သန့်ရှင်းသောဝိညာဉ်တော်ကို မည်သူကမျှ မသိရှိခဲ့ဖူးပေ။ အထူးသဖြင့် သန့်ရှင်းသောဝိညာဉ်တော်၏ လမ်းကြောင်းဟူသည်မှာ မည်သည်ကို ဆိုလိုသည့်အကြောင်း သူတို့မသိခဲ့ကြပေ။ ထိုကြောင့် လူတို့သည် ဘုရားသခင်ရှေ့တွင် အမြဲတမ်း အသိဉာဏ်မဲ့သူကဲ့သို့ ပြုမူခဲ့ကြသည်။ ဘုရားသခင်ကို ယုံကြည်သူ အားလုံးနီးပါးသည် ဝိညာဉ်တော်ကို မသိရှိကြဘဲ ရောထွေးသော ယုံကြည်ခြင်းမျိုးသာ ရှိကြသည်ဟု ဆိုနိုင်သည်။ ထိုအနေအထားအရ လူတို့သည် ဘုရားသခင်ကို နားမလည်သည်မှာ ထင်ရှားသည်။ သူ့ကို ယုံကြည်သည်ဟု ဆိုသော်လည်း၊ ၎င်း၏အနှစ်သာရအားဖြင့် သူတို့၏ အပြုအမူအပေါ် အခြေခံ၍ မိမိကိုယ်ကို ယုံကြည်ခြင်းသာ ဖြစ်သည်။ ဘုရားသခင်ကို ယုံကြည်ခြင်း မဟုတ်ပေ။ ငါ၏ အဖြစ်မှန်အတွေ့အကြုံအရ ငါမြင်နိုင်သည်မှာ ဘုရားသခင်သည် ဇာတိခန္ဓာထဲရှိ ဘုရားသခင်အကြောင်း သက်သေခံ၍ အပြင်ပန်းအားဖြင့် လူအားလုံးသည် သူ၏သက်သေခံချက်ကို အတင်းအဓ္ဓမ အသိအမှတ်ပြုခိုင်းခံရခြင်းဖြစ်ရာ ဘုရားသခင်၏ ဝိညာဉ်တော်သည် အမှားအယွင်း လုံးဝမရှိသည်ကို သူတို့ယုံကြသည်ဟု ဆိုနိုင်ရုံမျှသာရှိသည်။ သို့သော်လည်း လူတို့ ယုံကြည်သည်မှာ ဤလူမဟုတ်၊ ဘုရားသခင်၏ ဝိညာဉ်တော်ကိုလည်း မဟုတ်ဘဲ မိမိ၏ ခံစားချက်ကို ယုံကြည်ကြခြင်းသာ ဖြစ်သည်ဟု ငါဆိုသည်။ ၎င်းသည် မိမိကိုယ်ကိုမိမိ ယုံကြည်ခြင်းသာဖြစ်သည် မဟုတ်လော။ ငါပြောသော ဤနှုတ်ကပတ်တော်အားလုံးသည် မှန်ပေသည်။ လူတို့ကို ခေါ်ဝေါ်သမုတ်နေခြင်း မဟုတ်ပေ။ သို့ရာတွင် ငါရှင်းရှင်းလင်းလင်း ဖော်ပြမည့် အရာတစ်ခုမှာ လူတို့သည် ရှင်းလင်းပြတ်သားစွာ နားလည်သည်ဖြစ်စေ ရှုပ်ထွေးနေသည်ဖြစ်စေ ဤနေ့ရက်ကာလသို့ ရောက်ရှိလာနိုင်သည့်အကြောင်း၊ ဤအရာအလုံးစုံကို သန့်ရှင်းသောဝိညာဉ်တော် စီမံပြီး လူခြယ်လှယ်နိုင်သောအရာ မဟုတ်သည့်အကြောင်းပင်။ ဤသည်မှာ ယခင်က ငါဖော်ပြခဲ့သည့် အကြောင်းအရာဖြစ်သော ဝိညာဉ်တော်က လူတို့အား အတင်းအဓ္ဓမ ယုံကြည်စေသည် ဟူသည့်အရာ၏ သာဓကတစ်ခု ဖြစ်သည်။ ယင်းသည် သန့်ရှင်းသောဝိညာဉ်တော် အလုပ်လုပ်သည့် နည်းလမ်းဖြစ်ပြီး သန့်ရှင်းသောဝိညာဉ်တော် ရွေးချယ်သော လမ်းတစ်လမ်း ဖြစ်သည်။ လူသည် အနှစ်သာရအားဖြင့် မည်သူ့ကို ယုံကြည်သည်ဖြစ်ပါစေ သူတို့၏ နှလုံးသားအတွင်း၌ ဘုရားသခင်ကို ယုံကြည်ကြစိမ့်သောငှာ သန့်ရှင်းသောဝိညာဉ်တော်က သူတို့အား ခံစားချက်တစ်မျိုး အတင်းအဓ္ဓမပေးသည်။ သင်တို့၌ရှိသည်မှာ ထိုသို့သောယုံကြည်ခြင်းမျိုး မဟုတ်လော။ ဘုရားသခင်အား သင်ယုံကြည်ခြင်းကို ထူးဆန်းသောအရာကဲ့သို့ ခံစားရသည် မဟုတ်လော။ ထိုရေစီးကြောင်းမှ မလွတ်မြောက်နိုင်သည်ကို ထူးဆန်းသည်ဟု မတွေးမိကြသလော။ ဤအကြောင်းကို အလေးအနက် လုံ့လစိုက်၍ စဉ်းစားဖူး၏လော။ ၎င်းသည် အကြီးကျယ်ဆုံး နိမိတ်လက္ခဏာနှင့် အံ့ဘွယ်မဟုတ်လော။ လွတ်မြောက်လိုသော ဆန္ဒပြင်းပြမှု အကြိမ်ကြိမ်ရှိခဲ့သော်လည်း ကြီးမားသော အသက်စွမ်းအားတစ်ခု၏ ဆွဲဆောင်မှု အမြဲတမ်းရှိနေသဖြင့် ထွက်ခွာသွားရန် သင့်ကို တွန့်ဆုတ်စေသည်။ ဤအဖြစ်မျိုးကြုံတိုင်း သင့်စိတ်ကျဉ်းကျပ်၍ ငိုယိုကာ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်သည်။ သင်တို့အထဲမှ တစ်ချို့က ထွက်သွားရန် ကြိုးစားသည်။ သို့ရာတွင် ထွက်သွားမည်ပြုသောအခါ သင်၏ နှလုံးသားကို ဓားနှင့်ထောက်ထားသကဲ့သို့ သင်၏ဝိညာဉ်ကို လောကတစ္ဆေက နုတ်ယူထားသကဲ့သို့၊ နှလုံးသား ဆောက်တည်ရာမရဖြစ်ကာ ငြိမ်သက်ခြင်း မရှိပေ။ ထို့နောက် သင့်ကိုယ်သင် စိတ်တင်း၍ ဘုရားသခင်ထံသို့ လှည့်ပြန်ရုံသာ သင်တတ်နိုင်သည်။ သင့်တွင် ဤအတွေ့အကြုံမျိုး ရှိခဲ့သည် မဟုတ်လော။ မိမိတို့၏ နှလုံးသားများကို ဖွင့်ဟနိုင်သည့် ငယ်ရွယ်သူ ညီအစ်ကိုမောင်နှမများက “ဟုတ်တယ်။ ဒီလိုအတွေ့အကြုံမျိုးကို အကြိမ်ကြိမ် ရှိခဲ့ပါတယ်။ အဲဒီအကြောင်းကို ပြန်တွေးတိုင်း ရှက်မိပါတယ်” ဟုပြောမည်ကို ငါယုံကြည်သည်။ ငါ့ဘဝ နေ့စဉ်အသက်တာတွင် ငါ၏ ညီငယ်ညီမငယ်များကို ငါနှင့် ရင်းနှီးကျွမ်းဝင်သူများအဖြစ် အမြဲရှုမြင်သည်။ အဘယ်ကြောင့်ဆိုသော် သူတို့သည် အပြစ်ကင်းစင်၍ ချစ်ဖွယ်ကောင်းသော ဖြူစင်ရိုးသားသူများ ဖြစ်သည်။ သူတို့သည် ငါ၏ အပေါင်းအဖော်သဖွယ် ဖြစ်သည်။ ထိုကြောင့် ငါနှင့် ရင်းနှီးကျွမ်းဝင်သူ အားလုံး စု၍ ငါတို့ဘဝ စံနမူနာများနှင့် ဘဝအစီအစဉ်များအကြောင်း ဆွေးနွေးရန် အခွင့်ကောင်းကို ငါအမြဲစောင့်မျှော်နေသည်။ အဆီးအတားများနှင့် ကွာဟချက်များမရှိဘဲ ငါတို့အားလုံးသည် အသွေးနှင့်အသားကဲ့သို့ ဖြစ်ကြစေရန် ငါတို့အထဲ၌ ဘုရားသခင်၏ အလိုတော် ပြည့်စုံပါစေ။ ငါတို့ အားလုံးဆုတောင်းလိုသည်မှာ - “အို ဘုရားသခင် ကိုယ်တော် အလိုရှိလျှင် ကျွန်ုပ်တို့၏ နှလုံးသားမှ ဆန္ဒများ ပြည့်စုံလာနိုင်အောင် သင့်လျော်သော ပတ်ဝန်းကျင်ကို ထောက်မပေးရန် ကိုယ်တော့်ကို တောင်းလျှောက်ပါမည်။ နှလုံးသားအားအင် တစ်စက်မကျန် အသုံးပြုနိုင်အောင် ငယ်ရွယ်၍ ဆင်ခြင်မှုကင်းမဲ့သော ကျွန်ုပ်တို့အား ဂရုဏာထားတော်မူပါ။” ၎င်းသည် ဘုရားသခင်၏ အလိုတော်ဖြစ်ရမည်ဟု ငါယုံကြည်သည်။ အဘယ်ကြောင့်ဆိုသော် လွန်ခဲ့သောကာလတွင် ဘုရားသခင်အား ဤသို့ ငါလျှောက်ထားခဲ့ဖူးသည် - “အဖ၊ ကမ္ဘာပေါ်ရှိ ကျွန်ုပ်တို့သည် ကိုယ်တော်ရှင်အား တစ်ချိန်လုံး တောင်းလျှောက်ခဲ့ကာ ကမ္ဘာပေါ်တွင် ကိုယ်တော်၏ အလိုတော် ပြည့်စုံလာတော့မည်ကို မျှော်ခဲ့သည်။ ကျွန်ုပ်သည် အလိုတော်ကို လိုက်လျှောက်လိုပါသည်။ အလိုရှိသည်အတိုင်း ပြုတော်မူ၍ ကျွန်ုပ်ကို တာဝန်ပေးစေခိုင်းထားသောအရာကို အမြန်ဆုံး ပြည့်စုံစေတော်မူပါ။ အလိုတော် အမြန်ဆုံး ပြီးမြောက်စေနိုင်သရွေ့ ကျွန်ုပ်တို့အတွင်း၌ လမ်းကြောင်း အသစ်ပင်လျှင် ဖွင့်စေလိုပါသည်။ ကျွန်ုပ်၏ တစ်ခုတည်းသော မျှော်လင့်ချက်မှာ ကိုယ်တော်၏ အမှု အလျင်အမြန် ပြီးဆုံးရန် ဖြစ်ပါသည်။ မည်သည့် ဥပဒေသကမျှ ကိုယ်တော်၏ အမှုကို ရပ်တန့်အောင် လုပ်နိုင်မည်မဟုတ်ဟု ကျွန်ုပ်ယုံကြည်ပါသည်။” ဤသည်မှာ ဘုရားသခင် လက်ရှိဆောင်ရွက်နေသော အမှုဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော် လျှောက်လှမ်းနေသော လမ်းကြောင်းကို သင်မြင်ဖူးသည် မဟုတ်လော။ မိမိထက် အသက်အရွယ်ကြီးသော ညီအစ်ကို မောင်နှမများနှင့် ရင်ဆိုင်ရသောအခါ ငါမဖော်ထုတ်နိုင်သော ဖိနှိပ်မှုခံစားချက်တစ်မျိုးကို အစဉ် ငါခံစားရသည်။ သူတို့နှင့်အတူ ငါရှိနေခိုက်တွင်သာ သူတို့သည် လူ့အသိုက်အဝန်း အနံ့အသက်နှင့် နံဟောင်နေသည်ကို ငါမြင်ရသည်။ သူတို့၏ ဘာသာရေးအယူအဆများ၊ ကိစ္စအဝဝကို ကိုင်တွယ်သည့် အတွေ့အကြုံများ၊ ပြောပုံဆိုပုံ၊ သုံးနှုန်းသော ဝေါဟာရများ၊ စသည်တို့အားလုံးသည် စိတ်ကုန်စရာကောင်းသည်။ သူတို့က ဉာဏ်ပညာနှင့် ပြည့်စုံကြပြီး ငါ၏ ဘဝဆိုင်ရာ အတွေးအခေါ်မှာ အလွန်ပင် ချို့တဲ့လှသောကြောင့် ငါသည် သူတို့ကို အစဉ်အမြဲ ဝေးဝေးရှောင်ဘိသည့်အလားပင် ဖြစ်သည်။ သူတို့နှင့် အတူရှိနေခိုက် ငါပင်ပန်း၍ မတန်တဆ ဖိစီးမှုကို ခံစားရသည်။ တစ်ခါတစ်ရံ ပြင်းထန်လွန်းပြီး ဖိနှိပ်မှုများလွန်းသောကြောင့် ငါသည် အသက်ပင်မရှူနိုင်။ ထိုကဲ့သို့ အန္တရာယ်များလွန်းသော အချိန်အခါများတွင် ဘုရားသခင်သည် ငါ့ကို အကောင်းဆုံး ထွက်မြောက်ရာလမ်းကို ပေးသည်။ ဤသည်မှာ ငါ၏ မှားယွင်းသော ထင်မြင်မှု ဖြစ်ကောင်း ဖြစ်ပေမည်။ ဘုရားသခင်ကို အကျိုးပြုသည့်အရာကိုသာ ငါအလေးထားသည်။ ဘုရားသခင်၏ အလိုတော်ကို ဆောင်ရွက်ခြင်းသာလျှင် အရေးအကြီးဆုံး ဖြစ်သည်။ ထိုလူတို့ကို ငါဝေးဝေးရှောင်သည်။ အကယ်၍ သူတို့နှင့်ဆက်ဆံရန် ဘုရားသခင် အလိုရှိပါက ငါနာခံသည်။ သူတို့သည် အော့နှလုံးနာထိုက်သောသူများ ဖြစ်သောကြောင့် လုံးဝမဟုတ်ပေ။ သို့ရာတွင် သူတို့၏ “ဉာဏ်ပညာ”၊ သူတို့၏ အယူအဆများနှင့် အတွေးအခေါ်များမှာ သည်းမခံနိုင်လောက်အောင် ဖြစ်သောကြောင့် ဖြစ်သည်။ ငါသည် ဘုရားသခင် တာဝန်ပေးစေခိုင်းထားသော အလုပ်ကို ပြီးစီးအောင်ဆောင်ရွက်ရန် ရှိနေခြင်းဖြစ်သည်။ သူတို့၏ အမှုကိစ္စကို ကိုင်တွယ်သည့် အတွေ့အကြုံများကို ဆည်းပူးရန် ရှိနေခြင်းမဟုတ်ပေ။ တစ်ခါက ဘုရားသခင် ငါ့အား ဤသို့ပြောခဲ့ဖူးသည်ကို အမှတ်ရသည်။ “လောကတွင် ခမည်းတော်၏ အလိုတော်ကိုလိုက်ရှာ၍ သင့်ကိုတာဝန်ပေးစေခိုင်းထားသော အလုပ်ကို ပြီးစီးအောင် လုပ်ဆောင်လော့။ အခြားအရာအားလုံးသည် သင်နှင့်မဆိုင်ပေ။” ထိုစကားကို စဉ်းစားမိသည့်အခါ ငြိမ်သက်ခြင်း အနည်းငယ်ကို ငါခံစားရသည်။ အဘယ်ကြောင့်ဆိုသော် ကမ္ဘာလောကနှင့် စပ်ဆိုင်သော အမှုကိစ္စများသည် ရှုပ်ထွေးလွန်းသဖြင့် နားလည်အောင် ငါမစွမ်းဆောင်နိုင်ဟု အမြဲခံစားရသောကြောင့်ဖြစ်သည်။ အဘယ်အရာ လုပ်ဆောင်ရမည်ကို မည်သည့်အခါမျှ ငါမသိ။ ဤအတွက်နှင့် ငါသည် အကြိမ်ပေါင်းမည်မျှ စိတ်ကယောက်ကယက်ဖြစ်ကာ လူသားမျိုးနွယ်ကို မုန်းတီးခဲ့မှန်း မသိချေ။ လူသားတို့သည် အဘယ်ကြောင့် အလွန်ရှုပ်ထွေးသနည်း။ အနည်းငယ် ပို၍ရိုးစင်းခြင်းတွင် အဘယ်အမှားမျိုး ရှိသနည်း။ လူတော်ဖြစ်လိုခြင်းအတွက် အဘယ့်ကြောင့် ပူပင်ရသနည်း။ လူများနှင့် ငါဆက်ဆံရာတွင် အများအားဖြင့် ဘုရားသခင်၏ ငါ့ကို တာဝန်ပေးစေခိုင်းချက်အပေါ် အခြေပြု၍ ဆက်ဆံခြင်း ဖြစ်သည်။ ထိုသို့မဟုတ်သည့် အကြိမ်အနည်းငယ် ရှိခဲ့သည့်တိုင် ငါ၏ နက်ရှိုင်းသော နှလုံးသားတွင် မည်သည့်အရာအား ဖုံးကွယ်ထားသည်ကို မည်သူသိနိုင်မည်နည်း။
ငါနှင့်အတူရှိသော ညီအစ်ကိုမောင်နှမများကို ကိုယ်ကျိုးမကာကွယ်ဘဲ စိတ်နှလုံးအတွင်း၌ ဘုရားသခင်ကို ယုံကြည်သင့်ကြောင်းနှင့် ဘုရားသခင်၏ အလိုတော်ကို ထောက်ထားသင့်ကြောင်း ကြိမ်ဖန်များစွာ ငါတိုက်တွန်းခဲ့သည်။ ဘုရားသခင်၏အလိုတော်ကို လူတို့သည် အဘယ်ကြောင့် ထောက်ထားညှာတာမှု မရှိကြသနည်းဟူ၍ ဘုရားသခင်၏ရှေ့တွင် ကြိမ်ဖန်များစွာ ခါးခါးသီးသီး ငါငိုကြွေးခဲ့ဖူးသည်။ ဘုရားသခင်၏ အမှုမှာ အစအနရှာမရအောင် အကြောင်းမဲ့ ပျောက်ကွယ်သွားမည် ဖြစ်ခြင်းကြောင့်လော။ အဘယ်ကြောင့်မှန်း ငါမသိ၊ ထိုအရာသည် ငါ့စိတ်နှလုံးတွင် ပဟေဠိဖြစ်လာသည်။ လူတို့သည် သန့်ရှင်းသောဝိညာဉ်တော်၏ လမ်းကြောင်းကို သိမှတ်ခြင်း မရှိသော်လည်း မသင့်လျော်သော ပုဂ္ဂိုလ်ရေး ဆက်ဆံမှုများကို အစဉ်အမြဲ ထိန်းသိမ်းကြသည်မှာ အဘယ်ကြောင့်နည်း။ ဤသို့သော လူကို ငါမြင်လျှင် ငါအော်ဂလီဆန်သည်။ သူတို့သည် သန့်ရှင်းသောဝိညာဉ်တော်၏ လမ်းကြောင်းကိုမမြင်ဘဲ လူ့လုပ်ဆောင်မှုများကိုသာ အာရုံပြုသည်။ ဤနည်းဖြင့် ဘုရားသခင်၏ နှလုံးသားကို ကျေနပ်စေနိုင်သလော။ ဤအကြောင်းကြောင့် ငါမကြာခဏ ဝမ်းနည်းမိသည်။ ၎င်းသည် ငါထမ်းရမည့် ဝန်ထုပ်ဝန်ပိုးတစ်ခု ဖြစ်လာပုံရသည်။ သန့်ရှင်းသောဝိညာဉ်တော်သည်လည်း ဤအကြောင်းကို စိုးရိမ်ပူပန်သည်။ သင့်နှလုံးသားတွင် အပြစ်ကို မခံစားမိသလော။ သင်တို့၏ ဝိညာဉ်မျက်စိများကို ဘုရားသခင် ဖွင့်ပေးပါစေ။ ဝိညာဉ်အတွင်းသို့ ဝင်ရောက်ရန် လူတို့အား ဦးဆောင်လမ်းပြသူတစ်ဦးအနေဖြင့် ဘုရားသခင် ရှေ့မှောက်တွင် ကြိမ်ဖန်များစွာ ငါဆုတောင်းခဲ့သည်။ “အို အဖ၊ ကိုယ်တော်၏ အလိုတော်ကို ဗဟိုပြု၍ အလိုတော်ကို လိုက်ရှာပါမည်။ ဤလူစုကို ရယူရန်ဖြစ်သည့် ကိုယ်တော် တာဝန်ပေးစေခိုင်းထားသော တာဝန်ကို ကျွန်ုပ်သစ္စာရှိပါမည်။ ကျွန်ုပ်တို့၏ ဝိညာဉ်များဖြင့် ကိုယ်တော်ကို ထိတွေ့နိုင်ရန် လွတ်လပ်သော ကမ္ဘာတစ်ခုဆီသို့ ကျွန်ုပ်တို့အား ပို့ဆောင်တော်မူပါ။ ကျွန်ုပ်တို့၏ နှလုံးသားများအတွင်း၌ ဝိညာဉ်ရေးရာ ခံစားချက်များကို နိုးကြွစေတော်မူပါ။” ဘုရားသခင်၏အလိုတော် ပြည့်စုံစေရန် ငါမျှော်လင့်သည်။ ထိုကြောင့် သူ၏ ဝိညာဉ်တော်မှ ငါတို့အား ဆက်လက်၍ ဉာဏ်ပွင့်စေကာ သန့်ရှင်းသောဝိညာဉ်တော် ဦးဆောင်သောလမ်းကို ငါတို့ အားလုံး လျှောက်လှမ်းနိုင်ရန် မရပ်မနား ငါဆုတောင်း၏။ အဘယ်ကြောင့်နည်းဟူမူကား ငါလျှောက်လှမ်းနေသော လမ်းကြောင်းသည် သန့်ရှင်းသောဝိညာဉ်တော်၏ လမ်းကြောင်း ဖြစ်သည်။ ငါ့ကိုယ်စား ထိုလမ်းကြောင်းကို မည်သူလျှောက်လှမ်းနိုင်မည်နည်း။ ဤသည်မှာ ငါ့ဝန်ထုပ်ကို ပို၍ လေးလံစေသည်။ ငါလဲကျလုမတတ် ခံစားရသည်။ သို့ရာတွင် ဘုရားသခင်သည် သူ့အမှုကို လုံးဝကြန့်ကြာစေမည် မဟုတ်သည်ကို ငါယုံကြည်သည်။ သူငါ့ကို တာဝန်ပေးစေခိုင်းထားသော အရာပြီးဆုံးသောအခါ ငါတို့ လမ်းခွဲကြရဖွယ်ရှိသည်။ ထိုကြောင့် ငါ့တွင် သူများနှင့် မတူသော ခံစားချက် အမြဲတမ်းရှိခဲ့သည်မှာ ဘုရားသခင်၏ ဝိညာဉ်တော်သက်ရောက်မှုကြောင့် ဖြစ်ကောင်းဖြစ်မည်။ ဘုရားသခင်က အမှုအချို့ပြုလိုပြီး ထိုအမှုကို ယခု ငါနားမလည်သေးသည့်အလား ဖြစ်သည်။ သို့ရာတွင် ငါနှင့် ရင်းနှီးကျွမ်းဝင်သူများထက် ဤကမ္ဘာပေါ်တွင် မည်သူမျှ မသာလွန်သည်ကို ငါယုံကြည်၍ ငါနှင့် ရင်းနှီးကျွမ်းဝင်သူများမှာ ဘုရားသခင် ရှေ့မှောက်တွင် ငါ့အတွက် ဆုတောင်းကြလိမ့်မည်ဟု ငါယုံကြည်သည်။ သို့ဖြစ်ခဲ့လျှင် ငါသည် အတိုင်းအဆမရှိ ကျေးဇူးတင်ပေမည်။ ငါ၏ ညီအစ်ကို မောင်နှမများသည် ငါနှင့်အတူ ဤသို့ဆိုကြမည်ဟု ငါမျှော်လင့်သည်။ “အို ဘုရားသခင်၊ ဝိညာဉ်၏အသက်အားဖြင့် ကျွန်ုပ်တို့ ကောင်းချီးခံစားကြရ၍ ဘုရားသခင်၏ဝိညာဉ်တော်၏ လုပ်ဆောင်ချက်များနှင့် သူ၏မျက်နှာတော်အစစ်ကို ဖူးမြင်ခွင့် ရရှိနိုင်ရန် နောက်ဆုံးသောကာလတွင် ကိုယ်တော်၏ အလိုတော်ကို ကျွန်ုပ်တို့အတွင်း၌ အပြည့်အဝ ဖွင့်ပြတော်မူပါ။” ငါတို့ ဤအဆင့်သို့ ရောက်ရှိပြီးသောအခါ ငါတို့သည် ဝိညာဉ်တော် လမ်းညွှန်မှုအောက်တွင် အမှန်တကယ် အသက်ရှင်၍ ထိုအချိန်မှသာ ဘုရားသခင်၏ မျက်နှာတော်အစစ်ကို ငါတို့ ဖူးမြင်နိုင်မည် ဖြစ်သည်။ တစ်နည်းအားဖြင့် လူတို့သည် သမ္မာတရား အားလုံး၏ အဓိပ္ပာယ် အစစ်အမှန်ကို နားလည်ကြလိမ့်မည် ဖြစ်သည်။ လူသား၏ အယူအဆများဖြင့် နားလည်အဘောပေါက်ခြင်း မဟုတ်ဘဲ ဘုရားသခင်၏ ဝိညာဉ်တော်၏ အလိုတော်အရ ဉာဏ်ပွင့်လင်းခြင်း ဖြစ်ပေါ်သည်။ အလုံးစုံတို့သည် ဘုရားသခင်ကိုယ်တော်တိုင် လုပ်ဆောင်ခြင်း ဖြစ်သည်။ လူ့အကြံ အလျင်းမပါပေ။ ၎င်းသည် ကမ္ဘာပေါ်တွင် သူဖွင့်ပြလိုသော လုပ်ဆောင်ချက်များအတွက် သူ၏လုပ်ငန်းစီမံချက်ဖြစ်၍ ကမ္ဘာပေါ်ရှိ သူ၏ နောက်ဆုံးအမှုဖြစ်သည်။ ဤအမှုတွင် သင်ပါဝင်လိုသလော။ ဤအမှု၏ အစိတ်အပိုင်းတစ်ခု သင်ဖြစ်လိုသလော။ သန့်ရှင်းသောဝိညာဉ်တော်၏ စုံလင်စေမှုကို ခံယူ၍ ဝိညာဉ်အသက်ကို မွေ့လျော်လိုသည့် ဆန္ဒ သင်၌ရှိသလော။
ယခုတွင် အလွန်တရာအရေးကြီးသော အလုပ်မှာ မူလအခြေခံအုတ်မြစ်မှ နယ်ရှိုင်းစွာ ဝင်ရောက်ရန် ဖြစ်သည်။ သမ္မာတရား၊ ရူပါရုံနှင့် ငါတို့အသက်တာ ကဏ္ဍများတွင် ငါတို့ နက်ရှိုင်းစွာ ဝင်ရောက်ရမည်။ သို့ရာတွင် ဤအမှုသို့ ဝင်ရောက်ရန်အတွက် မိမိတို့၏ ယခင်က အယူအဆများကို စွန့်လွတ်ရမည့်အကြောင်း ငါ့ညီအစ်ကိုမောင်နှမများကို ဦးစွာ ငါသတိပေးရမည်။ ဆိုလိုသည်မှာ မိမိ၏ ယခင် အသက်တာပုံစံကို ပြောင်းလဲကာ အစီအစဉ်အသစ် ချမှတ်လျက် သာလွန်သောအမူအကျင့် စတင်ရမည်။ အတိတ်က မိမိတန်ဖိုးထားသောအရာများကို စွဲမြဲနေလျှင် သင်၌ သန့်ရှင်းသောဝိညာဉ်တော် လှုပ်ရှားနိုင်မည် မဟုတ်ပေ။ သင်ဆက်လက်ရှင်သန်နိုင်ရုံမျှသာ သူစွမ်းဆောင်နိုင်မည် ဖြစ်သည်။ လူတစ်ဦးသည် ရှာဖွေခြင်း သို့မဟုတ် ၀င်ရောက်ခြင်းလည်း မပြု၊ အစီအစဉ်လည်း မဆွဲပါလျှင် သူ့ကို သန့်ရှင်းသောဝိညာဉ်တော်သည် လုံးဝစွန့်လွတ်မည် ဖြစ်သည်။ ၎င်းကို ခေတ်ကာလ၏ စွန့်ပစ်ခြင်းကို ခံရသူဟုခေါ်သည်။ ငါ့ညီအစ်ကိုမောင်နှမ အားလုံး ငါ့နှလုံးသားကို နားလည်နိုင်မည်ဟု ငါမျှော်လင့်ပြီး ဤအလုပ်ကို အတူတကွ ပြီးစီးနိုင်ရန်အတွက် “အသစ်ဝင်လာသူများ” ထ၍ ဘုရားသခင်နှင့် အတူ အလုပ်လုပ်နိုင်မည်ကို ငါမျှော်လင့်သည်။ ဘုရားသခင်သည် ငါတို့ကို ကောင်းချီးပေးမည်ဟု ငါယုံကြည်သည်။ ကမ္ဘာအဆုံးတိုင်အောင် ငါသွား၍ ငါတို့ကြားတွင် မေတ္တာတိုးပွားလာအောင် ဘုရားသခင်သည် ငါနှင့် ရင်းနှီးကျွမ်းဝင်သူ တိုးပွားလာစေမည်ကိုလည်း ငါယုံကြည်သည်။ ငါတို့၏ ခွန်အားစိုက်ထုတ်မှုဖြင့် ဘုရားသခင်သည် သူ၏နိုင်ငံတော်ကို တိုးချဲ့မည်ကို ငါတထစ်ချ ယုံကြည်၍ ဘုရားသခင်သည် ငယ်ရွယ်သူများကို ပိုမိုရယူနိုင်စေရန် ငါတို့၏ အားသွန်ခွန်စိုက် လုပ်ဆောင်မှုသည် မကြုံစဖူး မြင့်မားသောအဆင့်သို့ ရောက်ရှိမည်ဟု ငါမျှော်လင့်သည်။ ငါတို့၏အသက်တာများသည် ဘုရားသခင်ရှေ့မှောက်တွင် အသက်ရှင်ခွင့်ရ၍ သူနှင့် ရင်းနီးကျွမ်းဝင်မှုရအောင် ဤသည်အတွက် ငါတို့အားလုံး သာ၍ဆုတောင်းကာ ဘုရားသခင်အား ရပ်တန့်ခြင်းမရှိဘဲ အသနားခံကြပါစို့။ ငါတို့ကြားတွင် အဆီးအတားများ ကင်းလျက် ဘုရားသခင် ရှေ့မှောက်တွင် ဤကတိသစ္စာကို အတူတကွ ဆိုကြပါစို့။ “စည်းလုံးမှုဖြင့် အလုပ်လုပ်ရန်၊ အဆုံးတိုင်အောင် ဆက်ကပ်ကြရန်၊ လုံးဝ မခွဲခွာကြရန်၊ ထာဝရ ပေါင်းစည်းကြရန်”။ ငါတို့၏ နှလုံးသားများ လမ်းလွဲမှု မရှိစေရန်နှင့် ငါတို့၏ ဆန္ဒများ ယိမ်းယိုင်မှု မရှိစေရန် ငါ၏ ညီအစ်ကိုမောင်နှမများ ဘုရားသခင်ရှေ့တွင် ဤသံန္နိဋ္ဌာန် ပြုကြပါစေသား။ ဘုရားသခင်၏ အလိုတော်ပြည့်စုံစေရန်အတွက် ငါတစ်ဖန်ပြန်လည် ပြောလိုသည်မှာ၊ ကြိုးစားအားထုတ်ကြလော့။ အကောင်းဆုံး လုပ်ဆောင်လော့။ ဘုရားသခင်သည် ငါတို့ကို မုချ ကောင်းချီးပေးလိမ့်မည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏မှ
များပြားသောအကြံပြုချက်များ
Myanmar Gospel Song | ဘုရား၏စစ်မှန်သောမေတ္တ
No comments:
Post a Comment