菜單

မူလစာမျက်နှာ သတင်းအချက်အလက် အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ စွဲကိုင်ထားသူ လွတ်လပ်မှန်ကန်တဲ့လူ့အခွင့်အရေး ကယ်တင်ရှင်ပြန်ကြွလာပြီ ဧဝံဂေလိတရားတော် ကောင်းကင်နိုင်ငံတော်သီချင်း အမှန်တရားကို ဖေါ်ထုတ်ခြင်း နိုင်ငံတော် ချီးမွမ်းခြင်း တေးဂီတ ဘုရားသခင်၏ နှုတ်ကပတ်တော်များ ဖတ်ကြားခြင်းများ

2/03/2019

ဘုရားသခင်၏ ပြောဆိုသံ | သမ္မာကျမ်းစာနှင့် ပတ်သက်ပြီး တင်ပြချက် (၄)

ဘုရားသခင်, သမ္မာကျမ်းစာ, အသင်းတော်, ခရစ်တော်၏ ပြောကြားချက်များ,

လူများစွာတို့သည် သမ္မာကျမ်းစာကို နားလည်နိုင်ပြီး အဓိပ္ပာယ် ဖွင့်ဆိုနိုင်လျှင် မှန်ကန်သည့် လမ်းခရီးကို ရှာတွေ့ခြင်းနှင့် အတူတူပင် ဖြစ်သည်ဟု ယုံကြည်ကြသည်။ သို့သော်လည်း လက်တွေ့မှာ အမှုအရာများသည် အမှန်ပင် အလွန် ရိုးရှင်းသလော။ သမ္မာကျမ်းစာသည် ဘုရားသခင် လုပ်ဆောင်မှု၏ သမိုင်းဝင် မှတ်တမ်းသက်သက်ဖြစ်ပြီး ဘုရားသခင်၏ ယခင်တုန်းက လုပ်ဆောင်မှု၏ အဆင့်နှစ်ဆင့်ဆိုင်ရာ သက်သေဖြစ်လျက်၊ ဘုရားသခင် လုပ်ဆောင်မှု၏ ရည်မှန်းချက်များကို သင်နားလည်ဖို့ ကမ်းလှမ်းချက် တစ်ခုမျှမပါဟူသည့် သမ္မာကျမ်းစာ၏ အရှိတရားကို မည်သူမျှ မသိရှိချေ။ သမ္မာကျမ်းစာကို ဖတ်ရှုခဲ့ဖူးသူတိုင်းက ၎င်းသည် ပညတ်တော်ခေတ်နှင့် ကျေးဇူးတော်ခေတ် အတောအတွင်း ဘုရားသခင်၏ လုပ်ဆောင်မှုကို မှတ်တမ်းတင်ထားခြင်းဖြစ်ကြောင်း သိကြသည်။ ဓမ္မဟောင်းကျမ်းသည် ဣသရေလ နိုင်ငံ၏ သမိုင်းနှင့် ဖန်ဆင်းမှု အချိန်မှစပြီး ပညတ်တော်ခေတ် ပြီးဆုံးသည်အထိ ယေဟောဝါ၏ လုပ်ဆောင်မှုကို မှတ်တမ်းတင်ထားသည်။ ဓမ္မသစ်ကျမ်းသည် ခရစ်ဝင်ကျမ်း လေးကျမ်းတွင်ပါသည့် ကမ္ဘာကြီးပေါ်မှ ယေရှု၏ လုပ်ဆောင်ချက်ကို လည်းကောင်း၊ ပေါလု၏ လုပ်ဆောင်ချက်ကို လည်းကောင်း ဖော်ပြထားရာ၊ ၎င်းတို့သည် သမိုင်း မှတ်တမ်းများ မဟုတ်ပေလော။ အတိတ်ကာလက အရာများကို ယနေ့ဆီ ယူဆောင်လာမှုက ၎င်းတို့ကို သမိုင်းလုပ်ပစ်သည်၊ ၎င်းတို့သည် မည်မျှပင် မှန်ကန်ပြီး လက်တွေ့ကျနေပါစေ၊ ၎င်းတို့သည် သမိုင်းဖြစ်နေတုန်းပင်ဖြစ်ပြီး၊ သမိုင်းဆိုသည်မှာ ပစ္စုပ္ပန်ကို ကိုယ်စားမပြုနိုင်ချေ။ အကြောင်းမှာ ဘုရားသခင်သည် သမိုင်းဆီ ပြန်မကြည့်၍ပင် ဖြစ်သည်။။ ထို့ကြောင့် သင်သည် သမ္မာကျမ်းစာကိုသာ နားလည်ပြီး၊ ဘုရားသခင်က ယနေ့ ဆောင်ရွက်လိုသည့် လုပ်ဆောင်မှုအကြောင်း ဘာမျှမသိဘူးဆိုလျှင်၊ ထို့အပြင် သင်သည် ဘုရားသခင်ကို ယုံကြည်သော်လည်း သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်မှုကို မရှာကြံဘူး ဆိုလျှင်၊ သင်သည် ဘုရားသခင်အား ရှာဖွေမှုဆိုသည်မှာ အဘယ်အရာအား ဆိုလိုသည်ကို နားမလည်ပေ။ အကယ်၍ သမ္မာကျမ်းစာကို သင်ဖတ်ရှုသည်က ဣသရေလသမိုင်းကို လေ့လာရန်၊ ဘုရားသခင်၏ ကောင်ကင်နှင့် မြေကြီးအား ဖန်ဆင်းခဲ့ပုံသမိုင်းကို သုတေသနပြုရန်အတွက် ဆိုပါက၊ သင်သည် ဘုရားသခင်ကို မယုံကြည်ပေ။ သို့သော် ယနေ့တွင် သင်သည် ဘုရားသခင်ကို ယုံကြည်ပြီး အသက်ကို လိုက်သောကြောင့်၊ ဘုရားသခင်၏ အသိပညာများကို လိုက်စားပြီး အသက်မရှိကြတော့သည့် စကားလုံးများနှင့် အယူဝါဒများကို သို့မဟုတ် သမိုင်းအား နားလည်မှုကို မလိုက်စားသောကြောင့်၊ သင်သည် ဘုရားသခင်၏ ယနေ့ အလိုတော်ကို ရှာဖွေရမည် ဖြစ်ပြီး၊ သန့်ရှင်းသော ဝိညာဉ်တော် လုပ်ဆောင်မှု၏ လမ်းညွှန်ချက်ကို ရှာကြံရမည်ဖြစ်သည်။ အကယ်၍ သင်သည် ရှေးဟောင်း ပညာရှင်ဖြစ်လျှင် သမ္မာကျမ်းစာကို ဖတ်ရှုနိုင်သည်၊ သို့သော် သင်သည် ထိုကဲ့သို့သောသူ မဟုတ်၊ သင်သည် ဘုရားသခင်ကို ယုံကြည်သောသူ တစ်ယောက် ဖြစ်သည်၊ သင့်အတွက် အကောင်းဆုံးမှာ ဘုရားသခင်၏ ယနေ့ အလိုတော်ကို ရှာကြံရန်ပင်ဖြစ်သည်။ သမ္မာကျမ်းစာကို ဖတ်ရှုခြင်းအားဖြင့်၊ အများဆုံးအနေနှင့် သင်သည် ဣသရေလ၏ သမိုင်းကို အနည်းငယ် နားလည်လာပြီး အာဗြဟံ၊ ဒါဝိဒ်နှင့် မောရှေတို့၏ ဘဝများကို သိလာလျက်၊ သူတို့က ယေဟောဝါကို ရိုသေလေးမြတ်ခဲ့ကြပုံ၊ ယေဟောဝါက သူ့ကို ဆန့်ကျင်ခဲ့ကြသူတို့အား မီးရှို့ပစ်ခဲ့ပုံနှင့် ထိုခေတ်ကာလမှ လူများနှင့် ယေဟောဝါတို့ စကားပြောဆိုခဲ့ပုံကို သိလာလိမ့်မည်။ အတိတ်ကာလတုန်းက ဘုရားသခင်၏ လုပ်ဆောင်မှု အကြောင်းကိုသာ သင်ရှာတွေ့လိမ့်မည်။ သမ္မာကျမ်းစာထဲက မှတ်တမ်းများသည် ဣသရေလ နိုင်ငံတွင် ခေတ်ဦးကာလလူများ ဘုရားသခင်အား မည်သို့ ရိုသေလေးမြတ်ခဲ့ကြပုံနှင့် ယေဟောဝါ၏ လမ်းညွှန်မှုအောက်၌ မည်သို့ နေထိုင်ခဲ့ကြပုံတို့နှင့် သက်ဆိုင်သည်။ ဣသရေလ လူမျိုးများသည် ဘုရားသခင်၏ ရွေးချယ်ခံ လူများ ဖြစ်ခဲ့ကြ၍၊ သင်သည် ဓမ္မဟောင်းကျမ်းထဲတွင် ဣသရေလ လူမျိုးများ အားလုံးက ယေဟောဝါအား သစ္စာရှိခဲ့ကြပုံ၊ ယေဟောဝါကို နာခံခဲ့ကြသူ အားလုံးတို့ကို သူက စောင့်မပေးလျက် ကောင်းချီးမင်္ဂလာ ပေးခဲ့ပုံကို မြင်တွေ့ရမည် ဖြစ်ပြီး၊ ဘုရားသခင်က ဣသရေလ နိုင်ငံတွင် အမှုပြုခဲ့စဉ် သူသည် ဂရုဏာနှင့် မေတ္တာတရားများဖြင့် ပြည့်နေခဲ့ပြီး လောင်သောမီးတောက်များ အားလုံးကို ပိုင်ဆိုင်ခဲ့လျက် ဣသရေလ လူမျိုးအားလုံး၊ အနိမ့်ဆုံးမှအစ စွမ်းပကား အရှိဆုံးအထိ၊ ယေဟောဝါကို ရိုသေလေးမြတ်ခဲ့ကြပုံကိုပါ မြင်ရမည်ဖြစ်သည်၊ ထိုသို့ကြောင့် တစ်နိုင်လုံးကို ဘုရားသခင်က ကောင်းချီးမင်္ဂလာ ပေးခဲ့ခြင်းဖြစ်သည်။ ဓမ္မဟောင်းကျမ်းထဲတွင် မှတ်တမ်းတင်ထားသည့် ဣသရေလ၏ သမိုင်းက ထိုသို့ရှိသည်။


သမ္မာကျမ်းစာသည် ဣသရေလနိုင်ငံတွင်းက ဘုရားသခင် လုပ်ဆောင်မှု၏ သမိုင်း မှတ်တမ်းဖြစ်ပြီး ရှေးခေတ် ပရောဖက်များ၏ အနာဂတ္တိဟောကြားချက် အများအပြားကို လည်းကောင်း၊ ထိုစဉ်တုန်းက ယေဟောဝါ၏ ဖွင့်ဆိုချက် အချို့ကိုလည်းကောင်း မှတ်တမ်းတင်ထားသည်။ သို့ဖြစ်သောကြောင့် လူများသည် (ဘုရားသခင်က သန့်ရှင်းပြီး ကြီးမြတ်သူဖြစ်၍) ထိုကျမ်းစာကို သန့်ရှင်းသည်ဟု ခံယူကြသည်။ ၎င်းသည် ယေဟောဝါကို သူတို့၏ ရိုသေလေးမြတ်မှုနှင့် ဘုရားသခင်ကို သူတို့၏ ကြည်ညိုမှု၏ ရလဒ်ဖြစ်သည်မှာ အမှန်ပင်ဖြစ်၏။ ထိုကျမ်းစာကို လူများက ယင်းကဲ့သို့သာ ရည်ညွှန်းကြခြင်းမှာ ဘုရားသခင်၏ ဖန်ဆင်းခံသတ္တဝါများသည် ၎င်းတို့၏ ဖန်ဆင်းရှင်ကို အလွန်မြတ်နိုးကြ၍ဖြစ်ပြီး ထိုစာအုပ်အား ကောင်းကင်ဘုံနှင့်ဆိုင်သော ကျမ်းစာဟူ၍ပင် ခေါ်ဝေါ်သူများ ရှိကြသည်။ စင်စစ်အားဖြင့် ၎င်းသည် လူသားများ၏ မှတ်တမ်းမျှသာ ဖြစ်ပါသည်။ ကျမ်းစာကို ယေဟောဝါကိုယ်တိုင်မှ အမည်ပေးထားခြင်း မဟုတ်သကဲ့သို့၊ ယေဟောဝါကိုယ်တိုင်က ထိုကျမ်းစာ ဖြစ်ပေါ်လာရန် လမ်းမညွှန်ခဲ့ချေ။ တစ်နည်းပြောရလျှင်၊ ထိုကျမ်းစာကို ရေးခဲ့သူမှာ ဘုရားသခင် မဟုတ်ဘဲ လူသားများဖြစ်သည်။ သန့်ရှင်းသော သမ္မာကျမ်းစာဟူသည်မှာ လူများက ပေးခဲ့သည့် လေးစားထိုက်သော အမည်သာဖြစ်သည်။ ယေဟောဝါနှင့် ယေရှုတို့က တစ်ဦးနှင့်တစ်ဦး ဆွေးနွေးခဲ့ကြသည့်နောက်မှာ ဆုံးဖြတ်လိုက်ကြသည့် အမည်မဟုတ်ဘဲ၊ လူများ၏ စိတ်ကူး သက်သက်သာ ဖြစ်ပါသည်။ အကြောင်းမှာ ထိုစာအုပ်ကို ယေရှုက ရေးသားခဲ့ရန် မဆိုထားနှင့် ယေဟောဝါပင် မရေးသားခဲ့ချေ။ ထိုအစား၊ ၎င်းသည် များပြားလှသည့် ရှေးခေတ် ပရောဖက်များ၊ တမန်တော်များနှင့် ရှေ့ဖြစ်ဟောသူများ၏ ဖြစ်စဉ်များ ဖြစ်ပြီး၊ နောက်ပိုင်း မျိုးဆက်များက ရှေးခေတ် ရေးသားချက်များအဖြစ် စုစည်း ပေးလိုက်ကြ၍၊ လူများအနေနှင့် အထူးကို သန့်ရှင်းသော ကျမ်းစာအုပ်ကြီး၊ အနာဂတ် မျိုးဆက်များက ဖြေရှင်းပေးကြရမည်ကို စောင့်စားနေကြသည့် နက်ရှိုင်း သိမ်မွေ့လျက် နက်နဲရာများပါဝင်သော ကျမ်းစာအုပ်ပင်ဖြစ်သည်ဟု ယုံကြည်ကြသည်။ သို့ဖြစ်၍၊ လူများက ထိုစာအုပ်သည် ကောင်းကင်ဘုံနှင့်ဆိုင်သော ကျမ်းစာဟု သာ၍ ယုံကြည်လိုကြသည်။ ခရစ်ဝင်ကျမ်း လေးကျမ်းနှင့် ဗျာဒိတ်ကျမ်း စာအုပ်ကို ထည့်ပေးထား၍၊ ယင်းကျမ်းစာဆိုင်ရာ လူများ၏ စိတ်ထားသည် အခြားမည်သည့် စာအုပ်နှင့်မျှမတူဘဲ ခြားနားသောကြောင့်၊ မည်သူမျှ အထူးမြင့်မြတ်သည့် ယင်းကောင်းကင်ဘုံနှင့်ဆိုင်သော ကျမ်းစာအုပ်ကို ခွဲခြမ်း ဆန်းစစ်ခြင်းကို မလုပ်ရဲကြပေ။

လူများက သမ္မာကျမ်းစာကို ဖတ်သည်နှင့်တစ်ပြိုင်နက် လက်တွေ့ကျင့်သုံးရန် လမ်းကြောင်းမှန်ကို ၎င်းအထဲ၌ ရှာတွေ့နိုင်ကြခြင်းမှာ အဘယ်ကြောင့်နည်း။ သူတို့အနေနှင့် နားလည်မရနိုင်သည့် အရာများ အများအပြားကို ထိုသူတို့ အဘယ်ကြောင့် ရယူနိုင်ကြသနည်း။ ယနေ့တွင် ငါသည် သမ္မာကျမ်းစာအား ဤကဲ့သို့သော ပုံစံမျိုးဖြင့် စူးစမ်း ဆန်းစစ်နေခြင်းက ငါသည် ၎င်းကို မုန်းသည် သို့မဟုတ် ၎င်းထဲက ရည်ညွှန်းထိုက်သည့် တန်ဖိုးကို ငြင်းဆိုသည်ဟု မဆိုလိုပေ။ သမ္မာကျမ်းစာ၏ မွေးရာပါ တန်ဖိုးနှင့် ဇစ်မြစ်များကို သင့်အား ရှင်းပြနေရခြင်းက သင်အမှောင်ထဲမှာ ရှိနေခြင်းကို ရပ်စဲပစ်ရန်အတွက်ဖြစ်သည်။ လူများတွင် သမ္မာကျမ်းစာနှင့် ပတ်သက်ပြီး များပြားလှသော အမြင်များရှိကြကာ၊ ၎င်းတို့ အများစုက မှားယွင်းနေကြသောကြောင့်၊ ယခုလို နည်းဖြင့် သမ္မာကျမ်းစာကို ဖတ်ရှုမှုက လူများအနေနှင့် ရသင့်သည်ကို မရအောင် ဟန့်တားနေရုံသာမက၊ ပို၍ အရေးပါသည့်အရာမှာ ၎င်းသည် ငါလုပ်ကိုင်လိုသည့် အမှုကို နှောင့်ယှက်နေခြင်းပင် ဖြစ်သည်။ ၎င်းသည် အနာဂတ် လုပ်ဆောင်ချက်အတွက် ကြီးမားသော အနှောင့်အယှက်ပင်ဖြစ်ပြီး၊ ကောင်းကျိုးများ မပေးပဲ၊ ဆိုးကျိုးများသာ ပေး၏။ သို့ဖြစ်၍၊ ငါသင်တို့ကို သွန်သင်နေသည့်အရာမှာ သမ္မာကျမ်းစာ၏ အနှစ်သာရနှင့် အတွင်းပိုင်း အကြောင်းအရာတို့ပင် ဖြစ်သည်။ ငါသည်သင့်အား သမ္မာကျမ်းစာကို မဖတ်ပါနှင့်၊ သို့မဟုတ် ကိုယ့်ပတ်ဝန်းကျင်တွင် လျှောက်သွားလျက် ၎င်းထဲမှာ တန်ဖိုးရှိသည့်အရာ ဘာတစ်ခုမျှ မရှိပါဟူ၍ အားလုံးတို့အား ကြေညာပါရန် တောင်းဆိုနေခြင်း မဟုတ်ဘဲ၊ သင်၌ သမ္မာကျမ်းစာဆိုင်ရာ မှန်ကန်သည့် အသိပညာနှင့် ရှုမြင်ခြင်းများ ရှိစေဖို့ရန်အတွက်ပင် ဖြစ်သည်။ အလွန်အကျွံ တစ်ဖက်သတ် မဖြစ်ကြနှင့်။ သမ္မာကျမ်းစာသည် လူသားများက ရေးသားခဲ့သည့် သမိုင်းစာအုပ် ဖြစ်သော်ငြားလည်း၊ ၎င်းသည် ရှေးခေတ် သန့်ရှင်းသူများနှင့် ပရောဖက်များက ဘုရားသခင်အား အစေခံခဲ့ခြင်း အကြောင်းကို လည်းကောင်း၊ မကြာမီတုန်းက တမန်တော်များ၏ ဘုရားသခင်အား အစေခံခဲ့မှု အတွေ့အကြုံများကို လည်းကောင်း ရေးမှတ် ပေးထားသည်၊ ယင်းအချက်များ အားလုံးကို ထိုသူတို့ အမှန်ပင် မြင်တွေ့ခဲ့ကြရ၍၊ လက်ရှိခေတ်ထဲမှ လူများအတွက် မှန်သော လမ်းခရီးကို လိုက်ရာတွင် ရည်ညွှန်းချက်အဖြစ် အသုံးချနိုင်သည်။ သို့ဖြစ်၍၊ သမ္မာကျမ်းစာကို ဖတ်ရှုခြင်းဖြင့် လူများသည် အခြားစာအုပ်များထဲမှာ ရှာမတွေ့နိုင်သည့် အသက်လမ်းခရီး အများအပြားကိုပါ ရရှိနိုင်ကြသည်။ ယင်းကဲ့သို့သော လမ်းခရီးများသည် အတိတ်ကာလများတုန်းက ပရောဖက်များနှင့် တမန်တော်များ တွေ့ကြုံခဲ့ကြရသည့် သန့်ရှင်းသော ဝိညာဉ်တော် လုပ်ဆာင်မှု၏ အသက်လမ်းခရီးများ ဖြစ်ခဲ့ကြပြီး စကားလုံး အများအပြားတို့သည် တန်ဖိုးရှိကြလျက် လူများ လိုအပ်သည်များကို ထောက်ပံ့ပေးနိုင်ကြသည်။ သို့ဖြစ်သောကြောင့်၊ လူများ အားလုံးက သမ္မာကျမ်းစာအား ဖတ်ရှုရခြင်းကို နှစ်သက်ကြသည်။ သမ္မာကျမ်းစာထဲတွင် ဝှက်ထားသည်များ အလွန်များပြားသဖြင့်၊ လူများ၏ ကျမ်းစာကို ရှုမြင်ပုံများသည် ဝိညာဉ်ရေးရာ ပုဂ္ဂိုလ်ကြီးများ၏ ရေးသားချက်များအပေါ် ရှုမြင်ပုံများနှင့် မတူကြ။ သမ္မာကျမ်းစာသည် ခေတ်ဟောင်းနှင့် ခေတ်သစ်များထဲတွင် ယေဟောဝါနှင့် ယေရှုတို့ကို အစေခံခဲ့ကြသူများ၏ အတွေ့အကြုံများနှင့် အသိပညာများကို စုစည်းထားသည့် မှတ်တမ်းဖြစ်၍၊ နောက်ပိုင်း မျိုးဆက်များသည် ၎င်းထဲမှနေပြီး ဉာဏ်အလင်းဖွင့်ပြမူ၊ အလင်းပေးမှုနှင့် လက်တွေ့ကျင့်သုံးရန် လမ်းခရီးများကို ရယူနိုင်ခဲ့ကြသည်။ သမ္မာကျမ်းစာက မည်သည့် ဝိညာဉ်ရေးရာ ပုဂ္ဂိုလ်ကြီးများ၏ ရေးသားချက်များထက်မဆို ပိုမြင့်မြတ်ရခြင်း၏ အကြောင်းရင်းမှာ ထိုသူတို့၏ ရေးသားချက် အားလုံးကို သမ္မာကျမ်းစာထဲမှ ကောက်ယူခဲ့ခြင်း ဖြစ်ပြီး၊ သူတို့၏ အတွေ့အကြုံများ အားလုံးသည်လည်း သမ္မာကျမ်းစာထဲမှ လာကြခြင်း ဖြစ်ကာ၊ ၎င်းတို့အားလုံးသည် သမ္မာကျမ်းစာကို ရှင်းပြကြ၍ပင်ဖြစ်သည်။ သို့ဖြစ်၍၊ လူများသည် မည်သည့် ဝိညာဉ်ရေးရာ ပုဂ္ဂိုလ်ကြီးများ၏ စာအုပ်ထဲမှမဆို ထောက်ပံ့ခြင်းကို ရရှိနိုင်ကြသော်လည်း၊ သူတို့အတွက် သမ္မာကျမ်းစာသည် မြင့်မြတ်လျက် နက်နဲသိမ်မွေ့သည့်ပုံ ပေါက်နေသဖြင့် သူတို့သည် ယခုထက်ထိ ၎င်းကို ကိုးကွယ်နေကြဆဲ ဖြစ်သည်။ သမ္မာကျမ်းစာက ပေါလု၏ သြဝါဒစာများနှင့် ပေတရု၏ သြဝါဒစာများကဲ့သို့ ဘဝဆိုင်ရာ စကားလုံးများပါသည့် ကျမ်းစာအုပ်များကို စုစည်းပေးထားခြင်းဖြစ်၍ လူများသည် ယင်းစာအုပ်များထံမှ ကူညီမှုများနှင့် ထောက်မမှုများ ရရှိနေကြသော်လည်း၊ ဤစာအုပ်များသည် ခေတ်ကုန်သွားကြပြီ ဖြစ်၍၊ ၎င်းတို့သည် ခေတ်ဟောင်းနှင့်သာ သက်ဆိုင်ကြသည်၊ ၎င်းတို့သည် မည်မျှပင် ကောင်းမြတ်ကြစေကာမူ၊ ၎င်းတို့သည် ကာလတစ်ခု အတွက်သာ သင့်တော်ခဲ့ကြပြီး ထာဝရ သုံး၍မရနိုင်ပါ။ ဘုရားသခင်၏ အမှုသည် တစ်ချိန်လုံး ဖွံ့ဖြိုးတိုးတက်လာနေရာ၊ ၎င်းသည် ပေါလုနှင့် ပေတရုတို့၏ ခေတ်၌ ရပ်တန့် မသွားနိုင်ခဲ့ သကဲ့သို့၊ ယေရှု လက်ဝါးကပ်တိုင်သို့ တင်ခံခဲ့ရသည့် ကျေးဇူးတော် ခေတ်ထဲတွင်လည်း ထာဝရ ကျန်ရစ် မနေနိုင်ခဲ့ပေ။ သို့ဖြစ်၍၊ ထိုစာအုပ်များသည် ကျေးဇူးတော် ခေတ်အတွက်သာ သင့်တော်ခဲ့ကြပြီး နောက်ဆုံးသော ကာလ၏ နိုင်ငံတော်ခေတ်အတွက် မသင့်တော်ချေ။ ၎င်းတို့သည် ကျေးဇူးတော်ခေတ်မှ ယုံကြည်သူများကိုသာ ထောက်မပေးနိုင်ခဲ့ပြီး၊ နိုင်ငံတော်ခေတ်၏ သန့်ရှင်းသူများအတွက်မူ မထောက်မပေးနိုင်ပေ၊ ၎င်းတို့ မည်မျှပင် ကောင်းမြတ်ကြစေကာမူ၊ ၎င်းတို့၏ ခေတ်မှာ ကုန်သွားချေပြီ။ ၎င်းသည် ဣသရေလနိုင်ငံထဲမှ ယေဟောဝါ၏ ဖန်ဆင်းခြင်း သို့မဟုတ် သူ၏အမှုများနှင့် အလားတူပင် ဖြစ်သည်၊ ဤအမှုသည် မည်မျှပင် ကြီးမြတ်စေကာမူ၊ ၎င်းသည် ခေတ်ဟောင်းထဲမှာ ကျန်ရစ်နေခဲ့ပြီး ၎င်းခေတ် ကုန်လွန်သွားသည့် နောက်၌ နောက်ခေတ်တစ်ခု ရောက်လာဦးမည်ပင်။ ဘုရားသခင်၏ အမှုသည်လည်း အလားတူပင် ဖြစ်သည်၊ ၎င်းသည် ကြီးမြတ်သည်၊ သို့သော် ၎င်းကို အဆုံးသတ်ရမည့် အချိန်ဟူ၍ ရောက်လာပေမည်၊ ၎င်းသည် တစ်ချိန်လုံး ဖန်ဆင်းခြင်း အမှုအကြား၌ ထာဝရ မကျန်ရစ်နိုင်သကဲ့သို့၊ လက်ဝါးကပ်တိုင်ပေါ် တင်ပေးမှုအကြား၌လည်း ကျန်ရစ်မနေနိုင်ပါ။ လက်ဝါးကပ်တိုင်ပေါ်တင်ခြင်း အမှုသည် မည်မျှပင် ကျေနပ်စရာ ကောင်းပါစေ၊ ၎င်းသည် စာတန်ကို ချိုးနှိမ်ရာတွင် မည်မျှပင် ထိရောက်မှု ရှိခဲ့ပါစေ၊ စင်စစ်မှာမူ အမှုသည် အမှုအဖြစ် ရပ်တည်နေဆဲ၊ ခေတ်များသည်လည်း ခေတ်များအဖြစ် ရှိနေဆဲ ဖြစ်ကြပြီး၊ အမှုသည် အခြေခံအုတ်မြစ် တစ်ခုတည်းအပေါ်မှာ အစဉ်အမြဲ ရပ်တည် မနေနိုင်သကဲ့သို့၊ အချိန်ကာလများကို မည်သည့်အခါမျှ မပြောင်းလဲဘဲ နေ၍မရနိုင်ပါ၊ ဖန်ဆင်းမှု ရှိခဲ့သည့်အတွက် နောက်ဆုံးသော ကာလ ရှိရပေမည်။ ယင်းကို ရှောင်လွှဲ၍ မရနိုင်ပါ။ ထို့ကြောင့်၊ ယနေ့တွင် ဓမ္မသစ်ကျမ်းထဲက အသက်၏ စကားလုံးများ— တမန်တော်များ၏ သြဝါဒစာများ၊ ထို့အပြင် ခရစ်ဝင်ကျမ်းလေးကျမ်းသည် သမိုင်းဝင် စာအုပ်များ ဖြစ်လာကြလေပြီ၊ ၎င်းတို့သည် နှစ်ချုပ်စာအုပ် အဟောင်းများကဲ့သို့ ဖြစ်လာကြပါသည်၊ ခေတ်ဟောင်း နှစ်ချုပ်စာအုပ်များက လူများကို ခေတ်သစ်ထဲသို့ မည်သို့များ ခေါ်ဆောင်သွားနိုင်မည်နည်း။ ထိုနှစ်ချုပ် စာအုပ်များက လူများကို အသက်နှင့် မည်သို့ပင် ထောက်ပံ့ပေးနိုင်ပါစေ၊ ၎င်းတို့သည် လူများကို လက်ဝါးကပ်တိုင်ဆီသို့ မည်သို့ပင် ခေါ်ဆောင်ပေးနိုင်ခဲ့ပါစေ၊ ၎င်းတို့သည် ခေတ်ဟောင်းသွားကြပြီ မဟုတ်လော။ ၎င်းတို့သည် တန်ဖိုးမဲ့နေကြပြီ မဟုတ်လော။ သို့ဖြစ်၍ သင်သည် ထိုနှစ်ချုပ်စာအုပ်များကို မျက်စိမှိတ် မယုံကြည်အပ်ဟု ငါပြောမည်။ ၎င်းတို့သည် အလွန် ဟောင်းနွမ်းသွားကြပြီ၊ ၎င်းတို့သည် သင့်ကို အမှုအသစ်ဆီသို့ ခေါ်ဆောင် မပေးနိုင်ကြဘဲ သင့်အပေါ်မှာ ဝန်ပိလာကြဖို့သာ ရှိသည်။ ၎င်းတို့သည် သင့်အား အမှုသစ်ထဲသို့၊ ထို့အပြင် ဝင်ရောက်မှု အသစ်ဆီသို့ မခေါ်ဆောင်ပေးနိုင်ရုံသာမက၊ ၎င်းတို့သည် သင့်ကို ဘာသာရေးအသင်းတော် အဟောင်းများဆီသို့ ခေါ်ဆောင်သွားကြသည်၊ ထိုသို့ဆိုလျှင် သင်၏ ဘုရားသခင်ကို ယုံကြည်မှုသည် ဆုတ်ယုတ်သွားနေသည် မဟုတ်လော။

သမ္မာကျမ်းစာသည် ဣသရေလနိုင်ငံ၏ အကြောင်းအရာများနှင့် ၎င်းထဲက ရွေးကောက်ခံလူတို့၏ ထိုစဉ်တုန်းက ထမ်းဆောင်ချက်များကို ရေးမှတ်ပေးထားသည်။ နောက်တစ်မျိုးပြောရလျှင်၊ ၎င်းသည် သန့်ရှင်းသော ဝိညာဉ်တော်မှ အပြစ်တင်ခြင်းမရှိသည့် ယေဟောဝါ၏ အကြောင်းအရာများဖြစ်သည်။ အစိတ်အပိုင်းများကို ထည့်သွင်းရန် သို့မဟုတ် ဖယ်ရှား ပစ်ရန် ရွေးချယ် ဆုံးဖြတ်ခဲ့ရသော်လည်း၊ သန့်ရှင်းသော ဝိညာဉ်တော်မှ အတည်ပြုပေးခြင်း မရှိခဲ့သည့် တိုင်အောင်၊ ဘုရားသခင်အား အပြစ်တင်စရာ အကြောင်းမရှိပါ။ သမ္မာကျမ်းစာသည် ဣသရေလ၏ သမိုင်းနှင့် ဘုရားသခင် လုပ်ဆောင်ချက်၏ သမိုင်းမျှသာဖြစ်သည်။ ၎င်းထဲမှာ မှတ်တမ်းတင်ထားသည့် လူများ၊ ကိစ္စရပ်များနှင့် အကြောင်းအရာများ အားလုံးသည် မှန်ကန်သော အချက်အလက်များဖြစ်ပြီး၊ ဟေရှာယနှင့် ဒံယေလတို့၏ အနာဂတ္တိစကား သို့မဟုတ် ယောဟန်၏ ရူပါရုံ ကျမ်းစာအုပ်မှ လွဲ၍ ယင်းတို့ထဲက မည်သည်ကမျှ အနာဂတ်ကို ညွှန်ပြမှု မဟုတ်ခဲ့ပေ။ ဣသရေလနိုင်ငံ၏ အစောပိုင်း ပြည်သူများသည် အသိပညာ ပြည့်ဝခဲ့ပြီး ယဉ်ကျေးခဲ့ကြကာ၊ သူတို့၏ ရှေးခေတ် အသိပညာများနှင့် ယဉ်ကျေးမှုသည် အတော်အတန် မြင့်မားခဲ့၍၊ သူတို့ ရေးသားခဲ့ကြသည့် အရာများသည် ယနေ့ခေတ် လူများနှင့်စာလျှင် ပိုမြင့်မားခဲ့ကြသည်။ ထို့ကြောင့် ယေဟောဝါသည် သူတို့အကြား၌ များစွာသော အရာများကို ဆောင်ရွက်ခဲ့ပြီး သူတို့ မြင်တွေ့ ခဲ့ရသည်များမှာ အထူးကိုများခဲ့၍၊ သူတို့ ယင်းကဲ့သို့သော စာအုပ်များကို ရေးသားနိုင်ခဲ့ကြခြင်းမှာ မည်သို့မျှ အံ့ဩစရာမဟုတ်ပါ။ ဒါဝိဒ်သည် ယေဟောဝါ၏ အမှုများကို မျက်စိနှင့်တပ်အပ်မြင်ခဲ့ရပြီး ကိုယ်တိုင် ခံစားခဲ့ရလျက်၊ နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်သောအမှုများ အများအပြားကို မြင်ခဲ့ရ၍ သူသည် ယေဟောဝါ၏ လုပ်ဆာင်မှုများကို ချီးမွမ်းရန် ဆာလံသီချင်းများကို ရေးသားခဲ့ခြင်း ဖြစ်သည်။ သူတို့သည် ယင်းကျမ်းစာအုပ်များကို ရေးနိုင်ခဲ့ကြသည်မှာ သူတို့ထံတွင် ဘုရားသဘောသဘာဝရှိခဲ့၍ မဟုတ်ဘဲ သူတို့၏ အခြေအနေများကြောင့် ဖြစ်သည်။ သူတို့သည် ယေဟောဝါကို မြင်ခဲ့ကြရ၍ ချီးမွမ်းခဲ့ကြသည်။ အကယ်၍ သင်တို့သည် ယေဟောဝါ၏ မည်သည့် အချက်ကိုမျှ မမြင်ခဲ့ရ၊ သူ၏တည်ရှိခြင်းကို သတိမမူမိပါက၊ သင်တို့သည် သူ့ကို မည်သို့ ချီးမွမ်းနိုင်ကြမည်နည်း။ သင်တို့က ယေဟောဝါကို မမြင်ခဲ့ရလျှင်၊ သူ့အား ချီးမွမ်းရမည်ကို လည်းကောင်း၊ ဝတ်ပြုကိုးကွယ်ရမည်ကို လည်းကောင်း၊ သင်တို့ သိနိုင်မည် မဟုတ်သကဲ့သို့၊ သူ့ကို ထောမနာပြုထားသည့် သီချင်းများဆိုလျှင် ပို၍ပင် ရေးနိုင်မည် မဟုတ်ပေ၊ ယေဟောဝါ၏ လုပ်ရပ်တစ်ခုခုကို တီထွင်ပေးရန် သင့်တို့အား တောင်းဆိုလာခဲ့လျှင်လည်း သင်တို့သည် မည်သို့မျှ လုပ်ပြနိုင်စွမ်း ရှိကြမည်မဟုတ်ပေ။ ယနေ့တွင် သင်တို့က ဘုရားသခင်ကို ချီးမွမ်း၍ ချစ်နိုင်ကြခြင်းမှာ သင်တို့သည် သူ့ကို မြင်ခဲ့ကြပြီး သူ၏ လုပ်ဆောင်ချက်များကို တွေ့ကြုံခဲ့ကြရခြင်းကြောင့် ဖြစ်သည်၊ သင်တို့၏ အရည်အချင်းက တိုးတက်ကောင်းမွန်လာသည် ဆိုပါက၊ သင်တို့သည်လည်း ဒါဝိဒ်ကဲ့သို့ ဘုရားသခင်ကို ချီးမွမ်းရန် ကဗျာများကို ရေးနိုင်စွမ်း ရှိလိမ့်မည် မဟုတ်လော။

သန့်ရှင်းသော ဝိညာဉ်တော်၏ ယနေ့ လုပ်ဆောင်နေခြင်းများကို နားလည်ခြင်းမရှိဘဲ၊ သမ္မာကျမ်းစာကို နားလည်ခြင်းသည်၊ လွဲမှားမှုဖြစ်သည်။ သင်သည် သမိုင်းကို ကောင်းမွန်စွာ လေ့လာဖို့ အားထုတ်ခဲ့၍ အံ့သြချီးမွမ်းဖွယ် အလုပ်ကို လုပ်ဆောင်ပြီးခဲ့သော်လည်း၊ သင်သည် သန့်ရှင်းသော ဝိညာဉ်တော်မှ ယနေ့ လုပ်ဆောင်နေသည့် အကြောင်းကို မည်သို့မျှ နားမလည်ချေ။ ထိုအချက်က မိုက်မဲမှု မဟုတ်လော။ အခြားသော သူတို့က သင့်ကို “ဘုရားသခင်သည် ယနေ့တွင် ဘာများ လုပ်ကိုင်နေသနည်း။ ယနေ့တွင် သင်သည် ဘယ်အရာသို့ ဝင်ရောက်ရမည်နည်း။ သင်၏ ဘဝဆိုင်ရာ အားထုတ်မှုများက မည်သို့ ရှိကြသနည်း၊ သင်သည် ဘုရားသခင်၏ အလိုတော်ကို နားလည်သလော” ဟု မေးကြမည်။ သူတို့ မေးမြန်းသမျှအတွက် သင်၌ အဖြေရှိလိမ့်မည် မဟုတ်၊ သို့ဆိုလျှင် သင်ဘာများ သိပါသနည်း။ သင့်အနေနှင့် ဖြေမည်က— ကျွန်တော် သိရှိသည့် အချက်ဆို၍ ကျွန်တော်သည် ဇာတိကို ကျောခိုင်းလျက် ကိုယ့်ကိုယ်ကိုယ် သိနားလည်ရန် လိုအပ်သည် ဆိုသည့်အချက်ပင်။ ထို့နောက်မှာ သူတို့က “သင်သည် နောက်ထပ်ကော ဘာများ သိသနည်း” ဟု မေးလာလျှင် သင်က ဘုရားသခင်၏ အစီအမံအားလုံးကို နာခံရေးကို သိရှိပြီး၊ သမ္မာကျမ်းစာ၏ သမိုင်းကို အနည်းအကျဉ်း သိသည်ဟု ဖြေကြားလိမ့်မည်၊ အားလုံးမှာ ထိုသို့ဖြစ်လိမ့်မည်။ ဤနှစ်များ တစ်လျှောက်မှာ ဘုရားသခင်အား ယုံကြည်မှုထဲမှ သင်ရရှိခဲ့သည့် အရာအားလုံးမှာ ဤမျှလောက် သာလော။ သင့်အနေနှင့် နားလည်သည့် အရာအားလုံးမှာ ယင်းမျှပင်ဖြစ်သည် ဆိုပါက၊ သင် မသိသည်များမှာ အင်မတန်များလှသည်။ ထို့သို့ဆိုလျှင်၊ သင်တို့၏ ယနေ့ ဝိညာဉ်အသက်တာသည် သင်တို့အတွက် ငါ၏ သတ်မှတ်ချက်များကို အခြေခံအားဖြင့် ဖြည့်တင်းပေးနိုင်စွမ်း မရှိဘဲ သင်တို့၏ ဆင်ခြင်နိုင်စွမ်းနှင့် သင်တို့ သိထားသည့် သမ္မာတရားများသည် သိပ်ကိုနည်းပါးလှသည်၊ တစ်နည်းပြောရလျှင်၊ သင်တို့၏ ယုံကြည်မှု သည် အလွန်ပင် ပေါ့တန်လှသည်။ သင်တို့သည် သမ္မာတရားများနှင့် ပိုပြီး ဆင်ယင်ထားရန် လိုအပ်နေသည်၊ သင်တို့သည် သာ၍များသော အသိပညာများကို လိုအပ်နေသည်၊ သင်တို့သည် တိုးပြီး မြင်တွေ့နိုင်ရန် လိုအပ်နေသည်၊ ထို့သို့လုပ်နိုင်မှသာ သင်တို့သည် ဧဝံဂေလိတရားကို ဖြန့်ကြက်နိုင်စွမ်း ရှိမည်ဖြစ်သည်၊ အကြောင်းမှာ ယင်းသည် သင်တို့ စွမ်းဆောင်ရရှိရမည့်အရာ ဖြစ်သောကြောင့်ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ မှ

ဆောင်ရွက်မှုများ ဘာသာရေး စာအုပ်များ

No comments:

Post a Comment