ရှင်ချို နန်ယန်းမြို့၊ ဟီနန် စီရင်စု
ကျွန်မ တွေးလေ့ရှိတာက ဘုရားသခင်က လူသားရဲ့ပင်ကိုယ် ဖောက်ပြန်ပျက်ဆီးမှုကို ပြသတဲ့အခါ ဒါမှမဟုတ် လူသားရဲ့နောက်ဆုံးခရီးပန်းတိုင်ကို တရားစီရင်တဲ့ ပြင်းထန်တဲ့နူတ်ကပတ်တော်တွေကို သိရှိစေတဲ့အခါမှသာ လူသားကို တရားစီရင်ပြီး ပြစ်တင်ဆုံးမတတ်တာလို့ပေါ့။ နောက်ပိုင်း တော်တော်ကြာမှ မတော်မဆမှုတစ်ခုကြောင့် ကျွန်မ သဘောပေါက်လာရတာက ဘုရားသခင်ရဲ့ နူးညံ့တဲ့ နူတ်ကပတ်တော်တွေကလည်း သူ့ရဲ့တရားစီရင်ခြင်းနဲ့ ပြစ်တင်ဆုံးမမှုတွေပဲဆိုတာကိုပါ။ ကျွန်မ သဘောပေါက်ခဲ့တာက ဘုရားသခင်မိန့်မြွက်တဲ့ နူတ်ကပတ်တော်တိုင်းက သူရဲ့လူသားကို တရားစီရင်ခြင်း ဖြစ်တယ် ဆိုတာကိုပါ။
တစ်လောက ကျွန်မရဲ့အိမ်ရှင် မိသားစုက အသက်ကြီးတဲ့အစ်မတစ်ယောက်က သူနဲ့ သူ့ရဲ့ ချွေးမ စကားများကြတာကြောင့် စိတ်မချမ်းမသာ ဖြစ်ခဲ့ရတယ်။ကျွန်မ သူနဲ့ အကြိမ်တစ်ချို့ မိတ်သဟာယဖွဲ့ခဲ့တယ်။ ဒါပေမဲ့ သူ့အခြေအနေထဲမှာ အပြောင်းအလဲ မရှိခဲ့ဘူး။ တဖြည်းဖြည်းနဲ့ ကျွန်မ စိတ်မရှည် ဖြစ်လာတယ်၊ ကျွန်မကိုယ် ကျွန်မ စဉ်းစားမိတာက “ ကျွန်မနဲ့ အစ်မ အကြိမ်အတော်များများ မိဿဟာယဖွဲ့ပြီးပြီ၊ ဒါပေမဲ့ အစ်မက မပြောင်းလဲသွားဘူး။ အစ်မက သမ္မာတရားကို စိတ်မဝင်စားတာ ဖြစ်ရမယ်။ အစ်မနဲ့ ကျွန်မ ဘယ်တော့မှ မိဿဟာယထပ်မဖွဲ့တော့ဘူး။” အဲဒီနောက်ပိုင်း သူ ဘယ်လို အခြေအနေမျိုးထဲ ရောက်ခဲ့လဲဆိုတာ ကျွန်မ သိပ်မမေးဖြစ်တော့ဘူး။ တစ်နေ့မှာ ကျွန်မနဲ့ အလုပ်အတူတူတွဲလုပ်တဲ့ အစ်မတစ်ယောက်က အဲဒီ အစ်မရဲ့ အခြေအနေကို ပြောပြခဲ့ပြီး သူနဲ့အတူတူ ပိုမိဿဟာယဖွဲ့ပြီး ဆုတောင်းသင့်ကြောင်း အကြံပေးလာတယ်။ ဒါကို ကြားတော့၊ ကျွန်မ ဘာကိုမှ အသံထွက် မပြောပဲ “ ကျွန်မ သူနဲ့အတူ အကြိမ်အများကြီး မိဿဟာပြု ဝေမျှခဲ့ပြီး အားလုံး အလဟသဖြစ်ခဲ့တယ်။ ကျွန်မမြင်တဲ့အတိုင်းဆိုရင် သူနဲ့ မိဿဟာယ ပိုဖွဲ့တာက အချိန်ဖြုန်းတာ သက်သက်ပဲ” လို့ ကျွန်မကိုယ် ကျွန်မ တွေးခဲ့တယ်။ ဒါက စာတန်မာရ်နတ်ရဲ့ စိတ်သဘောထားဖြစ်တဲ့ ကျွန်မရဲ့ မာနထောင်လွှားမှုကို ပြသနေတယ်ဆိုတာကို သိနေခဲ့တယ်။ ကျွန်မက သူ့ကိုတမင်မဖတ်မလုပ်ပဲ သူ့အပေါ် ချစ်ခြင်းမေတ္တာကို လုံးဝမပြသဘူး။ဒါပေမယ့် ကျွန်မရဲ့ အခြေအနေကို ကျွန်မ မပြောင်းလဲနိုင်ခဲ့ပါဘူး၊ကျွန်မတို့ အတူတူ ဆုတောင်းကြတဲ့အခါမှာ ကျွန်မရဲ့ အတွင်းစိတ်ထဲက သူ့ကို ဆန့်ကျင်တဲ့ ကျွန်မရဲ့ လိုမုန်းထားစိတ်ကို စွန့်ပစ်လိုက်ဖို့ ခက်ခဲတယ်ဆိုတာ တွေ့ရှိလာရပြီး ဝိညာဉ်ရေးဆိုင်ရာ အမှောင်ထုထဲကို လုံးဝ နှစ်မြှုပ်သွားပြီး ဘုရားသခင်နဲ့ ကျွန်မ အတူတူရှိနေတယ်ဆိုတာကို မခံစားမိတော့ဘူး။ ကျွန်မနှလုံးသားကို တစ်ခုခုက ပိတ်ဆို့ထားပြီး ဖယ်ရှားလို့မရသလိုမျိုး မွန်းကျပ်မှုကို ခံစားရတယ်။ နောက်ပိုင်းမှာ၊ ဘုရားသခင်ရဲ့အရှေ့ ကျွန်မ ရဲ့အကျပ်အတည်းကိုယူဆောင်ခဲ့ပြီး ကျွန်မ ဆုတောင်းတယ်၊ “ ဘုရားသခင်၊ ကျွန်မရဲ့ မာနထောင်လွှားမှုနဲ့ မပြည့်စုံတဲ့ လူသားသဘာဝ သတိမူမိပါတယ်။ ကျွန်မရဲ့အစ်မအပေါ် ကျွန်မ စာနာထောက်ထားမှုကော ညှာတာခြင်းကော မပြခဲ့ဘူး။ ကျွန်မ ဒီအခြေအနေထဲမှာ အသက်မရှင်ချင်ပေမယ့် ကျွန်မရဲ့ နှလုံးသားက တကယ်ကို မပြောင်းလဲနိုင်ပါဘူး။ ဘုရားသခင်၊ ကျွန်မကို ကျွန်မ သိဖို့နဲ့ သမ္မာတရားကို နားလည်ဖို့ ကိုယ်တော် ကျွန်မကို ဉာဏ်အလင်းဖွင့်ပေးဖို့ တောင်းလျှောက်ပါတယ်။” ကျွန်မ အဲဒီလိုဆုတောင်းပြီးချိန်မှာပဲ၊ ဘုရားသခင်ရဲ့နူတ်ကပတ်တော်တစ်ချို့ကို ကျွန်မ ရေးတေးတေးမှတ်မိခဲ့တယ်။ ချက်ချင်းပဲ ကျွန်မ ဘုရားသခင်၏နူတ်ကပတ်တော် စာအုပ်ကို ဖွင့်ခဲ့ပြီး အောက်ပါ ထုတ်ပြန်ချက်တွေကို တွေ့ရှိခဲ့ရတယ်- “ ဘုရားသခင်ကိုချစ်ရန် သင်၏ အဓိဋ္ဌာန်ပမာဏကို ယင်းက ဘာ့ကြောင့်ဆိုခဲ့သနည်း၊ ဖြစ်နိုင်သည်မှာ သင်သည် အသွေးအသားကို စစ်မှန်စွာဖြင့်ငြင်းပယ်ခဲ့ခြင်းဖြစ်မည်။ နောက်တစ်ခုမှာ သင်သည် သင့်ညီအစ်ကို မောင်နှမများကို ဘက်လိုက်ခြင်း၌ ရှိနေ၏။ အကယ်၍ သင်ဖြစ်လျှင် ထိုဘက်လိုက် လွှမ်းမိုးမှုများကို ဘေးဖယ် ပစ်နိုင်ပါသည်။ ယင်းကိုပြောရလျှင် သင့်ညီအစ်ကိုမောင်နှမတို့နှင့် ဆက်ဆံရေးပုံမှန်ဖြစ်နေစဥ်အခါ ဘုရားသခင် ရှေ့တွင် သင့်အခြေအနေများသည်လည်း ပုံမှန်ပင်ဖြစ်သည်။ သင့်ညီအစ်ကိုမောင်နှမအထဲမှ တစ်ဦးဦးက အားနည်းသောအခါ သင်သည် သူတို့ကို မုန်းခြင်း၊ မထီမဲ့မြင်ပြုခြင်း၊ နောက်ပြောင်ခြင်း၊ ပယ်ချခြင်းတို့ကို ပြုလိမ့်မည်မဟုတ်ပေ။ သင်သည် သူတို့အား အစေခံနိုင်မည်ဆိုလျှင် သူတို့နှင့် ပူးပေါင်းဆောင်ရွက်နိုင်လိမ့်မည်။… အကယ်၍ သင်သည် သူတို့ကို မထောက်ပံ့နိုင်ကြောင်း စိတ်ထဲတွင် ခံစားရလျှင် သူတို့ထံ အလည်သွားနိုင်ပါသည်။ ထိုသို့ပြုခြင်းသည် အသင်းတော်၏ ခေါင်းဆောင်မှသာ ပြုရသည်မဟုတ်ပေ။ ယင်းအလုပ်သည် ညီအစ်ကို မောင်နှမတိုင်း ပြုကြရမည့် ၀တ္တရားပင်ဖြစ်ပါ၏။ အကယ်၍ ညီအစ်ကို (သို့) မောင်နှမ တစ်ဦးဦးသည် အခြအနေ မကောင်းပဲဖြစ်နေသည်ကို သင်မြင်ခဲ့လျှင် သင်သည် သူတို့ထံ အလည်သွားသင့်ပါသည်။ ယင်းသည်ကား သင်တို့ အယောက်စီတိုင်း၏ တာ၀န်၀တ္တရားပင်တည်း။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုတော်နှင့် စာတန်၏အမှု” ) ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေဖြစ်တဲ့ “ သင်သည် သင့်ညီအစ်ကို မောင်နှမများကို ဘက်လိုက်ခြင်း၌ ရှိနေ၏။ အကယ်၍ သင်ဖြစ်လျှင် ထိုဘက်လိုက် လွှမ်းမိုးမှုများကို ဘေးဖယ် ပစ်နိုင်ပါသည်။ ယင်းကိုပြောရလျှင် သင့်ညီအစ်ကိုမောင်နှမတို့နှင့် ဆက်ဆံရေးပုံမှန်ဖြစ်နေစဥ်အခါ ဘုရားသခင် ရှေ့တွင် သင့်အခြေအနေများသည်လည်း ပုံမှန်ပင်ဖြစ်သည်။” ဆိုတာတွေက ကျွန်မစိတ်ထဲမှာ ရှင်းရှင်းလင်းလင်း စွဲထင်သွားခဲ့တယ်။ ကျွန်မ ရှာဖွေနေစဉ်မှာ ဒီနှုတ်ကပတ်တော်တွေကို ဆင်ခြင်ခဲ့တယ်။ သန့်ရှင်းသော ဝိညာဉ်တော်ဘုရားရဲ့ဉာဏ်အလင်းပွင့်စေခြင်းနဲ့ အလင်းပေးခြင်းကနေ တဆင့်၊ ဒီနူးညံ့တယ်လို့ ထင်ရတဲ့ ပြောဆိုချက်က တကယ်တော့ ဘုန်းအာနူဘော်နဲ့ တရားစီရင်မှု ဖွဲ့စည်းပါဝင်နေတယ်ဆိုတာကို ခံစားမိပြီး အဲဒါက ကျွန်မ နှလုံးသားကို ဓားတချောင်းနဲ့ထိုးဖောက်လိုက်သလိုပါပဲ။ ဘုရားသခင်က လူသားကို အမြဲတမ်း ရှင်းလင်းစွာ ပြောဆိုတာက ဘုရားသခင်ရဲ့နူတ်ကပတ်တော်တွေကို အခြေခံမှသာ လူဟာ ညီအစ်ကို မောင်နှမများကြားမှာ ပုံမှန်ဆက်ဆံရေးတွေကို တည်ဆောက်နိုင်မှာ ဖြစ်တယ်၊ ပြီးတော့ သူတို့ရဲ့ ညီအစ်ကိုမောင်နှမတွေနဲ့ ဆက်ဆံရေးက ပုံမှန်ဖြစ်တယ်ဆိုရင်၊ ဘုရားရဲ့ရှေ့မှာ သူတို့ရဲ့ အခြေအနေဟာလည်း ပုံမှန်ဖြစ်တယ်။ ဒါပေမယ့် တခြားလူတွေနဲ့အတူ ကျွန်မရဲ့အပြန်အလှန်ဆက်ဆံမှုမှာ၊ ကျွန်မ ပြသတာတစ်ခုတည်းက ဆာတန်မာရ်နတ်ရဲ့ ဖောက်ပြန်တတ်တဲ့ စိတ်သဘောထားပဲဖြစ်ပါတယ်၊ ကျွန်မ တခြားလူတွေကို အထင်အမြင်သေးတယ်၊ ပစ်ပယ်ပြီး ဘောင်ခတ်တယ်။ ကျွန်မမှာ လူတွေနဲ့ ပုံမှန်ဆက်ဆံရေးမျိုး မရှိခဲ့ဘူး၊ အဲဒီတော့ ဘယ်လိုလုပ် ဘုရားသခင်နဲ့ပုံမှန်ဆက်ဆံရေးကို ပိုင်ဆိုင်နိုင်မလဲ။ အားနည်းပြီး အပျက်သဘောဆောင်တဲ့ ညီအစ်ကို မောင်နှမတွေကို အစေခံပြီး အလည်အပတ်သွားဖို့ဆိုတာက ဘုရားသခင်ကို ယုံကြည်တဲ့ လူရဲ့မပြောင်းလဲတဲ့တာဝန်ဖြစ်ပါတယ်။ အဲဒါက ဘုရားသခင်ကို ချစ်ဖို့ ကြိုးစားကြတဲ့ လူတွေ နေထိုင်ရမယ့် ဘဝဖြစ်ပြီး တစ်ယောကနဲ့တစ်ယောက် ချစ်ကြတဲ့ ညီအစ်ကို မောင်နှမတွေရဲ့အပြုအမူဖြစ်ပါတယ်။ ဆန့်ကျင်ဘက်အနေနဲ့၊ အဲဒီ အစ်မက အခြေအနေဆိုးထဲရောက်နေတာ ကျွန်မမြင်ခဲ့တဲ့အချိန်မှာ၊ ကျွန်မက သူနဲ့ မိတ်သဟာယဖွဲ့တဲ့ပုံစံပေါ်နေပေမဲ့၊ ကျွန်မက သူ့ကို ဘုရားသခင်ကို ချစ်တဲ့ စိတ်နဲ့ မကူညီခဲ့သလို အားမပေးခဲ့မိဘူး။ ကျွန်မ သူ့ရဲ့ အမှောင်ထဲမှာ ရှင်သန်နေရတဲ့ ဒုက္ခဝေဒနာကို နားမလည်ပေးခဲ့ဘူး ဒါမှမဟုတ် အပျက်သဘောဆောင်တဲ့ အခြေအနေကနေ ရုန်းထွက်နိုင်အောင် သူ့ကို ကူညီပေးဖို့ စိတ်ရှည်ရှည်နဲ့ မိဿဟာယ ဖွဲ့မပေးခဲ့မိဘူး။ ကျွန်မ သူနဲ့ မိဿဟာယဖွဲ့တာနဲ့ တပြိုင်နက် သူပြန်လှည့်လာသင့်တယ်လို့တွေးရင်း ကျွန်မရဲ့ ကိုယ်ပိုင် စံနှုန်းစံထားတွေပေါ် အခြေခံပြီး သူ့အပေါ် ကျွန်မ တောင်းဆိုမှုတွေ လုပ်ခဲ့တယ်။ မိဿဟာဖွဲ့ပြီးတဲ့နောက် သူ့အခြေအနေ မပြောင်းလဲတဲ့အခါ သူက သမ္မာတရားကို ရှာဖွေဖို့တောင် ရည်ရွယ်ချက် မရှိဘူးလို့တောင် ဆုံးဖြတ်ခဲ့မိရင်း သူ့အပေါ် မရိုမသေ ဖြစ်ခဲ့တယ်။ အဲဒါကြောင့် ကျွန်မ သူ့ကို အထင်သေးပြီးတော့ ရှောင်ရှားခဲ့တယ်။ဒါက ဘုရားသခင် သတ်မှတ်ထားတဲ့အရာနဲ့ အတော်အလှမ်းဝေးပါတယ်။ ကျွန်မရဲ့ မာနထောင်လွှားပြီး ကိုယ့်ကိုယ်ကို မှန်တယ်လို့ယူမှတ်တဲ့ သဘာဝကို စဉ်းစာမိခဲ့တယ်၊ အဲဒီလို ဖောက်ပြန်ပျက်ဆီးတဲ့ စိတ်သဘောထားကို ကျွန်မ မကြာခဏ ထုတ်ဖော်ပြခဲ့တယ်၊ ဒါပေမယ့် ကျွန်မရဲ့ ခေါင်းမာမှုနဲ့ မာနထောင်လွှာမှုတွေကြောင့် ဘုရားသခင်က မကန့်သတ်သလို အထင်မသေးခဲ့ဘူး။အဲဒီအစား၊ စိတ်ရှည်ရှည်နဲ့ သူ ဆက်ပြီး ကျွန်မကို လမ်းပြခဲ့တယ်၊ ကျွန်မကို ပြုပြင်ဖို့၊ ရိုက်နှက်ဆုံးမဖို့နဲ့ ဆုံးမပဲ့ပြင်ဖို့ သူ့နှုတ်ကပတ်တော်တွေရဲ့ ပြစ်တင်ဆုံးမခြင်းသာမက ကျွန်မအနီးအနားက လူတွေ၊ အဖြစ်အပျက်တွေနဲ့ အမှုအရာတွေကို ခင်းကျင်းပေးခြင်းမှတဆင့် ကျွန်မရဲ့ ဖောက်ပြန်ပျက်ဆီးခြင်း အမှန်တရားကို သတိပြုမိစေပြီး ကျွန်မရဲ့ ဖောက်ပြန်ပျက်ဆီးတဲ့ ကိုယ်ပိုင် အနှစ်သာရကို ရှင်းရှင်းလင်းလင်း မြင်စေခဲ့တယ်။ ဒီဖြစ်စဉ်တလျှောက်၊ သမ္မာတရားကို ကျွန်မ နားလည်သဘောပေါက်ဖို့နဲ့ ကျွန်မရဲ့ ဖောက်ပြန်ပျက်ဆီးတဲ့ စိတ်သဘောထားရဲ့ ချည်နှောင်မှုတွေကို တစ်ဆင့်ပြီး တစ်ဆင့် ပယ်ရှားပြီး ရှေ့ဆက်ရမယ့်လမ်းကို တွေမြင်နိုင်ဖို့အတွက် နှုတ်ကပတ်တော်တွေကနေတဆင့် သူကျွန်မကို ဦးဆောင်ပြီး လမ်းပြခဲ့တယ်။တကယ်တော့ ကျွန်မက အသက်ကြီးတဲ့ အစ်မထက် ဘာမှပိုမကောင်းပါဘူး၊ ဒါကြောင့် သူ့အပေါ် ကျွန်မ အထင်သေးပိုင်ခွင့် ဘာရှိလို့လဲ။ ကျွန်မ သူနဲ့ အကြိမ်အနည်းငယ် မိဿဟာယဖွဲ့ပြီးနောက်မှာ သည်းခံစိတ် ဆုံးရှုံးခဲ့တယ်။ ကျွန်မ သူ့ကို ကန့်သတ်မိပြီး အထင်သေးမိခဲ့တယ်။ ကျွန်မရဲ့ လူ့သဘာဝက အရမ်းချို့တဲ့တာပဲ။ အဲဒီအချိန်မှာ၊ ကျွန်မ ဘုရားသခင်နဲ့ ပုံမှန်ဆက်ဆံရေးကို ဆုံးရှုံးခဲ့ရပြီးတော့ ဝိညာဉ်ရေးရာ အမှောင်ထုထဲမှာ ကျွန်မရဲ့ ဝိညာဉ် ဝေဒနာခံစားရင်းသူ့ရဲ့ ပြစ်တင်ဆုံးမခြင်းခံရဖို့ ဖြစ်လာခဲ့တယ်။ အဲဒါက ဘုရားသခင်ရဲ့ပင်ကိုယ်စိတ်နေသဘောထား ကျွန်မဆီကို ရောက်လာခဲ့တဲ့ အခြေအနေပဲ မဟုတ်လား။ ကျွန်မ ဒီအကြောင်းကို ပိုစဉ်းစားမိလေလေ ကျွန်မ ပိုမိုခိုင်မာစွာ ခံစားမိတာက ဒီတကယ့်ထုတ်ပြန်ချက်ကဘုရားသခင်ရဲ့ ကျွန်မအပေါ် မျက်နှာချင်းဆိုင် တရားစီရင်မှု ဖြစ်တယ် ဆိုတာပါပဲ။ ကျွန်မ ရှက်ပြီးတော့ အရမ်းကို နောင်တရမိခဲ့တယ်။ ဒါပေမယ့် တစ်ချိန်ထဲမှာပဲ ကျွန်မရဲ့ ဘုရားသခင်ကို ကြောက်ရွံ့မှုက အလိုအလျောက် ပြည့်လာခဲ့ပြီး ဘုရားသခင်ရဲ့ စိတ်သဘောထားက ဘုန်းအာနုဘော်နဲ့ အမျက်ဒေါသထဲက တစ်ခုဖြစ်မှန် ကျွန်မ သဘောပေါက်မိခဲ့တယ်။ ဘုရားသခင်က တကယ်ပဲ အလွန့်အလွန် ဖြောင့်မတ်ပြီးတော့ သန့်ရှင်းတယ်ဆိုတာ ကျွန်မ သဘောပေါက်မိခဲ့တယ်။ ဘုရားသခင်က ကျွန်မရဲ့ အတွေးတစ်ခုစီတိုင်းကို ဆန်းစစ်နိုင်တယ်၊ အဲဒါကြောင့် သူ့တရားစီရင်ခြင်းကနေ လွတ်မြောက်နိုင်ခြင်း မရှိဘူး။
ဘုရားသခင်၏နူတ်ကပတ်တော် တရားစီရင်ခြင်းက အစ်မအပေါ် အမှန်ကို မလိုမုန်းထားမှုကို စွန့်ပစ်ဖို့ ကျွန်မကို ကူညီမစခဲ့ပြီး ကြင်နာခြင်း ချစ်ခြင်စိတ်တစ်ခုနဲ့အတူ သူနဲ့ မိဿဟာယပြုဖို့ ကျွန်မ လိုလားခဲ့တယ်။ အဲဒီလို ဖြစ်ပေမယ့်လည်း၊ မမျှော်လင့်ဘဲ၊ ကျွန်မ သူနဲ့ မိတ်သဟာယထပ်မဖွဲ့ခင်မှာပဲ၊ သူဟာ ဘုရားသခင်ဆီက အသိဉာဏ်ပွင့်လင်းမှုကို လက်ခံရရှိခဲ့ပြီး ဘုရားသခင်ရဲ့နူတ်ကပတ်တော် ဓမ္မတေးတွေကို နားထောင်ခြင်းနဲ့ ဆုတောင်းခြင်းကနေ သူရဲ့အပျက်သဘောဆောင်တဲ့ အခြေအနေကနေ ထွက်လာနိုင်ခဲ့တယ်။ အဲဒီ အခိုက်အတန့်မှာပဲ၊ သူ့အခြေအနေ တိုးတက်ကောင်းမွန်လာခဲ့တာ ကျွန်မ ပျော်ရွှင်မိတယ်။ ဘုရားသခင် အမြဲ ဦးဆောင်တဲ့အတိုင်း ကျွန်မတို့ကို ဦးဆောင်ခဲ့တာကို ကျေးဇူးတင်မိပါတယ်။ ကျွန်မ ထုတ်ဖော်ပြသခဲ့မိတဲ့ ဆိုးယုတ်တဲ့ စိတ်သဘောထားအတွက်လည်း အရှက်ရခဲ့ပါတယ်။
ဘုရားသခင်ကို ကျေးဇူးတင်မိပါတယ်။ ကျွန်မ ဒီအတွေ့အကြုံကနေတဆင့် ပုန်ကန်မှုနဲ့ ပျက်ဆီးခြင်းကိုပဲ ပြသခဲ့ပေမဲ့လည်း၊ ဘုရားသခင်ရဲ့ နူးညံ့တဲ့ နူတ်ကပတ်တော်တွေကလည်း လူသားအပေါ် သူ့ရဲ့တရားစီရင်ခြင်းနဲ့ ပြစ်တင်ဆုံးမခြင်းပဲဆိုတာနဲ့ သူ့ဆီက နှုတ်ကပတ်တော်တိုင်းဟာ သမ္မာတရားဖြစ်ပြီး အဲဒါတွေဟာ ဖောက်ပြန်ပျက်ဆီးတဲ့ လူသားတွေ သူတို့ရဲ့ လူသားသဘာဝအတွင်းမှာ ချို့တဲ့နေတဲ့ အရာတွေအားလုံးပဲဆိုတာကို ကျွန်မ သိခဲ့ရတယ်။ ဒါဟာ ဘုရားသခင်ဆီက နှုတ်ကပတ်တော်တိုင်းဟာ လူ့ရဲ့ တရားစီရင်ခြင်း ဖြစ်ရတဲ့အကြောင်းရင်းပါပဲ။ ဘုရားသခင်ရဲ့နူတ်ကပတ်တော်ကို ဘယ်တော့မှ ကျွန်မ ကိုယ်ပိုင် အယူအဆတွေ၊ စိတ်ကူးတွေနဲ့ ထပ်ပြီး မမှတ်ယူတော့ပါဘူး။ သမ္မာတရားတွေကို ရရှိပြီး ပိုမို နားလည်သဘောပေါက်ဖို့နဲ့ ကျွန်မရဲ့စိတ်သဘောထားကို ဖြစ်နိုင်သမျှ အမြန်ဆုံး ပြောင်းလဲဖို့အတွက် ဘုရားသခင့် နှုတ်ကပတ်တော်တွေရဲ့ တရားစီရင်ခြင်းနဲ့ပြစ်တင်ဆုံးမခြင်းတွေကို လုံးဝနာခံခြင်းနဲ့ လက်ခံပါတော့မယ်။
ခရစ်တော်၏ပလ္လင်တော်ရှေ့တွင် တရားအစီရင်ခံခြင်းမှ
များပြားသောအကြံပြုချက်များ
ဘုရားသခင်၏ ကျေးဇူးတော်ကို သက်သေခံချက်များ
No comments:
Post a Comment