菜單

မူလစာမျက်နှာ သတင်းအချက်အလက် အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ စွဲကိုင်ထားသူ လွတ်လပ်မှန်ကန်တဲ့လူ့အခွင့်အရေး ကယ်တင်ရှင်ပြန်ကြွလာပြီ ဧဝံဂေလိတရားတော် ကောင်းကင်နိုင်ငံတော်သီချင်း အမှန်တရားကို ဖေါ်ထုတ်ခြင်း နိုင်ငံတော် ချီးမွမ်းခြင်း တေးဂီတ ဘုရားသခင်၏ နှုတ်ကပတ်တော်များ ဖတ်ကြားခြင်းများ

11/21/2019

အသင်းတော် အသက်တာနှင့် လက်တွေ့အသက်တာ ဆွေးနွေးချက်

အသက်, ယေရှု, ဘုရားသခင်၏ နှုတ်ကပတ်တော်,ခရစ်တော်၏ ပြောကြားချက်များ, သမ္မာတရား,

လူတို့သည် သူတို့၏ အသင်းတော် အသက်တာအတွင်းတွင်သာ ပြောင်းလဲနိုင်သည်ဟုခံစားကြရသည်၊သူတိုသည် အသင်းတော်အတွင်းတွင် နေထိုင်နေခြင်း မဟုတ်ပါက ပြောင်းလဲခြင်းမဖြစ်နိုင်၊ သူတို့၏ တကယ့်အသက်တာတွင် ပြောင်းလဲမှု မရနိုင်ဟု ခံစားကြသည်။ သင်တို့သည် ဤကိစ္စရပ်က မည်သည့်အရာဖြစ်သည်ကို သင်တို့မှတ်မိနိုင်ကြပါသလား။ ကျွနုပ်သည် ဘုရားသခင်ကို တကယ့်အသက်တာအတွင်းသို ခေါ်ဆောင်လာခြင်းအကြောင်း ပြောနေပြီး၊ ယင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ စစ်မှန်မှုအတွင်းသို့ ဝင်ရောက်ရန်အတွက် ဘုရားသခင်ကို ယုံကြည်သူတို့၏ လမ်းကြောင်းဖြစ်သည်။ အမှန်တကယ်အားဖြင့်၊ အသင်းတော်အသက်တာသည် လူသားများကို စုံလင်စေဖို့ အကန့်အသတ်ရှိ သော လမ်းကြောင်းတစ်ခုသာဖြစ်သည်။ လူသားများကို ပြီးပြည့်စုံစေသော အဓိက ပတ်ဝန်းကျင်မှာ တကယ့်အသက်တာပင် ဖြစ်နေဆဲဖြစ်သည်။ ယင်းသည် ကျွနုပ်ပြောဆိုသော အမှန်တကယ် လေ့ကျင့်မှုနှင့် အမှန်တကယ် သင်ကြားမှု ဖြစ်ပြီး၊ လူသားများကို ပုံမှန်လူသားသဘာဝနှင့် နေ့စဉ်ဘဝတွင် စစ်မှန်သော လူပုဂ္ဂိုလ်နှင့် တူညီစွာ အသက်ရှင်မှုကို ရရှိရန် အခွင့်ပေးသည်။ ရှုထောင့်တစ်ခုမှာ တစ်စုံတစ်ယောက်သည် သူ၏ ကိုယ်ပိုင် ပညာရေး အဆင့်ကို မြှင့်တင်ရန်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နားလည်နိုင်ရန်၊ နှင့် နားလည်နိုင်စွမ်းရရှိရန်အတွက် ပညာတတ်ရန် လိုအပ်သည်။ အခြား ရှုထောင့်တစ်ခုမှာ တစ်စုံတစ်ယောက်သည် အမြင်ရရှိစေရန် နှင့် ပုံမှန်လူသားသဘာဝ၏ အသိစိတ်ကို ရရှိစေရန် လူသားအဖြစ် အသက်ရှင်ရန် လိုအပ်သော အခြေခံ ဗဟုသုတများ ရှိထားရန်လိုသည်။ အဘယ်ကြောင့်ဆိုသော် လူသားများသည် ဤကိစ္စရပ်များတွင် လုံးဝနီးပါး အားနည်းသောကြောင့် ဖြစ်သည်။ ထို့အပြင် တစ်စုံတစ်ယောက်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အသင်းတော်အသက်တာမှ တဆင့် ခံစားတတ်ရန်လည်း လိုအပ်ပြီး ဖြည်းဖြည်းခြင်း အမှန်တရားကို ရှင်းလင်းစွာ နားလည်လာနိုင်သည်။


ဘုရားသခင်ကို ယုံကြည်ရာတွင် တစ်စုံတစ်ဦးသည် ဘုရားသခင်ကို တကယ့်အသက်တာအတွင်းသို့ ယူဆောင်ရန် လိုအပ်သည်ဟု အဘယ်ကြောင့် ပြောသနည်း။ အသင်းတော်အသက်တာ သည်သာလျှင် လူသားကို ပြောင်းလဲနိုင်သည်မဟုတ်ဘဲ၊ ပို၍ အရေးကြီးသည်မှာ၊ လူသားသည် တကယ့်အသက်တာ၏ အစစ်အမှန်ထဲသို့ ဝင်ရောက်သင့်ပေသည်။ သင်တို့သည် တကယ့်အသက်တာတွင် အရာများစွာကို လေ့ကျင့်ရန်သာမက ထိုအရာများအတွင်းသို့ ဝင်ရောက်ရန်တို့ကို လျစ်လျူရှုထားလျက် သင်တို့၏ ဝိညာဉ်ရေးရာ အခြေအနေ၊ ၀ိညာဉ်ရေးရာဆိုင်ရာ ကိစ္စများကို အစဉ်အမြဲ ပြောဆိုလေ့ရှိတတ်ကြသည်။ သင်တို့သည် နေ့စဉ် ရေးသား၊ ဖတ်ရှု၊ နားထောင်ခဲ့ကြ၏။ ချက်ပြုတ်ရင်း သင်တို့ ဆုတောင်းခဲ့ကြသည်။ “အို အဖဘုရားသခင်၊ ကျွနုပ်၏ အတွင်းတွင် ကိုယ်တော်သည် ကျွနုပ်၏ ဘဝ ဖြစ်တော်မူပါ။ ဤနေ့ရက်ကို ကျွနုပ်မည်သို့ ဖြတ်ကျော်အံ့နည်း။ အကျွနုပ်ကို ကိုယ်တော် ကောင်းချီးပေးတော်မူပါ၊ ဉာဏ်အလင်းဖွင့်ပေးတော်မူပါ။ ယနေ့တွင် ကိုယ်တော်သည် အကျွနုပ်အား ဉာဏ်အလင်းဖွင့်ပေးသည်ဖြစ်စေ၊ ကိုယ်တော်၏ နှုတ်ကပတ်တော်များကို ယခုမျက်မှောက်တွင် နားလည်စေရန် ကျေးဇူးပြုပြီး ခွင့်ပြုတော်မူပါ၊ သို့မှသာ ကိုယ်တော်၏ နှုတ်ကပတ်တော်များသည် ကျွနုပ်အသက်တာအဖြစ် ကျင့်ကြံကောင်း ကျင့်ကြံကြမည်ဖြစ်သည်။” သင်တို့သည် ညစာစားသော အခါတွင်လည်း ဆုတောင်းခဲ့ကြသည်။ “အို အဖ ဘုရားသခင်၊ ကိုယ်တော်သည် အကျွနုပ်တို့အား အစားအစာများကို ချပေးသနားတော်မူသည်။ အကျွနုပ်တို့အား ကောင်းချီးပေးတော်မူပါ။ အာမင်။ အကျွနုပ်တို့၏ အသက်တာများကို ကိုယ်တော့်အပေါ်တွင် မှီခိုခွင့်ပြုပါ။ ကိုယ်တော်သည် ကျွနုပ်တို့နှင့် ရှိပါစေ။ အာမင်။” သင်တို့သည် ညစာစားပြီး၍ ပန်းကန်များဆေးကြောနေစဉ်တွင်၊ သင်သည် ဆုတောင်းပြန်သည်။ “အို အဖဘုရားသခင် ဤပန်းကန်သည် ကျွနုပ် ဖြစ်ပါ၏။ ကျွန်ုပ်တို့သည် စာတန်၏ ဖျက်စီးခြင်းကိုခံခဲ့ရပြီး၊ အသုံးပြုပြီးသော ပန်းကန်များကဲ့သို့ဖြစ်ကြကာ ရေဖြင့် သန့်ရှင်းစေရပါတော့မည်၊ ကိုယ်တော်သည် ရေဖြစ်ပါ၏။ ကိုယ်တော်၏ နှုတ်ကပတ်တော်များသည် အကျွနုပ်၏ အသက်တာကို ထောက်ပံ့ပေးသော အသက်ရှင်သော ရေ ဖြစ်ကြပါ၏။” သင်မသိလိုက်ခင် အိပ်ယာဝင်ချိန်ရောက်လာပြီး သင်တို့သည် နောက်တကြိမ် ဆုတောင်းပြန်သည်။ “အို အဖဘုရားသခင်၊ ကိုယ်တော်သည် အကျွနုပ်ကိုတနေ့တာလုံး ကောင်းချီးပေးတော်မူပြီး လမ်းပြတော် မူခဲ့သည်။ ကိုယ်တော့်ကို အကျွနုပ်အမှန်တကယ် ကျေးဇူးတင်ပါသည်။" ယင်းမှာ တစ်နေ့တာကို သင်တို့ ဖြတ်သန်းပြီး အိပ်စက်အနားယူခြင်းသို့ ဝင်ရောက်သည့် ပုံစံဖြစ်သည်။ လူအများစုတို့သည် နေ့စဉ် ယနေ့ကဲ့သို့ အသက်ရှင်ကြပြီး ယခုအချိန်ထိတိုင်အောင်ပင် သူတို့သည် အမှန်တကယ် ဝင်ရောက်မှုကို အာရုံမစိုက်ကြဘဲ၊ သူတို့၏ ဆုတောင်းချက်များကို နှုတ်ဖြင့် ရွတ်ဆိုရန်သာ အာရုံစိုက်ကြသည်။ ဤကား လူသား၏ ယခင်ဘဝဖြစ်သည် - ဤအရာသည် သူတို့၏ ဘဝဟောင်းဖြစ်သည်။ လူအများစုမှာ ထိုကဲ့သို့သာ ဖြစ်ကြသည်၊ အမှန်တကယ် လေ့ကျင့်မှု မရှိကြဘဲ၊ သူတို့တွင် စစ်မှန်သည့် ပြောင်းလဲမှု အလွန်နည်းပါးကြသည်။ သူတို့သည် ဆုတောင်းချက်များကို နှုတ်ဖြင့်သာ ရွတ်ဆိုကြပြီး၊ သူတို့၏ စကားလုံးများမှတဆင့် ဘုရားသခင်ကို ချည်းကပ်ကြသော်လည်း သူတို့ နားလည်မှုတွင် လေးနက်မှုမရှိကြပါ။ သင်တို့၏ အိမ်ကို ရှင်းသည့် - အရိုးရှင်းဆုံး နမူနာ တစ်ရပ်ကို ကြည့်ကြပါစို့။ သူတို့၏ အိမ်သည် ရှုပ်ပွနေသည်ကို သင်တို့ မြင်ကြသည်။ ထိုအခါ သင်တို့ ထိုင်၍ ဆုတောင်းသည်။ "အို အဖဘုရားသခင် ကျွန်တော့်အပေါ် စာတန် ယူဆောင်လာသော ပျက်ဆီးခြင်းကို ကြည့်တော်မူပါ။ အကျွနုပ်သည် ဤအိမ်ကဲ့သို့ပင် ညစ်ညမ်းပါသည်။ အို အဖဘုရားသခင် ကိုယ်တော့်ကို အကျွနုပ် ချီးမွမ်း၍ ကျေးဇူးတင်ပါသည်။ ကိုယ်တော်၏ ကယ်တင်ခြင်းနှင့်ဉာဏ်အလင်းဖွင့်ပေးခြင်း မရရှိပါက ဤအချက်ကို အကျွနုပ် သိနားလည်မည်မဟုတ်ပါ။” သင်တို့သည် ထိုနေရာတွင် ထိုင်၍သာ နှုတ်မှ ရွတ်ဆိုသည်၊ အချိန်ကြာမြင့်စွာ ဆုတောင်းသည်၊ ထို့နောက် ဘာမှ မဖြစ်သကဲ့သို့ သင်ပြုမူသည်၊ တဗျစ်တောက်တောက် ပြောတတ်သော အမယ်အိုကဲ့သို့ ပြုမူသည်။ သင်တို့သည် အပေါ်ယံ အမူအကျင့် အများအပြားဖြင့် တကယ့် စစ်မှန်ခြင်းသို့ အမှန်တကယ် ဝင်ရောက်ခြင်း အလျင်းမရှိပဲ သင်တို့၏ ၀ိညာဉ်အသက်တာကို ဤနည်းလမ်းဖြင့် သင်တို့ဖြတ်ကျော်ကြသည်။ စစ်မှန်ခြင်းသို့ ဝင်ရောက်ရန် လေ့ကျင့်ရာတွင် လူများ၏ တကယ့် အသက်တာများ ပါဝင်သည်၊ သူတို့၏ လက်တွေ့ အခက်အခဲများ ပါဝင်သည်— ယင်းသာလျှင် သူတို့ကို ပြောင်းလဲနိုင်သည်။ တကယ်လက်တွေ့အသက်တာ မပါဘဲ လူသားများ မပြောင်းလဲပါ။ သူတို့၏ ဆုတောင်းချက်များကို နှုတ်မှ ရွတ်ဆိုခြင်းသည် အဘယ်အကျိုးရှိမည်နည်း။ လူသားများ၏ သဘာဝကို နားလည်မှု မရှိပါက အရာရာသည် အချိန်ဖြုန်းခြင်းသာ ဖြစ်ပြီး၊ ကျင့်သုံးသည့် လမ်းကြောင်း မရှိပါက အရာရာသည် အချည်းနှီးသော အားထုတ်မှုသာ ဖြစ်သည်။ လျော်ကန်သော ဆုတောင်းမေတ္တာများသည် လူများအတွင်းတွင် ကောင်းမွန်သော အခြေအနေကို ထိန်းသိမ်းပေးသော်လည်း ယင်းသည် သူတို့ကို သေချာကျနစွာ ပြောင်းလဲနိုင်ခြင်းမရှိပေ။ လူသားတို့၏ အတ္တ၊ စိတ်ကြီးဝင်မှု၊ ဘဝင်မြင့်မှု၊ မောက်မာမှု၊ နှင့် အကျင့်ပျက်သည့် သဘောထားများကို သိရှိခြင်း- ယင်းအရာများကို သိရှိခြင်းမှာ ဆုတောင်းခြင်းများမှ တဆင့်လာခြင်းမဟုတ်ဘဲ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ခံစားခြင်းမှသာ ရှာဖွေ တွေ့ရှိနိုင်ပြီး၊ စစ်မှန်သည့်အသက်တာတွင် သန့်ရှင်းသော ၀ိညာဉ်တော်၏ ဉာဏ်အလင်းဖွင့်ပေးခြင်းမှတဆင့် သိရှိ နိုင်သည်။ မျက်မှောက်ခေတ်လူတို့သည် ကောင်းမွန်စွာ ပြောဆို တတ်ကြပြီး၊ ခေတ်အဆက်ဆက်ကထက်ပို အဆင့်မြင့်သော အဆင့်အတန်းမြင့် သြဝါဒများကို နာယူခဲ့ကြသော်လည်း သူတို့၏ လက်တွေ့ဘဝတွင် အမှန်တကယ် အကောင်အထည်ဖော်မှုမှာ အလွန်နည်းပါးသည်။ ယင်းကို ပြောရလျှင် လူတို့၏ စစ်မှန်သည့်အသက်တာတွင် ဘုရားသခင် မရှိဘဲ ပြောင်းလဲမှုနောက်တွင် ဖြစ်ပေါ်လာသော လူသစ်အသက်တာ ချို့တဲ့လျက်ရှိသည်။ လက်တွေ့အသက်တာတွင် အမှန်တရားအပေါ် နေထိုင်နေခြင်းမရှိဘဲ၊ လက်တွေ့အသက်တာအတွင်းသို့ ဘုရားသခင်ကို ဆောင်ယူလာခြင်းမရှိကြပေ။ လူတို့သည် သူတို့၏ အသက်တာများကို ငရဲသားများသဖွယ် နေထိုင်နေကြသည်။ ဤအရာမှာ ထင်ရှားသော လွဲမှားမှု မဟုတ်ပါလော။

ပုံမှန်လူတစ်ဦးနှင့် တူအောင် ထိန်းသိမ်းရန်အတွက်၊ ပုံမှန်လူသားသဘာဝကို ရရှိစေရန်၊ လူတို့သည် သူတို့ စကားလုံးများဖြင့် ဘုရားသခင်ကို နှစ်သိမ့်ရုံဖြင့် မရနိုင်ပေ။ ယင်းသို့လုပ်ခြင်းဖြင့် သူတို့သည် သူတို့ကိုသူတို့ ထိခိုက်နာကျင်စေကြပြီး ယင်းသည် သူတို့ဘဝအသက်တာပြောင်းလဲမှုအတွက် မည်သည့် အကျိုးကျေးဇူးမှ ယူဆောင်လာခြင်းမရှိပေ။ သို့ဖြစ်ရာ ပြောင်းလဲမှု ရရှိရန်အတွက် လူတို့သည် နည်းနည်းချင်းစီ လေ့ကျင့်ရမည်၊ ဖြည်းညှင်းစွာ ဝင်ရောက်ရမည်၊ နည်းနည်းချင်း ရှာဖွေ ဖော်ထုတ်ရမည်၊ အပြုသဘောမှ ဝင်ရောက်ပြီး သူတော်စင်တို့၏ အသက်တာဖြစ်သော သမ္မာတရားနှင့်ဆိုင်သော လက်တွေ့ အသက်တာတွင် နေထိုင်ကြရမည်။ ယခုမှ စ၍ အမှန်တကယ် ကိစ္စရပ်များ၊ စစ်မှန်သည့် အရာများ နှင့် တကယ့် ပတ်ဝန်းကျင်များ ပါဝင်လာပြီး၊ လူများကို လက်တွေ့လေ့ကျင့်မှုများ ခွင့်ပြုနေမည်။ ယင်းတွင် သူတို့အနေဖြင့် နှုတ်ဖြင့် ရွတ်ဆိုရန် မလိုအပ်ပါ။ ယင်းအစား တကယ့် ပတ်ဝန်းကျင်များတွင် လေ့ကျင့်ရန် လိုအပ်သည်။ လူတို့သည် သူတို့တွင် အရည်အသွေးအားနည်းကြောင်း သိရှိလာကြပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မှန်ကန်စွာ သုံးဆောင်ကြသည်၊ မှန်ကန်စွာ ဝင်ရောက်ကြသည်၊ ထို့နောက် မှန်ကန်စွာ ကျင့်သုံးကြသည်။ ယင်းသို့ဖြင့် သူတို့သည် စစ်မှန်မှုကို ရရှိကြပြီး ဝင်ရောက်မှုသည် ပိုမိုလျင်မြန်စွာပင် ရရှိနိုင်သည့် နည်းလမ်းဖြစ်သည်။ လူတို့အား ပြောင်းလဲရန် လက်တွေ့ကျမှု အချို့ရှိရမည်၊ သူတို့သည် တကယ့် ကိစ္စရပ်များ၊ စစ်မှန်သည့်အရာများ နှင့် စစ်မှန်သည့် ပတ်ဝန်းကျင်များ နှင့်အတူ လေ့ကျင့်ကြရမည်။ အသင်းတော်၏ အသက်တာကို မှီခိုရုံမျှဖြင့်မှန်ကန်သော လေ့ကျင်မှုရရှိရန် ဖြစ်နိုင်သလော။ စစ်မှန်မှုသို့ လူသားသည် ဝင်ရောက်နိုင်မည်လော။ မဝင်ရောက်နိုင်ပါ။ လူသားသည် စစ်မှန်သော အသက်တာအတွင်းသို့ မဝင်ရောက်နိုင်ပါက၊ သူသည် သူ၏ အကျင့်ဟောင်းများဖြစ်သော လုပ်ကိုင်ဆောင်ရွက်ပုံများ အသက်တာ နေထိုင်မှုများကို ပြောင်းလဲနိုင်မည် မဟုတ်ပါ။ ယင်းမှာ လူသား၏ ပျင်းရိခြင်း သက်သက်ကြောင့် သို့မဟုတ် သူ၏ ကြီးမားသော မှီခိုမှုကြောင့် မဟုတ်ဘဲ သာမန်အားဖြင့် ယင်းသည် လူသားတွင် အသက်ရှင်နေထိုင်မှုအတွက် အရည်အသွေး မရှိခြင်းကြောင့်သာမက ဘုရားသခင်၏ အလိုတော်နှင့် အညီ ပုံမှန် လူသားတယောက်နှင့် တူသည့် စံချိန်စံညွှန်းများကို နားလည်မှု မရှိသောကြောင့် ဖြစ်သည်။ ရှေးယခင်က လူတို့သည် အစဉ်အမြဲ ဆွေးနွေးခဲ့ကြသည်၊ ပြောဆိုကြသည်၊ မိဿဟာယပြုကြရင်း၊နောက်ဆုံးတွင် “ဟောပြောသူများ” ပင် ဖြစ်လာကြသော်လည်း အသက်တာ စိတ်သဘောထား၌ ပြောင်းလဲခြင်းကို မည်သူကမျှ မရှာဖွေခဲ့ကြပေ။ သူတို့သည် လေးနက်သော သဘောတရားများကိုသာ ဆက်လက်ရှာဖွေလိုခဲ့ကြသည်။ သို့ဖြစ်ရာ ယနေ့တွင် သင်တို့သည် ဘုရားသခင်၌ ယုံကြည်ခြင်းဆိုင်သော ဘာသာရေး အသက်တာကို ပြောင်းလဲပစ်ရမည်။ သင်တို့သည် အမှုအရာတစ်ခု၊ ကိစ္စတစ်ရပ်၊ လူတစ်ယောက်ကို ပစ်မှတ်ထားကာ ဝင်ရောက်ပြီး ကျင့်သုံးကြရမည်။ သင်တို့ လုပ်ဆောင်မှုများတွင် အာရုံစူးစိုက်မှု ရှိရမည်။ သို့မှသာ သင်တို့သည် ရလဒ်များ ရရှိနိုင်ကြမည်။ လူတို့ကို ပြောင်းလဲရန် သူတို့၏ အနှစ်သာရဖြင့် စတင်ရမည်။ လူတို့၏ အကြောင်းအရာများ၊ သူတို့၏ ဘဝများ၊ ပျင်းရိခြင်း၊ မှီခိုခြင်း၊ နှင့် လူတို့၏ တကိုယ်ကောင်းဆန်ခြင်း တို့ကို ပစ်မှတ်ထားလုပ်ဆောင်ရမည်။ သို့မှသာလျှင် ဤနည်းလမ်းက သူတို့ကို ပြောင်းလဲနိုင်မည်။

အချို့သော နေရာများတွင် အသင်းတော်အသက်တာက ရလဒ်များ ထွက်ပေါ်စေနိုင်သော်လည်း၊ လက်တွေ့အသက်တာက လူတို့ကို ပြောင်းလဲစေနိုင်သည်မှာ အဓိကကျသောအချက် ဖြစ်နေဆဲဖြစ်ပြီး သူတို့၏ သဘာဝ ဟောင်းများသည် လက်တွေ့အသက်တာမရှိပဲ မပြောင်းလဲနိုင်ပါ။ ဓမ္မသစ်ကာလ အတွင်း သခင်ယေရှု၏ လုပ်ဆောင်မှုများကို ကြည့်ကြပါစို့။ သခင်ယေရှုသည် ယခင် ပညတ်တရားများကို ဖျက်သိမ်းပြီး ခေတ်သစ်အတွက် ပညတ်ချက်များကို တည်ထောင်ရာတွင် ကိုယ်တော်သည် လက်တွေ့အသက်တာ ဥပမာများမှ တဆင့် မြွက်ကြားခဲ့သည်။ သခင်ယေရှုက သူ၏ တပည့်တော်များကို ဥပုသ်နေ့၌ ဂျုံခင်းကို ဖြတ်လျက် ဦးဆောင်လာစဉ်၊ တပည့်တော်များက ဆာလောင်ပြီး ဂျုံစေ့များကို ခူးယူစားသောက်ကြသည်ကို ဖာရိရှဲများက တွေ့မြင်ရာတွင်၊ သူတို့သည် ဥပုသ်နေ့ စည်းမျဉ်းကို မလိုက်နာဟု ဆိုကြသည်။ ဥပုသ်နေ့တွင် ကျင်းထဲကျနေသော နွားသားပေါက်များကိုပင် ကယ်တင်ခွင့်မရှိဟု လူများက ဆိုကြပြီး၊ ဥပုသ်နေ့တွင် မည်သည့်အလုပ်ကိုမျှ မလုပ်ဆောင်ရဟု ဆိုကြသည်။ သခင်ယေရှုက ဤအဖြစ်အပျက်များကို ဖြည်းဖြည်းခြင်းဖြင့် ဓမ္မသစ်ခေတ်၏ ပညတ်ချက်များကို ကြေငြာဖို့ အသုံးပြုခဲ့သည်။ ထိုအချိန်က ကိုယ်တော်သည် လူအများ နားလည်ပြီး ပြောင်းလဲစေရန် လက်တွေ့ ကိစ္စရပ် အများအပြားကို အသုံးပြုခဲ့သည်။ ယင်းသည် သန့်ရှင်းသော ဝိညာဉ်တော်က ကိုယ်တော်၏ လုပ်ရပ်များကို အကောင်အထည်ဖော်သည့် အခြေခံ ဥပဒေသဖြစ်ပြီး၊ လူများကို ပြောင်းလဲစေနိုင်သည့် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။ လက်တွေ့ကိစ္စရပ်များ မရှိသည့်အခါ၊ လူများသည် သဘောတရားအရသာ နားလည်မှုကို ရနိုင်ကြပြီး၊ အမှုအရာများကို ဦးနှောက်ဉာဏ်ဖြင့်သာ နားလည်နိုင်ကြသည်။ ယင်းသည် လူများကို ပြောင်းလဲခြင်း ဖြစ်စေရန် ထိရောက်သည့် နည်းလမ်းမဟုတ်ပါ။ ဉာဏ်ပညာနှင့် အတွေးအမြင်ကို လေ့ကျင့်ခြင်းမှ ရနိုင်သည်ဟု ပြောရာတွင် ယင်းကို မည်သို့ ရရှိနိုင်သနည်း။ လူသားသည် ဉာဏ်ပညာနှင့် အသိအမြင် တို့ကို နားထောင်ရုံ၊ ဖတ်ရှုရုံနှင့် ဗဟုသုတ တိုးပွားရုံဖြင့် ရနိုင်ပါသလား။ လူသည် လက်တွေ့အသက်တာမှတဆင့် နားလည်မှုနှင့် အတွေ့အကြုံတို့ကို ကြိုးစားရှာဖွေရမည်။ သို့ဖြစ်ရာ လေ့ကျင့်မှုသည် မရှိမဖြစ် ဖြစ်ပြီး လူတစ်ဦးတစ်ယောက်သည် လက်တွေ့အသက်တာနှင့် မကင်းကွာနိုင်ပါ။ လူသားသည် မတူညီသော ရှုထောင့်များကို အာရုံစူးစိုက်ရမည်ဖြစ်ပြီး ရှုထောင့်အမျိုးမျိုးကို ဝင်ရောက်ရမည်။ ပညာရေး အဆင့်အတန်း၊ ဖော်ထုတ်ပြသနိုင်မှု၊ အရာဝတ္ထုများအပေါ် မြင်နိုင်မှု၊ သိလွယ်မြင်လွယ်ခြင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နားလည်နိုင်စွမ်း၊ သာမန် ကျိုးကြောင်းဆက်စပ်နိုင်မှု နှင့် လူသားသဘာဝ ဥပဒေသများနှင့် လူသားတွင် တပ်ဆင်ထားသင့်သော အခြားသော လူသားသဘာဝဆိုင်ရာ အရည်အသွေးတို့ ဖြစ်သည်။ နားလည်မှုကို ရရှိပြီးသောအခါ လူသားသည် ဝင်ရောက်မှုကို စူးစိုက်ပြီးမှသာ ပြောင်းလဲခြင်းကို ရရှိနိုင်သည်။ လူသားသည် နားလည်မှုကို ရရှိသော်လည်း လေ့ကျင့်မှုကို လစ်လျူရှုထားပါက ပြောင်းလဲခြင်း မည်သို့ ဖြစ်နိုင်မည်နည်း။ ယခုအခါ လူသားသည် များစွာ နားလည်ခဲ့ပြီး ဖြစ်သော်လည်း လက်တွေ့အသက်တာတွင် နေထိုင်ခြင်းမရှိ၊ ထို့ကြောင့် သူသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အနည်းငယ်မျှသာ ခိုင်မာစွာ နားလည်နိုင်စွမ်း ရှိသည်။ သင်သည် ဉာဏ်ဖွင့်ပေးမှုကို အနည်းငယ်မျှသာ ရရှိသည်၊ သင်သည် သန့်ရှင်းသော ၀ိညာဉ်တော်၏ အလင်းတော်ကို အနည်းငယ်မျှသာ ရရှိသည်၊ သို့သော်လည်း သင်သည် လက်တွေ့အသက်တာတွင် ဝင်ရောက်မှု မရှိ သို့မဟုတ် သင်သည် ဝင်ရောက်မှုအတွက် ဂရုစိုက်ခြင်းပင်မရှိဖြစ်ကောင်းဖြစ်မည်။ သို့ဖြစ်ရာ သင်သည် ပြောင်းလဲခြင်း အနည်းငယ်ကိုသာ ရရှိမည်။ ကာလကြာရှည်စွာ ကြာညောင်းပြီးနောက်၊ လူများသည် အမှုအရာများစွာ နားလည်လာပြီး၊ သူတို့သည် သူတို့၏ ဗဟုသုတနှင့် သဘောတရားများကို အများအပြား ပြောဆိုနိုင်ကြသည်၊ သို့သော်လည်း သူတို့၏ အပြင်ပိုင်း သဘောထားမှာ မပြောင်းမလဲရှိနေပြီး၊ သူတို့၏ မူလ စွမ်းရည်များသည် တိုးတက်မှု တစုံတရာမရှိပါ။ ယင်းသို့ဖြစ်နေပါက သင်သည် မည်သည့် အချိန်တွင်မှ နောက်ဆုံးအနေဖြင့် ဝင်ရောက်နိုင်မည်နည်း။

အသင်းတော်အသက်တာသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အရသာခံရန် လူတို့စုဝေးကြသည့် အသက်တာမျိုးဖြစ်ပြီး၊ ယင်းသည် လူပုဂ္ဂိုလ်အသက်တာ၏ အလွှာပါးပါးလေးသာ ဖြစ်သည်။ အကယ်၍ လူပုဂ္ဂိုလ်တစ်ဦး၏ တကယ့်အသက်တာသည် မှန်ကန်သော ဝိညာဉ်အသက်တာ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များ မှန်ကန်စွာ ရယူခံစားခြင်း၊ ဆုတောင်းခြင်းနှင့် ဘုရားသခင်နှင့့် မှန်မှန်ကန်ကန် နီးကပ်စွာရှိနေခြင်း၊ ဘုရားသခင်၏ အလိုတော်နှင့် အညီ အရာရာကို လုပ်ကိုင်ဆောင်ရွက်သော လက်တွေ့အသက်တာတွင် နေထိုင်ခြင်း၊သမ္မာတရား နှင့် အညီ အရာရာကို လုပ်ကိုင်ဆောင်ရွက်သော လက်တွေ့အသက်တာတွင် နေထိုင်ခြင်း၊ ဆုတောင်းမေတ္တာများ ရွတ်ဆိုပြီး ဘုရားသခင်၏ ရှေ့မှောက်တွင် ငြိမ်သက်စွာရှိသည့် လက်တွေ့ ဘဝတွင် နေထိုင်ခြင်း နှင့် ဓမ္မတေးများ သီဆိုပြီး ကခုန်ခြင်းတို့ ကျင့်သုံးခြင်း အပါဝင် အသင်းတော်၏ အသက်တာနှင့် တူလျှင် ထိုကဲ့သို့သော အသက်တာသည်သာ လူသားကို ဘုရားသခင်၏ နှုတ်ကပတ်တော်များ နှင့်သက်ဆိုင်သော အသက်တာကို ဆောင်ယူပေးမည်။ လူအများစုမှာ အသင်းတော် အသက်တာကို နာရီ အနည်းငယ်သာ စူးစိုက်ပြီး ကျန်နာရီများတွင် သူတို့နှင့် မဆိုင်သကဲ့သို့ သူတို့၏ အသက်တာများကို အာရုံမစိုက်ကြပါ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သုံးဆောင်ခြင်း၊ ဓမ္မတေးများ သီဆိုခြင်း သို့မဟုတ် ဆုတောင်းခြင်း တို့ကို ပြုလုပ်သည့်အခါမှသာ သူတော်စင်အသက်တာများကို ဝင်ရောက်သော လူများလည်း အများအပြားရှိသည်။ ထို့နောက်တွင်မူ ယင်းအချိန်အပြင်အပတွင် သူတို့၏ အသက်တာဟာင်းသို့သာ ပြန်လည် ကူးပြောင်းသွားကြသည်။ ယင်းသို့သော အသက်တာများသည် လူများကို မပြောင်းလဲနိုင်ဘဲ ဘုရားသခင်ကို သိရန်လဲ ခွင့်ပြုမည်မဟုတ်ပေ။ အကယ်၍လူသားသည် မိမိကိုယ်ပိုင် စိတ်သဘောထား ပြောင်းလဲခြင်း ရရှိလိုလျှင် သူသည် လက်တွေ့အသက်တာနှင့် သူ့ကိုယ်သူ ခွဲခွာခြင်း မပြုရပေ။ တကယ့်အသက်တာတွင် သင်သည် သင့်ကိုယ်သင် သိရမည်၊ သင့်ကိုယ်သင် စွန့်လွှတ်ရမည်၊ သမ္မာတရားကို ကျင့်သုံးရမည်သာမက ပြောင်းလဲခြင်းကို တဖြည်းဖြည်း ရရှိနိုင်ခြင်း မရှိသေးမီတွင် ဥပဒေသများ၊ ယေဘုယျ ကျိုးကြောင်းဆင်ခြင်မှုနှင့် ခပ်သိမ်းသောအမှုအရာတို့၌ မိမိကိုယ်ကို ကျင့်ကြံပြုမူနေထိုင်ခြင်း စည်းမျဉ်းစည်းကမ်းများကို လေ့လာရမည်။ သင်သည် သဘောတရားများတွင်ရှိ ဗဟုသုတများကိုသာ စူးစိုက်ပြီး စစ်မှန်မှုထဲသို့ နက်နက်ရှိုင်းရှိုင်း မသွားပဲ ဘာသာရေး ပွဲလမ်းသဘင်များကြားတွင်သာ နေထိုင်မည်ဆိုပါက၊ သင့်ကိုယ်သင်နှင့် သမ္မာတရားကို သို့မဟုတ် ဘုရားသခင်ကို သင်မည်သည့်အခါမျှ သိမည်မဟုတ်ဘဲ သင်သည် အစဉ်အမြဲ မျက်စိကန်းလျက် အသိပညာ ကင်းမဲ့လျက်ရှိမည်။ ဘုရားသခင်၏ အမှုတော်ထမ်းဆောင်သော လူသား၏ ရည်ရွယ်ချက်သည် သူ၏ လူသားအသက်တာ၏ တနေကုန်ထဲမှ နာရီအနည်းငယ်ကိုသာ သူ့အတွက် ခွင့်ပြုပြီး ကျန်အချိန်များကို အသွေးအသားတွင် နေထိုင်ခြင်းမျိုး ခွင့်မပြုပါ။ ယင်းသည် လူသား၏ သဘောတရားဆိုင်ရာ အသိပညာများကို ပြောင်းလဲရန် မဟုတ်ပါ။ ယင်းအစား သူ၏ စိတ်သဘောထားဟောင်းကို ပြောင်းလဲရန်၊ သူ၏ အဟောင်းသော အသက်တာ အလုံးစုံကို ပြောင်းလဲရန်၊ သူ၏ ခေတ်နောက်ကျသော တွေးတောချက်များကို ပြောင်းလဲရန် နှင့် သူ၏စိတ်အမြင်ကို ပြောင်းလဲရန် ဖြစ်သည်။ အသင်းတော်အသက်တာကို အာရုံစိုက်ရုံမျှနှင့် လူသား အသက်တာ၏ အလေ့အထဟောင်းများ သို့မဟုတ် ကာလကြာရှည်စွာ သူနေထိုင်ခဲ့သည့် ပုံစံဟောင်းများကို ပြောင်းလဲနိုင်မည် မဟုတ်ပါ။ မည်သို့ပင်ဖြစ်စေကာမူ၊ လူသားသည် လက်တွေ့ဘဝနှင့် ကင်းကွာ၍ မရပါ။ ဘုရားသခင်က လူများကို လက်တွေ့အသက်တာတွင် ပုံမှန်လူသားသဘာဝဖြင့်သာ နေစေသည်၊ အသင်းတော်အသက်တာ သက်သက်သာ မဟုတ်ပါ။ လက်တွေ့ဘဝတွင် သမ္မာတရားအတိုင်း နေစေသည်။ အသင်းတော်အသက်တာ သက်သက်သာ မဟုတ်ပါ။ လက်တွေ့အသက်တာတွင် သူတို့၏တာဝန်ဝတ္တရားများကို အကောင်အထည်ဖော်စေသည်။ အသင်းတော် အသက်တာ သက်သက်တွင်သာ မဟုတ်ပါ။ စစ်မှန်မှုထဲသို့ ဝင်ရောက်ရန်မှာ လူတစ်ဦးတစ်ယောက်သည် အရာရာကို လက်တွေ့ အသက်တာအဖြစ် ပြောင်းလဲ ပစ်ရမည်။ ဘုရားသခင်ကို ယုံကြည်သူတို့သည် လက်တွေ့အသက်တာကို မဝင်ရောက်နိုင်ပါဘဲ သူတို့ကိုယ်ကိုသူတို့မသိပါက၊ သို့မဟုတ် လက်တွေ့အသက်တာတွင် ပုံမှန်လူသားသဘာဝကို အသက်မရှင်နိုင်ပါက သူတို့သည် ကျဆုံးကြလိမ့်မည်။ ဘုရားသခင်အား မနာခံသော သူအားလုံးတို့သည် လက်တွေ့အသက်တာကို မဝင်ရောက်နိုင်သူများ ဖြစ်ကြသည်။ သူတို့အားလုံးသည် လူသားသဘာဝှုကို ပြောဆိုပြီး နတ်ဆိုးသဘာဝအတိုင်း အသက်ရှင်နေထိုင်ကြသူများဖြစ်သည်။ သူတို့အားလုံးသည် သမ္မာတရားကို ပြောဆိုပြီး ယင်းအစား အယူဝါဒများ ကြားတွင်သာ နေထိုင်သူများဖြစ်ကြသည်။ လက်တွေ့ဘဝတွင် သမ္မာတရားအတိုင်း မနေထိုင်နိုင်သူတို့သည် ဘုရားသခင်ကို ယုံကြည်သော်လည်း ဘုရားသခင်၏ ရွံရှာမုန်းတီးမှုနှင့် ငြင်းပယ်မှုတို့ကို ခံရကြလိမ့်မည်။ သင်သည် လက်တွေ့အသက်တာသို့ ဝင်ရောက်နိုင်ရန် လေ့ကျင့်ရမည်၊ ကိုယ်တိုင်၏ အားနည်းချက်များ၊ မနာခံမှုများနှင့် မသိနားမလည်မှုများကို သိရမည်။ သင်၏ ပုံမှန်မဟုတ်သော လူသားသဘာဝ နှင့် အားနည်းချက်များကို သိရမည်။ ထိုနည်းဖြင့် သင်၏ အသိပညာအလုံးစုံတို့သည် သင်၏ လက်တွေ့ အခြေအနေနှင့် အခက်အခဲများအား ပေါင်းစပ်သွားစေလိမ့်မည်။ ယင်းသို့သော အသိပညာသည်သာ စစ်မှန်ပြီး သင်၏ ကိုယ်ပိုင်အခြေအနေကို အမှန်တကယ် နားလည်သဘောပေါက်စေမည်ဖြစ်ကာ သင်၏ စိတ်သဘောထားဆိုင်ရာ ပြောင်းလဲခြင်းကို ရရှိနိုင်သည်။

ယခုတွင် လူသား၏ ပြည့်စုံခြင်းသည် တရားဝင် စတင်ခဲ့ပြီ။ တစ်စုံတစ်ယောက်သည် လက်တွေ့အသက်တာကို ဝင်ရောက်ရမည်။ သို့ဖြစ်ရာ ပြောင်းလဲခြင်းကို ရရှိရန် တစ်ဦးတစ်ယောက်သည် လက်တွေ့အသက်တာထဲသို့ ဝင်ရောက်ခြင်းမှ စတင်ရမည်ဖြစ်ပြီး နည်းနည်းချင်းစီ ပြောင်းလဲရမည်။ သင်သည် လူသား၏ ပုံမှန်အသက်တာကို ငြင်းပယ်ပြီး ဝိညာဉ်ရေးရာ ကိစ္စများကိုသာ ပြောပါက၊ အမှုအရာများသည် ငြီးငွေ့ဖွယ်ကောင်းသွားလိမ့်မည်။ လက်တွေ့မကျသော အရာများ ဖြစ်လာမည်၊ သို့ဖြစ်လျှင် လူသားသည် မည်သို့ ပြောင်းလဲတော့မည်နည်း။ ယခုတွင် စစ်မှန်သော အတွေ့အကြုံထဲသို့ ဝင်ရောက်ဖို့ အခြေခံ အုတ်မြစ်ကို တည်ဆောက်နိုင်ရန် လက်တွေ့အသက်တာသို့ ဝင်ရောက်ရန်အတွက် လေ့ကျင့်ရန် သင့်ကို ပြောသည်။ ယင်းသည် လူသား လုပ်သင့်သော အလုပ်များထဲမှ တစ်ခုဖြစ်သည်။ ကျန်သော အရာများသည် လူများ၏ လေ့ကျင့်မှုဖြင့် ဝင်ရောက်မှုအပေါ် မှီခိုနေချိန်တွင် သန့်ရှင်းသော ၀ိညာဉ်တော်၏ အလုပ်သည် အဓိကအားဖြင့် လမ်းညွှန်မှုသာ ဖြစ်သည်။ လူတစ်ဦးတစ်ယောက်စီတိုင်းသည် လမ်းကြောင်း အမျိုးမျိုးမှ တဆင့် လက်တွေ့အသက်တာသို့ ဝင်ရောက်နိုင်သည်၊ သို့ဖြင့် ဘုရားသခင်ကို လက်တွေ့အသက်တာအတွင်းသို့ ရောက်လာစေနိုင်ပြီး၊စစ်မှန်သော ပုံမှန်လူသားသဘာဝကို လက်တွေ့အကောင်အထည်ဖော်နိုင်မည်ဖြစ်သည်။ ယင်းသည်သာလျှင် အဓိပ္ပါယ်ရှိသော အသက်တာဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏မှ

အကြံပြုစာမျာ:

ဘုရားသခင်၏ ကျေးဇူးတော်ကို သက်သေခံချက်များ

No comments:

Post a Comment