菜單

မူလစာမျက်နှာ သတင်းအချက်အလက် အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ စွဲကိုင်ထားသူ လွတ်လပ်မှန်ကန်တဲ့လူ့အခွင့်အရေး ကယ်တင်ရှင်ပြန်ကြွလာပြီ ဧဝံဂေလိတရားတော် ကောင်းကင်နိုင်ငံတော်သီချင်း အမှန်တရားကို ဖေါ်ထုတ်ခြင်း နိုင်ငံတော် ချီးမွမ်းခြင်း တေးဂီတ ဘုရားသခင်၏ နှုတ်ကပတ်တော်များ ဖတ်ကြားခြင်းများ
Showing posts with label သန့်ရှင်းသော ဝိညာဉ်တော် ဘုရား. Show all posts
Showing posts with label သန့်ရှင်းသော ဝိညာဉ်တော် ဘုရား. Show all posts

8/13/2018

ခေတ်သစ်၏ ပညတ်တော်များ

ခရစ်တော်, ဘုရားသခင်၏ နှုတ်ကပတ်တော်, ဧဝံဂေလိတရား, သန့်ရှင်းသော ဝိညာဉ်တော် ဘုရား, သမ္မာတရား,
  သင်တို့အတွက် မည်သည့် အမှုအရာကိုပင် ပြင်ဆင်ပေးထားသည် ဖြစ်ပါစေ၊ ပြင်ဆင်ပေးသမျှ အရာ ခပ်သိမ်းသည် ဘုရားသခင်၏ လက်ဖြင့် ကိုယ်တိုင် စီစဥ်ညွှန်ကြားထားခြင်း ဖြစ်ကြောင်း၊ သင်တို့၏ အားကြီးသော ဆုတောင်းပဌနာ သို့မဟုတ် အသနားခံ တောင်းလျှောက်ခြင်းတို့မှာ မလိုအပ်ကြောင်း တစ်နည်း အားဖြင့်ဆိုသော် ၎င်းတို့မှာ အချည်းနှီး ဖြစ်ကြောင်း သာမက မိမိတို့ကိုယ်မိမိ ဘုရားသခင်၏ နှုတ်ကပတ် တော်များနှင့် ယူတင်ဝတ်ဆင်ထားကြရန် သင်တို့အား သွန်သင်ခဲ့ပြီးပါပြီ။ သို့သော်လည်း လက်ရှိ အခြေအနေ တွင် သင်တို့ ရင်ဆိုင်နေရသည့် လက်တွေ့ ပြဿနာများသည် သင်တို့ မကြံစည်နိုင် လောက်အောင်ပင် ကြီးမားလွန်းသည့် ပြဿနာများပင် ဖြစ်သည်။ သင်တို့သည် ဘုရားသခင် ပြင်ဆင်ပေးသော အမှုအရာများ ကိုသာ ထိုင်စောင့်နေပါက သင်တို့၏ ကြီးထွား တိုးတက်မှု လွန်စွာ နှေးကွေးနေမည် ဖြစ်ပြီး မည်ကဲ့သို့ တွေ့ကြုံ ခံစားရမည်ကို မသိကြသော သူများ၏ အသက်တာမှာ ကြီးထွား တိုးတက်မှု မရှိဘဲ ရပ်တံ့နေမည် ဖြစ်သည်။ ထို့ကြောင့် ဤအမှုအရာများကို သင်သည် လုံးလုံးလျားလျား ထွင်းဖောက်မြင်နိုင်ခြင်း မရှိပါက သင်၏ တွေ့ကြုံခံစားခြင်းထဲ၌ သင်သည် မိုက်မဲနေကာ ရှုပ်ထွေးနေလိမ့်မည်။ သင်၌ လက်တွေ့သဘော မရှိဘဲ စကားလုံးများသာ ရှိပါက၊ ယင်းသည် မှားယွင်းခြင်း၏ လက္ခဏာ တစ်ရပ် မဟုတ်လော။ ဤအုပ်စုထဲ၊ သင်တို့၏ အထဲ၌ မှားယွင်းခြင်းများစွာကို မြင်နေရသည်။ ယနေ့ သင်တို့သည် “အစေခံများ” ဖြစ်စေကာမူ ယင်းကဲ့သို့ စမ်းသပ် စစ်ဆေးမှုတို့ကို အောင်မြင် ကျော်လွှားနိုင်စွမ်း မရှိကြ၊ သို့မဟုတ် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သက်ဆိုင်သည့် အခြားသော ပဲ့ပြင်စစ်ဆေးမှုများကို ဆင်ခြင်နိုင်စွမ်း သို့မဟုတ် လက်ခံရရှိနိုင်စွမ်းလည်း မရှိ။ သင်တို့ လက်တွေ့ လိုက်လျှောက် အသက်ရှင်ရန် လိုအပ်သော အမှုအရာ များစွာကို လိုက်လျှောက်ရမည်။ ဆိုလိုသည်မှာ လူတို့သည် မိမိတို့ ဆောင်ရွက်သင့်သော တာဝန်များစွာကို လိုက်နာ ဆောင်ရွက်ရမည် ဖြစ်ပါသည်။ ယင်းသည် လူတို့ လိုက်နာ ဆောင်ရွက်ရမည့် တာဝန်ဖြစ်ပြီး လက်တွေ့ လုပ်ဆောင်ရမည့်အရာ ဖြစ်ပါသည်။ လူအနေဖြင့် ဝင်ရောက် လုပ်ဆောင်နိုင်ခြင်း မရှိသည့် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို သန့်ရှင်းသော ဝိညာဉ်တော်အား လုပ်ဆောင်ခွင့်ပြုပါ၊ သန့်ရှင်းသော ဝိညာဉ်တော်နှင့် မစပ်ဆိုင်ဘဲ လူကိုယ်တိုင် လုပ်ဆောင်ရမည့် အရာတို့ကိုသာ လူ့အနေဖြင့် လုပ်ဆောင်သင့် သည်။ ဤသည်ကား အခြားမဟုတ်၊ လူတို့သည် ဓမ္မဟောင်းက ဥပဒေသကို လိုက်နာ စောင့်ထိန်းသည့်နည်းတူ ပညတ်သဖွယ် လိုက်နာစောင့်ထိန်းသင့်သည့် အရာနှင့် လူမှ လုပ်ဆောင်ပြီးစီးသင့်သည့် အရာပင် ဖြစ်ပါသည်။ ယနေ့ခေတ်သည် ပညတ်တော်ခေတ် မဟုတ်သော်လည်း ပညတ်ခေတ်ကကဲ့သို့ အလားတူ လိုက်နာ စောင့်ထိန်းသင့်သည့် နှုတ်ကပတ်တော်များစွာ ရှိနေဆဲဖြစ်သည်။ ထိုနှုတ်ကပတ်တော်တို့ကို သန့်ရှင်းသော ဝိညာဉ်တော်၏ တို့ထိမှု တစ်ခုတည်းကိုသာ အမှီပြုကာ လက်တွေ့ အသက်ရှင်နေကြခြင်း မဟုတ်ဘဲ လူ့အနေ ဖြင့် လိုက်နာစောင့်ထိန်းသင့်သည့် အရာများ ဖြစ်ပါသည်။ ဥပမာ လက်တွေ့ကျသော ဘုရားသခင်၏ လုပ်ဆောင်ချက်အပေါ် သင့်အနေဖြင့် အပြစ်တင် စီရင်ခြင်း မပြုရ။ ဘုရားသခင်၏ သက်သေပြုခြင်း ခံရသောသူကို သင်ဆန့်ကျင်ဘက် မပြုရ။ ဘုရားသခင်၏ ရှေ့မှောက်တွင် သင်၏ အရိုက်အရာကို ထိန်းသိမ်း ရမည်၊ လောကီအရာများထဲ၌ ယစ်မူးခြင်း မပြုရ။ သင် စကားပြောသောအခါ အစွန်းမရောက်စေဘဲ သင်၏ အပြောအဆိုနှင့် လုပ်ဆောင်ချက်တို့သည် ဘုရားသခင်ထံမှ သက်သေပြုခြင်း ခံရသော သူ၏ စီစဥ်မှုများနှင့် ကိုက်ညီရမည်။ ဘုရားသခင်၏ သက်သေခံချက်ကို သင်ရိုသေလေးမြတ် သင့်သည်။ ဘုရားသခင်၏ အလုပ်နှင့် သူ၏နှုတ်မှ လာသော နှုတ်ကပတ်တော်များကို လျစ်လျူမရှုသင့်။ သင်သည် ဘုရားသခင် ဖွင့်ဆို ချက်များ၏ အနက်နှင့် ရည်ရွယ်ချက်များကို မတုပရ။ ဘုရားသခင်၏ သက်သေပြုခြင်း ခံရသူအား ဆန့်ကျင် သော အမှု တစ်စုံတစ်ရာကိုမျှ အပြင်ပန်းအရ မပြုသင့်။ အစရှိသည်တို့ဖြစ်သည်။ ဤအရာများသည် လူအယောက်တိုင်း လိုက်နာစောင့်ထိန်းသင့်သောအရာများ ဖြစ်ပေသည်။ ဘုရားသခင်သည် ခေတ်အဆက်ဆက်တွင် လူတို့ လိုက်နာ စောင့်ရှောက်ရန် ဥပဒေသများနှင့် ဆင်တူသော အထုံးအဖွဲ့ များစွာကို ချမှတ်ခဲ့သည်။ ဤနည်းအား ဖြင့် ဘုရားသခင်သည် လူ၏ စိတ်သဘောထားကို ဘောင်ခတ်ကန့်သတ်ကာ လူ၏ ရိုးသားမှုကို စစ်ဆေးခဲ့ သည်။ ဓမ္မဟောင်းခေတ်မှ နှုတ်ကပတ်တော်များ ဖြစ်သည့် “သင်၏ မိဘကို ရိုသေစွာပြုလော့” ဟူသည်ကို ဥပမာအဖြစ် ကြည့်ပါ။ ထိုနှုတ်ကပတ်တော်များသည် ယခုအချိန်နှင့် မသက်ဆိုင်တော့ပေ၊ ထိုခေတ်ကာလက ယင်းအရာများသည် လူတို့၏ ပြင်ပစိတ်သဘောထား အချို့ကိုသာ ဘောင်ခတ်ကန့်သတ်ခဲ့ခြင်း ဖြစ်သည်။ ယင်းတို့ကို ဘုရားသခင်အပေါ် ယုံကြည်ကိုးစားရာ၌ လူတို့၏ ရိုးသားမှုကို ဖော်ပြရန်သာ အသုံးပြုခဲ့ကြခြင်း ဖြစ်ပြီး ၎င်းတို့မှာ ဘုရားသခင်အား ယုံကြည်သောသူများ၏ အမှတ်အသား တစ်ခုသဖွယ် ဖြစ်ခဲ့သည်။ ယခု ခေတ်ကာလသည် နိုင်ငံတော်ခေတ် ဖြစ်သော်လည်း လူတို့ လိုက်နာစောင့်ထိန်းရန် အထုံးအဖွဲ့ များစွာ ပါသည်။ ယခင်က အထုံးအဖွဲ့များသည် ယနေ့ခေတ်နှင့် မသက်ဆိုင်တော့သော်လည်း လူတို့ လိုက်နာစောင့်ထိန်းရမည့် လျောက်ပတ်သည့် နောက်ထပ် အကျင့်များစွာ ရှိပြီး ယင်းတို့သည် လိုအပ်သည်။ သန့်ရှင်းသော ဝိညာဉ်တော် ၏ အလုပ်မပါဝင်ဘဲ လူတို့ကသာ ယင်းအကျင့်များကို ကျင့်ကြံရမည်။