၂။ ဘုရားသခင်၏ကယ်တင်ခြင်း အမှုတော်၏ အဆင့်သုံးဆင့်နှင့် ပတ်သက်သည့် သမ္မာတရားများ
၃) ဘုရားသခင်၏ အမှုတော် အဆင့်သုံးဆင့်မှ တစ်ခုချင်းစီအကြား ဆက်နွှယ်မှု။ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-
ယေဟောဝါ၏ အလုပ်မှစ၍ ယေရှု၏အလုပ်တိုင်အောင်၊ ထို့ပြင် ယေရှု၏အလုပ်မှစ၍ ယခုလက်ရှိအဆင့်ထိ၊ ဤအဆင့်သုံးဆင့်သည် ဘုရားသခင် စီမံခန့်ခွဲမှု အစမှအဆုံးကို အလျဉ်မပြတ် အကျုံးဝင်စေသည်၊ ထို့ပြင် ယင်းတို့အားလုံးသည် ဝိညာဉ်တော်တစ်ပါးတည်း၏ လုပ်ဆောင်မှုပင်ဖြစ်သည်။ ကမ္ဘာကြီးကို စတင်ဖန်ဆင်းကတည်းက၊ ဘုရားသခင်သည် လူသားတို့ကို စီမံခန့်ခွဲလျက် ရှိနေသည်။ သူသည် အစနှင့် အဆုံးဖြစ်သည်၊ သူသည် အဦးဆုံးသောသူနှင့် နောက်ဆုံးသောသူလည်း ဖြစ်သည့်အပြင်၊ သူသည် ခေတ်တစ်ခုကို အစပြုသူဖြစ်ပြီး၊ ခေတ်ကို အဆုံးသတ်သူလည်း ဖြစ်သည်။ မတူညီသည့် ခေတ်များနှင့် မတူညီသည့် နေရာများမှ အလုပ်အဆင့်သုံးဆင့်သည် ဝိညာဉ်တော်တစ်ပါးတည်း၏ အလုပ်ဖြစ်သည်မှာ သိသာထင်ရှားလှသည်။ ဤအဆင့်သုံးဆင့်ကို ခွဲခြားသူအပေါင်းတို့သည် ဘုရားသခင်ကို ဆန့်ကျင်ရန် ရပ်တည်သူများပင်ဖြစ်သည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင့်အမှုတော်၏ ရူပါရုံ (၃)” မှ