菜單

မူလစာမျက်နှာ သတင်းအချက်အလက် အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ စွဲကိုင်ထားသူ လွတ်လပ်မှန်ကန်တဲ့လူ့အခွင့်အရေး ကယ်တင်ရှင်ပြန်ကြွလာပြီ ဧဝံဂေလိတရားတော် ကောင်းကင်နိုင်ငံတော်သီချင်း အမှန်တရားကို ဖေါ်ထုတ်ခြင်း နိုင်ငံတော် ချီးမွမ်းခြင်း တေးဂီတ ဘုရားသခင်၏ နှုတ်ကပတ်တော်များ ဖတ်ကြားခြင်းများ

1/16/2019

ဘုရားသခင်အား ယုံကြည်ခြင်း၌ ဘာသာရေး ထုံးတမ်းဓလေ့များထက် လက်တွေ့အရှိတရားအပေါ်တွင် အာရုံစိုက်သင့်သည်



နောက်ဆုံးသောကာလ ခရစ်တော်၏ မြွက်ဆိုချက်များ (ဘုရားသခင်အား ယုံကြည်ခြင်း၌ ဘာသာရေး ထုံးတမ်းဓလေ့များထက် လက်တွေ့အရှိတရားအပေါ်တွင် အာရုံစိုက်သင့်သည်)


အနန္တတန်ခိုးရှင်ဘုရားက ပြောသည် "မည်မျှလောက်သော ဘာသာရေးထုံးတမ်းအစဉ်အလာများကို သင်စောင့်ထိန်းသနည်း။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို အကြိမ်မည်မျှ ဆန့်ကျင်ကာ မိမိအလိုအတိုင်း လိုက်လျှောက်ခဲ့သနည်း။ ဘုရားသခင်၏ ဝန်ထုပ်ဝန်ပိုးများကို အမှန်တကယ် ထောက်ထားကာ သူ၏ အလိုဆန္ဒ ပြည့်စုံစေရန်အလို့ငှာ ဘုရားသခင်၏ နှုတ်ကပတ်တော်အား အကြိမ်မည်မျှ သင်လက်တွေ့ကျင့်သုံးခဲ့ဖူးသနည်း။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နားလည်ကာ လက်တွေ့ကျင့်သုံးလော့။ သင်၏ အပြုအမူများနှင့် လုပ်ရပ်များ၌ ကိုယ်ကျင့်တရား ကောင်းမွန်အောင် ပြုလော့။ ဤသည်မှာ စည်းမျဉ်းများနှင့်အညီ လိုက်နာရန် သို့မဟုတ် စိတ်မပါ့တပါနှင့် အပေါ်ယံ ကြည့်ကောင်းဖို့ အတွက်သာ လုပ်ဆောင်ဖို့ ပြောခြင်းမဟုတ်။ ထိုအစား ဤသည်မှာ သမ္မာတရားအား လက်တွေ့ကျင့်သုံးခြင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်အတိုင်း ရှင်သန်ခြင်းဖြစ်သည်။ ထိုသို့ လက်တွေ့ကျင့်သုံးခြင်းသည်သာလျှင် ဘုရားသခင်ကို ကျေနပ်စေသည်။ ဘုရားသခင်ကို ကျေနပ်စေသော ထုံးတမ်းအစဉ်အလာသည် စည်းမျဉ်းတစ်ခု မဟုတ်ဘဲ သမ္မာတရားကို လက်တွေ့ကျင့်သုံးခြင်း ဖြစ်သည်။"

အပြန်အလှန်ဖတ်ရှုခြင်းများ နောက်ဆုံးသော ကာလ၏ ခရစ်တော်သည်သာ လူသားအား ထာဝရအသက်၏ လမ်းခရီးကို ပေးနိုင်သည်

No comments:

Post a Comment