菜單

မူလစာမျက်နှာ သတင်းအချက်အလက် အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ စွဲကိုင်ထားသူ လွတ်လပ်မှန်ကန်တဲ့လူ့အခွင့်အရေး ကယ်တင်ရှင်ပြန်ကြွလာပြီ ဧဝံဂေလိတရားတော် ကောင်းကင်နိုင်ငံတော်သီချင်း အမှန်တရားကို ဖေါ်ထုတ်ခြင်း နိုင်ငံတော် ချီးမွမ်းခြင်း တေးဂီတ ဘုရားသခင်၏ နှုတ်ကပတ်တော်များ ဖတ်ကြားခြင်းများ

1/11/2019

ဇာတ်လမ်းတို (၆) သခင်ယေရှုဟာ ဘုရားသခင်ရဲ့သားတော်လား၊ ဘုရားသခင်ကိုယ်တော်တိုင်လား



သခင်ယေရှုဟာ ခရစ်တော်ဖြစ်တယ်၊ သူဟာ ဘုရားသခင်ရဲ့သားတော် ဖြစ်တယ်လို့ သမ္မာကျမ်းမှာ ရှင်းလင်းစွာ မှတ်တမ်းပြုထားပါတယ်။ ဒါပေမဲ့ လူ့ဇာတိခံခရစ်တော်ဟာ ဘုရားသခင်ရဲ့ထင်ရှားပြခြင်းဖြစ်တယ်၊ သူဟာ ဘုရားသခင်ကိုယ်တော်တိုင် ဖြစ်တယ်လို့ အရှေ့အရပ်မှလျှပ်ပြက်ခြင်းက သက်သေခံပါတယ်။ ဒါဆိုရင် လူ့ဇာတိခံခရစ်တော်ဟာ ဘုရားသခင်ရဲ့သားတော်လား၊ ဒါမှမဟုတ် သူဟာ ဘုရားသခင်ကိုယ်တော်တိုင်လား။ အနန္တတန်ခိုးရှင် ပြောသည် “ယေရှုသည် ဘုရားသခင်နှစ်သက်မြတ်နိုးရာ သူ၏ချစ်သားပေတည်း’... ယင်းမှာ ဘုရားသခင်သည် သူ့ကိုယ်သူ သက်သေ ခံနေခြင်းပင်ဖြစ်သည်၊ သို့သော် ကောင်းကင်ဘုံမှ ဝိညာဉ်တော်သည် သူကိုယ်တိုင်၏ လူ့ဇာတိခံယူခြင်းကို သက်သေခံနေခြင်းဟူသည့် ကွဲပြားခြားနားသော ရှုထောင့်မှသာ ဖြစ်သည်။ ယေရှုသည် သူ၏ လူ့ဇာတိ ခံယူခြင်းပင် ဖြစ်ပြီး၊ ကောင်းကင်ဘုံမှ သူ၏ သားတော်မဟုတ်ပါ။ သင်နားလည် ပါ၏လော။ “ခမည်းတော် သည် ငါ၌ရှိတော်မူ၍ ငါသည်လည်း ခမည်းတော်၌ ရှိ၏” ဟူသော ယေရှု၏ စကားများသည် သူတို့မှာ ဝိညာဉ်တော် တစ်ပါးတည်းသာဖြစ်သည်ကို ညွှန်းဆိုနေခြင်းပင် မဟုတ်လော။ လူ့ဇာတိခံယူခြင်းကြောင့်သာ သူတို့သည် ကောင်းကင်နှင့် မြေကြီးကြားတွင် ကွဲပြားနေရခြင်းပင် မဟုတ်လော။ လက်တွေ့တွင်မူ သူတို့သည် တစ်ပါးတည်းသာ ဖြစ်သေးသည်၊ မည်သို့ပင်ဖြစ်စေကာမူ၊ ယင်းသည် ဘုရားသခင်မှ သူကိုယ်တိုင်အား ရိုးစင်းစွာ သက်သေခံနေခြင်းပင် ဖြစ်သည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏)

ဆောင်ရွက်မှုများ သိမ်းပိုက်ခြင်း အလုပ်၏ အတွင်းပိုင်း သမ္မာတရား (၄)

No comments:

Post a Comment