菜單

မူလစာမျက်နှာ သတင်းအချက်အလက် အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ စွဲကိုင်ထားသူ လွတ်လပ်မှန်ကန်တဲ့လူ့အခွင့်အရေး ကယ်တင်ရှင်ပြန်ကြွလာပြီ ဧဝံဂေလိတရားတော် ကောင်းကင်နိုင်ငံတော်သီချင်း အမှန်တရားကို ဖေါ်ထုတ်ခြင်း နိုင်ငံတော် ချီးမွမ်းခြင်း တေးဂီတ ဘုရားသခင်၏ နှုတ်ကပတ်တော်များ ဖတ်ကြားခြင်းများ
Showing posts with label အသက်, ခရစ်တော်၏ ပြောကြားချက်များ. Show all posts
Showing posts with label အသက်, ခရစ်တော်၏ ပြောကြားချက်များ. Show all posts

1/07/2019

ဘုရားသခင်၏ ပြောဆိုသံ | အမှုတော်နှင့် ဝင်ရောက်ခြင်း (၁)

ဘုရားသခင်, သမ္မာတရား, အသက်, ခရစ်တော်၏ ပြောကြားချက်များ,


မှန်သော အသက်လမ်းကို လူတို့ စတင်လျှောက်လှမ်းသည့် အချိန်မှစ၍ ယနေ့တိုင် သူတို့ မရှင်းလင်းသေးသည့် အရာများစွာ ရှိနေသေးသည်။ ဘုရားသခင်၏ အလုပ်နှင့်ပတ်သက်၍သော်လည်းကောင်း သူတို့ လုပ်သင့်သည့် မြောက်များစွာသော အလုပ်တို့နှင့် ပတ်သက်၍သော်လည်းကောင်း သူတို့သည် ရှုပ်ထွေးမှုအပြည့်ဖြင့် ရှိနေဆဲ ဖြစ်သည်။ ထိုသို့ဖြစ်သည်မှာ တစ်ဖက်၌ သူတို့၏ အတွေ့အကြုံ၌ လမ်းလွဲသွေဖယ်မှုရှိနေသောကြောင့်နှင့် လက်ခံရန် သူတို့၏ စွမ်းရည်တွင် အကန့်အသတ်ရှိနေခြင်းကြောင့် ဖြစ်ပြီး တစ်ဖက်၌မူ ဘုရားသခင်၏အလုပ်သည် လူတို့ကို ထိုအဆင့်အထိရောက်အောင် မခေါ်ဆောင်ရသေးသောကြောင့် ဖြစ်သည်။ ထို့ကြောင့် လူတိုင်းသည် ဝိညာဉ်ရေးရာကိစ္စအများစုနှင့် ပတ်သက်၍ ဒွိဟဖြစ်နေခြင်း ဖြစ်သည်။ သင်တို့သည် သင်တို့ ဝင်ရောက်သင့်သည့် လမ်းကို ရှင်းရှင်းလင်းလင်း မသိသည့်အပြင် ဘုရားသခင်၏ အလုပ်ကို ပို၍ပင် မသိပေ။ ထိုသို့ ဖြစ်ခြင်းသည် သင်တို့၌ ရှိသည့် ချွတ်ယွင်းချက်များနှင့်ပတ်သက်သော သာမန်ကိစ္စတစ်ခုထက် ပိုလေသည်။ ၎င်းသည် ဘာသာရေးလောကမှ လူများအားလုံးနှင့် သက်ဆိုင်သော ကြီးမားသော ချွတ်ယွင်းချက်တစ်ခု ဖြစ်သည်။ ဤနေရာတွင်လူတို့ ဘုရားသခင်ကို မကြိုက်ရသည့် အကြောင်းရင်း၏ အဓိကသော့ချက်ရှိနေ၍၊ ထိုချွတ်ယွင်းချက်သည် ဘုရားသခင်ကို ရှာဖွေသူများအားလုံး၌ ရှိသည့် တူညီသည့် ချွတ်ယွင်းချက်တစ်ခု ဖြစ်သည်။ ဘုရားသခင်ကို မည်သူတစ်ဦးတစ်ယောက်ကမျှ မသိကျွမ်းဖူးပေ၊ သို့မဟုတ် ဘုရားသခင်၏ မျက်နှာအစစ်ကို မည်သူတစ်ဦးတစ်ယောက်ကမျှ မမြင်ဖူးသေးပေ။ ထို့ကြောင့် ဘုရားသခင်၏ အလုပ်သည် တောင်ကို ရွှေ့ရသလို သို့မဟုတ် ပင်လယ်ကို ခန်းအောင်လုပ်ရသလို ခက်ခဲကြမ်းတမ်းသော အလုပ်ဖြစ်နေခြင်း ဖြစ်သည်။ ဘုရားသခင်၏ အလုပ်အတွက် လူဘယ်နှစ်ယောက်က သူတို့၏ ဘဝကို စတေးခဲ့ကြသနည်း၊ ဘုရားသခင်၏ အလုပ်ကြောင့် ဘယ်နှစ်ယောက်က နှင်ထုတ်ခံခဲ့ရသနည်း၊ ဘုရားသခင်၏ အလုပ်အတွက် ဘယ်နှစ်ယောက်က သေသည်အထိ ညှဉ်းဆဲခံခဲ့ရသနည်း၊ ဘုရားသခင်ကို ချစ်သော အချစ်ကြောင့် မျက်လုံး၌ မျက်ရည်များနှင့် ပြည့်နေသူ ဘယ်နှစ်ယောက် တရားမျှတမှုမရှိဘဲ သေခဲ့ကြသနည်း၊ ရက်ရက်စက်စက် လူမဆန်စွာ ညှဉ်းပန်းနှိပ်စက်သည်ကို ဘယ်နှစ်ယောက်ခံခဲ့ရသနည်း ...။ ထိုသို့သော အဖြစ်ဆိုးများ ဖြစ်သည်မှာ လူတွေက ဘုရားသခင်အကြောင်း မသိသောကြောင့်သာ ဖြစ်သည် မဟုတ်လော။ ဘုရားသခင်ကို မသိကျွမ်းသော သူတစ်ဦးသည် ဘုရားသခင်၏ရှေ့သို့ အဘယ်သို့ လာရဲသနည်း။ ဘုရားသခင်ကို ယုံကြည်သော်လည်း ဘုရားသခင်ကို ညှဉ်းပန်းနှိပ်စက်သော သူတစ်ဦးသည် ဘုရားသခင်၏ရှေ့သို့ အဘယ်သို့ လာရဲသနည်း။ ထိုသို့ဖြစ်ခြင်းသည် ဘာသာရေးလောကမှ လူတို့၏ မပြည့်စုံမှုများသာ မဟုတ်ပေ၊ သူတို့၌သာမက သင်တို့၌လည်း ရှိသော အရာ ဖြစ်သည်။ လူတို့သည် ဘုရားသခင်ကို မသိကျွမ်းဘဲနှင့် ယုံကြည်ကြသည်။ ထိုအကြောင်းရင်း တစ်ခုတည်းကြောင့်သာ သူတို့သည် နှလုံးသားထဲ၌ ဘုရားသခင်ကို မလေးစား၊ မကြောက်ရွံ့ကြခြင်း ဖြစ်သည်။ ဤရေစီးကြောင်းအတိုင်း သူတို့ ကိုယ်တိုင် မျှော်မှန်းထားသည့် အလုပ်ကို အလွန်ကိန်းကြီးခမ်းကြီးဖြင့် လုပ်ဆောင်ပြီး သူတို့၏ ကိုယ်ပိုင် တောင်းဆိုချက်များနှင့် မဆင်မခြင် ဖြုန်းတီးလိုသော ဆန္ဒများအတိုင်း ဘုရားသခင်၏အလုပ်ကို လုပ်ကိုင်နေသူများပင် ရှိသည်။ လူတော်တော်များများသည် ဘုရားသခင်ကို မြတ်နိုးလေးစားခြင်း မရှိဘဲ ၄င်းတို့၏ ကိုယ်ပိုင်ဆန္ဒများနောက်သို့လိုက်ကာ သွေးရူးသွေးတန်း ပြုမူတတ်ကြသည်။ ထိုသို့လုပ်ဆောင်ခြင်းသည် လူတို့၏ တကိုယ်ကောင်းဆန်သော နှလုံးသားတို့၏ ပြယုဂ်များပင် မဟုတ်လော။ ထိုအပြုအမူများသည် လူတို့၌ အလွန်အလျှံအပယ်ရှိနေသော စဉ်းလဲခြင်း၏ အရိပ်လက္ခဏာကို ဖော်ပြသည် မဟုတ်လော။ လူတို့သည် အမှန်တကယ်ပင် အလွန်ထူးကဲ ဉာဏ်ရည်ထက်မြက် သူများ ဖြစ်နိုင်သော်လည်း သူတို့၏ ပါရမီများသည် ဘုရားသခင်၏ အလုပ်ကို မည်သို့ အစားထိုးနိုင်မည်နည်း။ လူတို့သည် ဘုရားသခင်၏ ဝန်ကို အမှန်တကယ်ပင် ဂရုစိုက်ကောင်း စိုက်မည်ဖြစ်သော်လည်း သူတို့သည် အလွန်တကိုယ်ကောင်းဆန်စွာ ပြုမူလို့ မရပါ။ လူတို့၏ လုပ်ရပ်များသည် ဘုရားသခင်၏ လုပ်ရပ်များကဲ့သို့ အမှန်တကယ် ဖြစ်ပါသလား။ လူတစ်ယောက်သည် ထိုသို့ဖြစ်ကြောင်းကို ယုံကြည်စိတ်ချနိုင်ပါသလား။ ဘုရားသခင်အကြောင်းသက်သေခံရန်နှင့် ဘုရားသခင်၏ ဘုန်းတော်ကို အမွေခံရန် အခွင့်ပေးခြင်းသည် ဘုရားသခင်က ချွင်းချက်တစ်ခုအဖြစ်သတ်မှတ်ပြီး လူတို့ကို မြှင့်တင်ပေးခြင်းဖြစ်သည်။ သူတို့သည် ထိုက်တန်သူများ မည်သို့ ဖြစ်နိုင်ပါမည်နည်း။ ဘုရားသခင်၏ အလုပ်သည် ယခုမှ စသည်၊ သူ၏စကားများကို ယခုမှသာ စတင်ပြောဆိုခြင်း ဖြစ်သည်။ ဤအခြေအနေ၌ လူတို့သည် သူတို့ကိုယ်သူတို့ ကျေနပ်နေကြသည်။ ထိုသို့ ဖြစ်ခြင်းသည် အရှက်ခွဲခံရအောင် လုပ်ဆောင်နေခြင်းပင် မဟုတ်လော။ သူတို့နားလည်သည့် အရာသည် အလွန်ပင် နည်းလှသည်။ အဟောအပြော အကောင်းဆုံး ပါရမီအထူးချွန်ဆုံး သီအိုရီပညာရှင်ပင်လျှင် ဘုရားသခင်၏ ကြွယ်ဝမှုအားလုံးကို ပြောပြနိုင်စွမ်း မရှိပေ၊ သို့ဖြစ်လျှင် သင်တို့သည် မည်မျှသာ၍နည်းစွာ ပြောပြနိုင်မည်နည်း။ သင်တို့သည် သင်တို့၏ တန်ဖိုးကို ကောင်းကင်ထက်မြင့်အောင် မသတ်မှတ်ဘဲ၊ ဘုရားသခင်ကို ကြိုးစားချစ်သော ဆင်ခြင်တုံတရားရှိသည့် လူများထဲတွင် အဆင့်အနိမ့်ဆုံးသူထက် နိမ့်ကျသူအဖြစ် ကိုယ့်ကိုယ်ကို မြင်လျှင် အကောင်းဆုံးဖြစ်သည်။ ထိုနည်းလမ်းသည် သင်တို့ ဝင်ရမည့် နည်းလမ်းဖြစ်သည် - အားလုံးထက် တစ်ထွာလောက် နိမ့်သည်ဟု ကိုယ့်ကိုယ်ကို မြင်ဖို့ ဖြစ်သည်။ သင်တို့သည် အဘယ်ကြောင့် ကိုယ့်ကိုယ်ကို အလွန်မြင့်သည်ဟု သတ်မှတ်ကြသနည်း။ အဘယ်ကြောင့် သင်တို့ကိုယ်သင်တို့ ထိုသို့မြင့်မားစွာ ထင်မြင်ယူဆကြသနည်း။ ရှည်လျားသော အသက်တာ ခရီးလမ်း၌ သင်တို့သည် ပထမဦးဆုံးခြေလှမ်း အနည်းငယ်ကိုသာ လှမ်းပြီးသေးသည်။ သင်တို့ မြင်သမျှသည် ဘုရားသခင်၏လက်မောင်းသာ ဖြစ်သည်၊ ဘုရားသခင်ကို အပြည့်အဝ သင်တို့ မမြင်သေးပေ။ ဘုရားသခင်၏ အလုပ်ကို ပိုမြင်နိုင်ဖို့နှင့် သင်တို့ဝင်ရောက်သင့်သည့် လမ်းကို ပိုမို ရှာဖွေတွေ့ရှိနိုင်ဖို့ သင့်တွင်တာဝန်ရှိသေည်။ အဘယ်ကြောင့်ဆိုသော် သင်တို့၏ပြောင်းလဲမှုမှာ နည်းလွန်းသဖြင့်ဖြစ်သည်။