菜單

မူလစာမျက်နှာ သတင်းအချက်အလက် အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ စွဲကိုင်ထားသူ လွတ်လပ်မှန်ကန်တဲ့လူ့အခွင့်အရေး ကယ်တင်ရှင်ပြန်ကြွလာပြီ ဧဝံဂေလိတရားတော် ကောင်းကင်နိုင်ငံတော်သီချင်း အမှန်တရားကို ဖေါ်ထုတ်ခြင်း နိုင်ငံတော် ချီးမွမ်းခြင်း တေးဂီတ ဘုရားသခင်၏ နှုတ်ကပတ်တော်များ ဖတ်ကြားခြင်းများ

2/01/2020

ယခုကျွန်တော်တို့၏ အပြစ်များကို ခွင့်လွှတ်ခံရပြီးသည့်နောက် ကျွန်တော်တို့ ကောင်းကင်နိုင်ငံတော်ကို ဝင်ရောက်နိုင်ပြီလား

ကောင်းကင်နိုင်ငံတော်, သက်သေခံခြင်းဆိုင်ရာ ဆောင်းပါးများ, သမ္မာတရား, အသင်းတော်, ကျေးဇူးတော်

ဟီးဂျွန်း ဆီချွမ်းမြို့

၂၀၁၈ခုနှစ် သြဂုတ်လ ၅ရက်နေ့ တနင်္ဂနွေနေ့။ တိမ်ထူသည်

ယနေ့ အစည်းအဝေးပြီးနောက် အစ်ကိုတစ်ယောက်က ကျွန်တော့်ကို လာရောက်ရှာဖွေရာ၊ သူ့မျက်နှာက စိုးရိမ်ပူပန်မှုဖြင့် ပြည့်နှက်နေသည်။ သူက လူများအနေဖြင့် သန့်စင်ခံရန် ဘုရားသခင်က အလိုရှိကြောင်း၊ သို့သော်လည်း သူသည် မကြာခဏ အမှုမဲ့အမှတ်မဲ့ အပြစ်ကျူးလွန်မိကြောင်း နှင့် သူက အမြဲတမ်း ဤကဲ့သို့ အပြစ်၌ အသက်ရှင်နေထိုင်နေပါက၊ သခင်ပြန်ကြွလာသည့်အချိန်တွင် ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက်နိုင်ပါမည်လား ဟု ပြောခဲ့သည်။ သခင်ယေရှုက ကားတိုင်တင်ခံရပြီး၊ ကျွန်တော်တို့၏ အပြစ်များအားလုံးကို သူ့ပေါ်သို့ယူတော်မူခဲ့ကာ၊ သူ့အသက်ဖြင့် ပေးဆပ်မှုများပြုခဲ့ကြောင်း ကျွန်တော် သူ့ကို ပြောခဲ့သည်။ သခင်ယေရှုကို ကျွန်တော်တို့၏ ယုံကြည်ခြင်းကြောင့် ကျွန်တော်တို့၏ အပြစ်များလွှတ်ခြင်းခံရသည့်အကြောင်း နှင့် သခင်သည် ကျွန်တော်တို့ကို အပြစ်သားများအဖြစ် နောက်ထပ် မမြင်တော့ကြောင်း၊ ပြီးလျှင် ကျွန်တော်တို့က အရာအားလုံးကို စွန့်လွှတ်ပြီး၊ မိမိကိုယ်ကို အသုံးခံကာ၊ သခင့်အတွက် ကြိုးစားလုပ်ဆောင်ပြီး၊ အဆုံးအထိ သည်းခံသမျှ ကာလပတ်လုံး သခင်ပြန်ကြွလာသည့်အချိန်တွင် ကျွန်တော်တို့က ကောင်းကင်နိုင်ငံတော်ထဲသို့ ချီဆောင်ခံရ လိမ့်မည်ဖြစ်ကြောင်းတို့ကို ကျွန်တော် ပြောခဲ့သည်။ ကျွန်တော် ဤသို့ပြောသည်ကို ထိုအစ်ကိုက ကြားပြီးနောက်၊ သူလိုချင်သည့် အဖြေကိုမရသည့် အသွင်ပေါက်နေခဲ့ပြီး အတော်အတန် စိတ်ပျက်သည့် ပုံစံဖြင့် ထွက်သွားခဲ့သည်။ သူထွက်သွားသည်ကို ကျွန်တော်ကြည့်ရင်း ကျွန်တော့်မှာ အလွန်ခက်ခဲရှုပ်ထွေးသော စိတ်ခံစားချက်အချို့ကို ခံစားခဲ့ရသည်။ အမှန်ပြောရပါလျှင် ကျွန်တော်ရော ဤအစ်ကိုကဲ့သို့ပင် ထိုကဲ့သို့သော စိုးရိမ်ပူပန်မှု မရှိခဲ့ပါသလား။ ကျွန်တော်က သခင့်ကို နှစ်ပေါင်းများစွာ ယုံကြည်ခဲ့သော်လည်း၊ မကြာခဏ အပြစ်၏ ချည်နှောင်ခြင်းခံရပုံနှင့် နေ့ပိုင်းတွင် အပြစ်ကျူးလွန်ပြီး၊ ညပိုင်းတွင် ဝန်ခံသည့် အနေအထားတစ်ခု၌ အသက်ရှင်နေထိုင်ခဲ့ပုံတို့ကို တွေးရင်းဖြင့် ကျွန်တော်သည်လည်း ထိုနည်းလမ်းဖြင့် ဆက်ပြီး အသက်ရှင်နေထိုင်လိုစိတ်မရှိခဲ့ပါ။ သို့သော်လည်း ကျွန်တော်က အမှန်တကယ်ပင် အပြစ်ကို မအောင်နိုင်သောကြောင့် သခင့်ကို မကြာခဏ ဆုတောင်းပြီး၊ ကျွန်တော့်နှုတ်ကပတ်တော် ဖတ်ရှုခြင်းကို အားဖြည့်ခဲ့ပါသည်။ သို့သော် ကျွန်တော့်အပြစ်များနှင့်ဆိုင်သော ပြဿနာများကို လုံးဝ မဖြေရှင်းခဲ့ပါ။ သခင်က သန့်ရှင်းသောကြောင့် ကျွန်တော့်ကဲ့သို့ အပြစ်ဖြင့် အလွန်အမင်း ပြည့်နှက်နေသည့် လူမျိုးကို ကိုယ်တော်က လက်ခံပါ့မလား။

၂၀၁၈ ခုနှစ်၊ သြဂုတ်လ ၇ရက်နေ့ အင်္ဂါနေ့။ တိမ်ထူသည်

ယနေ့ ကျွန်တော်က ကျွန်တော့်ဇနီးနှင့် အသေးအဖွဲ့ကိစ္စ တစ်ခုအတွက် စကားများခဲ့ကြပြီး ကျွန်တော်က အရှက်ရခြင်း နှင့် ထိခိုက်နာကျင်မှု နှစ်မျိုးလုံးကို ခံစားရသည်။ ကျွန်တော် ဘယ်လိုလုပ်ပြီး အရင်က အမှားမျိုးကို ထပ်ခါထပ်ခါပြုမိခဲ့သလဲ။ ဤညနေတွင် သခင့်ထံသို့ ဆုတောင်းပြီး ကျွန်တော့်အပြစ်များအတွက် ဝန်ခံစဉ် ငိုကြွေးခဲ့သည်၊ ပြီးလျှင် ကျွန်တော် ဆုတောင်းခဲ့ပြီးနောက်၊ စိတ်မကောင်းဖြစ်နေဆဲပင် ဖြစ်သည်။ သခင့် သွန်သင်ချက်များကို ကျွန်တော် တွေးမိခဲ့သည်၊ “ သင်၏ဘုရားသခင် ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ဉာဏ်ရှိ သမျှနှင့် ချစ်လော့၊ ဟူသော ပညတ်သည် ပဌမပညတ်ဖြစ်၏။ ကြီးမြတ်သော ပညတ်လည်းဖြစ်၏။ ထိုမှတပါး ကိုယ်နှင့်စပ်ဆိုင် သောသူကို ကိုယ်နှင့်အမျှ ချစ်လော့ဟူသော ဒုတိယကပညတ်သည် ပဌမ ပညတ်နှင့် သဘောတူ၏။” (ရှင်မဿဲ ၂၂:၃၇-၃၉) ဤနှုတ်ကပတ်တော်များက ဘုရားသခင်ကို ကျွန်တော်တို့၏ စိတ်နှလုံးအကြွင်းမဲ့ဖြင့် ချစ်ရန် အဓိကအားဖြင့် တောင်းဆိုနေခြင်း ဖြစ်ပြီး၊ ဒုတိယအားဖြင့် အခြားသူများကို ကိုယ်နှင့်တမျှ ချစ်ရမည်ဖြစ်သည်၊ ညီအစ်ကိုမောင်နှမများသည် အချင်းချင်း အားပေးသင့်သည်၊ အချင်းချင်း သည်းခံပြီး စိတ်ရှည်သင့်သည်၊ ပြီးလျှင် အချင်းချင်း နှစ်သိမ့်မှု နှင့် ဖြေသိမ့်စရာ ပေးရမည်။ ဤသည်မှာ ကျွန်တော်တို့ ခရစ်ယာန်များအနေဖြင့် လုပ်ဆောင်သင့် သည့် အရာပင် ဖြစ်ပြီး၊ ဤနည်းအားဖြင့်သာလျှင် ကျွန်တော်တို့ သည် သခင့်ကို ဘုန်းတော်ထင်ရှားစေပြီး၊ သက်သေခံသည့် အသက်တာများကို အသက်ရှင်နေထိုင်နိုင်မည်။ သို့သော် ကျွန်တော် သခင့်ကို-ယုံကြည်ခဲ့သည့် လွန်ခဲ့သည့် နှစ်များတစ်လျှောက်တွင် ဤသတ်မှတ်ချက်တစ်ခုကိုပင် မဖြည့်ဆည်းခဲ့ပါ။ အိမ်၌ ရှိသောအချိန်တွင် တစ်ခါတစ်ရံ ကျွန်တော်နှင့် ကျွန်တော့်ဇနီးတို့က သေးငယ်သော ကိစ္စများအတွက် စကားများကြသည်၊ အသင်းတော်တွင် ရှိသည့် အချိန်တွင်၊ ညီအစ်ကိုမောင်နှမများက ကျွန်တော် မျက်နှာငယ် စေသည့် စကားမျိုး ပြောသည့်အခါတွင်၊ ကျွန်တော်က သူတို့ကို စတင် အာဃာတထားပြီး၊ တစ်ခါတစ်ရံ သူတို့ကို လျစ်လျူပင် ရှုထားပါသည်။ များသောအားဖြင့် ကျွန်တော်က သခင့်ကို ချစ်လိုကြောင်း ပြောရင်း ဆုတောင်းသော်လည်း၊ နေအိမ်တွင် ဆိုးရွားသည့် အရာတစ်ခု၊ သို့မဟုတ် တစ်ချို့သော မတော်တဆထိခိုက်မှု ဖြစ်သည့်အချိန်တွင်၊ “ ငါကသခင့်အတွက် ကိုယ့်ကိုကိုယ် အသုံးခံခဲ့တယ်၊ ဒါဆို သူက ငါ့ကို ဘာဖြစ်လို့ မကွယ်ကာတာလဲ …” ဟု တွေးရင်း ကျွန်တော်က သခင့်ကို အထင်လွဲမှားပြီး အပြစ်တင်ဆဲဖြစ်သည်။ အို၊ ကျွန်တော်လုပ်သမျှက သခင့် သတ်မှတ်ချက်တွေကို မဖြည့်ဆည်းသလို၊ သခင့်အလိုတော်နဲ့လည်း မကိုက်ညီဘူး။ ကျွန်တော် သခင့်ထံ မကြာခဏ ဆုတောင်းသော်လည်း၊ မကြာခဏ အပြစ်ကျူးလွန်ဆဲဖြစ်ပြီး၊ ကျွန်တော် မည်မျှလိုလားပါစေ ၎င်းကို ကျွန်တော် မထိန်းချုပ်နိုင်ပါ။ ကျွန်တော်က “ ငါရဲ့ သခင့်ကို ယုံကြည်မှုကြောင့် ငါ့အပြစ်တွေ လွှတ်တာခံရပေမဲ့လည်း၊ ငါက အမြဲတမ်း အပြစ်ကျူးလွန်ပြီး သခင့်ကို ဘဝင်မကျဖြစ် စေခဲ့တယ်။ ဒီနည်းအတိုင်းသာ ဆက်သွားနေရင်၊ သခင်ပြန်ကြွလာ တဲ့အချိန်မှာ ငါဟာ ကောင်းကင်နိုင်ငံတော်ထဲကိုမှ ဝင်နိုင်ပါ့မလား။ အပြစ် ကျူးလွန် တာကို ငါဘယ်လိုရပ်နိုင်မလဲ” ဟု မကြာခဏ တွေးလေ့ရှိသည်။

မကြာသေးမီကပဲ ကျွန်တော်က သမ္မာကျမ်းစာကို မကြာခဏ ဆွေးနွေးတိုင်ပင်ပြီး၊ သင်းအုပ်ဆရာများနှင့် အကြီးအကဲများကို ကြိမ်ဖန်များစွာ မေးမြန်းခဲ့သော်လည်း စိတ်ကျေနပ်ဖွယ် အဖြေတစ်ခုကို ကျွန်တော် လုံးဝ မရခဲ့ဖူးပါ။ ဤပြဿနာက ကျွန်တော့်အနေဖြင့် ကောင်းကင်နိုင်ငံတော်ကို ဝင်ရောက်နိုင်မည် ဟုတ်မဟုတ် ဆိုသည့် အရေးကြီးသည့် ကိစ္စနှင့် ဆက်နွယ်နေပြီး၊ ကျွန်တော်သည် ၎င်းကို မည်သို့ဖြစ်စေ လက်မလွှတ်နိုင်ပါ။ သခင်က “ တောင်းကြလော့။ တောင်းလျှင်ရမည်။ ရှာကြလော့။ ရှာလျှင်တွေ့မည်။ တံခါးကိုခေါက်ကြလော့။ ခေါက်လျှင်ဖွင့်မည်။” (ရှင်မဿဲ ၇:၇) ဟု မိန့်တော်မူခဲ့သည်။ ကျွန်တော့်မှာ ရှာဖွေသည့်နှလုံးသားရှိသမျှ ကာလပတ်လုံး သခင်က ကျွန်တော်ကို ဧကန်မုချ ဉာဏ်အလင်းပေး ပေလိမ့်မည်ဟု ကျွန်တော် ယုံကြည်ပါသည်။

၂၀၁၈ ခုနှစ်၊ သြဂုတ်လ ၁၂ရက်နေ့ တနင်္ဂနွေနေ့။ အုံ့မှိုင်းသောနေ့

ယနေ့နံနက်တွင် သခင့်ကို စိတ်အားထက်သန်စွာ ဆုတောင်း ခြင်းတစ်ခုရွတ်ဆိုပြီးနောက်တွင် ပုံမှန်အတိုင်း ကျွန်တော်က သမ္မာကျမ်းစာကို ဖွင့်ပြီး၊ ကျွန်တော့် ဝိညာဉ်ရေးရာ ဝတ်ပြုကိုးကွယ်ခြင်း ကို စတင်ခဲ့သည်။ ထို့နောက် ကျွန်တော်က ကျွန်တော့်နှလုံးသားကို လှုံ့ဆော်သည့် ဗျာဒိတ်ကျမ်းမှ ကျမ်းချက် တစ်ခုကို ဖတ်ရှုခဲ့ပါသည်၊ “ ညစ်ညူးသောအရာ၊ စက်ဆုပ်ဘွယ် သောအရာ၊ သစ္စာပျက်သောအရာ တစုံတခုမျှမဝင်ရဘဲ၊ သိုးသငယ်၏ အသက်စာစောင်၌ စာရင်းဝင်သော သူတို့သာလျှင် ဝင်ရ၏။” (ဗျာဒိတ်ကျမ်း ၂၁:၂၇) သန့်စင်ခြင်းမခံရသေးသည့် ကျွန်တော်တို့သည် ထိုမြို့ထဲသို့ မဝင်ရောက်နိုင်ဟု သမ္မာကျမ်းစာက ရှင်းလင်းစွာ ပြောထားပြီး၊ ဤ” ထိုမြို့” သည် ကောင်းကင်နိုင်ငံတော်ကို ညွှန်းဆိုခြင်း မဟုတ်ပါသလား။ ထို့နောက် ကျွန်တော်က ရှင်မဿဲ ခရစ်ဝင်ကျမ်းမှ အခန်းကြီး ၇ အငယ် ၂၁ ကို ဖတ်ရှုခဲ့သည်။ “ သခင်၊ သခင်ဟု ငါ့ကိုလျှောက်သောသူတိုင်း ကောင်းကင်နိုင်ငံတော်သို့ ဝင်ရလိမ့်မည်မဟုတ်။ ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ့ခမည်းတော်၏အလိုကို ဆောင်သောသူသာလျှင် ဝင်ရလိမ့်မည်။” ထို့နောက် ရှင်ယောဟန် ၈:၃၃-၃၅ တွင်လည်း “ ငါအမှန်အကန်ဆို သည်ကား၊ ဒုစရိုက်ကို ပြုသမျှသောသူတို့သည် ဒုစရိုက်ကျွန်ဖြစ်၏။ ကျွန်သည်ကား အိမ်၌ အစဉ်အမြဲနေ သည်မဟုတ်။ သားမူကား အစဉ်အမြဲနေ၏။” ဟု ပြောထားသည်။ ဤသမ္မာကျမ်းချက်များကို ကျွန်တော် ချင့်ချိန်စဉ်းစားစဉ်၊ ကျွန်တော် သခင့်ကို ယုံကြည်ခဲ့သည့် ဤနှစ်များတလျှောက်တွင် သခင့်ကို ဆုတောင်းပြီး နေ့စဉ် သမ္မာကျမ်းစာ ဖတ်ရှုကာ၊ ဧဝံဂေလိ တရားတော်ကို မကြာခဏ ဖြန့်ဝေပြီး၊ အလုပ်လုပ်သည့်အပြင်၊ ကိုယ်တော့်အတွက် အရာများကို စွန့်လွှတ်ပြီး ကိုယ့်ကိုကိုယ် အသုံးခံခဲ့သည့်တိုင်၊ ကျွန်တော်သည် တမင်တကာပင် အပြစ်ကျူးလွန်နေဆဲ ဖြစ်သည်၊ ကျွန်တော် အပြစ်ကျူးလွန်ပြီး၊ ဝန်ခံသည်၊ ပြီးလျှင် သခင့်သွန်သင်ချက်များကို မလိုက်နာနိုင်သကဲ့သို့၊ သခင် သတ်မှတ်ပြဌာန်ထားသည့် အရာများကိုလည်း လက်တွေ့မ လုပ်ဆောင်နိုင်ပါ။ ကျွန်တော်က သန့်စင်ခံထားရသူတစ်ယောက်ဟု မဆိုထားနှင့် ကောင်းကင်ဘုံ၌ရှိသည့် ခမည်းတော်၏ အလိုတော်ကို ပြုသူတစ်ယောက် မဟုတ်သည်မှာ ရှင်းလင်းလှသောကြောင့် ကျွန်တော် ကောင်းကင်နိုင်ငံတော်ကို ဝင်ရောက်နိုင်ပါဦးမည်လား။ ကောင်းကင် နိုင်ငံတော်သည် ဘုရားသခင်၏ နိုင်ငံတော်ဖြစ်ပြီး၊ ဘုရားသခင်က သန့်ရှင်းသည်၊ ထို့ကြောင့် အညစ်အကြေးဖြင့် ဖုံးလွှမ်းပြီး၊ အမြဲတမ်း အပြစ်ကျူးလွန်နေသည့်သူတစ်ယောက်သည် ကောင်းကင်နိုင်ငံတော်ကို ဝင်ရောက်ရန် နှင့် ဘုရားသခင်နှင့် အတူတကွ အသက်ရှင်နေထိုင်ရန် မည်သို့ အရည်အချင်းပြည့်မီနိုင်မည်နည်း။ ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက်ခြင်းသည် ကျွန်တော်တို့ စိတ်ကူးထားခဲ့သကဲ့သို့ မရိုးရှင်းသည့် သဘောမှာရှိနေပါသည်။

၂၀၁၈ ခုနှစ်၊ သြဂုတ်လ ၁၃ ရက်နေ့ တနင်္လာနေ့။ တိမ်ထူရာမှ နေထွက်ပေါ်လာသည်

ယနေ့ ကျွန်တော် နှစ်ပေါင်းများစွာ မတွေ့ရသည်မှာ ကြာပြီ ဖြစ်သည့် အစ်ကိုဂျန်းနှင့် ဆုံမိပြီးကျွန်တော် သူ့ကိုတွေ့ရသည်ကို အမှန်တကယ် ပျော်ရွှင်ခဲ့ပါသည်။ ကျွန်တော်တို့ စကားစမြည်ပြောရင်း တစ်ချိန်လုံး ကျွန်တော့် ပဟေဠိဖြစ်စေသည့် အရာတစ်ခုကို ပြောပြခဲ့သည်။ ယင်းအကြောင်း သူ့ကို ကျွန်တော်ပြောပြပြီးနောက်၊ အစ်ကိုဂျန်းက “ သခင်ယေရှု ကားတိုင်တင်ခံရတဲ့အချိန် နဲ့ သခင့်ကို ကျွန်တော်တို့ ယုံကြည်ကြတဲ့ အချိန်မှာ လူ့ရဲ့ အပြစ်တွေဟာ လွှတ်ခံရခဲ့ပြီးဖြစ်တယ်၊ ကျွန်တော်တို့ရဲ့ အပြစ်တွေလွှတ်ခံရပြီး၊ ကျွန်တော်တို့က ကယ်တင်ခံရတယ်။ ဒါပေမဲ့ ကျွန်တော်တို့ အပြစ်ကလွှတ်ခံရတယ်ဆိုတာ ဘာကို အတိအကျဆိုလိုတာလဲ။ ဒီပြဿနာကို ကျွန်တော်တို့ နားလည်သဘောပေါက်နိုင်ရင်၊ သခင့်ကို ယုံကြည်ပြီး၊ ကျွန်တော်တို့ အပြစ်တွေလွှတ်ခံရပြီးနောက်မှာတောင် ကျွန်တော်တို့က ဘာဖြစ်လို့ အပြစ်ကျူးလွန် နေကြသေးလဲ ဆိုတာကို ကျွန်တော်တို့ သိလာလိမ့်မယ်။ ကျွန်တော်တို့ ကောင်းကင်နိုင်ငံတော် ထဲကို ဝင်ရောက်နိုင်မယ်၊ မဝင်ရောက်နိုင်ဘူး ဆိုတဲ့ အကြောင်းနဲ့ပတ်သက်ရင်၊ ကျွန်တော်တို့က သခင်ယေရှုရဲ့ပေါ်ထွန်းခြင်း နဲ့ အမှုတော်တို့ရဲ့ နောက်ကြောင်းကို ပထမဆုံး လေ့လာဖို့လိုတယ်။ ပညတ်တော်ခေတ်အကုန်မှာ လူဟာ စာတန်ကြောင့် ပိုပိုပြီး ဖောက်ပြန်ပျက်စီးလာပြီး၊ အပြစ်တွေကို ပိုပိုပြီးကျူးလွန်လာလိုက်တာ၊ သူတို့ရဲ့ အပြစ်တွေကို ဖြေပေးဖို့ လုံလောက်တဲ့ အပြစ်ဖြေရာယဇ် နောက်ထပ် တစ်ခုမှ မရှိတော့ဘူး၊ ပြီးတော့ လူတွေက အဲဒီအချိန်က ပညတ်တော်ရဲ့ တရားစီရင်ခြင်းနဲ့ သေဒဏ်ပေးခံရခြင်းတို့ရဲ့ အန္တရာယ်ထဲမှာ ရှိခဲ့ကြတယ်။ ဒီနောက်ခံဖြစ်ရပ်နဲ့ ဆန့်ကျင်ပြီး ဘုရားသခင်က သခင်ယေရှုအဖြစ်နဲ့ ဇာတိပကတိဖြစ်လာပြီး၊ လူသားအတွက် အပြစ်ဖြေရာယဇ်အဖြစ်နဲ့ ကားတိုင်အတင်ခံခဲ့တယ်၊ ဒါ့ကြောင့် အဆုံးသတ်မှာ လူသားရဲ့ အပြစ်က တစ်ကြိမ်နဲ့ ထာဝရ လွှတ်ခံရတယ်။ အဲဒီနောက်မှာ လူတွေက သခင့် နာမတော်မှာ ဆုတောင်း၊ ဝန်ခံပြီး၊ နောင်တရသမျှကာလပတ်လုံး၊ သူတို့အပြစ်က လွှတ်ခံရတယ်၊ ပြီးတော့ သူတို့က ပညတ်တော်ရဲ့ စီရင်ခြင်းနှင့် ပြစ်ဒဏ်ပေးခြင်းတို့ကို မခံရတော့ဘူး။ ဘုရားသခင်က လူသားကို လည်း အပြစ်ရှိသူ အဖြစ်နဲ့ နောက်ထပ် မမြင်တော့တဲ့အပြင်၊ လူတွေကလည်း ဘုရားသခင်ကို တိုက်ရိုက် ဆုတောင်းပြီး၊ ခေါ်နိုင်တယ်၊ ပြီးတော့ ဘုရားသခင်ရဲ့ အလျှံပယ်ဖြစ်တဲ့ ကျေးဇူးတော်နဲ့ သူ့ရဲ့ သမ္မာတရား ထောက်ပံ့မှုတို့ကို နှစ်သက်ခံစားနိုင်တယ်။ သခင့်ကို ကျွန်တော်တို့ရဲ့ ယုံကြည်မှုကြောင့် ကျွန်တော်တို့အပြစ်တွေ လွှတ်ခံရကြောင်း၊ “ ကျွန်တော်တို့အပြစ်တွေ လွှတ်ခံရတယ်” ဆိုတာက ကျွန်တော်တို့က ဘုရားသခင်ရဲ့ပညတ်တော်တွေနဲ့ တရားတော်တွေကို ချိုးဖောက်ပြီး၊ သူ့နှုတ်ကပတ်တော်ကို ဆန့်ကျင်ခြင်းကနေ ဘုရားသခင်က ခွင့်လွှတ်တော်မူတယ်လို့သာ ဆိုလိုတာကို ဒီကနေပြီး တွေ့နိုင်ပါတယ်။ အဲဒါက ဘုရားသခင်ရဲ့ ပညတ်တော်တွေကို ချိုးဖောက်ပြီး ပုန်ကန်ပြစ်မှားတဲ့ ကျွန်တော်တို့ရဲ့ အပြစ်ရှိတဲ့ လုပ်ဆောင်ချက်တွေကို သခင်က မှတ်မိမှာ မဟုတ်ဘူး လို့ဆိုလိုတာ ဖြစ်တယ်။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ ဆိုးယုတ်တဲ့ စိတ်သဘောထားတွေနဲ့ ကျွန်တော်တို့ကို အပြစ်ကျူးလွန်စေတဲ့ အပြစ်ရှိတဲ့ သဘာဝက ဘုရားသခင်ရဲ့ အပြစ်လွှတ်တာကို မခံရဘူး၊ ပြီးတော့ အဲဒါက ကျွန်တော်တို့ရဲ့ ဘုရားသခင်ကို အာခံတဲ့ အပြစ်ရှိတဲ့သဘာဝ နဲ့ ဆိုးယုတ်တဲ့ စိတ်သဘောထားတွေက ဆက်ပြီးတည်ရှိနေတာကြောင့် ကျွန်တော်တို့က မကြာခဏ အပြစ်ကျူးလွန်နိုင်ဆဲ ဖြစ်နေတာပါ။ ဒါ့ကြောင့် ကျွန်တော်တို့အပြစ်ရှိတဲ့ သဘာဝက ဘုရားသခင်ကို အာအခံဆုံး အရာတစ်ခုဖြစ်ပြီး၊ သမ္မာတရားကို ဆန့်ကျင်နေတယ် ဆိုတာကို မြင်နိုင်တယ်၊ ပြီးတော့ ကျွန်တော်တို့ရဲ့ အပြစ်ရှိတဲ့သဘာဝကို မဖြေရှင်းရင်၊ လူသားအပြစ်ရဲ့ ပြဿနာက ဖြေရှင်းဖို့မဖြစ်နိုင် ဖြစ်လာလိမ့်မယ်၊ အဲဒီအပြင် ကျွန်တော်တို့က ပညတ်တော်ကို ချိုးဖောက်တာထက် ဆိုးရွားတဲ့အပြစ်ကိုတောင် ကျူးလွန်နိုင်ပြီး၊ ကောင်းကင်နိုင်ငံတော်ကို ဝင်ရောက်ဖို့ဆိုတာကတော့ လုံးလုံးကို မေးနေဖို့မလိုတော့ဘူး။ သမ္မာကျမ်းစာက ‘သင်တို့ကိုခေါ်တော်မူသော သူသည် သန့်ရှင်းတော်မူ သည်နည်းတူ၊ ကျင့်ကြံပြုမူသမျှတို့၌ သန့်ရှင်းခြင်း ရှိကြလော့။ အကြောင်းမူကား၊ ငါသည်သန့်ရှင်းတော်မူ သောကြောင့်၊ သင်တို့သည်လည်း သန့်ရှင်းခြင်းရှိကြလော့ ဟု ကျမ်းစာလာသတည်း။’ (၁ ရှင်ပေတရု ၁:၁၅-၁၆) ‘အကြောင်းမူကား၊ သမ္မာတရားကို သိပြီးမှ ကိုယ်အလိုသို့ လိုက်၍ပြစ်မှားပြန်လျှင်၊ နောက်တဖန် အပြစ်ဖြေရာယဇ်ကို ပူဇော်ရာအခွင့် မရှိဘဲ၊ ဒဏ်စီရင်ခြင်းကို ခံရမည်ဟု ကြောက်မက်ဘွယ်သော မြော်လင့်ရသောအကြောင်း၊ ငြင်းဆန်သောသူတို့ကို ဖျက်ဆီးဘို့ရာ အမျက်တော် မီးလောင်ခြင်းကို ခံရသောအကြောင်းရှိ၏။‘ (ဟေဗြဲ ၁၀:၂၆-၂၇) ‘အပြစ်တရား၏ အခကားသေခြင်းပေတည်း။’ (ရောမ ၆:၂၃) လို့ ရှင်းရှင်းလင်းလင်း ဖော်ပြထားတယ်။ ကျွန်တော်တို့ရဲ့ အပြစ်ရှိတဲ့ သဘာဝက မဖြေရှင်းရသေးပဲ ကျန်နေပြီး၊ ကျွန်တော်တို့က နေ့ပိုင်းမှာ အပြစ်ကျူးလွန်ပြီး ညပိုင်းမှာ ဝန်ခံတဲ့ အနေအထားမှာ အသက်ရှင်နေထိုင်နေဆဲ ဖြစ်တယ်ဆိုရင် ဘုရားသခင်က သန့်ရှင်းတဲ့အတွက်ကြောင့် ကျွန်တော်တို့က သခင့်ကို အဆုံးသတ်အထိ ယုံကြည်သည့်တိုင်၊ သေကြေပျက်ဆီးမှာပဲဖြစ်တယ်၊ ညစ်ညမ်းပြီး ဖောက်ပြန်ပျက်စီးတဲ့ လူသားမျိုးနွယ်က ဘုရားသခင် ရဲ့ ကောင်းကြီးမင်္ဂလာနဲ့ ကတိတော်တွေကို လက်ခံရရှိဖို့ မထိုက်တန်ဘူး၊ ပြီးတော့ ဘုရားသခင်ရဲ့ ကောင်းကင်နိုင်ငံတော် ကိုလည်း ဝင်ရောက်နိုင်မှာ မဟုတ်ဘူးဆိုတာကို ဒီကျမ်းချက်တွေကနေ ကျွန်တော် မြင်ရတယ်” ဟု ပြောရင်း မိတ်သဟာယ ပြုခဲ့ပါသည်။

ယခုအချိန်မှာ ကျွန်တော့်နှလုံးသားက အတော်အတန် အားတက်လာပြီး၊ ကျွန်တော်တို့၏ အပြစ်များမှ လွှတ်ခံရခြင်း ဆိုသည်မှာ သခင်က ဘုရားသခင်၏ ပညတ်တော်များကို ချိုးဖောက်သည့် ကျွန်တော်တို့၏ အပြစ်ရှိသော လုပ်ဆောင်ချက်များကို ခွင့်လွှတ်ခြင်းသာဖြစ်ကြောင်း ကျွန်တော် နားလည်သဘောပေါက်ရပါသည်။ သို့သော်လည်း ကျွန်တော်တို့သည် မိမိတို့၏ ဘုရားသခင်ကို အာခံသည့် အပြစ်ရှိသော သဘာဝကို မဖြေရှင်းရသေး သောကြောင့် ကျွန်တော်က နေ့ပိုင်းတွင် အပြစ်ကျူးလွန်ပြီး၊ ညပိုင်းတွင်ဝန်ခံသည့် အခြေအနေတွင် နေ့စဉ်နေ့တိုင်း အသက်ရှင်နေ သည့်အချိန်တွင် မည်မျှ ဖြေရှင်းလိုသော်လည်း မဖြေရှင်းနိုင်သည်မှာ အံ့သြစရာ မဟုတ်ပါ။ သခင့်ကို ကျေးဇူးတော်ချီးမွမ်းပါသည်။ ယနေ့ ကျွန်တော် လက်ခံရရှိသည့် မိတ်သဟာယသည် အလွန် ရှင်းလင်းလှသည်၊ ထို့အပြင် တိမ်များ ကျော်ဖြတ်သွားသကဲ့သို့ ခံစားရပြီး၊ နောက်ဆုံးတွင် ကျွန်တော် မိုးကောင်းကင်ကို မြင်တွေ့နိုင်ပါသည်။ ကျွန်တော် ထွက်ခွာလာစဉ် အစ်ကို ဂျန်းက ကျွန်တော့်ကို စာအုပ်တစ်အုပ်ပေးပြီး၊ သူ့နားလည်သဘောပေါက်မှု အားလုံးသည် ဤစာအုပ်မှလာသည်ဟု ပြောခဲ့သည်။ ကျွန်တော် ပျော်ရွှင်ခဲ့ရပါသည်။

၂၀၁၈ ခုနှစ်၊ သြဂုတ်လ ၁၅ ရက်နေ့ ဗုဒ္ဓဟူးနေ့။ ကြည်လင်သောနေ့တစ်နေ့

ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကျေးဇူးကြောင့် ဤပြီးခဲ့သည် ရက်အနည်းငယ်တွင် ကျွန်တော် အတော်အတန် စိတ်ချမ်းသာခဲ့သည်။ အစ်ကိုဂျန်းပေးခဲ့သည့် ဤစာအုပ်မှနေပြီး ကျွန်တော် ယခင်က နားမလည်ခဲ့သည့် သမ္မာတရားများစွာကို နားလည်သဘောပေါက် လာခဲ့ပြီး ကျွန်တော့်၏ နှစ်ပေါင်းများစွာသော မရှင်းလင်းမှုနှင့် စိတ်ရှုတ်ထွေးမှုများကို ပြေပျောက်စေခဲ့သည်။ ထိုစာအုပ်ထဲတွင် ကျွန်တော် ဖတ်ခဲ့ရပါသည်၊ “ အကြောင်းမှာ ကျေးဇူးတော်ခေတ်တွင် နတ်ဆိုး များသည် လက်တင်ခြင်းနှင့် ဆုတောင်းခြင်းများဖြင့် လူမှအဝေးသို့ ထွက်သွား ကြသည် ဖြစ်သော်လည်း၊ လူအတွင်းရှိ ယိုယွင်းပျက်စီးသော စိတ်သဘောထားမှာ ဆက်လက် ရှိရစ်နေသောကြောင့် ဖြစ်သည်။ လူသည် သူ၏ ဖျားနာမှုမှ သက်သာ ပျောက်ကင်းပြီး သူ၏ အပြစ်များမှ ခွင့်လွှတ်ခြင်း ခံရသော်လည်း လူအတွင်းတွင် ရှိနေသည့် ယိုယွင်းပျက်စီးနေသော စာတန် စိတ်သဘောထား များကို ဖယ်ရှားရန် အတွက် လုပ်ဆောင်မှုမှာ သူ့တွင် မလုပ်ဆောင်ရသေးဘဲ ရှိသည်။ လူသည် သူ၏ ယုံကြည်ခြင်းအတွက် ကယ်တင်ခံရပြီး သူ့အပြစ်များအတွက် ခွင့်လွှတ်ခြင်း ခံရရုံသာ ရှိသော်လည်း လူ၏ အပြစ်နှင့်ပြည့်သော သဘာဝကို ဖယ်ရှားခြင်း မရှိသောကြောင့် သူ့အထဲတွင် ကျန်ရှိနေဆဲဖြစ်သည်။ ဘုရားသခင်၏ လူ့ဇာတိခံခြင်းဖြင့် လူ၏ အပြစ်များသည် ခွင့်လွှတ်ခြင်း ခံခဲ့ရသော်လည်း ယင်းမှာ လူသည် သူ့အတွင်းတွင် အပြစ်မရှိဟု ဆိုလိုခြင်း မဟုတ်ပေ။ လူ၏ အပြစ်များသည် အပြစ်ဖြေရာယဇ်မှ တစ်ဆင့် ခွင့်လွှတ်ခြင်း ခံရနိုင်သော်လည်း လူသည် သူ့အနေဖြင့် အပြစ်မရှိတော့ရန်နှင့် သူ၏ အပြစ်နှင့်ပြည့်သော သဘာဝကို အပြည့်အဝ ဖယ်ရှားပြီး ပြောင်းလဲပစ်ရန် ကိစ္စကို ဖြေရှင်းနိုင်ခြင်း မရှိပေ။” (“ လူ့ဇာတိခံယူခြင်း၏ နက်နဲသောအရာ (၄)“ ) “ နောက်ဆုံးကာလ အတွင်းတွင် ယေရှုသည် ဆင်းသက်လာ မည်ကိုသာ သင်သိသည်၊ သို့သော်လည်း အတိအကျအားဖြင့် သူမည်သို့ ဆင်းသက်လာ မည်နည်း။ သင်ကဲ့သို့ အပြစ်သားတစ်ဦးသည် ရွေးနှုတ်ခြင်း ခံရပြီးစဖြစ်ပြီး မပြောင်းလဲသေး၊ သို့မဟုတ် ဘုရားသခင်အားဖြင့် ပြည့်စုံခြင်းသို့ မရောက်သေး သူအနေနှင့် သင်သည် ဘုရားသခင်၏ စိတ်နှလုံးနှင့် ညီနိုင်သလော။ လူဟောင်းအတိုင်း ရှိနေဆဲဖြစ်သည့် သင့်အတွက်ဆိုလျှင် သင့်ကို ယေရှုက ကယ်တင်ခဲ့သည်မှာ မှန်ပြီး ဘုရားသခင်၏ ကယ်တင်ခြင်းကြောင့် သင့်ကို အပြစ်သားအဖြစ် မရေတွက်သော်လည်း ၎င်းက သင်သည် အပြစ်ကင်းပြီး မသန့်ရှင်းသူ မဟုတ်ကြောင်း သက်သေပြခြင်း မဟုတ်ပေ။ သင်သည် မပြောင်းလဲသေးပါက သင်သည် မည်ကဲ့သို့လျှင် သန့်ရှင်း စင်ကြယ်ခြင်း ရှိနိုင်မည်နည်း။ အတွင်းသဏ္ဌာန်အားဖြင့် သင်သည် မသန့်ရှင်းခြင်း၊ အတ္တနှင့် ညစ်ကျယ်ကျယ်ဖြစ်ခြင်းတို့ဖြင့် ဖွဲ့စည်းထားသည့်တိုင်အောင် သင်သည် ယေရှုနှင့်အတူ ဆင်းသက် လိုနေဆဲ ဖြစ်သည်၊ ယုတ္တိရှိလိုက်သည့် ဖြစ်ခြင်း။ သင်သည် သင်၏ ဘုရားသခင်ထံကို ယုံကြည်ခြင်းတွင် အဆင့်တစ်ခု ပျောက်ဆုံးနေ သည်။ သင်သည် ရွေးနုတ်ခြင်း ခံရရုံသာ ရှိသေးသည်၊ သို့သော် သင်သည် မပြောင်းလဲသေး။ သင်သည် ဘုရားသခင်၏ စိတ်နှလုံးနှင့် ညီညွတ်ရန် လိုသေးသောကြောင့် ဘုရားသခင်သည် သင့်ကို ပြောင်းလဲရန်နှင့် သန့်စင်စေရန် အလုပ်တို့ကို ကိုယ်တိုင်လုပ်ရမည်။ သင်သည် အကယ်၍ ကယ်နုတ်ခြင်းကို ခံရရုံသာဖြစ်ပါက သင်သည် သန့်ရှင်းခြင်းကို ရယူရန် စွမ်းဆောင် နိုင်လိမ့်မည် မဟုတ်ပေ။ ပြောင်းလဲခြင်းနှင့် စုံလင်ခြင်း၏ အဓိက အဆင့်ဖြစ်သော လူကို စီမံခန့်ခွဲသည့် ဘုရားသခင်၏ အလုပ်တွင် အဆင့်တစ်ဆင့်ကို လွတ်သွားခဲ့သည့်အတွက် ဤနည်းလမ်း အားဖြင့် သင်သည် ဘုရားသခင်၏ ကောင်းမြတ်သော ကောင်းချီး များကို ဝေမျှရန် အရည်အသွေးပြည့်မီလိမ့်မည် မဟုတ်ပေ။ သို့ဖြစ်ရာ ရွေးနုတ်ခြင်းကို မကြာသေးမီက ရရှိသော အပြစ်သားတစ်ဦးဖြစ်သည့် သင်သည် ဘုရားသခင်၏ အမွေအနှစ်ကို တိုက်ရိုက် အမွေဆက်ခံရန် စွမ်းဆောင်နိုင် မည်မဟုတ်ပေ။” (“ အမည်နာမများနှင့် သွင်ပြင်လက္ခဏာနှင့် ပတ်သက်၍“ )

ဤနှုတ်ကပတ်တော်များကို ဖတ်ပြီး အစ်ကိုဂျန်းက ကျွန်တော့်ကို ဝေငှခဲ့သည့်အရာများကို တွေးရင်း ရုတ်တရက် အရာအားလုံးက ကျွန်တော့်အတွက် ရှင်းလင်းလာခဲ့သည်။ အမှန်မှာမူ သခင်ယေရှုသည် လူသားမျိုးနွယ်ကို ရွေးနှုတ် ကယ်တင်သည့် အမှုတော်ကိုသာ ပြုခဲ့သောကြောင့် ကျွန်တော်တို့ အပြစ်များကို လွှတ်စေပြီး၊ ကျွန်တော်တို့၏ ယုံကြည်မှုမှတစ်ဆင့် ကယ်တင်ခံရစေသည်၊ ကိုယ်တော်မပြုခဲ့သည့် အမှုတော်မှာ လူသားကို လုံးဝဉဿုံ သန့်စင်ပြီး ပြောင်းလဲရန် အမှုတော် ဖြစ်သည်။ သခင်က ကျွန်တော်တို့၏ အပြစ်များကို လွှတ်ခဲ့သော်လည်း ကိုယ်တော်က ကျွန်တော်တို့၏ ဆိုးယုတ်သော သဘာဝကို မဖြေရှင်းခဲ့ပါ၊ ထို့အပြင် မာနထောင်လွှားခြင်း၊ အတ္တကြီးခြင်း၊ လှည့်ဖြားခြင်းနှင့် ကောက်ကျစ် စဉ်းလဲခြင်းတို့ကဲ့သို့သော ကျွန်တော်တို့ထဲမှ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများက ဆက်လက် တည်ရှိနေခဲ့သည်။ ဤအရာများသည် အပြစ်ထက် ပို၍နက်ရှိုင်းပြီး၊ ပို၍ မပျောက်နိုင် အောင်ရှိသည်၊ ဤဘုရား သခင်ကို အာခံသည့် ဆိုးယုတ်သော သဘာဝနှင့် ဤဖောက်ပြန် ပျက်စီးသည့် စိတ်သဘောထားများ မဖြေရှင်းပါက၊ ကျွန်တော်တို့သည် အပြစ်ကျူးလွန်ခြင်း နှင့် ဘုရားသခင်ကို အာခံခြင်းတို့ကို တမင်တကာ ဆက်လက်ပြု လုပ်နေလိမ့်မည်။ ဤအချက်က ကျွန်တော်တို့အမြဲတမ်း အပြစ်တွင် မည်ကဲ့သို့ အသက်ရှင်နေထိုင်ခဲ့သည်ကို တွေးတောစေပါသည်။ ဥပမာအားဖြင့် အခြားသူများနှင့် ကျွန်တော်တို့ ဆက်ဆံရာတွင်၊ ကျွန်တော်တို့က သူတို့ကို အမြဲတမ်း အခွင့်ကောင်းယူလိုပြီး၊ မိမိကိုယ်ကို တစ်စုံတစ်ခုမျှ မဆုံးရှုံးလိုပါ၊ ကျွန်တော်တို့ထက် သာလွန်သည့် အခြားသူများကို မြင်သည့်အခါတွင် ကျွန်တော်တို့က မနာလိုခြင်း နှင့် မနာခံခြင်း ဆိုင်ရာ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများကို မကြာခဏ ဖော်ပြကြသည်။ တစ်စုံတစ်ယောက်က မိမိတို့ကို သဘောမကျဖြစ်စေသည့်အခါတွင် ကျွန်တော်တို့က တစ်စုံတစ်ခုမျှ မပြောသော်လည်း ကျွန်တော်တို့နှလုံးသားများသည် သူတို့ကို မုန်းတီးခြင်းများဖြင့် ပြည့်နှက်လာသည်။ ဘုရားသခင်က ကျွန်တော်တို့ကို ကျေးဇူးပြုသည့်အခါအတွင် ကျွန်တော်တို့ ပျော်ရွှင်သည်ဟု ခံစားရသော်လည်း ကိုယ်တော်က ကျွန်တော်တို့ကို ကျေးဇူးမပြုသည့်အခါအတွင် ကျွန်တော်တို့က ကိုယ်တော့်ကို အပြစ်တင်လိုက်ကြသည်မှာ သဘာဝဘေးအန္တရာယ် သို့မဟုတ် လူလုပ်ကပ်ဘေးကျရောက်သည့်အခါတွင် ကျွန်တော်တို့ထဲတွင် ဘုရားသခင် အကြောင်း စိတ်ကူးစိတ်သန်းများ ပေါ်လာပြီး၊ စိုးရိမ်ရသည့် အခြေအနေများတွင် ကျွန်တော်တို့က ဘုရားသခင်ကို ငြင်းပယ်ပြီး သစ္စာပင် ဖောက်နိုင်ကြပါသည်။ နေ့စဉ်နေ့တိုင်း ကျွန်တော်တို့က အပြစ်ကျူးလွန်ခြင်း၊ ဝန်ခံခြင်း၊ ပြီးလျှင် တစ်ဖန် အပြစ်ကျူးလွန်ခြင်း ဆိုးကျိုးသံသရာထဲတွင် အသက်ရှင်နေထိုင်ကြ သည်မှာ တမန်တော်ရှင်ပေါလုက “ ငါ့အထဲမှာ ငါ့ဇာတိပကတိ၌ ကောင်းသော အရာတစုံတခုမျှ မတည်သည်ကို ငါသိ၏။ အကြောင်း မူကား၊ ငါသည်ကျင့်ချင်သော စိတ်ရှိသော်လည်း၊ ကောင်းစွာ ကျင့်တတ်သောအခွင့်ကိုရှာ၍ မတွေ့နိုင်။” (ရောမ ၇:၁၈) ဟု ပြောသကဲ့သို့ပင် ဖြစ်နေပါသည်။ ဘုရားသခင်က လူသားကို သန့်စင်ခြင်းနှင့် ပြောင်းလဲခြင်း အမှုတော်ကို ပြုရန် ကိုယ်တော်တိုင် မကြွလာခဲ့ပါက၊ ကျွန်တော်တို့ တစ်ယောက်မျှ အပြစ်၏ ချည်နှောင်ခြင်းနှင့် ကန့်သတ်ခြင်းတို့ကို ဖယ်ရှားနိုင်မည် မဟုတ်ပါ၊ ကျွန်တော်တို့သည် အပြစ်၏ အနိုင်ယူခြင်းကို ခံရမည်၊ လောက၏ ဆိုးယုတ်သော ရေပန်းစားမှုများနောက်လိုက်မည်၊ အပြစ်၏ သာယာမှုများကို ငမ်းငမ်းတက်လိုချင်မည်၊ ပြီးလျှင် ကျွန်တော်တို့ အသက်ရှင်နေထိုင်သမျှသည် သာမာန်လူ့သဘာဝ တစ်စက်မျှပင် ရှိမည် မဟုတ်ပါ။ ဘုရားသခင်ကို သူတို့တစ်ဘဝလုံး ယုံကြည်ခဲ့သူများ သို့မဟုတ် သမ္မာကျမ်းစာကို ကောင်းမွန်စွာ သိရှိသော ဘာသာရေးခေါင်းဆောင်များနှင့် သမ္မာကျမ်းစာနှင့် ပတ်သက်ပါက ဗဟုသုတနှံ့စပ်စုံလင်သော စိတ်ရှိသူများသည်ပင်လျှင် ဤကဲ့သို့ ဖြစ်ကြပေသည်၊ ၎င်းတို့တစ်ဦးမှ အပြစ်၏ ချည်နှောင်ခြင်းများကို ဖယ်ရှားနိုင်မည် မဟုတ်ပါ။ ထို့ကြောင့် ကျွန်တော်တို့သည် မိမိတို့အပြစ်များကို အကြိမ်ပေါင်း တစ်ထောင်၊ တစ်သောင်းတိုင်အောင် လွှတ်ခံရနိုင်လျှင်ပင်၊ ကျွန်တော်တို့သည် ကောင်းကင်နိုင်ငံတော်ကို ဝင်ရောက်ဖို့ အရည်အချင်း ပြည့်မီလိမ့်ဦးမည် မဟုတ်ပါ။

သခင့်ကို ကျေးဇူးတော် ချီးမွမ်းပါသည်။ ဤနှုတ်ကပတ်တော် များသည် အလွန် အဖိုးထိုက်တန်ပြီး၊ ၎င်းတို့က ကျွန်တော်ကို အချိန်ကြာမြင့်စွာ ဦးနှောက်ခြောက်စေသည့် ဤပြဿနာကို ဖြေရှင်း ပေးခဲ့သည်၊ ထို့ကြောင့် ကျွန်တော်တို့က အပြစ်ကို မည်သို့ တိတိကျကျ ဖယ်ရှားနိုင်မည်နည်း။ ဤစာအုပ်ထဲတွင် ဤသို့ပြုလုပ်ရန် နည်းလမ်း ပါရှိပါသလား။ ကျွန်တော် ဆက်ပြီး ဖတ်ရှုရမည် …

၂၀၁၈ ခုနှစ်၊ သြဂုတ်လ ၁၆ ရက်နေ့ ကြာသာပတေးနေ့။ အုံ့မှိုင်းသောကောင်းကင်သည် နေသာလာသည်

နေ့လည်ပိုင်းတွင် နေက ထူထပ်သည့်တိမ်မှတစ်ဆင့် ရအောင် တိုးထွက်တောက်ပလာခဲ့သည်။ ကျွန်တော်က မိမိစာကြည့်တိုက်ထဲတွင် ထိုင်နေရင်း ထိုစာအုပ်ကို ဆက်လက်ဖတ်ရှုလေသည်။

ဘုရားသခင်၏ ဉာဏ်အလင်းပေးမှု နှင့် လမ်းပြမှုတို့အတွက် ကျွန်တော် ဘုရားသခင်ကို ကျေးဇူးတင်မိပါသည်။ ဤစာအုပ်အတွင်း အပြစ်၏ချည်နှောင်ခြင်းကို ဖယ်ရှားဖို့ နည်းလမ်းကို ကျွန်တော် ရှာတွေ့ခဲ့ပါသည်၊ “ ဘုရားသခင်၏ လက်ဝါးကပ်တိုင်တွင် အသေခံ ခြင်းအလုပ်ကြောင့် လူ၏ အပြစ်များကို ခွင့်လွှတ်ခဲ့သော်လည်း လူသည် ယိုယွင်းပျက်စီးသော စာတန် စိတ်သဘောထား အဟောင်းတွင် ဆက်လက်နေထိုင်ခဲ့သည်။ သို့ဖြစ်ရာ လူ၏ အပြစ်နှင့်ပြည့်သော သဘာဝကို လုံးဝ စွန့်ပစ်ရန်နှင့် နောက်မည်သည့်အခါမှ ပြန်လည် မပေါ်ပေါက်စေရန် အတွက် ယိုယွင်းပျက်စီးသော စာတန် စိတ်သဘောထားမှ လုံးဝ ကယ်တင်ခြင်း ခံရခြင်းခံရမည် ဖြစ်သည်၊ ထိုသို့အားဖြင့် လူ၏ စိတ်သဘောထားကို ပြောင်းလဲရန် အခွင့်ပြုရမည်။ ယင်းအတွက် လူသည် အသက်တာတွင် ကြီးထွားမှု လမ်းကြောင်း၊ အသက်၏ လမ်းခရီးနှင့် သူ၏ စိတ်သဘောထားကို ပြောင်းလဲရန် လမ်းခရီးတို့ကို နားလည်ရန် လိုအပ်သည်။ လူ၏စိတ်သဘောထား ကို တဖြည်းဖြည်း ပြောင်းလဲစေရန်နှင့် သူသည် အလင်း၏ တောက်ပမှုအောက်တွင် နေထိုင်နိုင်ရန်အတွက် လူသည် ယင်းလမ်းကြောင်းနှင့်အညီ လုပ်ဆောင်ရန်လည်း လိုအပ်ပြီး သူသည် ဘုရားသခင်၏ အလိုနှင့်အညီ အလုံးစုံသော အရာတို့ကို လုပ်ဆောင်နိုင်ရန်၊ ယိုယွင်း ပျက်စီးသော စာတန် စိတ်သဘောထားကို ဖယ်ရှားပစ်ရန်နှင့် စာတန်၏ မှောင်မိုက်သော လွှမ်းမိုးမှုမှ ချိုးဖောက် လွန်မြောက်ခြင်းတို့အားဖြင့် အပြစ်မှ အပြည့်အဝ လွတ်မြောက်လာမည်ဖြစ်သည်။ ထိုအခါမှသာလျှင် လူသည် ပြည့်စုံသော ကယ်တင်ခြင်းကို ရရှိမည်။” (“ လူ့ဇာတိခံယူခြင်း၏ နက်နဲသောအရာ (၄)” ) “ စာတန်၏ လွှမ်းမိုးမှုမှ လူသားများကို အပြည့်အဝ ကယ်တင်ခြင်းသည် ယေရှုကို အပြစ်ဖြေရာယဇ်အဖြစ် လူသားတို့၏ အပြစ်များကို ယူဆောင်သွားရန် လိုအပ်သည်သာမက စာတန် ယိုယွင်းဖျက်ဆီး ခဲ့သော လူသားတို့၏ စိတ်သဘောထားကို လုံးဝပယ်ရှင်းရန် ဘုရားသခင်၏ ပိုကြီးမြတ်သော အမှုလည်း လိုအပ်သည်။ ထို့ကြောင့် လူသားတို့သည် မိမိတို့အပြစ်ကို ခွင့်လွှတ်ခြင်း ခံရပြီးနောက် ဘုရားသခင်သည် လူသားတို့ကို ခေတ်သစ်တစ်ခု ဆီသို့ ဦးဆောင်ခေါ်သွားရန် လူ့ဇာတိအဖြစ် ပြန် ကြွလာခဲ့ပြီး ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းအလုပ်ကို စတင်ခဲ့ကာ ထိုအလုပ်သည် လူသားတို့အား ပိုမိုကြီးမြတ်သော နယ်ပယ်တစ်ခု ဆီသို့ ဆောင်ကြဉ်းခဲ့သည်။ သူ၏ အုပ်စိုးမှုကို နာခံသူအားလုံးသည် ပိုမြင့်သော သမ္မာတရားနှင့် ပိုကြီးမြတ်သော ကောင်းချီးများကို ခံစားရလိမ့်မည်။ သူတို့သည် အလင်းတွင် အမှန်တကယ် နေထိုင်ရမည်ဖြစ်ပြီး သမ္မာတရား၊ လမ်းခရီးနှင့် အသက်တို့ကိုလည်း ရလိမ့်မည်။” (“ ဘုရားသခင်၏ အလုပ်ကို ကိုယ်တွေ့ ကြုံတွေ့သော သူသာလျှင် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်၏“ )

ကျွန်တော် ဤကျမ်းပိုဒ်နှစ်ခုကို ဖတ်ရှုသည့်အခါတွင်၊ ရုတ်တရက် သိနားလည်မှုတစ်ခု ရရှိခဲ့သည်၊ အမှန်မှာမူ ကျွန်တော်တို့၏ ဆိုးယုတ်ပြီး ဖောက်ပြန်သည့် စိတ်သဘောထားများ၏ ချည်နှောင်မှုများနှင့် ကန့်သတ်မှုများကို ဖယ်ရှားလိုပါက၊ ကျွန်တော်တို့က နောက်ဆုံးသော ကာလတွင် ဘုရားသခင်၏ တရားစီရင်ခြင်းအမှုတော်ကို လက်ခံရမည်၊ ပြီးနောက် ကျွန်တော်တို့၏ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထား များက ပြောင်းလဲပြီး သန့်စင်နိုင်သည်၊ သို့မှသာလျှင် ကျွန်တော်တို့က ဘုရားသခင်၏ မျက်နှာတော်ကို မြင်တွေ့ဖို့၊ ဘုရားသခင်၏ စုံလင်သော ကယ်တင်ခြင်းကို ရရှိဖို့ နှင့် ဘုရားသခင်၏ ကောင်းကင် နိုင်ငံတော်တွင် ထာဝရ အသက်ရှင်နေထိုင်ဖို့တို့အတွက် အရည်အချင်းပြည့်မီကြမည်။ သခင်ယေရှု မိန့်တော်မူခဲ့သည့် အရာတစ်ခုကို ကျွန်တော် မတွေးပဲမနေနိုင်ခဲ့ပါ၊ “ သင်တို့အား ငါပြောစရာစကား အများရှိ သော်လည်း၊ သင်တို့သည် ယခုမခံနိုင် ကြ။ သမ္မာတရားနှင့်ပြည့်စုံသော ထိုဝိညာဉ်တော်သည် ရောက်လာ သောအခါ၊ သမ္မာတရားကို သင်တို့အား အကြွင်းမဲ့ သွန်သင်ပြလိမ့် မည်။ ထိုဝိညာဉ်တော်သည် ကိုယ်အလိုအလျောက် ဟောပြောမည် အဟုတ်။ ကြား သမျှတို့ကို ဟောပြောလိမ့်မည်။ နောင်လာလတံ့ သောအရာတို့ကိုလည်း သင်တို့အား ဘော်ပြလိမ့်မည်။” (ရှင်ယောဟန် ၁၆:၁၂-၁၃) ပြီးနောက် သမ္မာကျမ်းစာထဲမှ ဤပရောဖက်ပြုခြင်းများကလည်း စိတ်ထဲရောက် လာခဲ့သည်၊ “ ဘုရားသခင်၏အိမ်တော်သားတို့ကို ရှေ့ဦးစွာစစ်ကြော စီရင်ရသော အချိန်ရှိပြီ။” (၁ ရှင်ပေတရု ၄:၁၇) “ နောက်ဆုံးသောကာလ၌ ထင်ရှားစေခြင်းငှာ ပြင်ဆင်သော ကယ်တင်ခြင်းသို့ ရောက်စေမည်အကြောင်း၊ ယုံကြည်ခြင်းအားဖြင့် ဘုရားသခင်၏ တန်ခိုးတော်သည် စောင့်ရှောက်တော်မူသော သင်တို့” (၁ ပေ ၁:၄-၅) အမှန်မှာမူ နောက်ဆုံးသောကာလတွင် ကိုယ်တော် ပြန်ကြွလာမည့်အကြောင်း နှင့် ကျွန်တော်တို့၏ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများကို လုံးလုံးသန့်စင်ကာ ပြောင်းလဲပြီး၊ ကျွန်တော်တို့ကို သမ္မာတရားအားလုံးနှင့် ဘုရားသခင်၏ စုံလင်သော ကယ်တင်ခြင်းတို့ကို ရရှိခွင့်ပေးရန် ကိုယ်တော်၏ တရားစီရင်ခြင်း အမှုတော်ကို ပြုမည် ဖြစ်ကြောင်းတို့ကို သခင်ယေရှုက ဟိုးယခင် ကတည်းက ပရောဖက်ပြုခဲ့ပြီး ဖြစ်သည်။ သို့သော်လည်း ကျွန်တော်က အလွန်အသိမဲ့ပြီး မျက်စိကန်း နေခဲ့သည်၊ ကျွန်တော်က ကိုယ်တော့်နှုတ်ကပတ်တော်ထဲတွင် သခင်၏ အလိုတော်ကို ချင့်ချိန်စဉ်းစားဖို့ သို့မဟုတ် ရှာဖွေဖို့ အားထုတ်ကြိုးပမ်းမှု မပြုခဲ့ပါ၊ သို့သော် ယင်းအစား ကျွန်တော်က မိမိအတွေးအမြင်များနှင့် စိတ်ကူးများကိုသာ ကိုင်ထားပြီး၊ သခင်ယေရှုသည် ကျွန်တော်တို့ အပြစ်များကို သူ့အပေါ်သို့ ယူဆောင်ပြီးဖြစ်ကြောင်း၊ ကျွန်တော်တို့ အပြစ်များ လွှတ်ခံရပြီးဖြစ်ကြောင်း၊ သခင့်အတွက် ကျွန်တော်တို့ အရာအားလုံးကို စွန့်လွှတ်သမျှကာလပတ်လုံး ကျွန်တော်တို့က ကောင်းကင်နိုင်ငံတော်ကို ဝင်ရောက်နိုင်မည်ဖြစ်ကြောင်း ယုံကြည်ခဲ့သည်။ ယခုအခါတွင် ကျွန်တော်တို့၏ အပြစ်ကျူးလွန်ခြင်း ပြဿနာကို မဖြေရှင်းပါက၊ အညစ်အကြေးများနှင့် ဖောက်ပြန်ပျက်စီးခြင်းများဖြင့် ပြည့်နှက်သော ကျွန်တော်တို့ ခန္ဓာကိုယ်နှင့်အတူ၊၊ နောက်ဆုံးတွင် ကျွန်တော်တို့သည်လည်း ကောင်းကင် နိုင်ငံတော်သို့ ဝင်ရောက်နိုင်မည် မဟုတ်သည့်သဘောတွင် ရှိနေသည်၊ ဤစာအုပ်တွင် ပြောထားသည့်အတိုင်းပင် ဖြစ်ပါသည်၊ “ မည်ကဲ့သို့သော လူမျိုးကို ငါနှစ်သက်သည်ကို သင်သိရမည်။ မသန့်စင်သော ထိုသူများအား နိုင်ငံတော်အထဲသို့ ဝင်ရောက်ရန် အခွင့်မပြု၊ မသန့်စင်သော ထိုသူများအား သန့်ရှင်းသောမြေကို ညစ်ညူးစေရန် အခွင့်မပြု။ သင်သည် များစွာသော အလုပ်တို့ကို လုပ်ဆောင်ခဲ့ပြီး၊ နှစ်ပေါင်းများစွာ လုပ်ဆောင်ခဲ့သော်ငြားလည်း၊ အဆုံး၌ သင်သည် ဆိုးရွားစွာပင် ညစ်ညမ်းနေဆဲ ဖြစ်မည်ဆိုပါက၊ သင် ငါ့နိုင်ငံတော်ထဲသို့ ဝင်ရောက်လိုသည်မှာ ကောင်းကင်ဘုံ၏ ဥပဒေသအတွက် သည်းမခံနိုင်စရာပင် ဖြစ်သည်။ လောကကြီးအား အုတ်မြစ်ချသည့် အချိန်မှစ၍ ယနေ့အထိ၊ မည်သည့်အခါမျှပင် ငါသည် ငါ့အား မျက်နှာလို မျက်နှာရ ပြုကြသော ထိုသူများအား ငါ့နိုင်ငံတော်ထဲသို့ လွယ်ကူစွာ ဝင်နိုင်ခွင့်ကို မပေးခဲ့။ ဤအရာသည် ကောင်းကင်ဆိုင်ရာ စည်းမျဉ်းပင် ဖြစ်ပြီး၊ ယင်းအား မည်သူမျှ မချိုးဖောက်နိုင်။” (“ အောင်မြင်မှုနှင့် ရှုံးနိမ့်မှုသည် လူလျှောက်သော လမ်းကြောင်းအပေါ်တွင် မူတည်သည်“ )

ဤနှုတ်ကပတ်တော်များက သြဇာအာဏာ နှင့် တန်ခိုးတို့ကို သယ်ဆောင်လာပြီး၊ ဘုရားသခင်သည် သနား ကရုဏာနှင့်ပြည့်စုံပြီး၊ ချစ်ခင်ကြင်နာတတ်သော်လည်း၊ သူသည် ဖြောင့်မတ်ပြီး သန့်ရှင်းသည့် ဘုရားသခင် ကိုယ်တော်တိုင်ဖြစ်ကြောင်း တို့ကို ကျွန်တော် နားလည် သဘောပေါက်လာသည်။ ဘုရားသခင်က ညစ်ညမ်းပြီး ဖောက်ပြန်ပျက်စီးနေသည့် လူကို သူ့ကောင်းကင် နိုင်ငံတော်ထဲသို့ ဝင်ရောက်ခွင့် မပြုသလို၊ ကျွန်တော်တို့၏ အပြစ်ရှိသည့် သဘာဝသည် သန့်စင်ခြင်းနှင့် ပြောင်းလဲခြင်းမရှိပါက၊ ကျွန်တော်တို့အပြစ်များ လွှတ်ခြင်းခံရပြီး၊ သခင့်အတွက် ကျွန်တော်တို့သည် အပြင်ပန်းတွင် ကောင်းမှုအချို့ ပြုလုပ်နေအသွင်ပေါက်ပြီး၊ အရာအားလုံးကို စွန့်လွှတ်၊ မိမိကိုယ်ကို အသုံးခံပြီး အလုပ်လုပ်နေသည့်တိုင် ကျွန်တော်တို့၏ ကောင်းကင်နိုင်ငံတော်ကို ဝင်ရောက်ခြင်း အိပ်မက် သည် အိပ်မက်တစ်ခုသာ ထာဝရဖြစ်လိမ့်မည်။

တိမ်များ အမှန်တကယ် ကျော်ဖြတ်သွားပြီဖြစ်ပြီး၊၊ ကျွန်တော် ယခုအခါ နေရောင်ခြည်ကို တွေ့မြင်ရပြီ။ သခင်၏ ကယ်တင်ခြင်းကို ရရှိသူ ကျွန်တော်တို့သည် ကျွန်တော်တို့ အပြစ်များသာလွှတ်ခြင်းခံရပြီး၊ ရွေးနှုတ်ခံရပြီးဖြစသော်လည်း ကျွန်တော်တို့ ကိုယ့်ဘာသာ အပြစ်များကို မဖယ်ရှားရသေးကြောင်းကို ယခုနောက်ဆုံးတွင် ကျွန်တော် သိလာရသည်။ ကျွန်တော်တို့က နောက်ဆုံးသော ကာလတွင် ဘုရားသခင်၏ တရားစီရင်ခြင်းအမှုတော်ကို လက်ခံကာ သန့်စင်ခံရဦးမည်ဖြစ်ပြီး၊ သို့မှသာလျှင် ကျွန်တော်တို့က ကောင်းကင် နိုင်ငံတော်သို့ ဝင်ရောက်ရန် နှင့် ထာဝရအသက်ကို ရရှိရန် အရည်အချင်းပြည့်မီလိမ့်မည်။ ဤသည်မှာ ဗျာဒိတ်ကျမ်းတွင် “ ညစ်ညူးသောအရာ၊ စက်ဆုပ်ဘွယ်သောအရာ၊ သစ္စာပျက် သောအရာ တစုံတခုမျှမဝင်ရဘဲ၊ သိုးသငယ်၏ အသက်စာစောင်၌ စာရင်းဝင်သော သူတို့သာလျှင် ဝင်ရ၏။” (ဗျာဒိတ်ကျမ်း ၂၁:၂၇) ဟု ပရောဖက်ပြုထားသည့်အချက်ကို အတိအကျ ပြည့်စုံစေပါသည်။ ကျွန်တော့်အနေဖြင့် နောက်ဆုံးတွင် ကိုယ့်ကိုကိုယ် အပြစ်မှ ဖယ်ရှားရန်နည်းလမ်းကို သိရှိလာသည့်အတွက် သခင့်ကို ကျေးဇူးတင်ပါသည်။

No comments:

Post a Comment