ကျေးဇူးတော်ခေတ်ကာလတွင်၊ ယောဟန်သည် ယေရှုအတွက် လမ်းကြောင်း ခင်းပေးခဲ့သည်။ သူသည် ဘုရားသခင် ကိုယ်တိုင်၏ အလုပ်ကို မလုပ်နိုင်ဘဲ လူသား၏ တာဝန်ကို ကျေပွန်ရုံမျှသာ ဆောင်ရွက်ခဲ့သည်။ ယောဟန်သည် သခင်၏ရှေ့ပြေး ဖြစ်ခဲ့သော်လည်း၊ သူသည် ဘုရားသခင်ကို ကိုယ်စားမပြုနိုင်ပါ။ သူသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အသုံးပြုခြင်းကို ခံရသော လူသားတစ်ဦးသာ ဖြစ်သည်။ ယေရှုဗတ္တိဇံ ခံပြီးနောက် “သန့်ရှင်းသော ဝိညာဉ်တော်သည် ချိုးငှက်ကဲ့သို့ ကိုယ်တော့်အပေါ်သို့ ဆင်းသက်တော်မူသည်။” ထို့နောက် ယေရှုသည် သူ၏ လုပ်ငန်းများကို စတင်လုပ်ကိုင်ခဲ့သည်၊ ယင်းကား ခရစ်တော်၏ အမှုကို စတင်လုပ်ဆောင်ခြင်း ဖြစ်သည်။ ထို့ကြောင့်ပင်လျှင် သူသည် ဘုရားသခင်မှ လာသောကြောင့် ဘုရားသခင်၏ သွင်ပြင်လက္ခဏာကို ယူခဲ့ခြင်း ဖြစ်သည်။ ဤသို့ လုပ်ဆောင်ခြင်းမတိုင်မီ သူ၏ယုံကြည်ခြင်းသည် တစ်ခါတစ်ရံ အားနည်းကောင်း အားနည်းမည်၊ သို့မဟုတ် တစ်ခါတစ်ရံ ခိုင်မာကောင်း ခိုင်မာမည် - ဤမတိုင်မီ သူ၏ယုံကြည်ခြင်းသည် မည်သို့ပင် ဖြစ်နေပါစေ၊ ယင်းသည်ယေရှု သူ၏ အမှုကို မဆောင်ရွက်မီ သူ၏သာမန် လူသားအသက်တာ အားလုံးပင်ဖြစ်သည်။ သူ ဗတ္တိဇံ ခံပြီးနောက် (ဘိသိတ်ခံပြီးနောက်)၊ သူသည် ဘုရားသခင်၏ တန်ခိုးနှင့် ဘုန်းအသရေတို့ကို ချက်ချင်းရရှိ ပေသည်။ ထို့ကြောင့် သူ၏ အမှုကို စတင်ဆောင်ရွက်ခဲ့သည်။ သူသည် နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်သော အမှုအရာများ၊ တန်ခိုးများကို လုပ်ဆောင်နိုင်သည်၊ သူသည် ဘုရားသခင်ကိုယ်တိုင်၏ ကိုယ်စား တိုက်ရိုက် လုပ်ဆောင်သော ကြောင့် သူ့တွင် တန်ခိုးနှင့် လုပ်ပိုင်ခွင့်အာဏာရှိသည်။ ဝိညာဉ်တော်၏ အလုပ်ကို သူသည်ကိုယ်စား လုပ်ဆောင် ခဲ့ပြီး၊ ဝိညာဉ်တော်၏ အသံကို ဖော်ထုတ်ခဲ့သည်။ ထို့ကြောင့် သူသည် ဘုရားသခင် ကိုယ်တိုင်ပင် ဖြစ်ခဲ့သည်။ ဤကား ငြင်းဆန်၍မရသော အရာဖြစ်သည်။ ယောဟန်သည် သန့်ရှင်းသော ဝိညာဉ်တော်၏ အသုံးကို ခံခဲ့ရသည်။ သူသည် ဘုရားသခင်ကို ကိုယ်စားမပြုနိုင်ဘဲ၊ သူ့အနေနှင့် ဘုရားသခင်ကို ကိုယ်စားပြုရန် မဖြစ်နိုင်ပေ။ သူသည် ထိုသို့ပြုလုပ်ရန် ဆန္ဒရှိခဲ့လျှင်၊ ဘုရားသခင် ကိုယ်တိုင် ပြီးမြောက်အောင်မြင်စေရန် ရည်ရွယ်ထားသည့် အမှုကို သူဆောင်ရွက်၍ မရနိုင်သည့်အတွက်၊ သန့်ရှင်းသော ဝိညာဉ်တော်က သူ့အားလုပ်ကိုင်ရန် ခွင့်ပြုမည် မဟုတ်ပါ။ သူ့အထဲတွင် လူသား၏ဆန္ဒ များစွာရှိကောင်း ရှိလိမ့်မည်၊ သို့မဟုတ် သူ့အထဲတွင် တစ်စုံတစ်ရာ ကွဲလွဲနေလိမ့် မည်။ မည်သည့် အခြေအနေမျိုးမှာဘဲ ဖြစ်ဖြစ် သူသည် ဘုရားသခင်ကို တိုက်ရိုက်ကိုယ်စား မပြုနိုင်ပါ။ သူ၏ အမှားများနှင့် မမှန်ကန်မှုများက သူ့ကိုသာ ကိုယ်စားပြုနေသော်လည်း၊ သူ၏လုပ်ဆောင်မှုများကမူ သန့်ရှင်းသော ဝိညာဉ်တော်ကို ကိုယ်စားပြုနေခဲ့သည်။ သူ၏ အရာအားလုံးသည် ဘုရားသခင်ကို ကိုယ်စားပြုသည်ဟု သင်မပြောနိုင်သေးပါ။ သူ၏လမ်းလွဲမှုနှင့် မမှန်ကန်မှုတို့ကလည်း ဘုရားသခင်ကို ကိုယ်စားပြုနိုင်ခဲ့သလော။ လူသားကို ကိုယ်စားပြုခြင်းတွင် မမှန်ကန်မှုက သာမန်သာဖြစ်သည်၊ သို့သော် ဘုရားသခင်ကို ကိုယ်စား ပြုခြင်းတွင် သူ၌ လမ်းလွဲမှုများရှိပါက၊ ယင်းသည် ဘုရားသခင်ကို အရှက်ရစေခြင်းပင် မဟုတ်ဘူးလား။ သန့်ရှင်းသော ဝိညာဉ်တော်ကို ပုတ်ခတ်ပြောဆိုခြင်း မဟုတ်ဘူးလား။ အခြားသူများက လူသားအား ချီးမြှောက် သည့်တိုင်၊ သန့်ရှင်းသော ဝိညာဉ်တော်က သူ့အား သူ့ဆန္ဒအလျောက် ဘုရားသခင်နေရာတွင် ရပ်တည်ရန် ခွင့်မပြုပါ။ သူသည် ဘုရားသခင် မဟုတ်ပါက၊ သူသည် အဆုံးတွင် ရပ်တည်နေနိုင်မည် မဟုတ်ပေ။ သန့်ရှင်းသော ဝိညာဉ်တော်က လူသားကို သူစိတ်ရှိသည့်အတိုင်း ဘုရားသခင်အား ကိုယ်စားပြုရန် ခွင့်မပြုပါ။ ဥပမာအားဖြင့်၊ သန့်ရှင်းသော ဝိညာဉ်တော်က ယောဟန်ကို သက်သေခံပေးခဲ့ပြီး၊ သူ့အား ယေရှုကို လမ်းကြောင်းခင်းပေးသူ တစ်ဦးအနေဖြင့်လည်း ထုတ်ဖော်ခဲ့ပါသည်။ သို့သော် သန့်ရှင်းသော ဝိညာဉ်တော်က သူ့ထံတွင်လုပ်သော အလုပ်ကို ကောင်းစွာ တိုင်းတာထားသည်။ ယောဟန်ကို တောင်းဆိုခဲ့သည်များ အားလုံးက ယေရှုအတွက် လမ်းကြောင်းခင်းသူ၊ သူ့အတွက်လမ်းကြောင်း ပြင်ဆင်ပေးရန်ဖြစ်သည်။ ပြောရမည်ဆိုလျှင်၊ သန့်ရှင်းသော ဝိညာဉ်တော်က သူ့အား လမ်းကြောင်းခင်းသည့် လုပ်ဆောင်မှုကိုသာ ပံ့ပိုးပေးပြီး၊ ယင်းလုပ်ဆောင်မှုကိုသာ သူ့အားခွင့်ပြုခဲ့သည်၊ အခြားအလုပ် မပါရှိပါ။ ယောဟန်သည် ဧလိယကို ကိုယ်စားပြုခဲ့ပြီး လမ်းကြောင်းခင်းပေးခဲ့သည့် ပရောဖက်တစ်ဦးကို ကိုယ်စားပြုခဲ့သည်။ ယင်းကို သန့်ရှင်းသော ဝိညာဉ်တော်က ပံ့ပိုးပေးခဲ့သည်။ သူ့လုပ်ဆောင်မှုက လမ်းကြောင်း ခင်းခြင်း ဖြစ်နေသ၍ သန့်ရှင်းသော ဝိညာဉ်တော်က ယင်းကို ထောက်ပံ့ပေးခဲ့သည်။ သို့သော်၊ သူသည် သူကိုယ်တိုင်က ဘုရားသခင်ဖြစ်ထိုက်ကြောင်း တောင်းဆိုပြီး ရွေးနှုတ်ခြင်းအမှုကို ပြီးမြောက်စေမည် ဆိုပါက၊ သန့်ရှင်းသော ဝိညာဉ်တော်က သူ့ကို ဆုံးမပဲ့ပြင် ရပါလိမ့်မည်။ ယောဟန်၏ လုပ်ဆောင်မှုသည် မည်မျှပင် ကြီးမြတ်ပြီး၊ ယင်းသည် သန့်ရှင်းသော ဝိညာဉ်တော်၏ ထောက်ပံ့မှုကို ရရှိစေကာမူ၊ သူ၏ လုပ်ဆောင်မှုသည် ဘောင်များအတွင်းတွင် ရှိနေခဲ့သည်။ သူ၏လုပ်ဆောင်မှုသည် သန့်ရှင်းသော ဝိညာဉ်တော်၏ ထောက်ပံ့မှုကို ရရှိခဲ့သည်ဆိုမှာ တကယ့်ကို မှန်ကန်မှုရှိပါသည်။ သို့သော်လည်း၊ ထိုအချိန်တွင် သူ့ကိုပေးခဲ့သည့် တန်ခိုးမှာ လမ်းကြောင်းခင်းဖို့ အတွက်သာ ကန့်သတ်ထားသည်။ သူသည် လမ်းကြောင်းခင်းပေးသည့် ယောဟန်သာ ဖြစ်နေ၍၊ ယေရှုမဟုတ်သောကြောင့်၊ သူသည်အခြား မည်သည့်အလုပ် တစ်ခုကိုမျှ လုံးဝမလုပ်ဆောင်နိုင်ပါ။ ထို့အတွက်ကြောင့်၊ သန့်ရှင်းသော ဝိညာဉ်တော်၏ သက်သေခံချက်မှာ အဓိကသော့ချက် ဖြစ်သော်လည်း၊ လူသား လုပ်ဆောင်ရန်အတွက် သန့်ရှင်းသော ဝိညာဉ်တော်က ကန့်သတ်ပေးထားသည့် အလုပ်က ပို၍ပင် အရေးပါ ပါသည်။ ယောဟန်သည် ကြီးမြတ်သည့် သက်သေ မခံခဲ့ဘူးလား။ သူ၏ လုပ်ဆောင်ခဲ့ခြင်းကလည်း မကြီးမြတ် ဘူးလား။ သို့သော် သူသည် သန့်ရှင်းသော ဝိညာဉ်တော်က အသုံးပြုသည့် လူသားတစ်ဦးထက် သာလွန်မှု မရှိသည့်အတွက် သူ၏ လုပ်ဆောင်မှုသည်လည်း ယေရှုထက် သာလွန်မှုမရှိ၊ ဘုရားသခင်ကို တိုက်ရိုက်ကိုယ်စား မပြုနိုင်ပါ။ ထို့အတွက်ကြောင့် သူလုပ်ဆောင် ခဲ့ရသည်မှာလည်း အကန့်အသတ် ရှိခဲ့သည်။ လမ်းကြောင်း ခင်းပေးသည့် လုပ်ဆောင်မှု ပြီးမြောက်ပြီးနောက်၊ မည်သည်ကမျှ သူ၏ သက်သေခံချက်ကို ဆက်လက် ထောက်ပံ့ပေးခြင်း မရှိ၊ သူ့ကို မည်သည့် အလုပ်သစ်ကမျှ နောက်ထပ် လိုက်မလာတော့ဘဲ၊ ဘုရားသခင် ကိုယ်တိုင်က အလုပ်ကို စတင်ခဲ့သည့်အတွက် သူထွက်ခွာသွားခဲ့သည်။
အချို့သောလူတို့သည် မကောင်းသည့် ဝိညာဉ်များ၏ စိုးမိုးမှုကို ခံရပြီး “ငါသည် ဘုရားဖြစ်သည်” ဟု အဆက်မပြတ် ကြွေးကြော်ကြသည်။ သို့ရာတွင် သူတို့သည် မှားယွင်းသည့် ဖြစ်တည်မှုကို ကိုယ်စားပြု သရုပ်ဆောင်နေခြင်း ဖြစ်သည့်အတွက် သူတို့သည် အဆုံးထိ မရပ်တည်နိုင်ကြပါ။ သူတို့သည် စာတန်ကို ကိုယ်စားပြုပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်က သူတို့ကို အလေးမထားပါ။ သင့်ကိုယ်သင် မည်မျှပင် မြင့်မားစွာ ချီးမြှောက်သည်ဖြစ်စေ၊ သို့မဟုတ် မည်မျှပင် ကျယ်လောင်စွာ ဟစ်ကြွးသည်ဖြစ်စေ၊ သင်သည် ဖန်ဆင်းခံရသူ တစ်ဦး ဖြစ်ဆဲဖြစ်ပြီး၊ စာတန်၏ ပိုင်ဆိုင်ခြင်းခံရသူ တစ်ဦးဖြစ်သည်။ ”ငါသည် ဘုရားသခင်ဖြစ်သည်၊ ငါသည် ချစ်ခင်ဖွယ်ကောင်းသော ဘုရားသခင်၏ သားတော်ဖြစ်သည်” ဟု ငါဘယ်သောအခါမျှ မဟစ်ကြွေးပါ။ သို့သော် ငါလုပ်သည့်အလုပ်သည် ဘုရားသခင်၏ အလုပ်ဖြစ်သည်။ ငါဟစ်အော်ဖို့ လိုသလော။ ချီးမြှောက်ရန် မလိုအပ်ပါ။ ဘုရားသခင်သည် သူ၏အလုပ်ကို သူကိုယ်တိုင် လုပ်ပြီး၊ လူသားက သူ့အား ဂုဏ်ဒြပ်များ သို့မဟုတ် ချီးမြှောက်သည့် ရာထူးဂုဏ်များ ပေးရန် မလိုအပ်ဘဲ၊ သူ့အလုပ်က သူ၏အမည်နာမနှင့် အဆင့်အတန်းကို ကိုယ်စားပြုရန် လုံလောက်ပါသည်။ ဗတ္တိဇံမခံမီတွင် ယေရှုသည် ဘုရားသခင်ကိုယ်တိုင်ပင် မဟုတ်ခဲ့ဘူးလား။ သူသည် လူ့ဇာတိခံယူထားသည့် ဘုရားသခင် မဟုတ်ဘူးလား။ သူသည် သက်သေပြုခြင်း ခံရပြီးမှ ဘုရားသခင်၏ တစ်ဦးတည်းသော သားတော် ဖြစ်လာသည်ဟု မပြောနိုင်သည်မှာ သေချာလှပေသည်။ သူသည် ဘုရားသခင်၏ လုပ်ငန်းဆောင်တာများကို မစတင်မီ လွန်လေပြီးသည့် အချိန်ကတည်းက ယေရှုဟု အမည်တွင်သည့် ယောင်္ကျား တစ်ဦး မရှိခဲ့ဘူးလား။ သင်သည် အသစ်သော လမ်းများကို မထုတ်ဆောင်နိုင်ပါ သို့မဟုတ် ဝိညာဉ်တော်ကို ကိုယ်စားမပြုနိုင်ပါ။ ဝိညာဉ်တော်၏ အလုပ်ကို သို့မဟုတ် သူပြောသည့် စကားလုံးများကို သင်မဖာ်ပြနိုင်ပါ။ ဘုရားသခင် ကိုယ်တိုင်၏အလုပ်ကို သို့မဟုတ် ဝိညာဉ်တော်၏ အလုပ်ကို သင်မလုပ်နိုင်ပါ။ ဘုရားသခင်၏ ဉာဏ် ပညာ၊ အံ့သြဖွယ်နှင့် နက်နဲမှုများကို သို့မဟုတ် ဘုရားသခင်က လူသားကို ပြစ်တင်ဆုံးမသည့် စိတ်သဘောထား အားလုံးကို သင်မဖော်ပြနိုင်ပါ။ သို့ဖြစ်ရာ ဘုရားသခင်ဖြစ်ရန်အတွက် သင်၏ အဆက်မပြတ် တောင်းဆိုခြင်း က အလုပ်မဖြစ်ပါ၊ သင့်တွင် နာမည်သာရှိပြီး အနှစ်သာရ တစ်ခုမျှ မရှိပါ။ ဘုရားသခင် ကိုယ်တိုင် လာခဲ့သော်လည်း မည်သူမျှ သူ့ကို မမှတ်မိပါ၊ သို့ရာတွင် သူသည် သူ၏ အလုပ်များကို ဆက်လက် လုပ်ဆောင်နေပြီး ဝိညာဉ်တော် ကိုလည်း ကိုယ်စားပြုပြီး လုပ်ကိုင်သည်။ သင့်အနေဖြင့် သူ့ကို လူသားဟု ခေါ်သည်ဖြစ်စေ သို့မဟုတ် ဘုရားသခင်၊ သခင် သို့မဟုတ် ခရစ်တော်၊ သို့မဟုတ် သူ့ကို အစ်မအဖြစ် ခေါ်သည်ဖြစ်စေ၊ အကုန်အဆင်ပြေ ပါသည်။ သို့သော်လည်း သူပြုသည့်အမှုမှာ ဝိညာဉ်တော် အလုပ်ဖြစ်ပြီး ဘုရားသခင် ကိုယ်တိုင်၏ အလုပ်ကို ကိုယ်စားပြုသည်။ လူသားက သူ့ကို ခေါ်ဆိုသည့် နာမည်ကို သူဂရုမစိုက်ပါ။ နာမည်က သူ့လုပ်ဆောင်မှုကို အဆုံးအဖြတ် ပေးနိုင်လား။ သင်သူ့ကို မည်သို့ပင် ခေါ်ခေါ်၊ ဘုရားသခင်၏ ရှုထောင့်မှကြည့်လျှင်၊ သူသည် ဘုရားသခင်၏ ဝိညာဉ်တော်က လူဇာတိကို ခံယူထားခြင်း ဖြစ်သည်။ သူသည် ဘုရားသခင်၏ ခွင့်ပြုချက်ဖြင့် ဝိညာဉ်တော်ကို ကိုယ်စားပြုသည်။ သင်သည် ခေတ်သစ် အတွက် လမ်းမဖောက်နိုင်၊ ခေတ်ဟောင်းကို အဆုံး မသတ် နိုင်သည့်အပြင်၊ ခေတ်သစ်သို့ လမ်မမဖွင့်ပေးနိုင် သို့မဟုတ် အသစ်သော အလုပ်ကို မပြုလုပ်နိုင်ပါ။ သို့ဖြစ်ရာ သင့်ကို ဘုရားသခင်ဟု မခေါ်နိုင်ပါ။
သန့်ရှင်းသော ဝိညာဉ်တော်၏ အသုံးပြုခြင်းကို ခံရသည့် လူသားတစ်ဦးကပင် ဘုရားသခင် ကိုယ်တိုင်ကို ကိုယ်စား မပြုနိုင်ပါ။ ဤလူသားသည် ဘုရားသခင်ကို ကိုယ်စားမပြုနိုင်သည်သာမက၊ သူ၏ လုပ်ဆောင်မှု သည်လည်း ဘုရားသခင်ကို တိုက်ရိုက် ကိုယ်စားမပြုနိုင်ပါ။ ပြောရမည်ဆိုလျှင်၊ လူသား၏ အတွေ့အကြုံသည် ဘုရားသခင်၏ စီမံခန့်ခွဲမှုအောက်တွင် တိုက်ရိုက် နေရာမယူနိုင် သကဲ့သို့၊ ဘုရားသခင်၏ စီမံခန့်ခွဲမှုကိုလည်း တိုက်ရိုက် ကိုယ်စားမပြုနိုင်ပါ။ ဘုရားသခင် ကိုယ်တိုင် ဆောင်ရွက်သော အလုပ်အားလုံး သည်၊ သူ၏ကိုယ်ပိုင် စီမံခန့်ခွဲမှု အစီအစဉ်ဖြင့် ဆောင်ရွက်ရန် ရည်ရွယ်ထားပြီး ကြီးမြတ်သည့် စီမံခန့်ခွဲမှုနှင့် ဆက်စပ်နေသည်။ (သန့်ရှင်းသော ဝိညာဉ်တော်၏ အသုံးပြုခြင်းကို ခံရသော လူသား) လူသားက ဆောင်ရွက်သည့် အလုပ်သည် သူ၏ လူတစ်ဦးချင်းစီ အတွေ့အကြုံကို ထောက်ပံ့ပေးသည်။ သူ့ရှေ့တွင် လျှောက်ခဲ့သူများ၏ အတွေ့အကြုံဖြင့် သူက လမ်းကြောင်းသစ် အတွေ့အကြုံကိုယူကာ၊ သန့်ရှင်းသော ဝိညာဉ်တော်၏ လမ်းပြမှုအောက်တွင် သူ၏ ညီအစ်ကိုများနှင့် ညီအစ်မများကို ဦးဆောင်သည်။ ထိုသူများမှ ထောက်ပံ့ ပေးသည့်အရာမှာ သူတို့တစ်ဦးချင်းစီ၏ အတွေ့အကြုံ သို့မဟုတ် ဝိညာဉ်ရေးရာ လူသားများ၏ ဝိညာဉ်ရေးရာ အရေးအသားများဖြစ်သည်။ သူတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ အသုံးပြုခြင်းကို ခံရသော်လည်း၊ ထိုသို့သော လူများ၏ လုပ်ဆောင်မှုသည် အနှစ်ခြောက်ထောင် အစီအစဉ်အတွင်း ကြီးမြတ်သည့် စီမံခန့်ခွဲမှုအလုပ်နှင့် မသက်ဆိုင်ပါ။ သူတို့သည် မတူညီသည့် အချိန်များ၌ သန့်ရှင်းသော ဝိညာဉ်တော်၏ ထောက်ပံ့မှုအားဖြင့်၊ သူတို့၏ လုပ်ငန်း ပြီးမြောက် အောင်မြင်သည်အထိ သို့မဟုတ် သူတို့အသက်တာ ဆုံးခန်းတိုင်သည်အထိ သန့်ရှင်းသော ဝိညာဉ်တော်၏ လမ်းကြောင်းအတွင်း လူများကို သူတို့ဦးဆောင်ကြသည်။ သူတို့လုပ်ဆောင်သည့် အလုပ်မှာ ဘုရားသခင် ကိုယ်တိုင်အတွက် သင့်တော်သည့် လမ်းပြင်ဆင်ပေးရန် သို့မဟုတ် ကမ္ဘာမြေကြီးပေါ်တွင် ဘုရားသခင် ကိုယ်တိုင်၏ စီမံခန့်ခွဲမှု အတွင်းမှ အရာတစ်ခုကို ဆက်လက် လုပ်ကိုင်ရန်သာ ဖြစ်သည်။ ထိုသို့သော လူများသည် ဘုရားသခင်၏ စီမံခန့်ခွဲမှုအတွင်း ကြီးမြတ်သည့် အလုပ်ကို မလုပ်နိုင်ကြပါ၊ ထို့ပြင် လမ်းသစ်များကိုလည်း မဖွင့်နိုင်၊ ပြီးခဲ့သည့် ခေတ်ကာလက ဘုရားသခင်၏ လုပ်ဆောင်မှုအားလုံးကို အဆုံးသတ်ရန် သာ၍ပင် မပြုလုပ်နိုင်ပါ။ ထို့ကြောင့် သူတို့လုပ်သည့် အလုပ်သည် ဖန်ဆင်းခြင်း ခံရသူက သူ၏လုပ်ငန်းဆောင်တာကို လုပ်ကိုင်ခြင်း ကိုသာ ကိုယ်စားပြုပြီး၊ ဘုရားသခင်ကိုယ်တိုင် လုပ်ဆောင်သည့် သူ၏အမှုကို ကိုယ်စားမပြုနိုင်ပါ။ ဤသို့ဖြစ်ရခြင်းမှာ သူတို့ လုပ်ဆောင်သော အလုပ်သည် ဘုရားသခင် လုပ်ဆောင်သော အလုပ်နှင့် မတူညီ သောကြောင့် ဖြစ်သည်။ ခေတ်သစ်သို့ ဦးဆောင်သွားသည့် အလုပ်ကိုလုပ်သည့် ဘုရားသခင်နေရာကို ယူပြီး လူသားက မပြုလုပ်နိုင်ပါ။ ဘုရားသခင် ကိုယ်တိုင်ကလွဲပြီး အခြား မည်သူတစ်ဦးတစ်ယောက်မျှ မပြုလုပ်နိုင်ပါ။ လူသားများ လုပ်ဆောင်သည့် အလုပ်များအားလုံးက ဖန်ဆင်းခံများထဲမှ တစ်ဦးအနေဖြင့် သူ၏တာဝန်ကို လုပ်ဆောင်ခြင်းဖြစ်ပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်က ဉာဏ်အလင်းပေးသည့်အခါ သို့မဟုတ် ရွေ့လျားစေသည့် အခါ လုပ်ဆောင်ခြင်းဖြစ်သည်။ ထိုသို့သော လူများက ထောက်ပံ့ပေးသည့် လမ်းညွှန်မှုမှာ လူသား၏ နေ့စဉ် အသက်တာကို မည်သို့ ကျင့်ကြံသင့်သည်နှင့် လူသားများက ဘုရားသခင်၏ အလိုနှင့်အညီ မည်သို့ပြုမူ ဆောင်ရွက်သင့်သည်တို့ ဖြစ်ကြသည်။ လူသား၏ လုပ်ဆောင်မှုသည် ဘုရားသခင်၏ စီမံခန့်ခွဲမှုထဲတွင် မပါဝင် သကဲ့သို့ ဝိညာဉ်တော်၏ လုပ်ဆောင်မှုကိုလည်း ကိုယ်စားမပြုပါ။ ဥပမာတစ်ခုအားဖြင့်၊ မျက်မြင်သက်သေ လီ(Lee)နှင့် စောင့်ကြပ်ကြည့်ရှုသူ နီ(Nee) တို့၏အလုပ်မှာ လမ်းခရီးကို ဦးဆောင်ရန်ဖြစ်သည်။ အသစ်သော လမ်းဖြစ်ပါစေ သို့မဟုတ် ဟောင်းနွမ်းသည့်လမ်း ဖြစ်ပါစေ၊ အလုပ်ကို လုပ်ဆောင်ပုံသည် သမ္မာကျမ်းစာ၏ အခြေခံစည်းမျဉ်းစည်းကမ်းများကို မကျော်လွန်မှုအပေါ် အခြေခံသည်။ ဒေသခံ ဘုရားကျောင်းများကို ပြန်လည် ပြုပြင်သည် ဖြစ်စေ၊ သို့မဟုတ် တည်ဆောက်သည် ဖြစ်စေ၊ သူတို့၏ အလုပ်မှာ ဘုရားကျောင်းများ တည်ထောင် ရန်ဖြစ်သည်။ သူတို့သည် ယေရှုနှင့် သူ၏တပည့်တော်များက မပြီးပြတ်သည့် အလုပ်များကို ဆက်လက် လုပ်ကိုင်ခြင်း သို့မဟုတ် ကျေးဇူးတော်ခေတ်တွင် ဆက်လက်ဖွံ့ဖြိုးရန် လုပ်ကိုင်ခြင်းဖြစ်သည်။ သူတို့လုပ်ကိုင် သည်က ယေရှုက သူ၏နောက်ပိုင်း မျိုးဆက်များအား သူ၏ အလုပ်တွင် လိုက်လုပ်ရန် တောင်းဆိုခဲ့သည့် - ခေါင်းဖုံးခြင်း၊ ဗတ္တိဇံခံခြင်း၊ မုန့်ကို ချိုးဖဲ့ခြင်း၊ သို့မဟုတ် စပျစ်ရည်သောက်ခြင်း စသည်တို့ကို ထိန်းသိမ်းထားရန် ဖြစ်သည်။ သူတို့အလုပ်က ကျမ်းစာအတိုင်း ထိန်းသိမ်းထားရန်နှင့် ကျမ်းစာအတွင်းမှ လမ်းများကိုသာ ရှာဖွေရန်မျှသာဟု ဆိုနိုင်ပါသည်။ သူတို့သည် အသစ်သော တိုးတက်မှုများ လုပ်ဆောင်မှုမရှိပါ။ ထို့အတွက်ကြောင့်၊ လူတစ်ဦး တစ်ယောက်သည် သူတို့၏လုပ်ဆောင်မှုထဲတွင် ကျမ်းစာအတွင်းမှ နည်းလမ်းသစ်များ ရှာဖွေမှုကိုသာ တွေ့ရှိနိုင်ပြီး၊ ယင်းတို့သည် ပိုကောင်းပြီး ပို၍လက်တွေ့ကျသည့် ကျင့်ကြံမှုများဖြစ်သည်။ သို့သော် သူတို့၏ လုပ်ဆောင်မှုထဲတွင် ဘုရားသခင်၏ လက်ရှိအလိုကို တစ်စုံတစ်ယောက်က မမြင်နိုင်ပါ၊ နောက်ဆုံးသော ကာလတွင် ဘုရားသခင် လုပ်ဆောင်မည့် အလုပ်အသစ်ကို ပို၍ပင် ရှာမတွေ့နိုင်ပါ။ ထိုသို့ဖြစ်ရခြင်းမှာ သူတို့လျှောက်နေသည့် လမ်းမှာ လမ်းဟောင်းများထဲက တစ်ခုဖြစ်ဆဲဖြစ်ပြီး၊ တိုးတက်မှုနှင့် အသစ်တစ်ခုမျှ မရှိပါ။ သူတို့သည် “ယေရှု၏ကားတိုင်တွင် အသေခံခြင်း” အချက်၊ “လူများအားနောင်တရ၍ သူတို့၏ အပြစ်ကို ဝန်ခံရန် တောင်းဆိုခြင်း” ဟူသည့် ကျင့်ကြံမှု၊ “အဆုံးတိုင်အောင် တည်ကြည်သော အကြင်သူသည် ကယ်တင်ခံရလိမ့်မည်” ဟူသည့် ပြောဆိုချက်နှင့် “ယောင်္ကျားသည် မိန်းမ၏ ခေါင်းဖြစ်သည်” ထို့နောက် “မိန်းမသည် သူ့ခင်ပွန်းကို နာခံရမည်” ဟူသည့် ပြောဆိုချက်များစသည့် အချက်အလက်များကို ဆက်လက် ထိန်းသိမ်းကြသည်။ ထို့ထက်ပိုပြီး၊ ရှေးရိုးစွဲ အမြင်ဖြစ်သည့် “ညီအစ်မများသည် တရားမဟောရ၊ သူတို့သည် နာခံခြင်းကိုသာ ပြုနိုင်သည်” ဆိုသည့်အချက်ကို ထိန်းသိမ်းခဲ့ကြသည်။ ဤအပြုအမူ ကဲ့သို့သော ဦးဆောင်မှု က ဆက်သွားနေမည်ဆိုလျှင်၊ သန့်ရှင်းသော ဝိညာဉ်တော်က အသစ်သော လုပ်ဆောင်မှုကို ဘယ်သောအခါမျှ လုပ်ဆောင်နိုင်မည်မဟုတ်။ လူသားများကို အယူဝါဒများထဲမှ လွတ်မြောက်စေနိုင်မည် မဟုတ်ပါ၊ သို့မဟုတ် လူသားကို လွတ်မြောက်မှုနှင့် လှပမှု၏ နယ်ပယ်ထဲသို့ ဦးဆောင်လမ်းပြနိုင်မည် မဟုတ်ပါ။ ထို့ကြောင့် ခေတ်အပြောင်းအလဲများအတွက် ဤလုပ်ငန်းအဆင့်ကို ဘုရားသခင်ကိုယ်တိုင်က လုပ်ဆောင်ပြီး ပြောဆို ရမည်ဖြစ်သည်၊ ထိုသို့မဟုတ်ပါက မည်သည့် လူသားကမျှ ဘုရားသခင်ကိုယ်စား မလုပ်ဆောင်နိုင်ပါ။ ထို့ကြောင့် ယခုအချိန်ထိ၊ ဤလမ်းကြောင်းပြင်ပမှ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်မှုများ အားလုံး သည် ရပ်တန့်သွားပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အသုံးခံသော လူများကလည်း ရပ်တည်ရာများ ပျောက်ဆုံးနေခဲ့သည်။ ထို့ကြောင့် သန့်ရှင်းသောဝိညာဉ်တော်၏ အသုံးခံသည့် လူသားများ၏ လုပ်ဆောင်မှုက ဘုရားသခင်ကိုယ်တိုင် လုပ်ဆောင်သည့် အလုပ်နှင့် တူညီမှုမရှိသည့်အတွက်၊ သူတို့၏ သွင်ပြင်လက္ခဏာ နှင့် မည်သူ့ကိုယ်စား သူတို့လုပ်ကိုင်သည်ကလည်း ကွဲပြားမှုရှိကြသည်။ ဤသို့ဖြစ်ရခြင်းမှာ သန့်ရှင်းသော ဝိညာဉ်တော်က၊ လုပ်ဆောင်သူများအားလုံး၏ မတူညီသည့် သွင်ပြင်လက္ခဏာနှင့် အဆင့်အတန်းများ အပေါ်တွင်မူတည်ပြီး ကွဲပြားစွာ လုပ်ကိုင်ရန် ရည်ရွယ်သောကြောင့် ဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ အသုံးခံသည့် လူသားသည်လည်း အသစ်သော လုပ်ဆောင်မှုအချို့ကို လုပ်ဆောင်ကောင်း လုပ်ဆောင်နိုင်ပြီး၊ ယခင်ခေတ်က ပြီးမြောက်ခဲ့သော လုပ်ဆောင်မှု အချို့ကိုလည်း ဖယ်ထုတ်ကောင်း ဖယ်ထုတ်နိုင်ပေမည်၊ သို့သော် သူတို့၏ အလုပ်သည် အသစ်သော ခေတ်ထဲတွင် ဘုရားသခင်၏ စိတ်သဘောထားနှင့် အလိုကို ဖော်ပြနိုင်ခြင်း မရှိပါ။ ယခင်ခေတ်က လုပ်ဆောင်မှုကို ဖယ်ထုတ်ရန်သာ သူတို့လုပ်ကိုင်ကြသည်၊ ဘုရားသခင် ကိုယ်တိုင်၏ စိတ်သဘောထားနှင့် အလိုကို တိုက်ရိုက်ကိုယ်စားပြုသည့် အသစ်သော လုပ်ဆောင်မှုကို လုပ်ရန်မဟုတ်ပေ။ ထို့ကြောင့်၊ ခေတ်မမှီတော့သည့် ကျင့်ကြံမှု မည်မျှကို ပယ်ဖျက်သည်ဖြစ်စေ၊ သို့မဟုတ် သူတို့သည် ကျင့်ကြံမှုအသစ်များ မည်မျှကို စတင်လုပ်ဆောင်သည်ဖြစ်စေ၊ သူတို့သည် လူသားနှင့် ဖန်ဆင်းခံ ရသူများကိုသာ ကိုယ်စားပြုဆဲဖြစ်သည်။ ဘုရားသခင်ကိုယ်တိုင် အလုပ်များကို လုပ်ဆောင်သည့်အခါ၊ မည်သို့ပင်ဖြစ်စေ၊ သူသည် ယခင်ခေတ်က ကျင့်ကြံမှုများကို ပယ်ဖျက်မှုခြင်းများကို ပွင့်လင်းစွာ မကြေညာ ပါ၊ သို့မဟုတ် ခေတ်သစ်၏ စတင်မှုများကို တိုက်ရိုက် မကြေညာပါ။ သူ၏ လုပ်ငန်းဆောင်တာနှင့် ပတ်သက်လျှင် သူသည် ဖြောင့်မတ်ပြီး တည့်မတ်စွာ လုပ်သည်။ သူရည်ရွယ်သည့်အလုပ်ကို ပွင့်လင်းစွာ ဆောင်ရွက်သည်။ ယင်းမှာ၊ သူယူဆောင်လာသည့် အလုပ်အကြောင်းကို ပွင့်လင်းစွာ ထုတ်ဖော်သည်၊ မူလက ရည်ရွယ်ထားသည့်အတိုင်း သူ့အလုပ်ကို တည့်မတ်စွာ လုပ်ဆောင်သည်၊ သူ၏ဖြစ်တည်မှုနှင့် သူ၏ စိတ်သဘောထားကို ထုတ်ဖော်သည်။ လူသားအနေဖြင့်ယင်းကို မြင်သည်မှာ၊ ဘုရားသခင်၏ စိတ်သဘော ထားနှင့် သူ၏လုပ်ဆောင်မှုက ယခင်ကပြီးခဲ့သည့် ခေတ်ကာလများနှင့် မတူညီပေ။ သို့သော်၊ ဘုရားသခင် ကိုယ်တိုင်၏ အမြင်တွင်၊ ဤကားသူ့လုပ်ငန်း၏ ဆက်လက်လုပ်ကိုင်မှုနှင့် ဆက်လက်ဖွံ့ဖြိုးမှုမျှသာ ဖြစ်သည်။ ဘုရားသခင်ကိုယ်တိုင် လုပ်ကိုင်သည့်အခါ၊ သူ၏ နှုတ်ကပတ်တော်ကို ထုတ်ဖော်ပြီး အသစ်သော လုပ်ဆောင်မှုကို တိုက်ရိုက် ယူဆောင်လာသည်။ မတူညီခြင်းမှာ၊ လူသားလုပ်ဆောင်သည့်အခါ၊ ယင်းသည် စဉ်းစားချင့်ချိန်မှုနှင့် လေ့လာမှုအားဖြင့် ဖြစ်ပြီး၊ သို့မဟုတ် ယင်းသည် အသိပညာနှင့် အခြားသူများ၏ လုပ်ဆောင်မှုအပေါ် အခြေခံထားသည့် စနစ်တကျ ကျင့်ကြံမှုကို ကြီးထွားရင့်သန်စေခြင်း သာဖြစ်သည်။ ပြောရမည်ဆိုလျှင်၊ လူသားက လုပ်ဆောင်သည့် အလုပ်၏ အနှစ်သာရမှာ လုပ်ရိုးလုပ်စဉ်ကို ထိန်းသိမ်း ထားရန်ဖြစ်ပြီး “လမ်းဟောင်းများကို ဖိနပ်အသစ်များဖြင့် လျှောက်လမ်းရန်” ဖြစ်သည်။ ဆိုလိုသည်မှာ သန့်ရှင်းသော ဝိညာဉ်တော်၏ အသုံးခံသော လူသားများ လျှောက်သည့်လမ်းမှာ ဘုရားသခင်ကိုယ်တိုင် ဖွင့်ပေးခဲ့မှုအပေါ်တွင် တည်ဆောက်ထားသည်။ ထို့ကြောင့် မည်သို့ပင်ဖြစ်စေ၊ အဆုံးမှာ လူသားသည် လူသားဖြစ်ပြီး၊ ဘုရားသခင်က ဘုရားသခင်ဖြစ်သည်။
ဣဇာက်သည် အာဗြဟံထံမှ မွေးဖွားလာသကဲ့သို့ ယောဟန်သည်လည်း ကတိတော်အားဖြင့် မွေးဖွား လာခဲ့သည်။ သူသည် ယေရှုအတွင် လမ်းခင်းပေးခဲ့ပြီး များစွာသော အလုပ်ကို လုပ်ခဲ့သည်၊ သို့သော် သူသည် ဘုရားသခင် မဟုတ်ပါ။ သူသည် ယေရှုအတွက်သာ လမ်းကြောင်းခင်းပေး ခဲ့သည့်အတွက် သူသည် ပရောဖက်ဖြစ်သည်ဟု မှတ်ယူခြင်းခံရသည်။ သူ၏လုပ်ဆောင်မှုကလည်း ကြီးမြတ်ခဲ့သည်၊ သူက လမ်းခင်း ထားပေးပြီးမှသာ ယေရှုက သူ၏ လုပ်ဆောင်မှုများကို တရားဝင် စတင်ခဲ့ခြင်းဖြစ်သည်။ အနှစ်သာရအားဖြင့်၊ သူသည် ယေရှုကို ရိုးစင်းစွာ လုပ်ကိုင်ပေးခြင်းဖြစ်သည်၊ သူ၏အလုပ်သည် ယေရှု၏ အမှုကို ဆက်ကပ်ခြင်း ဖြစ်သည်။ သူလမ်းကြောင်း ခင်းပေးသည့် နောက်ပိုင်းတွင် ယေရှုက သူ၏အမှုကို စတင်ခဲ့သည်၊ ပိုမို သစ်လွင်သော လုပ်ဆောင်မှု၊ ပိုမိုတိကျသော၊ ပို၍အသေးစိတ်ကျသော လုပ်ဆောင်မှုဖြစ်သည်။ ယောဟန် သည် အမှု၏ အစပိုင်းကိုသာ လုပ်ဆောင်ခဲ့ပြီး၊ အသစ်သော အမှု၏ ပိုများသည့် အပိုင်းကို ယေရှုက လုပ်ဆောင်ခဲ့သည်။ ယောဟန်သည် အမှုသစ်ကို လုပ်ဆောင်ခဲ့သော်လည်း၊ သူသည် ခေတ်သစ်တစ်ခုကို ဖွင့်ပေးခဲ့သူ မဟုတ်ခဲ့ပါ။ ယောဟန်သည် ကတိတော်အားဖြင့် မွေးဖွားခဲ့ပြီး သူ့အမည်ကို ကောင်းကင်တမန်က ပေးခဲ့ခြင်းဖြစ်သည်။ ထိုအချိန်က လူအချို့တို့သည် သူ့အား သူ့ဖခင်အမည် ဇာခရိ အဖြစ် အမည်ပေးလို သော်လည်း၊ သူ၏မိခင်က “ဤကလေးကို ထိုအမည် ခေါ်၍မရပါ။ သူ့ကို ယောဟန်ဟု ခေါ်ရမည်” ဟု ပြောကြားခဲ့သည်။ ဤအရာများ အားလုံးကို သန့်ရှင်းသော ဝိညာဉ်တော်က ညွှန်ကြားခဲ့ခြင်း ဖြစ်သည်။ ဤသို့ဆိုလျှင် ယောဟန်ကို ဘုရားသခင်ဟု အဘယ်ကြောင့် မခေါ်သနည်း။ ယေရှု၏ အမည်နာမကိုလည်း သန့်ရှင်းသော ဝိညာဉ်တော်ကပင် ညွှန်ကြားခဲ့ခြင်းဖြစ်သည်၊ သူသည် သန့်ရှင်းသော ဝိညာဉ်တော်မှ မွေးဖွား ခဲ့ပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်၏ ကတိတော်အားဖြင့် မွေးဖွားခဲ့ခြင်း ဖြစ်သည်။ ယေရှုသည် ဘုရားသခင်၊ ခရစ်တော်နှင့် လူသား၏သား ဖြစ်ခဲ့သည်။ ယောဟန်၏ လုပ်ဆောင်မှုကလည်း ကြီးမြတ်ပါသော်လည်း သူ့ကို ဘုရားသခင်ဟု အဘယ်ကြောင့် မခေါ်သနည်း။ ယေရှုပြုခဲ့သည့် အလုပ်နှင့် ယောဟန် ပြုခဲ့သည့် အလုပ်နှစ်ခု အကြား မည်သည့်အရာများက တိကျစွာ ကွာခြားနေသနည်း။ ယောဟန်က ယေရှုအတွက် လမ်းကြောင်းခင်း ပေးခဲ့သူသည် တစ်ခုတည်းသော အကြောင်းပြချက်လား။ သို့မဟုတ် ဘုရားသခင်က ရှေးမဆွက ခွဲခန့် မှတ်သား ထား၍လော။ “နောင်တရကြလော့။ ကောင်းကင်နိုင်ငံတော်သည် တည်လုနီးပြီ” ဟု ယောဟန် ပြောခဲ့ပြီး၊ ကောင်းကင်နိုင်ငံတော် သတင်းကောင်းကို ဟောကြားခဲ့သော်လည်း၊ သူ၏ လုပ်ဆောင်မှုသည် နက်နဲမှုမရှိဘဲ၊ စတင်မှု၏ ပါဝင်ခြင်းတစ်ခုမျှသာ ဖြစ်သည်။ မတူညီချက်မှာ၊ ယေရှုက ခေတ်သစ်တစ်ခုကို ဖွင့်ပေးခဲ့ပြီး၊ အဟောင်းကို အဆုံးသတ်ခဲ့သည်။ သူသည် ဓမ္မဟောင်းကျမ်း၏ ဥပဒေသကိုလည်း ဖြည့်ဆည်း ပေးခဲ့သည်။ သူပြုခဲ့သည့် အမှုသည် ယောဟန်ထက် ပိုမိုကြီးမြတ်၍ သူသည် လူသားများအားလုံးကို ရွေးနှုတ်ရန် ကြွလာခြင်းဖြစ်သည် - သူသည် ထိုလုပ်ငန်းအဆင့်ကို လုပ်ဆောင်ခဲ့သည်။ ယောဟန်သည် ရိုးရှင်းစွာပင် လမ်းကြောင်းကို ပြင်ဆင်ပေးခဲ့သည်။ သူ၏ လုပ်ဆောင်မှုသည် ကြီးမြတ်သည်၊ သူသည် စကားလုံးများစွာ ပြောဆိုခဲ့ပြီး၊ သူ့နောက်သို့လိုက်သည့် တပည့်များစွာ ရှိပါသော်လည်း၊ သူ၏လုပ်ဆောင်မှုမှာ လူသားကို အသစ်သောစတင်ခြင်းသို့ ယူဆောင်လာခြင်းထက် ပိုမများပါ။ လူသားသည် သူ့ထံမှ အသက်၊ လမ်းခရီး သို့မဟုတ် ပိုနက်နဲသည့် သမ္မာတရားများကို ဘယ်သောအခါမျှ မရခဲ့သကဲ့သို့၊ သူ့အားဖြင့် ဘုရားသခင်၏ အလိုကို နားလည်နိုင်စွမ်းလည်း တစ်ခါမျှ မရရှိခဲ့ပါ။ ယောဟန်သည် ကြီးမြတ်သည့် ပရောဖက် (ဧလိယ)ဖြစ်သည်။ ယေရှု၏ အလုပ်အတွက် နေရာအသစ်ကို ရှေ့ပြေး ဆောင်ရွက်ပေးခဲ့သည်၊ ရွေးကောက်ခြင်း ခံရသည့်သူကို ပြင်ဆင်ပေးခဲ့သည်။ သူသည် ကျေးဇူးတော်ခေတ်၏ ရှေ့ပြေးတစ်ဦး ဖြစ်ခဲ့သည်။ ဤသို့သော အကြောင်းအရာများကို သူတို့၏ ပုံမှန် လူသားမျက်နှာ ဟန်ပန်များကို လေ့လာရုံဖြင့် မသိမမြင်နိုင်ပါ။ အထူးသဖြင့်၊ ယောဟန်သည် အတော်အတန် ကြီးမြတ်သည့် အလုပ်ကို ဆောင်ရွက်ခဲ့သည်။ ထို့ပြင်သူသည် သန့်ရှင်းသော ဝိညာဉ်တော်၏ ကတိတော်အားဖြင့် မွေးဖွားခဲ့ပြီး သူ၏လုပ်ဆောင်မှုများကို သန့်ရှင်းသော ဝိညာဉ်တော်က ထောက်ပံ့ပေးခဲ့သည်။ ထိုသို့သော အရာများကြောင့်၊ သူတို့နှစ်ဦးကြား သက်ဆိုင်ရာ သွင်ပြင်လက္ခဏာများသည် သူတို့၏လုပ်ဆောင်မှုအားဖြင့်သာ ခွဲခြားနိုင်သည်၊ လူသားတစ်ဦး၏ ပြင်ပသွင်ပြင်လက္ခဏာသည် သူ၏အနှစ်သာရကို မပြောနိုင်သကဲ့သို့ သန့်ရှင်းသော ဝိညာဉ်တော်၏ စစ်မှန်သည့် သက်သေခံချက်ကို လူသားအနေဖြင့် သေချာမလေ့လာ မစီစစ်နိုင်ပေ။ ယောဟန် လုပ်ဆောင် ခဲ့သည့် အလုပ်နှင့် ယေရှုပြုခဲ့သည့် အမှုတို့သည် တူညီမှုမရှိဘဲ သဘာဝခြင်းလည်း ခြားနားပါသည်။ ဤအရာကို ကြည့်ခြင်းအားဖြင့် သူသည် ဘုရားသခင် ဟုတ်လား၊ မဟုတ်လား ဆိုသည်ကို ဆုံးဖြတ်သင့် သည်။ ယေရှု၏ လုပ်ဆောင်မှုသည် စတင်ရန်၊ ဆက်သွားရန်၊ အဆုံးသတ်ရန်နှင့် ပြီးမြောက်အောင်မြင်ရန် ဖြစ်သည်။ ဤအဆင့် တစ်ဆင့်ချင်းစီကို ယေရှုက လုပ်ဆောင်ခဲ့သည်၊ တစ်နည်းဆိုရလျှင် ယောဟန်သည် အစပိုင်းထက်ပိုပြီး မလုပ်ဆောင်ခဲ့ပါ။ အစပိုင်းတွင် ယေရှုသည် ဧဝံဂေလိတရားကို ပြန့်ပွားစေပြီး နောင်တ တရား ရစေသည့် လမ်းခရီးကို ဟောပြောခဲ့သည်။ ထို့နောက် လူတွေကို ရေနှစ်ခြင်းပေးသည်၊ ဖျားနာမှုတွေကို ကုသပျောက်ကင်းစေပြီး နတ်ဆိုးများကို နှင်ထုတ်ခဲ့သည်။ အဆုံးတွင်၊ လူသားများကို အပြစ်မှ ရွေးနှုတ်ခဲ့ပြီး ခေတ်တစ်ခုလုံးအတွက် သူ၏အမှုကို အပြီးသတ်ခဲ့သည်။ သူသည် လူသားကို တရားဒေသနာ ဟောကြားခဲ့ပြီး ကောင်းကင်နိုင်ငံတော်၏ ဧဝံဂေလိ တရားတော်ကို နေရာအနှံ့အပြား၌ ပြန့်ပွားစေခဲ့သည်။ ဤအရာသည် ယောဟန်နှင့် အတူတူပင်ဖြစ်သည်၊ မတူညီသည့်အရာမှာ ယေရှုက ခေတ်သစ်ကို ဖွင့်ပေးခဲ့ပြီး၊ ကျေးဇူးတော် ခေတ်ကို လူသားများဆီသို့ ယူဆောင်လာပေးခဲ့သည်။ လူသားသည် အဘယ်အရာကို ကျင့်ကြံသင့်သည်နှင့် ကျေးဇူးတော်ခေတ်တွင် လူသားက လိုက်လျှောက်ရမည့် လမ်းကြောင်းကို သူ၏ နှုတ်မှ စကားလုံးကို ဖွင့်ဟခဲ့ပြီး၊ အဆုံးတွင် ရွေးနှုတ်ခြင်းအမှုကို သူအပြီးသတ်ခဲ့သည်။ ယောဟန်သည် ထိုကဲ့သို့သော အလုပ်ကို ဘယ်သောအခါမျှ မလုပ်ဆောင်နိုင်ခဲ့ပါ။ ထို့ကြောင့်၊ ယေရှုသည် ဘုရားသခင်ကိုယ်တိုင်၏ အလုပ်ကို လုပ်ဆောင်ခဲ့ပြီး၊ သူသည် ဘုရားသခင် ကိုယ်တိုင်ပင်ဖြစ်ကာ ဘုရားသခင်ကို တိုက်ရိုက် ကိုယ်စားပြုသည်။ ကတိတော်အားဖြင့် မွေးဖွားခဲ့သူများ၊ ဝိညာဉ်တော်အားဖြင့် မွေးဖွားခဲ့သူများ၊ သန့်ရှင်းသော ဝိညာဉ်တော်၏ ထောက်ပံ့မှုခံရသူများနှင့် လမ်းသစ်များ ဖွင့်ပေးသောသူများ အားလုံးတို့သည် ဘုရားသခင်ပင်ဖြစ်သည်ဟု လူသား၏ အယူအဆများအားဖြင့် ပြောဆိုကြသည်။ ဤသုံးသပ်ဆင်ခြင်မှုအရ၊ ယောဟန်သည်လည်း ဘုရားသခင် ဖြစ်လိမ့်မည်၊ ထို့အတူ၊ မောရှေ၊ အာဗြဟံနှင့် ဒါဝိဒ်တို့သည်လည်း ဘုရားသခင် ဖြစ်လိမ့်မည်။ ဤအရာသည် အကြီးစား ပြက်လုံးတစ်ခုပင် ဖြစ်မနေဘူးလား။
သူ၏ အမှုကို မစတင်မှီတွင်၊ ယေရှုသည်လည်း သန့်ရှင်းသော ဝိညာဉ်တော်က လုပ်ဆောင်သမျှကို လိုက်လျှောက်သည့် သာမန်လူသားတစ်ဦးပင် ဖြစ်သည်။ ထိုအချိန်က သူသည် သူ၏ ကိုယ်ပိုင် သွင်ပြင် လက္ခဏာကို သတိပြုမိသော်လည်း၊ ဘုရားသခင်ထံမှ လာသမျှအားလုံးကို သူနာခံခဲ့သည်။ သူ၏ အမှုကို မစတင်မှီတွင် သန့်ရှင်းသော ဝိညာဉ်တော်က သူ၏ သွင်ပြင်လက္ခဏာကို ဘယ်သောအခါမျှ မထုတ်ဖော်ခဲ့ပါ။ သူသည် သူ၏အမှုကို စတင်ပြီးမှသာ၊ ထိုစည်းမျဉ်းများနှင့် ထိုဥပဒေများကို သူပယ်ဖျက်ခဲ့သည်။ သူသည် သူ၏အမှုကို တရားဝင်စတင် ဆောင်ရွက်လာသည့် အချိန်မှသာ၊ သူ၏ စကားလုံးများသည် အမိန့်အာဏာနှင့် တန်ခိုးတို့ဖြင့် ပြည့်လျှမ်းနေသည်။ သူသည် သူ၏အမှုကို စတင်ဆောင်ရွက်ပြီးမှသာ ခေတ်သစ်၏ အစပိုင်းကို စတင် ဆောင်ယူလာသည်။. ဤဖြစ်ရပ်မတိုင်မှီ၊ သူ၏အတွင်းတွင် သန့်ရှင်းသော ဝိညာဉ်တော်က ၂၉ နှစ်မျှ ပုန်းလျှိုးတည်ရှိနေသည်၊ သူသည် လူသားတစ်ဦးကိုသာ ကိုယ်စားပြုနေပြီး ဘုရားသခင်၏ သွင်ပြင်လက္ခဏာ သို့မဟုတ် ဘုရားသခင်၏ လုပ်ဆောင်မှု မရှိသေးသည့် အချိန်အတွင်းဖြစ်သည်။ သူသည် သူ၏အမှုကို စတင် လုပ်ကိုင်သည့် အချိန်တွင်၊ လူကသူ့ကို ဘယ်လောက်အထိ သိပါစေ၊ သူ၏အမှုသည် ဘုရားသခင်ကိုယ်တိုင်ကို တိုက်ရိုက် ကိုယ်စားပြုသည့် အလုပ်ဖြစ်ပြီး၊ သူ၏အမှုကို စီစဉ်ထားသည့် အချိန်အတိုင်း လုပ်ဆောင်ခဲ့သည်။ ထိုအချိန်တွင် ယေရှုသည် သူ၏အနားပတ်ဝန်းကျင်မှ လူများကို “သင်တို့လည်း ငါ့ကို အဘယ်သူဖြစ်သည် ဆိုကြသနည်း” ဟုမေးခဲ့သည်။ “ကိုယ်တော်သည် ပရောဖက်များထဲမှ အကြီးမြတ်ဆုံးဖြစ်ပြီး ကျွန်ုပ်တို့၏ ကောင်းမြတ်သည့် သမားတော်ဖြစ်သည်” ဟု သူတို့ဖြေကြားခဲ့သည်။ အချို့က “ကိုယ်တော်သည် ကျွန်ုပ်တို့၏ မြင့်မြတ်သည့် ပရောဟိတ် ဖြစ်သည်” ဟု ဖြေဆိုကြသည်။ အမျိုးမျိုးသော ဖြေကြားမှုများကို ပေးခဲ့ကြသည်။ အချို့က သူသည် ယောဟန်ဖြစ်သည်၊ သူသည် ဧလိယဖြစ်သည်ဟု ဆိုကြသည်။ ထို့နောက် ယေရှုသည် ရှိုမုန်ပေတရုဆီသို့ လှည့်၍ “သင်တို့လည်း ငါ့ကို အဘယ်သူဖြစ်သည် ဆိုကြသနည်း” ဟုမေးခဲ့ရာ၊ “ကိုယ်တော် သည် ခရစ်တော်တည်းဟူသော အသက်ရှင်တော်မူသော ဘုရားသခင်၏သားတော် ဖြစ်တော်မူသည်” ဟု ရှိမုန်ပေတရုက ဖြေကြားခဲ့သည်။ ထိုအချိန်မှစ၍ သူသည် ဘုရားသခင် ဖြစ်ကြောင်းကို လူတို့ သတိပြုမိ လာကြသည်။ ဤအရာကို သိအောင် ပြုလုပ်ခဲ့သူမှာ၊ ယင်းကို ပထမဦးစွာ သိမြင်သဘောပေါက်ခဲ့သည့် ပေတရုဖြစ်ပြီး၊ သူ၏နှုတ်ဖျားမှ ထိုသို့ ပြောကြားခဲ့သည်။ ထို့နောက်၊ “သင်ပြောသမျှတို့သည် အသွေးအသား၏ ဖော်ပြခြင်းကို ခံခဲ့ရခြင်းမဟုတ်၊ သို့သော် ငါ့ခမည်းတော်က ညွှန်ကြားခြင်းဖြစ်သည်။” ဟု ယေရှုက အတည်ပြုခဲ့သည်။ သူသည် ဗတ္တိဇံခံပြီးနောက်၊ အခြားသူများက သိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ၊ သူ၏ အလုပ်မှာ ဘုရားသခင်၏ ကိုယ်စားဖြစ်သည်။ သူ၏အလုပ်ကို လုပ်ဆောင်ရန် ကြွလာခြင်းဖြစ်ပြီး၊ သူ၏ သွင်ပြင်လက္ခဏာကို ထုတ်ဖော်ရန်မဟုတ်ပါ။ ပေတရုက ထိုစကားလုံးများကို ပြောဆိုပြီးမှသာလျှင် လူများက သူ၏ သွင်ပြင်လက္ခဏာကို ပွင့်လင်းစွာ သိရှိလာခဲ့သည်။ သူသည် ဘုရားသခင် ကိုယ်တိုင်ပင် ဖြစ်သည်ကို သင့်အနေဖြင့် သတိထားမိခဲ့သည်ဖြစ်စေ၊ သတိမထားမိခဲ့သည်ဖြစ်စေ၊ အချိန်တန်သည့်အခါ သူက သူ၏လုပ်ဆောင်မှုကို စတင်ခဲ့သည်။ သင့်အနေဖြင့် သတိထားမိခဲ့သည်ဖြစ်စေ၊ သတိမထားမိခဲ့သည် ဖြစ်စေ၊ သူ၏လုပ်ဆောင်မှုကို ဆက်လက်လုပ်ကိုင်ခဲ့သည်။ သင်က ယင်းကို ငြင်းပယ်ခဲ့မည် ဆိုလျှင်ပင်၊ သူသည် သူ၏အလုပ်ကို လုပ်ဆောင်လိမ့်မည်ဖြစ်ပြီး၊ လုပ်ရမည့် အချိန်ရောက်သည့်အခါ သူလုပ်ဆောင် လိမ့်မည်။ သူသည် သူ၏အမှုကို လုပ်ဆောင်ရန်နှင့် အကောင်အထည်ဖော်ရန် ကြွလာခဲ့ခြင်းဖြစ်သည်၊ လူသားက သူ၏ဇာတိကို သိရန်လာခြင်းမဟုတ်ပါ၊ သို့သော် သူ၏လုပ်ဆောင်မှုများကို လူသားက ရရှိရန် ဖြစ်သည်။ ဤလုပ်ဆောင်မှု အဆင့်ကို လုပ်ဆောင်သူမှာ ဘုရားသခင်ကိုယ်တိုင် ဖြစ်သည်ကို သင်အသိအမှတ် မပြုလျှင်၊ သင်သည် အမြင်ကိုသာ လိုချင်နေသောကြောင့်ဖြစ်သည်။ ဤလုပ်ဆောင်မှုအဆင့်ကို သင်သည် ငြင်းပယ်၍ မရသေးပါ။ သင်က ယင်းကို အသိအမှတ်မပြုခြင်းက သန့်ရှင်းသော ဝိညာဉ်တော်သည် အလုပ် မလုပ်၊ သို့မဟုတ် သူ၏လုပ်ဆောင်မှုက မှားယွင်းနေသည်ဟု သက်သေမပြုနိုင်ပါ။ လူအချို့သည် သမ္မာကျမ်းစာထဲမှ ယေရှုကို ဆန့်ကျင်ပြီး လက်ရှိ လုပ်ဆောင်မှုများကိုပင် စစ်ဆေးကြသည့်အပြင်၊ ဤလုပ်ဆောင်မှု အဆင့်ကို ငြင်းဆန်ရန်အတွက် မည်သည့် ရှေ့နောက် မညီညွှတ်မှုမျိုးကိုမဆို အသုံးပြု ကြသည်။ ဤသည်မှာ မျက်စိကန်းနေသည့် လူတစ်ဦး၏ လုပ်ဆောင်ချက်ပင် မဟုတ်ဘူးလား။ သမ္မာကျမ်းစာထဲတွင် မှတ်သားထားသည်များ အားလုံးသည် အကန့်အသတ်ရှိပြီး၊ ဘုရားသခင်၏ လုပ်ဆောင်မှု အားလုံးကို ကိုယ်စားမပြုနိုင်ပေ။ ခရစ်ဝင်ကျမ်း လေးကျမ်းသည် ဖြစ်ပျက်မှုများကို ကန့်သတ်ချက်ဖြင့် စုပေါင်းရေးထားသော အခန်းကြီးများ တစ်ရာအောက် လျော့နည်းပြီး၊ ဖြစ်စဉ်များကို အကန့်အသတ်ဖြင့် ရေးသားထားသည်၊ ယင်းတို့မှာ ယေရှုက သင်္ဘောသဖန်းပင်ကို ကျိန်ဆိုခြင်း၊ ပေတရုက သခင်ကို သုံးကြိမ်တိုင်အောင် ငြင်းပယ်ခြင်း၊ သူ၏ လက်ဝါးကားတိုင်ပေါ် အသေခံခြင်းနှင့် ရှင်ပြန်ထမြောက်ခြင်း ပြီးနောက် နောက်လိုက် တပည့်တော်များရှေ့တွင် ယေရှု၏ ကိုယ်ထင်ပြခြင်း၊ အစာရှောင်ခြင်း သင်ကြားမှု၊ ဆုတောင်းခြင်းနှင့် ပတ်သက်သည့် သင်ကြားမှု၊ ကွာရှင်းခြင်းနှင့် ပတ်သက်သည့် သင်ကြားမှု၊ ယေရှု၏ မွေးဖွားလာမှုနှင့် ဆွေစဉ်မျိုးဆက်၊ ယေရှုနှင့် တပည့်တော်များ၏ အချိန်းအချက် စသည်တို့ ဖြစ်ကြသည်။ သို့သော်လည်း၊ ယနေ့၏ လုပ်ဆောင်မှုများသည် ယင်းတို့နှင့် ဆန့်ကျင်ကြောင်း ထင်ရှားနေသည့်တိုင်၊ လူသားက ယင်းတို့ကို ရတနာသိုက်များကဲ့သို့ ယခုတိုင် တန်ဖိုး ထားကြသည်။ ယေရှုသည် မွေးဖွားလာသည့် အချိန်မှစ၍ များစွာသော အလုပ်ကို လုပ်ဆောင်ခဲ့သည်ဟုပင် သူတို့ ယုံကြည်ကြသည်။ ယင်းမှာ ဘုရားသခင်သည် ဤလောက်များများပင် လုပ်ဆောင်နိုင်သည်ဟု သူတို့မှ ယုံကြည်ဘိသည့်အလားနှင့်၊ နောက်ထပ်လုပ်ဆောင်မည့် အလုပ်ရှိတော့မည် မဟုတ်ဘိသည့် အလားပင်။ ဤအရာသည် ရယ်စရာ ကောင်းမနေဘူးလား။
ယေရှု ကမ္ဘာမြေကြီးပေါ်တွင် ရှိနေခဲ့သည့်ကာလမှာ သုံးဆယ့်သုံးနှစ်ခွဲဖြစ်သည်။ ယင်းမှာ သူသည် ကမ္ဘာမြေကြီးပေါ်တွင် သုံးဆယ့်သုံးနှစ်ခွဲ နေထိုင်ခဲ့ခြင်းဖြစ်သည်။ သူသည် သုံးနှစ်ခွဲသာ အမှုကို ဆောင်ရွက်ခဲ့ ပြီး၊ ကျန်သည့်အချိန်များတွင်၊ သူသည် သာမန်လူသား အသက်တာဖြင့်သာ နေထိုင်ခဲ့သည်။ အစပိုင်းတွင်၊ သူသည် တရားစရပ်မှ ဝတ်ပြုစည်းဝေးကို တက်ရောက်ခဲ့ပြီး၊ ယဇ်ပရောဟိတ်များ၏ တရားဟောချက်များ နှင့် အခြားသူများ၏ တရားဒေသနာများကို နားထောင်ခဲ့သည်။ သူသည် သမ္မာကျမ်းစာမှ အသိပညာများစွာ ရရှိခဲ့သည်။ သူသည် ထိုသို့သော အသိပညာဖြင့် မွေးဖွားလာခြင်း မဟုတ်ပါ၊ ယင်းကို ဖတ်ခြင်းနှင့် နားထောင်ခြင်းအားဖြင့်သာ အသိပညာကို ရရှိခဲ့ခြင်းဖြစ်သည်။ ယေရှုသည် တစ်ဆယ့်နှစ်နှစ် အရွယ်တွင် တရားစရပ်၌ ကျမ်းတတ်ပုဂ္ဂိုလ်များကို ဆွေးနွေးမေးမြန်းခဲ့ကြောင်း သမ္မာကျမ်းစာထဲတွင် ရှင်းလင်းစွာ ရေးမှတ်ထားသည်။ ရှေးခေတ် ပရောဖက်များ၏ ဟောကြားချက်များက ဘာတွေလဲ။ မောရှေ၏ ပညတ်တော်များက ဘာတွေလဲ။ သမ္မာကျမ်းစာတွေကော၊ ဗိမာန်တော်ထဲတွင် ဘုရားသခင်ကို အစေခံနေသည့် ယဇ်ပရောဟိတ် ဝတ်ရုံများဝတ်ဆင်ထားသည့် သူများကကော ဘာတွေလဲ။ … သူသည် အသိပညာ သို့မဟုတ် နားလည်ခြင်း မရှိသည့်အတွက် မေးခွန်းများစွာ မေးခဲ့သည်။ သူသည် သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့် သန္ဓေတည်ခဲ့ခြင်း ဖြစ်သော်လည်း၊ သူသည် လုံးဝလူသာမာန် တစ်ဦးကဲ့သို့ မွေးဖွားခြင်း ခံခဲ့ရသည်။ သူ့တွင် ထူးခြားသည့် သွင်ပြင်လက္ခဏာ အချို့ရှိသော်လည်း၊ သူသည် သာမန်လူတစ်ဦးပင် ဖြစ်နေသေးသည်။ သူ၏ ခန္ဓာကိုယ် အရွယ်အစားနှင့် အသက်တို့နှင့်အညီ သူ၏အသိဉာဏ်သည် ဖွံ့ဖြိုး တိုးတက်လာခဲ့သည်။ ထို့နောက် သူ၏အသက်တာ တိုးတက်မှုသည်လည်း သာမာန်လူတစ်ဦး ကဲ့သို့ပင် ဖြစ်သည်။ လူသား၏ စိတ်ကူးထဲတွင်၊ ယေရှုသည် ကလေးဘဝ၊ ဆယ်ကျော်သက်ဘဝနှင့် သက်လတ်ပိုင်း အရွယ်တို့ကို မတွေ့ကြုံခဲ့ရဟု ထင်မြင်ထားသည်။ သူသည် အသက်သုံးဆယ်အရွယ် လူသားတစ်ယောက် အဖြစ် မွေးဖွားခြင်း ခံခဲ့ရကာ၊ သူ၏ လုပ်ဆောင်မှု အပြီးသတ်အချိန်တွင် ကားတိုင်တွင် အသေသတ်ခြင်း ခံခဲ့ရသည်ဟု လူသားက ယူဆထားသည်။ သူ၏အသက်တာသည် သာမန်လူတစ်ယောက်ကဲ့သို့ တိုးတက်ခြင်း မရှိနိုင်ဟု သူတို့ယုံကြည် ထားကြသည်။ သူသည် အစာလည်းမစား၊ လူနှင့်လည်း ပေါင်းသင်းခြင်းမရှိ ဖြစ်ကောင်းဖြစ်နိုင်ပြီး၊ လူသားကသူ့ကို မျက်စိတမှိတ်တွင် အလွယ်တကူ မမြင်နိုင်ပါ။ သူသည် ဘုရားသခင် ဖြစ်သည့်အတွက်၊ သူ့အားမြင်ခဲ့သူများအား သူမနှစ်သက်ဘဲ ခြောက်လှန့်ကောင်း ခြောက်လှန့်မည်။ လူ့ဇာတိ ခံယူသည့် ဘုရားသခင်သည် လူသားတစ်ဦး နေထိုင်သကဲ့သို့ နေထိုင်လိမ့်မည် မဟုတ်ဟု လူများက ယုံကြည်ကြသည်။ သူသည် သန့်ရှင်းသည့် ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည့်အတွက် သူသည် သန့်ရှင်းနေပြီး သူ၏ သွားကိုလည်း တိုက်စရာမလို သို့မဟုတ် သူ၏ မျက်နှာကိုလည်း သစ်စရာမလိုဟု သူတို့က ယုံကြည်ကြသည်။ ဤအရာများသည် လူသား၏ အတွေးအမြင်များ သက်သက် မဟုတ်ဘူးလား။ ယေရှု၏ အသက်တာကို လူသားတစ်ဦးအဖြစ် သမ္မာကျမ်းစာမှ မှတ်တမ်းတင်ထားခြင်း မရှိပါ၊ သူ၏ လုပ်ဆောင်မှုကိုသာ မှတ်တမ်း တင်ခဲ့သည်။ သို့ရာတွင် ယင်းသည် သူက ပုံမှန်လူ့သဘောသဘာဝ မရှိခဲ့၊ သို့မဟုတ် အသက် သုံးဆယ် မတိုင်မှီတွင် သူသည် လူသား၏ သာမန်အသက်တာ မရှိခဲ့ဆိုသည်ကို သက်သေမပြပါ။ သူသည် အသက် ၂၉ နှစ်တွင် သူ၏လုပ်ငန်းများကို တရားဝင် စတင်ဆောင်ရွက်ခဲ့သော်လည်း၊ ထိုအသက်အရွယ် မတိုင်မီ သူ၏ လူသားတစ်ဦးအဖြစ် နေခဲ့သောအသက်တာ တစ်ခုလုံးကို သင်မငြင်းပယ်နိုင်ပါ။ ထိုအဆင့်၏ မှတ်တမ်းကို သမ္မာကျမ်းစာက ချန်လှပ်ထားမျှရုံသာ ဖြစ်သည်၊ ယင်းသည် သူ၏ သာမန်လူသားဘဝသာဖြစ်ပြီး သူ၏ ဘုရားသဘာနှင့်ဆိုင်သော လုပ်ဆောင်မှု အဆင့်မဟုတ်သောကြောင့်၊ ၄င်းတို့ကို ရေးချထားရန် မလိုအပ်ပါ။ ယေရှု ဗတ္တိဇံမခံမီတွင်၊ သန့်ရှင်းသော ဝိညာဉ်တော်သည် သူ၏ လုပ်ငန်းကို ချက်ချင်း မလုပ်ဆောင်ခဲ့ပါ။ သို့ရာတွင် သူ၏အမှုကို ထမ်းဆောင်ရန် အချိန်စေ့သည့် နေ့ရက်အထိ ယေရှု၏ အသက်တာကို သာမန်လူသား တစ်ဦးအဖြစ် ထိန်းသိမ်းမျှရုံသာဖြစ်သည်။ သူသည် လူ့ဇာတိခံယူထားသည့် ဘုရားသခင် ဖြစ်သော်လည်း၊ ရင့်ကျက်လာစေသည့် လုပ်ငန်းစဉ်ကို သာမန်လူသားတစ်ဦးကဲ့သို့ ကြုံဆုံလျှောက်လှမ်းရသည်။ ဤလုပ်ငန်းစဉ်သည် သမ္မာကျမ်းစာထဲတွင် ချန်လှပ်ထားသည်။ ယင်းသည် လူသားအသက်တာ ဖွံ့ဖြိုးမှု အတွက် ကြီးမြတ်သည့် အထောက်အပံ့ မပေးနိုင်သောကြောင့် ချန်လှပ်ခဲ့ခြင်း ဖြစ်သည်။ သူ၏ ဗတ္တိဇံ ခံယူခြင်း မတိုင်မီသည် သူသည် ထုတ်ဖော်ခြင်း မခံရသေးသည့် အဆင့်ဖြစ်ပြီး၊ သူသည် အံ့သြဖွယ်များနှင့် နိမိတ်လက္ခဏာများကိုလည်း မလုပ်ဆောင်သေးပါ။ ယေရှုသည် ဗတ္တိဇံခံယူပြီးမှသာ လူသားကို ရွေးနှုတ်သည့် လုပ်ဆောင်မှုအားလုံးကို စတင်ခဲ့ပြီး၊ ယင်းသည် ကရုဏာ၊ သမ္မာတရား၊ ချစ်ခြင်းမေတ္တာနှင့် သနားကြင်နာမှု များစွာ ပါဝင်သည့် လုပ်ဆောင်မှုဖြစ်သည်။ ဤလုပ်ဆောင်မှု၏ အစပိုင်းသည် ကျေးဇူးတော်ခေတ်၏ အစပိုင်းလည်းဖြစ်သည်။ ထို့အတွက်ကြောင့်၊ ယင်းကို မှတ်တမ်းတင်ထားပြီး မျက်မှောက်ကာလသို့ လက်ဆင့်ကမ်းခဲ့သည်။ ယင်းသည် ထွက်လမ်းတစ်ခုကို ဖွင့်ပေးခဲ့ပြီး၊ ကျေးဇူးတော်ခေတ်မှ လူများအား ထိုခေတ်မှလမ်းကို လျှောက်လှမ်းရန်နှင့် လက်ဝါးကပ်တိုင် လမ်းကို လျှောက်လှမ်းရန်အတွက် အောင်မြင်မှု များအားလုံးကို ဆောင်ကြဉ်းပေးခဲ့သည်။ ထိုကဲ့သို့သော မှတ်တမ်းများကို လူသားက ရေးသားခဲ့သော်လည်း၊ အားလုံးမှာ ဖြစ်ရပ်မှန် သရုပ်ဖော်ပြမှုများဖြစ်ပြီး၊ အချို့ဖြစ်ရပ်များတွင် သေးမွှားသည့် အမှားများသာ ပါရှိသည်။ မည်သို့ပင်ဆိုစေကာမူ၊ ဤဖြစ်ရပ်များ၏ မှန်ကန်မှုကို တစ်ဦးတစ်ယောက်က မငြင်းပယ်နိုင်ပါ။ ယင်းတို့ကို လူသားက ရေးသားခဲ့သည့်အတွက် အမှားများ ပေါ်လာပါသော်လည်း၊ ယင်းတို့အားလုံးသည် အဖြစ်မှန်ဖြစ်သည်။ ယေရှုသည် ပုံမှန်ဖြစ်ပြီး သာမန် လူ့သဘာဝ ဖြစ်ခဲ့သည်ဟု အချို့က ပြောကောင်းပြောမည်၊ ဤသို့သာ ဆိုပါက သူသည် နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်အမှုများကို မည်ကဲ့သို့ လုပ်နိုင်ခဲ့မည်နည်း။ ယေရှုကြုံခဲ့ရသည့် ရက်လေးဆယ် စုံစမ်းသွေးဆောင်ခြင်းသည် အံ့သြဖွယ်ကောင်းသည့် နိမိတ်လက္ခဏာ တစ်ခုဖြစ်သည်၊ လူသာမန်တစ်ဦးက ယင်းကို အောင်မြင်နိုင်လိ်မ့်မည် မဟုတ်ပါ။ သူ၏ ရက်လေးဆယ် စုံစမ်းသွေးဆောင်ခြင်းသည် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်မှု ဖြစ်သည်။ ထိုသို့ဆိုလျှင် သူ၏ အတွင်း၌ တန်ခိုးစိုးစဥ်းမျှ မရှိဟု တစ်စုံတစ်ယောက်က အဘယ်သို့ ပြောနိုင်မည်နည်း။ သူ၏ နိမိတ် လက္ခဏာများနှင့် အံ့ဖွယ်အမှုများကို လုပ်ဆောင်ခြင်းက သူ့အား သာမန်လူတစ်ဦးဘဲ သာမန်လူ မမီနိုင်သည့် လူသားတစ်ဦးဖြစ်ကြောင်း ပြသနေခြင်း မဟုတ်သော်လည်း၊ သန့်ရှင်းသော ဝိညာဉ်တော်က သူကဲ့သို့သော သာမန်လူတစ်ဦးအတွင်း၌ လုပ်ဆောင်ခြင်းမျှသာဖြစ်ပြီး၊ ထို့အတွက်ကြောင့် သူသည် အံ့ဖွယ်ဖြစ်ရပ်များနှင့် ကြီးမြတ်သည့် လုပ်ဆောင်မှုကို လုပ်ဆောင်ရန် ဖြစ်နိုင်ခြင်းဖြစ်သည်။ ယေရှုသည် သူ၏အမှုကို မဆောင်ရွက်မီ၊ သို့မဟုတ် သမ္မာကျမ်းစာထဲတွင် ပြောသည့်အတိုင်း၊ သူ့အပေါ်သို့ ဝိညာဉ်တော် မဆင်းသက်မီ၊ ယေရှုသည် သာမန်လူတစ်ဦးဖြစ်ခဲ့ပြီး တန်ခိုးစိုးစဥ်းမျှ လက်ဝယ်မရှိခဲ့ချေ။ သန့်ရှင်းသော ဝိညာဉ်တော် ဆင်းသက်ပြီးမှသာ၊ ဆိုလိုသည်မှာ သူသည် သူ၏ အမှုကို စတင်ဆောင်ရွက်သည့် အချိန်မှသာ၊ သူသည် တန်ခိုးနှင့် ပြည့်ဝလာသည်။ ထိုကဲ့သို့ပင်၊ ဘုရားသခင်၏ လူ့ဇာတိခံယူခြင်း၌ သာမန်လူ့သဘာဝ မရှိဟူသည့် ယုံကြည်မှုကို လူသားက စွဲကိုင်ထားပြီး၊ ဘုရားသခင်၏ လူ့ဇာတိခံယူခြင်းတွင် လူ့သဘောသဘာဝ ပါဝင်မှုမရှိဟု မှားယွင်းစွာယုံကြည်သည်။ သေချာသည်မှာ အလုပ်နှင့် ဘုရားသခင်ကို လူသားက မြင်တွေ့သမျှ အလုံးစုံတို့သည် သဘာဝလွန်ဖြစ်ရပ် ဖြစ်သည်။ သင်၏ မျက်လုံးများနှင့် မြင်သည်များနှင့် သင်၏နားများနှင့် ကြားရသည်များ အားလုံးမှ သဘာဝလွန်ဖြစ်ရပ်များ ဖြစ်သည်၊ သူ၏ လုပ်ဆောင်မှုနှင့် သူ၏ နှုတ်ကပတ်တော် များကို လူသားအနေဖြင့် နားမလည်နိုင်ဘဲ လူသားမှ မရရှိနိုင်သည့်အတွက် ဖြစ်သည်။ ကောင်းကင်မှ တစ်ခုခုကို မြေကြီးပေါ်သို့ ယူလာပါက၊ ယင်းမှာ သဘာဝလွန်ဖြစ်ရပ်မဟုတ်ဘဲနှင့် မည်သည့်အရာများ ဖြစ်နိုင်မည်နည်း။ လူသားက နားမလည်၊ ဉာဏ်မမီနိုင်ဘဲ အလွန်တရာမှ အံ့သြဖွယ်ဖြစ်လျက် အမြောအမြင်ကြီးလှသော ကောင်းကင်နိုင်ငံတော်၏ နက်နဲရာများကို ကမ္ဘာမြေကြီးသို့ ဆောင်ယူလာသောအခါ ၎င်းတို့အားလုံးသည် သဘာဝလွန်အရာများ မဟုတ်သလော။ သို့သော်လည်း ၎င်းသည် မည်မျှပင် သဘာဝလွန်ဖြစ်နေပါစေ အရာခပ်သိမ်းကို သူ၏ သာမန်လူ့သဘာဝအတွင်းမှ လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်းကို သင်သိရမည်။ ဘုရားသခင်၏ ခံယူတော်မူသော လူ့ဇာတိခန္ဓာသည် လူ့သဘာဝနှင့် ပြည့်လျှမ်းနေသည်။ သို့မဟုတ်ပါက၊ သူသည် လူ့ဇာတိခံယူထားသည့် ဘုရားသခင် ဖြစ်မည်မဟုတ်ပါ။ ထိုအချိန်တွင် ယေရှုသည် ကြီးမြတ်သည့် တန်ခိုးများစွာကို ပြသခဲ့သည်။ ဣသရေလ လူမျိုးများ ကာလ၌ တွေ့ရသည်များမှာ သဘာဝလွန်ဖြစ်ရပ်များ ပြည့်ဝနေသည့် အရာများဖြစ်သည်။ သူတို့သည် ကောင်းကင်တမန်များနှင့် တမန်တော်များကို တွေ့မြင်ရပြီး၊ ယေဟောဝါ၏ အသံကိုလည်း ကြားခဲ့ရသည်။ ဤအရာများ အားလုံးသည် သဘာဝလွန်ဖြစ်ရပ်များ ဖြစ်မနေခဲ့ဘူးလား။ တကယ်ဘဲ၊ မျက်မှောက်ကာလတွင် လူသားကို လှည့်ဖြားရန်အတွက် သဘာဝလွန်ဖြစ်ရပ်များအားဖြင့် လုပ်ဆောင် နေသည့် မကောင်းဆိုးဝါး ဝိညာဉ်အချို့ရှိသည်။ ယင်းသည် ဘာမှမဟုတ်ဘဲ သူတို့အပိုင်းမှ အတုခိုးခြင်းသာ ဖြစ်ပြီး၊ သန့်ရှင်းသော ဝိညာဥ်တော် ပါဝင်ခြင်း မရှိသည့် လုပ်ဆောင်မှုအားဖြင့် လူသားကို လှည့်ဖြားရန် ဖြစ်သည်။ မကောင်းဆိုးဝါး ဝိညာဉ်များစွာသည် တန်ခိုးများ၏ လုပ်ဆောင်မှုနှင့် အနာရောဂါငြိမ်းစေခြင်းကို အတုခိုးကြသည်။ လက်ရှိနေ့ရက်တွင် သန့်ရှင်းသော ဝိညာဉ်တော်သည် ထိုကဲ့သို့သော လုပ်ဆောင်မှုမျိုးကို ဆက်လက်လုပ်ဆောင်ခြင်း မရှိတော့သည့်အတွက်၊ သူတို့သည် ဘာမှမဟုတ်ဘဲ မကောင်းဆိုးဝါး ဝိညာဉ်များ ၏ လုပ်ရပ်များသာ ဖြစ်ကြသည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်မှုကို နောက်မှ လိုက်လံ အတုခိုးသည်များ အားလုံးမှာ - သူတို့သည် မကောင်းဆိုးဝါး ဝိညာဉ်များဖြစ်သည်။ ထိုအချိန်က ဣသရေလ တွင် လုပ်ဆောင်သည့် အလုပ်အားလုံးမှာ သဘာဝလွန်ဖြစ်ရပ်မှ ဖြစ်သည်။ သို့သော်၊ ယခုအချိန်တွင် သန့်ရှင်းသော ဝိညာဉ်တော်က ထိုကဲ့သို့သောနည်းဖြင့် လုပ်ဆောင်မှု မရှိတော့ဘဲ၊ ထိုကဲ့သို့သော လုပ်ဆောင်မှု ကို လိုက်လံ လုပ်ဆောင်နေသည်မှာ စာတန်နှင့် မကောင်းဆိုးဝါး ဝိညာဉ်များ၏ နှောင့်ယှက်မှုပင်ဖြစ်သည်။ သို့ရာတွင်၊ သင့်အနေဖြင့် သဘာဝလွန်ဖြစ်ရပ်များ အားလုံးသည် မကောင်းဆိုးဝါး ဝိညာဉ်များ၏ လုပ်ဆောင်မှုများ ဖြစ်သည်ဟု မပြောနိုင်ပါ။ ဤကား ဘုရားသခင် လုပ်ဆောင်မှု၏ ခေတ်အပေါ်တွင် မူတည်နေသည်။ ယနေ့တွင် လူ့ဇာတိခံယူထားသည့် ဘုရားသခင်မှ လုပ်ဆောင်သည့် မည်သည့်အလုပ်သည် သဘာဝလွန်ဖြစ်ရပ် မဟုတ်သနည်း။ သူ၏ နှုတ်ထွက်စကားများက သင့်အတွက် နားလည်ရန်ခက်ခဲပြီး သင်ရရှိရန် ခက်ခဲကာ၊ သူ၏ လုပ်ဆောင်မှုကို မည်သည့်လူသားမျှ မလုပ်ဆောင်နိုင်ပါ။ သူ၏ နားလည်မှုကို လူသားက နားမလည်နိုင်ပါ။ ပြီးလျှင်၊ မည်သည့်လူသားကမှ သူ၏ အသိပညာသည် အဘယ်ကလာသည်ကို မသိနိုင်ပါ။ အချို့ကပြောကြသည် “ကျွန်ုပ်သည်လည်း ကိုယ်တော်ကဲ့သို့ပင် လုံးဝသာမန်လူဖြစ်၏၊ ကိုယ်တော် သိနေသည်ကို ကျွန်ုပ်ကမသိဘူး ဆိုသည်မှာကား အသို့နည်း။ ကျွန်ုပ်သည် အသက်ပိုကြီးရင့်၍ အတွေ့အကြုံ လည်းများ၏၊ ကျွန်ုပ်မသိသောအရာကို ကိုယ်တော်က အဘယ်သို့သိသနည်း။” ဤအရာများ အားလုံးသည် လူသားမှ မရရှိနိုင်ပါ။ “ဣသရေလတွင် လုပ်ဆောင်ခဲ့သည့် လုပ်ဆောင်မှုများကို မည်သူကမျှ မှန်ကန်စွာ မသိကြပါ၊ ကိုယ်တော်က မည်သို့လျှင် သိရသနည်း၊ သမ္မာကျမ်းစာကို ရှင်းလင်းဖော်ပြသူများ ကပင် ရှင်းပြချက် မပေးနိုင်။ ကိုယ်တော်က အဘယ်ကဲ့သို့ သိသနည်း” ဟူ၍ အံ့သြသည့် လူများပင်ရှိသည်။ ဤအခြေအနေများ အားလုံးသည် သဘာဝလွန်ဖြစ်ရပ်များ မဟုတ်ဘူးလား။ အရာအားလုံးနှင့် စကားတော် များက သူ့ထံသို့ အခက်အခဲမရှိဘဲ ရောက်လာသည်ကို သူသိသော်လည်း၊ သူသည် အံ့ဖွယ်အမှု တစ်ခုကိုမျှ မကြုံတွေ့ရသေးပါ။ ဤသည်မှာ သဘာဝလွန်ဖြစ်ရပ်အားဖြင့် မဟုတ်ဘူးလား။ သူ၏ လုပ်ဆောင်မှုသည် လူ့ဇာတိက ရရှိလက်ခံနိုင်သည်ထက် ပိုလွန်နေသည်။ ထိုကဲ့သို့သော လုပ်ဆောင်မှုကို လူ့ဇာတိရှိသူ မည်သူမျှ စဉ်းစားခြင်းဖြင့်မရနိုင်ဘဲ လူ၏စိတ်နှင့် ကျိုးကြောင်းဆင်ခြင်မှုအားဖြင့်လည်း လုံးဝ မရရှိနိုင်ပေ။ သူသည် ဘယ်သောအခါမျှ ကျမ်းစာကို မဖတ်သော်လည်း၊ ဣသရေလပြည်တွင် ဘုရားသခင်၏ လုပ်ဆောင်မှုကို သူနားလည်သည်။ သူသည် မြေကြီးပေါ်တွင်ရပ်၍ စကားပြောနေသော်လည်း၊ တတိယ ကောင်းကင် နိုင်ငံတော်၏ လျှို့ဝှက်ဆန်းကြယ်မှုများကို ပြောကြားသည်။ လူသားက ဤနှုတ်ထွက်စကားများကို ကြည့်သည့်အခါ၊ လူသားကို “ယင်းသည် တတိယကောင်းကင် နိုင်ငံတော်၏ ဘာသာစကား မဟုတ်ဘူးလား။” ဟူသည့် ခံစားချက်က ဖုံးလွှမ်းသွားသည်။ ဤအရာများ အားလုံးက သာမန်လူသား ရရှိနိုင်သည်ထက် ကျော်လွန်နေသည့် ကိစ္စများ မဟုတ်ဘူးလား။ ယင်းအချိန်၌ ယေရှုသည် အရက်လေးဆယ် အစာရှောင်ခြင်းကို ကျော်ဖြတ်ခဲ့ခြင်းက၊ သဘာဝလွန်ဖြစ်ရပ်အားဖြင့် မဟုတ်ခဲ့ဘူးလား။ အရက်လေးဆယ် အစာရှောင်ခြင်းက မကောင်းဆိုးဝါး ဝိညာဉ်များ၏ လုပ်ရှားမှုဟု သင်ပြောလျှင်၊ ယေရှုကို ရှုတ်ချရာ မကျဘူးလား။ ယေရှုသည် သူ၏အမှုကို မလုပ်ဆောင်မီက၊ သူသည် သာမန်လူသားများ အားလုံးကဲ့သို့ပင် ဖြစ်သည်။ သူသည်လည်း ကျောင်းတွင် စာသင်ယူခဲ့သည်။ သူသည် စာဖတ်စာရေးနိုင်ရန် မည်သို့လျှင် သင်ယူခဲ့မည်နည်း။ ဘုရားသခင် လူ့ဇာတိခံယူချိန်တွင် ဇာတိပကတိထဲတွင် သန့်ရှင်းသော ဝိညာဉ်တော် ကိန်းအောင်းနေသည်။ သို့သော်လည်း၊ သာမန်လူများကဲ့သို့ပင်၊ သူသည် ကြီးထွားမှု ဖြစ်စဉ်ကို ကျော်ဖြတ်ရန် လိုအပ်ခဲ့သည်။ သူ၏ စိတ်နှင့် အတွေးများ မရင့်ကျက်မီနှင့် သူသည် အမှုအရာများကို ပိုင်းခြားသိမြင်မှု မရှိခင်တွင်၊ သူ့ကို သာမန်လူတစ်ဦး အဖြစ် မှတ်ယူသည်။ သူ၏လူ့သဘောသဘာဝက ရင့်ကျက်လာသည့် အခါမှသာ သူသည် သူ၏အမှုကို ဆောင်ရွက်နိုင်ခဲ့သည်။ သူ၏ သာမန်လူ့သဘောသာဝက မရင့်ကျက်သေးဘဲ သူ၏တွေးခေါ်မှုက အားနည်း နေစဉ် သူမည်သို့လျှင် သူ၏သာသနာကို ထမ်းဆောင်နိုင်မည်နည်း။ သေချာသည်မှာ သူ့အသက် ခြောက်နှစ် သို့မဟုတ် ခုနှစ်နှစ် အရွယ်တွင် သူ၏ သာသနာကို ထမ်းဆောင်ရန် မျှော်လင့်၍ မရပေ။ ဘုရားသခင်သည် လူ့ဇာတိခံယူသည့် ပထမဆုံးအချိန်တွင် သူ့ကိုယ်သူ ဘုရားသခင်အဖြစ် အဘယ့်ကြောင့် ပွင့်ပွင့်လင်းလင်း မထင်ရှားမဖော်ပြခဲ့သနည်း။ သူ့ဇာတိပကတိ၏ လူ့သဘောသဘာဝသည် မရင့်ကျက်သေးဘဲ၊ သူ၏စိတ်နှင့် စဉ်းစားဆင်ခြင်မှုနှင့် ယင်းသို့ သော ဇာတိပကတိ၏ သာမန်လူ့သဘောသဘာဝမှာလည်း ပြည့်ဝမှု မရှိသေး၍ ဖြစ်သည်။ ဤအကြောင်း ကြောင့်၊ သူသည် ပုံမှန် လူ့သဘောသဘာဝနှင့် ပုံမှန်လူသား၏ စဉ်းစားဆင်ခြင်းမှုများကို ဇာတိပကတိထဲမှ သူ၏ အလုပ်ကို ထမ်းဆောင်နိုင်ရန် လုံလောက်ပြည့်စုံသည်အထိ သူပိုင်ဆိုင်ထားရန်မှာ မရှိမဖြစ် လိုအပ်ချက် ဖြစ်သည်။ ထို့နောက်မှသာ သူ၏အမှုကို စတင်လုပ်ကိုင်နိုင်ပေမည်၊ ဤကြောင့် သူသည် ဆက်လက်၍ ကြီးထွားရင့်သန်လာရန် လိုအပ်ပါသည်။ ယေရှုအသက် ခုနှစ်နှစ် သို့မဟုတ် ရှစ်နှစ်အရွယ်တွင် သူ၏အမှုကို စတင်ခဲ့မည်ဆိုလျှင် လူသားကသူ့ကို ပါရမီရှင်အဖြစ် သတ်မှတ်မည် မဟုတ်လား။ လူသားအားလုံးက သူ့ကို ဘာမျှမဟုတ်ဘဲ ကလေးဟုသာ ထင်မြင်မည် မဟုတ်လား။ မည်သူက သူ့ကို လက်ခံယုံကြည်နိုင်မည်နည်း။ မိမိရပ်နေသည့် ဟောပြောရာ စင်မြင့်ထက် ပို၍အရပ်မမြင့်သည့် အသက် ခုနစ်နှစ် သို့မဟုတ် ရှစ်နှစ်အရွယ် ကလေးတစ်ယောက်သည် တရားဒေသနာ ဟောပြောရန် သင့်လျော်ခဲ့ပါ၏လော။ သူ၏ လူ့သဘာဝသည် မရင့်ကျက်လာမီ သူသည် တာဝန် ထမ်းဆောင်နိုင်ခဲ့ပါ၏လော။ ယခုထိတိုင် မရင့်ကျက်သေးသည့် သူ၏လူ့သဘာဝနှင့် ဆိုပါက အလုပ်၏ အစိတ်အပိုင်း တော်တော်များများကို တကယ်ပင် မစွမ်းဆောင်မရရှိနိုင်ခဲ့ပေ။ လူ့ဇာတိထဲရှိ ဘုရားသခင် ဝိညာဉ်တော်၏ အလုပ်သည်လည်း မိမိ၏ ကိုယ်ပိုင် နည်းဥပဒေသများဖြင့် ထိန်းချုပ်ခြင်း ခံရသည်။ သာမန် လူ့သဘာဝနှင့် ပြည့်စုံမှသာလျှင် သူသည် အလုပ်ကို လုပ်ဆောင်နိုင်ပြီး ခမည်းတော်၏ အလုပ်တာဝန်ကို တာဝန်ယူနိုင်ပေမည်။ သို့မှသာ ကိုယ်တော်သည် သူ၏လုပ်ငန်းကို စတင်နိုင်ခဲ့သည်။ ယေရှုသည် သူ၏ကလေးဘဝတွင် ရှေးယခင်အချိန်က ဖြစ်ပျက်ခဲ့သည်များကို များစွာ နားမလည်နိုင်ခဲ့ပါ။ ကျမ်းတတ် ပုဂ္ဂိုလ်များအား မေးမြန်းခြင်းအားဖြင့်သာ သူနားလည်ခဲ့သည်။ စကားပြောခြင်းကို ပထမဆုံးသင်ယူပြီးသည် နှင့် သူသည် သူ၏လုပ်ငန်းကို စတင်လုပ်ဆောင်ခဲ့မည်ဆိုလျှင်၊ အမှားများတစ်ခုမျှ မလုပ်မိဖို့ မည်ကဲ့သို့လျှင် ဖြစ်နိုင်မည်နည်း။ ဘုရားသခင်က ခြေလှမ်းဘယ်လို မှားနိုင်မှာလဲ။ ထို့ကြောင့်သာ၊ သူသည် သူတတ်နိုင်သည့် အချိန်မှသာ သူ၏အလုပ်ကို စတင်ခဲ့သည်။ ယင်းတို့ကို ပြည့်စုံစွာ တာဝန်မယူနိုင်သရွေ့ မည်သည့်လုပ်ငန်း ကိုမျှ သူမစတင်ခဲ့ပါ။ ယေရှုသည် သက် ၂၉ နှစ်အရွယ်တွင် အတော်ရင့်ကျက်နေပြီဖြစ်ပြီး သူ၏လူ့သဘော သဘာဝသည် သူလုပ်သင့်သည့် လုပ်ငန်းကို တာဝန်ယူရန် ပြည့်စုံနေပြီဖြစ်သည်။ ထိုအခါမှသာလျှင် အနှစ်သုံးဆယ် ပုန်းအောင်း ကွယ်ပျောက်နေသည့် သန့်ရှင်းသော ဝိညာဉ်တော်သည် မိမိကိုယ်ကိုယ် စတင် ထုတ်ဖော်ပြီး သူ၏အတွင်းတွင် ဘုရားသခင်၏ ဝိညာဉ်တော်က တရားဝင်လုပ်ဆောင်မှုကို စတင်ခဲ့သည်။ ထိုအချိန်တွင် ယောဟန်သည် သူ့အတွက် လမ်းဖွင့်ပေးရန် ခုနှစ်နှစ်မျှ ပြင်ဆင်ခဲ့သည်။ ယောဟန်သည် သူ၏လုပ်ငန်းကို အပြီးသတ်ပြီးနောက် ထောင်သွင်းအကျဉ်းချခြင်း ခံခဲ့ရသည်။ ထို့နောက်တွင် ယေရှုထံသို့ ဝန်ထုပ်ဝန်ပိုး တစ်ခုလုံးကျလာခဲ့သည်။ အကယ်၍ သူသည် အသက် ၂၁ သို့မဟုတ် ၂၂ ကတည်းက ဤအလုပ်ကို တာဝန်ယူခဲ့ပါက၊ သူသည် လူ့သဘောသဘာဝ အလွန်နည်းနေသေးပြီး လူငယ်ဘဝသို့ ချဉ်းနင်း ဝင်ရောက်လာခါစပင် ရှိပါသေးသည်။ များစွာသောအရာကို နားလည်မှု နည်းနေသေး၍ ထိန်းချုပ်ကွပ်ကဲမှုကို တတ်နိုင်ဦးမည် မဟုတ်ပေ။ ထိုအချိန်တွင် ယေရှုသည် သူ၏သတ်လတ်ပိုင်း၌ အလုပ်ကိုမစတင်မှီ၊ ယောဟန်မှ သူ၏အလုပ်များကို အချိန်ခဏကြာမျှ စတင်ပြီးဖြစ်သည်။ ထိုအသက်အရွယ်တွင် သူ၏ သာမန် လူ့သဘောသဘာဝက သူလုပ်ဆောင်သင့်သည့် အလုပ်ကို တာဝန်ယူရန် ပြည့်စုံနေပြီဖြစ်သည်။ ယခုမူ လူ့ဇာတိခံယူသော ဘုရားသခင်၌လည်း သာမန် လူ့သဘောသဘာဝ ရှိပြီဖြစ်သည်။ သင်တို့နှင့် နှိုင်းယှဉ်လျှင် မရင့်ကျက်သေးသော်လည်း၊ သူ၏ သာမန်လူ့သဘော သဘာဝက သူလုပ်ဆောင်သင့်သည့် အလုပ်ကို တာဝန်ယူရန် ပြည့်စုံနေပြီဖြစ်သည်။ ယနေ့သူလုပ်ဆောင်နေသည့် အလုပ်၏အခြေအနေက ယေရှုလုပ်ခဲ့သည် နှင့် အလုံးစုံ မတူညီပါ။ ယေရှုက အဘယ်ကြောင့် တပည့်တော် ဆယ့်နှစ်ပါးကို ရွေးချယ်ခဲ့သနည်း။ သူ၏ လုပ်ငန်းအားလုံးကို ထောက်ပံ့ပေးရန်နှင့် ပူးပေါင်းဆောင်ရွက်ရန် ဖြစ်သည်။ အခြားတစ်ဖက်မှာ၊ ထိုအချိန် တွင် သူ့လုပ်ငန်း၏ အုတ်မြစ်ကို ချရန်ဖြစ်ပြီး၊ ထိုနည်းတူစွာပင် သူ၏လုပ်ငန်းကို ဆက်လက်လုပ်ကိုင်ရန် လုပ်ဆောင်ခြင်း ဖြစ်သည်။ တပည့်တော် ဆယ့်နှစ်ပါးကို ရွေးချယ်ရခြင်းမှာ ယေရှုကိုယ်တိုင်သာမက ဘုရားသခင် ကိုယ်တိုင်တို့၏ ရည်ရွယ်ချက်ဖြစ်ပြီး အလုပ်နှင့်လည်း ကိုက်ညီမှုရှိသည်။ တပည့်တော် ဆယ့်နှစ်ပါးကို ရွေးချယ်ပြီးနောက် နေရာအားလုံးသို့ သွားရောက် တရားဟောပြောမည်ဟု သူယုံကြည် ခဲ့သည်။ သို့သော် ယနေ့တွင် သင်တို့အကြား ဤကဲ့သို့ မလိုအပ်တော့ပေ။ ဇာတိပကတိထဲသို့ ခံယူသည့် ဘုရားသခင်၏ အလုပ်တွင် နည်းဥပဒေသများစွာရှိသည်။ လူသားအနေဖြင့် ရိုးရှင်းစွာ နားမလည်နိုင်သည်မှာ များ၍၊ လူသားသည် သူ၏ကိုယ်ပိုင် အယူအဆများကို အစဉ်တစိုက် အသုံးပြုပြီး ယင်းကို တိုင်းတာမှုပြုသည် သို့မဟုတ် ဘုရားသခင်ထံမှ ပိုကဲသည့် တောင်းဆိုမှုများ ပြုသည်။ ယနေ့တွင် လူများစွာတို့သည် သူတို့၏ အသိပညာက ဘာမှမပါရှိဘဲ သူတို့၏ ကိုယ်ပိုင် အယူအဆများသာ ဖြစ်နေသည်ကို မသိကြပေ။ ဘုရားသခင် လူ့ဇာတိခံယူခြင်းက မည်သည့်ခေတ် သိုမဟုတ် မည်သည့် နေရာတွင်ဖြစ်နေပါစေ၊ ဇာတိပကတိထဲရှိ သူ၏လုပ်ငန်းအတွက် နည်းဥပဒေသများကတော့ ပြောင်းလဲမှုမရှိဘဲ တည်မြဲနေပါသည်။ ဇာတိပကတိကို ကျော်လွန်၍ အလုပ်လုပ်ပြီး သူသည်လူ့ဇာတိ ခံယူ၍ မရပါ။ ထို့ထက်ပိုပြီး၊ သူသည် ပုံမှန်လူ့သဘော သဘာဝ၏ ဇာတိပကတိ အတွင်းတွင်လည်း အလုပ်မလုပ်ဘဲ လူ့ဇာတိခံယူ၍ မရနိုင်ပါ။ သို့မဟုတ်ပါက ဘုရားသခင် လူ့ဇာတိခံယူသည့် အဓိပ္ပာယ်က အလဟဿ ဖြစ်သွားလိမ့်မည်ဖြစ်ပြီး နှုတ်ကပတ်တော်သည် လူ့ဇာတိခံယူခြင်း အလုံးစုံသည်လည်း အဓိပ္ပာယ် မဲ့သွားလိမ့်မည်။ ထို့ပြင်၊ ကောင်းကင်ဘုံ၌ ရှိသော ခမည်းတော်(ဝိညာဉ်တော်)သာလျှင် ဘုရားသခင် လူ့ဇာတိခံယူခြင်းကို သိရှိသည်။ အခြားဘယ်သူမျှ၊ လူ့ဇာတိခံယူသူ ကိုယ်တိုင်ပင် သို့မဟုတ် ကောင်းကင်မှ ကောင်းကင်တမန်များပင် မသိရှိပါ။ ထိုကဲ့သို့ပင်၊ ဇာတိပကတိမှ ဘုရားသခင်၏ လုပ်ဆောင်မှုသည် ပိုပြီးသာမန်ဖြစ်ကာ နှုတ်ကပတ်တော်က လူ့ဇာတိ ခံယူခြင်းကို အမှန်တကယ် ပိုပြီးထင်ရှားစေနိုင်သည်။ ဇာတိပကတိ၏ အဓိပ္ပာယ်မှာ ပုံမှန်ဖြစ်သော သာမန် လူသားကို ဆိုလိုပါသည်။
ခေတ်ကာလကို ဘုရားသခင် ကိုယ်တိုင်က အဘယ်ကြောင့် ဖွင့်ပေးရလဲဟု အချို့က စဉ်းစားကောင်း စဉ်းစားမည်။ ဘုရားသခင်၏ ကိုယ်စား ဖန်ဆင်းခံသူတစ်ဦးက မဖွင့်ပေးနိုင်ဘူးလား။ ဘုရားသခင်သည် ခေတ်သစ်ကို ဖွင့်ပေးရန်အတွက် လူ့ဇာတိကို အတိအလင်း ခံယူခဲ့ကြောင်းကို သင်တို့အားလုံး သတိထားမိ ကြမည့်အပြင်၊ သူတကယ်ဘဲ ခေတ်သစ်ကို ဖွင့်ပေးခဲ့သည်၊ သူသည် တစ်ချိန်တည်းမှာဘဲ ခေတ်ဟောင်းကို အဆုံးသတ်ခဲ့သည်။ ဘုရားသခင်သည် အစနှင့်အဆုံး ဖြစ်သည်။ ဘုရားသခင်၏ လုပ်ငန်း လှုပ်ရှားမှုကို ချမှတ်ခဲ့သူမှာ သူကိုယ်တိုင်ပင်ဖြစ်သည့်အတွက် အရင်ခေတ်ကို အဆုံးသတ်မည့်သူမှာလည်း သူကိုယ်တိုင်ပင် ဖြစ်ရမည်။ ယင်းသည် သူစာတန်ကို အောင်နိုင်ခဲ့ပြီး ကမ္ဘာမြေကြီးကို စိုးမိုးနိုင်သည့် သက်သေဖြစ်သည်။ သူကိုယ်တိုင် လူသားအကြား လုပ်ဆောင်သည့် အချိန်တစ်ခုစီသည်၊ စစ်ပွဲသစ်တစ်ခု၏ အစပင်ဖြစ်သည်။ အသစ်သော အလုပ်၏ စတင်ခြင်းမရှိလျှင်၊ အလိုအလျောက်ပင် အဟောင်း၏ အဆုံးသတ်သည် ရှိလာမည် မဟုတ်ပေ။ အဟောင်း၏ အဆုံးသတ်မရှိလျှင် စာတန်နှင့် တိုက်ပွဲဝင်ခြင်းက အဆုံးသတ်ဖို့ နီးလာပြီဟူသော သက်သေမရှိပေ။ ဘုရားသခင် ကိုယ်တိုင်လာပြီး လူသားကြားတွင် လုပ်ဆောင်မှုအသစ်များကို ဆောင်ရွက်မှ သာလျှင်၊ လူသားသည် စာတန်၏အုပ်စိုးမှုကို အပြည့်အဝချိုးဖောက်ပြီး အသက်တာအသစ်နှင့် စတင်မှု အသစ်ကို ရရှိနိုင်မည်။ သို့မဟုတ်လျှင်၊ လူသားသည် ခေတ်ဟောင်းတွင် တစ်သက်လုံး နေထိုင်နေပြီး စာတန်၏ လွှမ်းမိုးမှုအဟောင်း အောက်၌သာ တစ်သက်လုံး နေရလိမ့်မည်။ ဘုရားသခင် ဦးဆောင်ခဲ့သည့် ခေတ်တစ်ခုစီတိုင်းတွင်၊ လူသားအချို့က လွတ်မြောက်မှုကို ရရှိခဲ့ပြီး၊ ထို့အတွက်ကြောင့် လူသားသည် ခေတ်သစ်ဆီသို့ ဘုရားသခင်၏ လုပ်ဆောင်မှုနှင့်အတူ ချီတက်လာခဲ့သည်။ ဘုရားသခင်၏ အောင်မြင်မှုသည် သူ့နောက် လိုက်လျှောက်သည့် သူများအားလုံး၏ အောင်မြင်မှုပင်ဖြစ်သည်။ ခေတ်ကာလကို အဆုံးသတ်ခြင်း ကို ဖန်ဆင်းခံလူသားများအား တာဝန်ပေးမည်ဆိုလျှင်၊ ယင်းသည် လူသား သို့မဟုတ် စာတန်၏ အမြင်မှပင် ဖြစ်စေ၊ ယင်းသည် ဘုရားသခင်ကို ဆန့်ကျင်သည့် သို့မဟုတ် သစ္စာဖောက်သည့် လုပ်ရပ်တစ်ခုထက်မပိုပါ၊ ဘုရားသခင်ကို နာခံခြင်းတစ်ခု မဟုတ်ပါ၊ ထို့နောက် လူသား၏ လုပ်ဆောင်မှုသည် စာတန်၏ တန်ဆာပလာတစ်ခု ဖြစ်လာပေလိမ့်မည်။ လူသားသည် နာခံမှုရှိပြီး ဘုရားသခင် ဖွင့်ပေးခဲ့သည့် ခေတ်တစ်ခုနောက်သို့ လိုက်မှသာလျှင်၊ စာတန်က အပြည့်အဝ ယုံကြည်ပေလိမ့်မည်။ ယင်းသည် ဖန်ဆင်းခံတစ်ဦး၏ တာဝန်ပင် ဖြစ်သည်။ ထို့ကြောင့် ငါပြောလိုသည်မှာ သင်တို့လိုအပ်သည်ကား လိုက်လျှောက်ရန်နှင့် နာခံရန်သာဖြစ်သည်၊ သင်တို့ထံမှ နောက်ထပ်မတောင်းဆိုပါ။ ယင်းသည် တစ်ဦးတစ်ယောက်စီက သူ၏တာဝန်ကို ထိန်းသိမ်း ထားပြီး သူ၏ လုပ်ငန်းဆောင်တာကို လုပ်ကိုင်ခြင်းအား ဆိုလိုပါသည်။ ဘုရားသခင်သည် သူ၏ကိုယ်ပိုင် အလုပ်ကို သူလုပ်ပြီး၊ လူသားက သူ့ကိုယ်စား လုပ်ပေးရန် မလိုအပ်ပေ၊ သို့မဟုတ် သူသည် ဖန်ဆင်းခံများ၏ အလုပ်ကိုလည်း ပါဝင်ပတ်သက်ခြင်း မရှိပေ။ လူသားသည် သူ၏ကိုယ်ပိုင်တာဝန်ကို ဆောင်ရွက်ပြီး ဘုရားသခင်၏ အလုပ်ကို ဝင်ရောက်စွက်ဖက်ခြင်း မရှိပေ။ ယင်းသည် စစ်မှန်သည့် နာခံခြင်းဖြစ်ပြီး စာတန်ကို အနိုင်ယူနိုင်သည့် သက်သေဖြစ်သည်။ ဘုရားသခင် ကိုယ်တိုင်က ခေတ်သစ်ဆီသို့ လမ်းဖွင့် ပေးပြီးနောက်၊ သူကိုယ်တိုင်သည် လူသားများအကြားတွင် ဆက်လက်လုပ်ကိုင်ခြင်း မရှိတော့ပေ။ ထို့နောက် မှသာ လူသားသည် သူ၏တာဝန်ကို လုပ်ဆောင်ရန်နှင့် ဖန်ဆင်းခံတစ်ဦးအနေဖြင့် သူ၏အမှုကို ထမ်းရွက်ရန် ခေတ်သစ်ဆီသို့ တရားဝင် လှမ်းလာခဲ့သည်။ ယင်းတို့သည် မည်သူမျှ ဖောက်ဖျက်၍ မရသည့် လုပ်ဆောင်မှု ဥပဒေသများဖြစ်သည်။ ဤနည်းလမ်းဖြင့် လုပ်ဆောင်ခြင်းသည်သာလျှင် သင့်တင့်လျောက်ပတ်မှုရှိပြီး ယုတ္တိရှိသည်။ ဘုရားသခင်၏ အလုပ်ကို ဘုရားသခင်ကိုယ်တိုင်က လုပ်ဆောင်သည်။ သူ၏အလုပ်ကို စတင်လည်ပတ်စေသည်မှာ သူသာလျှင်ဖြစ်ပြီး၊ သူကပင် ယင်းကို အဆုံးသတ်သည်။ အလုပ်ကို စီစဥ်သည်မှာ သူသာလျှင် ဖြစ်ပြီး၊ ယင်းအား စီမံခန့်ခွဲသည်မှာလည်း သူသာလျှင် ဖြစ်သည်၊ ထို့ထက်မက အလုပ်ကို အောင်မြင် ပြည့်စုံစေသူမှာလည်း သူသာလျှင် ဖြစ်ပေသည်။ သမ္မာကျမ်းစာထဲတွင် ဖော်ပြထားသည့်အတိုင်း၊ “ငါသည်အစနှင့် အဆုံးဖြစ်သည်”၊ “ငါသည် ပျိုးကြဲသောသူနှင့် စပါးရိတ်သောသူဖြစ်သည်” ဟူ၍ဖြစ်သည်။ ယင်းတို့အားလုံးသည် သူကိုယ်တိုင် လုပ်ဆောင်ခဲ့သည့် သူ၏ အလုပ်မှ စီမံခန့်ခွဲမှုနှင့် ဆက်နွယ်နေသည်။ သူသည် အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ်၏ အုပ်ချုပ်သူဖြစ်သည်။ သူသည် အရာအားလုံးကို ထိန်းချုပ်ထားသူ ဖြစ်သည့်အတွက်၊ မည်သူမျှ ဘုရားသခင်ကိုယ်စား သူ့အလုပ်ကို မလုပ်နိုင်ပါ သို့မဟုတ် သူ့လုပ်ငန်းများကို အဆုံးသတ်စေရန် မပြုလုပ်နိုင်ပါ။ သူသည် ကမ္ဘာမြေကြီးကို ဖန်ဆင်းခဲ့သည့်အတွက်၊ ကမ္ဘာတစ်ခုလုံးကို သူ၏အလင်းရောင်ထဲတွင်နေရန် ဦးဆောင်မည်ဖြစ်ပြီး၊ သူ၏ အစီအစဉ်အားလုံးကို အကောင်အထည် ဖော်ရန်အတွက် ခေတ်တစ်ခုလုံးကို အဆုံးသတ်လိမ့်မည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ မှ
No comments:
Post a Comment