菜單

မူလစာမျက်နှာ သတင်းအချက်အလက် အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ စွဲကိုင်ထားသူ လွတ်လပ်မှန်ကန်တဲ့လူ့အခွင့်အရေး ကယ်တင်ရှင်ပြန်ကြွလာပြီ ဧဝံဂေလိတရားတော် ကောင်းကင်နိုင်ငံတော်သီချင်း အမှန်တရားကို ဖေါ်ထုတ်ခြင်း နိုင်ငံတော် ချီးမွမ်းခြင်း တေးဂီတ ဘုရားသခင်၏ နှုတ်ကပတ်တော်များ ဖတ်ကြားခြင်းများ
Showing posts with label ရိုသေ ကိုင်းရှိုင်းခြင်း. Show all posts
Showing posts with label ရိုသေ ကိုင်းရှိုင်းခြင်း. Show all posts

3/16/2019

ခရစ်ယာန်ကဗီဒီယို | ၂ သခင်ဟာ ပြန်ပြီးကြွလာတဲ့အခါ၊ လူတွေကို အသိပေးဖော်ပြမှာလား ဘုရားသခင် လူ့ဇာတိခံခြင်း၏ နက်နဲမှု


အသင်းတော်တွေရဲ့သင်းအုပ်တွေ၊ သင်းထောက်တွေတော်တော်များများဟာ ဘုရားသခင်ကို နှစ်ပေါင်းများစွာယုံကြည်လာခဲ့ကြတယ်။ ထာဝရဘုရားအတွက် ပင်ပင်ပန်းပန်းနဲ့ အမှုတော်ထမ်းကြတယ်။ သခင် ပြန် ကြွလာမှာကိုလည်း သတိမပြတ်တမ်း စောင့်မျှော်ကြတယ်။ ဒါကြောင့် သခင် ပြန် ကြွလာတဲ့အခါ၊ ကိုယ်တော်က သူတို့တွေကို အသိပေးဖော်ပြမှာပဲလို့ ယုံကြည်ကြပါတယ်။ ဒီအမြင်ဟာ ဘုရားသခင်အမှုတော်ရဲ့အကြောင်းအကျိုးတွေနဲ့ ကိုက်ညီပါရဲ့လား။ ဘုရားသခင်ဟာ လူ့ဇာတိခံတဲ့အခါ၊ လူတွေကို အသိပေးဖော်ပြမှာသေချာရဲ့လား။ အနန္တတန်ခိုးရှင်ဘုရားသခင်ကတော့ အခုလိုမိန့်ဆိုပါတယ်၊ "လူသားသည် ဘုရားသခင်၏ အမှုသစ်ကို ဂရုတစိုက် လေ့လာခြင်း မရှိသည့်အပြင် နှိမ့်ချအောက်ကျို့စွာဖြင့် လက်ခံခြင်းလည်း မရှိပေ။ ထိုမျှမကပဲ မထီမဲ့မြင် သဘောထားလျက်ပင် ဗျာဒိတ်များနှင့် ဘုရားသခင်၏ လမ်းညွှန်ချက်ကို စောင့်မျှော်နေကြသည်။ ဤသည်ကပင် ဘုရားသခင်ကို ဆန့်ကျင် ပုန်ကန်သည့် လူသားတစ်ဦး၏ အမူအကျင့် မဟုတ်ပါလား။ ထိုသို့သော လူသားတို့သည် ဘုရားသခင်၏ သဘောကျခြင်းကို အဘယ်သို့လျှင် ရရှိနိုင်မည်နည်း။"
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ မှ

မြင်ကွင်းများ Myanmar Christian Movie (ကောင်းကင်နိုင်ငံတော်ဟူသော ကျွန်ုပ်၏မျှော်လင့်ခြင်းအိပ်မက်)

12/24/2018

ယုံကြည်သူတို့ လိုက်လံ သင့်သည့် လမ်းစဉ်

Myanmar Christian Song, သမ္မာတရား, အသက်, ဧဝံဂေလိတရား, ထာဝရအသက်


 Ⅰ
ဘုရားသခင်သည် သင့်အသက်တာအတွင်း
အမှုတော် မည်မျှဆောင်ရွက်ပြီးပြီလဲ။
မည်မျှတွေ့ကြုံပြီး၍ လုပ်ဆောင်ခဲ့ပြီး ပြီလဲ။
ဘုရားက သင့်ကို စစ်ဆေးပြီး ဆုံးမပဲ့ပြင်ပေးသည်။
သူ၏အမှုတော်ကို သင့်အပေါ်တွင် ဆောင်ရွက်လျက်ရှိသည်။
ဘုရားသခင်၏ ပြီးပြည့်စုံမှုကို
လိုလား သူအနေနှင့် သူ၏ လုပ်ရပ်အားလုံးကို
သင်ဖော်ပြနိုင်သလား၊
အတွေ့အကြုံအရ အခြားသူများထံ မျှဝေပြီး
အမှုတော်ကို ထမ်းဆောင်ရန် အသုံးတော်ခံထားပါသလား။
ဘုရား၏အမှုတော်များအား ဖော်ပြခြင်းကို ပြုလုပ်ပါ။
ဘုရား၏စစ်မှန်သော ပုံသက်သေဖြစ်ပါစေ
ဘုရား၏ အသုံးတော်ခံနိုင်ဖို့ သတ်မှတ်ချက်ပြည့်မီအောင် နေပါ။