ဘုရားသခင်အား ယုံကြည်မှုနှင့် ပတ်သက်လာလျှင် သမ္မာကျမ်းစာကို မည်သို့ ချဉ်းကပ် ရမည်နည်း။ ၎င်းသည် အခြေခံကျသည့် မေးခွန်း တစ်ရပ်ဖြစ်သည်။ ကျွန်ုပ်တို့ ထိုမေးခွန်းကို ဆွေးနွေးနေ ကြရသည်မှာ မည်သည့် အကြောင်းများကြောင့်နည်း။ အနာဂတ်တွင် သင်တို့သည် ဧဝံဂေလိတရားကို ဖြန့်ကြက်ပေးရင်း ဘုရားသခင်၏ နိုင်ငံတော်ခေတ်ကို တိုးချဲ့ပေးရမည်ဖြစ်၍၊ ယနေ့တွင် ဘုရားသခင်၏ အမှုအကြောင်းကို ပြောကြားမှု သက်သက်သည် မလုံလောက်တော့၍ ဖြစ်ပါသည်။ ဘုရာသခင်၏ အမှုကို တိုးချဲ့ပေးရန်အတွက်၊ သင်တို့သည် လူများ၏ ဘာသာရေး အယူအဆဟောင်းများနှင့် ယုံကြည်မှု နည်းဟောင်းများကို ဖြေရှင်းပေး ပြီး သူတို့ကို လုံးဝကျေနပ်လျက် ကျန်ရစ်စေရန် ပိုအရေးကြီးပါသည် — ထိုအချက် အောင်မြင်ရေးထဲတွင် သမ္မာကျမ်းစာ ပါဝင်လာရပါမည်။ လူများအနေဖြင့် သမ္မာကျမ်းစာကို ဖတ်ရှုမှုသည် ယုံကြည်မှု ဆိုင်ရာ (ကမ္ဘာပေါ်က အများဆုံး ကိုးကွယ်ကြသည် ဘာသာကြီး သုံးရပ်အနက် တစ်ခုဖြစ်သည့် ခရစ်ယာန်ဘာသာ ဆိုင်ရာ) အစဉ်အလာနည်းလမ်း ဖြစ်လာသည်မှာ နှစ်ပေါင်းများစွာ ကြာသွားပါပြီ၊ သမ္မာကျမ်းစာကို စွန့်ပယ်မှု သည် သခင်ကို မယုံကြည်မှုဖြစ်သည်၊ သမ္မာကျမ်းစာကို စွန့်ပယ်မှုသည် ဆိုးယုတ်သည့် ကျင့်စဉ်နှင့် မိစ္ဆာဒိဋ္ဌိ ဖြစ်ပြီး လူများ အခြားစာအုပ်များကို ဖတ်ရှုကြလျှင်ပင်၊ ယင်းစာအုပ်များ၏ အခြေခံအုတ်မြစ်မှာ သမ္မာ ကျမ်းစာအား ရှင်းလင်းဖေါ်ပြမှု ဖြစ်ရပါမည်။ ထိုအချက်ကို ထပ်ပြီးရှင်းပြ ရလျှင်၊ သင်က သခင်ကို ယုံကြည်ပါသည်ဟု ဆိုလျှင်၊ သင်သည် သမ္မာကျမ်းစာကို ဖတ်ရှုရမည်၊ သင်သည် သမ္မာကျမ်းစာကို စားသုံး ရမည် ဖြစ်ပြီး သင်သည် သမ္မာကျမ်းစာ မဟုတ်လျှင် သမ္မာကျမ်းစာနှင့် မပတ်သက်သည့် မည်သည့် စာအုပ်ကိုမျှ သင် မကိုးကွယ်အပ်ပါ။ သင်က ထိုသို့ ပြုလုပ်သည်ဆိုလျှင်၊ ဘုရားသခင်အား သစ္စာဖောက်မှု ဖြစ်ပါသည်။ သမ္မာကျမ်းစာ ရှိလာခဲ့သည့် ခေတ်ကာလမှ အစပြုလျက်၊ လူများ၏ သခင်အား ယုံကြည်မှုသည် သမ္မာကျမ်းစာအား ယုံကြည်မှုပင် ဖြစ်ခဲ့ပါသည်။ လူများသည် သခင်ကို ယုံကြည်ကြသည်ဟု ပြောမည့်အစား၊ သူတို့သည် သမ္မာကျမ်းစာကို ယုံကြည်ကြသည်ဟု ပြောလျှင် ပိုကောင်းပါမည်။ သူတို့သည် သမ္မာကျမ်းစာကို ဖတ်ရှုနေကြပြီဟု ပြောမည့်အစား၊ သူတို့သည် သမ္မာကျမ်းစာကို ယုံကြည်နေကြပြီဟု ပြောလျှင် ပိုကောင်း မည်ဖြစ်ပြီး သူတို့သည် သခင်ထံ ပြန်လာခဲ့ကြပြီဟု ပြောမည့်အစား သူတို့သည် သမ္မာကျမ်းစာထံ ပြန်လာ ခဲ့ကြပြီဟု ပြောမည်ဆိုလျှင် ပိုကောင်းပါလိမ့်မည်။ ထိုကဲ့သို့သော နည်းဖြင့်၊ လူများ သည် သမ္မာကျမ်းစာကို ဘုရားသခင်ကဲ့သို့ပင်၊ ၎င်းသည် သူတို့၏ အသက်သွေးကြောသဖွယ် ၎င်းကို ဆုံးရှုံး သွားလျှင် မိမိတို့၏ အသက်ကို ဆုံးရှုံးရမှုပင် ဖြစ်သည်ဟု ယူဆလျက် ကိုးကွယ်ကြပါသည်။ လူများသည် သမ္မာကျမ်းစာကို ဘုရားသခင်ကဲ့သို့ပင် မြင့်မြတ်သည်ဟု ခံယူထားကြပြီး၊ ၎င်းသည် ဘုရားသခင်ထက်ကိုပင် ပိုမြင့်မြတ်သည် ဟု ယူဆသူများပင် ရှိကြပါသေးသည်။ လူများသည် သန့်ရှင်းသော ဝိညာဥ်တော်၏ လုပ်ဆောင်မှုမပါဘဲ၊ သူတို့သည် ဘုရားသခင်ကို မခံစားနိုင်ကြသည့် တိုင်အောင်၊ ဆက်ပြီး အသက်ရှင် နေထိုင်နိုင်ကြပါသည်— သို့သော် သူတို့သည် သမ္မာကျမ်းစာကို လက်လွတ်လိုက်ကြမည် သို့မဟုတ် သမ္မာကျမ်းစာထဲမှ နာမည်ကြီး အခန်းများနှင့်၊ နှုတ်ကပတ်များကို မေ့သွားကြပြီ ဆိုလျှင်မူ၊ သူတို့သည် သူတို့၏ အသက်များကို ဆုံးရှုံး လိုက်ရသည်နှင့် တူပါလိမ့်မည်။ သို့ဖြစ်၍၊ လူများက သခင်ကို ယုံကြည် လာသည်နှင့် သမ္မာကျမ်းစာကို စတင်ဖတ်ကြားရင်း၊ သမ္မာကျမ်းစာကို အာဂုံဆောင်ရင်းဖြင့် သမ္မာကျမ်းစာကို ပိုမိုအာဂုံဆောင်လာနိုင်ကြ သည်နှင့်အမျှ၊ သူတို့သည် သခင်ကို မြတ်နိုးကြကြောင်းနှင့် ဧရာမ ယုံကြည်သူများ ဖြစ်ကြကြောင်း ပို၍ပို၍ သက်သေထူပြ နိုင်ကြပါမည်။ သမ္မာကျမ်းစာကို ဖတ်ကြားလျက် အခြားသူတို့အား သမ္မာကျမ်းစာကို ပြောပြ ပေးနိုင်သူတို့သည် သူကောင်း ညီအစ်ကို မောင်နှမများဖြစ်သည်။ လက်ရှိ နှစ်များအတွင်းမှာ၊ လူများ၏ သခင်အား ယုံကြည်မှုနှင့် သစ္စာရှိမှုကို သမ္မာကျမ်းစာအား သူတို့၏ သိရှိ နားလည်မှု အတိုင်းအတာဖြင့် အကဲဖြတ်လာခဲ့ကြပါသည်။ လူအများအပြားတို့က သူတို့ မည်သည့်အတွက်ကြောင့် ဘုရားသခင်အား ယုံကြည်ရမည်ကို လည်းကောင်း၊ ဘုရားသခင်အား မည်သို့ ယုံကြည်ရမည်ကို လည်းကောင်း၊ မသိရှိကြဘဲ သမ္မာကျမ်းစာ၏ ရေးသားချက်များကို အဓိပ္ပါယ် ဖွင့်ပေးနိုင်မည့် သဲလွန်စများကို မရမက ရှာကြံနေသည်မှ လွဲပြီး မည်သို့မှမလုပ်ကြပါ။ သူတို့သည် သန့်ရှင်းသော ဝိညာဥ်တော်၏ လမ်းညွှန် ချက်ကို မည်သည့်အခါကမှ မလိုက်နာခဲ့ကြဘဲ၊ ထိုကာလ တစ်လျှောက်လုံးမှာ သူတို့ လုပ်ဆောင်ခဲ့ကြသည်က သမ္မာကျမ်းစာကို အရူးအမူး လေ့လာစူးစမ်းမှုမှလွဲပြီး မည်သို့မှ မရှိခဲ့ပါ၊ ထို့အပြင်၊ မည်သူမှာမှ သမ္မာကျမ်းစာ ပြင်ပတွင် သန့်ရှင်းသော ဝိညာဥ်တော်၏ လုပ်ဆောင်ချက် အသစ်ကို မည်သည့်အခါကမှ ရှာမတွေ့ခဲ့ပါ၊ မည်သူမှ သမ္မာကျမ်းစာကို စွန့်ပစ်ခြင်း မလုပ်ခဲ့သလို၊ မည်သူမှ သမ္မာကျမ်းစာကို စွန့်ပစ်ရဲခြင်းလည်း မရှိခဲ့ကြပါ။ လူများသည် ထိုနှစ်များအတွင်းမှာ သမ္မာကျမ်းစာကို လေ့လာခဲ့ကြပါသည်၊ သူတို့သည် ရှင်းလင်းချက် အမျိုးမျိုးကို တင်ပြခဲ့ကြလျက် များစွာ ကြိုးစားအားထုတ်ခဲ့ကြပြီး သမ္မာကျမ်းစာဆိုင်ရာ ယူဆချက် အမျိုးမျိုးကို တင်ပြရင်း မဆုံးနိုင်အောင် ငြင်းခုံနေကြ၍၊ ယနေ့တွင် ဖွဲ့စည်း ထူထောင်ထားကြသည့် ဘာသာရေး ဂိုဏ်းပေါင်း နှစ်ထောင်ကျော် ရှိနေကြပါပြီ။ သူတို့အားလုံးသည် သမ္မာကျမ်းစာထဲတွင် အထူးရှင်းလင်းချက်အချို့ကို သို့မဟုတ် နက်နဲသိမ်မွေ့သည့် လျှို့ဝှက်ချက်များကို ရှာကြံလိုကြပြီး ၎င်းကို စူးစမ်းလေ့လာလိုကြပါသည်၊ ယေဟောဝါ၏ ဣသရေလ နိုင်ငံထဲက လုပ်ဆောင်ချက်၏ နောက်ခံထဲတွင် သို့မဟုတ် ယုဒနယ်ထဲက ယေရှု၏ လုပ်ဆောင်ချက်၏ နောက်ခံထဲတွင် ၎င်းကို သို့မဟုတ် မည်သူမှာမှ မသိရသေးသည့် ထူးဆန်းသည့် အချက်များကို သူတို့ ရှာဖွေနေကြပါသည်။ သမ္မာကျမ်းစာအား လူများ ချဉ်းကပ်ကြပုံမှာ စွဲလမ်းမှု နှင့် ယုံကြည်မှု ပုံစံတစ်မျိုး ဖြစ်ပြီး၊ သမ္မာကျမ်းစာအတွင်းရှိ အကြောင်းအရာများ သို့မဟုတ် အနှစ်သာရနှင့် ပတ်သက်လာလျှင် မည်သူမှာမှ ရှင်းလင်း ပြည့်စုံစွာ သိမရနိုင်ပါ။ သို့ဖြစ်၍၊ သမ္မာကျမ်းစာနှင့် ပတ်သက်လာလျှင် ယနေ့ လူများသည် ဖေါ်ပြမရနိုင်အောင်ကိုပင် အံ့ဖွယ်ထူးဆန်းချက်များကို စောင့်မျှော်နေကြသည့်အပြင်၊ သူတို့သည် ထိုအံ့ဖွယ်များကို စွဲလမ်းနေကြပြီး ယုံကြည်နေကြပါသည်။ ယနေ့တွင်၊ လူတိုင်းက နောက်ဆုံးသော ကာလဆိုင်ရာ အမှု၏ ပရောဖက်ပြုချက်များကို သမ္မာကျမ်းစာထဲမှာ ရှာတွေ့လိုနေကြပြီး၊ ဘုရားသခင်သည် နောက်ဆုံးသောကာလမှာ မည်သည့်အမှုကို လုပ်ဆောင်သည်၊ ထို့အပြင် နောက်ဆုံးသော ကာလဆိုင်ရာ နိမိတ်လက္ခဏာများက မည်သို့ရှိကြသနည်း ဆိုသည်ကို စူးစမ်းလိုကြသည်။ ထိုနည်းဖြင့်၊ သမ္မာကျမ်းစာကို သူတို့၏ ကိုးကွယ်မှုသည် သာ၍ပင် ထက်သန်လာနေပြီး နောက်ဆုံးသောကာလသို့ သာ၍နီးကပ်လာလေလေ သူတို့သည် သမ္မာကျမ်းစာထဲမှ ပရောဖက်ပြုချက်များကို၊ အထူးသဖြင့် နောက်ဆုံးသောကာလနှင့် ပတ်သက်သည်များကို သာ၍လက်ခံယုံကြည်လာလေလေဖြစ်သည်။ သမ္မာကျမ်းစာကို ထိုကဲ့သို့ မျက်ကန်းယုံကြည်မှုဖြင့်၊ သမ္မာကျမ်းစာကို ထိုသို့ စိတ်ချခြင်းဖြင့်၊ သူတို့သည် သန့်ရှင်းသော ဝိညာဥ်တော်၏ လုပ်ဆောင်ချက်ကို မရှာကြံလိုတော့ပါ။ လူများ၏ အယူအဆများထဲတွင်၊ သမ္မာကျမ်းစာကသာလျှင် သန့်ရှင်းသော ဝိညာဥ်တော်၏ လုပ်ဆောင်ချက်ကို ယူဆောင်ပေးနိုင်သည်ဟု သူတို့ ယုံကြည်နေကြသည်၊ ဘုရားသခင်၏ ခြေရာများကို သမ္မာကျမ်းစာထဲတွင်သာ သူတို့ တွေ့ရှိနိုင်သည်၊ ဘုရားသခင် လုပ်ဆောင်ချက်၏ နက်နဲရာများကို သမ္မာကျမ်းစာထဲတွင်သာ ဝှက်ထားသည်၊ မည်သည့်အခြားစာအုပ် သို့မဟုတ် လူများမဟုတ်ဘဲ၊ သမ္မာကျမ်းစာကသာလျှင် ဘုရားသခင်နှင့်ဆိုင်သည့် အရာတိုင်းနှင့် ဘုရားသခင် လုပ်ဆောင်ချက် အလုံးစုံကို ရှင်းလင်းထောက်ပြ ပေးနိုင်သည်၊ သမ္မာကျမ်းစာသည် ကောင်းကင်ဘုံ လုပ်ဆောင်ချက်ကို ကမ္ဘာကြီးထံ ယူဆောင်ပေးနိုင်ကြောင်းနှင့် သမ္မာကျမ်းစာသည် ခေတ်များကို စတင်နိုင်သကဲ့သို့ အဆုံးသတ်နိုင်သည်ဟုလည်း ယုံကြည်ကြသည်။ ယင်းကဲ့သို့သော ခံယူချက်များရှိနေ၍၊ လူများသည် သန့်ရှင်းသော ဝိညာဥ်တော်၏ လုပ်ဆောင်ချက်ကို ရှာကြံလိုစိတ် မရှိကြတော့ပါ။ ထို့ကြောင့်၊ အတိတ်ကာလများတုန်းက သမ္မာကျမ်းစာက လူများကို မည်မျှပင် ကူညီပေးခဲ့ပါစေ၊ ၎င်းသည် ဘုရားသခင်၏ နောက်ဆုံးသော အမှုအတွက် အတားအဆီးတစ်ခု ဖြစ်လာသည်။ သမ္မာကျမ်းစာသာ မရှိခဲ့လျှင်၊ လူများသည် ဘုရားသခင်၏ ခြေရာများကို အခြားတစ်နေရာမှာ ရှာကြံနေခဲ့ကြမည် ဖြစ်သော်လည်း ယနေ့တွင် ဘုရားသခင်၏ ခြေရာများ သမ္မာကျမ်းစာထဲတွင် ရှိနေကြသည့်အပြင်၊ ဘုရားသခင်၏ နောက်ဆုံးသော အမှုကို ဆက်ပြီး လုပ်ကိုင်ရေးသည် နှစ်ဆနှစ်ပြန် ခဲယဉ်းလာလျက် လေထန်ရေဆန် ရုန်းကန်ရမှုပင်ဖြစ်တော့သည်။ ထိုသို့ဖြစ်လာရသည်မှာ၊ သမ္မာကျမ်းစာထဲက နာမည်ကြီးအခန်းများနှင့် မိန့်ကြားချက်များကြောင့် ဖြစ်သလို၊ သမ္မာကျမ်းစာထဲက အမျိုးမျိုးသော ပရောဖက်ပြုချက်များကြောင့်လည်း ဖြစ်သည်။ သမ္မာကျမ်းစာသည် လူများ၏ အသိစိတ်ထဲမှာ ဆင်းတုတစ်ခုလို ဖြစ်လာပြီး ၎င်းသည် သူတို့၏ စိတ်အာရုံထဲက ပဟေဠိတစ်ခု ဖြစ်လာ၍၊ ဘုရားသခင်သည် သမ္မာကျမ်းစာ မပါဝင်ဘဲနှင့် လုပ်ဆောင်နိုင်သည်ကို နားလည်နိုင်စွမ်း မရှိကြတော့ပါ၊ လူတို့သည် ဘုရားသခင်ကို သမ္မာကျမ်းစာ၏ အပြင်တစ်နေရာတွင် ရှာတွေ့နိုင်ခြင်းကို နားလည်နိုင်စွမ်း မရှိကြသည့်အပြင် နောက်ဆုံးသော လုပ်ဆောင်ချက် အတွင်းမှာ ဘုရားသခင်သည် သမ္မာကျမ်းစာကို စွန့်ပစ်လျက် နောက်အသစ် တစ်ခုခုကို စတင်နိုင်ခြင်းကိုမူ ပို၍ကို မယုံကြည်နိုင်ကြပါ။ လူတို့သည် ထိုသို့ မစဉ်းစားရဲကြပါ။ သူတို့သည် ၎င်းကို မယုံနိုင်ကြသလို၊ ၎င်းကို စိတ်ကူးကြည့်၍ပင် မရနိုင်ကြပါ။ ဘုရားသခင် ၏ အမှုသစ်ကို လူများအနေနှင့် လက်ခံရေးတွင် သမ္မာကျမ်းစာသည် ဧရာမအဟန့်အတား ဖြစ်လာကာ ယင်းအမှုသစ်အား တိုးချဲ့ရေးကို ခက်ခဲလာစေပါသည်။ သို့ဖြစ်၍ သင်တို့သည် သမ္မာကျမ်းစာထဲက အတွင်းပိုင်း အကြောင်းအရာများကို နားမလည်ပါက၊ သင်တို့သည် ဧဝံဂေလိတရားကို အောင်မြင်စွာ ဖြန့်ဝေမရနိုင်သကဲ့သို့၊ အမှုသစ်ကို သက်သေထူပြနိုင်စွမ်းလည်း ရှိနိုင်မည် မဟုတ်ပါ။ ယနေ့တွင် သင်တို့သည် သမ္မာကျမ်းစာကို မဖတ်ရှုကြသော်လည်း၊ သင်တို့သည် ၎င်းကို အပြင်းအထန် ဦးထိပ် တင်ထားတုန်းပါ၊ ဆိုလိုသည်မှာ၊ သမ္မာကျမ်းစာသည် သင်တို့ လက်ထဲမှာ ရှိချင်မှရှိနိုင်သော်လည်း၊ သင်တို့၏ ခံယူချက် အများ အပြားမှာမူ ၎င်းထဲမှနေပြီး ဆင်းသက်လာခြင်း ဖြစ်ပါသည်။ သင်တို့သည် သမ္မာကျမ်းစာ၏ ဇစ်မြစ်ကို သို့မဟုတ် ဘုရားသခင်၏ ယခင် ခေတ်နှစ်ခေတ်တုန်းက အမှုများ၏ အတွင်းပိုင်း အကြောင်းအရာများကို နားမလည်ခြင်း ဖြစ်ပါသည်။ သင်တို့သည် သမ္မာကျမ်းစာကို မှီဝဲသုံးဆောင်နေခြင်း မဟုတ်သည့်တိုင်၊ သင်တို့သည် သမ္မာကျမ်းစာကို နားလည်ကြရမည်၊ သင်တို့သည် သမ္မာကျမ်းစာဆိုင်ရာ မှန်ကန်သည့် အသိပညာများကို ရယူထားရမည်၊ ထိုကဲ့သို့သော နည်းလမ်းဖြင့်သာလျှင် သင်တို့သည် ဘုရားသခင်၏ နှစ် ၆,၀၀၀ ကြာ စီမံအုပ်ချုပ်ရေး စီမံချက်ဆိုသည်မှာ အဘယ်အရာနည်း ဆိုသည်ကို သိလာနိုင်မှာပါ။ သင်တို့ သည် လူများကို အနိုင်ယူရန် အတွက်၊ ယင်းလမ်းကြောင်းမှာ စစ်မှန်သည့်လမ်းခရီး ဖြစ်ကြောင်းကို သူတို့ လက်ခံလာကြရေးအပြင်၊ ယနေ့ သင်လျှောက်နေသည့် လမ်းခရီးသည် သမ္မာတရား၏ လမ်းကြောင်း ဖြစ်လျက်၊ ၎င်းကို သန့်ရှင်းသော ဝိညာဉ်မှ လမ်းညွှန်ပေးနေခြင်း ဖြစ်ပြီး မည်သည့်လူသားကမှ ၎င်းကို ဖွင့်ပေးနိုင်စွမ်း မရှိခဲ့ကြောင်း သူတို့ လက်ခံလာရေးတို့အတွက် ယင်းအချက်များကို အသုံးပြုရပါမည်။
ကျေးဇူးတော်ခေတ်မတိုင်မီ၊ ရှေးခေတ်ကာလများတုန်းက လူများသည် သမ္မာကျမ်းစာကို ဖတ်ခဲ့ ကြသော်လည်း၊ ထိုစဉ်တုန်းက ဓမ္မဟောင်းကျမ်းသာ ရှိခဲ့ပြီး ဓမ္မသစ်ကျမ်းဟူ၍ မရှိခဲ့ပါ။ ဓမ္မဟောင်း ကျမ်းစာ ရှိလာကတည်းက လူများသည် သန့်ရှင်းသော ကျမ်းပိုဒ်များကို စပြီး ဖတ်ကြားလာခဲ့ကြပါသည်။ ယေဟောဝါထံမှ လမ်းညွှန်မှုများ ပြီးဆုံးသွားသည် နောက်မှာ မောရှေသည် ကမ္ဘာဦးကျမ်း၊ ထွက်မြောက်ရာ ကျမ်းနှင့် တရားဟောရာကျမ်းများကို ရေးသားခဲ့ပါသည်။ သူသည် ယေဟောဝါ၏ လုပ်ဆောင်ချက်များကို ပြန်ပြောင်း သတိရလျက် ရေးခဲ့ခြင်း ဖြစ်ပါသည်။ သမ္မာကျမ်းစာသည် သမိုင်းစာအုပ်တစ်အုပ်ပါ။ ၎င်းထဲမှာ ပရောဖက်များ၏ အနာဂတ်ဆိုင်ရာ ဟောကြားချက်တချို့ ပါဝင်ခဲ့သည်မှာ မှန်သော်လည်း ယင်းဟောကြား ချက်များသည် သမိုင်းနှင့် လားလားမျှ မသက်ဆိုင်ခဲ့ခြင်းမှာ ရှင်းနေပါသည်။ သမ္မာကျမ်းစာထဲမှာ ကဏ္ဍ အမျိုးမျိုးပါဝင်ပါသည်—၎င်းထဲတွင် ပရောဖက်ပြုချက်များ သို့မဟုတ် ယေဟောဝါ၏ အမှုများ သို့မဟုတ် ရှင်ပေါလု၏ သ၀ဏ်လွှာများသာ ပါခဲ့သည် မဟုတ်ပါ။ သမ္မာကျမ်းစာထဲမှာပါသည့် ကဏ္ဍများ ဘယ်နှစ်ခု ဖြစ်ခဲ့ကြောင်း သင်တို့ သိရှိကြရပါမည်၊ ဓမ္မဟောင်းကျမ်းထဲမှာ ကမ္ဘာဦးကျမ်း၊ ထွက်မြောက်ရာကျမ်း စသဖြင့် ပါဝင်ပြီး အနာဂတ္တိကျမ်းများကိုလည်း ရေးပေးထားပါသေးသည်။ နိဂုံးပိုင်းမှာ၊ ဓမ္မဟောင်းကျမ်း ကို မာလခိကျမ်းဖြင့် အဆုံးသတ်ထားပါသည်။ ၎င်းသည် ယေဟောဝါမှ ရှေ့ဆောင် လုပ်ခဲ့ခြင်း ဖြစ်သည့် ပညတ်တော်ခေတ်၏ လုပ်ဆောင်ချက်များကို မှတ်တမ်းတင်ပေးထားပါသည်၊ ကမ္ဘာဦးကျမ်းမှအစ မာလခိ ကျမ်းအထိ ၎င်းသည် ပညတ်တော်ခေတ်၏ လုပ်ဆောင်ချက်များ အားလုံးကို ပြည့်စုံစွာ မှတ်တမ်းတင်ပေး ထားပါသည်။ သို့ဖြစ်၍၊ ဓမ္မဟောင်းကျမ်းသည် ပညတ်တော်ခေတ် ကာလတုန်းက ယေဟောဝါ၏ လမ်းညွှန်မှု ကို ခံယူခဲ့ကြသည့် လူများ ရင်ဆိုင်ဖြတ်ကျော်ခဲ့ရသည့် အရာများအားလုံးကို မှတ်တမ်း တင်ထားသည်ဟု ဆိုနိုင်ပါသည်။ ဓမ္မဟောင်းကျမ်း ပညတ်တော်ခေတ်ကာလထဲတွင်၊ ယေဟောဝါမှ ပျိုးထောင်လေ့ကျင့် ပေးခဲ့သည့် များပြားလှသည့် ပရောဖက်များသည် ယေဟောဝါ၏ ကိုယ်စား ပရောဖက်ပြုချက်များကို ဟောကြားခဲ့ကြပါသည်၊ သူတို့သည် အမျိုးမျိုးသော လူမျိုးနွယ်စုများနှင့် တိုင်းနိုင်ငံများအတွက် လမ်းညွှန် ချက်များကို ပေးခဲ့ကြပြီး၊ ယေဟောဝါမှ လုပ်ဆောင်ပေးရန် ရှိနေသည်များကို ကြိုပြီး ဟောကြားခဲ့ကြ ပါသည်။ ထိုသို့ ပျိုးထောင်လေ့ကျင့်ပေးခံခဲ့ကြရသူ အားလုံးတို့အား ပရောဖက်ဝိညာဉ်ကို ယေဟောဝါမှ ပေးအပ်ခဲ့ခြင်း ဖြစ်ပါသည်- သူတို့သည် ယေဟောဝါထံမှ ရူပါရုံကို မြင်နိုင်စွမ်း၊ ဘုရားသခင်၏ အသံကို ကြားနိုင်စွမ်းကို ရရှိခဲ့ကြပြီး ဘုရားသခင်၏ ကောင်းချီး မင်္ဂလာပေးမှုဖြင့် အနာဂတ္တိကျမ်းများကို ရေးခဲ့ကြပါသည်။ သူတို့၏ လုပ်ဆောင်ချက်များသည် ယေဟောဝါ၏ အသံကို ထုတ်ဖေါ်ပြသမှု ဖြစ်ခဲ့ပြီး၊ သူတို့သည် ယေဟောဝါ၏ ကိုယ်စား ပရောဖက်ပြုချက်များကို ထုတ်ပြန်ပေးခဲ့ခြင်း ဖြစ်လျက် ထိုစဉ်တုန်းက ယေဟောဝါ၏ အလုပ်က ဝိညာဉ်ကို အသုံးပြုပြီး လူများကို လမ်းညွှန်းပေးရုံမျှ ဖြစ်ခဲ့ပါသည်၊ ဘုရားသခင်သည် လူပကတိ ဖြစ်မလာခဲ့ဘဲ လူများသည် ဘုရားသခင်၏ မျက်နှာကို မမြင်ခဲ့ကြရပါ။ ယင်းကဲ့သို့သောနည်းဖြင့်၊ ဘုရားသခင်သည် ၎င်း၏ အလုပ်ကို လုပ်ဆောင်ပေးရန် များစွာသော ပရောဖက် များကို ပျိုးထောင်လေ့ကျင့်ပေးခဲ့ပြီး သူတို့အား ဣသရေလ နိုင်ငံထဲက လူမျိုးနွယ်စုတိုင်းနှင့် မျိုးရိုးစုတိုင်း ထံကို သွားရန် တာဝန်ပေးခဲ့ပါသည်။ သူတို့၏ အလုပ်က ပရောဖက်ပြုချက်များကို ဟောကြားပေးရန် ဖြစ်ခဲ့ပြီး သူတို့ထဲက တစ်ချို့သူတို့သည် အခြားသူတို့အား ပြသပေးရန် ယေဟောဝါ၏ ညွှန်ကြားချက်များကို ချရေးခဲ့ကြပါသည်။ ပရောဖက်ပြုချက်များကို ဟောကြားရန်၊ အနာဂတ်တွင် လုပ်ဆောင်ပေးမည်ကို သို့မဟုတ် ထိုကာလအတွင်းမှာ လုပ်ဆောင်ပေးဖို့ ရှိနေသေးသည်ကို ကြိုပြီး ဟောကြားရန် ယေဟောဝါသည် ထိုသူများကို လေ့ကျင့်ပေးခဲ့ခြင်းဖြင့် လူများအနေနှင့် ယေဟောဝါ၏ အံ့ဘွယ်ကောင်းမှုနှင့် အမြော်အမြင် ကြီးမားမှုကို မြင်တွေ့စေလိုခဲ့ပါသည်။ ယင်းအနာဂတ္တိကျမ်းများသည် သမ္မာကျမ်းစာထဲက အခြားကျမ်းများ နှင့် အများများ မတူကြပါ၊ ပရောဖက်ဝိညာဉ်ကို ရရှိခဲ့ကြသူများ—ယေဟောဝါထံမှ ရူပါရုံများ သို့မဟုတ် အသံများ လက်ခံရရှိခဲ့ကြရသူများမှ ဟောကြားခဲ့ကြသည့် သို့မဟုတ် ရေးသားခဲ့ကြသည့် စကားလုံးများ ဖြစ်ခဲ့ကြပါသည်။ အနာဂတ္တိကျမ်းများမှအပ၊ ဓမ္မဟောင်းကျမ်းထဲ ပါရှိသမျှ အရာအားလုံးမှာ ယေဟောဝါက ၎င်း၏ လုပ်ဆောင်စရာကို လုပ်ပြီးသွားသော နောက်မှာ လူများက ရေးမှတ်ခဲ့ကြသည့် မှတ်တမ်းများပါ။ ကမ္ဘာဦးကျမ်းနှင့် ထွက်မြောက်ရာကျမ်းများကို ဟေရှာယအနာဂတ္တိကျမ်းနှင့် ဒံယေလ အနာဂတ္တိကျမ်းများနှင့် နှိုင်းယှဉ်၍ မရနိုင်သကဲ့သို့ပင်၊ ထိုကျမ်းများသည် ယေဟောဝါမှ ပျိုးထောင် လေ့ကျင့်ပေးခဲ့သည့် ပရောဖက် တို့၏ ပရောဖက်ပြုချက်များကို အစားထိုးနိုင်စွမ်း မရှိနိုင်ကြပါ။ ပရောဖက်ပြုချက်များကို အမှုကို မလုပ် ဆောင်မီ ပြောကြားခဲ့ခြင်း ဖြစ်ပြီး၊ ကျန်သည့် ကျမ်းများကိုမူ လုပ်ဆောင်စရာ ပြုလုပ်ပြီးသွားသည့်နောက်မှာ၊ လူများ တတ်စွမ်းနိုင်ခဲ့ကြသည်ကို မှတ်တမ်း တင်ပေးခဲ့ခြင်း ဖြစ်ပါသည်။ ထိုကာလတုန်းက ပရောဖက်များကို ယေဟောဝါမှ ကောင်းချီးမင်္ဂလာ ပေးမူခဲ့ပြီး သူတို့သည် အချို့သော ပရောဖက်ပြုချက်များကို ပြော ကြားခဲ့ပြီး အများအပြားပင် ပြောကြားခဲ့ကြသည်။ ကျေးဇူးတော်ခေတ်ဆိုင်ရာ အရာများကို လည်းကောင်း၊ နောက်ဆုံးသောကာလ၌ ကမ္ဘာကြီးအား ချေမှုန်းပစ်ရေး အကြောင်းအရာများကိုလည်းကောင်း—ယေဟောဝါ မှ စီမံထားသည့် လုပ်ဆောင်စရာများအား ကြိုတင်ဟောကြားခဲ့ခြင်းကို ပြုလုပ်ခဲ့ကြပါသည်။ ကျန်သည့် ကျမ်းများအားလုံးမှာ ယေဟောဝါက ဣသရေလနိုင်ငံတွင် လုပ်ဆောင်ခဲ့သည်ကို ရေးမှတ်ပေးထားကြပါ သည်။ သို့ဖြစ်၍၊ သင်တို့က သမ္မာကျမ်းစာကို ဖတ်ရှုသည့်အခါမှာ၊ သင်တို့သည် အဓိကအားဖြင့် ယေဟောဝါက ဣသရေလနိုင်ငံထဲတွင် လုပ်ဆောင်ခဲ့သည်များကို ဖတ်နေရခြင်း ဖြစ်ပြီး၊ သမ္မာကျမ်းစာထဲက ဓမ္မဟောင်းကျမ်းမှာ အဓိကအားဖြင့် ဣသရေလနိုင်ငံအား လမ်းညွှန်ပေးရန် ယေဟောဝါ၏ လုပ်ဆောင်ချက်၊ ဣသရေလ လူတို့ကို ဖါရောဘုရင်၏ သံခြေကျင်းများဘေးမှ ကယ်တင်လျက် တောထဲသို့ ခေါ်ဆောင်သွားရန် မောရှေကို ယေဟောဝါမှ အသုံးပြုခဲ့ခြင်းနှင့် နောက်ပိုင်း ခါနာန်နိုင်ငံအတွင်း သူတို့၏ ဘ၀အကြောင်းကို မှတ်တမ်းတင်ပေးခဲ့ပါသည်။ ထိုမှအပ အားလုံးသည် ဣသရေလနိုင်ငံထဲက ယေဟောဝါ လုပ်ဆောင်ခဲ့သည် များ၏ မှတ်တမ်းများ ဖြစ်ကြပါသည်။ ဓမ္မဟောင်းကျမ်းထဲ မှတ်တမ်းတင်ထားသည့် အရာတိုင်းသည် ဣသရေလနိုင်ငံထဲက ယေဟောဝါ၏ လုပ်ဆောင်ချက်၊ ယေဟောဝါက အာဒံနှင့် ဧဝကို ဖန်ဆင်းပေး ခဲ့သည့် ဒေသထဲက ထာ၀ရဘုရား၏ လုပ်ဆောင်ချက်များပါ။ ဘုရားသခင်က နောဧ၏ နောက်မှ ကမ္ဘာပေါ်ရှိ လူများကို တရားဝင် ဦးဆောင်လာခဲ့သည့် အချိန်မှစပြီး၊ ဓမ္မဟောင်းကျမ်းထဲ မှတ်တမ်းတင်ထားသမျှ အရာတိုင်းမှာ ဣသရေလ နိုင်ငံထဲက လုပ်ဆောင်ချက်ပါ။ ဣသရေလပြင်ပက အလုပ်တစ်ခုကိုမျှ မှတ်တမ်း မတင်ခဲ့ခြင်း၏ အကြောင်းရင်းက မည်သည်နည်း။ အကြောင်းမှာ ဣသရေလနိုင်ငံသည် လူသားတို့၏ ပေါက်ဖွားရာ ဇာတိနိုင်ငံ ဖြစ်၍ ဖြစ်ပါသည်။ အစပိုင်းတွင်၊ ဣသရေလမှအပ အခြားနိုင်ငံများ မရှိခဲ့ကြပါ၊ သို့ဖြစ်၍ ယေဟောဝါသည် အခြားနေရာများတွင် မလုပ်ဆောင်ခဲ့ပါ။ ထိုနည်းဖြင့်၊ သမ္မာကျမ်းစာထဲ မှတ်တမ်း တင်ထားသည်များမှာ ထိုစဉ်တုန်းက ဣသရေလ နိုင်ငံထဲမှာသာ လုပ်ဆောင်ခဲ့သည် အရာများပါ။ ပရောဖက် များ၊ ဟေရှာယ၊ ဒံယေလ၊ ယေရမိနှင့် ယေဇကျေလတို့၏ မိန့်ကြားချက်များ … သူတို့၏ စကားလုံးများ သည်ဖြင့် ကမ္ဘာကြီးပေါ်က ဘုရားသခင်၏ လုပ်ဆောင်ချက်ကို ကြိုတင်ဟောကြားခဲ့ပြီး၊ သူတို့သည် ယေဟောဝါ ဘုရားသခင် ကိုယ်တိုင်၏ လုပ်ဆောင်ချက်ကို ကြိုတင်ဟောကြား ပေးခဲ့ကြပါသည်။ ယင်းအရာများ အားလုံး ဘုရားသခင်ထံမှလာခဲ့ပြီး၊ ပရောဖက်များ၏ ကျမ်းစာအုပ်များမှ အပ၊ ပါရှိသမျှသည် ထိုစဉ်တုန်းက ယေဟောဝါ လုပ်ဆောင်ချက်ဆိုင်ရာ လူများ၏ ဘဝအတွေ့အကြုံများကို မှတ်တမ်းတင် ထားခြင်း ဖြစ်ပါသည်။
ဖန်ဆင်းခြင်းအလုပ်ကို လူသားများ မရှိခင် လုပ်ခဲ့ခြင်း ဖြစ်သော်လည်း၊ ကမ္ဘာဦးကျမ်း စာအုပ်ကိုမူ လူသားများ ပေါ်လာခဲ့သည့် နောက်မှာသာ ရေးခဲ့ပြီး မောရှေက ပညတ်တော်ခေတ်ထဲတွင် ရေးခဲ့သည့် ကျမ်းစာအုပ်တစ်အုပ်ပါ။ ၎င်းမှာ သင်တို့ အကြားမှာ ယနေ့ ဖြစ်ပျက်ခဲ့သည့် အရာများနှင့် တူပါသည်- တစ်ခုခု ဖြစ်ပျက်သွားသည့် နောက်မှာ၊ အနာဂတ်တွင် လူများကို ပြသပေးရန် သင်တို့သည် ထိုအရာများကို ချရေးကြသည်၊ အနာဂတ်ထဲက လများအတွက်မူ၊ သင်တို့ မှတ်တမ်း တင်ပေးလိုက်သည့် အရာများက အတိတ်ကာလများတုန်းက ဖြစ်ပျက်ခဲ့သည့် အရာများပါ—၎င်းတို့သည် သမိုင်းသက်သက်ပါ။ ဓမ္မဟောင်း ကျမ်းထဲ ရေးမှတ်ထားသည့် အရာတိုင်းသည် ဣသရေလနိုင်ငံထဲက ယေဟောဝါ၏ လုပ်ဆောင်ချက်နှင့် ဓမ္မသစ်ကျမ်းထဲ ရေးမှတ်ထားသည်များမှာ ကျေးဇူးတော်ခေတ်အတွင်း ယေရှု၏ လုပ်ဆောင်ချက်များပါ၊ ၎င်းတို့သည် ဘုရားသခင်မှနေပြီး မတူသည့် ခေတ်နှစ်ခေတ်ထဲ လုပ်ဆောင်ခဲ့သည်များကို မှတ်တမ်း တင်ထားကြခြင်းပါ။ ဓမ္မဟောင်းကျမ်းက ပညတ်တော်ခေတ်အတွင်း ဘုရားသခင်၏ လုပ်ဆောင်ချက်ကို မှတ်တမ်းတင်ထားခြင်း ဖြစ်၍ ဓမ္မဟောင်းကျမ်းက သမိုင်းဝင်စာအုပ် ဖြစ်ချိန်မှာ၊ ဓမ္မသစ်ကျမ်းကမူ ကျေးဇူးတော်ခေတ်၏ ရလဒ် ဖြစ်ပါသည်။ အလုပ်အသစ်ကို စတင်လိုက်သည့် အချိန်မှာ၊ ထိုစာအုပ်များသည် ခေတ်ဟောင်း သွားကြပါပြီ— သို့ဖြစ်၍၊ ဓမ္မသစ်ကျမ်းသည်လည်း သမိုင်းဝင်စာအုပ်တစ်အုပ် ဖြစ်သွားပါပြီ။ ဓမ္မသစ်ကျမ်းသည် ဓမ္မဟောင်းကျမ်းကဲ့သို့ စနစ်မကျဘဲ၊ ၎င်းထဲ ရေးမှတ်ထားသည် အရာများ သိပ်မများ ခဲ့ကြပါ။ ဓမ္မဟောင်းကျမ်းထဲက ယေဟောဝါ၏ မိန့်ကြားချက် နှုတ်ကပတ်များအားလုံးကို သမ္မာကျမ်းစာ ထဲတွင် မှတ်တမ်းတင်ထားသော်လည်း၊ ယေရှု၏ နှုတ်ကပတ် အချို့တို့ကိုသာ ခရစ်၀င်ကျမ်း လေးကျမ်း ထဲတွင် မှတ်တမ်းတင်ထားပါသည်။ ယေရှုသည်လည်း လုပ်ဆောင်ခဲ့သည်မှာ များပြားခဲ့သည် မှန်သော်လည်း၊ ၎င်းတို့ကို အသေးစိတ် မှတ်တမ်း မတင်ထားခဲ့ပါ။ ဓမ္မသစ်ကျမ်းထဲတွင် ထိုသို့ မှတ်တမ်းတင်မှု နည်းနေ ခြင်းမှာ ယေရှုလုပ်ဆောင်ခဲ့မှု၏ ပမာဏကြောင့်ပါ၊ ယေရှုသည် သုံးနှစ်ခွဲကြာကာလအတွင်း ကမ္ဘာကြီးပေါ်မှာ လုပ်ခဲ့သည်များနှင့် တမန်များ လုပ်ခဲ့ကြသည်များ၏ ပမာဏမှာ ယေဟောဝါ၏ လုပ်ဆောင်ချက်ထက် များစွာမှ နည်းပါးခဲ့ပါသည်။ သို့ဖြစ်သောကြောင့်၊ ဓမ္မသစ်ကျမ်းစာထဲက ကျမ်းစာအုပ်များမှာ ဓမ္မဟောင်း ကျမ်းထဲကနှင့် နှိုင်းယှဥ်ကြည့်လျှင် နည်းပါသည်။
သမ္မာကျမ်းစာဆိုသည်မှာ မည်ကဲ့သို့သော စာအုပ်မျိုးများနည်း။ ဓမ္မဟောင်းကျမ်းသည် ပညတ်တော် ခေတ်အတွင်းက ဘုရားသခင်၏ လုပ်ဆောင်ချက်များပါ။ သမ္မာကျမ်းစာထဲက ဓမ္မဟောင်းကျမ်းသည် ပညတ်တော်ခေတ်အတွင်းက ယေဟောဝါ၏ လုပ်ဆောင်ချက်အားလုံးနှင့် ၎င်း၏ ဖန်ဆင်းခြင်းအလုပ်များကို မှတ်တမ်းတင်ထားခြင်း ဖြစ်ပါသည်။ ကျမ်းတစ်စောင်လုံးသည် ယေဟောဝါမှ လုပ်ဆောင်ခဲ့သည်များကို မှတ်တမ်းတင်ပေးထားရာ၊ မာလခိကျမ်းထဲတွင် ယေဟောဝါ၏ အလုပ်များဖြင့် နောက်ဆုံးတွင် အဆုံးသတ် ထားပါသည်။ ဓမ္မဟောင်းကျမ်းသည် ဘုရားသခင်မှ လုပ်ဆောင်ပေးခဲ့သည့် လုပ်ရပ်နှစ်ရပ်ကို မှတ်တမ်းတင် ထားပါသည်- တစ်ခုက ဖန်ဆင်းခြင်းအလုပ်၊ နောက်တစ်ခုက ပညတ်ကို ပြဋ္ဌာန်းပေးသည့် အလုပ်ပါ။ ထိုအလုပ်နှစ်ခုစလုံးကို ယေဟောဝါက လုပ်ဆောင်ခဲ့ပါသည်။ ပညတ်တော်ခေတ်သည် ယေဟောဝါဆိုသည့် နာမဖြင့် လုပ်ဆောင်ခဲ့သည့် ဘုရားသခင်၏အလုပ်ကို ဖေါ်ပြထားခြင်းဖြစ်ပြီး၊ အဓိကအားဖြင့် ယေဟောဝါ ၏ နာမဖြင့် လုပ်ကိုင်ပေးခဲ့သည် လုပ်ဆောင်ချက် တစ်ရပ်လုံး ဖြစ်ပါသည်။ ထိုနည်းဖြင့်၊ ဓမ္မဟောင်းကျမ်း သည် ယေဟောဝါ၏ လုပ်ဆောင်ချက်ကို မှတ်တမ်းတင်ပေးပြီး ဓမ္မသစ်ကျမ်းမှာမူ အဓိကအားဖြင့် ယေရှု၏ နာမဖြင့် လုပ်ဆောင်ခဲ့သည် အလုပ်ကို မှတ်တမ်းတင်ထားခြင်း ဖြစ်ပါသည်။ ယေရှု၏ နာမများ၏ အရေးအပါ ဆုံးနှင့် ဘုရားသခင်၏ အလုပ်များကို ဓမ္မသစ်ကျမ်းထဲတွင် မှတ်တမ်းတင်ပေးထားပါသည်။ ဓမ္မဟောင်းခေတ် တုန်းက၊ ယေဟောဝါသည် ဗိမာန်တော်နှင့် ယဇ်ပလ္လင်ကို ဣသရေလနိုင်ငံမှာ တည်ဆောက်ပေးခဲ့ပြီး၊ ၎င်းက ကမ္ဘာမြေကြီးပေါ်ရှိ ဣသရေလလူမျိုးများ၏ ဘဝကို လမ်းညွှန်ပေးခဲ့ခြင်းဖြင့်၊ သူတို့သည် ယေဟောဝါ၏ ပထမဆုံး အရွေးခံ လူအုပ်စု ဖြစ်လာကြပါသည်၊ ဘုရားသခင်ကနေပြီး ကမ္ဘာကြီးပေါ်မှာ ပထမဦးဆုံး ရွေးလိုက်သည့် လူများခဲ့ကြပြီး၊ သူတို့သည် ဘုရားသခင်၏ နှလုံးသားထဲမှာ ရှိနေကြကာ ၎င်းကိုယ်တိုင် ဦးဆောင်ပေးခဲ့သည့် ပထမဦးဆုံး လူအုပ်စု ဖြစ်ကြောင်း သက်သေထူပြခဲ့ပါသည်၊ တစ်နည်းအားဖြင့် ဣသရေလ နိုင်ငံတွင်းက လူမျိုးနွယ်စု ဆယ့်နှစ်ခုတို့သည် ယေဟောဝါ၏ လက်ဦး အရွေးခံများ ဖြစ်ခဲ့ကြပြီး၊ ဘုရားသခင်သည် သူတို့အထဲတွင် အမြဲလုပ်ဆောင်လုပ်ကိုင်လာခဲ့ရာ၊ ပညတ်တော်ခေတ်ထဲက ယေဟောဝါ၏ အမှု ပြီးဆုံးသွားသည့်အထိ ဖြစ်ခဲ့ပါသည်။ အမှု၏ ဒုတိယ အဆင့်တွင်မူ ဓမ္မသစ်ကျမ်းထဲက ကျေးဇူးတော် ခေတ်၏ လုပ်ဆောင်ချက် ဖြစ်ခဲ့ပြီး၊ ဣသရေလ နိုင်ငံထဲက လူမျိုးနွယ်စု ဆယ့်နှစ်ခု အနက် တစ်ခုဖြစ်သည့် ယုဒခေါ် လူမျိုးနွယ်စု အကြားမှာ ဖြစ်ခဲ့ပါသည်။ လုပ်ဆောင်ချက် ပမာဏ ပိုသေးခဲ့ခြင်းက ယေရှုသည် လူ့ဇာတိအဖြစ်ကို ခံယူခဲ့သည့် ဘုရားသခင် ဖြစ်ခဲ့၍ပါ။ ယေရှုသည် ယုဒနယ်မြေ တစ်၀န်းမှာသာ လုပ်ဆောင် ခဲ့ခြင်း ဖြစ်ခဲ့ပြီး သုံးနှစ်ခွဲမျှသာ လုပ်ဆောင်ခဲ့သည့်အတွက်၊ ဓမ္မသစ်ကျမ်းထဲ မှတ်တမ်း တင်ထားသည်များမှာ ဓမ္မဟောင်းကျမ်းထဲတွင် မှတ်တမ်းတင်ထားသည့် အလုပ်ပမာဏနှင့် စာလျှင် မည်သို့မှ နှိုင်းယှဉ် မရစကောင်း ပါ။ ကျေးဇူးတော်ခေတ်ထဲက ယေရှု၏ လုပ်ဆောင်ချက်ကို အဓိကအားဖြင့် ခရစ်ဝင်ကျမ်း လေးကျမ်းထဲတွင် မှတ်တမ်းတင်ထားပါသည်။ ကျေးဇူးတော်ခေတ်ထဲတွင် လူများ လျှောက်လှမ်းခဲ့ကြရသည့် လမ်းခရီးက သူတို့၏ ဘဝအနေအထားကို အပေါ်ယံတွင် အများဆုံး ပြောင်းလဲပစ်ခဲ့ရာ၊ ၎င်းတို့ထဲက အများစုကို မှာစာများထဲတွင် ရေးမှတ်ပေးထားပါသည်။ ထိုခေတ် ကာလတုန်းက သန့်ရှင်းသောဝိညာဥ်တော် လုပ်ကိုင်ခဲ့ပုံကို သြဝါဒစာများထဲ၌ မှတ်တမ်းတင်ထားပါသည်။ (မှန်ပါသည်၊ ပေါလုသည် ပြစ်တင်ဆုံးမ ခံခဲ့ရသည်ဖြစ်စေ၊ ကံအကြောင်းမလှစွာ ရိုက်ပုတ်ခံခဲ့ရသည်ဖြစ်စေ သူလုပ်ဆောင်ခဲ့သည့် အလုပ်ကို သန့်ရှင်းသော ဝိညာဉ်တော် မှ သူ့ကို ညွှန်ကြားပေးခဲ့ခြင်း ဖြစ်ပါသည်၊ သူသည် တစ်ချိန်တုန်းက သန့်ရှင်းသော ဝိညာဥ်တော်မှ အသုံးပြုခံခဲ့ရသူ ဖြစ်သည်မှာ အမှန်ပါပဲ၊ ပေတရုကိုလည်း သန့်ရှင်းသော ဝိညာဥ်တော်က အသုံးပြုခဲ့သည်မှာ မှန်သော်လည်း၊ သူသည် ပေါလုကဲ့သို့ အလုပ်များများကို မလုပ်ကိုင်ခဲ့ပါ။ ပေါလု ရေးခဲ့သည့် သြဝါဒစာများကို ကြည့်ရခြင်းအားဖြင့် ထိုစဉ်တုန်းက သန့်ရှင်းသော ဝိညာဥ်တော် လုပ်ဆောင် ခဲ့ပုံကို မြင်တွေ့နိုင်ကြ ပါသည်၊ ပေါလု၏ လမ်းကြောင်းသည် ဖြောင့်မတ်ခဲ့သည်၊ မှန်ကန်ခဲ့သည်၊ ထို့အပြင် သန့်ရှင်းသော ဝိညာဥ်တော်၏ လမ်းကြောင်းပင် ဖြစ်ခဲ့ပါသည်။)
သင်တို့က ပညတ်တော်ခေတ်၏ လုပ်ဆောင်ချက်ကို ကြည့်လိုသည်၊ ဣသရေလလူမျိုးများ ယေဟောဝါ၏ လမ်းစဉ်ကို မည်သို့ လိုက်နာခဲ့ကြကြောင်းကို ကြည့်လိုသည်ဆိုလျှင် သင်တို့သည် ဓမ္မဟောင်းကျမ်းကို ဖတ်ရှုကြရန်လိုမည်၊ အကယ်၍များ သင်တို့က ကျေးဇူးတော်ခေတ်၏ လုပ်ဆောင်ချက်ကို သိနားလည်ချင်လျှင်မူ သင်တို့သည် ဓမ္မသစ်ကျမ်းကို ဖတ်ရှုကြရန် လိုမည်။ သို့သော်လည်း နောက်ဆုံးသော ကာလ၏ အလုပ်ကို သင်တို့ မည်သို့များ မြင်ကြသနည်း။ သင်တို့သည် ယနေ့ ဘုရားသခင်၏ ရှေ့ဆောင်မှုကို လက်ခံလျက် ယနေ့၏ အမှုထဲကို ဝင်ရောက်ကြရန် လိုအပ်သည်။ ၎င်းမှာ အလုပ်သစ် ဖြစ်သောကြောင့် တစ်ခုကိုမှ သမ္မာကျမ်းစာထဲတွင် ယခင်တုန်းက မှတ်တမ်းမတင်ထားခဲ့ပါ။ ယနေ့တွင် ဘုရားသခင်သည် လူ့ဇာတိအဖြစ်ကိုခံယူပြီး တရုတ်နိုင်ငံထဲက အခြားရွေးကောက်ခံသူများကို ရွေးထားပြီ။ ဘုရားသခင်သည် ထိုလူများထဲတွင် လုပ်ကိုင်နေသည်၊ သူသည် ကမ္ဘာကြီးပေါ်က သူ၏အမှုကို ဆက်လက် ဆောင်ရွက်နေသည်။ ကျေးဇူးတော်ခေတ်မှ အမှုကို ဆက်ပြီး လုပ်ကိုင်နေခြင်း ဖြစ်သည်။ ယနေ့၏ အမှုသည် လူသားတို့ မည်သည့်အခါကမှ မလျှောက်ရသေးသည့် လမ်းခရီးဖြစ်ပြီး မည်သူကမှ မမြင်ဖူးသည့် လမ်းခရီးဖြစ်သည်။ ထိုအရာသည် ယခင် မည်သည့်အခါမျှ မလုပ်ခဲ့ဖူးသည့် အမှုဖြစ်သည်၊ ထိုအရာသည် ကမ္ဘာကြီးပေါ်က ဘုရားသခင်၏ နောက်ဆုံးအမှုပင် ဖြစ်သည်။ ထို့အပြင် ယခင် မည်သည့်အခါမှ မလုပ်ခဲ့သည့် အလုပ်သည် သမိုင်းမဟုတ်ပေ၊ ပစ္စုပ္ပန်သည် ပစ္စုပ္ပန်သာဖြစ်ပြီး၊ အတိတ်ဖြစ်သွားရန် လိုပါသေးသည်။ ဘုရားသခင်သည် ပိုကြီးမားသည့်၊ ပိုသစ်သည့်အမှုကို ကမ္ဘာကြီးပေါ်မှာ ပြုလုပ်ခဲ့ခြင်းကို လူများမသိကြပါ။ ထိုအလုပ်သည် ဣသရေလ၏ ပြင်ပ၊ ဣသရေလ၏ နယ်မြေအပြင်ထိ ပရောဖက်များ၏ ကြိုတင်ဟောကြားချက်များကို ကျော်လွန်လျက် ရောက်ရှိနှင့်ပြီးဖြစ်သည်။ ပရောဖက်ပြုချက်များမှာ မပါ၀င်သည့် အသစ်ဖြစ်သော အံ့သြဖွယ်အလုပ်၊ ဣသရေလအပြင်ရှိ ပိုမိုသစ်လွင်သည့် အလုပ်၊ လူသားများ မည်သည့်အခါမှာမှ သိနားလည်နိုင်မည် မဟုတ်သကဲ့သို့ စိတ်ကူးနိုင်ကြမည် မဟုတ်သည့် အလုပ်ကို ပြုလုပ်ထားသည်။ သမ္မာကျမ်းစာထဲ၌ ယင်းကဲ့သို့သော အမှု၏ ပြည့်စုံစွာ ရှင်းလင်းဖော်ပြထားသော မှတ်တမ်းများသည် မည်သို့များ ပါဝင်နိုင်ခဲ့သနည်း။ မည်သူတို့ကများ ယနေ့အမှု၏ တစ်ချက်ချင်းစီကို မည်သည့် အရာကိုမှ ထိန်ချန်မထားဘဲ၊ ကြိုတင်ပြီး မှတ်တမ်းတင်ပေး နိုင်ခဲ့ကြမည်နည်း။ မည်သူကများ ဟောင်းနွမ်းလှသည့် စာအုပ်ထဲမှာ ယခုလို ပိုမို ကြီးမြတ်ပြီး အမြော်အမြင်ကြီးမားသည့် အစဉ်အလာကို မှတ်တမ်းတင်ပေး နိုင်ခဲ့ကြမည်နည်း။ ယနေ့အလုပ်သည် သမိုင်းမဟုတ်သေးပါ၊ သို့ဖြစ်၍ သင်က ယနေ့ ခရီးလမ်း အသစ်အတိုင်း လျှောက်သွားချင်ပါက၊ သင်သည် သမ္မာကျမ်းစာကို စွန့်ပစ်ရန် လိုပါမည်၊ သင်သည် သမ္မာကျမ်းစာထဲက အနာဂတ္တိကျမ်း စာအုပ်များ သို့မဟုတ် သမိုင်းများကို ကျော်လွန်ပြီး သွားရန် လိုအပ်ပါမည်။ သို့ဖြစ်မှသာ သင်သည် လမ်းကြောင်းအသစ်ကို စနစ်တကျ လျှောက်နိုင်ပါမည်၊ ထို့အပြင် ထိုအခါကျမှသာ သင်သည် အရှိတရားအသစ်နှင့် အလုပ်သစ်ထဲကို ခြေချဝင်နိုင်မှာ ဖြစ်ပါသည်။ ယနေ့ သင့်ကို သမ္မာကျမ်းစာအား မဖတ်ကြားတော့ရန် မှာကြားနေရသည်မှာ၊ သမ္မာကျမ်းစာနှင့် ကွဲပြားသည့် အခြားအလုပ်များ ရှိနေရသည်မှာ၊ ဘုရားသခင်က သမ္မာကျမ်းစာထဲမှာ ပိုသစ်ပြီး ပိုအသေးစိတ်ကျသည့် လုပ်ကိုင်နည်းများကို ရှာကြည့် မနေသည်မှာ၊ ၎င်းအစား သမ္မာကျမ်းစာ ပြင်ပမှာ ပိုကြီးမြတ်သည့် အလုပ် ရှိနေသည်မှာ အဘယ်ကြောင့်နည်း ဆိုသည်ကို သိနားလည်ရန် လိုပါသည်။ သင်တို့အားလုံး ၎င်းကို နားလည်သင့်ပါသည်။ သင်သည် အလုပ်အဟောင်းနှင့် အသစ်အကြား ခြားနားချက်ကို နားလည်ရန် လိုပါသည်၊ သင်သည် သမ္မာကျမ်းစာကို မဖတ်သည့်တိုင်အောင် ၎င်းကို ပိုင်းခြားနိုင်စွမ်း ရှိရပါမည်၊ ထိုသို့သာ မဟုတ်လျှင်၊ သင်သည် သမ္မာကျမ်းစာကို ရှိခိုးမြဲရှိခိုးနေမည် ဖြစ်၍၊ သင်သည် အလုပ်သစ်ထဲကို ဝင်ရန်နှင့် အပြောင်းအလဲ အသစ်များကို ဖြတ်ကျော်ရန် ခဲယဉ်းပါလိမ့်မည်။ ပိုမြင့်မားသည့် လမ်းခရီး ရှိနေလျှင်၊ နိမ့်ကျပြီး ဟောင်းနေသည့် လမ်းခရီးဖြင့် အဘယ့်ကြောင့် ဆက်သွားနေဦးမည်နည်း။ ပိုသစ်သည့် မိန့်ကြားချက်များ၊ ပိုသစ်သည့် အလုပ်များ ရှိနေလျှင်၊ သမိုင်းထဲမှ မှတ်တမ်းအဟောင်းများ အကြားတွင် အဘယ့်ကြောင့် နေထိုင်နေဦးမည်နည်း။ မိန့်ကြားချက် အသစ်များက သင့်ကို စောင့်ရှောက်ပေးနိုင်သည် ဆိုပါက အလုပ်သစ် ဖြစ်ကြောင်းကို သက်သေထူပြနေသည်၊ မှတ်တမ်းအဟောင်းများက သင်၏ လက်ရှိ လိုအပ်ချက်များကို ကျေနပ်အောင် မလုပ်နိုင်ကြသောကြောင့် ၎င်းတို့သည် သမိုင်းဖြစ်သွားလျက် ယနေ့ ယခုနေရာ၏ အမှုမဟုတ်ကြောင်းကို သက်သေထူပြနေကြပါသည်။ အမြင့်ဆုံးလမ်းက အသစ်ဆုံးအလုပ်ပါ။ အလုပ်သစ်နှင့်ဆိုလျှင် အတိတ်တုန်းက လမ်းခရီး မည်မျှပင် မြင့်မားခဲ့ပါစေ၊ ၎င်းသည် လူသား ပုံရိပ်များ၏ သမိုင်းဖြစ်နေတုန်းပါ၊ အခြေအနေအရ ၎င်း၏တန်ဖိုးမှာ မည်သို့ပဲရှိပါစေ လမ်းခရီးဟောင်း ဖြစ်နေတုန်းပါ။ ၎င်းကို "သန့်ရှင်းသည့် ကျမ်းစာအုပ်"ထဲ မှတ်တမ်းတင်ထားစေကာမူ၊ လမ်းကြောင်းဟောင်းသည် သမိုင်းပါ၊ "သန့်ရှင်းသည့် ကျမ်းစာအုပ်"ထဲမှာ မည်သို့မျှ ရေးမှတ် မထားသော်လည်း၊ လမ်းခရီးသစ်သည် ယခုအချိန် ယခုနေရာမှာ ရှိနေပါပြီ။ ၎င်းသည် သန့်ရှင်းသော ဝိညာဥ်တော်၏ အလုပ်ဖြစ်သည့် အတွက်ကြောင့်၊ ထိုလမ်းခရီးသည် သင့်ကို ကယ်တင်ပေးနိုင်ပြီး ဤလမ်းခရီးသည် သင့်ကို ပြောင်းလဲပစ်ပါမည်။
သင်တို့သည် သမ္မာကျမ်းစာကို နားလည်ရန် လိုအပ်ပါသည်—ဤအလုပ်မှာ အရေးတကာ့ အရေး အကြီးဆုံးပါ။ ယနေ့တွင် သင်သည် သမ္မာကျမ်းစာကို ဖတ်ရန် မလိုအပ်တော့ပါ၊ ၎င်းထဲတွင် အသစ်ဟူ၍ ဘာမှမရှိတော့ဘဲ ဟောင်းသွားပြီ ဖြစ်သောကြောင့်ပါ။ သမ္မာကျမ်းစာသည် သမိုင်းဝင် စာအုပ်တစ်အုပ် ဖြစ်သည်၊ သင်သည် ဓမ္မဟောင်းကျမ်းကို ကျေးဇူးတော်ခေတ်ထဲတွင် စားသောက်ခဲ့မည်ဆိုလျှင်၊ ဓမ္မဟောင်းကျမ်းခေတ်တုန်းက သတ်မှတ်ထားခဲ့သည့် အရာကို ကျေးဇူးတော်ခေတ်ထဲတွင် လက်တွေ့ကျင့်သုံးခဲ့မည်ဆိုလျှင်၊ ယေရှုသည် သင်တို့ကို ငြင်းပယ်ခဲ့ပြီး ရှုတ်ချခဲ့မည်ဖြစ်သည်၊ သင်က ဓမ္မဟောင်းကျမ်းကို ယေရှု၏ အမှုထဲ ကျင့်သုံးခဲ့မည်ဆိုလျှင် သင်သည် ဖာရိရှဲဖြစ်ခဲ့လိမ့်မည်ပင်။ သင်သည် ယနေ့တွင် ဓမ္မဟောင်းနှင့် ဓမ္မသစ်ကျမ်း နှစ်ခုစလုံးကို စားသောက်ရန် ပေါင်းစည်းကာ လက်တွေ့ကျင့်သုံးမည်ဆိုလျှင်၊ ယနေ့၏ ဘုရားသခင်သည် သင့်ကို ရှုတ်ချပါလိမ့်မည်၊ သင်သည် သန့်ရှင်းသော ဝိညာဉ်တော်၏ ယနေ့အလုပ်နောက်၌ ကျန်ရစ်ခဲ့မည် ဖြစ်သည်။ အကယ်၍ သင်သည် ဓမ္မဟောင်းကျမ်းနှင့် ဓမ္မသစ်ကျမ်းကို စားသောက်နေသည် ဆိုလျှင် သင်သည် သန့်ရှင်းသော ဝိညာဉ်ဳတော်၏ ရေစီးကြောင်း အပြင်၌ ရှိနေသူပင်။ ယေရှု၏ လက်ထက်မှာ၊ ယေရှုသည် ထိုစဉ်တုန်းက သန့်ရှင်းသော ဝိညာဥ်တော်က သူ့ထဲတွင် လုပ်ဆောင်ခဲ့သည်နှင့်အညီ ယုဒလူများနှင့် သူ၏ နောက်လိုက်များ အားလုံးကို ရှေ့ဆောင် ခေါ်သွားခဲ့ပါသည်။ ယေရှုသည် မိမိလုပ်ကိုင်ခဲ့သည်များအတွက် သမ္မာကျမ်းစာကို အခြေခံအဖြစ် မယူခဲ့ဘဲ မိမိ၏ အလုပ်နှင့်အညီ မိန့်ကြားခဲ့သည်၊ သမ္မာကျမ်းစာထဲ မိန့်ဆိုထားသည်များကို သူဂရုမစိုက်ခဲ့သလို၊ သူ၏ နောက်လိုက်များကို ဦးဆောင်ရမည့် လမ်းခရီးကိုလည်း သမ္မာကျမ်းစာထဲမှာ မရှာခဲ့ပါ။ သူသည် အလုပ်ကို စတင်လုပ်ကိုင်တော့သည်နှင့်၊ နောင်တရရေး လမ်းခရီးဆိုသည်ကို သူဖြန့်ကြက်ခဲ့သည်၊ ဓမ္မဟောင်းကျမ်းထဲက ပရောဖက်စကားများထဲတွင် တစ်လုံးတစ်ပါဒမျှ မိန့်ကြားမထားသည့် စကားလုံးများပါ။ ယေရှုသည် သမ္မာကျမ်းစာနှင့်အညီ မလုပ်ဆောင်ခဲ့သည့်အပြင်၊ သူသည် လမ်းခရီးအသစ်ဖြင့် ရှေ့ဆောင်ခေါ်သွားလျက် အလုပ်သစ်ကို လုပ်ဆောင်ခဲ့ပါသည်။ ယေရှုက တရားဟောရာတွင် သမ္မာကျမ်းစာကို မည်သည့်အခါမျှ မကိုးကားခဲ့ပါ။ ပညတ်တော်ခေတ်အတွင်းမှာ၊ နာမကျန်းသော သူများကို ကုသပေးရန်နှင့် နတ်ဆိုးများကို နှင်ထုတ်ရန်ကဲ့သို့သော အံ့ဖွယ်အရာများကို မည်သူမျှ လုပ်ပြနိုင်စွမ်း မရှိခဲ့ကြပါ။ ယေရှု၏ လုပ်ဆောင်ချက်၊ သူ၏ သွန်သင်ချက်များ၊ သူ၏ အခွင့်အာဏာ—ပညတ်တော်ခေတ် အတွင်းမှာ၊ မည်သူမျှ ထိုသို့ လုပ်ကိုင်မပြခဲ့ဘူးပါ။ ယေရှုက သူ၏ သာ၍သစ်သော အလုပ်ကို လုပ်ခဲ့သည်၊ လူအများအပြားတို့က သမ္မာကျမ်းစာကို အသုံးချပြီး သူ့ကို အပြစ်တင်ခဲ့ကြသည့်တိုင်အောင်၊ သူ့အား လက်ဝါးကပ်တိုင်ပေါ်ကို တင်ရန် ဓမ္မဟောင်းကျမ်းကို အသုံးပြုခဲ့ကြသည့်တိုင်အောင်၊ သူ၏ လုပ်ဆောင်ချက်သည် ဓမ္မဟောင်းကျမ်းကို ကျော်လွန်သွားခဲ့ပါသည်၊ ထိုသို့သာမဟုတ်ခဲ့လျှင်၊ လူများက သူ့ကို လက်ဝါးကပ်တိုင်ပေါ်ကို တင်ခဲ့ကြသည်မှာ အဘယ်ကြောင့်များနည်း။ ထိုသို့ ဖြစ်ခဲ့ရသည်မှာ ဓမ္မဟောင်းကျမ်းထဲတွင် ယေရှု၏ သွန်သင်မှုများအပြင်၊ နာမကျန်းသော သူများကို ကုသပေးနိုင်ခြင်းနှင့် နတ်ဆိုးများကို နှင်ထုတ်ပေးနိုင်ခြင်းတို့အကြောင်း တစ်လုံးတစ်ပါဒမျှ မိန့်ကြားမထားခြင်းကြောင့်များလော။ ယေရှု၏ အလုပ်သည် လမ်းခရီး အသစ်ဖြင့် ခေါ်ဆောင်ရန်၊ သမ္မာကျမ်းစာကို ဆန့်ကျင်လျက် တိုက်ပွဲကို တမင်ဆင်နွှဲရန် သို့မဟုတ် ဓမ္မဟောင်း ကျမ်းကို မသုံးဘဲ ရှောင်ရှားရန် မဟုတ်ခဲ့ပါ။ ယေရှုသည် မိမိ၏ တာဝန်ကို ထမ်းဆောင်ဖို့သက်သက် လာခဲ့ပြီး၊ ၎င်းကို မျှော်မှန်း ရှာကြံနေခဲ့ကြသူတို့ထံသို့ အလုပ်သစ်ကို ယူဆောင်လာခဲ့ခြင်း ဖြစ်ပါသည်။ ယေရှုသည် ဓမ္မဟောင်းကျမ်းကို ရှင်းပြရန် သို့မဟုတ် ၎င်းထဲက အလုပ်ကို ပြသပေးရန် လာခဲ့ခြင်း မဟုတ်ခဲ့ပါ။ ယေရှု၏ အလုပ်မှာ ပညတ်တော်ခေတ်ကို ဆက်လက်ပြီး ဖွံ့ဖြိုးစေရန် မဟုတ်ခဲ့ပါ၊ ၎င်း၏ အလုပ်ကို ကြည့်လျှင် သမ္မာကျမ်းစာကို အခြေခံထားပါသည်ဟု ပြောမရနိုင်ပါ၊ ယေရှုသည် ၎င်းအနေနှင့် လုပ်အပ်သည့် အလုပ်ကို လုပ်ဆောင်ဖို့ သက်သက် လာခဲ့ခြင်း ဖြစ်ပါသည်။ ထို့အပြင်၊ ယေရှုသည် ဓမ္မဟောင်းကျမ်းထဲက ပရောဖက် ပြုချက်များကို ရှင်းမပြခဲ့သလို၊ ဓမ္မဟောင်းကျမ်း ပညတ်တော်ခေတ်နှင့် အညီလည်း မလုပ်ဆောင်ခဲ့ပါ။ ၎င်းသည် ဓမ္မဟောင်းကျမ်းထဲ ဆိုထားသည်များကို လျစ်လျူရှုခဲ့သည်၊ သူလုပ်ကိုင်ခဲ့သည်မှာ ထိုကျမ်းနှင့် ကိုက်ညီခြင်း ရှိ၊ မရှိကို ယေရှုသည် ဂရုမစိုက်ခဲ့ဘဲ၊ အခြားသူများက ၎င်း၏ အလုပ်အကြောင်း ဘာများ သိရှိကြသနည်း၊ သို့မဟုတ် သူတို့က ၎င်းအား မည်သို့ ရှုတ်ချခဲ့ကြကြောင်းကိုလည်း ဂရုမစိုက်ခဲ့ပါ။ လူအများ အပြားတို့က ဓမ္မဟောင်းကျမ်းထဲက ဟောကြားချက်များကို အသုံးပြုပြီး ယေရှုကို ရှုတ်ချရန် ကြိုးစား ခဲ့ကြသည့် တိုင်အောင် ၎င်းသည် လုပ်ဆောင်အပ်သည်များကိုသာ ဆက်ပြီး လုပ်ဆောင်ခဲ့ပါသည်။ လူများအနေနှင့်၊ ယေရှု၏ အလုပ်မှာ အခြေခံအုတ်မြစ် မရှိသလို ထင်စရာဖြစ်ခဲ့ပြီး၊ ဓမ္မဟောင်းကျမ်းထဲက မှတ်တမ်းများနှင့် ဆက်စပ်မရသည့် အချက်များ အများအပြား ရှိခဲ့ပါသည်။ ထိုအချက်မှာ မမိုက်မဲပေဘူးလော။ ဘုရားသခင်၏ အလုပ်တွင် အယူဝါဒများကို အသုံးချဖို့ရန် လိုအပ်သလော။ ထို့အပြင် ၎င်းသည် ပရောဖက်များ၏ ဟောကြားချက်များနှင့် ကိုက်ညီရမည်လော။ အမှန်စင်စစ် ပိုကြီးမြတ်သည်က မည်သည့်အရာနည်း- ဘုရားသခင်လော၊ သမ္မာကျမ်းစာလော။ ဘုရားသခင်၏ အလုပ်သည် မည်သည့်အတွက်ကြောင့် သမ္မာကျမ်းစာနှင့် ကိုက်ညီရမည်နည်း။ ဘုရားသခင်သည် သမ္မာကျမ်းစာကို ကျော်လွန်ခွင့် မရှိနိုင်ဘူးဆိုခြင်းကြောင့် ဖြစ်နိုင်ပါသလော။ ဘုရားသခင်သည် သမ္မာကျမ်းစာကို စွန့်ပစ်လျက် အခြားအလုပ်ကို မလုပ်ဆောင်နိုင်ဘူးလော။ ယေရှုနှင့် သူ၏ တပည့်များက ဥပုသ်နေ့ကို မစောင့်ခဲ့ကြသည်မှာ အဘယ့်ကြောင့်များနည်း။ ယေရှုသည် ဥပုသ်ကို စောင့်လျက် ဓမ္မဟောင်းကျမ်းလာ ပညတ်များကို လုပ်ဆောင်ရမည်ဟု ဆိုပါက၊ သူသည် ပေါ်လာလာချင်း ဥပုသ်ကို မစောင့်ခဲ့ဘဲနှင့် ယင်းအစား ခြေကိုဆေးကြောခြင်း၊ ခေါင်းကိုဖုံးအုပ်ခြင်း၊ မုန့်ကိုချိုးဖဲ့ခြင်းနှင့် စပျစ်ရည်ကို သောက်သုံးခြင်း ပြုလုပ်ခဲ့သည်မှာ အဘယ်ကြောင့်များနည်း။ ထိုအချက်များ အားလုံသည် ဓမ္မဟောင်းကျမ်းလာ ပညတ်များမှ ကင်းကွာ မနေကြဘူးလော။ ယေရှုက ဓမ္မဟောင်းကျမ်းကို လေးစားခဲ့သည်ဆိုလျှင်၊ သူသည် ထိုအယူဝါဒများကို ဖီဆန်ခဲ့သည်မှာ အဘယ်ကြောင့်များနည်း။ ဦးစွာလာသည်မှာ ဘုရားသခင်လော၊ သမ္မာကျမ်းစာလော ဆိုသည်ကို သင်သည် သိသင့်သည်။ ဥပုသ်နေ့၏ သခင်ဖြစ်သူသည် သမ္မာကျမ်းစာ၏ သခင်ရော မဖြစ်နိုင်ဘူးလော။
ဓမ္မသစ်ကျမ်းကာလထဲက ယေရှု၏ လုပ်ဆောင်ချက်သည် အမှုသစ်ကို ဖွင့်ပေးခဲ့ပါသည်- ယေရှုသည် ဓမ္မဟောင်းကျမ်းလာ အမှုအတိုင်း မလုပ်ကိုင်ခဲ့သည့် အပြင်၊ ဓမ္မဟောင်းကျမ်းလာ ယေဟောဝါ ၏ နှုတ်ကပတ်များကိုလည်း မလုပ်ဆောင်ခဲ့ပါ။ ယေရှုသည် မိမိ၏ အလုပ်ကို လုပ်ကိုင်ခဲ့ပြီး၊ ပိုသစ်သည့် အလုပ်ကို၊ ပညတ်ချက်ထက် ပိုမြင့်မားခဲ့သည့် အလုပ်ကို လုပ်ကိုင်ခဲ့သည်။ သို့ဖြစ်၍၊ မိန့်ကြားခဲ့သည်က- "ပညတ္တိကျမ်း၊ အနာဂတ္တိကျမ်းများကို ဖျက်ပယ်ခြင်းငှါ ငါလာသည်ဟု မထင်ကြနှင့်။ ဖျက်ပယ်ခြင်းငှါ ငါလာသည်မဟုတ်။ ပြည့်စုံစေခြင်းငှါ ငါလာသတည်း။" ထို့ကြောင့်၊ ယေရှု လုပ်ဆောင် ပြီးဆုံးခဲ့သည်ကို ကြည့်ရခြင်းအားဖြင့်၊ များစွာသော ကျင့်စဉ်များမှာ ချိုးဖောက်ခံခဲ့ကြရပါသည်။ ယေရှုသည် တပည့်များကို ဂျုံစပါးလယ်ကွက်ဆီ ခေါ်သွားခဲ့ပြီး စပါးအသီးအနှံကို စားစေခဲ့ပါသည်။ ယေရှုသည် ဥပုသ်မစောင့်ခဲ့ဘဲ- "လူသားသည် ဥပုသ်နေ့ကို အစိုးရသည်ဟု မိန့်မူ၏။" ထိုစဉ်တုန်းက၊ ဣသရေလလူမျိုးများ၏ ထုံးတမ်းအရ၊ ဥပုသ်မစောင့်သူကို ကျောက်တုံးများဖြင့် သေဆုံးသည့်အထိ ဒဏ်ခတ်လေ့ ရှိခဲ့ပါသည်။ မည်သို့ပင် ဖြစ်စေကာမူ၊ ယေရှုသည် ဗိမာန်တော်ထဲကိုလည်း မဝင်ခဲ့၊ ဥပုသ်ကိုလည်း မစောင့်ခဲ့ပါ၊ ထို့အပြင် ၎င်းမှ လုပ်ဆောင်ရမည်များကို ဓမ္မဟောင်းကျမ်းခေတ်တုန်းက ယေဟောဝါမှ လုပ်ဆောင် မပေးခဲ့ဖူးပါ။ သို့ဖြစ် သောကြောင့်၊ ယေရှုမှ လုပ်ဆောင်ခဲ့သည့် အလုပ်မှာ ဓမ္မဟောင်းကျမ်း၏ ပညတ်ချက်ကို ကျော်လွန် နေပါသည်၊ ပညတ်ချက်များနှင့် ကိုက်ညီမှုမရှိသည့်အပြင် ယင်းထက်ကို ပိုမြင့်မားခဲ့သည်။ ကျေးဇူးတော် ခေတ်အတွင်းမှာ၊ ယေရှုသည် ဓမ္မဟောင်းကျမ်း၏ ပညတ်ချက်နှင့်အညီ လုပ်ကိုင်ခဲ့ခြင်း မဟုတ်ဘဲ၊ ယင်းကျင့်စဉ်များကို ဖီဆန်ခဲ့ပါသည်။ ယနေ့တွင် သမ္မာကျမ်းစာကို၊ ထို့အပြင်၊ အထူးသဖြင့် ဓမ္မဟောင်း ကျမ်းလာ ပညတ်ချက်ကို လိုက်နာကြလျှင်—၎င်းသည် ယေရှု၏ လုပ်ဆောင်ချက်ကို ငြင်းကွယ်ခြင်းပင် မဟုတ်ပါလော။ အချို့သောသူတို့က "သမ္မာကျမ်းစာသည် သန့်ရှင်းသော ကျမ်းစာဖြစ်သည်၊ ၎င်းကို ဖတ်ရှုနေရန် လိုအပ်သည်" ဟု ပြောဆိုကြသည်။ အချို့သူတို့က "ဘုရားသခင်၏ လုပ်ဆောင်ချက်ကို ထာဝရ ဦးထိပ် တင်ထားရန် လိုအပ်ကြောင်း၊ ဓမ္မဟောင်းကျမ်းသည် ဣသရေလလူမျိုးများ အတွက် ထားရှိခဲ့သည့် ဘုရားသခင်၏ ပဋိညာဥ်ဖြစ်သည်၊ ၎င်းကို ရှောင်လွဲမရနိုင်၊ ဥပုသ်ကို အစဉ်ပင် လိုက်နာရမည်ဟု ဆိုကြ ပါသည်။ သူတို့သည် ရယ်စရာမကောင်းကြ ပေဘူးလား။ ယေရှုသည် အဘယ်ကြောင့် ဥပုသ်ကို မစောင့်ခဲ့ သနည်း။ သူသည် မကောင်းမှုကို ကျူးလွန်နေခဲ့ခြင်း များလော။ မည်သူတို့က ယင်းကဲ့သို့သော အရာများကို ဆန်းစစ် ကြည့်နိုင်ကြမည်နည်း။ သင်သည် သမ္မာကျမ်းစာကို မည်သို့ပင် ဖတ်ရှုဖတ်ရှု၊ လူများ၏ သဘောပေါက် နားလည်နိုင်စွမ်းဖြင့် ဘုရားသခင်၏ လုပ်ရပ်များကို သိနားလည်ရန် မဖြစ်နိုင်ပါ။ သင်သည် ဘုရားသခင်အကြောင်း စစ်မှန်သည့် အသိပညာကို မရရုံသာမက၊ သင်၏ အယူအဆများသည် သာ၍ပင် ကမ်းကုန်လာလျက် သင်သည် ဘုရားသခင်ကို ဆန့်ကျင်သကဲ့သို့ ဖြစ်လာပါမည်။ ယနေ့တွင် ဘုရားသခင် လူ့ဇာတိခံယူခြင်း မရှိခဲ့လျှင်မူ လူများသည် ၎င်းတို့၏ ကိုယ်ပိုင် အယူအဆများကြောင့် ဒဏ်ခတ်ခံကြရလျက် ဘုရားသခင်၏ ပြစ်တင်ဆုံးမမှုများဖြင့် ချုပ်ငြိမ်းသွားကြရန်သာ ရှိပါသည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ မှ
အကြံပြုစာများဖတ်ရှုလေ့လာရန်: Myanmar Christian Movie (ကောင်းကင်နိုင်ငံတော်ဟူသောမျှော်လင့်ခြင်းအိပ်မက်)
No comments:
Post a Comment