菜單

မူလစာမျက်နှာ သတင်းအချက်အလက် အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ စွဲကိုင်ထားသူ လွတ်လပ်မှန်ကန်တဲ့လူ့အခွင့်အရေး ကယ်တင်ရှင်ပြန်ကြွလာပြီ ဧဝံဂေလိတရားတော် ကောင်းကင်နိုင်ငံတော်သီချင်း အမှန်တရားကို ဖေါ်ထုတ်ခြင်း နိုင်ငံတော် ချီးမွမ်းခြင်း တေးဂီတ ဘုရားသခင်၏ နှုတ်ကပတ်တော်များ ဖတ်ကြားခြင်းများ

4/01/2019

ဘုရားသခင်၏ စကားတော် | အဖြည့်ခံဖြစ်ရန် သင်အဘယ်ကြောင့် အလိုမရှိသနည်း

အသက်, အသင်းတော်, သူဆုတောင်း, ခရစ်တော်၏ ပြောကြားချက်များ,

သိမ်းပိုက်ခြင်းခံရသောသူများသည် အဖြည့်ခံများဖြစ်ကြပြီး စုံလင်အောင်ပြုခြင်းခံရပြီးမှသာ ၎င်းတို့သည် နောက်ဆုံးသောကာလ၌ဖြစ်သော အမှု၏ စံပြများနှင့် နမူနာများ ဖြစ်ကြသည်။ စုံလင်ခြင်းသို့ မရောက်မီ ၎င်းတို့သည် အဖြည့်ခံများ၊ ကိရိယာများဖြစ်သည်သာမက အစေခံရာ တန်ဆာပလာများ ဖြစ်ကြသည်။ ဘုရားသခင်၏ စေ့စပ်သေချာစွာ သိမ်းပိုက်ခြင်း ခံရသောသူများသည် သူ၏စီမံခန့်ခွဲမှုအစီအစဉ်အတွက် ပုံဆောင်ခဲများဖြစ်သည်သာမက စံပြများနှင့် နမူနာများ ဖြစ်ကြသည်။ လူတို့အတွက်ဖြစ်သည့် အနည်းငယ်သော ယင်းအောက်ခြေ နာမည်ဂုဏ်ပုဒ်များသည် စိတ်ဝင်စားဖွယ်ကောင်းသော ဇာတ်လမ်းများစွာကို ပြသခြင်းပင်ဖြစ်သည်။ ယုံကြည်ခြင်း အနည်းငယ်ရှိသော သင်တို့သည် သင်တို့၏မျက်နှာ နီမြန်းသည့်အထိ အရေးမပါသော နာမည်ဂုဏ်ပုဒ်တစ်ခုအတွက် အမြဲတစေ ငြင်းခုံကြမည်ဖြစ်ပြီး တစ်ခါတစ်ရံ ငါတို့၏ ဆက်ဆံရေးကိုပင် ထိခိုက်စေကြမည်ဖြစ်သည်။ ဤအရာသည် သေးငယ်သော နာမည်ဂုဏ်ပုဒ် တစ်ခုမျှသာ ဖြစ်သော်လည်း သင်တို့၏ အယူအဆ၊ သင်တို့၏ ထင်မြင်ယုံကြည်မှုထဲတွင် ဤအရာမှာ သေးငယ်သော နာမည်ဂုဏ်ပုဒ် တစ်ခုမျှသာ မဟုတ်ဘဲ သင်တို့၏ ကံကြမ္မာနှင့်သက်ဆိုင်သည့် အရေးကြီးသော ကိစ္စတစ်ခုဖြစ်သည်။ ထို့ကြောင့် စဉ်းစားချင့်ချိန်တတ်ခြင်း မရှိသော သူများသည် ယင်းကဲ့သို့ အသေးအမွှားဖြစ်သော ဤအရာအတွက် ကြီးစွာသော ဆုံးရှုံးခြင်းကို မကြာခဏ ခံစားရကြလိမ့်မည်၊ ဤသည်မှာ ငွေတစ်ကျပ်ကို ချွေတာပြီး ငွေတစ်ထောင်ကို သုံးဖြုန်းခြင်းကဲ့သို့ဖြစ်ပြီး အသေးအမွှား နာမည်အတွက်ကြောင့် သင်တို့သည် ဆုတ်ယုတ်ကာ မည်သည့်အခါမျှ ပြန်လာလိမ့်မည် မဟုတ်ပေ။ ဤသည်မှာ အသက်တာသည် အရေးမကြီးဟု သင်တို့မြင်၍ သင်တို့အခေါ်ခံရသည့် အရာအပေါ် သင်တို့ အဆမတန် တန်ဖိုးထားခြင်းကြောင့်ဖြစ်သည်။ ထို့ကြောင့် သင်တို့၏ ဝိညာဉ်ရေးရာ အသက်တာများနှင့် သင်တို့၏ လက်တွေ့ အသက်တာများထဲ၌ပင်လျှင် ရာထူးအဆင့်အတန်းနှင့်ပတ်သက်သည့် သင်တို့၏ အယူအဆများကြောင့် သင်တို့သည် ရှုပ်ထွေးခက်ခဲလွန်းပြီး ပုံမှန်မဟုတ်သော ဇာတ်လမ်းများစွာကို မကြာခဏ ဖန်တီးတတ်ကြသည်။ သင်တို့သည် ဤအရာကို ဝန်ခံချင်မှ ဝန်ခံကြလိမ့်မည်၊ သို့သော်လည်း ထိုလူများသည် သင်တို့၏ လက်တွေ့ အသက်တာများထဲ၌ အမှန်တကယ်ရှိကြောင်း သင်တို့အား ငါပြောပြီ။ သင်တို့သည် တစ်ယောက်ပြီး တစ်ယောက် ဖွင့်ပြခြင်းကို မခံရသေးခြင်းသာဖြစ်သည်။ ထိုကဲ့သို့သော အရာများသည် သင်တို့ တစ်ယောက်ချင်းစီ၏ အသက်တာထဲ၌ ဖြစ်ခဲ့ပြီးဖြစ်သည်။ အကယ်၍ ၎င်းကို သင်မယုံပါက ညီအစ်မ (သို့မဟုတ် ညီအစ်ကိုတစ်ဦး) ၏ အသက်တာအကြောင်း အကျဉ်းချုပ် ဖော်ပြချက်ကို အောက်တွင် ကြည့်ပါ။ အကယ်စင်စစ် ထိုပုဂ္ဂိုလ်မှာ သင်လည်း ဖြစ်နိုင်သည် သို့မဟုတ် ၎င်းမှာ သင်၏အသက်တာထဲတွင် အကျွမ်းဝင်သောသူ တစ်စုံတစ်ဦး ဖြစ်ကောင်းဖြစ်နိုင်သည်။ အကယ်၍ ငါမမှားပါက ဤအကျဉ်းချုပ် ဖော်ပြချက်သည် သင်၌ ဖြစ်ခဲ့ဖူးသော အတွေ့အကြုံတစ်ခုဖြစ်ပြီး ဖော်ပြချက်ထဲတွင် မပါဝင်သည့်အရာ တစ်စုံတစ်ခုမျှ မရှိ၊ အယူအဆ သို့မဟုတ် အတွေးအခေါ်တစ်ခုမျှပင် ကျန်ခဲ့ခြင်း မရှိဘဲ ၎င်းတို့ကို ဤဇာတ်လမ်းထဲတွင် အပြည့်အဝ မှတ်တမ်းတင်ထားသည်။ အကယ်၍ ၎င်းကို သင်မယုံပါက တစ်ချက်မျှသာ ကြည့်လိုက်ပါ။

ဤသည်မှာ ဤနေရာ၌ မှတ်တမ်းတင်ထားသော “ဝိညာဉ်ရေးရာ လူပုဂ္ဂိုလ်” တစ်ဦးထံမှ သေးငယ်သော အတွေ့အကြုံတစ်ခုဖြစ်သည်။ သူ့အသင်းတော်သို့ သွားရောက်ကာ သူ၏ ညီအစ်ကို မောင်နှမများ၏ အခြေအနေများကို မြင်တွေ့ခဲ့ရသောအခါ သူစိတ်ပူပင်သောကရောက်ခဲ့ရသည်၊ “သင်တို့ အဘယ်ကြောင့် ဘုရားသခင်၏ အလိုတော်ကို တစ်ခါမျှ မဖြည့်ဆည်းကြသနည်း။ လွန်လွန်းသည့် ဖန်ဆင်းခံများပါတကား။ (သူမ၏ ညီအစ်ကို မောင်နှမများကို ဆူပူကြိမ်းမောင်းခြင်း ဖြစ်သည်။) လူမဆန်သော အရာများကို လုပ်ရန်အတွက် သင်တို့၏ အသိစိတ်များကို သင်တို့ အမှန်တကယ် လျစ်လျူရှုကြသည်။ … ငါ သင်တို့အား ပြောနေရခြင်းမှာ ငါ့ကိုယ်ငါ မုန်းတီးခြင်းကြောင့်လည်း ဖြစ်သည်။ ဘုရားသခင်သည် စိတ်မရှည်ခြင်းဖြင့် တောက်လောင်ကြောင်း ငါ မြင်ရပြီး ငါ၏ အောက်၌ မီး ရှိနေကြောင်းကို ငါ ခံစားရသည်။ ငါသည် ဘုရားသခင်၏ အမှုကို အပြည့်အဝ လုပ်ဆောင်ရန် အမှန်တကယ် အလိုရှိပြီး ငါ၏ အစေခံမှုအားဖြင့် သင်တို့အား ငါ အမှန်တကယ် နိုးထစေလိုပါသည်။ ငါ၏ လက်ရှိ အစွမ်းခွန်အားမှာ အလွန် အားနည်းနေခြင်းသာ ဖြစ်သည်။ ဘုရားသခင်သည် ငါတို့အပေါ်၌ အချိန်မြောက်မြားစွာကို အသုံးပြုခဲ့ပြီး များစွာသော နှုတ်ကပတ်တော်များကို မိန့်မြွက်ခဲ့ပြီးသော်လည်း ငါတို့သည် ဤပုံစံအတိုင်း ဆက်ရှိနေသေးသည်။ ငါ၏ စိတ်နှလုံးထဲ၌ ဘုရားသခင်အပေါ် ငါ မြောက်မြားစွာ အကြွေးတင်နေကြောင်း ငါအမြဲခံစားရသည် …” (ငိုကြွေးကာ စကား ဆက်မပြောနိုင်တော့ချေ။) ထို့နောက် သူဆုတောင်းခဲ့သည်မှာ၊ “အို ဘုရားသခင်။ ကျွန်ုပ်ကို ခွန်အားပေးဖို့နှင့် ကျွန်ုပ်ကို သာ၍ စိတ်တို့ထိဖို့ ကျွန်ုပ် အသနားခံပါ၏၊ ထို့အပြင် ကိုယ်တော်၏ ဝိညာဉ်တော် ကျွန်ုပ်အထဲ၌ အလုပ်လုပ်ပါစေ။ ကျွန်ုပ် ကိုယ်တော်နှင့် အတူတကွ လုပ်ဆောင်ရန် အလိုရှိပါ၏။ အဆုံးတွင် ကိုယ်တော် ဘုန်းတော် ရရှိမည်ဆိုပါက၊ ကျွန်ုပ်၏ အသက်ကိုပင် စွန့်ရမည်ဆိုလျှင်လည်း၊ ကျွန်ုပ်ကိုယ်ကျွန်ုပ် ကိုယ်တော်အား အလုံးစုံပေးရန် ကျွန်ုပ် ယခု အလိုရှိပါ၏။ ကျွန်ုပ်တို့ ကြီးမြတ်သော ချီးမွမ်းခြင်းများကို ပူဇော်နိုင်မည်၊ ညီအစ်ကို မောင်နှမများ ကိုယ်တော်၏ သန့်ရှင်းသော နာမတော်ကို ချီးမွမ်းရန်အတွက် ဝမ်းမြောက်ခြင်းဖြင့် သီဆို ကခုန်နိုင်မည်၊ ကိုယ်တော့်အား ထောမနာပြုနိုင်မည်၊ ကိုယ်တော့်အား ဘုန်းထင်ရှားစေကာ ကိုယ်တော်၏ အမှုကို သေချာစွာ သိနိုင်ပြီး ကိုယ်တော်၏ လေးလံသောဝန်အတွက် စာနာထောက်ထားမှု ပြသရန် အလိုရှိနိုင်သ၍ ကျွန်ုပ် အလိုရှိပါသည်[က]….” ဟူ၍ ဖြစ်သည်။ ဤပုံစံဖြင့် သူအလေးအနက် ဆုတောင်းခဲ့ပြီး သန့်ရှင်းသော ဝိညာဉ်တော်သည် သူ့အား အမှန်တကယ်ပင် လေးလံသောဝန်ကို ပေးခဲ့သည်။ ဤအချိန်အတောအတွင်း သူအလွန်အမင်း ဝန်လေး၍ ပင်ပန်းခဲ့ပြီး တစ်နေကုန် ဖတ်ရှုခြင်း၊ ရေးသားခြင်းနှင့် နားထောင်ခြင်းဖြင့် အချိန်ကုန်လွန်စေခဲ့သည်။ သူသည် သူကိုယ်တိုင် အလုပ်များနိုင်သမျှ များစေကာ အနားမပေးခဲ့ချေ။ သူ၏ ဝိညာဉ်ရေးရာ အခြေအနေမှာ အလွန်ကောင်းမွန်ခဲ့ပြီး သူ၏ စိတ်နှလုံးထဲတွင် အမြဲတစေ တက်ကြွပြီး ဝန်လေးလျက်နေခဲ့သည်။ သူသည် ရံဖန်ရံခါ ခွန်အားနည်းခြင်းနှင့် အသက်တာထဲ၌ ရပ်ဆိုင်းသွားခြင်း ဖြစ်ခဲ့သော်လည်း များမကြာမီ သူ၏ ပုံမှန်အခြေအနေသို့ သူပြန်လည်ရရှိခဲ့ပါသည်။ ဤကဲ့သို့ အချိန်ကာလတစ်ခု ကုန်ဆုံးပြီးနောက် သူ၏ တိုးတက်မှုမှာ လျင်မြန်ခဲ့သည်၊ သူသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များစွာကို နားလည်နိုင်စွမ်းရှိခဲ့ပြီး သီချင်းများကိုလည်း လျင်မြန်စွာ သင်ယူလေ့လာနိုင်ခဲ့သည်၊ ယေဘုယျအားဖြင့် သူ၏ ဝိညာဉ်ရေးရာ အခြေအနေမှာ အလွန်ကောင်းမွန်ခဲ့သည်။ အသင်းတော်ထဲတွင် များစွာသော အမှုအရာတို့မှာ ဘုရားသခင်၏ အလိုတော်နှင့် မကိုက်ညီကြောင်းကို သူတွေ့မြင်ခဲ့သည့်အခါ စိတ်ပူပင်သောက ရောက်လာခဲ့သည်။ မည်သူတစ်ဦးတစ်ယောက်မျှ ကက်ဆက်ခွေများကို စိတ်နှလုံးသွင်းခြင်း မရှိကြောင်း သူတွေ့မြင်ခဲ့သည့်အခါ၊ သူစိတ်ပျက်ခဲ့ကာ၊ “ဤသည်မှာ ဘုရားသခင်၏အမှုကို အလေးထားခြင်း ဖြစ်သလော။ ဤသည်မှာ ကိုယ်တော်၏ အလိုတော်ကို ကျေနပ်စေသလော။ သင်တို့သည် ထိုမျှလောက် လက်ဆုပ်လက်ကိုင်ပြနိုင်သည့် သေးငယ်သော အဖိုးအခ တစ်ခုကိုပင် မပေးနိုင်သလော။ အကယ်၍ သင်တို့ မပေးလိုပါက ငါ …. လိမ့်မည်” ဟု ဆိုခဲ့သည်။

သူ၌ လေးလံသောဝန်တစ်ခု ရှိသည့်အခါ သန့်ရှင်းသော ဝိညာဉ်တော် ပို၍အမှုပြုလေ သူပို၍ စိတ်ခံစားမှုကောင်းလေ ဖြစ်ခဲ့သည်။ အနုတ်လက္ခဏာအချို့ သို့မဟုတ် အခက်အခဲအချို့ကို တစ်ခါတစ်ရံ သူကြုံတွေ့ခဲ့မည် ဖြစ်သော်လည်း ၎င်းကို သူအောင်မြင်ကျော်လွှားနိုင်ခဲ့သည်။ တစ်နည်းအားဖြင့်ဆိုသော် သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုကို သူကြုံတွေ့ခံစားရခဲ့သည့်အခါ သူ၏ အခြေအနေများမှာ နှစ်သက်ပျော်ရွှင်ဖွယ်ကောင်းသည့် အချိန်ဖြစ်ပါစေ သူသည် အချို့သော အခက်အခဲများ သို့မဟုတ် အနည်းငယ်သော ခွန်အားနည်းမှုကို မရှောင်ရှားနိုင်ခဲ့ပါ။ ၎င်းတို့မှာ မရှောင်ရှားနိုင်သည့် အရာများ ဖြစ်သော်လည်း များမကြာမီ သူသည် ယင်းအခြေအနေများထဲမှ ထွက်လာနိုင်စွမ်း ရှိခဲ့သည်။ ခွန်အားနည်းခြင်းကို ကြုံတွေ့သည့် အချိန်တွင် သူဆုတောင်းပါက သူ၏ ဝိညာဉ်အသက်တာမှာ အမှန်တကယ် လုံလောက်မှုမရှိဘဲ ဘုရားသခင်နှင့်အတူ သူပူးပေါင်းလုပ်ဆောင်လိုကြောင်းကို သူခံစားခဲ့ရသည်။ မည်သည့် အမှုကိုမဆို ဘုရားသခင် ပြုခဲ့ပါစေ သူသည် ဘုရားသခင်၏ အလိုတော်ကို ကျေနပ်စေရန် အလိုရှိပြီး ဘုရားသခင်၏ အစီအစဉ်များ အားလုံးကို သူနာခံလိုခဲ့သည်။ သူ့အပေါ် တစ်ဖက်သက် မလိုမုန်းထားခဲ့ကြပြီး ထိုထိုသော ထင်မြင်ချက်များ ရှိခဲ့ကြသည့် လူအချို့ရှိခဲ့သည်။ သူသည် သူ၏ကိုယ်ပိုင်ဆန္ဒကို ဘေးချိတ်ပြီး လက်ဦးမှုရယူကာ ၎င်းတို့နှင့်အတူ တက်ကြွစွာ မိတ်သဟာယဖွဲ့နိုင်ခဲ့သည်။ ၎င်းတို့မှာ သန့်ရှင်းသော ဝိညာဉ်တော် ပုံမှန်အမှုပြုစဉ် ကြုံတွေ့ရသည့် အခြေအနေများ အားလုံးပင် ဖြစ်သည်။ အချိန်ကာလတစ်ခု ပြီးဆုံးသည့်အခါ အမှုသည် စတင်ပြောင်းလဲခဲ့ပြီး လူတို့သည် ၎င်းတို့အတွက် မတူညီသော သတ်မှတ်ချက်များရှိသည့် အမှု၏ အခြားအဆင့်ထဲသို့ အားလုံး ဝင်ရောက်ခဲ့ကြသည်။ ထို့ကြောင့် လူတို့အတွက် သတ်မှတ်ချက်များကို ဖော်ပြခဲ့သော နှုတ်ကပတ်တော်အသစ်များ ရှိခဲ့သည်၊ “… သင်တို့အတွက် ငါ၌ အမုန်းတရားသာ ရှိသည်၊ ကောင်းချီးမင်္ဂလာများ မည်သည့်အခါမျှမရှိခဲ့။ သင်တို့ကို ကောင်းချီးပေးရန် မည်သည့်အခါကမျှ ငါမစဉ်းစားခဲ့သကဲ့သို့ သင်တို့ကို စုံလင်စေရန်လည်း မည်သည့်အခါကမျှ ငါအကြံအစည် မရှိခဲ့ချေ။ ငါ၌ သင်တို့အတွက် ရှိသည့် တစ်ခုတည်းသောအရာမှာ အမုန်းတရားဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သင်တို့သည် ပုန်ကန်ဆန့်ကျင်တတ်ကြခြင်း၊ သင်တို့သည် ကောက်ကျစ်ပြီး လိမ်လည်လှည့်ဖြားတတ်ခြင်းကြောင့် သာမက သင်တို့၌ အစွမ်းအစ မရှိခြင်းနှင့် သင်တို့၏ အဆင့်အတန်း နိမ့်ကျခြင်းတို့ကြောင့်ဖြစ်သည်။ ထို့ကြောင့် သင်တို့သည် ငါ၏ မျက်စိအောက်အတွင်း သို့မဟုတ် ငါ၏စိတ်နှလုံးထဲတွင် မည်သည့်အခါမျှ မရှိနေခဲ့ပါ။ ငါ၏အမှုသည် သင်တို့ကို စီရင်ချက်ချမှတ်ရန် ရည်ရွယ်ချက်ဖြင့်သာ ဖြစ်သည်၊ ငါ၏လက်နှင့် ငါ၏ပြစ်တင်ဆုံးမခြင်းသည် မည်သည့်အခါမျှ သင်တို့နှင့် ဝေးရာ၌ ရှိ၍ မနေခဲ့ပေ။ ငါသည် ဆက်၍ သင်တို့ကို တရားစီရင်ကာ ကျိန်ဆဲဦးမည်။ အကြောင်းမှာ သင်တို့ ငါ့အကြောင်းကို နားမလည်သည့်အတွက်ကြောင့်ဖြစ်သည်။ ယင်းအတွက်ကြောင့် ငါ၏အမျက်ဒေါသသည် သင်တို့အပေါ်၌ အမြဲရှိနေခြင်းဖြစ်သည်။ ငါသည် သင်တို့အကြားတွင် အမြဲ အမှုပြုနေခဲ့သော်လည်း သင်တို့အပေါ် ငါ၏သဘောထားကို သင်တို့သိသင့်သည်။ ၎င်းမှာ စက်ဆုပ်ရွံရှာမှုသာလျှင် ဖြစ်သည်၊ အခြားသော သဘောထား သို့မဟုတ် ထင်မြင်ချက် မရှိ။ သင်တို့ကို ငါ၏ ဉာဏ်ပညာနှင့် ငါ၏ ကြီးမြတ်သော တန်ခိုးတို့အတွက် အဖြည့်ခံများအဖြစ် နေရန်သာ ငါအလိုရှိသည်။ သင်တို့သည် မည်သည့်အရာမျှ မဟုတ်ဘဲ ငါ၏အဖြည့်ခံများ ဖြစ်သည်ထက်မပို၊ အဘယ်ကြောင့်ဆိုသော် ငါ၏ ဖြောင့်မတ်ခြင်းသည် သင်တို့၏ ပုန်ကန်ဆန့်ကျင်ခြင်းအားဖြင့် ထုတ်ဖော်ပြသခြင်းကြောင့် ဖြစ်သည်။ ငါ၏ အမှုအတွက် သင်တို့ကို အဖြည့်ခံများအဖြစ် ငါဖြစ်စေသည်၊ ငါ့အမှု၏အဖြည့်များ ဖြစ်စေရန်ဖြစ်သည်….” “အဖြည့်များ” နှင့် “အဖြည့်ခံများ” စကာလုံးများ[ခ] ကို သူတွေ့လျှင်တွေ့ချင်း သူစတင်ကာ စဉ်းစားခဲ့သည်မှာ၊ “ဤအရာကို ငါအဘယ်သို့ နားလည်ရမည်နည်း။ ဤသို့ အဖိုးအခတစ်ခုကို ပေးပြီးလျှင်လည်း ငါသည် အဖြည့်ခံတစ်ခုသာ ဖြစ်နေသေးသည်။ အဖြည့်ခံတစ်ခု ဆိုသည်မှာ အစေခံသူတစ်ဦးပင် မဟုတ်လော။ ငါတို့သည် အစေခံများဖြစ်မည် မဟုတ်၊ ဘုရားသခင်၏ လူမျိုးဖြစ်လိမ့်မည်ဟု အတိတ်တွင် အဆိုရှိခဲ့သော်လည်း ယနေ့တွင် ငါတို့သည် ယင်းဦးထုပ်ကို ဆက်၍ ဆောင်းနေကြသေးသည် မဟုတ်လော။ အစေခံသူများတွင် အသက်ကင်းမဲ့သည် မဟုတ်လော။ ငါဆက်၍ ဒုက္ခဆင်းရဲခံနေလျှင်လည်း ဘုရားသခင်သည် ၎င်းကို ချီးကျူးလိမ့်မည် မဟုတ်။ ဘုရားသခင်၏ ကြီးမြတ်သော တန်ခိုးအတွက် အဖြည့်ခံတစ်ခု ငါဖြစ်ပြီးသည့်အခါ ဇာတ်သိမ်းသွားမည် မဟုတ်လော။ …” ထိုအကြောင်းကို သူပို၍ စဉ်းစားလေ သူပို၍ စိတ်ဓာတ်ကျလေ ဖြစ်ခဲ့သည်။ အသင်းတော်သို့ သူလာပြီး သူ၏ညီအစ်ကို မောင်နှမများ၏ အခြေအနေများကို တွေ့မြင်ခဲ့သည့်အခါ ပို၍ပင် ဆိုးဆိုးဝါးဝါး ခံစားရခဲ့သည်၊ “သင်တို့သည် အကောင်း မဟုတ်။ ငါသည်လည်း အကောင်း မဟုတ်။ ငါသည် အနုတ်လက္ခဏာ ဖြစ်သည်။ ဟာ။ အဘယ်သို့ ပြုရနိုင်မည်နည်း။ ဘုရားသခင်သည် ငါတို့ကို ဆက်၍ အလို မရှိသေးပေ။ ဤကဲ့သို့ အမှုမျိုးကို ပြုရာ၌ သူသည် ငါတို့အား အနုတ်လက္ခဏာ ဖြစ်စေရန် ဖြစ်နိုင်မည် မဟုတ်။ ငါ၌ မည်သည့် ပြဿနာ ရှိနေသည်ကို ငါ မသိ။ ဆုတောင်းရန်ပင် ငါ အလိုမရှိ။ မည်သို့ပင် ဖြစ်စေ၊ ငါသည် ယခု အကောင်း မဟုတ်ဘဲ ဤ အရာထဲက ငါ့ကိုယ်ငါ မရုန်းထွက်နိုင်ပေ။ ငါ အကြိမ်များစွာ ဆုတောင်းခဲ့ဖူးသော်လည်း ငါ ဆက်၍ ဆုတောင်းနိုင်ခြင်း မရှိဘဲ ရှေ့ဆက်ရန် ငါ၌ အလိုမရှိပေ။ ၎င်းကို ဤကဲ့သို့ ငါ မြင်သည်။ ငါတို့သည် အဖြည့်ခံများ ဖြစ်ကြသည်ဟု ဘုရားသခင်က ဆိုသည်၊ ထို့ကြောင့် ‘အဖြည့်ခံများ’ ဆိုသည်မှာ အစေခံသူများပင်လျှင် မဟုတ်လော။ ဘုရားသခင်က ငါတို့သည် အဖြည့်ခံများ ဖြစ်သည်၊ သားများ မဟုတ်၊ သူ၏ လူမျိုးလည်း မဟုတ်ဟု ဆိုသည်။ သူ၏ သားဦးများ ဖြစ်ရန်ပင်မဆိုနှင့် ငါတို့သည် သူ၏ သားများပင် မဟုတ်ကြပေ။ ငါတို့သည် မည်သည့် အရာမျှ မဟုတ်ဘဲ အဖြည့်ခံများသာ ဖြစ်ကြသည်။ ယင်းကဲ့သို့ အမည်တပ်ခေါ်ခံရခြင်းမျိုးဖြင့် ငါတို့၌ ကောင်းသောရလဒ်တစ်ခု ရှိနိုင်ချေရှိမည်လော။ အဖြည့်ခံများ၌ အသက်မရှိကြသည့်အတွက် ၎င်းတို့၌ မျှော်လင့်ချက်မရှိ။ အကယ်၍ ငါတို့သည် သူ၏သားများ၊ သူ၏ လူမျိုး ဖြစ်ခဲ့ပါက ထိုအထဲတွင် မျှော်လင့်စရာအကြောင်း ရှိမည်ဖြစ်၍ ငါတို့သည် စုံလင်ခြင်းသို့ ရောက်နိုင်ကြမည် ဖြစ်သည်။ အဖြည့်ခံများ၏ အတွင်းထဲ၌ ဘုရားသခင်၏ အသက် ရှိနိုင်သလော။ ဘုရားသခင်သည် သူ့အတွက် အစေခံသော သူတို့၏ အတွင်း၌ အသက်ကို ထည့်ပေးနိုင်သလော။ သူချစ်သော သူများမှာ သူ၏အသက်ရှိသောသူများ ဖြစ်ကြပြီး သူ၏အသက်ရှိသောသူများမှာ သူ၏သားများ၊ သူ၏လူများ ဖြစ်ကြသည်။ ငါသည် အနုတ်လက္ခဏာ ဖြစ်ပြီး ခွန်အားနည်းသော်လည်း သင်တို့ အားလုံးသည် အနုတ်လက္ခဏာ မဖြစ်ကြမည့် အကြောင်း ငါ မျှော်လင့်ပါသည်။ ဤပုံစံဖြင့် နောက်ပြန်ဆုတ်ခြင်းနှင့် အနုတ်လက္ခဏာဖြစ်ခြင်းမှာ ဘုရားသခင်၏ အလိုတော်ကို မကျေနပ်စေနိုင်ကြောင်းကို ငါ သိသော်လည်း ငါသည် အဖြည့်ခံတစ်ခုဖြစ်ရန် အလိုမရှိပါ။ အဖြည့်ခံတစ်ခု ဖြစ်မည်ကို ကျွငါ စိုးရိမ်သည်။ မည်သို့ပင် ဖြစ်စေ ငါ၌ များစွာသော အစွမ်းခွန်အားသာ ရှိသော်လည်း ငါ ယခု ရှေ့ဆက် မသွားနိုင်ပါ။ သင်တို့ အားလုံး ငါ့ထံမှ နည်းမယူမည့် အကြောင်း ငါ မျှော်လင့်ပါသည်၊ သို့သော် ငါ့ထံမှ အလင်းဖွင့်ပြချက် အချို့ကို သင်တို့ ရရှိနိုင်ပါသည်။ ငါသေသွားနိုင်သည်ဟု ငါ ထင်ပါသည်။ ငါ မသေမီ သင်တို့အတွက် နောက်ဆုံး စကား အချို့ကို ငါ ချန်ခဲ့မည်၊ သင်တို့သည် အဆုံးတိုင်အောင် အဖြည့်ခံများအဖြစ် နေနိုင်ကြမည်ဟု ငါ မျှော်လင့်ပါသည်၊ နောက်ဆုံးတွင် ဘုရားသခင်သည် အဖြည့်ခံများကို ချီးကျူးကောင်း ချီးကျူးနိုင်ပါသည်….” ညီအစ်ကို မောင်နှမများ ဤအရာကို မြင်သည့်အခါ၊ သူအဘယ်ကြောင့် အလွန် အနုတ်လက္ခဏာဆန်ရသနည်း။ ယခင် ရက် အနည်းငယ်က သူအကောင်း မဟုတ်ခဲ့သလော။ သူအဘယ်ကြောင့် ရုတ်တရက် အလွန်အေးစက်သွားသနည်း။ သူအဘယ်ကြောင့် ပုံမှန်မဟုတ်သနည်းဟူ၍ ၎င်းတို့ အံ့အားသင့်ခဲ့ကြသည်[ဂ]။ သူက ဤသို့ပြောသည်၊ “ငါ့ကို ပုံမှန် မဟုတ်ဟု မဆိုကြနှင့်။ အမှန်မှာ ငါ၏ စိတ်နှလုံးထဲတွင် အရာခပ်သိမ်းမှာ ရှင်းလင်းလျက်ရှိသည်။ ငါသည် ဘုရားသခင်၏ အလိုတော်ကို မကျေနပ်နိုင်ကြောင်းကို ငါသိသည်၊ ၎င်းမှာ ငါသည် သူ၏အဖြည့်ခံအဖြစ်နေရန် ငါအလို မရှိသည့်အတွက်ကြောင့် ဖြစ်သည် မဟုတ်လော။ အလွန်လေးနက်သော အခြားအရာ တစ်စုံတစ်ခုကိုမျှ ငါမပြုခဲ့ဖူးပေ။ ဘုရားသခင်သည် တစ်နေ့တွင် အဖြည့်ခံများ၏ နာမည်ဂုဏ်ပုဒ်အား[ဃ] အရေးကြီးသော ပုံစံများတွင် သူ၏ အသုံးပြုခြင်းကို ခံရသောသူ၏ ဖန်ဆင်းခံများအဖြစ် ပြောင်းလဲကောင်း ပြောင်းလဲနိုင်ပါသည်။ ဤအရာ၌ မျှော်လင့်စရာ အချို့ မရှိသလော။ သင်တို့သည် အနုတ်လက္ခဏာ မဖြစ်မည့်အကြောင်း သို့မဟုတ် စိတ်ဓာတ်မကျမည့်အကြောင်း၊ ဘုရားသခင်နောက်သို့ ဆက်၍ လိုက်နိုင်ကာ ပို၍ ကောင်းသော အဖြည့်ခံများ ဖြစ်မည့်အကြောင်း ငါမျှော်လင့်ပါသည်။ မည်သည့် အခြေအနေတွင်မဆို ငါသည် ရှေ့ဆက်၍ မရနိုင်ပေ။” အခြားလူတို့က ၎င်းကို ကြားခဲ့ပြီး ၎င်းတို့က၊[c] သင် အကောင်း မဟုတ်လည်း ငါတို့ ဆက်လိုက်မည်၊ ထို့အပြင် သင်အနုတ်လက္ခဏာဆန်သည့်အတွက်ကြောင့် ငါတို့အား တားဆီးကန့်သတ်ထားခြင်း ခံရမည်မဟုတ်ဟု ဆိုခဲ့ကြသည်။

ဤအရာကို အချိန်ကာလ တစ်ခုအထိ ဖြတ်ကျော်ပြီးနောက် သူသည် အဖြည့်ခံတစ်ခု ဖြစ်ခြင်းနှင့်ပတ်သက်ပြီး အနုတ်လက္ခဏာဆန်နေသေးသဖြင့် သူ့ကို၊ “ငါ၏အမှုအကြောင်း သင်နားလည်ခြင်း မရှိ။ သိုဝှက်ထားသော သမ္မာတရား၊ အနှစ်သာရ သို့မဟုတ် ငါ့နှုတ်ကပတ်တော်များ၏ ရည်ရွယ်သော အကျိုးရလဒ်များအကြောင်း သင်နားလည်ခြင်း မရှိ။ ငါ့အမှု၏ ရည်မှန်းချက်ပန်းတိုင်များအကြောင်း သို့မဟုတ် ၎င်း၏ဉာဏ်ပညာအကြောင်းကို သင်မသိ။ ငါ၏အလိုတော်ကို သင်သဘောပေါက်နားလည်နိုင်စွမ်း မရှိ။ အဖြည့်ခံတစ်ခု ဖြစ်သည့်အတွက်ကြောင့် နောက်ပြန်ဆုတ်ရန်သာ သင်သိသည်၊ ရာထူးအဆင့်အတန်းအတွက် သင်၏ဆန္ဒမှာ အလွန် ကြီးမားလေစွ။ သင်သည် လူမိုက်တစ်ဦးပင် ဖြစ်သည်။ အတိတ်က သင့်ကို ငါမြောက်မြားစွာ ပြောခဲ့ပြီးဖြစ်၍ သင့်ကို ပကတိပြည့်စုံခြင်းသို့ ငါရောက်စေမည်ဟု ငါပြောခဲ့သည်။ သင်မေ့သွားပြီလော။ အဖြည့်ခံများ အကြောင်းကိုမပြောမီ စုံလင်အောင် ပြုခံရခြင်း အကြောင်းကို ပြောခဲ့သည် မဟုတ်လော” ဟု ငါပြောခဲ့သည်။ “ခဏစောင့်ပါ၊ ကျွန်ုပ်စဉ်းစားဦးမည်။ အဖြည့်ခံများအကြောင်းကို မပြောမီ ထိုအကြောင်းကို သင်အမှန်တကယ် ပြောခဲ့ပါသည်၊ ၎င်းမှာ ထိုကဲ့သို့ ဖြစ်ပါသည်။” “စုံလင်အောင်ပြုခံရခြင်းအကြောင်း ငါပြောခဲ့သည့်အခါ လူတို့သည် သိမ်းပိုက်ခြင်းကို ခံရပြီးသည့်အခါမှသာ စုံလင်အောင်ပြုခံရလိမ့်မည်ဟု ငါမပြောခဲ့သလော။” “ပြောခဲ့သည်။” “ငါ၏နှုတ်ကပတ်တော်များမှာ စစ်မှန်မှု မရှိခဲ့သလော။ အပြုသဘောဖြင့် ၎င်းတို့ကို ပြောခဲ့သည် မဟုတ်လော။” “ဟုတ်ပါသည်။ ကိုယ်တော်သည် မရိုးဖြောင့်သောအရာ တစ်စုံတစ်ခုကို မည်သည့်အခါကမျှ မပြောခဲ့သော ဘုရားသခင်တစ်ပါးဖြစ်ပြီး ဤအရာကို မည်သူမျှ မငြင်းဝံ့ပါ။ သို့သော်လည်း ကိုယ်တော်ပြောခဲ့သည့် ပုံစံများမှာ အလွန်များလွန်းသည်။” “ငါ၏ စကားပြောသည့် ပုံစံများသည် အမှု၏ အဆင့်များအလိုက် ပြောင်းလဲသည် မဟုတ်လော။ ငါပြောသည့် အရာများသည် သင်၏လိုအပ်ချက်များအပေါ် အခြေခံကာ ပြုခဲ့ခြင်းနှင့် ပြောခဲ့ခြင်း မဟုတ်သလော။” “ကိုယ်တော်သည် လူတို့၏ လိုအပ်ချက်များနှင့်အညီ အမှုပြုပြီး ၎င်းတို့ လိုအပ်သော အရာတို့ကို ကိုယ်တော် ထောက်ပံ့ပေးပါသည်။ ဤအချက်မှာ မမှားပါ။” “ထိုသို့ဆိုသော် ငါ၏ မိန့်မြွက်ချက်များ၊ သင့်အား ငါပြောခဲ့သည့် အရာများမှာ သင့်အတွက် အကျိုးမရှိခဲ့သလော။ ငါ၏ပြစ်တင်ဆုံးမမှုများသည် သင့်အကျိုးအတွက်ပင် မဟုတ်ခဲ့သလော။” “၎င်းမှာ ကျွန်ုပ်၏အကျိုးအတွက်ဟု ကိုယ်တော် ဆက်၍ဆိုနေသေးသည်။ ကျွန်ုပ်သည် သေသည်အထိ ကိုယ်တော်၏ ပြစ်တင်ဆုံးမခြင်းကို ခံရတော့မည်ဖြစ်ပြီး ကျွန်ုပ် ဆက်၍ အသက်မရှင်လိုတော့ပေ။ ယနေ့ ကိုယ်တော်သည် ဤအရာကို ပြောသည်၊ နံနက်ဖြန် ကိုယ်တော်သည် ထိုအရာကို ပြောမည်။ ကျွန်ုပ်ကို စုံလင်အောင် ကိုယ်တော်ပြုခြင်းမှာ ကျွန်ုပ်၏အကျိုးအတွက်ဖြစ်ကြောင်း ကျွန်ုပ်သိသော်လည်း ကိုယ်တော်သည် ကျွန်ုပ်ကို စုံလင်အောင်မပြုသေးပါ၊ ကိုယ်တော်သည် ကျွန်ုပ်ကို အဖြည့်ခံတစ်ခုဖြစ်စေပြီး ကျွန်ုပ်ကို ပြစ်တင်ဆုံးမသေးသည်။ ကျွန်ုပ်ကို ကိုယ်တော် မုန်းသည် မဟုတ်လော။ မည်သူမျှ ကိုယ်တော်၏ နှုတ်ကပတ်တော်များကို မယုံကြည်ဝံ့ကြ၊ ထို့အပြင် ကျွန်ုပ် ယခုမှ ရှင်းရှင်းလင်းလင်း မြင်ခဲ့ရသည်မှာ ၎င်းသည် ကိုယ်တော်၏ စိတ်နှလုံးထဲမှ အမုန်းတရားကို ဖြေရှင်းရန်အတွက်သာ ဖြစ်သည်၊ ကျွန်ုပ်ကို ကယ်တင်ရန် မဟုတ်။ ယခင်က ကျွန်ုပ်မသိစေရန် ကိုယ်တော် ၎င်းကို ဖုံးကွယ်ခဲ့သည်၊ ကိုယ်တော်သည် ကျွန်ုပ်ကို စုံလင်ခြင်းသို့ ရောက်စေမည်ဟုလည်းကောင်း ပြစ်တင်ဆုံးမခြင်းမှာ ကျွန်ုပ်အား စုံလင်အောင်ပြုရန် ဖြစ်သည်ဟုလည်းကောင်း ကိုယ်တော်ဆိုခဲ့သည်။ ထို့ကြောင့် ကိုယ်တော်၏ ပြစ်တင်ဆုံးမခြင်းကို ကျွန်ုပ် အမြဲတစေ နာခံခဲ့သည်၊ ယနေ့ ကျွန်ုပ်သည် အဖြည့်ခံတစ်ဦး၏ နာမည်ဂုဏ်ပုဒ်ကို ရခဲ့လိမ့်မည်ဟု ကျွန်ုပ် မည်သည့်အခါကမျှ စိတ်ကူးခဲ့ခြင်း မရှိပါ။ ဘုရားသခင်၊ အကယ်၍ ကိုယ်တော်သည် ကျွန်ုပ်ကို အခြားအရာ တစ်စုံတစ်ခု ဖြစ်စေခဲ့မည်ဆိုလျှင် ပို၍ မကောင်းသလော။ အဖြည့်ခံ ဦးထုပ်ကို ကိုယ်တော်သည် ကျွန်ုပ်အား မဖြစ်မနေ ဆောင်းစေမည်လော။ ကောင်းကင်ဘုံတွင် အကယ်၍ ကျွန်ုပ် တံခါးစောင့် ဖြစ်ခဲ့မည်ဆိုလျှင် ကောင်းဦးမည်။ ကျွန်ုပ် ခေါက်တုံ့ခေါက်ပြန် ပြေးခဲ့သည်၊ ယခု ကျွန်ုပ်၏လက်များမှာ လက်ချည်းဗလာဖြစ်ပြီး ကျွန်ုပ်သည် အရာခပ်သိမ်းကို စွန့်လွှတ်ခဲ့လျှင်လည်း ကိုယ်တော် ယခု ကျွန်ုပ်ကို ပြောသည်၊ ကိုယ်တော်သည် ကျွန်ုပ်ကို ကိုယ်တော်၏ အဖြည့်ခံအဖြစ် နေစေသည်။ အကျွန်ုပ်၏ မျက်နှာကိုပင် ကျွန်ုပ် မည်ကဲ့သို့ ပြနိုင်မည်နည်း။” “အတိတ်တွင် ပြစ်တင်ဆုံးမခြင်း အမှု မြောက်မြားစွာကို ငါပြုခဲ့ပြီးဖြစ်၍ သင်နားမလည်သလော။ သင်သည် သင့်အကြောင်းကို သင်နားမလည်သလော။ စကားလုံးများဖြင့် ပြစ်တင်ဆုံးမခြင်းသည် တရားစီရင်ခြင်း မဟုတ်သလော။ ‘အဖြည့်ခံ’ ဟူသော နာမည်ဂုဏ်ပုဒ်သည်လည်း စကားလုံးများဖြင့် တရားစီရင်ခြင်း မဟုတ်သလော။” “ယင်းကဲ့သို့ ဆိုပါက၊ ကိုယ်တော် ပြောသည့် အဖြည့်ခံများမှာလည်း နည်းလမ်း တစ်ခုပင် မဟုတ်သလော။ ဤအရာအားဖြင့် အကျွန်ုပ်အား တရားစီရင်ရန် ဖြစ်သလော။ အကယ်၍ ထိုသို့ဖြစ်ပါက နောက်တော်သို့ ကျွန်ုပ်လိုက်ပါမည်။” “ထိုသို့ဆိုသော် သင် ယခု မည်ကဲ့သို့ ငါ့နောက်လိုက်မည်နည်း။” “ကိုယ်တော့် နောက်လိုက်ရန်၊ ကျွန်ုပ် မစီစဉ်ရသေးပါ။ နည်းလမ်းတစ်ခု မဟုတ်သော နှုတ်ကပတ်တော်တစ်လုံးကို ကိုယ်တော့်အား ကျွန်ုပ် ပြောစေလိုပါသည်။ ကျွန်ုပ်သည် အဖြည့်ခံ တစ်ခု ဟုတ်သလော သို့မဟုတ် မဟုတ်သလော။ အဖြည့်ခံများသည်လည်း စုံလင်အောင်ပြုခြင်း ခံရနိုင်သလော။ ‘အဖြည့်ခံ’ ဟူသော နာမည်ဂုဏ်ပုဒ်ကို ပြောင်းလဲနိုင်သလော။ အဖြည့်ခံတစ်ခု ဖြစ်ခြင်းအားဖြင့် ထူးကဲသော သက်သေခံချက်ကို ကျွန်ုပ် သက်သေခံနိုင်ကာ စုံလင်ခြင်းသို့ ရောက်သောသူ၊ ချစ်တတ်သော ဘုရားသခင်၏ စံပြတစ်ဦး ဖြစ်သောသူနှင့် ဘုရားသခင်၏ ရင်းနှီးသောသူ တစ်စုံတစ်ဦး ဖြစ်နိုင်သလော။ အကျွန်ုပ်အား စုံလင်ခြင်းသို့ ရောက်စေရန် ပြုနိုင်သလော။ အကျွန်ုပ်အား အမှန်တရားကို ပြောပြပါ။” “အကြောင်းအရာများသည် အမြဲ ပြောင်းလဲဖြစ်ပေါ်နေကြောင်း၊ အမြဲပြောင်းလဲနေကြောင်းကို သင်မသိသလော။ အဖြည့်ခံ တစ်ခုအနေဖြင့် လောလောဆယ် သင်နာခံရန် အလိုရှိသ၍ သင်သည် ပြောင်းလဲနိုင်လိမ့်မည်။ သင်အဖြည့်ခံတစ်ခုဖြစ်သည် သို့မဟုတ် မဖြစ်သည်မှာ သင်၏ ကံနှင့်မသက်ဆိုင်ပါ၊ အဓိကကျသည့် အချက်မှာ သင်၏အသက်တာ စိတ်သဘောထားအတွင်း ပြောင်းလဲမှုတစ်ခု ရှိသောသူ တစ်စုံတစ်ဦး ဖြစ်နိုင်သည် သို့မဟုတ် မဖြစ်နိုင်သည်ဟူသော အချက်ပင်ဖြစ်သည်။” “အကျွန်ုပ်ကို ပြောပါ။ ကိုယ်တော်သည် ကျွန်ုပ်ကို စုံလင်အောင်ပြုနိုင်သလော သို့မဟုတ် မပြုနိုင်သလော။” “အဆုံးတိုင်အောင် သင်နောက်လိုက်၍ နာခံသ၍ သင့်ကို စုံလင်အောင် ငါပြုနိုင်သည်ဟု ငါအာမခံသည်။” “ထို့အပြင် မည်သည့် ဒုက္ခဆင်းရဲမျိုးကို ကျွန်ုပ် ခံစားရလိမ့်မည်နည်း။” “ဘေးဒုက္ခ သာမက စကားလုံးများဖြင့် တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း၊ အထူးသဖြင့် စကားလုံးများဖြင့် ပြစ်တင်ဆုံးမခြင်းကို ခံရမည်ဖြစ်သည်သာမက အဖြည့်ခံတစ်ဦး ခံရသည့် တူညီသော ပြစ်တင်ဆုံးမခြင်းမျိုးကို ခံရမည်။” “အဖြည့်ခံတစ်ဦးခံရသည့် တူညီသော ပြစ်တင်ဆုံးမခြင်းမျိုးကိုလည်း ခံရဦးမည်လော။ သို့သော်လည်း အကယ်၍ ဘေးဒုက္ခကို ခံခြင်းအားဖြင့် ကျွန်ုပ်ကို စုံလင်အောင် ကိုယ်တော် ပြုပေးမည်ဆိုပါက၊ အကယ်၍ မျှော်လင့်ချက် ရှိမည်ဆိုပါက ကောင်းပါပြီ။ မျှော်လင့်ချက် အနည်းငယ်မျှပင် ဖြစ်မည်ဆိုပါကလည်း အဖြည့်ခံတစ်ခု ဖြစ်ခြင်းထက် ပို၍ ကောင်းပါသည်။ ‘အဖြည့်ခံ’ ဟူသော နာမည်ဂုဏ်ပုဒ်မှာ အလွန်မကောင်းသော နာမည်ဂုဏ်ပုဒ် ဖြစ်သည်ဟု ထင်ရသည်။ ကျွန်ုပ် အဖြည့်ခံဖြစ်ရန် အလိုမရှိပါ။” “အဖြည့်ခံ တစ်ခုဖြစ်ခြင်းမှာ မည်သည့် ပြဿနာ ရှိသနည်း။ အဖြည့်ခံများမှာလည်း အတန်အသင့် ကောင်းကြသည် မဟုတ်လော။ အဖြည့်ခံများသည် ကောင်းချီးမင်္ဂလာများကို ခံစားရန် မထိုက်တန်ကြသလော။ အကယ်၍ အဖြည့်ခံများသည် ကောင်းချီးမင်္ဂလာများကို ခံစားနိုင်သည်ဟု ငါဆိုပါက သင်သည် ကောင်းချီးမင်္ဂလာများကို ခံစားရလိမ့်မည် ဖြစ်သည်။ ငါ၏အမှုကြောင့် လူတို့၏ နာမည်ဂုဏ်ပုဒ်များ ပြောင်းလဲသည် မဟုတ်လော။ နာမည်ဂုဏ်ပုဒ် တစ်ခုသည် သင့်အား ဤမျှလောက် စိတ်အနှောင့်အယှက် ဖြစ်စေသလော။ ဤကဲ့သို့သော အဖြည့်ခံဖြစ်ခြင်းမှာ အလွန် ဖြစ်ထိုက်ပါသည်။ နောက်လိုက်ရန် သင်အလိုရှိသလော သို့မဟုတ် အလိုမရှိသလော။” “ဤသို့ဆိုသော် ကိုယ်တော်သည် ကျွန်ုပ်ကို စုံလင်ခြင်းသို့ ရောက်စေနိုင်သလော သို့မဟုတ် မရောက်စေနိုင်သလော။ ကိုယ်တော်၏ ကောင်းချီးမင်္ဂလာများကို ခံစားခွင့် ကျွန်ုပ်အား ကိုယ်တော် ပေးနိုင်သလော။” “သင်ငါ့နောက်သို့ အဆုံးတိုင်အောင်လိုက်ရန် အလိုရှိသလော သို့မဟုတ် အလိုမရှိသလော။ သင့်ကိုယ်သင် ဆက်ကပ်ရန် သင်အလိုရှိသလော။” “ကျွန်ုပ် စဉ်းစားပါရစေ။ အဖြည့်ခံ တစ်ခုသည် ကိုယ်တော်၏ ကောင်းချီးမင်္ဂလာများကို ခံစားနိုင်ပြီး စုံလင်ခြင်းသို့ ရောက်နိုင်သည်။ စုံလင်ခြင်းသို့ ရောက်ပြီးနောက် ကျွန်ုပ်သည် ကိုယ်တော်နှင့် ရင်းနှီးသောသူဖြစ်ကာ ကိုယ်တော်၏ အလိုတော် အားလုံးကို နားလည်မည် ဖြစ်သည် သာမက ကိုယ်တော် ပိုင်ဆိုင်သည်တို့ကို ကျွန်ုပ် ပိုင်ဆိုင်မည် ဖြစ်သည်။ မွေ့လျော်သည်ကို ကျွန်ုပ် မွေ့လျော်နိုင်ကာ ကိုယ်တော်သိသောအရာကို ကျွန်ုပ်သိနိုင်လိမ့်မည်ဖြစ်သည်။ … ဘေးဒုက္ခကိုခံကာ စုံလင်အောင်ပြုခြင်းခံရပြီးနောက် ကောင်းချီးမင်္ဂလာများကို ကျွန်ုပ် ခံစားနိုင်သည်။ ဤသို့ဆိုသော် မည်သည့် ကောင်းချီးမင်္ဂလာများကို ကျွန်ုပ် အမှန်တကယ် ခံစားရလိမ့်မည်နည်း။” “မည်သည့် ကောင်းချီးမင်္ဂလာများကို သင်ခံစားရမည့်အကြောင်းကို မစိုးရိမ်နှင့်။ ငါသင့်ကို ပြောပြလျှင်လည်း ၎င်းတို့ကို သင်စိတ်ကူးနိုင်လိမ့်မည် မဟုတ်။ ကောင်းသော အဖြည့်ခံတစ်ခု ဖြစ်ပြီးသည့်နောက်တွင် သင်သည် သိမ်းပိုက်ခြင်းကို ခံရမည်၊ သင်သည် အောင်မြင်သော အဖြည့်ခံတစ်ခု ဖြစ်လိမ့်မည်။ ဤအရာသည် သိမ်းပိုက်ခြင်းကို ခံရသောသူများ၏ စံပြနှင့် နမူနာတစ်ခု ဖြစ်သော်လည်း သိမ်းပိုက်ခြင်းကို ခံရပြီးနောက် သင်ထိုကဲ့သို့သာ အမှန်ဖြစ်နိုင်သည်။” “စံပြနှင့် နမူနာတစ်ခု ဆိုသည်မှာ အဘယ်နည်း။” “၎င်းသည် တစ်ပါးအမျိုးသားများ၊ တစ်နည်းအားဖြင့်ဆိုသော် သိမ်းပိုက်ခြင်း မခံရသေးသောသူများအတွက် စံပြနှင့် နမူနာတစ်ခုဖြစ်သည်။” “လူအရေအတွက် မည်မျှနည်း။” “အရေအတွက် များစွာသော လူများဖြစ်သည်။ သင်တို့ထဲမှ လူလေးထောင် သို့မဟုတ် ငါးထောင် မဟုတ်၊ တစ်လောကလုံးတွင် ဤနာမကို လက်ခံသောသူများသည် သိမ်းပိုက်ခြင်း ခံရကြမည် ဖြစ်သည်။” “သို့ဆိုလျှင် ၎င်းသည် မြို့ငါးမြို့သို့မဟုတ် တစ်ဆယ်မြို့မျှသာ မဟုတ်။” “၎င်းအတွက် ယခု ပူပန်ခြင်း မရှိနှင့်၊ သင့်ကိုယ်သင် လွန်စွာစိုးရိမ်ခြင်း မရှိနှင့်။ သင်ယခု မည်ကဲ့သို့ ဝင်ရောက်သင့်သည်ကိုသာ အာရုံစိုက်ပါ။ သင်စုံလင်ခြင်းသို့ ရောက်နိုင်သည်ဟု ငါအာမခံပါသည်။” “မည်သည့် အတိုင်းအတာအထိ ဖြစ်သနည်း။ ထို့အပြင် ကျွန်ုပ် မည်သည့် ကောင်းချီးမင်္ဂလာများကို ခံစားနိုင်မည်နည်း။” “သင်အဘယ်အရာကို အလွန်ပူပန်နေသနည်း။ သင်စုံလင်ခြင်းသို့ ရောက်နိုင်ကြောင်း ငါအာမခံသည်၊ ငါသည် ယုံကြည်အားကိုးရကြောင်းကို သင်မေ့လျော့သွားသလော။” “ကိုယ်တော်သည် ယုံကြည်အားကိုးရသည်မှာ မှန်ပါသည်၊ သို့သော်လည်း ကိုယ်တော် စကားပြောသည့် နည်းလမ်း အချို့တို့မှာ အမြဲ ပြောင်းလဲနေပါသည်။ ကျွန်ုပ် စုံလင်ခြင်းသို့ ရောက်နိုင်ကြောင်း ကိုယ်တော် အာမခံသည်ဟု ယနေ့ ကိုယ်တော်ဆိုသည်၊ သို့သော် နံနက်ဖြန်တွင် ၎င်းမှာ မသေချာကြောင်း ကိုယ်တော်ဆိုကောင်းဆိုနိုင်သည်။ ထို့အပြင် အချို့သော လူတို့အား ‘သင်ကဲ့သို့ လူတစ်စုံတစ်ဦးသည် စုံလင်ခြင်းသို့ မရောက်နိုင်ကြောင်း ငါအာမခံသည်’ ဟု ကိုယ်တော်ဆိုသည်။ ကိုယ်တော်၏ နှုတ်ကပတ်တော်များမှာ အဘယ်သို့ ဖြစ်နေသည်ကို ကျွန်ုပ် မသိတော့ပါ။ ကျွန်ုပ် ၎င်းကို အကယ်ပင် မယုံကြည်ဝံ့ပါ။” “ဤသို့ဆိုသော် သင့်ကိုယ်ကို သင်ဆက်ကပ်နိုင်သလော သို့မဟုတ် မဆက်ကပ်နိုင်သလော။” “မည်သည်ကို ဆက်ကပ်ရမည်နည်း။” “သင်၏ အနာဂတ်၊ သင်၏ မျှော်လင့်ချက်များကို ဆက်ကပ်လော့။” “အာ။ ထိုအရာများကို ကျွန်ုပ် လက်လွှတ်နိုင်ပါသည်။ အဓိက အရာမှာ ‘အဖြည့်ခံ’ ဟူသော နာမည်ဂုဏ်ပုဒ် ဖြစ်သည်၊ ထိုအရာကို ကျွန်ုပ် တကယ် မလိုချင်ပါ။ အကယ်၍ ကျွန်ုပ်ထံမှ ‘အဖြည့်ခံ’ ဟူသော နာမည်ဂုဏ်ပုဒ်ကို ကိုယ်တော် ဖယ်ရှားပေးပါက ကျွန်ုပ် မည်သည့်အရာကိုမဆို လိုလိုလားလား လက်ခံပါမည်၊ ကျွန်ုပ် မည်သည့်အရာကိုမဆို လုပ်နိုင်ပါလိမ့်မည်။ ၎င်းတို့မှာ မပြောပလောက်သော ကိစ္စများသာ ဖြစ်သည် မဟုတ်လော။ ထိုခွဲခန့်မှတ်သားခြင်းကို ကိုယ်တော်နုတ်ယူနိုင်သလော။” “ထိုအရာမှာ အလွန်လွယ်ကူနေမည် မဟုတ်လော။ အကယ်၍ ငါသည် ထိုနာမည်ဂုဏ်ပုဒ်ကို သင့်အား ပေးနိုင်သည်ဆိုလျှင် ၎င်းကို ငါနုတ်ယူနိုင်သည်။ သို့သော် ယခု အချိန် မဟုတ်သေး၊ ဤအမှု၏ အဆင့်မှ သင်၏အတွေ့အကြုံကို သင်အပြီးသတ်ရမည်၊ ထိုမှသာ နာမည်ဂုဏ်ပုဒ် အသစ်တစ်ခုကို သင်ရနိုင်မည်။ တစ်စုံတစ်ဦးသည် သင်ကဲ့သို့ ဖြစ်လေ ၎င်းတို့သည် အဖြည့်ခံတစ်ခုဖြစ်ရန် ပို၍ လိုအပ်လေဖြစ်သည်။ သင်သည် အဖြည့်ခံတစ်ခု ဖြစ်ရမည်ကို ပို၍ စိုးရိမ်ပူပန်လေ သင့်ကို ယင်းကဲ့သို့ ငါအမည်ပိုတပ်မည်။ သင်ကဲ့သို့သော လူတစ်ဦးအား တင်းကျပ်စွာ ဆုံးမပဲ့ပြင်ပြီး ရိုက်နှက်ဆုံးမရမည် ဖြစ်သည်။ တစ်စုံတစ်ဦးသည် ပို၍ ပုန်ကန်ဆန့်ကျင်လေ ၎င်းတို့သည် သာ၍ အစေခံတစ်ဦး ဖြစ်လေဖြစ်ပြီး အဆုံးတွင် ၎င်းတို့သည် မည်သည်ကိုမျှ ရလိမ့်မည် မဟုတ်။” “ဤကဲ့သို့ ကြိုးစားခြင်းမျိုးဖြင့် အကျွန်ုပ်သည် ‘အဖြည့်ခံ’ ဟူသော အမည်ကို အဘယ်ကြောင့် ခွာချနိုင်ခြင်း မရှိရမည်နည်း။ ကျွန်ုပ်တို့သည် ဤနှစ်ပေါင်းများစွာ တစ်လျှောက်လုံး ကိုယ်တော့် နောက်သို့ လိုက်ခဲ့ပြီး ဒုက္ခခံစားခဲ့ရသည်တို့မှာ အနည်းငယ် ပမာဏ မဟုတ်ပါ။ ကျွန်ုပ်တို့သည် ကိုယ်တော်အတွက် ဤအမှုနှင့် ထိုအမှုတို့ကို လုပ်ဆောင်ခဲ့ပါသည်၊ ကျွန်ုပ်တို့သည် မိုးထဲလေထဲတွင် ထွက်ခဲ့ကြပါသည်။ ကျွန်ုပ်တို့ အားလုံးသည် အသက် ၂၀ ကျော်သူများ ဖြစ်ကြသည်၊ ကျွန်ုပ်တို့၏ ပျိုရွယ်ချိန် နောက်ပိုင်း၌ ကျွန်ုပ်တို့ ရှိပါပြီ။ ကျွန်ုပ်တို့သည် အိမ်ထောင်ပြုခြင်း သို့မဟုတ် မိသားစု တည်ထောင်ခဲ့ခြင်း မရှိသေးဘဲ ကျွန်ုပ်တို့ထဲမှ ထိုကဲ့သို့ ပြုခဲ့ကြသူများမှာလည်း ဆက်လက်၍ ရှေ့ထွက်လာကြဆဲ ဖြစ်သည်။ ကျွန်ုပ်သည် အထက်တန်းကျောင်းတွင် ကျောင်းတက်နေခဲ့သူ ဖြစ်ပါသည်၊ ကိုယ်တော် ကြွလာခဲ့သည်ကို ကျွန်ုပ် ကြားလျှင်ကြားချင်း တက္ကသိုလ်သွားမည့် ကျွန်ုပ်၏ အခွင့်အရေးကို ကျွန်ုပ် အလျှော့ပေးခဲ့ပါသည်။ သို့သော်လည်း ကျွန်ုပ်တို့သည် အဖြည့်ခံများ ဖြစ်ကြသည်ဟု ကိုယ်တော် ဆိုပါသည်၊ ကျွန်ုပ်တို့သည် ယင်းကဲ့သို့ ဆုံးရှုံးခြင်းများကို ခံစားခဲ့ကြရသည်။ ကျွန်ုပ်တို့သည် ထိုအရာများ အားလုံးကို လုပ်ဆောင်သော်လည်း ကျွန်ုပ်တို့မှာ ကိုယ်တော်၏အဖြည့်ခံများ ဖြစ်လာခဲ့ကြသည်။ ဤအရာသည် ကျွန်ုပ်အား ကျွန်ုပ်၏ အပေါင်းအဖော် လုပ်ဆောင်သူများ၊ ကျွန်ုပ်၏ လုပ်ဖော်ကိုင်ဖက်များနှင့် ကျွန်ုပ်နှင့် သက်တူရွယ်သူများက မည်ကဲ့သို့ ထင်စေမည်နည်း။ ၎င်းတို့ ကျွန်ုပ်ကို မြင်တွေ့ပြီး ကျွန်ုပ်၏နေရာနှင့် ကျွန်ုပ်၏ ရာထူးအဆင့်အတန်းအကြောင်း မေးသည့်အခါ ၎င်းတို့အား ပြောပြရမည်ကို ကျွန်ုပ်မရှက်ဘဲ အဘယ်သို့ နေနိုင်မည်နည်း။ ၎င်းတို့ ကျွန်ုပ်ကို အဘယ်သို့ ထင်ကြလိမ့်မည်နည်း။ ပထမတွင် ကိုယ်တော့်အပေါ် ကျွန်ုပ်၏ ယုံကြည်ချက်ကြောင့် မည်သည့် အဖိုးအခကိုမဆို ကျွန်ုပ်ပေးခဲ့ပြီး အခြားသူအားလုံးတို့က ကျွန်ုပ်အား မိုက်မဲသူတစ်ဦးအဖြစ် လှောင်ပြောင်ခဲ့ကြသည်။ သို့သော်လည်း ကျွန်ုပ်ဆက်လက် နောက်လိုက်ခဲ့ပြီး ကျွန်ုပ်၏နေ့ရက် ရောက်လာကာ မယုံကြည်ခဲ့သော သူအားလုံးကို ပြသမည့် အချိန်ကို တမ်းတခဲ့ပါသည်။ သို့သော်လည်း ကျွန်ုပ်သည် အဖြည့်ခံ တစ်ခု ဖြစ်ကြောင်း ယနေ့ ကိုယ်တော် ဆိုလေပြီ။ အကယ်၍ ကိုယ်တော်သည် ကျွန်ုပ်အား အနိမ့်ဆုံး နာမည်ဂုဏ်ပုဒ်များကို ပေးခဲ့မည်ဆိုလျှင်၊ အကယ်၍ ကိုယ်တော်သည် ကျွန်ုပ်အား နိုင်ငံတော်သားများထဲမှ တစ်ဦး ဖြစ်ခွင့်ပေးခဲ့မည်ဆိုလျှင် ၎င်းမှာ အဆင်ပြေပါလိမ့်မည်။ အကယ်၍ ကျွန်ုပ်သည် ကိုယ်တော်၏ တပည့်တော် သို့မဟုတ် ကိုယ်တော်၏ လူယုံတော် မဖြစ်နိုင်ခဲ့လျှင်လည်း ကိုယ်တော်၏ နောက်လိုက်ဖြစ်မည်ဆိုပါက အဆင်ပြေပါသည်။ ကျွန်ုပ်တို့သည် ဤနှစ်ပေါင်းများစွာ တစ်လျှောက်လုံး ကိုယ်တော့်နောက်သို့ လိုက်ခဲ့ကြသည်၊ ကျွန်ုပ်တို့၏ မိသားစုများကို လက်လွှတ်ခဲ့ပြီး ယခုတိုင်အောင် ဆက်လက် ကြိုးပမ်းရန် အလွန်ခက်ခဲခဲ့သော်လည်း ကျွန်ုပ်တို့သည် ‘အဖြည့်ခံ’ ဟူသော နာမည်ဂုဏ်ပုဒ်ကိုသာ ရကြသည်။ ကိုယ်တော့်အတွက် ကျွန်ုပ် အရာခပ်သိမ်းကို စွန့်လွှတ်ခဲ့ပါသည်၊ လောက၏ ကြွယ်ဝချမ်းသာ အားလုံးကို ကျွန်ုပ် လက်လွှတ်ခဲ့ပါသည်။ ယမန်နှစ် မတိုင်မီနှစ်က တစ်စုံတစ်ဦးသည် ကျွန်ုပ်အား အလားလာရှိသော အိမ်ထောင်ဖက်တစ်ဦးကို မိတ်ဆက်ပေးခဲ့ပါသည်။ သူသည် အမှန်တကယ် ရုပ်ရည်ချောမောပြီး ကောင်းမွန်စွာ ဝတ်စားသူ ဖြစ်ပါသည်၊ သူသည် ရာထူးမြင့်သော အရာရှိ တစ်ဦး၏သားဖြစ်သည်။ သူ၌ အလုပ်ကောင်း တစ်ခု မရှိခဲ့ပါ၊ သူသည် ကားမောင်းသမား တစ်ဦး ဖြစ်သော်လည်း သူသည် အမှန်တကယ် ကြည့်ချောပြီး ထိုအချိန်က ကျွန်ုပ်သည် သူ့အား စိတ်ဝင်စားခဲ့ပါသည်။ သို့သော်လည်း ကိုယ်တော်သည် ကျွန်ုပ်တို့အား နိုင်ငံတော်ထဲသို့ ဦးဆောင်ခေါ်သွားမည်၊ ကျွန်ုပ်တို့အား စုံလင်အောင်ပြုပေးမည်၊ ထို့အပြင် ဆုံးဖြတ်ချက် ရှိရန်နှင့် အရာခပ်သိမ်းကို နောက်၌ အမြန်ထားခဲ့ရန် ကိုယ်တော်သည် ကျွန်ုပ်တို့အား တောင်းဆိုကြောင်းကို ကျွန်ုပ် ကြားလျှင်ကြားချင်း၊ ကျွန်ုပ်ကြားရသည့်အခါ ကျွန်ုပ်၌ ဆုံးဖြတ်ချက် တစ်စုံတစ်ခုမျှ မရှိကြောင်း ကျွန်ုပ်မြင်ခဲ့ပါသည်။ ကျွန်ုပ် ကိုယ့်ကိုယ်ကိုယ် စိတ်တင်းကာ ၎င်းကိုငြင်းပယ်ခဲ့ပါသည်။ သူသည် ကျွန်ုပ်၏ မိသားစုထံ လက်ဆောင်များကို အကြိမ်ပေါင်းများစွာ ပို့ခဲ့သော်လည်း ထိုလက်ဆောင်များကို ကျွန်ုပ် ကြည့်ရုံမျှပင် မကြည့်ခဲ့ပါ။ ထိုအချိန်တွင် ကျွန်ုပ် စိတ်မကောင်းဖြစ်ခဲ့သည်ဟု ကိုယ်တော်ဆိုမည်လော။ ကောင်းသောအရာ တစ်စုံတစ်ခုသည် မည်သည့်အရာမျှ ဖြစ်မလာခဲ့ပါ။ ကျွန်ုပ် စိတ်မကောင်းမဖြစ်ဘဲ အဘယ်သို့ နေနိုင်ခဲ့မည်နည်း။ ကျွန်ုပ် ညမအိပ်နိုင်လောက်သည့်အထိ ရက်ပေါင်းများစွာ ၎င်းအတွက် ကျွန်ုပ်စိတ်မကောင်း ဖြစ်ခဲ့သော်လည်း အဆုံးတွင် ကျွန်ုပ် ၎င်းကို လက်လွှတ်ခဲ့ပါသည်။ ကျွန်ုပ် ဆုတောင်းသည့် အကြိမ်တိုင်းတွင် ကိုယ်တော်၏ ဝိညာဉ်တော်က၊ ‘ငါ့အတွက် အရာခပ်သိမ်းကို သင်စွန့်လွှတ်ရန် အလိုရှိသလော။ ငါ့အတွက် သင့်ကိုယ်သင် အသုံးပြုရန် အလိုရှိသလော’ ဟူ၍ ပြောခဲ့သည့် အရာသည် ကျွန်ုပ်အား တို့ထိခဲ့ပါသည်။ ကိုယ်တော်၏ ထိုနှုတ်ကပတ်တော်များကို ကျွန်ုပ် စဉ်းစားသည့်အခါတိုင်း ကျွန်ုပ်ငိုကြွေးခဲ့ပါသည်။ ကျွန်ုပ် စိတ်တို့ထိခဲ့ပြီး ဝမ်းနည်းငိုကြွေးခဲ့သည့် အကြိမ်များမှာ ကျွန်ုပ်သိသည်ထက် ပို၍ များခဲ့ပါသည်။ နောက်ပိုင်းတွင် ကျွန်ုပ်အိမ်သို့ အကြိမ်အနည်းငယ် သူလာခဲ့သော်လည်း ကျွန်ုပ်သူ့ကို တစ်ကြိမ်မျှပင် မတွေ့ခဲ့ပါ။ ယခု သူ၏ ရုပ်ရည် အဘယ်သို့ ရှိမှန်းကိုပင် ကျွန်ုပ်မေ့ခဲ့ပါပြီ၊ ကျွန်ုပ်သူ့ကို မှတ်မိတော့မည် မဟုတ်ပါ။ တစ်နှစ်ကြာပြီးနောက် သူအိမ်ထောင်ပြုသွားကြောင်းကို ကျွန်ုပ် ကြားခဲ့ရပါသည်။ ကျွန်ုပ် စိတ်မချမ်းမမြေ့ ဖြစ်ခဲ့သည်ကို ပြောရန်ပင် မလိုတော့ပါ၊ သို့သော်လည်း ကိုယ်တော့်အတွက် ထိုအရာကို ကျွန်ုပ် လက်လွှတ်ခဲ့ပါသည်။ ထိုအိမ်ထောင်ပြုသည့် အစီအစဉ်ကို ကျွန်ုပ် လက်လျှော့ခဲ့ပါသည်၊ ကျွန်ုပ်၏ အစားအစာများနှင့် အဝတ်အစားတို့မှာ မကောင်းကြောင်းကို မဆိုနှင့်၊ ဤအရာအားလုံးကို ကျွန်ုပ်လက်လျှော့ခဲ့ပါသည်၊ ထို့ကြောင့် ကျွန်ုပ်အား အဖြည်ခံတစ်ခုအဖြစ် ကိုယ်တော် မနေစေသင့်ပါ။ သူ၏ဖခင်မှာ အရာရှိ တစ်ဦးဖြစ်ကြောင်းနှင့် အကယ်၍ ကျွန်ုပ်တို့ အိမ်ထောင်ပြုခဲ့ပါက သူသည် ကျွန်ုပ်အား အလုပ်တစ်ခုကို ရှာပေးနိုင်ကြောင်း အခြားသူတို့က ဆိုခဲ့ကြပါသည်။ ဤအရာနှင့်ပတ်သက်၍ ကျွန်ုပ် ကိုယ့်ကိုယ်ကိုယ် နှိပ်စက်ခဲ့ပြီး ၎င်းအတွက် လတစ်ဝက်ခန့် ရုန်းကန်းခဲ့သော်လည်း အဆုံးတွင် ၎င်းအထဲမှ ကျွန်ုပ်ထွက်မြောက်ခဲ့ပါသည်။ ကျွန်ုပ်၏ ဘဝထဲတွင် အရေးကြီးဆုံးသော အဖြစ်အပျက်ဖြစ်သည့် ကိုယ့်ကိုယ်ကိုယ် ကိုယ်တော့်ထံသို့ ကျွန်ုပ်ဆက်ကပ်ရန်အတွက် ကျွန်ုပ်၏ အိမ်ထောင်ပြုမည့် အစီအစဉ်ကို လက်လျှော့ခဲ့ပါသည်။ လူတစ်ဦး၏ တစ်ဘဝလုံးသည် အိမ်ထောင်ဖက်ကောင်း တစ်ဦးကို ရှာဖွေခြင်းနှင့် ပျော်ရွှင်သော မိသားစုတစ်စုကို ရရှိခြင်းထက် မပိုပါ။ အကောင်းဆုံးအရာကို ကျွန်ုပ်လက်လွှတ်ခဲ့ပြီး ယခု ကျွန်ုပ်၏လက်များမှာ ဗလာဖြစ်နေပြီး ကျွန်ုပ်သည် ကျွန်ုပ်တစ်ယောက်တည်း ဖြစ်ပါသည်။ ကိုယ်တော်သည် ကျွန်ုပ်အား မည်သည့် နေရာသို့ သွားစေလိမ့်မည်နည်း။ ကိုယ်တော့်နောက်သို့ စတင်ကာ လိုက်ခဲ့သည့် အချိန်မှစ၍ ကျွန်ုပ် ဒုက္ခဆင်းရဲများကို ခံခဲ့ပါသည်။ ကျွန်ုပ်၌ ကောင်းသောဘဝတစ်ခု မရှိခဲ့ပါ။ ကျွန်ုပ်သည် ကျွန်ုပ်၏မိသားစုနှင့် ကျွန်ုပ်၏အလုပ်အကိုင်ကိုသာမက ဇာတိပကတိ၏ သာယာမှု အားလုံးကို လက်လွှတ်ခဲ့ပြီး ကျွန်ုပ်တို့ အားလုံးပေးခဲ့သော အဖိုးအခအားလုံးသည် ကိုယ်တော်၏ ကောင်းချီးမင်္ဂလာများကို ခံစားရရန်အတွက် မလုံလောက်သေးသလော။ ထို့အပြင် ယခုအခါ ဤ ‘အဖြည့်ခံ’ အရာ လာပြန်သည်။ ဘုရားသခင်၊ ကိုယ်တော်သည် အမှန်တကယ်ပင် စည်းကျော်ခဲ့လေပြီ။ ကျွန်ုပ်တို့ကို ကြည့်ပါ၊ ကျွန်ုပ်တို့၌ ဤလောကကြီးထဲတွင် မှီခိုရန် တစ်စုံတစ်ခုမျှ မရှိပါ။ ကျွန်ုပ်တို့ထဲမှ အချို့တို့သည် ကျွန်ုပ်တို့၏ သားသမီးများကို လက်လွှတ်ခဲ့ကြသည်၊ အချို့တို့သည် ကျွန်ုပ်တို့၏အလုပ်ကို လက်လွှတ်ခဲ့ကြသည်၊ ကျွန်ုပ်တို့၏ ခင်ပွန်းသည်များ[စ] နှင့် အစရှိသည်တို့ကို လက်လွှတ်ခဲ့ကြသည်၊ ကျွန်ုပ်တို့သည် ဇာတိပကတိနှင့်ဆိုင်သော ဆန္ဒများ အားလုံးကို လက်လွှတ်ခဲ့ကြပါသည်။ ကျွန်ုပ်တို့၌ မျှော်လင့်ရန် အခြားမည်သည့်အရာ ရှိသနည်း။ လောကကြီးထဲတွင် ကျွန်ုပ်တို့ မည်သို့လျှင် ဆက်လက်၍ အသက်ရှင်ရပ်တည်နိုင်မည်နည်း။ ကျွန်ုပ်တို့ပေးခဲ့သော ယင်းအဖိုးအခများသည် တစ်ပြားမျှပင် တန်ဖိုးမရှိသလော။ ကိုယ်တော် ထိုအရာကို လုံးဝမမြင်နိုင်ခြင်း ဖြစ်သလော။ ကျွန်ုပ်၏ အဆင့်အတန်းသည် နိမ့်ကျပြီး ကျွန်ုပ်တို့၏ အစွမ်းအစ ကင်းမဲ့ပါသည်၊ ဤအရာကို ကျွန်ုပ်တို့ လက်ခံပါသည်၊ သို့သော်လည်း ကိုယ်တော်သည် ကျွန်ုပ်တို့အား ပြုစေလိုသည့် အရာတို့ကို ကျွန်ုပ်တို့ မည်သည့်အခါက ဂရုမစိုက်ခဲ့သနည်း။ ယခု ကိုယ်တော်သည် ကျွန်ုပ်တို့အား ‘လုပ်အားခ’ အနေဖြင့် အဖြည့်ခံများအဖြစ် အကြင်နာမဲ့စွာ ပစ်ပယ်ခဲ့ပြီလော။ ကျွန်ုပ်တို့ ပေးခဲ့သော အဖိုးအခသည် ‘အဖြည့်ခံ’ ဟူသော နာမည်ဂုဏ်ပုဒ်[ဆ] ကိုသာ ကျွန်ုပ်တို့အတွက် ဝယ်ယူပေးနိုင်ခဲ့သလော။ နောက်ဆုံးတွင် ဘုရားသခင်ကို ယုံကြည်ခြင်းဖြင့် ကျွန်ုပ် မည်သည့်အရာတို့ကို ရရှိခဲ့ကြောင်းကို လူအများက ကျွန်ုပ်အား မေးကြလိမ့်မည်။ ‘အဖြည့်ခံ’ ဟူသော စကားလုံး[ဇ] ကို ၎င်းတို့ ရှေ့တွင် ကျွန်ုပ် ချပြနိုင်သလော။ ကျွန်ုပ်သည် အဖြည့်ခံ တစ်ခု ဖြစ်ကြောင်း ပြောရန် ကျွန်ုပ်၏ ပါးစပ်ကို ကျွန်ုပ် မည်သို့ ဖွင့်နိုင်မည်နည်း။ အဖြစ်အပျက်ကို ကျွန်ုပ်၏ မိဘများအား ကျွန်ုပ်မပြောပြနိုင်၊ ကျွန်ုပ်၏ ယခင်က အလားလာရှိသော အိမ်ထောင်ဖက်ကို မပြောပြနိုင်ပါ။ ကိုယ်တော့်အတွက်ကြောင့် ကျွန်ုပ်သည် ကျွန်ုပ်၏ အတန်းဖော်များနှင့်လည်း ပတ်သက်ရန် အကြောင်း မရှိပါ။ ၎င်းတို့သည် ကျွန်ုပ်ထံသို့ လက်ဆောင်များကို ပို့ပေးခဲ့ကြသော်လည်း ထိုလက်ဆောင်အားလုံးကို ကျွန်ုပ် ပြန်ပေးခဲ့သည်။ လက်ဆောင် အမျိုးမျိုးကို ပို့ပေးခဲ့ပြီး ကျွန်ုပ်မလက်ခံခဲ့ခြင်းကြောင့် ကျွန်ုပ်နှင့် မဆက်သွယ်လိုကြတော့သည့် သူအချို့ရှိပါသည်။ ကျွန်ုပ်သည် ထိုအမှုအရာများကို လက်လွှတ်ခဲ့ပြီး လောကီ အဆက်အသွယ်များတွင် ပါဝင်ပတ်သက်ခြင်း မရှိတော့ပါ။ ကျွန်ုပ်သည် ယင်းကဲ့သို့ ကြီးသော အဖိုးအခတစ်ခုကို ပေးခဲ့ပြီး ကျွန်ုပ်ပြန်ရသည့် အရာမှာ အဖြည့်ခံတစ်ခု ဖြစ်နေသည်။ အား။ ကျွန်ုပ် အင်မတန် ခံစားရခက်သည်။” (သူမ၏ ပေါင်များကို ထုကာ စတင်ကာ ငိုကြွေးတော့သည်။) “အကယ်၍ ငါသည် သင့်အား အဖြည့်ခံတစ်ခုဟူသော နာမည်ဂုဏ်ပုဒ်[စျ]ကို မပေးဘဲ ငါ၏လူမျိုးထဲမှ တစ်ဦးဖြစ်စေကာ ဧဝံဂလိသတင်းစကားကို သင့်အား သွား၍ ဖြန့်စေမည်ဟု ငါဆိုပါက၊ အကယ်၍ သင်သွားလုပ်ဆောင်နိုင်ရန် သင့်အားငါ အရိုက်အရာတစ်ခုကို ပေးခဲ့မည်ဆိုပါက ၎င်းကို သင်လုပ်ဆောင်နိုင်မည်လော။ ဤအမှု၏ တစ်ဆင့်ပြီးတစ်ဆင့် နောက်ပိုင်းတွင် မည်သည့်အရာကို သင်အမှန်တကယ် ရရှိခဲ့သနည်း။ သို့သော်လည်း သင်၏ အဖြစ်အပျက်ကိုပင် အသေးစိတ်ပြန်ပြောခဲ့သေးသည်၊ သင်၌ အရှက်တရား မရှိလိုက်လေ။ သင်သည် အဖိုးအခတစ်ခုကို ပေးခဲ့သော်လည်း တစ်စုံတစ်ရာကိုမျှ မရရှိခဲ့ကြောင်း သင်ဆိုသည်။ လူတစ်ဦးကို ရရန်အတွက် ငါ၏ သတ်မှတ်ချက်များမှာ အဘယ်အရာများ ဖြစ်သည်ကို ငါသင့်အား မပြောမိခဲ့လေခြင်းကြောင့် ဖြစ်နိုင်သလော။ ငါ၏အမှုသည် မည်သူ့အတွက် ဖြစ်သနည်း။ သင် သိသလော။ သင်သည် အနာဟောင်းများကို ဆွနေခြင်း ဖြစ်လေပြီ။ လူသားတစ်ဦးအဖြစ်ပင် သင်ဆက်၍ လက်ခံနိုင်သလော။ ဒုက္ခဆင်းရဲ တစ်စုံတစ်ရာသည် သင်၏ ကိုယ်ပိုင် ဆန္ဒအလျောက် မဟုတ်ခဲ့သလော။ ထို့အပြင် သင်၏ ဒုက္ခဆင်းရဲခံခြင်းသည် ကောင်းချီးမင်္ဂလာများကို ရရန်အတွက် မဟုတ်ခဲ့သလော။ ငါ၏သတ်မှတ်ချက်များနှင့် သင်ပြည့်မီပြီလော။ သင်အလိုရှိသည့် တစ်ခုတည်းသောအရာမှာ ကောင်းချီးမင်္ဂလာများ ရရန်ဖြစ်သည်။ သင်၌ အရှက်တရား မရှိလေစွ။ ငါ၏ သတ်မှတ်ချက်များသည် မည်သည့်အခါက သင့်အတွက် မဖြစ်မနေ လုပ်ရမည့် အရာများ ဖြစ်ခဲ့သနည်း။ အကယ်၍ သင်သည် ငါ့နောက်သို့ လိုက်လိုပါက အရာအားလုံးတွင် ငါ့ကို သင်နာခံရမည်။ သတ်မှတ်ချက်များ အကြောင်းကို မဆိုနှင့်။ အမှန်မှာ ဤလမ်းကြောင်းသည် ဒုက္ခဆင်းရဲခံခြင်း လမ်းကြောင်းတစ်ခု ဖြစ်ကြောင်းကို ကြိုတင်၍ သင့်အား ငါအမှန် ဆိုခဲ့လေပြီ။ ၎င်းမှာ အနည်းငယ်သော မင်္ဂလာရှိပြီး စိတ်ပျက်ဖွယ်ရာ အလားအလာများနှင့် အတိပြီးသော လမ်းကြောင်း ဖြစ်သည်။ သင်မေ့လျော့သွားပြီလော။ ဤအရာကို ငါအကြိမ်များစွာ ပြောခဲ့ပြီး ဖြစ်သည်။ အကယ်၍ သင်ဒုက္ခဆင်းရဲ ခံလိုပါက ငါ့နောက်သို့ လိုက်ပါ၊ အကယ်၍ သင်ဒုက္ခဆင်းရဲ မခံလိုပါက ရပ်ပါ။ ငါသည် သင့်ကို အတင်းအကျပ် မခိုင်းပါ၊ သင်လွတ်လပ်စွာ သွားနိုင် လာနိုင်ပါသည်။ သို့သော်လည်း ဤသည်မှာ ငါ၏အမှု ပြီးမြောက်သည့် ပုံစံဖြစ်ပြီး သင်၏ တစ်ဦးချင်းဖြစ်သော ဆန့်ကျင်ပုန်ကန်မှုကြောင့် ငါ၏အမှု တစ်ခုလုံးကို ငါမနှောင့်နှေးစေနိုင်ပေ။ သင်သည် နာခံရန် အလို မရှိကောင်း မရှိနိုင်သော်လည်း နာခံလိုသည့် အခြားသူများ ရှိပါသည်။ သင်တို့ အားလုံးသည် ခိုကိုးရာမဲ့ ဖြစ်နေကြသောသူများ ဖြစ်လေစွ။ သင်သည် မည်သည့် အရာကိုမျှ မကြောက်တတ်။ သင်သည် သင်၏ သတ်မှတ်ချက်များကို ငါနှင့် ဆွေးနွေးနေသေးသည်၊ သင်ဆက်၍ အသက်ရှင်လိုသလော သို့မဟုတ် မရှင်လိုသလော။ သင်သည် သင့်အတွက်သင် အစီအစဉ်ဆွဲပြီး သင်၏ ကိုယ်ပိုင်အောင်မြင်မှုနှင့် အကျိုးအတွက် အလုအယက်ကြိုးပမ်းသည်။ ငါ၏အမှုသည် သင်တို့အားလုံးအတွက် မဟုတ်သလော။ သင်မျက်စိမမြင်သလော။ ငါသွေးသားဇာတိ မဖြစ်မီက သင်သည် ငါ့ကို တွေ့မြင်နိုင်ခြင်း မရှိဘဲ ထိုစကားများမှာ ခွင့်လွတ်နိုင်သော စကားများ ဖြစ်သော်လည်း ယခု ငါသည် လူ့ဇာတိခံယူထားပြီး သင်တို့၏အကြားတွင် ငါအမှုပြုနေသည်၊ သို့သော်လည်း သင်မမြင်နိုင်သေးသလော။ သင်အဘယ်ကြောင့် နားမလည်သနည်း။ ဆုံးရှုံးမှုတစ်ခုကို သင်ခံစားခဲ့ရကြောင်း သင်ဆိုသည်၊ ထိုသို့ဆိုပါက ငါသည် ခိုကိုးရာမဲ့ဖြစ်နေသော လူများဖြစ်ကြသည့် သင်တို့ကို ကယ်တင်ရန် လူ့ဇာတိကို ခံယူခဲ့ကာ အမှုများစွာကို ပြုခဲ့သော်လည်း ယခုတိုင်အောင် သင်သည် ဆက်၍ ညည်းတွားနေသေးသည်၊ ငါဒုက္ခဆင်းရဲ ခံခဲ့ရသည်ဟု သင်ဆိုလိမ့်မည်လော။ ငါပြုခဲ့ပြီးသော အမှုအရာတို့မှာ သင်တို့အတွက် မဟုတ်ခဲ့သလော။ လူတို့အတွက် ငါ၌ရှိသော ဤနာမည်ဂုဏ်ပုဒ်မှာ ၎င်းတို့၏ လက်ရှိ ဝိညာဉ်အသက်တာအပေါ် အခြေခံခြင်း ဖြစ်သည်။ အကယ်၍ ငါသည် သင့်အား ‘အဖြည့်ခံ’ တစ်ခုဟု ခေါ်လျှင် သင်သည် ချက်ချင်းပင် အဖြည့်ခံတစ်ခု ဖြစ်သည်။ အကယ်၍ ငါသည် သင့်အား ‘ဘုရားသခင်၏ လူမျိုး’ ဟု ခေါ်လျှင်လည်း သင်သည် ချက်ချင်းပင် ဘုရားသခင်၏လူမျိုး ဖြစ်သည်။ ငါခေါ်သည့်အတိုင်း သင်၌ ဖြစ်သည်။ ၎င်းမှာ ငါ သကဲ့သို့ အားလုံးဖြစ်သည် မဟုတ်လော။ ထို့အပြင် ငါ၏ ဤစကားလုံး တစ်လုံးသည် သင့်အတွက် အလွန်ဒေါသထွက်စရာအကြောင်း ဖြစ်စေသလော။ ထိုသို့ဆိုသော် ကောင်းပြီ၊ ငါ့အား ခွင့်လွှတ်ပါလေ။ အကယ်၍ သင်ယခု နာခံခြင်းမရှိပါက အဆုံးတွင် ကျိန်ဆဲခြင်းကို သင်ခံရမည်၊ ထိုအခါ သင်ပျော်ရွှင်လိမ့်မည်လော။ အသက်လမ်းကို သင်ဂရုမစိုက်ဘဲ သင်၏ရာထူးအဆင့်အတန်းနှင့် နာမည်ဂုဏ်ပုဒ်အပေါ်သာ သင်အာရုံပြုသည်၊ သင်၏ အသက်တာမှာ မည်သည့်အရာနှင့် တူသနည်း။ ကြီးသောအဖိုးအခတစ်ခု သင်ပေးခဲ့ရသည်ကို ငါမငြင်းပါ၊ သို့သော်လည်း သင်၏ဝိညာဉ်အသက်တာနှင့် လက်တွေ့လုပ်ဆောင်မှုကို ကြည့်ပါ၊ ယခုပင်လျှင် သင်သည် သင်၏ အခြေအနေများကို သင်ဆက်၍ ဆွေးနွေးနေသေးသည်။ ဤသည်မှာ သင်၏စိတ်ဆုံးဖြတ်ချက်အတွက် သင်ရရှိခဲ့သော ဝိညာဉ်အသက်တာ ဖြစ်သလော။ သင်၌ တည်ကြည်မှု တစ်စုံတစ်ရာ ရှိသေးသလော။ သင်၌ အသိစိတ် တစ်ခု ရှိသလော။ အမှားတစ်စုံတစ်ခုကို ပြုခဲ့သည်မှာ ငါဖြစ်သလော။ သင့်အတွက် ငါ၏သတ်မှတ်ချက်များမှာ မှားယွင်းခဲ့သလော။ ဤသည်မှာ မည်သည့် အရာနည်း။ ငါသည် သင့်ကို ရက်အနည်းငယ် အဖြည့်ခံအဖြစ် နေစေမည် ဖြစ်သော်လည်း သင်သည် ထိုသို့နေရန် အလိုမရှိ။ ၎င်းမှာ မည်ကဲ့သို့သော စိတ်ဆုံးဖြတ်ချက်မျိုး ဖြစ်သနည်း။ သင်တို့ အားလုံးသည် မပြတ်သားသောသူ၊ သူရဲဘောကြောင်သောသူ ဖြစ်လေစွ။ သင်ကဲ့သို့ လူများကို အပြစ်ဒဏ်ပေးခြင်းမှာ လုပ်ရိုးလုပ်စဉ် တစ်ခုပင် ဖြစ်သည်။” ဤအရာကို ငါပြောလိုက်သည်နှင့် စကားတစ်လုံးမှ သူမပြောခဲ့ပေ။

ဤကဲ့သို့ အမှုမျိုးကို ယခုကြုံတွေ့ခံစားရာတွင် သင်တို့၌ အမှု၏အဆင့်များနှင့် လူတို့အား သဏ္ဌာန်ပြောင်းလဲစေသည့် နည်းလမ်းများအပေါ် နားလည်သဘောပေါက်မှု တစ်စုံတစ်ခု ရှိရမည်။ ဤသည်မှာ သဏ္ဌာန်ပြောင်းလဲခြင်းတွင် ရလဒ်များကို ရရှိရန် တစ်ခုတည်းသောနည်း ဖြစ်သည်။ သင်တို့ ကြိုးစားရာတွင် သင်တို့ တစ်ဦးချင်းစီ၌ များစွာသော အယူအဆများ၊ မျှော်လင့်ချက်များနှင့် အနာဂတ်များ ရှိကြသည်။ လက်ရှိအမှုမှာ ရာထူးအဆင့်အတန်းအပေါ် သင်တို့၏ တပ်မက်မှုနှင့် သင်တို့၏ လွန်ကဲသော တပ်မက်မှုအလိုဆန္ဒများကို ရိုက်နှက်ဆုံးမရန်အတွက် ဖြစ်သည်။ မျှော်လင့်ချက်များ၊ ရာထူးအဆင့်အတန်းအတွက် တပ်မက်မှု[ည] နှင့် အယူအဆများအားလုံးသည် စာတန်နှင့်သက်ဆိုင်သော စိတ်သဘောထား၏ ရှိရိုးရှိစဉ် ကိုယ်စားပြုချက်များ ဖြစ်သည်။ လူတို့၏ စိတ်နှလုံးများထဲတွင် ထိုအရာများ တည်ရှိနေရသည့် အကြောင်းရင်းမှာ စာတန်၏ အဆိပ်အတောက်သည် လူတို့၏ အတွေးအခေါ်များအား အမြဲတစေ ပျက်စီးယိုယွင်းစေခြင်းကြောင့်ဖြစ်ပြီး လူတို့သည် စာတန်ထံမှ ယင်းစုံစမ်းနှောင့်ယှက်မှုများကို အမြဲတစေ မပယ်ရှားနိုင်ခြင်းကြောင့် ဖြစ်သည်။ ၎င်းတို့သည် မကောင်းမှုဒုစရိုက်အကြားတွင် အသက်ရှင်နေကြသော်လည်း ၎င်းအား မကောင်းမှုဒုစရိုက်ဟူ၍ မယုံကြည်ကြဘဲ ၎င်းတို့သည်၊ “ငါတို့သည် ဘုရားသခင်ကို ယုံကြည်သောကြောင့်် သူသည် ငါတို့အပေါ် ကောင်းချီးမင်္ဂလာများကိုပေးပြီး ငါတို့အတွက် အရာခပ်သိမ်းကို သင့်တော်သလို စီစဉ်ပေးလိမ့်မည်။ ငါတို့သည် ဘုရားသခင်ကို ယုံကြည်သောကြောင့် ငါတို့သည် အခြားသူများထက် သာလွန်ကာ ငါတို့၌ ရာထူးအဆင့်အတန်းနှင့် အခြားသူများထက်ပိုသော အနာဂတ်တစ်ခု ရှိရမည်။ ငါတို့သည် ဘုရားသခင်ကို ယုံကြည်သည့်အတွက် သူသည် ငါတို့အား အကန့်အသတ်မရှိသော ကောင်းချီးမင်္ဂလာများကို ပေးကိုပေးရမည်။ ထိုသို့မဟုတ်ပါက ၎င်းကို ဘုရားသခင်အား ယုံကြည်ခြင်းဟု ခေါ်နိုင်လိမ့်မည် မဟုတ်” ဟူ၍ ယုံကြည်ကြသည်။ လူတို့သည် ၎င်းတို့ အသက်ရှင်ရပ်တည်ရန်အတွက် နှစ်ပေါင်းများစွာ အမှီပြုခဲ့သော အတွေးအခေါ်များသည် ၎င်းတို့မှာ သစ္စာဖောက်သောသူများ၊ သူရဲဘောကြောင်သောသူများနှင့် စက်ဆုပ်ဖွယ်ကောင်းသောသူများ ဖြစ်လာသည်အထိ ၎င်းတို့၏ စိတ်နှလုံးများအား ပျက်စီးယိုယွင်းစေခဲ့ပါသည်။ ၎င်းတို့၌ စိတ်ဓာတ်ခွန်အားနှင့် စိတ်ဆုံးဖြတ်ချက် ကင်းမဲ့ကြသည်သာမက ၎င်းတို့သည် လောဘကြီးသူများ၊ မောက်မာသူများနှင့် ဇွတ်တရွတ်နိုင်သောသူများလည်း ဖြစ်လာခဲ့ကြသည်။ ၎င်းတို့၌ ကိုယ်ကျိုးကို ကျော်လွန်သော စိတ်ဆုံးဖြတ်ချက် တစ်စုံတစ်ရာ လုံးဝ ကင်းမဲ့နေပြီး ထိုမျှမက ၎င်းတို့၌ ယင်းမှောင်မိုက် စိုးမိုးမှုများ၏ ချုပ်ချယ်မှုများကို ပယ်ရှားရန် ရဲဝံ့ခြင်း အနည်းငယ်ပင် မရှိကြချေ။ လူတို့၏ အတွေ့အခေါ်များနှင့် အသက်တာများသည် ပုပ်သိုးနေသည်၊ ဘုရားသခင်အပေါ် ယုံကြည်ခြင်းနှင့်သက်ဆိုင်သော ၎င်းတို့၏ ရှုထောင့်အမြင်များမှာ သည်းမခံနိုင်အောင် အကျည်းတန်နေသေးသည်သာမက ဘုရားသခင်အပေါ် ယုံကြည်ခြင်းအကြောင်း ၎င်းတို့၏ ရှုထောင့်အမြင်များကို လူတို့ပြောကြသည့်အခါ ၎င်းမှာကြားရန်ပင် တကယ် သည်းမခံနိုင်စရာ ဖြစ်သည်။ လူအားလုံးသည် သူရဲဘောကြောင်ကြသည်၊ အစွမ်းအစမရှိ၊ စက်ဆုပ်ရွံရှာဖွယ် ဖြစ်သည် သာမက ခိုင်ခံ့ခြင်း မရှိကြပေ။ ၎င်းတို့သည် အမှောင်စွမ်းအားများကို ရွံ့ရှာခြင်း မရှိကြသည့်အပြင် အလင်းနှင့် သမ္မာတရားကို ချစ်တတ်ခြင်း မရှိကြ၊ ထိုသို့ဖြစ်ရမည့်အစား ၎င်းတို့သည် ၎င်းတို့ကို နှင်ထုတ်ရန်အတွက် အစွမ်းကုန် လုပ်ဆောင်ကြသည်။ သင်တို့၏ လက်ရှိအတွေးအခေါ်များနှင့် ရှုထောင့်အမြင်များမှာ ဤကဲ့သို့ပင် ဖြစ်သည် မဟုတ်လော။ “ငါသည် ဘုရားသခင်ကို ယုံကြည်သည့်အတွက် ငါ့အား ကောင်းချီးမင်္ဂလာများကိုသာ သွန်းလောင်းပေးသင့်ပြီး ငါ၏ ရာထူးအဆင့်အတန်းသည် မည်သည့်အခါမျှ ကျဆင်းခြင်း မရှိမည့်အကြောင်းနှင့် ၎င်းသည် မယုံကြည်သူများ၏ ရာထူးအဆင့်အတန်းထက် ပို၍ မြင့်မားသင့်ကြောင်း သေချာအောင် လုပ်ပေးသင့်ပါသည်။” သင်တို့သည် ထိုကဲ့သို့ ရှုထောင့်အမြင်ကို တစ်နှစ် သို့မဟုတ် နှစ်နှစ်သာ သင်တို့အထဲ၌ လက်သင့်ခံထားခြင်း မဟုတ်၊ ၎င်းသည် သင်တို့အထဲ၌ ရှိနေသည်မှာ နှစ်ပေါင်းများစွာ ရှိခဲ့ပြီ ဖြစ်သည်။ သင်တို့၏ မသေချာသော ပုံသေအတွေးအခေါ်သည် အလွန်အကျွံ့ ဖွံ့ဖြိုးလျက်ရှိသည်။ သင်တို့သည် ယနေ့ ဤအဆင့်သို့ ရောက်ခဲ့ကြသော်လည်း သင်တို့သည် ရာထူးအဆင့်အတန်းကို လက်မလွှတ်သေးဘဲ ၎င်းနှင့်ပတ်သက်ပြီး မေးမြန်းရန် အမြဲတစေ ရုန်းကန်နေကြပြီး တစ်နေ့ သင်၏ ရာထူးအဆင့်အတန်း ဆုံးရှုံးသွားကာ သင်၏နာမည် ပျက်စီးသွားမည်လောဟူသည့် ကြီးမားသောပူပင်မှုဖြင့် ၎င်းကို နေ့စဉ် စောင့်ကြည့်တတ်ကြသည်။ လူတို့သည် မည်သည့်အခါမျှ ၎င်းတို့၏ တပ်မက်မှုအလိုဆန္ဒကို အလွယ်တကူ ဘေးသို့ ဖယ်ထားခဲ့ခြင်း မရှိပေ။ သင်တို့သည် လက်ရှိတွင် ဤနည်းဖြင့် ပြစ်တင်ဆုံးမခြင်းကို ခံရပြီး အဆုံးတွင် သင်တို့ မည်သည့် အတိုင်းအတာအထိ နားလည်မှု ရှိလိမ့်မည်နည်း။ သင်တို့သည် သင်တို့၏ ရာထူးအဆင့်အတန်း မမြင့်သော်လည်း ဘုရားသခင်၏ မြှင့်တင်ခြင်းကို ခံစားခဲ့ရသည်ဟု သင်တို့ဆိုကြလိမ့်မည်။ သင်တို့သည် နိမ့်ကျစွာ မွေးဖွားလာခဲ့သောကြောင့် သင်တို့၌ ရာထူးအဆင့်အတန်း မရှိခြင်းဖြစ်ပြီး ရာထူးအဆင့်အတန်း ရှိခြင်းမှာ ဘုရားသခင်၏ မြှင့်တင်ပေးခြင်းကြောင့် ဖြစ်သည်၊ ၎င်းမှာ ဘုရားသခင် သင်တို့အား ပေးအပ်ထားသောအရာဖြစ်သည်။ ယနေ့ သင်တို့သည် ဘုရားသခင်၏ သင်တန်းပေးခြင်း၊ သူ၏ပြစ်တင်ဆုံးမခြင်းနှင့် သူ၏ တရားစီရင်ခြင်းကို ကိုယ်တိုင်ကိုယ်ကျ လက်ခံရရှိနိုင်သည်။ ဤသည်မှာ သူ၏ မြှင့်တင်ပေးခြင်း ပို၍ပင်ဖြစ်သည်။ သင်တို့သည် သူ၏ သန့်စင်ပေးခြင်းနှင့် လောင်မြိုက်စေခြင်းကို ကိုယ်တိုင်ကိုယ်ကျ လက်ခံရရှိနိုင်သည်။ ဤသည်မှာ ဘုရားသခင်၏ ကြီးမြတ်သော ချစ်ခြင်းမေတ္တာ ဖြစ်သည်။ ခေတ်ကာလများတစ်လျှောက်တွင် သူ၏ သန့်စင်ပေးခြင်းနှင့် လောင်မြိုက်စေခြင်းကို လက်ခံရရှိခဲ့သောသူ တစ်ဦးတစ်ယောက်မျှ မရှိခဲ့သည့်အပြင် သူ၏ နှုတ်ကပတ်တော်များအားဖြင့် စုံလင်အောင်ပြုခံရခြင်း အဖြစ်ကို လက်ခံရရှိနိုင်သောသူ တစ်ဦးတစ်ယောက်မျှ မရှိခဲ့ပါ။ ဘုရားသခင်သည် ယခု သင်တို့အား မျက်နှာချင်းဆိုင် စကားပြောနေခြင်း၊ သင်တို့အား သန့်စင်ပေးနေခြင်း၊ သင်တို့၏ ဆန့်ကျင်ပုန်ကန်တတ်သော အတွင်းသဘောကို ထုတ်ဖော်ပြသနေခြင်း ဖြစ်သည်။ ဤသည်မှာ သူ၏ အမှန်တကယ် မြှင့်တင်ပေးခြင်း ဖြစ်သည်။ လူတို့ မည်သည့် အရာကို ပြုနိုင်သနည်း။ ၎င်းတို့သည် ဒါဝိဒ်၏မျိုးဆက်ဖြစ်ပါစေ မောဘ၏ သားစဉ်မြေးဆက်များ ဖြစ်ပါစေ အကျဉ်းချုပ်အားဖြင့်ဆိုပါက လူများသည် ဝါကြွားစရာမရှိသော ဖန်ဆင်းခံများ ဖြစ်ကြသည်။ သင်တို့သည် ဘုရားသခင်၏ ဖန်ဆင်းခံများ ဖြစ်ကြသည့်အတွက် သင်တို့သည် ဖန်ဆင်းခံတစ်ဦး၏ တာဝန်ကို ထမ်းရွက်ရမည်။ သင်တို့အတွက် အခြားသော သတ်မှတ်ချက်များ မရှိပေ။ ထိုအခါ သင်သည် ဤသို့ဆုတောင်းကာ ဆိုလိမ့်မည်။ “အို ဘုရားသခင်။ ကျွန်ုပ်၌ ရာထူးအဆင့်အတန်း ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ ကျွန်ုပ် ကိုယ့်ကိုယ်ကိုယ် ယခု သဘောပေါက်ပါပြီ။ အကယ်၍ ကျွန်ုပ်၏ ရာထူးအဆင့်အတန်း မြင့်ပါက ၎င်းမှာ ကိုယ်တော်၏ ချီးမြှောက်ခြင်းကြောင့်ဖြစ်ပြီး ရာထူးအဆင့်အတန်း နိမ့်ပါက ကိုယ်တော်၏ စီမံပေးခြင်းကြောင့် ဖြစ်ပါ၏။ အရာခပ်သိမ်းသည် ကိုယ်တော်၏ လက်တော်ထဲ၌ ရှိပါ၏။ ကျွန်ုပ်၌ ရွေးချယ်စရာ သို့မဟုတ် ညည်းတွားစရာအကြောင်း တစ်စုံတစ်ရာ မရှိပါ။ ကျွန်ုပ်သည် ဤနိုင်ငံနှင့် ဤလူမျိုးအကြားတွင် မွေးဖွားလာမည့်အကြောင်းသာမက အရာခပ်သိမ်းသည် ကိုယ်တော်၏စီမံမှုအတွင်း ရှိခြင်းကြောင့် ကျွန်ုပ်သည် ကိုယ်တော်၏ အုပ်စိုးမှုအောက်တွင် အကြွင်းမဲ့ နာခံသင့်ကြောင်း ကိုယ်တော် စီမံခဲ့ခြင်း ဖြစ်ပါ၏။ ကျွန်ုပ်သည် ရာထူးအဆင့်အတန်းအပေါ် အာရုံမစိုက်ပါ၊ အမှန်မှာ ကျွန်ုပ်သည် ဖန်ဆင်းခံများအကြားမှ တစ်ဦးသာ ဖြစ်ပါ၏။ အကယ်၍ ကိုယ်တော်သည် အကျွန်ုပ်အား အဆုံးမဲ့သော တွင်းနက်၊ ကန့်နှင့်ရောသော မီးအိုင်ထဲသို့ ထည့်လျှင်လည်း ကျွန်ုပ်သည် ဘာမျှမဟုတ်ဘဲ ဖန်ဆင်းခံ တစ်ဦးမျှသာ ဖြစ်ပါ၏။ အကယ်၍ ကိုယ်တော်သည် ကျွန်ုပ်ကို အသုံးပြုပါက ကျွန်ုပ်သည် ဖန်ဆင်းခံတစ်ဦး ဖြစ်ပါ၏။ အကယ်၍ ကိုယ်တော်သည် ကျွန်ုပ်ကို စုံလင်အောင်ပြုလျှင်လည်း ကျွန်ုပ်သည် ဖန်ဆင်းခံ တစ်ဦးမျှသာ ဖြစ်ပါသေး၏။ အကယ်၍ ကိုယ်တော်သည် ကျွန်ုပ်ကို စုံလင်အောင်မပြုလျှင်လည်း ကျွန်ုပ်သည် ဖန်ဆင်းခံ တစ်ဦးထက် မပိုခြင်းကြောင့် ကျွန်ုပ်သည် ကိုယ်တော့်အား ဆက်၍ ချစ်နေဦးမည် ဖြစ်သည်။ ကျွန်ုပ်သည် ဖန်ဆင်းရှင်သခင်၏ ဖန်ဆင်းခြင်းကို ခံခဲ့ရသော ဘာမျှမပြောပလောက်သည့် ဖန်ဆင်းခံ တစ်ဦးထက် မပိုပါ။ ကျွန်ုပ်အား ဖန်ဆင်းခဲ့သူမှာ ကိုယ်တော်ဖြစ်ပြီး ယခု ကိုယ်တော်သည် အကျွန်ုပ်အား ကိုယ်တော်၏ ကရုဏာကို ခံရစေရန် ကိုယ်တော်၏ လက်တော်ထဲ၌ တဖန် နေရာပေးတော်မူ၏။ အရာခပ်သိမ်းသည် ကိုယ်တော်၏ စီမံမှုဖြစ်ခြင်းကြောင့် ကျွန်ုပ်သည် ကိုယ်တော်၏ တန်ဆာပလာနှင့် ကိုယ်တော်၏ အဖြည့်ခံဖြစ်ရန် အလိုရှိပါ၏။ မည်သူမျှ ၎င်းကို မပြောင်းလဲနိုင်ပါ။ ခပ်သိမ်းသော အရာမှန်သမျှနှင့် အဖြစ်အပျက်မှန်သမျှသည် ကိုယ်တော်၏ လက်တော်ထဲ၌ ရှိကြပါ၏။” ထိုအချိန်ရောက်သည့်အခါ သင်သည် ရာထူးအဆင့်အတန်းအပေါ် အာရုံပြုတော့မည် မဟုတ်ဘဲ သင်သည် ၎င်းကို ပယ်ရှားမည် ဖြစ်သည်။ ထိုအခါမှသာ သင်သည် ယုံကြည်ရဲရင့်စွာ ကြိုးစားနိုင်လိမ့်မည်ဖြစ်ပြီး ထိုအခါမှသာ သင်၏ စိတ်နှလုံးသည် မည်သည့် အကန့်အသတ်များမှမဆို လွတ်ငြိမ်းနိုင်မည်ဖြစ်သည်။ လူတို့သည် လွတ်မြောက်ခြင်းကို ခံရသည့်အခါ၊ ထိုအထဲမှ ထွက်လာသည့်အချိန်တွင် ၎င်းတို့၌ စိုးရိမ်ပူပန်စရာများ ဆက်၍ မရှိတော့ပေ။ သင်တို့ အများစု၌ ယခု ရှိနေသော စိုးရိမ်ပူပန်စရာများမှာ အဘယ်နည်း။ သင်တို့သည် ရာထူးအဆင့်အတန်း၏ ကန့်သတ်ခြင်းကို အမြဲ ခံနေကြရပြီး သင်တို့၏ ကိုယ်ပိုင် တက်လမ်းများကိုသာ အမြဲရှာဖွေနေကြသည်။ သင်တို့သည် စာအုပ်များကို ယူကာ လူသားမျိုးနွယ်၏ ခရီးပန်းတိုင်အကြောင်းပြောသည့် အရာကို မကြည့်ဘဲ လှန်လှောကြသည်၊ သင်တို့ အနည်းငယ် ပို၍ ကြည့်သော်လည်း ၎င်းကို ရှာမတွေ့ကြသေးပေ။ သင်တို့က[ဋ] ဤသို့စဉ်းစားကြသည်၊ “မည်သည့်အတွက်ကြောင့် တက်လမ်းများ မရှိနိုင်သနည်း။ ဘုရားသခင်က ထိုတက်လမ်းများကို ဖယ်ရှားလိုက်ခြင်းကြောင့် ဖြစ်နိုင်သလော။ မဖြစ်နိုင်ပါ။ ထိုသို့ဆိုသော် မည်သည့်အတွက်ကြောင့် တက်လမ်းတစ်စုံတစ်ရာ မရှိရသနည်း။ ဘုရားသခင်သည် အဖြည့်ခံများ အကြောင်းကိုသာ ပြောသဖြင့် အခြားသောအရာ မရှိသလော။” သင်တို့သည် ယခု နောက်လိုက်များဖြစ်ပြီး သင်တို့သည် ဤအမှု၏အဆင့်အကြောင်းကို အနည်းငယ် နားလည်ကြသည်။ သို့သော်လည်း သင်တို့သည် ရာထူးအဆင့်အတန်းအတွက် သင်တို့၏ တပ်မက်မှုအလိုဆန္ဒကို ဘေးချိတ်ထားခြင်း မရှိသေးပါ။ သင်တို့၏ ရာထူးအဆင့်အတန်း မြင့်မားသည့်အခါ သင်တို့ ကောင်းစွာ ကြိုးစားကြသော်လည်း သင်တို့၏ ရာထူးအဆင့်အတန်း နိမ့်သည့်အခါ သင်တို့ ဆက်၍ မကြိုးစားကြတော့ပေ။ ရာထူးအဆင့်အတန်း၏ ကောင်းချီးမင်္ဂလာများမှာ သင်တို့၏ စိတ်ထဲ၌ အမြဲရှိနေသည်။ လူအများစုသည် အနုတ်လက္ခဏာထဲမှ အဘယ်ကြောင့် မထွက်လာနိုင်ကြသနည်း။ ၎င်းမှာ စိတ်ပျက်ဖွယ်ရာ တက်လမ်းများကြောင့် အမြဲတစေ ဖြစ်ခြင်း မဟုတ်သလော။ ဘုရားသခင်၏ မိန့်မြွက်ချက်များကို ဝေငှသည်နှင့်တစ်ပြိုင်နက် သင်တို့သည် သင်တို့၏ ရာထူးအဆင့်အတန်းနှင့် သင်တို့ အစစ်အမှန် ကိုယ်ပိုင်လက္ခဏာမှာ မည်သည့်အရာ ဖြစ်ကြောင်းကို သင်တို့ အလောတကြီး ကြည့်ကြသည်။ သင်တို့သည် ရာထူးအဆင့်အတန်းနှင့် ကိုယ်ပိုင်လက္ခဏာကို အဓိကနေရာတွင် ထားကြပြီး ရူပါရုံမှာ ဒုတိယနေရာတွင် ရှိသည်။ တတိယနေရာမှာ သင်တို့ ဝင်ရောက်သင့်သော အရာနှင့် စတုတ္တနေရာမှာ ဘုရားသခင်၏ လက်ရှိ အလိုတော် ဖြစ်သည်။ သင်တို့အတွက် ဘုရားသခင် ပေးသော နာမည်ဂုဏ်ပုဒ်ဖြစ်သည့် “အဖြည့်ခံများ” မှာ ပြောင်းလဲခြင်း ရှိ မရှိ သင်တို့ ဦးစွာပထမ ကြည့်ကြသည်။ သင်တို့ အဖန်တလဲလဲ ဖတ်ရှုကြပြီး “အဖြည့်ခံ” ဟူသော နာမည်ဂုဏ်ပုဒ်ကို ဖယ်ရှားလိုက်ကြောင်းကို သင်တို့ မြင်သည့်အခါ သင်တို့ ပျော်ရွှင်ကာ ဘုရားသခင်ကို အဆက်အပြတ် ကျေးဇူးတင်ကြသည်၊ သူ၏ ကြီးမြတ်သော တန်ခိုးတော်ကို ချီးမွမ်းကြသည်။ သို့သော်လည်း သင်တို့သည် အဖြည့်ခံများ ဆက်ဖြစ်နေသေးကြောင်းကို သင်တို့ ရိပ်ခနဲမြင်သည့်အခါ သင်တို့သည် ဝမ်းနည်းကာ ချက်ချင်းဆိုသလို သင်တို့၏ စိတ်နှလုံးထဲတွင် လှုံ့ဆော်မှု တစ်စုံတစ်ရာမျှ မရှိတော့ပေ။ ဤနည်းလမ်းကို သင်ရှာဖွေလေ အနည်းငယ်သာ ရိတ်သိမ်းရလေ ဖြစ်လိမ့်မည်။ ရာထူးအဆင့်အတန်းအတွက် လူတစ်ဦး၏ တပ်မက်မှုအလိုဆန္ဒ ပို၍ကြီးမားလေ ၎င်းတို့အား ပို၍ပြင်းထန်စွာ ရိုက်နှက်ဆုံးမရန် လိုလေဖြစ်ပြီး ၎င်းတို့သည် ပို၍ကြီးသော စစ်ဆေးခြင်းကို ကျော်ဖြတ်ရလေ ဖြစ်သည်။ ထိုသို့သော လူအမျိုးအစားသည် အလွန် အသုံးမကျသောသူ ဖြစ်သည်။ ၎င်းတို့အနေဖြင့် ထိုအရာကို လုံးလုံးလျားလျား လက်လွှတ်ရန်အတွက် ၎င်းတို့အား လုံလောက်စွာ ရိုက်နှက်ဆုံးမကာ တရားစီရင်ရမည် ဖြစ်သည်။ အကယ်၍ သင်တို့သည် ဤလမ်းကို အဆုံးတိုင်အောင် လိုက်စားပါက သင်မည်သည့်အရာကိုမျှ ရိတ်သိမ်းရမည် မဟုတ်ပေ။ အသက်ကို မလိုက်စားသောသူများကို သဏ္ဌာန်ပြောင်းလဲ၍ မရနိုင်ပါ၊ သမ္မာတရားကို မဆာငတ်သော သူများသည် သမ္မာတရားကို မရနိုင်ကြပေ။ တစ်ကိုယ်ရေ သဏ္ဌာန်ပြောင်းလဲခြင်းကို လိုက်စားရန်နှင့် ထိုထဲ ဝင်ရောက်ရန် သင်အာရုံမစိုက်ပေ၊ သင်သည် လွန်ကဲသော ထိုတပ်မက်မှုအလိုဆန္ဒများ နှင့် ဘုရားသခင်အပေါ် သင်၏ချစ်ခြင်းမေတ္တာကို ကန့်သတ်စေပြီး သူနှင့် နီးကပ်စေရန် ချုပ်တည်းထားသော အရာများအပေါ် အမြဲတစေ အာရုံစိုက်လျက်ရှိသည်။ ထိုအရာများသည် သင့်အား သဏ္ဌာန်ပြောင်းလဲစေနိုင်သလော။ ၎င်းတို့သည် သင့်အား နိုင်ငံတော်ထဲသို့ ခေါ်ဆောင်လာနိုင်သလော။ သင်လိုက်စားသော အရာမှာ သမ္မာတရားကို ရှာဖွေခြင်း မဟုတ်ပါက ဤအခွင့်အရေးကို စိတ်မပါတပါ အသုံးချပြီး လောကထဲသို့ ပြန်ပြီး လိုက်စားသော အရာတွင် အောင်မြင်အောင် လုပ်နိုင်ပါသည်။ ဤပုံစံဖြင့် သင်၏အချိန်ကို ဖြုန်းတီးခြင်းမှာ အမှန်တကယ် မတန်ပါ၊ အဘယ်ကြောင့် သင့်ကိုယ်သင် နှိပ်စက်ရသနည်း။ လှပသော လောကကြီးထဲတွင် အမျိုးမျိုးသော အရာတို့ကို သင်မွေ့လျော်ခံစားနိုင်ခြင်း မရှိသလော။ ငွေ၊ လှပသော အမျိုးသမီးများ၊ ရာထူးအဆင့်အတန်း၊ ပကာသန၊ မိသားစု၊ သားသမီးနှင့် အစရှိသည့် ထိုအရာ အားလုံးမှာ သင်မွေ့လျော်ခံစားနိုင်သည့် လောကကြီး၏ အကောင်းဆုံးသော ရလဒ်များ မဟုတ်သလော။ ဤနေရာတွင် တဝဲလည်လည်လုပ်၍ သင်ပျော်ရွင်နိုင်မည့် နေရာတစ်ခုကို ရှာဖွေနေခြင်းမှာ အဘယ် အကျိုးရရှိနိုင်သနည်း။ လူသားမူကား ခေါင်းချရာမျှ မရှိ၊ ထို့ကြောင့် သင်၌ သောကကင်းဝေးသော နေရာတစ်ခု အဘယ်အတွက်ကြောင့် ရှိနိုင်သနည်း။ သူသည် သင့်အတွက် သောကကင်းဝေးပြီး လှပသောနေရာတစ်ခုကို အဘယ်အတွက် ဖန်တီးပေးနိုင်သနည်း။ ၎င်းမှာ ဖြစ်နိုင်ချေ ရှိသလော။ ငါ၏တရားစီရင်ခြင်းအပြင် သမ္မာတရားနှင့်ပတ်သက်သည့် သွန်သင်ချက်များကိုသာ သင်ယနေ့ရရှိနိုင်သည်။ ငါ့ထံမှ နှစ်သိမ့်မှုကို သင်မရနိုင်သကဲ့သို့ နေ့ရောညပါ သင်တွေးနေသည့် ပျော်ရွှင်စရာ အသိုက်အမြုံကိုလည်း သင်ရနိုင်မည် မဟုတ်ပါ။ သင့်အပေါ်သို့ လောက၏ ကြွယ်ဝချမ်းသာမှုများကို ငါပေးအပ်မည်မဟုတ်။ အကယ်၍ သင်စစ်မှန်စွာ လိုက်စားပါက ငါသည် သင့်အား အသက်လမ်းကို အပြည့်အဝ ပေးလိုပြီး သင့်အား ရေထဲသို့ ပြန်လွှတ်ပေးသော ငါးတစ်ကောင်ကဲ့သို့ ဖြစ်စေမည်။ အကယ်၍ သင်စစ်မှန်စွာ မလိုက်စားပါက အရာခပ်သိမ်းကို ငါပြန်ယူမည်။ ငါ၏နှုတ်မှ နှုတ်ကပတ်တော်များကို နှစ်သိမ့်မှုအတွက် လောဘကြီးသောသူများနှင့် ဝက်များနှင့် ခွေးများကဲ့သို့သောသူများကိုပေးရန် ငါအလိုမရှိ။


နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ မှ

အောက်ခြေမှတ်ချက်များ -

(က) မူရင်း စာသားတွင် “ငါအလိုရှိသည်” ကို ချန်လှပ်ထားသည်။

(ခ) မူရင်း စာသားတွင် “စကားလုံးများ” ကို ချန်လှပ်ထားသည်။

(ဂ) မူရင်း စာသားတွင် “၎င်းတို့ အံ့အားသင့်ခဲ့ကြသည်” ကို ချန်လှပ်ထားသည်။

(ဃ) မူရင်း စာသားတွင် “ဟူသော နာမည်ဂုဏ်ပုဒ်” ကို ချန်လှပ်ထားသည်။

(င) မူရင်း စာသားတွင် “၎င်းတို့က ဆိုခဲ့ကြသည်” ကို ချန်လှပ်ထားသည်။

(စ) မူရင်း စာသားတွင် “ဇနီးသည်များ” ဟု ရေးသားဖော်ပြထားသည်။

(ဆ) မူရင်း စာသားတွင် “ဟူသော နာမည်ဂုဏ်ပုဒ်” ကို ချန်လှပ်ထားသည်။

(ဇ) မူရင်း စာသားတွင် “စကားလုံး” ကို ချန်လှပ်ထားသည်။

(စျ) မူရင်း စာသားတွင် “ဟူသော နာမည်ဂုဏ်ပုဒ်” ကို ချန်လှပ်ထားသည်။

(ည) မူရင်း စာသားတွင် “အတွက် တပ်မက်မှု” ကို ချန်လှပ်ထားသည်။

(ဋ) မူရင်း စာသားတွင် “သင်တို့ စဉ်းစားကြသည်” ကို ချန်လှပ်ထားသည်။

အကြံပြုစာများဖတ်ရှုလေ့လာရန်: ဘာသာရေး စာအုပ်များ

No comments:

Post a Comment