အပြင်ပန်းမှကြည့်လျှင် လက်ရှိအဆင့်၌ ဘုရားသခင်၏ လုပ်ဆောင်မှုအဆင့်ဆင့်တို့ ပြီးစီး သွားပြီဟုမြင်စရာရှိသည်။ ထို့အပြင် လူသားတို့သည်လည်းတရားစီရင်မှု၊ ပြစ်တင်ဆုံးမမှု၊ ရိုက်နှက် ခံရမှု နှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကိုစစ်ဆေးမှုတို့အားလုပ်ဆောင်ပြီး၊ တွေ့ကြုံပြီး ဟု ထင်စရာရှိသည်။ ၄င်းအပြင် ကိုယ်တော်အားဝတ်ပြုသူတို့၏ ယုံကြည်မှု အားစမ်းသပ်မှု များကိုလည်းကောင်း၊ ပြစ်တင်ဆုံးမမှုအကြိမ်များစွာအား စစ်ဆေးမှုကိုလည်းကောင်း၊ သေဆုံးမှုဖြင့် စမ်းသပ်ခြင်းကိုလည်းကောင်း၊ ဆုံးရှုံးမှုများကြုံတွေ့ရစဉ် စစ်ဆေးမှု များကိုလည်းကောင်း၊ ကိုယ်တော်အပေါ်[က] မေတ္တာရှိမှုနှင့်ပတ်သက်၍ စစ်ဆေးမှုများကို လည်းကောင်း တွေ့ကြုံပြီးပြီဟုထင်စရာရှိသည်။ လူတို့သည် အဆင့်တိုင်းအဆင့်တိုင်း၌ ဒုက္ခကြီးငယ် ကြုံတွေ့သော်ငြားလည်း ဘုရားသခင်၏ အလိုတော်ကို သဘောပေါက် နားမလည်ကြသေးပေ။ ကိုယ်တော်အား ဝတ်ပြုသူတို့၏ ယုံကြည်မှုအားကို စမ်းသပ်မှုများနည်းတူ လူသားတို့မှ ထိုကဲ့သို့ ဝတ်ပြုခြင်းမှရရှိမှု၊ နားလည်မှု၊ ၄င်းတို့မှ ဘုရားသခင်ရလိုသည့်အကျိုး စသည်တို့ကိုလူသားတို့ သဲသဲကွဲကွဲမသိရှိကြ သေးပေ။ ဘုရားသခင်၏ အမှုတော်လုပ်ဆောင်မှုတွင် လက်ရှိအမြန်နှုန်းအား လူသားတို့ အမှီလိုက်နိုင်ခြင်း လုံးဝမရှိကြသေးပုံရသည်။ ဤမှ မြင်သာနိုင်သည်မှာကိုယ်တော်၏ အမှုအဆင့်ဆင့်များကို လူသား တို့အားပထမဦးစွာ ပြသနေသည်။ တဖန် အမှုတော်အဆင့်တခုခုကို လူသားတို့ စဉ်းစားနိုင်လောက်သည့် အခြေအနေ တခုအထိလုပ်စရာမလိုအပ်ကြောင်းမြင်နိုင်သည်။ သို့သော် ကိုယ်တော်သည် ပြဿနာတခုကို ရှင်းပြရန် ကြိုးစားနေခြင်းပင်ဖြစ်သည်။ ဘုရားသခင်က လူတစ်ဦးတစ်ယောက်ကို စုံလင်စေရန်နှင့် ကိုယ်တော်အား အမှန်တကယ် ရရှိစေရန်အတွက် အထက်၌ ဖော်ပြခဲ့သော အမှုတို့ကို ကိုယ်တော် ဆောင်ရွက်ရမည်ဖြစ် သည်။ ဤအမှု ပြုလုပ်ရသည့် ရည်ရွယ်ချက်မှာ လူသားတစုအား စုံလင်ခြင်းသို့ရောက်ရန် မည်သည့် အဆင့်များကိုကိုယ်တော်ဆောင်ရွက်ရမည်ကို ၄င်းတို့မြင်သိ စေလို၍ ဖြစ်သည်။ ထို့ကြောင့် အပြင်ပန်းမှကြည့်လျင် ကိုယ်တော်၏ အမှုအဆင့်များအားလုံး အပြီးတိုင် ဆောင်ရွက်ပြီးပြီ။ သို့သော် အနှစ်သာရအားဖြင့် လူသားတို့၏ စုံလင်ခြင်းသို့ရောက်ရန် တရားဝင် စတင်ခြင်းသာဖြစ်သည်။ ဤအရာကိုလူသားတို့ ရှင်းရှင်းလင်းလင်း မြင်သင့်ပေသည်။ အမှု၏ အဆင့်များပြီးဆုံးသည်မှာ ကိုယ်တော်၏ အမှုတစ်ခုလုံး ပြီးဆုံးခြင်းမဟုတ်ပါ။ သို့သော် လူသားတို့အသိ၌ ယုံကြည်နေသည်မှာကိုယ်တော်၏ အမှုဆောင်ရွက်မှုအဆင့်များအား လူသားတို့ကိုဖော်ပြပြီးဖြစ် သည်ဟုပင် ယုံကြည်နေသည်။ ထို့အပြင် ကိုယ်တော်၏ အမှုလည်းပြီးဆုံး ပြီဖြစ်ကြောင်းစိုးစဉ်းမျှ သံသယမဖြစ်ကြပေ။ ထိုသို့ အရာများကို အမြင်ရှိခြင်းသည် လုံးဝမှားယွင်းသည်။ ဘုရားသခင်၏ အမှုသည် လူတို့၏ ယုံကြည် အယူအဆနှင့် မကိုက်ညီပေ၊ လူတို့၏ ယုံကြည်မှုကို အလှည့်အပြောင်းတိုင်းတွင် တန်ပြန်တုံ့ပြန်နေမှုသာ ဖြစ်သည်။ အထူးသဖြင့် ကိုယ်တော်၏ အမှုအဆင့်များသည် လူတို့၏ ယုံကြည် အယူအဆနှင့်မကိုက်ညီပေ။ ဤသည်ကပင် ကိုယ်တော်၏ ဉာဏ်ပညာကိုပြခြင်းပင် ဖြစ်ချေသည်။ လူတို့၏ ယုံကြည်မှုသည် အလှည့်အပြောင်းတိုင်းတွင် တွေဝေဖောက်ပြန်တတ်သော သဘောရှိတတ်ကြောင်းနှင့် ထို့အပြင် လူသားတို့ တွေးတောစဉ်းစား နိုင်သည့်အရာအလုံးစုံမှာ ကိုယ်တော်မှ ပြန်လည်တိုက်ခိုက်တုံ့ပြန်လိုမှုသာ ဖြစ်ကြောင်း ယင်းမှမှ မြင်နိုင်သည်။ ၎င်းသည်တကယ့် လက်တွေ့အတွေ့အကြုံမှလာသောအသိအမြင်ဖြစ်သည်။ ဘုရားသခင်က အလွန်အလျင်အမြန် လုပ်ဆောင်သည်ဟု လူတို့ကထင်ကြသည်။ သူတို့သည် နားလည်မှုတစ်ခုမျှမရှိမှီ၊ အမြင်မရှင်းဘဲ စိတ်ရှုပ်ထွေးနေစဉ်တွင် လူတို့မသိလိုက်ဘဲ ဘုရားသခင်၏ အမှုတော်က ပြီးဆုံးသွားသည်ဟု သူတို့ထင်ကြသည်။ ကိုယ်တော်၏အမှုအဆင့်တစ်ခုစီမှာ ဤနည်းလမ်းအတိုင်း ဖြစ်သည်။ ကိုယ်တော်သည် လူသားတို့အား ကျီစယ်နေကြသည်ဟု အများစုကထင်ကြသည်။ သို့သော် ကိုယ်တော်၏ အမှုနောက်ကွယ်မှ သူလုပ်ဆောင်နေသည့် ရည်ရွယ်ချက်မှာမူ ထိုသို့မဟုတ်ချေ ကိုယ်တော်၏ ဆောင်ရွက်သော နည်းမှာပထမရေဘုယျအဆင့်မှစ၍ နောက်အသေးစိတ် ထိုမှတဆင့် ယင်းအသေးစိတ် ကို အလုံးစုံစစ်ဆေးတော်မူပြီး အဖန်ဖန်ပြန်ဆင်ခြင်ခြင်းဖြစ်သည်။ ယင်းသည် လူသားတို့ကို အငိုက်မိသွား စေခြင်းဖြစ်သည်၊ လူသားအားလုံးတို့သည် ကိုယ်တော်အားလှည့် စားလိုကြ၏။ ထိုသို့ လှည့်စားခြင်းမှ အောင်မြင်ကျော်လွှားပြီး ကိုယ်တော်အား ကျေနပ်စေနိုင်မည့်အချက် ကိုရမည်ဟု ထင်မြင်ကြ၏။ သို့သော်အမှန်စင်စစ်၌ ဤကဲ့သို့လှည့်စားခြင်းဖြင့် အောင်မြင်သွားရန် လုံ့လစိုက်ခြင်း များကို ကိုယ်တော်အနေနှင့်မည်သို့ ကျေနပ်နိုင်ပါမည်နည်း။ ဘုရားသခင်ကလူသားတို့အားအငိုက်ဖမ်း၍ သတိမထားမိလိုက်စဉ်မှာပင် အကြီးမြတ်ဆုံးသော ရလဒ်များရရန် နှင့် ကိုယ်တော်၏ ဉာဏ်ပညာကို ကောင်းကောင်း သိပြီးကိုယ်တော်၏ ဖြောင့်မတ်တည်ကြည်မှု တန်ခိုးအာနုဘော်တို့နှင့် ထိုးနှက်၍မရနိုင်သော ကိုယ်တော်၏ စိတ်သဘောကို ပို၍နားလည်စေရန် ဤနည်းလမ်းအားဖြင့် လုပ်ဆောင် တော်မူသည်။
ကိုယ်တော်သည် ယခုပင် လူသားတို့အား တရားဝင် စုံလင်စေတော်မူသည်။ စုံလင် ခြင်းသို့ ရောက်ရှိရန်အတွက် လူသားတို့သည် ထုတ်ဖော်မှု၊ တရားစီရင်မှု၊ နှင့်ကိုယ်တော်၏ နှုတ်ကပတ်တော်ဖြင့် ပြစ်တင်ဆုံးမမှုကိုကြုံတွေ့ခံစား ရမည်ဖြစ်ပြီး၊ စေပြီးကိုယ်တော်အား ဝတ်ပြုသူတို့၏ ယုံကြည်မှုအားကို စမ်းသပ်မှု နှင့် စစ်ဆေးမှုများ ကိုစစ်ဆေးမှုတို့ ကြုံတွေ့ ရမည်။ ထို့အပြင် လူသားတို့သည် သေခြင်းတရား၏ စစ်ဆေးမှုကိုလည်း ကြံ့ကြံ့ခံနိုင်ရ မည်ဖြစ်သည်။ ဆိုလိုသည်မှာ တစ်စုံတစ်ယောက်သောသူသည် ကိုယ်တော်၏ အလိုဆန္ဒအတိုင်း အမှန်တကယ် ဆောင်ရွက်နေသူသည် ကိုယ်တော်၏ တရားစီရင်မှု၊ ပြစ်တင်ဆုံးမမှု၊ ကိုယ်တော့်အပေါ်၌ ယုံကြည်မှုအား စမ်းသပ်စစ်ဆေးမှုတို့ အလယ်မှာပင် နှလုံးသားထဲမှ နက်နက်ရှိုင်းရှိုင်း ချီးမွမ်းနိုင်၍ ကိုယ်တော်၏ အမိန့်ကိုအပြည့်အဝလိုက်နာနိုင်ပြီး ၄င်းတို့အား ကိုယ်တော်ထံအပ်နှံ၍ သန့်စင်မွန်မြတ်စွာအရိုးခံနှင့် သံသယမရှိသောစိတ်တစ်စိတ်တည်းဖြင့် ချစ်နှစ်သက်ရာရောက်မည်။ ဤသို့ဖြစ်လျင် ထိုသူမှာအလုံးစုံပြည့်စုံသူဖြစ်၏။ ဘုရားသခင်အလိုတော်အတိုင်း လုပ်ဆောင်ခြင်းမည်၏။ ကိုယ်တော်၏ အပြီးသတ်အောင်မြင်စေလိုသည့် အရာဖြစ်သည်။ လူတို့သည် ကိုယ်တော်၏အမှု ဆောင်ရွက်သောနည်းကို လူတို့ကပေါ့ပေါ့တန်တန် ကောက်ချက်မချနိုင်ကြပါ။ လူသားအသက်တာသို့ ပြန်ဝင်ရောက်နိုင်အောင်သာ လိုက်လျှောက်ကြသည်။ ဤသည်မှာအခြေခံဖြစ်သည်။ ဘုရားသခင်၏ ဆောင်ရွက်နည်းများကို ထပ်ကာထပ်ကာ အစဉ်မပြတ် စစ်ဆေးမနေပါနှင့်။ ဤသို့သာလုပ်နေလျင် သင့်ရဲ့ အနာဂတ် အလားအလာကောင်းတို့ကို အဟန့်အတားသာဖြစ်စေမည်။ သင့်အနေနှင့် ကိုယ်တော်၏ အမှုဆောင်ရွက်သည့် နည်းလမ်းဘယ်နှစ်ခုများ လောလောဆယ် မြင်ပြီးပြီလဲ။ ကိုယ်တော့် အပေါ် ဘယ်လောက်များရိုကျိုးနာခံပါသလဲ။ ကိုယ်တော်အမှု ဆောင်ရွက်သည့် နည်းလမ်းတစ်ခုစီမှ သင်ဘယ်လောက်များအကျိုးအမြတ်ရပြီးပါပြီလဲ။ ဘုရားသခင်ကသင့်အား စုံလင်စေခြင်းကို သင်ကိုယ်တိုင် ဆန္ဒရှိပါ၏လော။ စုံလင်သူတစ်ယောက်ရောသင်ဖြစ်လိုပါသလား။ ဤအရာတို့ သည် သင်တို့ လုံးဝရှင်းရှင်းလင်းလင်းသိရမည်။ ဤအရာတို့သည်သာသင်တို့ ဝင်ရောက်ရမည့် အရာများဖြစ်သည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ မှ
အောက်ခြေမှတ်စုများ -
(က) မူလစာသားတွင် “အချိန်က”ကို ထိန်ချန်ထားသည်။
ဆက်လက်ကြည့်ရှုရန် Myanmar Christian Song (လူသားအပေါ် မျှော်လင့်ချက်အပြည့် ဘုရားသခင်ထားရှိ) | Love of God Never Changes
No comments:
Post a Comment