ကိုးကားရန် သမ္မာကျမ်းပိုဒ်များ -
"ထိုနည်းတူ၊ ခရစ်တော်သည် လူများအပြစ်တို့ကို ခံခြင်းငှါ တခါတည်းကိုယ်ကိုပူဇော်ပြီးမှ၊ နောက်တဖန် ထိုသခင်ကို မြော်လင့်လျက် နေသောသူတို့ကို ကယ်တင်ခြင်းအလိုငှါ၊ အပြစ်နှင့်မဆိုင်ဘဲ ပေါ်ထွန်းတော်မူလတံ့။" (ဟေဗြဲဩဝါဒစာ ၉:၂၈)
"အစဦး၌ နှုတ်ကပတ်တော်ရှိ၏။ နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့်အတူရှိ၏။ နှုတ်ကပတ်တော် သည်လည်း ဘုရားသခင်ဖြစ်တော်မူ၏။" (ရှင်ယောဟန်ခရစ်ဝင် ၁:၁)
ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ -
ပထမဆုံး လူ့ဇာတိခံယူခြင်းသည် ယေရှု၏ ဇာတိပကတိမှ တစ်ဆင့် လူသားကို အပြစ်မှ ရွေးနှုတ်ရန် ဖြစ်သည်၊ ဆိုလိုသည်မှာ သူသည် လက်ဝါးကပ်တိုင်မှ လူကို ကယ်တင်ခဲ့သော်လည်း ယိုယွင်းပျက်စီးနေသော စာတန် စိတ်သဘောထားသည် လူ့အတွင်းတွင် ကျန်ရှိနေဆဲ ဖြစ်သည်။ ဒုတိယ လူ့ဇာတိ ယူခြင်းသည် အပြစ်ဖြေရာ ယဇ်အဖြစ် အစေခံရန် မဟုတ်တော့ဘဲ အပြစ်မှ ရွေးနှုတ်ခံရသူတို့ကို အပြည့်အဝ ကယ်တင်ရန် ဖြစ်သည်။ ယင်းကို လုပ်ဆောင်ခြင်းမှာ ခွင့်လွှတ်ခြင်းခံရသူတို့သည် သူတို့၏ အပြစ်များမှ လွတ်ပြီး အလုံးစုံ သန့်ရှင်းစေရန် ဖြစ်ကာ စိတ်သဘောထား၌ ပြောင်းလဲမှုကို ရရှိစေခြင်းဖြင့် စာတန်၏ အမိုက်အမှောင် လွှမ်းမိုးမှုမှ လွတ်မြောက် ကာ ဘုရားသခင်၏ ပလ္လင်ရှေ့သို့ ပြန်လည် ရောက်ရှိရန် ဖြစ်သည်။ ဤနည်းအားဖြင့်သာ လူသားသည် အလုံးစုံ သန့်ရှင်းစင်ကြယ်စေနိုင်သည်။ ဘုရားသခင်သည် ပညာတ်တော်ခေတ် ပြီးဆုံးပြီးသည့်နောက် ကျေးဇူးတော်ခေတ် တွင် ကယ်တင်ခြင်း လုပ်ငန်းကို စတင်ခဲ့သည်။ ယင်းသည် နောက်ဆုံးသော ကာလမတိုင်ခင်ထိ မဟုတ်ပဲ ဘုရားသခင်သည် လူသား၏ ပုန်ကန်မှုအတွက် တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းဖြင့် လူသားမျိုးနွယ်ကို အလုံးစုံ သန့်စင်စေသည့်အခါ ဘုရားသခင်သည် သူ၏ ကယ်တင်ခြင်း လုပ်ငန်းကို အဆုံးသတ်ပြီး အနားယူခြင်းသို့ ဝင်ရောက်လိမ့်မည်။ သို့ဖြစ်ရာ အလုပ် အဆင့် သုံးခုတွင် ဘုရားသခင်သည် နှစ်ကြိမ်သာလျှင် လူ့ဇာတိခံယူပြီး လူများကြားတွင် ကိုယ်တိုင် သူ၏ အလုပ်ကို ထမ်းဆောင်ခဲ့သည်။ ယင်းမှာ အလုပ် အဆင့်သုံးဆင့်တွင် တစ်ဆင့် တွင်သာလျှင် လူသားကို သူတို့ အသက်တာများ၌ လမ်းပြရန် ဖြစ်ပြီး ကျန်နှစ်ဆင့်၏ အလုပ်မှာ ကယ်တင်ခြင်း၏ အလုပ် ဖြစ်သောကြောင့် ဖြစ်သည်။ ဘုရားသခင်သည် လူ့ဇာတိကို ခံယူသည့်အခါမှသာလျှင် သူသည် လူနှင့် အတူ နေထိုင်နိုင်ပြီး ကမ္ဘာလောက၏ ခံစားမှုကို တွေ့ကြုံနိုင်ကာ ပုံမှန် ဇာတိပကတိထဲတွင် အသက်ရှင်နိုင်မည်။ ဤနည်းလမ်းအားဖြင့်သာ သူသည် သူဖန်ဆင်းသော လူတို့ကို သူတို့လိုအပ်သည့် လက်တွေ့ကျသော နှုတ်ကပတ် တော်ကို ပေးနိုင်သည်။ လူသည် လူ့ဇာတိကို ယူသော ဘုရားသခင်ကြောင့်သာ အလုံးစုံသော ကယ်တင်ခြင်းကို ရရှိပြီး သူတို့၏ ကောင်းကင်ဘုံသို့ ဆုတောင်းခြင်းများအားဖြင့် တိုက်ရိုက်ရရှိခြင်း မဟုတ်ပေ။ လူသည် ဇာတိ ပကတိဖြစ်သည့် အတွက် လူသည် ဘုရားသခင်၏ ဝိညာဉ်တော်ကို မမြင်နိုင်ပဲ သူ့ကို ချည်းကပ်ရန်မှာ သာ၍ပင် မဖြစ်နိုင်ပေ။ လူ၏ တွဲဖက်နိုင်မှု အလုံးစုံမှာ ဘုရားသခင်၏ ခံယူသော ဇာတိပကတိကိုသာဖြစ်သည်။ သူ့အားဖြင့် သာလျှင် လူသည် နှုတ်ကပတ်တော်အားလုံးနှင့် သမ္မာတရားအားလုံးကို နားလည်နိုင်ကာ အလုံးစုံသော ကယ်တင်ခြင်းကို ရရှိနိုင်သည်။ ဒုတိယ လူ့ဇာတိခံယူခြင်းသည် လူ၏ အပြစ်များကို ဖယ်ရှားရန်နှင့် လူကို အလုံးစုံ သန့်စင်စေရန် လုံလောက်သည်။ သို့ဖြစ်ရာ ဒုတိယ လူ့ဇာတိခံယူခြင်းသည် ဘုရားသခင်၏ ဇာတိပကတိတွင် ရှိသော အလုပ်အားလုံးကို အဆုံးသတ်စေရန် ဖြစ်ပြီး ဘုရားသခင်၏ လူ့ဇာတိခံယူခြင်း၏ အရေးပါမှုကို ပြည့်စုံ စေလိမ့်မည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ "လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၄)" မှ
ယေရှုသည် သူ၏ အလုပ်ကို လုပ်ခဲ့သည့်အခါ လူ၏ သူ့အပေါ် သိနားလည်မှုသည် ဝေ၀ါးပြီး မရှင်းမလင်း ဖြစ်နေခဲ့သည်။ လူသားမှာ သူသည် ဒါဝိဒ်၏ သားတော်ဖြစ်ပြီး သူ့ကို ကြီးမြတ်သော ပရောဖက်အဖြစ်နှင့် လူသား၏ အပြစ်များကို ရွေးနှုတ်ခဲ့သော သဘောကောင်းသည့် အရှင်သခင် ဖြစ်သည်ဟု အစဉ်အမြဲ ယုံကြည်ခဲ့သည်။ အချို့သည် ယုံကြည်ခြင်းအပေါ် အခြေခံလျက် သူ့ဝတ်ရုံ၏ ပန်းပွားကို ထိတွေ့ရုံဖြင့် ရောဂါဝေဒနာ ပျောက်ကင်းသည်၊ မျက်စိမမြင်သူ မြင်နိုင်ပြီး သေဆုံးသူပင် အသက်ပြန်ရှင်နိုင် သည်။ သို့ရာတွင် လူသည် သူ့အတွင်းတွင် နက်ရှိုင်းစွာ အမြစ်တွယ်နေသော ယိုယွင်းပျက်စီးနေသည့် စာတန် စိတ်သဘောထားကို ရှာဖွေတွေ့ရှိနိုင်ခြင်း မရှိသကဲ့သို့ လူသားသည် ယင်းကို မည်သို့ ဖယ်ထုတ်ရမည်ကို မသိခဲ့ပေ။ လူသည် ကျေးဇူးတော် အများအပြားကို ရရှိခဲ့သည်၊ ဥပမာ- ငြိမ်သက်ခြင်းနှင့် ဇာတိပကတိ၏ ပျော်ရွှင်မှုများ၊ တစ်ဦး၏ ယုံကြည်ခြင်းအပေါ် မိသားစု တစ်ခုလုံး ကောင်းချီးမင်္ဂလာရရှိပြီး နာမကျန်းမှုများကို ပျောက်ကင်းစေသည် စသဖြင့် ဖြစ်သည်။ ကျန်သည့် အရာများမှာ လူ၏ ကောင်းမှုများဖြစ်ပြီး သူတို့၏ ဘုရား တရား ကိုင်းရှိုင်းသော အသွင်အပြင်ဖြစ်သည်။ အကယ်၍ လူသည် ယင်းကို အခြေခံပြီး ရှင်သန်ပါက သူ့ကို ကောင်းသော ယုံကြည်သူအဖြစ် သတ်မှတ်ကြသည်။ ယင်းသို့သော ယုံကြည်သူများသာလျှင် သေဆုံးပြီးနောက် တွင် ကောင်းကင်ဘုံသို့ ဝင်ရောက်နိုင်မည်။ ဆိုလိုသည်မှာ သူတို့ ကယ်တင်ခြင်းခံရသည်။ သို့ရာတွင် သူတို့ ဘဝတစ်သက်တာတွင် သူတို့သည် အသက်၏ လမ်းခရီးကို နားလည်ခြင်း လုံးဝမရှိခဲ့ပေ။ သူတို့သည် အပြစ်များ ကိုသာ ကျူးလွန်ခဲ့ပြီးနောက်တွင် စိတ်သဘောထား ပြောင်းစေရန် မည်သည့် လမ်းကြောင်းမှ မရှိပဲ အပြစ် ဝန်ခံခြင်းကို အစဥ်တစိုက် စက်ဝန်းကဲ့သို့ ပြုလုပ်နေကြသည်။ ယင်းသည် ကျေးဇူးတော်ခေတ်တွင်ရှိသော လူ၏ အခြေအနေဖြစ်သည်။ လူသည် ပြည့်စုံသော ကယ်တင်ခြင်းကို ရရှိပြီလား။ မရပါ။ ထို့ကြောင့် ထိုအဆင့် ပြီးဆုံးပြီးပါက တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း အလုပ်များ ကျန်ရှိနေသေးသည်။ ဤအဆင့်သည် လူကို စကားလုံးမှတစ်ဆင့် သန့်ရှင်းအောင် လုပ်ခြင်းဖြင့် လူကို လိုက်နာစေရန် လမ်းကြောင်းကို ပေးသည်။ အကယ်၍ နတ်ဆိုးများကို ဆက်လက် နှင်ထုတ်နေဆဲဖြစ်ပါက ဤအဆင့်သည် အကျိုးဖြစ်ထွန်းမည် မဟုတ် သို့မဟုတ် အဓိပ္ပာယ် ရှိမည် မဟုတ်။ အကြောင်းမှာ လူ၏ အပြစ်နှင့်ပြည့်သော သဘာဝသည် ဖယ်ရှားခံရခြင်း မရှိပဲ လူသည် အပြစ်များ ခွင့်လွှတ်ခြင်းတွင်သာ ရပ်တန့်နေလိမ့်မည် ဖြစ်သောကြောင့် ဖြစ်သည်။ အပြစ်ဖြေရာယဇ်မှ တစ်ဆင့် လူသည် သူ၏ အပြစ်များ ခွင့်လွှတ်ခြင်း ခံခဲ့ရသည်၊ အကြောင်းမှာ လက်ဝါးကပ်တိုင်တွင် အသေခံသော အလုပ်သည် အဆုံးသို့ ရောက်ခဲ့ပြီဖြစ်ပြီး ဘုရားသခင်သည် စာတန်ကို အနိုင်ရခဲ့သည် ဖြစ်သောကြောင့်ဖြစ်သည်။ သို့ရာတွင် လူ၏ ယိုယွင်းပျက်စီးသော စိတ်သဘောထားသည် သူတို့အတွင်းတွင် ဆက်လက်ရှိနေပြီး လူသည် အပြစ်ကျရောက်နိုင်ပြီး ဘုရားသခင်ကို ဆန့်ကျင်နိုင်သေးသည်။ ဘုရားသခင်သည် လူသားမျိုးနွယ်ကို မရသေး ပေ။ သို့ဖြစ်ရာ ဤအဆင့်၏ အလုပ်တွင် ဘုရားသခင်သည် စကားလုံးကို အသုံးပြု၍ လူသား၏ ယိုယွင်း ပျက်စီးသော စိတ်သဘောထားကို ဖော်ထုတ်ပြီး လူသားကို မှန်ကန်သော လမ်းကြောင်းနှင့်အညီ ကျင့်သုံးစေရန် တောင်းဆိုခြင်း ဖြစ်သည်။ ဤအဆင့်သည် ယခင်အဆင့်ထက် ပိုမို အဓိပ္ပာယ်ရှိပြီး ၃ရလဒ်များလည်း ပိုမိုသည်။ အကြောင်းမှာ ယခုတွင် လူ၏ အသက်တာကို တိုက်ရိုက် ပံ့ပိုးသည့်အရာနှင့် လူ၏ စိတ်သဘောထားကို လုံးဝ အသစ်ဖြစ်လာစေရန် လုပ်နိုင်စွမ်းရှိသောအရာမှာ စကားလုံး ဖြစ်သောကြောင့် ဖြစ်သည်။ ယင်းသည် သာ၍ နှံ့နှံ့ စပ်စပ်ရှိသော အလုပ်အဆင့်တစ်ခု ဖြစ်သည်။ သို့ဖြစ်ရာ နောက်ဆုံးသော ကာလတွင် လူ့ဇာတိကို ခံယူခြင်းသည် ဘုရားသခင်၏ လူ့ဇာတိခံယူခြင်း၏ အရေးပါမှုကို ပြည့်စုံစေပြီး ဘုရားသခင်၏ လူသားကို ကယ်တင်ခြင်း၏ စီမံခန့်ခွဲမှု အစီအစဉ်ကို လုံးဝ ပြီးဆုံးစေသည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ "လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၄)" မှ
ပထမ လူ့ဇာတိခံယူသော ဘုရားသခင်သည် လူ့ဇာတိခံယူခြင်း၏ အလုပ်ကို ပြီးမြောက်အောင် မလုပ်ဆောင်ခဲ့ပေ၊ သူသည် အလုပ်၏ ပထမအဆင့်ကိုသာ ပြီးမြောက်အောင် လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး၊ ၎င်းသည် ဘုရားသခင်အတွက် ဇာတိခန္ဓာထဲ၌ လုပ်ဆောင်နိုင်ရန် လိုအပ်ခဲ့သည်။ ထို့ကြောင့် လူ့ဇာတိခံယူခြင်း၏ အလုပ်ကို ပြီးဆုံးစေရန် အလို့ငှာ၊ ဘုရားသခင်သည် ဇာတိခန္ဓာထဲသို့ နောက်တစ်ကြိမ် ပြန်ကြွလာခဲ့ပြီး၊ ဇာတိခန္ဓာ၏ သာမန် သဘောနှင့် စစ်မှန်သောသဘော အားလုံးကို ရှင်သန်နေထိုင်သွားသည်၊ ဆိုလိုသည်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို အကြွင်းမဲ့ ပုံမှန်ဖြစ်သော သာမန် ဇာတိခန္ဓာထဲတွင် ထင်ရှားပြသစေခြင်း ဖြစ်သည်၊ ဤနည်းအားဖြင့် သူမလုပ်ဆာင်ရသေးသည့် ဇာတိခန္ဓာထဲမှ အလုပ်ကို နိဂုံးချုပ်ပြီးသား ဖြစ်သွား၏။ ဒုတိယအကြိမ် ခံယူသော ဇာတိခန္ဓာသည် အနှစ်သာရအားဖြင့် ပထမအကြိမ်နှင့် တူသော်လည်း၊ ပထမအကြိမ်ထက် သာ၍ပင် လက်တွေ့ကျသည်၊ သာ၍ပင် သာမန်ဖြစ်သည်။ အကျိုးဆက်အနေနှင့်၊ ဒုတိယအကြိမ် ခံယူသော ဇာတိခန္ဓာ၏ နာကျင်ခံစားရမှုသည် ပထမအကြိမ်ထက် ပို၍ ကြီးမားသည်၊ သို့သော် ဤနာကျင်မှုသည် လူ့ဇာတိ၌ လုပ်ဆောင်သော သူ့သာသနာ၏ ရလဒ်သာဖြစ်ပြီး၊ ၎င်းသည် ယိုယွင်းပျက်စီး နေသော လူသားများ၏ ဝေဒနာနှင့် ကွဲပြားခြားနားသည်။ ၎င်းသည် သူ့ဇာတိခန္ဓာ၏ သာမန်သဘောနှင့် စစ်မှန်သောသဘောမှ ပေါ်ထွက်လာသည်။ သူ၏ သာသနာကို သူသည် အကြွင်းမဲ့ သာမန်ဖြစ်ကာ စစ်မှန်သော ဤဇာတိခန္ဓာထဲတွင် ထမ်းဆောင်သည့်အတွက်၊ ဇာတိခန္ဓာသည် အကြီးအကျယ် ခက်ခဲမှုကို ခံရပ်ရမည်။ သူ၏ဇာတိခန္ဓာမှာ ပို၍ လက်တွေ့ကျပြီး သာမန်ဖြစ်လေလေ၊ သူ၏ သာသနာကို ထမ်းဆောင်ရာတွင် ပို၍ သူနာကျင်ခံစားရလေ ဖြစ်လိမ့်မည်။ ဘုရားသခင်သည် ပကတိ သာမန်ဖြစ်သော ဇာတိခန္ဓာထဲတွင် အလုပ် လုပ်သည်၊ လုံးဝသဘာဝလွန် မဟုတ်သော ဇာတိခန္ဓာလည်း ဖြစ်သည်။ သူ၏ ဇာတိခန္ဓာသည် သာမန် ဖြစ်ပြီး လူသားအား ကယ်တင်ခြင်း အလုပ်ကိုလည်း ပခုံးထမ်းရမည် ဖြစ်သဖြင့်၊ သူသည် သဘာဝလွန် ဇာတိခန္ဓာက ခံရမည့် နာကျင်မှုထက် ပို၍ ကြီးမားသော အတိုင်းအတာကို နာကျင်ခံစားခဲ့ရသည်၊ ဤနာကျင်ခံစားရမှု အားလုံးသည် သူ့ဇာတိခန္ဓာ၏ သာမန်သဘောနှင့် လက်တွေ့ကျသော သဘောမှ ပေါ်ထွက် လာသည်။ သူတို့၏ သာသနာများကို ထမ်းဆောင်နေစဉ်အတွင်း ကြုံတွေ့ခဲ့ရသည့် ဇာတိခန္ဓာ ခံယူသူ နှစ်ဦး၏ နာကျင်ခံစားရမှုမှ ခံယူသော ဇာတိခန္ဓာ၏ အနှစ်သာရကို တွေ့မြင်နိုင်သည်။ ဇာတိခန္ဓာသည် ပို၍ သာမန်ဖြစ်လေ၊ အလုပ်ကို ဆောင်ရွက်ချိန်တွင် သူသည် ကြံ့ကြံ့ခံရမည့် အခက်အခဲ ပို၍ ကြီးမားလေဖြစ်သည်၊ အလုပ်ကို လုပ်ဆောင်သည့် ဇာတိခန္ဓာသည် ပို၍ စစ်မှန်လေ၊ လူများ၏ အယူ အဆများ ပို၍ ပြင်းထန်လာလေဖြစ်ပြီး၊ သူ့အပေါ် ဘေးအန္တရာယ်များ ပို၍ကျရောက်လာနိုင်လေ ဖြစ်သည်။ သို့ဆိုသော်ငြားလည်း ဇာတိခန္ဓာသည် ပို၍ စစ်မှန်လေ၊ ဇာတိခန္ဓာသည် လိုအပ်ရာများနှင့် သာမန် သက်ရှိ လူသားတစ်ယောက်၏ အသိစိတ်အပြည့်အစုံ စသည်တို့ကို ပို၍ ပိုင်ဆိုင်လေဖြစ်ပြီး၊ ဇာတိခန္ဓာထဲရှိ ဘုရားသခင်၏ အလုပ်ကို သာ၍ဆောင်ရွက်နိုင်လေဖြစ်သည်။ ကားတိုင်ပေါ်တွင် သံမှို ရိုက်နှက်ခြင်း ခံခဲ့ရသည်မှာ ယေရှု၏ ဇာတိခန္ဓာပင် ဖြစ်ပြီး၊ အပြစ်ဖြေရာ ယဇ်ကောင်အနေနှင့် ပေးအပ် ခဲ့သည်မှာလည်း သူ၏ ဇာတိခန္ဓာကိုပင် ဖြစ်သည်၊ သူစာတန်ကို အနိုင်ယူပြီး လူသားကို လက်ဝါးကပ်တိုင်အားဖြင့် အကြွင်းမဲ့ ကယ်တင်ခဲ့ခြင်းမှာလည်း သာမန်လူ့သဘာဝရှိသော ဇာတိခန္ဓာ အားဖြင့်ပင် ဖြစ်သည်။ ဒုတိယအကြိမ် လူ့ဇာတိခံယူသော ဘုရားသခင်သည် စာတန်ကို အနိုင်ယူပြီး သိမ်းပိုက်အောင်မြင်သော အလုပ်ကို ထမ်းဆောင်ခဲ့ခြင်းမှာလည်း ပြီးပြည့်စုံသော ဇာတိခန္ဓာ အနေနှင့်ပင် ဖြစ်သည်။ အကြွင်းမဲ့ သာမန်ဖြစ်ပြီး စစ်မှန်သော ဇာတိခန္ဓာမှသာလျှင် သိမ်းပိုက်အောင်နိုင်ခြင်း အလုပ်ကို တစ်လုံး တစ်ဝတည်းအတိုင်း ထမ်းဆောင်နိုင်မည်ဖြစ်ပြီး အားမာန်အပြည့်နှင့် သက်သေခံနိုင်မည်ဖြစ်သည်။ ပြောရမည်ဆိုလျှင်၊ သဘာဝလွန်သော နိမိတ်လက္ခဏာများနှင့် ဖွင့်ပြချက်များမှတစ်ဆင့် မဟုတ်ဘဲ၊ ဇာတိခန္ဓာထဲရှိ ဘုရားသခင်၏ သာမန်သဘောနှင့် စစ်မှန်သော သဘောမှတစ်ဆင့်သာ လူသားအား သိမ်းပိုက်အောင်နိုင်ခြင်း အလုပ်ကို[က] ထိထိရောက်ရောက် လုပ်နိုင်ခဲ့ခြင်းဖြစ်သည်။ ဤလူ့ဇာတိခံယူသော ဘုရားသခင်၏ သာသနာမှာ စကားပြောရန်ဖြစ်ပြီး၊ ဤနည်းဖြင့် လူသားကို ပြီးပြည့်စုံစေပြီး သိမ်းပိုက်အောင်နိုင်ရန် ဖြစ်သည်၊ တစ်နည်းဆိုရလျှင်၊ ဇာတိခန္ဓာထဲတွင် သဏ္ဌာန်ဖော်ထားသော ဝိညာဉ်တော်၏ အလုပ်၊ ဇာတိခန္ဓာ၏ တာဝန်မှာ စကားပြောရန်ဖြစ်ပြီး ဤနည်းအားဖြင့် လူသားကို အကြွင်းမဲ့ သိမ်းပိုက်အောင်နိုင်၊ ဖွင့်ပြကာ ပြီးပြည့်စုံစေပြီး ပယ်ရှင်းရန်ပင် ဖြစ်သည်။ ထို့ကြောင့် ဇာတိခန္ဓာထဲရှိ ဘုရားသခင် အလုပ်သည် အပြည့်အဝ ပြီးမြောက် အောင်မြင်မည့်နေရာမှာ သိမ်းပိုက်အောင်နိုင်ခြင်း အလုပ်ထဲတွင် ဖြစ်သည်။ ကနဦး ရွေးနုတ်ကယ်တင်ခြင်း အလုပ်သည် လူ့ဇာတိခံယူခြင်း အလုပ်၏ အစအဦးပိုင်းမျှသာ ရှိသည်၊ သိမ်းပိုက်အောင်နိုင်ခြင်း အလုပ်ကို လုပ်ဆောင်သည့် ဇာတိခန္ဓာသည် လူ့ဇာတိခံယူခြင်း၏ အလုပ်တစ်ခုလုံးကို ပြီးပြည့်စုံစေ လိမ့်မည် ဖြစ်သည်။ လိင်သတ်မှတ်ချက်အရ ဆိုလျှင်၊ တစ်ဦးသည် အမျိုးသားဖြစ်ပြီး အခြားတစ်ဦးမှာ အမျိုးသမီး ဖြစ်သည်၊ ဤတွင် ဘုရားသခင် လူ့ဇာတိခံယူခြင်း၏ အဓိပ္ပာယ်သည် ပြီးပြည့်စုံသွားပြီ ဖြစ်သည်။ ၎င်းသည် ဘုရားသခင်နှင့် ပတ်သက်သည့် လူသားများ၏ အယူအဆ လွဲမှားများကို ပပျောက်စေသည်။ ဘုရားသခင်သည် အမျိုးသား၊ အမျိုးသမီး နှစ်မျိုးစလုံး ဖြစ်နိုင်ပြီး၊ လူ့ဇာတိခံယူသော ဘုရားသခင်သည် အနှစ်ချုပ်အားဖြင့် ကျား၊မ စနစ် မရှိပါ။ ဘုရားသခင်သည် ယောက်ျားနှင့် မိန်းမ နှစ်မျိုးစလုံးကို ဖန်ဆင်းခဲ့ပြီး၊ သူသည် ကျား၊မ အကြား ခွဲခြားမှု မပြုပါ။ အလုပ်၏ ဤအဆင့်တွင် ဘုရားသခင်သည် နိမိတ် လက္ခဏာများနှင့် အံ့ဖွယ်သောအမှုများကို မလုပ်ဆောင်သည်မှာ အလုပ်သည် စကားလုံးများအားဖြင့်သာ ရလဒ်များကို အောင်မြင်ရရှိရန်အတွက် ဖြစ်သည်။ ထို့အပြင်၊ ဤအကြိမ်တွင် လူ့ဇာတိ ခံယူသော ဘုရားသခင်၏ အလုပ်မှာ နာမကျန်းသောသူကို ကျန်းမာစေရန်နှင့် နတ်ဆိုးများကို နှင်ထုတ်ရန် မဟုတ်ဘဲ၊ စကားပြောခြင်း အားဖြင့်သာ လူသားကို သိမ်းပိုက်အောင်နိုင်ရန်ဖြစ်သည်၊ ပြောရမည်ဆိုပါက ဘုရားသခင် ခံယူထားသော ဤလူ့ဇာတိမှ ပိုင်ဆိုင်ထားသော ပင်ကိုစွမ်းရည်မှာ စကားလုံးများကို ပြောဆိုပြီး လူသားကို သိမ်းပိုက်အောင်နိုင်ရန်ပင် ဖြစ်သည်၊ နာမကျန်းသူကို ကျန်းမာစေရန်နှင့် နတ်ဆိုးများကို နှင်ထုတ်ရန်မဟုတ်ပါ။ သာမန် လူ့သဘာဝထဲရှိ သူ၏အလုပ်သည် တန်ခိုးများကို ပြသရန် မဟုတ်၊ နာမကျန်းသူကို ကျန်းမာစေရန်နှင့် နတ်ဆိုးများကို နှင်ထုတ်ရန်လည်း မဟုတ်ဘဲ၊ စကားပြောရန်သာ ဖြစ်သည်၊ ထို့ကြောင့် ဒုတိယအကြိမ် ခံယူသော ဇာတိခန္ဓာသည် လူများအတွက် ပထမတစ်ကြိမ်ထက် ပို၍ သာမန်ဖြစ်သည်ဟု ထင်ရသည်။ ဘုရားသခင်၏ လူ့ဇာတိခံယူခြင်းသည် မုသားမဟုတ်မှန်း သိမြင်ကြ သော်လည်း၊ ဤလူ့ဇာတိခံယူသော ဘုရားသခင်သည် ယေရှု လူ့ဇာတိခံယူခြင်းနှင့် ကွဲပြားခြားနားသည်၊ သူတို့ နှစ်ဦးစလုံးသည် လူ့ဇာတိခံယူသော ဘုရားသခင်ဖြစ်သော်လည်း၊ သူတို့သည် အကြွင်းမဲ့ တူညီနေခြင်းကား မဟုတ်ပါ။ ယေရှုသည် ပုံမှန် လူ့သဘာဝ၊ သာမန် လူ့သဘာဝကို ပိုင်ဆိုင်ထားသော်လည်း၊ သူသည် နိမိတ်လက္ခဏာများ၊ အံ့ဖွယ်သော အမှုများနှင့် ဒွန်တွဲနေခဲ့သည်။ ဤလူ့ဇာတိခံယူသော ဘုရားသခင်တွင်မူ လူသားမျက်လုံးများ အနေနှင့် နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်သော အမှုများသော်လည်းကောင်း၊ နာမကျန်း သောသူကို ကျန်းမာစေခြင်းသော် လည်းကောင်း၊ နတ်ဆိုးများကို မောင်းထုတ်ခြင်းသော် လည်းကောင်း၊ ပင်လယ်ပေါ်၌ လမ်းလျှောက်ခြင်းကိုသော် လည်းကောင်း၊ ရက်လေးဆယ် အစာရှောင်ခြင်းကိုသော် လည်းကောင်း အစရှိသည်တို့ကို မြင်တွေ့ရလိမ့်မည် မဟုတ်ပေ။ သူသည် ယေရှု လုပ်ဆောင်ခဲ့သည့် အလုပ်နှင့် တူညီသော အလုပ်ကို မလုပ်ဆောင်ပါ၊ အကြောင်းမှာ သူ၏ ဇာတိခန္ဓာသည် အနှစ်သာရအားဖြင့် ယေရှု၏ ဇာတိခန္ဓာနှင့် ကွဲပြားခြားနားသောကြောင့် မဟုတ်ဘဲ၊ သူ၏ သာသနာမှာ နာမကျန်းသောသူကို ကျန်းမာ စေရန်နှင့် နတ်ဆိုးများကို နှင်ထုတ်ရန် မဟုတ်သည့် အတွက်ကြောင့်ပင် ဖြစ်သည်။ သူသည် သူ၏ ကိုယ်ပိုင် အလုပ်ကို မဖြိုဖျက်ပါ၊ သူ၏ ကိုယ်ပိုင်အလုပ်ကို မနှောင့်ယှက်ပါ။ သူသည် လူကို သူ၏ စစ်မှန်သော စကားများဖြင့် သိမ်းပိုက်အောင်နိုင်သည် ဖြစ်သည့်အတွက်၊ လူကို နိမိတ်လက္ခဏာများနှင့် သိမ်းပိုက် စိုးမိုးရန် မလိုအပ်တော့ပါ၊ ထို့ကြောင့် ဤအဆင့်သည် လူ့ဇာတိခံယူခြင်း အလုပ်ကို ပြီးပြည့်စုံစေရန် ဖြစ်သည်။ သင်ယနေ့ မြင်တွေ့ရသည့် လူ့ဇာတိခံယူသော ဘုရားသခင်သည် အကြွင်းမဲ့ ဇာတိခန္ဓာဖြစ်ပြီး၊ သူနှင့် ပတ်သက်ပြီး မည်သည့် သဘာဝလွန် အရာမျှ မရှိပါ။ အကြွင်းမဲ့ ဇာတိခန္ဓာ ဖြစ်သည့်အတွက် သူသည် အခြားသူများကဲ့သို့ ဖျားနာတတ်သည်၊ အခြားသူများကဲ့သို့ပင် အစားအစာနှင့် အဝတ်အထည်ကို လိုအပ်သည်။ ဤတစ်ကြိမ်တွင်၊ လူ့ဇာတိခံယူသော ဘုရားသခင်သည် သဘာဝလွန်သော နိမိတ် လက္ခဏာများနှင့် အံ့ဖွယ်သော အမှုများကို ပြုလုပ်ပြီး၊ နာမကျန်းသောသူကို ကျန်းမာစေမည်၊ နတ်ဆိုးများကို နှင်ထုတ်မည်၊ သို့မဟုတ် စကားတစ်ခွန်းတည်းနှင့်ပင် သေစေနိုင်စွမ်း ရှိမည်ဆိုပါက၊ သိမ်းပိုက်အောင်မြင်ခြင်း အလုပ်ကို မည်သို့ လုပ်ဆောင်နိုင်မည်နည်း။ အလုပ်သည်လည်း တစ်ပါးအမျိုးသား တိုင်းပြည်များသို့ မည်သို့ မည်ပုံ ပျံ့နှံ့နိုင်ပါတော့မည်နည်း။ နာမကျန်းသောသူကို ကျန်းမာစေခြင်းနှင့် နတ်ဆိုးများကို နှင်ထုတ်ခြင်းသည် ကျေးဇူးတော်ခေတ်၏ အလုပ်ဖြစ်ပြီး၊ ရွေးနုတ်ကယ်တင်ခြင်း အလုပ်၏ ပထမအဆင့်လည်း ဖြစ်သည်၊ ယခုတွင် ဘုရားသခင်သည် လက်ဝါးကပ်တိုင်အားဖြင့် လူကို ကယ်တင်ခဲ့ပြီး ဖြစ်သောကြောင့်၊ သူသည် ထိုအလုပ်ကို ထပ်၍မလုပ်ဆောင်တော့ပေ။ အကယ်၍ နောက်ဆုံးသော ကာလတွင် ယေရှုနှင့် တူသော "ဘုရားသခင်" တစ်ပါး ပေါ်ထွက်လာခဲ့မည် ဆိုပါက၊ နာမကျန်းသောသူကို ကျန်းမာစေပြီး၊ နတ်ဆိုးများကို နှင်ထုတ်ကာ၊ လူသားအတွက် ကားစင်တင်ခံမည့်သူ တစ်ဦးဆိုပါက၊ သမ္မာကျမ်းစာထဲရှိ "ဘုရားသခင်"၏ ဖော်ပြချက်များနှင့် ကိုက်ညီပြီး လူသားအတွက် လက်ခံရန် လွယ်ကူသော်ငြားလည်း၊ ၎င်း၏ အနှစ်သာရအရ ဘုရားသခင်၏ ဝိညာဉ်တော်က ယူတင်ဝတ်ဆင်ထားသော ဇာတိခန္ဓာ ဖြစ်လိမ့်မည် မဟုတ်ဘဲ၊ ဝိညာဉ်ဆိုးက ယူတင်ဝတ်ဆင်ထားသော ဇာတိခန္ဓာသာသာလျှင် ဖြစ်လိမ့်မည်။ အကြောင်းမှာ သူပြီးပြည့်စုံစေခဲ့ပြီးသော အရာကို မည်သည့်အခါမျှ ထပ်မလုပ်သည်မှာ ဘုရားသခင် အလုပ်၏ နိယာမပင် ဖြစ်သောကြောင့် ဖြစ်သည်။ ထို့ကြောင့်ပင် ဘုရားသခင် ဒုတိယအကြိမ် လူ့ဇာတိခံယူခြင်း၏ အလုပ်သည်လည်း ပထမအကြိမ်၏ အလုပ်နှင့် ကွဲပြားခြားနားသည်။ နောက်ဆုံးသော ကာလတွင်၊ ဘုရားသခင်သည် သိမ်းပိုက် အောင်မြင်ခြင်း အလုပ်ကို သာမန်ဖြစ်သော ပုံမှန် ဇာတိခန္ဓာထဲတွင် သဏ္ဌာန်ဖော်နေသည်၊ သူသည် နာမကျန်းသူကို ကျန်းမာစေခြင်းမပြု၊ လူသားအတွက် ကားစင်တင်ခံရလိမ့်မည် မဟုတ်ဘဲ၊ ဇာတိခန္ဓာထဲတွင် ရိုးစင်းစွာနှင့် စကားလုံးများ ပြောဆိုမည်ဖြစ်ပြီး၊ ဇာတိခန္ဓာထဲတွင် လူသားကို သိမ်းပိုက်အောင်နိုင်မည် ဖြစ်သည်။ ထိုကဲ့သို့သော ဇာတိခန္ဓာမှသာလျှင် ဘုရားသခင် ခံယူသော ဇာတိခန္ဓာဖြစ်သည်၊ ထိုကဲ့သို့သော ဇာတိခန္ဓာမှသာလျှင် ဘုရားသခင်၏ ဇာတိခန္ဓာထဲမှ အလုပ်ကို ပြီးပြည့်စုံစေနိုင်မည် ဖြစ်သည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ "ဘုရားသခင် ကိန်းဝပ်သော ဇာတိခန္ဓာ၏ အနှစ်သာရ" မှ
ယေရှု၏ အလုပ်၌ လူ့ဇာတိခံယူခြင်း၏ အဓိပ္ပာယ်မှာ ပြီးပြည့်စုံခဲ့ခြင်းမရှိဟု ငါပြောရခြင်းမှာ အဘယ်ကြောင့်နည်း။ အကြောင်းမှာ နှုတ်ကပတ်တော်သည် ဇာတိခန္ဓာ လုံးလုံးလျားလျား ဖြစ်မလာခဲ့ သောကြောင့်ဖြစ်သည်။ ယေရှုပြုခဲ့သည့်အရာမှာ ဇာတိခန္ဓာထဲရှိ ဘုရားသခင် အလုပ်၏ တစ်စိတ် တစ်ပိုင်းမျှသာ ဖြစ်သည်၊ သူသည် ရွေးနုတ်ကယ်တင်ခြင်း အလုပ်ကိုသာ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး၊ လူသားအား အကြွင်းမဲ့ ရယူပိုင်ဆိုင်ခြင်း အလုပ်ကို မလုပ်ဆောင်ခဲ့ပါ။ ဤအကြောင်းကြောင့်ပင် ဘုရားသခင်သည် နောက်ဆုံးသောကာလတွင် နောက်တစ်ကြိမ် လူ့ဇာတိခံယူခြင်းဖြစ်သည်။ အလုပ်၏ ဤအဆင့်သည်လည်း သာမန်ဇာတိခန္ဓာ၌ ထမ်းဆောင်ခဲ့ခြင်းဖြစ်ပြီး၊ အကြွင်းမဲ့ သာမန်ဖြစ်သော လူသားတစ်ဦးမှ ထမ်းဆောင်ခဲ့ခြင်းလည်း ဖြစ်သည်၊ ထိုသူ၏ လူ့သဘာဝမှာ စိုးစဉ်းမျှပင် ထူးကဲသာလွန်ခြင်း မရှိပေ။ အခြားတစ်နည်းနှင့် ဆိုရလျှင်၊ ဘုရားသခင်သည် အကြွင်းမဲ့ သက်ရှိလူသား ဖြစ်လာခြင်းဖြစ်ပြီး၊ သူသည် ဘုရားသခင်ဖြစ်ပြီး၊ အလုပ်ကို ထမ်းဆောင်နေသည့် အကြွင်းမဲ့ သက်ရှိလူသား၊ အကြွင်းမဲ့ ဇာတိခန္ဓာဖြစ်သည်။ လူ့အမြင်အားဖြင့် သူသည် မည်သို့မျှပင် ထူးကဲသာလွန်ခြင်း မရှိသော ဇာတိခန္ဓာပင် ဖြစ်ပြီး၊ ကောင်းကင် ဘာသာစကားကို ပြောဆိုနိုင်သော ပကတိ သာမန်လူပုဂ္ဂိုလ် တစ်ဦး၊ စည်းဝေးခန်းမကြီးများတွင် ဘာသာရေး၏ အတွင်းကျသော အမှန်တရားကို ထုတ်ဖော်ပြရန် မဆိုထားနှင့် အံ့ချီးဖွယ် နိမိတ်လက္ခဏာများ ဘာမျှမပြသူ၊ အံ့ဖွယ်အမှုများ ဘာမျှ မလုပ်ဆောင်သူသာ ဖြစ်သည်။ ဒုတိယ အကြိမ် ခံယူသော ဇာတိခန္ဓာ၏ အလုပ်သည် လူများအတွက် ပထမ အကြိမ်နှင့် လုံးဝ မတူကွဲပြား နေသကဲ့သို့ ထင်ရသည်၊ ထိုကဲ့သို့ ကွဲပြားလှသည့်အတွက် သူတို့နှစ်ဦးတွင် တူသောအရာ ဘာမျှ မရှိဟု ထင်မှတ်ရပြီး၊ ပထမတစ်ဦး အလုပ်နှင့်သက်ဆိုင်သော မည်သည့်အရာကိုမျှ ဤကာလတွင် မမြင်တွေ့နိုင်ပါ။ ဒုတိယအကြိမ် ခံယူသော ဇာတိခန္ဓာ၏ အလုပ်သည် ပထမအကြိမ်၏ အလုပ်နှင့် ကွဲပြားခြားနားသော်လည်း၊ ထိုအချက်က သူတို့၏ အရင်းအမြစ်သည် တစ်ခုတည်းမဟုတ်၊ အရင်းအမြစ်ချင်းမတူဟု သက်သေမပြပါ။ သူတို့၏ အရင်းအမြစ်သည် တူညီခြင်း ရှိ၊ မရှိဆိုသည်မှာ သူတို့၏ အပြင်ပိုင်းသဏ္ဌာန်များအပေါ်၌ မမူတည်ဘဲ၊ ဇာတိခန္ဓာနှစ်ဦးစလုံးမှ လုပ်ဆောင်ခဲ့သည့် အလုပ်၏ သဘာဝ အပေါ်တွင်သာ မူတည်သည်။ သူ့အလုပ်၏ အဆင့်သုံးဆင့် အတောအတွင်း၊ ဘုရားသခင်သည် နှစ်ကြိမ် လူ့ဇာတိခံယူခဲ့ပြီး၊ နှစ်ကြိမ်စလုံးတွင် ဘုရားသခင်၏ လူ့ဇာတိခံယူသော အလုပ်သည် ခေတ်သစ်တစ်ခုကို ဖွင့်လှစ်ပေးသည်၊ အလုပ်သစ်တစ်ခုကို အစပြုပေးသည်၊ လူ့ဇာတိခံယူခြင်း နှစ်ကြိမ်စလုံးတွင် တစ်ကြိမ်က အခြားတစ်ကြိမ်ကို အပြန်အလှန်ပြည့်စုံစေသည်။ ဇာတိခန္ဓာနှစ်ပါးသည် တူညီသော အရင်းအမြစ် တစ်ခုတည်းမှ အမှန်တကယ်လာသည် ဆိုခြင်းကို လူသားမျက်လုံးများဖြင့် မြင်နိုင်ရန်မှာမူ မဖြစ်နိုင်ပါ။ ထိုသို့မြင်နိုင်ဖို့ဆိုသည်မှာ လူသားမျက်လုံးနှင့် လူသားစိတ်တို့၏ တတ်စွမ်းနိုင်သည်ထက် လွန်သည်ဆိုခြင်းကို ပြောရန်ပင် မလိုအပ်ပါ။ သို့သော် လူ့ဇာတိခံယူခဲ့သောသူ နှစ်ဦးစလုံး၏ အနှစ်သာရ၌မူ အတူတူပင်ဖြစ်သည်၊ အကြောင်းမှာ သူတို့၏ အလုပ်သည် ဝိညာဉ်တော်တစ်ပါးတည်းမှ အရင်းပြုသောကြောင့် ဖြစ်သည်။ ခံယူသော ဇာတိခန္ဓာ နှစ်ပါးသည် တူညီသော အရင်းအမြစ်မှ ပေါ်ထွက်လာခြင်း ဟုတ်၊ မဟုတ်ဆိုသည်ကို သူတို့ မွေးဖွားခဲ့သည့် ခေတ်ကာလနှင့် နေရာဒေသများအားဖြင့် သို့မဟုတ် ထိုကဲ့သို့သော အကြောင်းရင်းများဖြင့် ဆုံးဖြတ်၍ မရဘဲ၊ သူတို့မှ ဖော်ပြသည့် ဘုရားသဘောသဘာဝ၏ အလုပ်အားဖြင့်သာ ဆုံးဖြတ်၍ ရမည်ဖြစ်သည်။ ဒုတိယအကြိမ် ခံယူသော ဇာတိခန္ဓာသည် ယေရှုလုပ်ဆောင်ခဲ့သော အလုပ်နှင့်သက်ဆိုင်သော မည်သည့်အရာကိုမျှ ဆောင်ရွက်ခြင်းမရှိပါ၊ အကြောင်းမှာ ဘုရားသခင်၏ အလုပ်သည် သမားရိုးကျအတိုင်း မဟုတ်ဘဲ၊ အကြိမ်တိုင်းတွင် ၎င်းသည် လမ်းအသစ်ကို ဖွင့်ပေးသောကြောင့် ဖြစ်သည်။ ဒုတိယအကြိမ် ခံယူသော ဇာတိခန္ဓာသည် လူများ၏ စိတ်ထဲရှိသော ပထမ ဇာတိခန္ဓာအား ထင်မြင်ချက်ကို ခိုင်ခံ့စေရန်၊ သို့မဟုတ် နက်ရှိုင်းစေရန် မရည်ရွယ်ဘဲ၊ ဖြည့်စွက်ရန်နှင့် ပြီးပြည့်စုံစေရန်၊ ဘုရားသခင်နှင့် ပတ်သက်သည့် လူ၏ အသိ ပညာကို နက်ရှိုင်းစေရန်၊ လူတို့၏ နှလုံးသားများထဲ၌ တည်ရှိသော စည်းမျဉ်းများ အားလုံးကို ချိုးဖျက်ရန်နှင့် သူတို့၏ နှလုံးသားများထဲ၌ ရှိသော ဘုရားသခင်နှင့် ပတ်သက်သည့် မှားယွင်းသော ပုံရိပ်ကို သုတ်သင် ပယ်ရှင်းရန် ဖြစ်သည်။ ဘုရားသခင် ကိုယ်ပိုင်အလုပ်၏ မည်သည့်အဆင့် တစ်သီးတစ်သန့်ကမျှ လူသားကို သူနှင့်ပတ်သက်သည့် ပြီးပြည့်စုံသည့် အသိပညာကို မပေးနိုင်ဟု ပြော၍ရသည်၊ အသီးသီးသည် တစ်စိတ် တစ်ပိုင်းကိုသာ ပေးပြီး၊ အလုံးစုံကို မပေးပါ။ ဘုရားသခင်သည် သူ၏ စိတ်သဘောထားကို အပြည့်အဝ ဖော်ပြခဲ့ပြီး ဖြစ်သော်လည်း၊ လူသား၏ အကန့်အသတ်ဖြင့်သာရှိသော နားလည်နိုင်စွမ်းကြောင့် ဘုရားသခင်နှင့် ပတ်သက်သော သူ၏ အသိပညာမှာ မပြည့်မစုံဘဲ ကျန်ရှိနေဆဲပင် ဖြစ်သည်။ လူ့ဘာသာ စကားကို အသုံးပြု၍ ဘုရားသခင်၏ စိတ်သဘောထား အလုံးစုံကို ဖော်ပြရန်မှာ မဖြစ်နိုင်ပေ၊ ထို့ထက် သူ့အလုပ်၏ အဆင့်တစ်ဆင့်တည်းက ဘုရားသခင်ကို မည်ကဲ့သို့ အပြည့်အဝ ဖော်ပြနိုင်မည်နည်း။ သူ့သာမန် လူ့သဘာဝဖြင့် ကွယ်ဝှက်ထားသော ဇာတိခန္ဓာထဲတွင် သူအလုပ်လုပ်သည်၊ သူ၏ ခန္ဓာဆိုင်ရာ သဏ္ဌာန်အားဖြင့် မဟုတ်၊ သူ၏ဘုရားသဘောသဘာဝ၏ ဖော်ပြမှုများအားဖြင့်သာ သူ့ကို သိကျွမ်းနိုင်သည်။ သူ၏ အမျိုးမျိုးသော အလုပ်အားဖြင့် လူသားက သူ့အားသိကျွမ်း လာနိုင်စေရန် ဘုရားသခင်သည် ဇာတိခန္ဓာထဲသို့ ဆင်းကြွလာခြင်းဖြစ်ပြီး၊ သူ့အလုပ်တွင် ပါဝင်သော အဆင့်များသည် တစ်ဆင့်နှင့် တစ်ဆင့်လုံးဝ မတူပေ။ ဤနည်းလမ်းအားဖြင့်သာ လူသားသည် ရှုထောင့်တစ်ခုတည်းတွင်ပင် ပိတ်မိမနေဘဲ ဇာတိခန္ဓာထဲရှိ ဘုရားသခင် အလုပ်နှင့် ပတ်သက်သည့် ပြည့်စုံသော အသိပညာကို ရရှိနိုင်မည်ဖြစ်သည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ "ဘုရားသခင် ကိန်းဝပ်သော ဇာတိခန္ဓာ၏ အနှစ်သာရ" မှ
ယေရှုသည် "နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့် အတူရှိ၏"၏ အနှစ်သာရကိုသာ ဖြည့်ဆည်းခဲ့သည့် အလုပ်၏ အဆင့်တစ်ဆင့်ကို လုပ်ဆောင်ခဲ့သည်။ ဘုရားသခင်၏ သမ္မာတရားသည် ဘုရားသခင်နှင့် အတူရှိပြီး ဘုရား သခင်၏ ဝိညာဥ်မှာ ဇာတိပကတိနှင့် အတူရှိကာ သူ့ထံမှ ခွဲခြားထား၍ မရပါ၊ ဆိုလိုသည်မှာ လူ့ဇာတိ ခံယူသော ဘုရားသခင်၏ ဇာတိပကတိသည် ဘုရားသခင်၏ ဝိညာဥ်နှင့် အတူရှိကာ ယင်းသည် လူ့ဇာတိခံယူသော ယေရှုမှာ ဘုရားသခင်၏ ပထမဆုံးသော လူ့ဇာတိခံယူခြင်းဖြစ်သည် ဆိုခြင်း၏ သာ၍ ကြီးမားသော သက်သေပင်ဖြစ်သည်။ အလုပ်၏ ဤအဆင့်သည် "နှုတ်ကပတ်တော်သည် လူ့ဇာတိခံယူ၏"၏ အတွင်းပိုင်း အနက်အဓိပ္ပာယ်ကို ဖြည့်ဆည်းခဲ့ပြီး၊ "နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့် အတူရှိ၏။ နှုတ်ကပတ်တော်သည်လည်း ဘုရားသခင် ဖြစ်တော်မူ၏"အား သာ၍ နက်ရှိုင်းသည့် အနက်အဓိပ္ပာယ်ကို ပံ့ပိုးပေးခဲ့ကာ၊ "အစအဦး၌ နှုတ်ကပတ်တော်ရှိ၏"ဟူသည့် နှုတ်ကပတ်တော်များကို သင်ခိုင်မာစွာ ယုံကြည် ရန် ခွင့်ပြုပေးလေသည်။ ဆိုလိုသည်မှာ ဖန်ဆင်းချိန်တွင် ဘုရားသခင်၌ နှုတ်ကပတ်တော် များ ရှိသည်၊ သူ၏ နှုတ်ကပတ်တော်များမှာ သူနှင့်အတူရှိခဲ့ကာ သူ့ထံမှ ခွဲခြားထား၍ မရခဲ့ချေ၊ နောက်ဆုံးသော ခေတ်သည် သူ့နှုတ်ကပတ်တော်များ၏ အာဏာနှင့် တန်ခိုးကို သာ၍ပင် ရှင်းလင်းအောင် ပြုလုပ်ပြီး လူသားအား သူ့နှုတ်ကပတ်တော်များ အားလုံးကို မြင်တွေ့ရန်—သူ၏ နှုတ်ကပတ်တော်များ အားလုံးကို နာကြားရန်—ခွင့်ပြုပေးသည်။ ယင်းသည် နောက်ဆုံးသောခေတ်၏ အလုပ်ပင် ဖြစ်သည်။… ဤသည်မှာ ဒုတိယ အကြိမ် လူ့ဇာတိခံယူခြင်း၏အလုပ်—ဘုရားသခင် လူ့ဇာတိခံယူသည့် နောက်ဆုံးအကြိမ်—ဖြစ်သောကြောင့် ယင်းသည် လူ့ဇာတိခံယူခြင်း၏ ရည်ရွယ်ချက်ကို လုံးလုံးလျားလျား စုံလင်စေကာ ဇာတိပကတိထဲရှိ ဘုရား သခင်၏ အလုပ်အားလုံးကို ထုတ်ဆောင်လျက် စေ့စေ့စပ်စပ် ဆောင်ရွက်ပြီး ဇာတိပကတိထဲရှိ ဘုရားသခင် ဖြစ်ခြင်း၏ ခေတ်ကာလကို အဆုံးသတ်စေသည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ "လက်တွေ့လုပ်ဆောင်ခြင်း (၄)" မှ
ကျေးဇူးတော်ခေတ်၌ ဘုရားသခင်သည် နှုတ်ကပတ်တော်နှင့် ဆိုင်သောအလုပ်ကို မလုပ်၊ လူသားအားလုံးကို ရွေးနုတ်ရန်အတွက် လက်ဝါးကပ်တိုင်၌ အသေခံသည့် အကြောင်းကိုသာ ဖော်ပြခဲ့သည်။ ကျမ်းစာက ယေရှုအဘယ်ကြောင့် လက်ဝါးကပ်တိုင်၌ အသေခံဖို့လိုသည့်အကြောင်း၊ လက်ဝါးကပ်တိုင်ပေါ်၌ မည်သို့သော ဒုက္ခကို ခံရမည်ဖြစ်ကြောင်းနှင့် လူသားသည် ဘုရားသခင်အတွက် လက်ဝါးကပ်တိုင်ပေါ်၌ မည်သို့ အသေခံသင့်သည့် အကြောင်းတို့ကိုသာ ဖော်ပြထားသည်။ ထိုခေတ်၌ ဘုရားသခင် လုပ်ခဲ့သမျှ အလုပ်အားလုံးသည် လက်ဝါးကပ်တိုင်ပေါ်၌ အသေခံခြင်းအပေါ် ဗဟိုပြုထားသော အလုပ်များဖြစ်သည်။ နိုင်ငံတော်ခေတ်၌ လူ့ဇာတိခံယူထားသော ဘုရားသခင်သည် သူ့ကို ယုံကြည်သူများ အားလုံးကို သိမ်းပိုက်ရန်အတွက် နှုတ်ကပတ်တော်များ ပြောနေသည်။ ဤအရာမှာ "နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာခြင်း" ပင်ဖြစ်သည်။ ဘုရားသခင်သည် နောက်ဆုံးသောကာလ၌ ဤအလုပ်အား လုပ်ဆောင်ရန် ရောက်လာခြင်း ဖြစ်သည်။ ဆိုလိုသည်မှာ ဘုရားသခင်မှာ နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာခြင်း၏ အမှန်တကယ် ထူးခြားမှုကို ဖြစ်မြောက်စေဖို့ ရောက်လာခြင်းဖြစ်သည်။ ဘုရားသခင်သည် နှုတ်ကပတ်တော်များကိုသာ ပြောသည်၊ အချက်အလက်များကို တော်ရုံတန်ရုံ အသုံးပြုခဲ့သည်။ ဤအရာသည်ပင် နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာခြင်း၏ အနှစ်သာရဖြစ်သည်။ လူ့ဇာတိခံယူထားသော ဘုရားသခင် နှုတ်ကပတ်တော်များပြောခြင်းသည် လူ့ဇာတိထဲ၌ နှုတ်ကပတ်တော် ပေါ်လာခြင်းဖြစ်ပြီး၊ နှုတ်ကပတ်တော်က လူ့ဇာတိထဲ ကြွဆင်းလာခြင်း ဖြစ်သည်။ "အစအဦး၌ နှုတ်ကပတ်တော်ရှိ၏။ နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့် အတူရှိ၏။ နှုတ်ကပတ်တော် သည်လည်း ဘုရားသခင် ဖြစ်တော်မူ၏။ ထိုနှုတ်ကပတ်တော်သည် အစအဦး၌ ဘုရားသခင်နှင့်အတူရှိ၏။ နှုတ်ကပတ်တော်သည်လည်း လူ့ဇာတိအဖြစ်ကို ခံယူ၍..."။ ဤအရာ (လူ့ဇာတိထဲ၌ နှုတ်ကပတ်တော် ပေါ်လာခြင်း၏ အလုပ်)သည် နောက်ဆုံးသော ကာလ၌ ဘုရားသခင် ပြီးမြောက်အောင်လုပ်မည့် အလုပ်ဖြစ်သည်၊ ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ် တစ်ခုလုံး၏ နောက်ဆုံးအခန်းလည်း ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်သည် လောကသို့လာပြီး သူ၏ နှုတ်ကပတ်တော်ကို လူ့ဇာတိထဲတွင် ထင်ရှားပြခြင်း ဖြစ်သည်။ ယနေ့လုပ်ပြီးသောအရာ၊ အနာဂတ်တွင် လုပ်မည့်အရာ၊ ဘုရားသခင် အထမြောက်အောင် လုပ်မည့်အရာ၊ လူ၏ နောက်ဆုံး ပန်းတိုင်၊ ကယ်တင်ခြင်း ခံရမည့်သူများ၊ ဖျက်ဆီးခြင်း ခံရမည့်သူများ စသည်တို့နှင့် ပတ်သက်သော အလုပ်သည် အဆုံး၌ ပြီးမြောက်အောင် လုပ်သင့်သည့် အလုပ်ဖြစ်ပြီး ထိုအလုပ်နှင့် ပတ်သက်သော အကြောင်းအရာအားလုံးကို ရှင်းရှင်းလင်းလင်း ဖော်ပြထားပြီး ဖြစ်သည်၊ ထို့အပြင် ထိုအရာများ အားလုံးသည် လူဇာတိခံယူသော နှုတ်ကပတ်တော်၏ အမှန်တကယ် ထူးခြားမှုကို ဖြစ်စေသည့် အရာများဖြစ်သည်။ ယခင်က ထုတ်ပြန်ခဲ့သည့် စီမံခန့်ခွဲမှုဆိုင်ရာ အမိန့်များနှင့် ဥပဒေသများ၊ ဖျက်ဆီးခြင်း ခံရမည့်သူများ၊ အနားယူကြမည့် သူများ စသည်တို့နှင့် ပတ်သက်သော နှုတ်ကပတ်တော်များ အားလုံးသည် ပြည့်စုံရမည် ဖြစ်သည်။ ထိုအလုပ်သည် နောက်ဆုံးသော ကာလ၌ လူ့ဇာတိ ခံယူထားသော ဘုရားသခင်က ပြီးမြောက်အောင်လုပ်မည့် အဓိက အလုပ်ဖြစ်သည်။ ဘုရားသခင် ရှေးမဆွက ခွဲခန့်မှတ်သားထားသော သူများသည် မည်သည့်နေရာနှင့် ဆိုင်ကြောင်း၊ ဘုရားသခင် ရှေးမဆွက ခွဲခန့်မှတ်သားထားခြင်း မရှိသောသူများသည် မည်သည့်နေရာနှင့် ဆိုင်ကြောင်း၊ ဘုရားသခင်၏ လူများနှင့် ဘုရားသခင်၏သားများကို မည်သို့ အမျိုးအစား ခွဲခြားသတ်မှတ်မည် ဖြစ်ကြောင်း၊ ဣသရေလ၌ မည်သို့ ဖြစ်မည်၊ အဲဂုတ္တု၌ မည်သို့ဖြစ်မည် စသည်တို့ကို ဘုရားသခင်သည် လူတို့အား နားလည်စေသည်။ အနာဂတ်တွင် ထိုအရာများအကြောင်း ပြောထားသော နှုတ်ကပတ်တော်တိုင်းသည် ပြည့်စုံလိမ့်မည်။ ဘုရားသခင် အလုပ်လုပ်သည့် နှုန်းသည် အရှိန်မြင့်လာလျက် ရှိသည်။ ခေတ်တိုင်း ခေတ်တိုင်းတွင် ဘာလုပ်ရမည်နည်း ဆိုသည်အား လူသားကို ထုတ်ဖော်ပြသဖို့၊ နောက်ဆုံးသော ကာလ၌ လူ့ဇာတိခံယူထားသော ဘုရားသခင် ဘာလုပ်ရမည်နည်း ဆိုသည်ကို ထုတ်ဖော်ပြသဖို့၊ လုပ်ဆောင်ရမည့် သူ၏သာသနာကို ထုတ်ဖော်ပြသဖို့အတွက် ဘုရားသခင်သည် နှုတ်ကပတ်တော်ကို အသုံးပြုသည်။ ဤနှုတ်ကပတ်တော်များ အားလုံးသည် လူ့ဇာတိတွင် ပေါ်လာသော နှုတ်ကပတ်တော် အမှန်တကယ် ထင်ရှားစေဖို့ ပြောသောစကားများဖြစ်သည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ "အရာအားလုံးကို ဘုရားသခင်၏ နှုတ်ကပတ်တော်ဖြင့် စွမ်းဆောင်ရရှိသည်" မှ
ဘုရားသခင်က ကမ္ဘာကြီးထဲကို ကြွလာခြင်းသည် "နှုတ်ကပတ်တော်သည် လူ့ဇာတိကို ခံယူသည်" ဟူသောအချက်ကို ကနဦး ပြည့်စုံစေဖို့ဖြစ်ပြီး ပြောရမည်ဆိုလျှင် ဘုရားသခင် ကြွလာခြင်းသည် သူ၏ နှုတ်ကပတ်တော်များကို (ဓမ္မဟောင်းထဲက မောရှေအချိန်ကဲ့သို့ ဘုရားသခင်သည် ကောင်းကင်မှ တိုက်ရိုက် စကားပြောခြင်းမျိုး မဟုတ်ဘဲ) လူ့ဇာတိထဲမှ ထုတ်ဖော်ရန်ပင်ဖြစ်သည်။ ထို့နောက် သူ၏ နှုတ်ကပတ်တော်တိုင်းသည် နှစ်တစ်ထောင် နိုင်ငံတော်ကာလတွင် ပြည့်စုံမည် ဖြစ်သည်။ ထိုနှုတ်ကပတ်တော်များသည် လူများ၏ မျက်လုံးများရှေ့တွင် မြင်တွေ့နိုင်သော အချက်အလက်များ ဖြစ်လာလိမ့်မည်ဖြစ်ပြီး လူများသည် ထိုအရာများကို ခြားနားခြင်း စိုးစဉ်းမျှမရှိဘဲ သူတို့၏ ကိုယ်ပိုင်မျက်လုံးများကို အသုံးပြုကာ ရှုမြင်ရကြ လိမ့်မည်ဖြစ်သည်။ ဤအရာသည် ဘုရားသခင် လူ့ဇာတိကိုခံယူခြင်း၏ အမြင့်ဆုံးအဓိပ္ပာယ်ဖြစ်သည်။ ပြောရမည်ဆိုလျှင်၊ ဝိညာဉ်တော်၏ အမှုသည် လူ့ဇာတိမှတစ်ဆင့်၊ နှုတ်ကပတ်တော်များမှတစ်ဆင့် ပြည့်စုံလာခြင်းဖြစ်သည်။ ဤအရာသည် "နှုတ်ကပတ်တော်သည် လူ့ဇာတိကို ခံယူသည်"နှင့် "နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏"တို့၏ စစ်မှန်သော အဓိပ္ပာယ်ပင်ဖြစ်သည်။ ဘုရားသခင် တစ်ပါးတည်းသာ ဝိညာဉ်တော်၏ အလိုကို ပြောနိုင်ပြီး လူ့ဇာတိထဲ၌ရှိသော ဘုရားသခင်ကသာ ဝိညာဉ်တော်ကိုယ်စား ပြောနိုင်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကသာ ဘုရားသခင်၏ လူ့ဇာတိခံယူခြင်း၌ ပေါ်လွင်စေပြီး လူတိုင်းက ထိုအရာများ၏ လမ်းညွှန်မှုကို ခံရသည်။ လူတိုင်းက ဤနယ်ပယ်အတွင်းမှာသာ ရှိနေရပြီး မည်သူကမှ လွတ်ငြိမ်းခွင့် မရပါ။ ဤဖွင့်ဆိုချက်များမှသာ လူများသည် သိလာကြရခြင်းဖြစ်ပြီး၊ ဤနည်းလမ်းနှင့် မရသောသူများသည် အကယ်၍ သူတို့သာ ကောင်းကင်မှ ဖွင့်ဆိုချက်များ ရနိုင်သည်ဟု ယုံကြည်နေလျှင် စိတ်ကူးနှင့် ရူးနေကြခြင်း ဖြစ်သည်။ လူအားလုံးကို ယုံကြည်အောင် ပြုခြင်းမှာ ဘုရားသခင်၏ လူ့ဇာတိခံယူခြင်းမှာ ဖော်ပြထားသော အခွင့်အာဏာ ဖြစ်သည်။ ကြည်ညိုထိုက်သော ပညာရှင်များနှင့် ဘာသာရေး ခေါင်းဆောင်များပင်လျှင် ဤနှုတ်ကပတ်တော်များကို မပြောပြနိုင်ပါ။ သူတို့အားလုံးသည် ထိုနှုတ်ကပတ်တော်များအောက်၌ ကျိုးနွံအပ်နှံရမည်၊ မဟုတ်လျှင် မည်သူမှ နောက်တဆင့်ကို တက်လှမ်းနိုင်မည် မဟုတ်ပေ။ ဘုရားသခင်သည် စကြဝဠာကို အောင်နိုင်ဖို့ နှုတ်ကပတ်တော်များကို အသုံးပြုပါလိမ့်မည်။ ဤအရာများကို သူခံယူထားသော လူ့ဇာတိနှင့် လုပ်ဆောင်မည် မဟုတ်ဘဲ စကြဝဠာ တစ်လျှောက်လုံးမှာ ရှိနေသော လူအားလုံးကို သိမ်းပိုက် အောင်နိုင်ဖို့ ဘုရားသခင်၏ နှုတ်ကထွက်လာပြီး လူ့ဇာတိခံယူသော ဖွင့်ဆိုချက်များအားဖြင့် လုပ်ဆောင်မည်ဖြစ်သည်။ ဤအရာသာ နှုတ်ကပတ်တော်သည် လူ့ဇာတိကို ခံယူခြင်းဖြစ်ပြီး ဤအရာသာ လူ့ဇာတိ၌ နှုတ်ကပတ်တော် ပေါ်လာခြင်း ဖြစ်သည်။ ဤအရာသည် လူများအတွက်ဆိုလျှင် ဘုရားသခင်က လုပ်ဆောင်မှုများစွာ မလုပ်ခဲ့ဟု ထင်ရသကဲ့သို့ ဖြစ်နေသော်လည်း၊ လူများနှံ့နှံ့စပ်စပ် ယုံကြည်ဖို့နှင့် ကြောက်ရွံ့ရိုသေဖို့ ဘုရားသခင်က သူ၏ နှုတ်ကပတ်တော်များကို မြွက်ဆိုရုံပဲ ရှိပါသည်။ အချက်အလက်များ မရှိလျှင် လူများသည် အော်ဟစ်၊ ကြွေးကြော်ကြမည်ဖြစ်ပြီး၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်သာဆိုလျှင် သူတို့ ဆိတ်ငြိမ်ကျသွားမည် ဖြစ်သည်။ ဘုရားသခင်သည် ဤအရာများကို အမှန်ပြည့်စုံစေမည် ဖြစ်သည်၊ အဘယ့်ကြောင့်ဆိုလျှင် ဤအရာသည် သူ၏ ရေရှည်စီမံကိန်းဖြစ်သော နှုတ်ကပတ်တော် ဤလောကကို ရောက်ရှိခြင်းအား အကောင်အထည်ဖော်ခြင်း ဖြစ်သောကြောင့်ဖြစ်သည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ "နှစ်တစ်ထောင်နိုင်ငံတော် ရောက်ရှိလာခဲ့ပြီ" မှ
ဘုရားသခင်သည် သန့်ရှင်းသော ဝိညာဉ်တော် ဖြစ်ရုံမက ထိုဝိညာဉ်တော်သည် ခုနစ်ဆ ပြင်းထန်သည့် ဝိညာဉ်တော်၊ ခပ်သိမ်းသောအရာတို့ကို လွှမ်းခြုံထားသော ဝိညာဉ်တော်ဖြစ်ကာ လူသားတစ်ဦး၊ လူသာမန် တစ်ဦး၊ အထူးပင် သာမညဖြစ်သော လူသားတစ်ဦးလည်းဖြစ်၏။ သူသည် အမျိုးသားဖြစ်ရုံမက အမျိုးသမီးလည်း ဖြစ်၏။ ၎င်းတို့သည် လူသားများတွင် မွေးဖွားကြသဖြင့် အလားတူကြကာ တစ်ဦးသည် သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့် ပဋိသန္ဓေစွဲယူပြီး အခြားတစ်ဦးသည် လူသားတစ်ဦးတွင် မွေးဖွားသော်လည်း ဝိညာဉ်တော်မှ တိုက်ရိုက်ဆင်းသက် လာသဖြင့် ကွဲပြားကြ၏။ ၎င်းတို့နှစ်ဦးစလုံးသည် ဘုရားသခင်၏ ဇာတိပကတိဖြစ်ကာ အဖဘုရားသခင်၏ အမှုကို ထမ်းဆောင်သဖြင့် ဆင်တူကြကာ တစ်ဦးမှာ ရွေးနုတ်ကယ်တင်သည့် အမှုကို ဆောင်ရွက်၍ အခြားတစ်ဦးမှာ သိမ်းပိုက်အောင်မြင်သည့် အမှုကို ဆောင်ရွက်သဖြင့် ကွဲပြားကြ၏။ နှစ်ဦးစလုံးသည် အဖဘုရားသခင်ကို ကိုယ်စားပြုသော်လည်း တစ်ဦးသည် ချစ်ခြင်းမေတ္တာနှင့် သနားကြင်နာခြင်းတို့နှင့် ပြည့်နှက်နေသော ရွေးနုတ်ကယ်တင်ခြင်း၏ သခင်ဖြစ်ကာ အခြားတစ်ဦးမှာ ဒေါသနှင့် တရားစီရင်ခြင်းတို့နှင့် ပြည့်နှက်နေသော ဖြောင့်မတ်ခြင်း၏ ဘုရားသခင်ဖြစ်၏။ တစ်ဦးသည် ရွေးနုတ်ကယ်တင်ခြင်း အမှုကို စတင်ရန် အဓိပတိတပ်မှူးဖြစ်ကာ အခြားတစ်ဦးသည် သိမ်းပိုက် အောင်မြင်ခြင်း အမှုကို ပြီးဆုံးရန် ဖြောင့်မတ်သည့် ဘုရားသခင်ဖြစ်၏။ တစ်ဦးသည် အစဖြစ်ကာ ကျန်တစ်ဦးသည် အဆုံးဖြစ်၏။ တစ်ဦးသည် အပြစ်မဲ့သော ဇာတိပကတိဖြစ်ကာ အခြားတစ်ဦးသည် ရွေးနုတ်ကယ်တင်ခြင်းကို ပြီးဆုံးစေပြီး အမှုကို ဆက်လက်ဆောင်ရွက်ကာ မည်သည့်အခါမျှ အပြစ် မဟုတ်သည့် ဇာတိပကတိဖြစ်၏။ နှစ်ဦးစလုံးသည် ဝိညာဉ်တော် တစ်ခုတည်းသာ ဖြစ်သော်လည်း ကွဲပြားသော သွေးသားခန္ဓာများတွင် ကျိန်းဝပ်နေကြကာ ကွဲပြားသော နေရာများတွင် မွေးဖွားကြ၏။ ထို့အပြင် ၎င်းတို့သည် နှစ်ပေါင်း ထောင်ပေါင်းများစွာ ခြားနေကြ၏။ သို့သော် ၎င်းတို့၏အမှု ခပ်သိမ်းသည် အပြန်အလှန် ပံ့ပိုးနေကြကာ မည်သည့်အခါမျှ ပဋိပက္ခမဖြစ်ဘဲ တစ်ချိန်တည်းတွင် ထိုအမှုများအကြောင်းကို ပြော၍ရသည်။ ၎င်းတို့နှစ်ဦးစလုံးသည် လူသားများဖြစ်သော်လည်း တစ်ဦးသည် သားယောက်ျားလေး ဖြစ်၍ အခြားတစ်ဦးသည် မွေးကင်းစ မိန်းကလေးဖြစ်၏။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ "ဘုရားသခင်နှင့်ပတ်သက်၍ သင်မည်သို့ နားလည်သနည်း" မှ
လက်ရှိအဆင့်တွင် လူ့ဇာတိခံယူသော ဘုရားသခင်သည် အခက်အခဲကို ကြံ့ကြံ့ခံနေရသည် ဖြစ်စေ၊ သို့မဟုတ် သူ၏ သာသနာကို ထမ်းဆောင်နေရသည် ဖြစ်စေ၊ လူ့ဇာတိခံယူခြင်း၏ အဓိပ္ပာယ်ကို ပြီးပြည့် စုံစေရန် ထိုကဲ့သို့ သူလုပ်ဆောင်ခြင်း ဖြစ်သည်၊ အကြောင်းမှာ ယခုသည် ဘုရားသခင်၏ နောက်ဆုံး လူ့ဇာတိ ခံယူခြင်း ဖြစ်သောကြောင့် ဖြစ်သည်။ ဘုရားသခင်သည် နှစ်ကြိမ်တည်းသာ လူ့ဇာတိခံယူနိုင်သည်။ တတိယ အကြိမ် မရှိနိုင်ပါ။ ပထမ လူ့ဇာတိခံယူခြင်းသည် အမျိုးသားဖြစ်ခဲ့ပြီး၊ ဒုတိယသည် အမျိုးသမီး ဖြစ်သည့်အတွက်ကြောင့်၊ ဘုရားသခင် ဇာတိခန္ဓာ၏ ပုံရိပ်သည် လူသား၏ စိတ်တွင် ပြီးပြည့်စုံသွားပြီ ဖြစ်သည်၊ ထို့အပြင် လူ့ဇာတိခံယူခြင်း နှစ်ကြိမ်လုံးသည် ဇာတိခန္ဓာထဲရှိ ဘုရားသခင်၏ အလုပ်ကို ပြီးဆုံးစေ ခဲ့ပြီးဖြစ်သည်။ ပထမအကြိမ် လူ့ဇာတိခံယူသော ဘုရားသခင်သည် လူ့ဇာတိခံယူခြင်း၏ အဓိပ္ပာယ်ကို ပြီးပြည့်စုံစေရန် အလို့ငှါ ပုံမှန် လူ့သဘာဝကို ပိုင်ဆိုင်ခဲ့သည်။ ဤတစ်ကြိမ်တွင် သူသည် သာမန် လူ့သဘာဝကို ပိုင်ဆိုင်ထားသော်လည်း၊ ဤတစ်ကြိမ်လူ့ဇာတိခံယူခြင်း၏ အဓိပ္ပာယ်မှာမူ ကွဲပြားခြားနားသည်။ ပို၍ နက်ရှိုင်းပြီး၊ သူ၏ အလုပ်သည် သာ၍ လေးနက်သိမ်မွေ့ကာ အရေးပါသည်။ ဘုရားသခင် လူ့ဇာတိကို နောက်တစ်ကြိမ် ပြန်၍ခံယူရခြင်း၏ အကြောင်းရင်းမှာ လူ့ဇာတိခံယူခြင်း၏ အဓိပ္ပာယ်ကို ပြီးပြည့်စုံစေရန်ဖြစ်သည်။ ဘုရားသခင်သည် သူ့အလုပ်၏ ဤအဆင့်ကို အကြွင်းမဲ့ နိဂုံးချုပ်ပြီးသောအခါ၊ လူ့ဇာတိခံယူခြင်း၏ အဓိပ္ပာယ်အလုံးစုံသည်၊ ဆိုလိုသည်မှာ၊ ဇာတိခန္ဓာထဲရှိ ဘုရားသခင်၏ အလုပ်သည် ပြီးပြည့်စုံလိမ့်မည် ဖြစ်ပြီး၊ ဇာတိခန္ဓာထဲတွင် လုပ်ဆောင်ရမည့် အလုပ်တစ်ခုမျှ ရှိတော့မည် မဟုတ်ပေ။ ဆိုလိုသည်မှာ၊ ထိုအချိန်မှစ၍ ဘုရားသခင်သည် သူ၏အလုပ်ကို ဆောင်ရွက်ရန် ဇာတိခန္ဓာသို့ နောက်တစ်ဖန် ဘယ်သောအခါမျှ ပြန်ကြွလာတော့မည် မဟုတ်ပေ။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ "ဘုရားသခင် ကိန်းဝပ်သော ဇာတိခန္ဓာ၏ အနှစ်သာရ" မှ
(ဘုရားသခင်၏ နှုတ်ကပတ်တော်ထဲမှ လက်ရွေးစင် ကျမ်းပိုဒ်)
လူ့ဇာတိခံယူခြင်းနှစ်ကြိမ်သည် လူ့ဇာတိခံယူခြင်း၏ ရည်ရွယ်ချက်ကို ပြည့်စုံစေသည်
ဘုရားသခင် လုပ်ဆောင်ခဲ့သည့် အမှုအဆင့်အသီးသီးတို့၌ ၎င်းတို့၏ကိုယ်ပိုင် လက်တွေ့ကျသော ရည်ရွယ်ချက်များ ရှိသည်။ ထိုစဉ်အချိန်က ယေရှုကြွလာခဲ့သောအခါ၊ သူသည် အမျိုးသားတစ်ဦး ဖြစ်ခဲ့သည်၊ သို့သော် ယခုတစ်ကြိမ် ဘုရားသခင်ကြွလာသောအခါ သူသည် အမျိုးသမီးတစ်ဦးဖြစ်သည်။ ဤအရာမှ ဘုရားသခင်သည် အမျိုးသားနှင့် အမျိုးသမီးကို သူ၏အမှုအတွက် ဖန်ဆင်းခဲ့သည်ဆိုခြင်းကို သင်မြင်နိုင်သည်၊ ထို့ပြင် သူ့အနေနှင့် ကျားမခွဲခြားခြင်း မရှိပေ။ သူ၏ဝိညာဉ်တော် ကြွလာသည့်အခါတွင် သူ့အနေဖြင့် မည်သည့် ဇာတိခန္ဓာဖြစ်စေ သူ့ကို ကိုယ်စားပြုနိုင်သည့် ဇာတိခန္ဓာကို ယူတင်နိုင်ပေသည်။ အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ ဘုရားသခင် ခံယူသော ဇာတိခန္ဓာဖြစ်နေသရွေ့ ယင်းသည် ဘုရားသခင်ကို ကိုယ်စားပြုနိုင်သည်။ အကယ်၍ ယေရှုကြွလာခဲ့သည့် အချိန်တွင် သူ့အနေဖြင့် အမျိုးသမီးအသွင်နှင့် ပေါ်လာခဲ့ပါလျှင်၊ တစ်နည်းအားဖြင့် အကယ်၍ သားယောက်ျားမဟုတ်ဘဲ သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့် ပဋိသန္ဓေတည်သော သမီးမိန်းကလေးဖြစ်ခဲ့လျှင် အမှု၏ထိုအဆင့်သည် ထပ်တူညီစွာ ပြီးပြည့်စုံခဲ့မည်ပင် ဖြစ်သည်။ အကယ်၍ ထိုကဲ့သို့သာ ဖြစ်ခဲ့မည်ဆိုပါက၊ ယခုလက်ရှိ အမှု၏အဆင့်သည် အမျိုးသားအားဖြင့် ပြီးမြောက်ရမည်ဖြစ်ပြီး၊ အမှုသည်လည်း ထပ်တူညီစွာပင် ပြီးမြောက်လာမည် ဖြစ်သည်။ အဆင့်အသီးသီးတွင် လုပ်ဆောင်ခဲ့သော အမှုသည် ရည်ရွယ်ချက် အတူတူပင် ဖြစ်သည်။ မည်သည့်အဆင့်၏ အမှုကမျှ ထပ်ကျော့မပြန်သကဲ့သို့ အခြားအဆင့်တစ်ခုနှင့်လည်း ကွဲပြားဆန့်ကျင်ခြင်း မရှိချေ။ ထိုအချိန်က ယေရှုသည် သူ၏ အမှုကို လုပ်ဆောင်နေသည့် အချိန်တွင် သူ့အား တစ်ပါးတည်းသောသားဟူ၍ ခေါ်ဝေါ်သမုတ်ခြင်းကို ခံခဲ့ရသည်၊ ထို့ပြင် "သား" ဆိုသည့်အရာမှာ အမျိုးသားကို ညွှန်းဆိုနေခြင်းပင် ဖြစ်သည်။ သို့ဖြစ်လျှင် ဤအဆင့်တွင် အဘယ်ကြောင့် တစ်ပါးတည်းသောသားသည် ဖော်ပြခြင်းမခံရသနည်း။ အဘယ်ကြောင့်ဆိုသော် အမှု၏ လိုအပ်မှုများသည် ယခုအခါတွင် ယေရှုကဲ့သို့ မဟုတ်ဘဲ ကျားမပြောင်းလဲရန် လိုအပ်လာသောကြောင့်ဖြစ်သည်။ ဘုရားသခင်အတွက်မူ ကျားမကွဲပြားခြင်း မရှိပေ။ သူသည် သူ၏စိတ်ဆန္ဒရှိသည့်အတိုင်း လုပ်ဆောင်သည်၊ ထို့ပြင် သူ၏အမှုကို လုပ်ဆောင်နေစဉ်တွင် သူ့တွင် မည်သည့် ချုပ်နှောင်ကန့်သတ်ထားမှုမျှ မရှိပေ၊ အထူးသဖြင့် လွတ်လပ်ပေသည်။ မည်သို့ပင်ဖြစ်စေကာမူ လုပ်ဆောင်မှု အဆင့်တိုင်းတို့တွင် ကိုယ်ပိုင်လက်တွေ့ကျသော ရည်ရွယ်ချက်ရှိသည်။ ဘုရားသခင်သည် နှစ်ကြိမ်နှစ်ခါ လူ့ဇာတိခံယူ ခဲ့သည်၊ ထို့ကြောင့် နောက်ဆုံးသောကာလတွင် သူ၏လူ့ဇာတိခံယူခြင်းသည် နောက်ဆုံးအကြိမ်ဖြစ်သည်မှာ ပြောစရာပင် မလိုပေ။ သူသည် သူ၏ဆောင်ရွက်ချက်များကို ထုတ်ဖော်ရန် ကြွလာခဲ့သည်။ အကယ်၍ ဤအဆင့်တွင် သူသည် လူသားတို့ မျက်မြင်တွေ့ရန်အလို့ငှာ အမှုကို ကိုယ်တိုင်ကိုယ်ကျ လုပ်ဆောင်ရန်အတွက် လူ့ဇာတိကို မခံယူခဲ့လျှင် လူသားတို့သည် သူတို့၏ အယူအဆများအတိုင်း ဘုရားသခင်သည် လူယောက်ျားသာဖြစ်သည်၊ လူမိန်းမ မဟုတ်ဟူသော အယူအဆကို ထာဝစဉ် လက်ကိုင်ထားမည်သာ ဖြစ်သည်။ ဤအရာများမတိုင်မီတွင် လူသားမျိုးနွယ်အားလုံးသည် ဘုရားသခင်မှာ အမျိုးသားသာလျှင် ဖြစ်ရမည်၊ အမျိုးသမီးကို ဘုရားသခင်ဟု ခေါ်ဆို၍ မရနိုင်ဟူ၍ဖြစ်သည်၊ အကြောင်းမှာ လူသားမျိုးနွယ်အားလုံးသည် ယောက်ျားများမှာ မိန်းမများအပေါ်တွင် အုပ်စိုးရသော အာဏာရှိသည်ဟု မှတ်ယူကြ၍ပင် ဖြစ်သည်။ သူတို့ယုံကြည်ထားသည့် အရာမှာ ယောက်ျားများမှလွဲ၍ မည်သည့်အမျိုးသမီးမျှ အုပ်စိုးခြင်း အခွင့်အာဏာကို မခံယူထိုက်ဟူ၍ဖြစ်သည်။ ထိုမျှမက ယောက်ျားသည် မိန်းမတို့၏ ဦးခေါင်းဖြစ်ပြီး မိန်းမများသည် ယောက်ျားများကို နာခံရမည်ဖြစ်ပြီး သူတို့ထက် သာလွန်နေ၍မရဟူ၍ပင် သူတို့ပြောကြသည်။ လွန်ခဲ့သောအချိန်တုန်းက ယောက်ျားသည် မိန်းမ၏ဦးခေါင်းဖြစ်ရမည်ဟု ပြောခဲ့သောအချိန်တွင် ထိုစကားသည် မြွေ၏လှည့်ဖြားခြင်းကို ခံခဲ့ရသည့် အာဒံနှင့် ဧဝကို တိုက်ရိုက်ပြောခြင်းဖြစ်ပြီး ကမ္ဘာဦးအစက ယေဟောဝါ ဖန်ဆင်းတော်မူခဲ့သည့် လူယောက်ျားနှင့် လူမိန်းမကို ပြောခြင်းမဟုတ်ပေ။ မှန်ပေသည်၊ အမျိုးသားများသည် သူ၏မိသားစုကို ကျွေးမွေးထောက်ပံ့ရသကဲ့သို့ပင် အမျိုးသမီးများသည်လည်း သူတို့၏ အမျိုးသားများကို နာခံ၍ ချစ်ခင်ကြင်နာရမည် ဖြစ်သည်။ ဤအရာတို့မှာ လူသားမျိုးနွယ်က ကမ္ဘာကြီးပေါ်ရှိ သူတို့၏အသက်တာများတွင် လိုက်နာရမည့် ယေဟောဝါမှ ချမှတ်ထားသည့် စီရင်ထုံးဖွဲ့ချက်များနှင့် ဥပဒေသများပင်ဖြစ်သည်။ ယေဟောဝါသည် လူမိန်းမကို "ကိုယ်ခင်ပွန်း အလိုသို့လိုက်၍ သူ၏ အုပ်စိုးခြင်းကိုလည်း ခံရမည်" ဟုပြောသည်။ ထိုကဲ့သို့ပြောဆိုသည်မှာ လူသားမျိုးနွယ်သည် (လူယောက်ျားနှင့် လူမိန်းမနှစ်ဦးလုံးကို ဆိုလိုသည်) ယေဟောဝါ၏ အုပ်စိုးမှုအောက်တွင် ရိုးရှင်းသော အသက်တာဖြင့် အသက်ရှင်ရန်ဖြစ်ပြီး ထိုမှသာလျှင် လူသားမျိုးနွယ်၏ အသက်တာများသည် ပုံစံတစ်ခုအတွင်း ရှိနေမည်ဖြစ်ပြီး သူတို့၏ သင့်လျော်ကောင်းမွန်သည့် အသက်တာမှ ကျဆင်းမသွားမည်ဖြစ်သည်။ ထို့ကြောင့် ယေဟောဝါသည် ယောက်ျားနှင့် မိန်းမတို့ လိုက်လျှောက်လုပ်ဆောင်ရန်အတွက် သင့်လျှော်သည့် စည်းမျဉ်းဥပဒေများကို ချမှတ်ထားပေးသည်၊ သို့သော်လည်း ဤအရာသည် လောကကမ္ဘာပေါ်တွင် အသက်ရှင်နေထိုင်ကြသည့် ဖန်ဆင်းခံသတ္တဝါများအတွက်သာ ဖြစ်ပြီး ဘုရားသခင် ခံယူသော ဇာတိခန္ဓာနှင့် သက်ဆိုင်ခြင်း လုံးဝမရှိချေ။ ဘုရားသခင်သည် သူဖန်ဆင်းထားသော အရာများနှင့် အဘယ်ကဲ့သို့ တစ်တန်းတည်း တူညီနေနိုင်မည်နည်း။ သူ၏နှုတ်ကပတ်တော်များသည် သူဖန်ဆင်းတော်မူခဲ့သည့် ဖန်ဆင်းခံလူသတ္တဝါများ အတွက်သာလျှင် ဖြစ်သည်၊ ထိုအရာများသည် လူသားမျိုးနွယ် ယောက်ျားမိန်းမတို့ကို ဘုရားသခင် ချမှတ်ထားပေးသည့် ဥပဒေသအတိုင်း ရိုးရှင်းစွာ အသက်ရှင်အတွက်ပင် ဖြစ်သည်။ အစအဦး၌ ယေဟောဝါသည် လူသားမျိုးနွယ်ကို ဖန်ဆင်းခဲ့သောအခါ၊ သူသည် လူနှစ်မျိုးကို ဖန်ဆင်းခဲ့သည်၊ ထိုနှစ်မျိုးမှာ အမျိုးသားနှင့် အမျိုးသမီးပင်ဖြစ်သည်၊ ထို့ကြောင့် သူ၏လူ့ဇာတိခံယူမှုသည်လည်း အမျိုးသား၊ အမျိုးသမီး ဆိုသည့် အသွေးအသားနှစ်မျိုးဖြင့် ကွဲပြားခဲ့သည်။ သူ့အနေဖြင့် သူ၏အမှုကို အာဒံနှင့် ဧဝကိုပြောခဲ့သည့် သူ၏နှုတ်ကပတ်တော်အပေါ်တွင် မူတည်၍ ဆုံးဖြတ်ခြင်းမျိုး မဟုတ်ပေ။ နှစ်ကြိမ်နှစ်ခါ လူ့ဇာတိကိုခံယူခြင်းသည် သူမှ လူသားမျိုးနွယ်ကို ရှေးဦးစွာ ဖန်ဆင်းခဲ့စဉ်အချိန်က သူ၏အတွေးနှင့် လုံးဝ ကိုက်ညီစွာပင် သတ်မှတ်ခဲ့ခြင်းဖြစ်သည်။ ထိုအရာမှာ ဘုရားသခင်သည် သူ၏ နှစ်ကြိမ် လူ့ဇာတိခံယူသည့် အမှုကို အမျိုးသားနှင့် အမျိုးသမီးတို့အပေါ် အခြေခံ၍ ထိုသူတို့ ယိုယွင်းဖျက်ဆီးခြင်း မခံရမီ ပြီးပြည့်စုံအောင် လုပ်ခဲ့ခြင်းဖြစ်သည်။ အကယ်၍သာ လူသားမျိုးနွယ်အနေဖြင့် မြွေ၏လှည့်ဖြားခြင်းကို ခံခဲ့ရပြီးသော အာဒံနှင့် ဧဝ ယေဟောဝါပြောခဲ့သည့် နှုတ်ကပတ်တော်များကိုယူ၍ ယင်းတို့ကို ဘုရားသခင်၏ လူ့ဇာတိခံယူခြင်း အမှုအပေါ်၌ အသုံးချမည်ဆိုလျှင် ယေရှုသည်လည်း သူလုပ်သင့်သည့်အတိုင်း သူ၏ ဇနီးမယားကို ချစ်ရလိမ့်မည် မဟုတ်လော။ ဤနည်းအားဖြင့်ဆိုလျှင် ဘုရားသခင်သည် ဘုရားသခင် ဖြစ်ပါဦးမည်လော။ ထိုကဲ့သို့ဖြစ်သည် ဆိုလျှင်လည်း သူ့အနေဖြင့် သူ၏အမှုကို ပြီးမြောက်အောင် လုပ်ဆောင်၍ ရနိုင်ပါဦးမည်လော။ အကယ်၍သာ ဘုရားသခင်သည် လူမိန်းမအသွင်ဖြင့် လူ့ဇာတိကိုခံယူသည်မှာ မှားယွင်းသည်ဆိုလျှင် လူမိန်းမကို ဖန်ဆင်းတော်မူခဲ့သည့် ဘုရားသခင်သည် မဟာအမှားကြီး မှားသွားပြီလော။ လူသားတို့အနေဖြင့် ဘုရားသခင်သည် လူမိန်းမအသွင်ဖြင့် လူ့ဇာတိကိုခံယူခြင်းသည် မှားယွင်းသည်ဟု ယုံကြည်ထားလျှင် ထိမ်းမြားစုံဖက်ခြင်းကို မပြုခဲ့ဘဲ သူ၏ဇနီးမယားကို ချစ်၍မရနိုင်ခဲ့သော ယေရှုသည်လည်း ယခုလက်ရှိ လူ့ဇာတိခံယူခြင်းကဲ့သို့ပင် မှားယွင်းနေမည် မဟုတ်လော။ သင့်အနေဖြင့် ဧဝအား ယေဟောဝါပြောခဲ့သည့် နှုတ်ကပတ်တော်ကိုယူ၍ လက်ရှိအချိန်တွင်ရှိသည့် ဘုရားသခင်၏ လူ့ဇာတိခံယူခြင်း၏ သမ္မာတရားကို တိုင်းထွာမည်ဆိုလျှင် ကျေးဇူးတော်ကာလတွင် လူ့ဇာတိကို ခံယူခဲ့သည့် သခင်ယေရှုကို ယေဟောဝါသည် အာဒံအား ပြောခဲ့သည့် နှုတ်ကပတ်တော်ကိုယူ၍ စီရင်ဆုံးဖြတ်ရမည်ပင် ဖြစ်သည်။ ထိုအရာနှစ်ခုတို့သည် မတူညီသလော။ သင့်အနေဖြင့် သခင်ယေရှုအား မြွေ၏လှည့်ဖြားမှုကို မခံရသည့် လူယောက်ျားကို အကြောင်းပြု၍ တိုင်းတာသည်ဆိုလျှင် ယနေ့တွင် သင့်အနေဖြင့် လူ့ဇာတိကိုခံယူခြင်း၏ သမ္မာတရားကို မြွေ၏လှည့်ဖြားမှုကို ခံခဲ့ရသည့် လူမိန်းမကို အကြောင်းပြု၍ တိုင်းတာဆုံးဖြတ်ရမည်မဟုတ်။ ထိုသို့လုပ်ဆောင်လျှင် ထိုအရာသည် မျှတမှုရှိမည် မဟုတ်ပေ။ ထိုကဲ့သို့ သင်ဆုံးဖြတ်သည်ဆိုလျှင် သင်သည် ဆင်ခြင်တုံတရား ကင်းမဲ့သွားသော သူသာဖြစ်ကြောင်း သက်သေပြနေပေလိမ့်မည်။ ယေဟောဝါသည် နှစ်ကြိမ်တိုင်တိုင် လူ့ဇာတိကို ခံယူစဉ်တွင် သူ့ဇာတိခန္ဓာ၏ မိန်းမဖြစ်ခြင်း၊ ယောက်ျားဖြစ်ခြင်းတို့သည် မြွေ၏လှည့်ဖြားခြင်းကို မခံရသည့် ယောက်ျား၊ မိန်းမတို့နှင့်သာ သက်ဆိုင်သည်။ ထိုအရာသည် သူ၏ လူ့ဇာတိနှစ်ကြိမ်ခံယူခြင်းနှင့် မြွေ၏ လှည့်ဖြားခြင်းကို မခံရသည့် လူယောက်ျားနှင့် မိန်းမတို့နှင့် သဘောတူညီနေလျက် ရှိကြောင်း ဖော်ပြနေသည်။ ယေရှု၏ လူယောက်ျားဖြစ်ခြင်းသည် မြွေ၏လှည့်ဖြားခြင်းကို ခံခဲ့ရသည့် အာဒံနှင့် တူညီနေသည်ဟု မထင်နှင့်။ ယေရှုနှင့် အာဒံတို့သည် လုံးဝပတ်သက်ခြင်း မရှိသကဲ့သို့ ထိုသူနှစ်ဦးသည် ယောက်ျားများဖြစ်သော်လည်း လုံးဝခြားနားသည့် သဘာဝနှစ်ခုပင်ဖြစ်သည်။ ယေရှု၏ လူယောက်ျားဖြစ်ခြင်းမှာ သူသည် အမျိုးသမီးများအားလုံး၏ ဦးခေါင်းသာမဟုတ်ဘဲ အမျိုးသားများအားလုံး၏ ဦးခေါင်းလည်း ဖြစ်သည် မဟုတ်သည်မှာ သေချာသလော။ သူသည် ယုဒလူမျိုး အားလုံးတို့၏ ရှင်ဘုရင်မဟုတ်လော (အမျိုးသား၊ အမျိုးသမီး အားလုံးအပါအဝင်)။ သူကိုယ်တိုင်ပင် ဘုရားသခင်ဖြစ်တော်မူသည်၊ သူသည် မိန်းမအပေါင်းတို့၏ ဦးခေါင်းသာလျှင်မဟုတ်ဘဲ ယောက်ျားသားများ အားလုံးတို့၏ ဦးခေါင်းလည်းဖြစ်သည်။ သူသည် ဖန်ဆင်းခြင်းခံရသည့် သတ္တဝါများအားလုံးတို့၏ အရှင်သခင် ဖြစ်သကဲ့သို့ ထိုအရာများ အားလုံးတို့၏ ဦးခေါင်းလည်း ဖြစ်သည်။ ယေရှု၏ ယောက်ျားဖြစ်မှုသည် မိန်းမအားလုံးတို့၏ ဦးခေါင်းဖြစ်ခြင်း၏ အမှတ်အသားဖြစ်ကြောင်း သင်အဘယ်ကဲ့သို့ သတ်မှတ်နိုင်သနည်း။ ထိုအရာသည် ဘုရားသခင်ကို ပြစ်မှားခြင်းပင် မဟုတ်ပါလား။ ယေရှုသည် ယိုယွင်းဖျက်ဆီးခြင်း မခံရသည့် လူယောက်ျားတစ်ဦးပင် ဖြစ်သည်။ သူသည် ဘုရားသခင်ဖြစ်သည်၊ သူသည် ခရစ်တော်ဖြစ်ကာ၊ သူသည် အရှင်သခင် ဖြစ်သည်။ ထိုသူသည် မည်ကဲ့သို့သောနည်းဖြင့် ယိုယွင်းဖျက်ဆီးခြင်း ခံရသည့် အာဒံနှင့် တူနိုင်ပါမည်နည်း။ ယေရှုသည် ဘုရားသခင်၏ အသန့်ရှင်းဆုံးသော ဝိညာဉ်တော်မှ ဝတ်ဆင်ထားသည့် ဇာတိခန္ဓာပင်ဖြစ်သည်။ သူသည် အာဒံ၏ လူယောက်ျားဖြစ်မှုကို ပိုင်ဆိုင်ထားသည့် ဘုရားသခင်ဖြစ်သည်ဟု သင့်အနေဖြင့် အဘယ်ကဲ့သို့ ပြောနိုင်မည်နည်း။ ထိုသို့ဆိုပါက၊ ဘုရားသခင်၏ လုပ်ဆောင်မှု အားလုံးသည် မှားယွင်းသွားပြီ မဟုတ်လော။ ယေဟောဝါသည် လှည့်ဖြားခြင်းခံရသည့် အာဒံ၏ ယောက်ျားဖြစ်မှုနှင့် ဖွဲ့စည်းထားသော ယေရှု၏ အထဲသို့ ပေါင်းစပ်နိုင်ခဲ့ပါမည်လား။ လက်ရှိကာလ၏ လူ့ဇာတိခံယူခြင်းသည် ယေရှုနှင့် ယောက်ျားဖြစ်မှု၊ မိန်းမဖြစ်မှု ကွဲပြားသော်လည်း သဘောသဘာဝအရ ယေရှုနှင့် တူညီသည့် လူ့ဇာတိခံယူသော ဘုရားသခင်အမှု၏ အခြားသော သာဓကတစ်ခုပင် မဟုတ်လော။ လူ့ဇာတိခံယူသော ဘုရားသခင်သည် အမျိုးသမီး မဖြစ်နိုင်ပါ၊ အဘယ်ကြောင့်ဆိုသော် မိန်းမသည် မြွေ၏လှည့်ဖြားခြင်းကို ပထမဦးဆုံး ခံရသည့်သူဖြစ်သောကြောင့် ဖြစ်သည်ဟု သင့်အနေဖြင့် ပြောရဲသေးသလော။ မိန်းမသည် မသန့်ရှင်းဆုံးသောအရာနှင့် လူသားမျိုးနွယ်၏ ယိုယွင်းပျက်စီးခြင်း အရင်းအမြစ်ဖြစ်သည့်အတွက် ဘုရားသခင်သည် အမျိုးသမီးအဖြစ် လူ့ဇာတိခံယူရန် လုံးဝမဖြစ်နိုင်ဟု သင်ပြောရဲသေးသလော။ သင့်အနေဖြင့် "မိန်းမတို့သည် ယောက်ျားများကို အမြဲတမ်း နာခံရမည်ဖြစ်ပြီး သူတို့သည် ဘုရားသခင်ကို တိုက်ရိုက်ကိုယ်စားပြုခြင်း သို့မဟုတ် ထင်ရှားဖော်ပြခြင်းမျိုး မည်သည့်အခါမျှ မလုပ်ရ" ဟုဆိုနေခြင်းကို သင်သည် ဆက်လက်၍ ပြောဝံ့သေးသလော။ ယခင်က သင်သည် နားမလည်ဘဲ ရှိနေခဲ့သည်၊ ယခုတွင်မူ သင်သည် ဘုရားသခင်၏ လုပ်ဆောင်မှုများကို ပြစ်မှားမည်လော၊ အထူးသဖြင့် ဘုရားသခင် ခံယူသော ဇာတိပကတိကို ပြစ်မှားမည်လော။ အကယ်၍ သင်သည် ဤအချက်ကို လုံးလုံးလျားလျား ရှင်းလင်းစွာ မမြင်နိုင်ဘဲ ရှိနေမည်ဆိုလျှင် သင်၏လျှာကို ထိန်းချုပ်လျှင် သာ၍ကောင်းပေမည်၊ သို့မဟုတ်ပါက သင်၏ရူးမိုက်မှုနှင့် သင်၏ ဂရုမစိုက်မှုသည် ပြသခြင်းခံရကာ သင်၏ ရုပ်ဆိုးအကျဉ်းတန်မှုသည်လည်း ဖော်ထုတ်ခြင်း ခံရပေလိမ့်မည်။ သင်သည် အရာအားလုံးကို နားလည်နေသည်ဟု သင့်ကိုယ်သင် ထင်မှတ်မထားနှင့်။ ထို့ကြောင့် ငါပြောသည့်အရာမှာ သင်မြင်တွေ့ခဲ့ရသည့် အရာအားလုံးနှင့် သင်တွေ့ကြုံခဲ့ရသည့် အရာများ အားလုံးတို့သည် ငါ့စီမံခန့်ခွဲမှု အစီအစဉ်၏ တစ်ထောင်ပုံ တစ်ပုံကိုမျှ နားလည်နိုင်ရန်အလို့ငှာ သင့်အတွက် လုံလောက်မှုမရှိပေ။ ထို့ကြောင့် သင်သည် အဘယ်ကြောင့် မာန်တက်နေသည့် လုပ်ဆောင်မှုများကို လုပ်ဆောင်နေသနည်း။ သင်၏ အနည်းငယ်မျှသော အရည်အချင်းနှင့် အနည်းဆုံးသော အသိပညာတို့သည် ယေရှုအတွက် သူ၏အမှုတွင် အသုံးပြုရန်မှာ တစ်စက္ကန့်စာခန့်အတွက်မျှ လုံလောက်မှုရှိမည် မဟုတ်ပေ။ သင်၌ အမှန်တကယ်တွင် အတွေ့အကြုံ မည်မျှရှိသနည်း။ သင့်ဘဝတစ်လျှောက်လုံးတွင် သင်မြင်တွေ့ခဲ့ရသည့် အရာများ၊ သင်ကြားခဲ့ရသည့် အရာများအားလုံးနှင့် သင်စဉ်းစားတွေးခေါ်ခဲ့သည့် အရာများသည် တခဏအတွင်း ငါလုပ်ဆောင်သည့် အရာများထက် နည်းနေသေးသည်။ သင့်အနေဖြင့် ဝေဖန်ခြင်းနှင့် အပြစ်ရှာခြင်း မပြုလျှင် အကောင်းဆုံး ဖြစ်မည်။ သင်အနေဖြင့် မည်မျှပင် မာနထောင်လွှားနေပါစေ၊ သင်သည် ပုရွက်ဆိတ်ထက် သေးငယ်သည့် ဖန်ဆင်းခံသတ္တဝါပင် ဖြစ်သည်။ သင်၏ဝမ်းဗိုက်ထဲတွင် ရှိသမျှသော အရာများအားလုံးသည် ပုရွက်ဆိတ်တစ်ကောင်၏ ဗိုက်ထဲတွင် သယ်ထားသည့် အရာထက်ပင် နည်းနေသေးသည်။ အတွေ့အကြုံနှင့် ဝါရင့်ခြင်းကြောင့် သင်သည် လက်ဟန်ခြေဟန်ပါပါနှင့် ကြီးကျယ်သည့် စကားများကို ပြောဆိုနိုင်သည်ဟု ထင်မှတ်မနေနှင့်။ သင်၏ အတွေ့အကြုံနှင့် ဝါရင့်ခြင်းတို့သည် ငါဖွင့်ပြပေးသည့် နှုတ်ကပတ်တော်များ၏ ထုတ်ကုန်ပင်ဖြစ်သည် မဟုတ်လော။ သင်၏ လုပ်ဆောင်မှု ကြိုးစားအားထုတ်မှုတို့ကြောင့် ထိုအရာကို သင်ရရှိသည်ဟု ထင်မှတ်နေသလော။ ယနေ့ သင်သည် ငါလူ့ဇာတိကို ခံယူခဲ့ကြောင်းကို တွေ့မြင်သည်၊ ထိုအရာတစ်ခုတည်းကြောင့်ပင် သင်သည် ထိုကဲ့သို့သော အယူအဆများစွာဖြင့် ပြည့်ဝခဲ့သည်၊ ထိုအရာများမှ သင်သည်မရေတွက်နိုင်သည့် အတွေးအမြင် သဘောထားများကို ရိတ်သိမ်းခဲ့ရသည်။ ငါ၏ လူ့ဇာတိခံယူခြင်းကြောင့်သာ မဟုတ်လျှင် သင့်အနေဖြင့် သာမန်ထက် လွန်ကဲသော အရည်အချင်းများ ရှိနေစေကာမှု၊ သင့်အနေဖြင့် အယူအဆများစွာ ရှိနေမည်မဟုတ်ပေ၊ ထိုအရာများမှ သင်၏အတွေးအမြင်များကို ရရှိလာသည် မဟုတ်လော။ အကယ်၍ ယေရှုသည် လူ့ဇာတိကို ပထမအကြိမ်တွင် မခံယူခဲ့လျှင် သင့်အနေဖြင့် လူ့ဇာတိခံယူခြင်းကို သိပင်သိနိုင်မည်လော။ ဘုရားသခင်၏ ဒုတိယအကြိမ် လူ့ဇာတိခံယူခြင်းကို စီရင်ဆုံးဖြတ်ချက် ချရန်အတွက် ကြိုးစားနေသည့် ရိုင်းစိုင်းသောစိတ်များ သင့်အထဲတွင်ရှိနေခြင်းမှာ ထိုပထမအကြိမ် လူ့ဇာတိခံယူခြင်းမှ သင့်ကို အသိတရားများ ပေးခဲ့သောကြောင့် မဟုတ်လော။ အဘယ်ကြောင့်နှင့် သင်သည် နာခံမှုရှိသော နောက်လိုက် ဖြစ်ရမည့်အစား၊ ထိုအရာများကို လေ့လာဖို့ရန်အတွက် ကြိုးစားနေရသနည်း။ သင့်အနေဖြင့် ဤရေစီးကြောင်းထဲသို့ ဝင်ရောက်လာပြီး လူ့ဇာတိခံယူသော ဘုရားသခင်၏ ရှေ့တော်သို့ လာသောအခါတွင်၊ ထိုအရာများကို လေ့လာနိုင်ဖို့ရန် သူသည်သင့်ကို အခွင့်အရေးများပေးမည်လော။ သင့်အနေဖြင့် သင့်မိသားစု၏ရာဇဝင်များကို လေ့လာသင်ကြားခြင်းသည် သင့်အတွက် ပြဿနာမရှိပါ၊ သို့သော်လည်း သင်အနေဖြင့် ဘုရားသခင်၏ မိသားစုရာဇဝင်ကို လေ့လာရန် ကြိုးစားမည်ဆိုလျှင်၊ ယနေ့ ဘုရားသခင်သည် ထိုအရာများကို လေ့လာရန် သင့်ကို ခွင့်ပြုမည်လော။ သင်သည် မျက်ကန်းနေသည် မဟုတ်လော။ သင့်ကိုယ်သင် အထင်အမြင်သေးမှုများ သင့်ဘာသာသင် ယူဆောင်လာနေသည် မဟုတ်လော။
အကယ်၍ ယေရှု၏အမှုသည် နောက်ဆုံးသာကာလ ဤအမှုအဆင့်၏ ဖြည့်စွက်ပေးမှု မပါဘဲနှင့် လုပ်ဆောင်ပြီးစီးခဲ့သည်ဆိုလျှင်၊ လူသားများသည် ယေရှုတစ်ပါးတည်းသာလျှင် ဘုရားသခင်၏ သားတော်ပင်ဖြစ်ကြောင်း ကိုင်စွဲထားကြမည် ဖြစ်ပြီး၊ ဆိုလိုသည်မှာ ဘုရားသခင်တွင် သားတော်တစ်ပါးတည်းရှိသည်၊ ထို့ပြင် ၎င်းနောက်မှ အခြားအမည်နာမတစ်ခုနှင့် ကြွလာသည့် မည်သူမဆိုသည် ဘုရားသခင်၏ သားတော် မဖြစ်နိုင်ကြောင်းနှင့် ဘုရားသခင် ကိုယ်တိုင်ဆိုလျှင် သာ၍ မဖြစ်နိုင်ကြောင်း ဖြစ်သည်။ လူသားများတွင် ရှိနေသည့် အယူအဆတစ်ခုမှာ အပြစ်ဖြေရာယဇ်အဖြစ် အစေခံသောသူ မည်သူမဆို၊ သို့မဟုတ် ဘုရားသခင်၏ကိုယ်စား တန်ခိုးကို တင်ဆောင်ထားသောသူနှင့် လူသားမျိုးနွယ်အားလုံးကို ရွေးနုတ်သောသူသည် ဘုရားသခင်၏ တစ်ပါးတည်းသော သားတော်ဖြစ်သည် ဟူ၍ပင်ဖြစ်သည်။ ကြွလာသောသူသည် လူယောက်ျားဖြစ်နေသရွေ့ သူသည် ဘုရားသခင်၏ တစ်ဦးတည်းသော သားတော်နှင့် ဘုရားသခင်၏ ကိုယ်စားပြုသူအဖြစ် မှတ်ယူရမည်ဟု ယုံကြည်ကြသော လူအချို့ရှိသည်၊ ပြီးလျှင် ယေရှုသည် ယေဟောဝါ၏ သားတော်ဖြစ်ပြီး တစ်ပါးတည်းသော သားတော်ဖြစ်သည် ဟူ၍ပင် ပြောကြသော လူအချို့ရှိသည်။ ဤသည်မှာ လူသား၏ ဧကန်အမှန် လွန်ကဲသော အယူအဆတစ်ခုပင် မဟုတ်ပေလော။ အကယ်၍သာ ဤလုပ်ဆောင်မှုအဆင့်သည့် နောက်ဆုံးသောခေတ်တွင်မှ ဆောင်ရွက်၍ မပြီးလျှင် ဘုရားသခင်အတွက်ဆိုပါက လူသားမျိုးနွယ် တစ်ရပ်လုံးသည် အမှောင်ထုအရိပ်၏ ဖုံးကွယ်ထားမှုကို ခံနေရမည် ဖြစ်သည်။ ဤကဲ့သို့သာ ဖြစ်ခဲ့မည်ဆိုလျှင်၊ ယောက်ျားသည် မိမိကိုယ်မိမိ မိန်းမထက် မြင့်မြတ်သည်ဟု တွေးထင်လိမ့်မည် ဖြစ်ပြီး မိန်းမသည်လည်း မည်သည့်အခါမျှ ခေါင်းဖော်ဝံ့လိမ့်မည် မဟုတ်ချေ၊ ထိုသို့ဆိုလျှင် မိန်းမတစ်ယောက်တစ်လေမျှ ကယ်တင်ခြင်း ခံရလိမ့်မည်လည်း မဟုတ်ခဲ့ပေ။ လူအများ အမြဲတမ်း ယုံကြည်ခဲ့သည့်အရာမှာ ဘုရားသခင်သည် ယောက်ျားတစ်ဦးဖြစ်သည်ဟူ၍ဖြစ်ပြီး ထို့အပြင် ဘုရားသခင်သည် မိန်းမများကို အစဉ်စက်ဆုပ်ပြီး သူတို့အား ကယ်တင်ခြင်းကို ပေးသနားခြင်း မပြုဟူ၍ ဖြစ်သည်။ အကယ်၍သာ ထိုအရာသည် အမှန်ဖြစ်မည်ဆိုလျှင် ဘုရားသခင် ဖန်ဆင်းတော်မူခဲ့ပြီး ယိုယွင်းဖျက်ဆီးခြင်း ခံခဲ့ရသည့် လူမိန်းမများအနေဖြင့် ကယ်တင်ခံရမည့် အခွင့်အရေးကို ဘယ်သောအခါမျှ မရရှိနိုင်တော့ပြီလော။ ထိုသို့ဆိုလျှင် ဘုရားသခင်သည် လူမိန်းမကိုဖန်ဆင်းခြင်း၊ ဧဝကို ဖန်ဆင်းခြင်းတို့သည် အဓိပ္ပာယ်မရှိ အကြောင်းမဲ့သက်သက် ဖြစ်မနေသလော။ ထိုသို့ဆိုလျှင် မိန်းမများသည် ထာဝရပျက်စီးခြင်းထဲသို့ ကျရောက်သွားမည် မဟုတ်လော။ ထိုအကြောင်းကြောင့် နောက်ဆုံးသောကာလရှိ အမှု၏ အဆင့်ကို လူသားမျိုးနွယ် တစ်ရပ်လုံးကို ကယ်တင်ရန် လုပ်ဆောင်ရမည်ဖြစ်သည်၊ လူမိန်းမများကိုသာ မဟုတ်ဘဲ လူသားမျိုးနွယ် အားလုံးကို ကယ်တင်နိုင်ရန်အတွက် လုပ်ဆောင်ရမည်ဖြစ်သည်။ လူသားမျိုးနွယ်အားလုံးကို ကယ်တင်ခြင်းအလို့ငှာ လုပ်ဆောင်သည့် ဤလုပ်ငန်းသည် မိန်းမများအတွက်သာ လုပ်ဆောင်ခဲ့သည် မဟုတ်ပါ။ အကယ်၍ တစ်ဦးဦးသည် တစ်မျိုးတစ်ဖုံ တွေးထင်ပါလျှင် ထိုသူတို့သည် သာ၍ မိုက်မဲသောသူများ ဖြစ်ပေသည်။
ယခုလက်ရှိတွင် လုပ်ဆောင်ပြီးစီးသော အမှုသည် ကျေးဇူးတော်ခေတ်၏ အမှုကို ရှေ့သို့ တွန်းပို့ပေးသည်၊ ဆိုလိုသည်မှာ နှစ်ပေါင်းခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ်တစ်ရပ်လုံး အောက်၌ရှိသော အမှုသည် ရှေ့သို့တိုးလာခြင်း ဖြစ်သည်။ ကျေးဇူးတော်ခေတ်သည် အဆုံးသတ်သွားသော်လည်း ဘုရားသခင်၏ အမှုသည် တိုးတက်လာခြင်း ဖြစ်သည်။ အမှု၏ ဤအဆင့်သည် ကျေးဇူးတော်ခေတ်နှင့် ပညတ်တော်ခေတ်တို့ အပေါ်တွင် အခြေခံ၍ တည်ဆောက်ထားသည် ဆိုခြင်းအား အဘယ့်ကြောင့် ငါသည် ထပ်တလဲလဲ ပြောရသနည်း။ ဆိုလိုသည်မှာ ယနေ့၏ အမှုသည် ကျေးဇူးတော်ခေတ်တွင် လုပ်ဆောင်ခဲ့သော အမှု၏ အဆက်ဖြစ်ပြီး ပညတ်တော်ခေတ်တွင် လုပ်ဆောင်ခဲ့သော အမှုအပေါ် တိုးတက်လာမှုလည်း ဖြစ်သည်။ ထိုလုပ်ဆောင်မှုအဆင့် သုံးခုမှာ တစ်ခုနှင့်တစ်ခု တင်းကျပ်စွာ ဆက်နွှယ်လျက် ရှိနေပြီး ကွင်းဆက်တစ်ခုနှင့်တစ်ခု နီးကပ်စွာ ချိတ်ဆက်နေလျက်ရှိသည်။ အမှု၏ ဤအဆင့်သည် ယေရှုလုပ်ဆောင်ခဲ့သည့် အမှုအပေါ်တွင် အခြေခံထားသည်ဟု အဘယ်ကြောင့် ငါပြောရသနည်း။ အကယ်၍သာ ဤအဆင့်သည် ယေရှုလုပ်ဆောင်ခဲ့သည့် အမှုအပေါ်တွင် အခြေခံမထားလျှင် ဤအဆင့်တွင် သူသည် နောက်တစ်ကြိမ် ကားတိုင်ပေါ်တွင် စတေးခံရလိမ့်ဦးမည် ဖြစ်ကာ၊ ပြီးခဲ့သော အဆင့်၏ ရွေးနုတ်ခြင်းအမှုသည်လည်း တစ်ခါပြန်၍ လုပ်ဆောင်ရဦးမည် ဖြစ်သည်။ ထိုကဲ့သို့ဖြစ်လျှင် မည်သည့် အဓိပ္ပာယ်မျှရှိမည် မဟုတ်ပေ။ ထို့ကြောင့် အမှုသည် လုံးဝ ပြီးဆုံးသွားခြင်းမျိုး မဟုတ်ဘဲ ခေတ်သည် ရှေ့သို့တိုးလာခြင်းဖြစ်ပြီး အမှု၏ အဆင့်အတန်းသည် ယခင်ကထက် သာ၍ပင် မြင့်မားလာခြင်း ဖြစ်သည်။ အမှု၏ ဤအဆင့်သည် ပညတ်တော်ခေတ်၏ အုတ်မြစ်ပေါ်တွင်နှင့် ယေရှုအမှု၏ ကျောက်ပေါ်တွင် တည်ထားခြင်းဖြစ်သည်ဟု ဆိုနိုင်သည်။ ဤအမှုသည် တစ်ဆင့်ပြီးတစ်ဆင့် တည်ထောင်ထားခြင်းဖြစ်ပြီး ယခုအဆင့်သည်လည်း အသစ်သော အစပြုခြင်းမဟုတ်ပေ။ အမှု၏ အဆင့်သုံးဆင့်စလုံး ပေါင်းစည်းခြင်းကိုသာလျှင် နှစ်ပေါင်းခြောက်ထာင် စီမံခန့်ခွဲမှု အစီအစဉ်ဟု မှတ်ယူနိုင်မည် ဖြစ်သည်။ ယခုအဆင့်၏ အမှုသည် ကျေးဇူးတော်ခေတ် အမှု၏ အုတ်မြစ်ပေါ်တွင် လုပ်ဆောင်ထားခြင်း ဖြစ်သည်။ အကယ်၍ ထိုလုပ်ဆောင်မှုအဆင့် နှစ်ခုသည် ဆက်စပ်မှုမရှိလျှင် အဘယ်ကြောင့် ကားတိုင်ပေါ်မှာ အသေခံခြင်းသည် ယခုအဆင့်တွင် ပြန်လည်၍ မဖြစ်လာသနည်း။ အဘယ်ကြောင့် ငါသည် လူသားတို့၏ အပြစ်များကို ထမ်းပိုးမထားသနည်း။ ငါသည် သန့်ရှင်းသော ဝိညာဉ်တော်၏ ပဋိသန္ဓေ စွဲယူခြင်းအားဖြင့် ကြွဆင်းလာသည်မဟုတ်၊ ထို့ပြင် လူသားတို့၏ အပြစ်များကို လက်ဝါးကပ်တိုင်တွင် အသေခံခြင်းအားဖြင့် ယူတင်မည်လည်း မဟုတ်ပေ၊ ယခုငါလာခြင်း၏ ရည်ရွယ်ချက်မှာ လူသားများကို တိုက်ရိုက် ပြစ်တင်ဆုံးမရန် အတွက်ပင်ဖြစ်သည်။ အကယ်၍ ငါ၏လူသားများအား ပြစ်တင်ဆုံးမခြင်းနှင့် ယခု ငါ၏ ကြွလာခြင်းတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ ပဋိသန္ဓေစွဲယူခြင်းအားဖြင့် မဟုတ်လျှင်၊ ကားတိုင်ပေါ်တွင် အသေမခံလျှင် ငါသည် လူသားကို ပြစ်တင်ဆုံးမရန် အရည်အချင်း ပြည့်မီလိမ့်မည် မဟုတ်ပေ။ ငါသည် ယေရှုနှင့် တစ်ကိုယ်တည်း ဖြစ်ခြင်းကြောင့်သာလျှင် လူသားများကို ပြစ်တင်ဆုံးမဖို့ရန်နှင့် တရားစီရင်ရန်အလို့ငှာ တိုက်ရိုက် ကြွလာခြင်းပင်ဖြစ်သည်။ ဤအဆင့်၏ အမှုသည် ယခင်အဆင့်၏ အမှုအပေါ်တွင် လုံးလုံး တည်ဆောက်ထားသည်။ ထို့အတွက်ကြောင့် ဤလုပ်ဆောင်မှု တစ်ခုတည်းသာလျှင် လူသားများကို ကယ်တင်ခြင်းသို့ တစ်လှမ်းခြင်း ပို့ဆောင်နိုင်မည်ဖြစ်သည်။ ယေရှုနှင့် ငါသည် ဝိညာဉ်တော် တစ်ပါးတည်းမှ လာခြင်းဖြစ်သည်။ ငါတို့နှစ်ဦးသည် အသွေးအသားအားဖြင့် ဆက်စပ်မှုမရှိသော်လည်း ငါတို့၏ဝိညာဉ်သည် တစ်လုံးတစ်ဝတည်းပင်ဖြစ်သည်။ ငါတို့အမှု၏ ပါဝင်သည့် အကြောင်းအရာနှင့် ငါတို့ ယူတင်လုပ်ဆောင်သော အရာများသည် တူညီမှုမရှိသော်လည်း ငါတို့၏ အနှစ်သာရသည် အတူတူပင်ဖြစ်သည်။ ငါတို့၏ အသွေးအသားတို့သည် ခြားနားသော ပုံသဏ္ဌာန်ကို ယူတင်သော်လည်း ထိုအရာသည် ခေတ်ကာလ၏ ပြောင်းလဲခြင်းနှင့် ငါတို့အမှု၏ တောင်းဆိုမှုတို့သည် မတူညီခြင်းကြောင့်ဖြစ်သည်။ ငါတို့၏ သာသနာပြု လုပ်ငန်းများသည် တူညီမှုမရှိပေ၊ ထို့ကြောင့်လည်း ငါတို့ထုတ်ဆောင်လာသော အမှုနှင့် လူသားကို ငါတို့ထင်ရှားပြသသော စိတ်သဘောထားသည် ခြားနားနေခြင်းပင်ဖြစ်သည်။ ထိုအကြောင်းကြောင့် ယနေ့ လူသားများ၏ အမြင်နှင့် နားလည်မှုများသည် ယခင်ကအချိန်နှင့် မတူညီရခြင်းဖြစ်သည်၊ အဘယ်ကြောင့်ဆိုသော် ခေတ်ကာလ ပြောင်းလဲသွားခြင်းကြောင့်ပင် ဖြစ်သည်။ ထိုသူတို့၏ ယောက်ျားဖြစ်မှုနှင့် မိန်းမဖြစ်မှုတို့သည် ကွဲပြားနေ၍ သူတို့၏ အသွေးအသား ဖွဲ့စည်းဖြစ်တည်မှုတို့သည် ကွာခြားလျက်ရှိကာ သူတို့သည် မိသားစုတစ်ခုတည်းတွင် မွေးဖွားလာခြင်း မဟုတ်သည်သာမက အချိန်အခါအားဖြင့်လည်း ကွာခြားလျက် ရှိနေလင့်ကစား သူတို့၏ ဝိညာဉ်များသည် တစ်လုံးတစ်ဝတည်းပင်ဖြစ်သည်။ သူတို့၏ အသွေးအသားများသည် ရုပ်ပိုင်းဆိုင်ရာအရ သွေးသားတော်စပ်မှု မရှိနေလင့်ကစား သူတို့သည် မတူညီသော အချိန်ကာလနှစ်ခုအတွင်း ဘုရားသခင်၏ လူ့ဇာတိခံယူခြင်း ဖြစ်သည်ဆိုသည့် အချက်ကိုမူ ငြင်းပယ်၍မရပေ။ သူတို့သည် တူညီသောမျိုးရိုးမှ မဟုတ်ဘဲ ဘုံလူ့ဘာသာစကား တစ်ခုတည်းကို အတူပြောခြင်း မဟုတ်သော်လည်း (တစ်ဦးသည် ယောက်ျားဖြစ်ပြီး ယုဒလူမျိုးတို့၏ ဘာသာစကားကိုပြောသည်၊ နောက်တစ်ဦးသည် မိန်းမဖြစ်ပြီး တရုတ်ဘာသာစကားကို အထူးသီးသန့် ပြောဆိုသည့်သူ ဖြစ်သည်)၊ သူတို့သည် ဘုရားသခင် ခံယူထားသည့် အသွေးအသားဖြစ်သည် ဆိုသည့်အချက်မှာ ငြင်းမရနိုင်သည့် သမ္မာတရားပင်ဖြစ်သည်။ ဤအကြောင်းအရာများကြောင့် သူတို့သည် မတူညီသည့် နိုင်ငံတွင်နေထိုင်ပြီး သူတို့တစ်ဦးစီ လုပ်သင့်လုပ်ထိုက်သည့် လုပ်ဆောင်မှုများကို မတူကွဲပြားသည့် အချိန်အပိုင်းအခြားတို့တွင် လုပ်ဆောင်ခြင်းဖြစ်သည်။ သူတို့၏ဝိညာဉ်နှင့် အနှစ်သာရတို့သည် တူညီနေသော်ငြားလည်း သူတို့၏ အပြင်ပန်းသဏ္ဌာန် ရုပ်ပိုင်းဆိုင်ရာတို့သည် လုံးဝကိုမတူညီဘဲ ခြားနားနေလျက်ရှိသည်။ သူတို့အတူတကွ ခံယူသည့်အရာမှာ တူညီသော လူ့သဘောသဘာဝသာ ဖြစ်သည်၊ သို့သော်လည်း သူတို့၏ အပြင်ရုပ် သဏ္ဌာန်ပိုင်းဆိုင်ရာနှင့် သူတို့မွေးဖွားလာသည့် အခြေအနေများအရဆိုပါက သူတို့သည် တစ်ဦးနှင့်တစ်ဦး မတူညီကြပေ။ ထိုအရာများသည် သူတို့၏ သက်ဆိုင်ရာ လုပ်ဆောင်မှုများ သို့မဟုတ် သူတို့နှင့် ပတ်သက်၍ လူသား၏ အသိပညာအပေါ် မည်သို့မျှ အကျိုးသက်ရောက်မှုမရှိပေ၊ အကြောင်းမှာ အချုပ်ဆိုရသော် သူတို့သည် တူညီသောဝိညာဉ်ဖြစ်ပြီး မည်သူတစ်ဦးတစ်ယောက်မျှ သူတို့ကို ခွဲခြား၍ရမည် မဟုတ်ပေ။ သူတို့သည် အသွေးအားဖြင့် ဆက်စပ်မှုမရှိသော်လည်း သူတို့၏ဖြစ်တည်မှု တစ်ခုလုံးသည် သူတို့၏ ဝိညာဉ်တော်များ၏ အုပ်စိုးတော်မူခြင်းအောက်တွင် ရှိနေပြီး၊ ထိုအရာသည် သူတို့ကို မတူညီသော အချိန်တွင် မတူညီသော အမှုကို ခွဲခန့်မှတ်သားတော်မူပြီး သူတို့၏ အသွေးအသားများကိုလည်း မတူညီသော မျိုးရိုးများသို့ ခွဲခန့်မှတ်သားခဲ့သည်။ ထိုနည်းတူစွာပင်၊ ယေဟောဝါ၏ ဝိညာဉ်တော်သည် ယေရှုဝိညာဉ်တော်၏ ဖခင်မဟုတ်သကဲ့သို့၊ ယေရှု၏ ဝိညာဉ်တော်သည်လည်း ယေဟောဝါဝိညာဉ်တော်၏ သားမဟုတ်ပေ၊ သူတို့အားလုံးတို့သည် တစ်လုံးတစ်ဝတည်းပင် ဖြစ်ကြပြီး တူညီသော ဝိညာဉ်တော်ပင် ဖြစ်သည်။ ယနေ့၏ လူ့ဇာတိခံယူသော ဘုရားသခင်နှင့် ယေရှုကဲ့သို့ပင် ဖြစ်သည်။ သူတို့သည် အသွေးအားဖြင့် ဆက်စပ်မှုမရှိသော်လည်း၊ သူတို့သည် တစ်လုံးတစ်ဝတည်း ဖြစ်ကြသည်။ အကြောင်းမှာ သူတို့၏ ဝိညာဉ်များသည်လည်း တစ်ပါးတည်း ဖြစ်သောကြောင့်ဖြစ်သည်။ ဘုရားသခင်သည် သနားခြင်းနှင့် ချစ်ခင်ကြင်နာခြင်းအမှုကို လုပ်ဆောင်နိုင်သကဲ့သို့ ဖြောင့်မတ်သော တရားစီရင်ခြင်းနှင့် လူသားတို့အား ပြစ်တင်ဆုံးမခြင်းကိုလည်း လုပ်ဆောင်နိုင်သည်။ ထို့ပြင် လူသားများကို ဓိဋ္ဌာန်ပြု၍ ကျိန်ဆိုနိုင်ပါသည်၊ အဆုံးတွင် သူသည် ကမ္ဘာလောကကြီးကို ဖျက်ဆီးခြင်းနှင့် ဆိုးယုတ်သောသူများအား အပြစ်ဒဏ်ခတ်ခြင်း အမှုကို လုပ်ဆောင်နိုင်သည်။ ထိုအရာများအားလုံးကို သူကိုယ်တိုင် လုပ်ဆောင်သည် မဟုတ်လော။ ဤသည်မှာ ဘုရားသခင်၏ အနန္တတန်ခိုးပင် မဟုတ်သလော။ ဘုရားသခင်သည် လူသားအတွက် နည်းဥပေဒသကို ပြဌာန်းထားခြင်းနှင့် လူသားအတွက် ပညတ်တော်များ ထုတ်ပြန်ခြင်း နှစ်ခုစလုံးကို လုပ်ဆောင်နိုင်သည်။ ထို့ပြင်သာမက သူသည် အစောပိုင်း ဣသရေလလူမျိုးများကို ကမ္ဘာကြီးပေါ်တွင် အသက်ရှင် နေထိုင်နိင်ဖို့ရန်နှင့် သူ၏အုပ်စိုးမှုအောက်တွင် ဣသရေလလူမျိုးများကို ထိန်းသိမ်းထားပြီး ဗိမာန်တော်နှင့် ယစ်ပလ္လင်များ တည်ဆောက်ဖို့ရန်အတွက် လမ်းပြမှုများလည်း လုပ်ဆောင်နိုင်ခဲ့သည်။ သူ၏ အခွင့်အာဏာတော်ကို အမှီပြု၍ သူသည် ဣသရေလလူမျိုးများနှင့် ကမ္ဘာပေါ်တွင် နှစ်ပေါင်းနှစ်ထောင်တိုင်တိုင် နေထိုင်ခဲ့သည်။ ဣသရေလ လူမျိုးများသည် သူ့ကို မပုန်ကန်ရဲခဲ့ပေ၊ ထိုသူအားလုံးတို့သည် ယေဟောဝါကို ရိုသေကိုင်းရှိုင်းပြီး သူ၏ပညတ်တော်များကို နာခံလိုက်လျှောက်ခဲ့ကြသည်။ ထိုအရာများမှာ သူ၏အခွင့်အာဏာနှင့် အနန္တတန်ခိုးတော်ကို အမှီပြု၍ လုပ်ဆောင်ခဲ့သော အမှုဖြစ်သည်။ ထို့နောက် ကျေးဇူးတော်ခေတ်တွင် ယေရှုသည် ကျဆုံးသွားပြီးသော လူသားမျိုးနွယ်အားလုံး (ဣသရေလ လူမျိုးတစ်မျိုးတည်းမဟုတ်) ကိုရွေးနုတ်ရန်အလို့ငှာ ကြွဆင်းလာခဲ့သည်။ သူသည် လူသားများကို သနားခြင်းနှင့် ချစ်ခြင်းကရုဏာကို ပြသခဲ့သည်။ ကျေးဇူးတော်ခေတ်တွင် လူသားများ မြင်တွေ့ခဲ့ရသည့် ယေရှုသည် ချစ်ခြင်းကရုဏာနှင့် ပြည့်နှက်နေပြီး လူသားများအားလုံးကို အစဉ်အမြဲ ချစ်သောသူဖြစ်သည်၊ အဘယ်ကြောင့်ဆိုသော် သူသည် လူသားမျိုးနွယ်ကို အပြစ်မှ ကယ်တင်ရန်အလို့ငှာ ကြွလာသောကြောင့် ဖြစ်သည်။ သူ၏ ကားတိုင်တွင် အသေခံခြင်းသည် လူသားမျိုးနွယ်ကို အပြစ်မှ လုံးလုံးလျားလျား ရွေးနုတ်ခဲ့သည်အထိ လူသားများကို သူခွင့်လွှတ်နိုင်ခဲ့သည်။ ထိုအချိန်ကာလတွင် ဘုရားသခင်သည် လူသားတို့၏ရှေ့တွင် သနားခြင်း၊ ချစ်ခြင်းကရုဏာတို့နှင့် ပေါ်ပေါက်လာခဲ့သည်၊ ဆိုလိုသည်မှာ သူသည် လူသားတို့အတွက် အပြစ်ဖြေရာယစ်ဖြစ်ခဲ့ပြီး လူသားတို့ ထာဝရခွင့်လွှတ်ခြင်းကို ရရှိနိုင်ရန်အတွက် သူတို့၏ အပြစ်အတွက်နှင့် ကားတိုင်ပေါ်တွင် အသေခံခဲ့သည်။ သူသည် သနားခြင်း၊ ကရုဏာ၊ သည်းခံခြင်းနှင့် ချစ်ခြင်းမေတ္တာများ ပြည့်ဝခဲ့သည်။ ကျေးဇူးတော်ခေတ်အတွင်း ယေရှု၏ နောက်တော်သို့ လိုက်လျှောက်သောသူများသည် ထိုနည်းလည်းကောင်းပင် အရာအားလုံးကို သည်းခံနိုင်ပြီး ချစ်နိုင်ရန် ကြိုးစားခဲ့ကြသည်။ သူတို့၌ စိတ်ရှည်ခြင်းရှိပြီး၊ သူတို့ကို ခဲနှင့်ပေါက်ခြင်း၊ သို့မဟုတ် ကျိန်ဆဲခြင်း၊ ရိုက်နှက်ခြင်းများ ပြုလုပ်သော်လည်း တစ်ကြိမ်တစ်ခါမျှ ပြန်လည်တိုက်ခိုက်ခြင်းမျိုး မလုပ်ဆောင်ခဲ့ပေ။ သို့သော်လည်း နောက်ဆုံးသော အဆင့်တွင် ဤကဲ့သို့ မဟုတ်နိုင်တော့ပေ။ အလားတူပင် ယေရှုနှင့် ယေဟောဝါသည် ဝိညာဉ်အားဖြင့် တစ်လုံးတစ်ဝတည်း ဖြစ်သော်လည်း သူတို့နှစ်ဦးသည်လည်း အလုံးစုံ တူညီနေသည်မျိုး မဟုတ်ပေ။ ယေဟောဝါ၏အမှုမှာ ခေတ်ကာလကို အဆုံးသတ်ရန်အတွက် မဟုတ်ဘဲ၊ ယင်းကို လမ်းပြရန်နှင့် ကမ္ဘာပေါ်တွင်ရှိသည့် လူသားမျိုးနွယ်၏ အသက်တာကို ပို့ဆောင်ရန်အတွက်ဖြစ်သည်။ မည်သို့ပင်ဖြစ်စေကာမှု ယခုဆက်လက် လုပ်ဆောင်ရန်ရှိသည့်အမှုမှာ နက်ရှိုင်းစွာ ယိုယွင်းပျက်စီးနေသည့် တစ်ပါးအမျိုးသား တိုင်းနိုင်ငံများကို သိမ်းပိုက်ရန်အတွက်ဖြစ်ပြီး တရုတ်လူမျိုးစု မိသားစုဝင်များကိုသာ ဦးဆောင်လမ်းပြခြင်းမျိုး မဟုတ်ဘဲ စကြဝဠာကြီး တစ်ခုလုံးကို လမ်းပြဖို့ရန်အတွက်ပင် ဖြစ်သည်။ သင့်အတွက် ဤအမှုသည် တရုတ်နိုင်ငံ တစ်ခုထဲတွင်သာ လုပ်ဆောင်ပြီးစီးသည်ဟု ထင်ကောင်း ထင်ရပေမည်၊ သို့သော်လည်း အမှန်တကယ်တွင်မူ ထိုအရာသည် တိုင်းတစ်ပါးသို့ ပျံ့နှံ့လျက် ရှိနေပြီးဖြစ်သည်။ အဘယ်ကြောင့် နိုင်ငံခြားသားများသည် အထပ်ထပ်အခါခါပင် စစ်မှန်သော လမ်းခရီးကို ဖွေရှာကြသနည်း။ အဘယ်ကြောင့်ဆိုသော် ဝိညာဉ်တော်သည် အမှုလုပ်ရန်အတွက် ခွဲခန့်ထားပြီးသားဖြစ်ပြီး၊ ယခုပြောပြခဲ့ပြီးသော စကားများသည် စကြဝဠာတစ်ခုလုံးရှိ လူသားများထံသို့ တိုက်ရိုက်ရောက်ရှိရန် ဦးတည်ထားသောကြောင့်ဖြစ်သည်။ ဤသို့အားဖြင့် အမှု၏တစ်ဝက်ခန့်မျှ လုပ်ဆောင်ပြီးစီးခဲ့ပြီဖြစ်သည်။ ကမ္ဘာကြီးကို စတင်ဖန်ဆင်းခဲ့သည့်အချိန်မှစတင်ပြီး ယနေ့ခေတ်ကာလအချိန်အထိ ဘုရားသခင်၏ ဝိညာဉ်တော်သည် ဤအမှုကြီးကို လုပ်ဆောင်နေခဲ့ခြင်း ဖြစ်သည်၊ ထိုထက်မက ခြားနားသော ခေတ်ကာလများအတွင်း ကွဲပြားသော တိုင်းနိုင်ငံများအထဲတွင် ကွဲပြားခြားနားသော အမှုကို လုပ်ဆောင် ပြီးစီးခဲ့ပြီးဖြစ်သည်။ ခေတ်ကာလ အသီးသီး၏ လူသားများသည် ဘုရားသခင်၏ ကွဲပြားခြားနားသော စိတ်သဘောထားတစ်ခုကို မြင်တွေ့ခဲ့ကြရပြီး ယင်းအရာသည် သူလုပ်ဆောင်သော ကွဲပြားခြားနားသည့် အမှုမှတစ်ဆင့် အလိုအလျောက် ဖွင့်ပြခြင်းခံရသည်။ သူသည် သနားခြင်းနှင့် ချစ်ခြင်းကရုဏာ ပြည့်ဝနေသည့် ဘုရားသခင်ဖြစ်သည်။ သူသည် လူသားအတွက် အပြစ်ဖြေရာယဇ်ဖြစ်ပြီး လူသား၏ သိုးထိန်းကြီးလည်းဖြစ်သည်။ သို့သော်လည်း သူသည် လူသားများ၏ တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်းနှင့် ကျိန်ခြင်းလည်း ဖြစ်သည်။ သူသည် လူသားများ ကမ္ဘာကြီးပေါ်တွင် နှစ်ပေါင်းနှစ်ထောင်ကျော် အသက်ရှင်နေထိုင်ရန် ဦးဆောင်လမ်းပြပေးနိုင်ပြီး ပျက်စီးနေသည့် လူသားမျိုးနွယ်ကိုလည်း အပြစ်မှ ရွေးနုတ်ပေးနိုင်သည်။ ယနေ့ သူသည် သူ့ကိုမသိသည့် လူသားမျိုးနွယ်ကို သိမ်းပိုက်နိုင်ပြီး၊ လူသားများ သူ့ကို အပြည့်အဝ ဆက်ကပ်ရန်အလို့ငှာ သူတို့အားလုံးကို သူ၏ အုပ်စိုးခြင်းအောက်သို့ ပြပ်ဝပ်စေခြင်းလည်း ပြုနိုင်သည်။ အဆုံးတွင် ဘုရားသခင်သည် လူသားမျိုးနွယ်တို့ကို သူသည် သနားခြင်းနှင့် ချစ်ခြင်းကရုဏာနှင့်သာပြည့်သော ဘုရားသခင်မဟုတ်၊ ဉာဏ်ပညာရှိပြီး အံသြဖွယ်ရာကောင်းသည့် ဘုရားသခင်သာ မဟုတ်၊ သန့်ရှင်းသော ဘုရားသခင်သာ မဟုတ်ဘဲ၊ ထိုထက်မက လူသားကို တရားစီရင်သော ဘုရားသခင်ဖြစ်ကြောင်းကို ပြသရန်အတွက် သူသည် စကြဝဠာတစ်လျှောက်ရှိ လူသားတို့အထဲတွင် ရှိနေသည့် မကောင်းမသင့်သည့် အရာများနှင့် မသန့်ရှင်းသည့်အရာများ အားလုံးတို့ကို မီးရှို့ဖျက်ဆီးလိုက်မည်ဖြစ်သည်။ လူသားမျိုးနွယ် အထဲတွင်ရှိသည့် ဆိုးသွမ်းသည့် သူများအတွက် သူသည် မီးရှို့ဖျက်ဆီးခြင်း၊ တရားစီရင်ခြင်း၊ အပြစ်ဒဏ်ပေးခြင်းဖြစ်ပြီး၊ စုံလင်စေခြင်း ခံရမည့်သူများအတွက်မူ သူသည် ဆင်းရဲဒုက္ခ၊ စစ်ဆေးပြုပြင်ခြင်းနှင့် စမ်းသပ်ခြင်းဖြစ်သည်၊ ထို့ပြင်သာမက သူသည် နှစ်သိမ့်ခြင်း၊ အစာအာဟာရ၊ နှုတ်ကပတ်တော်အားဖြင့် ထောက်ပံ့ခြင်း၊ ဆုံးမခြင်းနှင့် ပြုပြင်ခြင်းလည်း ဖြစ်သည်။ သုတ်သင်ရှင်းလင်းခြင်း ခံရသော ထိုသူများအတွက် သူသည် အပြစ်ဒဏ်ပေးခြင်းနှင့် ဒဏ်ခတ်ခြင်းလည်း ဖြစ်သည်။ ငါ့ကိုပြောလော့၊ ဘုရားသခင်သည် အနန္တတန်ခိုးရှင် မဟုတ်သလော။ သင်တွေးထင်ခဲ့သကဲ့သို့ သူသည် ကားတိုင်ထက်တွင် အသေခံရုံသာ မဟုတ်ဘဲ သူသည် အမှုအားလုံးနှင့် မည်သည့်အမှုကိုမဆို တတ်စွမ်းနိုင်သည့် ဘုရားသခင်ပင် ဖြစ်သည်။ သင်သည် ဘုရားသခင်ကို နိမ့်ကျစွာ ထင်မှတ်ထားခဲ့သည်တကား။ သူတတ်နိုင်သည့် အရာအားလုံးမှာ လူသားမျိုးနွယ်တစ်ရပ်လုံးကို သူ၏ ကားတိုင်ပေါ်တွင် အသေခံခြင်းဖြင့် ရွေးနုတ်ခြင်းသာ ဖြစ်သည်ဟု သင်ယုံကြည်သလော။ ထိုအရာပြီးသည့်နောက်တွင် သင်သည် အသက်ပင်၏အသီးကိုစားပြီး အသက်စမ်းရေကို သောက်သုံးရန် သူ့နောက်သို့ ကောင်းကင်ဘုံထိ လိုက်မည်လော။ ထိုမျှလောက်အထိ ရိုးရှင်းမည်လော။ ငါ့ကို ပြောပြလော့၊ သင်သည် မည်သည့်အရာများကို ပြီးမြောက်အောင် လုပ်ဆောင်ပြီးစီးခဲ့ပြီနည်း။ ယေရှု၏အသက် သင့်ထံတွင် ရှိနေပြီလော။ သင်သည် သူ့အားဖြင့် အမှန်ပင် ရွေးနုတ်ခြင်းခံရသည်၊ သို့သော်လည်း ကားတိုင်ပေါ်တွင် အသေခံခြင်းသည် ယေရှုကိုယ်တိုင်၏ အမှုပင်ဖြစ်သည်။ သင်သည် လူသားတစ်ဦးအနေဖြင့် မည်သည့် တာဝန် ဝတ္တရားများကို ပြီးမြောက်အောင် လုပ်ဆောင်ပြီးခဲ့ပြီနည်း။ သင်သည် အပေါ်ယံတွင်သာ ဘာသာတရား ကိုင်းရှိုင်းပြီး သူ၏လမ်းခရီးကို နားမလည်ပေ။ ထိုအရာသည် ဘုရားသခင်ကို ဖော်ပြပေးသည့် သင်၏ လုပ်ဆောင်မှုလော။ အကယ်၍ သင်သည် ဘုရားသခင်၏အသက်ကို ပိုင်ဆိုင်မထားလျှင် သို့မဟုတ် ဘုရားသခင်၏ ဖြောင့်မတ်သည့် စိတ်သဘောထားကို သင်သည် လုံးလုံးလျားလျား တွေ့မြင်မထားလျှင် သင့်အနေဖြင့် အသက်ကို ရရှိသော သူတစ်ဦးဖြစ်သည်ဟု ကြွေးကြော်၍ မရနိုင်သကဲ့သို့၊ ကောင်းကင်နိုင်ငံတော်၏ ဂိတ်တံခါးဝကို ဖြတ်ကျော်သွားဖို့ရန်အတွက် သင်သည် ထိုက်တန်မှုရှိမည် မဟုတ်ပေ။
ဘုရားသခင်သည် ဝိညာဉ်တော်ဖြစ်သည်သာမက သူသည် လူ့ဇာတိလည်း ခံယူနိုင်သည်၊ ထိုထက်မက သူသည် ဘုန်းတော်၏ ခန္ဓာကိုယ်ပင်ဖြစ်သည်။ သင်တို့သည် ယေရှုကို မမြင်နိုင်ခဲ့သော်လည်း ဣသရေလလူမျိုးတို့မှ ဆိုလိုသည်မှာ ထိုခေတ်မှ ယုဒလူမျိုးတို့မှ သူ့ကို မျက်မြင်တွေ့ခဲ့ကြသည်။ အစအဦးတွင် သူသည် အသွေးအသားနှင့်ဆိုင်သော ခန္ဓာကိုယ် ရှိခဲ့သော်လည်း သူသည် ကားတိုင်ထက်တွင် အသေခံပြီးသည့်နောက် သူသည် ဘုန်းတော်၏ ခန္ဓာကိုယ်ဖြစ်လာခဲ့သည်။ သူသည် အလုံးစုံကို လွှမ်းခြုံသော ဝိညာဉ်တော်ဖြစ်ပြီး နေရာတိုင်းတွင် အမှုကို လုပ်ဆောင်နိုင်သည်။ သူသည် ယေဟောဝါ သို့မဟုတ် ယေရှု သို့မဟုတ် မေရှိယဖြစ်နိုင်ပြီး၊ နောက်ဆုံးတွင် သူသည် အနန္တတန်ခိုးရှင် ဘုရားသခင်လည်း ဖြစ်နိုင်သည်။ သူသည် ဖြောင့်မတ်ခြင်း၊ တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးခြင်းဖြစ်သည်၊ ကျိန်ခြင်းနှင့် ဒေါသအမျက်လည်း ဖြစ်သည်၊ သို့သော်လည်း သူသည် သနားခြင်းနှင့် ချစ်ခြင်းကရုဏာလည်းဖြစ်သည်။ သူလုပ်ဆောင်ခဲ့သည့် အမှုအားလုံးတို့သည် သူ့ကို ကိုယ်စားပြုရန် တတ်စွမ်းနိုင်သည်။ ဘုရားသခင်သည် မည်သည့် စိတ်နေသဘောထားမျိုး ရှိသည်ဟု သင်ပြောသနည်း။ သင်အနေဖြင့် ရှင်းပြနိုင်ခြင်း မရှိဘဲရှိမည်။ သင်ပြောနိုင်သည့် အရာအားလုံးမှာ "ဘုရားသခင်၏ စိတ်နေသဘောထား အမျိုးအစားကို ကျွန်ုပ်သည် ရှင်းမပြနိုင်ပါ" ဆိုသည့် အချက်ပင်ဖြစ်သည်။ ဘုရားသခင်သည် အဆင့်တစ်ခုတွင် ရွေးနုတ်ခြင်းအမှုကို လုပ်ဆောင်ခဲ့သည့်အတွက်ကြောင့်နှင့် ဘုရားသခင်သည် သနားခြင်းနှင့် ချစ်ခြင်းကရုဏာဖြင့် ပြည့်ဝသော ဘုရားသခင် အစဉ်အမြဲဖြစ်သည်ဟု နိဂုံးချုပ်ကောက်ချက်မချနှင့်။ ဘုရားသခင်သည် သနားခြင်းနှင့် ချစ်ခြင်းကရုဏာပြည့်ဝသည့် ဘုရားသခင်သာဖြစ်သည်ဟု သင်သည် သေချာပေါက် ပြောနိုင်သလော။ အကယ်၍ သူသည် သနားခြင်းနှင့် ချစ်ခြင်းကရုဏာပြည့်ဝသည့် ဘုရားသခင်ဖြစ်သည်ဆိုလျှင် နောက်ဆုံးသောကာလတွင် ခေတ်ကို အဆုံးသတ်ရန် အဘယ်ကြောင့် သယ်ဆောင်လာပေးသနည်း။ အဘယ်ကြောင့် ဒုက္ခဆင်းရဲခြင်း အမြောက်အမြားကို ချပေးတော်မူရသနည်း။ အကယ်၍ သင်ထင်မှတ်ထားခဲ့သကဲ့သို့ သူသည် အဆုံးတိုင်အောင်၊ နောက်ဆုံးသော ကာလထိပင် လူသားများအတွက် သနားခြင်းနှင့် ချစ်ခြင်းကရုဏာ ပြည့်ဝသည့် ဘုရားသခင်ဖြစ်လျှင် အဘယ်ကြောင့် ကောင်းကင်မှ ဆင်းရဲဒုက္ခများကို ချပေးမည်နည်း။ အကယ်၍ သူသည် လူသားများကို သူ့ကိုယ်သူ ချစ်သကဲ့သို့ချစ်လျှင်၊ တစ်ပါးတည်းသော သားတော်ကို ချစ်သကဲ့သို့ချစ်လျှင် အဘယ်ကြောင့် ကောင်းကင်မှ ကပ်ရောဂါများနှင့် မိုးသီးများကို ချပေးမည်နည်း။ အဘယ်ကြောင့် လူသားများကို အစာငတ်မွတ် ခေါင်းပါးခြင်းများနှင့် ကာလနာကပ်ရောဂါများကို ခံစားစေသနည်း။ ထိုသို့သော ဆင်းရဲဒုက္ခများကို လူသားများ ခံစားရန်အတွက် အဘယ်ကြောင့် ခွင့်ပြုသနည်း။ ဘုရားသခင်၏ စိတ်နေသဘောထားမျိုးကို သင်တို့အထဲတွင် မည်သူမျှ မရှင်းပြနိုင်၊ မည်သူမျှ မပြောဝံ့။ သူသည် ဝိညာဉ်ဖြစ်သည်ဟု သင်သေချာသလော။ သူသည် ယေရှု၏ ခန္ဓာကိုယ်မှလွဲ၍ အခြားဘာမျှ မဖြစ်နိုင်ဟု သင်ပြောရဲသလော။ ထို့ပြင် သူသည် လူသားအတွက် ကားတိုင်ပေါ်တွင် ထာဝရ အသေခံပေးမည့် ဘုရားသခင်ဖြစ်သည်ဟု သင်ပြောရဲသလော။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ မှ
အောက်ခြေမှတ်စုများ-
(က) မူရင်းစာတွင် "အလုပ်ကို" ဆိုသည့် စကားစုအား ချန်လှပ်ထားသည်။
No comments:
Post a Comment