နှစ်ပေါင်းခြောက်ထောင်ကျော်ကြာမြင့်သောအကြံအစည်တော်ဖြစ်သည့် ငါ၏စီမံခွဲခန့်တော်မူခြင်း အစီအစဉ်၌ အဆင့်သုံးခု (သို့) ကာလသုံးပိုင်းပါရှိသည်။ ယင်းတို့မှာ အစအဦး၌ဖြစ်သော ပညတ်တော် ကာလ၊ ကျေးဇူးတော်ကာလ(ရွေးနှုတ်ခြင်းကာလဟူ၍လည်းခေါ်ဆိုသည်။) နှင့် နောက်ဆုံးသောနေ့ ရက်များ၏နိုင်ငံတော်ကာလ တို့ဖြစ်ကြသည်။ အဆိုပါကာလသုံးပိုင်းရှိ ငါ၏အမှုတော်တွင် ပါဝင်သော အရာများသည် ကာလတစ်ခုချင်းစီ၏ သဘောသဘာဝများအရ ခြားနားမှုများရှိနေသည်။ သို့သော် အဆင့်တိုင်း၌လူသား၏ လိုအပ်မှုများအရ (သို့) ပိုမိုတိကျစွာဆိုရပါက စာတန်မာရ်နတ်အား ငါဆင်နွဲ သည့် စစ်ပွဲ၌ စာတန်ကျင့်သုံးသည့်လှည့်စားမှုများနှင့်လျော်ညီစွာ ဆောင်ရွက်ပြီးစီးလျက်ရှိသည်။ ငါလုပ်ဆောင်သော အလုပ်၏ရည်ရွယ်ချက်မှာ စာတန်မာရ်နတ်အား ချေမှုန်းရန်၊ ငါ၏ပညတ်တော်နှင့် အရာခပ်သိမ်းအားသိမြင်တော်မူခြင်းအား ထင်ရှားစွာမြင်တွေ့ကြစေရန်၊ စာတန်၏လှည့်စားမှုမှန်သမျှ အား ဖော်ထုတ်ရန်နှင့် ထိုသို့အားဖြင့် စာတန်၏ထိမ်းချုပ်မှုအောက်တွင် ရှိနေသည့် လူသားမျိုး နွယ်တစ်ရပ်လုံးအား ရွေးနှုတ်ကယ်တင်ရန်ဖြစ်သည်။ ၎င်းသည်ငါ၏ပညာတော်နှင့် အရာခပ်သိမ်း အား သိမြင်တော်မူခြင်းအား ဖော်ထုတ်ပြသရန်နှင့် စာတန်မာရ်နတ်၏ ဆိုးရွားသည့် သွင်ပြင် လက္ခဏာအား တချိန်တည်းဖော်ထုတ်ရန်ဖြစ်သည်။ ထို့အပြင် ကောင်းမြတ်ခြင်းနှင့်ဆိုးညစ်ခြင်းတို့ကို ငါဖန်ဆင်းတော် မူသောသူများခွဲခြားတတ်စေရန်သင်ကြားပေးခြင်း၊ငါသည်အရာခပ်သိမ်းတို့အား အုပ်စိုးတော်မူသောသူ ဖြစ်ကြောင်းသိစေရန်၊စာတန်သည်လူသားမျိုးနွယ်၏ရန်သူဖြစ်ကြောင်း ရှင်းလင်းစွာမြင်တွေ့ စေနိုင်ရန်၊ အနိမ့်ဆုံးသောအရာထက် နိမ့်ကျသောသောသူဖြစ်ကြောင်း သိစေရန်၊ ဆိုးညစ်သောသူဖြစ်ကြောင်း သိစေရန်၊ကောင်းသောအရာနှင့်ဆိုးသောအရာတို့၏ခြားနားမှု၊ သမ္မာတရားနှင့် မှားယွင်းခြင်းတို့၏ ခြားနားမှု၊ သန့်ရှင်းခြင်းနှင့်ညစ်ညူးခြင်းတို့၏ခြားနားမှု၊ ကြီးမြတ်သောအရာနှင့်ဂုဏ်သိက္ခာကင်းမဲ့ခြင်း တို့၏ခြားနားမှုအားသေချာတိကျစွာပြောဆိုနိုင်စေရန်အတွက်ဖြစ်သည်။ ထိုနည်းအားဖြင့် ဂရုမမူလျက် ရှိနေကြသော လူသားမျိုးနွယ်အား ငါသည်လူသားမျိုးနွယ်ကို ပျက်စီးစေသောသူမဟုတ်ကြောင်း၊ ဖန်ဆင်းခြင်း၏အရှင်သခင်ဖြစ်သောငါတစ်ပါးတည်းသာလျင် လူသားမျိုးနွယ်အားကယ်တင်နိုင်ကြောင်း၊ ငါသာလျင်လူသားများ၏ ပျော်ရွှင်ခြင်းအား ပေးအပ်နိုင်သောသူဖြစ်ကြောင်းနှင့် လူသားများသည် ငါ့အား အရာခပ်သိမ်းအားအုပ်စိုးသောသူအဖြစ် သိစေရန်နှင့် စာတန်မာရ်နတ်သည် ငါဖန်ဆင်းထားခဲ့သောသူ၊ နောက်ပိုင်းတွင်ငါ့အားပုန်ကန်၍ဆန့်ကျင်ဘက်ပြုသောသူဖြစ်ကြောင်း လူသားများ သက်သေခံနိုင် လာကြစေရန်ဖြစ်သည်။ နှစ်ပေါင်းခြောက်ထောင်ကြာမြင့်သော ငါ၏အစီအစဉ်အား အောက်ပါ အကျိုးရလဒ်များရရှိစေရန်အလို့ငှာ အဆင့်သုံးဆင့်ဖြင့်ခွဲခြားသတ်မှတ်ထားသည်။ ယင်းတို့မှာ ငါဖန်ဆင်းသောအရာများသည် ငါ၏သက်သေခံများဖြစ်လာကြစေရန်၊ ငါ၏အလိုတော်အား နားလည်စေရန်နှင့် ငါသည်သမ္မာတရားဖြစ်တော်မူကြောင်း သိလာကြစေရန်ဖြစ်သည်။ ထို့ကြောင့် ငါ၏နှစ်ခြောက်ထောင်စီမံကိန်း၏ အစအဦးအဆင့်ကာလအတွင်းတွင် ယေဟောဝါဘုရားသခင်က သူ၏လူများအား ဦးဆောင်တော်မူခဲ့သည့်အလုပ်ဖြစ်သည့် ပညတ်တော်၏အလုပ်အား ငါဆောင်ရွက်တော်မူခဲ့သည်။ ကျေးဇူးတော်ကာလ၏ အမှုတော်အား ယုဒပြည် ကျေးရွာများ၌ အစပြုစေခဲ့သည်။ ယေရှုခရစ်တော်သည် ကျေးဇူးတော်ကာလ၏ လုပ်ငန်းဆောင်တာအားလုံးကို ကိုယ်စားပြုသောသူဖြစ်တော်မူသည်။ သူသည်လူသားခန္ဓာအားဖြင့် လူ့ဇာတိအားခံယူတော်မူခဲ့ပြီး လက်ဝါးကားတိုင်၌အသေခံတော်မူခဲ့ပြီး ကျေးဇူးတော်ကာလကိုလည်း စတင်စေခဲ့သူဖြစ်ပါသည်။ ရွေးနှုတ်ခြင်းအလုပ်အား ပြီးပြည့်စုံစေရန်နှင့် ပညတ်တော်ကာလအား အဆုံးသတ်ကာ ကျေးဇူးတော်ကာလအား စတင်ရန်အတွက် အသေသတ်ခြင်းကိုခံတော်မူခဲ့သည်။ ထို့ကြောင့် သူ့အား “တပ်မှူးချုပ်”၊ “အပြစ်ဖြေရာယဇ်”၊ “ရွေးနှုတ်ရှင်”ဟု ခေါ်ဆိုခြင်းလည်းဖြစ်သည်။ ထို့ကြောင့် ယေရှုခရစ်တော်၏အမှုတော်သည်အကြောင်းအရာအားဖြင့် ယေဟောဝါ၏အမှုတော်နှင့် ခြားနားလျက် ရှိနေသော်လည်း သဘောသဘာဝအားဖြင့်မူထပ်တူညီပါသည်။ ယေဟောဝါက ပညတ်တော် ကာလအားအစပြုခဲ့ပြီး မူလအခြေခံအုတ်မြစ်အားချတော်မူခဲ့သည်။ ယင်းသည် မြေကြီးပေါ်၌ယေရှု လုပ်ဆောင်တော်မူမည့်အရာ၏ မူလအစဖြစ်သည်။ ယေဟောဝါက အမိန့်တော်များအား ထုတ်ပြန် တော်မူခဲ့သည်။ ယင်းအရာတို့သည် ပညတ်တော်ကာလအားကိုယ်စားပြုသည့် သူလုပ်ဆောင် ပြီးမြောက်စေခဲ့သောအရာနှစ်ခုဖြစ်သည်။ ကျေးဇူးတော်ကာလ၌ ယေရှုပြုတော်မူခဲ့သည့်အမှုသည် ပညတ်တော်များအားထုတ်ပြန်ရန်မဟုတ်ပဲ ပြည့်စုံစေရန်အတွက်ဖြစ်သည်။ ထိုနည်းအားဖြင့် ကျေး ဇူးတော်ကာလအား လမ်းညွှန်ပြသခဲ့ပြီးနှစ်ပေါင်းနှစ်ထောင်ကျော်ကြာမြင့်စွာတည်ရှိခဲ့သည့် ပညတ် တော်ကာလအား အဆုံးသတ်စေခဲ့ပါသည်။ သူသည်ကျေးဇူးတော်ကာလကိုအစပြုစေရန် ရောက်ရှိ လာခဲ့သောလမ်းအား ထင်ရှားစွာပြသခဲ့သောသူဖြစ်ပါသည်။ သို့ဖြစ်ပါလျက် သူပြုသောအမှု၏ အဓိကအကျဆုံးသောအပိုင်းသည် ရွေးနှုတ်တော်မူခြင်းကိစ္စရပ်ပေါ်၌ အခြေတည်ခဲ့ရသည်။ သူ အောင်မြင်စွာလုပ်ဆောင်နိုင်ခဲ့သောအရာ၌ အပိုင်းနှစ်ပိုင်းပါဝင်သည်။ ယင်းတို့မှာ အသစ်သော ကာလ အားဖွင့်လှစ်ခြင်းနှင့် အသေခံတော်မူခြင်းအားဖြင့် ရွေးနှုတ်ခြင်းအလုပ်အား ပြီးမြောက်စေခြင်း တို့ဖြစ် ကြသည်။ ထို့နောက် ကောင်းကင်ဘုံသို့ သူတက်ကြွတော်မူခဲ့သည်။ ဤနေရာမှစတင်၍ ပညတ်တော် ကာလသည် အဆုံးသတ်သွားခဲ့ကာ ကျေးဇူးတော်ကာလထဲသို့ လူသားများဝင်ရောက်ခဲ့ကြရပါသည်။
ထိုကာလ၌ရှိခဲ့ကြသည့် လူတို့၏ လိုအပ်ချက်များနှင့်ကိုက်ညီသောအမှုအား ယေရှုခရစ်တော်ပြုတော် မူခဲ့ပါသည်။ သူဆောင်ရွက်ရမည့်အမှုမှာ လူသားများအား ရွေးနှုတ်ကယ်တင်ရန်၊ သူတို့၏အပြစ်များ အားဖြေလွှတ်ရန်ဖြစ်ကာ ထိုသို့အားဖြင့် သူ၏စိတ်နေသဘောထားသည်ကား ကိုယ့်ကိုယ်ကိုနှိမ့်ချခြင်း၊ ချစ်ခြင်း၊ ကြင်နာခြင်း၊ စိတ်ရှည်ခြင်း၊ ကရုဏာရှိခြင်း၊ သည်းညည်းခံခြင်း၊ ချစ်သနားခြင်း ကရုဏာနှင့်ပြည့်စုံတော်မူခြင်းစသည်တို့နှင့်ပြည့်ဝလျက်ရှိပါသည်။ လူသားတို့အား ကြွယ်ဝစွာသော ကောင်းချီးမင်္ဂလာအား သူပေးတော်မူခဲ့ပြီး၊ လူသားများအားပျော်ရွှင်စေသော အရာများအားလုံးကို ကြွယ်ဝစွာဆောင်သွင်းတော်မူခဲ့ပါသည်။ လူသားတို့အတွက် ဝမ်းမြောက်ပျော်ရွှင်ခြင်း၊ ငြိမ်သက် ခြင်းနှင့် ပျော်ရွှင်ခြင်း၊ သူ၏သည်းခံတော်မူခြင်းနှင့်ချစ်ခြင်းမေတ္တာတော်၊ ကရုဏာတော်နှင့် ချစ်သနား ခြင်းတို့ဖြင့် သူကောင်းချီးပေးတော်မူပါသည်။ ထိုနေ့ရက်အချိန်ကာလများက ကြွယ်ဝသောဝမ်း မြောက်ခြင်းအား ထိုသူတို့ကြုံတွေ့ခံစားခဲ့ရသည်။ သူတို့၏နှလုံးသားများသည် ငြိမ်သက်ခြင်း၊ စိတ်ချ မှုတို့နှင့် ပြည့်နှက်လျက်ရှိပြီး၊ သူတို့၏စိတ်ဝိညာဉ်၌ နှစ်သိမ့်ခြင်း၊ ယေရှုခရစ်တော်၏ စောင့်ထိမ်းတော် မူခြင်းအား ခံစားခဲ့ရကြပါသည်။ သူတို့ရရှိခံစားခဲ့ရသောအရာများသည် သူတို့နေထိုင်အသက်ရှင်ခဲ့ သည့် ကျေးဇူးတော်ကာလ၏ နောက်ဆက်တွဲအကျိုးရလဒ်များပင်ဖြစ်သည်။ ကျေးဇူးတော်ကာလ၌ လူတို့သည် စာတန်မာရ်နတ်၏ ဒုစရိုက်မှုအားဖြင့် ကြီးစွာသော ဒုက္ခဆင်းရဲခြင်းအား ခံစားခဲ့ရပြီး ဖြစ်နေခဲ့သည်။ ထိုအကြောင်းကြောင့် လူသားများအား ရွေးနှုတ်ကယ်တင်ရန်အတွက် ကြွယ်၀ သောကျေးဇူးတော်၊ အဆုံးမဲ့သောသည်းခံစိတ်ရှည်မှုနှင့် လူသားများတို့၏ အဆုံးမဲ့အပြစ်များအား ထိထိရောက်ရောက်ဖြေရှင်းပေးနိုင်မည့် လုံလောက်သော ယဇ်ပူဇော်ခြင်းတို့အား လိုအပ်ခဲ့ခြင်း ဖြစ်သည်။ ကျေးဇူးတော်ကာလ၌ လူသားများမြင်တွေ့ခဲ့ရသည့်အရာမှာ လူသားများ၏ အပြစ်အဖို့အလို့ငှာ ငါပေးခဲ့သည့် ယေရှုခရစ်တည်းဟူသော အပြစ်ဖြေရာယဇ်ပင်ဖြစ်သည်။ သူတို့သိနားလည်ခဲ့သောအရာမှာ ဘုရားသခင်သည် ကရုဏာတော်နှင့်ပြည့်စုံလျက်၊ သည်းခံတော်မူသောဘုရားသခင်ဖြစ်တော်မူလိမ့်မည်ဟူသောအရာနှင့် သူတို့မြင်တွေ့ခဲ့ကြသော အရာမှာ ယေရှုခရစ်တော်၏ ချစ်သနားခြင်းနှင့် ကရုဏာတော်သာလျင်ဖြစ်သည်။ ထိုသို့သော အခြေအနေများအလုံးစုံဖြစ်ခဲ့ရခြင်းမှာ ကျေးဇူးတော်ကာလ၌ သူတို့အသက်ရှင်ခဲ့ရသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ရွေးနှုတ်ခြင်းကျေးဇူးတော်အားသူတို့မခံစားရသေးမှီမှာပင်လျင် ယေရှုခရစ်တော် သူတို့အားပေးတော်မူသည့် ကျေးဇူးတော်၌ဖြစ်တည်သော ဝမ်းမြောက်ခြင်းများအား သူတို့ခံစားခဲ့ ကြရသည်။ ထိုအရာကသာလျင် သူတို့ဘဝအတွက်အကျိုးရှိစေသောအရာဖြစ်သည်။ ထိုနည်းအားဖြင့် ကျေးဇူးတော်တရား၌ သူတို့ဝမ်းမြောက်ခြင်းအားဖြင့် သူတို့၏အပြစ်များခွင့်လွှတ်ခြင်းခံခဲ့ရသည်။ ၎င်းအပြင် ယေရှုခရစ်တော်၏စိတ်ရှည်သည်းခံတော်မူခြင်း၌ နှစ်သက်ခံစားခြင်းအားဖြင့်လည်း ရွေးနှုတ်ခြင်းနှင့်ဆိုင်သည့် အခွင့်အရေးအား သူတို့ရရှိခဲ့ကြသည်။ ယေရှုခရစ်တော်၏ ကြာမြင့်စွာ သည်းခံတော်မူခြင်းနှင့်စိတ်ရှည်တော်မူခြင်းတို့ကသာ ယေရှုကြောင့်ပေးအပ်ခံရသော ခွင့်လွှတ်ခြင်းနှင့် ကြွယ်ဝပြည့်စုံသောဝမ်းမြောက်ခြင်းတို့အား ရရှိခံစားပိုင်ခွင့်တို့ကို ရရှိနိုင်စေခဲ့ခြင်း ဖြစ်သည်။ ယေရှုမိန့်မူသကဲ့သို့ “ဖြောင့်မတ်သော သူတို့ကို နောင်တသို့ခေါ်ခြင်းငှါ ငါလာသည်မဟုတ်။ ဆိုးသော သူတို့ကိုခေါ်ခြင်းငှါ ငါလာသည်” ဆိုသည့်အတိုင်းပင်ဖြစ်သည်။ အကယ်၍ ယေရှုသည် တရားစီရင်ခြင်း၊ ကျိန်ဆဲခြင်းနှင့် လူသား၏ ထိုးစစ်ဆင်တတ်ခြင်းကို ချုပ်ချယ်ခြင်းကဲ့သို့သော အစီအစဉ်ဖြင့် လူ့ဇာတိ ခံယူခဲ့လျှင် လူသားသည် ရွေးနှုတ်ခြင်းခံရဖို့ရန် အခွင့်အရေးရရှိလိမ့်မည် မဟုတ်ဘဲ အပြစ်ရှိသော အခြေအနေဖြင့် ထာဝရဖြစ်တည်နေပါလိမ့်မည်။ ထိုသို့ဖြစ်ခဲ့လျှင် နှစ်ပေါင်း ခြောက်ထောင်စီမံခဲ့သောစီမံကိန်းသည် ပညတ်တော်ခေတ်၌ ရပ်တန့်သွားခဲ့လိမ့်မည်ဖြစ်ပြီး၊ ပညတ်တော်ခေတ်သည်လည်း နှစ်ပေါင်းခြောက်ထောင်ကြာရှည်လိမ့်မည်ဖြစ်သည်။ လူသား၏အပြစ် များသည် ပို၍မရေမတွက်နိုင်အောင် ကြီးထွားလာပြီး၊ ပို၍ပြင်းထန်လာ လိမ့်မည်ဖြစ်သည်။ လူသားကို ဖန်ဆင်းခြင်းသည်လည်း အချည်းအနှီးဖြစ်ပါလိမ့်မည်။ လူသားသည် ပညတ်တော်အောက်၌သာ ယေဟောဝါဘုရားသခင်ကို ကောင်းစွာ အစေခံနိုင်မည်ဖြစ်သော်လည်း သူတို့၏ အပြစ်များသည် ပထမဆုံးဖန်ဆင်းခံလူများ၏အပြစ်များထက် ပိုလွန်သွားပါလိမ့်မည်။ ယေရှုသည် လူသားများကိုချစ်ပြီး သူတို့၏အပြစ်များကိုပို၍ခွင့်လွတ်လေလေ၊ သူတို့ထံသို့ လုံလောက်သည့်သနားခြင်းနှင့် ဂရုဏာတော် ကိုပို၍သယ်ဆောင်ပေးလေလေဖြစ်သည်။ လူသားများသည်ကယ်တင်ခြင်းခံရဖို့ရန်လက်ခံရယူနိုင်ခြင်း ရှိလေလေယေရှုပေးဆပ်ခဲ့သည့်အဖိုးအခဖြစ်သော ပျောက်ဆုံးနေသည့်သိုးများအဖြစ် ခေါ်ခြင်းခံရမည် ဖြစ်သည်။ စာတန်သည် ဤလုပ်ဆောင်မှုထဲ၌ ဝင်ရောက် မစွက်ဖက်နိုင်ပေ။ အဘယ့်ကြောင့်ဆိုသော် ယေရှုသည်သူ၏နောက်လိုက်များအား မိမိ၏သားသမီးများကို ရင်ခွင်ထဲ၌ထားသော မိခင်တယောက် ကဲ့သို့ ပြုမူသောကြောင့်ပင်ဖြစ်သည်။ ယေရှုသည် ထိုသူများကို စိတ်ဆိုးခြင်း(သို့)အထင်အမြင် သေးခြင်းများ ကြီးထွားခြင်းမရှိဘဲ နှစ်သိမ့်မှုနှှင့်ပြည့်ဝနေခဲ့သည်။ ယေရှုသည် လူတို့အလယ်၌ ဒေါသကြီးစွာဖြင့်ဝင်ရောက်ခဲ့ခြင်းမရှိဘဲ၊ သူတို့၏အပြစ်များကိုသည်းခံခဲ့ပြီး၊ သူတို့၏မိုက်မဲမှုနှင့် လျှစ်လျူရှုမှုအပေါ် မမြင်ဟန်ဆောင်ကာ ဤသို့ မိန့်မူခဲ့ပါသည်။ `အကြိမ်ခုနှစ်ဆယ်၊ ခုနှစ်လီမြောက် အောင် ခွင့်လွတ်ရမည်ဟုငါဆို၏`။ သူ၏နှလုံးသားသည် အခြားနှလုံးသားများအား ပြောင်းလဲစေခဲ့ပါ သည်။ ထိုနည်းလမ်းအတိုင်း လူတို့သည် ယေရှု၏ စိတ်ရှည်သည်းခံခြင်းအားဖြင့် အပြစ်ခွင့်လွတ်ခြင်း ကိုလက်ခံရရှိကြခြင်းဖြစ်သည်။
လူဇာတိထဲ၌ရှိသောယေရှုသည် ထင်ပေါ်စွာဖြင့်စိတ်လှုပ်ရှားမှုမရှိသော်လည်း သူသည်တပည့် တော်များကို နှစ်သိမ့်ပေးခြင်း၊ ထောက်ပံ့ပေးခြင်း၊ ကူညီပေးခြင်းနှင့် အားပေးခြင်းများကို ပြုလုပ်ပေး ခဲ့သည်။ သူမည်မျှပင် လုပ်ဆောင်ခဲ့ပါစေ(သို့) မည်မျှပင်ဒုက္ခဆင်းရဲခံခဲ့ရပါစေ သူသည်ကြံ့ကြံ့ ခံခဲ့သည်။ သူသည်မည်သည့်အခါမျှ လူသားတို့ထံမှ လွန်ကဲစွာတောင်းဆိုခြင်းများလည်းမပြုလုပ်ခဲ့ချေ။ သို့သော် သူသည်အစဉ်အမြဲစိတ်ရှည်ခဲ့ပြီး၊ သူတို့၏အပြစ်များကို သည်းခံခဲ့ပါသည်။ ကျေးဇူးတော် ခေတ်၌ ရှိကြသော လူများသည် သူ့အား ကြင်နာယုယစွာဖြင့် “ချစ်ဖွယ်ကောင်းသော ကယ်တင်ရှင် ယေရှု” ဟူ၍ ခေါ်ဆိုကြပါသည်။ ထိုခေတ်ကာလ၌ရှိကြသောလူများအပေါ်သို့လည်းကောင်း၊ လူသားအားလုံး အပေါ်သို့လည်းကောင်း ယေရှုထားရှိသောအရာသည် သနားခြင်းနှင့် ချစ်ခင်ကြင်နာခြင်းပင်ဖြစ်ပါသည်။ သူ သည် လူသားတို့၏အပြစ်များကို မှတ်ထားခြင်းမရှိဘဲ၊ သူတို့အပေါ်၌ထားသော သူ၏အပြုအမူသည် သူတို့တွင်ရှိသောအပြစ်များအပေါ်တွင်အခြေခံထားခြင်းမရှိချေ။ အဘယ့်ကြောင့်ဆိုသော် မတူညီသော ခေတ်ကာလဖြစ်သောကြောင့် လူများထံသို့ များပြားလှသော အစားအစာများနှင့်သောက်စရာများကို မကြာခဏပေးအပ်ခဲ့ခြင်းအားဖြင့် သူတို့စားနိုင်သလောက် စားသောက်နိုင်ခဲ့ကြသည်။ သူသည်သူ၏ နောက်လိုက်များကိုကျေးဇူးတော်နှင့်၎င်း၊ ဖျားနာသောသူများကိုကျန်းမာခြင်း၊ နတ်ဆိုးများကို နှင်ထုတ်ခြင်း၊ သေသောသူများကိုရှင်ပြန်ထမြောက်စေခြင်း စသောအရာများကို လုပ်ဆောင်ခဲ့ပါ သည်။ လူတို့သည်သူကိုယုံကြည်ပြီး၊ သူ၏လုပ်ဆောင်မှုများ၏တည်ကြည်လေးနက်ခြင်းနှင့်ရိုးသားခြင်း မြင်တွေ့နိုင်ဖို့ရန်အတွက် ပုတ်စပ်လျှက်ရှိသောအလောင်းကောင်ကို ရှင်ပြန်ထမြောက်စေကာ သေသောသူပင်လျှင် သေခြင်းမှထမြောက်စေနိုင်သည့်အရာကို သူ့လက်နှင့်ပြသခဲ့ပါသည်။ ထိုသို့ အားဖြင့် သူသည် တိတ်ဆိတ်စွာဖြင့် ကြံ့ကြံ့ခံခဲ့ပြီး သူတို့အလယ်၌ သူ၏အလုပ်ဖြစ်သော ရွေးနှုတ် ကယ်တင်ခြင်းကို လုပ်ဆောင်ခဲ့သည်။ သူသည် ကားတိုင်ပေါ်တွင် သံမှိုနှင့်မရိုက်ခံရမီပင်လျှင် ယေရှုသည် လူသားတို့၏အပြစ်များကိုသူ့အပေါ်သို့ဆောင်ယူခဲ့ပြီး၊ လူသားတို့၏ အပြစ်ဖြေရာ ယဇ်ကောင်ဖြစ်လာခဲ့ပါသည်။ ကားတိုင်တင်ခြင်းမခံရမှီအချိန်တွင်ပင်လျှင် လူသားများကို ရွေးနှုတ်ကယ်တင်ဖို့ရန်အတွက် ကားတိုင်တော်သို့သွားသောလမ်းကို ဖွင့်ခဲ့ပြီးပြီဖြစ်သည်။ နောက် ဆုံး၌ သူသည် ကားတိုင်ထက်တွင်သံမှိုနှင့်ရိုက်နှက်ခြင်း၊ ကားတိုင်တော်အတွက် အဘို့အလို့ငှါ မိမိကိုယ်မိမိစတေးခံ့ပြီး သူ၏သနားကြင်နာခြင်း၊ ချစ်သနားခြင်းဂရုဏာတော်နှင့် သန့်ရှင်းခြင်းကို လူသားအပေါ်သို့ အပ်နှင်းခဲ့သည်။ လူသားများကို သူသည် အမြဲတမ်းသည်းခံခဲ့ပြီး၊ အငြိုးတေးမထားခဲ့ဘဲ သူတို့၏ အပြစ်များကို ခွင့်လွတ်ပေးခြင်း၊ နောင်တရဖို့ရန် သူတို့ကို တိုက်တွန်းပေးခြင်း၊ စိတ်ရှည်ခြင်း၊ သည်းခံခြင်း၊ ချစ်ခြင်းရှိဖို့ရန်နှင့် သူ၏ခြေလှမ်းအတိုင်းလိုက်လျှောက်ရန် သင်ကြားပေးခြင်း၊ ကားတိုင်တော်ပေါ်တွင်ထိုသူတို့အတွက် ပူဇော်ခြင်းခံခဲ့ရပါသည်။ ညီအစ်ကိုများနှင့် ညီမများအတွက် သူ၏ ချစ်ခြင်းမေတ္တာသည် မာရိအတွက်သူချစ်ခြင်းမေတ္တာထက်သာလွန်ခဲ့ပါသည်။ သူလုပ်ဆောင်ခဲ့သော အမှုတော်သည် လူများကို ကျန်းမာစေခြင်း၊ နတ်ဆိုးများကိုနှင်ထုတ်ခြင်း အခြေခံသဘောတရားနှင့် ဆိုင်သောလုပ်ဆောင်မှုဖြစ်ပြီး၊ ထိုအရာအားလုံးသည် သူ၏ရွေးနှုတ်ကယ်တင်ခြင်းပြုလုပ်ရန်အတွက် ပင်ဖြစ်ပါသည်။ သူသည် မည်သည့်နေရာကိုပင်သွားပါစေ သူ့နောက်လိုက်သောသူများကို ကျေးဇူး တော်နှင့် ပြုမူဆက်ဆံပါသည်။ သူသည် ဆင်းရဲသောသူကို ချမ်းသာစေခြင်း၊ ခြေမစွမ်းသောသူကို သန်စွမ်းစေခြင်း၊ မျက်စိမမြင်သောသူများကို မြင်တွေ့စေခြင်းနှင့် နားမကြားသောသူများကို ကြား စေခြင်း စသောအရာများကို ပြုလုပ်ခဲ့ပြီး၊ သူသည် အနိမ့်ဆုံးလူတန်းစားများ၊ ခိုကိုးရာမဲ့များ၊ အပြစ် သားများကို သူနှင့်အတူ စားပွဲတွင် အတူထိုင်ဖို့ရန် ဖိတ်ခေါ်မှုများကိုပင်ပြုလုပ်ခဲ့သည်။ သူတို့ကို မရှက် ကြောက်ဘဲ အမြဲတမ်းစိတ်ရှည်ကာ ဤကဲ့သို့ပင်ပြောဆိုခဲ့သည်။ "သိုးအကောင်တစ်ရာအနက်မှ သိုးတကောင်ပျောက်လျင်၊ ထိုသိုးပျောက်ကိုရှာရန်အတွက် ကိုးဆယ့်ကိုးကောင်သောသိုးတို့ကို တောတွင်ထားခဲ့ပြီး၊ ထိုပျောက်သောသိုးတကောင်ကိုတွေ့မှသာလျှင် သူအထူးဝမ်းမြောက်ပျော်ရွှင် လိမ့်မည်"။ သိုးမသည် မိမိ၏သားငယ်များကိုချစ်သကဲ့သို့ သူသည်သူ၏နောက်လိုက်များကို ချစ်သနားခဲ့သည်။ သူတို့သည်မိုက်မဲသောသူများ၊ လျစ်လျှူရှုသောသူများ၊ သူ၏အမြင်၌ အပြစ်သားများဖြစ်ကြသည်သာမက လူ့အဖွဲ့အစည်း၏အညတရများဖြစ်ကြသော်လည်း သူသည် ထိုအပြစ်သားများ၊ အထင်မြင်သေးခံရသောသူများကို သူ၏အသည်းနှလုံးများသဖွယ် သဘောထား ခဲ့သည်။ သူတို့ကိုမျက်နှာသာပေးခဲ့သည့်အတွက်ကြောင့် ယဇ်ပုလ္လင်ပေါ်၌သိုးကဲ့သို့ ပူဇော်ခြင်းခံရသည်အတိုင်း သူတို့အတွက် သူ၏အသက်ကို ပေးဆပ်ခဲ့သည်။ သူသည် အစေခံသဖွယ် သူတို့ရှိရာသို့သွားပြီး၊ မိမိကိုယ်မိမိအသုံးခံလျက် ခေါင်းခံလျက်ဖြင့် အနှိုင်းမဲ့မေတ္တာနှင့် သူတို့ထံ အပ်နံှခဲ့သည်။ သူ၏နောက်လိုက်များအတွက် သူသည်ချစ်ဖွယ်ရာကောင်းသော ကယ်တင်ရှင်ယေရှု ပင်ဖြစ်ပြီး၊ အမြင့်နေရာမှနေ၍ လူများကိုဟောပြောလေ့ရှိသော ဖာရိရှဲများကိုမူ သူ၏သနားခြင်းနှင့် ချစ်ဂရုဏာတော်ပြသခဲ့ခြင်းမရှိဘဲ စက်ဆုပ်ရွံ့ရှာခြင်းနှင့် မုန်းတီးခြင်းတို့ကိုသာပြသခဲ့သည်။ သူသည် ဖာရိရှဲများအကြား တခါတရံသာလျှင် ဟောပြောခြင်းနှင့်ဆုံးမခြင်းကိုပြုလုပ်ခဲ့ပြီး၊ ၎င်းတို့၏အလယ်၌ လုပ်ဆောင်သောအလုပ်သည်နည်းပါးလွန်းလှသည်။ သူသည်ထိုသူတို့ရှိရာသို့သွား၍ ရွေးနှုတ်ကယ်တင်ခြင်းဖြစ်စေ၊နိမိတ်လက္ခဏာများနှင့်အံ့သြဖွယ်ရာများကိုဖြစ်စေ စသော အမှုကိုမလုပ်ဆောင်ခဲ့ပေ။ သူသည် သူ၏နောက်လိုက်များအပေါ်သို့ သနားခြင်းနှင့်ချစ်ခြင်းဂရုဏာကို သွန်းလောင်းခဲ့ပြီး ကားတိုင်ပေါ်၌ သံမှိုရိုက်ခံရသည့်အချိန်၌ လူသားအားလုံးပြည့်ဝစွာဖြင့် ရွေးနှုတ်ခြင်းခံရသည်ထိတိုင် အရှက်ကွဲခြင်း မျိုးစုံကို အဆုံးထိတိုင် ထိုအပြစ်သားများအတွက်အဖို့အလိုငှါ သည်းခံခဲ့ပါသည်။ ဤအရာသည် သူ၏အမှုတော်အားလုံးကို စုပေါင်း ဖေါ်ပြချက်ပင်ဖြစ်သည်။
ယေရှု၏ ရွေးနှုတ်ကယ်တင်ခြင်းမရှိလျှင် လူသားများသည်အပြစ်ထဲ၌ ထာဝရအသက်ရှင်ရမည်ဖြစ်ပြီး၊ အပြစ်၏သားသမီးများ၊ နတ်ဆိုးများမှဆင်းသက်လာသူများဖြစ်လာကြပါလိမ့်မည်။ ထိုလမ်းစဉ်အတိုင်း သွားပါက မြေကြီးတစ်ခုလုံးသည် စာတန်အတွက်တည်းခိုရာနေရာ၊ သူ၏နေရပ်အဖြစ် ကျဆင်း သွားပါလိမ့်မည်။ သို့သော် ရွေးနှုတ်ခြင်းအလုပ်သည် လူသားများထံသို့ သနားကြင်နာခြင်း နှင့်ချစ်ခြင်းဂရုဏာတော်ကို ပြသရန်လိုအပ်ခဲ့သည်။ ထိုအရာအားဖြင့်သာလျှင် လူသားသည် အပြစ် ခွင့်လွတ်ခြင်းနှင့် နောက်ဆုံးတွင်ပြီးပြည့်စုံစွာဖြင့် အကျိုးအမြတ်ကိုခံစားရမည်ဖြစ်သည်။ အမှုတော်၏ ဤအဆင့်သာမရှိလျှင် နှစ်ပေါင်းခြောက်ထောင်စီစဉ်ထားသောစီမံကိန်းသည် ရှေ့ဆက်သွားနိုင် ခဲ့လိမ့်မည် မဟုတ်ချေ။ အကယ်၍ယေရှုသည် လူနာများကိုကျန်းမာစေခြင်းနှင့် သူတို့၏ နတ်ဆိုးများကိုနှင်ထုတ်ပေးခြင်းတစ်ခုကိုသာ ပြုလုပ်ပေးခဲ့ပြီး ကားတိုင်ပေါ်၌ အသေသတ်ခြင်း မခံရခဲ့လျှင် လူတို့သည် မိမိတို့အပြစ်များမှပြီးပြည့်စုံစွာဖြင့်ခွင့်လွတ်ခြင်း ရရှိနိုင်ကြလိမ့်မည်မဟုတ်ပေ။ ယေရှုသည် မြေကြီးပေါ်၌သုံးနှစ်ခွဲကြာမိမိ၏အမှုတော်ကို လုပ်ဆောင်နေသောအချိန်၌ သူ၏ရွေး နှုတ်ကယ်တင်ခြင်းအလုပ်သည် တဝက်သာပြီးစီးခဲ့သည်။ ကားတိုင်ပေါ်၌ သံမှိုနှင့်ရိုက်နှက်ခံရခြင်း၊ အပြစ်ရှိသောအသွေးအသားကဲ့သို့ဖြစ်လာခြင်း၊ မကောင်းသောသူတို့၏လက်ထဲသို့အပ်နံှခြင်းခံရသည့် နောက် သူသည် လက်ဝါးကပ်တိုင်ပေါ်တွင် အသေခံခြင်းအမှုပြီးစီးခဲ့ပြီး၊ လူသားတို့၏ ဘဝကြမ္မာကို ဦးစီးခဲ့သည်။ စာတန်၏လက်ထဲသို့ ပေးအပ်ပြီးမှ လူသားများကို ရွေးနှုတ်ခဲ့သည်။ သုံးနှစ်ခွဲကာလတွင် သူသည် မြေပေါ်၌ ဒုက္ခဆင်းရဲခံရခြင်း၊ သရော်လှောင်ပြောင်ခံရခြင်း၊ အသေရေဖျက်ပြောဆိုခံရခြင်း၊ စွန့်ပယ်ခံရခြင်းများကြုံရရုံသာမက သူ့အတွက် ခေါင်းချစရာနေရာ၊ နားခိုစရာနေရာ ပင်မရှိဘဲ သူ၏အပြစ်ဆိုဖွယ်ရာမရှိသောခန္ဓာ၊ အပြစ်ကင်းသောခန္ဓာကိုကားတိုင်ပေါ်တွင်သံမှိုနှင့် ရိုက်နှက် ခံရခြင်းနှင့် ဒုက္ခဝေဒနာမျိုးစုံကိုခံစားခဲ့ရသည်။ လူတို့သည် သူ့ကိုကဲ့ရဲ့ခြင်း၊ ရိုက်နှက်ခြင်းများပြု သည့်အပြင် စစ်သားများသည် သူ၏မျက်နှာကို တံတွေးနှင့်ထွေးခဲ့ကြသော်လည်း သူသည် အဆုံးထိတိုင် ငြိမ်သက်တိတ်ဆိတ်ကာသည်းခံခဲ့သည်။ သေခြင်းထိတိုင် အခြေအနေကိုမကြည့်ဘဲ ဆက်ကပ်အပ်နှံပြီးနောက် လူသားအားလုံးကိုရွေးနှုတ်ကယ်တင်ခဲ့သည်။ ထိုအမှုအရာပြီးဆုံးပြီး နောက်မှသာ အနားယူဖို့ရန်လုပ်ဆောင်ခဲ့သည်။ ယေရှုလုပ်ဆောင်ခဲ့သော အမှုသည်ကျေးဇူးတော် ခေတ်ကာလအတွက်ကိုသာကိုယ်စားပြုပြီး၊ ပညတ်တော် ကာလနှင့် နောက်ဆုံးသောခေတ်ကာလကို အစားထိုးလုပ်ဆောင်ဖို့ရန်မဟုတ်ပေ။ ဤအရာသည် ကျေးဇူးတော်ခေတ်ကာလ၌ ယေရှု၏ အနှစ်သာရရှိသောအလုပ်ဖြစ်ပြီး၊ လူသားများဖြတ်ကျော်ခဲ့ကြသည့်ရွေးနှုတ်ခြင်းခေတ်ကာလဖြစ်သော ဒုတိယခေတ်ကာလပင်ဖြစ်ပါသည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ မှ
No comments:
Post a Comment