ကိုသိသောသူများသာလျှင် ဘုရားသခင်အတွက် သက်သေကို ခံနိုင်ကြသည်" မှ

နိုင်ငံတော်ခေတ်၌ လူ့ဇာတိခံယူထားသော ဘုရားသခင်သည် သူ့ကို ယုံကြည်သူများ အားလုံးကို သိမ်းပိုက်ရန်အတွက် နှုတ်ကပတ်တော်များ ပြောနေသည်။ ဤအရာမှာ "နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာခြင်း" ပင်ဖြစ်သည်။ ဘုရားသခင်သည် နောက်ဆုံးသောကာလ၌ ဤအလုပ်အား လုပ်ဆောင်ရန် ရောက်လာခြင်း ဖြစ်သည်။ ဆိုလိုသည်မှာ ဘုရားသခင်မှာ နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာခြင်း၏ အမှန်တကယ် ထူးခြားမှုကို ဖြစ်မြောက်စေဖို့ ရောက်လာခြင်းဖြစ်သည်။ ဘုရားသခင်သည် နှုတ်ကပတ်တော်များကိုသာ ပြောသည်၊ အချက်အလက်များကို တော်ရုံတန်ရုံ အသုံးပြုခဲ့သည်။ ဤအရာသည်ပင် နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာခြင်း၏ အနှစ်သာရဖြစ်သည်။ လူ့ဇာတိခံယူထားသော ဘုရားသခင် နှုတ်ကပတ်တော်များပြောခြင်းသည် လူ့ဇာတိထဲ၌ နှုတ်ကပတ်တော် ပေါ်လာခြင်းဖြစ်ပြီး၊ နှုတ်ကပတ်တော်က လူ့ဇာတိထဲ ကြွဆင်းလာခြင်း ဖြစ်သည်။ "အစအဦး၌ နှုတ်ကပတ်တော်ရှိ၏။ နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့် အတူရှိ၏။ နှုတ်ကပတ်တော် သည်လည်း ဘုရားသခင် ဖြစ်တော်မူ၏။ ထိုနှုတ်ကပတ်တော်သည် အစအဦး၌ ဘုရားသခင်နှင့်အတူရှိ၏။ နှုတ်ကပတ်တော်သည်လည်း လူ့ဇာတိအဖြစ်ကို ခံယူ၍..."။ ဤအရာ (လူ့ဇာတိထဲ၌ နှုတ်ကပတ်တော် ပေါ်လာခြင်း၏ အလုပ်)သည် နောက်ဆုံးသော ကာလ၌ ဘုရားသခင် ပြီးမြောက်အောင်လုပ်မည့် အလုပ်ဖြစ်သည်၊ ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ် တစ်ခုလုံး၏ နောက်ဆုံးအခန်းလည်း ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်သည် လောကသို့လာပြီး သူ၏ နှုတ်ကပတ်တော်ကို လူ့ဇာတိထဲတွင် ထင်ရှားပြခြင်း ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ "အရာအားလုံးကို ဘုရားသခင်၏ နှုတ်ကပတ်တော်ဖြင့် စွမ်းဆောင်ရရှိသည်" မှ

နိုင်ငံတော်ခေတ်တွင် ဘုရားသခင်သည် ခေတ်သစ်တစ်ခုကို အစပျိုးရန်၊ သူအလုပ် လုပ်သည့် နည်းလမ်းများကို ပြောင်းလဲရန်နှင့် ခေတ်တစ်ခေတ်လုံးအတွက် အလုပ်လုပ်ရန် သူ၏ နှုတ်ကပတ်တော်ကို အသုံးပြုသည်။ ဤသည်မှာ နှုတ်ကပတ်တော်ခေတ်၌ ဘုရားသခင် အလုပ်လုပ်ရာတွင် အသုံးပြုသည့် နိယာမဖြစ်သည်။ လူ့ဇာတိ၌ ပေါ်လာသော နှုတ်ကပတ်တော်ဖြစ်သည့် ဘုရားသခင်၊ ဘုရားသခင်၏ ဉာဏ်ပညာနှင့် ချီးမွမ်းအံ့သြဖွယ် ကောင်းသောအရာကို အမှန်တကယ် မြင်နိုင်စွမ်းရှိစေလျက် ရှုထောင့်အမျိုးမျိုးမှ စကားပြောရန်အလို့ငှာ လူဇာတိကိုခံယူခဲ့သည်။ လူကို သိမ်းပိုက်ရန်၊ စုံလင်စေရန်၊ သုတ်သင်ဖယ်ရှားရန်အတွက် သူချမှတ်ထားသည့် ရည်မှန်းချက်ပန်းတိုင်များ ပိုမိုကောင်းမွန်စွာ ထမြောက်အောင်မြင်စေရန်အလို့ငှာ ထိုသို့သောအလုပ်ကို လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ ဤသည်မှာ နှုတ်ကပတ်တော်ခေတ်၌ အလုပ်လုပ်ရန် နှုတ်ကပတ်တော်ကို အသုံးပြုရခြင်း၏ စစ်မှန်သော အဓိပ္ပာယ်ဖြစ်သည်။ နှုတ်ကပတ်တော်အားဖြင့် လူသည် ဘုရားသခင်၏အလုပ်၊ ဘုရားသခင်၏ စိတ်သဘောထား၊ လူ၏ အနှစ်သာရနှင့် လူသည် မည်သည့်အရာထဲ ဝင်ရောက်သင့်သည်တို့ကို သိလာသည်။ နှုတ်ကပတ်တော်ခေတ်၌ ဘုရားသခင်လုပ်ရန် ဆန္ဒရှိသော အလုပ်အားလုံးကို ဘုရားသခင်သည် နှုတ်ကပတ်တော်အားဖြင့် အထမြောက်စေခဲ့သည်။ နှုတ်ကပတ်တော်အားဖြင့် လူကို ထုတ်ဖော်ခဲ့သည်၊ သုတ်သင်ဖယ်ရှားခဲ့သည်၊ စမ်းသပ်ခဲ့သည်။ လူသည် နှုတ်ကပတ်တော်ကို မြင်ခဲ့ပြီးဖြစ်သည်၊ ကြားခဲ့ပြီးဖြစ်သည်၊ နှုတ်ကပတ်တော် တည်ရှိကြောင်း သိလာခဲ့သည်။ ရလဒ်အနေနှင့် လူက ဘုရားသခင် တည်ရှိကြောင်းကို ယုံသည်၊ ဘုရားသခင်၏ အနန္တတန်ခိုးနှင့် ဉာဏ်ပညာကို ယုံသည်၊ ဘုရားသခင်၏ နှလုံးသားထဲရှိ လူအပေါ်ထားသောမေတ္တာနှင့် လူကို ကယ်တင်လိုသည့် ဆန္ဒကိုလည်း ယုံသည်။ "နှုတ်ကပတ်တော်"ဟူသည့် စကားလုံးသည် ရိုးရိုး သာမန်စကားလုံးတစ်လုံးသာ ဖြစ်သော်လည်း ဘုရားသခင်၏ နှုတ်တော်ထွက်စကားသည် လူဇာတိကိုခံယူပြီး စကြဝဠာ တစ်ခုလုံးကို လှုပ်ခါစေခဲ့သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် လူ၏နှလုံးသား၊ လူ၏ အယူအဆ၊ စိတ်သဘောထား အဟောင်းနှင့် တစ်လောကလုံး၏ အသွင်ဟောင်းကို အသွင်သဏ္ဌာန်ပြောင်းလဲစေသည်။ ခေတ်အဆက်ဆက်၌ ယနေ့၏ ဘုရားသခင်သာလျှင် ထိုသို့ အလုပ်လုပ်ပြီး သူသာလျှင် လူကို စကားပြော၍ ကယ်တင်သည်။ ထိုအချိန်မှစ၍ လူသည် နှုတ်ကပတ်တော်၏ ဦးဆောင်လမ်းပြမှုအောက်တွင် နှုတ်ကပတ်တော်၏ ထိန်းကျောင်းမှုနှင့် ပံ့ပိုးကူညီမှုတို့ကို ခံယူပြီးအသက်ရှင်သည်။ သူတို့သည် နှုတ်ကပတ်တော်၏ ကမ္ဘာ၌ အသက်ရှင်ကြသည်၊ ဘုရားသခင် နှုတ်ကပတ်တော်၏ ကျိန်ခြင်းများ၊ ကောင်းချီးမင်္ဂလာများ အတွင်း၌ အသက်ရှင်ကြသည်။ ထိုအပြင် နှုတ်ကပတ်တော်၏ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမမှုအောက်တွင် အသက်ရှင်ကြသည်။ ဤနှုတ်ကပတ်တော်များနှင့် အလုပ်သည် လူ၏ ကယ်တင်ခြင်းအကျိုးအတွက်၊ ဘုရားသခင်၏အလို ထမြောက်အောင်မြင်စေဖို့အတွက်၊ ဖန်ဆင်းခြင်းအဟောင်း လောက၏ မူလသွင်ပြင်ကို ပြောင်းလဲဖို့အတွက် ဖြစ်သည်။ ဘုရားသခင်သည် လောကကို နှုတ်ကပတ်တော်ဖြင့် ဖန်ဆင်းခဲ့သည်၊ စကြဝဠာအနှံ့တွင် လူတို့ကို နှုတ်ကပတ်တော်ဖြင့် ဦးဆောင်ခဲ့ပြီး နှုတ်ကပတ်တော်နှင့်ပင် လူတို့ကို သိမ်းပိုက်၍ ကယ်တင်ခဲ့သည်။ နောက်ဆုံးတွင် ဘုရားသခင်သည် အိုဟောင်းသော လောကတစ်ခုလုံးကို အဆုံးသတ်ရန် နှုတ်ကပတ်တော်ကို အသုံးပြုမည် ဖြစ်သည်။ ထို့နောက်တွင်မှ ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ်သည် လုံးလုံးလျားလျား ပြီးမြောက်မည် ဖြစ်သည်။ နိုင်ငံတော်ခေတ် တစ်လျှောက်လုံးတွင် ဘုရားသခင်သည် သူ့အလုပ်ကို လုပ်ရန်နှင့် သူ့အလုပ်မှ အကျိုးကျေးဇူးများကိုရရှိရန် နှုတ်ကပတ်တော်ကို အသုံးပြုသည်။ သူသည် အံ့ဖွယ်အရာများကို လုပ်ဆောင်ခြင်းမရှိသကဲ့သို့ နိမိတ်လက္ခဏာများကိုလည်း ပြသခြင်းမရှိပါ။ သူ့အလုပ်ကို နှုတ်ကပတ်တော်အားဖြင့်သာ လုပ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ "နိုင်ငံတော်ခေတ်သည် နှုတ်ကပတ်တော်ခေတ်ဖြစ်သည်" မှ

ယနေ့ခေတ်တွင် ဘုရားသခင်သည် လူ့ဇာတိခံသည်မှာ အဓိကအားဖြင့် "လူ့ဇာတိ၌ နှုတ်ကပတ်တော် ပေါ်လာခြင်း"၏အလုပ်ကို ပြီးမြောက်အောင် လုပ်ဆောင်ရန်၊ နှုတ်ကပတ်တော်ကို အသုံးပြုပြီး လူသားကို စုံလင်အောင် ပြုလုပ်ပေးရန်နှင့် နှုတ်ကပတ်တော်၏ ဆုံးမမှုနှင့် စစ်ဆေးမှုကို လူလက်ခံအောင် ပြုလုပ်ရန်ဖြစ်သည်။ သူပြောသည့် နှုတ်ကပတ်တော်များဖြင့် သူ့ထံမှ ထောက်ပံ့မှုနှင့် အသက်ကို သင့်အား ရစေခဲ့သည်။ သူ၏ နှုတ်ကပတ်တော်များအားဖြင့် သင်သည် သူ၏အလုပ်နှင့် သူ၏လုပ်ရပ်ကို မြင်တွေ့သည်။ ဘုရားသခင်သည် သင့်ကို ပြစ်တင်ဆုံးမရန်နှင့် သန့်စင်ရန်အတွက် နှုတ်ကပတ်တော်ကို အသုံးပြုသည်။ သင်အခက်အခဲနှင့် ကြုံလျှင်လည်း ဘုရားသခင်၏ နှုတ်ကပတ်တော်ကြောင့်သာ ဖြစ်သည်။ ယနေ့ခေတ်၌ ဘုရားသခင်သည် အချက်အလက်များကို အသုံးပြုပြီး အလုပ်မလုပ်ပါ၊ သူ၏ နှုတ်ကပတ်တော်များကိုသာ အသုံးပြုပြီး အလုပ်လုပ်သည်။ သူ၏ နှုတ်ကပတ်တော် သင့်အပေါ်၌တည်မှသာ သန့်ရှင်းသော ဝိညာဉ်တော်က သင့်အထဲ၌ အလုပ်လုပ်နိုင်သည်၊ ဝေဒနာ သို့မဟုတ် ချိုမြိန်မှုကို ခံစားစေနိုင်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကသာလျှင် သင့်အား လက်တွေ့အရှိသဘောထဲသို့ ခေါ်ဆောင်နိုင်သည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်မှသာလျှင် သင့်ကို စုံလင်အောင် လုပ်ပေးနိုင်စွမ်းရှိသည်။ ထို့ကြောင့် နောက်ဆုံးသောကာလ၌ ဘုရားသခင်လုပ်သည့် အလုပ်သည် မူအားဖြင့် သူ၏ နှုတ်ကပတ်တော်ကို အသုံးပြုပြီး လူတိုင်းကို စုံလင်အောင် ပြုလုပ်ပေးဖို့ ဖြစ်သည်၊ လူကို လမ်းပြဖို့ ဖြစ်သည်ဟူသည့် အချက်ကိုတော့ အနည်းဆုံး သင်နားလည်ရမည်။ ဘုရားသခင်လုပ်သမျှ အလုပ် အားလုံးသည် နှုတ်ကပတ်တော်အားဖြင့် လုပ်သော အလုပ်များဖြစ်သည်။ သင့်ကို ပြစ်တင်ဆုံးမရန် ဘုရားသခင်သည် အချက်အလက်များကို အသုံးမပြုပါ။… ထို့ကြောင့် နောက်ဆုံးသောကာလ၌ ဘုရားသခင်သည် လူ့ဇာတိ ခံသောအခါ အရာအားလုံးကို အထမြောက်စေဖို့နှင့် အရာအားလုံးကို ရှင်းလင်းအောင် ပြုလုပ်ဖို့အတွက် နှုတ်ကပတ်တော်ကို အဓိက အသုံးပြုသည်။ သူမည်သူနည်း ဆိုသည်ကို သူ၏ နှုတ်ကပတ်တော်များ အားဖြင့်သာ သင်သိနိုင်သည်။ သူသည် ဘုရားသခင်ကိုယ်တိုင် ဖြစ်ကြောင်းကို သူ၏နှုတ်ကပတ်တော်များ အားဖြင့်သာ သင်သိနိုင်သည်။ လူ့ဇာတိခံယူသော ဘုရားသခင်သည် လောကသို့လာသောအခါ တစ်ခြားအလုပ်ကို မလုပ်၊ နှုတ်ကပတ်တော်များသာ ပြောသည်။ ထို့ကြောင့် အချက်အလက်များ အသုံးပြုဖို့ မလိုပါ၊ သူပြောသည့် နှုတ်ကပတ်တော်များက လုံလောက်သည်။ အဘယ်ကြောင့်ဆိုသော် သူသည် လောကသို့လာသည်မှာ အဓိကအားဖြင့် ထိုသို့လုပ်ဆောင်ဖို့၊ သူ၏နှုတ်ကပတ်တော်အတွင်း သူ၏တန်ခိုးနှင့် သာလွန်မှုကို လူသားအား မြင်ခွင့်ပေးဖို့၊ သူသည် နှိမ့်ချစွာဖြင့် ကိုယ့်ကိုယ်ကိုယ် မည်သို့ ကွယ်ဝှက် ထားကြောင်းကို သူ့နှုတ်ကပတ်တော်များအားဖြင့် လူသားအား သိခွင့်ပေးဖို့၊ သူနှင့်ပတ်သက်သော အကြောင်းအရာ အလုံးစုံကို သူ့နှုတ်ကပတ်တော်အားဖြင့် လူသားအား သိခွင့်ပေးဖို့အတွက်ဖြစ်သည်။ သူ၏ အရာအားလုံးနှင့် သူ၏ဖြစ်ခြင်း အလုံးစုံသည် သူ့စကားများထဲတွင်ရှိပြီး သူ့ဉာဏ်ပညာနှင့် သူ၏ အံ့သြဖွယ်ကောင်းမှုသည်လည်း သူ၏ နှုတ်ကပတ်တော်များထဲတွင် ရှိသည်။ ဤသို့အားဖြင့် ဘုရားသခင်သည် သူ၏နှုတ်ကပတ်တော်များ ပြောသည့် နည်းလမ်းမျိုးစုံကို သင်မြင်နိုင်အောင် လုပ်ပေးထားသည်။… ဘုရားသခင် ကိုယ်တိုင်ဖြစ်သော လူဇာတိကိုခံထားသည့် ဘုရားသခင်အစစ်သည် ယနေ့ခေတ်တွင် နှုတ်ကပတ်တော် ပြောဆိုခြင်းကိုသာ လုပ်သည်၊ ထိုသို့သော အရာများကို မလုပ်ပေ။ ထိုအချက်သည် အမှန်တရား ဖြစ်သည်။ သူသည် သင့်ကို စုံလင်စေရန်အတွက်၊ သင့်ကို ကျွေးမွေးရန်၊ ရေလောင်းပေးရန်အတွက် နှုတ်ကပတ်တော်များကို အသုံးပြုသည်။ အလုပ်လုပ်ရန်အတွက်လည်း သူသည် နှုတ်ကပတ်တော်များကို အသုံးပြုသည့်အပြင်၊ သူ၏ လက်တွေ့အရှိသဘောကို သင်သိစေဖို့ရန် အတွက် အချက်အလက်များအစား နှုတ်ကပတ်တော်များကို အသုံးပြုသည်။ ဘုရားသခင် အလုပ်၏ ဤရှုထောင့်ကို သင်နားလည်နိုင်စွမ်းရှိလျှင် မလှုပ်မယှက်နှင့် ဘာကိုမှ စမလုပ်ဘဲနေဖို့ သင့်အတွက် ခက်ပေလိမ့်မည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ "အရာအားလုံးကို ဘုရားသခင်၏ နှုတ်ကပတ်တော်ဖြင့် စွမ်းဆောင်ရရှိသည်" မှ

နောက်ဆုံးသောကာလတွင် ဘုရားသခင်သည် လူသားကို စုံလင်စေရန်အတွက် နှုတ်ကပတ်တော်ကို အဓိကအားဖြင့် အသုံးပြုနေသည်။ ဘုရားသခင်သည် လူသားကို ဖိနှိပ်ဖို့အတွက် သို့မဟုတ် လူသားလက်ခံအောင် လုပ်ဖို့အတွက် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို အသုံးမပြုပေ။ ထိုသို့ လုပ်ဆောင်ခြင်းသည် ဘုရားသခင်၏ တန်ခိုးကို မထင်ရှားစေနိုင်ပါ။ နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကိုသာ ဘုရားသခင်ပြနေလျှင် ဘုရားသခင်၏ လက်တွေ့ အရှိသဘောကို ပြဖို့ခက်မည်ဖြစ်ပြီး ထိုသို့ခက်သောကြောင့် လူသားကို စုံလင်အောင် ပြုလုပ်ပေးဖို့ ဖြစ်နိုင်မည် မဟုတ်ပေ။ ဘုရားသခင်သည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများအားဖြင့် လူသားကို စုံလင်အောင် မလုပ်ပေးပါ။ လူသားကို ရေလောင်းပေးရန်နှင့် ထိန်းကျောင်းရန်အတွက် ဘုရားသခင်သည် နှုတ်ကပတ်တော်ကို အသုံးပြုသည်။ နှုတ်ကပတ်တော်ကို အသုံးပြုပြီးနောက် လူသားက ဘုရားသခင်ကို အပြည့်အဝ နာခံနိုင်အောင်၊ ဘုရားသခင်ကို သိသောအသိ ပြည့်စုံအောင် လုပ်ပေးသည်။ ဘုရားသခင်လုပ်သည့် အလုပ်နှင့် ဘုရားသခင် ပြောသည့် နှုတ်ကပတ်တော်များ၏ ရည်ရွယ်ချက်သည် ထိုသို့ လုပ်ဆောင်ဖို့ဖြစ်သည်။ ဘုရားသခင်သည် လူသားကို စုံလင်အောင် ပြုလုပ်ပေးဖို့အတွက် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို အသုံးပြုသည့် နည်းလမ်းကို မသုံးပါ၊ လူသားကို စုံလင်အောင် ပြုလုပ်ပေးဖို့အတွက် သူပြောသည့် နှုတ်ကပတ်တော်များနှင့် အလုပ်လုပ်နည်း မျိုးစုံကို အသုံးပြုသည်။ စစ်ဆေးသည့် အလုပ်ဖြစ်စေ၊ ဆုံးမသည့် အလုပ်ဖြစ်စေ၊ ပြုပြင်သည့် အလုပ်ဖြစ်စေ၊ နှုတ်ကပတ်တော်များပြောသည့် အလုပ်ဖြစ်စေ၊ ဘုရားသခင်သည် ရှုထောင့်အမျိုးမျိုးမှ ပြောဆိုပြီး လူသားကို စုံလင်အောင်၊ ဘုရားသခင်၏ အလုပ်၊ ဉာဏ်ပညာနှင့် အထူးတလည် ကောင်းမြတ်မှုကို သိသောအသိ လူသား၌ ပိုများလာအောင် ပြုလုပ်ပေးသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ "အရာအားလုံးကို ဘုရားသခင်၏ နှုတ်ကပတ်တော်ဖြင့် စွမ်းဆောင်ရရှိသည်" မှ

အလုပ်၏ ဤနောက်ဆုံး အဆင့်တွင် ရလဒ်များကို နှုတ်ကပတ်တော်အားဖြင့် ရယူသည်။ နှုတ်ကပတ် တော်အားဖြင့် လူသည် နက်နဲရာအချက် အများအပြားနှင့် အတိတ်ကာလ မျိုးဆက်များတစ်လျှောက် ဘုရားသခင် ၏ အလုပ်တို့ကို နားလည်လာသည်၊ နှုတ်ကပတ်တော်အားဖြင့် လူသည် သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ် အလင်းပေးခြင်းကို ခံရသည်၊ နှုတ်ကပတ်တော်အားဖြင့် လူသည် ယခင် မျိုးဆက်များတွင် မည်သည့်အခါမျှ မဖော်ထုတ်ရသေးသော နက်နဲရာအချက်များကို သာမက အတိတ်အချိန်များမှ ပရောဖက်များနှင့် တမန်တော်များ ၏ အလုပ်နှင့် သူတို့ အလုပ်လုပ်ခဲ့သော နိယာမများတို့ကို နားလည်လာသည်၊ နှုတ်ကပတ်တော်မှ တစ်ဆင့် လူသည် ဘုရားသခင် ကိုယ်တိုင်၏ စိတ်သဘောထားကို သာမက လူ၏ ပုန်ကန်မှုနှင့် ခုခံခြင်းတို့ကိုလည်း နားလည်လာပြီး သူတို့ ကိုယ်တိုင်၏ အချင်းအရာများကိုလည်း သိနားလည်လာသည်။ ယင်းအလုပ်အဆင့်များနှင့် ပြောကြားခဲ့သော နှုတ်ကပတ်တော်များ အားလုံးမှတစ်ဆင့် လူသည် ဝိညာဉ်တော်၏ အလုပ်၊ လူ့ဇာတိကို ခံယူသော ဘုရားသခင်၏ အလုပ်နှင့် ထို့ထက်မက သူ၏ စိတ်သဘောထား တစ်ခုလုံးကို သိလာသည်။ နှစ်ပေါင်း ခြောက်ထောင်ကျော်ကြာ ဘုရားသခင်၏ စီမံခန့်ခွဲမှုများအပေါ် သင်၏ သိနားလည်မှုသည် နှုတ်ကပတ်တော်မှ တစ်ဆင့် ရရှိသည်။ သင်၏ ယခင်က အယူအဆများအပေါ် သင်၏ သိနားလည်မှုနှင့် ယင်းတို့ကို ဘေးဖယ်ထားရန် အောင်မြင်မှုသည်လည်း နှုတ်ကပတ်တော်မှ တစ်ဆင့် ရသည်မဟုတ်ပါလား။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ "လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၄)" မှ

နောက်ဆုံးကာလရှိ အလုပ်သည် ယေဟောဝါနှင့် ယေရှုတို့၏ အလုပ်နှင့် လူတို့ နားမလည်သော နက်နဲခြင်းအားလုံးကို ထုတ်ဖော် ပြသမည်ဖြစ်သည်။ ယင်းသည် ခရီးဆုံး ပန်းတိုင်နှင့် လူသားမျိုးနွယ်၏ အဆုံးသတ်ကို ဖော်ထုတ်ရန်နှင့် လူသားမျိုးနွယ်အကြား ကယ်တင်ခြင်း အလုပ်အားလုံးကို အဆုံးသတ်ရန် လုပ်ဆောင်ခြင်း ဖြစ်သည်။ နောက်ဆုံး သောကာလ၏ ဤအလုပ်အဆင့်သည် အရာအားလုံးကို အပြီးသတ်သို့ ယူဆောင်လာခြင်း ဖြစ်သည်။ လူတို့ နားမလည်သော နက်နဲသော အရာအားလုံးကို ဖွင့်ဟပြီး လူကို ယင်းအတွင်းသို့ ထိုးထွင်းသိမြင်မှုကို ရစေပြီး သူတို့၏ စိတ်နှလုံးများတွင် ရှင်းလင်းသော နားလည်ခြင်းကို ရှိစေသည်။ ထိုနောက်တွင်မှသာ လူသည် သူတို့၏ အမျိုးအစားများ အလိုက် ခွဲခြားခံရနိုင်မည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ "လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၄)" မှ

နှုတ်ကပတ်တော်အလုပ်၏ အကြီးမြတ်ဆုံးသော အရေးပါမှုမှာ လူသားတို့ကို အမှန်တရားကို နားလည်ပြီးနောက်တွင် လက်တွေ့ကျင့်သုံးစေခြင်းပင် ဖြစ်သည်။ မိမိတို့ဇာတိပကတိစိတ်ကို ပြောင်းလဲနိုင်ပြီး မိမိအကြောင်းနှင့် ဘုရားသခင်၏ အလုပ်အကြောင်း နားလည်လာစေသည်။ စကားပြောခြင်းမှတစ်ဆင့် ဆက်သွယ်လုပ်ဆောင်သော နည်းလမ်းသည်သာ ဘုရားသခင်နှင့် လူသားတို့အကြား မိတ်သဟာယဖွဲ့ခြင်းကို ဖြစ်မြောက်စေနိုင်ပြီး နှုတ်ကပတ်တော်များသည်သာ အမှန်တရားကို ရှင်းပြနိုင်သည်။ နှုတ်ကပတ်တော် ဖွင့်ဟချက်မှတစ်ပါး ဤနည်းလမ်းဖြင့် အလုပ်လုပ်ခြင်းသည်သာ လူသားတို့အား အောင်နိုင်မည့် အကောင်းဆုံး နည်းလမ်းဖြစ်သည်။ အမှန်တရားနှင့် ဘုရားသခင်၏အလုပ်ကို နားလည်ရန် ယခုထက် ပိုမိုရှင်းလင်းအောင် မည်သည့်နည်းလမ်းကမျှ စွမ်းဆောင်နိုင်မည် မဟုတ်။ ဘုရားသခင်သည် အလုပ်၏နောက်ဆုံးအဆင့်တွင် လူသားတို့ နားမလည်သည့် အမှန်တရားနှင့် လျှို့ဝှက်ဆန်းကြယ်မှုများကို ဖွင့်ပြသည့်အနေဖြင့် လူသားတို့အား ဘုရားသခင် မိန့်ကြားသည်။ လူသားတို့သည် မှန်သောလမ်းနှင့် ဘုရားသခင်ပေးသည့် အသက်တာကို ရရှိရန်နှင့် ထိုမှ ဘုရားသခင်၏ဆန္ဒကို ကျေနပ်စေရန် အခွင့်ကိုပေးပါသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ "သင်တို့သည် ရာထူးအဆင့်အတန်း၏ ကောင်းကြီးများကို ဘေးဖယ်ပြီး လူသားတို့အားကယ်တင်ရန်ဖြစ်သော ဘုရားသခင်၏ အလိုတော်ကို နားလည်သင့်၏" မှ

နိုင်ငံတော်ခေတ်တွင် လူသားသည် စုံလင်ခြင်းသို့ ရောက်ရန် ပြုလုပ်ခြင်းကို လုံးလုံးလျားလျား ခံရလိမ့်မည်။ သိမ်းပိုက်ခြင်း အမှုအပြီးတွင်၊ လူသားသည် စစ်ဆေးခြင်းနှင့် အတိဒုက္ခ ခံရလိမ့်မည်။ ဒုက္ခဆင်းရဲ ခံရချိန်တွင် ယင်းကို ကျော်လွှားနိုင်ပြီး သက်သေခံအဖြစ် ရပ်တည်နိုင်သည့် သူတို့သည်၊ အဆုံးတွင် စုံလင်ခြင်းအောင် ပြုလုပ်ခံရမည့်သူများ ဖြစ်သည်။ သူတို့သည် အောင်နိုင်သူများ ဖြစ်ကြသည်။ ဤဒုက္ခဆင်းရဲ ခံရချိန်တွင် လူသားသည် ဤစစ်ဆေးခြင်းကို လက်ခံရန်လိုအပ်ပြီး၊ ဤစစ်ဆေးခြင်းက ဘုရားသခင် အမှု၏ နောက်ဆုံး ဖြစ်စဉ်ဖြစ်သည်။ ဘုရားသခင်အလုပ်၏ စီမံခန့်ခွဲမှု တစ်ခုလုံး အဆုံးမသတ်မီတွင် ယင်းသည် လူသားက စစ်ဆေးခြင်းခံရမည့် နောက်ဆုံးအချိန်ဖြစ်သည်။ ဘုရားသခင်နောက် လိုက်သည့်သူအားလုံးသည် ဤနောက်ဆုံးစမ်းသပ်ခြင်းနှင့် စစ်ဆေးခြင်းကို လက်ခံရမည်ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ "ဘုရားသခင်၏ အလုပ်နှင့် လူ၏လက်တွေ့လုပ်ဆောင်မှု" မှ

ဤအဆင့်ရှိအမှုသည် အောင်မြင်သောသူများအဖွဲ့တစ်ခုကို ဖန်တီးမည်ဖြစ်ပြီး၊ ၎င်း အောင်မြင်သောသူများအဖွဲ့ကို သူပြုလုပ်ပြီးနောက်တွင်၊ ၎င်းတို့သည် သူ၏ဆောင်ရွက်ချက်များကို သက်သေခံပေးနိုင်ပေမည်။ ၎င်းတို့သည် လက်တွေ့အရှိတရားကို အသက်ရှင်နေထိုင်နိုင်ကြမည်ဖြစ်ကာ၊ သူ့ကို အမှန်ပင် ကျေနပ်စေ၍ သေသည်အထိ သစ္စာရှိသွားကြမည်ဖြစ်ပြီး ဤနည်းဖြင့် ဘုရားသခင်သည် ဘုန်းထင်ရှားပေမည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ "'နှစ်တစ်ထောင်နိုင်ငံတော် ရောက်ရှိလာခဲ့ပြီ' အကြောင်း အကျဉ်းချုပ်ဆွေးနွေးချက်" မှ

ဘုရားသခင်၏ အမှုအဆင့်တစ်ဆင့်စီသည် ယခင်ကထက် ပိုနက်နဲလာပြီး၊ အဆင့်တစ်ဆင့်စီတွင် လူသားအပေါ် သတ်မှတ်ချက်များက ယခင်ကထက်ပို၍ လေးနက်လာသည်။ ဤနည်းအားဖြင့်၊ ဘုရားသခင်၏ စီမံခန့်ခွဲမှု တစ်ခုလုံးက တဖြည်းဖြည်းနှင့် ပုံစံကျလာသည်။ ယင်းမှာ လူသားအပေါ် သတ်မှတ်ချက်များသည် ခါတိုင်းထက် မြင့်မားနေပြီး လူသား၏ စိတ်သဘောထားသည် ဘုရားသခင် အလိုတော်ရှိသော စံညွှန်းများနှင့် သာ၍ နီးစပ်လာသောကြောင့် အတိအကျဖြစ်သည်။ ထို့နောက်တွင်သာ လူသားမျိုးနွယ် တစ်ရပ်လုံးသည် စာတန်၏ လွှမ်းမိုးမှုမှ တစ်ဖြည်းဖြည်း ခွဲခွာလာပြီး၊ ဘုရားသခင်၏ အလုပ်သည် ပြီးပြည့်စုံသော အဆုံးသို့ရောက်သောအခါ လူသားမျိုးနွယ် တစ်ရပ်လုံးသည် စာတန်၏ လွှမ်းမိုးမှုမှ ကယ်တင်ပြီးဖြစ်လိမ့်မည်။ ၎င်းအချိန် ရောက်ရှိလာသည့်အခါ၊ ဘုရားသခင်၏ အလုပ်သည် အဆုံးသတ်သို့ ရောက်ရှိပြီးဖြစ်လိမ့်မည်ဖြစ်ပြီး၊ လူသားသည် သူ၏စိတ်သဘောထား ပြောင်းလဲစေရန်အတွက် ဘုရားသခင်နှင့် ပူးပေါင်းဆောင်ရွက်မှုက ဆက်လက်ရှိတော့မည် မဟုတ်ပေ။ ထို့အပြင် လူသားမျိုးနွယ် တစ်ရပ်လုံးသည် ဘုရားသခင်၏ အလင်းအောက်တွင် နေထိုင်လိမ့်မည်ဖြစ်ပြီး၊ ထိုအချိန်မှစ၍၊ ဘုရားသခင်ကို ပုန်ကန်ခြင်းများ သို့မဟုတ် ဆန့်ကျင်ခြင်းများ ရှိလိမ့်မည် မဟုတ်တော့ပေ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ "ဘုရားသခင်၏ အလုပ်နှင့် လူ၏လက်တွေ့လုပ်ဆောင်မှု" မှ

သိမ်းပိုက်ခြင်းအလုပ်ပြီးနောက်တွင် ကောင်းမြတ်သောသူတို့ကို ဆုလဘ်ပေးခြင်း နှင့် ဆိုးညစ်သောသူတို့ကို ပြစ်ဒဏ်ပေးခြင်းအလုပ် လာသည်။ လုံး၀နာခံသောသူများ၊ ဆိုလိုသည်မှာ လုံးလုံးလျားလျား သိမ်းပိုက်ခံရသူများသည် စင်္ကြဝဠာတစ်ခုလုံးသို့ ဖြန့်ဝေခြင်းနှင့်ဆိုင်သော အလုပ်၏ နောက်တစ်ဆင့်၌ နေရာချခြင်း ခံရကြမည်၊ သိမ်းပိုက်ခြင်း မခံရသောသူတို့သည် မှောင်မိုက်၌ နေရာကျကြမည်ဖြစ်ပြီး ဘေးဒုက္ခနှင့် တွေ့ကြုံကြရမည်ဖြစ်သည်။ ထို့ကြောင့် လူသည် အမျိုးအစားအလိုက် ခွဲခြားခံရမည်၊ ဆိုးညစ်သောအလုပ်လုပ်သူတို့သည် နေရောင်ကို နောက်တစ်ဖန် လုံးဝ မမြင်ရဖို့ ဆိုးညစ်သောသူတို့နှင့် စုဖွဲ့ရကြမည်၊ ဖြောင့်မတ်သူတို့သည် အလင်းကို လက်ခံရရှိကာ အလင်း၌ ထာဝရ နေထိုင်သွားဖို့ ကောင်းမြတ်သောသူတို့နှင့် စုဖွဲ့ကြရမည်။ အရာအားလုံးအတွက် အဆုံးသတ်သည် နီးလာပြီ၊ လူ့အဆုံးကို သူ၏မျက်လုံးများဖြင့် ရှင်းရှင်းလင်းလင်း မြင်နေရပြီဖြစ်ပြီး၊ အရာအားလုံးက အမျိုးအစားအတိုင်း ခွဲခြားခံရလိမ့်မည်။ ထိုသို့ဖြစ်လျှင် လူတို့သည် ဤခွဲခြားခြင်း ဝေဒနာခံစားရသည့်အဖြစ်မှ အဘယ်သို့ လွတ်နိုင်မည်နည်း။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ "သိမ်းပိုက်ခြင်းအလုပ်၏ အတွင်းသမ္မာတရား (၁)" မှ

နောက်ဆုံးသော ကာလသည် ရောက်ရှိလာပြီ ဖြစ်သည်။ ဖန်ဆင်းထားသော အရာအားလုံးကို သူတို့၏ အမျိုးအစားအလိုက် ခွဲခြားသတ်မှတ်ပြီး သူတို့၏ သဘာဝအပေါ်မူတည်၍ အမျိုးအမျိုးသော အမျိုးအစား များအဖြစ် ခွဲခြားလိမ့်မည်။ ယင်းအချိန်သည် ဘုရားသခင်က လူသားမျိုးနွယ်၏ ရလဒ်နှင့် သူတို့၏ ခရီးဆုံး ပန်းတိုင်ကို ဖော်ထုတ်သည့် အချိန်ဖြစ်သည်။ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းကို မခံရသော လူများ သည် သူတို့၏ မနာခံမှုနှင့် မဖြောင့်မတ်မှုများကို ဖော်ထုတ်ရန် နည်းလမ်းရှိလိမ့်မည် မဟုတ်ပေ။ ပြစ်တင် ဆုံးမခြင်းနှင့် တရားစီရင်ခြင်းမှ တစ်ဆင့်သာလျှင် ဖန်ဆင်းခံအားလုံးအတွက် ရလဒ်များကို ဖော်ထုတ်နိုင် သည်။ လူသည် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းခံရသော အခါမှသာ သူ၏ စရိုက်အမှန်ကို ပြသသည်။ မကောင်းမှုပြုသူများကို မကောင်းသောသူများ၊ ကောင်းသောသူများကို ကောင်းသောသူများနှင့်အတူ ထားရှိ လိမ့်မည်ဖြစ်ပြီး လူသားမျိုးနွယ်အားလုံးသည် သူ့အမျိုးအစားအလိုက် ခွဲခြားသတ်မှတ်ခြင်း ခံရလိမ့်မည်။ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းမှတစ်ဆင့် ဖန်ဆင်းခံ အားလုံးအတွက် ရလဒ်များကို ဖော်ထုတ်နိုင်ခြင်း ဖြင့် မကောင်းသောသူများသည် အပြစ်ဒဏ်ပေးခံရပြီး ကောင်းသောသူများသည် ဆုလာဘ်များရရှိကာ လူအားလုံးတို့သည် ဘုရားသခင်၏ အုပ်စိုးခြင်းကို ခံကြရလိမ့်မည်။ ယင်းအလုပ်များ အားလုံးသည် ဖြောင့်မတ်သော ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းမှတစ်ဆင့် ရရှိရမည်။ အဘယ်ကြောင့်ဆိုသော် လူသား၏ ပျက်စီးခြင်းသည် အမြင့်ဆုံးသို့ ရောက်ရှိပြီး သူ၏ မနာခံခြင်းသည်လည်း အလွန်အကျွံ ဆိုးဝါးလာနေခြင်းကြောင့်၊ ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားသည်သာလျှင် ပြစ်တင် ဆုံးမခြင်းနှင့် တရားစီရင်ခြင်း အခြေခံ ရောစပ်မှုတစ်ခုဖြစ်ပြီး နောက်ဆုံးသောကာလတွင် ဖော်ထုတ်ခြင်းဖြင့် လူသားကိုအပြည့်အဝ ပြောင်းလဲပြီး ပြီးပြည့်စုံစေလိမ့်မည်။ ဤစိတ်သဘောထားသည်သာလျှင် မကောင်းမှု ပြုသူများကို ဖော်ထုတ်နိုင်ပြီး မဖြောင့်မတ်မှုအားလုံးကို ပြင်းထန်စွာ အပြစ်ဒဏ်ပေးနိုင်သည်။ သို့ဖြစ်ရာ ယင်းသို့သော စိတ်သဘောထားသည် လောကီရေးရာ အရေးပါမှုများ ပြည့်ဝနေပြီး သူ၏ စိတ်သဘောထား ဖွင့်ဟချက်နှင့် ဖော်ပြချက်သည် ခေတ်သစ်တစ်ခုစီ၏ အလုပ်အတွက် ထင်ရှားပြသသည်။ ယင်းမှာ ဘုရား သခင်သည် သူ၏ စိတ်သဘောထားကို စိတ်ကူးပေါက်သည့်အတိုင်းနှင့် သိသာထင်ရှားမှုမရှိဘဲ ထုတ်ဖော်ခြင်း မဟုတ်ပေ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ "ဘုရားသခင့်အမှုတော်၏ ရူပါရုံ (၃)" မှ

ခပ်သိမ်းသောအရာအားလုံး သိမ်းပိုက်ခြင်းအားဖြင့် အမျိုးအစားအလိုက် ခွဲခြားခံရမည့်အချိန်သည် နောက်ဆုံးသောကာလ ဖြစ်သည်။ သိမ်းပိုက်ခြင်းသည် နောက်ဆုံးသောကာလ၏ လုပ်ငန်းဖြစ်သည်၊ တနည်းအားဖြင့် လူတစ်ဦးချင်းစီ၏ အပြစ်များကို စီရင်ခြင်းသည် နောက်ဆုံးသောကာလ၏ လုပ်ငန်းဖြစ်သည်။ ထိုသို့မဟုတ်လျှင် လူများကို မည်သို့ ခွဲခြားနိုင်မည်နည်း။ သင်တို့ကြား ပြီးမြောက်လျက်ရှိသော ခွဲခြားခြင်းအလုပ်သည် စင်္ကြာဝဠာတစ်ခွင်လုံး၌ ထိုသို့သောအလုပ်၏ အစဖြစ်သည်။ ဒီ့နောက်တွင် နေရာတိုင်းက လူမျိုးအားလုံး၏ လူတို့သည် သိမ်းပိုက်ခြင်းအလုပ်ကို ခံရကြလိမ့်မည်။ ဤသည်မှာ ဖန်ဆင်းခြင်း၌ ရှိသော လူပုဂ္ဂိုလ်တိုင်း တရားစီရင်ခံရဖို့ တရားပလ္လင်တော်ရှေ့သို့ လာကြပြီး အမျိုးအစားအလိုက် ခွဲခြားခံရမည်ဟု ဆိုလိုသည်။ အပြစ်တင်ဆုံးမခြင်း နှင့် တရားစီရင်ခြင်းကို ခံစားရခြင်းမှ အဘယ်ပုဂ္ဂိုလ်၊ အဘယ်အရာမျှ မလွတ်မြောက်နိုင်၊ အဘယ်ပုဂ္ဂိုလ် အဘယ်အရာမျှ ဤအမျိုးအစားအလိုက် ခွဲခြားခြင်းကို ရှောင်ကွင်းမသွားနိုင်၊ အယောက်တိုင်း အဆင့်အတန်းများထဲ ခွဲခြားခံရမည်ဖြစ်သည်။ အဘယ်ကြောင့် ဤသို့ဖြစ်ရသည်မှာ အရာခပ်သိမ်းတို့အတွက် အဆုံးသတ်နီးလာပြီး ခပ်သိမ်းသောကောင်းကင်နှင့် မြေကြီးတို့သည် သူတို့၏ နိဂုံးသို့ ရောက်ရှိလာကြပြီဖြစ်ခြင်းကြောင့်ပင်။ လူသည် သူ၏တည်ရှိမှုအဆုံးသတ်မှ အဘယ်သို့ လွတ်မြောက်နိုင်မည်နည်း။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ "သိမ်းပိုက်ခြင်းအလုပ်၏ အတွင်းသမ္မာတရား (၁)" မှ

တရားစီရင်မှုက အဘယ်သို့၊ သမ္မာတရားက အဘယ်သို့ ဆိုသည်ကို ယခု သင်နားလည်သလော။ သင် နားလည်သည် ဆိုပါလျှင် သင့်ကို ငါတိုက်တွန်းလိုသည်မှာ တရားစီရင်မှုကို ခံယူမည့်လူအဖြစ် နာခံ၍ ဆက်ကပ် စေလိုပါသည်။ သို့မဟုတ်လျှင် သင်သည် ဘုရားသခင်၏ ချီးကျူးခံရခြင်း အခွင့်ကို ဘယ်တော့မှ ရလိမ့်မည်မဟုတ် သို့မဟုတ် သူ၏နိုင်ငံတော်အတွင်းသို့ သင့်ကို သူက ဆောင်ယူလိမ့်မည်မဟုတ်။ တရားစီရင်ခြင်း တစ်ခုကိုသာ လက်ခံပြီး မည်သည့်အခါမှ သန့်စင်၍မရသော သူတို့သည်၊ ဆိုလိုသည်မှာ၊ တရားစီရင်ခြင်း အမှုအလယ်၌ ထွက်ပြေးသောသူများသည် ဘုရားသခင်၏ ထာဝရ ရွံရှာမှုနှင့် ငြင်းပယ်မှုကို ခံကြရလိမ့်မည်။ သူတို့၏ အပြစ်များသည် ဖာရိရှဲတို့ထက် သာလွန် များပြား၊ ပြင်းထန်လှ၏၊ အကြောင်းမှာ ၎င်းတို့သည် ဘုရားသခင်ကို ပုန်ကန်၊ သစ္စာဖောက်ခဲ့သောကြောင့်ပင် ဖြစ်သည်။ အစေကျွန်ခံရန်ပင် မထိုက်တန်သည့် ထိုကဲ့သို့သော သူများသည် သာ၍ ပြင်းထန်သော အပြစ်ဒဏ်ကို ခံယူရမည်ဖြစ်ပြီး၊ ထိုအပြစ်ဒဏ်မှာ ထာဝရ အတွက်ဖြစ်သည်။ ဘုရားသခင်သည် သူ့အားတစ်ချိန်က သစ္စာစကားပြုခဲ့ပြီးနောက် သစ္စာဖောက် သွားသူများကို အလွတ်ပေးလိမ့်မည် မဟုတ်ပေ။ ထိုကဲ့သို့သောလူတို့သည် သူတို့၏ မကောင်းမှုအတွက် တန်ပြန်အပြစ်ဒဏ်ကို ကိုယ်၊ စိတ်နှင့် ဝိညာဉ်တို့တွင် ခံယူကြရလိမ့်မည်။ ယင်းသည် ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်နေသဘောထားကို တိကျစွာ ဖော်ပြခြင်းမဟုတ်ပေဘူးလား။ ယင်းသည် လူသားကို တရားစီရင်ခြင်းနှင့် ဖွင့်ပြပေးခြင်းတို့အတွက် ဘုရားသခင်၏ ရည်ရွယ်ချက်ပင် မဟုတ်လော။ ဘုရားသခင်သည် ယုတ်မာသောအမှုမျိုးစုံကို ပြုခဲ့သော ထိုသူအားလုံးတို့ကို တရားစီရင်ရာ အချိန်ကာလတွင် မကောင်းဆိုးဝါး ဝိညာဉ်များကြီးစိုးသော နေရာသို့ ပို့ဆောင်လိမ့်မည်။ ထိုမကောင်းဆိုးဝါး ဝိညာဉ်များက သူတို့၏ ခန္ဓာအသွေးအသားကို စိတ်ကြိုက်ဖျက်ဆီးပစ်ကြလိမ့်မည်။ သူတို့၏ ခန္ဓာကိုယ်အလောင်းကောင်မှ အပုပ်နံ့က တထောင်းထောင်း ထုတ်လွှတ်နေ၏။ ယင်းကား သူတို့၏ ဒုစရိုက်အတွက် ထိုက်တန်သော တုံ့ပြန်ချက်ပင်။ ဘုရားသခင်သည် ယုံကြည်မှုမှားယွင်းသော သစ္စာမဲ့သူများ၊ တမန်တော် အတုအယောင်များနှင့် မှန်ကန်မှုကင်းသော လုပ်သားများ၊ လူတိုင်းကိုယ်စီ၏ အပြစ်များကို မှတ်တမ်း စာအုပ်များထဲတွင် ရေသားလျက်ရှိ၏။ ထို့နောက် အချိန်ကျလေသောအခါ သူသည် ညစ်ညမ်းသော ဝိညာဉ်များအလယ်သို့ သူတို့ကို နှင်ထုတ်လေ၏။ ထိုညစ်ညမ်းသော ဝိညာဉ်များက သူတို့၏ ခန္ဓာတစ်ခုလုံးကို စိတ်ကြိုက် ညစ်ညမ်းစေရန် ပြုမူကြလေ၏။ ထို့ကြောင့် သူတို့သည် ပြန်လည်၍ လူဖြစ်ခြင်းနှင့်၊ အလင်းရောင်ကို ထပ်မံတွေ့ရှိခြင်း ဘယ်တော့မှမရှိကြတော့။ တစ်ခါက အစေခံခဲ့ကြသော်လည်း အဆုံးတိုင် သစ္စာရှိရန် မတတ်နိုင်ကြသော ထိုကြောင်သူတော်တို့ကို ဘုရားသခင်သည် ယုတ်မာသူတို့နှင့်အတူ ရေတွက်၏။ သူတို့သည် ယုတ်မာသူတို့အကြားတွင် လျှောက်သွားနေပြီး ပျက်ယွင်းနေသော စက်ဆုပ်ဖွယ်ကောင်းသည့် လူစု၏ အစိတ်တစ်ပိုင်း ဖြစ်လာ၏။ နောက်ဆုံးတွင် ဘုရားသခင်သည် သူတို့အား အပြီးတိုင် ချေမှုန်းလိမ့်မည်။ ခရစ်တော်အပေါ် ဘယ်တုန်းကမှ သစ္စာမခံခဲ့သော သို့မဟုတ် ဆပ်ကပ်မှုတစ်စုံတရာ မပြုခဲ့သော သူတို့ကို ဘုရားသခင်သည် ဂရုမပြုတော့ပဲ ဖယ်ထုတ်၍ ခေတ်အကူးတွင် အပြီးတိုင်ချေမှုန်းလိမ့်မည်။ ဘုရားသခင်၏ နိုင်ငံတော်သို့ သွားရာလမ်းကိုရရှိရန် မဆိုထားနှင့်၊ ထိုသူတို့သည် မြေပေါ်တွင်ပင် တည်ရှိနေကြတော့မည် မဟုတ်ပေ။ ပတ်ဝန်းကျင်၏ တွန်းအားပေးမှုကြောင့် ဘုရားသခင်ကို အပေါ်ယံမျှသာ ဆက်ဆံခဲ့သော ဘယ်ခါမှ စိတ်ရင်းမမှန် ခဲ့ကြသောသူတို့အား သူ့လူတို့အတွက် အစေကျွန်ခံသော သူတို့နှင့်အတူ ရေတွက်လေ၏။ သူတို့မှ အများစုမှာ အစေကျွန်ခံရန် အရည်အချင်းမရှိကြပဲ ပျက်စီးကြ၍ ထိုလူတို့အထဲမှ အနည်းငယ်သာ ရှင်သန်နိုင်၏။ နောက်ဆုံးတွင် ဘုရားသခင်သည် သူ၏နိုင်ငံတော်အတွင်းသို့ ဘုရားသခင်နှင့် စိတ်သဘောတူသော လူအားလုံးတို့ကို ဆောင်သွင်းမည်။ သူတို့မှာ ဘုရားသခင်၏ လူများ၊ ဘုရားသခင်၏ သားတို့နှင့် ပရောဖက်အဖြစ် ဘုရားသခင်က ကြိုတင်ခွဲခန့်ထားသော သူများဖြစ်ကြ၏။ ယင်းတို့ကို ဘုရားသခင်က သူ၏အမှုအားဖြင့် စစ်ယူရရှိထားခြင်းဖြစ်၏။ အကြင်သူတို့သည် ဘုရားသခင် စီစဉ်ထားသော အမျိုးအစား တစ်မျိုးမျိုးအထဲ ကျရောက်ပါဝင်ခြင်း မပြုနိုင်လျှင် သူတို့ကို မယုံကြည်သူများ အထဲသို့ ထည့်သွင်းရေတွက်လေ၏။ သင်တို့သည် ထိုသူတို့ရမည့် ရလဒ်ကို သေချာစွာ စဉ်းစားကြည့်နိုင် ပါသည်။ ငါပြောသင့်သည့် အရာတိုင်းကို သင်တို့အား ငါပြောခဲ့ပြီးလေပြီ၊ သင်တို့ရွေးချယ်သော လမ်းမှာ သင်တို့၏ ဆုံးဖြတ်ချက် အတိုင်းပြုရန် ဖြစ်လိမ့်မည်။ သင်တို့နားလည်သင့်သည့် အရာမှာ ဤသို့ဖြစ်၏၊ ဘုရားသခင်၏ အမှုသည် သူနှင့်အတူ ခြေလှမ်းမမီသော သူများကို မည်သည့်အခါမျှ စောင့်နေမည်မဟုတ်၊ ပြီးလျှင် ဖြောင့်မတ်သော ဘုရားသခင်၏ စိတ်နေသဘောထားသည် မည်သူ တစ်ဦးတစ်ယောက်ကိုမှ ဂရုဏာ မထားပါချေ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ "ခရစ်တော်သည် တရားစီရင်ခြင်း အမှုကို သမ္မာတရားဖြင့် ဆောင်ရွက်၏" မှ

လောကကြီး၏ လူများနှင့် တိုင်းနိုင်ငံများ အားလုံးသည် ငါ၏ ပလ္လင်ရှေ့မှောက်သို့ လှည့်ပြန်လာသောအခါ၊ ငါသည် ကောင်းကင်ဘုံ၏ ကြွယ်ဝမှုအားလုံးကို ယူငင်လျက် ယင်းအရာများကို လူ့လောကအပေါ်သို့ အပ်နှင်း ပေးမည်၊ ထိုသို့အားဖြင့် ငါ၏ကျေးဇူးကြောင့်လျှင်၊ လူ့လောကသည် တုနှိုင်းမဲ့သော ကြွယ်ဝမှုနှင့် ပြည့်လျှံနေ လိမ့်မည်။ သို့သော်လည်း ဟောင်းသော လောကကြီး ဆက်လက်တည်ရှိနေသရွေ့ ငါသည် ငါ၏ ဒေါသအား ၎င်း၏ တိုင်းနိုင်ငံများ အပေါ်သို့ စေလွှတ်မည် ဖြစ်ပြီး၊ ငါ၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို စကြဝဠာ တစ်လျှောက်တွင် ပွင့်လင်းစွာ ထုတ်ပြန်ကြေညာမည် ဖြစ်ကာ၊ ယင်းတို့အား ချိုးဖောက်သည့် မည်သူမဆို ပြစ်တင်ဆုံးမခြင်း ခံရမည်ဖြစ်သည်။

ငါသည် ပြောဆိုရန် စကြဝဠာထံသို့ ငါ၏ မျက်နှာအား လှည့်လေသောအခါ၊ လူသားမျိုးနွယ် အားလုံးသည် ငါ၏ အသံကို ကြားပြီး၊ ထိုသို့အားဖြင့် စကြဝဠာတစ်လျှောက်တွင် ငါပြုထားသည့် အလုပ်များ အားလုံးကို မြင်လေသည်။ ငါ၏ အလိုနှင့် ဆန့်ကျင်ဘက်ပြုသော ထိုသူတို့သည်၊ ဆိုလိုသည်မှာ၊ ငါ့အား လူ၏ အပြုအမူများနှင့် ဆန့်ကျင်သောသူများသည်၊ ငါ၏ ပြစ်တင်ဆုံးမမှုအောက်သို့ ကျရောက်လိမ့်မည် ဖြစ်သည်။ ငါသည် ကောင်းကင်တစ်ခွင် ရှိသည့် မြောက်မြားလှစွာသော ကြယ်များကို ယူငင်လျက် ၎င်းတို့အား အသစ် ပြုပြင်မည်ဖြစ်သည်၊ ငါ့ကျေးဇူးကြောင့် နေနှင့် လသည်လည်း အသစ်ပြုပြင်ခြင်း ခံရလိမ့်မည်ဖြစ်ပြီး၊ မိုးကောင်းကင်သည် ယခင်ကဲ့သို့ နောက်တစ်ဖန် ဖြစ်လိမ့်မည် မဟုတ်။ ကမ္ဘာမြေကြီးပေါ်ရှိ အသင်္ချေလှ စွာသော အရာများသည် အသစ်ပြုပြင်ခြင်း ခံရလိမ့်မည်။ ငါ၏ နှုတ်ကပတ်များမှ တစ်ဆင့် ခပ်သိမ်းသော အရာတို့သည် ပြီးပြည့်စုံလင် လာကြလိမ့်မည်။ စကြဝဠာအတွင်းရှိ တိုင်းနိုင်ငံများစွာတို့သည် အသစ်တဖန် ပိုင်းကန့်ခံရ လိမ့်မည်ဖြစ်ပြီး ငါ၏တိုင်းနိုင်ငံနှင့် အစားထိုးခြင်း ခံရပေလိမ့်မည်၊ ထိုသို့အားဖြင့် ကမ္ဘာမြေကြီး အပေါ်ရှိ တိုင်းနိုင်ငံများသည် ထာဝရ ပျောက်ကွယ်သွားလိမ့်မည် ဖြစ်ပြီး၊ ငါ့အား ဝတ်ပြုကိုးကွယ်သော တိုင်းနိုင်ငံတစ်ခု ဖြစ်လာပေလိမ့်မည်။ ကမ္ဘာမြေကြီး၏ တိုင်းနိုင်ငံများ အားလုံးသည် ဖျက်ဆီးခံရလိမ့်မည် ဖြစ်ပြီး၊ တည်ရှိတော့မည် မဟုတ်ချေ။ စကြဝဠာအတွင်းရှိ သက်ရှိလူသားများတွင်၊ မာရ်နတ်နှင့် သက်ဆိုင် သော ထိုသူများ အားလုံးတို့သည် ရှင်းရှင်းသုတ်သင်ခြင်းကို ခံရလိမ့်မည်။ စာတန်အား ဝတ်ပြုကိုးကွယ်သော သူအားလုံးတို့သည် ငါ၏ လောင်သောမီးဖြင့် အောက်သို့ချထားခြင်းကို ခံရလိမ့်မည်။ ဆိုလိုသည်မှာ ယခုတွင် စမ်းရေအတွင်း၌ ရှိသော ထိုသူများမှ လွဲ၍၊ ကျန်သည့်သူတို့သည် ပြာအဖြစ်သို့ ပြောင်းလဲခြင်း ခံရလိမ့်မည်။ လူပေါင်းများစွာတို့အား ငါသည် ပြစ်တင်ဆုံးမသောအခါ၊ ဘာသာရေးလောက၌ရှိသော ထိုသူတို့သည် ကွဲပြား ခြားနားသော အတိုင်းအတာများနှင့် ငါ၏ နိုင်ငံတော်သို့ ပြန်လာကြပြီး ငါ့အလုပ်များ၏ သိမ်းပိုက်အောင်နိုင် ခြင်းကို ခံကြရမည်၊ အဘယ်ကြောင့်ဆိုသော် သူတို့သည် သန့်ရှင်းသည့် တစ်ပါးတည်းသော သူမှာ ဖြူသော မိုးတိမ်ကို စီးလျက် ရောက်ရှိလာသည်ကို မြင်ခဲ့ပြီး ဖြစ်သောကြောင့်ပင်တည်း။ လူသားမျိုးနွယ် အားလုံးသည် မိမိတို့၏ တူရာအမျိုးအစားနောက်သို့ လိုက်ကြလိမ့်မည် ဖြစ်ပြီး၊ သူတို့ပြုခဲ့သော အရာများအလိုက် ကွဲပြားသော ပြစ်တင်ဆုံးမခြင်းများကို ခံယူကြရမည် ဖြစ်သည်။ ငါ့တဘက်တွင် ထခဲ့ကြသော ထိုသူများ အားလုံးတို့သည် ပျက်စီးကြလိမ့်မည် ဖြစ်သည်။ ကမ္ဘာမြေကြီးပေါ်မှ သူတို့၏ အပြုအမူများတွင် ငါမပါဝင် ခဲ့သော ထိုသူများကမူ၊ သူတို့၏ မိမိတို့ကိုယ်ကိုမိမိ ကင်းလွတ်စေခဲ့ကြခြင်းကြောင့် ထိုသူတို့သည် ကမ္ဘာ မြေကြီးပေါ်၌ ငါ၏ သားများနှင့် ငါ့လူများ၏ အုပ်စိုးမှုအောက်တွင် ဆက်လက်တည်ရှိကြလိမ့်မည်။ ငါသည် လူအသင်္ချေများထံသို့နှင့် တိုင်းနိုင်ငံ အသင်္ချေများထံသို့ ငါကိုယ်တိုင်အား ထုတ်ဖော်ပြသမည်၊ လူသားမျိုးနွယ် အားလုံးအတွက် ငါ၏ ကြီးမြတ်သောအလုပ် စုံလင်သွားခြင်းကို သူတို့၏ ပကတိမျက်စိနှင့် မြင်နိုင်ကြရန် ကြွေးကြော်ဖို့ အလို့ငှာ ကမ္ဘာမြေကြီး အပေါ်တွင် ငါ၏ ပကတိအသံနှင့် မြွက်ဆိုမည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ "အခန်း ၂၆" စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ မှ

ကိုယ်တော်၏ မကောင်းသူများကို အပြစ်ပေးခြင်းနှင့် ကောင်းသူများကို ဆုလာဘ်ပေးခြင်း အဆုံးစွန်သော အလုပ်သည် လူသား အားလုံးကို လုံးဝ သန့်ရှင်းစင်ကြယ် စေရန် နောက်ဆုံး လုပ်ဆောင်ခြင်းဖြင့် သန့်ရှင်းသော လူသား အားလုံးကို ထာဝရ အနားယူခြင်းသို့ ဆောင်ယူလိမ့်မည်။ ဤအဆင့်တွင်ရှိသော ကိုယ်တော်၏ အလုပ်သည် အရေးကြီးဆုံး အလုပ်ဖြစ်သည်။ ယင်းမှာ ကိုယ်တော်၏ စီမံခန့်ခွဲမှု အလုပ်တစ်ခုလုံး၏ နောက်ဆုံး အဆင့်ဖြစ်သည်။ အကယ်၍သာ ဘုရားသခင်သည် ကောက်ကျစ်စဉ်းလဲသူများကို မဖျက်စီးပဲ သူတို့ကို ကျန်ရှိစေပါက၊ လူသား အားလုံးတို့သည် အနားယူခြင်းသို့ မဝင်ရောက်နိုင်သေးပဲ ရှိလိမ့်မည်။ ထိုအခါ ဘုရားသခင်သည် လူသားအားလုံးကို ပိုမိုကောင်းမွန်သော နိုင်ငံတော်သို့ ခေါ်ဆောင် မသွားနိုုုင်ပဲ ရှိလိမ့်မည်။ ဤအလုပ်မျိုးသည် အဆုံးတိုင် ပြီးစီးခြင်း ရှိမည်မဟုတ်ပေ။ ကိုယ်တော်သည် အလုပ်ပြီးစီးသည့် အခါ အားလုံးသောလူသား တို့သည် လုံးဝ သန့်ရှင်းကြလိမ့်မည်။ ထိုသို့သော အနေအထားမျိုးမှသာလျှင် ဘုရားသခင်သည် အနားယူခြင်း၌ ငြိမ်းချမ်းစွာ နေထိုင်နိုင်ပေမည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ "ဘုရားသခင်နှင့် လူသားသည် အနားယူခြင်းသို့ အတူတကွ ဝင်ရောက်ကြလိမ့်မည်" မှ

ကိုယ်တော် တည်ထောင်လိုသော နိုင်ငံတော်သည် ကိုယ်တော်၏ ကိုယ်ပိုင် နိုင်ငံတော်ဖြစ်သည်။ ကိုယ်တော်ဖြစ်စေလိုသောလူသားသည်ကိုယ်တော့်ကို ကိုးကွယ်သူများ၊ ကိုယ်တော်ကို အကြွင်းမဲ့ နာခံသူများ၊ ကိုယ်တော်၏ ဘုန်းထင်ရှားသူများ ဖြစ်သည်။ ကိုယ်တော်သည် ပျက်စီးနေသော လူသားတို့ကို ကယ်တင်ခြင်း မပြုပါက လူသားကို ကိုယ်တော်ဖန်ဆင်းခြင်း၏ အနှစ်သာရမှာ ဘာမှ ရှိမည်မဟုတ်၊ ကိုယ်တော်သည် လူတို့အကြား အာဏာဆက်လက် တည်ရှိတော့မည်မဟုတ်ဘဲ ကိုယ်တော်၏ နိုင်ငံတော်သည်လည်း ကမ္ဘာမြေကြီးပေါ်တွင် ဆက်လက် တည်ရှိနိုင်တော့မည် မဟုတ်ပေ။ ကိုယ်တော်ကို နာခံခြင်း မရှိသော ရန်သူများကို ကိုယ်တော် မဖျက်စီးပါက ကိုယ်တော်သည် ကိုယ်တော်၏ ပြီးပြည့်စုံသော ဘုန်းတန်ခိုး အာနုဘော်ကို ရယူနိုင်တော့မည် မဟုတ်သလို ကမ္ဘာမြေကြီးပေါ်တွင် ကိုယ်တော်၏ နိုင်ငံတော်ကိုလည်း တည်ဆောက်နိုင်တော့မည် မဟုတ်ပေ။ ယင်းသည်ကိုယ်တော်၏အလုပ် ပြီးမြောက်ခြင်းသင်္ကေတများဖြစ်ပြီး၊ လူသားတို့ကြားရှိ ကိုယ်တော့်ကို နာခံခြင်း မရှိသောသူတို့အား လုံးဝ ဖျက်စီးရန်၊ နှင့် နာခံသူတို့အား အနားယူခြင်းသို့ရောက်ရန်ပြီးပြည့်စုံအောင်ပြုခြင်းခံရသောသူများကို ဆောင်ယူရန်အစရှိသော ကိုယ်တော်၏ ကြီးမြတ်သော အောင်မြင်တော်မူခြင်း၏ ပြည့်စုံခြင်း၏ သင်္ကေတများ ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ "ဘုရားသခင်နှင့် လူသားသည် အနားယူခြင်းသို့ အတူတကွ ဝင်ရောက်ကြလိမ့်မည်" မှ

ငါ့နှုတ်ကပတ်များ ပြီးစီးပြီး နောက်တွင်၊ နိုင်ငံတော်သည် ကမ္ဘာမြေကြီးပေါ်တွင် တဖြည်းဖြည်းနှင့် ဖြစ်တည်လာပြီး၊ လူသည် တဖြည်းဖြည်းနှင့် ပုံမှန်သဘောသို့ ပြန်၍ လှည့်လာခဲ့ကာ၊ ငါ့စိတ်နှလုံးထဲမှ နိုင်ငံတော်သည် ကမ္ဘာမြေကြီးပေါ်တွင် တည်လေသည်။ နိုင်ငံတော်ထဲတွင် ဘုရားသခင်၏ လူများ အားလုံးသည် ပုံမှန်လူ့အသက်တာအား ပြန်လည် ရရှိကြသည်။ အေးခဲသော ဆောင်းရာသီသည် ပျောက်ကွယ် သွားပြီး တစ်နှစ်ပတ်လုံး နွေဦးရာသီ ဖြစ်နေသည့် နွေဦး၏ မြို့များနှင့် လောကကြီးအား အစားထိုးလိုက်သည်။ လူတို့သည် ညို့မှိုင်းမှိုင်းနှင့် စိတ်ပျက်ဖွယ်ရာ ကောင်းသော လူ့လောကကြီးအား ရင်မဆိုင်ရတော့ဘဲ၊ လူ့လောကကြီး၏ ချမ်းစိမ့်စိမ့် အအေးဓာတ်ကိုလည်း သူတို့ မကျော်ဖြတ်ရတော့ပါ။ လူများသည် အချင်းချင်း တစ်ယောက်နှင့် တစ်ယောက် မတိုက်ခိုက်ကြတော့၊ နိုင်ငံများသည်လည်း တစ်နိုင်ငံနှင့် တစ်နိုင်ငံ စစ်မတိုက် ကြတော့ပေ၊ လူအစုလိုက် အပြုံလိုက် သတ်ခြင်းလည်း မရှိတော့၊ လူအစုလိုက် အပြုံလိုက် သတ်ခြင်းမှ သွေးချောင်းစီးခြင်းများလည်း မရှိတော့။ မြေတစ်ပြင်လုံးသည် ပျော်ရွှင်မှုများနှင့် ပြည့်နေပြီး၊ နေရာတိုင်းတွင် လူများအကြား၌ နွေးထွေးမှုများနှင့် ပြည့်လျှံနေသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ "အခန်း ၂၀" စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ မှ

များပြားသောအကြံပြုချက်များ ကယ်တင်ရှင်သည် "ဖြူသောမိုးတိမ်" အားစီးလျက် ကြွလာခဲ့ပြီးဖြစ်သည်

No comments:

Post a Comment