လူတစ်ဦးတစ်ယောက်စီသည် ဘုရားသခင်မှ စုံလင်အောင်ပြုလုပ်ခြင်းကိုခံရရန် အခွင့်အလမ်းရှိသည်။ ထို့ကြောင့် ဘုရားသခင်အတွက် မည့်သည့် အစေခံမှုသည် ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် အကိုက်ညီဆုံးဖြစ်သည်ကို လူတိုင်းနားလည်သင့်ပါသည်။ လူအများစုသည် ဘုရားသခင်ကို ယုံကြည်ခြင်း၏ အဓိပ္ပါယ်ကိုမသိကြ၊ သူတို့သည် ဘုရားသခင်ကို အဘယ့်ကြောင့် ယုံကြည်သင့်သည်နှင့်ပတ်သတ်၍ သဘောပေါက်နားလည်မှု မရှိကြပေ။ ဆိုလိုသည်မှာ လူအများစုသည် ဘုရားသခင့်အမှုတော် သို့မဟုတ် ဘုရားသခင် စီမံခန့်ခွဲမှုအစီအစဉ်၏ ရည်ရွယ်ချက်တို့နှင့်ပတ်သတ်၍ နားလည်မှု လုံးဝမရှိကြပေ။ လူအများစုသည် ယခုပစ္စုပ္ပန်ကာလအထိ ဘုရားသခင်ကို ယုံကြည်ခြင်းသည် ကောင်းကင်ဘုံသို့သွားခြင်းနှင့် သူတို့၏ဝိညာဉ်များကို ကယ်တင်ခြင်းအကြောင်းဖြစ်သည်ဟု ထင်နေကြဆဲဖြစ်သည်။ ဘုရားသခင်ကို ယုံကြည်ခြင်း၏ သီးသန့်ထူးခြားမှုနှင့်ပတ်သက်၍ ထင်မြင်ယူဆချက် မရှိကြသေးပေ။ ထို့အပြင် ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ်တွင် ဘုရားသခင်၏အရေးအကြီးဆုံးအမှုတော် မည်သည့်အရာကိုမဆို နားလည်နိုင်မှု လုံးဝမရှိကြပေ။ သူတို့၏ကိုယ်ပိုင်အကြောင်းပြချက် အမျိုးမျိုးတို့ကြောင့် လူတို့သည် ဘုရားသခင်၏အမှုတော်တွင် စိတ်ဝင်စားမှုမရှိပဲ၊ ဘုရားသခင်၏ ရည်ရွယ်ချက်များ သို့မဟုတ် ဘုရားသခင်၏စီမံခန့်ခွဲမှုအစီအစဉ် နှင့်ပတ်သတ်၍ စဉ်းစားခြင်းမရှိကြပေ။ ဤအုပ်စုတွင်ပါဝင်သော လူတစ်ဦးစီသည် ဘုရားသခင်၏ အလုံးစုံသောစီမံခန့်ခွဲမှုအစီအစဉ်၏ ရည်ရွယ်ချက်မှာ မည်သည်ဖြစ်သည်၊ ဘုရားသခင် ဖြည့်ဆည်းခဲ့ပြီးဖြစ်သောအမှန်တရားများ၊ ဤလူတစ်စုကို ဘုရားသခင်အဘယ်ကြောင့် ရွေးချယ်ခဲ့သည်၊ ယင်း၏ပန်းတိုင်များ၊ ထူးခြားချက်မှာ မည်သည့်အရာဖြစ်သည်နှင့် ဘုရားသခင်သည် ဤအုပ်စုမှ မည်သည့်အရာကို ရလိုသည်တို့ကို သိထားသင့်ပါသည်။ အဆင်းနီသောနဂါးကြီး၏ နယ်မြေထဲတွင် ဘုရားသခင်သည် ထိုသို့မထင်ရှားသည့် လူတစ်စုကို မြှင့်တင်ပေးနိုင်ခဲ့ပြီး၊ သူသည် ယနေ့ထိတိုင်အောင် အမှုတော်ကို ဆက်လက်လုပ်ဆောင်ကာ၊ အားလုံးသောနည်းလမ်းများဖြင့် ကြိုးစား၍ သူတို့ကို စုံလင်အောင်ပြုလုပ်ပေးနေပြီး၊ မရေတွက်နိုင်သော နှုတ်ကပတ်တော်များကို ပြောကြားကာ၊ အမှုများစွာကို လုပ်ဆောင်၍ အသုံးတော်ခံများစွာကို စေလွှတ်ပေးလျှက်ရှိပါသည်။ ထိုမျှ အလွန်ကြီးမားသောအမှုကို ဘုရားသခင် အထမြောက်စေတော်မူခြင်းမှ ဘုရားအမှုတော်၏ အရေးပါမှုမှာ အလွန်ကြီးမြတ်လှသည်ကို တွေ့မြင်နိုင်ပေသည်။ သို့သော် သင်က လုံးလုံးမမြင်နိုင်သေးပေ။ ထို့ကြောင့် ဘုရားသခင် သင့်အပေါ် ပြုလုပ်ခဲ့သော အမှုတော်ကို သာမာန်ကိစ္စတစ်ရပ်အနေဖြင့် မကြည့်မြင်နှင့်။ ဤအရာသည် ပါမွှားမဟုတ်ပေ။ ယနေ့ ဘုရားသခင် သင့်ကို ပြသနေသောအရာလေးသည်ပင်လျှင် သင်တွေးဆချင့်ချိန်ကာ နားလည်ရန်အတွက် လုံလောက်ပါသည်။ သင်သည် ဤအချက်ကို စစ်မှန်စွာနှင့် နှံ့နှံ့စပ်စပ် နားလည်မှသာ သင့်အသက်တာတွင် ပို၍နက်ရှိုင်းစွာ တွေ့ကြုံခံစားရကာ တိုးတက်မှုရှိလာနိုင်မည်ဖြစ်သည်။ လက်ရှိအချိန်တွင်လူတို့ နားလည်ကာ ပြုလုပ်သောအရာသည် အမှန်ပင်သေးငယ်လွန်းလှပြီး၊ ဘုရားသခင်၏ရည်ရွယ်ချက်များကို အပြည့်အဝ ဖြည့်ဆည်းပေးနိုင်ခြင်းမရှိပေ။ ဤအရာသည် လူသား၏ မပြည့်စုံခြင်းဖြစ်ပြီး၊ ၎င်းတို့၏တာဝန်ကို ဖြည့်ဆည်းရန် ကျရှုံးခြင်းဖြစ်သည်။ ဤသည်မှာ ရရှိသင့်ခဲ့သော ရလဒ်များကိုမရခဲ့သည့် အကြောင်းရင်းဖြစ်သည်။ လူတို့သည် ဘုရားသခင်၏အမှုတော်အပေါ်တွင် နားလည်မှု မလေးနက်ကြ၊ ယင်းကို သူတို့ လုပ်ဆောင်ကြသည့်အခါ ဘုရားသခင့် အိမ်တော်နှင့်ဆိုင်သော အမှုတော်ကို တန်ဖိုးရှိသည့်အရာဟု မှတ်ယူရန် စိတ်ဆန္ဒမရှိကြသဖြင့် သန့်ရှင်းသောဝိညာဉ်တော်သည် လူများစွာတို့တွင် အမှုတော်လုပ်ဆောင်နိုင်ခြင်းမရှိပေ။ သူတို့သည် ပြီးမြောက်ရန်အတွက်သာ လှုပ်ရှားမှုအတိုင်း မပြောင်းမလဲစီးမြောနေသည် သို့တည်းမဟုတ် လူအများစုနောက်ကို လိုက်ကြသည် သို့မဟုတ် ပြရုပ်သက်သက်သာ အလုပ်လုပ်ကြသည်။ ယနေ့ ဤရေစီးကြောင်းအတွင်းမှ လူတစ်ဦးစီတို့ သင်တို့ပြုလုပ်ခဲ့သည့်အရာသည် သင်တို့ရခဲ့ရမည့်အရာအားလုံး ဟုတ်မဟုတ် နှင့် သင်တို့၏လုံ့လအားလုံးကို ထည့်သွင်းခဲ့ခြင်းရှိမရှိတို့ကို ပြန်စဉ်းစားကြည့်ပါစို့။ လူတို့သည် သူတို့၏တာဝန်များကို လုံးဝဖြည့်ဆည်းခဲ့ခြင်းမရှိသေးပေ။ ဤသို့ဖြစ်ရခြင်းမှာ သန့်ရှင်းသောဝိညာဉ်တော်သည် သူ၏အမှုတော်ကို မလုပ်ဆောင်ခြင်းကြောင့်မဟုတ်ပဲ၊ လူတို့ကသာ သူတို့အမှုကို သူတို့မလုပ်ခြင်းကြောင့် သန့်ရှင်းသောဝိညာဉ်တော် သည် အမှုတော်ကိုလုပ်ဆောင်ရန် မဖြစ်နိုင်တော့ခြင်းဖြစ်သည်။ ဘုရားသခင်သည်သူ၏ နှုတ်ကပတ်တော်များကို ဖော်ပြခဲ့ပြီးပြီဖြစ်သည်။ သို့သော် လူတို့သည် အမှီလိုက်နိုင်ခြင်း လုံးဝမရှိပဲ၊ အနောက်လှမ်းလှမ်းတွင် ကျန်ရစ်ပြီး၊ ခြေလှမ်းတိုင်းနှင့် နီးကပ်စွာနေနိုင်စွမ်းမရှိ၊ သိုးသူငယ်၏ ခြေလှမ်းများကို အနီးကပ် လိုက်လျှောက်နိုင်ခြင်းမရှိကြပေ။ သူတို့လိုက်နာသင့်သည်တို့ကို လိုက်နာခဲ့ခြင်းမရှိပေ။ သူတို့ကျင့်သုံးသင့်ခဲ့သည်တို့ကို လိုက်လျှောက်ကျင့်သုံးခဲ့ခြင်းမရှိပေ။ သူတို့ ဆုတောင်းသင့်ခဲ့သည့်အရာတို့ကို သူတို့ ဆုတောင်းခဲ့ခြင်းမရှိပေ။ သူတို့စွန့်ပစ်သင့်သောအရာကို စွန့်ပစ်ခဲ့ခြင်းမရှိပေ။ ဤအရာ တစ်စုံတစ်ခုကိုမျှ သူတို့လုပ်ဆောင်ခဲ့ခြင်းမရှိပေ။ ထို့ကြောင့် စားသောက်ပွဲကြီးသို့သွားရန် ဤသို့ပြောဆိုနေခြင်းသည် အလဟဿသာဖြစ်ပြီး၊ စစ်မှန်သောအဓိပ္ပါယ်လုံးဝမရှိပေ။ ယင်းသည် လူတို့၏ကိုယ်ပိုင် စိတ်ကူးယဉ်မှုထဲတွင်သာရှိပါသည်။ ယနေ့လူသားတို့သည် သူတို့၏တာဝန်များကို ဖြည့်ဆည်းခဲ့ခြင်းမရှိ ဟုပြောနိုင်ပါသည်။ လူသားတို့၏လုပ်ဆောင်မှုက အမှန်တကယ် လုံးဝသေးငယ်လွန်းလှစဉ်၊ အရာအားလုံးသည် ဘုရားသခင်၏လုပ်ဆောင်မှုနှင့် ကိုယ်တိုင်မြွက်ဆိုခဲ့သော အရာများပေါ်တွင်သာ မှီတည်နေပေသည်။ သူတို့အားလုံးသည် ဘုရားသခင်နှင့် မည်သို့ပူးပေါင်း ရမည်ကို မသိသော အသုံးမကျသည့် အမှိုက်များပင်ဖြစ်သည်။ ဘုရားသခင်သည် ထောင်ပေါင်းရာချီသော နှုတ်ထွက်စကားတော်များကို မြွက်ဆိုခဲ့စေကာမူ လူတို့သည် ဇာတိပကတိကို စွန့်ခွာခြင်း၊ အယူအဆများကိုစွန့်ပစ်ခြင်း၊ အရာအားလုံးတွင် ဘုရားသခင်အား နာခံမှုကိုကျင့်သုံးခြင်း၊ ချင့်ချိန်မြော်မြင်မှုကို တိုးပွားလာစေခြင်းနှင့် အချိန်တိုင်းတွင် ထိုးထွင်းသိမြင်နိုင်စွမ်းသောဉာဏ်ကို ရရှိခြင်းမှစ၍ လူတို့ကို မိမိတို့၏ နှလုံးသားများထဲတွင် နေရာမပေးခြင်း၊ သူတို့၏နှလုံးသားကို ကြီးစိုးထားသောသူတို့ မြတ်နိုးထားသည့် အရာများကိုဖယ်ထုတ်ခြင်း၊ မမှန်ကန်သော လူတစ်ဦးစီ၏ရည်ရွယ်ချက်များကို တွန်းလှန် တိုက်ထုတ်ခြင်း၊ မိမိတို့၏စိတ်ခံစားမှုပေါ်မူတည်၍ မပြုမူခြင်း၊ မျက်နှာလိုက်ခြင်းမရှိပဲ အရာရာတိုင်းကို တရားမျှတစွာဆောင်ရွက်ခြင်း၊ ဘုရားသခင်၏စိတ်ဝင်စားသည့် အရာများ၊ အခြားသူများနှင့်စကားပြောရာတွင် သူတို့၏လွှမ်းမိုးမှုများနှင့်ပတ်သတ်၍ ပိုမိုစဉ်းစားခြင်း၊ ဘုရားသခင်၏အမှုတော်ကို အကျိုးပြုစေမည့်အရာများကို ပို၍လုပ်ဆောင်ခြင်း၊ သူတို့လုပ်ဆောင်သည့် အရာအားလုံးတွင် ဘုရားသခင်၏ အိမ်တော်ကို အကျိုးပြုရမည်ဆိုသည်ကို စိတ်ထဲတွင်ထည့်ထားခြင်း၊ သူတို့၏စိတ်ခံစားချက်များက သူတို့၏ အပြုအမူကို ဆုံးဖြတ်ခွင့်မပေးခြင်း၊ သူတို့၏ အသွေးအသားကို ကျေနပ်စေမည့်အရာတို့ကို ဖယ်ရှားခြင်း၊ တကိုယ်ကောင်းဆန်သော အတွေးအထင်ဟောင်းများကို စွန့်လွှတ်ခြင်း အစရှိသည်တို့အထိ လူတို့သည် ထိုနှုတ်ကပတ်တော်အတိုင်း အဘယ်အရာကိုမျှ လက်တွေ့လုပ်ဆောင်ခြင်း မရှိကြပေ။ အမှန်စင်စစ် လူတို့သည် ဘုရားသခင် သူတို့ကိုလုပ်စေလိုသော ဤနှုတ်ကပတ်တော်အားလုံးထဲမှ အချို့ကို နားလည်သော်လည်း သူတို့သည် ယင်းကို လက်တွေ့လိုက်လျှောက်လိုသည့် ဆန္ဒသာမရှိခြင်းဖြစ်သည်။ ဘုရားသခင်သည် မည်သို့အမှုကို ဆောင်ရွက်ကာ သူတို့စိတ်ကို လှုပ်ရှားစေနိုင်မည်နည်း။ ဘုရားသခင်အမြင်တွင် ပုန်ကန်သူများဖြစ်နေသောသူတို့သည် ဘုရားသခင်၏နှုတ်ကပတ်တော်များကို လေးစားရန်အတွက် ရွေးချယ်ရန် ရဲတင်းမှု မည်သို့ရှိနိုင်မည်နည်း။ သူတို့သည် ဘုရားသခင်၏ခဲဖွယ်တို့ကို စားရန်သတ္တိ အဘယ်ကြောင့်ရှိသနည်း။ လူသားမျိုးနွယ်၏ အသိစိတ်မှာ အဘယ်နည်း။ သူတို့ပြုလုပ်သင့်ခဲ့သော တာဝန်များကို အနှိမ့်ဆုံးအဆင့်ပင်လျှင် ဖြည့်ဆည်းခဲ့ခြင်းမရှိပဲ၊ သူတို့လုပ်နိုင်သမျှအားလုံးနှင့် ပတ်သတ်၍ ပြောခြင်းသည် အဓိပ္ပါယ်မရှိပေ။ သူတို့သည် စိတ်ကူးယဉ်နေသူများ မဟုတ်ပါလား။ လိုက်လျှောက်မှုမရှိပဲ အမှန်တရားနှင့်ပတ်သတ်၍ပြောဆိုခြင်းမရှိနိုင်ပါ။ ဤသည်မှာ ပေါ်လွင်သောအချက်ပင်ဖြစ်ပါသည်။
ယခုသင်တို့သည် ပို၍လက်တွေ့ကျသော သင်ခန်းစာများကို သင်ယူသင့်ပါသည်။ လူတို့နှစ်သက်သော အလွန်နားထောင်ကောင်းသော်လည်း အနစ်သာရမဲ့သည့်စကားတို့ကို မလိုအပ်ပါ။ အသိတရားနှင့်ပတ်သတ်၍ ပြောရလျှင် လူတစ်ဦး၏အသိတရားသည် ယခင်တစ်ယောက်ထက် ပို၍မြင့်သော်လည်း သူတို့ထံတွင် ယခုတိုင်အောင် လက်တွေ့လိုက်လျှောက်ရန် လမ်းကြောင်း မရှိကြသေးပေ။ မည်မျှသောလူတို့သည် လက်တွေ့ကျင့်သုံးခြင်း၏ အခြေခံသဘောတရားများကို နားလည်သဘောပေါက်ခဲ့ပြီနည်း။ မည်မျှသောလူတို့သည် စစ်မှန်သောသင်ခန်းစာများကို သင်ယူ ခဲ့ပြီးဖြစ်သနည်း။ အမှန်တရားနှင့် ပတ်သတ်၍ မည်သူသည် နှီးနှောပြောဆိုနိုင်သနည်း။ ဘုရားသခင်၏နှုတ်ကပတ်တော်များနှင့် ပတ်သတ်သော အသိပညာကိုပြောနိုင်ခြင်းသည် သင်၏စစ်မှန်သောဝိညာဉ်အသက်တာကို မဖြစ်မြောက်လာစေပါ။ ထိုသို့ပြုခြင်းက သင်သည် မွေးကတည်းက ချက်ချာပါးနပ်ပြီး ပါရမီရှိသည်ကိုသာ ပြသနေသည်။ အကယ်၍ သင်သည် လမ်းကိုမညွှန်ပြနိုင်ပါက ယင်းသည်အချည်းနှီးသာဖြစ်ပြီး၊ သင်သည် အသုံး မကျသောအမှိုက်သာဖြစ်မည်။ အကယ်၍သင်သည် စစ်မှန်သော ကျင့်ဆောင်ရန် လမ်းကြောင်းတစ်ခုနှင့်ပတ်သတ်၍ ပြောစရာတစ်စုံတစ်ရာမရှိပါက သင်သည် ဟန်ဆောင် နေခြင်းပင်မဟုတ်ပါလား။ အကယ်၍ သင်သည် အခြားသူများထံသို့ သင့်ကိုယ်ပိုင် အတွေ့အကြုံအစစ်အမှန်ကိုပြသကာ သူတို့သင်ယူရန် သင်ခန်းစာများ သို့မဟုတ် လိုက်လျှောက်ရန် လမ်းကြောင်းတစ်ခုကို ပေးနိုင်ခြင်းမရှိပါက သင်သည် ဟန်ဆောင်နေခြင်း မဟုတ်ပါလား။ သင်သည် အတုအယောင်လုပ်သူတစ်ဦးမျှသာ မဟုတ်ပါလား။ သင်မည်မျှ တန်ဖိုးရှိမည်နည်း။ ထိုသို့သောသူတစ်ဦးသည် “ဆိုရှယ်လစ်စနစ် ၏အတွေးအခေါ်ကို တီထွင်သူ” အပိုင်းကိုသာသရုပ်ဆောင်နိုင်မည်ဖြစ်ပြီး “ဆိုရှယ်လစ်စနစ် ကို ယူဆောင်လာပေးသော ကူညီထောက်ပံ့သူ” တစ်ဦးဖြစ်မလာနိုင်ပေ။ စစ်မှန်မှု မရှိခြင်းသည် သမ္မာတရားမရှိခြင်းပင်ဖြစ်သည်။ စစ်မှန်မှု မရှိခြင်းသည် မည်သည့် အတွက်မှ အကျိုးပြုခြင်းမရှိပေ။ စစ်မှန်မှုမရှိခြင်းသည် အသက်ရှင်လျက်သေနေခြင်းပင်ဖြစ်သည်။ စစ်မှန်မှုမရှိခြင်းသည် “မာတ်စ်လန်းနစ်ဝါဒီ တွေးခေါ်သူ” တစ်ဦးသာဖြစ်ပြီး ရည်ညွှန်းပြောဆိုရန်တန်ဖိုးမရှိပေ။ လူတစ်ဦးစီကို အယူအဆများနှင့် ပတ်သတ်၍ ပါးစပ်ပိတ်ကာ၊ စစ်မှန်သော၊ ပွင့်လင်းရိုးသားသော၊ ကုံလုံသော အကြောင်း တစ်စုံတစ်ရာကိုပြောရန်၊ “ခေတ်သစ်အနုပညာ” အချို့ကိုလေ့လာကာ စစ်မှန်သည့် အကြောင်းတစ်စုံတစ်ရာကိုပြောရန်၊ စစ်မှန်မှု ကို ဖြည့်ဆည်း ထောက်ပံ့ပေးရန် နှင့် ပေးဆပ်မှု စိတ်ဆန္ဒအချို့ရှိရန် ကျွန်ုပ်တိုက်တွန်းလိုပါသည်။ စကားပြောရာတွင် စစ်မှန်မှုကို ရင်ဆိုင်ပြောကြားပြီး၊ လူတို့က သင့်ကို ကွဲပြားသည့်ပုံစံဖြင့် တွေးထင်ကြရန် သို့မဟုတ် လူတို့ကိုပျော်ရွှင်အောင်လုပ်နိုင်ရန် အတွက် စစ်မှန်မှုမရှိသော၊ ချဲ့ကား ပြောဆိုသော စကားများပြောဆိုခြင်းတွင်ပျော်မွေ့မနေပါနှင့်။ ထိုအရာ၏တန်ဖိုးမှာ အဘယ်နည်း။ သင့်ကို ဆက်ဆံမည့် လူတို့ကို ရရှိခြင်း အကြောင်းရင်းမှာအဘယ်နည်း။ သင့်စကားထဲတွင် အနည်းငယ် “အနုပညာမြောက်” ပါ။ သင့် အပြုအမူတွင် အနည်းငယ်ပို၍ တရားမျှတမှုရှိပါ။ အမှုအရာများကို ကိုင်တွယ်ရာတွင် အနည်းငယ်ပို၍ သဘာဝကျပါ။ လူတို့နှင့်စကားပြောရာတွင် အနည်းငယ်ပို၍ လက်တွေ့ကျပါ။ လုပ်ဆောင်ချက်တိုင်းတွင် ဘုရားသခင့်အိမ်တော်ကို အကျိုးပြုရမည်ဟု စိတ်ထဲတွင်ထားပါ။ သင့်အသိစိတ်မှ သင့် စိတ်ခံစားချက်များကို ဦးဆောင်စေပါ။ သနားကြင်နာခြင်းကို အမုန်းတရားဖြင့် ပြန်လည် မဆပ်ပေးလိုက်ပါနှင့်။ သို့မဟုတ် သနားကြင်နာမှုအတွက် ကျေးဇူးမသိတတ်ခြင်း မဖြစ်ပါစေနှင့်။ သူတော်ကောင်း ယောင်ဆောင်သူမဖြစ်ပါစေနှင့်။ ဆိုးရွားစွာလွှမ်းမိုးသူတစ်ဦးဖြစ်မှာ စိုးမိပါသည်။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်စကားတော်များကို စားသောက်ချိန်တွင် စစ်မှန်မှုနှင့် ပို၍နီးစပ်အောင် ချိတ်ဆက်ပေးကာ သင်မိဿဟာယဖွဲ့နေချိန်တွင် ပို၍စစ်မှန်သောအရာများကို ပြောပါ။ အထက်စီးသဘော မဆန်ပါနှင့်။ ဤအရာက ဘုရားသခင်ကို ကျေနပ်စေမည်မဟုတ်ပါ။ အခြားသူများနှင့် အပြန်အလှန်ဆက်ဆံရာတွင် အနည်းငယ်ပို၍ စိတ်ရှည်ပါ။ အနည်းငယ်ပို၍ တစ်ပါးအလိုကို လိုက်ပါ။ အနည်းငယ်ပို၍ သဘောထားကြီးပါ။ “ဝန်ကြီးချုပ် စိတ်ထားမျိုး”က ထံမှ သင်ယူပါ။ သင်သည် မကောင်းသောအတွေးများရှိချိန်တွင် ဇာတိပကတိကိုသာ စွန့်လွှတ်နိုင်ရန် ပို၍ကျင့်ဆောင်ပါ။ သင်အလုပ်လုပ်ချိန်တွင် စစ်မှန်သော လမ်းကြောင်းများအကြောင်း ပိုပြောကာ၊ အတွေးအခေါ်အလွန်မြင့်မားသော သို့မဟုတ် လူတို့လက်လှမ်းနိုင်သည်ထက် ကျော်လွန်သောအကြောင်းများကို မပြောပါနှင့်။ ပျော်ရွှင်မှုကိုလျှော့ချ၍ ကူညီထောက်ပံ့မှုကို ပိုစေပါ။ ပေးဆပ်မှုရှိသော တစ်ကိုယ်ကောင်းမဆန်သည့် သင့်စိတ်ကိုပြသပါ။ ဘုရားသခင်၏ ရည်ရွယ်ချက်များ ပိုမိုအရေးထားပါ။ သင်တို့အသိစိတ်ကို ပို၍နားထောင်ကြည့်ပြီး၊ ဘုရားသခင်သည် သင်တို့အတွက် ဂရုစိုက်မှုဖြင့် နေ့စဉ်သင်တို့ကို မည်သို့ နှိုးဆော်တိုက်တွန်းနေသည်ကို စိတ်ထဲတွင် ပို၍ထားပြီး၊ မေ့လျော့ခြင်း အလျဉ်းမရှိပါနှင့်။ “နှစ်ချုပ်စာအုပ်ဟောင်း” ကိုမကြာခဏ ပို၍ ဖတ်ပါ။ မကြာခဏ ပို၍ဆုတောင်းပြီး၊ ပို၍မိတ်ဿဟာရဖွဲ့ပါ။ အလွန်ရှုတ်ထွေးသောဘဝနှင့် ဆက်မသွားပါနှင့်တော့။ ခံစားမှုကို ပို၍ပြသကာ ထိုးထွင်းသိမြင်နိုင်သောဉာဏ်ကို ရယူပါ။ သင်၏အပြစ်ပြုလုပ်သောလက်သည် ဆန့်မိသောအခါ ပြန်၍ရုပ်သိမ်းပါ။ အဝေးသို့ ဆန့်ထွက်မသွားပါစေနှင့်။ ယင်းသည် အလဟဿဖြစ်သည်။ ဘုရားသခင်ထံမှ ရမည့်အရာသည် ကျိန်ခြင်းမှလွဲ၍ အခြားမရှိပေ။ သတိပြုပါ။ သင့်နှလုံးသားသည် အခြားသူများကို ကြင်နာသနားစေပါ။ လက်ထဲတွင် လက်နက်များဖြင့် အမြဲတမ်းဆန့်ကျင်ခြင်းမပြုပါနှင့်။ သမ္မာတရားသိကျွမ်းခြင်းအကြောင်းကို ပို၍ မိဿဟာယဖွဲ့ပြီး အသက်တာအကြောင်းကို ပို၍ပြောဆိုပါ။ အခြားသူများအား ကူညီသည့်စိတ်ကို ထိန်းသိန်းပါ။ အလုပ်ပိုလုပ်ပြီး အပြောလျှော့ပါ။ ပိုမိုလိုက်လျှောက် လုပ်ဆောင်၍ သုတေသနပြုခြင်းနှင့် ခွဲခြမ်းစိတ်ဖြာခြင်းတို့ကို လျှော့ပါ။ သန့်ရှင်းသော ဝိညာဉ်တော်၏ လှုပ်ရှားမှုကို ပို၍ခွင့်ပြုပြီး၊ ဘုရားသခင်မှသင့်အား စုံလင်အောင် ပြုလုပ်နိုင်မည့်အခွင့်အရေးကို ပို၍ပေးအပ်ပါ။ လူသားဆန်သော အရိပ်လက္ခဏာများကို ပိုမိုဖယ်ရှားပါ။ လူ့နည်းလူ့ဟန်ဖြင့် လုပ်ဆောင်ခြင်းများစွာ ယခုတိုင် ရှိနေပါသေးသည်။ အပေါ်ယံစီမံခန့်ခွဲမှုနှင့် အပြုအမူတို့သည် ယခုတိုင်အောင် ရွံရှာဖွယ်ကောင်းဆဲ ဖြစ်သည်။ ယင်းတို့ကိုတိုး၍ ဖယ်ရှားပစ်ပါ။ သင့်စိတ်အခြေအနေသည် မုန်းတီးစရာကောင်းလွန်းနေဆဲဖြစ်သည်။ တိုး၍မှန်ကန်အောင် ပြုလုပ်ပါ။ သင်တို့၏ နှလုံးသားများထဲတွင် လူတို့၏နေရာယူထားမှုသည် အင်မတန် များနေသေးသည်။ ဘုရားသခင်၏ဂုဏ်တော်ကို ပို၍နေရာပေးပြီး၊ လျော်ကန်မှုမရှိခြင်းကို မဖြစ်ပါစေနှင့်။ “ဗိမာန်တော်” သည် ဘုရားသခင်အတွက် အရင်ဖြစ်ပြီး၊ လူတို့နေရာယူထားခြင်းမရှိရပါ။ အချုပ်ဆိုရသော် ဖြောင့်မတ်မှုကို ပို၍ဦးတည်ကာ၊ စိတ်ခံစားမှုပေါ်တွင်ဦးတည်မှုကိုနည်းစေပါ။ ဇာတိပကတိကို ဖယ်ရှားခြင်းသည် အကောင်းဆုံးဖြစ်သည်။ အမှန်တရားကို ပို၍ပြောပြီး အသိပညာအကြောင်း ပြောဆိုမှုနည်းစေပါ။ တိတ်ဆိတ်နေခြင်းသည် အကောင်းဆုံးဖြစ်သည်။ လိုက်လျှောက်မှုလမ်းကြောင်းကို ပို၍ပြောပြီး၊ တန်ဖိုးမရှိသည့် ချဲ့ကားသောစကားပြောခြင်းကို နည်းစေပါ။ ယခုမှစ၍ လိုက်လျှောက်ခြင်းသည် အကောင်းဆုံးဖြစ်သည်။
လူသားအတွက် ဘုရားသခင်၏ သတ်မှတ်ချက်များမှာ အလွန်မြင့်မားခြင်းမရှိပေ။ အကယ်၍လူတို့သည် အနည်းငယ်သော အားစိုက်ထုတ်မှုကို လုပ်ဆောင်လျှင် သူတို့သည် “အောင်မြင်သည့်အဆင့်” ကို ရရှိနိုင်ပါသည်။ အမှန်တကယ်တွင် သမ္မာတရားကို နားလည်ခြင်း၊ သိခြင်းနှင့် သဘောပေါက်ခြင်းသည် သမ္မာတရားကို လိုက်လျှောက်ခြင်းထက် သာ၍ရှုပ်ထွေးပါသည်။ သမ္မာတရားကို အရင်လိုက်လျှောက်ပြီးနောက်မှသာ သမ္မာတရားကို သိခြင်းနှင့် သဘောပေါက်ခြင်းလိုက်ပါလာပါမည်။ သန့်ရှင်းသောဝိညာဉ်တော်၏ လုပ်ဆောင်မှုအဆင့်နှင့် နည်းလမ်းဖြစ်သည်။ သင်အဘယ်ကြောင့် မနာခံပဲနေနိုင်သနည်း။ ကိစ္စရပ်တို့ကို သင့်နည်းလမ်းအတိုင်း လုပ်ခြင်းအားဖြင့် သန့်ရှင်းသောဝိညာဉ်တော်၏ အမှုတော်ကို သင်ရရှိနိုင်ပါမည်လား။ သန့်ရှင်းသောဝိညာဥ်တော်သည် သင့်သဘောဆန္ဒအပေါ်တွင် အလုပ်လုပ်နေပါသလား သို့မဟုတ် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်အညီ သင်၏ ပျော့ကွက်များအပေါ်တွင် မူတည်ပြီးအလုပ်လုပ်နေပါသလား။ ဤအချက်ကိုသင်ရှင်းလင်းစွာ မသိမြင်နိုင်ပါက ယင်းသည် အဓိပ္ပါယ်မရှိပါ။ လူအများစုသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ခြင်းတွင် များစွာအားစိုက်ကြသော်လည်း၊ အသိပညာသာရှိပြီး၊ နောက်ပိုင်းတွင် စစ်မှန်သောလမ်းကြောင်းနှင့် ပတ်သတ်၍ ပြောစရာမရှိကြခြင်းမှာ အဘယ်ကြောင့်နည်း။ အသိပညာရှိခြင်းသည် သမ္မာတရားရှိခြင်းနှင့် တူညီသည်ဟု သင်ထင်ပါသလား။ ယင်းသည် ရှုပ်ထွေးသည့် အမြင်ဖြစ်သည်မဟုတ်ပါလား။ သင်သည် အသိပညာနှင့်ပတ်သတ်လျှင် ကမ်းခြေ၌ သဲပေါများသကဲ့သို့ အတောမသတ်ပြောနိုင်သည်၊ သို့ရာတွင် ထိုအထဲ၌ စစ်မှန်သောလမ်းကြောင်း တစ်ခုမျှ မပါဝင်ပေ။ ဤသို့ပြုခြင်းသည် လူတို့ကို အရူးလုပ်ခြင်းမဟုတ်ပါလား။ သင်သည် ယင်းကို ကျောထောက်နောက်ခံဖို့အတွက် အကောင်အထည်မရှိဘဲ ဗလာသက်သက် ဟန်ပြနေသည် မဟုတ်ပါလား။ ထိုကဲ့သို့သော ပြုမူပုံအားလုံးသည် လူတို့အတွက် အန္တရာယ်ရှိသည်။ အယူအဆပိုမြင့်ပြီး စစ်မှန်မှု ပို၍ ကင်းမဲ့လေလေ၊ လူတို့ကို အရှိတရားသို့ ပို့ဆောင်နိုင်စွမ်း မရှိလေဖြစ်သည်။ အယူအဆမြင့်လေလေ သင်သည် ဘုရားသခင်ကို ပို၍ဖီဆန်ကာ ဆန့်ကျင်မိလေလေဖြစ်သည်။ မြင့်မားသော အယူအဆများကို တန်ဖိုးရှိသည့် ရတနာများသဖွယ် မဆက်ဆံပါနှင့်။ ယင်းတို့သည် မသိမသာနှင့် ပျက်စီးစေပြီး၊ မည်သည့်အသုံးဝင်မှုကိုမျှ မပေးပေ။ အချို့သောသူများသည် အမြင့်ဆုံးအယူအဆများကို ပြောကောင်းပြောနိုင်ပေလိမ့်မည်၊ သို့ရာတွင် ထိုအယူအဆများထဲတွင် အရှိတရားလုံးဝမပါဝင်ပေ၊ အကြောင်းမှာ ထိုသူများသည် ထိုအရာတို့ကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရခြင်းမရှိသဖြင့် သူတို့ထံတွင် လက်တွေ့ကျင့်ဆောင်ရန်လမ်းကြောင်း မရှိပေ။ ထိုသို့သောသူများသည် လူတို့ကို မှန်ကန်သောလမ်းကြောင်းပေါ်သို့ ခေါ်သွားနိုင်စွမ်း မရှိကြဘဲ၊ လူတို့ကို လမ်းလွဲစေခြင်းသာ ပြုကြလိမ့်မည်။ ဤသည်မှာ လူတို့အတွက် အန္တရာယ်ရှိသည် မဟုတ်ပါလား။ အနည်းဆုံးအနေဖြင့် သင်သည် လူတို့၏ လက်ရှိပြဿနာများကို ဖြေရှင်းကာ လူတို့ကို ဝင်ခွင့်ရအောင် ဆောင်ရွက်ပေးနိုင်ရပါမည်။ ဤအရာကိုသာလျှင် ဆပ်ကပ်အပ်နှံခြင်းဟုဆိုနိုင်ပြီး၊ သို့မှသာလျှင် သင်သည် ဘုရားသခင်အတွက် အမှုပြုရန် အရည်အချင်းပြည့်မီမည် ဖြစ်ပါသည်။ ဟိတ်ဟန်များသော၊ စိတ်ကူးယဉ်ဆန်သော စကားလုံးများကို အမြဲတမ်းမပြောပါနှင့်။ လူတို့ကို အတင်းအကျပ် နာခံလာအောင်ပြုရန် မသင့်လျော်သည့် ကျင့်ထုံးများစွာကို အသုံးမပြုပါနှင့်။ ထိုသို့ပြုလုပ်ခြင်းသည် အကျိုးမရှိဘဲ လူတို့၏ စိတ်ရှုပ်ထွေးခြင်းကိုသာ တိုးလာစေနိုင်ပါသည်။ လူတို့ကို ဤနည်းဖြင့် ဦးဆောင်ခြင်းသည် လူသားတို့ သင့်ကိုရွံရှာလာစေနိုင်သည့် စည်းမျဉ်းများစွာကိုသာ ထွက်ပေါ်လာစေပါလိမ့်မည်။ ဤသည်မှာ လူသားတို့၏ ချို့ယွင်းချက်ဖြစ်ပြီး အမှန်တကယ်ပင် အရှက်ရစရာ ဖြစ်သည်။ သို့ဖြစ်၍ ယခုရှိနေသော ပြဿနာများအကြောင်းကိုသာ ပို၍ပြောပါ။ အခြားသူများ၏ အတွေ့အကြုံများကို ကိုယ်ပိုင်ပစ္စည်းကဲ့သို့ ဆက်ဆံကာ၊ အခြားသူများ အသိအမှတ်ပြုမှုကို ခံယူရန် ချပြယူဆောင်လာခြင်းကို မပြုပါနှင့်။ သင်တို့ တစ်ဦးချင်းစီသည် သင့်ကိုယ်၌ နည်းလမ်းကို ရှာဖွေသင့်ပါသည်။ ဤသည်မှာ လူအသီးသီး လက်တွေ့ လိုက်လျှောက်သင့်သော အရာဖြစ်သည်။
အကယ်၍ သင်မိဿဟာယဖွဲ့သည့်အရာသည် လူသားတို့လိုက်လျှောက်ရန် လမ်းကြောင်းတစ်ခုကိုပေးနိုင်ပါက ယင်းသည် သင်၌ စစ်မှန်မှုပိုင်ဆိုင်သည်ဟု သဘောသက်ရောက်ပါသည်။ သင်ဘာပဲပြောသည်ဖြစ်စေ သင်သည် လူတို့ကို လက်တွေ့ကျင့်ဆောင်ခြင်းသို့ခေါ်ဆောင်ကာ သူတို့လိုက်လျှောက်နိုင်မည့် လမ်းကြောင်းတစ်ခုကို ပေးသင့်ပါသည်။ ယင်းသည် လူတို့အသိပညာရရန်အတွက်သာ ပြုလုပ်ခြင်းမဟုတ်ပါ။ ပို၍အရေးကြီးသည်မှာ ယင်းသည် လိုက်လျှောက်လှမ်းရန်အတွက် လမ်းကြောင်းတစ်ခုကို ရရှိခြင်းဖြစ်ပါသည်။ ဘုရားသခင်ကို ယုံကြည်သော လူတို့အနေဖြင့် ဘုရားသခင်သည် သူ၏အမှုတော်ထဲ၌ ဦးဆောင်သည့်လမ်းကြောင်းကို လျှောက်လှမ်းသင့်ပါသည်။ ဘုရားသခင်ကို ယုံကြည်ခြင်း ဖြစ်စဉ်သည် သန့်ရှင်းသောဝိညာဉ်တော်ဦးဆောင်သည့် လမ်းကြောင်းကို လျှောက်လှမ်းသည့် ဖြစ်စဉ်ဖြစ်ပါသည်။ သို့ဖြစ်၍ ဘာဖြစ်ဖြစ် သင်လျှောက်လှမ်းရမည့် လမ်းကြောင်းတစ်ခုရှိသင့်ပြီး၊ ဘုရားသခင်မှ သင့်ကို စုံလင်အောင်ပြုလုပ်မည့် လမ်းကြောင်းပေါ်သို့ သင်ဆက်လက် လျှောက်လှမ်းသွားရပါမည်။ အလွန်ဝေးကွာစွာ နောက်ကျခြင်းနှင့် အမှုအရာများစွာထဲတွင် ပါဝင်ခြင်းမရှိပါနှင့်။ ဘုရားသခင်ဦးဆောင်သည့် လမ်းကြောင်းကို အတားအဆီး မဖြစ်ပေါ်စေပဲ၊ သင်လမ်းလျှောက်မှသာသန့်ရှင်းသောဝိညာဉ်တော်၏အမှုတော်ကို သင်လက်ခံရရှိကာ၊ ဝင်ခွင့်လမ်းကြောင်းကို ပိုင်ဆိုင်နိုင်မည်ဖြစ်သည်။ ဤအရာသည်သာလျှင် ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် အံဝင်ခွင်ကျအဖြစ် သတ်မှတ်နိုင်ကာ၊ လူသား၏တာဝန်ကို ပြီးပြည့်စုံစေခြင်းဖြစ်သည်။ ဤအုပ်စုထဲမှ လူသားတစ်ဦးအနေဖြင့် လူတစ်ယောက်စီသည် သူတို့၏တာဝန်ကို ကောင်းမွန်စွာ ပြည့်စုံအောင် ဆောင်ရွက်သင့်ပြီး၊ လူသားတို့လုပ်သင့်သည့်အရာကို ပို၍လုပ်ဆောင်ကာ မိမိစိတ်တိုင်းကျ မပြုမူသင့်ပေ။ အမှုတော်ကို လုပ်ဆောင်သောသူတို့သည် သူတို့၏စကားကို ရှင်းလင်းအောင်ပြောရမည်။ လိုက်လျှောက်သောသူတို့သည် အခက်အခဲကိုသည်းခံခြင်းနှင့် နာခံမှုရှိခြင်းကို ပို၍ဦးတည်ကာ လူတစ်ဦးစီသည် သူတို့၏နေရာတွင်နေကာ စည်းပြင်ကို မကျော်နင်းသင့်ပေ။ လူတစ်ဦးစီ၏နှလုံးသားထဲတွင် သူတို့မည်သို့ လိုက်လျှောက်ရမည်နှင့် မည်သည့် တာဝန်ဝတ္တရားကို သူတို့ပြီးပြည့်စုံအောင် လုပ်ဆောင်ရမည်ကို ရှင်းလင်းစွာသိသင့်သည်။ သန့်ရှင်းသောဝိညာဉ်တော် ဦးဆောင်သည့် လမ်းကြောင်းကိုလိုက်ပါ။ လမ်းလွဲသွားခြင်း သို့မဟုတ် မှားယွင်းခြင်း မရှိပါစေနှင့်။ ယနေ့အမှုကို သင်ရှင်းလင်းစွာ မြင်တွေ့သင့်ပါသည်။ ယနေ့အမှုတော်နည်းလမ်းကို ဝင်ရောက်ခြင်းသည် သင်တို့ လက်တွေ့လုပ်ဆောင်သင့်သည့်အရာ ဖြစ်သည်။ ဤအရာသည် ပထမဆုံးအနေဖြင့် သင်တို့လုပ်ဆောင်ရမည့်အရာဖြစ်သည်။ အခြားသောအရာများအတွက် နောက်ထပ် စကားလုံးများကို ဖြုန်းတီးခြင်းမပြုပါနှင့်။ ယနေ့ဘုရားသခင့်အိမ်တော်တွင် အမှုတော်ကို လုပ်ဆောင်ရန်မှာ သင်တို့ဝန်တာဖြစ်သည်။ ယနေ့အမှုတော်နည်းလမ်းကို ဝင်ရောက်ဆောင်ရွက်ခြင်းသည် သင်တို့တာဝန်ဖြစ်သည်။ ယနေ့၏သမ္မာတရားကို လိုက်လျှောက်ခြင်းသည် သင်တို့၏ဝန်ဖြစ်သည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏မှ
အောက်ခြေမှတ်စု(များ)-
က။ ဝန်ကြီးချုပ်စိတ်ထား- စိတ်သဘောထားကြီးပြီး ရက်ရောသောသူတစ်ဦးကို ဖော်ပြရန်အသုံးပြုသည့် တရုတ်ရှေးစကားပုံ။
များပြားသောအကြံပြုချက်များ
အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်- နိုင်ငံတော်၏ ကယ်တင်ခြင်း
No comments:
Post a Comment