ယောဟန်သည် ယေရှုအတွက် ခုနစ်နှစ် အမှုထမ်းခဲ့ပြီး ယေရှုရောက်လာချိန်တွင် လမ်းခရီးကို ခင်းနှင့်ပြီးဖြစ်သည်။ ယင်းမတိုင်မီ၊ ယောဟန် ဟောကြားခဲ့သည့် ဘုရားသခင်နိုင်ငံတော်၏ ဧဝံဂေလိတရားကို မြေတပြင်လုံးတွင် ကြားနေခဲ့ရပြီဖြစ်လျက်၊ ယုဒပြည်တစ်လျှောက် ပျံ့နှံ့နေခဲ့ပြီး၊ လူတိုင်းက သူ့ကို ပရောဖက်ဟု ခေါ်ဝေါ်နေခဲ့ကြသည်။ တချိန်က၊ ဟေရုဒ်မင်းကြီးသည် ယောဟန်ကို လုပ်ကြံလိုခဲ့သော်လည်း၊ လူအများက ယောဟန်ကို အထူး လေးစားခဲ့ကြသောကြောင့်၊ ဟေရုဒ်မင်းကြီးက ယောဟန်ကို သတ်ပစ်လျှင် လူများက သူ့ကို ဆန့်ကျင် ပုန်ကန်လာကြမည်ကို ကြောက်နေခဲ့၍ ထိုသို့ မလုပ်ကြံဝံ့ခဲ့ပါ။ ယောဟန် လုပ်ဆောင်ခဲ့သည့် အမှုမှာ လူများအကြားတွင် အမြစ်တွယ်လာခဲ့ပြီး ၎င်းတို့ကို ယေရှုအား ယုံကြည်ကိုးကွယ်သူများ ဖြစ်လာစေခဲ့သည်။ သူသည် ယေရှုအတွက် လမ်းခရီးကို ခင်းလာခဲ့သည်မှာ ခုနစ်နှစ်ကြာခဲ့ပြီး ယေရှုက သူ့သာသနာတော်ကို မစတင်မီ အချိန်အထိ ဖြစ်ခဲ့သည်။ ထို့ကြောင့် ယောဟန်သည် ပရောက်ဖက်အားလုံးအကြားတွင် အကြီးမြတ်ဆုံးသောပရောဖက် ဖြစ်ခဲ့ပါသည်။ ယေရှုသည် သူ၏တရားဝင် အမှုကို ယောဟန် အကျဉ်းချခံလိုက်ရသည့်နောက်မှသာ စတင်ခဲ့သည်။ ယေရှု မတိုင်မီ၊ ဘုရားသခင်သည် မည်သည့်အခါမျှ၊ လူ့ဇာတိကို မခံယူခဲ့သောကြောင့်၊ ယောဟန် မတိုင်မီတွင် ဘုရားသခင်အတွက် လမ်းခရီးကို ခင်းပေးခဲ့သူ မည်သူမျှမရှိခဲ့ဖူးပါ။ သို့ဖြစ်သောကြောင့်၊ ယောဟန် မတိုင်မီထိ ပရောဖက်များအားလုံး၌၊ လူ့ဇာတိခံ ဘုရားအတွက် လမ်းခရီးကို ခင်းပေးခဲ့သည့် တစ်ဦးတည်းသောသူ ဖြစ်ခဲ့ခြင်းဖြင့်၊ ယောဟန်သည် ဓမ္မသစ်နဲ့ ဓမ္မဟောင်းနှစ်ခုလုံးအတွက် အကြီးမြတ်ဆုံးသောပရောဖက် ဖြစ်လာခဲ့သည်။ ယောဟန်သည် ယေရှု၏ ဗတ္တဇံခံခြင်း မတိုင်မီအထိ၊ ခုနစ်နှစ်ကြာ ဘုရားသခင့်နိုင်ငံတော်၏ ဧဝံဂေလိတရားကို ဖြန့်ကြက်နေခဲ့သည်။ သူ၏ လုပ်ဆောင်ချက်က ယေရှု၏ နောက်ဆက်တွဲ အမှု၏ အထက်တွင် ရှိသည်ဟု လူအများက ထင်မှတ်ခဲ့ကြသော်လည်း၊ မည်သို့ပင်ဖြစ်စေကာမူ၊ သူသည် ပရောဖက် တစ်တပါးမျှသာ ဖြစ်ခဲ့၏။ သူ လုပ်ဆောင်၊ ပြောကြားခဲ့သည်မှာ ဗိမာန်တော်အတွင်းတွင် မဟုတ်ခဲ့ဘဲ၊ ပြင်ပရှိ မြို့များနှင့် ရွာများတွင် ဖြစ်သည်။ အမှန်စင်စစ်တွင် သူ ထိုသို့ လုပ်ဆောင်ခဲ့သည်မှာ၊ ဂျူးလူမျိုးများ အကြားတွင်၊ အထူးသဖြင့် ဆင်းရဲသူများအကြားတွင်၊ ဖြစ်ခဲ့သည်။ ယောဟန်သည် လူ့အဖွဲ့အစည်း အထက်တန်းလွှာမှ လူများနှင့် ထိတွေ့ရသည်မှာ ရှားပါးခဲ့ပြီး၊ သခင်ယေရှုအတွက် မှန်ကန်သည့် လူများကို ပြင်ဆင်နိုင်ရန် နှင့် လုပ်ဆောင်စရာ မှန်ကန်သည့် နေရာများကို ပြင်ဆင်ပေးဖို့ရန်အလို့ငှာ သာမန် ပြည်သူတို့ အကြားမှာ ဧဝံဂေလိတရားကို ဖြန့်ကြက်ခဲ့သည်။ ယောဟန်ကဲ့သို့သော ပရောဖက်မှ လမ်းခရီးကို ခင်းပေးလိုက်သည့်နောက် သခင်ယေရှုသည် ရောက်လာသည်နှင့် လက်ဝါးကားတိုင်ဆီသွားရာ လမ်းခရီးပေါ် တိုက်ရိုက် တက်လှမ်းနိုင်ခဲ့သည်။ ဘုရားသခင်က မိမိအမှုကို ဆောင်ရွက်ရန် လူ့ဇာတိကို ခံယူလိုက်သည့် အခါမှာ၊ သူသည် လူများအား ရွေးချယ်ခြင်းအမှုကို လုပ်ဆောင်ရန် မလိုအပ်ခဲ့သကဲ့သို့၊ သူ့အနေနှင့် လုပ်ဆောင်ရမည့် လူများ သို့မဟုတ် နေရာများကိုပါ ကိုယ်တိုင် ရှာကြံနေရန်လည်း မလိုအပ်ခဲ့ပါ။ သူသည် ကြွလာချိန်မှာ ယင်းအမှုမျိုးကို လုပ်ဆောင်ရန် မလိုအပ်ခဲ့ပါ၊ မှန်ကန်သော ပုဂ္ဂိုလ်က သူရောက်မလာမီတွင် ပြင်ဆင်ပေးထားခဲ့ပြီ ဖြစ်သည်။ ယေရှုက သူ့အလုပ်ကို မစတင်မီတွင် ယောဟန်မှ ထိုအလုပ်ကို လုပ်ဆောင်ပြီးနှင့်ခဲ့ပြီ ဖြစ်သောကြောင့် လူ့ဇာတိခံ ဘုရားသခင်က မိမိအမှုကို လုပ်ဆောင်ရန် ကြွလာချိန်မှာ၊ သူ့ကို အချိန်ကြာစွာ စောင့်စားနေခဲ့ကြသူတို့အား ချက်ချင်းမဆိုင်းမတွ စတင်ပြီး လုပ်ဆောင်နိုင်ခဲ့သည်။ ယေရှု ကြွလာခဲ့သည်မှာ လူ၏ အမှုကို ဆောင်ရွက်ရန် သို့မဟုတ် လူသား အပေါ်ကျရောက်ခဲ့သည့် အမှားများကို ပြင်ပေးရန် မဟုတ်ခဲ့ပါ။ သူကြွလာခဲ့သည်မှာ သူ့အနေနှင့် ဆောင်ရွက်ပေးရမည့် သာသနာတော်ကို လုပ်ဆောင်ရန် အတွက်သာ ဖြစ်ခဲ့ပြီး အခြားအရာ အားလုံးတို့သည် သူနှင့် မည်သို့မျှ သက်ဆိုင်မှု မရှိခဲ့ကြပါ။ ယောဟန် ရောက်ရှိလာသည့် အခါမှာ၊ သခင် ယေရှု လုပ်ဆောင်မည့် အမှု၏ ဦးတည်ချက်များ ဖြစ်လာနိုင်ဖို့ရန် ဗိမာန်တော်နှင့် ဂျူး လူမျိုးများအထဲမှ ကောင်းကင်နိုင်ငံတော်၏ ဧဝံဂေလိတရားတော်ကို လက်ခံခဲ့ကြသည့် လူတစ်စုကို စုစည်းပေးသည်မှလွဲ၍ ဘာမျှမလုပ်ဆောင်ခဲ့ပါ။ ယောဟန်သည် ခုနစ်ကြာ လုပ်ဆောင်ခဲ့သည်၊ တနည်းဆိုရလျှင်၊ သူသည် ဧဝံဂေလိတရားတော်ကို ခုနစ်နှစ်ကြာ ဖြန့်ကြက်ခဲ့၏။ သူ၏ အမှုအတွင်းတွင်၊ ၎င်း၏ အလုပ်မှာ လမ်းခရီးကို ခင်းပေးရသည့် အလုပ်၊ ပြင်ဆင်ပေးရသည့် အလုပ် ဖြစ်ခဲ့သောကြောင့်၊ ယောဟန်သည် အံ့ဖွယ်ရာ အရာများကို အများအပြား မပြုလုပ်ခဲ့ပါ။ ကျန်သည့် လုပ်ဆောင်ချက်အားလုံးဖြစ်သည့်ယေရှမှ လုပ်ဆောင်ပေးရမည့် အမှုမှာ၊ သူနှင့် မသက်ဆိုင်ခဲ့ပါ၊ သူသည် လူများအား၊ ၎င်းတို့ ကယ်တင်ခံရဖို့အလို့ငှာ သူတို့၏ အပြစ်များကို ဝန်ခံလျက် နောင်တရဖို့ကိုသာ တောင်းဆိုခဲ့ပြီး ဗတ္တိဇံကိုပေးခဲ့သည်။ သူ ဆောင်ရွက်ပေးခဲ့သည်မှာ အမှုအသစ် ဖြစ်ခဲ့ပြီး လူသားတို့ ယခင်တုန်းက မလျှောက်ခဲ့ဘူးသည့် လမ်းခရီး ဖြစ်ခဲ့သော်လည်း၊ သူသည် ယေရှုအတွက် လမ်းခင်းပေးခြင်းသာ ဖြစ်နေဆဲဖြစ်သည်။ သူသည် ကြိုတင်ပြင်ဆင်ခြင်းအမှုကို လုပ်ဆောင်ပေးခဲ့သည့် ပရောက်ဖက်မျှသာ ဖြစ်ခဲ့ပြီး ယေရှု၏ အမှုကို လုပ်ဆောင်နိုင်စွမ်း မရှိပါ။ ကောင်းကင်နိုင်ငံတော်၏ဧဝံဂေလိတရားကို ပထမဦးဆုံး ဟောကြားခဲ့သူမှာ ယေရှု မဟုတ်ခဲ့သော်လည်း၊ သူသည် ယောဟန်မှ ခင်းပေးခဲ့သည့် လမ်းခရီးအတိုင်း ဆက်လျှောက်ခဲ့ခြင်း ဖြစ်သော်လည်း၊ သူ့အမှုကို ဆောင်ရွက်ပေးနိုင်မည့်သူ မည်သူမျှ မရှိခဲ့ပါ၊ ထို့အပြင် ယင်းအမှုက ရှင်ယောဟန်၏ အမှု အထက်တွင် ရှိခဲ့၏။ ယေရှုသည် မိမိလမ်းခရီးကို မပြင်ဆင်နိုင်ခဲ့ပါ၊ သူသည် ဘုရားသခင် ကိုယ်စား သူ့အမှုကို တိုက်ရိုက် လုပ်ဆောင်ခဲ့ပါသည်။ ထို့အပြင်၊ ယောဟန် နှစ်ပေါင်းမည်မျှပင် အမှုပြုခဲ့ပါလေ့စေ၊ သူသည် ပရောဖက်တစ်ပါး ဖြစနေဆဲဖြစ်ပြီး လမ်းခရီးကို ခင်းပေးခဲ့သူ ဖြစ်နေဆဲဖြစ်သည်။ သူ့အမှု၏ အနှစ်သာရမှာ မတူသည့်အတွက်၊ ယေရှု လုပ်ဆောင်ခဲ့သည့် သုံးနှစ်ကြာ အမှုက ယောဟန်၏ ခုနစ်နှစ်ကြာခဲ့သည့် လုပ်ဆောင်ချက်ကို ကျော်လွန်သွားခဲ့ပါသည်။ယေရှုက သူ့သာသနာကို စပြီး လုပ်ဆောင်ချိန်မှာ၊ တနည်းအားဖြင့် ယောဟန်၏ အမှု ပြီးဆုံးသွားချိန်မှာ၊ သခင်ယေရှုမှ အသုံးပြုရန် လုံလောက်သည့် လူများနှင့် နေရာများကို ရှင်ယောဟန်မှ ပြင်ဆင်ပေးထားပြီ ဖြစ်ရာ၊ ၎င်းတို့မှာ ယေရှ၏ သုံးနှစ်ကြာ အမှုကို စတင်ရန် လုံလောက်ခဲ့ပါသည်။ ထို့ကြောင့်၊ ယောဟန်၏ အမှု ပြီးဆုံးသွားသည့်နှင့်၊ သခင်ယေရှုသည် မိမိအမှုကို တရားဝင် စတင်ခဲ့ရာ၊ ယောဟန် ပြောကြားခဲ့သည့် စကားလုံးများက ဖယ်ရှားခြင်းခံခဲ့ရပေသည်။ ယင်းမှာ ယောဟန် ဆောင်ရွက်ပေးခဲ့သည့် အမှုက ကူးပြောင်းခြင်းသက်သက်အတွက်သာ ဖြစ်ခဲ့ပြီး လူများကို တိုးတက်မှုသစ်ဆီသို့ ခေါ်ဆောင်မည့် အသက်၏ နှုတ်ကပတ်တော်များ မဟုတ်ခဲ့သောကြောင့် ဖြစ်သည်။နောက်ဆုံးတွင် သူ့စကားများမှာ ယာယီသုံးရန် သာ ဖြစ်ခဲ့ကြပါသည်။
ယေရှု လုပ်ဆောင်ခဲ့သည့်အမှုမှာသဘာဝလွန် မဟုတ်ခဲ့ပါ၊ ယင်းအတွက် လုပ်ငန်းစဉ် ရှိခဲ့ပြီး၊ အားလုံးမှာ ဖြစ်ရိုးဖြစ်စဉ် ပုံမှန်နိယာမများနှင့် အညီ တိုးတက် ဖြစ်ပွားလာခဲ့ပါသည်။ ယေရှုသည် သူ့ဘဝ၏ နောက်ဆုံးခြောက်လအတွင်း၊ သူလာခဲ့သည်မှာ ယင်းအမှုကို လုပ်ဆောင်ရန်နှင့် လက်ဝါးကပ်တိုင်ပေါ်မှာ သံမှိုရိုက် ခံရရန်အတွက် ဖြစ်ခဲ့ကြောင်းကို သေချာပေါက် သိနေခဲ့ပါသည်။ သူ ကားစင်တင် မခံရမီတွင်၊ ဂေသရှေမန် ဥယျာဉ်၌ သုံးကြိမ် ဆုတောင်းခဲ့သကဲ့သို့၊ ခမည်းတော် ဘုရားသခင်အား စဉ်ဆက်မပြတ် ရှိုခိုးဆုတောင်းနေခဲ့ပါသည်။ ယေရှု ဗတ္တိဇံခံပြီးနောက်၊ သုံးနှစ်ခွဲကြာ သူ့သာသနာတော်ကို လုပ်ဆောင်လာခဲ့ရာ၊ သူ၏ တရားဝင် အမှုမှာ နှစ်နှစ်ခွဲ ကြာခဲ့ပါသည်။ ပထမနှစ်အတွင်းတွင် သူ့သည် စာတန်အားဖြင့် စွပ်စွဲခံခဲ့ရပြီး လူ့အားဖြင့် နှောင့်ယှက်ခြင်းခံခဲ့ရကာ လူ၏ စုံစမ်းသွေးဆောင်ခြင်းကို ရင်ဆိုင်ခဲ့ရပါသည်။ ယေရှုသည် သူ့အမှုကို လုပ်ဆောင်စဉ် များစွာသော စုံစမ်းသွေးဆောင်ခြင်းများကို ဖြတ်ကျော်ခဲ့ရပါသည်။ ယေရှု မကြာမီ ကားစင်တင်ခံရတော့မည့်အချိန် နောက်ဆုံး ခြောက်လ အတွင်း၊ သူသည် အသက်ရှင်သော ဘုရား၏သားတော် ဖြစ်ပြီး သူသည် ခရစ်တော် ဖြစ်ကြောင်း ရှင်ပေတရု၏ နှုတ်မှ စကားများ ထွက်ပေါ်လာခဲ့ပါသည်။ ထိုအချိန်ကျမှသာ သူ၏အမှုကို အားလုံး သိလာကြရပြီး ထိုအချိန်မှာသာ သူမည်သူဖြစ်ကြောင်း လူသိရှင်ကြားအသိပေးခဲ့ခြင်းဖြစ်ပါသည်။ ထို့နောက်မှာ၊ သူသည် မိမိ တပည့်များအား လူ့ဖို့အလိုငှာ မကြာမီတွင် ကားစင်တင်ခံရဖို့ ရှိနေကြောင်းနှင့် သုံးရက်ကြာပြီးနောက် ပြန်ပြီး ထမြောက်လာမည် ဖြစ်ကြောင်း၊ သူ လာခဲ့ရသည်မှာ ရွေးနှုတ်ခြင်း အမှုကို ဆောင်ရွက်ပေးရန် ဖြစ်ပြီး သူသည် ကယ်တင်ရှင်ဖြစ်ကြောင်းကို ပြောကြားခဲ့ပါသည်။ နောက်ဆုံး ခြောက်လတာကာလအတွင်း၌သာ သူသည် သူမည်သူဖြစ်ကြောင်းနှင့် သူလုပ်ဆောင်ရန် ရည်ရွယ်ခဲ့သည့် အမှုကို ထုတ်ဖေါ် ပြောကြားခဲ့သည်။ ဤသည် ဘုရားသခင်၏ အချိန်ဖြစ်ခဲ့ပြီး၊အမှုကို ယင်းကဲ့သို့သာ လုပ်ဆောင်အပ်ခဲ့ပေသည်။ ထိုစဉ်တုန်းက ယေရှု အမှု တစ်ပိုင်းမှာ ဓမ္မဟောင်းကျမ်းနှင့် အညီ ဖြစ်ခဲ့ပြီး ပညတ်တော်ခေတ် အတွင်းက မောရှေ၏ ပညတ်တရားများနှင့် ယေဟောဝါ၏ နှုတ်ကပတ်တော်များနှင့် အညီလည်း ဖြစ်ခဲ့ပါသည်။ ယေရှုသည် ၎င်းတို့ အားလုံးကို မိမိ အမှုဆိုင်ရာ အပိုင်းကို လုပ်ဆောင်ရန် အသုံးပြုခဲ့ပါသည်။ သူသည် တရားစရပ်များ၌ လူများအား တရားဟောကြားခဲ့ပြီး သွန်သင်ပေးခဲ့ကာ သူ့အပေါ် ရန်လိုနေခဲ့ကြသည့် ဖာရိရှဲများကို ပြစ်တင်ရန် ဓမ္မဟောင်းကျမ်းမှပရောဖက်များ၏ ကြိုတင်ဟောကြေားချက်များကို အသုံးချခဲ့ပြီး သူတို့၏ မနာခံမှုကို ထုတ်ဖော်ရန်နှင့် သူတို့ကို ရှုတ်ချရန် အတွက် ကျမ်းစာထဲက နှုတ်ကပတ်တော်များကို အသုံးချခဲ့ပါသည်။ သူတို့သည် ယေရှု လုပ်ဆောင်ခဲ့သည်ကို စက်ဆုပ်ခဲ့ကြသည့်အတွက်၊ အထူးသဖြင့်၊ ယေရှု၏ အမှု အများအပြားတို့မှာ သမ္မာကျမ်းထဲက ပညတ်တရားများ နှင့် မကိုက်ညီခဲ့ကြဘဲ၊ ထို့အပြင် သူ သွန်သင်ခဲ့သည့်အရာကသူတို့၏ ကိုယ်ပိုင် စကားလုံးများထက် ပိုမြင့်မြတ်ခဲ့ပြီး သမ္မာကျမ်းထဲက ပရောဖက်များ၏ ကြိုတင်ဟောကြားချက်များထက်ပင် ပိုမြင့်မားခဲ့ပေသည်။ ယေရှု၏ အမှုမှာ လူ၏ ရွေးနုတ်ခြင်းနှင့် ကားစင်တင်ခံရခြင်းအတွက်အလို့ငှာသာ ဖြစ်ခဲ့ပါသည်။ သို့ဖြစ်၍၊ လူတစ်ဦးဦးကို သိမ်းပိုက်ရန် အတွက် သူသည် နောက်ထပ် နှုတ်ကပတ်တော်များကို ဟောကြားရန် မလိုအပ်ခဲ့။ လူကို သူသွန်သင်ပေးခဲ့သည် အရာများအထဲက အများအပြားသည် သမ္မာကျမ်းစာလာ နှုတ်ကပတ်တော်များမှ ဖြစ်ပြီး၊ သူ့အမှုက သမ္မာကျမ်းစာများကို မကျော်လွန်ခဲ့သော်ငြားလည်း၊ သူသည် ကားစင်တင်အသတ်ခံရခြင်းအမှုကို ပြီးအောင် ဆောင်ရွက်နိုင်စွမ်းရှိခဲ့သည်။ သူ့အမှုမှာ နှုတ်ကပတ်တော်၏ အမှု မဟုတ်ခဲ့ပါ၊ လူသားမျိုးနွယ်အား သိမ်းပိုက်ဖို့အလို့ငှာ မဟုတ်ခဲ့ဘဲ၊ လူသားမျိုးနွယ်အား ရွေးနှုတ်ပေးရန် ဖြစ်ခဲ့သည်။ သူသည် လူသားမျိုးနွယ်၏ အပြစ်များအတွက် အပြစ်ယဇ်အဖြစ် ပြုမူခဲ့ပြီး လူသားမျိုးနွယ်အတွက် နှုတ်ကပတ်တော်အရင်းအမြစ်အဖြစ် မပြုမူခဲ့ပါ။ လူကို သိမ်းပိုက်ခြင်းအမှုဖြစ်သည့် တပါးအမျိုးသားများ၏ အမှုကို သူမလုပ်ဆောင်ခဲ့ပါ၊ သို့သော် သူသည် ဘုရားသခင် ရှိကြောင်းကို ယုံကြည်ကြသည့် လူများအကြားမှာ လုပ်ဆောင်ခဲ့သည့်အမှုဖြစ်သည့် ကားစင်တင်အသတ်ခံရခြင်း အမှုကို လုပ်ဆောင်ခဲ့သည်။ သူ၏ အမှုကို သမ္မာကျမ်းစာ၏ အခြေခံအုတ်မြစ်ပေါ်တွင် လုပ်ဆောင်ခဲ့ခြင်း ဖြစ်သော်လည်း၊သူသည် ဖာရိရှဲများကို ရှုတ်ချရန် ပရောဖက်ဟောင်းများ၏ ဟောကြားချက်များကို အသုံးချခဲ့၏၊ ၎င်းမှာ ကားစင်တင် အသတ်ခံရခြင်း အမှုကို ပြီးမြောက်စေရန်အတွက် လုံလောက်ခဲ့ပါသည်။ အကယ်၍ ယနေ့အမှုကို သမ္မာကျမ်းစာထဲရှိ ပရောဖက်ဟောင်းများ၏ ဟောကြားချက်များအခြေခံအုတ်မြစ်ပေါ်တွင် လုပ်ဆောင်ကြဦးမည် ဆိုလျှင်၊ ဓမ္မဟောင်းကျမ်းထဲတွင် ထဲတွင် သင်တို့ တရုတ်လူမျိုးများ၏ မနာခံမှု နှင့် အပြစ်များအကြောင်း မှတ်တမ်းများ မပါဝင်သည့် အတွက်၊ ၎င်းထဲတွင် သင်တို့ အပြစ်များ၏ သမိုင်းဟူ၍ မရှိသည့် အတွက်၊ သင်တို့ကို သိမ်းပိုက်ဖို့ရန်မှာ ဖြစ်နိုင်မည်မဟုတ်ပေ၊ သို့ဖြစ်၍၊ ဤအမှုသည် သမ္မာကျမ်းကို စွဲကျန်နေဆဲ ဖြစ်ပါက၊ သင်တို့သည် မည်သည့်အခါမျှ အလျှော့ပေးမည်မဟုတ်ပေ။ သမ္မာကျမ်းထဲတွင် မှတ်တမ်းတင်ပေးခဲ့သည်မှာ ဣသရေလ လူမျိုးများ၏ သမိုင်း အကန့်အသတ်ဖြစ်ပြီး၊ သင်တို့ ဆိုးသည်ဖြစ်စေ ကောင်းသည်ဖြစ်စေ ၎င်းက သတ်မှတ် ပေးနိုင်စွမ်း မရှိသကဲ့သို့၊ စီရင်နိုင်စွမ်းလည်း မရှိပါ။ ဣသရေလတို့၏ သမိုင်းကို အခြေခံပြီး ငါသည် သင်တို့ကို စီရင်ခဲ့သည့် အကြောင်းကို စိတ်ကူးကြည့်ကြပါ—သင်တို့သည် ယနေ့ကဲ့သို့ပင် ငါ့ နောက်လိုက်နေကြဦးမည်လော။ သင်တို့သည် မည်မျှ ခက်ခဲကြသည်ကို သင်တို့ သိကြပါသလား။ လက်ရှိအဆင့်မှာ မည်သည့် နှုတ်ကပတ်တော်မျှ မပြောဆိုပဲ နေကြပါက၊ သိမ်းပိုက်ခြင်း အမှုကို ပြီးမြောက်အောင် ပြုလုပ်မရနိုင်ပါ။ ငါလာခဲ့သည်မှာ လက်ဝါးစင်ပေါ် သံမှိုရိုက်ခံရန် မဟုတ်သောကြောင့်၊ သင်သိမ်းပိုက်ခြင်းခံရနိုင်ဖို့အလို့ငှာ ငါသည် သမ္မာကျမ်းနှင့် ကွာခြားသည့် စကားလုံးများကို ပြောဆိုရပါမည်။ ယေရှုမှ လုပ်ဆောင်ခဲ့သည့် အမှုမှာ ဓမ္မဟောင်းကျမ်းထက် တစ်ဆင့်မျှသာ ပိုမြင့်ခဲ့ပြီး၊ ခေတ်တစ်ခေတ်ကို စတင်ပေးရန်နှင့်၊ ထိုခေတ်ကို ဦးဆောင်ပေးရန်အတွက် ၎င်းကို အသုံးပြုခ ခြင်းဖြစ်သည်။ "ပညတ်တရားများကို ဖျက်ပယ်ခြင်းငှါ ငါလာသည်မဟုတ်။ ပြည့်စုံစေခြင်းငှါ ငါလာသတည်း။" ဆိုပြီး သူပြောခဲ့သည်မှာ မည်သည့် အတွက်ကြောင့်နည်း။ သူ့အမှုထဲမှာ ဓမ္မဟောင်းကျမ်း၏ ဣသရေလ လူမျိုးများ ကျင့်သုံးနေခဲ့ကြသည့် ပညတ်တရားများ၊ ပညတ်ချက်များနှင့် ကွဲပြားမှုများ များပြားခဲ့ပါသည်၊ သူလာခဲ့သည်မှာ ပညတ်တရားကို နာခံရန် မဟုတ်ပဲ၊ ၎င်းကို ပြည့်စုံစေရန် ဖြစ်သည်။ ၎င်းကို ပြည့်စုံစေခြင်း လုပ်ငန်းစဉ်ထဲတွင် လက်တွေ့ အမှုအရာများစွာ ပါဝင်သည်- သူ့အမှုမှာ ပိုလက်တွေ့ကျကာ ပိုစစ်မှန်ခဲ့သည်၊ ထို့အပြင် ၎င်းမှာ အသက်ရှင်ပြီး၊ အယူဝါဒများကို မျက်ကန်း လိုက်နာမှုလည်း မဟုတ်ခဲ့ပါ။ ဣသရေလ လူမျိုးများတို့က ဥပုသ်ကို စောင့်ခဲ့ကြသည် မဟုတ်လော။ လူသားသည် ဥပုသ်နေ့ကို အစိုးရသူဖြစ်သည်ဟု သူပြောဆိုခဲ့သည့်အတွက်၊ ယေရှု ရောက်လာချိန်မှာ ဥပုသ်ကို မစောင့်ခဲ့ပါ၊ ဥပုသ်နေ့ကို အစိုးရသူရောက်လာသည့်အခါ သူ့စိတ်ကြိုက် သူလုပ်ဆောင်ပါလိမ့်မည်။ သူရောက်လာခဲ့သည်မှာ ဓမ္မဟောင်းကျမ်းထဲက ပညတ်တရားများကို ဖြည့်ဆည်းပေးရန်နှင့် ပညတ်တရားများကို ပြောင်းလဲရန်အတွက်ဖြစ်သည်။ ယနေ့တွင် လုပ်ဆောင်ပြီးခဲ့သည် အရာအားလုံးမှာ ပစ္စုပန်ကို အခြေခံထားသော်လည်း၊ ပညတ်တော်ခေတ်တုန်းက ယေဟောဝါအမှု၏ အခြေခံအုတ်မြစ်ပေါ်၌ အခြေခံထားဆဲ ဖြစ်ပြီး ယင်းဘောင်ကို ချိုးဖောက်ခြင်းမရှိပါ။ ဥပမာ၊ မိမိနှုတ်ကို စောင့်ထိန်းရန်နှင့် သူများ သားမယားကို မပြစ်မှားရေး ဆိုသည့် အချက်များမှာ ဓမ္မဟောင်းကျမ်း၏ ပညတ်များဖြစ်သည် မဟုတ်လော။ ယနေ့တွင် သင့်ထံမှ တောင်းဆိုနေသည်များမှာ ပညာတ်တော်ဆယ်ပါးဖြင့်သာ ကန့်သတ် မထားပဲ၊ ယခင်တုန်းက ကျင့်သုံးခဲ့ကြသည့် ပညတ်ချက်များနှင့် ပညတ်တရားများထက် ပိုမြင့်မားသည့် ညွှန်ကြားချက် ပါဝင်ပေသည်။ သို့သော် ဘုရားသခင့် အမှု၏ အဆင့်တစ်ခုစီကို ယခင်တုန်းက ရှိခဲ့သည့် အခြေခံအုတ်မြစ်အပေါ်မှာ လုပ်ဆောင်ခြင်း ဖြစ်ခဲ့သည့်အတွက်၊ ထိုသို့ ပြောဆိုမှုက ယခင်က အရာများပယ်ဖျက်ခဲ့ပြီဟု မဆိုလိုပါ။ သို့ဖြစ်၍၊ ယဇ်ပူဇော်ခြင်း၊ မိဘများကို ရိုသေစွာပြုခြင်း၊ ရုပ်တုများကို မကိုးကွယ်ကြခြင်း၊ အခြားသူတို့အား မစော်ကားရခြင်း၊ သူတစ်ပါးကို မတိုက်ခိုက် သို့မဟုတ် မကျိန်ဆဲရခြင်း၊ သူများ သားမယားကို မပြစ်မှားခြင်း၊ ဆေးလိပ် သို့မဟုတ် အရက် မသောက်ရန်၊ သေသောအရာများကို မစားရခြင်း၊ သွေးကို မသောက်ရခြင်း ကဲ့သို့သော အရာများကို ယေဟောဝါက ဣသရေလ လူမျိုးများအား မိတ်ဆက်ပေးခဲ့ခြင်းမှာ ယနေ့တွင်သင့်တို့၏ လက်တွေ့လုပ်ဆောင်မှု၏ အခြေခံအုတ်မြစ်မှ ဖြစ်သည် မဟုတ်လော။ အတိတ်ကာလများ၏ အခြေခံအုတ်မြစ် အပေါ်မှာသာ အမှုများကို ယနေ့အထိ လုပ်ဆောင်ခဲ့ကြရပါသည်။ အတိတ်ကပညတ်ချက်များကို ရှေ့ဆက် ဖေါ်ပြခြင်း မပြုလုပ်ပဲ၊ သင့်ထံ တောင်းဆိုချက် အသစ်များကို ပြုလုပ်ခဲ့သော်လည်း ယင်းပညတ်ချက်များကို မပယ်ဖျက်ခဲ့ပဲ ၎င်းတို့ကို ပို၍ မြှင့်တင်ခသည်။ ၎င်းတို့ကို ပယ်ဖျက်လိုက်ပြီဟု ဆိုမည်ဆိုလျှင် အတိတ်ခေတ်မှာ ဟောင်းသွားပြီဟု ဆိုလိုခြင်းဖြစ်သော်လည်း၊ သင့်အနေနှင့် အစဉ် လိုက်နာရမည့် ပညတ်ချက် အချို့ ရှိနေဆဲဖြစ်သည်။အတိတ်က ပညတ်ချက်များကို လက်တွေ့လုပ်ဆောင်ခဲ့ကြပြီးဖြစ်သလို လူသား၏ ဖြစ်တည်မှု ဖြစ်လာနှင့်ခဲ့ပြီဖြစ်သည်၊ ဆေးလိပ် မသောက်ရ၊ အရက်မသောက်ရ၊ စသဖြင့် ပညတ်ချက်များကို ထပ်လောင်း ထည့်ပြောရန် မလိုတော့ပါ။ ယင်းကဲ့သို့သော အခြေခံအုတ်မြစ် အပေါ်မှာ၊ သင်တို့၏ ယနေ့ လိုအပ်ချက်များနှင့်အညီ၊ သင်တို့၏ ဝိညာဉ်ရေးရာအသက်တာနှင့်အညီ၊ ယနေ့အတွက် အမှုနှင့်အညီ၊ ပညတ်ချက် အသစ်များကို ချမှတ်ခြင်းဖြစ်သည်။ ခေတ်သစ်၏ ပညတ်ချက်များကို ထုတ်ပြန်ကြေညာနေခြင်းမှာ ခေတ်ဟောင်း၏ ပညတ်ချက်များကို ပယ်ဖျက်ခြင်းဟုမဆိုလိုပါ၊ လူ၏ လုပ်ဆောင်ချက်များကို ပိုပြီးပြည့်စုံစေရန်နှင့် စစ်မှန်မှုနှင့်ပိုပြီးကိုက်ညီလာစေရန် အတွက် ထိုအခြေခံအုတ်မြစ်ပေါ်မှာ ၎င်းတို့ကို ပိုမြင့်မားလာအောင် မြှင့်တင်ပေးခြင်း ဖြစသည်။ အကယ်၍များ၊ ယနေ့တွင် သင်သည် ဓမ္မဟောင်းကျမ်းထဲကပညတ်ချက်များနှင့် ပညတ်တရားများကို၊ ဣသရေလ လူမျိုးများကဲ့သို့ပင်၊ လိုက်နာစောင့်ထိန်းရန် လိုအပ်ခဲ့မည်၊ ထို့အပြင် သင်သည် ယေဟောဝါမှ ချမှတ်ပေးခဲ့သည့် ပညတ်တရားများကို အာဂုံဆောင်ထားရန်ကိုပါ လိုအပ်ခဲ့မည် ဆိုပါက၊ သင်တို့ ပြောင်းလဲလာနိုင်မည့် အလားအလာများ မရှိနိုင်ပါ။ သင်တို့သည် ထိုကဲ့သို့သော ကန့်သတ်ထားသည့် ပညတ်ချက်များကိုသာ စောင့်ထိန်းရန် လိုအပ်ခဲ့မည် သို့မဟုတ် မရေတွက်နိုင်သော ပညတ်ချက်များကို အာဂုံဆောင်ထားရန် လိုအပ်ခဲ့မည် ဆိုပါက၊ သင်တို့၏ သဘာဝ အဟောင်းသည် နက်ရှိုင်းစွာ နှစ်မြှုပ်လျက် ရှိနေခဲ့မည် ဖြစ်ပြီး ၎င်းတို့ကို အမြစ်ပြုတ်ရန် နည်းလမ်း ရှိမည်မဟုတ်ပါ။ သို့ဖြစ်၍ သင်တို့သည် အကြီးအကျယ် အကျင့်စာရိတ္တ ပျက်ပျားလာခဲ့မည်ဖြစ်ပြီး သင်တို့အထဲက မည်သူမျှ နာခံသူ ဖြစ်မလာနိုင်ပါ။ယင်းမှာ ရိုးရှင်းသည့် ပညတ်ချက် အချို့ သို့မဟုတ် ရေတွက်မရနိုင်သည့် ပညတ်တရားများသည် ယေဟောဝါ၏ လုပ်ဆောင်ချက်များကို သိနားလည်အောင် လုပ်နိုင်စွမ်း မရှိကြောင်းကို ဆိုလိုသည်။ သင်တို့သည် ဣသရေလ လူမျိုးများနှင့် မတူကြပါ- သူတို့သည် ပညတ်တရားများကို လိုက်နာရင်း ပညတ်ချက်များကို အာဂုံဆောင်ရင်း ယေဟောဝါ၏ လုပ်ဆောင်ချက်များကို သက်သေခံပေးနိုင်ခဲ့ကြပြီး ၎င်းတစ်ပါးတည်းကိုသာ သူတို့ ဆက်ကပ်ခဲ့ကြသည်၊ သို့သော် သင်တို့သည် ဤအရာကို မစွမ်းဆောင်နိုင်ပါ။ ထို့အပြင် သမ္မာကျမ်းဟောင်း၏ အချို့ပညတ်ချက်များသည် သင်တို့အား သင်တို့၏ စိတ်နှလုံးများကို ပေးအပ်လာစေရန် သို့မဟုတ် သင့်ကို ကာကွယ်ပေးရန် လုပ်နိုင်စွမ်း မရှိကြသည့်အပြင် သင့်တို့ကို လျော့ရဲလာစေပြီး သင်တို့ကို မရဏာနိုင်ငံဆီသို့ ကျဆင်းစေလိမ့်မည်ဖြစ်သည်။ ငါ၏ အမှုမှာ သိမ်းပိုက်ခြင်းအမှု ဖြစ်ပြီး၊ သင်တို့၏ မနာခံမှုနှင့် သဘာဝဟောင်းကို ဦးတည်ထားသည့် အတွက်ဖြစ်သည်။ ယေဟောဝါနှင့် ယေရှုတို့၏ နူးညံ့ကြင်နာသည့် နှုတ်ကပတ်တောမှာ ယနေ့ စီရင်ချက်၏ ပြင်းထန်သည့် စကားလုံးများကို မမီပါ။ ယင်းကဲ့သို့သော ပြင်းထန်သည့် စကားလုံးများ မရှိကြပါက၊ နှစ် ထောင်ချီ နာခံလာခဲ့ခြင်း မရှိခဲ့ကြသည့် သင်တို့ကဲ့သို့သော 'ပါရဂူ'များကို သိမ်းပိုက်ရန် မဖြစ်နိုင်ပါ။ ဓမ္မဟောင်းကျမ်းထဲက ပညတ်ချက်များသည် သင်တို့အပေါ်အာဏာမရှိကြတော့သည့်မှာ ကြာပြီ ဖြစ်ပြီး၊ ယနေ့၏ စီရင်ချက်မှာ ပညတ်ချက် အဟောင်းများနှင့် စာလျှင် ပို၍ ခန့်ညားလောက်ပေသည်။ သင်တို့သည် အစအဦးက လူသားမျိုးနွယ် မဟုတ်ဘဲ နှစ်ပေါင်း ထောင်ချီ အကျင့်ပျက်လာခဲ့သည့် လူသား မျိုးနွယ် ဖြစ်ကြသောကြောင့်၊ သင်တို့ အတွက် အသင့်တော်ဆုံးမှာ မပြောပလောက်သော ပညတ်တရား၏ ချုပ်ခြယ်မှုများ မဟုတ်ဘဲ စီရင်ချက် ဖြစ်ပါသည်။ ယနေ့တွင် လူ့အနေဖြင့်ကြိုးပမ်းရမည်မှာ ယနေ့ လူသား၏ လက်တွေ့ အခြေအနေနှင့်အညီ၊ ပစ္စုပန် လူသား၏ အရည်အချင်းနှင့် တကယ့် ဝိညာဉ်ရေးရာ အသက်တာနှင့်အညီ ဖြစ်ပြီး၊ သင်သည် အယူဝါဒများကို လိုက်နာရန်မလိုအပ်ပါ။ ဤသည်မှာ အပြောင်းအလဲများကို သင်၏ သဘာဝ အဟောင်းဖြင့် ရယူနိုင်စေရန်နှင့် သင်၏ ခံယူချက်များကို သင့်အနေနှင့် ဖယ်ရှားနိုင်စေရန် အတွက်ဖြစ်သည်။ ပညတ်ချက်များသည် အယူဝါဒများဖြစ်ကြသည်ဟု သင်ထင်ပါသလော။ ၎င်းတို့မှာ လူသားနှင့် သက်ဆိုင်သည့် သာမန် သတ်မှတ်ချက်များဖြစ်သည်ဟု ဆိုနိုင်ပါသည်။ ၎င်းတို့သည် သင် လိုက်နာရမည့် အယူဝါဒများမဟုတ်ကြပါ။ ဆေးလိပ် မသောက်ရဆိုသည်ကို ဥပမာ အဖြစ် ယူကြည့်ကြပါစို့—၎င်းမှာ အယူဝါဒလော။ ၎င်းမှာ အယူဝါဒ မဟုတ်ပါ။ ၎င်းမှာ သာမန် လူ့သဘာဝအားဖြင့် သတ်မှတ်ထားသည့်အရာဖြစ်သည်။ ၎င်းမှာ အယူဝါဒမဟုတ်ဘဲ၊ လူသားမျိုးနွယ် တစ်ရပ်လုံးအတွက် စည်းမျဉ်းတစ်ခုဖြစ်သည်။ ယနေ့၊ ချမှတ်ကျင့်သုံး လာခဲ့ကြသည့် တစ်ဒါဇင်ခန့် သို့မဟုတ် တစ်ဒါဇင်ဝန်းကျင်ရှိ ပညတ်ချက်များသည်လည်း အယူဝါဒမဟုတ်ကြဘဲ ပုံမှန်လူ့သဘာဝ ရရှိဖို့ရန် သတ်မှတ်ထားသည့်အရာ ဖြစ်သည်။ လူများသည် ယင်းကဲ့သို့သော အရာများကို အတိတ်က မပိုင်ဆိုင်ခဲ့၊ မသိရှိခဲ့ကြပါ၊ သို့ဖြစ်၍ သူတို့သည် ယနေ့တွင် ရယူရန် လိုအပ်နေကြခြင်း ဖြစ်ပြီး ၎င်းကို အယူဝါဒဟူ၍ ဆိုမရပါ။ ပညတ်ချက်များသည် အယူဝါဒများနှင့် မတူကြပါ။ ငါပြောဆိုနေသည့် အယူဝါဒမှာ အခမ်းအနားများ၊ လုပ်ရိုးလုပ်စဉ်များ သို့မဟုတ် လူသား၏ သွေဖယ်နေသော သို့မဟုတ် မှားယွင်းနေသော လုပ်နည်း လုပ်ဟန်များကို ရည်ညွှန်းလိုပြီး၊ ၎င်းတို့မှာ လူသားအား အကူအညီမပေးသလို၊ သူ့ကိုအကျိုးမပေးသည့် စည်းမျဉ်းများနှင့် စည်းကမ်းချက်များ ဖြစ်ကြပြီး မည်သို့မှ အရေးမပါတော့သည့် ဆောင်ရွက်ပုံနည်းလမ်း ဖြစ်သည်။ ဤသည်မှာ အယူဝါဒ၏ စံနမူနာ ဖြစ်သည်။ ယင်းကဲ့သို့သော အယူဝါဒမှာ လူသားအား မည်သည့် အကျိုးမျှမပေးသည့်အတွက် စွန့်ပစ်ကြရပါမည်။ လက်တွေ့ ကျင့်သုံးအပ်သည်မှာ လူကို အကျိုးပြုသည် အရာများ ဖြစ်ရပါမည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ မှ
ဆောင်ရွက်မှုများ Myanmar Gospel Movie (ကျွန်တော့်သခင် ဘယ်သူလဲ) | Clarifying the Connection Between the Bible and God
No comments:
Post a Comment