I
ကိုယ်တော့်စိတ်ကိုမသိ၊
ကိုယ်တော့် စိတ်သဘောထား ကို နားမလည်ရင်
စိတ်နှလုံးတံခါးကို မဖွင့်နိုင်ပါ
ကိုယ်တော့်ကိုသိရင် ကိုယ်တော့်စိတ်ကိုနားလည်
ယုံကြည်ခြင်းဖြင့် ကြည်နူးနိုင်ပြီ
ကိုယ်တော့်နှလုံးသားမှာ မွေ့လျော်
နေ့စဉ်နေ့တိုင်းမွေ့လျော်
တစ်နေ့တစ်ခြား တွေးပျော်ရင်
II
ကိုယ်တော်သည် မေတ္တာ၊
ကိုယ်တော်သည် ဂရုဏာ၊ အနန္တ ဂရုဏာ။
ကိုယ်တော့်ကိုရင်ဖွင့်ကာ
ဝမ်းမြောက်ခြင်းများ ရယူပါ
ကိုယ်တော့် ဉာဏ်ပညာ အာဏာ နှင့် မေတ္တာ၊
ကိုယ်တော်ရဲ့အစွမ်းတန်ခိုးဟာ လောကကို ပြည့်စုံစေတာ
III
တကယ်ရင်ဖွင့်ရင်
အမှန်တကယ်ရင်ဖွင့်ရင်
လွန်ကဲအတ္တ စိတ်ဆန္ဒကို
ရှက်တတ်ရွံတတ်လာသည်
တကယ်ရင်ဖွင့်ရင်
အမှန်တကယ်ရင်ဖွင့်ရင်
ကိုယ်တော့်နှလုံးသားရဲ့ အနှိုင်းမဲ့မေတ္တာကို တွေ့လိမ့်မည်
အံ့သြဖွယ်လောကထဲကို ဝင်လာမည်
အမှောင်ယံတွေ၊ ဆုတ်ယုတ်ခြင်းတွေ၊ ဖျားယောင်းမှုတွေ ပျောက်ပြယ်
ကိုယ်တော့်ကိုရင်ဖွင့်ရင်ကွယ်
သစ္စာတရား၊ အလင်းမျှသာ ကျန်ရစ်မယ်
ကိုယ်တော့်ကိုရင်ဖွင့်ရင်ကွယ်
IV
ကိုယ်တော်ရဲ့သဘောသဘာဝ ဟာ ပေါ်လွင်နေမည်
ဝမ်းနည်းကြောင်း၊ စိတ်ဆိုးကြောင်းလဲ
ပေါ်လွင်စေရမည်
ကိုယ်တော့်ကိုရင်ဖွင့်ပြီး ဖိတ်ခေါ်ရင်
အားလုံးပေါ်လွင်စေရမည်
V
ကိုယ်တော်သည် မေတ္တာ၊
ကိုယ်တော်သည် ဂရုဏာ၊ အနန္တ ဂရုဏာ။
ကိုယ်တော့်ကိုရင်ဖွင့်ကာ ဝမ်းမြောက်ခြင်းများ ရယူပါ
ကိုယ်တော့် ဉာဏ်ပညာ အာဏာ နှင့် မေတ္တာ၊
ကိုယ်တော်ရဲ့အစွမ်းတန်ခိုးဟာ လောကကို ပြည့်စုံစေတာ
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ မှ
No comments:
Post a Comment