菜單

မူလစာမျက်နှာ သတင်းအချက်အလက် အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ စွဲကိုင်ထားသူ လွတ်လပ်မှန်ကန်တဲ့လူ့အခွင့်အရေး ကယ်တင်ရှင်ပြန်ကြွလာပြီ ဧဝံဂေလိတရားတော် ကောင်းကင်နိုင်ငံတော်သီချင်း အမှန်တရားကို ဖေါ်ထုတ်ခြင်း နိုင်ငံတော် ချီးမွမ်းခြင်း တေးဂီတ ဘုရားသခင်၏ နှုတ်ကပတ်တော်များ ဖတ်ကြားခြင်းများ

1/11/2019

ဘုရားသခင်၏ စကားတော် | အမှုတော်နှင့် ဝင်ရောက်ခြင်း (၆)

ဘုရားသခင်, သမ္မာကျမ်းစာ, ယေရှု, ခရစ်တော်၏ ပြောကြားချက်များ,

အမှုတော်နှင့် ဝင်ရောက်မှုသည် မူလအားဖြင့် လက်တွေ့လုပ်ဆောင်မှုဖြစ်ကာ ဘုရားသခင်၏ အမှုတော်နှင့် လူသား၏ ဝင်ရောက်မှုကို ရည်ညွှန်းသည်။ လူသားဘက်မှ ဘုရားသခင်၏ စစ်မှန်သော မျက်နှာတော်ကို နားလည်ခြင်း အစုံအလင် မရှိခြင်းနှင့် ဘုရားသခင်၏ အမှုတော်သည် သူ၏ ဝင်ရောက်မှုထဲသို့ ကြီးမားသော အခက်အခဲများကို ယူဆောင်ခဲ့သည်။ ယနေ့တိုင် လူအပေါင်းတို့သည် နောက်ဆုံးသော ကာလတွင် ဘုရားသခင် ပြီးမြောက်မည့် အမှုတော်၊ သို့မဟုတ် အဘယ်ကြောင့် ဘုရားသခင်သည် လူ့ဇာတိခံယူရန် ပြင်းထန်သော အရှက်ကွဲခြင်းကို သည်းခံရသနည်းနှင့် လူသားနှင့်အတူ အကောင်းအဆိုးကြားတွင် ရပ်တည်ရသနည်း ဆိုသည်ကို မသိကြဆဲဖြစ်သည်။ လူသားသည် ဘုရားသခင်၏ အမှုတော် ပန်းတိုင်ကို သာမက နောက်ဆုံးသော ကာလအတွက် ဘုရားသခင် အစီအစဉ်၏ ရည်ရွယ်ချက်ကိုလည်း ဘာမျှမသိပေ။ အကြောင်းအမျိုးမျိုးကြောင့် လူများသည် အမြဲတမ်း နွေးရုံသာနွေးကာ ဘုရားသခင် တောင်းဆိုသည့် ဝင်ရောက်မှုအပေါ် မရှင်းမလင်း[၁] ဖြစ်ကြပြီး ယင်းက ဇာတိပကတိထဲရှိ ဘုရားသခင်၏ အမှုတော်အတွက် ကြီးမားသည့် အခက်အခဲများကို ယူဆောင်လာခဲ့သည်။ လူများက အရာအာလုံးမှာ အတားအဆီးများ ဖြစ်လာသည်ဟု မြင်ကြကာ ယနေ့အထိ သူတို့၌ ရှင်းလင်းသော နားလည်မှု မရှိကြဆဲ ဖြစ်သည်။ ထို့ကြောင့် ငါသည် လူသားအပေါ် ဘုရားသခင် ပြုသည့် အမှုတော်နှင့် ဘုရားသခင်၏ အရေးပေါ် ရည်ရွယ်ချက်ကို ပြောပြမည်။ သို့မှသာ သင်တို့သည် ဘုရားသခင်ကို ငြင်းပယ်မည်ထက် အရှက်ကွဲမှုတိုင်းကို သည်းခံကာ အသေခံမည်ဖြစ်သော ယောဘသဖွယ်၊ ဘုရားသခင်ကို သူ၏ ဖြစ်ခြင်းအလုံးစုံ ဆက်ကပ်မည်ဖြစ်ကာ နောက်ဆုံးသောကာလတွင် ဘုရားသခင်နှင့် ချစ်ကျွမ်းဝင်မှုများ ရရှိမည်ဖြစ်သော ပေတရုသဖွယ် ဘုရားသခင်၏ သစ္စာရှိသော အစေခံများဖြစ်လာမည်။ ညီအစ်ကို မောင်နှမများ အားလုံးတို့သည် ဘုရားသခင်၏ ကောင်းကင် အလိုတော်ထံ သူတို့၏ ဖြစ်ခြင်းအလုံးစုံ ဆက်ကပ်ရန် သူတို့၏ အစွမ်းရှိသမျှနှင့် လုပ်ဆောင်ကြစေ။ ဘုရားသခင်၏ အိမ်တော်တွင် သန့်ရှင်းသော အစေခံများ ဖြစ်ကြစေ။ ဘုရားသခင် ပေးထားသော အဆုံးမရှိ ကတိတော်များတွင် ဝမ်းမြောက်ကြစေ။ သို့မှသာ ဘုရားသခင်၏ စိတ်တော်သည် မကြာခင် ငြိမ်သက်စွာ အနားယူနိုင်ပေမည်။ `ခမည်းတော် ဘုရားသခင်၏ အလိုတော်ကို ပြီးမြောက်ခြင်းသည် ဘုရားသခင်ကို ချစ်သော သူအပေါင်းတို့၏ ဆောင်ပုဒ်ဖြစ်သင့်သည်။ ဤစကားလုံးများကို ဝင်ရောက်ခြင်းငှာ လူသား၏ လမ်းပြမှုအဖြစ်နှင့် သူ၏ အပြုအမူကို လမ်းပြမည့် သံလိုက်အိမ်မြှောင်အဖြစ် အသုံးချသင့်သည်။ ဤအရာမှာ လူသားတွင် ရှိသင့်သည့် သန္နိဌာန်ဖြစ်သည်။ လောကတွင် ဘုရားသခင်၏ အမှုတော်ကို အကုန်အစင် ပြီးမြောက်ရန်နှင့် ဇာတိပကတိတွင် ဘုရားသခင်၏ အမှုတော်နှင့်အတူ ပူးပေါင်း ဆောင်ရွက်ရန်မှာ လူသား၏ တာဝန်ဖြစ်သည်။ တစ်နေ့ ဘုရားသခင်၏ အမှုတော် အဆုံးသတ်သောအခါ ကောင်းကင်က ဖမည်းတော်ထံ စောစောပြန်သွားသော သူ့ကို နှုတ်ဆက်ရလိမ့်မည်။ ဤအရာသည် လူသား ပြီးမြောက်သင့်သည် တာဝန် မဟုတ်လော။


ဘုရားသခင်သည် ကျေးဇူးတော်ခေတ်တွင် တတိယမြောက် ကောင်းကင်ကို ပြန်သွားစဉ်က ဘုရားသခင်၏ လူသားမျိုးနွယ် အားလုံးကို ရွေးနှုတ်သော အမှုတော်သည် အဆုံးသတ်ပိုင်း အခန်းကို အမှန်အားဖြင့် ရွေ့ခဲ့ပြီးသားဖြစ်သည်။ လောကတွင် ကျန်ရစ်သော အရာအားလုံးသည်  ယေရှု သယ်ဆောင်ခဲ့သော ကားတိုင်၊ ယေရှု ရစ်ပတ်ခြင်းခံခဲ့ရသော ပိတ်စကောင်းနှင့် ယေရှု ဝတ်ဆင်ခဲ့သော ဆူးဦးရစ်နှင့် နီသောဝတ်လုံတို့ (ဤပစ္စည်းများသည် ယုဒလူများက သူ့ကို ပြက်ရယ်ပြုရန် အသုံးပြုခဲ့သော အရာများဖြစ်သည်) ဖြစ်သည်။ ဆိုလိုသည်မှာ ဘုရားသခင်၏ ကားစင်တင် အသေခံခြင်းသည် အခိုက်အတန့်မျှ အုတ်အော် သောင်းနင်း ဖြစ်စေခဲ့ပြီးနောက်တွင် အေးဆေး တည်ငြိမ်သွားခဲ့သည်။ ထိုအချိန်မှစကာ ယေရှု၏ တပည့်တော်များသည် သူ၏ အမှုတော်ကို ရှေ့ဆက် လုပ်ဆောင်ကြကာ နေရာတိုင်းက အသင်းတော်များကို ထိန်းကျောင်းကြ၊ ရေလောင်းကြသည်။ သူတို့ အမှုတော်၏ ရည်ရွယ်ချက်ဟူမူကား၊ လူသားအားလုံး နောင်တရရန်၊ သူတို့၏ အမြစ်များ ဝန်ခံရန်နှင့် ဗတ္တိဇံခံရန် ဖြစ်သည်။ တမန်တော်များ အားလုံးသည် ယေရှု ကားစင်တင် အသေခံခြင်း၏ အတွင်းပိုင်း ဇာတ်လမ်းနှင့် အဘယ်အရာ အမှန်တကယ် ဖြစ်ခဲ့သည်ကို ဖြန့်ဝေခဲ့ ကြသည်။ အယောက်တိုင်းသည် သူတို့၏ အပြစ်များကို ဝန်ခံရန် ယေရှု ရှေ့မှောက်တွင် လဲကျကြရုံမှလွဲ၍ ဘာမျှ မတတ်နိုင်ခဲ့ကြချေ။ ထို့အပြင် တမန်တော်များသည် ယေရှု ဟောခဲ့သော နှုတ်ကပတ်တော်များနှင့် ယေရှု တည်ဆောက်ခဲ့သော နည်းဥပဒေသများနှင့် ပညတ်တရားများကို နေရာတိုင်းတွင် ဖြန့်ဝေခဲ့ကြသည်။ ထိုအချိန်မှစကာ ကျေးဇူးတော်ခေတ်တွင် အသင်းတော်များ တည်ဆောက်ခြင်း စတင်ခဲ့သည်။ ယေရှုသည် ထိုခေတ်အတွင်း၌ ပြောခဲ့သည့် အကြောင်းအရာများသည်လည်း လူသား၏ အသက်တာနှင့် ကောင်းကင် ခမည်းတော်၏ အလိုတော်ကို အာရုံစိုက်ခဲ့သည်။ ခေတ်များသည် ခြားနားသောကြောင့်သာ ထိုပြောဆိုမှုများနှင့် လက်တွ့လုပ်ဆောင်မှုများထဲမှ များစွာသော အရာတို့သည် ယနေ့နှင့် ကြီးမားစွာ ခြားနားနေခြင်း ဖြစ်သည်။ သို့သော်လည်း နှစ်ခုစလုံး၏ အနှစ်သာရသည် တူညီသည်။ နှစ်ခုစလုံးသည် ဇာတိပကတိ၌ ဘုရားသခင် ဝိညာဉ်တော်၏ အမှုတော်ထက် မပိုသလို မလျော့ခဲ့ပေ။ ထိုသို့ အမှုတော်မျိုးနှင့် ထိုနှုတ်ကပတ်တော်များသည် ယနေ့တိုင် ဆက်လက်ဖြစ်နေသည်။ ထို့ကြောင့်ပင် ယနေ့ ဘာသာရေး အသင်းတော်များတွင် မျှဝဆဲအရာသည် ထိုအရားမျိုးဖြစ်ကာ လုံးဝကို ပြောင်းလဲခြင်းမရှိပေ။ ယေရှု၏ အမှုတော် အဆုံးသတ်ခဲ့စဉ်က ယေရှု ခရစ်တော်၏ လမ်းကြောင်းမှန်သည် လောကတွင် သက်ရောက်မှု ရှိနေဆဲဖြစ်သော်လည်း ဘုရားသခင်သည် သူ့အမှုတော်၏ နောက်တစ်ဆင့်ဖြစ်သော နောက်ဆုံးသောကာလတွင် လူ့ဇာတိခံယူခြင်း ကိစ္စအတွက် အစီအစဉ်ကို စတင်ခဲ့သည်။ လူသားအဖို့ ဘုရားသခင်၏ ကားစင်တင် အသေခံခြင်းသည် ဘုရားသခင်၏ လူ့ဇာတိခံယူခြင်း အမှုတော်ကို အဆုံးသတ်ခဲ့ခြင်း၊ လူသားမျိုးနွယ် အားလုံးကို ရွေးနုတ်တ်ခဲ့ခြင်းနှင့် မရဏာနိုင်ငံ၏ သော့ကို သိမ်းပိုက်ရန် ကိုယ်တော့်ကို ခွင့်ပြုခဲ့ခြင်းဖြစ်သည်။ အယောက်တိုင်းက ဘုရားသခင်၏ အမှုတော်သည် အပြည့်အ၀ အဆုံးသတ်ခဲ့သည်ဟု တွေးကြသည်။ အမှန်တွင် ဘုရားသခင်အဖို့ သူ့အမှုတော်၏ အနည်းငယ်သော အပိုင်းသာ ပြီးမြောက်ခဲ့ခြင်းဖြစ်သည်။ သူသည် လူသားမျိုးနွယ်ကို ရွေးနုတ်တ်ခဲ့ရုံသာ ရှိသေးသည်၊ လူသားထဲရှိ စာတန်၏ အကျည်းတန်မှုကို ပြောင်းလဲရန် မဆိုထားနှင့်၊ သူသည် လူသားကို သိမ်းပိုက်ခဲ့ခြင်းပင် မရှိသေးပေ။ ထို့ကြောင့်ပင် ဘုရားသခင်မှ "ငါ၏ ခံယူထားသော လူ့ဇာတိသည် သေဆုံးခြင်း၏ နာကျင်မှုကို ဖြတ်သန်းခဲ့ရသော်လည်း ထိုအရာကား ငါ၏ လူ့ဇာတိခံခြင်း ပန်းတိုင်တစ်ခုလုံး မဟုတ်ပေ။ ယေရှုသည် ငါ၏ ချစ်လှစွာသော သားတော်ဖြစ်ကာ ကားတိုင်တွင် ငါ့အဖို့ သံမှိုဆွဲနှက် ခံခဲ့ရသော်လည်း သူသည် ငါ၏ အမှုတော်ကို အပြည့်အ၀ အဆုံးမသတ်ခဲ့ပေ။ သူသည် ယင်းအမှုတော်၏ တစ်ပိုင်းကိုသာ လုပ်ဆောင်ခဲ့သည်" ဟု မိန့်တော်မူခြင်း ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်သည် လူ့ဇာတိခံခြင်း အမှုတော်ကို ဆက်လက် လုပ်ဆောင်ရန် အစီအစဉ်များ၏ ဒုတိယအဆင့်ကို စတင်ခဲ့သည်။ ဘုရားသခင်၏ အဆုံးစွန် ရည်ရွယ်ချက်မှာ စာတန်၏လက်မှ ကယ်တင်ခဲ့သော အယောက်တိုင်းကို စုံလင်စေရန်နှင့် ရရှိရန်ဖြစ်သည်။ ဤအကြောင်းကြောင့်ပင် ဘုရားသခင်သည် လူ့ဇာတိခံယူခြင်းငှာ အန္တရာယ်များ စွန့်စားရန် နောက်ထပ် ပြင်ဆင်ခဲ့ခြင်းဖြစ်သည်။ လူ့ဇာတိခံယူခြင်းဟု ခေါ်ဆိုသောအရာမှာ ဘုန်းတန်ခိုး သယ်ဆောင်ခြင်းကို (ဘုရားသခင်၏ အမှုတော်သည် မပြီးဆုံးသေးသည့် အတွက် ဘုန်းတန်ခိုးသယ်ဆောင်ခြင်း မဟုတ်ပေ) မရည်ညွှန်းဘဲ ချစ်လှစွာသော သားတော်၏ ဖြစ်ခြင်းမှာ ပေါ်လာခြင်းနှင့် သူသည် ဘုရားသခင် နှစ်သက်မြတ်နိုးရာ ခရစ်တော် ဖြစ်ခြင်းကို ရည်ညွှန်းခြင်း ဖြစ်သည်။ ဘုရားသခင်သည် ခရစ်တော်အပေါ်တွင် အလွန် စိတ်ကျေနပ်သည်။ ထို့ကြောင့်ပင် ဤအရာကို အန္တရာယ်ကို စွန့်စားခြင်းဟု ပြောခဲ့ခြင်း ဖြစ်သည်။ ဇာတိပကတိသည် မပြောပလောက်သော အစွမ်းသာရှိပြီး ကြီးစွာ သတိထား၍ အသုံးပြုရမည်[၂] ဖြစ်ကာ ကောင်းကင်ဘုံရှိ ခမည်းတော်၏ အာဏာနှင့် အလွန်အမင်း ကွဲပြားနေမည်ဖြစ်ပြီး၊ အခြားအမှုတော်၌ ဝင်ပါခြင်းမရှိဘဲ ခမည်းတော် ဘုရားသခင်၏ အမှုတော်နှင့် စေခိုင်းခြင်းကို ပြီးမြောက်စေရင်း ယေရှုသည် ဇာတိပကတိ၏ သာသနာကိုသာ ဖြည့်ဆည်းသည်။ သူသည် အမှုတော်၏ တစ်ပိုင်းကိုသာ ပြီးမြောက်သည်။ ထို့ကြောင့်ပင် ဘုရားသခင်သည် ကမ္ဘာပေါ်သို့ ရောက်လာသည်နှင့် "ခရစ်တော်" ဟု ခေါ်ခြင်းခံခဲ့ရသည်။ ဤအရာမှာ မြုပ်ဝင်နေသော အဓိပ္ပာယ်ဖြစ်သည်။ ကြွလာခြင်းသည် စုံစမ်းနှောင့်ယှက်ခြင်းများနှင့် ဒွန်တွဲနေသည်ဟု ပြောရခြင်းအကြောင်းရင်းမှာ အမှုတော်၏ စီမံကိန်းတစ်ခုကိုသာ ပြီးမြောက်ထားသောကြောင့် ဖြစ်သည်။ ထို့အပြင် ဖခမည်းတော် ဘုရားသခင်က သူ့ကို "ခရစ်တော်" နှင့် "ချစ်လှစွာသော သားတော်"ဟုသာ ခေါ်ရခြင်းနှင့် သူ့ကို ဘုန်းတန်ခိုးအားလုံး မပေးခဲ့ခြင်း အကြာင်းရင်းမှာ လူ့ဇာတိခံ ဇာတိပကတိသည် အမှုတော် စီမံကိန်း တစ်ခုကို လုပ်ဆောင်ရန် ကြွလာခြင်း ဖြစ်သောကြောင့်ပင် အတိအကျဖြစ်ကာ ကောင်းကင်ဘုံရှိ ဖခမည်းတော်ကို ကိုယ်စားပြုရန်မဟုတ်ဘဲ ယင်းအစား ချစ်လှစွာသော သားတော်၏ သာသနာကို ပြီးမြောက်ရန် ဖြစ်သည်။ ချစ်လှစွာသော သားတော်သည် သူ့ပခုံးတွင် လက်ခံထားသော စေခိုင်းချက်တစ်ခုလုံးကို ပြီးပြည့်စုံစေသောအခါ ဖခမည်းတော်သည် သူ့ကို ခမည်းတော် ဖြစ်ခြင်းနှင့်အတူ ဘုန်းတန်ခိုး အပြည့်အဝ ပေးလိမ့်မည်။ ဤအရာမှာ ကောင်းကင်စည်းမျဉ်းဖြစ်သည်ဟု ပြောနိုင်သည်။ အကြောင်းမူကား လူ့ဇာတိခံ ယူသောသူ တစ်ဦးနှင့် ကောင်းကင်က ဖခမည်းတော်သည် ခြားနားသော အခြေအနေ နှစ်ရပ်တွင် ရှိကာ သူတို့နှစ်ဦးသည် ဝိညာဉ်တော်တွင် တစ်ယောက်ပေါ် တစ်ယောက် ကြည့်ကြကာ ခမည်းတော်သည် ချစ်လှစွာသော သားတော်ကို မျက်လုံးမခွာဘဲ ကြည့်ရှုသော်လည်း သားတော်သည် အဝေးမှ ခမည်းတော်ကို မြင်ရန် မတတ်စွမ်းနိုင်ပေ။ ဤသို့ဖြစ်ရခြင်းမှာ ဇာတိပကတိ၏ လုပ်ဆောင်မှုသည် အလွန်း သေးငယ်ကာ သူ၌ အချိန်မရွေး အသတ်ခံရနိုင်သော အလားအလာရှိသည်။ ထို့ကြောင့် ဤကြွလာမှုသည် ကြီးမားသော အန္တရာယ်နှင့် ဒွန်တွဲနေသည်ဟု ပြောခဲ့သည်။ ဤအရာမှာ ဘုရားသခင်မှ နောက်တစ်ကြိမ် သူ၏ ချစ်လှစွာသော သားတော်ကို စွန့်လွှတ်ခြင်းနှင့် သူ့ကို ခြင်္သေ့၏ ခံတွင်းထဲသို့ ထည့်လိုက်ခြင်းနှင့် တန်းတူညီပေသည်။ ဘုရားသခင်သည် သူ့ကို စာတန် အများဆုံး အာရုံထားသော နေရာတွင် ထည့်လိုက်ခြင်းမှာ အသက်အန္တရာယ်ကို စွန့်စားခြင်းဖြစ်သည်။ ထိုသို့ကြောက်ရွံ့ဖွယ် အကျပ်အတည်းတွင်ပင်လျှင် ဘုရားသခင်သည် သူ၏ ချစ်လှစွာသော သားတော်ကို ညစ်ညမ်း၍ ကိုယ်ကျင့်သိက္ခာ ကင်းမဲ့သော နေရာမှ လူများထံ သူတို့အဖို့ "ပြုစုပျိုးထောင်ရန်" ပေးဆဲဖြစ်သည်။ အကြောင်းမူကား၊ ဤအရာမှာ ဘုရားသခင်၏ အမှုတော်ကို အလုံးစုံ အဓိပ္ပာယ် ရှိစေရန် တစ်ခုတည်းသော နည်းလမ်းနှင့် ခမည်းတော် ဘုရားသခင်၏ ဆန္ဒများအားလုံးကို ဖြည့်ဆည်းရန်နှင့် လူသားမျိုးနွယ်ကြား သူ့အမှုတော်၏ နောက်ဆုံးသော အပိုင်းကို ပြီးမြောက်ရန် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။ ယေရှုသည် ခမည်းတော် ဘုရားသခင် အမှုတော်၏ အဆင့်တစ်ခုကိုသာ ပြီးမြောက်ခဲ့သည်။ လူ့ဇာတိခံ ဇာတိပကတိ အတာအဆီးနှင့် ပြီးမြောက်ထားသော အမှုတော်၌ ခြားနားခြင်းများကြောင့် ယေရှု ကိုယ်တိုင်သည် ဒုတိယအကြိမ် လူ့ဇာတိခံခြင်း ရှိမည်ကို မသိခဲ့ပေ။ ထို့ကြောင့် သူ၏ သမိုင်းမှတ်တမ်းများကို ဖတ်သော မည်သူမျှ ဘုရားသခင်သည် ဇာတိပကတိတွင် သူ၏ အလုံးစုံသော အမှုတော်ကို ပြီးမြောက်ရန် သူကိုယ်တိုင် ဒုတိယအကြိမ် လူ့ဇာတိခံလိုသည်ဟု ယေရှုမှ ပရောဖက်ပြုသည်ကို မည်သည့်အခါကမှ ရှာမတွေ့ပေ။ ယေရှုသည်ပင် ဤကိစ္စကို မသိသည့်အတွက် ပရောဖက်ကြီးများနှင့် ကျမ်းစာ အနက်ဖွင့်ဆရာများလည်း ဘုရားသခင်သည် လူ့ဇာတိသို့ ပြန်လာလိုသည်ကို မသိကြပေ၊ ဇာတိပကတိတွင် သူ့အမှုတော်၏ ဒုတိယအပိုင်းကို လုပ်ဆောင်ရန် တဖန်လူ့ဇာတိခံခြင်းကို ဆိုလိုသည်။ ထို့ကြောင့် မည်သူကမျှ ဘုရားသခင်သည် သူကိုင်တိုင် ဇာတိပကတိ၌ ပုန်းကာ ရှေ့ယခင်ကတည်းက စတင်သည်ကို နားမလည် သဘောမပေါက်ပေ။ ဤအရာမှာ နားလည်လို့ရသည်၊ အဘယ်ကြောင့်ဆိုသော် ယေရှုသည် ရှင်ပြန် ထမြောက်ကာ ကောင်းကင်သို့ တက်ကြွပြီးမှသာ သူသည် ဤစေခိုင်းချက်ကို လက်ခံသည်။ ထို့ကြောင့် ဘုရားသခင်၏ ဒုတိယကြိမ်မြောက် လူ့ဇာတိခံယူခြင်း၌ အမြစ်မရှိသလို အခြေခံလည်း မရှိဘဲ မြစ်ဖျားမရှိသော ရေနှင့်တူကာ နားလည်ရန် ခဲယဉ်းသည်။ ထို့အပြင် အလွန်ကျော်ကြားသော[၃] သမ္မာကျမ်းစာထဲတွင်ပင် ဤအရာကို ကိုးကားချက်ရရန် ခဲယဉ်းသည်။ သမ္မာကျမ်းစာရှိ များစွာသော အခန်းကြီးများနှင့် အခန်းငယ်များ အာလုံးတွင် ဤအကြောင်းကို ဖော်ပြသည့် ဝါကျတစ်ကြောင်း သို့မဟုတ် စာလုံးတစ်လုံးပင် မရှိချေ။ သို့သော်လည်း လောကကို ယေရှု ကြွလာခြင်းမှာမူ ရှေးယခင်ကတည်းက ကြိုတင်ဟောကြားခြင်း ခံရသည့်အပြင် သန့်ရှင်းသော ဝိညာဉ်တော် အားဖြင့် ပဋိသန္ဓေ စွဲယူခဲ့ခြင်းလည်း ဖြစ်သည်။ သို့သော်လည်း၊ ဘုရားသခင်က ဤအရာမှာ အသက်အန္တရာယ် ရှိသည်ဟု ပြောခဲ့ဆဲဖြစ်သည်။ သို့ဆိုလျှင် ထိုအရာက ယနေ့တွင် မည်သည်အကြောင်းကို ပြောသနည်း။ ဘုရားသခင်က ယခုအကြိမ် လူ့ဇာတိခံယူခြင်းသည် ကျေးဇူးတော် ခေတ်အတွင်းက ထိုအရာထက် အဆထောင်ပေါင်းများစွာ အန္တရာယ်ကို စွန့်စားခြင်းဖြစ်သည်ဟု ပြောသည်မှာ အံ့သြစရာမရှိပေ။ နေရာများစွာ၌ ဘုရားသခင်သည် သိနိမ်မြေတွင် အောင်မြင်သူများ အဖွဲ့ကို ရမည်ဟု ပရောဖက်ပြုခဲ့သည်။ အောင်မြင်သူများကို ရမည့်နေရာသည် ကမ္ဘာ့၏ အရှေ့ပိုင်းဖြစ်သည်။ ထို့ကြောင့်၊ ဘုရားသခင်၏ ဒုတိယအကြိမ် လူ့ဇာတိခံယူမည့် မြေနေရာမှာ အဆင်းနီသော နဂါးကြီးမှ ခွေလျက် လဲလျောင်းသော နေရာအတိအကျဖြစ်သည့် သိနိမ်မြေဖြစ်သည်မှာ သံသယရှိစရာမလိုပေ။ ဘုရားသခင်သည် ထိုနေရာမှာ အဆင်းနီသော နဂါးကြီးမှ ဆင်းသက်လာသူများကို ရယူမည်ဖြစ်သည်၊ သို့မှသာ ၎င်းကို လုံးလုံး လျားလျား သိမ်းပိုက်ကာ အရှက်ရစေမည်ဖြစ်သည်။ ဘုရားသခင်သည် နက်နဲစွာ နာကျင်မှုခံစားရသော ဤလူများကို နိုးထစေရန်၊ သူတို့ကို အကြွင်းမဲ့ နိုးထစေရန်နှင့် မြူထူရာမှ ထွက်ကာ အဆင်းနီသော နဂါးကြီးကို ငြင်းပယ်စေရန် အလိုရှိသည်။ ဘုရားသခင်သည် သူတို့၏ အိပ်မက်မှ သူတို့ကို နိုးထရန်၊ သူတို့ကို အဆင်းနီသော နဂါးကြီး၏ အနှစ်သာရကို သိရန်၊ သူတို့၏ နှလုံးသားအားလုံးကို ဘုရားသခင်ထံ ပေးရန်၊ မှောင်မိုက်တန်ခိုး၏ ဖိနှိပ်မှုမှ ရုန်းထွက်ရန်၊ ကမ္ဘာ၏ အရှေ့ပိုင်းတွင် ထကြွရန်နှင့် ဘုရားသခင် အောင်မြင်မှု၏ သက်သေဖြစ်ရန် အလိုရှိသည်။ သို့မှသာ ဘုရားသခင်သည် ဘုန်းတန်ခိုးရလိမ့်မည်။ ဤအကြောင်းပြချက် သက်သက်ကြောင့် ဘုရားသခင်သည် ဣသရေလမြေ၌ အဆုံးသတ်ခဲ့သော အမှုတော်ကို အဆင်းနီသော နဂါးကြီး ခွေလျက် လဲလျောင်းရာ မြေသို့ ယူဆောင်ခဲ့သည်၊ ထွက်ခွာပြီးနောက် နှစ် ၂၀၀၀ နီးနီးတွင် ကျေးဇူးတော်ခေတ်က အမှုတော်ကို ဆက်လက် လုပ်ဆောင်ရန် လူ့ဇာတိကို တစ်ဖန်ခံယူသည်။ လူသား၏ ပကတိ မျက်လုံးအတွက် ဘုရားသခင်သည် ဇာတိပကတိတွင် အမှုတော်သစ်ကို အစပျိုးခြင်း ဖြစ်သည်။ သို့သော်လည်း ဘုရားသခင်အဖို့ သူသည် နှစ်ထောင်ပေါင်း အနည်းငယ်သာ ကာလခြားနားကာ အမှုတော်၏ တည်နေရာနှင့် အမှုတော်၏ စီမံကိန်းတွင် ပြောင်းလဲမှု တစ်ခုသာရှိသည့် ကျေးဇူးတော်ခေတ်က အမှုတော်ကို ဆက်လက် လုပ်ဆောင်ခြင်း ဖြစ်သည်။ ယနေ့ကာလ၏ အမှုတော်၌ ဘုရားသခင်မှ ခံယူသော ဇာတိပကတိ၏ ပုံသဏ္ဌာန်သည် ယေရှုနှင့် အတော်အတန် ခြားနားသော ပုဂ္ဂိုလ်ဖြစ်သော်လည်း သူတို့သည် တူညီသော အနှစ်သာရနှင့် ဇစ်မြစ်ကို မျှဝေကြကာ သူတို့သည် တူညီသော ရင်းမြစ်မှ လာသည်။ သူတို့၌ အပြင်ပိုင်း ခြားနားမှုများ အများအပြား ရှိကောင်းရှိမည် ဖြစ်သော်လည်း သူတို့၏ အတွင်းပိုင်း သမ္မာတရားများသည် အကြွင်းမဲ့ ထပ်တူကျသည်။ စင်စစ်အားဖြင့် ခေတ်များသည် နေ့နှင့်ညသဖွယ်သာ ခြားနားသည်။ ဘုရားသခင်၏ အမှုတော်သည် မပြောင်းလဲဘဲ မည်သို့ရှိနိုင်မည်နည်း။ သို့မဟုတ် အမှုတော်သည် တစ်ခုနှင့်တစ်ခု မည်သို့ ကြားဝင်နှောင့်ယှက်နိုင် မည်နည်း။

ယေရှုသည် ယုဒအမျိုးသား တစ်ယောက်၏ ပုံပန်းသဏ္ဌာန်ကို ယူဆောင်ခဲ့ကာ ယုဒလူမျိုးများ၏ ဝတ်စားဆင်ယင်မှုနှင့် လိုက်လျောညီထွေစွာ ဝတ်ဆင်ခဲ့ကာ ယုဒအစားအစာကို စားကာ ကြီးပြင်းခဲ့သည်။ ဤသည်မှာ သူ၏ သာမန် လူသားကဏ္ဍ ဖြစ်သည်။ သို့သော်လည်း ယနေ့ လူ့ဇာတိခံ ဇာတိပကတိသည် အာရှလူထု၏ ပုံစံကို ယူဆောင်ကာ အဆင်းနီသော နဂါးကြီး၏ နိုင်ငံက အစားအစာအားဖြင့် ကြီးပြင်းသည်။ ဤအရာမှာ ဘုရားသခင် လူ့ဇာတိခံယူခြင်း၏ ပန်းတိုင်နှင့် ဆန့်ကျင်ခြင်း မရှိပေ။ ယင်းအစား သူတို့သည် တစ်ခုကိုတစ်ခု ပံ့ပိုးကြကာ ဘုရားသခင် လူ့ဇာတိခံခြင်း၏ စစ်မှန်သော အရေးပါမှုကို သာ၍ပင် ပြည့်၀စွာ စုံလင်စေသည်။ လူ့ဇာတိခံ ဇာတိပကတိသည် "လူသား" သို့မဟုတ် "ခရစ်တော်" အဖြစ် ရည်ညွန်းခြင်း ခံရသောကြောင့် ယနေ့ခရစ်တော်၏ အပြင်ပိုင်းသည် ယေရှုခရစ်တော်နှင့် တန်းတူမဖြစ်နိုင်ပေ။ အဆုံးတွင်မူ ဇာတိပကတိသည် "လူသား" ဟု ခေါ်ခြင်းခံရကာ ဇာတိပကတိ၏ ပုံရိပ်၌ ရှိသည်။ ဘုရားသခင် အမှုတော်၏ အဆင့်တိုင်း၌ အတော်အတန်ပင် နက်နဲသော အဓိပ္ပါယ်ပါသည်။ ယေရှုသည် သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့် ပဋိသန္ဓေ စွဲယူခဲ့ရခြင်း အကြောင်းရင်းမှာ သူသည် အပြစ်သားများကို ရွေးနှုတ်ရန်ဖြစ်သောကြောင့် ဖြစ်သည်။ သူသည် အပြစ်မရှိဘဲ ရှိနေခဲ့ရမည် ဖြစ်သည်။ သို့သော်လည်း အဆုံး၌သာ သူသည် အပြစ်ရှိသော ဇာတိပကတိကဲ့သို့ ဖြစ်လာအောင် အနိုင်အထက်ပြုခြင်းခံရကာ အပြစ်သားများ၏ အပြစ်များကို ယူဆောင်ကာ သူသည် ဘုရားသခင်က လူများကို ပြစ်တင်ဆုံးမရန် အသုံးပြုခဲ့သော ကျိန်ခြင်းခံ ကားတိုင်မှ သူတို့ကို ကယ်ဆယ်ခဲ့သည် (ကားတိုင်သည် လူများကို ပြစ်တင်ဆုံးမခြင်းနှင့် ကျိန်ဆိုခြင်းငှာ ဘုရားသခင်၏ တန်ဆာပလာဖြစ်ကာ၊ ဖော်ပြထားသော ပြစ်တင်ဆုံးမခြင်းနှင့် ကျိန်ဆိုခြင်းမှာ အထူးသဖြင့် အပြစ်သားများကို ကျိန်ဆိုခြင်းနှင့် ပြစ်တင်ဆုံးမခြင်းဖြစ်သည်)။ ပန်းတိုင်မှာ အပြစ်သားများအားလုံး နောင်တရခြင်းရှိရန်နှင့် သူတို့၏ အပြစ်များ သူတို့ ဝန်ခံလာအောင် ကားစင်တင် အသေခံခြင်းကို အသုံးပြုရန်ဖြစ်သည်။ ဆိုလိုသည်မှာ လူသားမျိုးနွယ် အားလုံးကို ရွေးနှုတ်ခြင်းအတွက် ဘုရားသခင်သည် သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့် ပဋိသန္ဓေ စွဲယူခဲ့သော ဇာတိပကိ၌ သူကိုယ်တိုင် လူ့ဇာတိ ခံယူခဲ့ပြီး လူသားမျိုးနွယ် အားလုံး၏ အပြစ်များကို ခံယူခဲ့သည်။ ဤအရာကို ဖော်ပြရန် ယေဘုယျအကျဆုံး နည်းလမ်းမှာ အပြစ်သားများ အားလုံးအဖို့ အလဲအလှယ်အဖြစ် သန့်ရှင်းသော ဇာတိပကတိကို ပူဇော်ခြင်းဖြစ်ကာ စာတန်၏ နင်းချေခြင်း ခံထားရသော အပြစ်မဲ့သော လူသားမျိုးနွယ် အားလုံး ဘုရားသခင်ထံ ပြန်အပ်ရန် စာတန်ကို `အသနားခံ´ရန် ၎င်း၏ ရှေ့မှောက်တွင် အပြစ်ဖြေရာ ယဇ်အဖြစ် ထားခံရသော ယေရှု၏ ဖြစ်ခြင်းနှင့် တန်းတူညီသည်။ ထို့ကြောင့် ကယ်တင်ခြင်း အမှုတော်၏ ဤအဆင့်ကို ပြီးမြောက်ရန် သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့် ပဋိသန္ဓေ စွဲယူရန် လိုအပ်ခဲ့သည်။ ဤသည်မှာ လိုအပ်သော အခြေအနေဖြစ်ခဲ့ကာ ခမည်းတော် ဘုရားသခင်နှင့် စာတန်အကြားရှိ စစ်ပွဲအတွင်း "သဘောတူညီမူစာချုပ်" ဖြစ်ခဲ့သည်။ ထို့ကြောင့်ပင် ယေရှုသည် စာတန်ထံ ပေးခြင်းခံခဲ့ရပြီး ထိုသို့ပြုပြီးနောက်မှသာ အမှုတော်၏ ဤအဆင့်သည် အဆုံးသတ်ခဲ့သည်။ သို့သော်လည်း ယနေ့ ဘုရားသခင်၏ ရွေးနှုတ်ခြင်း အမှုတော်သည် မကြုံစဖူးလှအောင် ကြီးကျယ်ခမ်းနားပြီးသားဖြစ်ကာ စာတန်၌ တောင်းဆိုမှု ပြုလုပ်ရန် အကြောင်းပြချက် ဘာမျှမရှိသဖြင့် ဘုရားသခင်၏ လူ့ဇာတိခံယူခြင်းသည် သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့် ပဋိသန္ဓေစွဲယူရန် မလိုအပ်ပေ၊ အကြောင်းမှာ ဘုရားသခင်သည် မူလအားဖြင့် သန့်ရှင်းကာ အပြစ်ကင်းသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ယခုအကြိမ် ဘုရားသခင်၏ လူ့ဇာတိခံယူခြင်းသည် ကျေးဇူးတော်ခေတ်က ယေရှု မဟုတ်တော့ပေ။ သို့သော်လည်း သူသည် ကောင်းကင်က ခမည်းတော် ဘုရားသခင်၏ အလိုတော်နှင့် ခမည်းတော် ဘုရားသခင်၏ ဆန္ဒများကို ပြီးမြောက်ရဆဲ ဖြစ်သည်။ ဤအရာကို ကျိုးကြောင်း ဆီလျော်မှုမရှိသော ပြောဆိုမှုဟု မည်သို့ မှတ်ယူနိုင်မည်နည်း။ ဘုရားသခင်၏ လူ့ဇာတိ ခံယူခြင်းသည် ပြဋ္ဌာန်းထားသော စည်းမျဉ်းများကို လိုက်နာ ရမည်လော။

များစွာသောလူများသည် သက်သေအထောက်အထားအဖို့ သမ္မာကျမ်းစာတွင် ရှာကြကာ ဘုရားသခင်၏ လူ့ဇာတိခံယူခြင်းနှင့် ပတ်သက်သည့် ပရောဖက်ပြုချက်ကို ရှာတွေ့ချင်ကြသည်။ လူသား၏ ကျိုးပဲ့နေသော အတွေးအခေါ်က ဘုရားသခင်သည် ရှေးယခင်ကတည်းက သမ္မာကျမ်းစာထဲတွင် "အမှုပြုခြင်း" ကို ရပ်တန့်ခဲ့ပြီး ကြာမြင့်စွာကတည်းက အစီအစဉ် ချထားခဲ့သော်လည်း ယင်းအကြောင်း လူသားများကို မည်သည့်အခါကမျှ မပြောခဲ့သော အမှုတော်ကို စိတ်ပါစွာ လုပ်ဆောင်ရန် သမ္မာကျမ်းစာ၏ အပြင်ဘက်ကို "ခုန်ထွက်ခဲ့သည်" ဆိုခြင်းကို မည်သို့ သိနိုင်မည်နည်း။ လူများသည် စဉ်စားဉာဏ် အလွန် ကင်းမဲ့သည်။ ဘုရားသခင်၏ စိတ်သဘောထားကိုသာ မြည်းစမ်းပြီးနောက် သူတို့သည် ဘုရားသခင်၏ အမှုတော်ကို စစ်ဆေးခြင်းငှာ မြင့်သောစင်မြင့်ပေါ်ကို ပေါ့ပါးစွာတတ်ကာ အဆင့်မြင့် "ဘီးတပ်ကုလားထိုင်"၌ ထိုင်ကြ၍ ဘုရားသခင်ကို စကားကြီးစကားကျယ်ဖြစ်သည့် အချည်းနှီးသောစကားများဖြင့် ပညာပေးရန် စတင်ကြသည် အထိ လွန်ကဲစွာ ပြုမူကြသည်။ "လူအို"တစ်ဦးသည် စာဖတ်မျက်မှန်တပ်၊ သူ့မုတ်ဆိတ်မွေးကို ပွတ်သပ်ကာ တစ်သက်တာ ဖတ်လာခဲ့သော သူ၏ အဝါရောင် "နှစ်ချုပ်စာအုပ်ဟာင်း" (သမ္မာကျမ်းစာ)ကို ဖွင့်သည်။ နှုတ်ကပတ်တော်များကို ရေရွတ်ကာ မျက်လုံးမှာ ဝင်းလက်တောက်ပနေသည်ဟု ထင်ရသည်၊ သူသည် ဗျာဒိတ်ကျမ်းကို လှန်လိုက်၊ ဒံယေလအနာဂတ္တိကျမ်းကို လှန်လိုက်၊ ကမ္ဘာအနှံ့လူသိများသော ဟေရှာယ အနာဂတ္တိကျမ်းကို လှန်လိုက်နှင့် ပြုလေသည်။ သေးငယ်သော စကားလုံးများနှင့် ထူထပ်စွာ ပြည့်ကျပ်နေသော စာတစ်မျက်နှာကို စူးစိုက်ကြည့်၍ သူသည် တိတ်ဆိတ်စွာ ဖတ်ကာ သူ၏ စိတ်မှာ ရပ်တန့်ခြင်းမရှိ လှည်နေသည်။ ရုတ်ခြင်းပင် မုတ်ဆိတ်မွေးကို ပွတ်သပ်နေသည့် လက်မှာ ရပ်ကာ မုတ်ဆိတ်မွေးကို စတင်ဆွဲလေသည်။ မကြာခဏပင် သူ့မုတ်ဆိတ်မွေး ပြတ်သံကို ကြားရသည်။ ထိုသို့ပုံမှန်မဟုတ်သော အပြု အမူသည် တစ်စုံတစ်ယောက်ကို အံ့အားသင့်စေသည်။ "အဘယ်ကြောင့် ထိုသို့သော အားအင်ကို သုံးသနည်း။ သူသည် မည်သည့်အကြောင်းကို အလွန် ဒေါသထွက်သနည်း။" လူအိုအကြောင်း ပြန်သွားရလျှင် သူ၏ မျက်ခုံးမွေးများသည် ယခု ကြမ်းတမ်းနေပြီ ဖြစ်သည်။ လူအိုသည် သူ၏မျက်လုံးနှင့် ညှိုးနွမ်းနေပုံရသော စာမျက်နှာများအပေါ် တစိုက်မတ်မတ် ကြည့်နေစဥ်သူ၏ ငွေရောင် မျက်ခုံးမွေးများသည် ငန်း၏ အမွေးများ သဖွယ် ဤလူအို၏ မျက်ခွံမှ နှစ်စင်တီမီတာတွင် ကျနေသည်မှာ အမှတ်တမဲ့ ဖြစ်သွားသော်လည်း လွန်စွာမှ ပြီးပြည့်စုံသည့်အလား ပင်ဖြစ်သည်။ သူသည် အထက်က လုပ်ရပ်စဥ်များကို အကြိမ်အချို့ ပြန်လုပ်သည်။ ထို့နောက် သူသည် မည်သို့မျှ မထိန်းနိုင်ဘဲ ခုန်ထကာ တစ်ယောက်ယောက်နှင့် "အလာပသလ္လာပ"[၄] ပြောနေသည့်အလား စတင် တီးတိုးပြောသော်လည်း သူ၏မျက်လုံးမှ အလင်းရောင်သည် နှစ်ချုပ်စာအုပ်ကို မစွန့်သေးပေ။ ရုတ်ခြင်းပင် သူသည် လက်ရှိ စာမျက်နှာကို ပိတ်ကာ "အခြားကမ္ဘာ"ကို လှန်လှောသည်။ သူ၏ ရွေ့လျားမှုများမှာ အလွန် မြန်ဆန်[၅] ကာ ကြောက်ဖို့ကောင်း၍ လူများကို အံ့အားသင့်စေလုနီးပါးဖြစ်သည်။ လက်ရှိတွင် တွင်းထဲက ထွက်လာကာ သူ၏ တိတ်တဆိတ်မှုအတွင်း "လွတ်လပ်မှုကို ခံစားရန်" စတင်ခဲ့ရုံသာ ရှိသေးသော ကြွက်သည် လူအို၏ ဖြစ်ရိုးဖြစ်စဉ် မဟုတ်သည့် ရွေ့လျားမှုများကြောင့် အလွန်ပင် အထိတ်တလန့် ဖြစ်ကာ တွင်းထဲကို တိုက်ရိုက်ပြေး၍ ခြေရာတစ်ခုမျှ မကျန်ဘဲ ပျောက်ကွယ်သွားလေသည်။ ယခုတွင် လူအို၏ လှုပ်ရှားမှု မရှိသော ဘယ်လက်သည် အပေါ်အောက် မုတ်ဆိတ်မွေး ပွတ်သပ်ခြင်း လှုပ်ရှားမှုကို ပြန်စတင်သည်။ သူသည် ထိုင်ခုံမှ ထကာ စာပွဲပေါ်တွင် စာအုပ်ကို ချန်ထားလေသည်။ အနည်းငယ် ဟထားသော တံခါးနှင့် ဖွင့်ထားသော ပြတင်းပေါက်ကိုဖြတ်၍ လေသည် အထဲသို့ ဝင်လာကာ စာအုပ်ကို ပိတ်လိုက် ဖွင့်လိုက် တစ်ဖန် ပိတ်လိုက် ဖွင့်လိုက် ဂရုစိုက်ခြင်းမရှိဘဲ တိုက်နေသည်။ မြင်ကွင်း၌ ဖော်ပြ၍ မရသော အထီးကျန်မှုရှိပြီး လေ၏ တိုက်ခတ်ခြင်းခံရသဖြင့် တရှဲရှဲ မြည်နေသော စာအုပ်၏ အသံမှလွဲ၍ အရာရာတိုင်းမှာ တိတ်ဆိတ်သွားပုံ ပေါ်သည်။ လက်ကို နောက်တွင် ချိတ်ထားသော သူသည် အခန်းထဲတွင် ခေါက်တုံ့ခေါက်ပြန် လျှောက်၍ အခု ရပ်လိုက် အခု လျှောက်လိုက်နှင့် မကြာခဏပင် သူ့ခေါင်းကိုခါကာ ထပ်တလဲလဲပင် "အိုး ဘုရားသခင် ကိုယ်တော်သည် ထိုအရာကို အကယ် လုပ်သလော"ဟု ရေရွတ်နေသည်။ သူသည် မကြာခဏ ခေါင်းကိုလည်း ညိတ်ကာ "အိုး ဘုရားသခင် အဘယ်သူသည် ကိုယ်တော်၏ အမှုတော်ကို နားလည်နိုင်မည်နည်း။ ကိုယ်တော်၏ ခြေရာများကို ရှာခြင်းသည် ခက်ခဲသည် မဟုတ်လော။ ကိုယ်တော်သည် ကျိုးကြောင်း မဆီလျော်သော အရာများ မလုပ်သည်ကို အကျွန်ုပ် ယုံသည်"ဟု ပြောလေသည်။ လက်ရှိတွင် လူအိုသည် တဖြည်းဖြည်း စဉ်စားချင်သည့် အလား မျက်ခုံးမွေးများကို အတူရှုံ့မဲ့ကာ သူ၏ မျက်လုံးကို ဖျစ်ညစ်ပိတ်ထား၍ စိတ်အနှောင့်အယှက်ဖြစ်သော အသွင်နှင့် လွန်ကဲစွာ နာကျင်မှုကို ခံစားရသော မျက်နှာထားကိုလည်း ပြသနေသည်။ ဤအရာသည် ဤ "ကြီးကျယ်သော လူအို" ကို အမှန်တကယ် စိန်ခေါ်နေသည်။ သူ့အသက်တာ၏ ဤနောက်ပိုင်း အဆင့်တွင်မှ သူသည် "ကံမကောင်းစွာ"နှင့် ဤကိစ္စကို ကြုံတွေ့လာရသည်။ ထိုအရာနှင့် ပတ်သက်၍ အဘယ်အရာကို လုပ်နိုင်သနည်း။ ငါသည်လည်း ဘာလုပ်ရမှန်း မသိဖြစ်ကာ တစ်စုံတစ်ခုကို လုပ်ရန် အားအင်ကင်းမဲ့နေသည်။ မည်သူသည် သူ၏ နှစ်ချုပ်စာအုပ်ဟောင်းကို အဆင်းဝါလာအောင် လုပ်ခဲ့သနည်း။ မည်သူသည် သူ၏ မျက်နှာရှိ ကွဲပြားခြားနားသည့် နေရာများတွင် အကြင်နာကင်းမဲ့စွာ သူ၏ မုတ်ဆိတ်မွေးနှင့် မျက်ခုံမွေးများကို ဖြူသော နှင်းပွင့်ကဲ့သို့ ဖြစ်လာအောင် လုပ်ခဲ့သနည်း။ ဤသည်မှာ သူ၏ မုတ်ဆိတ်မွေးက သူ၏ နောက်ခံကို ကိုယ်စားပြု သည့်အလားပင်။ သို့သော်လည်း မည်သူက လူသားသည် ဤအဆင့်ထိတိုင် မိုက်မဲလာနိုင်ကာ နှစ်ချုပ်စာအုပ် ဟောင်းတွင် ဘုရားသခင်၏ မျက်မှောက်တော်အား ရှာမည်ကို သိခဲ့မည်နည်း။ နှစ်ချုပ်စာအုပ်ဟောင်းတွင် စာရွက်ပေါင်း မည်မျှရှိနိုင်မည်နည်း။ ယင်းအရာသည် ဘုရားသခင်၏ ဆောင်ရွက်ချက်များ အားလုံးကို အမှန်တကယ် မှတ်ထားနိုင်မည်လော။ အဘယ်သူက ထိုအရာကို အာမခံရဲသနည်း။ လူသားသည် နှုတ်ကပတ်တော်များကို အလွန်အကျွံ ခွဲခြမ်းစိတ်ဖြာခြင်း[၆]အားဖြင့် ဘုရားသခင်၏ အသွင်အပြင်ကို အမှန်တကယ် ရှာကာ ဘုရားသခင်၏ အလိုတော်ကို ဖြည့်ဆည်းရန် ကြိုးစားသည်။ ဤနည်းနှင့် အသက်တာထဲ ဝင်ရောက်ရန် ကြိုးစားခြင်းသည် ထင်သလောက် လွယ်ကူသလော။ ဤသည်မှာ လုံးဝ အဓိပ္ပာယ်မရှိခြင်း၊ မှားယွင်းသော ဆင်ခြင်ခြင်းပင် မဟုတ်လော။ သင်သည် ယင်းကို ရယ်ဖွယ်ကောင်းသည်ဟု မထင်သလော။


နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ မှ

အောက်ခြေမှတ်စုများ-



၁။ "မရှင်းမလင်း" ဆိုသည်ကား လူများသည် ဘုရားသခင်၏ အမှုတော်တွင် ရှင်းလင်းသော အမြင်မရှိခြင်းကို ရည်ညွှန်းသည်။



၂။ "မပြောပလောက်သော အစွမ်းသာရှိပြီး ကြီးစွာသတိထား၍ အသုံးပြုရမည်" ဆိုသည်ကား ဇာတိပကတိ၏ အခက်အခဲများသည် အလွန်များကာ လုပ်ဆောင်ပြီးမြောက်သည့် အမှုတော်သည် အလွန်အမင်း အကန့်အသတ်နှင့်သာ ရှိသည်ကို ရည်ညွှန်းသည်။



၃။ "အလွန်ကျော်ကြားသော" ဆိုသည်ကား ပြက်ရယ်ပြုစွာ ပြောခြင်းဖြစ်သည်။ ဤအရာသည် ဘာသာရေး ယုတ္တိအမှားများရှိ များစွာသော ကျွမ်းကျင်သူများသည် အဆင်းဝါသော သမ္မာကျမ်းစာကို ဘုရားသဖွယ် မည်သို့ ကိုးကွယ်ကြသည် ဆိုခြင်းကို ရည်ညွှန်းသည်။



၄။ "အလာပသလ္လာပ" ဆိုသည်ကား လူများက ဘုရားသခင်၏ အမှုတော်ထဲ ရှာဖွေလေ့လာသောအခါ သူတို့၏ အကျည်းတန်သော မျက်နှာ၏ ဥပစာစကားဖြစ်သည်။



၅။ "မြန်ဆန်" ဆိုသည်ကား သမ္မာကျမ်းစာကို ဖတ်နေစဉ် "လူအို"၏ စိတ်အားထက်သန်၍ အလျင်စလိုဖြစ်သော လှုပ်ရှားမှုများကို ရည်ညွှန်းသည်။



၆။ "နှုတ်ကပတ်တော်များကို အလွန်အကျွံ ခွဲခြမ်းစိတ်ဖြာခြင်း" ဆိုသည်ကား နှုတ်ကပတ်တော်များကို အသေးစိတ် ပိုင်းခြားသော်လည်း သမ္မာတရားကိုမရှာ၊ သို့မဟုတ် သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုတော်ကို မသိသော ယုတ္တိအမှားများထဲတွင် ရှိကြသည့် ကျွမ်းကျင်သူများကို ပြက်ရယ်ပြုရန် သုံးသည်။

No comments:

Post a Comment