လီဟန်၊ ကျင်းရှီစီရင်စု
ဘုရားသခင်၏ ကျေးဇူးတော်မှ တစ်ဆင့် အသင်းတော်ခေါင်းဆောင်တာဝန်ကို ကျွန်မ ယူခဲ့ပါသည်။ ထိုအချိန်က ကျွန်မ အလွန်စိတ်အားထက်သန်ပြီး ဘုရားသခင်ရှေ့တွင် ကျွန်မ စိတ်ပိုင်းဖြတ်ချက်တစ်ခုချခဲ့သည်။ ဘာကိုပဲ ကျွန်မ ကြုံတွေ့ပါစေ ကျွန်မရဲ့ တာဝန်ဝတ္တရားတွေကို မစွန့်လွှတ်ဘူး။ ကျွန်မ တစ်ခြားအစ်မနဲ့ ကောင်းကောင်းအလုပ်လုပ်မယ်။ သမ္မာတရားနောက်ကို ကြိုးစားလိုက်လျှောက်တဲ့ သူတစ်ယောက်ဖြစ်မယ် ဟူ၍ ဖြစ်သည်။ သို့သော် ကျွန်မက စိတ်ပိုင်းဖြတ်ချက် ချခြင်းသက်သက်သာ ဖြစ်ပြီး လက်တွဲညီသောအလုပ်ဆက်ဆံရေး၏စစ်မှန်မှုထဲသို့ မည်သို့ ဝင်ရောက်ရမည်ကို မသိခဲ့ပါ။ ကျွန်မ နှင့် အတူအလုပ်လုပ်နေသော အစ်မ နှင့် ပထမဆုံး အသင်းတော်ကိစ္စရပ်များကို စီစဉ်သောအချိန်တွင်၊ ကျွန်မတို့တွင် မတူညီသော အမြင်များ ရှိသောအခါ ကျွန်မ၏အဖော်ကို ကျွန်မ အပြစ်မတင်မိဖို ကျွန်မ၏နှလုံးသား နှင့် ဝိညာဉ်ကို ကာကွယ်ဖို့တောင်းဆိုရင်း ဘုရားသခင်ကို သတိရှိရှိ ဆုတောင်းပါသည်။ သို့သော် ကျွန်မ၏အဖော် နှင့် ပဋိပက္ခတွေမဖြစ်အောင် ကျွန်မ၏ အပြုအမူများကို ထိန်းချုပ်သောနေရာ၌သာ ကျွန်မ အာရုံစိုက်နေခဲ့သည်။ ထို့ကြောင့် ကျွန်မ သမ္မာတရားထဲကို မဝင်ရောက်ခဲ့ပါ။ ထို့ကြောင့် အချိန်ကြာလာသည် နှင့်အမျှ အစ်မ နှင့် ပိုပိုပြီး သဘောမတိုက်ဆိုင်မှုများ ရှိလာသည်။ တစ်ခါတွင်ကျွန်မသည် အစ်မတစ်ယောက်ကို ယုံကြည်သူသစ်များအား ရေလောင်းသောရာထူး တိုးပေးချင်ခဲ့၏။ ကျွန်မ နှင့် အတူအလုပ်လုပ်နေသောအစ်မက ယင်းအစ်မက မကောင်းပါဟု ပြောသည်။ သင့်တော်သည့်လူကို ကျွန်မလဲပြီးနောက်တွင် သူက ဒါ မကောင်းဘူးဟု ပြောနေဆဲပင် ဖြစ်သည်။ ကျွန်မ ချက်ချင်းစိတ်တိုပြီး စိတ်ဆိုးဆိုး နှင့် “ ဘယ်သူကမှ မကောင်းဘူး။ နင်ပဲ ကောင်းတယ်” ဟု ပြောလိုက်သည်။ သို့ဖြစ်၍ ဤကိစ္စကို လုံးဝ ထပ်မပြောတော့ပါ။ သူက ထိုအကြောင်းကိုမေးသောအခါ ကျွန်မ စိတ်တိုတို နှင့်၊ “ နင်ကြိုက်တဲ့သူကိုရွေး၊ ငါ ဂရုမစိုက်ဘူး” ဟု ပြောလိုက်သည်။ နောက်ပိုင်းတွင် သူဘာပဲပြောပြော သဘောထားကွဲလွဲမှုရှိခဲ့လျှင် ကျွန်မ ဘာမှမပြောတော့ပါ။ ပဋိပက္ခဖြစ်ခြင်းများကို ရှောင်နိုင်မည်ဟု တွေးထင်ရင်း ကျွန်မ ရေငုံနှုတ်ပိတ်နေလိုက်သည်။ တစ်ခါတစ်လေမှာ ချုပ်တည်းရခြင်းက မခံနိုင်အောင်ဖြစ်လာသည်။ ထို့ကြောင့် ကျွန်မ မှားသွားခဲ့ပြီဟု ခံစားရင်း တစ်နေရာရာ၌ ပုန်းကာ ငို ကြွေးခဲ့သည်။ နင်က မလုပ်နိုင်ဘူးလား။ ဒါဆိုရင် နင့်ဖာသာလုပ်လေ။ ပြီးရင် နင် ကိုယ့်ကိုယ်ကိုယ် အရူးလုပ်နေတာကို ကြည့်မယ် ဟုပင် ကျွန်မစဉ်းစားခဲ့သည်။ နောက်ပိုင်း တစ်ခါတွင် အထက်ခေါင်းဆောင်က ကျွန်မ ကိုင်တွယ်ဖြေရှင်းရမည့် တာဝန်တစ်ခု ပေးခဲ့သည်။ ကိစ္စတစ်ခုလုံးကို ကျွန်မကိုယ်တိုင် ဆုံးဖြတ်ပြီး စီစဉ်ရသည်။ ယင်းနှင့် ပတ်သက်၍ ကျွန်မ အတော်ကျေနပ်သလို ခံစားခဲ့ရသည်။ ကျွန်မနှင့်အတူလုပ်နေသောအစ်မက ကျွန်မကို ချီးကျူးပြီး နှစ်သိမ့်မည်ဟု ထင်ခဲ့သည်။ မျှော်လင့်မထားပဲ ကျွန်မ၏အဖော်က ရေအေးတစ်လုံးနှင့် ကျွန်မကို လောင်းချလိုက်သကဲ့သို့ ငြင်းလိုက်ပြီး၊ “ ဒါက လုပ်ဖို့ တကယ်ကို မှန်ကန်တဲ့ နည်းလမ်းမဟုတ်ဘူး” ဟု ပြောလိုက်လေသည်။ ဤအရာက ကျွန်မကို တကယ်ဒေါသထွက်စေပါသည်။ ရှင် တကယ့်အခြေအနေကို နားမလည်ပဲနဲ့ လုံးဝ ငြင်းပယ်လိုက်တယ်။ ဒါတော်တော် ဘဝင်မြင့်တာပဲ ဟု ကျွန်မ တွေးလိုက်သည်။ ဤသို့ဖြင့် ကျွန်မတို့၏ အမြင်များကို ကိုင်စွဲထားပြီး မည်သူမျှ အချင်းချင်း လက်ခံပေးဖို့ ဆန္ဒမရှိကြပါ။ နောက်ပိုင်းတွင် ဘုရားသခင်၏နှုတ်ကပတ်တော် ဆွေးနွေးမှုများကိုပင် ကျွန်မ နားမထောင်တော့ပါ။ ယင်းကို ကျွန်မ စဉ်းစားလေလေ၊ သူမှားသည်ဟု ကျွန်မ ခံစားရလေလေဖြစ်သည်။ သူ့၏ စီနီယာဖြစ်ခြင်းကို အခွင့်ကောင်းယူပြီး ကျွန်မကို တမင်သက်သက် အခက်တွေ့စေသည်မှာ သူဖြစ်သည်။ ကျွန်မ သူ့ကို အထပ်ထပ်သည်းခံခဲ့သော်လည်း သူ ကျွန်မကို ဤသို့ ဆံဆက်လျက်ပင်ရှိသေးသည်ကိုလည်း တွေးမိပါသည်။ ကျွန်မ စဉ်းစားကြည့်လေလေ ကျွန်မ မှားခဲ့သည်ဟု ခံစားရလေလေ ဖြစ်သည်မှာ အမှောင်ထဲမှာ ကျွန်မ လုံးဝကျန်ရစ်ခဲ့ပြီး သန့်ရှင်းသောဝိညာဉ်တော်ရဲ့လုပ်ဆောင်မှု ပျောက်ဆုံးသွားခဲ့သည်အထိ ဖြစ်သည်။ ထိုအချိန်မှစပြီး ကျွန်မ သူနှင့်အလုပ်လုပ်ဖို့ ဆန္ဒမရှိခဲ့ပါ။ ကျွန်မ အနေနှင့် ဒီကိစ္စက ကိုင်တွယ်ဖို့ ခက်တဲ့အတွက် ကျွန်မ ဒီကိစ္စကနေ ပုန်းပဲနေလိုက်တော့မယ်ဟု စဉ်းစားခဲ့သည်။ ထိုအချိန်က ဤအခြေအနေမျိုးက အတော်အန္တရာယ်ရှိသည်ကိုလည်း ကျွန်မ သိပါသည်။ ဆိုးဝါးသောအရာ တစ်စုံတစ်ခု လုပ်မိခြင်းကို ရှောင်ကြဉ်ဖို့ တာဝန်တွေကို အမြန်ဆုံးလဲလိုက်ဖို တောင်းခံလျှင် ပိုကောင်းမည်ဟု ကျွန်မ တွေးမိသည်။ ထိုကြောင့် နှုတ်ထွက်စာကိုရေးဖို့ ကျွန်မ၏ သိပ်အရေးမပါသော ဝိညာဉ်အသက်တာ နှင့် အရည်အချင်းမပြည့်မှီမှုတို့ကို ဆင်ခြေအဖြစ်အသုံးချခဲ့သည်။ မကြာမီမှာပင် အထက်ခေါင်းဆောင်မှ ရှုံးနိမ့်ခြင်း နှင့် နှုတ်ထွက်ခြင်းကို ဝန်ခံခြင်းနှင့် ဆိုင်သည့် အခြေခံစည်းမျဉ်းများ နှင့် လူတို့ကို ကယ်တင်ဖို့ ဘုရားသခင် လုပ်ဆောင်သော ကြီးမြတ်သည့် စာနာထောက်ထားမှုအကြောင်းကို ဝေမျှခဲ့ပါသည်။ သို့သော် ကျွန်မ၏ နှလုံးသားက မာကျောနေပြီး ပျော့ပြောင်းမသွားပါ။
နောက်တစ်နေ့မနက်တွင် ကျွန်မ အိပ်ရာကထပြီးနောက် ကျွန်မခေါင်းထဲတွင် လုံးဝ ဗလာဖြစ်နေသည်။ ကျွန်မ ဆုတောင်းသောအခါ၌ပင် ဘုရားသခင်ကို မခံစားရပဲ ဘုရားသခင်က ကျွန်မကို စွန့်ပစ်သွားပြီ ဟု ကျွန်မ ခံစားရသည်။ ကျွန်မ ကြောက်ပြီး ထိတ်လန့်သွားသည်။ ဘုရားသခင်အား ကျွန်မကို စက်ဆုပ်သွားစေသည်က ကျွန်မ၏အနေအထိုင် အပြုအမူ ဖြစ်သည်မှာ သေချာပါသည်။ ဤအကျိုးရလဒ်ကြောင့် ကျွန်မကိုယ့်ကိုယ်ကိုယ် ဆန်းစစ်ဖို့ စတင်ပြုလုပ်ပါသည်။ ဖြစ်ခဲ့သမျှ အားလုံးကို ကျွန်မတွေးပြီးနောက်တွင် ကျွန်မ၏ စိတ်သဘောက ဘုရားသခင်အား ကျွန်မကို ရွံ့ရှာမုန်းတီးစေခဲ့သည်ဆိုသည်ကို ကျွန်မ မြင်ခဲ့သည်။ ကျွန်မ၏အတွေးများ နှင့် အပြုအမူများက လုံးဝ မယုံကြည်သူတစ်ယောက်ကဲ့သို ဖြစ်နေသည်။ ကျွန်မက မပြောင်းမလဲ တည်ရှိနေသူကဲ့သို့ အသက်ရှင်ခဲ့သည်။ ဘုရားသခင်၏နှုတ်ကပတ်တော်က ကျွန်မ၏ အပြုအမူများထဲ၌ မရှိသလို၊ ဘုရားသခင်ကို ကျွန်မကြောက်ရွံ့ခြင်းမရှိခဲ့ပါ။ ကျွန်မသည်သမ္မာတရားကို လက်မခံသောလူတစ်ယောက်သက်သက်သာ ဖြစ်ပါသည်။ အကျိုးရလဒ်အနေနှင့် ကျွန်မသည် စာတန်၏လှည့်စားခြင်းကို ခံခဲ့ရပြီး ကျွန်မ၏တာဝန်ဝတ္တရားများကို မသိလိုက်ဖာသာပဲ စွန့်လွှန်ခဲ့ပါသည်။ ဤအရာကို သတိပြုမိလာပြီးနောက်ပိုင်းတွင် ကျွန်မသည် ဘုရားသခင်ရှေ့၌ ချက်ချင်းပျပ်ဝတ်လိုက်ပြီး၊ “ အိုး အနန္တတန်ခိုးရှင်ဘုရားသခင် ကျွန်မ မှားပါတယ်။ ကျွန်မ ကိုယ်တော်ကို ယုံကြည်ခဲ့တယ်။ ဒါပေမဲ့ ကိုယ်တော်ရဲ့ အမှုတော်ကို တွေ့ကြုံဖို့ ဆန္ဒမရှိခဲ့ဘူး။ ကျွန်မရဲ့ ပတ်ဝန်းကျင်ကို ကိုယ်တော်စီစဉ်ခဲ့ပြီး ကျွန်မက ဒါကိုလက်ခံဖို့ ဆန္ဒမရှိခဲ့ဘူး။ ကျွန်မ ကိုယ်တော်ရဲ့ အပြစ်ဒဏ်ခတ်ခြင်းနဲ့ တရားစီရင်ခြင်းကို တကယ်ကိုစိတ်ရင်းအတိုင်း ရှောင်ချင်ခဲ့မိပါတယ်။ ကိုယ်တော်ရဲ့ချစ်ခြင်းက ကျွန်မဆီကို ကျရောက်တဲ့အခါမှာ ကျွန်မဟာ ကျေးဇူးမတင်ရုံတင်မကဘဲ ကိုယ်တော်ကို မကျေမနပ်ပြောဆိုပြီး နားလည်မှုလွဲခဲ့ပါတယ်။ ကျွန်မရဲ့ အနေအထိုင်အပြုအမူက ကိုယ်တော်ကို နာကျင်စေခဲ့ပါတယ်။ အိုး ဘုရားသခင် ကိုယ်တော်ရဲ့ အမှုတော်ထဲမှာ ကျွန်မကို ဖော်ပြပြီးကျွန်မအတွင်းမှာရှိတဲ့ စာတန်ရဲ့ စိတ်သဘောကို သိမြင်ဖို့ အခွင့်ပေးတဲ့အတွက် ကိုယ်တော်ကို ကျေးဇူးတင်ပါတယ်။ ဒီလိုသာမဟုတ်ရင် ကျွန်မက ဆိုးတဲ့သူမဟုတ်ဘူးလို့ ထင်နေဦးမှာဖြစ်ပါတယ်။ အခု ကျွန်မရဲ့ ဝိညာဉ်အသက်တာကတကယ် သိပ်ကိုသေးငယ်တာကို ကျွန်မ မြင်ပါတယ်။ အသေးငယ်ဆုံး အခက်အခဲလေးတွေတောင်မှ ကျွန်မ မကိုင်တွယ်နိုင်ပါဘူး။ ကျွန်မ မနှစ်သက်တဲ့ အရာတစ်ခုခုဖြစ်တဲ့အခါမှာ ကျွန်မ ကိုယ်တော့်ကို သစ္စာဖောက်ဖို့ စဉ်းစားတယ်။ ကိုယ်တော်နဲ့ ကျွန်မပြုလုပ်ခဲ့တဲ့ သစ္စာဆိုမှုကို စွန့်ပစ်ခဲ့ပါတယ်။ အိုး ဘုရားသခင် ကျွန်မ ဝန်ချတောင်းပန်ဖို့ ဆန္ဒရှိပါတယ်။ ကျွန်မဟာ ကိုယ်တော်ရဲ့ နှုတ်ကပတ်တော်တွေကနေတစ်ဆင့် ကိုယ့်ကိုယ်ကိုယ် သိဖို့၊ ကိုယ်တော့နှုတ်ကပတ်တော်တွေရဲ့ တရားစီရင်ခြင်းနဲ့ ပြစ်တင်ဆုံးမမှုတွေကို လက်ခံဖို့ ဆန္ဒရှိပါတယ်။ ကျွန်မဟာ ဒီပတ်ဝန်းကျင်မှာ ကိုယ်တော်ကို ဆက်ကပ်အပ်နှံပြီး အစ်မနဲ့ ကောင်းမွန်စွာအလုပ်လုပ်ဖို့ ဆန္ဒရှိပါတယ်။ အိုး ဘုရားသခင် ကျွန်မဟာ စာတန်ရဲ့ အုပ်စိုးမှုအောက်မှာနေပြီး ကျွန်မရဲ့ ဖောက်ပြန်ပျက်ဆီးတဲ့ စိတ်သဘောထားက ဘောင်ခတ်တာကို မခံချင်တော့ပါဘူး။ ကျွန်မဟာ ကျွန်မရဲ့ ကိုယ်ပိုင် ဂုဏ်သိက္ခာနဲ့နေထိုင်ဖို့ ဆန္ဒမရှိတော့ပါဘူး။ ဒါပေမဲ့ ကိုယ်တော်ကို တစ်ကြိမ် စိတ်ကျေနပ်စေဖို့ ဆန္ဒရှိနေပါတယ်” ဟု ဝန်ချတောင်းပန်ခဲ့ပါသည်။ ဆုတောင်းပြီးနောက် ကျွန်မ ငိုကြွေးခဲ့ပါသည်။ ထို့နောက် မကြာမီ ကျွန်မ၏အလုပ်နှုတ်ထွက်ခြင်းစာကို ပြန်ယူခဲ့ပြီး ချက်ချင်းအစိတ်စိတ်အပိုင်းပိုင်းဖြစ်အောင် ကျွန်မ ဆုတ်ဖြဲလိုက်ပါသည်။ ထိုနေ့ ကျွန်မတို့ စုဝေးကြသောအခါ ကျွန်မတို့ထဲက တစ်ချို့က ဘုရားသခင်၏နှုတ်ကပတ်တော်ကို အတူဖတ်ခဲ့ကြပါသည်- “ သင်တို့၏ ဂုဏ်သတင်းမှာ အဖျက်ဆီးခံခဲ့ရသည်၊ သင်တို့၏ အမူအရာမှာ ရှက်ဖွယ် ဖြစ်နေသည်၊ သင်တို့၏ ပြောပုံဆိုပုံမှာ အောက်တန်းကျသည်၊ သင်တို့၏ အသက်တာမှာ စက်ဆုပ်ဖွယ်ကောင်းပြီး သင်တို့ အားလုံး၏ လူသားဖြစ်ခြင်းပင်လျှင် အောက်တန်းကျနေသည်။ သင်တို့သည် လူအများအပေါ် အမြင် ကျဉ်းမြောင်းပြီး အသေးအမွှား အရာတိုင်းအပေါ် သင်တို့ ကတ်ကတ်သတ်သတ် ပြောဆိုကြသည်။ ငရဲ မီးအိုင်ထဲသို့ သင်တို့ ဆင်းလိုကြလောက်အောင်ပင် သင်တို့၏ ဂုဏ်သတင်း နှင့် အဆင့်အတန်းအတွက် သင်တို့ ငြင်းခုံတတ်ကြသည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ သင်တို့၏စရိုက်မှာ အလွန်အောက်တန်းကျလေစွ” ) “ လူတို့သည် ၎င်းတို့ကိုယ်ကိုယ် များစွာ တောင်းဆိုကြခြင်း မရှိသော်လည်း ဘုရားသခင်ကို များစွာတောင်းဆိုတတ်ကြသည်။ ၎င်းတို့ကို အထူးသဖြင့် ချီးမြှင့်ရန်၊ စိတ်ရှည် သည်းခံရန်၊ ချစ်ခင်မြတ်နိုးရန်၊ ထောက်ပံ့ပေးရန်၊ ပြုံးရယ်ပြရန်၊ နည်းလမ်းများစွာဖြင့် ၎င်းတို့ကို စောင့်ရှောက်ရန် ဘုရားသခင်ကို ၎င်းတို့ တောင်းဆိုကြသည်၊ ထို့အပြင် သူသည် ၎င်းတို့အပေါ် မည်သို့မျှ တင်းကျပ်ခြင်း သို့မဟုတ် ၎င်းတို့ကို အနည်းငယ်မျှပင် ဝမ်းနည်းစေသော အရာတစ်စုံတစ်ခုကိုပြုခြင်း မရှိစေဘဲ ၎င်းတို့ကို နေ့ရက်စဉ်တိုင်း ချော့မော့သွားရန် တောင်းဆိုကြသည်။ လူသား၏ ဆင်ခြင်တုံတရားမှာ အလွန်ချို့တဲ့လေစွ။” (ဘုရားသခင်၏ နှုတ်ကပတ်တော်က ကျွန်မ၏ ကျက်သရေမရှိသောအခြေအနေနှင့် နတ်ဆိုးကဲ့သို့သော အသွင်အပြင်ကို အလင်းဆီ ဆောင်ကြဉ်းပေးခဲ့သည် (ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ဘုရားသခင်အပေါ် အမြဲတစေ တောင်းဆိုချက်များ ရှိကြသောလူများမှာ ဆင်ခြင်တုံတရား အနည်းဆုံးလူများ ဖြစ်သည်”) ကျွန်မမနေနိုင်တော့ဘဲ တွားသွားပြီးဝင်လိုက်ဖို့ကမ္ဘာမြေကြီးပေါ်က အက်ကြောင်းကြီးကိုတွေ့ဖို့သာ ဆန္ဒရှိလာသည်အထိ သိပ်ကို အရှက်ရမိခဲ့ပါသည်။ ဘုရားသခင့်နှုတ်ကပတ်တော်၏ ဖွင့်ပြခြင်းနဲ့ အလင်းပြခြင်းတို့မှ တစ်ဆင့် ကျွန်မ အတွင်း၌ ရှိသော စာတန်စိတ်သဘောထားကအလွန်ပြင်းထန်သည်ကို ကျွန်မ မြင်နိုင်ခဲ့သည်။ ကျွန်မ တစ်ခြားလူများထက် ပိုသာသည်ဟု ခံစားရ သည်အထိ မာနထောင်လွှားပြီး စိတ်ကြီးဝင်သော စိတ်သဘော ရှိခဲ့သည်။ ကျွန်မ ကိုယ့်ကိုယ်ကိုယ် သတိပြုမိခြင်း နည်းနည်းလေးမှ မရှိခဲ့ပါ။ ကျွန်မက ဘာမျှ ပိုမသာခြင်း မရှိသည်ကို မသိမြင်ခဲ့ပါ။ ထို့ကြောင့် ကျွန်မ အစ်မ နှင့် အတူ အလုပ်လုပ်သောအခါကျွန်မက ဦးဆောင်သောသူ၊ ခေါင်းဆောင်ဖြစ်သည်ဟု အမြဲတမ်း တွေးခဲ့သည်။ အစ်မကို အရာရာတိုင်း၌ ကျွန်မနောက်ကိုလိုက်ဖို့၊ ကျွန်မ စကားနားထောင်ဖို့ ဆန္ဒပြင်းပြခဲ့သည်။ ကျွန်မက အကြီးအကဲဖြစ် သည်ဟု အမြဲတမ်း တွေးထင်ခဲ့သည်။ အစ်မ၏ အမြင်က ကျွန်မအမြင်နှင့်ကွဲလွဲသောအခါ ကွဲလွဲမှုကို ဖြေရှင်းဖို့ သမ္မာတရားကို မရှာခဲ့ပါသို့မဟုတ် တူညီသော နားလည်မှုရအောင် မလုပ်ခဲ့ပါ။ ယင်းထက်၊ ကျွန်မ၏ မကျေမနပ်ဖြစ်မှုများကို ဖွင့်ချဖို့အတွက် ကျွန်မ၏အလုပ်ကို ထားခဲ့ဖို့အထိ အရှက်ရသွားသည့်အတွက်ကြောင့် ကျွန်မ စိတ်ဆိုးခဲ့ပြီး မကြည်ဖြူသောပုံစံပြခဲ့သည်။ အစ်မအပေါ်မှာ အပေါ်ယံအမြင်တွေ ဖြစ်လာပြီး ကျွန်မတို့၏မကောင်းသောဆက်ဆံရေးကို တိုးတက်အောင်ကိုယ်တိုင်စလုပ်ဖို့ လုံးဝ မတွေးခဲ့ပါ။ ကျွန်မတို့ အတူတူအလုပ်လုပ်နေသောအချိန်တွင်ကျွန်မက အမြဲတမ်းသဘောထားကြီးသော စိတ်သဘောကို ပြသည်။ ကျွန်မ ကိုယ့်ကိုယ်ကိုယ် ပြောင်းလဲဖို့ မလိုအပ်ပါ။ ကျွန်မက အစ်မနှင့်ပွင့်ပွင့်လင်းလင်းပြောဖို့ မတန်ဟု ထင်ခဲ့သည်။ ကျွန်မက သူ့အပေါ်သာအာရုံစိုက်ပြီး သူ့ကိုယ်သူသာ ပြောင်းလဲစေချင်ခဲ့သည်။ ကျွန်မက ကိုယ့်ကိုယ်ကိုယ် အမှန်တရား၏အရှင်သခင်ဟု သတ်မှတ်ပြီး တစ်ခြားလူများကို ဖောက်ပြန်ပျက်ဆီးနေသူတအဖြစ်မြင်ခဲ့သည်။ အလုပ်အတူတူနေစဉ် တလျှောက်လုံး ကျွန်မ ကိုယ့်ကိုယ်ကိုယ် မဆန်းစစ်ခဲ့ပါ။ အစ်မက မကောင်းတဲ့ သဘောထားရှိလာတဲ့အခါ သို့မဟုတ် ကျွန်မတို့ကြားမှာ မတူညီသောအမြင်တွေရှိလာသောအခါ၊ ကျွန်မက အပြစ်တွေအားလုံးကိုယူပြီး ကျွန်မ၏ အဖော်ထံ ပုံချသည်။ သူက မှားပြီး ကျွန်မက မှန်သည်ဟုယုံကြည်ခဲ့သည်။ ထိုကြောင့် ကျွန်မသူ့ကို ကျွန်မ နှလုံးသားထဲမှာ နှိမ်ထားခဲ့ပြီး ကျွန်မ၏အဖော်က သူ့ကိုယ်သူအရူးလုပ်တာကို မြင်ချင်ပြီး သူ့ကို ရန်သူတစ်ယောက်လို ဆက်ဆံ သည်အထိ ကျွန်မ သူ့ကို ခွဲခြားဆက်ဆံခဲ့ ပါသည်။ ကျွန်မရဲ့ မာနထောင်လွှားမှု၊ ရိုင်းစိုင်းသော မာန၊ အသိတရားမဲ့ခြင်း၊ မနှစ်မြို့ဖွယ်ကောင်းခြင်း နှင့်၊ ကျွန်မရဲ့ အမြင်ကျဉ်းမြောင်းသောအပြုအမူများကို ကြညရာတွင် ကျွန်မထံ၌ အဘယ်သို့ သာမန်လူသားအသိစိတ် ရှိနိုင်ပါဦးမည်နည်း။ ကျွန်မသည် အမှန်ပင် ယုတ္တိတန်ခြင်း မရှိပါ။ ဘုရားသခင်က ကျွန်မကို သူ၏ ကျေးဇူးတော် ပေးသနားခဲ့ပြီး တာဝန်ဝတ္တရားကို ယူဖို့ အခွင့်အရေးကို ပေးခဲ့သည်။ သို့သော်၊ ကျွန်မက ဘုရားသခင်ကို စိတ်ကျေနပ်စေဖို့ ကျွန်မတို့ တာဝန်များတွင် အစ်မနှင့် ကောင်းကောင်းမွန်မွန်အလုပ်လုပ်ဖို့ မစဉ်းစားခဲ့ပါ။ တစ်နေ့လုံး ကျွန်မ ရိုးရိုးသားသား အလုပ်မလုပ်ခဲ့ပါ။ ကျွန်မ သူ့ကို မကောင်းကြံပြီးသူ့အပေါ် မနာလိုသည့် ငြင်းခုံမှုများ ရှိခဲ့သည်။ တစ်နေကုန် ကျွန်မ၏ကိုယ်ပိုင် မကျေနပ်ချက်များကို မြည်တွန်တောက်တီးပြီး ကျွန်မ၏ဂုဏ်သိက္ခာနှင့် ဘဝင်မြင့်မှုအတွက် မရပ်မနားတိုက်ခိုက်ဖို့သာသိခဲ့သည်။ ကျွန်မတွင်စဉ်းစားချင့်ချိန်နိုင်သော အသိစိတ်ရှိခဲ့ပါသလား။ ကျွန်မက သမ္မာတရားကို ကြိုးစားရှာဖွေသောလူတစ်ယောက်ဖြစ်ခဲ့ပါသလား။ အစကတည်းက အစ်မနှင့်ကျွန်မသည် အလုပ်မှာ အချင်းချင်း လက်မခံကြသလို အချင်းချင်း မကူညီခဲ့ကြပါ။ ယင်းထက် မိမိကိုယ်ကိုဦးဆောင်ပြီး ကိုယ့်ကိစ္စကိုယ် ကျွန်မလုပ်ခဲ့သည်။ ကျွန်မက အန္တိခရစ်၏ လမ်းကြောင်းပေါ်တွင် ရှိနေသည် မဟုတ်ပါလား။ ဒီကိစ္စတွေအတိုင်းသွားခြင်းက ကိုယ့်ကိုယ်ကိုယ် ပျက်စီးစေခြင်းဆီ ဦးတည်နေသည် မဟုတ်ပါလား။ ယနေ့ ကျွန်မ၏ အပြုအမူကဇာတိစိတ်၏တစ်ကိုယ်ကောင်းဆန်သော ဆန္ဒများ သက်သက်သာဖြစ်သည်ကို ကျွန်မ မြင်နိုင်ခဲ့ကာ ကျွန်မ၏ သဘောသဘာဝက အလွန်တစ်ကိုယ်ကောင်းဆန်ပြီး မနှစ်မြို့ဖွယ်ရာ ကောင်းလှပေသည်။ ဘုရားသခင်အပေါ် ကျွန်မ နှစ်တွေအတော်များများယုံကြည်ခဲ့ခြင်းက ကျွန်မဆီကို စစ်မှန်သောအရာ ဘာတစ်ခုမျှ သယ်မလာပဲ ကျွန်မစိတ်သဘောမှာ ပြောင်းလဲခြင်းက တစ်မျှင်မျှ မရှိသည်ကို ထောက်ပြပေးဖို့ရန် ကျွန်မသည်သမ္မာတရားကို မရှာဖွေခဲ့ပါ။ ဘုရားသခင်သည် ကျွန်မတို့ဘဝတွေထဲမှာ သူ့၏နှုတ်ကပတ်တော်များကို လက်တွေ့အသုံးချစေချင်ပါသည်။ သို့သော် ကျွန်မ၏ တာဝန်များကိုထမ်းဆောင်သောအခါတွင် ထိုအရာမှ ကျွန်မ မိမိကိုယ်ကို ဝေးကွာစေခဲ့သည်။ ကျွန်မ အမှန်ပင် မယုံကြည်သူတစ်ယောက်ပင် ဖြစ်ပေသည်။ ကျွန်မ ဤကဲ့သို့ဆက်မသွားနိုင်ပါ။ ကျွန်မ သမ္မာတရားကို ရှာဖွေပြီး ကိုယ့်ကိုယ်ကိုယ် ပြောင်းလဲဖို့ ဆန္ဒရှိနေပါသည်။
နောက်ပိုင်းတွင် ဤသို့ပြောထားသောဘုရားသခင်၏နှုတ်ကပတ်တော်ကို ကျွန်မ ဖတ်ရပါသည်- “ ဘုရားကျောင်းတွင် ညှိနှိုင်းလုပ်ဆောင်သူများက အချင်းချင်းဆက်သွယ်ပြီး တစ်ယောက်အားနည်းချက်ကို တစ်ယောက်ဖာထေးကာ အပြန်အလှန် သင်ယူခြင်းမရှိလျှင် သင်ခန်းစာများကို သင်တို့ မည်သည့်နေရာမှ သင်ယူပါမည်နည်း။ တစ်ခုခုတွေ့ကြုံပါက အချင်းချင်းမိတ်ဆွေဖွဲ့ကာ သင်တို့ဘဝအတွက်ကောင်းကျိုးကို ရှာဖွေနိုင်ပါသည်။ … သဟဇာတဖြစ်စွာ ညှိနှိုင်းဆောင်ရွက်ခြင်းဖြင့် ရရှိလာသောအကျိုးများမှာ ဘုရားသခင်၏ ညွှန်ကြားချက် အတွက်လည်းကောင်း၊ ဘုရားကျောင်း၏ အကျိုးအတွက်လည်းကောင်း၊ ညီအစ်ကိုများနှင့် ညီအစ်မများ တို့အတွက် ရှေ့လျှောက်ခွန်အားဖြစ်စေခြင်း စသည့်အကျိုးများကို ရရှိမည်ဖြစ်သည်။ အချင်းချင်း ညှိနှိုင်းဆောင်ရွက်ပြီး တစ်ယောက်ကိုတစ်ယောက်ပြုပြင်ကာ ပိုမို ကောင်းမွန်သည့်ရလဒ် ထွက်စေခြင်းသည် ဘုရားသခင်၏ဆန္ဒကို ဖြည့်ဆည်းခြင်းပင် ဖြစ်သည်။ စစ်မှန်သောညှိနှိုင်းဆောင်ရွက်ခြင်းဖြင့် စစ်မှန်သောဝင်ရောက်ခြင်းကို လူသားတို့ရရှိမည်ဖြစ်သည်။ … အလုပ်အကျွေးပြုသည့် တစ်ယောက်ချင်းစီတိုင်းသည် မိမိလုပ်ဆောင်သမျှ အရာအားလုံးမှာ ကိုယ့်အကျိုးအတွက်ကိုယ်ကြည့်ခြင်းထက် ဘုရားကျောင်းအကျိုးအတွက် ပြောဆိုကာကွယ်နိုင်ရမည်။ တစ်ယောက်ကိုတစ်ယောက်လျှော့တွက်ပြီး တစ်ကိုယ်တည်း လုပ်ဆောင်ခြင်းမျိုးမှာ လက်ခံနိုင်စရာမရှိပေ။ ထိုနည်းလမ်းဖြင့် ဆောင်ရွက်သည့် လူသားများက ဘုရားသခင်အား အလုပ်အကျွေးပြုဖို့အတွက် မသင့်တော်ပေ။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ ဣသရေလအမျိုးသားတို့ကဲ့သို့ အစေခံခြင်း” ) တရားဒေသနာထဲတွင် ပြောထားသည်မှာ၊ “ ပူပေါင်းလုပ်ဆောင်ခြင်းဖြင့် အမှုတော်ဆောင်ရာတွင် အဓိကအခန်းကဏ္ဍ နှင့် လက်ထောက်ဆိုတာ မရှိပါ။ အယောက်တိုင်းက တူညီသော အဆင့်အတန်းရှိပြီး အခြေခံသဘောတရားမှာ သမ္မာတရားအကြောင်း မိဿဟာရပြုခြင်းမှတဆင့် အများဆန္ဒကို ရရှိနိုင်ဖို့ဖြစ်သည်။ ဤအရာက လူတို့ အချင်းချင်း နာခံကြဖို့ လိုအပ်သည်။ ဆိုလိုသည်မှာ မှန်ကန်စွာပြောဆိုပြီး သမ္မာတရားနှင့် အညီ ပြောဆိုသောသူကို နာခံရမည်ဖြစ်သည်။ အခြေခံသဘောတရားမှာ သမ္မတရားကို နာခံဖို့ဖြစ်သည်။ သမ္မာတရားက အခွင့်အာဏာဖြစ်ပြီး သမ္မာတရားနှင့်အညီ မိဿဟာရပြုနိုင်ပြီး အကြောင်းအရာတွေကို မှန်ကန်စွာမြင်နိုင်သူကို နာခံသင့်ပါသည်။ လူတို့ မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ၊ မည်သည့်တာဝန်ကို ဖြည့်ဆည်းသည်ဖြစ်စေ သမ္မာတရားကို နာခံခြင်းသည် အခြေခံစည်းမျဉ်းဖြစ်သည်။ (အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် ၏လုပ်ငန်းအစီအစဉ်နှင့် ဆိုင်သော သီးသန့်နှစ်စဉ်မှတ်တမ်းများထဲမှ “ ဘုရားသခင်၏မိသားစုမှ တည်ထောင်သော အသင်းတော်အသက်တာနှင့် အခြေခံစည်းမျဉ်းဆယ်ချက်၏ အဓိပ္ပါယ်နှင့်ရှင်းပြချက်များ)။ မိဿဟာရနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်မှ အမှုတော်ဆောင်ရာတွင် လက်တွဲလုပ်ကိုင်ခြင်းကို မည်သို့ လက်တွေ့လုပ်ဆောင်သင့်သည်ကို တွေ့မြင်ရပါသည်။ ယင်းမှာ ဘုရားသခင်၏အလိုတော်ကို ထည့်သွင်းစဉ်းစားပြီး အလုပ်အတူလုပ်နေစဉ်အတွင်းမှာ ဘုရားသခင်၏မိသားစုအကျိုးကို ကာကွယ်ခြင်းပင် ဖြစ်ပါတယ်။ မည်သည့်အလုပ်ပြီးမြောက်သည်ဖြစ်စေ၊ သို့မဟုတ် အလုပ်က မည်သည့်အရာဖြစ်ပါလေ့စေ တူညီသောနားလည်မှုရရှိဖို့ သမ္မာတရားကို ဝေမျှခြင်းအားဖြင့် သမ္မာတရားကို ဝန်ခံအပ်နှံခြင်း၌ အားလုံး ဆောင်ရွက်သင့်ပါသည်။ သင်၏ကိုယ်ပိုင်အမြင်ကို ထိန်းသိမ်းဖို့၊ တစ်ခြားလူများက သင့်စကားကိုနားထောင်ဖို့အတွက် သင်သည် မာနထောင်လွှားပြီး စိတ်ကြီးဝင်တာမျိုးမလုပ်ရပါ။ သင့်၏လူမှုဆက်ဆံရေးကို ကာကွယ်ဖို့ အမှန်တရားကို ရောင်းစား၍ မရပါ။ ထို့အပြင်အမှီအခိုကင်းခြင်းကို ဖန်တီးဖို့အတွက် တစ်ဦးချင်းလုပ်ဆောင်မှုမလုပ်ရပါ။ သင်သည် ကိုယ့်ကိုယ်ကိုယ် နှိမ့်ချပြီး ကိုယ့်ကိုယ့်ကိုယ် ငြင်းပယ်ဖို့ စတင်ဆောင်ရွက်ရပါမည်။ အချင်းချင်းထံမှ သင်ယူပြီး သင့်မြတ်သော လုပ်ငန်းခွင်ဆက်ဆံရေးကို ရရှိဖို့ အချင်းချင်း၏အားနည်းချက်များကို ဖြည့်ဆည်းပေးရပါမည်။ ဤစစ်မှန်သောလုပ်ငန်းခွင် ဆက်ဆံရေးမျိုးကို ရရှိပြီး နှလုံးသားတစ်ခု၊ အသိစိတ်တစ်ခုတည်းဖြင့် အရာအားလုံးထဲမှာ ဘုရားသခင်ကို စိတ်ကျေနပ်စေခြင်း၊ အချင်းချင်း၏အားနည်းချက်တွေကို ဖြည့်ဆည်းပေးခြင်းအားဖြင့်သာ ဘုရားသခင်၏ ကောင်းကြီးနှင့်လမ်းညွှန်မှုကို ရရှိစေနိုင်ပါသည်။ ဤသို့အားဖြင့် သင့်၏ကိုယ်ပိုင်ဘဝကိုလည်း အကျိုးရှိစေရင်း အသင်းတော်၏ အမှုတော်၌ ပိုမိုကောင်းမွန်သော ရလဒ်များကို ဖြစ်စေပါသည်။ ဆန့်ကျင်ဘက်အနေနှင့် အတူတူအလုပ်လုပ်နေရင်း သင်သည် မာနထောင်လွှားလျှင် သမ္မာတရား၏သဘောတရားများကို မရှာဖွေပဲ တစ်ခြားလူများကို ထိန်းချုပ်ဖို့အတွက် အာဏာရှင်တစ်ယောက်လုပ်နေလျှင် သို့မဟုတ် တစ်ယောက်ထဲ လုပ်ကိုင်ဆောင်ရွက်ပြီး ကိစ္စတွေကိုလုပ်ဖို့ သင့်ကိုယ်သင် အမှီပြုနေလျှင်၊ ဘုရားသခင်၏ရွံ့ရှာမုန်းတီးခြင်းကို ခံစားရပြီး ဘုရားသခင်၏အသင်းတော်အတွက် ဆုံးရှုံးမှုများ ဖြစ်စေပါလိမ့်မည်။ သို့တိုင် ကျွန်မသည် မာနကြီးပြီး အမြဲအာဏာရချင်ခဲ့ပါသည်။ ဘုရားသခင့်မိသားစု၏အလုပ်သည် တစ်ယောက်တည်း လုပ်၍ရသောအရာမဟုတ်သည်ကို ကျွန်မ အဘယ်ကြောင့် မသိခဲ့ပါသနည်း။ လူအားလုံးသည် သမ္မာတရားမရှိကြသလို လွန်စွာ ချို့တဲ့လွန်းလှပါသည်။ တစ်ခုခုလုပ်ဖို့ ကိုယ့်ကိုယ်ကိုယ် အမှီပြုခြင်းက မတော်တဆဖြစ်မှုတွေ ဖြစ်လာဖို့ အလားအလာ သိပ်များပါသည်။ လက်တွဲလုပ်ဆောင်ခြင်းမှတဆင့်သာ ကျွန်မတို့၏လိုအပ်ချက်များကို ဖြည့်ဖို့ရန်နှင့် အမှားများကို ရှောင်ကြဉ်နိုင်ဖို့အတွက် သန့်ရှင်းသောဝိညာဉ်တော်၏ လုပ်ဆောင်မှုများကို ပိုပြီး လက်ခံရရှိနိုင်ပါသည်။ ထိုအချိန်က ကျွန်မ၏ မာနထောင်လွှားမှုနှင့် တစ်ကိုယ်ကောင်းဆန်ခြင်းမှ ပေါ်ထွက်သော စာတန်၏ စိတ်သဘောထားအတွက်၊ ဘုရားသခင်၏ အလိုတော်ကို နည်းနည်းလေးမှ ထည့်သွင်းစဉ်းစားခြင်းမရှိပဲ၊ ထိတ်လန့်ခြင်းနှင့် ရိုင်းစိုင်းသောအပြုအမူများလုပ်လာသည်အထိ အရှက်မရအောင်ကိုသာ အာရုံစိုက်ခြင်းတို့ကြောင့် အပြစ်ရှိသလိုခံစားရပြီး ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မိပါသည်။ ကျွန်မက တော်တော်ကို ဘာကိုမှမမြင်နိုင်ဖြစ်ပြီး မိုက်မဲသည်ဟု ထင်ရပြီး အမှုတော်ဆောင်ရာတွင် လက်တွဲလုပ်ကိုင်မှုကို ကျင့်သုံးဖို့ရန် ကျွန်မအတွက် ပတ်ဝန်းကျင်တစ်ခုကို စီစဉ်ဖို့ ဘုရားသခင်၏အကြံအစည်ကို နားမလည်ခဲ့ပါ။ ကျွန်မ၏ချို့ယွင်းချက်များအတွက် အစားထိုးဖို့ ကျွန်မအဖော်၏ အားသာချက်များမှ မည်သို့သင်ယူရမည်ကိုပင် နည်းနည်းလေးမျှနားမလည်သည့်အထိ ဖြစ်ခဲ့သည်။ အကျိုးရလဒ်အနေနှင့် အသင်းတော်အတွက် ဆုံးရှုံးမှုများဖြစ်ခဲ့ပြီး အသက်တာ၌ ကျွန်မ၏ကိုယ်ပိုင် တိုးတက်ကြီးထွားမှုကို နှောင့်နှေးစေခဲ့သည်။ ယနေ့ ဘုရားသခင်၏သနားခြင်းနှင့် ဘုရားသခင်၏နှုတ်ကပတ်တော်အလင်း မပါဘဲ ကျွန်မ ကိုယ့်ကိုယ်ကိုယ် လက်လွှတ်နိုင်မည်မဟုတ်ပါ။ ကျွန်မ ဘာမျှ ပိုသာခြင်းမရှိကြာင်း သိခဲ့မည်မဟုတ်ပါ။ ကျွန်မသည် အသင်းတော်၏လုပ်ဆောင်ချက်တွေကို မိမိကိုယ်ကို အားကိုးရင်း ကောင်းကောင်းလုပ်ဆောင်နိုင်နေသလိုမျိုး တစ်ခြားလူတွေအား ကျွန်မစကားကို နားထောင်စေချင်နေဦးမည်ဖြစ်သည်။ အဆုံးတွင် မည်သို့သော ဘေးဒုက္ခများ ပေါ်ထွက်လာ မည်ကို အဘယ်သူ သိမည်နည်း။ သို့ဖြစ်၍ စိတ်ပိုင်းဖြတ်မှုတစ်ခုကို ကျွန်မ တည်ဆောက်ခဲ့ပါသည်။ ကျွန်မ ဘုရားသခင်၏နှုတ်ကပတ်တော်နှင့် အညီ ပြုမူဖို့ ဆန္ဒရှိသည်။ ကျွန်မသည် အသင်းတော်၏အလုပ်အတွက်၊ အသက်တာတွင် ကျွန်မ၏တိုးတက်ကြီးထွားမှုအတွက် အစ်မနှင့် ညီညွတ်စွာ အလုပ်လုပ်ဖို့ ဆန္ဒရှိပြီး ကျွန်မ၏ကိုယ်ကျိုးအတွက် ကြည့်တော့မည်မဟုတ်ပါ။
နောက်ပိုင်းတွင် ကျွန်မ ကိုယ့်ကိုယ်ကိုယ် ဘယ်လိုသိလာသလဲဆိုသည့်အကြောင်းကို ကျွန်မနှင့်အတူအလုပ်လုပ်နေသောအစ်မကို ဖွင့်ပြောခဲ့ပါသည်။ ကျွန်မတို့ တကယ်ကို ဆက်သွယ်ခဲ့ကြပြီး အစေခံခြင်း သဘောတရားထဲအတူတကွ ဝင်ရောက်ခဲ့ကြပါသည်။ ဤအခြင်းအရာပြီးနောက်ကျွန်မတို့အလုပ်က ပိုပြီး ညီညွတ်မျှတလာပါသည်။ ကျွန်မတို့၌ မတူညီသောအမြင်များ ရှိသောအခါ သမ္မာတရားအတွက် ကျွန်မတို့ဆုတောင်းပြီး ဘုရားသခင်၏အလိုတော်ကို ရှာဖွေကြကာ ကျွန်မတို့ အချင်းချင်း၏ ချို့ယွင်းချက်များကို မြင်သောအခါ ကျွန်မတို့ နားလည်မှုရှိကြပြီး ခွင့်လွှတ်ပေးကြပါသည်။ အချင်းချင်း ချစ်ခြင်းမေတ္တာနှင့် ဆက်ဆံကြပါသည်။ ရည်ရွယ်မထားသော်လည်း ဘုရားသခင်၏ ကောင်းကြီးများကို ကျွန်မတို့ ခံစားရပြီး ဧဝံဂေလိအမှုတော်တို့၏ အသီးအပွင့်များက အရင်ကထက်ပိုပြီးထွက်ပေါ်လာကြပါသည်။ ဤအချိန်တွင်၊ ကျွန်မတွင်ရှိခဲ့သော ဖောက်ပြန်ပျက်ဆီးသည့် သဘာဝကိုပို၍ပင် မုန်းတီးမိခဲ့ပါသည်။ သမ္မာတရားကို ကျွန်မ မရှာဘဲ ဘုရားသခင်ကို စိတ်ပျက်စေခဲ့မိသည်ကို မုန်းမိသည်။ နောက်ဆုံးတွင် သမ္မာတရားကို လက်တွေ့ လုပ်ဆောင်ခြင်း၏ ချိုမြိန်သောအရသာကို ကြုံတွေ့ခဲ့ပြီး ကျွန်မ၏တာဝန်များကို ထမ်းဆောင်ဖို့၊ ဘုရားသခင်၏နှလုံးသားကို နှစ်သိမ့်ဖို့ အစွမ်းများ ပိုမိုခံစားခဲ့ရပါသည်။ ဤအချိန်မှစ၍ ကျွန်မသည် ပိုမိုများပြားသောသမ္မာတရား ရှုထောင့်များ၏ စစ်မှန်မှုထဲကို ဝင်ရောက်ပြီး ကျွန်မလုပ်ဆောင်သော အရာတိုင်းတွင် ကိုယ်ကျင့်တရားရှိရန် ရှာဖွေအားထုတ်ဖို့ ဆန္ဒရှိနေပါသည်။
ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ မှ
များပြားသောအကြံပြုချက်များ
ရုပ်ရှင်ဇာတ်လမ်းတိုး (၁) သခင်သည် ကားစင်အတင်ခံရသည့်အခါတွင် ကယ်တင်ခြင်းအမှု ပြီးဆုံးသွားပါသလား
No comments:
Post a Comment