ဘုရားသခင်အား ယုံကြည်သောသူ တစ်ယောက်ဖြစ်သော သင်သည် ယနေ့ နောက်ဆုံးသောကာလရှိ ဘုရားသခင်၏အမှုနှင့် သင့်အထဲ၌ ဘုရားသခင်၏စီမံချက်၏ အမှုအားလုံးကိုလက်ခံရာ၌၊ သင်သည် ဘုရားသခင်၏ ကြီးစွာသော ချီးမြှောက်ခြင်းနှင့် ဘုရားသခင်ထံမှ ကယ်တင်ခြင်းကို အမှန်တကယ်ပင် လက်ခံရရှိပြီး ဖြစ်ကြောင်း နားလည်သင့်သည်။ စကြဝဠာတစ်ဝှမ်းလုံးရှိ ဘုရားသခင်၏ အမှုအားလုံးသည် ဤလူတစ်စုအပေါ်တွင် အာရုံစူးစိုက်ထားလျက်ရှိခဲ့သည်။ ဘုရားသခင်သည် သူ၏ ကြိုးစားအားထုတ်မှုအားလုံးအား သင်တို့အတွက် ပေးအပ်မြှုပ်နှံထားပြီး၊ သင်တို့အတွက် အရာအားလုံးကို စွန့်လွှတ်ပေးဆပ်ခဲ့၏၊ သူသည် စကြဝဠာတစ်ခွင်လုံးမှ ဝိညာဉ်တော်၏ အမှုများအား ပြန်လည်သိမ်းယူကာ သင့်အားပေးအပ်ခဲ့၏။ ထိုအကြောင်းကြောင့် သင်တို့သည် မင်္ဂလာရှိသူများ ဖြစ်သည်ဟု ငါပြောဆိုရခြင်းဖြစ်သည်။ ထို့အပြင် ဘုရားသခင်သည် သင်တို့ လူစုမှတစ်ဆင့် သူ့အစီအစဉ်၏ ရည်ရွယ်ချက်ကို အပြည့်အဝ ထင်ရှားပြသနိုင်ရန် သူ၏ဘုန်းတော်အား သူ၏ရွေးကောက်ခံ လူမျိုးဖြစ်သည့် ဣသရေလလူမျိုးထံမှ သင်တို့ထံသို့ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် သင်တို့သည် ဘုရားသခင်၏ အမွေအား လက်ခံရရှိမည့်သူများ ဖြစ်ရုံမျှသာမက ဘုရားသခင်၏ ဘုန်းတော်အား ဆက်ခံသော သူများလည်း သာ၍ ဖြစ်နေသည်။ "အကြောင်းမူကား ယခုခဏခံရ၍ ပေါ့ပါးသော ဆင်းရဲခြင်းဒုက္ခသည် အတိုင်းအထက် အလွန်ကြီးမြတ် လေးလံသော နိစ္စထာဝရ ဘုန်းအသရေကို ငါတို့အဖို့ ဖြစ်စေတတ်၏" ဟူသည့် နှုတ်ကပတ်တော်အား သင်တို့အားလုံး မှတ်မိကောင်းမှတ်မိလိမ့်မည်။ အတိတ်ကာလက ဤစကားအား သင်တို့အားလုံး ကြားဖူးကြသော်လည်း မည်သူမျှ ဤနှုတ်ကပတ်တော်များ၏ စစ်မှန်သောအဓိပ္ပာယ်ကို နားမလည်ခဲ့ကြပေ။ ယနေ့ ၎င်းတို့၏ စစ်မှန်သောရည်ရွယ်ချက်အား သင်တို့ ကောင်းစွာသိရှိ နေပြီဖြစ်သည်။ ဤနှုတ်ကပတ်တော်များသည် နောက်ဆုံးသောကာလတွင် ဘုရားသခင် ပြီးမြောက်စေမည့် အရာများဖြစ်ကြသည်။ ထိုအရာများတို့သည် အဆင်းနီသော နဂါးကြီး၏ ကိန်းဝပ်ရာနေရာ၌ ရက်စက်စွာ ဒုက္ခပေးခြင်းကို ခံစားရသူများအပေါ် ပြီးပြည့်စုံစေမည် ဖြစ်သည်။ အဆင်းနီသော နဂါးကြီးသည် ဘုရားသခင်အား နှိပ်စက်ညှဉ်းပန်းပြီး ဘုရားသခင်၏ ရန်သူဖြစ်သောကြောင့် ဤနယ်မြေတွင် ဘုရားသခင်အား ယုံကြည်သော သူများတို့သည် အရှက်ကွဲခြင်းနှင့် နှိပ်စက်ညှဉ်းပန်းခြင်းတို့ ခံစားကြရသည်။ ထိုအကြောင်းကြောင့် ဤနှုတ်ကပတ်တော်များသည် သင်တို့လူစုအတွင်းတွင် အမှန်တရားတစ်ခု ဖြစ်လာမည်။ ဘုရားသခင်အား ဆန့်ကျင်သည့်နယ်မြေတွင် ဤအမှုအား ဆောင်ရွက်နေစဉ်အတွင်း ဘုရားသခင်၏အမှုအားလုံးသည် လွန်ကဲသည့် အတားအဆီးများနှင့် တွေ့ကြုံရကာ သူ၏နှုတ်ကပတ်တော် များစွာသည်လည်း အချိန်အခါ ကောင်း၌ ပြည့်စုံနိုင်ခြင်း မရှိပေ၊ သို့ဖြစ်၍ လူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကြောင့် စစ်ဆေးခြင်းခံကြရသည်။ ၎င်းအရာသည်လည်း ဒုက္ခဆင်းရဲခံခြင်း၏ အခြေခံကျသည့် အရာတစ်ခုဖြစ်သည်။ အဆင်းနီသောနဂါးကြီး၏ နယ်မြေ၌ သူ၏အမှုအား လုပ်ဆောင်ရခြင်းသည် ဘုရားသခင်အဖို့ ကြီးမားစွာ အားစိုက် လုပ်ဆောင်ရသည့် ကိစ္စဖြစ်သော်လည်း ဘုရားသခင်သည် သူ၏ ဉာဏ်ပညာနှင့် အံ့သြဖွယ်ကောင်းသည့် အမှုအရာများအား ထင်ရှားစေရန် ဤကဲ့သို့သော ခက်ခဲမှုမှတစ်ဆင့် သူ့အမှု၏ အဆင့်တစ်ဆင့်အား ဆောင်ရွက်ခြင်းဖြစ်သည်။ ဘုရားသခင်သည် ဤလူစုအား ပြီးပြည့်စုံစေရန် ဤအခွင့်အရေးကို အသုံးချသည်။ လူတို့၏ ဒုက္ခခံစားရခြင်း၊ သူတို့၏ အရည်အသွေးနှင့် ဤမသန့်ရှင်းသည့် နယ်မြေ၌ ရှိနေကြသည့် လူတို့၏ စာတန်ဆန်သော သဘောထားအားလုံးတို့ကြောင့်၊ ဘုရားသခင်သည် သူ၏ သန့်ရှင်းစေခြင်းနှင့် သိမ်းပိုက်အောင်မြင်ခြင်းအမှုအား ပြုရခြင်းဖြစ်ပြီး ထိုအရာမှတဆင့် သူဘုန်းပွင့်ကာ လုပ်ရပ်များအား သက်သေခံသူများ ရရှိရန်ဖြစ်သည်။ ၎င်းသည် ဤလူစုအတွက် ဘုရားသခင်ပြုသော စွန့်လွှတ်ခြင်းအရာများတို့၏ ရည်ရွယ်ချက် အပြည့်ပင်ဖြစ်သည်။ ဆိုလိုသည်မှာ ဘုရားသခင်သည် သူ့အားဆန့်ကျင်သော သူများအားဖြင့်သာ သိမ်းပိုက်အောင်မြင်ခြင်းအမှုကို ပြုသည်။ ဤကဲ့သို့ လုပ်ဆောင်ခြင်းအားဖြင့် သာလျှင် ဘုရားသခင်၏ ကြီးမားသောတန်ခိုးအား ထင်ရှားစေနိုင်မည်ဖြစ်သည်။ တစ်နည်းဆိုရပါမူ မသန့်ရှင်းသော နယ်မြေတွင်ရှိနေသည့် သူများတို့သည်သာ ဘုရားသခင်၏ ဘုန်းတော်အား အမွေခံထိုက်သူများဖြစ်ကာ ၎င်းအရာကသာလျှင် ဘုရားသခင်၏ ကြီးမားသော တန်ခိုးတော်အား ထင်ရှားစေနိုင်သည်။ ထို့ကြောင့် ဘုရားသခင်၏ ဘုန်းတော်သည် မသန့်ရှင်းသည့် နယ်မြေနှင့် ထိုနယ်မြေ၌နေသော သူများထံမှ ရရှိသည်ဟု ငါဆိုရခြင်းဖြစ်သည်။ ထိုအရာသည် ဘုရားသခင်၏ အလိုတော်ဖြစ်သည်။ ၎င်းသည် ယေရှု၏အမှု၏ အဆင့်တစ်ဆင့်မှာကဲ့သို့ပင် ဖြစ်သည်၊ သူ့အား နှိပ်စက်ညှဉ်းပန်းခဲ့သည့် ဖာရိရှဲများကြား၌သာ သူသည် ဘုန်းတော်ထင်ရှားနိုင်သည်။ အကယ်၍ ထိုနှိပ်စက် ညှဉ်းပန်းခံရခြင်းနှင့် ယုဒ၏ သစ္စာဖောက်ခြင်းတို့ မရှိခဲ့ပါက ယေရှုသည် ကားတိုင်တွင်တင်၍ သတ်ခြင်းကိုမဆိုထားနှင့် လှောင်ပြောင်သရော်ခြင်းများနှင့် ကဲ့ရဲ့ခြင်းများအား ခံခဲ့ရမည် မဟုတ်ပေ၊ ထို့ကြောင့် ဘုန်းတော်သည်လည်း ထင်ရှားခဲ့လိမ့်မည် မဟုတ်ပေ။ ဘုရားသခင်သည် ခေတ်ကာလအသီးသီး၌ သော်လည်းကောင်း၊ သူ၏လူ့ဇာတိ၌သော်လည်းကောင်း၊ မည်သည့်အရပ်တွင် လုပ်ဆောင်သည်ဖြစ်စေ၊ ထိုအရပ်၌ ဘုန်းပွင့်ကာ ထိုအရပ်၌ သူရည်ရွယ်ထားသည့် သူများအားလည်း ရရှိသည်။ ဤအရာသည် ဘုရားသခင်အမှု၏ အစီအစဉ်ဖြစ်ကာ၊ ဤအရာသည် သူ၏စီမံခန့်ခွဲခြင်းလည်း ဖြစ်သည်။
နှစ်ပေါင်းထောင်ပေါင်းများစွာရှိခဲ့သည့် ဘုရားသခင်၏အစီအစဉ်ထဲတွင် ဇာတိပကတိ၌ ပြုသောအမှု ဆိုင်ရာ ကဏ္ဍနှစ်ရပ်ရှိသည်။ ပထမတစ်ရပ်မှာ သူ၏ဘုန်းတော် ထင်ရှားစေသည့် လက်ဝါးကပ်တိုင်၌ အသေခံခြင်းအမှုနှင့် အခြားတစ်ရပ်မှာ သူ၏ဘုန်းတော် ထင်ရှားစေမည့် နောက်ဆုံးသောကာလရှိ သိမ်းပိုက်အောင်မြင်ခြင်းနှင့် စုံလင်စေခြင်း အမှုတို့ဖြစ်ကြသည်။ ဤအရာသည် ဘုရားသခင်၏ စီမံခန့်ခွဲမှုပင် ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်၏ အမှုကိုသော်လည်းကောင်း၊ သင့်အား ဘုရားသခင် စေခိုင်းချက်ကို သော်လည်းကောင်း ရိုးရှင်းလွန်းသည်ဟု မမှတ်ယူလေနှင့်။ သင်တို့အားလုံးသည် အတိုင်းအထက်အလွန် ကြီးမြတ် လေးလံသော နိစ္စထာဝရ ဘုန်းအသရေ၏ အမွေခံများ ဖြစ်ကြပြီး၊ ၎င်းသည် ဘုရားသခင်က အထူးဘိသိက်ထားသော အရာဖြစ်သည်။ သူ၏ ဘုန်းတော်နှင့်ဆိုင်သည့် ကဏ္ဍနှစ်ရပ်၌ တစ်ရပ်သည် သင်တို့အထဲ၌ ထုတ်ဖော်ထားသည်၊ ဘုရားသခင်၏ဘုန်းတော် ကဏ္ဍတစ်ရပ်၏ အလုံးစုံကို သင်အမွေခံရရန် သင့်အား ပေးအပ်ထားသည်။ ၎င်းသည် ဘုရားသခင့်ထံမှ ချီးမွမ်းခြင်းဖြစ်ပြီး ရှေးမဆွကပင် ဆုံးဖြတ်ထားပြီးသော သူ၏အကြံအစည် ဖြစ်သည်။ အဆင်းနီသောနဂါးကြီး ကိန်းဝပ်ရာနယ်မြေ၌ ပြုခဲ့သည့် ဘုရားသခင်၏အမှု၏ ကြီးမားမှုကို ထည့်သွင်း စဉ်းစားပါက၊ အဆိုပါ အမှုအား အခြားသော နေရာတစ်ခုခုသို့ ရွှေ့ပြောင်းခဲ့ပါက အသီးအပွင့်များအား လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက ရရှိခဲ့ပြီးဖြစ်မည်သာမက လူသားသည်လည်း လွယ်လင့်တကူ လက်ခံနှင့်ပြီး ဖြစ်နိုင်သည်။ ထို့အပြင် ယေရှုမှ သာဓကအဖြစ် အစေခံသွားခဲ့သည့်အမှု၏ အဆင့်အတွက် ဤကဲ့သို့သောအမှုကို ဘုရားသခင်အား ယုံကြည်ကြသည့် အနောက်တိုင်းမှ ခရစ်ယာန်ဘုန်းကြီးများက အလွန်ပင်လွယ်ကူစွာ လက်ခံနိုင်ခဲ့ပေလိမ့်မည်။ ထိုအကြောင်းကြောင့် သူသည် ဘုန်းတော်ထင်ရှားခြင်းဆိုင်ရာအမှု၏ ဤအဆင့်အား အခြားတစ်နေရာရာ၌ အထမမြောက်နိုင်ခြင်း ဖြစ်သည်၊ ဆိုလိုသည်မှာ လူသားအားလုံး၏ ကူညီထောက်မခြင်းနှင့် တိုင်းနိုင်ငံအားလုံး၏ အသိအမှတ် ပြုခြင်းရှိသော အရပ်၌ ဘုရားသခင်၏ ဘုန်းတော်အတွက် နေရာရှိလိမ့်မည် မဟုတ်ပေ။ ထို့အပြင် ဤအရာသည် ဤမြေရှိအမှု၏ ဤအဆင့်၌ရှိသော သာမန်ထက် ထူးကဲသည့်ရည်ရွယ်ချက်ပင် မုချဖြစ်သည်။ သင်တို့အထဲ၌ ပညတ်တရား၏ အကာအကွယ်ပေးခြင်း ခံရသည့်သူ တစ်ယောက်မျှ မရှိချေ။ ထိုသို့မရရှိရုံမျှမက သင်တို့သည် ထိုပညတ်တရား၏ အပြစ်ပေးခြင်းကိုပင်လျှင် ခံနေရပြီး ပိုမို၍ကြီးမားသော အခက်အခဲမှာ သင့်အား သင့်ဆွေမျိုးသားချင်းများမှဖြစ်စေ၊ သင့်မိဘမှဖြစ်စေ၊ သင့်မိတ်ဆွေများမှဖြစ်စေ၊ လုပ်ဖော်ဆောင်ဖက်များမှ ဖြစ်စေ မည်သည့်လူသားကမျှ နားမလည်ခြင်း ဖြစ်သည်။ သင့်အား မည်သူကမျှ နားမလည်ပေ။ ဘုရားသခင်က သင့်အား ငြင်းပယ်သောအခါ လောက၌ သင်ဆက်လက်အသက်ရှင်ရန် နည်းလမ်း မရှိတော့ပေ။ သို့သော်လည်း ထိုအခြေအနေများ ရှိနေလင့်ကစား လူများက ဘုရားသခင်အား စွန့်ခွာခြင်းကို မပြုနိုင်ကြပေ၊ ဤအရာသည် လူသားများအပေါ် ဘုရားသခင် သိမ်းပိုက်အောင်မြင်ခြင်း၏ ရည်ရွယ်ချက်ပင်ဖြစ်ပြီး၊ ၎င်းသည် ဘုရားသခင်၏ ဘုန်းတော်ဖြစ်သည်။ သင်ယနေ့ အမွေခံရသော အရာများသည် ရှေးကတမန်တော်များ၊ ပရောဖက်များ အမွေခံရသည်ထက် ကျော်လွန်သည်သာမက၊ မောရှေနှင့် ပေတရုတို့ အမွေခံရသည်ထက်ပင်လည်း ပိုမိုသာလွန်ပေသည်။ ကောင်းချီးမင်္ဂလာများသည် နှစ်ရက်၊ သုံးရက်တည်းနှင့် လက်ခံနိုင်သော အရာမျိုး မဟုတ်ပေ၊ ၎င်းတို့အား များစွာသော ပေးဆပ်ခြင်းများအားဖြင့် လုပ်ကိုင်ရယူရမည် ဖြစ်သည်။ ဆိုလိုသည်မှာ သင်၌ စစ်ဆေးခြင်းခံရထားသော ချစ်ခြင်းမေတ္တာ၊ ကြီးမားသည့် ယုံကြည်ခြင်းနှင့် ဘုရားသခင်က သင့်အား ရရှိရန်တောင်းခံသည့် သမ္မာတရားများစွာတို့ ရှိရမည် ဖြစ်သည်၊ ထို့အပြင် တရားမျှတမှုအား သင်မျက်မှောက်ပြုနိုင်ရန် လိုအပ်သကဲ့သို့ သူရဲဘောကြောင်ခြင်းနှင့် အရှုံးပေးခြင်းတို့အား မည်သည့်အခါ၌မျှ လုပ်ဆောင်မှုမပြုရန် လိုအပ်သည့််အပြင် ဘုရားသခင်အပေါ်၌ အစဉ်ချစ်ခြင်းနှင့် မလျော့သောချစ်ခြင်း ရှိနေရန် လိုအပ်သည်။ တိကျပြတ်သားသည့် ဆုံးဖြတ်ချက်သင်၌ရှိရန် လိုအပ်သကဲ့သို့ အသက်တာ စိတ်နေသဘောထား ပြောင်းလဲရန်လည်း လိုအပ်ပေသည်၊ သင်၏ယိုယွင်းမှုအား ကုစားရန်လည်း လိုအပ်ကာ၊ ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှု အားလုံးတို့အား စောဒကတက်ခြင်း မရှိဘဲ လက်သင့်ခံရန် လိုအပ်ပြီး၊ သေသည့် တိုင်အောင် ပင်လျှင် နာခံခြင်းရှိရန် လိုအပ်သည်။ ဤအရာသည် သင် အထမြောက်သင့်သည့် အရာဖြစ်သည်။ ယင်းသည် ဘုရားသခင်၏အမှု၏ နောက်ဆုံးသောရည်ရွယ်ချက်ဖြစ်ပြီး ဤလူစုထံမှ ဘုရားသခင် တောင်းဆိုသည့် အရာများလည်း ဖြစ်သည်။ သင့်အား ဘုရားသခင် ပေးထားသည်နှင့်အမျှ၊ သင့်ထံမှ ပြန်လည် တောင်းခံခြင်းကိုလည်း ပြုရမည်ဖြစ်ပြီး၊ သင့်တော်သည့် တောင်းဆိုမှုများ ပြုရမည် ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်၏ အလုပ်အားလုံးသည် အကြောင်းမဲ့ မဟုတ်ဘဲ၊ ထိုအရာမှတဆင့် ဘုရားသခင်သည် မြင့်မားသည့် စံနှုန်းနှင့် တင်းကျပ်သည့် သတ်မှတ်ချက်များရှိသော အမှုအား ထပ်ခါတလဲလဲ ပြုလုပ်ရသည့် အကြောင်းရင်းကို တွေ့မြင်နိုင်သည်။ ထိုအကြောင်းကြောင့် သင်သည် ဘုရားသခင်အား ယုံကြည်ခြင်းနှင့် ပြည့်လျက်ရှိနေသင့်ခြင်း ဖြစ်သည်။ အတိုချုပ်အားဖြင့်ဆိုရပါက ဘုရားသခင်ပြုသောအမှု အားလုံးတို့သည် သင့်အတွက် ပြုနေခြင်းဖြစ်ကာ သင့်အား သူ၏အမွေ ရထိုက်စေရန် ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ ကိုယ်ပိုင်ဘုန်းတော်အတွက် သိပ်မဟုတ်ဘဲ သင်၏ကယ်တင်ခြင်းနှင့် မသန့်ရှင်းသောမြေ၌ ကြီးစွာသော ဒုက္ခကိုခံနေရသောသူများအား စုံလင်စေရန်အတွက်လည်း ဖြစ်သည်။ သင်သည် ဘုရားသခင်၏ အလိုတော်ကို နားလည်ရမည်။ ထို့ကြောင့် ဘုရားသခင်အား စမ်းသပ်ခြင်းနှင့် ခုခံခြင်း မပြုလေတော့နှင့်ဟု ငါသည် ထိုးထွင်းသိမြင်ခြင်း သို့မဟုတ် အသိတရား ဘာမျှမရှိသော အသိဉာဏ်မဲ့နေသည့် လူများစွာအား တိုက်တွန်းသည်။ လူသား မည်သည့်အခါကမျှ ခံစားခဲ့ဖူးခြင်း မရှိသည့် ဒုက္ခဆင်းရဲ အလုံးစုံအား ဘုရားသခင် ခံစားခဲ့ပြီး ဖြစ်သည့်အပြင် ရှေးမဆွကပင် ပိုမိုအရှက်ကွဲခြင်းအား လူသားအစား ခံစားခဲ့ပြီး ဖြစ်သည်။ မည်သည့်အရာအား သင်လက်မလွှတ်နိုင်ဘဲ ရှိနေသနည်း။ မည်သည့်အရာက ဘုရားသခင်၏ အလိုတော်ထက် ပိုမို၍ အရေးကြီးသနည်း။ ဘုရားသခင်၏ မေတ္တာအထက်၌ မည်သည့်အရာများ ရှိနေသနည်း။ မသန့်ရှင်းသောဤနယ်မြေ၌ သူ၏အမှုထမ်းဆောင်ရန်မှာ ဘုရားသခင်အနေဖြင့် နှစ်ဆကြိုးစားအားထုတ်နေရပြီး ဖြစ်သည်။ အကယ်၍ လူသားသည် သိလျက်နှင့် တမင် ဖောက်ပြန် ကျူးလွန်လျှင် ဘုရားသခင်၏အမှုကို ရှည်ကြာစေရလိမ့်မည် ဖြစ်သည်။ မည်သို့ပင်ဖြစ်စေကာမူ ဤအရာသည် မည်သူ့အတွက်မျှ အကျိုးမရှိသကဲ့သို့ မည်သူတစ်ဦးတစ်ယောက်အတွက်မျှလည်း အကျိုးအမြတ် မဟုတ်ပေ။ ဘုရားသခင်သည် အချိန်၏ ထိန်းချုပ်ခြင်းကို မခံရပေ။ သူ၏အမှုနှင့် သူ၏ဘုန်းတော်ကို ဦးစားပေး၏။ ထို့ကြောင့် အချိန်ကာလ မည်မျှကြာမြင့်စေကာမူ သူ၏အမှု ဖြစ်ပါက မည်သည့် ပေးဆပ်ခြင်းကိုမျှ ထိန်ချိန်ထားမည် မဟုတ်ပေ။ ဘုရားသခင်သည် သူ၏အမှု မအောင်မြင်မချင်း အနားယူမည် မဟုတ်ပေ၊ ယင်းသည် ဘုရားသခင်၏ စိတ်နေသဘောထားဖြစ်သည်။ သူ၏ဘုန်းတော်၏ ဒုတိယကဏ္ဍအား ရရှိသောအချိန် ရောက်သောအခါ၌သာလျှင် သူ၏အမှုသည် အဆုံးသတ်နိုင်လိမ့်မည်။ ဘုရားသခင်သည် သူ၏ဘုန်းတော်ထင်ရှားခြင်း ဒုတိယကဏ္ဍအမှုအား စကြဝဠာတစ်ခွင်လုံး၌ မပြီးမြောက်စေနိုင်ပါက၊ သူ၏နေ့ရက်သည် မည်သည့်အခါမျှ ရောက်ရှိလာမည်မဟုတ်၊ သူ၏လက်သည် သူ၏ရွေးချယ်ခြင်းခံရသော အမျိုးအပေါ်မှ သွေဖည်သွားမည်မဟုတ်၊ ဣသရေလလူမျိုးအပေါ်၌ သူ၏ဘုန်းတော် ကြွလာမည်မဟုတ်သည့်အပြင် သူ၏အစီအစဉ်သည်လည်း မည်သည့်အခါမျှ အဆုံးသတ်လိမ့်မည် မဟုတ်ချေ။ ဘုရားသခင်၏ အလိုတော်ကို သင်တွေ့မြင်သင့်ပြီး ဘုရားသခင်၏ အမှုတော်သည် ကောင်းကင်၊ မြေကြီးနှင့် ခပ်သိမ်းသောအရာများတို့အား ဖန်ဆင်းခဲ့ခြင်းလောက် ရိုးစင်းမှု မရှိသည်ဆိုခြင်းအား သင်တွေ့မြင်သင့်သည်။ အဘယ်ကြောင့်ဆိုသော် ယနေ့လုပ်ဆောင်ရမည့် အမှုမှာ ဖျက်ဆီးခြင်းခံရခဲ့သောသူများ၊ တစ်ဖက်စွန်းရောက်အောင် ထုံတေလာကြသူများတို့အား ပြောင်းလဲရန်နှင့် ဖန်ဆင်းခံ ပြီးနောက် စာတန်၏ လုပ်ဆောင်မှု ခံရခဲ့သူများအား သန့်ရှင်းစေရန် ဖြစ်သည်၊ အလင်းပြုလုပ်ရန် သို့တည်းမဟုတ် အပင်နှင့် တိရိစ္ဆာန်တို့၏ အမျိုးမျိုးအား ဖန်ဆင်းရန်မဆိုထားနှင့် အာဒံနှင့် ဧဝတို့အား ဖန်ဆင်းရန်ပင် မဟုတ်ပေ။ ဘုရားသခင်၏ ယခုအမှုမှာ စာတန်၏ဖျက်ဆီးခြင်းခံခဲ့ရသော သူအားလုံးအား သန့်ရှင်းစင်ကြယ်စေရန်ဖြစ်ပြီး သန့်ရှင်းစင်ကြယ်စေရန်ဖြစ်ပြီး ထိုသို့အားဖြင့် ထိုသူအပေါင်းတို့အား ပြန်လည်ရယူပြီး သူပိုင်ဆိုင်သောအရာများ၊ သူ၏ ဘုန်းတော်အဖြစ် ဖြစ်လာစေရန် ဖြစ်သည်။ အဆိုပါ အမှုသည် လူသားထင်သကဲ့သို့ ကောင်းကင်၊ မြေကြီးနှင့် အရာခပ်သိမ်းအား ဖန်ဆင်းခြင်းကဲ့သို့ ရိုးစင်းခြင်း မရှိသည့်အပြင် ယင်းသည် လူသားထင်သကဲ့သို့ စာတန်အား အနက်ဆုံးသောတွင်းထဲသို့ ကျိန်ဆိုခြင်းနှင့်လည်း ဆင်တူခြင်းမရှိပေ။ ယင်းအစား ၎င်းသည် လူသားအား ပြောင်းလဲစေရန်၊ အဖျက်သဘောဆောင်သော အရာအား အပြုသဘောဆောင်သော အရာသို့ ပြောင်းလဲရန်နှင့် ဘုရားသခင်နှင့် မသက်ဆိုင်သော အရာအား သူ၏ ပိုင်ဆိုင်မှုအထဲသို့ သိမ်းယူရန် ဖြစ်သည်။ ယင်းသည် ဘုရားသခင် အမှု၏ ဤအဆင့်ထဲ၌ ရှိနေသည့် အတွင်းပိုင်း အကြောင်းအရာဖြစ်သည်။ ထိုအရာအား သင်သိရန် လိုအပ်ပြီး အရေးကိစ္စများကို အလေးမထားခြင်း မပြုရပေ။ ဘုရားသခင်၏ အမှုသည် မည်သည့်သာမန်အလုပ်များနှင့်မျှ မတူပေ။ ၎င်း၏ အံ့သြဖွယ်ရာ ထူးခြားမှုကို လူသား၏ စိတ်နှင့်် စိတ်ကူး၍ မရနိုင်ပေ။ ထို့အပြင် ၎င်း၏ ဉာဏ်ပညာအား ဤကဲ့သို့ မရရှိနိုင်ပေ။ သူ၏အမှု၏ ဤအဆင့်အတွင်း ဘုရားသခင်သည် အားလုံးကို ဖန်ဆင်းနေခြင်း မဟုတ်သကဲ့သို့ ၎င်းတို့ကို ဖျက်ဆီးနေခြင်းလည်း မပြုပေ။ ယင်းအစား ဘုရားသခင်သည် သူ၏ဖန်ဆင်းခြင်းအားလုံးကို ပြောင်းလဲစေလျက်ရှိပြီး စာတန်၏ ညစ်ညူးစေခြင်းခံရခဲ့သော အရာခပ်သိမ်းကို သန့်စင်နေခြင်းဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်သည် ကြီးမားသည့်ပမာဏရှိသော အမှုအား အစပြုမည်ဖြစ်ကာ၊ ၎င်းသည် ဘုရားသခင်၏ အမှု၏ ရည်ရွယ်ချက်ပေါင်းချုပ်ဖြစ်သည်။ ဤနှုတ်ကပတ်တော်များမှ ဘုရားသခင်၏ အမှုသည် အလွန်ရိုးရှင်းသည်ဟု သင် ယုံကြည်သလော။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ မှ
များပြားသောအကြံပြုချက်များ
ကယ်တင်ရှင်သည် "ဖြူသောမိုးတိမ်" အားစီးလျက် ကြွလာခဲ့ပြီးဖြစ်သည်
No comments:
Post a Comment