I
ဘုရားအမှုတော်၏ ရည်ရွယ်ချက်မှာ စာတန်၏ဝိညာဉ်လည်းမဟုတ်၊
အသွေးအသားနဲ့ဆိုင်သော အို အရာလည်းမဟုတ်၊
လူသားသာဖြစ်သောကြောင့် အို...ဘုရားလူ့အဖြစ်ခံယူခဲ့သည်
လူ့အသွေးအသားကို စာတန်ဖျက်စီးခဲ့ပြီး၊
လူသည် ဘုရားအမှုတော်၏ ရည်ရွယ်ချက် ဖြစ်လာခဲ့သည်
အို… ဘုရားကယ်တင်သောသူသည် လူသာလျှင်ဖြစ်သည်
လူသည် အနိစ္စသဘော၊ အသွေးအသားသာဖြစ်ပြီး
ထိုလူကို ဘုရားတစ်ပါးတည်းသာ ကယ်တင်နိုင်သည်…
ဘုရားသည် လူ့ခန္ဓာနှင့် လူ့ဖြစ်တည်မှုအားလုံး ခံယူခဲ့ရ
အမှုတော်ဆောင်ရွက်ဖို့ရန်၊ အကောင်းဆုံးရလဒ်ရရှိဖို့ရန်
လူသည် အပြစ်ကို မလွန်မြောက်နိုင်သော
ဇာတိအသွေးအသားဖြစ်သောကြောင့်
ဘုရားလူ့ဖြစ်ခံယူရသည်၊
ဘုရား လူ့အဖြစ်ခံယူရသည် အကြောင်းမူကား လူသည်
အသွေးအသား၏နှောင်ဖွဲ့ခြင်းမှ
ကိုယ်တိုင် မလွတ်မြောက်နိုင်သော အသွေးအသားဖြစ်သည်
II
စာတန်သည် လူ့အသွေးအသားကို ဖျက်ဆီးခဲ့ပြီ
လူဟာ ပြင်းထန်စွာ ထိခိုက်နာကျင်ပြီး အမြင်ကန်းသွားသည်
ဘုရားသခင် ကြွလာခြင်း အကြောင်းအရင်း၊
လူ့ဇာတိဖြင့် လာရောက်ခြင်း အကြောင်းအရင်းမှာ
လူသည် ဘုရားကယ်တင်ခြင်း၏ရည်ရွယ်ချက်ဖြစ်ပြီး
စာတန်သည် လူ့အသွေးအသားအသုံးပြုပြီး
ဘုရား၏အမှုတော်မြတ်ကို နှောင့်ယှက်ခြင်းကြောင့်ဖြစ်သည်
လူသားကို သိမ်းယူကာ ဘုရားသခင် စာတန်ကို ရင်ဆိုင်တိုက်ခိုက်၊
ထိုစဉ်၌ပင် လူကို ကယ်တင်
ထိုသို ့အမှုတော်ဆောင်ရွက်ရန် ဘုရားလူ့ဇာတိခံယူရသည်။
အသွေးအသားကို စာတန်ဖျက်ဆီးခဲ့ပြီ
လူသားထဲတွင် စာတန်၏ပြယုဂ်အဖြစ်နေထိုင်ပြီး
ဘုရား အနိုင်ယူဖို့အရာဝတ္ထုဖြစ်သည်
စာတန်နဲ့ရင်ဆိုင်တိုက်ခိုက်၍ လူသားကို ကယ်တင်ဖို့
ဘုရား လောကကို ဆင်းကြွပြီး လူ့ဖြစ်ခံယူရသည်၊
ဒါဟာ စစ်မှန်သော အမှုတော်ဖြစ်သည်
III
လူ့ဇာတိဖြင့် ဘုရားသခင် အမှုတော်ဆောင်ရွက်ချိန်
သူ စာတန်ကို အမှန်တကယ် တိုက်ခိုက်လို့နေ
ဝိညာဉ်တော်လောက၌ ဘုရား၏အမှုတော် လက်တွေ့ဖြစ်လာကာ
လူ့လောကတွင် ဧကန်စင်စစ်ဖြစ်သည်
မနာခံသောလူသားတို့ကို ဘုရားသိမ်းယူသည်
လူသားထဲတွင် စာတန်၏ပြယုဂ် ကျရှုံးပြီး
နောက်ဆုံး ကယ်တင်ခြင်းခံရသူဟာ အို...လူသားဖြစ်သည်၊
အို...လူသားဖြစ်သည်
ဖန်ဆင်းခံသတ္တဝါ၏အသွင်သဏ္ဍာန်၌
ပုန်ကန်တတ်သော လူသားကို သိမ်းယူရန်နှင့်
စာတန်ကို တိုက်ခိုက်ရန် အို…
ဘုရားလူ့ဇာတိခံယူ၍ ဖန်ဆင်းခံအသွင်ဆောင်ရန် လိုသည်
စာတန် အန္တရာယ်ပြုခဲ့သော၊
ဖန်ဆင်းခံ အခွံကိုဝတ်ဆင်ထားသော လူသားကို ကယ်တင်ရန်
ဘုရားသည် လူ့အဖြစ်ခံယူ၍ ထိုဖန်ဆင်းခံအခွံကို ဆင်မြန်းရန် လိုသည်
လူသည် ဘုရား၏ ရန်ဘက်ဖြစ်၍၊ ထိုလူကို ဘုရား သိမ်းယူရလိမ့်မည်
လူသည်ဘုရားကယ်တင်ခြင်း၏ရည်ရွယ်ချက်၊
ဘုရား လူ့ဖြစ်ခံယူ၍လူသားဖြစ်လာသည်
ထိုသို့ဖြင့် ဘုရား၏အမှုတော်ကို ပိုမိုလွယ်ကူစေသည်
ဘုရားသည် စာတန်ကို အနိုင်ယူနိုင်၊ လူသားကို သိမ်းယူနိုင်၊
လူသားကို ကယ်တင်နိုင်သည်
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ မှ
မိတ်ဆွေက သီချင်းနားထောင်ခြင်းကို နှစ်သက်တာ ဖြစ်နိုင်ပါတ Myanmar Christian Song (လူသားအပေါ် မျှော်လင့်ချက်အပြည့် ဘုရားသခင်ထားရှိ) | Love of God Never Changes
No comments:
Post a Comment