菜單

မူလစာမျက်နှာ သတင်းအချက်အလက် အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ စွဲကိုင်ထားသူ လွတ်လပ်မှန်ကန်တဲ့လူ့အခွင့်အရေး ကယ်တင်ရှင်ပြန်ကြွလာပြီ ဧဝံဂေလိတရားတော် ကောင်းကင်နိုင်ငံတော်သီချင်း အမှန်တရားကို ဖေါ်ထုတ်ခြင်း နိုင်ငံတော် ချီးမွမ်းခြင်း တေးဂီတ ဘုရားသခင်၏ နှုတ်ကပတ်တော်များ ဖတ်ကြားခြင်းများ

4/14/2019

ဘုရားသခင်၏ စကားတော် | လက်တွေ့လုပ်ဆောင်ခြင်း (၈)

သမ္မာတရား, ဘုရားသခင်, ယေရှု, ခရစ်တော်၏ ပြောကြားချက်များ,

လူတို့နှင့် ပတ်သက်လျှင် စံသွေ၍ မှားယွင်းနေသောအရာ အလွန်များသည်။ သူတို့သည် ကိုယ့်ကိုယ်ကိုယ် မည်သည့်အခါမျှ မထိန်းနိုင်ကြ။ ထို့ကြောင့် မှန်သောလမ်းပေါ်သို့ သူတို့ဝင်ရောက်ရာ၌ ဦးဆောင်လမ်းပြပေးဖို့ လိုအပ်နေသေးသည်။ တစ်နည်းအားဖြင့်ဆိုသော် သူတို့၏ လူ့အသက်တာတို့နှင့် ဝိညာဉ်အသက်တာတို့ကို ထိန်းညှိနိုင်စွမ်းရှိပြီး ထိုကဏ္ဍနှစ်ခုလုံးကို လက်တွေ့လုပ်ဆောင်နိုင်စွမ်း ရှိမည်ဆိုလျှင် သူတို့ကို မကြာခဏ ပံ့ပိုးပေးဖို့၊ ဦးဆောင်လမ်းပြလုပ်ပေးဖို့ မလိုပေ။ ထိုသို့လုပ်နိုင်မှသာ သူတို့သည် စစ်မှန်သော ဝိညာဉ်အသက်တာကို ပိုင်ဆိုင်မည်ဖြစ်သည်။ ဆိုလိုသည်မှာ အနာဂတ်တွင် သင့်ကို လမ်းပြမည့်သူမရှိသော်လည်း ကိုယ်တိုင် ရင်ဆိုင်နိုင်စွမ်း သင့်မှာ ရှိနေဦးမည်ဖြစ်သည်။ ယနေ့ သင်သည် မည်သည့်အရာက အရေးကြီးသည်နှင့် မည်သည့်အရာက အရေးမကြီးသည်ကို နားလည်လျှင် အနာဂတ်၌ သင်သည် လက်တွေ့အရှိတရားထဲသို့ ဝင်နိုင်စွမ်းရှိမည်။ ယနေ့ သင်တို့သည် မှန်သောလမ်းသို့ ဦးဆောင်လမ်းပြခြင်းခံရပြီး သမ္မာတရားများစွာကို နားလည်ခွင့်ရကြကာ အနာဂတ်၌ သင်တို့သည် သာ၍နက်ရှိုင်းစွာ သွားနိုင်ကြလိမ့်မည်။ ယခု လူတို့ကို နားလည်စေသောနည်းလမ်းသည် အစစ်မှန်ဆုံး နည်းလမ်းဖြစ်သည်ဟု ပြောနိုင်သည်။ ယနေ့ သင်သည် မှန်သောလမ်းသို့ ခေါ်ဆောင်ခြင်းခံနေရပြီး တစ်နေ့ သင့်ကို ဦးဆောင်လမ်းပြမည့်သူ တစ်ဦးမျှ မရှိသောအခါ လမ်းအားလုံးထဲတွင် အစစ်မှန်ဆုံးလမ်းဖြစ်သည့် ဤလမ်းအတိုင်း သင်သည် လက်တွေ့လုပ်ဆောင်ကာ ပို၍နက်ရှိုင်းစွာ တက်လှမ်းနိုင်လိမ့်မည်။ ယခုတွင် လူတို့သည် မှန်သောအရာသည် မည်သည့်အရာဖြစ်ကြောင်း၊ စံသွေသောအရာသည် မည်သည့်အရာဖြစ်ကြောင်း နားလည်အောင် ပြုခြင်းခံရပြီး ဤအရာတို့ကို နားလည်ပြီးနောက် အနာဂတ်တွင် သူတို့၏ အတွေ့အကြုံတို့သည် ပို၍နက်နဲလာမည် ဖြစ်သည်။ ယနေ့ သင်တို့နားမလည်သော အရာများကို ပြောင်းပြန်လှန်ပစ်ထားပြီးဖြစ်၍ အပြုသဘောဆောင်သော ဝင်ရောက်ခြင်း၏ လမ်းကြောင်းကို သင်တို့အား ထုတ်ဖော်ပြထားလျက်ရှိကာ ယင်းနောက်တွင် အမှု၏ ဤအဆင့် ပြီးဆုံးမည်ဖြစ်ပြီး သင်တို့သည် လူသားများ လျှောက်လှမ်းသင့်သည့်လမ်းကို စတင်လျှောက်လှမ်းကြလိမ့်မည်။ ထိုအခါ ငါ၏အမှုသည် ပြီးမြောက်မည်ဖြစ်ပြီး ထိုအချိန်မှစကာ သင်တို့သည် ငါ့ကိုတွေ့တော့မည်မဟုတ်။ ယနေ့ သင်တို့၏ဝိညာဉ်အသက်တာသည် အလွန်အားနည်းနေသေးသည်။ လူ၏အနှစ်သာရနှင့် သဘာဝတို့၏ အမှုအရာများဖြစ်ကြသည့် အခက်အခဲများစွာ ရှိလေသည်။ ထို့ကြောင့် နက်ရှိုင်းစွာ အမြစ်တွယ်နေပြီး တူးထုတ်ဖို့ လိုအပ်နေသေးသော အချို့အရာများလည်း ရှိသည်။ လူတို့၏အနှစ်သာရနှင့် သဘာဝ၏ ပို၍အနုစိတ်သော အသေးစိတ်အချက်အလက်များကို သင်တို့နားမလည်၍ ထိုအရာများကို ထောက်ပြဖို့ ငါ့ကို သင်တို့လိုအပ်နေသေးသည်။ သို့မဟုတ်လျှင် သင်တို့ သိမည်မဟုတ်ပေ။ ဤအရာသည် အတိုင်းအတာတစ်ခုအထိ ရောက်လာပြီး သင်တို့၏အရိုးနှင့် သွေးထဲ၌ရှိသော အရာများသည် ဖော်ထုတ်ခြင်းခံရသောအခါ၊ ဤသို့ဖြစ်ခြင်းကို ပြစ်တင်ဆုံးမမှုနှင့် တရားစီရင်မှုဟုခေါ်သည်။ ငါ့အလုပ်ကို စေ့စေ့စပ်စပ်နှင့် အပြည့်အဝ လုပ်ဆောင်ပြီးမှသာ ငါ၏အလုပ်ကို ငါအဆုံးသတ်မည်။ သင်တို့သည် ပို၍ အကြီးအကျယ် ဖော်ထုတ်ခြင်းခံရလေလေ သင်တို့၌ အသိပညာပိုရှိလေလေ ဖြစ်လိမ့်မည်။ ဤအချက်သည် သင်တို့၏ အနာဂတ် သက်သေခံချက်နှင့် စုံလင်မှုအတွက် အလွန် အရေးကြီးသည့်အရာ ဖြစ်လိမ့်မည်။ ငါ၏ပြစ်တင်ဆုံးမမှုနှင့် တရားစီရင်မှုအားဖြင့် ငါ့ကိုငါ သင်တို့အားလုံးကို သိခွင့်ပေးလျက် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းအလုပ်ကို စေ့စေ့စပ်စပ် လုပ်ဆောင်ပြီးမှသာ ငါ၏အလုပ် ပြည့်စုံမည်ဖြစ်သည်။ သင်တို့သည် ငါ၏စိတ်သဘောထားနှင့် ဖြောင့်မတ်မှုကို သိရုံမျှသာမက သာ၍ အရေးကြီးသောအချက်ဖြစ်သည့် ငါ၏ပြစ်တင်ဆုံးမမှုနှင့် တရားစီရင်မှုကိုလည်း သိကြလိမ့်မည်။ ငါ၏အမှုတွင် ပါဝင်သည့် အသစ်ဖြစ်မှုနှင့် အသေးစိတ်ဖြစ်မှုတို့နှင့် ပတ်သက်ပြီး သင်တို့အထဲမှ လူတော်တော်များများ၌ လွန်ကဲသော အယူအဆများ ရှိကြသည်။ မည်သို့ပင်ဖြစ်စေ ငါ့အလုပ်သည် အသစ်ဖြစ်ပြီး အသေးစိတ်ကျကြောင်းနှင့် သင်တို့ မျက်နှာချင်းဆိုင်ပြီး လက်တွဲကာ လက်တွေ့လုပ်ဆောင်ရန် ငါသွန်သင်ကြောင်းကို သင်တို့မြင်သင့်သည်။ ဤအရာသည်သာ သင်တို့၏ လက်တွေ့လုပ်ဆောင်မှုနှင့် အနာဂတ်၌ သင်တို့ခိုင်မြဲစွာ ရပ်တည်နိုင်ဖို့အတွက် အကျိုးရှိသော အရာဖြစ်သည်။ ထိုသို့မဟုတ်လျှင် သင်တို့သည် ညှိုးနွမ်း၍ အဝါရောင်သန်းကာ ခြောက်သွေ့ပြီး တန်ဖိုးနည်းနည်းမျှ မရှိသည့် ဆောင်ဦးကာလ သစ်ရွက်များကဲ့သို့ ဖြစ်လိမ့်မည်။ သင်တို့၏ နှလုံးသား၊ သင်တို့၏ ဝိညာဉ်နှင့် ပတ်သက်သမျှ အရာအားလုံးကို ငါသိသည်ကို သင်တို့သိသင့်သည်။ ထို့အပြင် ကြီးစွာသော သိမ်မွေ့နက်နဲခြင်းဖြင့် ငါလုပ်သည့် အမှုနှင့် ငါပြောဆိုခဲ့သည့် နှုတ်ကပတ်တော်များကိုလည်း သင်တို့သိသင့်သည်။ သင်တို့၏ စိတ်သဘောထားနှင့် သင်တို့၏ အစွမ်းအစအပေါ်အခြေခံပြီး သင်တို့ကို ထိုကဲ့သို့စီမံသင့်သည်။ ဤနည်းအားဖြင့်သာ ငါ၏ပြစ်တင်ဆုံးမမှု၊ တရားစီရင်မှုတို့နှင့် ပတ်သက်သော သင်တို့၏ အသိပညာသည် သာ၍ ရှင်းလင်းလာလိမ့်မည်။ ထို့အပြင် ယနေ့ သင်တို့ မသိသေးသော်လည်း မနက်ဖြန်နေ့တွင် သင်တို့သည် သိကောင်းသိလာလိမ့်မည်။ ငါ့ကို ဆန့်ကျင်သူ တစ်ဦးတစ်ယောက်ကိုမျှ ငါသည်းမခံသောကြောင့် ဖန်ဆင်းခံသတ္တဝါအားလုံးသည် ပြစ်တင်ဆုံးမမှု၊ တရားစီရင်မှုတို့နှင့်စပ်ဆိုင်သော ငါ၏ နှုတ်ကပတ်တော်များအလယ်သို့ ကျရောက်ကြလိမ့်မည်။


သင်တို့အားလုံးသည် ကိုယ့်အသက်တာကို ကိုယ်ထိန်းနိုင်ရမည်။ သင်တို့သည် နေ့စဉ် သင်တို့ဆန္ဒရှိသလို စီစဉ်နိုင်သည်။ သင်တို့နှစ်သက်သလို လုပ်နိုင်သော လွတ်လပ်ခွင့် သင်တို့မှာ ရှိသည်။ သင်တို့ စာဖတ်နိုင်သည်၊ နားဆင်နိုင်သည်၊ စာရေးနိုင်သည်၊ စိတ်ဝင်စားလျှင် ဓမ္မတေးသီချင်းများ သင်တို့ရေးနိုင်သည်။ သင့်တော်သော အသက်တာတစ်ခု၌ ထိုအရာများအားလုံးတို့ ပါဝင်ကြသည် မဟုတ်လော။ ထိုအရာများအားလုံးသည် လူသားတစ်ယောက်၏ အသက်တာ၌ ပါဝင်သင့်သည့် အရာများဖြစ်သည်။ လူတို့သည် သဘာဝအတိုင်း ရောက်ရှိလာသော အရာကို လုပ်ဆောင်သင့်သည်။ သူတို့၏ လူ့သဘာဝနှင့် သူတို့၏ ဝိညာဉ်အသက်တာများ၌ အသီးအပွင့်များ ရိတ်သိမ်းပြီးဖြစ်သောအခါ၌သာ သူတို့သည် သာမန်ဘဝသို့ ဝင်ရောက်ပြီးဖြစ်သည်ဟု သတ်မှတ်နိုင်သည်။ လူ့သဘာဝနှင့် ပတ်သက်လျှင် ယနေ့ သင့်မှာ ထိုးထွင်းအမြင် မရှိသည်သာမက ဆင်ခြင်တုံတရားလည်း မရှိပေ။ လူတို့ ဆင်ယင်ထားရမည့် သိသင့်သိထိုက်သည့် ရူပါရုံများစွာ ရှိသောကြောင့် သင်မည်သည့် သင်ခန်းစာနှင့် ကြုံရသည်ဖြစ်စေ ထိုအချက်သည် သင် သင်ယူသင့်သည့် သင်ခန်းစာဖြစ်သည်။ သင်သည် ပတ်ဝန်းကျင်ကို ကြည့်နိုင်စွမ်းရှိရမည်ဖြစ်ပြီး ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေဖြစ်အောင် ပြင်ဆင်ရမည်။ သင်၏ပညာရေးနှင့် စာတတ်မြောက်မှုအဆင့်ကို တိုးတက်အောင်လုပ်ခြင်းတို့သည် ရေရှည်လုပ်ဆောင်ရမည့် အရာများဖြစ်သည်။ သို့မှသာ သင်သည် အသီးအပွင့်များကို ရိတ်သိမ်းရမည်ဖြစ်သည်။ သာမန်လူ့သဘာဝဖြင့် အသက်ရှင်သည့်ကိစ္စနှင့် ပတ်သက်၍ သင့်ကိုယ်သင် ဆင်ယင်ထားရမည့် အရာများ ရှိသေးသည်။ ထို့အပြင် သင်၏ ကိုယ်ပိုင်အသက်နှင့်ဆိုင်သော ဝင်ရောက်မှုကိုလည်း သင်နားလည်ရမည်။ ယနေ့ထိတိုင် ရောက်လာပြီး ယခင်က ပြောဆိုခဲ့သည့် သင်နားမလည်ခဲ့သော အရာများစွာရှိသည်။ သို့သော်လည်း ယနေ့ ထပ်မံဖတ်ရှုလိုက်သောအခါ၌မူ သင်နားလည်လာပြီး သင်၏နှလုံးသားထဲ၌လည်း သင်သည် သာ၍ပင် တည်ကြည်မြဲမြံလာသည်။ ဤသည်မှာလည်း အသီးအပွင့်များ ရိတ်သိမ်းရခြင်းဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင်စားသောက်ပြီး သင့်အထဲ၌ အသိပညာအနည်းငယ်ရှိသောနေ့၌ သင်သည် သင်၏ ညီအစ်ကိုမောင်နှမများနှင့် လွတ်လပ်စွာ မိတ်သဟာယဖွဲ့နိုင်သည်။ ဤသည်မှာ သင်၌ရှိသင့်သည့် အသက်တာ မဟုတ်လော။ တစ်ခါတစ်ရံ၌ သင်သည် မေးခွန်းအချို့မေးခြင်း သို့မဟုတ် တစ်စုံတစ်ခုအကြောင်း ဆင်ခြင်စဉ်းစားခြင်းကို လုပ်ဆောင်တတ်ပြီး ထိုသို့လုပ်ဆောင်ခြင်းကြောင့် သင်၏ ခွဲခြားသိမြင်နိုင်စွမ်း ပိုကောင်းလာသည်၊ သင့်မှာ ထိုးထွင်းအမြင်နှင့် ဉာဏ်ပညာပိုရှိလာပြီး သမ္မာတရားအချို့ကို နားလည်လာသည်။ ထိုသို့ဖြစ်ခြင်းသည် ယနေ့ ပြောသည့် ဝိညာဉ်အသက်တာ၌ ပါဝင်သောအရာဖြစ်သည်မဟုတ်လော။ ဝိညာဉ်အသက်တာ၏ ကဏ္ဍတစ်ခုကိုသာ လက်တွေ့လုပ်ဆောင်ခြင်းသည် လက်ခံနိုင်ဖွယ် မရှိသောအရာဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ခြင်း၊ ဆုတောင်းခြင်း၊ ဓမ္မတေးသီချင်းများ သီဆိုခြင်းစသည့် အရာများအားလုံးသည် ဝိညာဉ်အသက်တာ၌ ပါဝင်သော လုပ်ဆောင်မှုများဖြစ်ပြီး သင့်မှာ ဝိညာဉ်အသက်တာရှိလျှင် သာမန်လူ့သဘာဝကို ပိုင်ဆိုင်သည့် အသက်တာလည်း ရှိရမည်။ ယနေ့ ငါပြောခဲ့သော အရာအများစုသည် လူတို့ကို ဆင်ခြင်တုံတရားနှင့် ထိုးထွင်းအမြင် ပေးဖို့၊ သာမန်လူ့သဘာဝရှိသည့် အသက်တာကို သူတို့ပိုင်ဆိုင်ခွင့်ပေးဖို့ဖြစ်သည်။ ထိုးထွင်းအမြင်ရှိသည်ဆိုသည်မှာ အဘယ်အရာကို ဆိုလိုကြောင်း၊ လူတစ်ဦးနှင့် တစ်ဦးကြားရှိသော သာမန် ဆက်ဆံရေးရှိသည် ဆိုသည်မှာ အဘယ်အရာကို ဆိုလိုကြောင်း၊ လူများနှင့် သင်မည်သို့ ပြောဆိုဆက်ဆံသင့်ပုံ၊ စသည့်အရာများနှင့် သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ခြင်းအားဖြင့် ကိုယ့်ကိုယ်ကိုယ် ဆင်ယင်ထားသင့်သည်။ သင့်အပေါ် ငါတောင်းဆိုထားသောအရာသည် သာမန်လူ့သဘာဝဖြင့် ရယူနိုင်သောအရာဖြစ်သည်။ သင့်မှာ ရှိသင့်၊ ရှိထိုက်သည့် အရာများနှင့် ကိုယ့်ကိုယ်ကိုယ် ဆင်ယင်ထားသင့်သည်။ သို့သော် အလွန်အကျွံမပြုနှင့်။ လူအချို့သည် နှုတ်ကပတ်တော်မျိုးစုံနှင့် ဝေါဟာရမျိုးစုံကို အသုံးပြုကြ၏၊ ဤသည်၌ ၎င်းတို့သည် ကြွားနေကြခြင်းဖြစ်သည်။ စာအုပ်မျိုးစုံကို ဖတ်ရှုကြသည့် အခြားသူများလည်းရှိပြီး ယင်းမှာ ဇာတိပကတိ၏ လိုအင်ဆန္ဒများကို ဇက်ကုန်လွှတ်ပေးနေခြင်းပင်ဖြစ်သည်။ ကမ္ဘာပေါ်ရှိ အထင်ကရပုဂ္ဂိုလ်များ၏ အထ္ထုပ္ပတ္တိနှင့် သူတို့ပြောခဲ့သော စကားများကို ၎င်းတို့သည် လေ့လာကာ အတုပင်ယူကြပြီး ညစ်ညမ်းစာပေများကိုလည်း ဖတ်ရှုကြသည်။ ဤလုပ်ရပ်သည် သာ၍ ရယ်စရာကောင်းသော လုပ်ရပ်ပင်ဖြစ်တော့သည်။ ထိုသို့သောလူများသည် အသက်ထဲသို့ ဝင်ရောက်ခြင်း၏ လမ်းကြောင်းကို မသိသည့်အပြင် ယနေ့ ဘုရားသခင်လုပ်သည့် အလုပ်ကို မသိကြ။ နေ့ရက်အသီးသီးကို မည်သို့ကုန်လွန်စေရမည်ကို မသိကြ။ သူတို့၏ အသက်တာများသည် အလွန်ပင် အဓိပ္ပာယ်မဲ့နေသည်။ အဘယ်အရာထဲသို့ ကိုယ်တိုင် ဝင်ရောက်သင့်သည်ကို သူတို့သည် လုံးဝ မသိနားမလည်ကြပေ။ စကားပြောခြင်းသည် သူတို့၏ကိုယ်ပိုင် ဝင်ရောက်ခြင်းကို အစားယူလိုက်ဘိသည့်အလား သူတို့ပြုသမျှမှာ အခြားသူများနှင့် ပြောဆိုဆက်ဆံခြင်းတို့သာ ဖြစ်သည်။ သူတို့ မရှက်ကြသလော။ ထိုသို့သောလူများသည် မည်သို့ အသက်ရှင်ရမည်ကို မသိသောသူများ၊ လူ့ဘဝကို နားမလည်သောသူများ ဖြစ်သည်။ သူတို့သည် အဝအပြဲစားလျက်၊ အဓိပ္ပာယ်မရှိသော အရာများ ပြုလျက်နှင့် တစ်နေ့လုံးကို ကုန်လွန်စေကြသည်။ ထိုသို့အသက်ရှင်ခြင်း၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ မိမိတို့၏ အငန်းအတာများကို လုပ်ဆောင်ခြင်း၊ အစာစားခြင်းနှင့် အဝတ်ဝတ်ခြင်းတို့အပြင် လူများစွာတို့သည် တစ်နေ့လုံးတွင် ဟေးလားဝါးလားလုပ်ခြင်းနှင့် သဝေထိုးခြင်းတို့ဖြစ်စေ၊ မိတ်ဆွေများနှင့် တွေ့ဆုံပြီး အတင်းအဖျင်းပြောခြင်းဖြစ်စေ၊ သို့မဟုတ် နှစ်ခြိုက်စွာ အိပ်စက်ခြင်းဖြစ်စေ၊ အစရှိသည့် အဓိပ္ပာယ်မဲ့သော အမှုအရာများက သူတို့၏ အဖိုးတန်သောအချိန်အား ယူထားကြသည်ကို ငါမြင်ခဲ့ပြီ။ ထိုသို့သောအသက်တာသည် သန့်ရှင်းသူတို့၏ အသက်တာဖြစ်သလော။ ဤသည်မှာ သာမန်လူတို့၏ အသက်တာ ဖြစ်သလော။ သင်၏ အသက်တာက နိမ့်ကျပြီး ခေတ်နောက်ပြန်နေသည့်အပြင် မည်သည့်အရာကိုမျှ အလေးမထားသည့်ပုံ ဖြစ်နေလျှင် သင့်ကို စုံလင်သောသူဖြစ်အောင် ပြုလုပ်နိုင်ပါမည်လော။ သင်သည် အကျိုးမရှိဘဲ စာတန်ထံ၌ သင့်ကိုယ်သင် အဆုံးခံလိုသလော။ လူတို့၏ ဘဝအဆင်ပြေနေသောအချိန်နှင့် သူတို့၏ ပတ်ဝန်းကျင်၌ မည်သည့် ဆင်းရဲဒုက္ခမျှ မရှိသောအချိန်တွင် သူတို့သည် တွေ့ကြုံခြင်းငှာ မတတ်စွမ်းနိုင်ပေ။ သက်သောင့်သက်သာရှိသော ပတ်ဝန်းကျင်များ၌ လူတို့၏ အကျင့်စာရိတ္တသည် အလွယ်တကူ ပျက်စီးနိုင်သည်။ သို့သော် ဘေးအန္တရာယ်ရှိသော ပတ်ဝန်းကျင်များကမူ သင့်ကို သာ၍ အရေးတကြီး သဘောထားဖြင့် ဆုတောင်းစေသည်၊ ဘုရားသခင်ကို မထားခဲ့ဝံ့အောင် သင့်ကို ပြုလုပ်သည်။ လူတို့၏ အသက်တာသည် သာ၍ အဆင်ပြေပြီး ငြီးငွေ့ဖွယ်ကောင်းလေလေ အသက်ရှင်ရသည်မှာ အဓိပ္ပာယ်မရှိဟု သူတို့ ခံစားရလေလေဖြစ်ပြီး သေသည်က ပိုကောင်းသည်ဟု သူတို့ ခံစားရလေလေဖြစ်သည်။ လူတို့၏ ဇာတိသည် ဤမျှပျက်စီးနေသည်။ စမ်းသပ်မှုများနှင့် ကြုံရမှသာ သူတို့သည် အကျိုးကျေးဇူးများကို ရရှိနိုင်သည်။

ယေရှု၏ အလုပ်အဆင့်ကို ယုဒပြည်နှင့် ဂါလိလဲပြည်၌ ဆောင်ရွက်ခဲ့သော်လည်း တစ်ပါးအမျိုးသားများသည် ၎င်းကို သတိမထားမိကြပေ။ သူလုပ်ခဲ့သည့် အလုပ်သည် အလွန်ပင်လျှို့ဝှက်ပြီး ဣသရေလလူမျိုးများမှအပ အခြားမည်သည့် လူမျိုးကမျှ သူ၏အလုပ်ကို မသိခဲ့ကြပေ။ ယေရှုက သူ့အလုပ်ကို ပြီးအောင်လုပ်ပြီးနောက် သူ့အလုပ်ကြောင့် အုတ်အောင်သောင်းတင်း ဖြစ်လာသည့်အခါမှသာ လူတို့သည် ယေရှုအလုပ်ကို သတိထားမိကြခြင်း ဖြစ်သည်။ ထိုအချိန်၌မူ ယေရှုထွက်ခွာသွားပြီ ဖြစ်သည်။ ယေရှုသည် အလုပ်အဆင့်တစ်ခုကို လုပ်ဆောင်ရန်နှင့် လူတစ်စုကို ရရှိရန် ရောက်လာခဲ့ပြီး အလုပ်အဆင့်တစ်ခုကို ပြီးမြောက်အောင် ဆောင်ရွက်ခဲ့သည်။ ဘုရားသခင် လုပ်ဆောင်သည့် မည်သည့် အလုပ်အဆင့်၌မဆို ဆန့်ကျင်ဘက်အရာအဖြစ် အစေခံသောသူများစွာ ရှိသည်။ ဘုရားသခင်တစ်ဦးတည်းသာ ထိုအလုပ်ကို ကိုယ်တိုင် လုပ်ခဲ့မည်ဆိုလျှင် ထိုအလုပ်သည် အဓိပ္ပာယ်ရှိမည် မဟုတ်ပေ။ ဘုရားသခင်၏ နောက်သို့ လိုက်ပြီး ထိုအလုပ်အဆင့်ကို အဆုံးထိ လုပ်မည့်သူများ ရှိရပေမည်။ ဘုရားသခင် ကိုယ်တိုင်၏အလုပ် ပြီးစီးမှသာ လူတို့သည် ဘုရားသခင် တာ၀န်ပေးစေခိုင်းထားသည့် အလုပ်ကို စတင်လုပ်ဆောင်ကြပြီး ထို့နောက်မှသာ ဘုရားသခင်၏အလုပ် စတင်ပျံ့နှံ့သည်။ ဘုရားသခင်သည် ခေတ်သစ်တစ်ခေတ်ကို အစပြုသည့် အလုပ်ကိုသာ လုပ်သည်၊ ထိုခေတ်သစ်ကို ဆက်ရမည့် အလုပ်ကိုမူ လူတို့က လုပ်ဆောင်ကြသည်။ ထို့ကြောင့် ယနေ့လုပ်သည့် အလုပ်သည် အချိန်အတန်ကြာ တည်ရှိမည် မဟုတ်ပေ။ လူသားနှင့် ငါ၏အသက်တာသည် အချိန်အလွန်အတန်ကြာစွာ ဆက်ရှိမည်မဟုတ်။ ငါသည် ငါ့အလုပ်ကို ပြီးမြောက်အောင်သာ လုပ်ဆောင်ပြီး သင်တို့လုပ်သင့်သည့် တာဝန်ကို သင်တို့အားလုပ်စေသည်။ သို့မှသာ ဤအလုပ်နှင့် ဤဧဝံဂေလိတရားသည် တစ်ပါးအမျိုးသားများနှင့် အခြားသော တိုင်းနိုင်ငံများအကြား၌ ဖြစ်နိုင်သမျှ အမြန်ဆုံး ပျံ့နှံ့နိုင်မည် ဖြစ်သည်။ ထိုအချိန်သို့ရောက်မှသာ လူသားများဖြစ်သော သင်တို့၏တာဝန် ပြီးဆုံးလိမ့်မည်။ ယနေ့အချိန်သည် အရာအားလုံးထက် အဖိုးတန်ဆုံးဖြစ်သည်။ ထိုအချက်ကို သင်လျစ်လျူရှုလျှင် သင်သည် မိုက်မဲသူများထဲတွင် ပါဝင်သူတစ်ဦးဖြစ်သည်။ အကယ်၍ ဤပတ်ဝန်းကျင်၌ သင်သည် ဤနှုတ်ကပတ်တော်များကို စားသောက်ပြီး ဤအလုပ်ကို တွေ့ကြုံသော်လည်း ကြိုးစားရှာဖွေလိုသည့် ရည်ရွယ်ချက် ဘာမျှမရှိသည့်အပြင် မိမိ၏ဝန်ဟု နည်းနည်းမျှ မခံစားရလျှင် သင့်မှာ ပြောပြစရာ မည်သည့်အလားအလာများ ရှိသနည်း။ ထိုသို့သော လူများသည် သုတ်သင်ဖယ်ရှားခြင်း ခံရမည် မဟုတ်လော။


နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ မှ

အကြံပြုစာများဖတ်ရှုလေ့လာရန်: ဘာသာရေး စာအုပ်များ

No comments:

Post a Comment