သင်တို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ကိုယ်တိုင် စားသောက်နိုင်ကာ သူတစ်ပါးအပေါ် မမှီခိုဘဲ ရှင်သန်နိုင်စွမ်း ရှိရမည်၊ ဘုရား၏ နှုတ်ကပတ်တော်ကို သင်တို့ ကိုယ်တွေ့ ခံစားနိုင်စွမ်း ရှိရမည်၊ ထို့အပြင် အခြားသူတို့၏ ဦးဆောင်မှုဖြင့် မဟုတ်ဘဲ ပုံမှန်ဝိညာဉ်ရေးရာ အသက်တာကို ကိုယ်တိုင် ဦးဆောင် အသက်ရှင်နိုင်စွမ်း ရှိရမည်။ သင်တို့သည် ရှင်သန်ရန် အလို့ငှာ စစ်မှန်သော အတွေ့အကြုံထဲသို့ ဝင်ရောက်ပြီးစစ်မှန်သောထိုးထွင်းအမြစ်များကို ဆည်းပူးကာ ယနေ့ကာလ ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် အမှီပြုနိုင်စွမ်း ရှိရမည်။ ထိုမှသာ သင်တို့ ခိုင်ခံ့စွာ ရပ်တည်နိုင်မည်။ ယနေ့ခေတ်တွင် လူများစွာတို့သည် အနာဂတ်တွင် ဖြစ်မည့် ကြီးစွာသော ဘေးဒုက္ခဆင်းရဲခြင်းများနှင့် စမ်းသပ်စစ်ဆေးခြင်းများကို အပြည့်အဝ နားမလည်ကြ။ အနာဂတ်တွင် လူအချို့တို့သည် ဘေးဒုက္ခဆင်းရဲခြင်းများကို ကြုံတွေ့ရပြီး၊ အချို့တို့သည် အပြစ်ဒဏ်ပေးခြင်း ကို ကြုံတွေ့ရမည်။ ဤအပြစ်ဒဏ်ပေးခြင်းသည် ပို၍ ပြင်းထန်ပြီး၊ ယင်းသည် အချက်အလက်များ၏ ရောက်လာခြင်း ဖြစ်လိမ့်မည်။။ ယနေ့တွင် သင်ကြုံတွေ့သမျှ၊ လက်တွေ့လုပ်ဆောင်သမျှ၊ ထင်ရှားစေသမျှသည် နောင်အချိန်တွင် ကြုံတွေ့မည့် စမ်းသပ်စစ်ဆေးခြင်းများအတွက် အုတ်မြစ်ချခြင်း ဖြစ်သည်၊ အနည်းဆုံး အနေဖြင့် သင်သည် သူတစ်ပါးအပေါ် မမှီခိုဘဲ အသက်ရှင်နိုင်စွမ်း ရှိရမည်။ ယနေ့ခေတ်တွင် အသင်းတော် ထဲမှ များစွာသောသူတို့နှင့် သက်ဆိုင်နေသော အခြေအနေမှာ ခြုံငုံ၍ ဆိုရလျှင် အောက်ပါအတိုင်း ဖြစ်သည်။ ထိုသူများသည် အလုပ်ကို လုပ်ဆောင်သူများနှင့် ခေါင်းဆောင်များ ရှိလျှင် ဝမ်းမြောက်ကြပြီး၊ လုပ်ဆောင်သူများ မရှိပါက ဝမ်းမမြောက်နိုင်ကြ။ ၎င်းတို့သည် အသင်းတော်၏ အလုပ်ကို သာမက ၎င်းတို့၏ ဝိညာဉ်ရေးရာအသက်တာများကိုလည်း ဂရုမစိုက်၊ ဝန်တာထားစိတ် အနည်းငယ်မျှမရှိ။ ၎င်းတို့သည် ဟန်ဟောင်ငှက်[က]ကဲ့သို့ ကြုံရာကျပန်းနေကြသည်။ ရှင်းရှင်းပြောရလျှင် လူများစွာအထဲတွင် ငါလုပ်ခဲ့သော အလုပ်မှာ သိမ်းပိုက်သည့် အလုပ်မျှသာ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် လူများစွာတို့သည် စုံလင်ခြင်းသို့ ရောက်ရန် မထိုက်တန်သောကြောင့် ဖြစ်သည်။ လူနည်းစုသာ စုံလင်ခြင်းသို့ ရောက်နိုင်သည်။ အကယ်၍ ဤနှုတ်ကပတ်တော်ကို ကြားပြီးနောက် "ဘုရားသခင် လုပ်ခဲ့သော အလုပ်မှာ လူအများအား သိမ်းပိုက်ရန်သာ ဖြစ်သောကြောင့် ကျွန်ုပ်သည် ဝတ်ကျေတမ်းကျေမျှသာ လုပ်ဆောင်မည်" ဟု သင် စဉ်းစားပါက၊ ထိုကဲ့သို့ စိတ်သဘောကို အဘယ်သို့ လက်ခံနိုင်မည်နည်း။ အကယ်၍ သင်ထံတွင် အသိစိတ် အမှန်တကယ် ပိုင်ဆိုင်ပါက သင်၌ ဝန်ထမ်းရွက် လိုစိတ်နှင့် ဝန်တာထားသည့် စိတ်ဓါတ် ရှိရမည်။ "အကျွန်ုပ် အသိမ်းပိုက်ခံရမည်ဖြစ်စေ၊ မခံရမည်ဖြစ်စေ သို့မဟုတ် စုံလင်ခြင်းသို့ ရောက်မည်ဖြစ်စေ၊ မရောက်မည်ဖြစ်စေ၊ ဤသက်သေခံချက်ကို လျောက်ပတ် စွာ သက်သက်ခံမည်"ဟု သင်ပြောရမည်။ ဘုရားသခင်၏ ဖန်ဆင်းခံသတ္တဝါ ဖြစ်သည်နှင့်အညီ ယင်းသတ္တဝါ အား ဘုရားသခင်သည် လုံးလုံးလျားလျား သိမ်းပိုက်နိုင်ပြီး၊ ၎င်းတို့သည် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို ဘုရားသခင်အား ချစ်သောစိတ်နှလုံးဖြင့် ပြန်လည်တုံ့ပြန်ခြင်း အားဖြင့်လည်းကောင်း၊ ၎င်းတို့ကိုယ်တိုင် ဘုရားသခင်အား အကြွင်းမဲ့ ဆက်ကပ်ခြင်း အားဖြင့်လည်းကောင်း ဘုရားသခင်အား အဆုံးအစမဲ့ ကျေနပ် အားရစေနိုင်သည်။ ဤအရာသည် လူသားများ၏ တာဝန် ဖြစ်သည်၊ ယင်းသည် လူသားများ လုပ်ဆောင် ရမည့် ဝတ္တရား ဖြစ်သင့်ပြီး လူသားများ ထမ်းရွက်သင့်သည့် ဝန်လည်း ဖြစ်သည်။ လူသားများသည် ဘုရားသခင် ပေးအပ်သော ဤအမှုကို ပြီးမြောက်အောင် ဆောင်ရွက်ရမည်။ ထိုမှသာ ၎င်းတို့သည် ဘုရား သခင်အား ဧကန်အမှန် ယုံကြည်ပေမည်။ ယနေ့ အသင်းတော်ထဲတွင် သင်လုပ်ဆောင်သည့် အရာသည် သင်၏တာဝန်ကို ကျေပွန်အောင် လုပ်ဆောင်နေခြင်း ဖြစ်ပါသလား။ လုပ်သည် မလုပ်သည်မှာ သင်တို့၏ ဝန်တာထား၍ လုပ်ဆောင်မှုနှင့် သင်တို့၏ ကိုယ်ပိုင် အသိပညာပေါ်တွင် မူတည်သည်။ ဤအလုပ်ကို တွေ့ကြုံ ခံစားရခြင်း၌ အကယ်၍ လူသားများသည် အသိမ်းပိုက်ခံရပြီး ၎င်းတို့၌ စစ်မှန်သည့် အသိပညာရှိပါက ၎င်းတို့သည် ၎င်းတို့၏ကိုယ်ပိုင် တက်လမ်းများ၊ သို့မဟုတ် ကံကြမ္မာကို လျစ်လျူရှုကာ နာခံလိုက်လျှောက်နိုင်စွမ်း ရှိလိမ့်မည်။ ဤနည်းအားဖြင့် ဘုရားသခင်၏ ကြီးမြတ်သော အလုပ်သည် လုံးဝဥဿုံ ပြီးပြည့်စုံလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် သင်တို့သည် ဤအရာထက် ပို၍ မလုပ်ဆောင်နိုင်သည့်အပြင် ထိုထက် ပို၍ အဆင့်မြင့်သော တောင်းဆိုမှု တစ်စုံတစ်ခုကိုမျှ မဖြည့်ဆည်းနိုင်ကြ။ ထိုသို့ဆိုသော်လည်း အနာဂတ်တွင် လူအချို့တို့သည် စုံလင်ခြင်းသို့ ရောက်လိမ့်မည်။ ၎င်းတို့၏ အရည်အသွေး တိုးတက်လာမည်၊ ၎င်းတို့၏ ဝိညာဉ်များထဲ၌ သာ၍ နက်နဲသော အသိပညာကို ရရှိလာမည်၊ ၎င်းတို့၏ အသက်တာ ကြီးထွားရင့်ကျက် လာမည် … သို့သော်လည်း လူအချို့တို့သည် ဤအရာကို လက်ခံရရှိနိုင်စွမ်း လုံးဝ မရှိသဖြင့် ကယ်တင်၍ မရနိုင်။ ထိုသူတို့အား ကယ်တင်၍ မရနိုင်ဟု ငါပြောရသည့် အကြောင်းအရင်း ရှိသည်။ အနာဂတ်တွင် လူအချို့တို့သည် အသိမ်းပိုက်ခံရမည်၊ အချို့တို့မှာ သုတ်သင်ပယ်ရှင်းခြင်း ခံရမည်၊ အချို့တို့မှာ စုံလင်ခြင်းသို့ ရောက်လိမ့်မည်၊ အချို့တို့မှာ အသုံးခံရမည်။ ထို့ကြောင့် အချို့တို့သည် ကြီးစွာသော ဘေးဒုက္ခဆင်းရဲခြင်းကို ခံစားရမည်၊ အချို့တို့မှာ (သဘာဝကပ်ဘေးများနှင့် လူသားများကြောင့်ဖြစ်သော ဘေးအန္တရာယ် နှစ်မျိုး စလုံးဖြင့်) အပြစ်ဒဏ်ပေးခြင်းကို ခံရမည်၊ အချို့တို့မှာ သုတ်သင်ပယ်ရှင်းခံရပြီး အချို့တို့မှာ အသက်ရှင် ကျန်ရစ်မည်။ ထိုအမှုအရာ၌ အုပ်စု တစ်စုစီသည် လူပုဂ္ဂိုလ် အတန်းအစား တစ်မျိုးကို ကိုယ်စားပြုကာ တစ်ဦးချင်းစီသည် အမျိုးအစားအလိုက် သတ်မှတ်ခွဲခြားခံရမည်။ အယောက်တိုင်း သုတ်သင်ပယ်ရှင်းခံရမည် မဟုတ်သလို အယောက်တိုင်းသည်လည်း စုံလင်ခြင်းသို့ ရောက်မည်မဟုတ်။ အဘယ်ကြောင့်ဆိုသော် တရုတ် လူမျိုးတို့၏ အရည်အသွေးသည် အလွန် ညံ့ဖျင်းခြင်းကြောင့် ဖြစ်ပြီး ယင်းလူမျိုးထဲတွင် အနည်းစုသာ ပေါလု ရှိခဲ့သည့် မိမိကိုယ်ကို သိမြင်သည့်ပညာ ပိုင်ဆိုင်ခြင်းကြောင့် ဖြစ်သည်။ သင်တို့အကြား၌ ပေတရုကဲ့သို့ ဘုရားသခင်ကို ချစ်ရန် ဆုံးဖြတ်ချက်ရှိသူ သို့မဟုတ် ယောဘကဲ့သို့ ယုံကြည်ခြင်းမျိုး ရှိသူ လူနည်းစုသာ ရှိသည်။ သင်တို့အကြား၌ တူညီသောသစ္စာရစောင့်သိခြင်း ရှိသည့် ဒါဝိဒ်ကဲ့သို့ ယေဟောဝါကို ကြောက်ရွံ့ပြီး အစေခံသောသူ တစ်စုံတစ်ဦးမျှ မရှိကြပါ။ သင်တို့သည် အဘယ်မျှ သနားစရာ ကောင်းသောသူများနည်း။
ယနေ့ခေတ်တွင် စုံလင်ခြင်းသို့ ရောက်သည့်အကြောင်း သွန်သင်ခြင်းမှာ ရှုထောင့် တစ်ခုသာဖြစ် သည်။ မည်သို့ပင် ဖြစ်ပါစေ သင်တို့သည် ဤအကြောင်းကို သင့်လျော်စွာ သက်သေခံရမည်။ အကယ်၍ သင်တို့အား ဘုရားသခင်၏ ဗိမာန်တော်ထဲတွင် အစေခံခိုင်းပါက သင်တို့ မည်ကဲ့သို့ အစေခံမည်နည်း။ အကယ်၍ သင်သည် ယဇ်ပရောဟိတ် တစ်ပါး မဟုတ်၊ သင်တို့၌ သားဦးတို့၏ အရိုက်အရာလည်း မရှိ၊ သို့မဟုတ် ဘုရားသခင်၏ သားတို့၏ အရိုက်အရာလည်း မရှိပါက သင်သစ္စာ စောင့်ထိန်းနိုင်မည်လော။ နိုင်ငံတော် ကျယ်ပြန့်စေရန် သင်လုပ်နိုင်စွမ်း ရှိသမျှတို့ကို လုပ်ဆောင်နိုင်ဦးမည်လော။ ဘုရားသခင်၏ တာဝန် ပေးစေခိုင်းချက်၏ အလုပ်ကို သင်လျောက်ပတ်စွာ လုပ်နိုင်စွမ်း ရှိလိမ့်ဦးမည်လော။ သင်၏ အသက်တာ မည်မျှ ကြီးထွား တိုးတက်မှု ရှိ၊ မရှိကို ပဓာန မထားဘဲဆိုပါက ယနေ့ခေတ် အလုပ်သည် သင့်အား အတွင်း၌ အပြည့်အဝ လက်ခံယုံကြည်စေရန်နှင့် သင်၏ အယူအဆအားလုံးကို ဘေးဖယ်ထားစေရန် အကြောင်း ဖြစ်စေသည်။ အသက်အား မီအောင်လိုက်ရန် လိုအပ်သမျှ သင်တို့၌ ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ယေဘုယျအားဖြင့် ဆိုပါက ဘုရားသခင်၏ အလုပ်သည် သင်တို့အား အပြည့်အဝ လက်ခံယုံကြည်စေမည်။ "အကျွန်ုပ် ဘုရားသခင်ကို ယုံကာမျှသာရုံပြီး အသက်အား ရှာဖွေခြင်း ဆိုသည်မှာ အဘယ်အရာကို ဆိုလိုမှန်း အကျွန်ုပ် နားမလည်ပါ" ဟူ၍ လူအချို့က ဆိုတတ်သည်။ အချို့က "ဘုရားသခင်အား ကျွန်ုပ်၏ ယုံကြည်ခြင်းထဲ၌ ချာချာလည်ပြီး ရှုပ်ထွေးကုန်ပြီ။ အကျွန်ုပ်အား စုံလင်ခြင်းသို့ ရောက်အောင် ပို့ဆောင်ပေး၍ မရနိုင်မှန်း ကျွန်ုပ်သိပါသည်။ ထိုအတွက်ကြောင့် ပြစ်တင်အဆုံးမခံရန်ကျွန်ုပ် အသင့်ရှိပါသည်။" ဟု ဆိုကြ သည်။ ပြစ်တင်ဆုံးမခံရန် သို့မဟုတ် ချိုးဖဲ့ရိုက်ချိုးခံရန် အသင့်ရှိသော ဤကဲ့သို့ လူများပင်လျှင် ယနေ့ခေတ် ၏ အလုပ်မှာ ဘုရားသခင် လုပ်သော အလုပ် ဖြစ်ကြောင်း အသိအမှတ်ပြု လက်ခံခြင်းငှာ ပြုခံရမည် ဖြစ်သည်။ "အကျွန်ုပ်အား စုံလင်ခြင်းသို့ ရောက်အောင် ပြုပြင်ပေးရန် မတောင်းဆိုပါ၊ သို့သော် ဘုရားသခင် ၏ လေ့ကျင့်ပေးခြင်း အားလုံးကို လက်ခံလိုပါသည်။ ပြီးလျှင် ကျွန်ုပ်၏ အရည်အသွေးကို တိုးမြင့်အောင် လုပ်ကာ၊ ဘုရားသခင် ပြင်ဆင်ပေးသမျှကို လိုက်နာပြီး သာမန် လူ့သဘောသဘာဝနှင့်အညီ အသက်ရှင် လိုပါသည် …" စသဖြင့် လူအချို့က ဝန်ခံနှုတ်မြွက်တတ်သည်။ ယင်းသို့ ဝန်ခံသူများ၌ ၎င်းတို့သည် သိမ်းပိုက် ခံရခြင်းနှင့် သက်သေခံဖြစ်ရခြင်း အခွင့်ကို ခံစားရပြီး ထိုသူတို့၏ အတွင်း၌ ဘုရားသခင်၏အလုပ်နှင့်ပတ်သက်သည့် အသိပညာ အနည်းငယ် ရှိကြောင်းကို သက်သေပြနေသည်။ အလုပ်၏ ဤအဆင့်ကို အလွန့်အလွန် မြန်မြန်ဆန်ဆန် ဆောင်ရွက်ပြီးပြီ၊ အနာဂတ်တွင် နိုင်ငံရပ်ခြား၌ ထိုထက် ပို၍ လျင်မြန်စွာ ဆောင်ရွက်သွားဦးမည်။ ယနေ့တွင် နိုင်ငံရပ်ခြားရှိ လူတို့သည် အနည်းငယ်မျှ မစောင့်ဆိုင်းနိုင်ကြတော့ဘဲ တရုတ်ပြည်သို့ ၎င်းတို့ အပူတပြင်း လာရောက်လျက် ရှိသည်။ ထို့ကြောင့် အကယ်၍ သင်တို့သည် စုံလင်ခြင်းသို့ မရောက်နိုင်ပါက သင်တို့သည် နိုင်ငံရပ်ခြားမှ လူတို့အား ကြန့်ကြာစေမည်။ ထိုအချိန်တွင် သင်တို့ မည်သို့ ကောင်းမွန်စွာ ဝင်ရောက်ခဲ့ပြီး ဖြစ်ပါစေ သို့မဟုတ် သင်တို့ မည်ကဲ့သို့ ဖြစ်နေပါစေ အချိန်တန်လျှင် ငါ၏ အလုပ်ကို လက်စသတ်ကာ ပြီးမြောက်စေမည်။ သင်တို့ကြောင့် ငါ့အလုပ် အားလုံးကို ကြန့်ကြာစေမည်မဟုတ်။ ငါသည် လူသားမျိုးနွယ် အားလုံး၏ အလုပ်ကို လုပ်ဆောင်သည်။ သင်တို့ကို နောက်ထပ် အချိန်ပေးရန် ငါမလိုအပ်။ သင်တို့သည် အလွန် စိတ်မဝင်စားကြ၊ မိမိကိုယ်ကို သိသောအသိ အလွန်ကင်းမဲ့သည်။ သင်တို့အား စုံလင် ခြင်းငှာ ပြုပြင်ရန် မထိုက်တန်။ သင်တို့၌ အလားအလာ စိုးစဥ်းမျှ မရှိ။ အနာဂတ်တွင် လူအများသည် ပေါ့ပျက်ပျက်နှင့် စာရိတ္တ ဖရိုဖရဲဖြင့် ဆက်ပြီး အသက်ရှင်ပါစေ၊ ၎င်းတို့၏ အရည်အသွေးကို မြှင့်တင်နိုင်စွမ်း ကင်းမဲ့ပါစေ၊ ထိုအတွက်ကြောင့် စကြဝဠာတစ်ခုလုံး၌ လုပ်ရမည့် အလုပ်ကို ကြန့်ကြာဟန့်တားစေမည် မဟုတ်။ ဘုရားသခင်၏ အလုပ် ပြီးမြောက်ချိန် ရောက်သည့်အခါ ပြီးမြောက်မည်။ ထို့အပြင် လူအများအား သုတ်သင်ရှင်းလင်းရန် အချိန်ရောက်သောအခါ၊ သူတို့သည် သုတ်သင်ရှင်းလင်းခံရမည်။ စုံလင်ခြင်းငှာ ပြုပြင် ခံသင့်သော သူများ၊ စုံလင်ခြင်းငှာ ပြုပြင်ခံရရန် ထိုက်တန်သော သူများသည် စုံလင်ခြင်းငှာ ပြုပြင်ခံရ လိမ့်မည်။ သို့သော် သင်တို့၌ မျှော်လင့်ချက် အမှန် မရှိလျှင် ဘုရားသခင်၏ အလုပ်သည် သင်တို့ကို မစောင့်။ နောက်ဆုံးတွင်၊ အကယ်၍ သင်သည် အသိမ်းပိုက်ခံရပါက ၎င်းကို သက်သေခံချက်အဖြစ် မှတ်ယူနိုင်သည်။ ဘုရားသခင် သင်တို့ထံမှ တောင်းသော အရာများမှာ ကန့်သတ်ချက် ရှိသည်။ လူတို့၏ ဝိညာဉ်အရွယ် အဆင့်မြင့်လာသည်နှင့်အမျှ ၎င်းတို့အား သတ်မှတ်ထားသော ၎င်းတို့၏ သက်သေခံချက်မှာလည်း ဝိညာဉ်အရွယ်နှင့် ကိုက်ညီရမည်။ လူသား တို့ ထင်မြင်သကဲ့သို့ ယင်းသက်သေခံချက်သည် အလွန် အဆင့်မြင့်သော အကန့်အသတ်အထိ ရောက်ရှိ သွားပြီး ထူးကဲသာလွန်မည် မဟုတ်။ သင်တို့ တရုတ်လူမျိုးထဲတွင် ဤကဲ့သို့ ဖြစ်နိုင်မည် မဟုတ်။ ငါသည် သင်တို့နှင့် တစ်ချိန်လုံး ထိတွေ့လျက်နေပြီး သင်တို့ ကိုယ်တိုင်လည်း ဤအရာကို မြင်တွေ့ခဲ့ကြပြီ။ နှောင့်ယှက်တတ်သော သို့မဟုတ် ဖျက်ဆီးတတ်သော အရာများကို ငါ့နောက် ကွယ်တွင် မပြုရန်၊ ငါ့အား ခုခံခြင်း မပြုရန်၊ ပုန်ကန်မှု မပြုရန် သင်တို့ကို ငါမှာထားပြီ။ ဤစကားကို လူတို့အား ကြိမ်ဖန်များစွာ ငါတဲ့တိုး ပြောခဲ့ပြီးသော်လည်း မလုံလောက်သေး။ ၎င်းတို့ မျက်နှာလွှဲသည့် စက္ကန့်၌ပင် ၎င်းတို့ ပြောင်းလဲကြပြီ။ အချို့တို့သည် စိတ်မသိုးမသန့်ဖြစ်ခြင်း စိုးစဥ်းမျှရှိဘဲ ငါ့ကို တိတ်တဆိတ် ခခံကြပြီ။ ထိုသို့ ဆန့်ကျင်ဘက် ပြုသည်ကို ငါမသိဟု သင်ထင်သလော။ သင်သည် ငါ့ကို ပြဿနာရှာပြီး ဘာမျှ ဖြစ်မည် မဟုတ်ဟု ထင်သလော။ ငါ့အလုပ်ကို ငါ့နောက်ကွယ်၌ ဖြိုချဖျက်ဆီးရန် သင်ကြိုးစားသောအခါ ငါမသိဟု ထင်သလော။ သင်၏ သေးနုပ်လှသော ပရိယာယ်များ သည် သင်၏ စရိုက်လက္ခဏာအတွက် အစားထိုးနိုင်မည်ဟု ထင်သလော။ သင်သည် အမြဲတမ်း နာခံတတ် သယောင် ရှိသော်လည်း တိတ်တဆိတ် သစ္စာဖောက်တတ်ကြသည်၊ သင်သည် အပြစ်ပြုတတ်သော အတွေး အခေါ်များကို သင်၏ စိတ်နှလုံးထဲတွင် ဝှက်ထားတတ်သည်၊ သေခြင်းသည်ပင် သင်ကဲ့သို့ သူအတွက် လုံလောက်သော ပြစ်ဒဏ်ခတ်ခြင်း မဟုတ်။ သင်တို့အထဲရှိ သန့်ရှင်းသော ဝိညာဉ်တော် အနည်းအကျဉ်း လုပ်သော အလုပ်အချို့သည် သင်တို့၏ငါ့အား ကြည်ညိုခြင်းကို အစားထိုးနိုင်မည်ဟု သင်တို့ထင်သလော။ ကောင်းကင်ဘုံသို့ သင်တို့ အော်ခေါ်ပြီး ဉာဏ်အလင်းရခြင်းကို ရရှိမည်ဟု သင်တို့ ထင်သလော။ သင်တို့ သည် ရှက်ရကောင်းမှန်း မသိ။ သင်တို့သည် အလွန် အသုံးမကျသူများ ဖြစ်သည်။ သင်တို့၏ "ကောင်းသောအမှုများ" သည် ကောင်းကင်ဘုံအထိ တက်၍ ထိုအကြောင်းကြောင့် သင်တို့၌ ဆင်ခြေခြွင်းချက် တစ်ခု ရကာ သင်တို့အား နှုတ်သတ္တိရှိသောသူ ဖြစ်စေသည့် ပင်ကို ဆုကျေးဇူးများကို ငါပေးသည်မှာ သူတစ်ပါးအား ထိုနှုတ်သတ္တိဖြင့် လှည့်ဖြားရန်နှင့် ငါ့အား လှည့်ဖြားရန် အခွင့်ပေးခြင်း ဖြစ်သည်ဟု ထင်သလော။ သင်တို့၌ ဆင်ခြင်တုံတရား မည်မျှ ကင်းမဲ့ကြောင်း ကြည့်ပါလေ။ သင်တို့၏ ဉာဏ်အလင်းရခြင်းသည် မည်သည့် နေရာမှ လာကြောင်း သိသလော။ သင်တို့သည် မည်သူ၏ အစာကို စားသုံးပြီး ကြီးထွားလာသည်ကို သိသလော။ သင်တို့ မည်မျှပင် လွန်ကျူးကြသည်ကို ကြည့်ပါလေ။ သင်တို့ထဲမှ အချို့သည် လေးနှစ် သို့မဟုတ် ငါးနှစ်တိုင်တိုင် စစ်ဆေးဆုံးမခြင်း ခံခဲ့ပြီးသော်လည်း မပြောင်းလဲကြသေး။ ထိုအကြောင်းအရာ တို့ကို သင်တို့ ရှင်းလင်းစွာ သိကြသည်၊ သင်တို့သည် သင်တို့၏ သဘောသဘာဝအကြောင်းကိုလည်း ရှင်းရှင်း လင်းလင်း သိသင့်ပြီ။ ထိုအတွက်ကြောင့် တစ်နေ့ သင်တို့ အစွန့်ပယ်ခံရသည့်အခါ စောဒကမတက်နှင့်။ အချို့တို့သည် ၎င်းတို့၏ အထက်တွင် ရှိသောသူနှင့် ၎င်းတို့၏ အောက်၌ ရှိသောသူ နှစ်မျိုးလုံးကို လှည့်ဖြား သဖြင့် များစွာ စစ်ဆေးဆုံးမခြင်း ခံကြရသည်၊ အချို့တို့သည် ငွေကြေးလောဘ တက်ခြင်းကြောင့် ဤအရာများစွာကို ခံကြရသည်၊ အချို့တို့သည် ဖိုမ ကိစ္စအကြား ရှင်းရှင်းလင်းလင်း ပိုင်းခြားထားခြင်း မရှိ သောကြောင့်လည်း ဤအရာများစွာကို ခံကြရ၏။ အချို့တို့သည် ပျင်းရိပြီး အသွေးအသားအတွက်သာ စဉ်းစားကာ အသင်းတော်များသို့ လာရောက်လည်သည့်အခါ နိယာမများနှင့်အညီ ပြုမူလုပ်ဆောင်ခြင်းမရှိသောကြောင့် များစွာ စစ်ဆေးဆုံးမခြင်း ခံနေရသည်၊ အချို့တို့သည် အပြစ်တရားနှင့် မှားယွင်းစွာ ပြုတတ်ခြင်းအကြောင်းကို သိလျှက်နှင့် ၎င်းတို့ သွားလေရာရာ၌ သက်သေခံရန် ပျက်ကွက်ခြင်းကြောင့် အကြိမ်ကြိမ် သတိပေးခံရ၏၊ အချို့တို့သည် အသင်းတော်များသို့ လာရောက်လည်ပတ်သည့်အခါ နှုတ်ကပတ်တော်နှင့် သွန်သင်မှု အယူဝါဒများ အကြောင်းကိုသာ ပြောဆိုဟောပြောကြသည်၊ အခြားသူတို့ထက် ဝိညာဉ်အရွယ် ကြီးသယောင်ယောင် ပုံစံဖမ်းကြသည်၊ သမ္မာတရား၏စစ်မှန်မှုအနည်းငယ်မျှပင် မရှိဘဲ ညီအစ်ကို မောင်နှမများကို မကောင်းကြံကြပြီး၊ပြိုင်ဆိုင်ကြသည်။ ဤအရာကြောင့် ၎င်းတို့၏ အသက်တာထဲ၌ မကြာခဏ အားနည်းနေပြီး အကာအကွယ်မဲ့ ဖြစ်နေတတ်ကြသည်။ ဤစကားများကို ငါသည် သင်တို့အား ကြိမ်ဖန်များစွာ ပြောခဲ့ပြီ။ ယနေ့တွင် ဤအရာကို ငါဆက်မပြောတော့၊ သင်တို့ သဘောအတိုင်း ပြုကြပေတော့။ သင်တို့ ကိုယ်တိုင် ရွေးချယ်ဆုံးဖြတ်တော့။ လူများစွာသည် ဤနည်းဖြင့် စစ်ဆေးဆုံးမခြင်း ခံနေရသည်မှာ တစ်နှစ် မဟုတ်၊ နှစ်နှစ် မဟုတ်၊ အချို့တို့မှာ သုံး၊ လေးနှစ် ရှိနေပြီး အချို့တို့မှာ ဆယ်စုနှစ် တစ်ခုမက စစ်ဆေးဆုံးမခြင်း ခံနေရကာ ၎င်းတို့ ယုံကြည်သူ စဖြစ်သည့် အချိန်ကစ၍ စစ်ဆေးဆုံးမခြင်း ခံနေရသော်လည်း ယနေ့တိုင် ၎င်းတို့အတွင်း၌ အနည်းငယ်သာ ပြောင်းလဲသည်။ သင်၌ ပြောစရာ ရှိသလော၊ သင်သည် ဝက်နှင့် မတူ သလော။ ဤအရာမှာ ဘုရားသခင်သည်သင့်အပေါ် တရားမမျှတခြင်းဖြစ်နိုင်သလော။ သင်တို့သည် တိကျသည့် အဆင့်တစ်ခုသို့ မရောက်နိုင်ပါက ဘုရားသခင်၏ အလုပ် မပြီးမြောက်နိုင်ဟု မထင်နှင့်။ သင်တို့ထံမှ ဘုရားသခင် တောင်းသော သတ်မှတ်ချက်များကို ပြည့်မီအောင် မစွမ်းဆောင်နိုင်ပါက ဘုရားသခင်သည် သင်တို့ကို ဆက်၍ စောင့်ဆိုင်းမည်လော။ သင့်ကို ငါရှင်းရှင်းပြောမည်—ဘုရားသခင်သည် သင့်ကို မစောင့်။ အရာရာသည် ကျယ်သော ပန်းခင်းလမ်းကဲ့သို့ သာယာဖြောင့်ဖြူးမည် မထင်နှင့်။ ယနေ့ခေတ် အလုပ်တွင် အချိန် ကန့်သတ်ချက် ရှိသည်၊ ဘုရားသခင်သည် သင်နှင့် ဆော့ကစားနေသည် မဟုတ်။ အစေခံသူများ၏ စမ်းသပ်စစ်ဆေးခြင်းနှင့် တွေ့ကြုံရသောအခါ၊ လူများသည် ဘုရားသခင်အား သက်သေခံရာတွင် မားမားမတ်မတ် ရပ်တည်ပြီး သူ၏သိမ်းပိုက်ခြင်းကိုခံရပါက ၎င်းတို့သည် အဆင့်အတန်း တစ်ခုအထိ ရောက်ရမည်၊ ၎င်းတို့သည် ဝမ်းမြောက်စွာနှင့် စိတ်ဆန္ဒပါပါဖြင့် အစေခံသူများ ဖြစ်ရမည်၍၊ ဘုရားသခင်အား နေ့စဉ် ချီးမွမ်းကာ ၎င်းတို့၏ အသက်တာတွင် ထိန်းမနိုင်သိမ်းမနိုင်ပြင်းထန်ခြင်းနှင့် ဖြစ်ကတတ်ဆန်း အသက်ရှင်ခြင်း အနည်းငယ်မျှ မရှိရ စသဖြင့် လူအများက ထင်မြင်ကြသည်။ ထိုအချက်များနှင့် ကိုက်ညီမှသာ စစ်မှန်သော အစေခံသူတစ်ဦး ဖြစ်လိမ့်မည်ဟု ထင်မြင်ခဲ့ကြသည်။ သို့သော် ထိုသို့ အမှန်တကယ် ဖြစ်နိုင်ပါသလော။ ထိုခေတ်အချိန်က လူတို့အထဲ၌ ထင်ရှားပြသခြင်း အမျိုးမျိုး ရှိခဲ့သည်။ အချို့တို့သည် ထွက်ပြေးတိမ်းရှောင်ကြသည်၊ အချို့တို့ သည် ဘုရားကို ဆန့်ကျင်ခဲ့ကြသည်၊ အချို့တို့သည် အသင်းတော်၏ ဘဏ္ဍာကို ဖြုန်းတီးခဲ့ကြသည်၊ ညီအစ်ကို မောင်နှမ အချင်းချင်း တစ်ဦးနှင့်တစ်ဦး မကောင်းကြံစည်ကြသည်။ ထိုအရာသည် ကြီးစွာသော လွတ်မြောက်ခြင်း တစ်ခု အမှန်တကယ် ဖြစ်ခဲ့သည်၊ သို့သော် ယင်းနှင့် ပတ်သက်သော ကောင်းသည့် အချက် တစ်ခုမှာ မည်သူမျှ နောက်ပြန်လှည့်ခဲ့ကြခြင်း မရှိခြင်းပင်။ ဤသည်မှာ အခိုင်မာဆုံးအချက် ဖြစ်သည်။ ဤအချက်ကြောင့် ၎င်းတို့သည် စာတန်ရှေ့၌ သက်သေ တစ်ဆင့်ဖြစ်ခဲ့ပြီး နောက်ပိုင်းတွင် ဘုရားသခင် လူများ၏ ဝိသေသလက္ခဏာကို ရရှိခဲ့ကာကာ ယနေ့တိုင် မျိုးဆက်ပွားနေခြင်း ဖြစ်သည်။ ဘုရားသခင်၏ အလုပ်သည် သင်တို့ ထင်သကဲ့သို့ လုပ်ဆောင် ပြီးမြောက်သည် မဟုတ်ဘဲ အချိန်တန်သည့်အခါ သင်တို့ မည်သည့်အမှတ်သို့ ရောက်နေပါစေ အလုပ်ကို အဆုံးသတ်မည်ဖြစ်သည်။ "ဤသို့ ပြုပါက ကိုယ်တော်သည် လူသားများကို မကယ်တင်နိုင်၊ သို့မဟုတ် သူတို့ကို မချစ်၊ ကိုယ်တော်သည် ဖြောင့်မတ်သော ဘုရားသခင် မဟုတ်" ဟု လူအချို့က ပြောကောင်း ပြောနိုင်သည်။ သင့်ကို ငါရှင်းရှင်းပြောမည်၊ ယနေ့ ငါလုပ်သော အလုပ်၏ အနှစ်သာရမှာ သင့်အား သိမ်းပိုက်ရန် နှင့် သင့်အား သက်သေ ဖြစ်စေရန် ဖြစ်သည်။ သင့်အား ကယ်တင်သော အလုပ်သည် အဖြည့်သဘောမျှသာ ဖြစ်သည်၊ သင်အကယ်တင်ခံရမည်၊ မခံရမည်မှာ သင်ကိုယ်တိုင် ဆာငတ် ရှာဖွေမှုအပေါ် မူတည်ပြီး ယင်းအမှုသည် ငါနှင့် မသက်ဆိုင်။ သို့သော် ငါသည် သင့်အား သိမ်းပိုက်ရန် လိုအပ်သည်၊ ငါ့ကို ဘောင်ခတ်ပြီး ဆရာကြီးလုပ်ရန် မကြိုးစားနှင့်၊ ငါသည် သင့်ကို အမှုပြုပြီး ကယ်တင်ခြင်းဖြစ်သည်၊ သင်သည် ငါ့ကို အမှုပြုပြီး ကယ်တင်သည် မဟုတ်။
စစ်ဆေးစမ်းသပ်ခြင်း အကြောင်း သို့မဟုတ် ဘုရားသခင်အား ယုံကြည်ခြင်း အကြောင်းဖြစ်စေ ယနေ့ သင်တို့ နားလည်လာရသော အရာများသည် စုံလင်ခြင်းသို့ မရောက်ခဲ့သော အတိတ်သမိုင်း တစ်လျှောက်က လူပုဂ္ဂိုလ်များထက် သာ၍ အဆင့်မြင့်သည်။ သင်တို့ နားလည်သော အရာများမှာ ပတ်ဝန်းကျင် အနေအထားများကြောင့် ဖြစ်သည့် စစ်ဆေးစမ်းသပ်ခြင်း များကို သင်တို့ မရင်ဆိုင်မီ သင်တို့ သိလာသော အရာဖြစ်သည်။ သို့သော် သင်တို့၏ ဝိညာဉ်အရွယ်ထက် ထို စမ်းသပ်စစ်ဆေးခြင်းများမှာ ပို၍ လုံးလုံးလျားလျား ကြီးမားနေသည်။ သင်တို့ သိသောအရာသည် သင်တို့ လက်တွေ့ လုပ်ဆောင်သော အရာထက် သာ၍ မြင့်မားသည်။ ဘုရားသခင်ကို ယုံကြည်သောသူတို့သည် ဘုရားသခင်ကို ချစ်မြတ်နိုးသင့်ကြောင်း၊ ကောင်းချီး ရဖို့ရန်အတွက်သာ မကြိုးစားသင့်ဘဲ ဘုရားသခင်၏ အလိုကို ပြည့်စုံစေဖို့သာ ကြိုးစားသင့်ကြောင်း သင်တို့ ပြောတတ်သော်လည်း သင်တို့၏ အသက်တာထဲတွင် ထင်ရှားပြသသည့် အရာတို့မှာ အပြောနှင့် အလုပ် တစ်ခြားစီ ဖြစ်နေသည်။ သင်တို့ အသက်တာထဲမှ ထွက်သော အရာများသည် အင်မတန် ပုပ်သိုးနံဟောင်နေသည်။ လူအများစုသည် ငြိမ်သက်ခြင်းရရန်နှင့် အခြားသော အကျိုးများကို ရရှိရန်အတွက်သာ ဘုရားသခင်ကို ယုံကြည်ကြသည်။ သင့်အတွက် အကျိုး မရှိပါက ဘုရားသခင်ကို သင်မယုံကြည်၊ ဘုရားသခင်၏ ကျေးဇူးတော်ကို သင်မခံစားရပါက စိတ်ကောက် သည်။ သင်ပြောပြီးသောအရာသည် သင်၏ စစ်မှန်သောဝိညာဉ်အရွယ်ဖြစ်နိုင်မည်နည်း။ သားသမီးများ နေမကောင်းဖြစ်ခြင်း၊ ခင်ပွန်းသည်များ ဆေးရုံတက်ရခြင်း၊ စီးပွားကျခြင်း၊ မိသားစုဝင်များ၏ ဖိနှိပ်ညှင်းဆဲမှုကို ခံရခြင်းစသဖြင့် ရှောင်လွှဲ၍မရသော မိသားစု အခက်အခဲ ပြဿနာများကို ကြုံတွေ့သည့် အခါ သင်၏ နေ့စဉ် အသက်တာ၌ ဖြစ်လေ့ရှိသော အဆိုပါ အခက်အခဲ ပြဿနာများကိုပင် သင်ကျော်လွှား အောင်မြင်နိုင်ခြင်း မရှိ။ ထိုကဲ့သို့ အခက်အခဲပြဿနာများကို ကြုံတွေ့သည့်အခါ သင်စိုးရိမ်ထိတ်လန့် တတ်ကြသည်၊ ဘာလုပ်၍ ဘာကိုင်ရမှန်းမသိ ဖြစ်တတ်ပြီး ဘုရားသခင်ကို အချိန်တိုင်းလိုလို ညည်းတွား ကြသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် သင့်အား လှည့်စားသည်ဟု လည်းကောင်း ဘုရားသခင်၏ အလုပ်သည် သင့်အား ရှုပ်ထွေးစေသည်ဟု လည်းကောင်း သင်ညည်းတွားသည်။ သင်တို့တွင် ထိုကဲ့သို့သော အတွေးများ မရှိသလော။ သင်တို့၌ ထိုသို့ တစ်ခါတစ်ရံသာ တွေးတော ညဉ်းညူသည်ဟု သင်ထင်သလော။ ထိုကဲ့သို့သော ဖြစ်ရပ်များတွင် အသက်ရှင်ရင်း သင်တို့သည် နေ့စဉ် အချိန်ကို ကုန်လွန်စေကြသည်။ ဘုရားသခင်အပေါ် ယုံကြည်သည့် ယုံကြည်ခြင်း အဘယ်သို့ ခိုင်ခံ့စေမည့် အကြောင်း၊ ဘုရားသခင်၏ အလိုကို အဘယ်သို့ ကျေနပ်စေရန် အသက်ရှင်မည့် အကြောင်း သင်တို့ အနည်းငယ်မျှ မဆင်ခြင်။ သင်တို့၏ ဝိညာဉ်အရွယ်သည် ငယ်လွန်းသည်၊ ကြက်ပေါက်စကလေး၏ အရွယ်ထက်ပင် ပို၍ ငယ်သည်။ သင်တို့ မိသားစု၏လုပ်ငန်းတွင် ငွေအရှုံးပေါ်သည့်အခါ ဘုရားသခင်ကို ညည်းတွားကြသည်၊ ဘုရားသခင်၏ အကွယ်အကာ မရှိသော နေရာ၌ သင်တို့ ရောက်နေမှန်း သိသည့်အခါတွင်လည်း ဘုရားသခင်ကို ညည်းတွား ကြသည်၊ သင်တို့ မွေးမြူသော ကြက်ကလေးများထဲမှ တစ်ကောင် သေသည့်အခါ၊ သို့မဟုတ် နွားခြံထဲမှ နွားအိုကြီး တစ်ကောင် ဖျားနာသည့်အခါပင်လျှင် သင်တို့ ညဉ်းတွားတတ်ကြသည်၊ သင်တို့၏ သား အိမ်ထောင်ပြုရန် အချိန်တန်သော်လည်း သင်တို့ မိသားစု၌ ငွေကြေး အလုံအလောက် မရှိသည့်အခါတွင် သင်တို့ ညည်းတွားကြသည်၊ အသင်းတော်မှ အမှုတော်ဆောင်များ သင်၏ နေအိမ်၌ အကြိမ် အနည်းငယ် ထမင်းဝင်စားပြီး အသင်းတော်က သင့်အား ယင်းအတွက် ငွေကို ပြန်မထုတ်ပေးပါက သို့မဟုတ် မည်သူမျှ သင့်ထံသို့ အသီးအရွက်လေး မပို့ပေးသည့် အခါတွင်လည်း သင်ညည်းတွားတတ်သည်။ သင်၏ ဝမ်းဗိုက်ထဲ၌ ညည်းတွားမှုများနှင့် ပြည့်သိပ်လျှက်ရှိသဖြင့် ထိုအကြောင်းကြောင့် ယုံကြည်သူများ စုဝေးရာ အစည်းအဝေးများသို့လည်း တစ်ခါတစ်ရံ မသွား သို့မဟုတ် ဘုရားသခင်၏ နှုတ်ကပတ်တော် ကိုလည်း မစားနိုင်၊ မသောက်နိုင် ဖြစ်နေသည်၊ အချိန်အတော်အတန် ကြာမြင့်စွာ သင်သည် ယုတ်လျော့ ကျဆင်းခြင်း အသက်တာဖြင့်သာ ရှင်နေသည်။ ယနေ့ သင့်အသက်တာ၌ ဖြစ်ပျက်သမျှသည် သင်၏ တက်လမ်း သို့မဟုတ် ကံကြမ္မာနှင့် တစ်စုံတစ်ရာမျှ မသက်ဆိုင်၊ ဘုရားသခင်ကို သင်မသိ၊ မယုံကြည် လျှင်လည်း ထိုအရာများကို ကြုံတွေ့နိုင်သည်။ သို့သော်လည်း ယနေ့ သင်သည် ဖြစ်ပျက်သမျှအတွက် ဘုရားသခင်ကို တာဝန်ယူခိုင်းပြီး ဘုရားသခင်က သင့်အား သုတ်သင်ပယ်ရှင်းလိုက်ကြောင်း အကျောက် အကန် ဆိုသည်။ သင်၏ ဘုရားသခင်အား ယုံကြည်မှုမှာကော မည်သို့နည်း၊ သင်၏ အသက်တာကို ဧကန်အမှန် အပ်နှံပြီးပြီလော။ ယောဘ ကြုံတွေ့ခဲ့သည့် စစ်ဆေးစမ်းသပ်ခြင်းမျိုးကို သင်တို့ ကြုံတွေ့ခံစား ရပါက ယနေ့ ဘုရားသခင် နောက်လိုက်သော သင်တို့ထဲတွင် အဘယ်သူမျှ တည်ကြည်ခိုင်ခံ့စွာ အဆုံးတိုင် ရပ်တည်နိုင်ကြမည် မဟုတ်၊ သင်တို့အားလုံး လဲကျပျက်စီးကုန်မည်။ ထို့အပြင် သင်တို့နှင့် ယောဘ အကြားတွင် မတူညီသော လောကတစ်ခု အင်မတန် ရိုးရှင်းစွာ တည်ရှိနေသည်။ ယနေ့တွင် အကယ်၍ သင်တို့၏ ပိုင်ဆိုင်မှု ပစ္စည်းဥစ္စာများ တစ်ဝက်နီးပါး အသိမ်းယူခံရပါက ဘုရားသခင် တည်ရှိသည့် အကြောင်း ကိုပင် သင်တို့ ငြင်းဆန်ရဲကြလိမ့်မည်၊ အကယ်၍ သင်တို့၏ သား သို့မဟုတ် သမီး သင်တို့ထံမှ ရုတ်သိမ်း ခံရပါက သင်တို့ လမ်းမပေါ်သို့ ထွက်၍ ကျယ်လောင်စွာ ဆဲဆိုပြစ်တင်ကြမည်၊ အကယ်၍ သင်၏ အသက်မွေးဝမ်းကျောင်းပြုရန် တစ်ခုတည်းသောနည်းလမ်းမှာ ထွက်ပေါက်မရှိသော အခြေအနေသို့ ရောက်သည့်အခါ သင်သည် ဘုရားသခင်နှင့် အပြတ်အသတ် ငြင်းခုံကာ သင့်အား အစကတည်းက အဘယ်ကြောင့် စိုးရိမ်ကြောက်ရွံ့စေသော စကားများ ကို ငါပြောရသနည်းဟု သင်တို့ မေးကြလိမ့်မည်။ ယင်းကဲ့သို့ အချိန်များတွင် သင်တို့ မလုပ်ရဲသည့်အရာ ရှိမည်မဟုတ်။ ဤသို့ဖြင့် သင်တို့သည် စစ်မှန်သောထိုးထွင်းအမြင် တစ်စုံတစ်ရာကို မရသေးကြောင်းနှင့် စစ်မှန်သော ဝိညာဥ်အသက်တာ မရှိကြောင်း ပြသနေသည်။ သင်တို့သည် လွန်စွာသိည့်အတွက် သင်တို့၏ အထဲမှ စမ်းသပ် စစ်ဆေးခြင်းများသည် အင်မတန် ကြီးမားသော်လည်း သင်တို့၏ အမှန်တကယ် သိခြင်းသည် သင်တို့ သတိပြုမိသော အရာများနှင့် ယှဉ်ပါက အပုံတစ်ထောင်တွင် တစ်ပုံမျှသာ မရှိချေ။ နားလည်ခြင်းနှင့် အသိပညာ၌သာ မရပ်တန့်ကြနှင့်။ သင်တို့ မည်မျှ လက်တွေ့ အသက်ရှင်နိုင်ကြောင်း၊ သင်တို့ ကိုယ်တိုင် ကြိုးပမ်းလုပ်ဆောင်၍ ကျသော ချွေးစက်အားဖြင့် သန့်ရှင်းသော ဝိညာဉ်တော်၏ မည်မျှ ဉာဏ်အလင်းပေး ခံရခြင်းနှင့် အလင်းပေးခြင်းအဖြစ် အသွင်ပြောင်းလဲသွားကြောင်းကို သာမက သင်တို့ ကိုယ်ပိုင် စိတ်ဆုံးဖြတ်ချက်ဖြင့် သင်တို့၏ အလေ့အကျင့် မည်မျှတို့ကို လက်တွေ့ ဖြစ်မြောက်အောင် လုပ်ဆောင် နိုင်ကြောင်းကို သင်တို့ တွေ့မြင်လျှင် သာ၍ကောင်းမည်။ သင်၏ ဝိညာဉ်အရွယ်နှင့် အလေ့အကျင့်တို့ကို သင်အလေးအနက် ထားသင့်သည်။ ဘုရားသခင်အား သင့်ယုံကြည်ခြင်း၌ မည်သူ့အတွက်မဆို ဝတ်ကျေ တမ်းကျေ သာမန်ကာလျှံကာ စိတ်ဓါတ်ဖြင့် ပြုစုလုပ်ဆောင်ရန် မကြိုးစားသင့်။ နောက်ဆုံးတွင် သမ္မာတရားနှင့် အသက်ကို သင်ရယူနိုင်ခြင်း ရှိ၊ မရှိ ဆိုသည်မှာ သင်ကိုယ်တိုင်၏ ကြိုးပမ်းအားထုတ်ခြင်း အပေါ်တွင် မူတည်ပေသည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ မှ
အောက်ခြေမှတ်စုများ-
က။ ဟန်ဟောင်ငှက် ပုံပြင်သည် အီစွတ် ပုံပြင်များထဲမှ ပုရွက်ဆိတ်နှင့် နှံကောင် ပုံပြင်နှင့် အလွန် တူသည်။ ဟန်ဟောင်ငှက်သည် သူ၏ အိမ်နီးချင်း ငှက်ဖြစ်သော သပိတ်လွယ်ငှက်က မည်မျှပင် အထပ်ထပ် သတိပေးစေကာမူ ရာသီဥတုနွေးထွေးစဉ် အသိုက်ဆောက်မည့်အစား အအိပ်ကျူး နေခဲ့သည်။ ဆောင်းဥတု ရောက်သည့်အခါ ထိုငှက်သည် အေးခဲ၍ အသက်ဆုံးရှုံး သွားခဲ့ရသည်။
အပြန်အလှန်ဖတ်ရှုခြင်းများ ဘာသာရေး စာအုပ်များ
No comments:
Post a Comment