ဘုရားသခင်၏ နှုတ်ကပတ်တော် (ကယ်တင်ရှင်သည် "ဖြူသောမိုးတိမ်" အားစီးလျက် ကြွလာခဲ့ပြီးဖြစ်သည်) အပိုင်း (၁)
နောက်ဆုံးသောကာလအတွင်း ကယ်တင်ရှင်ယေရှု ကြွလာရန်အတွက် လူသားတို့ တောင့်တနေဆဲဖြစ်ပြီး ယုဒပြည်တွင်ရှိခဲ့သော ရုပ်သွင်အတိုင်း သူကြွလာရန် မျှော်မှန်းနေဆဲဖြစ်ပါက ရွေးနုတ်ရာခေတ်တွင် နှစ်ပေါင်းခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ် တစ်ခုလုံး ရပ်တန့်သွားမည်ဖြစ်ကာ ရှေ့ဆက်တိုးတက်နိုင်တော့မည် မဟုတ်ပေ။ ထို့အပြင် နောက်ဆုံးသောကာလသည် မည်သည့်အခါမျှ ရောက်လာလိမ့်မည် မဟုတ်တော့ဘဲ ခေတ်ကာလသည်လည်း မည်သည့်အခါမျှ အဆုံးသတ်တော့မည် မဟုတ်ပေ။ … ငါ့ကို မေရှိယဟုလည်း လူအများ ခေါ်ခဲ့ကြသည့်အပြင် ထိုသူများက ငါ့အားလေးစားပြီး ချစ်မြတ်နိုးခဲ့ကြသည့်အတွက် ကယ်တင်ရှင်ယေရှုဟုလည်း တစ်ချိန်က ခေါ်ခဲ့ကြသည်။ သို့သော်လည်း ယနေ့တွင် ငါသည် လူအများ အတိတ်က သိခဲ့ကြသည့် ယေဟောဝါလည်းမဟုတ်၊ ယေရှုလည်းမဟုတ်ပေ- ငါသည် နောက်ဆုံးသောကာလတွင် တစ်ဖန်ပြန်ကြွလာခဲ့သည့် ဘုရားသခင်၊ ထိုခေတ်ကို အဆုံးသတ်မည့် ဘုရားသခင်ဖြစ်ပေသည်။ ငါသည် မြေကြီးစွန်းတိုင်အောင် ထမြောက်တော်မူသော၊ ငါ၏အလုံးစုံသော စိတ်နေသဘောထားနှင့် ပြည့်ဝသော၊ သြဇာအာဏာနှင့် ပြည့်ဝသော၊ ဂုဏ်သိက္ခာ၊ ဘုန်းအာနုဘော်တို့နှင့် ပြည့်နှက်နေသော ဘုရားသခင် ကိုယ်တော်တိုင်ဖြစ်သည်။
အကြံပြုစာမျာ:
Myanmar Christian Movie | ကောင်းကင်နိုင်ငံတော်ဟူသော ကျွန်ုပ်၏မျှော်လင့်ခြင်းအိပ်မက်
No comments:
Post a Comment