အောင်ပွဲခံသော ရှင်ဘုရင်သည် ဘုန်းအသရေနှင့်ပြည့်သော သူ၏ပလ္လင်ပေါ်၌ ထိုင်လေ၏။ သူသည် ရွေးနှုတ်ခြင်းကို လုပ်ဆောင်ပြီးမြောက်ခဲ့ပြီး၊ သူ၏လူအပေါင်းကို ဘုန်းအသရေဖြင့် ပေါ်ထွန်းခြင်းသို့ ဆောင်ယူခဲ့လေပြီ။ သူသည် စကြဝဠာကို သူ၏လက်ထဲ၌ ဆုပ်ကိုင်၍၊ သူ၏ ဘုရားဖြစ်ခြင်း ဉာဏ်ပညာနှင့် ခွန်အားဖြင့် ဇိအုန်ကို တည်ဆောက်ကာ ခိုင်ခံ့စေလေပြီ။ သူ၏ ဘုန်းအာနုဘော်ဖြင့် ဆိုးယုတ်သော လောကကြီးကို တရားစီရင်၏၊ သူသည် တိုင်းနိုင်ငံများနှင့် လူအပေါင်း၊ ကမ္ဘာမြေကြီး၊ ပင်လယ်များနှင့် ၎င်းတို့ထဲမှ သက်ရှိအပေါင်းကိုသာမက၊ မှောက်မှားခြင်း စပျစ်ရည်၌ ယစ်မူးနေကြသူများကိုလည်း တရားစီရင်လေ၏။ ဘုရားသခင်သည် ၎င်းတို့ကို ဧကန်မုချ တရားစီရင်လိမ့်မည်၊ ထို့ပြင် သူသည် ၎င်းတို့ကို မုချ အမျက်ထွက်မည်ဖြစ်၍၊ ယင်း၌ ဘုရားသခင်၏ ဘုန်းအာနုဘော်အား ထုတ်ဖော်လိမ့်မည်။ ယင်းကဲ့သို့ တရားစီရင်ခြင်းသည် ချက်ချင်းပင် ဖြစ်ကာ၊ နှောင့်နှေးခြင်းအလျှင်းမရှိ ချမှတ်လိမ့်မည်။ ဘုရားသခင်၏ အမျက်ဒေါသမီးသည် ၎င်းတို့၏ စက်ဆုပ်ရွံရှာဖွယ်ကောင်းသော ပြစ်မှုများကို မီးရှို့ဖျက်ဆီးမည် ဖြစ်ပြီး၊ ကပ်ဘေးသည် ၎င်းတို့အပေါ် အချိန်မရွေး ကျရောက်လေမည်။ ၎င်းတို့သည် လွတ်မြောက်ရန် လမ်းကို သိကြမည်မဟုတ်ဘဲ၊ ပုန်းအောင်းစရာ နေရာမရှိ ဖြစ်ကြမည်၊ ၎င်းတို့သည် အံကို ခဲကြိတ်ကာ ငိုကြွေး ကြလေမည်၊ ထို့အပြင် ၎င်းတို့သည် ၎င်းတို့ကိုယ်တိုင်အပေါ်သို့ ပျက်စီးခြင်းကို ကျရောက်စေလိမ့်မည်။
ဘုရားသခင်၏ အောင်ပွဲခံသော ချစ်သားများသည် ဇိအုန်၌ မုချ နေကြမည်ဖြစ်ကာ၊ ထိုနေရာမှ မည်သည့်အခါမျှ ထွက်ခွာကြမည်မဟုတ်။ မြောက်မြားစွာသော လူတို့သည် သူ၏ အသံကို စေ့စေ့ နားထောင်ကြလိမ့်မည်၊ ၎င်းတို့သည် သူ၏ လုပ်ဆောင်ချက်များကို အသေအချာ ဂရုပြုကြလိမ့်မည်၊ ထို့အပြင် သူ့ကို ချီးမွမ်းသော ၎င်းတို့၏အသံများသည် ဘယ်သောအခါမျှ စဲမည်မဟုတ်ပေ။ စစ်မှန်သည့် တစ်ပါးတည်းသော ဘုရားသခင် ပေါ်ထွန်းလေပြီ။ ငါတို့သည် စိတ်ဝိညာဉ်၌ သူ့အား ယုံမှားဖွယ်မရှိဘဲ၊ သူ့နောက်သို့ ဂရုတစိုက် လိုက်ကာ၊ တုံ့ဆိုင်းခြင်းအလျှင်းမရှိ ရှေ့ဆက်သွားဖို့ရန် အစွမ်းကုန် လုပ်ဆောင်ရမည်။ ကမ္ဘာလောကကြီး၏ အဆုံးသည် ငါတို့ရှေ့၌ ဖွင့်ဟလျက်ရှိ၏၊ အသင်းတော်၏ မှန်ကန်သော အသက်တာသာမက လူများ၊ အရေးကိစ္စများနှင့် ငါတို့ကို ဝိုင်းရံနေသော အရာများသည် ငါတို့၏ လေ့ကျင့်ခြင်းကို ပို၍ပြင်းထန်စေသည်။ လောကကို အလွန်ချစ်သော ငါတို့၏ စိတ်နှလုံးများကို ပြန်ယူလော့။ ကာဆီးနေသော ငါတို့၏ အမြင်ကို ပြန်ယူလော့။ ငါတို့သည် နယ်နိမိတ်များကို မကျော်လွန်မိစေရန် ယခုထက်ပို၍ လျှောက်လှမ်းမည် မဟုတ်၊ ထို့အပြင် ငါတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်အားဖြင့် အသက်ရှင်နိုင်ရန်အလို့ငှာ ငါတို့၏ လျှာများကို စောင့်ထိန်းမည်ဖြစ်ပြီး၊ ငါတို့၏ အကျိုးအမြတ်များနှင့် ဆုံးရှုံးမှုများအပေါ် ဆက်၍ ငြင်းခုံတော့မည် မဟုတ်ပေ။ လောကီကြွယ်ဝချမ်းသာခြင်းအပေါ် သင်တို့၏ ချစ်ခင်နှစ်သက်ခြင်းကို စွန့်လွှတ်ကြလော့။ သင်၏ ခင်ပွန်းနှင့် သင်၏ သားသမီးများအပေါ် တွယ်တာမှုမှ သင့်ကိုယ်သင် လွတ်မြောက်စေလော့။ သင်တို့၏ အမြင်များနှင့် အခြေအမြစ်မရှိသော စွဲလမ်းမှုများကို စွန့်လွှတ်ကြလော့။ အချိန်သည် နည်းပါးသောကြောင့် နိုးထကြလော့။ သင်တို့၏ စိတ်ဝိညာဉ်ကို အထက်သို့ မျှော်ကြည့်စေလော့၊ အထက်သို့ မျှော်ကြည့်ကာ ဘုရားသခင်အား ထိန်းချုပ်ခွင့်ပေးကြလော့။ သင့်ကိုယ်သင် လောတ၏ ဇနီးကဲ့သို့ မဖြစ်လာစေနှင့်။ ဘေးသို့ ပစ်ပယ်ခံရခြင်းမှာ အလွန်သနားစရာ ကောင်းလှသည်။ အမှန်ပင် သနားစရာပေတကား။ နိုးထကြလော့။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏မှ
များပြားသောအကြံပြုချက်များ
တရုတ်နိုင်ငံတွင် နောက်ဆုံးသောကာလ၌ ခရစ်တော်ပေါ်လာခြင်းနှင့် ခရစ်တော်၏အမှုတော် နောက်ခံအကြောင်း နိဒါန်းအကျဉ်းချုပ်
တရုတ်နိုင်ငံတွင် နောက်ဆုံးသောကာလ၌ ခရစ်တော်ပေါ်လာခြင်းနှင့် ခရစ်တော်၏အမှုတော် နောက်ခံအကြောင်း နိဒါန်းအကျဉ်းချုပ်
No comments:
Post a Comment