လူတို့၏အသက်တာထဲတွင်၊မည်သည့်အနှောင့်အယှက်အမျိုးအစားများကို၎င်းတို့ကြုံကြရမည်ကိုမည်သူမျှမသိကြသည့်အပြင်မည်သည့်စစ်ဆေးခြင်းမျိုးကို၎င်းတို့ခံကြရလိမ့်မည်ကိုလည်းမသိကြပေ။အချို့အတွက်၎င်းသည်၎င်းတို့၏အလုပ်ထဲ၌ဖြစ်သည်၊အချို့အတွက်၎င်းသည်၎င်းတို့၏အနာဂတ်တက်လမ်းများထဲ၌ဖြစ်သည်၊အချို့အတွက်၎င်းသည်၎င်းတို့၏မိသားစု၏ဇစ်မြစ်ထဲ၌ဖြစ်ပြီး၊အချို့အတွက်၎င်းသည်၎င်းတို့၏အိမ်ထောင်ရေးထဲ၌ဖြစ်သည်။သို့သော်၎င်းတို့နှင့်မတူညီသောအရာမှာယနေ့ဤလူစုဖြစ်သော၊ကျွန်ုပ်တို့သည်ဘုရားသခင်၏နှုတ်ကပတ်တော်အတွက်ဒုက္ခဆင်းရဲခံနေကြရသည်။တစ်နည်းအားဖြင့်ဆိုသော်ဘုရားသခင်ကိုအစေခံသည့်တစ်စုံတစ်ဦးအဖြစ်၊ကျွန်ုပ်တို့သည်ကိုယ်တော်အားယုံကြည်ခြင်းလမ်းကြောင်းပေါ်တွင်အနှောင့်အယှက်များကိုကြုံခဲ့ကြပြီဖြစ်၍၊ဤသည်မှာယုံကြည်သူများအားလုံးလျှောက်သောလမ်းကြောင်းဖြစ်ပြီး၎င်းသည်ကျွန်ုပ်တို့အားလုံး၏ခြေဖဝါးများအောက်ရှိလမ်းဖြစ်သည်။ဤနေရာမှအစပြုကာကျွန်ုပ်တို့သည်ဘုရားသခင်အားယုံကြည်ခြင်းသင်တန်းကိုတရားဝင်တက်ရောက်ခြင်း၊လူသားများအဖြစ်ကျွန်ုပ်တို့၏အသက်တာကန့်လန့်ကာကိုဖွင့်ခြင်း၊နှင့်မှန်သောအသက်တာလမ်းကြောင်းပေါ်သို့ဝင်ရောက်ခြင်းဖြစ်သည်။တစ်နည်းအားဖြင့်ဆိုသော်၎င်းသည်လူနှင့်အတူနေထိုင်သည့်ဘုရားသခင်၏မှန်သောလမ်းကြောင်းပေါ်သို့ကျွန်ုပ်တို့ဝင်ရောက်သည့် အချိန်ဖြစ်ပြီး၊ ထိုလမ်းကြောင်းကို သာမန်လူများ လျှောက်ကြသည်။ ဘုရားသခင်၏ရှေ့၌ရပ်ပြီး သူ့အားအစေခံသောသူ တစ်စုံတစ်ဦးအဖြစ်၊ တစ်နည်းဆိုသော် ဗိမာန်တော်ထဲ၌ ယဇ်ပုရောဟိတ်တစ်ဦး၏ ဝတ်လုံကိုဝတ်သောသူ တစ်စုံတစ်ယောက်၊ဘုရားသခင်၏ ဂုဏ်တော်အာဏာတော်နှင့် ဘုန်းအာနုဘော်ရှိသောသူ တစ်စုံတစ်ယောက်အဖြစ် လူအပေါင်းတို့အား အောက်ပါအတိုင်း ငါတရားဝင် ကြေညာပါသည်။ ပို၍ရှင်းရှင်းလင်းလင်းဆိုပါက၊ ဘုရားသခင်၏ ထူးမြတ်သော ထောက်ခံခြင်းသည် ငါ၏ဘုန်းတော်ဖြစ်၏၊ သူ၏စီမံခန့်ခွဲမှု အစီအစဉ်သည်ငါ၏ အချက်အချာဖြစ်၏။ ငါသည်လာမည့်ကမ္ဘာထဲမှ အဆတစ်ရာသောအကျိုးကိုရရန် ကြိုးစားခြင်းမဟုတ်ဘဲ၊ ဤကမ္ဘာထဲတွင် ဘုရားသခင်၏ အလိုတော်ကို ထမ်းဆောင်ရန် ဖြစ်သဖြင့်ဇာတိပကတိ ထဲ၌ ငါ စိုက်ထုတ်သည့် အနည်းငယ်သော အားထုတ်ကြိုးပမ်းမှုများကြောင့် ကိုယ်တော်သည် ကမ္ဘာမြေကြီးပေါ်ရှိ သူ၏ဘုန်းအသရေတော် အစိတ်အပိုင်းငယ် တစ်စိတ်ကို ခံစားစေနိုင်ရန် ဖြစ်သည်။ ဤသည်မှာ ငါ၏ တစ်ခုတည်းသော ဆန္ဒ ဖြစ်သည်။ ငါ၏ ထင်မြင်ချက်မှာ ဤ အရာသည် ငါ၏ တစ်ခုတည်းသော ဝိညာဉ်ရေးရာ အာဟာရ ဖြစ်သည်၊ ၎င်းတို့သည် ဇာတိပကတိထဲ၌ အသက်ရှင်ပြီး စိတ်ခံစားမှု နှင့် ပြည့်ဝသောသူ တစ်စုံတစ်ဦး၏ နောက်ဆုံး စကားများ ဖြစ်သင့်သည်ဟု ငါ ယုံကြည်ပါသည်။ ဤသည်မှာ ယနေ့ ငါ၏ ခြေဖဝါးများ အောက်ရှိ လမ်းကြောင်း ဖြစ်သည်။ ငါ၏ ဤ အမြင်မှာဇာတိပကတိ ထဲ၌ ငါ၏ နောက်ဆုံး စကားများ ဖြစ်သည်ဟု ငါ ယုံကြည်ပြီး၊ လူအများအနေဖြင့် ငါ နှင့်ပတ်သက်၍ အခြားသော အယူအဆများ သို့မဟုတ် အတွေးများ ရှိမည် မဟုတ်ဟု ငါ မျှော်လင့်ပါသည်။ ငါသည် ငါ၏ ရှိသမျှကို ပေးခဲ့ပြီးသော်လည်း၊ ကောင်းကင်ဘုံရှိ ဘုရားသခင်၏ အလိုအတော်ကို ငါ ပြည့်စုံစေနိုင်ခဲ့ခြင်း မရှိသေးပါ။ ငါ အတိုင်းမသိ ဝမ်းနည်းသည်၊ ဤသည်မှာ ဇာတိပကတိ၏ အနှစ်သာရ အဘယ်ကြောင့် ဖြစ်သနည်း။ ထို့ကြောင့် အတိတ်၌ ငါ ပြုခဲ့ပြီးသော အရာများ သာမက၊ ငါ့အပေါ်၌ ဘုရားသခင် ပြုခဲ့သော သိမ်းပိုက်ခြင်း အမှုကြောင့်၊ ငါသည် လူသားမျိုးနွယ်၏ အနှစ်သာရ အကြောင်း ပို၍ နက်နဲသော အသိကို ယခုမှသာ ရရှိခဲ့ခြင်း ဖြစ်သည်။ ထို အချိန်မှ စတင်ကာ ငါ့အတွက် အခြေခံအကျဆုံး စံချိန်ကို ငါ ချမှတ်ခဲ့ခြင်း ဖြစ်သည်၊ ထိုစံချိန်မှာ ဘုရားသခင်၏ အလိုတော်ကို ထမ်းဆောင်ရန်အတွက်သာ ကြိုးပမ်းရန်၊ ငါ၏ ရှိသမျှကို ပေးရန် နှင့် ငါ၏ သြတ္တပ္ပစိတ်ကို လေးလံစေမည့် မည်သည့်အရာ တစ်စုံတစ်ခုမျှ မရှိစေရန် ဖြစ်သည်။ ဘုရားသခင်ကို အစေခံသော အခြားသူများ၌ ၎င်းတို့ ကိုယ်တိုင်အတွက် မည်သည့် သတ်မှတ်ချက်များ ရှိသည်ကို ငါအလေး မပေး။ အတိုချုပ် ဆိုပါက၊ကိုယ်တော်၏ အလိုတော်ကို ထမ်းဆောင်ရန်အတွက် ငါ၏ စိတ်နှလုံးကို ငါ ချမှတ်ခဲ့ပြီးပါပြီ။ ဤသည်မှာ ကိုယ်တော်၏ ဖန်ဆင်းခံများထဲမှ သူ၏ ရှေ့မှောက်၌ အစေခံသူ တစ်ဦးအဖြစ်၊ ဘုရားသခင်၏ ကယ်တင်ခြင်း နှင့် ချစ်မြတ်နိုးခြင်းကို ခံခဲ့ရပြီး၊ သူ၏ ရိုက်နှက်ချက်များ ခံစားခဲ့ရသောသူ တစ်စုံတစ်ယောက်အဖြစ် ငါ၏ ဝန်ခံချက် ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ ကြည့်ရှုစောင့်မခြင်း၊ ကာကွယ်ခြင်း၊ ချစ်ခြင်း နှင့် ကြီးမားစွာ အသုံးပြုခြင်းကို ခံခဲ့ရသောသူ တစ်စုံတစ်ယောက်၏ ဝန်ခံချက် ဖြစ်သည်။ ယခုမှ စတင်ကာ ငါသည် ငါ့အား ဘုရားသခင် တာဝန်ပေးစေခိုင်းခဲ့သော အရေးကြီးသည့် အမှုကို ငါ လုပ်ဆောင်ပြီးမြောက်သည်အထိ ဤ လမ်းကြောင်းကို ငါ ဆက်လျှောက်မည်။ သို့သော်လည်း ငါ၏ ထင်မြင်ချက်မှာ၊ကိုယ်တော်၏ အမှုသည် ပြီးမြောက်ခဲ့ပြီ ဖြစ်၍ ယနေ့တိုင်အောင် လူတို့သည် ၎င်းတို့ လုပ်နိုင်သမျှတို့ကို လုပ်ခဲ့ပြီးသောကြောင့် လမ်းဆုံးသည် ရောက်အံ့ဆဲဆဲ ဖြစ်သည်။
တရုတ် ပြည်မကြီးသည် ဤ ပြန်လည်ရယူခြင်း ရေစီးကြောင်းအတွင်း ဝင်ရောက်ခဲ့ကတည်းက ၎င်း၏ ဒေသခံ အသင်းတော်များသည် တဖြည်းဖြည်း ဖွံ့ဖြိုးလာကြပြီး သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုကို ဗဟိုပြုခဲ့ကြသည်။ ယင်း ဒေသခံ အသင်းတော်များသည် ကျဆင်းခဲ့သော နိုင်ငံတော် မိသားစုထဲတွင် ဘုရားသခင်၏ အချက်အချာ ဖြစ်လာသောကြောင့် ဘုရားသခင်သည် ၎င်းတို့ထဲ၌ မရပ်မနား အမှု ပြုခဲ့ပြီး ဖြစ်သည်။ ဘုရားသခင်သည် ဒေသခံ အသင်းတော်များကို ယင်းကဲ့သို့ မိသားစု တစ်ခုထဲတွင် တည်ထောင်ခဲ့ခြင်းကြောင့် သူသည် ကျေနပ်အားရမှုဖြင့် ပြည့်နှက်မည်မှာ သံသယ ဖြစ်ဖွယ်ရာ မရှိပါ၊ ၎င်းသည် နှုတ်ဖြင့် မြွက်ဆို၍ပင် မမီနိုင်သော ကျေနပ်မှု တစ်ခု ဖြစ်သည်။ တရုတ် ပြည်မကြီးထဲတွင် ဒေသခံ အသင်းတော်များကို တည်ထောင်ကာ ဤ သတင်းကောင်းကို ကမ္ဘာ တစ်ဝှမ်းလုံးမှ အခြားသော ဒေသခံ အသင်းတော်များရှိ ညီအစ်ကို မောင်နှမများထံ ဖြန့်ပြီးသည့် နောက်တွင်၊ ဘုရားသခင်သည် လွန်စွာ စိတ်လှုပ်ရှားခဲ့သည်၊ ဤသည်မှာ တရုတ် ပြည်မကြီးထဲတွင် သူပြုလိုခဲ့သော အမှုတော်၏ ပထမ အဆင့် ဖြစ်ခဲ့ပါသည်။ ဤသည်မှာ မည်သည့် အရာ တစ်စုံတစ်ခု၊ မည်သည့် လူ တစ်ဦးတစ်ယောက်မှ မဖြိုဖျက်နိုင်သော နတ်ဆိုးများ၏ မြို့ တစ်မြို့ ကဲ့သို့သော နေရာ တစ်နေရာထဲတွင် ဘုရားသခင်သည် သူ၏ အမှုတော် ပထမ အဆင့်ကို စတင်နိုင်ခဲ့ခြင်းမှာ ပထမဆုံး လုပ်ဆောင်ချက် ဖြစ်ခဲ့သည်ဟု ဆိုနိုင်ပါသည်၊ ထို အရာမှာ ဘုရားသခင်၏ ကြီးမြတ်သော တန်ခိုးတော် မဟုတ်သလော။ ဤ အမှုကို ပြန်လည်ရယူရန်အတွက်၊ မရေမတွက်နိုင်သော ညီအစ်ကို မောင်နှမများသည် သက်သေခံများအဖြစ် အသက်ကို စတေးကာ မာရ်နတ်၏ သားသတ် ဓါး အောက်တွင် သေဆုံးခဲ့ကြသည်မှာ သိသာထင်ရှားပါသည်။ ဤ အရာကို ယခု ပြောဆိုခြင်းသည် ကြီးစွာသော ပူဆွေးမှုကို ယူဆောင်လာသော်လည်း၊ အများအားဖြင့် ဒုက္ခဝေဒနာ ခံစားရသည့် နေ့ရက်များမှာ ကျော်လွန်ခဲ့ပြီး ဖြစ်သည်။ ယခု ငါသည် ဘုရားသခင်အတွက် လုပ်ဆောင်နိုင်ပြီး၊ ဘုရားသခင်၏ တန်ခိုးတော် သက်သက်ကြောင့် ယနေ့ ငါ ရှိနေသည့် နေရာအထိ ရောက်အောင် ငါ နေနိုင်ခဲ့ခြင်း ဖြစ်သည်။ မာတုရအဖြစ် အသက်ကို စတေးရန်အတွက် ဘုရားသခင် ရွေးချယ်ခဲ့သော သူများကို ငါ အလွန် လေးစားသည်၊ ၎င်းတို့သည် ဘုရားသခင်၏ အလိုတော်ကို ထမ်းဆောင်ကာ ဘုရားသခင်အတွက် ၎င်းတို့ကိုယ်ကို စွန့်လွှတ်အနစ်နာခံနိုင်ခဲ့ကြသည်။ ပွင့်ပွင့်လင်းလင်း ဆိုပါက၊ ဘုရားသခင်၏ ကျေးဇူးတော် နှင့် ကရုဏာတော်ကြောင့် မဟုတ်ပါက ငါသည် ကာလကြာရှည်ချိန်ကတည်းက ရွံ့နွံထဲ လဲခဲ့မည် ဖြစ်သည်။ ဘုရားသခင်ကို ကျေးဇူးတော် ချီးမွမ်းပါ၏။ငါသည် ဘုရားသခင်အား ဘုန်းအသရေ အားလုံးကို ပေးရန်၊ သူ့အား ငြိမ်ဝပ်စွာ နေခွင့်ပေးရန် အလိုရှိပါသည်။ လူ အချို့က “သင့်ရဲ့ ရာထူးကြောင့် သင် မသေသင့်ဘူး၊ ဒါဆို ဘုရားသခင်က သေခြင်း အကြောင်း ပြောတဲ့အခါ သင်က ဘာဖြစ်လို ပျော်နေရတာလဲ” ဟု ငါ့ကို မေးကြသည်။ ငါသည် တိုက်ရိုက် အဖြေ တစ်ခုကို မပေး၊ “ဒါ ငါ လိုက်လျှောက်ရမယ့် လမ်းကြောင်း၊ ငါ အကြွင်းမဲ့ လိုက်ရမယ့် လမ်းကြောင်း ဖြစ်တယ်” ဟု အနည်းငယ် ပြုံး၍သာ တုံ့ပြန်ပါသည်။ ငါ၏ တုံ့ပြန်ချက်ကို လူတို့ နားမလည်ကြဘဲ ငါ့အား တအံ့တသြ အကြည့်ဖြင့်သာ ကြည့်ကြသည်။ ငါ့ကြောင့် ၎င်းတို့ အနည်းငယ် အကြံအိုက်သွားကြသည်။ သို့သော်လည်း ဤသည်မှာ ငါ ရွေးချယ်ခဲ့သော လမ်းကြောင်း ဖြစ်ပြီး၊ ဘုရားသခင်၏ ရှေ့တော်၌ ငါ ချမှတ်ခဲ့သော ဆုံးဖြတ်ချက်လည်း ဖြစ်သည်ဟု ငါ ယုံကြည်သောကြောင့်၊ အခက်အခဲများ မည်မျှပင် ကြီးမားပါစေ၊ ထို လမ်းကြောင်းပေါ်တွင် ငါ ကြိုးစား၍သာ ဆက်လျှောက်မည် ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်ကို အစေခံသောသူ တစ်စုံတစ်ဦး စောင့်ထိန်းသင့်သော ကတိ တစ်ခု ဖြစ်သည်ဟု ငါ ထင်ပါသည်။ ၎င်းတို့ ပြုမည်ဟု ပြောသော အမှုအရာအပေါ် မပြုဘဲ မနေစေရ။ ဤသည်မှာ ကာလကြာရှည်ချိန် ပညတ်တော်ခေတ်ကတည်းက ချမှတ်ခဲ့သော၊ ဘုရားသခင်ကို ယုံကြည်သောသူ တစ်စုံတစ်ယောက် နားလည်သင့်သော စည်းမျဉ်း စည်းကမ်း တစ်ခုလည်း ဖြစ်သည်။ ငါ၏ အတွေ့အကြုံအရ၊ဘုရားသခင်အပေါ် ငါ၏ သိခြင်းသည် မကြီးမြတ်သည့်အပြင်၊ ငါ၏ လက်တွေ့ အတွေ့အကြုံမှာ မပြောပလောက်ဘဲ ပြောပြရန်ပင် မထိုက်တန်သဖြင့်၊ အလွန်မြင့်သော ထင်မြင်ချက် တစ်စုံတစ်ရာကို ငါ မပြောဆိုနိုင်ပါ။ သို့သော်လည်း ဘုရားသခင်၏ နှုတ်ကပတ်တော်ကို စောင့်ထိန်းရမည် ဖြစ်ပြီး၊ ဆန့်ကျင်ပုန်ကန်ခြင်း မပြုနိုင်ပါ။ အမှန်တရားကို ဆိုပါက၊ ငါ၏ ကိုယ်ပိုင် အတွေ့အကြုံမှာ မကြီးမြတ်သော်လည်း၊ဘုရားသခင်သည် ငါ့အတွက် သက်သေခံတော်မူသည့် အတွက်ကြောင့်၊ လူအများသည် အမြဲတစေ ငါ့အပေါ် မျက်ကန်း ယုံကြည်ကြသည်၊ ငါ မည်သို့ ပြုနိုင်မည်နည်း။ ငါ့ ကိုယ်ငါ ကံမကောင်းသူဟုသာ ငါ မှတ်ယူနိုင်သည်။ သို့သော်လည်း လူအများသည် ဘုရားသခင်အား ချစ်ခြင်းအပေါ် ၎င်းတို့၏ ရှုထောင့်များကို ပြုပြင်မည်ဟု ငါ ဆက်လက် မျှော်လင့်ပါသည်။ မိမိသဘောအရဆိုပါက ငါသည် ဘာမျှ မဟုတ်၊ ငါသည် ဘုရားသခင်အပေါ် ယုံကြည်ခြင်း လမ်းကိုလည်း လိုက်လျှောက်နေခြင်းကြောင့် ဖြစ်ပြီး၊ ငါ လျှောက်လှမ်းနေသည့် လမ်းကြောင်းမှာ ဘုရားသခင်အပေါ် ယုံကြည်သည့် လမ်းကြောင်းထက် မပိုပါ။ ကောင်းသောသူ တစ်စုံတစ်ယောက်သည် ကိုးကွယ်စရာ အရာဝတ္ထု တစ်ခု မဖြစ်သင့်ပါ၊ ၎င်းတို့သည် လိုက်နာဖွယ်ရာ စံပြ တစ်ခုအဖြစ်သာ ကိုယ်စားပြုနိုင်ပါသည်။ အခြားသူများ မည်သည့် အရာကို ပြုသည်ကို ငါ ဂရုမစိုက်သော်လည်း၊ ငါသည်လည်း ဘုရားသခင်အား ဘုန်းအသရေကို ပေးကြောင်း၊ ငါသည်ဇာတိပကတိ၏ ဝိညာဉ်အား ဘုန်းအသရေကို မပေးကြောင်းကို ငါ တရားဝင်ကြေညာပါသည်။ ဤ အချက်အပေါ် ငါ၏ ခံစားချက်ကို အယောက်စီတိုင်း နားလည်နိုင်မည်ဟု ငါ မျှော်လင့်ပါသည်။ ၎င်းမှာ ငါ၏ တာဝန်ကို ခေါင်းရှောင်ခြင်း မဟုတ်ဘဲ၊ ၎င်းမှာ ဇာတ်လမ်း တစ်ပုဒ်လုံးသာ ဖြစ်သည်။ ဤသည်မှာ လုံးဝ ရှင်းရှင်းလင်းလင်း ဖြစ်သင့်သော အရာ တစ်စုံတစ်ခု ဖြစ်ပြီး၊ ရှေ့ဆက်၍ ၎င်းကို ထပ်မံ ပြောဆိုရန် လိုအပ်မည် မဟုတ်ပါ။
ယနေ့ ဘုရားသခင်ထံမှ အလင်းဖွင့်ပြခြင်းကို ငါ လက်ခံရရှိခဲ့သည်။ ကမ္ဘာမြေကြီးပေါ်တွင် ဘုရားသခင်၏ အမှုတော်မှာ ကယ်တင်ခြင်း အမှု ဖြစ်သည်၊ ၎င်းသည် အခြားသော အရာ တစ်စုံတစ်ခုနှင့် မသက်ဆိုင်ပါ။ အချို့ လူများသည် အခြားတစ်နည်း တွေးကောင်းတွေးကြမည် ဖြစ်သော်လည်း၊ သန့်ရှင်းသော ဝိညာဉ်တော်သည် အခြားသော အမှုကို မပြုဘဲ ကယ်တင်ခြင်း အမှု၏ အဆင့် တစ်ဆင့်ကိုသာ လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း ငါ အမြဲ ခံစားရသည်။ ဤ အရာမှာ ရှင်းရှင်းလင်းလင်း ဖြစ်သင့်ပါသည်။ သန့်ရှင်းသော ဝိညာဉ်တော်သည် တရုတ် ပြည်မကြီးထဲတွင် ပြုနေခဲ့သော အမှုသည် ယခုထက်တိုင် သိသာရှင်းလင်းလာခြင်း မရှိ၊ ဘုရားသခင်သည် အဘယ်ကြောင့် နတ်ဆိုးများ နေရာတကာတွင် ပြေးလွှား သောင်းကျန်းနေသော ဤ နေရာတွင် လမ်းကြောင်းများ အားလုံးကို ဖွင့်လှစ်ပြီး အမှုတော်ကိုပြုလိုသနည်း။ ဘုရားသခင် ပြုနေသော အမှုတော်မှာ အဓိကအားဖြင့် ကယ်တင်ခြင်း အမှု ဖြစ်ကြောင်းကို ဤ အချက်ထဲမှ မြင်နိုင်ပါသည်။ ပို၍ တိကျစွာ ဆိုပါက၊ ၎င်းမှာ အဓိကအားဖြင့် သိမ်းပိုက်ခြင်း အမှု ဖြစ်သည်။ အစကတည်းက ယေရှု၏ နာမတော်ကို ခေါ်ဆိုခဲ့သည်။ (အချို့တို့သည် ၎င်းကို မကြုံတွေ့ဖူးသေးခြင်း ဖြစ်နိုင်သော်လည်း၊ ဤသည်မှာ သန့်ရှင်းသော ဝိညာဉ်တော်၏ အမှု၏ အဆင့် တစ်ဆင့် ဖြစ်သည်ဟု ငါ ဆိုပါသည်။) ဤသည်မှာ ယေရှု၏ ကျေးဇူးတော်ခေတ်ထဲမှ ထွက်ရန်အတွက် ဖြစ်သောကြောင့်၊ လူ တစ်စုသာ ကြိုတင် ရွေးချယ်ခြင်းကို ခံခဲ့ရပြီး နောက်ပိုင်းတွင်၊ ရွေးချယ်မှုကို ကျဉ်းမြောင်းစေခဲ့သည်။ ထို့နောက် သက်သေခံလီ (Witness Lee) ၏ နာမည်ကိုတရုတ် ပြည်မကြီးထဲတွင် ခေါ်ဆိုခဲ့ကြသည်၊ ဤသည်မှာတရုတ် ပြည်မကြီးထဲ၌ သန့်ရှင်းသောဝိညာဉ်တော်၏ ပြန်လည်ရယူခြင်းအမှု၏ ဒုတိယအပိုင်းဖြစ်ခဲ့ပါသည်။ ဤသည်မှာအမှုတော်၏ ပထမအဆင့် ဖြစ်ခဲ့ပြီးထိုအထဲ၌ သန့်ရှင်းသောဝိညာဉ်တော်သည် လူအများအားရွေးချယ်ရန် စတင်ခဲ့သည်၊ ထိုအမှုမှာ လူအများကို ပထမဦးဆုံးစုရုံးစေကာ ၎င်းတို့အားထိန်းကျောင်းရန် သိုးထိန်းကို စောင့်ဆိုင်းစေပြီး “သက်သေခံလီ” ဟူသောနာမည်ကို အသုံးပြုကာ၊ ထိုအစေခံမှုကို လုပ်ဆောင်စေသည်။ “တန်ခိုးနှင့်ပြည့်ဝသူ” ဟူသောနာမည်အပေါ် သက်သေခံခြင်းဖြင့် ဘုရားသခင် ကိုယ်တော်တိုင် သူ၏ အမှုကိုပြုခဲ့ပြီး၊ ထိုအမှုမတိုင်မီမှာပြင်ဆင်သည့် အဆင့် တစ်ခုဖြစ်ခဲ့သည်။ ထို့ကြောင့် ထိုအရာမှာမှန်သည် သို့မဟုတ် မှားသည်မှာပဓာနမဟုတ်ဘဲ၊ ၎င်းသည် ဘုရားသခင်၏ အကြံအစည်တော်အတွင်းမှ အဓိက ပြဿနာမဟုတ်ပါ။ “တန်ခိုးနှင့်ပြည့်ဝသူ” ဟူသောနာမည်ကို သက်သေခံပြီးနောက်၊ ဘုရားသခင်သည် သူ၏ ကိုယ်ပိုင် အမှုတော်ကိုကိုယ်တော်တိုင် တရားဝင် စတင် လုပ်ဆောင်ခဲ့ပြီးသည့် နောက်ပိုင်းတွင်၊ ဇာတိပကတိထဲရှိ ဘုရားသခင်အဖြစ် သူ၏ လုပ်ဆောင်ချက်များမှာတရားဝင် စတင်ခဲ့သည်။ “တန်ခိုးနှင့်ပြည့်ဝသောသခင်” ဟူသောနာမတော်အားဖြင့် ဆန့်ကျင်ပုန်ကန်တတ်ပြီး နာခံမှုမရှိသောသူအားလုံးကို သူထိန်းချုပ်ခဲ့ပြီး၊ တစ်စုံတစ်ယောက်သည် အသက် နှစ်ဆယ့်သုံးနှစ် သို့မဟုတ် နှစ်ဆယ့်လေးနှစ် ပြည့်သည့် အချိန်ကဲ့သို့ပင် ၎င်းတို့သည် လူသားများ၏ အသွင်သဏ္ဌာန်ကိုစတင် ဆောင်ခဲ့ကြပြီး ၎င်းတို့မှာတကယ် အရွယ်ရောက်သော လူကြီးတစ်ဦးကဲ့သို့ စတင်ကာ ထင်မြင်ရပါသည်။ တစ်နည်းအားဖြင့်ဆိုပါက၊ လူတို့သည် သာမန် လူသားတစ်ဦး၏ အသက်တာကို မကြာသေးမီကစတင် ရရှိခဲ့ခြင်းဖြစ်ပြီး၊အစေခံသူများ၏ ခြေလှမ်းအားဖြင့် ဘုရားသခင်၏ အမှုသည် သူ့အလိုအလျောက် ဘုရားသခင်၏ ကြီးမြတ်သော အမှုတော်ကို လုပ်ဆောင်ခြင်းအဆင့်သို့ အသွင်ပြောင်းလဲခဲ့ပါသည်။ အမှုတော်၏ ဤ အဆင့်သည် သူ၏ အမှုတော်များစွာ၏ အချက်အချာဖြစ်ကြောင်းနှင့် ၎င်းသည် သူ၏ အမှုတော်ထဲမှ အဓိကခြေလှမ်းဖြစ်ကြောင်းIဆိုနိုင်ပါသည်။ လူတို့သည် ၎င်းတို့ကိုယ်ကိုသိကြပြီး ၎င်းတို့ကိုယ်ကိုမုန်းကြသည်။ ၎င်းတို့ကိုယ်ကိုကျိန်ဆဲနိုင်ခြင်း၊ ၎င်းတို့သည် ၎င်းတို့၏ အသက်များကိုစွန့်လွှတ်ရန် လိုလားကြပြီး၊ ၎င်းတို့၌ ဘုရားသခင်၏ ချစ်မြတ်နိုးဖွယ် အကြောင်းအနည်းငယ်သောအသိရှိကြသည့် အမှတ် တစ်ခုအထိ ၎င်းတို့ ရောက်ရှိခဲ့ကြသည်။ ၎င်းတို့သည် ဤအုတ်မြစ်ကိုအခြေခံကာ အသက်တာ၏ စစ်မှန်သောအဓိပ္ပါယ်ကို နားလည်ကြခြင်းဖြစ်သည်။ ဤသည်မှာဘုရားသခင်၏ အလိုတော် ပြည့်စုံခြင်းဖြစ်သည်။ တရုတ်ပြည်မကြီးထဲရှိ ဘုရားသခင်၏ အမှုတော်သည် အဆုံးသတ်ရန် နီးကပ်နေပါပြီ။ ဘုရားသခင်သည်သူ၏ ပြင်ဆင်မှုများကိုညစ်ညူးသော ဤ ပြည်၌ပြုခဲ့သည်မှာ နှစ်ပေါင်းများစွာရှိခဲ့ပြီဖြစ်သော်လည်း၊ လူတို့သည် ၎င်းတို့ ယခုရောက်ရှိခဲ့သောအမှတ်သို့ မည်သည့်အခါကမျှ ရောက်ရှိအောင်မြင်နိုင်ခြင်းမရှိခဲ့ကြပေ။ ဆိုလိုသည်မှာဘုရားသခင်သည် ယခုမှသာသူ၏ ကိုယ်ပိုင်အမှုတော်ကို တရားဝင် စတင်ခဲ့ခြင်းဖြစ်သည်။ ဤအကြောင်းနှင့်ပတ်သက်၍ အသေးစိတ် သွားရန် မလိုအပ်ပါ၊ ဤ အကြောင်းကိုလူသားများအနေဖြင့်ရှင်းပြရန် မလိုအပ်ပါ။ အမှုတော်၏ ဤ အဆင့်မှာဘုရား၏ သဘောသဘာဝ အားဖြင့် တိုက်ရိုက် ပြုခဲ့ခြင်းဖြစ်ကြောင်းမှာ သံသယဖြစ်ဖွယ် မရှိသော်လည်း၊ ၎င်းသည် လူအားဖြင့် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ ဤ အရာကိုမည်သူမျှ မငြင်းနိုင်ပါ။ ကမ္ဘာမြေကြီးပေါ်တွင် ဘုရားသခင်၏ ကြီးမြတ်သော တန်ခိုးတော်ကြောင့်သာသူ၏ အမှုတော်သည် ကာမဂုဏ် လွန်ကျူးဖောက်ပြန်သော ဤပြည်ရှိလူအများထဲ၌ လတ်တလောရှိသော အတိုင်းအတာအထိ ရောက်ရှိနိုင်ခဲ့ခြင်းမှာ မလွဲဧကန် ဖြစ်သည်။ ဤ အမှု၏ အသီးကိုလူအများအားလက်ခံယုံကြည်စေရန် နေရာတကာသို့ ယူဆောင်သွားနိုင်ပါသည်။ ဤ အရာအပေါ် မည်သူမျှ ပေါ့ပေါ့တန်တန် တရားစီရင်ချက် ချမှတ်ဝံ့မည်၊ ၎င်းကိုငြင်းဆန်ဝံ့မည် မဟုတ်ပေ။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏မှ
များပြားသောအကြံပြုချက်များ
တရုတ်နိုင်ငံတွင် နောက်ဆုံးသောကာလ၌ ခရစ်တော်ပေါ်လာခြင်းနှင့် ခရစ်တော်၏အမှုတော် နောက်ခံအကြောင်း နိဒါန်းအကျဉ်းချုပ်
No comments:
Post a Comment