菜單

မူလစာမျက်နှာ သတင်းအချက်အလက် အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ စွဲကိုင်ထားသူ လွတ်လပ်မှန်ကန်တဲ့လူ့အခွင့်အရေး ကယ်တင်ရှင်ပြန်ကြွလာပြီ ဧဝံဂေလိတရားတော် ကောင်းကင်နိုင်ငံတော်သီချင်း အမှန်တရားကို ဖေါ်ထုတ်ခြင်း နိုင်ငံတော် ချီးမွမ်းခြင်း တေးဂီတ ဘုရားသခင်၏ နှုတ်ကပတ်တော်များ ဖတ်ကြားခြင်းများ

12/21/2018

သမ္မာတရားကိုသင်တို့ နားလည်သည်နှင့်တပြိုင်နက် ကျင့်သုံးကြပါ

ဘုရားသခင်, ဆုတောင်း, ယေရှု, ခရစ်တော်၏ ပြောကြားချက်များ,

ဘုရားသခင်၏ အမှုတော်နှင့် နှုတ်ကပတ်တော်တို့သည် သင်တို့ ၏ စိတ်သဘောထား ကို ပြောင်းလဲမှုဖြစ်စေရန် ရည်ရွယ်သည်။ ကိုယ်တော်၏ ရည်ရွယ်ချက်မှာ ယင်းကိုသင်တို့ နားလည်ရုံသက်သက် သို့မဟုတ် အသိအမှတ်ပြု ရုံသက်သက် မဟုတ်၊ ယင်းသည် အ ဆုံးသတ် မဟုတ်ပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်အများစုတို့သည် လူသားဘာသာစကားဖြင့် ရေးသားထားသည်ဖြစ်ရာ လက်ခံ ရရှိ နိုင်စွမ်းရှိသူတစ်ဦး အနေဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်တို့ကိုနားလည်ရန် သင်တို့တွင် အခက်အခဲရှိမည်မဟုတ်ပေ။ သို့ဖြစ်ရာဘုရားသခင်က သင်တို့ကို မည်သည့်အရာကို နားလည်စေပြီး ကျင့်သုံးစေချင်သည်ကို သင်တို့သည် နားလည် နိုင်ပေးသည်။ ယင်းသည် ပုံမှန်နားလည် နိုင်စွမ်းရှိသူ တစ်ဦးအနေဖြင့် သာမာန် လူတစ်ဦးနားလည် နိုင်စွမ်းသောအရာ ဖြစ်ပေသည်။ မျက်မှောက်တွင် ဘုရားသခင်၏ နှုတ်ကပတ်တော်တို့မှာ အထူးသဖြင့် ရှင်းလင်း၍ ပွင့်လင်းမြင်သာပြီး လူတို့ မစဉ်းစားသော အရာအများအပြားနှင့် လူတို့၏ အခြေအနေအမျိုးမျိုးကို ဘု ရားသခင်က ထောက်ပြထားသည်။ ကိုယ်တော်၏ နှုတ်ကပတ်တော်တို့သည် ပြည့်စုံမှုရှိပြီး လပြည့်ည အလင်းရောင်ကဲ့သို့ ရှင်းလင်းလှပေသည်။ သို့ဖြစ်ရာ မျက်မှောက်တွင် လူအများသည် အကြောင်းအရာ အများအပြားကို နားလည်သည်။ သူတို့သည် ကိုယ်တော်၏ နှုတ်ကပတ်တော်တို့ကို လက်တွေ့ကျင့်သုံးရန် ချို့ယွင်းအားနည်းနေခြင်း ဖြစ်သည်။ လူတို့သည် သမ္မာတရား၏ ရှုထောင့်ပေါင်းစုံကိုလေ့ကျင့်ပြီး ယင်းတို့ ၏ အသေးစိတ်ကို စူးစမ်းရှာဖွေရမည်။ သူတို့ အားပေးထားသည်ကို အလိုက်သင့် စောင့်စားနေရန် မဟုတ်ပေ။ သို့မဟုတ်ပါက သူတို့သည် ပျင်းရိသူတို့ထက် အနည်းငယ်သာ ရုံသာရှိပေမည်။ သူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်တို့ကို သိသော်လည်းလက်တွေ့ မကျင့်သုံးသူများ ဖြစ်သည်။ ထိုသို့သော ပုဂ္ဂိုလ်သည် သမ္မာတရားကို ချစ်မြတ် နိုးသူမဟုတ်လိုပဲ အဆုံးတိုင် ဖယ်ရှားခြင်းကိုခံကြရမည်။ အေဒီ ၁၉၉၀ နှစ်များက ရှင်ပေတရုကဲ့သို့ သင်တို့တစ်ဦးချင်းစီသည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ကျင့်သုံးသင့်ပေသည်၊ သင်တို့၏ အလေ့အထများတွင် အမှန် တကယ် ထည့်သွင်းသင့်ပေသည်။ ဘုရားသခင်နှင့်ပေါင်းစည်း ခြင်းတွင် ပိုမိုကြီးမားသော ကောင်းချီးမင်္ဂလာကိုပင် ရရှိသင့်ပေသည်၊ သင်တို့၏ ဘဝတစ်သက်တာတွင် ကူညီမှုများကို ပိုမို လက်ခံရရှိယူဆောင် နိုင်သင့်ပေသည်။ သင်တို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော် အများအပြားကို ဖတ်ရှုလေ့လာပြီးသော်လည်း စာသားများ၏ အဓိပ္ပာယ်ကို နားလည်ရုံရှိပြီး သင်တို့၏ လက်တွေ့ကျင့်သုံးမှုများတွင် ဘုရားသခင် ၏ နာမတော်ကို အစဦးအသိဉာဏ်အဖြစ် မထည့်သွင်းပါက သင်တို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သိမည်မဟုတ်ပေ။ သင် နှင့် ပတ်သက်သမျှတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်တို့သည် အသက်တာ မဟုတ်ပဲ အဓိပ္ပာယ် ကင်း မဲ့သော စကားလုံး များသာ ဖြစ်ပေလိမ့်မည်။ သင်သည် အသက် မဲ့သော စကားလုံး များကိုသာဆုပ်ကိုင်ထားပါက ဘုရားသခင်၏ နှုတ်ကပတ်တော်၏ အနှစ်သာရကို ဆုပ်ကိုင် နိုင်မည်မဟုတ်သကဲ့သို့ ဘုရားသခင်၏ အလိုတော်ကိုလည်း သင်နားလည်မည် မဟုတ်ပေ။ ကိုယ်တော်၏ နှုတ်ကပတ်တော်တို့ကို လက်တွေ့ကျင့်သုံးသည့် အခါမှသာလျှင် ဘုရားသခင်၏ နှုတ်ကပတ်တော်ကိုယ်နှိုက်က ၀ိညာဉ်ဆိုင်ရာ အဓိပ္ပာယ်ကို သင့်အားဖွင့်ပြပေးခြင်းဖြင့် သင်သည် အမှန်တကယ် ၀ိညာဉ်ဆိုင်ရာ တန်ဖိုးများကိုဆုပ်ကိုင်နိုင်ပြီး လက်တွေ့ကျင့်သုံးခြင်း ပြုမှသာလျှင် သင်သည် ဘုရားသခင် နာမတော်၏ နက်နဲရာတို့ကို သိမြင် နိုင်ပေမည်။ သင်သည် လက်တွေ့ကျင့်သုံးခြင်း မပြုလျှင် ကိုယ်တော်၏ နှုတ်ကပတ်တော်တို့သည် မည်မျှ ရှင်းလင်းသည်ဖြစ်စေကာမူ သင်ဆုပ်ကိုင် နိုင်သည့် အရာမှာသင်၏ ဘာသာရေးလုပ်ထုံးလုပ်နည်းဖြစ်လာမည့် အဓိပ္ပာယ်မဲ့သောစာလုံးများနှင့် အယူဝါဒများသာ ဖြစ်ပေလိမ့်မည်။ ယင်းသည် ဖာရိရှဲတို့၏ ၏လုပ်ကိုင်ပုံ မဟုတ်ပါလော။ သင်တို့သည် ဘုရားသခင်နှုတ်ကပတ်တော်ကိုလက်တွေ့ ကျင့်သုံးပါက ယင်းသည် သင့်အတွက် လက်တွေ့ကျလာလိမ့်မည်။ သင်တို့သည် လက်တွေ့မကျင့်သုံးပါက ဘုရားသခင်၏ နှုတ်ကပတ်တော်သည် သင့်တို့အတွက် တတိယ မိုးကောင်းကင် ပုံပြင်ထက် အနည်းငယ် သာ ရုံသာရှိပေလိမ့်မည်။ အမှန် တကယ်တွင် ဘု ရားသခင်ကိုယုံကြည်ခြင်းမှာ ကိုယ်တော်၏ နှုတ်ကပတ်တော်ကို သင်တို့ လိုက်နာကျင့်သုံးခြင်း လုပ်ငန်းစဉ်သာမက ကိုယ်တော်ထံမှ ရရှိခြင်း ဖြစ်သည်၊ တနည်းအားဖြင့် ပိုမိုရှင်းလင်းစွာဖြင့်ဆိုလျှင် ဘု ရားသခင်အား ယုံကြည်ခြင်းသည် ကိုယ်တော်၏ နှုတ်ကပတ်တော်အား သိရှိနားလည်ခြင်း ဖြစ်ပြီး ကိုယ်တော်၏ နာမတော်၌ နေထိုင် ကျင့်သုံးခြင်း ဖြစ်သည်။ ယင်းမှာသင်တို့သည် ဘုရားသခင်၌ ယုံကြည်ခြင်းအစစ် အမှန် ဖြစ်ပေသည်။ သင်တို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်တို့ကို သင်တို့၏ အတွင်း၌ရှိသောအရာတစ်ခုအဖြစ် လိုက်နာကျင့်သုံးရန် ရှာဖွေခြင်းမရှိပဲ သင်တို့သည် ဘု ရားသခင်ကိုယုံကြည်ပြီး ထာဝရ အသက်တာကို မျှော်လင့်ပါက သင်တို့သည် ရူးသွပ်သူများသာ ဖြစ်သည်။ ယင်းမှာပွဲတော်သို့ သွားပြီး အစားအစာများကိုမစားမသောက်ပဲ ယင်းတို့အကြောင်း မှတ်ချက်ရေးသည်နှင့်သာ တူပေသည်။ ထိုသူမှာအရူးနှင့် မတူပါသလော။


လူသားတို့ ပိုင်ဆိုင်ရန် လိုအပ်သည့် သမ္မာတရားကို လူသားအတွက် အကျိုးကျေးဇူးနှင့်အထောက်အကူအများ ဆုံးဖြစ်စေသည့်ဘုရားသခင်၏ နှုတ်ကပတ်တော်တွင်ပျော်မွေ့ခြင်းထဲတွင် တွေ့ရှိနိုင်သည်။ ယင်းမှာ လူသားအနေဖြင့်သူ၏ သာမန်လူ့သဘာဝကိုထိန်းသိမ်းရန်လိုအပ်သော အရာဖြစ်သည့်သင်တို့၏ခန္ဓာကိုယ်ကလိုအပ်သော အားဆေးနှင့် အစာအဟာရများဖြစ်သည်။ လူသားတွင် တပ်ဆင်အပ်သော သမ္မာတရား ကိရိယာတန်ဆာတို့ဖြစ်သည်။ဘုရားသခင်၏နှုတ်ကပတ်တော်ကို သင်တို့ကျင့်သုံးလေလေ၊သင်တို့၏ဘဝလျင်မြန်စွာပွင့်လန်းလာလေဖြစ်ပြီး၊ဘုရားသခင်၏နှုတ်ကပတ်တော်ကို ကျင့်သုံးလေလေ သမ္မာတရားသည် ပိုမိုရှင်းလင်းလာလေဖြစ်သည်။ယင်းရပ်တည်မှုတွင်သင်တို့သည်ကြီးပြင်း လာပါက ၀ိညာဉ်လောက၏အရာများကို ပိုမိုရှင်းလင်းစွာမြင်မည်ဖြစ်ပြီး စာတန်အပေါ်တွန်းလှန်ရာတွင်သင်တို့သည်ခွန်အားပိုုမိုရှိပေလိမ့်မည်။ ဘုရားသခင်၏နှုတ်ကပတ်တော်ကို သင်တို့ကျင့်သုံးသည့်အခါ သင်တို့ နားမလည်ခဲ့သော သမ္မာတရားအများအပြားသည် ရှင်းလင်းလာပေ လိမ့်မည်။လူအများစုတို့သည်ဘုရားသခင်နှုတ်ကပတ်တော်၏စာသားများကိုနားလည် ရုံမျှနှင့်ကျေနပ်ကြပြီး အယူဝါဒများဖြင့် မိမိတို့ကိုယ်ကို လက်နက်အဖြစ် တပ်ဆင်ထားကြကာ ယင်းတို့ကိုနက်ရှိုင်းစွာ ကျင့်သုံးခြင်းမရှိကြပါ။ ယင်းမှာဖာရိရှဲများ၏ နည်းလမ်းကဲ့သို့ပင် မဟုတ်ပါလော။ သို့ဆိုလျှင် "ဘုရားသခင်၏ နှုတ်ကပတ်တော်သည် အသက်ဖြစ်သည်" ဟူသော စကားရပ်မှာ သူတို့အတွက်မည်သို့မှန်ကန် နိုင်မည်နည်း။ လူသားသည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ကျင့်သုံးသည့်အခါမှသာလျှင် သူ့အသက်တာသည် အမှန်တကယ် ပွင့်လန်းသည်။ ကိုယ်တော်၏ နှုတ်ကပတ်တော်ကိုဖတ် ရုံမျှဖြင့်မကြီးထွား နိုင်၊ ဘုရားသခင်၏နှုတ်ကပတ်တော်ကို နားလည်ရန်သည်သာ အသက်တာရရှိရန်ဖြစ်သော သင်၏ရပ်တည်ချက် အတွက် လိုအပ်ချက်ဖြစ်သည်ဟုသာ သင်ယုံကြည်ပါက သင်၏ နားလည်မှုသည်မပြည့်စုံနိုင်။ သင်သည်သမ္မာတရားကို ကျင့်သုံးသော အခါတွင်ဘု ရားသခင်၏ နှုတ်ကပတ်တော်ကို အမှန်တကယ် နားလည်ပြီး "သမ္မာတရားကို ကျင့်သုံးခြင်းဖြင့်သာလျှင် ထိုအရာကိုနားလည် နိုင်သည်" ဆိုခြင်းကို သင်နားလည်ရမည်။ ယနေ့တွင် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဖတ်ရှုပြီး၊ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကိုနားလည်သည်ဆို ရုံမျှဖြင့် သင်သည်ထိုအရာကို နားလည်သည်ဟု မဆိုနိုင်ပေ။အချို့ကဆိုသည်မှာ သမ္မာတရားကို ကျင့်သုံးရန်တစ်ခုတည်းသောနည်းလမ်းမှာ ယင်းကိုဦးစွာ နားလည်ခြင်း ဖြစ်သော်လည်း ယင်းမှာလုံး ဝတိကျမှန်ကန်မှုမရှိသေးပဲ အမှန်တဝက်ကိုသာ ရောက်သေးသည်။ သမ္မာတရား၏အသိဉာဏ်ကို သင်မရသေးမီတွင် သမ္မာတရားကိုသင်မကျင့်သုံး နိုင်ပေ။ သင်ကြားရသော အရာသည်သင်အမှန်တကယ်နားလည်သောအရာနှင့်မတူညီသည့် ခံစားချက်မျိုးဖြစ်သည်။ စာသားတွင် မြင်သည့်အတိုင်းသင့်ကိုယ်သင် သမ္မာတရားဖြင့် တပ်ဆင်ထားရန်မှာယင်းစာသား၏ စစ်မှန်သည့် အဓိပ္ပာယ်ကိုနားလည်ခြင်းနှင့် မတူညီပါ။ သမ္မာတရားကို အပေါ်ယံနားလည်ခြင်းက ယင်းကိုအမှန်တကယ် နားလည်ခြင်းသို့မဟုတ် အသိအမှတ်ပြုခြင်းဟုအဓိပ္ပာယ်မသက်ရောက်ပါ။ သမ္မာတရား၏ အဓိပ္ပာယ်အမှန်ကား အတွေ့အကြုံရရှိခြင်းမှ လာသည်။ ထို့ကြောင့်၊ သင်သည် သမ္မာတရားကိုတွေ့ကြုံမှသာ ယင်းကို သင်နားလည်နိုင်ပြီး၊ သမ္မာတရားကိုတွေ့ကြုံမှသာယင်း၏ဖုံးကွယ်နေသည့် အစိတ်အပိုင်းကို သင်ဖမ်းဆုပ်နိုင်မည်။ ယင်းကိုနက်နက်နဲနဲ တွေ့ကြုံခြင်းကသမ္မာတရား၏ အစိတ်အပိုင်းတစ်ခုကိုဖမ်းဆုပ်နိုင်မည့် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်၊ ယင်း၏အနှစ်သာရကို နားလည်ရန်ဖြစ်သည်။ ထို့ကြောင့် သင်သည် သမ္မာတရားဖြင့် ဘယ်နေရာကိုမဆို သွားနိုင်သော်လည်း၊ သင့်ထဲတွင် သမ္မာတရားမရှိပါက၊ သင့်မိသားစု၊ ဘာသာရေးကိုင်းရှိုင်းမှု ပိုအားနည်းသည့် လူများကိုလက်ခံယုံကြည်လာစေဖို့ ကြိုးစားရန် မစဉ်းစားပါနှင့်။ သင်သည်သမ္မာတရားမရှိဘဲ နှင်းများကိုခပ်ထုတ်နေသကဲ့သို့သာ ဖြစ်နေမည်၊ သို့သော် သမ္မာတရားရှိပါက သင်သည်ပျော်ရွှင်နိုင်ပြီး လွတ်မြောက်နိုင်သည်၊ မည်သည့်အရာမျှ သင့်ကိုမတိုက်ခိုက်နိုင်ပါ။ အယူအဆကမည်မျှပင် ခိုင်မာနေပါစေ၊ ယင်းသည် သမ္မာတရားကို မကျော်လွှားနိုင်ပါ။ သမ္မာတရားအားဖြင့်သာ ကမ္ဘာကြီးသည် သူ့အလိုလို ယိမ်းညွှတ်နိုင်ပြီး တောင်တန်းများနှင့် ပင်လယ်များလည်းရွှေ့လျားနိုင်သည်၊ အခြားတဖက်မှာတော့၊ သမ္မာတရားမရှိခြင်းက လောက်များဖြင့် ဖျက်စီးခြင်းကိုဦးတည်နေသည်။ ဤကားရိုးရှင်းသည့် အချက်ပင်ဖြစ်သည်။

ယခုအရေးကြီးသည်မှာပထမဦးစွာသမ္မာတရားကိုသိရန်ဖြစ်ပြီး နောက်ပိုင်းယင်းကို လက်တွေ့ကျင့်သုံးကာ၊ သင့်ကိုယ်သင် သမ္မာတရားအဓိပ္ပာယ်ရှိသည့် အမှန်တရားဖြင့် ဆက်လက်ပြည့်စုံစေပါ။ ယင်းကား သင်ရည်ရွယ်ထားသင့်သည့်၊ အခြားသူများက သင်ပြောဆိုသည်များကို လိုက်လျှောက်ခြင်းသာ မဟုတ်ဘဲ၊ သင်၏လုပ်ဆောင်မှုများကို သူတို့အား လိုက်လျှောက်စေပါ၊ ဤသို့လုပ်ဆောင်ခြင်းအားဖြင့်သာ အဓိပ္ပာယ်ပြည့်စုံသည့် အရာတစ်ခုကို သင်ရှာဖွေတွေ့ရှိပါမည်။ အဘယ်သို့သော အကြောင်းကိစ္စမျိုးက သင့်အပေါ် ကျရောက်လာပါစေ၊ ဘယ်လိုလူမျိုးနဲ့ဖြစ်ဖြစ် သင်တွေ့ကြုံရပါစေ၊ သင်သည် သမ္မာတရားတစ်ခုတည်းတွင်သာ ခိုင်မာစွာ ရပ်တည်နိုင်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် လူကအသက်သွင်းပေးခြင်းဖြစ်ပြီး၊ သေစေခြင်းမဟုတ်ပါ။ ဘုရားသခင်၏နှုတ်ကပတ်တော်ကို ဖတ်ပြီးသည့်နောက် သင်သည်အသက်ရှင်မနေဘဲ သေနေဆဲဖြစ်ပါက၊ သင့်၌တစုံတခု မှားယွင်းနေသောကြောင့် ဖြစ်သည်။ အချိန်ခဏကြာပြီးနောက် သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များစွာကို ဖတ်ပြီးလက်တွေ့ကျသော တရားဒေသနာများစွာကို နားထောင်ပြီးသော်လည်း၊ သင်သည် သေဆုံးနေသည့် အခြေအနေတွင်သာရှိနေပါက၊ သင်သည်သမ္မာတရားကို တန်ဖိုးထားသူတစ်ဦး မဟုတ်ကြောင်း သက်သေပြနေခြင်း၊ သို့မဟုတ်သင်သည် သမ္မာတရားကို ရှာဖွေသူတစ်ဦးမဟုတ်ပေ။ သင်တို့သည် ဘုရားသခင်ကို ရရှိရန်အမှန်တကယ် ရှာဖွေသူဖြစ်ပါက၊ သင်တို့သည် မြင့်မားသည့် အယူဝါဒများကို အာရုံထားလက်ကိုင်ထားပြီး၊ ယင်းတို့ကို အသုံးပြုလျက်ပြုပြီး အခြားသူများအား သင်ကြားမည် မဟုတ်ပါ၊ သို့သော် ဘုရားသခင်၏ နှုတ်ကပတ်တော်ကိုသာ တွေ့ကြုံအောင်အာရုံစိုက်ပြီး သမ္မာတရားကို လက်တွေ့ အကောင်အထည်ဖော်မည် ဖြစ်သည်။ ယင်းသည် မျက်မှောက်တွင် သင်တို့ ဝင်ရောက်သင့်သည့် အရာမဟုတ်ပါလား။

ဘုရားသခင်သည်လူတို့အတွင်းသူ၏အမှုတော်မြတ်ကိုလုပ်ဆောင်ရန်အချိန်အကန့်အသတ်ရှိသည်၊ အကယ်၍သင်သည် ဘုရားသခင်နှင့် ပူးပေါင်းဆောင်ရွက်ခြင်းမရှိပါက ရလဒ်ကဘယ်လိုဖြစ်လာနိုင်လဲ။ သင်တို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို နားလည်သည့်အခါတွင် အဘယ်ကြောင့်ဘုရားသခင်က သင်တို့အား နှုတ်ကပတ်တော်ကို အမြဲတန်းလက်တွေ့ ကျင့်ကြံစေလိုသနည်း။ အကြောင်းမူကား ဘုရားသခင်သည် သူ၏နှုတ်ကပတ်တော်များကို သင်တို့အားဖော်ပြပြီး၊ နောက်တဆင့်အားဖြင့် သင်တို့ကယင်းကို အမှန်တကယ် ကျင့်သုံးရန်ဖြစ်ပြီး၊ သင်တို့ကယင်းနှုတ်ကပတ်တော်များကို ကျင့်သုံးပါက ဘုရားသခင်သည် ဉာဏ်အလင်းပေးသည့် အပိုင်းကို တာဝန်ယူလိမ့်မည်။ ယင်းသည်ဖြစ်လာသည့် ပုံစံဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် လူသားအား သူ၏ဘဝတွင် ဖူးပွင့်စေရန် အခွင့်ပေးပြီး လမ်းလွဲခြင်းများ သို့မဟုတ် အပျက်သဘော ဆောင်ခြင်းများကိုမဖြစ်စေပါ။ သင်သည်ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဖတ်ပြီးကျင့်သုံးသည်ဟုဆို၏၊ သို့သော် သင်သည်သန့်ရှင်းသော ၀ိညာဉ်တော်၏ လုပ်ဆောင်မှု တစုံတရာကိုမျှ မရရှိသေးပါ၊ သင်ပြောဆိုချက်များသည် ကလေးတစ်ဦးကိုသာ လှည့်ဖြားနိုင်သည်။ သင်၏ရည်ရွယ်ချက်များ မမှန်ကန်သည်ကို လူကမသိနိုင်ပါ၊ သို့သော်ဘုရားသခင် မသိနိုင်ပါဟု သင်ထင်ပါသလား။ အခြားသူများက ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ကျင့်သုံးပြီးသန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းပေးမှုကို ရရှိကြသည်၊ သို့သော်သင်သည်လည်း ကျင့်သုံးပါသော်ငြားလည်း သန့်ရှင်းသောဝိညာဉ်တော်၏ ဉာဏ်အလင်းပေးမှုကို မရရှိပါ၊ ဒါက ဘယ်လိုဖြစ်တာလဲ။ ဘုရားသခင်က စိတ်လှုပ်ရှား နေ၍လား။ သင်၏ရည်ရွယ်ချက်များက အမှန်တကယ်မှန်ကန်ပြီး သင်ကပူးပေါင်းဆောင်ရွက်ပါက၊ သန့်ရှင်းသောဝိညာဉ်တော်က သင်နှင့်အတူ ရှိနေပါမည်။ လူအချို့တို့သည် အရေးပါသည့်နေရာကိုသာ ယူလိုကြပြီး၊ ဘုရားသခင်က ဘာကြောင့်သူတို့ကို မမြှင့်တင်ပေးကာ ဘုရားကျောင်းကို မဦးဆောင်စေလဲ။ လူအချို့တို့သည် သူတို့ လုပ်ဆောင်စရာများကို ပြီးမြောက်စေရုံမျှဖြင့် သူတို့သတိမထား နားမလည်ဘဲ၊ ဘုရားသခင်၏ ခွင့်ပြုခြင်းကို ဘာကြောင့်ရရှိလဲ။ ဒါကဘယ်လိုဖြစ်နိုင်လဲ။ ဘုရားသခင်ကလူ၏ အတွင်းအကျဆုံးသော စိတ်နှလုံးကိုဆန်းစစ်သည်၊ ထို့နောက်သမ္မာတရားကို ရှာဖွေသည့်လူများက မှန်ကန်သည့် ရည်ရွယ်ချက်များဖြင့်သာ လုပ်ဆောင်ရမည် - မှန်ကန်သည့်ရည်ရွယ်ချက်များ မရှိသည့်လူများက ရပ်တည်နိုင်ခြင်း မရှိပါ။ အဓိကအားဖြင့်၊ သင်တို့၏ပန်းတိုင်ကား ဘုရားသခင်၏ နှုတ်ကပတ်တော်အား သင်တို့အတွင်းတွင် သက်ရောက်မှုရှိစေရန် ဖြစ်သည်။ တနည်းအားဖြင့် ပြောရမယ်ဆိုလျှင် သင်တို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ကျင့်သုံးရာတွင် ယင်းကို အမှန်တကယ်နားလည်ရမည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ရရှိနိုင်သည့်သင်တို့၏ စွမ်းရည်က အားနည်းကောင်း အားနည်းနိုင်သည်၊ သို့သော်ဘုရားသခင်၏ နှုတ်ကပတ်တော်ကိုသင်တို့သည် ကျင့်ကြံသောအခါ၊ ကိုယ်တော်က သင်တို့၏ ရရှိနိုင်ခြင်းအား နည်းသည့်စွမ်းရည်ကို ကူညီထောက်ပံ့ပေးမည်၊ ထို့ကြောင့် သင်တို့သည်များစွာသော သမ္မာတရားကိုသိရှိမည်သာမက၊ သင်တို့ကယင်းတို့ကိုကျင့်သုံးရမည်။ ဤကားအကြီးမားဆုံးသော အာရုံစိုက်ရာဖြစ်ပြီး လျစ်လျှူရှုထား၍မရပါ။ ယေရှုသည် အသက်သုံးဆယ်သုံးနှစ်နှင့် သုံးဆယ်သုံးနှစ်ခွဲအချိန်တွင် သမ္မာတတရားကို ကျင့်သုံးလိုက်လျှောက်သောကြောင့် ဝေဒနာကို ခံစားခဲ့ရသည်။ မှတ်တမ်းများထဲတွင် သူကနှိပ်စက်ညှဉ်းပန်းမှု ခံခဲ့ရသည်ဟု အဘယ်ကြောင့် အမြဲပြောထား သနည်း။ ကိုယ်တော်သည်ဝေဒနာကို များစွာခံခဲ့ရသည်ဟု ရှင်းပြလိုသောကြောင့်ဖြစ်သည်။ ကိုယ်တော်သည်သမ္မာတရားကို ကျင့်ကြံပြီးဘုရားသခင်၏ အလိုတော်ကို လုပ်ဆောင်သောကြောင့်လဲ ဖြစ်သည်။ ကိုယ်တော်သည်နာကျင်ခြင်းဝေဒနာကိုမကျင့်ကြံခဲ့ဘူးဆိုပါက သမ္မာတရားကို အလေ့အကျင့်မှ ရရှိသည်ဆိုသည်ကိုလည်း သူ သိခဲ့မည်မဟုတ်ပေ။ ယေရှုသည် ယုဒလူမျိုးတို့၏ သင်ကြားမှု၊ ဖာရိရှဲတို့၏ သင်ကြားမှုတို့ကို လိုက်လျှောက်ခဲ့ပါက ဝေဒနာခံစားရမည် မဟုတ်ပေ။ ယေရှုကျင့်သုံးခဲ့သည်များမှ သင့်အနေဖြင့် သင်ယူနိုင်သည်မှာ၊ လူတစ်ဦးအပေါ် ဘုရားသခင်အမှုတော်၏ သက်ရောက်မှုရှိခြင်းမှာ သူ၏ပူးပေါင်းဆောင်ရွက်မှုကြောင့်ဖြစ်သည်၊ ပြီးနောက် ဒါကသင်တို့ အသိအမှတ်ပြုရမည့် အရာတစ်ခုဖြစ်သည်။ ယေရှုက သမ္မာတရားကို မကျင့်သုံးခဲ့လျှင် လက်ဝါးကားတိုင်ပေါ်တွင် ဝေဒနာခံစားခဲ့ရသကဲ့သို့ သူခံစားခဲ့ရမည်လား။ဘုရားသခင်၏အလိုတော်နှင့် အညီယေရှုက မလုပ်ဆောင်ခဲ့လျှင် ဝမ်းနည်းဖွယ် ဆုတောင်းခြင်းကို သူဆုတောင်းနိုင်ပါ့မလား။ သို့ဖြစ်ရာယင်းသည် လူသားတစ်ဦး ကြံ့ကြံ့ခံ ရင်ဆိုင်ရမည့် ဝေဒနာမျိုးဖြစ်ကြောင်း ဆိုလိုပါသည်။


နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ မှ

အကြံပြုစာများဖတ်ရှုလေ့လာရန်:ဘာသာရေး စာအုပ်များ

No comments:

Post a Comment