菜單

မူလစာမျက်နှာ သတင်းအချက်အလက် အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ စွဲကိုင်ထားသူ လွတ်လပ်မှန်ကန်တဲ့လူ့အခွင့်အရေး ကယ်တင်ရှင်ပြန်ကြွလာပြီ ဧဝံဂေလိတရားတော် ကောင်းကင်နိုင်ငံတော်သီချင်း အမှန်တရားကို ဖေါ်ထုတ်ခြင်း နိုင်ငံတော် ချီးမွမ်းခြင်း တေးဂီတ ဘုရားသခင်၏ နှုတ်ကပတ်တော်များ ဖတ်ကြားခြင်းများ
Showing posts with label ယုံကြည်ခြင်. Show all posts
Showing posts with label ယုံကြည်ခြင်. Show all posts

10/02/2019

2019 Myanmar Gospel Song (ဘုရားလူ့ဇာတိခံယူခြင်း၏ အနက်နှင့် အခွင့်အာဏာ)

 

2019 Myanmar Gospel Song (ဘုရားလူ့ဇာတိခံယူခြင်း၏ အနက်နှင့် အခွင့်အာဏာ)


လူ၏ အသက်တာကြီးထွားမှု၊ အသိပညာ၊ ချစ်ခြင်းနှင့်

သစ္စာစောင့်သိခြင်း၊ နာခံခြင်းနှင့်လူသား မြင်နိုင်သော အရာအားလုံး၊

နှုတ်ကပတ်တော်၏ စစ်ကြောစီရင်ခြင်းမှ ပေါက်ဖွားလာရသည်။

သူ၏နှုတ်ကပတ်တော်ကြောင့် သင့် ယုံကြည်ခြင်း ရပ်တည်နိုင်။

ဤလူအားဖြင့် ဘုရားသခင်၏ အံ့ဖွယ် အမှုကို မြင်တွေ့ရ။

လူတို့ လက်လှမ်းမမီနိုင်သော ကြီးမား၊ ဆန်းကြယ်၊ အံ့ဖွယ်များစွာ

အနီးပတ်လည်၌ ရှိကြပေ။

ထို့ကြောင့် လူအများက ကျိုးနွံခဲ့ကြပြီ။

သူ့ထံ မကျိုးနွံခဲ့ဖူးသူများ နှုတ်ကပတ်တော်နှင့်

ရင်ဆိုင်သောအခါ ဒူးထောက်ကြရလေ။

နှုတ်ကပတ်တော်၏တရားစီရင်ခြင်းကို သူတို့ ဦးညွတ်ရကြသည်။

စေ့စပ်ပြစ်တင်ဝေဖန် ပြောဆိုခြင်းကို မပြုကြပေ

နှုတ်ကပတ်တော်၏တရားစီရင်ခြင်းကို မည်သူမျှ မကျော်လွန်၊

သူ၏ သြဇာအာဏာအပေါ် မည်သည့် မှောင်မိုက်ခြင်းကမျှ မစိုးမိုးရ။

သူ၏ လူ့ဇာတိခံယူခြင်း၊ သြဇာအာဏာနှင့် နှုတ်ကပတ်တော်ဖြင့်

တရားစီရင်ခြင်း တို့ကြောင့် လူတွေ ကျိုးနွံ ကြရသည်။

1/30/2019

ခရစ်ယာန်ကဗီဒီယို | 3 သမ္မာကျမ်းစာကို ယုံကြည်ခြင်းသည် ဘုရားသခင်အား ယုံကြည်ခြင်းကို ကိုယ်စားပြုနိုင်ပါသလား


ဘာသာရေးလောကမှ သင်းအုပ်ဆရာများ နှင့် အကြီးအကဲများသည် “သမ္မာကျမ်းအားလုံး သည် ဘုရားသခင် မှုတ်သွင်းထားခြင်းဖြစ်သည်” ဆိုသည့် သမ္မာကျမ်းစာအတွင်းရှိ ရှင်ပေါလု၏ စကားကို ကိုင်ဆွဲပြီး ထိုအရာကို ယုံကြည်ကာ၊ သမ္မာကျမ်းစာသည် ဘုရားသခင်၏ နှုတ်ကပတ်တော် အလုံးစုံဖြစ်ပြီး၊ သမ္မာကျမ်းစာ အားချီးမြှောက်ရန် သူတို့ တတ်နိုင်သမျှ အားလုံးလုပ်ဆောင်ကာ သက်သေခံ ကြသည်၊ ထိုသို့ပြုခြင်းဖြင့် သမ္မာကျမ်းစာ နှင့် ဘုရားသခင်ကို တန်းတူဖြစ်အောင် လုပ်ဆောင်ကြသည်။ သူတို့က သမ္မာကျမ်းစာသည် သခင်ကို ကိုယ်စားပြုပြီး၊ သခင့်ကို ယုံကြည်ခြင်းသည် သမ္မာကျမ်းစာကို ယုံကြည်ခြင်း ဖြစ်သည်ဟု ယုံကြည်ကြသည်။ ထိုကြောင့် သမ္မာကျမ်းစာ အားလုံးသည် တကယ်ပင် ဘုရားသခင်မှုတ်သွင်းထားခြင်းဖြစ်ပါသလား။ သခင်၊ ဘုရားသခင်သည် သမ္မာကျမ်းစာအတွင်း၌ ရှိပါသလား။ ဘုရားသခင်၏ အမှုတော်က သမ္မာကျမ်းစာအား ပေါ်ပေါက်စေသလား သို့မဟုတ် သမ္မာကျမ်းစာက ဘုရားသခင် ၏ အမှုတော်ကို ပေါ်ပေါက်စေသလား။ သမ္မာကျမ်းစာက သခင်ကို အမှန်တကယ် ကိုယ်စားပြုနိုင်သလား။ ဤတိုတောင်းသော ရှပ်ရှင်သည် သင့်အား မှန်ကန်သော လမ်းကို ပြသပါလိမ့်မည်။

သတင်းအချက်အလက်များ Myanmar Christian Movie (ကောင်းကင်နိုင်ငံတော်ဟူသောမျှော်လင့်ခြင်းအိပ်မက်)

12/16/2018

Myanmar New Song (ဘုရားအတွက် သင့်စိတ်နှလုံးကို ဖွင့်လျှင်) Christian Hymn



ကိုယ်တော့်စိတ်ကိုမသိ၊
ကိုယ်တော့် စိတ်သဘောထား ကို နားမလည်ရင်
စိတ်နှလုံးတံခါးကို မဖွင့်နိုင်ပါ
ကိုယ်တော့်ကိုသိရင် ကိုယ်တော့်စိတ်ကိုနားလည်
ယုံကြည်ခြင်းဖြင့် ကြည်နူးနိုင်ပြီ
ကိုယ်တော့်နှလုံးသားမှာ မွေ့လျော်
နေ့စဉ်နေ့တိုင်းမွေ့လျော်
တစ်နေ့တစ်ခြား တွေးပျော်ရင်
စိတ်နှလုံးကို ဖွင့်လာလိမ့်မည်

ကိုယ်တော်သည် မေတ္တာ၊
ကိုယ်တော်သည် ဂရုဏာ၊ အနန္တ ဂရုဏာ။
ကိုယ်တော့်ကိုရင်ဖွင့်ကာ
ဝမ်းမြောက်ခြင်းများ ရယူပါ
ကိုယ်တော့် ဉာဏ်ပညာ အာဏာ နှင့် မေတ္တာ၊
ကိုယ်တော်ရဲ့အစွမ်းတန်ခိုးဟာ လောကကို ပြည့်စုံစေတာ

တကယ်ရင်ဖွင့်ရင်
အမှန်တကယ်ရင်ဖွင့်ရင်
လွန်ကဲအတ္တ စိတ်ဆန္ဒကို
ရှက်တတ်ရွံတတ်လာသည်
တကယ်ရင်ဖွင့်ရင်
အမှန်တကယ်ရင်ဖွင့်ရင်
ကိုယ်တော့်နှလုံးသားရဲ့ အနှိုင်းမဲ့မေတ္တာကို တွေ့လိမ့်မည်
အံ့သြဖွယ်လောကထဲကို ဝင်လာမည်
အမှောင်ယံတွေ၊ ဆုတ်ယုတ်ခြင်းတွေ၊ ဖျားယောင်းမှုတွေ ပျောက်ပြယ်
ကိုယ်တော့်ကိုရင်ဖွင့်ရင်ကွယ်
သစ္စာတရား၊ အလင်းမျှသာ ကျန်ရစ်မယ်
ကိုယ်တော့်ကိုရင်ဖွင့်ရင်ကွယ်

ကိုယ်တော်ရဲ့သဘောသဘာဝ ဟာ ပေါ်လွင်နေမည်
ဝမ်းနည်းကြောင်း၊ စိတ်ဆိုးကြောင်းလဲ
ပေါ်လွင်စေရမည်
ကိုယ်တော့်ကိုရင်ဖွင့်ပြီး ဖိတ်ခေါ်ရင်
အားလုံးပေါ်လွင်စေရမည်

ကိုယ်တော်သည် မေတ္တာ၊
ကိုယ်တော်သည် ဂရုဏာ၊ အနန္တ ဂရုဏာ။
ကိုယ်တော့်ကိုရင်ဖွင့်ကာ ဝမ်းမြောက်ခြင်းများ ရယူပါ
ကိုယ်တော့် ဉာဏ်ပညာ အာဏာ နှင့် မေတ္တာ၊
ကိုယ်တော်ရဲ့အစွမ်းတန်ခိုးဟာ လောကကို ပြည့်စုံစေတာ

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ မှ

များပြားသောအကြံပြုချက်များ Myanmar Christian Song (လူသားအပေါ် မျှော်လင့်ချက်အပြည့် ဘုရားသခင်ထားရှိ) | Love of God Never Changes

12/13/2018

တရုတ်ရိုးရာ ကွက်စိပ်ဟောပွဲ - ရှေ့လည်းမတိုးသာ၊ နောက်လည်းမဆုတ်သာ | God Is My Salvation


ရှေ့လည်းမတိုးသာ၊ နောက်လည်းမဆုတ်သာဆိုသည့် ဤစကားပြောပွဲတွင် နောက်ဆုံးသောကာလ၏ အနန္တတန်ခိုးရှင်ဘုရားသခင်၏ အမှုတော်ကို လက်ခံယုံကြည်ထားသော တရုတ်ကွန်မြူနစ်အရာရှိတစ်ယောက်ဖြစ်သည့် ဂန်ရှင်း၏ အဖြစ်အပျက်ကို ဖော်ပြထားသည်။ သူ၏ အလုပ်ကို ဆုံးရံှုးသွားရခြင်း၊ အဖမ်းခံရခြင်းအတွေ့အကြုံများ၊ သူ၏ ယုံကြည်ကိုးကွယ်မှုကြောင့် တရုတ်ကွန်မြူနစ်ပါတီ၏ ကြမ်းတမ်းစွာနှိပ်စက်ခြင်းကို ခံရပုံနှင့် နောက်ဆုံးတွင် သူသည် ဘုရားသခင်အတွက် သက်သေခံရပ်တည်သွားပုံတို့ကို ဖော်ပြထားသည်။ ဤအဖြစ်အပျက်သည် တရုတ်ပြည်တွင်ရှိသည့် ခရစ်ယာန်များ၏ ဆင်းရဲဒုက္ခကို ထင်ဟပ်စေပြီး စာတန်အား အောင်နိုင်ဖို့အတွက် ဘုရားသခင်အား အမှီပြုရန်၊ သက်သေခံရန် ခရစ်ယာန်များ၏ ယုံကြည်ခြင်းနှင့် စိတ်ပိုင်းဖြတ်မှုတို့ကို ပုံဖော်သည်။

မြင်ကွင်းများ Myanmar Christian Movie | တရုတ်ပြည်မှ ဘာသာရေးဖိစီးနှိပ်စက်မှု ၅ (ကျရှုံးလုဆဲဆဲမှာ ပြန်လည်ရှင်သန်ခြင်း)