菜單

မူလစာမျက်နှာ သတင်းအချက်အလက် အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ စွဲကိုင်ထားသူ လွတ်လပ်မှန်ကန်တဲ့လူ့အခွင့်အရေး ကယ်တင်ရှင်ပြန်ကြွလာပြီ ဧဝံဂေလိတရားတော် ကောင်းကင်နိုင်ငံတော်သီချင်း အမှန်တရားကို ဖေါ်ထုတ်ခြင်း နိုင်ငံတော် ချီးမွမ်းခြင်း တေးဂီတ ဘုရားသခင်၏ နှုတ်ကပတ်တော်များ ဖတ်ကြားခြင်းများ

2/10/2020

Burmese Praise Song lyrics (မြေကြီးတစ်ခုလုံး ဝမ်းမြောက်ရွှင်လန်း၍ ဘုရားသခင်ကို ချီးမွမ်းကြစေ)


Burmese Praise Song lyrics (မြေကြီးတစ်ခုလုံး ဝမ်းမြောက်ရွှင်လန်း၍ ဘုရားသခင်ကို ချီးမွမ်းကြစေ)


ဝါ… ဝါ… ဝါ… ဝါ…
စကြဝဠာအတွင်းရှိ အရာခပ်သိမ်းကို စီမံအုပ်ချုပ်သူ
တစ်ပါးတည်းသော စစ်မှန်သည့်ဘုရားသခင်
တန်ခိုးကြီးသော ခရစ်တော်ရှင်
ထိုအရာသည် သန့်ရှင်းသော ဝိညာဉ်တော်၏ သက်သေပင်
သူသည်နေရာတိုင်းတွင် အမှုတော်ဆောင်ရွက်
သက်သေခံလျက်ရှိသည်
အဘယ်သူမျှ သံသယဝင်မည်မဟုတ်၊ အောင်နိုင်သူ ရှင်ဘုရင်
အနန္တတန်ခိုးရှင် ဘုရား လောကကို အောင်နိုင်ခဲ့ပြီ
သူသည် အပြစ်ကို အနိုင်ယူပြီး၊ ကယ်တင်ခြင်းအမှုကို အောင်နိုင်ခဲ့ပြီ
စကြဝဠာ၏အောင်နိုင်သူ ရှင်ဘုရင်ကို ချီးမွမ်းပါ
တစ်လောကလုံး ဝမ်းမြောက်ရွှင်လန်းခြင်းရှိကြလော့၊
အနန္တတန်ခိုးရှင် ဘုရားသခင် ချီးမွမ်းထိုက်ပေသည်
စကြဝဠာ၏ ကြီးမြတ်သော ရှင်ဘုရင်၌
ဘုန်းတော်ဂုဏ်တော် ရှိပါစေ၊
ကျွန်ုပ်တို့ အကျင့်ပျက်စေကာမူ
အလိုတော်ဆောင်ရွက်ဖို့ ကယ်တင် စုံလင်စေသည်
သူသည် လောကကို အုပ်စိုး၍ စာတန်လက်မှ ပြန်ယူကာ
အသူတစ်ရာနက်သော ချောက်ကြီးထဲသို့ ပို့ဆောင်သည်
သူသည် ကမ္ဘာလောကကို တရားစီရင်တော်မူမည်၊
သူ့လက်နှင့် ဘယ်သူမှ မလွဲမရှောင်နိုင်
ထိုသူသည် ရှင်ဘုရင်အဖြစ် အစဉ်စိုးစံ
တစ်လောကလုံး ဝမ်းမြောက်ရွှင်လန်းခြင်းရှိကြလော့၊
အနန္တတန်ခိုးရှင် ဘုရားသခင် ချီးမွန်းထိုက်ပေသည်
စကြဝဠာ၏ကြီးမြတ်သော ရှင်ဘုရင်၌
ဘုန်းတော်ဂုဏ်တော်ရှိပါစေ
တစ်လောကလုံး ဝမ်းမြောက်ရွှင်လန်းခြင်းရှိကြလော့၊
အနန္တတန်ခိုးရှင် ဘုရားသခင် ချီးမွမ်းထိုက်ပေသည်
စကြဝဠာ၏ကြီးမြတ်သော ရှင်ဘုရင်၌
ဘုန်းတော်ဂုဏ်တော်ရှိပါစေ
သိုးသူငယ်နောက်လိုက်ပြီးသီချင်းအသစ်များသီဆိုပါ မှ

များပြားသောအကြံပြုချက်များ 
ခရစ်ယာန်သီချင်း

2/09/2020

Best Myanmar Gospel Music Documentary (အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ စွဲကိုင်ထားသူ) စကြဝဠာကို ဘုရားသခင် အုပ်စိုးခြင်း


Best Myanmar Gospel Music Documentary (အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ စွဲကိုင်ထားသူ) စကြဝဠာကို ဘုရားသခင် အုပ်စိုးခြင်း


စကြဝဠာသည် အတိုင်းမသိ အလွန့်အလွန် ကျယ်ပြောပြီး တိကျသော ပတ်လမ်းထဲတွင် မရေမတွက်နိုင်လောက်သော ကြယ်များစွာ ရှိသည် …. စကြဝဠာ၏ အာကာသ ဗိမာန် များကို မည်သူ ဖန်ဆင်းခဲ့ပြီး မည်သူသည် ၎င်းတို့၏ အာကာသဝေဟင်လမ်းကြောင်းကို ကွပ်ကဲ ကြောင်းကို သင် လေ့လာလိုပါသလား။ အံ့မခန်းဖွယ်ဖြစ်သော ခရစ်ယာန် ရုပ်ရှင် အပိုင်း ဖြစ်သော စကြဝဠာကို ဘုရားသခင် အုပ်စိုးခြင်းသည် သင့်အား ဖန်ဆင်းရှင်၏ ကြီးမြတ်သော တန်ခိုးတော်ကို ပြသလိမ့်မည် ဖြစ်သည်။

မြင်ကွင်းများ 
Myanmar Gospel Song "တမ်းတခြင်းအနှစ် နှစ်ထောင်"

2/08/2020

(ဘုရားသခင်၏ အမှုအဆင့် သုံးဆင့်ကို သိခြင်းသည် ဘုရားသခင်ကို သိခြင်း၏ လမ်းကြောင်းဖြစ်သည်) ဒုတိယပိုင်း


အမှုအဆင့်သုံးဆင့်သည် ဘုရားသခင်၏ စီမံခန့်ခွဲမှုတစ်ရပ်လုံး၏ အချက်အချာတွင်ရှိ၍ ဘုရားသခင်၏ စိတ်နေသဘောထားနှင့် သူ၏ဖြစ်ခြင်းကို ၎င်းတို့တွင် ဖော်ပြထား၏။ ဘုရားသခင်၏ အမှုအဆင့် သုံးဆင့်ကို မသိသူတို့သည် ဘုရားသခင်အနေဖြင့် သူ၏စိတ်နေသဘောထားအား မည်သို့ဖော်ပြသည်ကို သိရှိနိုင်စွမ်းမရှိပါ။ ဘုရားသခင့်အမှု၏ ဉာဏ်ပညာကိုလည်း မသိကြပါ။ ထို့အပြင် ထိုသူတို့သည် လူသားမျိုးနွယ်ကို သူကယ်တင်သည့် နည်းများစွာနှင့် လူသားမျိုးနွယ် တစ်ရပ်လုံးအတွက် သူ၏ဆန္ဒကိုလည်း မသိဘဲရှိနေကြ၏။ အမှုအဆင့်သုံးဆင့်သည် လူသားမျိုးနွယ်အား ကယ်တင်သည့်အမှုကို အပြည့်အဝ ဖော်ပြချက်ဖြစ်၏။ အမှုအဆင့်သုံးဆင့်ကို မသိသူတို့သည် သန့်ရှင်းသော ဝိညာဉ်တော်အမှု၏ နည်းမျိုးစုံနှင့် အခြေခံသဘောတရားမျိုးစုံကို မသိဘဲရှိလိမ့်မည်။ အမှုအဆင့်တစ်ရပ်မှ ကျန်ရှိနေသော အယူဝါဒကိုသာ တင်းကျပ်စွာ လိုက်နာသူများသည် ဘုရားသခင်ကို အယူဝါဒတွင် ကန့်သတ်ထားသူများဖြစ်ကြ၍ ထိုသူတို့၏ ဘုရားသခင်အပေါ် ယုံကြည်ခြင်းသည် ဝိုးတဝါးနှင့် မသေချာမရေရာဖြစ်သည်။ ထိုကဲ့သို့သောသူများသည် ဘုရားသခင်၏ ကယ်တင်ခြင်းကို မည်သည့်အခါမျှ ရလိမ့်မည် မဟုတ်ပေ။

ဆက်လက်ကြည့်ရှုရန်
ခရစ်တော်သည် သမ္မာတရား ၊ လမ်းခရီးနှင့် အသက်ဖြစ်သည်ကို မည်သို့နားလည်ရမည်နည်း။

2/07/2020

၂။ ဘုရားသခင်၏ကယ်တင်ခြင်း အမှုတော်၏ အဆင့်သုံးဆင့်နှင့် ပတ်သက်သည့် သမ္မာတရားများ

၂။ ဘုရားသခင်၏ကယ်တင်ခြင်း အမှုတော်၏ အဆင့်သုံးဆင့်နှင့် ပတ်သက်သည့် သမ္မာတရားများ



၃) ဘုရားသခင်၏ အမှုတော် အဆင့်သုံးဆင့်မှ တစ်ခုချင်းစီအကြား ဆက်နွှယ်မှု။ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

အနန္တတန်ခိုးရှင် ဘုရားသခင်, သမ္မာတရား, ကယ်တင်ခြင်း, ပရောဖက်ပြုခြင်း, ကောင်းကင်နိုင်ငံတော်


ယေဟောဝါ၏ အလုပ်မှစ၍ ယေရှု၏အလုပ်တိုင်အောင်၊ ထို့ပြင် ယေရှု၏အလုပ်မှစ၍ ယခုလက်ရှိအဆင့်ထိ၊ ဤအဆင့်သုံးဆင့်သည် ဘုရားသခင် စီမံခန့်ခွဲမှု အစမှအဆုံးကို အလျဉ်မပြတ် အကျုံးဝင်စေသည်၊ ထို့ပြင် ယင်းတို့အားလုံးသည် ဝိညာဉ်တော်တစ်ပါးတည်း၏ လုပ်ဆောင်မှုပင်ဖြစ်သည်။ ကမ္ဘာကြီးကို စတင်ဖန်ဆင်းကတည်းက၊ ဘုရားသခင်သည် လူသားတို့ကို စီမံခန့်ခွဲလျက် ရှိနေသည်။ သူသည် အစနှင့် အဆုံးဖြစ်သည်၊ သူသည် အဦးဆုံးသောသူနှင့် နောက်ဆုံးသောသူလည်း ဖြစ်သည့်အပြင်၊ သူသည် ခေတ်တစ်ခုကို အစပြုသူဖြစ်ပြီး၊ ခေတ်ကို အဆုံးသတ်သူလည်း ဖြစ်သည်။ မတူညီသည့် ခေတ်များနှင့် မတူညီသည့် နေရာများမှ အလုပ်အဆင့်သုံးဆင့်သည် ဝိညာဉ်တော်တစ်ပါးတည်း၏ အလုပ်ဖြစ်သည်မှာ သိသာထင်ရှားလှသည်။ ဤအဆင့်သုံးဆင့်ကို ခွဲခြားသူအပေါင်းတို့သည် ဘုရားသခင်ကို ဆန့်ကျင်ရန် ရပ်တည်သူများပင်ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင့်အမှုတော်၏ ရူပါရုံ (၃)” မှ

2/06/2020

2019 Myanmar Gospel Song (လူသားမျိုးနွယ်အပေါ် ဘုရား၏သနားခြင်း)


ဘုရားသီချင်း (လူသားမျိုးနွယ်အပေါ် ဘုရား၏သနားခြင်း)



သနားခြင်းကို အလွန် ချစ်ခင်မြတ်နိုးခြင်းဟု အဓိပ္ပာယ်ဖွင့်နိုင်၊

သနားခြင်းကို မြတ်နိုးခြင်း၊ ကွယ်ကာခြင်းဟုလည်း ဆိုနိုင်၊

သနားခြင်းသည် မနာကျင်စေလို ခြင်းဟု အဓိပ္ပာယ်ရနိုင်၊

သနားခြင်းသည် နူးညံ့သိမ်မွေ့ခြင်းဟု အဓိပ္ပာယ်ရနိုင်၊

ဖန်ဆင်းရှင်သာ လူသားအပေါ် သနားကြင်နာ၊

ဖန်ဆင်းရှင် သူတို့ပေါ် အဆုံးမဲ့ချစ်ခြင်းမျိုး ထားရှိ၊

ဖန်ဆင်းရှင်သာ လူသားအပေါ် ကရုဏာကို ပေးအပ်၊

သူ၏ဖန်ဆင်းသောအရာအားလုံးကို ချစ်ခင်မြတ်နိုးတတ်၊

သနားခြင်းက သိမ်မွေ့သော မေတ္တာနှင့်ချစ်ခြင်းကို ဖော်ပြနိုင်၊

သနားခြင်းကို မစွန့်လွှတ်လိုခြင်းဟု အနက်ဖွင့်နိုင်၊

သနားခြင်းသည် လူသားအပေါ် ထားရှိသော

ဘုရား၏ကရုဏာနှင့်သည်းခံခြင်းပင်၊

ဒီစကားများ ဘုရားရဲ့စိတ်ထားနှင့်နှလုံးသားကို ဖော်ပြ၊

ဖန်ဆင်းရှင်သာ လူသားအပေါ် သနားကြင်နာ၊

ဖန်ဆင်းရှင် သူတို့ပေါ် အဆုံးမဲ့ချစ်ခြင်းမျိုး ထားရှိ၊

ဖန်ဆင်းရှင်သာ လူသားအပေါ် ကရုဏာကို ပေးအပ်၊

သူ၏ဖန်ဆင်းသောအရာအားလုံးကို ချစ်ခင်မြတ်နိုးတတ်၊

2/05/2020

Myanmar Gospel Crosstalk 2020 (သမ္မာကျမ်းအပြင်ဘက် ထွက်ခြင်း)


ရှန့်ယန်သည် အိမ်တွင်းအသင်းတော်တစ်ခုတွင် အလုပ်လုပ်ပြီး တခြားသော ယုံကြည်သူများစွာကဲ့သို့ သူကလည်း ဘုရား၏ နှုတ်ကပတ်တော်များနှင့် အမှုတော် အားလုံးမှာ သမ္မာကျမ်းထဲတွင် ရှိသည်၊ သခင့်ကို ယုံကြည်ခြင်းမှာ သမ္မာကျမ်းကို ယုံကြည်ခြင်းဖြစ်သည်၊ သမ္မာကျမ်းက သခင့်ကို ကိုယ်စားပြုသည်၊ ထို့ပြင် သမ္မာကျမ်းအား လိုက်နာကျင့်သုံးလျှင် သူ့အနေဖြင့် ကောင်းကင်နိုင်ငံသို့ ဝင်ရပြီး ထာဝရအသက်ကို ရလိမ့်မည် ဟုထင်လေသည်။ သို့သော် ညီအစ်ကိုကျန်ယီက ဤအမြင်ကို သံသယရှိ၍၊ ၎င်းတို့နှစ်ယောက်သား ဟာသမြောက်စွာ ဆွေးနွေးငြင်းခုံတော့သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် အမှုတော် အားလုံးသည် သမ္မာကျမ်းတွင် အမှန်ပင် ရှိသလော၊ သမ္မာကျမ်းသည် သခင့်အား အမှန်ပင် ကိုယ်စားပြုသလော၊ သမ္မာကျမ်းကို ကိုင်စွဲခြင်းအားဖြင့် ကျွနု်ပ်တို့သည် ကောင်းကင်နိုင်ငံသို့ ဝင်ရောက်၍ ထာဝရအသက်ကို ရနိုင်သလော။ ယင်းအဖြေတို့ကို ရှာဖွေလိုလျှင် ယခု ဟာသပြဇာတ်တို 'သမ္မာကျမ်းအပြင်ဘက် ထွက်ခြင်း' ကို ကျေးဇူးပြု၍ ကြည့်ရှုပါ။

ဧဝံဂေလိတရားရုပ်ရှင်ကိုဝေမျှခြင်း

Myanmar new Movie | သီလသမာဓိအပေါ် ဘယ်တော့မှ နေမဝင်ရာ - အလုပ်ခွင်၌ ခရစ်ယာန် သက်သေခံချက်

Myanmar Subtitle movie | ဘုရားသခင်ကို ယုံကြည်ခြင်းသည် ကောင်းမွန်ပါသည်

2/04/2020

နောင်တမရှိဘဲ ကုန်ဆုံးခဲ့သည့် လူငယ်ဘဝ

ဆုတောင်း, ခရစ်ယာန်, ကျေးဇူးတော်, အားကိုးခြင်း, အသက်

ရှောင်ဝမ်၊ ချောင်ချင်းစီရင်စု

ချစ်ခြင်းမေတ္တာ ဟူသည့် အရာမှာ လုံးဝဖြူစင်သည့် အပြစ်ဆိုဖွယ်ရာမရှိသော စိတ်ခံစားမှု တစ်ခုကို ရည်ညွှန်းသည်၊ သင့်နှလုံးသားဖြင့် သူတစ်ပါးကို သင်ချစ်သည့်နေရာ၊ သင်ခံစားသည့်နေရာနှင့် သူတစ်ပါးအတွက် သင်စဉ်းစားပေးသည့်နေရာ၌ အသုံးပြုသော အရာလည်း ဖြစ်သည်။ ချစ်ခြင်းမေတ္တာ၌ သတ်မှတ်ချက်များမရှိ၊ အတားအဆီးမရှိ ထို့ပြင် အကွာအဝေးလည်းမရှိပေ။ ချစ်ခြင်းမေတ္တာသည် မသင်္ကာစရာမရှိ၊ လိမ်ညာမှုမရှိ၊ ထို့ပြင် ကောက်ကျစ်စဉ်းလဲမှုလည်း မရှိပေ။ ချစ်ခြင်းမေတ္တာ၌ အကွာအဝေး မရှိသည့်အပြင် မစင်ကြယ်မှု လုံးဝမရှိပေ။” (သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ စာအုပ်ထဲရှိ “အစွန်းအထင်းမရှိ ဖြူစင်သောမေတ္တာ”) ဤ ဘုရားသခင်၏ နှုတ်ကပတ်တော် ဓမ္မတေးသီချင်းသည် တစ်ချိန်က ကျွန်မကို ၇ နှစ်နှင့် ၄လကြာမြင့်ခဲ့သည့် ထောင်ထဲ၌ ကြာရှည်ပြီး မပြီးဆုံးနိုင်သည့်ဘဝကို ဖြတ်သန်းရန် ကူညီပေးခဲ့သည်။ တရုတ်ကွန်မြူနစ် အစိုးရက ကျွန်မ၏ ငယ်ရွယ်ခြင်း၏ အလှပဆုံးနှစ် များကို ခံစားခွင့် မပေးပဲနှင့် ပိတ်ပင်ခဲ့သော်လည်း အနန္တတန်ခိုးရှင်ဘုရားသခင်ထံမှနေ တန်ဖိုးအရှိဆုံးနှင့် စစ်မှန်သည့် သမ္မာတရားကို လက်ခံရရှိခဲ့သည်။ ထို့ကြောင့် မကျေနပ်ချက်များ သို့မဟုတ် နောင်တများ ဟူ၍ မရှိပါ။