菜單

မူလစာမျက်နှာ သတင်းအချက်အလက် အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ စွဲကိုင်ထားသူ လွတ်လပ်မှန်ကန်တဲ့လူ့အခွင့်အရေး ကယ်တင်ရှင်ပြန်ကြွလာပြီ ဧဝံဂေလိတရားတော် ကောင်းကင်နိုင်ငံတော်သီချင်း အမှန်တရားကို ဖေါ်ထုတ်ခြင်း နိုင်ငံတော် ချီးမွမ်းခြင်း တေးဂီတ ဘုရားသခင်၏ နှုတ်ကပတ်တော်များ ဖတ်ကြားခြင်းများ

8/27/2019

ဝိညာဉ်ရေးရာ တိုက်ပွဲတွင် စုံစမ်းသွေးဆောင်ခြင်းကို အောင်နိုင်ရန် နည်းလမ်း ၃ သွယ်

သမ္မာကျမ်းစာ, သမ္မာတရား, အသင်းတော်, သက်သေခံချက်များ, ကယ်တင်ခြင်း,

ဂျင်းရှင်း တောင်ကိုးရီးယား

ညီအစ်ကိုမောင်နှမတို့

သခင့်ထံ၌ ငြိမ်သက်ခြင်းရှိကြပါစေ။ ဝိညာဉ်ရေးရာ တိုက်ပွဲများသည် တစ်ခါတရံမှ ဖြစ်ခြင်းမဟုတ်ဘဲ ကျွန်မတို့၏ ဘုရားသခင်ကို ယုံကြည်ခြင်းနှင့် နောက်တော်သို့ လိုက်ခြင်း အချိန်ကာလတစ်လျှောက်လုံး ဖြစ်ပေါ်လိမ့်မည်။ ငွေ၊ အဆင့်အတန်း၊ နာမည်နှင့်ပတ်သက်သည့် စုံစမ်းသွေးဆောင်ခြင်းများ၊ အမျိုးသားနှင့်အမျိုးသမီးကြားရှိ စုံစမ်းသွေးဆောင်ခြင်းများရှိကြပြီး မယုံကြည်သူများ၏ အသရေဖျက်ခြင်း၊ ချစ်ခင် နှစ်သက်ရသောသူများထံမှ အတားအဆီးနှင့် ချုပ်ချယ်မှုတို့အပြင် ဆိုးယုတ်သော အစိုးရ၏ လိုက်လံဖမ်းဆီးပြီး ဖိနှိပ်ခံရခြင်းတို့ရှိကြသည်။ တစ်ခါတစ်ရံတွင် လုံးလုံး မမျှော်လင့်ထားသည့် ဘေးဒုက္ခက ကျွန်မတို့ အပေါ် ကျရောက်လာသည်။ သမ္မာကျမ်းစာထဲတွင် “ သမ္မာသတိရှိလျက် မအိပ်ဘဲစောင့်နေကြလော့။ သင်တို့၏ ရန်သူတည်းဟူသော မာရ်နတ်သည်၊ ဟောက်သောခြင်္သေ့ကဲ့သို့ အဘယ်သူကို မျိုရမည်နည်းဟူ၍ လှည့်လည်ရှာဖွေလျက်ရှိ၏။” (၁ ရှင်ပေတရု ၅:၈) ဟု ပြောထားပါသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်က “ ကမ္ဘာမြေကြီးပေါ်တွင် ဝိညာဉ်ဆိုးများ အမျိုးမျိုးတို့သည် နားခိုရန်နေရာကို မပြီးနိုင်မဆုံးနိုင် ရှာဖွေချောင်းမြောင်းလျက် ရှိကြပြီး လူသေအလောင်း များကို စားကြရန် မရပ်နိုင်မနားနိုင်ပင် လိုက်လံရှာဖွေနေကြသည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ အခန်း ၁၀” စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်မျာ) ဟု မိန့်တော်မူထားသည်။ ကျွန်မတို့ နံဘေးတွင် စာတန်မရှိသည့် အခိုက်အတန့် တစ်ခုတစ်လေမျှပင် မရှိပါ၊ ကျွန်မတို့က အဆုံးသတ်တွင် ကျွန်မတို့သည် အဆုံးသတ်တွင် စာတန်အားဖြင့် တစ်ကိုယ်လုံး ဝါးမျိုခြင်းကိုခံရ စေရန်အတွက် ကျွန်မတို့အား မကောင်းမှုအတွင်းသို့နှစ်မြုပ်စေရန်၊ ဘေးအန္တရာယ် အတွင်းသို့ကျရောက်ပြီး ကျွန်မတို့ကိုယ်ကျွန်မတို့ ဘုရားသခင်ထံမှ ဝေးကွာစေဖို့ ပြုလုပ်ရန်၊ ဘုရားသခင်ကို သစ္စာဖောက်ရန်အတွက် ကြိုးစားလျက် စာတန်သည် ကျွန်မတို့အား သွေးဆောင်ရန်၊ စမ်းသပ်ပြီး ဖိနှိပ်ရန် မည်သည့် လူ၊ ဖြစ်ရပ် သို့မဟုတ် အကြောင်းအရာတို့ကို မဆိုအသုံးပြုရန်အတွက် ကြိုးစားတွေးတောလျက်ရှိသည်။ ကျွန်မတို့က သမ္မာတရားမရှိလျှင်၊ ထိုးထွင်းသိမြင်မှုလည်း မရှိပါ၊ ကျွန်မတို့က ဝိညာဉ်ရေးရာ တိုက်ပွဲကို ရှင်းလင်းစွာ မမြင်တွေ့နိုင်ပါက၊ ကျွန်မတို့ ဘုရားသခင်၏ နှုတ်ကပတ်တော်တွင် ခိုင်မာစွာ မနေနိုင်ပါက၊ ကျွန်မတို့သည် ဇာတိပကတိ၏ အကျိုးခံစားမှုများနှင့် နှစ်သက်မှုများနောက်သို့ လိုက်နိုင်ခြေရှိမည်ဖြစ်သည်၊ စာတန်၏ ကွန်ရက်ထဲ ကျရောက်ပြီး၊ ကျွန်မတို့ သက်သေခံချက်များကို ဆုံးရှုံးလိမ့်မည်။ ခရစ်ယာန်များအနေဖြင့် စာတန်၏ လှည့်စားမှုများကို သတိပြုမိရန် နည်းလမ်းကို သင်ယူခြင်းသည် အရေးကြီးသည်။ ထို့ကြောင့် ကျွန်မတို့က ဝိညာဉ်ရေးရာ တိုက်ပွဲအလယ်တွင် စာတန်၏ လှည့်စားမှုကို ထိုးဖောက်မြင်နိုင်ပြီး၊ ဘုရားသခင်အတွက် သက်သေခံနိုင်ရန် မိမိတို့ကိုယ်ကို မည်သို့ လုပ်ဆောင်မည်နည်း။ ကျွန်မအနေဖြင့် စာတန်၏ စုံစမ်းသွေးဆောင်ခြင်းအပေါ် အောင်ပွဲခံနိုင်ရန်အတွက် လက်တွေ့လုပ်ဆောင်ခြင်းဆိုင်ရာ လမ်းကြောင်းသုံးသွယ် ကို သင်နှင့် မိတ်သဟာယ အချို့ဝေငှလိုပါသည်။


ပထမဦးစွာ စာတန်၏ စုံစမ်းသွေးဆောင်ခြင်းနှင့် ရင်ဆိုင်ရသည့်အခါတွင် သင့်အနေဖြင့် ဘုရားသခင်၏ အလိုတော်ကို နားလည်ရန် နှင့် စာတန်၏ လှည့်စားမှုထံ သားကောင်အဖြစ် မကျရောက်စေရန်၊ ဘုရားသခင်ထံ ဆုတောင်းပြီး သမ္မာတရားကို ရှာဖွေရမည်။


စာတန်သည် ဆိုးယုတ်ပြီး အကြီးမားဆုံးသော အတိုင်းအတာအထိ ရက်စက် ကြမ်းကြုတ်သည်။ လူများအပေါ် သူ၏ စုံစမ်းသွေးဆောင်ခြင်းအားလုံးသည် သူတို့၏ပျော့ကွက်များ၊ သူတို့၏ အရေးကြီးသော အားနည်းချက်များကို အသုံးချသည်။ စာတန်သည် လူတစ်ယောက် အားနည်းမှုအရှိဆုံးနေရာတစ်ခုခုမှ စတင်လှုပ်ရှားသည်။ ဧဝကို ကောင်းမကောင်း သိကျွမ်းရာအပင်မှ စားရန် စုံစမ်းသွေးဆောင်ခြင်းကဲ့သို့ပင် ဖြစ်သည်။ ထိုသို့သော အချိန်မျိုးသည် အမြဲလိုလို လူတို့အနေဖြင့် ၎င်းတို့ လုပ်ရပ်များတွင် ကိုယ်ပိုင်အကျိုးစီးပွားနှင့် နှစ်သက်ရာများနောက်လိုက်ဖို့ ဗီဇအလျောက်ဖြစ်သည့်အရာကို ထုတ်ဖော်ရန် အဖြစ်နိုင်ဆုံးသော အချိန်ဖြစ်သည်၊ သူတို့က စာတန်၏လှည့်စားမှုများအားဖြင့် အလွန် တိုက်ခိုက်ခံရလွယ်သည်။ ထို့ကြောင့် ကျွန်မတို့က ဝိညာဉ်ရေးရာ တိုက်ပွဲကို ကြုံတွေ့ရသည့်အချိန်တွင် ပထမဦးစွာ ဘုရားသခင်ရှေ့တော်မှောက်တွင် မိမိကိုယ်ကို ဆိတ်ငြိမ်စေရမည်၊ ဆုတောင်းရမည်၊ ကိုယ်တော်၏ အလိုတော်နှင့် သတ်မှတ်ချက်များ၊ ဘုရားသခင်ကို သက်သေခံရန် နှင့် စိတ်ကျေနပ်စေရနကျွန်ုပ်တို့ မည်သို့ လုပ်ဆောင်ရမည်၊ ကျွန်မတို့က ဇာတိပကတိကို ဖြည့်ဆည်းလျှင် မည်သည့်ထိခိုက်မှုနှင့် အကျိုးဆက်များ သယ်ဆောင်လာမည် တို့ကို ရှာဖွေရမည်။ သမ္မာတရားကို ကျွန်မတို့ နားလည်သဘောပေါက်ပြီးသည်နှင့် တပြိုင်နက်၊ ကျွန်မတို့သည် စာတန်၏လှည့်စားမှုအား အလိုအလျောက် ထိုးထွက်နိုင်ပြီး၊ စုံစမ်းသွေးဆောင်ခြင်းကို အောင်နိုင်မည်ဖြစ်သည်။ သခင်ယေရှုက “ ယုံကြည်ခြင်းပါလျက် ပဌနာပြု၍ ဆုတောင်းသမျှတို့ကို သင်တို့သည်ရကြလိမ့်မည်” (ရှင်မဿဲ ၂၁:၂၂) ဟု မိန့်တော်မူသည့်အတိုင်းပင် ဖြစ်သည်။ ဘုရားသခင်၏နှုတ်ကပတ်တော်ကလည်း “ ဘုရားသခင်သည် လူသားမျိုးနွယ်ကို ဖန်ဆင်းပြီး ၎င်းတို့ကို ဝိညာဉ်များ ပေးသနားခဲ့နောက်တွင် အကယ်၍ ၎င်းတို့သည် ဘုရားသခင်ကို ဟစ်ခေါ်ခြင်းမပြုပါက ၎င်းတို့သည် ဘုရားသခင်၏ ဝိညာဉ်တော်နှင့် ဆက်သွယ်ရန် တတ်နိုင်လိမ့်မည် မဟုတ်ဘဲ ဤသို့နှင့် ကောင်းကင်ဘုံမှ ‘ဂြိုလ်တု ရုပ်မြင်သံကြားစနစ်’ သည် ကမ္ဘာမြေကြီးပေါ်တွင် ဖမ်းယူရရှိနိုင်လိမ့်မည် မဟုတ်ဟူ သူသည် ၎င်းတို့ကို ဆုံးမသြဝါဒပေးခဲ့သည်၊ ဘုရားသခင်သည် လူတို့၏ ဝိညာဉ်များဲ၌ မရှိတော့သောအခါ အခြားသောအရာများအတွက် နေရာလွတ်တစ်ခု ပွင့်သွားပြီး ထိုနည်းနှင့် စာတန်သည် ဝင်လာရန် အခွင့်အရေးကို မလွှတ်တမ်း ယူခြင်းဖြစ်သည်။ လူတို့သည် ၎င်းတို့၏ နှလုံးသားများနှင့် ဘုရားသခင်ကို ဆက်သွယ်သောအခါ စာတန်သည် ချက်ချင်းပင် ချောက်ချားသွားပြီး လွတ်မြောက်ရန် တဟုန်ထိုး ပြေးလေသည်။ လူသားမျိုးနွယ်၏ အော်ဟစ်သံများမှတစ်ဆင့် ဘုရားသခင်သည် ၎င်းတို့လိုအပ်သည့် အရာများကို ၎င်းတို့အား ပေးသည်၊ သို့သော်လည်း ကနဦး၌ ဘုရားသခင်သည် ၎င်းတို့အထဲတွင် ‘ကျိန်းဝပ်ခြင်း’ မရှိချေ။ ၎င်းတို့၏ အော်ဟစ်သံများကြောင့် သူသည် ၎င်းတို့ကို အစဉ်တစိုက်သာ အကူအညီပေးခဲ့ပြီး လူတို့သည် အတွင်း၌ရှိသော ထိုခွန်အားမှ ကြံ့ခိုင်ခြင်းကို ရရှိကြ သောကြောင့် စာတန်သည် ၎င်းသဘောရှိ ‘ကစား’ ရန်အလို့ငှာ ဤနေရာသို့ မလာဝံ့ပေ။ ဤနည်းလမ်းဖြင့် အကယ်၍ လူတို့သည် အစဉ်တစိုက် ဘုရားသခင်၏ ဝိညာဉ်တော်နှင့် ဆက်သွယ်ပါက စာတန်သည် လာရောက် နှောင့်ယှက်ရန် ဝံ့ရဲမည်မဟုတ်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏စာအုပ်ထဲရှိ “ အခန်း ၁၇” စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်သက်ဆိုင်သော နက်နဲမှုများ၏ အနက်ဖွင့်ဆိုချက်) ဟု မိန့်တော်မူထားသည်။

ယောဘသည် စာတန်၏ စစ်ဆေးမှုများမှတစ်ဆင့် သူ၏ကြွယ်ဝမှု နှင့် သားသမီးများ နှစ်ခုလုံးကို ဆုံးရှုံးခဲ့သော်လည်း မည်သည့်အရာကိုမျှ မပြောသကဲ့သို့ သူခိုးဓားပြများထံမှ သူ့ပိုင်ဆိုင်မှုများကို ပြန်လည်ရယူရန် တိုက်ခိုက်ဖို့ပင် မစီမံခဲ့ကြောင်းကို သမ္မာကျမ်းစာတွင် ရေးသားထားသည်။ ထိုအစားသူကဆုတောင်းရန် နှင့် ရှာဖွေရန် ဘုရားသခင်၏ ရှေ့တော်မှောက်သို့လာရောက် ခဲ့သည်၊ ပြီးလျှင် ထိုမှတစ်ဆင့် သူရရှိထားသည့် အရာများအားလုံးသည် သူ့ကိုယ်ပိုင် လုပ်နိုင်စွမ်းမှတစ်ဆင့် ရရှိခြင်းမဟုတ်ပဲ ဘုရားသခင် ပေးအပ်နှင်းတော်မူခြင်း ဖြစ်ကြောင်းကို နားလည်သဘောပေါက်လာသည်။ ထိုအချိန်က သူဒုက္ခခံစားခဲ့ရသည့် ဆုံးရှုံးမှုများသည် ဘုရားသခင် ခွင့်ပြုခြင်းဖြစ်ပြီး၊ အဖြစ်အပျက်အားလုံးနှင့် အရာအားလုံးတို့သည် ဘုရားသခင်၏ လက်တော်ထဲတွင် ရှိသောကြောင့် လူသားမျိုးနွယ်သည် နာခံမှုကို ပြသင့်သည်။ ဤအတွက်ကြောင့် ယောဘက “ ယေဟောဝါသည် ပေးတော်မူ၏၊ ပြီးလျှင် ယေဟောဝါသည် ပြန်နူတ်သိမ်းတော်မူ၏၊ ယေဟောဝါ၏ နာမတော်သည် မင်္ဂလာရှိပါစေဟု ဆိုလေ၏။” (ယောဘ ၁:၂၀-၂၁) ဟု ပြောခဲ့ခြင်းဖြစ်သည်။ ယောဘက ဘုရားသခင်အတွက် သက်သေရပ်တည်ခဲ့ပြီး၊ စာတန်ကို အရှက်ရစေခဲ့သည်။ ဘုရားသခင်ကို ယုံကြည်ပြီး အသင်းတော်အလုပ်တို့ကို လုပ်ဆောင်သောသူ တချို့တွင် ငွေအမြောက်အများရရှိသည့်၊ ဇာတိပကတိ၏ သာယာဖွယ်စကားလုံးများဖြင့် ၎င်းတို့အား နားဝင်အောင်ပြောကာ အကျိုးရလဒ်အနေဖြင့် ပိုက်ဆံရှာရန်အတွက် ဘုရားသခင်ကို စွန့်ပစ်သွားကြသည့် မိသားစုနှင့် မိတ်ဆွေများရှိကြကြောင်း ကျွန်မတို့၏ တကယ့်လက်တွေ့ အသက်တာတွင် မြင်နိုင်ပါသည်။သူတို့က စုဝေးပွဲများ တက်ရောက်ပြီး၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုသည်မှာ ပို၍ပို၍ နည်းပါးလာပြီး၊ အဆုံးသတ်တွင် ဆိုးယုတ်သော ခေတ်ပေါ် ရေပန်းစားလျက်ရှိသည့် အရာများ၏ ဆွဲဆောင်မှုကို အပြည့်အဝခံခဲ့ရသည်။ စစ်မှန်သည့် ယုံကြည်သူများက ဤအရာများကို ကြုံတွေ့ရသည့်အချိန်တွင် သူတို့ကလည်း စိတ်အတွင်းပိုင်း တိုက်ပွဲကို ရင်ဆိုင်ရသည်။ သို့သော် သူတို့သည် ဘုရားသခင်၏ အလိုတော်နှင့် လိုအပ်ချက်များကို ရှာဖွေရန်၊ ဇာတိပကတိ၏ သာယာမှုများဖြစ်သည့် သူတို့စားသည့်အရာ၊ ဝတ်သည့်အရာ တို့အားလုံးသည် ယာယီဖြစ်သည်ကို ဘုရားသခင်၏ နှုတ်ကပတ်တော်တို့မှ တစ်ဆင့် နားလည်ရန် အတွက် သူတို့သည် ဘုရားသခင်ရှေ့တော်မှောက်သို့ လာရောက်ကာ ဆုတောင်းနိုင်စွမ်းရှိကြသည်။ သာယာမှုမည်မျှ ကြီးမားပါစေ၊ ၎င်းတို့က အဓိပ္ပါယ် ကင်းမဲ့ပြီး၊ ဗလာနှင့် ဆင်းရဲဒုက္ခသာ ဖြစ်သည်၊ ပြီးလျှင် လူများက အလွန် သက်တောင့်သက်သာ ဖြစ်လာသည့်အခါတွင် ဆိုးယုတ်သည့်နည်းလမ်းများထဲသို့ ကျဆင်းရန် လွယ်ကူပါသည်။ ဘုရားသခင်က ကျွန်မတို့ကို ဤလောကထဲသို့ အထူးတာဝန်တစ်ခုဖြင့် ခေါ်ဆောင်လာခဲ့ကြောင်း၊ ကျွန်မတို့ ပြီးမြောက်အောင် ဆောင်ရွက်သင့်သည့် စေခိုင်းချက်တစ်ခုဖြင့် ခေါ်ဆောင်လာခြင်းဖြစ်ကြောင်းကိုလည်း သူတို့ နားလည်သဘောပေါက်ကြသည်။ ကျွန်မတို့က သမ္မာတရားကို ရှာဖွေခြင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် ကျွန်မတို့ တာဝန်ကို ဖြည့်ဆည်းခြင်းတို့အတွက် အာရုံစိုက်သင့်သည်။ သမ္မာကျမ်းစာတွင် ရေးသားထားသည့်အတိုင်း ကျွန်မတို့က ကမ္ဘာကြီးတွင် ခရီးသည်များ၊ ဧည့်သည်များ ဖြစ်သောကြောင့် ကျွန်မတို့သည် ခရစ်ယာန်များဖြစ်သည်နှင့်အညီ ကျွန်မတို့ကျောလုံရန် အဝတ်ရှိခြင်းနှင့် ကျွန်မတို့စားပွဲပေါ်တွင် အစာရှိခြင်းဖြင့် ရောင့်ရဲသင့်ပါသည်။ တစ်စုံတစ်ယောက်က ဘုရားသခင်၏ အလိုတော်ကို နားလည်သည်နှင့် တပြိုင်နက်၊ သူတို့က ကြွယ်ဝမှုအတွက် စိုးရိမ်မှုများ၏ ချည်နှောင်ခြင်းကိုခံရတော့မည် မဟုတ်သည့်အပြင်၊ ယုံကြည်မှုစစ်စစ်ကို ရရှိနိုင်ပြီး၊ ဖန်ဆင်းခံ တစ်ယောက် အနေဖြင့် သူတို့၏ တာဝန်ကို ဖြည့်ဆည်းနိုင်လိမ့်မည်။ ကျွန်မတို့က ဝိညာဉ်ရေးရာ တိုက်ပွဲတွင် စာတန်ကို အောင်ပွဲခံလိုပါက၊ ကျွန်မတို့က ဘုရားသခင်ကို ပို၍ ဆုတောင်းပြီး ပို၍ မှီခိုရမည်ဖြစ်ကြောင်းကို ဤအချက်မှ ထင်ရှားမြင်သာပါသည်။ ကျွန်မတို့သည် သမ္မာတရားကို စစ်မှန်စွာ နားလည်သဘောပေါက်မှသာလျှင် စာတန်၏ လှည့်စားမှုများမှ ထိုးထွက်နိုင်ပြီး၊ ဘုရားသခင်အတွက် သက်သေခံနိုင်မည်။

ဒုတိယအားဖြင့် စာတန်ထံမှ စုံစမ်းသွေးဆောင်ခြင်းကို ရင်ဆိုင်ရသည့်အခါတွင် ဝိညာဉ်ရေးရာ တိုက်ပွဲဆိုသည်မှာ စာတန်က ဘုရားသခင် ရွေးချယ်ထားသည့် လူများကို တိုက်ခိုက်နေပြီး၊ ဘုရားသခင်နှင့် အလောင်းအစား လုပ်နေခြင်းဖြစ်ကြောင်း သမ္မာတရားကို သင်တွေ့မြင်နိုင်ရမည်။ ဘုရားသခင်ဖက်တွင် ခိုင်မာစွာ ရပ်တည်ခြင်းဖြင့်သာလျှင် သင်သည် အောင်ပွဲခံ နိုင်မည်ဖြစ်သည်။

စာတန်သည် ဘုရားသခင်၏ ခါးသီးသော ရန်သူဖြစ်ပြီး သူက ဘုရားသခင်နှင့် ဘုရားသခင်ဖန်ဆင်းထားသည့် လူသားမျိုးနွယ်တို့ကို မုန်းတီးသည်၊ ပြီးလျှင် ဘုရားသခင်ကို ယုံကြည်သူများ၊ ဘုရားသခင်ကို ကြောက်ရွံ့ရိုသေပြီး မကောင်းသောအကျင့်ကို ရှောင်သူများကို အထူးသဖြင့် မုန်းတီးသည်။ ဤအတွက်ကြောင့် တစ်စုံတစ်ယောက်က ယုံကြည်မှုရှိပြီး ဘုရားသခင်ဆီသို့ ပြန်လာသည့်အချိန်တွင် ၎င်းက သူတို့ကို စုံစမ်းသွေးဆောင်ရန်၊ ဟန့်တားရန် နှင့် နှောင့်ယှက်ရန် သူ့အစွမ်းရှိသမျှကို လုပ်ဆောင်ခြင်းဖြစ်သည်။ လူများက အပျက်သဘောဆောင်လာပြီး အားနည်းလာစေဖို့၊ ဘုရားသခင်ကို ငြင်းပယ်ပြီး၊ ဘုရားသခင်ထံမှ သူတို့ကိုယ်သူတို့ ဝေးကွာအောင်နေစေဖို့ နှင့် စာတန်၏ စခန်းသို့ပင် ပြန်သွားရအောင်၊ သူသည် လူများ၊ အဖြစ်အပျက်များနှင့် အရေးကိစ္စများကို အသုံးပြုကာ သူ့လှည့်စားမှုကို ဆက်လက်ဆောင်ရွက်သည်။ ယောဘ စမ်းသပ်ခံရသည့်အချိန်ကကဲ့သို့ပင်ဖြစ်သည်။ ယောဘ၏ပိုင်ဆိုင်မှုများဖြင့် ထွက်ပြေးသူ များသည် သူခိုးဓားပြများဖြစ်ကြောင်းနှင့် သူ့အိမ်ပြိုကျပြီး သူ့ကလေးများ၏ အသက်များကိုပါ ယူသွားကြောင်း တို့ကို လူများက သူတို့မျက်လုံးများဖြင့် မြင်နိုင်သော်လည်း၊ အမှန်တကယ်တွင်တော့ ထိုအရာအားလုံး၏ နောက်ကွယ်တွင် ရှိခဲ့သည့်အရာမှာ ဝိညာဉ်ရေးရာ တိုက်ပွဲတစ်ခုဖြစ်သည်။ ယင်းမှာ စာတန်က ဘုရားသခင်နှင့် အလောင်းအစားလုပ်နေခဲ့ခြင်းဖြစ်သည်။ ကျွန်မတို့က ဝိညာဉ်ရေးရာတိုက်ပွဲနောက်မှ သမ္မာတရားကို ရှင်းလင်းစွာမမြင်နိုင်သည့်အပြင် ၎င်းကို ခွဲခြမ်းစိတ်ဖြာပြီး လူသားတစ်ယောက်၏ ရှုထောင့်မှနေကာ မလေ့လာနိုင်၊ အမှားအမှန်ကို မချင့်ချိန်နိုင်ပါက၊ ကျွန်မတို့သည် စာတန်၏ လှည့်စားမှုများထဲသို့ သားကောင်အဖြစ် ကျရောက်လိမ့်မည်၊ ဘုရားသခင်ထံမှ ပို၍ ဝေးကွာလာပြီး၊ ဘုရားသခင်ကို သစ္စာဖောက်လိမ့်မည်။ ဘုရားသခင်၏နှုတ်ကပတ်တော်ထဲတွင် ထုတ်ဖော်ထားသည်မှာ ဤသို့ပင် ဖြစ်ပါသည်၊ “ ဘုရားသခင်က အမှုပြု၏၊ လူကို သူစောင့်ရှောက်သည်၊ လူကို သူထည့်တွက်၏။ စာတန်မူကား ဘုရားသခင်၏ ခြေလှမ်းတိုင်းကို ထက်ကြပ်မကွာလိုက်လေသည်။ ဘုရားသခင် မျက်နှာသာပေးသည့်သူ မည်သူမဆိုကို စာတန်ကလည်း နောက်ယောင်ခံရင်း စောင့်ကြည့်နေသည်။ အကယ်၍ ဘုရားသခင်က လူကို အလိုရှိလျှင် စာတန်က ဘုရားသခင်ကို နှောင့်ယှက်ရန် သူအစွမ်းရှိသမျှ လုပ်ဆောင်ပါလိမ့်မည်။ သူ၏ဖုံးကွယ်ထားသည့် ရည်ရွယ်ချက်ကို ရရှိရန် ဘုရားသခင်ပြုသော အမှုကို အနှောင့်အယှက်ပေးပြီး ဖျက်ဆီးဖို့ရန်နှင့် သွေးဆောင်ဖို့ရန် မကောင်းသည့် နည်းလမ်းအမျိုးမျိုးကို အသုံးပြုရင်းဖြစ်သည်။ သူ၏ရည်ရွယ်ချက်မှာ အဘယ်အရာနည်း။ သူသည် ဘုရားသခင်ကို ဘယ်သူ့ကိုမျှ မရစေချင်ပါ။ သူ့ကို ကိုးကွယ်စေရန်၊ သူနှင့်အတူ မကောင်းသည့်လုပ်ရပ်များကို အတူကျူးလွန်စေရန် ဘုရားသခင် အလိုရှိသောသူမှန်သမျှ သူလိုချင်၏၊ သူတို့တွေကို သူနေရာယူချင်သည်၊ ချုပ်ထိန်းချင်သည်။ ဤသည်မှာ စာတန်၏ ဘေးပြုတတ်သော စေ့ဆော်ချက် မဟုတ်လော။ သာမန်အားဖြင့် စာတန်သည် အင်မတန် ဆိုးယုတ်သည်၊ အင်မတန် ဆိုးရွားသည်ဟုဆိုပြီး သင်တို့က မကြာခဏ ပြောကြသည်၊ သို့သော် ယင်းကို သင်တို့ မြင်ပြီးသွားပြီလော။ လူသား၏ ဆိုးရွားပုံကိုသာ သင်တို့မြင်နိုင်ပြီး စာတန်၏ အမှန်တကယ် ဆိုးရွားပုံကို သင်တို့ လက်တွေ့ မမြင်ရသေး။… စာတန်က ဘုရားသခင်နောက်ကို နောက်ယောင်ခံလိုက်ရင်း သူနှင့်စစ်ဆင်နွှဲနေသည်။ သူ၏ရည်ရွယ်ချက်မှာ ဘုရားသခင် ပြုလိုသည့် အမှုမှန်သမျှကို ဖြိုချရန်၊ ဘုရားသခင် အလိုရှိသော သူများကို သိမ်းပိုက်ရန်နှင့် ချုပ်ကိုင်ရန်၊ ဘုရားသခင် အလိုရှိသောသူများကို အပြီးတိုင် ကွယ်ပျောက်စေရန် ဖြစ်သည်။ အကယ်၍ သူတို့က မကွယ်ပျောက်ပါက စာတန်၏အသုံးပြုခြင်းကို ခံရရန် သူပိုင်ဆိုင်သောသူ ဖြစ်လာသည်။ ဤသည်မှာ သူ၏ရည်ရွယ်ချက်ဖြစ်ပေသည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် ၄“ )

ယခု နောက်ဆုံးသောကာလတွင် ဘုရားသခင်က သူ၏အိမ်တော်မှ စတင်သည့် တရားစီရင်ခြင်းအမှုတော်အဆင့်ကို ပြုပြီးဖြစ်သည်။ နောက်ဆုံးသောကာလမှ အနန္တတန်ခိုးရှင်ဘုရားသခင်၏ အမှုတော်ကို လက်ခံပြီးနောက်တွင် လူအနည်းငယ်တို့က ခက်ခဲသောအရာအချို့ကို ကြုံခဲ့ရသည်။ ဥပမာအားဖြင့် ညီအစ်ကိုမောင်နှမအချို့သည် ယုံကြည်မှုကို ရရှိပြီးနောက် ချက်ချင်းတွင်ပင် သူတို့မိသားစုများထံမှ ဟန့်တားနှောင့်ယှက်ခြင်းနှင့် ဖိနှိပ်ခြင်းတို့ကို ကြုံခဲ့ကြရသည်၊ အချို့က သူတို့ကို စစ်မှန်သည့် လမ်းခရီးကို အတင်းအကျပ် စွန့်ခွာစေရန် သူတို့၏ အိမ်ထောင်ဖက်များက ကွာရှင်းပြတ်စဲခြင်းဖြင့် ခြိမ်းခြောက်သည်ကိုပင် ခံခဲ့ကြရသည်။ အချို့သော ညီအစ်ကိုမောင်နှမများသည် ရုတ်တရက် ဖျားနာကြပြီး၊ ကြိုတင်မခန့်မှန်းနိုင်သော ဘေးဒုက္ခများကို ခံစားကြရသည်၊ သို့မဟုတ် သူတို့မိသားစုများဆီသို့ ကံဆိုးမှုများ ကျရောက်ခဲ့ကြသည်။ လူများစွာတို့က ဤအရာများဖြင့် ရင်ဆိုင်ရသည့်အခါတွင် အယူအဆများ ဖြစ်ပေါ်လာခဲ့ကြသည်။ “ ကျွန်တော် အရင်က သခင်ယေရှုကို ယုံကြည်ခဲ့ပြီး၊ အရာအားလုံးက ငြိမ်သက်ပြီး ချောမွေ့တယ်၊ ဒါပေမဲ့ အခုတော့ ဒါကမမှန်တော့ဘူး။ ကျွန်တော့် ယုံကြည်မှုက အခု အမှားထဲရောက်နေပြီလား။ ကျွန်တော်က စစ်မှန်တဲ့ ဘုရားသခင်ကို ယုံကြည်ရင် အရေးကိစ္စတွေက အဆင်ပြေသင့်တယ်” ရလဒ်အနေဖြင့် အချို့လူများက အပျက်သဘောဆောင်ပြီး အားနည်းလာသည်၊ အချို့လူများက ဘုရားသခင်၏အမှုတော်နှင့် ပတ်သက်ပြီး သံသယဖြစ်ပေါ် လာကြသည်၊ ပြီးလျှင် အချို့လူများက သူတို့ ယုံကြည်မှုကိုပင် စွန့်ပစ်ကြသည်။ လက်တွေ့မှာမူ ဤအခြေအနေများက လူများတွင် ပေါ်ပေါက်လာရ ခြင်းမှာ လူများက ဝိညာဉ်ရေးရာတိုက်ပွဲဆိုင်ရာ သမ္မာတရားအတွင်းသို့ မြင်တွေ့ဖူးခြင်း မရှိသည့်အပြင်၊ သူတို့သည် စာတန်၏လှည့်စားမှုများအပေါ် ထိုးထွင်းသိမြင်ခြင်းလည်း မရှိသောကြောင့် ဖြစ်သည်။ အမှန်မှာမူ ဤပြဿနာများကို ကြုံရခြင်းသည် စာတန်၏ တားဆီးပိတ်ပင်ခြင်းနှင့် နှောင့်ယှက်ခြင်း အတိအကျပင် ဖြစ်ပါသည်။ စာတန်က ကျွန်မတို့သည် စစ်မှန်သော ဘုရားသခင်ကို ယုံကြည်ကြောင်း သိထားပြီး၊ ဘုရားသခင်က လူသားမျိုးနွယ်ကို ကယ်တင်ရန် ကြွတော်မူလာကြောင်းကို အထူးသဖြင့် သိထားပါသည်။ သူက လူများအားလုံး ဘုရားသခင်ကို ယုံကြည်ပြီး ဘုရားသခငနောက်လိုက်ကာ၊ မည်သူကမျှ နောက်ထပ် သူ့နောက်မလိုက်တော့မည်ကို ကြောက်ရွံ့သည်။ ဤအတွက်ကြောင့် လူများက အမှန်နှင့် အမှားအကြား ပိုင်းခြားမသိမြင်နိုင်ရန် နှင့် စစ်မှန်သည့် လမ်းခရီးကို စွန့်လွှတ်ရန်အတွက် လူများကို နှောင့်ယှက်ပြီး စိတ်ရှုပ်ထွေးစေဖို့ ဘေးဒုက္ခများကို ထွင်ကာ လူများ၊ အဖြစ်အပျက်များနှင့် အရေးကိစ္စမျိုးစုံတို့ကို အသုံးပြုဖို့ သူ့အနေဖြင့် အလွန်ကြိုးစား ရခြင်း ဖြစ်သည်။ ဤသည်မှာ စာတန်၏ အန္တရာယ် ပြုတတ်သော ရည်ရွယ်ချက် ဖြစ်ပြီး၊ ၎င်းက ဝိညာဉ်ရေးရာတိုက်ပွဲနောက်ကွယ်မှ သမ္မာတရားပင် ဖြစ်သည်။ ဤသည်မှာ လူများက မည်သည့် ရွေးချယ်မှုများ ပြုလုပ်ကြောင်း တွေ့မြင်ရန် အချိန်ဖြစ်ပါသည်။ ကျွန်မတို့က အရေးကိစ္စများ၏ အပေါ်ယံမျက်နှာပြင်ကိုသာ ကြည့်ပြီး၊ မိမိတို့၏ဇာတိပကတိဆိုင်ရာ အကျိုးစီးပွားကိုသာ ထိန်းသိမ်းပါက၊ ကျွန်မတို့သည် စာတန်၏လှည့်စားမှုထဲသို့ရောက်ပြီး၊ ဘုရားသခင်ကို သစ္စာဖောက် လိမ့်မည်။ ကျွန်မတို့က ဝိညာဉ်ရေးရာ တိုက်ပွဲ၏ သမ္မာတရားကို တွေ့နိုင်ရန် ဆိုပါက၊ ဘုရားသခင်အတွက် စွမ်းအားကြီးသည့် ဆန္ဒတစ်ခု ရှိပြီး၊ သူ့ဖက်တွင် ခိုင်မာစွာ နေရမည်၊ ကျွန်မတို့က မိမိတို့ ယုံကြည်မှုတွင် စိတ်ပိုင်းဖြတ်နိုင်ပြီး၊ ဘုရားသခင် နောက်လိုက်နိုင်ကာ၊ ကျွန်မတို့ ဇာတိပကတိ၌ ပိုင်ဆိုင်မှု အရာအားလုံးကို ဆုံးရှုံးရလျှင်ပင် သူ့သတ်မှတ်ချက်များကို ဖြည့်ဆည်းနိုင်ပါက၊ စာတန်သည် မည်သည့်အရာမျှ လွတ်လပ်စွာ လုပ်ဆောင်နိုင်မည် မဟုတ်ပါ၊ သူက အရှက်ရပြီး၊ အနိုင်ယူခံရစဉ်တွင် ကျွန်မတို့က ဤဝိညာဉ်ရေးရာတိုက်ပွဲမှတစ်ဆင့် သက်သေ ရပ်တည်မည် ဖြစ်သည်။ ဘုရားသခင်က “ လူများအတွင်း၌ ဘုရားသခင် လုပ်ဆောင်သည့် အဆင့်တိုင်းတွင် အပြင်ပန်းသဏ္ဌာန်မှာ လူများ၏ စီစဉ်မှုမှ ထွက်ပေါ်လာသကဲ့သို့ လူများကြားထဲ၌ ဆက်သွယ် လှုပ်ရှားမှုများအနေနှင့် သို့မဟုတ် လူများ၏ ကြားဝင်ပြုလုပ်မှုများအနေနှင့် ဖြစ်ပေါ်သည်။ သို့သော်လည်း နောက်ကွယ်မှာတော့ လုပ်ဆောင်မှု အဆင့်တိုင်း၊ ဖြစ်ပျက်မှုတိုင်းသည် ဘုရားသခင်ရှေ့မှာ စာတန်ပြုလုပ်သည့် အလောင်းအစားများဖြစ်ပြီး လူတွေ၌ ဘုရားသခင် အတွက် သူတို့၏ သက်သေခံမှုမှာ ခိုင်မြဲစွာ ရပ်တည်ဖို့ လိုအပ်သည်။ ယောဘက စုံစမ်းခံခဲ့ရသည့် အချိန်ကို ကြည့်ကြည့်ပါ။ ဥပမာ- နောက်ကွယ်မှာက စာတန်က ဘုရားသခင်နှင့် အလောင်းအစား လုပ်နေခြင်းဖြစ်သည်။ ယောဘအပေါ်မှာ ဖြစ်ပျက်ခဲ့သည့်အရာက လူသားတို့၏ လုပ်ဆောင်မှုဖြစ်ပြီး လူသားတို့၏ ကြားဝင်လုပ်ဆောင်မှု ဖြစ်သည်။ သင်တို့အတွင်းမှာ ဘုရားသခင် ပြုလုပ်သည့် အဆင့်တိုင်း၏ နောက်ကွယ်မှာ ဘုရားသခင်နှင့် ပြုလုပ်သည့် စာတန်၏ အလောင်းအစားရှိသည်။ ဤအရာ၏နောက်ကွယ်မှာ အားလုံးက တိုက်ပွဲပင်။… ဘုရားသခင်နှင့် စာတန်တို့သည် ဝိညာဉ်ရေးရာ နယ်ပယ်ထဲ တိုက်ပွဲ ဆင်နွှဲနေစဉ်မှာ သင်က ဘုရားသခင်ကို မည်ကဲ့သို့ စိတ်ကျေနပ်မှု ပေးသင့်သနည်း။ သူ့အတွက် သင်၏ သက်သေခံခြင်းမှာ မည်ကဲ့သို့ ခိုင်မာစွာ ရပ်တည်သင့်သနည်း။ သင့်ထံ ဖြစ်ပျက်သည့် အရာတိုင်းက ကြီးမားသော စမ်းသပ်မှုဖြစ်ပြီး သက်သေခံဖို့အတွက် ဘုရားသခင်က သင့်ကို လိုအပ်တဲ့အချိန် ဖြစ်သည်ဆိုသည်ကို သင်သိသင့်သည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ ဘုရားသခင်ကို ချစ်ခြင်းသည်သာလျှင် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ခြင်းဖြစ်သည်“ ) ဟု မိန့်တော်မူသည့်အတိုင်းပင် ဖြစ်ပါသည်။

တတိယအားဖြင့် ကျွန်မတို့က စာတန်ထံမှ စုံစမ်းသွေးဆောင်ခြင်းကို ရင်ဆိုင်ရသည့်အချိန်တွင် ကျွန်မတို့က စာတန်၏ လှည့်စားမှုကို ဆန့်ကျင် တိုက်ခိုက်နိုင်ရန်၊ ၎င်းအား လုံးလုံးလျားလျား အရှက်ရစေပြီး၊ အနိုင်ယူရန် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လိုက်နာစောင့်ထိန်းရမည်၊ သမ္မာတရား ကို နာခံရန် ဇွဲရှိရမည်၊ ပြီးလျှင် ဘုရားသခင်ကို သစ္စာရှိရမည်။

သမ္မာကျမ်းစာ, သမ္မာတရား, အသင်းတော်, သက်သေခံချက်များ, ကယ်တင်ခြင်း,

ဘုရားသခင်၏နှုတ်ကပတ်တော်က “ လူသားတို့ ပိုင်ဆိုင်ရန် လိုအပ်သည့် သမ္မာတရားကို လူသားအတွက် အကျိုးကျေးဇူးနှင့်အထောက်အကူအများ ဆုံးဖြစ်စေသည့်ဘုရားသခင်၏ နှုတ်ကပတ်တော်တွင် ပျော်မွေ့ခြင်းထဲတွင် တွေ့ရှိနိုင်သည်။ ယင်းမှာ လူသားအနေဖြင့်သူ၏ သာမန်လူ့သဘာဝ ကိုထိန်းသိမ်းရန်လိုအပ်သော အရာဖြစ်သည့်သင်တို့၏ခန္ဓာကိုယ်ကလိုအပ်သော အားဆေးနှင့် အစာအဟာရများဖြစ်သည်။ လူသားတွင် တပ်ဆင်အပ်သော သမ္မာတရား ကိရိယာတန်ဆာတို့ ဖြစ်သည်။ဘုရားသခင်၏နှုတ်ကပတ်တော်ကို သင်တို့ကျင့်သုံးလေလေ၊ သင်တို့၏ဘဝ လျင်မြန်စွာပွင့်လန်း လာလေဖြစ်ပြီး၊ ဘုရားသခင်၏နှုတ်ကပတ်တော်ကို ကျင့်သုံးလေလေ သမ္မာတရားသည် ပိုမိုရှင်းလင်းလာလေဖြစ်သည်။ ယင်းရပ်တည်မှုတွင် သင်တို့သည်ကြီးပြင်း လာပါက ဝိညာဉ်လောက၏အရာများကို ပိုမိုရှင်းလင်းစွာမြင်မည်ဖြစ်ပြီး စာတန် အပေါ်တွန်းလှန် ရာတွင်သင်တို့သည်ခွန်အားပိုမိုရှိပေလိမ့်မည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ သမ္မာတရားကိုသင်တို့ နားလည်သည်နှင့်တပြိုင်နက် ကျင့်သုံးကြပါ“ ) “ ငါ၏လူများတို့။ သင်တို့သည် ငါ၏ ဂရုစိုက်မှုနှင့် ကာကွယ်မှုအထဲတွင် ရှိနေရပေမည်။ မည်သည့်အခါမျှ အကျင့်ပျက်စွာ မပြုမူကြနှင့်။ မည်သည့်အခါမျှ အဆင်အခြင်မဲ့စွာ မပြုမူကြနှင့်။ ယင်းအစား သင်၏ သစ္စာစောင့်သိခြင်းကို ငါ၏ အိမ်တော်သို့ ပေးလှူလော့၊ သင်၏ သစ္စာစောင့်သိခြင်းနှင့်သာလျှင် သင်သည် မာရ်နတ်၏ ကောက်ကျစ်မှုကို တန်ပြန်တိုက်လှန်နိုင်မည် ဖြစ်သည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ အခန်း ၁၀” စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်မျာ) ဟု မိန့်တော်မူထားသည်။ ဘုရားသခင်၏နှုတ်ကပတ်တော်သာလျှင် သမ္မာတရားဖြစ်ကြောင်း၊ ၎င်းတို့က ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင်၏ အရာအားလုံးနှင့် ဖြစ်ခြင်းတို့ကို ကိုယ်စားပြုကြောင်း၊ သမ္မာတရားသည် အပြုသဘောဆောင်သည့် အရာအားလုံး၏ လက်တွေ့ကျသော အရာဖြစ်ကြောင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ပြင်ပမှ အယူအဆများအားလုံးသည် ယုတ္တိအမှားများ ဖြစ်ကြောင်း၊ ဆိုးယုတ်သော ဒဿနအတွေးများသာ ဖြစ်ပြီး ယုတ္တိမရှိကြောင်း တို့ကို ကျွန်မတို့အားလုံး သိထားကြသည်။ ကျွန်မတို့က အရေးကိစ္စများအပေါ် ကျွန်မတို့၏ အမြင်ရှုထောင့်များတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်ကိုသာ မှီခိုသမျှကာလပတ်လုံး အပြုသဘောဆောင်သည့် အရာနှင့် အပျက်သဘောဆောင် သည့် အရာကို ကျွန်မတို့ သိနိုင်ပါသည်။ ထိုမှသာလျှင် ကျွန်မတို့က စာတန်၏ ယုတ္တိအမှားများနှင့် မုသားများအားလုံးအပေါ် ထိုးထွင်းသိမြင်မှု ရှိနိုင်မည်၊ ၎င်း၏လှည့်စားမှုကို ဆန့်ကျင်ကာ ပြန်လည်တိုက်ခိုက်နိုင်မည်၊ ပြီးလျှင် အခက်အခဲများတွင် ကျွန်မတို့ လမ်းမပျောက်ပဲနေမည် သို့မဟုတ် စာတန်အားဖြင့် သိမ်းပိုက်မခံရပဲရှိမည်ဖြစ်သည်။ သခင်ယေရှုကို စာတန်၏ စုံစမ်းသွေးဆောင်ခြင်း သုံးခုအား သမ္မာကျမ်းစာတွင် မှတ်တမ်းတင်ထားသည်။ ၎င်းက ကိုယ်တော်ကို တိုက်ခိုက်ရန် သမ္မာကျမ်းစာထဲမှ နှုတ်ကပတ်တော်များကို အသုံးပြုခဲ့ပြီး၊ ကိုယ်တော်ကို စုံစမ်းသွေးဆောင်ရန် လောက၏ ချမ်းသာကြွယ်ဝမှုများကိုပင် အသုံးပြုခဲ့သည်။ သို့သော်လည်း အကြိမ်တိုင်းတွင် သခင်ယေရှုက စာတန်၏လှည့်စားမှုများကို ဆန့်ကျင်ပြီး ပြန်လည်တိုက်ခိုက်ရန် ဘုရားသခင်၏နှုတ်ကပတ်တော်များကို အသုံးပြုခဲ့သည်။ ၎င်းက အရှက်ရပြီး ကျရှုံးလျက် အမြီးကုတ်ကာ ပြေးခဲ့ရသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် သမ္မာတရား၊ လမ်းခရီးနှင့် အသက်ဖြစ်ကြောင်း နှင့် ၎င်းတို့သည် စာတန်၏ လှည့်စားမှုကို ဆန့်ကျင်ရန် အကောင်းဆုံးလက်နက်ဖြစ်ကြောင်း ဤအချက်မှနေပြီး ကျွန်မတို့ တွေ့မြင်နိုင်ပါသည်။

နောက်ဆုံးသောကာလတွင် ဘုရားသခင်က ယခုအခါ လူ့ဇာတိကို တစ်ဖန် ခံယူခဲ့သည်၊ ပြီးလျှင် တရားစီရင်ခြင်းအမှုတော်အဆင့်ကို စုံလင်စေရန် နှုတ်ကပတ်တော်များကို မိန့်မြွက်ခဲ့ပြီ။ ညီအစ်ကိုမောင်နှမများစွာတို့က ဘုရားသခင်၏ အသံတော်ကို ကြားခဲ့ပြီး၊ အနန္တတန်ခိုးရှင်ဘုရားသခင် ဖော်ပြခဲ့ သည့် နှုတ်ကပတ်တော်များအားလုံးသည် သမ္မာတရားဖြစ်ကြောင်း တွေ့မြင်ခဲ့ပြီး ဖြစ်သောကြောင့်၊ အနန္တတန်ခိုးရှင် ဘုရားသခင်သည် ပြန်ကြွလာသည့် သခင်ယေရှု ဖြစ်ကြောင်း သတ်မှတ်ခဲ့ပြီးဖြစ်သည်။ သူတို့သည် တစ်ယောက်ပြီးတစ်ယောက် နောက်ဆုံးသောကာလမှ ဘုရားသခင်၏ အမှုတော်ကို လက်ခံခဲ့ကြသည်။ ဤအချိန်အတွင်းတွင် ညီအစ်ကိုမောင်နှမအချို့ကလည်း အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်အပေါ် တရုတ်ကွန်မြူနစ်ပါတီ အစိုးရ၏ အွန်လိုင်းမှ မုသားများ၊ သွားပုပ်လေလွင့်ပြောခြင်းနှင့် အသရေဖျက်မှုတို့ အပြင်၊ တရုတ်ကွန်မြူနစ် ပါတီသည် အသင်းတော်ကို မိစ္ဆာဒိဌိအဖြစ်၊ ကိုးကွယ်ယုံကြည်မှု နှင့် ပတ်သက်သော ဂိုဏ်းတစ်ခု အဖြစ် ပြစ်တင်ရှုတ်ချခဲ့ ကြောင်းကိုလည်း သိမြင်ခဲ့သည်။ ပြီးနောက် အနန္တတန်ခိုးရှင် ဘုရားသခင်ကို ယုံကြည်ခြင်းသည် သီးခြားလူ တစ်ယောက်ကို ယုံကြည်ခြင်းဖြစ်သကဲ့သို့ ပြစ်တင်ရှုတ်ချပြီး သူ၏ နှုတ်ကပတ်တော်များသည် သမ္မာကျမ်းစာ၏ အကန့်အသတ် ပြင်ပတွင်ရှိကြောင်း ပြောသည့် ဘာသာရေးအသိုင်းအဝိုင်းမှ သင်းအုပ်ဆရာများနှင့် အကြီးအကဲများ၏ တားဆီးပိတ်ပင်ခြင်းနှင့် ဖြိုခွဲခြင်း တို့ကိုလည်း ညီအစ်ကိုမောင်နှမအချို့ ခံစားခဲ့ရသည်။ ဤသင်းအုပ်ဆရာများနှင့် အကြီးအကဲ များသည် ညီအစ်ကိုမောင်နှမများကို ဘုရားသခင်ထံသို့ ပြန်လာခြင်းမှ တားဆီးပြီး ပိတ်ပင်ရန်အတွက်လည်း သူတို့၏မိသားစုဝင်များကို မြှောက်ထိုးပင့်ကော်လုပ်ခဲ့သည်။ အရေးကြီးသော ဝိညာဉ်ရေးရာ တိုက်ပွဲအလယ်တွင် ညီအစ်ကိုမောင်နှမအချို့က အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် များကို လိုက်နာစောင့်ထိန်းနိုင်ကြသည်၊ ဘုရားသခင်အပေါ် သူတို့၏ ဆက်ကပ်ခြင်းများကို ထိန်းသိမ်းနိုင်သည်၊ ပြီးလျှင် သူတို့သည် အနန္တတန်ခိုးရှင်ဘုရားသခင် ဖော်ပြသည့် နှုတ်ကပတ်တော် အားလုံးက သမ္မာတရားဖြစ်ကြောင်း နှင့်၎င်းတို့က သမ္မာကျမ်းစာ၏ နက်နဲမှုများ အားလုံးကို ဖော်ထုတ်ပြကြောင်း တို့ကို တွေ့မြင်ပြီးဖြစ်သောကြောင့် ဘုရားသခင် ဘက်တွင် ခိုင်မာစွာ ရပ်တည်နိုင်သည်။ ဤနှုတ်ကပတ်တော်များက လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးမှုကို သန့်စင်နိုင်ပြီး၊ စာတန်၏ စွမ်းအားမှ လူသားကို ကယ်တင်နိုင်သည်၊ ပြီးလျှင် ၎င်းတို့သည် အသင်းတော်များကို သန့်ရှင်းသော ဝိညာဉ်တော်က မြွက်ဆိုသည့် အရာများ အတိအကျပင် ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့က အနန္တတန်ခိုးရှင်ဘုရားသခင် ပြုတော်မူလျက်ရှိသည့်အရာသည် နောက်ဆုံးသောကာလ တွင် လူသားမျိုးနွယ်ကို ဘုရားသခင်၏ ကယ်တင်ခြင်းအမှုတော် ဖြစ်ကြောင်း နှင့် အနန္တတန်ခိုးရှင် ဘုရားသခင်သည် လူ့ဇာတိခံယူသည့် ဘုရားသခင် ဖြစ်ကြောင်း သတ်မှတ်ပြီးဖြစ်သည်။အမှန်တကယ်တွင် လူများက အနန္တတန်ခိုးရှင်ဘုရားသခင် မိန့်မြွက်သော နှုတ်ကပတ်တော်များသည် သမ္မာတရားများဖြစ်ပြီး ဘုရားသခင်၏ အသံတော်ဖြစ်ကြောင်း အတည်ပြုနိုင်ပါက၊ တရုတ်ကွန်မြူနစ်ပါတီ အစိုးရနှင့် ဘာသာရေးလောကတို့၏ ဖြန့်ဝေသည့် မုသားများ မည်မျှများပါစေ၊ သူတို့သည် စိတ်ရှုပ်ထွေးမည်မဟုတ်ပါ။ သမ္မာတရားသည် သမ္မာတရားဖြစ်ပြီး ယုတ္တိအမှားသည် ယုတ္တိအမှားဖြစ်သည်။ အကြိမ်ထောင်ပေါင်းများစွာ ပြောသည့် မုသားတစ်ခုသည် မုသားတစ်ခုသာ ဖြစ်ပြီး ၎င်းသည် လုံးဝ သမ္မာတရား မဖြစ်လာနိုင်ပါ။ သခင်ယေရှု ပေါ်ထွန်းလာပြီး အမှုပြုသည့်အချိန်ကကဲ့သို့ပင် ဂျူးဘာသာမှ ခေါင်းဆောင်များက သူက သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် သန္ဓေတည်ခဲ့ခြင်းကို ငြင်းပယ်လျက်၊ သခင်ယေရှုက ပြစ်မှားပြောဆိုသူအဖြစ် ပြစ်တင်ရှုတ်ချကြလျက်၊ ပြီးလျှင် ဗာလဇေဗုပ်မှတစ်ဆင့် နတ်ဆိုးများကို မောင်းထုတ်ခဲ့ခြင်းဖြစ်ကြောင်း ပြောဆိုလျက်ဖြင့် ကိုယ်တော့်အကြောင်း မုသားမျိုးစုံဖန်တီးခဲ့ကြသည်။ သို့သော်လည်း သူတို့က ကိုယ်တော့်အား မည်မျှ ဝေဖန်အကဲဖြတ်ပြီး ပြစ်တင်ရှုတ်ချပါစေ၊ သခင်ယေရှုသည် ခရစ်တော်ဖြစ်သည်၊ ကယ်တင်ပိုင်ရှင်ဖြစ်သည်၊ ပြီးလျှင် မည်သူမျှ အောင်မြင်စွာ မငြင်းဆန်နိုင်ပါ။ ထိုအချိန်က သခင့်ကို ရိုးသားစွာယုံကြည်သူများက သူ့၏နှုတ်ကပတ်တော်များကို ထိန်းသိမ်းနိုင်ပြီး၊ မုသားများ၊ ယုတ္တိအမှားများနှင့် အထင်အမြင် မှားခြင်းမဖြစ်ကြသည့်အပြင်၊ သခင်ယေရှုနောက်လိုက်ခြင်းတွင် ဇွဲရှိခဲ့ကြသည်။ ရှင်ပေတရုပြောခဲ့သည့်အတိုင်းပင် ဖြစ်ပါသည်။ “ သခင်၊ အကျွန်ုပ်တို့သည် အဘယ်သူထံသို့ သွားရမည်နည်း။ ထာဝရအသက်နှင့်ယှဉ်သော စကားသည် ကိုယ်တော်၌ တည်ပါ၏။ ကိုယ်တော်သည် ခရစ်တော်တည်းဟူသော အသက်ရှင်တော်မူသော ဘုရားသခင်၏ သားတော်ဖြစ်တော်မူသည်ကို အကျွန်ုပ်တို့ ယုံကြည်သိမှတ်ကြပါသည်။” (ရှင်ယောဟန် ၆:၆၈-၆၉) သို့ရာတွင် ဘုရားသခင်၏နှုတ်ကပတ်တော်များနှင့် ပတ်သက်ပြီး ကျွန်မတို့တွင် သံသယများရှိပါက၊ ဘုရားသခင်၏နှုတ်ကပတ်တော်များကို ခိုင်မာစွာဆုပ်ကိုင်မထားနိုင် သည့်အပြင်၊ ဘုရားသခင် အပေါ် ကျွန်မတို့၏ သစ္စာရှိခြင်းကို မထိန်းသိမ်းနိုင်ပါက ကျွန်မတို့သည် စာတန်၏လှည့်စားမှုကို ထိုးထွင်းသိမြင်နိုင်မည် မဟုတ်သည့်အပြင် သူ၏စုံစမ်းသွေးဆောင်ခြင်းများထဲသို့ ဧကန်မုချ ကျရောက်လိမ့်မည်ဖြစ်သည်။ ကျွန်မတို့သည် သခင်ပြန်လည်ကြွလာခြင်းကို ကြိုဆိုနိုင်မည် မဟုတ်ပေ။ မည်သည့်ဝိညာဉ်ရေးရာတိုက်ပွဲမဆို၊ ကျွန်မတို့ကသာ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ခိုင်မာပြတ်သားစွာ လိုက်နာစောင့်ထိန်းပြီး ဘုရားသခင်ကို လုံးလုံး သစ္စာစောင့်သိလျက် နေပါက၊ ကျွန်မတို့သည် စာတန်ကို လုံးလုံးလျားလျား စွန့်ပယ်နိုင်ပြီး၊ ၎င်း၏ စွမ်းအားများကို ဖယ်ရှားနိုင်သည့်အပြင် ဘုရားသခင်၏ ကယ်တင်ခြင်း ကို ခံရမည်မှာ ဤအချက်မှ ထင်ရှားမြင်သာလှပါသည်။

တကယ့်လက်တွေ့အသက်တာတွင် ဝိညာဉ်ရေးရာတိုက်ပွဲသည် အချိန်မရွေး ဖြစ်ပေါ်နိုင်ပါသည်။ ကျွန်မတို့က ဘုရားသခင်ရှေ့တော်မှောက်ကို မကြာခဏ လာရောက်ပြီး ဆုတောင်းခြင်း မရှိပါက၊ ဝိညာဉ်ရေးရာ တိုက်ပွဲ၏ သမ္မာတရားကို ရှင်းလင်းစွာမြင်တွေ့ရမည် မဟုတ်ပါ။ ကျွန်မတို့သည် ကျွန်မတို့၏ ပိုင်းခြားသိမြင်မှုတွင် ဘုရားသခင်၏နှုတ်ကပတ်တော်ကို မမှီခိုပါက၊ ကျွန်မတို့သည် စာတန်၏ စုံစမ်းသွေးဆောင်ခြင်းများထံသို့ သားကောင်အဖြစ် ပို၍အလွယ်တကူ ကျရောက်ပြီး၊ ကျွန်မတို့၏ သက်သေခံချက်ကို ဆုံးရှုံးလိမ့်မည်။ ဘုရားသခင်၏ ဉာဏ်ပညာသည် စာတန်၏ လှည့်စားမှုများပေါ်တွင် အခြေခံကာ သက်ရောက်မှုရှိသည်။ ဘုရားသခင်က ကျွန်မတို့အသက်တာများတွင် ရင့်ကျက်ကြီးထွားနိုင်စေဖို့ရာ ပြင်းထန်သည့် ဝိညာဉ်ရေးရာတိုက်ပွဲမှတစ်ဆင့် သမ္မာတရားကို နားလည်ပြီး ထိုးထွင်းသိမြင်မှု ရရှိအောင် ကူညီပေးသည်။ ဝိညာဉ်ရေးရာ တိုက်ပွဲ မျိုးစုံတစ်လျှောက်တွင် ကျွန်မတို့က အထက်မှ အခြေခံသဘောတရား သုံးခုနှင့်အညီ လက်တွေ့လုပ်ဆောင်သမျှ ကာလပတ်လုံး၊ စာတန်၏ စုံစမ်းသွေးဆောင်ခြင်းများကို ဧကန်မုချအောင်ပွဲခံနိုင်ပြီး၊ သက်သေရပ်တည်နိုင်မည် ဖြစ်သည်။

No comments:

Post a Comment