菜單

မူလစာမျက်နှာ သတင်းအချက်အလက် အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ စွဲကိုင်ထားသူ လွတ်လပ်မှန်ကန်တဲ့လူ့အခွင့်အရေး ကယ်တင်ရှင်ပြန်ကြွလာပြီ ဧဝံဂေလိတရားတော် ကောင်းကင်နိုင်ငံတော်သီချင်း အမှန်တရားကို ဖေါ်ထုတ်ခြင်း နိုင်ငံတော် ချီးမွမ်းခြင်း တေးဂီတ ဘုရားသခင်၏ နှုတ်ကပတ်တော်များ ဖတ်ကြားခြင်းများ

10/13/2019

တရားစီရင်ခြင်းအမှုကိုလုပ်ဆောင်ရန် ဘုရားသခင်၏ လူ့ဇာတိခံယူခြင်းသည် မရေရာသည့် ဘုရားသခင်အပေါ် လူသားမျိုးနွယ်၏ ယုံကြည်ခြင်းနှင့် စာတန်၏အုပ်စိုးမှုအောက် မှောင်မိုက်သည့် ခေတ်ကို မည်သို့ အဆုံးသတ်သနည်း။

ယေရှု, ကောင်းကင်နိုင်ငံတော်, ကယ်သင်ခြင်း, ခရစ်တော်, ဘုရားသခင်,

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-

နောက်ဆုံးသော ကာလ၌ ထာဝရဘုရား၏ အိမ်တော်တည်သောတောင်သည် တောင်ကြီးတောင်ငယ် တို့၏ ထိပ်ပေါ်မှာ ချီးမြှောက်၍ တည်လိမ့်မည်။ ခပ်သိမ်း သောလူမျိုးတို့သည် ထိုတောင်သို့ စည်းဝေးကြလိမ့်မည်။ များပြားသောသူတို့ကလည်း၊ လာကြလော့။ ထာဝရဘုရား၏တောင်တော်၊ ယာကုပ်အမျိုး၏ ဘုရား သခင့်အိမ်တော်သို့ တက်သွားကြကုန်အံ့။ လမ်းခရီးတော် တို့ကို ပြသသွန်သင်တော်မူ၍၊ ငါတို့သည် ခြေတော်ရာသို့ လိုက်သွားကြမည်ဟု ခရီးသွားလျက် ပြောဆိုကြလိမ့်မည်။ တရားတော်သည် ဇိကုန်တောင်မှ၎င်း၊ ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ယေရုရှလင်မြို့မှ၎င်း၊ ပေါ်ထွက် လိမ့်မည်။ ထာဝရဘုရားသည် လူမျိုးတို့တွင် တရားစီရင် ၍၊ များပြားသောသူတို့ကို ဆုံးမတော်မူသဖြင့်၊ သူတို့ ထားလက်နက်များကို တံစဉ်ဖြစ်စေခြင်းငှါ၎င်း ထုလုပ်ကြ လိမ့်မည်။ တပြည်ကို တပြည်စစ်မတိုက်၊ စစ်အတတ်ကို လည်း နောက်တဖန်မသင်ရကြ။” (ဟေရှာ ၂:၂- ၄)

အနန္တတန်ခိုးနှင့်ပြည့်စုံ၍၊ ပစ္စုပ္ပန်၊ အတိတ်၊ အနာဂတ်ကာလအစဉ်ရှိတော်မူသော ထာဝရအရှင် ဘုရားသခင်၊ ကိုယ်တော်၏ မဟာတန်ခိုးတော်ကို ယူဆောင်၍ စိုးစံတော်မူသော ကျေးဇူးတော်ကို အကျွန်ုပ် တို့သည် ချီးမွမ်းပါ၏။ လူမျိုးတို့သည် အမျက်ထွက်ကြသည်ဖြစ်၍၊ အမျက်တော်သည်လည်းရောက်ပါပြီ။ သေလွန်သော သူတို့ကို တရားစီရင်ဆုံးဖြတ်တော်မူ၍၊ ကိုယ်တော်၏ ကျွန်တည်းဟူသော ပရောဖက်တို့အား ၎င်း၊ သန့်ရှင်းသူ တို့အား၎င်း၊ ကိုယ်တော်ကိုကြောက်ရွံ့ရိုသေသော သူအကြီးအငယ်တို့အား၎င်း၊ ဆုကျေးဇူးကို ပေးသနား တော်မူ၍ မြေကြီးကို ဖျက်ဆီးသော သူတို့ကို ဖျက်ဆီးတော်မူသော အချိန်ရောက်ပါပြီဟု လျှောက်ဆိုကြ၏။” (ဗျာ ၁၁:၁၇-၁၈)

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-


နောက်ဆုံးသောကာလ၌ လူ့ဇာတိခံယူသော ဘုရားသခင်၏ ရောက်ရှိလာခြင်းကမူ ကျေးဇူးတော်ခေတ်ကို အဆုံးသတ်စေခဲ့သည်။ ဘုရားသခင် လောကသို့ ကြွလာခြင်းသည် အဓိကအားဖြင့် သူ၏နှုတ်ကပတ်တော်များကို ပြောဆိုရန်၊ လူသားကို စုံလင်အောင်ပြုရန်အတွက် နှုတ်ကပတ်တော်များကို အသုံးပြုရန်၊ လူသားကို အလင်းပေးရန်နှင့် ဉာဏ်အလင်းပွင့်စေရန်၊ လူသား၏နှလုံးသားထဲ၌ နေရာယူထားသည့် မရေရာသော ဘုရားသခင်ကို ဖယ်ရှားရန်အတွက် ဖြစ်သည်။ ဤသို့လုပ်ဆောင်ခြင်းသည် ယေရှုလောကသို့ ကြွလာသောအခါ၌ လုပ်ဆောင်ခဲ့သည့် အမှုအဆင့် မဟုတ်ပါ။ ယေရှုကြွလာခဲ့သောအခါက အံ့သြဖွယ်အမှုများကို များစွာပြုခဲ့သည်၊ မကျန်းမာသောသူများကို ကျန်းမာစေခဲ့သည်၊ နတ်ဆိုးများကို နှင်ထုတ်ခဲ့သည်၊ လက်ဝါးကပ်တိုင်ပေါ်၌ ရွေးနုတ်သည့် အမှုကို လုပ်ဆောင်ခဲ့သည်။ အကျိုးဆက်အနေဖြင့် ဘုရားသခင်သည် ထိုသို့ဖြစ်သင့်သည်ဟု လူသားသည် မိမိ၏ အတွေးများထဲ၌ ယုံကြည်နေသည်။ အကြောင်းမှာ ယေရှုကြွလာခဲ့သောအခါက သူသည် လူသား၏နှလုံးသားထဲမှ မရေရာသော ဘုရားသခင်၏ပုံရိပ်အား ဖယ်ရှားသည့် အလုပ်ကို မလုပ်ခဲ့ပါ၊ သူကြွလာခဲ့သော အခါက လက်ဝါးကပ်တိုင်၌ တင်သတ်ခြင်းကို ခံခဲ့ရသည်၊ မကျန်းမာသောသူများကို ကျန်းမာစေခဲ့သည်၊ နတ်ဆိုးများကို နှင်ထုတ်ခဲ့သည်၊ ကောင်းကင်နိုင်ငံတော်အကြောင်း သတင်းကောင်းကို ဖြန့်ဝေခဲ့သည်။ တစ်ဖက်တွင် နောက်ဆုံးသောကာလ၌ ဘုရားသခင်၏ လူ့ဇာတိခံယူခြင်းသည် လူသား၏အတွေးများထဲ၌ရှိသော မရေရာသည့် ဘုရားသခင်ကို ဖယ်ရှားနေသည်။ လူသား၏နှလုံးသားထဲ၌ မရေရာသော ဘုရားသခင်၏ပုံရိပ် မရှိတော့စေရန် ထိုသို့လုပ်ဆောင်နေခြင်းဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်အစစ်များနှင့် အမှုအစစ်အားဖြင့်၊ နေရာအနှံ့သွားလာလှုပ်ရှားမှု၊ လူသားတို့အကြား၌ သူလုပ်ဆောင်ခဲ့သည့် အထူးစစ်မှန်ပြီး သာမန်ဖြစ်သော အလုပ်တို့အားဖြင့် လူသားကို ဘုရားသခင်သည် သူ၏စစ်မှန်မှုကို သိစေပြီး လူသား၏နှလုံးသားထဲမှ မရေရာသည့် ဘုရားသခင်ကိုလည်း ဖယ်ရှားနေသည်။ အခြားတစ်ဖက်တွင်မူ ဘုရားသခင်သည် လူသားကို စုံလင်စေရန်နှင့် အရာအားလုံးကို အထမြောက်အောင် ဆောင်ရွက်ရန်အတွက် သူ၏နှုတ်ကပတ်တော်များကို အသုံးပြုသည်။ ဤအမှုသည် နောက်ဆုံးသောကာလ၌ ဘုရားသခင်က ပြီးပြည့်စုံအောင် လုပ်ဆောင်မည့် အမှုဖြစ်သည်။


နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ ယနေ့ကာလ အမှုကို သိခြင်း” မှ

လူသားတို့၏ အတွေးများနှင့် ဝိညာဉ်များ အပါအဝင် ၎င်းတို့ နှလုံးသားများထဲ၌ နှစ်ပေါင်းထောင်ချီ ရှိနေခဲ့သည့် ဘုရားသခင်၏ ပုံရိပ်ကိုပါ ပုံသဏ္ဌာန် ပြောင်းလဲရန် ရည်ရွယ်ချက်ဖြင့် ဘုရားသခင်သည် လူသားအကြား ယနေ့ဆင်းကြွလာသည်။ ဤအခွင့်အရေးမှ တစ်ဆင့် ဘုရားသခင်သည် လူသားကို စုံလင်စေခြင်းငှာ ပြုလိမ့်မည်။ တစ်နည်းအားဖြင့် ဆိုရလျှင် လူသား၏ အသိပညာမှတစ်ဆင့် ဘုရားသခင်သည် ၎င်းတို့ သူ့ကို သိကျွမ်းလာသည့် နည်းလမ်းနှင့် ၎င်းတို့ သူ့အပေါ် ထားရှိသော သဘောထားကို ပြောင်းလဲမည်ဖြစ်သည်၊ ထိုသို့အားဖြင့် ဘုရားသခင်နှင့် ပတ်သက်သည့် ၎င်းတို့၏ အသိပညာသည် စင်ကြယ်သော အနေအထားမှ စတင်နိုင်ရန်ဖြစ်ပြီး ၎င်းတို့၏ နှလုံးသားများသည် ဤနည်းနှင့် အသစ်ပြုပြင်ခြင်း ခံရ၍ ပုံသဏ္ဌာန် ပြောင်းလဲခြင်းသို့ ရောက်ရန်ဖြစ်သည်။ ကိုင်တွယ် ဖြေရှင်- ခြင်းနှင့် ဆုံးမပဲ့ပြင်ခြင်းသည် နည်းလမ်းများဖြစ်ပြီး သိမ်းပိုက်ခြင်းနှင့် အသစ်ပြုပြင်ခြင်းတို့မှာ ပန်းတိုင်များ ဖြစ်သည်။ မရေရာသော ဘုရားသခင်နှင့် ပတ်သက်၍ လူသား စွဲကိုင်ထားသော အယူသီးသည့် အတွေးများကို ပပျောက်စေခြင်းမှာ ဘုရားသခင်၏ ထာဝရ ရည်ရွယ်ချက် ဖြစ်ပြီး မကြာသေးမီ အချိန်ကပင် သူ့အတွက် ထိုရည်ရွယ်ချက်သည် အလောသုံးဆယ် ကိစ္စဖြစ်လာခဲ့သည်။ လူတိုင်းသည် ဤကိစ္စကို တိုး၍ဆင်ခြင်ကြရန် ငါမျှော်လင့်သည်။


နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အမှုတော်နှင့် ဝင်ရောက်ခြင်း (၇)” မှ

ယနေ့တွင်သာ ငါကိုယ်တိုင်လူသားအကြားလာ၍ ငါ့နှုတ်ကပတ်တော်များကို ပြောဆိုသည့်အခါ လူသားသည် ၎င်းတို့၏ အတွေးများထဲ “ငါ့” အတွက် ပေးထားသည့်နေရာကို ဖယ်ရှားလျက်၊ ၎င်းအစား ၎င်းတို့၏အသိဉာဏ်တွင် လက်တွေ့ကျသော ဘုရားသခင်အတွက် နေရာတစ်နေရာဖန်တီးကာ ငါ့ကို အနည်းငယ်သိကြ၏။ လူသားတွင် အယူအဆများရှိကာ သိလိုစိတ်နှင့် ပြည့်နှက်နေ၏။ ဘုရားသခင်ကို မြင်လိုသည့် ဆန္ဒမရှိသူ မည်သူရှိမည်နည်း။ ဘုရားသခင်နှင့် ကြုံတွေ့လိုသည့် ဆန္ဒမရှိသူ မည်သူရှိမည်နည်း။ သို့သော် ဝိုးတဝါးနှင့် စိတ်ကူးသက်သက်ဟု လူသားမှခံစားရသော ဘုရားသခင်သာလျှင် လူသား၏နှလုံးသားတွင် သေချာသည့် နေရာတစ်ခုယူထားသော တစ်ခုတည်းသောအရာ ဖြစ်၏။ ငါမှရိုးရှင်းစွာမပြောလျှင် မည်သူက ဤသည်ကို သိမည်နည်း။ ငါအမှန်ပင် တည်ရှိကြောင်းကို မည်သူက စစ်မှန်စွာယုံကြည်မည်နည်း။ အကယ်စင်စစ် သံသယအရိပ်အမြွက်တစ်ခုမျှ မရှိဘဲ မည်သူယုံကြည်မည်နည်း။ လူသား၏နှလုံးသားတွင်ရှိသည့် “ငါ” နှင့် လက်တွေ့ဘဝတွင်ရှိသည့် “ငါ” တို့အကြား ကြီးမားသည့်ကွာခြားမှုရှိ၍ ၎င်းတို့နှစ်ခုအကြား မည်သူမျှ နှိုင်းယှဉ်နိုင်စွမ်း မရှိပေ။ ငါသည် လူ့ဇာတိ မခံယူခဲ့ပါက လူသားသည် ငါ့ကို မည်သည့်အခါမျှ သိမည်မဟုတ်ဘဲ၊ ငါ့အား သူသိလာသော်မှ ဤကဲ့သို့သော အသိသည် အယူအဆတစ်ခုမျှသာ ဖြစ်နေဦးမည် မဟုတ်လော။...

...လူသားသည် စာတန်၏ သွေးဆောင်ခြင်းနှင့် ဖျက်ဆီးခြင်းခံရသဖြင့်၊ အယူအဆများကိုစဉ်းစားနေခြင်းသည် သူ့အပေါ်လွှမ်းမိုးသွားခဲ့သဖြင့်၊ လူသားမျိုးနွယ်တစ်ရပ်လုံးကို ကိုယ်တိုင် သိမ်းပိုက်ရန်၊ လူသား၏အယူအဆအားလုံးကို ဖော်ထုတ်ရန်နှင့် လူသား၏စဉ်းစားခြင်းကို အစိတ်စိတ်အမွှာမွှာ ဆုတ်ဖြဲပစ်ရန်အလို့ငှာ ငါသည် လူ့ဇာတိခံယူခဲ့ပြီးဖြစ်၏။ ရလဒ်အနေဖြင့် လူသားသည် ငါ၏ရှေ့မှောက်တွင် ဝင့်ဝါစွာလျှောက်ပြခြင်း မပြုတော့ဘဲ၊ သူ၏ကိုယ်ပိုင်အယူအဆများကို အသုံးပြု၍ ငါ့အားအစေခံခြင်းလည်း မပြုတော့ပေ။ ထို့ကြောင့် လူသားတို့၏အယူအဆများတွင်ရှိသည့် “ငါ” ကို လုံးဝ ပပျောက်စေသည်။


နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၁၁” စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ မှ

လူ့ဇာတိထဲသို့ ဘုရားသခင် ရောက်ရှိလာခြင်းသည် အဓိကအားဖြင့် ဘုရားသခင်၏ အမှန်တကယ် လုပ်ဆောင်မှုများကို လူသားတို့ တွေ့မြင်နိုင်စေရန်၊ ပုံပန်းသဏ္ဌာန်မရှိသည့် ဝိညာဉ်တော်ကို လူ့ဇာတိထဲ၌ အကောင်အထည် ပေါ်စေရန်ဖြစ်ပြီး၊ ကိုယ်တော့်ကို လူသားများ မြင်တွေ့ခွင့်နှင့် ထိကိုင်ခွင့်ကို ပေးရန်ဖြစ်သည်။ ဤနည်းအားဖြင့် ကိုယ်တော်က ပြီးပြည့်စုံအောင် လုပ်ပေးခြင်းခံရသော ၎င်းတို့သည် ကိုယ်တော်နှင့်သာ နေ၍၊ ၎င်းတို့သည် ကိုယ်တော်အားဖြင့် ရယူခြင်းခံရကာ၊ ကိုယ်တော့်နှလုံးသားနင့် ညီနိုင်ပါလိမ့်မည်။ အကယ်၍ ဘုရားသခင်သည် ကောင်းကင်ဘုံတွင်သာ စကားပြောပါက၊ မြေကြီးပေါ်သို့ အမှန်တကယ် ကြွလာခြင်း မရှိခဲ့ပါက၊ ဘုရားသခင်ကို လူများသိခြင်းငှာ မတတ်နိုင်ဘဲ ရှိပါလိမ့်မည်။ သူတို့သည် အနှစ်မဲ့သော သီအိုရီကိုသာ အသုံးပြု၍ ဘုရားသခင်၏ လုပ်ဆောင်ချက်များကို ဟောပြောနိုင်ပါလိမ့်မည်။ လက်တွေ့အဖြစ် ဘုရားသခင်၏ နှုတ်ကပတ်တော်များ ရှိမည်မဟုတ်ပေ။ အဓိကအားဖြင့် ဘုရားသခင် ရယူအောင်နိုင်သည့် သူများအတွက် စံပြအဖြစ် နမူနာအဖြစ် လုပ်ဆောင်ရန် ဘုရားသခင် မြေကြီးပေါ်သို့ ကြွလာခဲ့ခြင်း ဖြစ်သည်။ ဤနည်းအားဖြင့်သာ ဘုရားသခင်ကို လူသားတို့ ဧကန်အမှန် သိလာနိုင်သည်၊ ဘုရားသခင်ကို တို့ထိနိုင်ပြီး၊ ကိုယ်တော်ကို မြင်နိုင်သည်။ ထိုအခါမှသာ ဘုရားသခင်သည် သူတို့ကို စစ်မှန်စွာ ရရှိအောင်နိုင်လာပါသည်။


နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လက်တွေ့ကျသော ဘုရားသခင်ဆိုသည်မှာ ဘုရားသခင် ကိုယ်တော်တိုင် ဖြစ်သည်ကို သင်သိသင့်သည်” မှ

ဇာတိခန္ဓာနှင့်နေထိုင်သူ အားလုံးအတွက် မိမိတို့၏ စိတ်သဘောထားကို ပြောင်းလဲခြင်းသည် လိုက်လျှောက်ရမည့် ပန်းတိုင်များကို လိုအပ်ပြီး၊ ဘုရားသခင်ကို သိခြင်းသည် ဘုရားသခင်၏ လုပ်ဆောင်ချက် အမှန်များနှင့် ဘုရားသခင်၏ မျက်နှာတော်အမှန်အား မျက်မြင်တွေ့ခြင်းကို လိုအပ်သည်။ ဤနှစ်ခုစလုံးကို လူ့ဇာတိခံယူသော ဘုရားသခင်၏ ဇာတိခန္ဓာမှသာ စွမ်းဆောင်နိုင်ပြီး၊ နှစ်ခုစလုံးကို သာမန်ဖြစ်သော စစ်မှန်သည့် ဇာတိခန္ဓာဖြင့်သာ ဖြစ်မြောက်စေနိုင်သည်။ ဤသည်မှာ လူ့ဇာတိခံယူခြင်းကို လိုအပ်ရသည့် အကြောင်းရင်းနှင့် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်က လူ့ဇာတိခံယူခြင်းကို လိုအပ်ရခြင်း အကြောင်းရင်းဖြစ်သည်။ လူသားတို့သည် ဘုရားသခင်ကို သိရန်လိုအပ်သဖြင့်၊ မရေရာဘဲ သဘာဝထက်လွန်ကဲသော ဘုရားများ၏ ပုံရိပ်များကို သူတို့၏နှလုံးသားများမှ လွင့်ပျောက်သွားအောင် ပြုရမည်၊ ထို့ပြင် သူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ပယ်ထုတ်ပစ်ရန် လိုအပ်သဖြင့် သူတို့သည် ပထမဆုံးအနေနှင့် သူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို သိရမည်။ အကယ်၍ လူတို့၏နှလုံးသားများထဲမှ မရေရာသော ဘုရားများ၏ပုံရိပ်များကို ဖယ်ထုတ်ပစ်ရန်အတွက် လူသားကသာ လုပ်ဆောင်ပါက သူသည် သင့်လျော်သော အကျိုးသက်ရောက်မှုကို ရရှိမည်မဟုတ်ပေ။ လူသားတို့၏နှလုံးသားများထဲရှိ မရေရာသော ဘုရားများ၏ပုံရိပ်များကို စကားလုံးများဖြင့်သာ မြင်သာအောင်ပြခြင်း၊ ဖယ်ရှားခြင်း၊ သို့မဟုတ် အပြည့်အဝ နှင်ထုတ်ခြင်း မပြုနိုင်ပေ။ ထိုသို့ပြုလျှင် လူတို့ထံတွင် နက်ရှိုင်းစွာ အမြစ်စွဲနေသော ဤအရာများကို ပပျောက်စေရန်မှာ နောက်ဆုံးအချိန်အထိ ဖြစ်နိုင်မည်မဟုတ်ပေ။ ဤအရာတို့ကို လူတို့ တဖြည်းဖြည်း သိလာခွင့်ပေးရန် လက်တွေ့ကျသော ဘုရားသခင်နှင့် ဘုရားသခင်၏ ပုံရိပ်စစ်တို့သာလျှင် ဤမရေရာသော၊ သဘာဝလွန်သောအရာများကို အစားထိုးနိုင်ကာ၊ ဤနည်းအားဖြင့်သာ သတ်မှတ်ထားသော အကျိုးသက်ရောက်မှုကို ရရှိနိုင်သည်။ လူတို့သည် ယခင်အတိတ်က သူတို့ရှာဖွေခဲ့သော ဘုရားသခင်သည် ရေရာမှုမရှိဘဲ သဘာဝလွန်ဖြစ်နေသည်ကို အသိအမှတ်ပြုသည်။ ဤအကျိုးဆက်ကို ရယူနိုင်သည့်အရာမှာ လူတစ်ဦးဦး၏ သင်ကြားမှုဖြစ်ရန် မဆိုထားနှင့်၊ ဝိညာဉ်တော်၏ တိုက်ရိုက်လမ်းညွှန်မှုကြောင့်ပင် မဟုတ်ဘဲ၊ လူ့ဇာတိခံယူသော ဘုရားသခင်သာဖြစ်သည်။ လူ့ဇာတိခံယူသည့် ဘုရားသခင်သည် သူ၏အမှုကို တရားဝင်ဆောင်ရွက်သောအခါ လူသား၏အယူအဆများသည် ဖော်ထုတ်လှန်ထားခြင်း ခံရသည်၊ အကြောင်းမှာ လူ့ဇာတိခံယူသည့် ဘုရားသခင်၏ သာမန်ဖြစ်ခြင်းနှင့် စစ်မှန်ခြင်းသည် လူသား၏စိတ်ကူးထဲမှ မရေရာသော၊ သဘာဝလွန်သည့် ဘုရားနှင့် ပကတိဆန့်ကျင်ဘက် ဖြစ်နေခြင်းကြောင့်တည်း။ လူသား၏ မူလအယူအဆများကို လူ့ဇာတိခံယူသော ဘုရားသခင်နှင့် သူတို့၏ ဆန့်ကျင်ကွဲလွဲမှုဖြင့်သာ ထုတ်ဖော်နိုင်သည်။ လူ့ဇာတိခံယူသော ဘုရားသခင်နှင့် နှိုင်းယှဉ်ခြင်းမရှိဘဲ လူသား၏ အယူအဆများကို ထုတ်ဖော်နိုင်ခြင်းမရှိပေ၊ တစ်နည်းဆိုရသော် အမှန်တရားနှင့်နှိုင်းယှဉ်ပြခြင်းမရှိဘဲ မရေရာသော အရာများကို ထုတ်ဖော်နိုင်ခြင်းမရှိပေ။ မည်သူမျှ ဤအမှုကို စကားလုံးများသုံး၍ လုပ်နိုင်စွမ်းမရှိပေ၊ ထို့အပြင် မည်သူမျှ ဤအမှုကို စကားလုံးများသုံး၍ ရှင်းရှင်းလင်းလင်း ပြောနိုင်စွမ်းမရှိပေ။ ဘုရားသခင်ကိုယ်တော်တိုင်သာလျှင် သူ၏ကိုယ်ပိုင်အမှုကို လုပ်ဆောင်နိုင်ပြီး သူ့ကိုယ်စား ဤအမှုကို မည်သူကမျှ လုပ်ဆောင်ပေးနိုင်ခြင်းမရှိပေ။ လူသား၏ ဘာသာစကားသည် မည်မျှပင် ကြွယ်ဝနေစေကာမူ လူသားသည် ဘုရားသခင်၏စစ်မှန်မှုနှင့် သာမန်ဖြစ်မှုအကြောင်းကို ရှင်းရှင်းလင်းလင်း ပြောပြနိုင်စွမ်းမရှိပေ။ ဘုရားသခင်သည် လူသားတို့အလယ်တွင် ကိုယ်တိုင်အမှုပြုကာ သူ၏ပုံရိပ်နှင့် သူ၏ဖြစ်ခြင်းကို အပြည့်အဝ ပြသမှသာလျှင် လူသားသည် ဘုရားသခင်ကို ပို၍လက်တွေ့ကျကျသိကာ ပို၍ရှင်းလင်းစွာ တွေ့နိုင်မည်ဖြစ်သည်။ ဤရလဒ်ကို ဇာတိခန္ဓာရှိသည့် မည်သည့်လူကမျှ မရယူနိုင်ပေ။ ဘုရားသခင်၏ ဝိညာဉ်တော်သည်လည်း ဤရလဒ်ကို စွမ်းဆောင်နိုင်စွမ်း မရှိသည်မှာ အမှန်ပင်ဖြစ်သည်။


နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံယူသည့် ဘုရားသခင်၏ကယ်တင်မှုကို ပို၍လိုအပ်သည်” မှ

ဘုရားသခင်သည် သူ၏ဇာတိခန္ဓာနှင့် အမှုဆောင်သောအခါ သူ၏နောက်လိုက်များသည် မရေရာသော၊ ဒွိဟဖြစ်စေသော အရာများနောက်သို့ လိုက်လံရှာဖွေခြင်းနှင့် စမ်းတဝါးဝါးသွားလာခြင်းတို့ကို မပြုကြတော့ပေ၊ ထို့ပြင် မရေရာသော ဘုရားသခင်၏ အလိုတော်ကို ခန့်မှန်းခြင်းကိုလည်း ရပ်တန့်ကြသည်။...လူသားအတွက် ဝိညာဉ်တော်သည် ကိုယ်ထည်မရှိ၊ တွေ့မြင်နိုင်ခြင်းမရှိပေ၊ ထို့ပြင် ဝိညာဉ်တော်၏အမှုသည် လူသားအတွက် ဘုရားသခင့်အမှု၏ အချက်အလက်များ၊ သို့မဟုတ် အထောက်အထားတို့ကို ဆက်လက်ချန်ထားနိုင်စွမ်းမရှိပေ။ လူသားသည် ဘုရားသခင်၏ မျက်နှာတော်အစစ်အမှန်ကို မည်သည့်အခါမျှ တွေ့နိုင်မည်မဟုတ်ဘဲ၊ မတည်ရှိသည့် မရေရာသော ဘုရားသခင်ကိုသာ အမြဲတမ်းယုံကြည်နေလိမ့်မည်။ လူသားသည် ဘုရားသခင်၏ မျက်နှာတော်ကို မည်သည့်အခါမျှ တွေ့ရမည် မဟုတ်သကဲ့သို့ ဘုရားသခင်ကိုယ်တိုင်ကိုယ်ကျ ပြောကြားသော နှုတ်ကပတ်တော်များကိုလည်း မည်သည့်အခါမျှ ကြားသိရမည် မဟုတ်ပေ။ လူသားတို့၏ တွေးထင်မှုများသည် အမှန်စင်စစ် အလဟဿဖြစ်ပြီး ဘုရားသခင်၏ မျက်နှာတော် အစစ်အမှန်ကို အစားမထိုးနိုင်ပေ၊ ဘုရားသခင်၏ ရှိရင်းစွဲ စိတ်သဘောထားနှင့် ဘုရားသခင်ကိုယ်တော်တိုင်၏ အမှုကို လူသားသည် တူအောင်မတုနိုင်ပါ။ လူသားတို့အကြားတွင် ကိုယ်တိုင်ကိုယ်ကျ အမှုဆောင်သည့် လူ့ဇာတိခံယူသော ဘုရားသခင်မှသာလျှင် ကောင်းကင်ဘုံမှ မမြင်ရသော ဘုရားသခင်နှင့် သူ၏အမှုကို ကမ္ဘာကြီးပေါ်သို့ ယူဆောင်လာနိုင်မည်ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်သည် လူသားတို့ထံ ပေါ်ထွန်းလာပြီး၊ လူသားသည် ဘုရားသခင်ကိုတွေ့မြင်ကာ၊ ဘုရားသခင်၏ မျက်နှာတော်အစစ်အမှန်ကို သိရှိလာသည့် အကောင်းဆုံးသော နည်းလမ်းဖြစ်သည်၊ လူ့ဇာတိမခံယူသော ဘုရားသခင်မှ ဤအရာကို မစွမ်းဆောင်နိုင်ပါ။


နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံယူသည့် ဘုရားသခင်၏ကယ်တင်မှုကို ပို၍လိုအပ်သည်” မှ

ဇာတိခန္ဓာထဲရှိ ဘုရားသခင့်အမှု၏ အကောင်းဆုံးသောအရာမှာ တိကျမှန်ကန်သော နှုတ်ကပတ်တော်များနှင့် တိုက်တွန်းနှိုးဆော်မှုများ၊ သူ့နောက်သို့လိုက်သော လူသားမျိုးနွယ်အတွက် သူ၏တိကျမှန်ကန်သောအလိုတော် စသည်တို့ကို ဘုရားသခင်အနေဖြင့် ချန်ရစ်ထားနိုင်ခြင်းဖြစ်သည်၊ ထိုသို့အားဖြင့် ထိုအရာပြီးနောက်တွင် သူ၏နောက်လိုက်များသည် ဇာတိခန္ဓာထဲရှိ သူ၏အမှုအားလုံးနှင့် လူသားမျိုးနွယ် တစ်ရပ်လုံးအတွက် သူ၏အလိုတော်တို့အား ဤလမ်းကို လက်ခံသောသူတို့ထံ ပို၍တိကျမှန်ကန်စွာနှင့် ပို၍ရုပ်လုံးပေါ်စွာ လက်ဆင့်ကမ်းပေးနိုင်မည်ဖြစ်သည်။ လူတို့ကြားမှ ဇာတိခန္ဓာရှိသည့် ဘုရားသခင်၏အမှုသည်သာလျှင် ဘုရားသခင်၏ဖြစ်ခြင်းနှင့် လူသားတို့နှင့် အတူတကွနေထိုင်ခြင်း အစရှိသည့် အချက်တို့ကို စစ်မှန်စွာ အထမြောက်အောင် ဆောင်ရွက်နိုင်မည်ဖြစ်သည်။ ဤအမှုသည်သာလျှင် ဘုရားသခင်၏ မျက်နှာတော်ကိုကြည့်ရန်၊ ဘုရားသခင်၏ အမှုတော်ကို တွေ့ကြုံရရန်နှင့် ဘုရားသခင်၏ ကိုယ်ပိုင်နှုတ်ကပတ်တော်တို့ကို ကြားရန်ဖြစ်သည့် လူသား၏ စိတ်ဆန္ဒကို ဖြည့်ဆည်းနိုင်ပေမည်။ လူ့ဇာတိခံယူသော ဘုရားသခင်သည် ယေဟောဝါ၏ကျောပြင်သာ လူသားမျိုးနွယ်ထံသို့ ပေါ်လာသည့်ခေတ်ကို အဆုံးသတ်ပေးသည်၊ ထို့အပြင် မရေရာသော ဘုရားသခင်အပေါ် လူသားမျိုးနွယ်တို့ ယုံကြည်ကြသည့်ခေတ်ကိုလည်း နိဂုံးချုပ်ပေးသည်။ အထူးသဖြင့် နောက်ဆုံးလူ့ဇာတိခံယူသည့် ဘုရားသခင်သည် ပို၍စစ်မှန်သော၊ ပို၍လက်တွေ့ကျသော၊ ပို၍သာယာသော ခေတ်တစ်ခေတ်ထဲသို့ လူသားမျိုးနွယ်အားလုံးကို ပို့ဆောင်ပေးသည်။ သူသည် ပညတ်တော်နှင့် အယူဝါဒခေတ်ကို အဆုံးသတ်ရုံသာမကဘဲ ပို၍အရေးကြီးသည်မှာ စစ်မှန်ပြီး သာမန်ဖြစ်သော၊ ဖြောင့်မတ်ပြီး သန့်ရှင်းမြင့်မြတ်သော၊ စီမံခန့်ခွဲမှုအစီအစဉ်၏ အမှုကိုဖွင့်လှစ်ပြီး လူသားမျိုးနွယ်၏ လျှို့ဝှက်ဆန်းကြယ်မှုများနှင့် ပန်းတိုင်ကို ပြသသော၊ လူသားမျိုးနွယ်ကို ဖန်ဆင်းခဲ့ပြီး စီမံခန့်ခွဲမှုအမှုကို အဆုံးသတ်ပေးသော၊ နှစ်ထောင်ပေါင်းများစွာ ပုန်းကွယ်နေခဲ့သော ဘုရားသခင်တစ်ပါးကို လူသားမျိုးနွယ်အား သူထုတ်ဖော်ပြသည်။ မရေရာသောခေတ်ကို သူသည် လုံးဝအဆုံးသတ်ကာ၊ လူသားမျိုးနွယ်တစ်ရပ်လုံးမှ ဘုရားသခင်၏ မျက်နှာတော်ကို ရှာဖွေရန်ဆန္ဒရှိသော်လည်း ထိုသို့မလုပ်ဆောင်နိုင်သောခေတ်ကို နိဂုံးချုပ်၍၊ လူသားမျိုးနွယ်တစ်ရပ်လုံး စာတန်ကို အစေခံသည့်ခေတ်ကို သူသည်ကုန်ဆုံးစေပြီး၊ လူသားတစ်မျိုးနွယ်လုံးကို လုံးဝအသစ်ဖြစ်သော ခေတ်ဆီသို့ ဦးဆောင်သွားသည်။ ဤအရာအားလုံးသည် ဘုရားသခင်၏ ဝိညာဉ်တော်မဟုတ်ဘဲ ဇာတိခန္ဓာရှိသည့် ဘုရားသခင်၏အမှုဆိုင်ရာ ရလဒ်ဖြစ်သည်။


နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံယူသည့် ဘုရားသခင်၏ကယ်တင်မှုကို ပို၍လိုအပ်သည်” မှ

ကမ္ဘာမြေကြီးပေါ်တွင် ဘုရားသခင်မှ လူ့ဇာတိခံယူသည့် ကာလတွင်၊ သူသည် လူသားအကြား သူ၏အမှုကို ကိုယ်တိုင်ဆောင်ရွက်သည့် အခါ၊ သူဆောင်ရွက်သည့်အမှု အားလုံးသည် စာတန်ရှုံးနိမ့်စေရန်ဖြစ်၍၊ လူသားကိုသိမ်းပိုက်ခြင်းနှင့် သင်တို့ကို ပြည့်စုံစေခြင်းအားဖြင့် သူသည် စာတန်ကို ရှုံးနိမ့်စေလိမ့်မည်။ သင်တို့သည် ထူးကဲစွာ သက်သေခံသည့် အခါသည်လည်း စာတန်၏ရှုံးနိမ့်ခြင်း၏ အမှတ်အသား ဖြစ်လိမ့်မည်။ စာတန်ရှုံးနိမ့်စေရန် လူသားသည် ရှေးဦးစွာသိမ်းပိုက်ခံရ၍ နောက်ဆုံးတွင် လုံးဝစုံလင်စေခြင်းခံရ၏။ သို့ရာတွင် အနှစ်သာရအားဖြင့် စာတန်ရှုံးနိမ့်ခြင်းနှင့်အတူ ဤသည်မှာ လူသားမျိုးနွယ်တစ်ရပ်လုံးကို ဤအနှစ်သာရမဲ့သော ဒုက္ခပင်လယ်ထဲမှ တစ်ပြိုင်နက် ကယ်တင်ခြင်းဖြစ်၏။ ဤအမှုသည် စကြဝဠာတစ်ခုလုံးတွင် ဆောင်ရွက်သည်ဖြစ်စေ၊ တရုတ်နိုင်ငံတွင် ဆောင်ရွက်သည်ဖြစ်စေ၊ ဤသည်အားလုံးမှာ လူသားအနေဖြင့် နားနေရာအရပ်ကို ဝင်ရောက်နိုင်ရေးအတွက် စာတန်ကိုရှုံးနိမ့်စေ၍ လူသားတစ်ရပ်လုံးအတွက် ကယ်တင်ခြင်းယူဆောင်လာရန် ဖြစ်၏။ ဤသာမန်ဇာတိပကတိဖြစ်သည့် လူဇာတိခံယူထားသော ဘုရားသခင်သည် အတိအကျအားဖြင့် စာတန်ကို ရှုံးနိမ့်စေရန်အတွက်သာဖြစ်၏။ ကောင်းကင်ဘုံအောက်ရှိ ဘုရားသခင်ကိုချစ်သောသူ အားလုံးထံ ကယ်တင်ခြင်းကိုယူဆောင်လာရန် ဇာတိပကတိဖြစ်သော ဘုရားသခင်၏အမှုကို အသုံးပြုခြင်းဖြစ်၏။ ဤသည်မှာ လူသားမျိုးနွယ်အားလုံးကို သိမ်းပိုက်ရန်အပြင် စာတန်ကို ရှုံးနိမ့်စေရန်ဖြစ်၏။ ဘုရားသခင်၏စီမံခန့်ခွဲခြင်းအမှု၏ အဓိကအချက်အချာကို လူသားမျိုးနွယ်အားလုံးထံ ကယ်တင်ခြင်းယူဆောင်လာရန်အတွက် စာတန်ကို ရှုံးနိမ့်စေခြင်းမှ ခွဲခြား၍မရပေ။...

...လူသားကိုသိမ်းပိုက်ရမည့် နောက်ဆုံးသောကာလအဆင့်သည် စာတန်နှင့်တိုက်ပွဲတွင် နောက်ဆုံးအဆင့်ဖြစ်၏။ ထို့အပြင် စာတန်၏အုပ်စိုးမှုမှ လူသားကို လုံးဝကယ်တင်ခြင်းအမှုလည်းဖြစ်၏။ လူသားကို သိမ်းပိုက်ခြင်း၏ အတွင်းအဓိပ္ပာယ်သည် စာတန်၏ပြယုဂ်ဖြစ်ပြီး စာတန်၏ ဖျက်ဆီးခြင်းခံထားရသူ လူသားကို သူသိမ်းပိုက်ခံရပြီးနောက် ဖန်ဆင်းရှင်ထံ ပြန်ပို့ခြင်းဖြစ်၏။ ဤနည်းဖြင့် လူသားသည် စာတန်ကိုစွန့်လွှတ်၍ ဘုရားသခင်ထံ လုံးဝပြန်သွားမည်ဖြစ်၏။ ဤနည်းဖြင့် လူသားသည် လုံးဝကယ်တင်ခံရပြီးဖြစ်လိမ့်မည်။ ထို့ကြောင့် စာတန်နှင့် တိုက်ပွဲဝင်ရာတွင် သိမ်းပိုက်ခြင်းအမှုသည် နောက်ဆုံးအမှုဖြစ်၍၊ စာတန်ရှုံးနိမ့်ရေးအတွက် ဘုရားသခင်၏စီမံခန့်ခွဲမှုရှိ နောက်ဆုံးအဆင့်လည်းဖြစ်၏။ ဤအမှုမရှိပါက၊ လူသားကို အပြည့်အဝ ကယ်တင်ခြင်းမှာ လုံးဝဖြစ်နိုင်မည် မဟုတ်ပေ။ စာတန်ကို လုံးဝရှုံးနိမ့်စေရန်မှာလည်း ဖြစ်နိုင်မည် မဟုတ်ပေ။ ထို့အပြင် လူသားမျိုးနွယ်သည် အံ့သြဖွယ်ကောင်းသော ခရီးပန်းတိုင်သို့ မည်သည့်အခါမျှ ဝင်ရောက်နိုင်မည်မဟုတ်ပေ၊ သို့မဟုတ် စာတန်၏လွှမ်းမိုးမှုမှ လွတ်မြောက်နိုင်မည် မဟုတ်ပေ။ ထို့ကြောင့် စာတန်နှင့် တိုက်ပွဲမပြီးဆုံးမီ လူသားအား ကယ်တင်သည့်အမှုကို အဆုံးသတ်၍ မရပေ။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်၏စီမံခန့်ခွဲခြင်းအမှုဆိုင်ရာ အချက်အချာသည် လူသားမျိုးနွယ်၏ ကယ်တင်ခြင်းအတွက်ဖြစ်၍ ဖြစ်သည်။ အစောဆုံးလူသားမျိုးနွယ်မှာ ဘုရားသခင်၏ လက်ထဲတွင်ရှိခဲ့သော်လည်း စာတန်၏ ဖြားယောင်းသွေးဆောင်မှုနှင့် ဖျက်ဆီးခြင်းကြောင့် လူသားသည် စာတန်၏ချုပ်နှောင်ခြင်းခံရကာ ဆိုးယုတ်သည့်သူ၏လက်ထဲသို့ ကျရောက်သွားခဲ့၏။ ထို့ကြောင့် ဘုရားသခင်၏ စီမံခန့်ခွဲမှုအမှုတွင် စာတန်သည် အနိုင်ယူရမည့်အရာ ဖြစ်လာခဲ့၏။ စာတန်က လူသားကို သိမ်းယူလိုက်သည့်အတွက်၊ ထို့ပြင် လူသားသည် ဘုရားသခင်၏ စီမံခန့်ခွဲခြင်းအားလုံး၏ အဓိကအရာဖြစ်သည့်အတွက် လူသားကို ကယ်တင်မည်ဆိုပါက သူ့ကို စာတန်၏လက်ထဲမှ ပြန်လည်လုယူရမည်ဖြစ်သည်။ ဆိုလိုသည်မှာ စာတန်၏ ဖမ်းဆီးချုပ်နှောင်ခြင်းကို ခံထားရပြီးနောက် လူသားကို ပြန်လည်ရယူရမည်ဖြစ်၏။ ထို့ကြောင့် လူသား၏ မူလအသိစိတ်ကို နဂိုအတိုင်း ပြန်ဖြစ်စေသည့် အပြောင်းအလဲများဖြစ်သော သူ၏စိတ်သဘောထားဟောင်းကို ပြောင်းလဲခြင်းများအားဖြင့် စာတန်ကို အနိုင်ယူရမည်ဖြစ်၍၊ ဤနည်းအားဖြင့် ဖမ်းဆီးချုပ်နှောင်ခံထားရသော လူသားကို စာတန်၏လက်ထဲမှ ပြန်လည်လုယူနိုင်လိမ့်မည်။ လူသားသည် စာတန်၏လွှမ်းမိုးမှုနှင့် အချုပ်အနှောင်တို့မှ ကင်းလွတ်ပါက စာတန်သည် အရှက်ရမည်ဖြစ်ပြီး လူသားသည် အဆုံးတွင် ပြန်လည်ရယူခြင်း ခံရမည်ဖြစ်ကာ စာတန်သည် ရှုံးနိမ့်လိမ့်မည်ဖြစ်သည်။ ထို့အပြင် လူသားသည် စာတန်၏ မှောင်မိုက်သောလွှမ်းမိုးမှုမှ လွတ်မြောက်ခဲ့ပြီဖြစ်၍ လူသားသည် ဤတိုက်ပွဲတစ်ရပ်လုံး၏ လက်ရပစ္စည်းများ ဖြစ်သွားကာ၊ စာတန်သည် ဤတိုက်ပွဲပြီးသည်နှင့် အပြစ်ဒဏ်ပေးခံရမည့်အရာ ဖြစ်သွားလိမ့်မည်။ ထို့နောက်တွင် လူသားကိုကယ်တင်ခြင်းအမှုတစ်ရပ်လုံး ပြီးဆုံးပြီး ဖြစ်လိမ့်မည်။


နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လူသား၏သာမန်ဘဝကို နဂိုအတိုင်း ပြန်ဖြစ်လာစေခြင်းနှင့် သူ့ကို အံ့သြဖွယ်ကောင်းသော ခရီးပန်းတိုင်သို့ ခေါ်ဆောင်သွားခြင်း” မှ

လူသားသည် သန့်စင်ခံရပြီးသည့်အခါတွင် အပြစ်ရှိသော သဘောသဘာဝ ကင်းမဲ့လိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် စာတန်အပေါ် အနိုင်ရရှိခဲ့ပြီးဖြစ်လိမ့်မည် ဖြစ်သောကြောင့်ဖြစ်၏၊ ယင်းမှာ ရန်လိုသည့် အင်အားစုများ၏ ဝင်ရောက်စွက်ဖက်ခြင်းတို့ ရှိမည်မဟုတ်ဟု ဆိုလိုပြီး၊ လူသား၏ ဇာတိခန္ဓာကို တိုက်ခိုက်နိုင်မည့် ရန်လိုသည့် အင်အားစုများလည်း ရှိလိမ့်မည် မဟုတ်ဟု ဆိုလိုသည်။ ထို့ကြောင့် လူသားသည် လွတ်လပ်၍ သန့်ရှင်းလိမ့်မည်၊ သူသည် ထာဝရကာလသို့ ဝင်ရောက်ပြီး ဖြစ်လိမ့်မည်။ ရန်လိုသော အမှောင်ထု၏အင်အားများကို ချည်နှောင်ထားမှသာလျှင် လူသားသည် သွားလေရာ၌လွတ်လပ်၍ ပုန်ကန်ခြင်း သို့မဟုတ် ဆန့်ကျင်ခြင်းများ ကင်းမဲ့မည်ဖြစ်သည်။ လူသား အဆင်ပြေရန်အတွက် စာတန်ကို ချည်နှောင်ထားရမည်ဖြစ်သည်။ ယနေ့ ၎င်းအဆင်မပြေရခြင်းမှာက ကမ္ဘာမြေကြီး၏နေရာအနှံ့တွင် စာတန်သည် ဒုက္ခမွှေနှောက်လျက်ရှိဆဲ ဖြစ်သောကြောင့်နှင့် ဘုရားသခင်၏စီမံခန့်ခွဲခြင်းအမှု တစ်ရပ်လုံး အဆုံးသို့ရောက်ရှိရန် လိုသေးသည့်အတွက်ကြောင့် ဖြစ်သည်။ စာတန်ကျရှုံးသည်နှင့် တစ်ပြိုင်နက် လူသားသည် လုံးဝလွတ်မြောက်မည်ဖြစ်သည်။ လူသားသည် ဘုရားသခင်ကိုရရှိ၍ စာတန်၏ နယ်ပယ်အောက်မှ ထွက်လာသည့်အခါ ၎င်းသည် ဖြောင့်မတ်ခြင်း၏နေကို တွေ့လိမ့်မည်။ သာမန်လူသားတစ်ဦးနှင့် ထိုက်တန်သည့်ဘဝကို ပြန်လည်ရရှိလိမ့်မည်။ အကောင်းအဆိုး ကောင်းစွာသိနိုင်စွမ်း၊ မည်သို့စားရမည်နှင့် ဝတ်ဆင်ရမည်ကို နားလည်နိုင်စွမ်းနှင့် ပုံမှန်နေထိုင်နိုင်စွမ်း စသည်ဖြင့် ပုံမှန်လူသားတစ်ဦး ပိုင်ဆိုင်ရမည့် အရာအားလုံးကို ပြန်လည်ရရှိလိမ့်မည်။ ဧဝသည် မြွေ၏စုံစမ်းသွေးဆောင်ခြင်းကို မခံခဲ့ရလျှင်ပင် လူသားသည် အစအဦးတွင် ဖန်ဆင်းခံရပြီးနောက် ဤသို့သော ပုံမှန်ဘဝကို ရရှိခဲ့သင့်သည်။ ၎င်းသည် ကမ္ဘာမြေကြီးပေါ်ရှိ သာမန်လူသားတစ်ဦးကဲ့သို့ စားသောက်၊ ဝတ်ဆင်ကာ ဘဝကို နေထိုင်ခဲ့သင့်သည်။ သို့ရာတွင် လူသားသည် စာရိတ္တပျက်ပြားပြီးနောက်တွင် ဤဘဝသည် စိတ်ကူးယဉ်တစ်ခု ဖြစ်သွားခဲ့၍ ယနေ့တွင်ပင် လူသားသည် ဤသို့သောအရာများကို စိတ်မကူးရဲပါ။ အကယ်စင်စစ်မူ၊ လူသားတောင့်တသည့် လှပသောဘဝမှာ မရှိမဖြစ်လိုအပ်သည့် အရာတစ်ခုဖြစ်၏၊ အကယ်၍ လူသားတွင် ဤသို့သောခရီးပန်းတိုင်သာမရှိပါက ကမ္ဘာမြေကြီးပေါ်ရှိ ၎င်း၏ စာရိတ္တပျက်ပြားသောဘဝသည် မည်သည့်အခါမျှ ရပ်ဆိုင်းမည်မဟုတ်ပေ။ ထို့အပြင် ဤသို့လှပသောဘဝသာ မရှိခဲ့လျှင် စာတန်၏ကံကြမ္မာ သို့မဟုတ် ကမ္ဘာမြေကြီးအပေါ် စာတန်အုပ်စိုးသည့် ခေတ်သည် အဆုံးသတ်လိမ့်မည် မဟုတ်ပေ။ လူသားသည် အမှောင်ထု၏ အင်အားများ လက်လှမ်းမမီသည့် နယ်ပယ်သို့ ရောက်ရှိရမည်ဖြစ်ကာ ထိုသို့ရောက်ရှိသည့်အခါ ဤသည်မှာ စာတန်ရှုံးနိမ့်ခဲ့ပြီးဖြစ်ကြောင်းကို သက်သေပြလိမ့်မည် ဖြစ်သည်။ ဤနည်းအားဖြင့် စာတန်၏နှောင့်ယှက်မှု မရှိသည်နှင့် ဘုရားသခင်ကိုယ်တိုင်သည် လူသားမျိုးနွယ်ကို ထိန်းချုပ်လျက် သူသည် လူသား၏ ဘဝတစ်ခုလုံးကို ကွပ်ကဲ၍ထိန်းချုပ်မည်ဖြစ်သည်။ ဤသည်သာလျှင် စာတန်၏ရှုံးနိမ့်ခြင်းအဖြစ် အကျုံးဝင်လိမ့်မည်ဖြစ်သည်။


နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လူသား၏သာမန်ဘဝကို နဂိုအတိုင်း ပြန်ဖြစ်လာစေခြင်းနှင့် သူ့ကို အံ့သြဖွယ်ကောင်းသော ခရီးပန်းတိုင်သို့ ခေါ်ဆောင်သွားခြင်း” မှ

ငါ၏စကားများ ပြီးပြည့်စုံသည့်အတွက် နိုင်ငံတော်သည် ကမ္ဘာမြေကြီးပေါ်တွင် တဖြည်းဖြည်း ဖြစ်တည်လာပြီး လူသည် တဖြည်းဖြည်းနှင့် ပုံမှန်အခြေအနေသို့ ပြန်ရောက်သွားသောကြောင့် ငါ၏စိတ်နှလုံးထဲမှ နိုင်ငံတော်သည် ကမ္ဘာမြေကြီးပေါ်တွင် တည်လေသည်။ နိုင်ငံတော်ထဲတွင် ဘုရားသခင်၏လူများ အားလုံးသည် ပုံမှန်လူ့အသက်တာအား ပြန်လည်ရရှိကြသည်။ အလွန်အေးသော ဆောင်းရာသီသည် ပျောက်ကွယ်သွားပြီး တစ်နှစ်ပတ်လုံး နွေဦးရာသီဖြစ်နေသည့် နွေဦးမြို့ကြီးများနှင့်ပြည့်သော လောကကြီးကို အစားထိုးလိုက်သည်။ လူတို့သည် ညို့မှိုင်းမှိုင်းနှင့် စိတ်ပျက်ဖွယ်ကောင်းသော လူ့လောကကြီးအား ရင်မဆိုင်ရတော့ဘဲ၊ လူ့လောကကြီး၏ ချမ်းစိမ့်စိမ့် အအေးဓာတ်ကိုလည်း သူတို့ မခံစားရတော့ပါ။ လူတို့သည် တစ်ဦးနှင့်တစ်ဦး ခိုက်ရန်မဖြစ်ကြ၊ နိုင်ငံများသည်လည်း တစ်နိုင်ငံနှင့်တစ်နိုင်ငံ စစ်မတိုက်ကြ၊ အစုလိုက်အပြုံလိုက်လူသတ်ခြင်းနှင့် အစုလိုက်အပြုံလိုက်လူသတ်ခြင်းမှ သွေးချောင်းစီးခြင်းလည်း မရှိတော့ပေ။ မြေတစ်ပြင်လုံးသည် ပျော်ရွှင်မှုနှင့်ပြည့်နေပြီး၊ နေရာတိုင်းတွင် လူများအကြား၌ နွေးထွေးမှုများနှင့် ပြည့်လျှံနေသည်။ ငါသည် ကမ္ဘာမြေအနှံ့ လျှောက်သွားလျက်၊ ငါ့ပလ္လင်ထက်မှ စံစားရင်း၊ ကြယ်များအကြားတွင် ငါကျိန်းဝပ်သည်။ ထို့ပြင် ကောင်းကင်တမန်များသည် ငါ့အား အသစ်သောသီချင်းများ၊ အသစ်သောအကများကို ပူဇော်ကြသည်။ သူတို့၏ နုနယ်ခြင်းသည် သူတို့၏ မျက်နှာပေါ်တွင် မျက်ရည်များယိုစီးမှုကို မဖြစ်စေတော့ပေ။ ငါ၏ ရှေ့မှောက်တွင် ကောင်းကင်တမန်များ၏ ငိုကြွေးသံကို ငါမကြားရတော့၊ မည်သူကမျှ ငါ့ထံသို့ ဆင်းရဲဒုက္ခအကြောင်း မညည်းတွားတော့ပေ။


နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၂၀” စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ မှ

လူသားများ အားလုံးသည်စုံလင်ခြင်း ခံရပြီး ကမ္ဘာကြီး၏ တိုင်းနိုင်ငံများ အားလုံးသည် ခရစ်တော်၏ နိုင်ငံတော် ဖြစ်လာသောအခါ ယင်းသည် မိုးချုန်းသံ ခုနှစ်ချက် မြည်ဟီးချိန် ဖြစ်လိမ့်မည်။ လက်ရှိနေ့ရက်သည် ယင်းအဆင့်၏ လားရာဘက်သို့ ဦးတည်နေသော ခြေလှမ်းကျဲ တစ်ခု ဖြစ်သည်၊ လာမည့်အချိန်၌ ညွှန်ကြားချက်ကို စေလွှတ်လိုက်ပြီး ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ အစီအစဉ်ဖြစ်သည်― မဝေးတော့သည့် အနာဂတ်တွင် ယင်းသည် အကောင်အထည်ဖော်ခြင်း ခံရလိမ့်မည်။ သို့ရာတွင် ဘုရားသခင်သည် သူပြောကြားခဲ့ပြီးသော အရာအားလုံးကို လုပ်ဆောင် ပြီးမြောက်ပြီး ဖြစ်သည်။ ထို့ကြောင့် ကမ္ဘာကြီး၏ တိုင်းနိုင်ငံများသည် မြင့်မားသော ဒီရေ နီးလာသည် နှင့် အညီ ဖိမ်ဖိမ့်တုန်နေသော သဲပေါ်မှ ရဲတိုက်များသာ ဖြစ်ကြသည်မှာ ရှင်းလင်းသည်။ နောက်ဆုံးသော ကာလသည် ကျရောက်အံ့ဆဲဆဲရှိပြီး အဆင်းနီသော နဂါးကြီးသည် ဘုရားသခင်၏ နှုတ်ကပတ်တော်အောက်တွင် လဲပြိုကျလိမ့်မည်။ ဘုရားသခင်၏ အစီ အစဉ် သည် အောင်မြင်စွာ ဆောင်ရွက်ခြင်း ခံရကြောင်း သေချာစေရန် ကောင်းကင်ဘုံ၏ ကောင်းကင်တမန်များသည် ကမ္ဘာပေါ်သို့ ကြွဆင်းလာပြီး ဘုရားသခင် စိတ်ကျေနပ်စေရန် ၎င်းတို့၏ အစွမ်းကုန် လုပ်ဆောင်လျက်ရှိသည်။ လူ့ဇာတိခံယူသော ဘုရားသခင် ကိုယ်တော်တိုင်သည် ရန်သူနှင့် စစ်ဆင်နွှဲရန် စစ်မြေပြင်သို့ တပ်ဖြန့်ထား၏။ လူ့ဇာတိခံယူခြင်း ပေါ်လာသည့် နေရာတိုင်းတွင် ရန်သူသည် ယင်းနေရာမှ ဖျက်ဆီးခံရသည်။ တရုတ်ပြည်သည် ဦးစွာ သုတ်သင်ချေမှုန်းခြင်း ခံရမည် ဖြစ်ပြီး၊ ဘုရားသခင်၏ လက်တော်အားဖြင့် မွှေနှောက်ဖျက်ဆီးခြင်းကို ခံရမည်။ ဘုရားသခင်သည် တရုတ် ပြည်အား လုံးဝပင် သက်ညှာပေးမည်မဟုတ်။ အဆင်းနီသော နဂါးကြီး၏ အဆင့်ဆင့် ပြိုလဲမှုသက်သေကို လူတို့၏ ဆက်လက်ရင့်ကျက်လာမှု၌ တွေ့မြင်နိုင်သည်။ ဤသည်ကို မည်သူမဆို သိသာစွာပင် မြင်တွေ့ နိုင်သည်။ လူတို့၏ ရင့်ကျက်မှုသည် ရန်သူ၏ ကျရှုံးခြင်း လက္ခဏာဖြစ်သည်။ ဤသည်က “စစ်ဆင်နွှဲသည်” ဟူသည်မှာ အဘယ်အရာကို ဆိုလိုကြောင်း ရှင်းပြချက် အရိပ်အမြွက်မျှ ဖြစ်သည်။


နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏စာအုပ်ထဲရှိ “အခန်း ၁၀” စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်သက်ဆိုင်သော နက်နဲမှုများ၏ အနက်ဖွင့်ဆိုချက် မှ

လောကကြီး၏ လူများနှင့် တိုင်းနိုင်ငံများအားလုံးသည် ငါ၏ပလ္လင်ရှေ့မှောက်သို့ လှည့်ပြန်လာသောအခါ၊ ငါသည် ကောင်းကင်ဘုံ၏ ကြွယ်ဝမှုအားလုံးကို ယူငင်လျက် ယင်းအရာများကို လူ့လောကအပေါ်သို့ အပ်နှင်းပေးမည်၊ ထိုသို့အားဖြင့် ငါ၏ကျေးဇူးကြောင့်လျှင်၊ လူ့လောကသည် တုနှိုင်းမဲ့သော ကြွယ်ဝမှုနှင့် ပြည့်လျှံနေလိမ့်မည်။ သို့သော်လည်း လောကဟောင်း ဆက်လက်တည်ရှိနေသရွေ့ ငါ၏ဒေါသကို ၎င်း၏တိုင်းနိုင်ငံများအပေါ်သို့ ငါစေလွှတ်မည်ဖြစ်ပြီး၊ ငါ၏စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို စကြဝဠာတစ်လျှောက်တွင် ပွင့်လင်းစွာ ထုတ်ပြန်ကြေညာမည်ဖြစ်ကာ၊ ၎င်းတို့ကို ချိုးဖောက်သည့် မည်သူမဆို ပြစ်တင်ဆုံးမခြင်း ခံရမည်ဖြစ်သည်။

ငါသည် ပြောဆိုရန် စကြဝဠာထံသို့ ငါ၏မျက်နှာကို လှည့်လေသောအခါ၊ လူသားမျိုးနွယ် အားလုံးသည် ငါ၏အသံကို ကြားပြီးနောက် ချက်ချင်း စကြဝဠာတစ်လျှောက်တွင် ငါပြုထားသည့် အလုပ်များ အားလုံးကို မြင်လေသည်။ ငါ၏အလိုနှင့် ဆန့်ကျင်သော သူတို့သည်၊ ဆိုလိုသည်မှာ၊ ငါ့ကို လူသား၏အပြုအမူများဖြင့် ဆန့်ကျင်သောသူများသည်၊ ငါ၏ပြစ်တင်ဆုံးမမှုအောက်သို့ ကျရောက်လိမ့်မည် ဖြစ်သည်။ ငါသည် ကောင်းကင်တစ်ခွင်ရှိသည့် မြောက်မြားလှစွာသောကြယ်များကို ယူငင်လျက် ၎င်းတို့ကို အသစ်ပြုပြင်မည်ဖြစ်ပြီး၊ ငါ့ကျေးဇူးကြောင့် နေနှင့် လသည်လည်း အသစ်ပြုပြင်ခြင်း ခံရလိမ့်မည်ဖြစ်ပြီး၊ မိုးကောင်းကင်သည် ယခင်ကဲ့သို့ ရှိတော့မည်မဟုတ်၊ ကမ္ဘာမြေကြီးပေါ်ရှိ အသင်္ချေများလှသော အရာများသည် အသစ်ပြုပြင်ခြင်း ခံရလိမ့်မည်။ ငါ၏နှုတ်ကပတ်တော်များမှတစ်ဆင့် ခပ်သိမ်းသောအရာတို့သည် ပြီးပြည့်စုံလင်လာကြလိမ့်မည်။ စကြဝဠာအတွင်းရှိ တိုင်းနိုင်ငံများစွာတို့သည် အသစ်တဖန် ပိုင်းကန့်ခံရလိမ့်မည်ဖြစ်ပြီး ငါ၏တိုင်းနိုင်ငံနှင့် အစားထိုးခြင်း ခံရပေလိမ့်မည်၊ ထိုသို့အားဖြင့် ကမ္ဘာမြေကြီးအပေါ်ရှိ တိုင်းနိုင်ငံများသည် ထာဝရ ပျောက်ကွယ်သွားလိမ့်မည်ဖြစ်ပြီး၊ ငါ့ကို ဝတ်ပြုကိုးကွယ်သော တိုင်းနိုင်ငံတစ်ခု ဖြစ်လာပေလိမ့်မည်။ ကမ္ဘာမြေကြီး၏ တိုင်းနိုင်ငံများအားလုံးသည် ဖျက်ဆီးခံရလိမ့်မည်ဖြစ်ပြီး၊ တည်ရှိတော့မည် မဟုတ်ချေ။ စကြဝဠာအတွင်းရှိ သက်ရှိလူသားများတွင် မာရ်နတ်နှင့် သက်ဆိုင်သော သူအားလုံးတို့သည် ရှင်းရှင်းသုတ်သင်ခြင်းကို ခံရလိမ့်မည်၊ စာတန်ကို ဝတ်ပြုကိုးကွယ်သော သူအားလုံးတို့သည် ငါ၏လောင်သောမီးဖြင့် အောက်သို့ချထားခြင်းကို ခံရလိမ့်မည်။ ဆိုလိုသည်မှာ ယခုတွင် စမ်းရေအတွင်း၌ရှိသော သူများမှလွဲ၍၊ ကျန်သောသူတို့သည် ပြာအဖြစ်သို့ ပြောင်းလဲခြင်းခံရလိမ့်မည်။ လူမျိုးများစွာတို့ကို ငါပြစ်တင်ဆုံးမသောအခါ ဘာသာရေးလောက၌ရှိသော သူတို့သည် ကွဲပြားခြားနားသော အတိုင်းအတာများဖြင့် ငါ၏နိုင်ငံတော်သို့ ပြန်လာကြမည်ဖြစ်ပြီး ငါ့အလုပ်များ၏ သိမ်းပိုက်ခြင်းကို ခံကြရလိမ့်မည်၊ အဘယ်ကြောင့်ဆိုသော် သန့်ရှင်းသောသူမှာ ဖြူသောမိုးတိမ်ကိုစီးလျက် ရောက်ရှိလာသည်ကို ထိုသူတို့ မြင်ခဲ့ပြီးဖြစ်လိမ့်မည် ဖြစ်သောကြောင့်ပင်တည်း။ လူသားမျိုးနွယ်အားလုံးသည် မိမိတို့၏ တူရာအမျိုးအစားနောက်သို့ လိုက်ကြလိမ့်မည်ဖြစ်ပြီး၊ သူတို့ပြုခဲ့သော အရာများအလိုက် ကွဲပြားသော ပြစ်တင်ဆုံးမခြင်းများကို ခံယူကြရမည် ဖြစ်သည်။ ငါ့တဘက်တွင် ရပ်တည်ခဲ့ကြသော သူများအားလုံးတို့သည် ပျက်စီးကြလိမ့်မည်ဖြစ်သည်။ ကမ္ဘာမြေကြီးပေါ်မှ ၎င်းတို့၏ အပြုအမူများတွင် ငါမပါဝင်ခဲ့သော သူများကမူ၊ သူတို့၏ မိမိတို့ကိုယ်ုမိမိ ကင်းလွတ်စေခဲ့ပုံကြောင့် ထိုသူတို့သည် ကမ္ဘာမြေကြီးပေါ်၌ ငါ၏သားများနှင့် ငါ့လူများ၏ အုပ်စိုးမှုအောက်တွင် ဆက်လက်တည်ရှိကြလိမ့်မည်။ ငါသည် လူအသင်္ချေထံသို့နှင့် တိုင်းနိုင်ငံအသင်္ချေထံသို့ ငါ့ကိုယ်ငါ ထုတ်ဖော်ပြသမည်၊ လူသားမျိုးနွယ်အားလုံးအတွက် ငါ၏ကြီးမြတ်သောအလုပ် စုံလင်သွားခြင်းကို သူတို့၏ကိုယ်ပိုင်မျက်စိနှင့် မြင်နိုင်ကြရန် ကြွေးကြော်ဖို့ အလို့ငှာ ကမ္ဘာမြေကြီးအပေါ်တွင် ငါ၏ကိုယ်ပိုင်အသံနှင့် မြွက်ဆိုမည်။


နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၂၆” စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ မှ

အောက်ခြေမှတ်စု(များ)-

က။ မူလစာသားတွင် “ယနေ့၊ ဤသို့ဖြစ်ရခြင်းအကြောင်းရင်းမှာ” ဟုရေးထား၏။

အကြံပြုစာမျာ:

အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်- နိုင်ငံတော်၏ ကယ်တင်ခြင်း

No comments:

Post a Comment